《Three Bears - 곰세마리》Three Bears - 12
Advertisement
“အမေတို့နဲ့ပြန်နေ”
“မနေချင်ဘူး”
ဆိုဖာပေါ် ခြေပစ်လက်ပစ်ထိုင်ရင်း တစ်မိနစ်တစ်ခါလောက် တီဗွီလိုင်းတွေကို တစ်လိုင်းပြီးတစ်လိုင်း နှိပ်လိုက်၊ ပြောင်းလိုက် လုပ်နေသူ။ တစ်ခုခုဆို ဘူးခံငြင်းလိုက်ရမှ စားဝင်အိပ်ပျော်သူလည်း ဖြစ်သည်။
အလုပ်ကြောင့် ဒီနှစ်ထဲ ထွက်ရမဲ့ နိုင်ငံခြားခရီးစဉ်တွေက ဆက်တိုက်ဆိုသလိုဖြစ်နေတာမို့ အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့မဲ့ ဒေါသအိုးကို စိတ်မချ။ ဒါကြောင့် အမေတို့နဲ့အတူ ပြန်နေဖို့ပြောပေမဲ့ မျှော်လင့်ထားသလိုပဲ အငြင်းခံလိုက်ရသည်။
“ခေါင်းမာမနေနဲ့။ ကူးလုံးလေးမွေးပြီးမှ ပြန်ပြောင်းနေလို့ရတယ်”
မကျေမနပ် မျက်စောင်းတစ်ပွင့် သူ့ကိုယ်ပေါ် ရောက်လာသည်။ ဖြစ်ဆို ကလေးနာမည်နဲ့ပတ်သတ်ပြီး သူတို့ချင်း ခုထိ ညှိလို့မရ။ တလောကတင် ဆေးစစ်ကြည့်ရင်း ကလေးက ယောက်ျားလေးမှန်း သိလိုက်ရတာမို့ သူက ချစ်စနိုးနဲ့ ဟု ကြိုပေးထားပေမဲ့ ပတ်ဂျီမင်းကတော့ လို့ မှည့်သည်။
အဲ့တုန်းကလည်းတစ်ခါ သတ်ထားပြီးပြီ။
“ငါ့ကလေးနာမည်က ဂျီဝူးလို့ ဘယ်နှခါပြောရမလဲ။ မင်းစိတ်ကြိုက်နာမည်ပေးချင်ရင် မင်းကိုယ်တိုင်မွေးလိုက်လေ”
“အေးပေါ့ မင်းတစ်ယောက်တည်း လေဥဥပြီး မွေးလို့ရတာဆိုတော့လည်း မင်းကလေးပေါ့”
ရီမုပျံတစ်ခု သူ့ခေါင်းပေါ်က ဝဲသွားသည်။ မှန်တာပြောတော့လည်း လက်မခံ။ ဆဲဖို့နဲ့ လက်ပါဖို့ပဲ အရင်စဉ်းစားမိလားမသိ။
“မင်းတစ်ယောက်တည်းဆို သေသေရှင်ရှင် ငါက ထားခဲ့လို့ရတယ်။ ကလေးကြောင့် ဒီလောက်အထိ ပြောနေတာ”
ဘယ်ကောင်မေးတာလဲ ဟုတ်တာပေါ့ကွ။ ကူးလုံးလေးကြောင့် ဒီလောက် အောက်ကျို့ခံပြီး သည်းခံနေတာ။ မဟုတ်ရင် ပစ်ထားလိုက်တာကြာပြီ။
“ထွက်ခဲ့တော့။ အဝတ်သေတ္တာတွေအကုန် ကားထဲထည့်ထားပြီးပြီ”
ဘာဆိုဘာမှ လုပ်စရာလည်းမလို၊ လူလေးပဲ ဖင်ခါပြီး အဆင်သင့် ထလိုက်လာရမှာကို ပတ်ဂျီမင်းတို့က ဘာတွေခက်ခဲနေမှန်း နားမလည်။
“ဘာလဲ။ ကားပေါ်အထိ ငါ့ကိုပွေ့ချီသွားစေချင်လို့ ဂွင်ဆင်နေတာလား”
“သေလိုက်လေ”
စူစူအောင့်အောင့်ပြောကာ ခြေဆောင့်ပြီး နေရာကထကာ အခန်းထဲဝင်သွားသည်။
“အပြင်ကစောင့်နေမယ်။ ထွက်ခဲ့တော့”
မှာပြီးသည်နှင့် အိမ်ကလေးကို လှည့်လည်စစ်ဆေးပြီး စိတ်ချရပြီဆိုတော့မှ အိမ်ရှေ့မှာ အသင့်ရပ်ထားတဲ့ ကားပေါ်ကနေ ဒေါသအိုးကို ထိုင်စောင့်နေလိုက်သည်။ မကြာပါ၊ မှုန်ကုတ်ကုတ်ရုပ်နဲ့အတူ အိမ်လေးထဲက ထွက်လာသည်။
အရင်ကထက်စာရင် အရမ်းကြီး အတိုက်အခံမလုပ်တာကိုပဲ ကျေးဇူးကြီးမားလှတဲ့ ပတ်ဂျီမင်း ဖြစ်လို့နေပြီ။ အမြဲတမ်း အဆင်ပြေနေတယ်ရယ်လို့ မဟုတ်သေးပေမဲ့လည်း ခြုံငုံကြည့်မယ်ဆို သူတို့အိမ်ထောင်ရေးက ထင်သလောက်လည်း မဆိုးဝါးဘူးလို့ ပြောရမှာပေါ့။
တီတီတာတာ၊ ကြည်ကြည်သာသာ စကားလုံးလေးတွေ၊ သဲသဲလှုပ်အကဲပိုပြတာမျိုးတွေက သူတို့ထုံးစံမဟုတ်။ တစ်ယောက်ကိုတစ်ယောက် အထိမနာ၊နာအောင် ပြောပြီး၊ ရန်ဖြစ်ရင်းပဲ သာမန်ရိုးကျလိုမျိုး ရှေ့ဆက်နေကြတာ။
“ကျွန်တော် ဟိုတစ်ယောက်ကို အန်တီတို့အိမ်မှာ ပြန်ပို့ထားပေးခဲ့တယ်။ အဲ့ဒါ အမေကပဲ ဂရုစိုက်ပေးလိုက်ပါဦး”
“ကလေးလည်းမဟုတ်ဘဲ ဘာတွေပူပြနေတာလဲ။ မင်းသာ ဟိုမှာ အမှားမဖြစ်စေနဲ့။ မဟုတ်ရင် ဥက္ကဌနေရာနဲ့ လွဲပြီသာမှတ်”
အမေ့ကိုပဲ မှာလိုက်ပေမဲ့ သတင်းကြည့်နေသည့် အဖေက ဝင်ပြောလာသည်။ ပတ်ဂျီမင်းကို အဖေအမြင်မကြည်တာ ငယ်ငယ်ကတည်းကမှန်း သိထားပေမဲ့ ဒီတစ်ကြိမ်ကတော့ ဖြေဆေးမရှိတော့ပြီ။
အဖေသဘောအကျရဆုံး ရိုအာနဲ့ လွဲချော််ခဲ့ရတာမို့ ရိုအာနဲ့လက်ထပ်ပြီးတာနဲ့ လက်ဖွဲ့အဖြစ် ဥက္ကဌရာထူးကို လွှဲပြောင်းပေးမယ်ဟူသော ကတိသည်လည်း ပျက်စီးသွားခဲ့ပြီးဖြစ်သည်။ ဒီလိုမျိုး အဖေ့ကို စိတ်ပျက်စေခဲ့တဲ့အတွက်လည်း သားဖြစ်တဲ့ သူ စိတ်မကောင်းပါ။
ဒါပေမဲ့ ဒါတွေဟာ ဖြစ်မဲ့ကံပါလာလို့ ဖြစ်ကိုဖြစ်လာရတယ်လို့ပဲ သူကတော့ ယူဆခဲ့သည်။ သူနဲ့ပတ်ဂျီမင်းတို့ရဲ့ အသွေးအသားလေးဟာလည်း သူတို့ဆီမှာမှ ဖြစ်တည်လာမဲ့ ကံကြမ္မာကြောင့်ပဲ ရောက်လာခဲ့တာ။ သို့သော် ဒီအတွေးတွေဟာ သူ့ဘက်က အမြင်၊ သူ့အယူအဆသာဖြစ်ခဲ့ပြီး အဖေနဲ့တော့ သဘောထားချင်း လွဲချော်ခဲ့ပုံရသည်။
“ဂျီမင်းကို အဖေသဘောမကျတာ သိပေမဲ့ ဒီကိစ္စတွေအကုန်လုံးက ကျွန်တော်မပါရင် ဖြစ်လာစရာအကြောင်းမရှိပါဘူး”
သတင်းကြည့်နေသည့် တီဗွီဖန်သားပြင်မှတဆင့် အဖေ့ရဲ့အကြည့်တွေက သူ့ဆီ ရောက်လာခဲ့သည်။
“အဖေတို့အမြင်မှာ ဒါက အမှားတစ်ခုဆိုရင်တောင် အဲ့ဒီ့အမှားကို ကျူးလွန်ခဲ့သူက အဖေယုံကြည်အားကိုးထားခဲ့ဖူးတဲ့ ဂျွန်ဂျောင်ကုပါ။ စိတ်ပျက်စေမိခဲ့လို့ ကိုယ်တိုင်လည်း အများကြီးစိတ်မကောင်းမိပြီး အားနာမိပေမဲ့ ကျေးဇူးပြုပြီး ပတ်ဂျီမင်းကို ဒီလောက်အထိပဲ သဘောမကျပေးပါ”
“ဒီကောင်....အဖေကို ပြန်ပြောနေပြီပေါ့”
“စိတ်လျှော့ပါ ယောက်ျားရယ်”
စိတ်မချမ်းသာရသည့် စကားဝိုင်းမှာ နည်းနည်းလေးတောင် ဆက်မနေချင်တော့တာမို့ ပင့်သက်ရှိုက်ရင်း အိမ်လေးထဲကနေ ခပ်မြန်မြန်ခြေလှမ်းတို့ဖြင့် ထွက်ခဲ့လိုက်တော့သည်။
“သား”
ကားပေါ်တက်တော့မည့်ဆဲဆဲ နောက်ကခေါ်သံ။ အမေဟာ သူ့နောက်ကို အပြေးလိုက်လာပုံရသည်။
“ဟုတ်ကဲ့”
“မင်းအဖေကို စိတ်မဆိုးပါနဲ့ သားရယ်။ သူလည်း ရိုအာတို့ကို အများကြီးအားနာနေလို့ဖြစ်မှာပါ”
“ကျွန်တော်သိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ရုံးမှာ ရိုအာ့ကိုတွေ့တိုင်း အားနာနေရတာ ဒီနေ့အထိပါပဲ။ အဖေ့ကို စိတ်လည်းမဆိုးတာမို့ အမေ မပူပါနဲ့”
“ဟင်း..... အကုန်လုံးကလည်း တကယ့်အချိန်တွေမှာမှ ဖြစ်သွားတာကိုး။ ကြိုတင်ကြံစည်ထားရင်တောင် လွဲဦးမယ်”
“အဖေ့စံနှုန်းတွေထဲ ပတ်ဂျီမင်းက အံဝင်ခွင်ကျမဖြစ်နေလို့ ဒီလိုတွေဖြစ်နေတာလည်း သိပါတယ်။ ဒါပေမဲ့ လူတိုင်းက အဖေတို့၊ ကျွန်တော်တို့ ဖြစ်စေချင်သလို ဖြစ်လာမှာမှမဟုတ်ဘဲ”
“အမေ နားလည်ပါတယ်။ နောက်ပြီး ဘာပဲဖြစ်ဖြစ် ဂျီမင်းလေးကို အမေလည်း သေချာဂရုစိုက်ပေးမှာမို့ သား စိတ်ချပါ”
“ကျေးဇူးတင်ပါတယ် အမေ”
အိမ်ကလေးရှေ့က သားအမိနှစ်ယောက်ရဲ့ စကားဝိုင်းလေးကို အကွယ်တစ်နေရာမှ နားထောင်နေသူတစ်ဦး။ တမင်ရယ်တော့မဟုတ်၊ သူလည်း သူ့ကိစ္စနဲ့သူ အပြင်ထွက်ဖို့အတွက် လုပ်နေရင်း အဖြစ်အပျက်တွေက တိုက်ဆိုင်သွားခဲ့တာ။
Advertisement
အန်ကယ်ဂျွန် သူ့ကို သဘောမကျတာ ဘာမှမထူးဆန်းဘူး။ ဒါပေမဲ့ ဂျွန်ဂျောင်ကုဘက်က သူ့ကို ကာပြောပေးနေတာကတော့ ထူးဆန်းတယ်။ အကုန်လုံး ထူးဆန်းတယ်။ သူ့ခံစားချက်တွေလည်း ထူးဆန်းနေတယ်။
ကားအနက်ကြီး အိမ်ရှေ့က မောင်းထွက်သွားတဲ့အထိ သူဟာ အကွယ်မှာ တောင့်ခဲစွာ ရပ်နေမိရင်း ခြံစည်းရိုးဖြူဖြူလေးကိုလည်း လက်တွေနဲ့ ဆောက်တည်ရာမရစွာ ကုတ်ခြစ်နေမိသည်။
မသိချင်ဘူး။ မကြားချင်ဘူး။ ဒီစကားတွေကို မသိခဲ့၊ မမြင်ခဲ့၊ မကြားခဲ့ရင် သိပ်ကောင်းမယ်။ သူ့အပေါ် ဒီလောက်လေး ကောင်းပေးရုံနဲ့ သူဟာ အလွယ်တကူ ပျော်ဝင်တတ်တဲ့သူမျိုး မဟုတ်ဘူး။ ပတ်ဂျီမင်းဟာ သူ့ကိုယ်သူတော့ အဲ့လိုပဲ ထင်နေခဲ့ပါတယ်။
ရက်ပေါင်းများစွာချီ၊ လပေါင်းများစွာတိုင်၊ နှစ်ပေါင်းမနည်းအောင် အနည်တည်သလို မုန်းတီးရန်ဖြစ်လာခဲ့တဲ့ အချိန်တွေက နည်းတဲ့ပမာဏမဟုတ်တာကို ဒီ မိနစ်ပိုင်းစာ အချိန်လေးက အနိုင်ပိုင်းသွားမယ်ဆိုရင် ဘယ်သူပဲကြားကြား ရယ်ချင်စရာကောင်းလွန်းမနေဘူးလား။
ရယ်စရာကောင်းလွန်းတယ်
မျက်ရည်ကျမတတ်။
______________________
“ဘာလဲ”
ညဘက် အားတုန်းလေး ဖုန်းလှမ်းဆက်လိုက်ပေမဲ့ ပြန်ထူးသံက တစ်ဖက်က သူ့ကို အလုံးလိုက်၊ အရင်းလိုက် အမောဆို့စေသည်။
“ကိုယ့်ယောက်ျားကိုထူးတဲ့ လေသံကြီးကလည်း”
“ယောက်ျားမကလို့ ငါ့အဖေဖြစ်လာလည်း ဒီလိုပဲထူးမှာ”
“ပြောရဲတယ်နော် ငရဲကြီးမှာ၊ မိုးကြိုးပစ်မှာလည်းမကြောက်”
“ဘာဖြစ်လဲ”
နည်းနည်းလေးမှ မချိုသာတဲ့ စကားတွေဆိုပေမဲ့လည်း အခုမှ သူ့စိတ်တွေက ပြည့်စုံသွားသလို ခံစားရသည်။ လိုနေတာ ဒါ။ ဒီလို ကန့်လန့်တိုက်တတ်တဲ့ အသံပေါ့။
“ကင်မရာဖွင့်လိုက်”
“မဖွင့်ချင်ပါဘူး”
“မင်းကို ကြည့်ချင်လွန်းလို့မဟုတ်ဘူး။ ကူးလုံးလေးကို မြင်ချင်လို့”
အကြောင်းပြချက်ကလည်း အလာကြီး။ ကြည့်ရအောင်လည်း ကလေးကဖြင့် အပြင်ကို ထွက်တောင်မလာသေးတာကို။ ဟိုမှာအလုပ်ပိပြီး ရူးသွားတာလား ဒီကောင်။
စခရင်ပေါ်ကနေ အတင်း ပြူးပြဲကြည့်နေသည့် Alpha ရုပ်ဆိုးကောင်ကို လက်သီးနဲ့ ရွယ်လိုက်ပြီးနောက် သိပ်မကျေနပ်ပေမဲ့လည်း ကင်မရာခလုတ်ကို နှိပ်လိုက်သည်။
“ဘာကြီးလဲ ဒါက”
“ငါ့ဗိုက်လေ”
“အဲ့ဒါတော့သိတာပေါ့။ မျက်နှာကရော”
“မင်းပဲ ကလေးကို ကြည့်ချင်တာဆို။ ထွက်မှမလာသေးတာ။ အဲ့တော့ ရှိနေတဲ့ အပြင်ကဗိုက်ကိုပဲ ကြည့်ပေါ့”
ပတ်ဂျီမင်းက တစ်မျိုးလေး။ ဒေါသအိုး ပြောတာ မမှားပေမဲ့လည်း ဂျွန်ဂျောင်ကုမှာတော့ ကိုယ့်စကားနဲ့ကိုယ် ပြန်ချုပ်မိကာ အီလည်လည်ဖြစ်သွားရသည်။
“ဒီလိုဆိုလည်း မင်းရုပ်ပါပြ။ ငါမရှိတုန်း ငါ့ကို ဘယ်လောက်အထိ လွမ်းနာကျနေသလဲဆိုတာသိချင်လို့”
“သေလေ”
“ဝန်မခံချင်လို့မလား ငါသိပါတယ်”
ဂျွန်ဂျောင်ကုဆင်နေတဲ့ အကွက်က ပုံတုံးလွန်းနေတာမို့ ပတ်ဂျီမင်းက ကြိတ်ရယ်သည်။ သူ့ကို မခံချင်အောင်ပြောပြီး ဆွပေးနေတာ အသိသာကြီး။ အရင်လိုဆို ဘာမှမစဉ်းစားဘဲ ဒေါသအရင်ထွက်ပြီး ခပ်မြန်မြန်တုံ့ပြန်လိုက်မှာပေမဲ့ အခုက နည်းနည်းတွေးတတ်လာပြီ။ မတူဘူး၊ မတူတော့ဘူး။
“အမှန်တော့ ငါ ဒီမှာ အများကြီးပင်ပန်းနေလို့”
ဖုန်းစခရင်ထက်မှာ ပြောပြီး မနေတတ်သလို ဟိုကုတ်၊ ဒီကုတ်လုပ်နေသည့် ဂျွန်ဂျောင်ကု။ ကလေးကိစ္စကြောင့် အန်ကယ်ဂျွန်က အလုပ်တွေ အများကြီး လွှဲပေးပြီး ဖိခိုင်းနေတာထင်ပါရဲ့။ ဒီလိုကျတော့လည်း စိတ်က သနားချင်ချင်။ အများကြီးတော့မဟုတ်၊ နည်းနည်းပိစိလေးလောက်။
“အဟမ်း”
ချောင်းဟန့်ရင်း ဖုန်းကို မျက်နှာမြင်ရအောင် ရွှေ့ပေးပြီး တစ်ဖက်လူကိုမကြည့်ဘဲ မျက်နှာလွှဲထားလိုက်သည်။
မပြုံးမရယ်မျက်နှာကြီးနဲ့ ဖုန်းကိုမကြည့်ဘဲ နှုတ်ခမ်းဆူကာ အိုက်တင်ခံနေသည့် ဒေါသအိုးကိုကြည့်ပြီး ဂျောင်ကု ရယ်ချင်မိပေမဲ့ မရယ်ရဲ။ တော်ကြာ သူ့ကို ရယ်ရမလားဆိုပြီး ဖုန်းချသွားမှ ဟုတ်ပေ့ဖြစ်ဦးမယ်။ နဂိုကမှ စိတ်က လက်တဆစ်။
“သားငယ်ရေ မေမေပါ။ သားအတွက် ဒိန်ချဉ်လာပို့တာ”
တံခါးခေါက်သံနဲ့ မေမေ့အသံကြောင့် ပတ်ဂျီမင်းမျက်လုံးတွေ ဝိုင်းခနဲ။ မေမေက သူ ဒိန်ချဉ်စားချင်နေတာကို ဘယ်လိုသိတာလဲ။ နောက်ပြီး ဒီအချိန်ကြီးလေ။
“မေမေက ဘယ်လိုလုပ်ပြီး....”
“မေမေ့သားမက်က သားငယ် ဒိန်ချဉ်စားချင်တယ်လို့ ပြောနေလို့တဲ့”
သူ မပြောရပါဘူး။ သူတို့ချင်း ဖုန်းပြောနေကြတာ မှန်ပေမဲ့လည်း ဒိန်ချဉ်စားချင်တယ်လို့တော့ သူ တစ်ခွန်းတောင် မဟခဲ့။ သို့သော် မေမေ့ကို ဘာမှမပြောတော့ဘဲ ဒိန်ချဉ်ဘူးကို အသာလက်ခံကာ အခန်းထဲ ပြန်ဝင်ခဲ့လိုက်သည်။
“ဒိန်ချဉ်ရောက်လာပြီပဲ”
“မင်းက ဘယ်လိုသိတာလဲ”
ဒိန်ချဉ်တစ်ဖဲ့ကို ဇွန်းနဲ့ခပ်ယူရင်း မေးလိုက်သည်။
“ကလေးသာမရှိတာ။ မင်းဗိုက်က ငါ့ဗိုက်လိုဖြစ်နေတဲ့ဟာကို”
ပြုံးမိခါနီး နှုတ်ခမ်းတွေကို အချိန်မီပြန်ထိန်းချုပ်လိုက်ရသည်။ အရူးကောင် ပြောသလိုပါပဲ။ သူ့ဆီမှာ ဖြစ်နေတတ်တဲ့ ခံစားချက်တွေ အကုန်လုံးလိုလိုက ဂျွန်ဂျောင်ကုဆီမှာပါ ထူးထူးဆန်းဆန်း သွားဖြစ်နေတတ်တာ။
အစ်ကိုကြီး ပြောပြခဲ့လို့ သိထားပေမဲ့ ကာယကံရှင်ဖြစ်တဲ့ သူက ဂျွန်ဂျောင်ကုလောက် ဆိုးဆိုးဝါးဝါး မခံစားရတာ သူကိုယ်တိုင်သာ အသိဆုံး။ ကလေးစရှိပါပြီဆိုကတည်းက တစ်ခါတလေ နေထိုင်မကောင်းသလို ဖြစ်တတ်ပေမဲ့ ဂျွန်ဂျောင်ကုလောက်တော့ မခံစားရ။
တစ်ယောက်နဲ့တစ်ယောက် ချစ်လွန်းလို့ ဒီလိုဖြစ်တယ်ဆိုလည်း တစ်မျိုးပေါ့။ အခုဟာက ထူးထူးဆန်းဆန်း ဘယ်တုန်းကမှ မတည့်ခဲ့တဲ့ ရန်ဖက်လို လူနှစ်ယောက်မှာမှ......။
“အိပ်သွားပြီပဲ”
အချိန်တော်တော်ကြာအောင် တောင်စဉ်ရေမရသော ခေါင်းစဉ်ပေါင်းများစွာကို စကားလုပ်ပြောနေခဲ့တာ။ ပတ်ဂျီမင်းတစ်ယောက်ကတော့ ပင်ပန်းပြီး မောသွားဟန်တူသည်။ ဟန်ပင်မဆောင်နိုင်၊ ဖုန်းကြီးဖွင့်ပြီး အိပ်ပျော်သွားသည်အထိ။
Advertisement
အသက်ကို မှန်မှန်ရှူရင်း အားပါးတရ အိပ်မောကျနေသည့် ပုံရိပ်ကို ဂျွန်ဂျောင်ကုက အလွတ် ထိုင်ကြည့်နေခဲ့မိသည်။ ပထမဆုံးပဲ။ ပတ်ဂျီမင်းက အေးချမ်းလိုက်တာလို့ တွေးမိခဲ့တဲ့ ပထမဆုံး။
အစ်ကိုကြီးနဲ့ ယှဉ်ကြည့်မိတိုင်း အပူလုံးလေးလို့ လှောင်ပြောင် စနောက် ခေါ်ခဲ့မိတဲ့ အမည်နာမနဲ့ ဆန့်ကျင်စွာ အေးချမ်းတယ်လို့ ပထမဆုံး တွေးမိခြင်း။ အိပ်နေလို့၊ ရန်ပြန်စွာလို့မရလို့၊ စိတ်ကြည်နေလို့ စတဲ့ ဘယ်လိုအကြောင်းပြချက်တွေပဲ ပေးပေးပါလေ။
“အိပ်မက်ထဲမှာပဲ ရန်ဖြစ်ကြတာပေါ့”
ဘာမှ မသိတော့တဲ့ ရွှေပန်းကန်လှလှလေးဟာတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ကောင်းနေရင်း။
____________________
နှစ်ပိုင်းပဲကျန်တော့တယ်။
“အမေတို့နဲ့ပြန်နေ”
“မနေချင်ဘူး”
ဟုတ်လို့လား ဂျွန်ဂျောင်ကုရာ။
“သေလိုက်လေ”
“အပြင်ကစောင့်နေမယ်။ ထွက်ခဲ့တော့”
မုန်းနေကြတုန်းဆိုပေမဲ့
အနမ်းများများနဲ့မို့
အရမ်းမခါးပါဘူး။
“သား”
“ဟုတ်ကဲ့”
“ကျေးဇူးတင်ပါတယ် အမေ”
မျက်ရည်ကျမတတ်။
______________________
“ဘာလဲ”
“ဘာဖြစ်လဲ”
“ကင်မရာဖွင့်လိုက်”
“မဖွင့်ချင်ပါဘူး”
“ဘာကြီးလဲ ဒါက”
“ငါ့ဗိုက်လေ”
“အဲ့ဒါတော့သိတာပေါ့။ မျက်နှာကရော”
“သေလေ”
“အဟမ်း”
“မေမေက ဘယ်လိုလုပ်ပြီး....”
“မင်းက ဘယ်လိုသိတာလဲ”
“အိပ်သွားပြီပဲ”
Advertisement
- In Serial10 Chapters
Yuu- The Next God Of War
In a world similar to the European Middle Ages, the feared yet powerful Gods seal the devil clan in order to keep the world in balance. The Gods became weak over time from fighting demons and keeping the seal shut. So they created a Tournament called 'The Tournament Of Gods,' where angels battle each other out in order to become a God. However, the tournament is no simple thing, and adversaries of terrifying strength stand in your way, every time you faced an opponent. After hearing that, do you think the main character will triumph over all odds, or suffer an ignominious defeat?
8 110 - In Serial9 Chapters
Traps N' Gats [Discontinued]
Kian, a child of a United States Army General and little brother of a Special Forces Operator, is ripped from the world along with men and the Osprey while he was being extracted from his town during an invasion a nuclear fire began to ravage the world. Now he must survive using the power of a vengeful Goddess to survive a world filled with magic, swords... and unspeakable horrors...
8 156 - In Serial60 Chapters
Breaking the Chains
Aegon Silver, a young man on an epic, danger-filled journey to... well, apart from money, power and fame there isn't much more that interests our protagonist. Nevertheless, witness him as he attempts to reach his goals, preferably without suffering too much, though as we all know... reality is often disappointing. What does the future have in store for this shameless young man? Not even a god knows.
8 493 - In Serial17 Chapters
i Hunt Mansters?
In the year 2030, humans became victim to a war started by the inhuman creatures called the 'Mansters'. Humanity was slaughtered and forced to live in massive underground vaults for survival. After 3 years, a new threat capable of destroying the world peace arrives yet again. This time around, Earth has a new hero capable of stopping the catastrophe with the only issue that he is still a level 1 'dismantler'.
8 142 - In Serial147 Chapters
500+ Psychology Facts | ✍
Psychology, if it's your cup of tea, opens doors to a lot of interesting characteristics and traits that human beings encompass. Reading about it will not only give a meaningful perspective to how you see the world, but will also allow you to reach out and understand people around you better.
8 363 - In Serial46 Chapters
Project Felia
""""Project Felia"""" is a story about Sky Farrow a 17 year old boy And his little sister Celia. They are living in the remains of Earth in the year 2070, but after a attack on their bunker they are forced to enter Felia, which is an artificual world, your real body dies in the process, many people consider this a sin or a cheap way out, some believe you won`t come to heaven if you choose this way, it`s either live or die for the main character and his sister, they chose to live in Felia!
8 212