《Three Bears - 곰세마리》Three Bears - 11
Advertisement
“ဂုဏ်ယူပါတယ် ဂျွန်ဂျောင်ကု။ မင်းမှာ ကိုယ်ဝန်ရှိနေပြီ”
“ဗျာ!”
အလန့်တဖျတ် လှဲနေရာမှ ငုတ်တုတ်ပင် ထထိုင်လိုက်မိသည်။ သူက ကိုယ်ဝန်ရှိနေတယ်တဲ့။ နားကြားမှားတာလည်းမဟုတ်၊ အစ်ကိုကြီးပါးစပ်ကနေ အရှင်းသား ပြောသွားတာများ သူ့ခေါင်းတည့်တည့် မိုးကြိုးပစ်ချသွားသလိုပဲ။
“ဟားဟား စတာပါ ဂျွန်ဂျောင်ကုရာ။ အဲ့လောက် လန့်တတ်ရလား မင်းနှယ်”
“အစ်ကိုကြီးကလည်းဗျာ”
ငိုသံကြီးနဲ့ အစ်ကိုကြီးကလည်းဗျာဟု ပြောလာတာမို့ ဆရာဝန်ခမျာ လူနာကို သနားလည်းသနား၊ ရယ်လည်းရယ်ချင်သွားရသည်။ လန့်တတ်လိုက်တာလည်း လွန်ပါရော။
“Alpha က ဘယ်လိုလုပ် ကိုယ်ဝန်ဆောင်နိုင်မှာလဲ ဒီကလေးနှယ်”
ခေါင်းယမ်းကာ ပြောလိုက်တော့ ဂျွန်ဂျောင်ကုက အခုမှ စိတ်သက်သာရာရသွားဟန် သက်ပြင်းချရင်း မချိသွားဖြဲလေးဖြင့် ရယ်ပြလာသည်။
“ဒါပေမဲ့ မင်းဆီမှာ ပြနေတဲ့ လက္ခဏာတွေက ကိုယ်ဝန်ဆောင်တွေမှာပဲ ဖြစ်လေ့ဖြစ်ထရှိတာ”
“အဲ့ဒါကို ကျွန်တော်က ဘယ်လိုလုပ်ပြီး”
“အင်း မင်းမှာတော့ ကလေးမရှိပေမဲ့ အငယ်လေးမှာက ရှိတယ်လေ”
“ပတ်ဂျီမင်းအစား ကျွန်တော်က အဲ့ morning sickness ကို ခံစားနေရတာဆိုတဲ့ အဓိပ္ပါယ်လား”
“အဲ့သဘောပဲ။ ဒါမျိုးက ရှိတတ်ပေမဲ့ Alpha အကုန်လုံးမှာ ဖြစ်တတ်တာမျိုးတော့မဟုတ်ဘူး”
“ဒီလိုဆို ကျွန်တော် ကံမကောင်းတာပေါ့”
စိတ်ပျက်လက်ပျက် ငိုင်ကျသွားသည့် Triple J ရဲ့ ဒုဥက္ကဌ တစ်မိုးအောက် တစ်ယောက် ဂျွန်ဂျောင်ကု။
“Couvade Syndrome ခေါ် Sympathetic Pregnancy ပဲ။ အငယ်လေး ဖြစ်နေတာတွေက မင်းဆီမှာလည်း လာဖြစ်တာမျိုး”
“ပတ်ဂျီမင်းလည်း ကျွန်တော့်လိုပဲ ခံစားရတာလား”
အစ်ကိုကြီးက သူ့ကို ကြည့်ကာ ခေါင်းငြိမ့်ပြသည်။
“ဒါပေမဲ့ သူ့ကြည့်ရတာ ဘာမှတောင် မဖြစ်တဲ့ပုံစံမျိုး”
“မင်းရှေ့မို့ ဟန်ဆောင်နေတာလည်းဖြစ်နိုင်တာပဲ”
ဟုတ်တယ်။ ဖြစ်နိုင်တယ်။ ပတ်ဂျီမင်းက သူ့ရှေ့မှာဆို နေမကောင်းတာမျိုးလေးတောင် ပြချင်တဲ့သူမျိုးမဟုတ်။ အခုလည်း အတင်းကြိတ်မှိတ် ဟန်ဆောင်ပြီး ဘာမှမဖြစ်သလို နေပြနေတာပဲ ဖြစ်ရမယ်။
ဒါပေမဲ့ ဒီလက္ခဏာတွေက ဘယ်လောက်ထိ ခံရခက်လဲဆို သူလို Alpha တစ်ယောက်တောင် ဟန်မဆောင်နိုင်တာကို ပတ်ဂျီမင်းတို့ ဘယ်လိုများ....။
“အငယ်လေးတုန်းက မင်းထက်တောင် လန့်သွားခဲ့တာသိလား။ ကလေးရှိနေပြီလို့ ပြောလိုက်တုန်းကလေ”
အစ်ကိုကြီးက ဘာရယ်မဟုတ် တိုက်ဆိုင်သွားတာမို့ ရယ်ရယ်မောမော ပြောပြခဲ့ပေမဲ့လည်း အိမ်ပြန်လာသည့်တလျှောက်လုံး ထိုစကားကိုပဲ နားထဲ အထပ်ထပ် ပြန်ကြားယောင်နေမိသည်။
မင်းထက်တောင် လန့်သွားခဲ့တာတဲ့။ အင်းပေါ့ ငယ်ငယ်လေးကတည်းက မတည့်တဲ့ မဟာရန်ဖက်ကြီးရဲ့ ကလေးဖြစ်နေတာကိုး။ မလန့်ဘဲ နေပါ့မလားလေ။ သိသိချင်းဆို ပတ်ဂျီမင်းတို့ တော်တော်လေး သွေးပျက်သွားခဲ့မှာပဲ။
နှစ်ယောက်ကြားက ဆက်ဆံရေးက ဒီလိုကိစ္စကြီးမျိုးကို ဝမ်းသာအားရ လှမ်းပြောလို့ရတဲ့ ဆက်ဆံရေးမျိုးလည်းမဟုတ်။ အများကြီး ခေါင်းရှုပ်ပြီး ပင်ပန်းခဲ့ရမယ်ထင်တယ်။ စိတ်ကူးကြည့်မိရုံနဲ့ အပြင်မှာ သက်ပြင်းပါ ချလိုက်မိသည်။
နေပါဦး။ အခု သူက ပတ်ဂျီမင်းကို အကောင်းမြင်နေတာလား။ ဟေ တော်ပြီ ပေါက်ကရတွေ ဆက်တွေးမနေဘဲ အသိတရားဝင်စမ်း ဂျွန်ဂျောင်ကု။
မျက်နှာကို ပြန်တည်လိုက်ရင်း ခေါင်းထဲ ပတ်ဂျီမင်းနဲ့ပတ်သတ်တာတွေ ဆက်မတွေးမိအောင် သတိကပ်ရင်း အိမ်ကလေးထဲ ကားလှိမ့်ဝင်ခဲ့တော့သည်။
ကားသံရော၊ တံခါးဖွင့်သံရော ကြားလိုက်ရတာမို့ ကောင်းကျိုးမပေးသည့် ဂျွန်ဂျောင်ကုကြီး အိမ်ပြန်ရောက်လာပြီမှန်း သိလိုက်သည်။
ဂျွန်ဂျောင်ကုသည် အိမ်ထဲဝင်ဝင်ချင်း မြင်လိုက်ရသည့် ပေါက်ပေါက်တစ်ဗူးနှင့် ဇိမ်ပြေနပြေ ရုပ်ရှင်ကြည့်နေသည့် ဒေါသအိုးကို ကြိတ်အကဲခတ်လိုက်မိသည်။ ပေါ့ပေါ့ပါးပါးလေး တကယ်ကို ဘာမှဖြစ်တဲ့ပုံမပေါ်။ သူရှိနေလို့ပဲလားမသိ။
ခြေလှမ်းကို တမင်အချိန်ဆွဲကာ လျှောက်ခဲ့ရင်း ထပ်အကဲခတ်ကြည့်ပေမဲ့ ပတ်ဂျီမင်းက မပြောင်းမလဲ နေမြဲအတိုင်းသာ။
“ရော့။ လမ်းကြုံလို့ အစ်ကိုကြီးဆီက ယူလာပေးတာ”
အခန်းထဲမဝင်ခင် ပီဇာဘူးတစ်ဘူးကို သူ့လက်ထဲ ပြီးပြီးရော ပစ်ပေးသွားသည့် ဂျွန်ဂျောင်ကု။ တစ်ချက်ကြည့်လိုက်တော့ သူစားချင်နေသည့် ချိစ်အပြည့်ပီဇာဖြစ်နေသည်။ မဟုတ်တောင် ခုနကတင် မှာစားရင်ကောင်းမလားဆိုပြီး စဉ်းစားနေတာမို့ အတော်ပင်ဖြစ်သွားရသည်။
“အရသာရှိလိုက်တာ”
တောင့်တနေသည့် ချိစ်ပီဇာတစ်ချပ်ယူကာ စားလိုက်တော့ အသံပေါင်းစုံထွက်ကာ ကျေနပ်သွားရသည်။ အစ်ကိုကြီးကို ကျေးဇူးတင်လိုက်တာ။ သူ စားချင်နေမှန်း ဘယ်လိုလှမ်းသိနေလဲမသိဘူး။ ကျေးဇူးတင်တဲ့အနေနဲ့တော့ အရင်ကထက် စိတ်ဆိုးနည်းနည်းပြေပေးလိုက်မယ်။
အခန်းတံခါးကို အသာဟကာ ချောင်းကြည့်မိတော့ ပီဇာတွေကို အားရပါးရစားနေသည့် ဒေါသအိုး။ အစ်ကိုကြီးပြောတာ တကယ်မှန်နေတာပဲ။ ကားမောင်းနေရင်းတန်းလန်း ပီဇာတအားစားချင်လာလို့ ဝင်စားခဲ့ရင်း ပတ်ဂျီမင်းကို တွေးမိကာ ဧကန္တဆိုပြီး တစ်ချပ်ပိုဝယ်ခဲ့လိုက်တာ။
ထင်တဲ့အတိုင်းပဲ မြိန်ရေယှက်ရေ စားနေလိုက်တာဆိုတာ။ စားနေရင်း သူ ခိုးကြည့်နေတာကို သတိထားမိသွားမှာစိုးတာကြောင့် တံခါးကို အသံမထွက်အောင် အသာအယာ ပြန်ပိတ်ရင်း ဤသို့ တွေးလိုက်မိလေသည်။
အိမ်း နောက်ဆို သူ ဘာလေးစားချင်ချင် ပတ်ဂျီမင်းကိုပါ ဝယ်ကျွေးရတော့မဲ့ကိန်းပါလား။
______________________
“ဂျီမင်းက သူ့အစ်ကိုကြီးဆီပြောင်းနေမယ်လို့ပြောနေတယ် သားဂျောင်ကု”
လုပ်ပြန်ပြီ။ မတည်မငြိမ် စိတ်ကလေးနဲ့ မိဘအိမ်မှာ နေမယ်ဆိုလို့ ပြောင်းနေနေတာတောင် တစ်လမပြည့်သေးဘူး၊ အခု တစ်မျိုးပြောင်းသွားရပြန်ပြီ။
“ဒီမှာနေတာ ဘာဖြစ်လို့လဲ။ ဟိုကိုပြောင်းနေရင် အစ်ကိုကြီးကလည်း သူ့အလုပ်နဲ့သူ၊ ငါကလည်း ငါ့အလုပ်နဲ့ငါမို့ မင်းကို ဘယ်သူမှ ဂရုစိုက်နိုင်မှာမဟုတ်ဘူး”
Advertisement
“ဂရုစိုက်ခံချင်လို့ ပြောင်းနေတယ်များထင်နေလား။ အဲ့အိမ်က ငါ့ကို အစ်ကိုကြီးက လက်ဖွဲ့အဖြစ် လွှဲပေးထားတဲ့အိမ်။ ငါ့အိမ်ငါ ဘယ်အချိန် သွားနေနေပေါ့”
လနုနေတုန်းတော့ ကိစ္စမရှိနိုင်ပေမဲ့၊ လရင့်လာလို့ တစ်ခုခုဆို အနားမှာ တစ်ယောက်မှမရှိရင် ဒင်းလေးပဲ ထိခိုက်မှာ။ ရေရှည်ကို မတွေးတတ်တဲ့ ပတ်ဂျီမင်း ဒါတွေကို ဘယ်တော့မှ နားလည်လာမှာလည်း မဟုတ်ဘူး။ ဦးနှောက်ထဲ သူ့ကို အရွဲ့တိုက်ချင်တာကလွဲ ကျန်တာ ဘာမှမတွေးတတ်။
အမြဲတမ်း စိတ်တိုဒေါသထွက်နေရရင် ကလေးရော ဒင်းအတွက်ပါ မကောင်းဘူးလို့ အစ်ကိုကြီးက အတန်တန်မှာထားလို့ စိတ်လျှော့ပေးပေါင်းလည်း များလှပြီ။
“ဒီလောက်တောင် ပြောင်းချင်ရင်လည်း လိုက်သာပို့ပေးလိုက်ပါ အမေရာ။ ကျွန်တော်ကတော့ ကလေးမျက်နှာကြောင့်မို့လို့ မတတ်သာလည်း ဒီဝဋ်ကို ဆက်ခံရဦးမှာပဲ”
အဖိုးကြီးပေါက်စလိုမျိုး ရင်မထုရုံတမယ် ဝဋ်တွေ ဘာတွေ ကြီးကြီးကျယ်ကျယ်ပြောကာ အခန်းထဲဝင်သွားသည့် ဂျွန်ဂျောင်ကု။ လမ်းလျှောက်နေရင်း ခလုတ်တိုက်လဲပါစေလို့ ကျိန်ဆဲလိုက်ပေမဲ့ ဘာမှမဖြစ်သွားခဲ့။ ဒီတစ်ခါမဖြစ်၊ နောက်တစ်ခါပေါ့။
“သားဂျောင်ကုက အပြောသာဆိုးတာ၊ သားငယ်ဖြစ်ချင်တာအကုန် သူလိုက်လျောပေးရှာပါတယ်ကွယ်”
ဟွန့်။
မေမေ့ရဲ့ လေပြေအေးတရားသံကို နားမထောင်ချင်တာမို့ နှာမှုတ်ကာ မျက်နှာလွှဲလိုက်သည်။
“အန်ကယ်ဂျွန်ကလည်း ဒီနှစ်ထဲ အနားယူတော့မှာမို့ ဥက္ကဌနေရာ ဆက်ခံနိုင်ဖို့အတွက် မေမေတို့သားမက်လေးက အများကြီးကြိုးစားနေရှာတာ။ သူ့ခမျာ အလုပ်ကတစ်ဖက်နဲ့ သားငယ်က သိပ်ပြီး မပူဆာပါနဲ့ကွယ်”
သူ့ကိုပေးထားတဲ့အိမ်၊ သူ့အိမ်သူ ပြောင်းနေမယ်ပြောတာ အရူးကောင်အတွက် ဘာတွေ ခက်ခဲသွားလဲမသိ။ ဥက္ကဌနေရာ ရတော့ရော ဘာလုပ်ရမှာလဲ။ ဒါ သူ့ကိစ္စမှမဟုတ်ဘဲ။ ပြဿနာမဟုတ်တာကို ပြဿနာဖြစ်အောင်လုပ်ပြီး အကုန်လုံးကို ဂျွန်ဂျောင်ကုက သူ့ခေါင်းပေါ် သက်သက်ပုံချသွားတာ။
“ဘယ်လိုနေနေ ကျွန်တော်ကတော့ မနက်ဖြန် ပြောင်းနေမှာပဲ”
ခေါင်းမာလွန်းသည့် သားငယ်ကတော့ သူဖြစ်ချင်ရာကို မဖြစ်ဖြစ်အောင် လုပ်ဦးမှာပါလား။ ဂျွန်ဂျောင်ကုမို့သာပေါ့၊ သားငယ် ဒီလောက်အထိ ဆိုးသွမ်းနေရတဲ့ အကြောင်းအရင်းက ဂျွန်ဂျောင်ကုဖြစ်နေလို့ကလွဲ တခြားမရှိတော့ပြီ။
_____________________
အိပ်နေရင်း ဘာတွေယောင်ကာ အော်နေမှန်းမသိသည့် ပတ်ဂျီမင်း။ နောက်ပြီး တဟင်းဟင်းနဲ့ ရယ်နေလိုက်သေးသည်။ သူ အိပ်မရအောင်များ တမင်လုပ်နေတာလားဆိုပြီး ကြည့်လိုက်ပေမဲ့ ကိုယ်တော်ချောက မျက်လုံးတောင်မပွင့်။
အော် လက်စသတ်တော့ အိပ်မက်ထဲ ဈေးရောင်းနေတာကိုး။ ဘာတဲ့ အမယ် ပါစတာဆိုပဲ။ အပြင်မှာ ကြက်ဥတောင် ကောင်းကောင်းမကြော်တတ်တဲ့ ပတ်ဂျီမင်းက အိပ်မက်ထဲမှာတော့ ပါစတာတောင် ရောင်းနေလိုက်သေးတယ်။ ဖြစ်ရလေ။
ဘာဆက်ပြောဦးမလဲဆိုပြီး ကြည့်နေရင်း ကြည့်နေရင်း ပြုံးနေသည့်နှုတ်ခမ်းတွေက တစ်ခုခုကို မကျေနပ်တော့သလိုမျိုး တဖြည်းဖြည်းချင်း အမဲ့ဘက်ကို ကူးပြောင်းလာသည်။ တကယ်ကြီး အိပ်မက်ထဲမှာ နစ်မြောနေတာပဲ။
အိပ်မက်ထဲက ဘယ်သူ့ကိုမုန်းကာ တရစပ်ပြောနေလဲမသိ။ မုန်းလိုက်တာဆိုတာကိုပဲ ဆက်တိုက်ရွတ်နေပြီး သိပ်မကြာပါ၊ ရုတ်ချည်း ဝါးခနဲ ထငိုတော့သည်။
“ဟေး ဂျီမင်း ပတ်ဂျီမင်း!”
ပါးကိုအသာပုတ်တာ လှုပ်နိုးလိုက်ပေမဲ့ တော်တော်နဲ့ နိုးမလာ။ ဝမ်းပန်းတနည်း သည်းကြီးမဲကြီးကို ရှိုက်ငိုနေတာမို့ ဂျွန်ဂျောင်ကု ပြာသွားရသည်။
“ပတ်ဂျီမင်း ထ ထတော့!”
ခပ်ကြမ်းကြမ်းလေး အားသုံးကာ လှုပ်ယမ်းလိုက်တော့မှ မျက်လုံးပြန်ပွင့်လာသည်။ ငိုထားတာမို့ မျက်ရည်တွေဟာလည်း ရွှဲလို့။
“ဘာဖြစ်လို့လဲ”
“အိပ်မက်မက်ပြီး မင်း အော်ငိုနေလို့”
“ဟင်”
သူ့ပါးသူ ပြန်စမ်းကြည့်တော့ မခြောက်သေးသည့် မျက်ရည်စိုစိုတွေ။ တကယ်ကြီး သူ ငိုနေခဲ့တာပဲ။ ဒါပေမဲ့ ဘာလို့ငိုနေခဲ့တာလဲဆိုတာကိုတော့ ချက်ချင်း စဉ်းစားမရ။
“ရော့ ရေသောက်လိုက်ဦး”
ဂျွန်ဂျောင်ကု ကမ်းပေးလာသည့် ရေခွက်ကို ခပ်တုန်တုန်လက်တွေနဲ့ လှမ်းယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ ပုံမှန်လိုဆို ရိုက်ထုတ်ပစ်လိုက်မှာပေမဲ့ ရင်ထဲ ဝမ်းနည်းစိတ်ကြီးကြောင့် အရွဲ့တိုက်ဖို့ အင်အားပင်မရှိတော့သလို။
“ဘယ်သွားမလို့လဲ”
မေးနေတာကို ပြန်မဖြေဘဲ ကုတင်ပေါ်ကဆင်းကာ အခန်းထဲက ထွက်သွားသည့် ဒေါသအိုးနောက် စိတ်မချတာမို့ လိုက်ခဲ့ရပြန်ပါသည်။ တလောကတင် အစ်ကိုကြီး လက်ဖွဲ့အဖြစ်ပေးထားတဲ့ အိမ်ကလေးဆီ ပြောင်းနေကြပြီလည်းဖြစ်တာမို့ တစ်အိမ်လုံး၊ တစ်ခြံလုံးမှာ သူတို့နှစ်ယောက်တည်း။
အရှေ့ကသွားနေသည့် ပတ်ဂျီမင်းက အိမ်အပေါက်ဝရောက်တော့ ရပ်သွားပြီး လှေကားထိပ်မှာ ကျုံ့ကျုံ့လေး ငုတ်တုတ်ထိုင်နေပြန်သည်။ ဘာလဲကွာ ဒီဒေါသအိုးနဲ့တော့ ဘာတွေလုပ်နေတာလဲ။ မဟုတ်မှလွဲ ထပ်ပြီး ယောင်နေတာများလား။
“သွား မင်းဟာမင်း ပြန်အိပ်”
နှင်ထုတ်လာသည့် မာထန်ထန် လေသံအရတော့ အိပ်မက်မက်နေတာ မဟုတ်ဘူးပဲ။ ဒါပေမဲ့ ညသန်းခေါင်ကြီး ဘာလို့ ဒီလို အိမ်ပေါက်ဝကြီးမှာ သွားထိုင်နေရတာလဲ။ နောက်ပြီး ဒီလိုပုံစံမျိုးက မြင်နေကျလည်း မဟုတ်သလို ပတ်ဂျီမင်းရဲ့ ထုံးစံမှမဟုတ်ဘဲ။
“မင်းအိပ်မှအိပ်မယ်”
“ရူးနေလား!”
ရန်လှည့်လုပ်လာသည့် မျက်လုံးတွေက အရည်ကြည်တွေ ဝေ့ဝဲလို့နေသည်။ နေပါဦး ဒါလေးပြောမိတာ ဘာငိုစရာ ပါလို့လဲ။ ဘယ်လောက်ဆဲဆိုနေနေ၊ စကားများရင်း ဘယ်လိုနာအောင်ပဲ လုပ်လုပ် ဒေါသထွက်တာအပြင် မရှိတတ်တဲ့ ပတ်ဂျီမင်းက အခုတော့ ငိုနေသတဲ့။
ထူးဆန်းသည်ထက် ထူးဆန်းနေတာမို့ ဂျွန်ဂျောင်ကု မနေတတ်တော့ပါ။ အိပ်မက်ထဲမှာ ငိုနေတုန်းကတောင် သူ့စိတ်ထဲ တစ်မျိုးခံစားခဲ့ရတာ။ အခုက အပြင်မှာ၊ နောက်ပြီး သူ့ရှေ့တည့်တည့်မှာ။
Advertisement
“ရူးနေတာလား မင်း!”
“အင်း ရူးနေတာ”
ဖြေပြီး နံဘေးမှာ ဝင်ထိုင်လိုက်တော့ မျက်ရည်အဝိုင်းသား မျက်လုံးတွေနဲ့ သူ့လှုပ်ရှားမှုတိုင်းကို လိုက်ကြည့်နေသည်။
“မငိုနဲ့။ မင်းနဲ့ မလိုက်ဘူး ရုပ်ဆိုးတယ်”
“ခွေးကောင်”
လက်ကျန်ဒေါသနဲ့အတူ ဆဲလည်းဆဲ၊ သူ့ကို ရိုက်ပုတ်ဖို့ပြင်လိုက်သည့် လက်တစ်ဖက်ကို ဖမ်းထိန်းလိုက်ရင်း ခါးကိုဆွဲဖက်ကာ လအတော်ကြာအောင် ဝေးနေခဲ့ရသည့် နှုတ်ခမ်းဖူးတွေကို တဆုံးနမ်းပစ်လိုက်သည်။ နောက် ဖမ်းထိန်းထားသည့် လက်ကို လွှတ်ပေးလိုက်တော့ သူ့အင်္ကျီကော်လာစကို ချက်ချင်းဆွဲကုတ်လာသည်။
ထူးထူးဆန်းဆန်းပါပဲ။ ညလယ်ခေါင်ကြီး မခြောက်သေးသော မျက်ရည်တွေ တင်ကျန်နေသည့် နှုတ်ခမ်းတွေကို နမ်းရတဲ့အရသာက တကယ်ထူးဆန်းသည်။ နောက်ပြီး အိမ်ပေါက်ဝတည့်တည့်ကြီးမှာ။
မမက်မောဘူးပြောရင်တော့ သူ့ကိုယ်သူ လိမ်ရာကျသွားမယ်။ ဒီခံစားချက်၊ ဒီနှုတ်ခမ်းတွေကို မက်မောလွန်းလို့ ရူးသွားမလိုပဲ။ လက်ထပ်ပြီးသားဆိုတဲ့ အသိကဝင်လာတော့ ပိုဆိုးသည်။ ဒီရွှေပန်းကန်လှလှလေးက ဒီညကျမှ ပြုပြုစားစား။
ပတ်ဂျီမင်းက သိပ်ခက်တယ်။
ကမ်းကုန်အောင် နမ်းရှိုက်နေသူ ဂျွန်ဂျောင်ကုရဲ့ နှုတ်ခမ်းတွေကြား သူ အသက်ရှူလို့ပင် မဝတော့။ အရင်လိုသာဆို ဘယ်သူမှမရှုံး၊ ဘယ်သူမှမနိုင်တဲ့အထိ ဆက်သွားနိုင်ပေမဲ့ ဒီတစ်ခါ မတူဘူး။ ရုပ်ပျက်ဆင်းပျက်ကို သူ့ရင်တွေက ခုန်နေခဲ့တာ။
အိပ်မက်ကြောင့်များလား။ အိပ်မက်ကြောင့်ပဲ ဖြစ်ပါစေလို့ ဆုတောင်းနေပေမဲ့ မဟုတ်ဘူးလို့ သူ့စိတ်ထဲက တန်ပြန်ငြင်းဆိုနေသည်။ သူ ဂျွန်ဂျောင်ကုကို ငြိတွယ်နေတာလား။ သူ့အပေါ် နည်းနည်းလောက် လိုက်လျောပေးပြီး ကောင်းပေးရုံနဲ့ စိတ်ယိုင်နေမိတာလား။
အသက်ရှူချိန်ပေးလာတာမို့ အတွေးစတို့ ပြတ်တောက်သွားရကာ တစ်ဖက်လူနဲ့အပြိုင် အသက်တဝကြီး အရင်ဆုံး ရှူလိုက်သည်။ သူတို့နှစ်ယောက်လုံး သေမလိုကို နမ်းနေမိကြတာပဲ။
“မနမ်းနဲ့တော့”
“နမ်းမယ်”
“အရူး!”
မျက်နှာချင်းနီးကပ်စွာ သူ့ကိုစိုက်ကြည့်ပြီး ပြုံးပြနေတဲ့ ဂျွန်ဂျောင်ကုက တကယ့်အရူးကောင်။
နောက်တစ်ကြိမ် နှုတ်ခမ်းတွေကို ခပ်ဖွဖွထိကပ်ပြီး ပြန်ခွာသွားချိန်မှာတော့ သူ့ဘက်က အရင်ဦးအောင် ဂျွန်ဂျောင်ကုရဲ့ ပခုံးတွေပေါ် လက်နှစ်ဖက်ဖြင့် ခပ်မြောက်မြောက် သိုင်းဖက်လိုက်သည်။
ဂျွန်ဂျောင်ကုဟာ ပတ်ဂျီမင်းရဲ့ လည်ပင်းဆီ တစ်ချက်ငုံ့နမ်းလိုက်ပြီးနောက်မှာတော့ သူ့ထက်စာရင် ပိုသေးငယ်သည့် ခန္ဓာကိုယ်လေးအား ၎င်းရင်ခွင်ကြီးထဲ နစ်မြှုပ်သွားသည်အထိ တင်းတင်းကြပ်ကြပ် ပြန်လည်ပွေ့ဖက်ထားခဲ့တော့သည်။
မငိုနဲ့ ပတ်ဂျီမင်း
မင်းငိုတာ ငါ မကြိုက်ဘူး။
အခုန်မြန်လွန်းနေသည့် ရင်ခုန်သံနှစ်ခုကြားမှာ တတိယမြောက် နှလုံးခုန်သံသေးသေးလေးလည်း ရှိနေခဲ့ရင်း....။
_______________________
လာပါပြီ 😚
“ဗျာ!”
“အစ်ကိုကြီးကလည်းဗျာ”
“အရသာရှိလိုက်တာ”
______________________
ဟွန့်။
_____________________
“အလကားတော့ စားလို့မရပါဘူးနော်”
“ငါ မင်းကိုမုန်းလိုက်တာ”
“သိပ်မုန်းတာပဲ”
“ပတ်ဂျီမင်း ထ ထတော့!”
“ဘာဖြစ်လို့လဲ”
“ဟင်”
“ရော့ ရေသောက်လိုက်ဦး”
“ဘယ်သွားမလို့လဲ”
Advertisement
- In Serial9 Chapters
Risen
Using a strange, powerful mindweave, a fledgling necromancer creates a revenant deep within the Kriloris dungeon. Forged in Necronum runes and death magic, the monster is born with a mind more capable than anyone would imagine. Meet Risen. He's that monster—blessed with intelligence, strength, and unfortunately, necromantic reanimation. Risen won’t have it easy in the world of Sorcel. People don't like necromancers, and they really don't like the undead. Adventuring groups are out to murder him, trouble keeps following his master around—and the worst thing is that nobody wants to be friends.
8 183 - In Serial90 Chapters
The Far Away Dream
The possessor priesthood drew the perfect bodies. They pulled them from pictures and brought them to life. One of them drew his vision of the perfect world. A world where only beauty bodies and good feelings are allowed to exist. However, his plans to take the souls needed to fuel this insanity failed and the priesthood's existence became a myth. Now the world and cultures of Neolys must face their ancient past. A story of suffering, the intimacy it creates, and the will to fight against those who try to redraw the place you call home. The many characters in Neolys must unite and struggle against The Far Away Dream. Is a world of suffering worth fighting for? Is it insanity to fight for what hurts you? (I am in the process of rewriting/refurbishing this long story from one I wrote long ago and saved on my computer, into first person. I abandoned it many years ago. It will take time to figure everything out again and make the right changes. The Prologue/first chapter is supposed to be in third person)
8 89 - In Serial54 Chapters
New Job (Jensen X Reader)
I finally got the job that I have been dreaming of since I was a child. But I couldn't admit it to my parents because they don't like actors. I was going to auditions in secret, despite the fact that I'm 28. I got the role of a demon who is demon Dean's 'girlfriend' and I have to say that I'm going to enjoy it a lot because the actor that pictures Dean is really good looking. I'm going to be as professional as I can and I hope he does do.
8 479 - In Serial22 Chapters
found (clay jensen)
(tw- smut + suicide) "His kiss is quiet and embodies the color blue, which has always been my favorite color; everything about Clay Jensen is blue."The moon basks the bedroom in shining silver light, beaming down on two teenagers sleeping soundly. Isabelle Atkins sighs in the arms of a blue-eyed boy, breathing softly in her ear. Clay Jensen, with his dark hair and quiet manner, holds her close.Though the space between the two grows smaller, the reminders of Hannah Baker's death still looms over them. Isabelle Atkins failed Hannah - all for the boy sleeping soundly beside her. And will be forever known by that.Clay Jensen failed Hannah - for a thousand reasons that he had lost track for. And he cast them all aside, forced them down into his subconscious, all for the girl curled up in his arms.When secrets come out, do we allow ourselves to give one another a second chance? Or will time create more wounds than it will heal?(warnings - smut + mentions of suicide)TOP PLACE IN HASHTAGS:#1 in Clay Jensen#1 in 13 Reasons Why
8 135 - In Serial21 Chapters
Arm of the Demon
A normal life. That's the only thing Damien has ever wanted after the loss of his parents. Unfortunately, life has other plans for him. When his arm becomes possessed, Damien will be dragged into something he never wanted to be a part of.
8 176 - In Serial22 Chapters
The Rare KInd
Katherine Sage , a normal high school girl with a tragic past . but one day suddenly she is attacked out of nowhere she was protected by her freind Alex Walker , who wasnt as powerful as her. She must now fight with her friend to find out whats he hiding while her tragic past is trying to catch up with her .
8 189