《Three Bears - 곰세마리》Three Bears - 10
Advertisement
သတင်းစာတွေထဲ Triple J ရဲ့ ဒုဥက္ကဌ ဂျွန်ဂျောင်ကုနဲ့ ရိုအာလုပ်ငန်းစုက မွန်ရိုအာတို့ စေ့စပ်ကြောင်းလမ်းခြင်း ဖျက်သိမ်းသည့် အကြောင်းအရာက ခေါင်းစဉ်ကြီးဖြစ်သွားခဲ့သည်။ သို့လော သို့လော သတင်းတွေကြား ရိုအာကိုယ်တိုင်လည်း တော်တော်နဲ့ ခေါင်းမထောင်ရဲ။
“ဒီလိုပဲ အခန်းအောင်းနေတော့မှာလား”
တစ်နေကုန် အခန်းထဲက အခန်းပြင်မထွက်သည့် သမီးဖြစ်သူကြောင့် မိဘနှစ်ပါးမှာလည်း အားမလို၊ အားမရ။ တစ်ဖက်က ဂျွန်မိသားစုကိုလည်း ဒေါသထွက်လွန်းလို့ ပြောစရာစကားတောင် မရှိတော့ဘူး။
“သမီး နည်းနည်းအနားယူချင်လို့ပါ”
“ထပါ သမီးရယ်။ ဒီအတိုင်းကြီးပဲ ဆက်တိုက်လှဲနေတော့ မေမေတို့ ဘယ်စိတ်ချမ်းသာပါ့မလဲ”
ရိုအာ ငြိမ်နေမိသည်။ လွန်ခဲ့တဲ့ တစ်ပတ်က ပြောစရာရှိတယ်လို့ ဒုဥက္ကဌဂျွန်က ချိန်းဆိုလာတုန်းက စိတ်တွေတောင် လှုပ်ရှားနေခဲ့တာ။ ဒါပေမဲ့ အဖြစ်အပျက်အားလုံးကို အကြောင်းစုံ ကြားသိလိုက်ရချိန်မှာတော့ သွေးပျက်သွားခဲ့ရသည်။
“အီး......ဟီးဟီး”
တွေးရင်း ဝမ်းနည်းလာတာမို့ ကလေးတစ်ယောက်လို တအီအီဖြင့် ထပ်ငိုမိပြန်သည်။ သူ(မ)မှာတော့ ဒုဥက္ကဌဂျွန်နဲ့အတူတူ သာယာချမ်းမြေ့ပြီး အများက အတုယူရတဲ့ အိမ်ထောင်ရေးလေးဖြစ်အောင် ကြိုးစားမယ်လို့ ညတိုင်း စိတ်ကူးခဲ့ရတာကို။
အခုတော့.... လက်ထပ်ပွဲပါ မရှိတော့ဘူး။
“ဒီကလေးနှယ်”
ငယ်ငယ်ကတည်းက အနေအေးပြီး သည်းခံတတ်လွန်းတဲ့ သမီးဖြစ်သူအကြောင်း သိနေတဲ့ မိဘနှစ်ပါးမှာတော့ စိတ်ရှိတိုင်း ဒေါသထွက်ချင်တာတောင် သမီးမျက်နှာကြောင့် စိတ်မကောင်းလွန်းလို့ ဥပေက္ခာသာ ပြုထားရလေသည်။
“မဖျက်ချင်လည်း အဲ့နေ့ကတည်းက မဖျက်ချင်တဲ့အကြောင်း ပြောလိုက်လို့ရတာပဲလေ”
“သမီးသာ မဖျက်ဘဲ ရှေ့ဆက်တိုးရင် ကလေးအတွက် ဘယ်တရားပါ့မလဲ မေမေရဲ့”
“ဒါဆို သမီးကိုယ်တိုင်အတွက်ကျရော တရားတယ်လို့ထင်လား။ မေမေကတော့ မေမေ့သမီးလေးအတွက် ကျေကိုမကျေနပ်ပါဘူး”
ဒေါသထွက်ဖို့နေနေသာသာ၊ အပြစ်တင်ဖို့နေနေသာသာ ဝမ်းနည်းစိတ်ကသာ တအုံ့နွေးနွေးဖြစ်နေသည်။ လောကကြီးကလည်း မတရားလိုက်တာ။ ဒီကလေးလေးက ဒီလောက် စိတ်ရင်းစေတနာကောင်းပါလျက်နဲ့ကွယ်။
_____________________
“ဘယ်ဟိုတယ်မှာမှ မဆောင်ချင်ဘူး”
မင်္ဂလာဆောင်အတွက် ခန်းမရွေးဖို့ ခေါ်လိုက်ပေမဲ့ ပတ်ဂျီမင်းက ဘယ်မှာမှ မဆောင်ချင်တဲ့အကြောင်း အပြတ်အသတ် ဘူးခံငြင်းသည်။
“ခေါင်းမမာစမ်းနဲ့ သားငယ်။ အိမ်ကြီးနှစ်အိမ်ရဲ့ လက်ထပ်ပွဲက အနည်းဆုံးတော့ တင့်တင့်တယ်တယ်ရှိမှပေါ့”
တင့်တင့်တယ်တယ်ရှိတာမဟုတ်ဘူး။ အဲ့ဒါ မျက်နှာပြောင်တိုက်နေတာလို့သာ ပြောလိုက်ချင်တော့တယ်။ ဘယ့်နှယ် မွန်ရိုအာနဲ့ လက်ထပ်ပွဲဖျက်သိမ်းလိုက်တာဖြင့် တစ်ပတ်ရှိဦးမယ်၊ ထပ်ပြီးလက်ထပ်ပေးဖို့ ပြင်ဆင်နေကြပြီ။ ဘယ်ဘက်ကကြည့်ကြည့် အဆဲခံရမဲ့ကိန်း။
“ဟိုတယ်အထိ ရွေးမနေပါနဲ့ အန်တီ။ သူက ဘုရားကျောင်းမှာပဲ ဆောင်ချင်တာလို့ပြောဖူးတယ်ရယ်”
ပွဲလန့်တုန်း ခွင်ပဲဆိုပြီး ဖျာဝင်ခင်းလာသူ။ ဘာအဓိပ္ပါယ်နဲ့ ဒီလိုပြောလာလဲဆိုတာ သူတို့ချင်းသာ အသိဆုံး။
“ဟုတ်လား။ ဒီလိုဆိုလည်း သဘောပါ”
စိတ်ရှိတိုင်းသာဆို အရွဲ့တိုက်ပြီး တောင်ကိုရီးယားရဲ့ ဈေးအကြီးဆုံး၊ ဈေးအမြင့်ဆုံး ဟိုတယ်တွေကို လက်ညှိုးထိုးပစ်လိုက်ချင်ပေမဲ့ မွန်ရိုအာ့အပေါ် ကိုယ်ချင်းစာစိတ်လေးကြောင့် စိတ်လျှော့ကာ ပြန်မြိုသိပ်လိုက်သည်။
“မဖြစ်မနေမို့ ကျင်းပရတာကို ကြီးကြီးကျယ်ကျယ်တွေ မလုပ်ချင်ပါဘူး မေမေရယ်။ ဖြစ်နိုင်ရင် ကျွန်တော်ကတော့လေ လုပ်ကို မလုပ်ချင်တာ။ ဟော ဘုရားကျောင်းတောင် လွန်လှပြီ”
ဂျွန်ဂျောင်ကုရဲ့ မျက်နှာကြီးကို လှမ်းကြည့်ပြီး အမူအရာပိုကာ မထိတထိလေး စောင်းချိတ်ပြောလိုက်တော့ ရုပ်က ချက်ချင်း မှုန်ကုပ်သွားသည်။
မိမိအား တိုးတိုးတိတ်တိတ်အဆင့်နဲ့ လက်ထပ်လိုက်ရသလို ခနဲ့လာသည့် ဒေါသအိုးကြောင့် ဂျွန်ဂျောင်ကု စိတ်ထဲ ထောင်းခနဲ။ သူ့လို Triple J ရဲ့ ဒုဥက္ကဌကို လက်ထပ်ရတာကပဲ မှေးမှိန်သေးနုတ်နေသလို။
“မဆောင်ဘဲ အိမ်တွင်းအောင်းပြီး တိတ်တိတ်ပုန်းယူထားလို့လည်း ရတာပဲလေ။ ဒီက ဂျွန်ဂျောင်ကုတို့က ပိုတောင်မှ ကြိုက်သေးတယ်”
လက်ပိုက်ကာ ပြန်ချေပလိုက်တော့ မျက်အိမ်ကျဉ်းတွေက သူ့ကိုယ်ပေါ် စူးခနဲ။ ဘယ်ဘက်ကကြည့်ကြည့် ငါက အသာကြီးနော် ပတ်ဂျီမင်း။ အိမ်အပြင်ထွက်၊ ဒူးနန့်ပြီး လူပျိုပြန်လုပ်ရုံပဲ။
မျက်တောင်မခတ်တမ်း မိမိကို စိုက်ကြည့်နေသည့် ဒေါသအိုးကတော့ သူ့ကို စိတ်ထဲကနေ အမျိုးမျိုး ကျိန်ဆဲနေလောက်ရောပေါ့။ ဂျွန်ဂျောင်ကုတို့က ဒီလောက်တော့ မဖြုံရေးချ မဖြု....
“ဝေါ့”
အတွေးက အဆုံးအထိတောင် မရောက်လိုက်ရ။ ရုတ်တရက်ကြီး ပျို့တက်လာတာမို့ ပါးစပ်ကို လက်ဝါးနဲ့ အလျင်အမြန် အုပ်လိုက်ရသည်။ ချက်ချင်းဆိုသလို ဒေါသအိုးအပါအဝင် အကုန်လုံးရဲ့ အကြည့်တွေက သူ့ဆီမှာ။
“ဝေါ့”
“နေမကောင်းဘူးလား သားဂျောင်ကု”
လှိုက်လှိုက်တက်လာတဲ့ ခပ်ပျို့ပျို့ခံစားချက်ကြီးက အတော်ဆိုးသည်။ အကုန်လုံးကို လက်ကာပြရင်း ထွက်မကျခင် အခန်းထဲ ပြေးဝင်ခဲ့ရတော့သည်။
“ဒီကောင်လေး ဘာတွေအစားမှားလာပြန်ပြီလဲမသိပါဘူး”
“ဘာပဲဖြစ်ဖြစ် တစ်ခုခုဆို သားကြီးကို ဖုန်းဆက်ထားလိုက်မယ်လေ”
“အဲ့လိုလုပ်ကြတာပေါ့”
မိခင်နှစ်ယောက်က အတိုင်အဖောက်ညီနေချိန် ပတ်ဂျီမင်းကတော့ သူ့ရှေ့ကနေ တဝေါ့ဝေါ့ထိုးအန်ရင်း ရုပ်ပျက်ဆင်းပျက်နဲ့ အူယားဖားယား ပြေးထွက်သွားရတဲ့ ဂျွန်ဂျောင်ကုရဲ့ ပုံစံကို ပြန်မြင်ယောင်ကာ အကျေနပ်ကြီး ကျေနပ်နေမိတော့သည်။
__________________
မင်္ဂလာဆောင်မည့်နေ့။
မိတ်ကပ်ဆရာက မနက်ကတည်းက သူ့ကို ပြင်ဆင်ပေးနေတာမို့ ငြိမ်ငြိမ်လေး ထိုင်နေရပေမဲ့ ဂျီမင်းစိတ်တွေ အဆင်ပြေမနေ။ မှန်ထဲက သူ့ပုံရိပ်က သတို့သားလောင်းတစ်ဦးရဲ့ စိတ်လှုပ်ရှားမှုတို့ မရှိသလို အရယ်အပြုံးလည်းမရှိ။
“အငယ်လေး”
ခေါ်သံကြောင့် မှန်ထဲကပဲ မျက်လုံးစွေကာ အခန်းပေါက်ကို ကြည့်လိုက်တော့ အစ်ကိုကြီး။ ပြန်မထူးဘဲ နှုတ်ဆိတ်နေရင်း မကြားချင်ယောင်ဆောင်နေလိုက်သည်။ သူ အစ်ကိုကြီးကိုလည်း ကြည့်မရပါ။
Advertisement
“မျက်နှာကြီးကို အဲ့လောက်တင်းမထားနဲ့လေ။ တော်ကြာ သတို့သားကို ပြန်ပေးဆွဲလာတယ်ထင်ဦးမယ်”
မျက်စောင်းလေးတစ်ချက်က ဒိုင်းခနဲ။ အစ်ကိုကြီးဟာ အငယ်လေးရဲ့ ဒေါသကို သိသိရက်နဲ့ ပွဲတောင်မစသေးဘူး၊ စောစောစီးစီး လာစနောက်နေတော့သည်။
“ဘာပဲဖြစ်ဖြစ် အငယ်လေး ဒီလိုဆုံးဖြတ်လိုက်တာ ကလေးအတွက် အကောင်းဆုံးပါပဲ။ ဒီနေ့အထိ လက်ခံပေးဖို့ မလွယ်ခဲ့ဘူးမလား”
“ခုမှလာပြောနေလည်း အပိုပဲ”
ခပ်တင်းတင်းမျက်နှာကို တစ်စက်မှ မလျှော့သည့် အငယ်လေးကိုကြည့်ပြီး နည်းနည်းလေးမှ စိတ်မဆိုးရက်။
“ပြီးပါပြီ”
မှန်ထဲက ပုံရိပ်လေးက ဖူးဖူးအုအု။ လှလှပပ မျက်အိမ်ကျဉ်းကျဉ်းလေးတွေကို ခြယ်သထားပေးပုံက တစ်ခါကြည့်ပြီးတာနဲ့ မျက်လုံးမလွှဲချင်စရာ။ ဆွတ်ဆွတ်ဖြူနေသည့် ဝတ်စုံကလေးဟာလည်း ခန္ဓာကိုယ်ပေါ်မှာ အကျအန။
မင်္ဂလာအချိန်ကျလို့ ဘုရားကျောင်းထဲ ဝင်ခဲ့ကြတော့ ပတ်ဂျီမင်းက ဂျွန်ဂျောင်ကုကို လုံးဝမှမကြည့်။ မျက်နှာချင်းဆိုင် ရပ်နေရတာတောင်မှ အကြည့်တွေကို တခြားတစ်နေရာစီ လွှဲထားသည်။ မြင်ရသူတွေအဖို့ လက်ထပ်ပွဲလေးဟာ အနည်းငယ်တော့ ကို့ရို့ကားရားနိုင်လှ၏။
“သတို့သား ဂျွန်ဂျောင်ကု အနောက်က လိုက်ပြောပေးပါ။ ကျွန်တော် ဂျွန်ဂျောင်ကုသည်....”
“ကျွန်တော် ဂျွန်ဂျောင်ကုသည်”
“သတို့သား ပတ်ဂျီမင်းကို”
“သတို့သား ပတ်ဂျီမင်းကို”
“ကျွန်ုပ်၏ တရားဝင် အမျိုးသားအဖြစ် လက်ထပ်ယူလိုပါသည်”
“ကျွန်ုပ်၏ တရားဝင် အမျိုးသားအဖြစ် လက်ထပ်ယူလိုပါသည်”
အရှက်မရှိလိုက်တာ။ မျက်နှာပြောင်စွာ ရှေ့ကတိုင်ပေးသမျှ အနောက်က လိုက်ဆိုနေသည့် ဂျွန်ဂျောင်ရဲ့ မျက်နှာကြီးကို ကုတ်ဖဲ့ပစ်ချင်စိတ်က မရိုးမရွ။ တွေးလိို့မှ မဆုံးသေး၊ လက်တွေတောင် ယားလာပြီ။
“သတို့သား ပတ်ဂျီမင်းက လိုက်ဆိုပေးပါ”
မဆိုချင်ဘူး။
ဂျွန်ဂျောင်ကုကို မုန်းလွန်းလို့ သေတော့မယ်။
ငိုချတော့မဲ့ မျက်နှာကြီးနဲ့ အသံတွေပါတုန်ပြီး သစ္စာစကားပြုနေတဲ့ ဒေါသအိုးကို ကြည့်ပြီး ဂျွန်ဂျောင်ကုတစ်ယောက် အားရပါးရ အော်ရယ်ပစ်ချင်စိတ်ကို မနည်းထိန်းထားရသည်။
ပတ်ဂျီမင်း အခုဖြစ်နေတဲ့ မျက်နှာပုံစံကိုလေ သဘောကျလွန်းလို့ မျက်တောင်တောင် မခတ်ချင်ဘူး။ ဟန်ပင်မဆောင်နိုင်၊ ကြိတ်ဒေါသကြောင့် လက်တွေ တဆတ်ဆတ်တုန်နေလိုက်ပုံများ တကယ်ကို ရယ်ပစ်ချင်စရာကြီး။
သတို့သားနှစ်ဦး အကြင်နာပေးလို့ရပြီဖြစ်ကြောင်း ပြောလာတော့ မျက်လုံးပြူးကြီးနဲ့ စိုက်ကြည့်လာပြန်ပါသည်။ ရယ်ချင်စိတ်ကို အောင့်ထားရင်း မလိုလားတာသိသိရက်နဲ့ပဲ အရွဲ့တိုက်ရင်း အနားဇွတ်ကပ်ကာ နမ်းဖို့ပြင်လိုက်တော့ မျက်နှာလွှဲပစ်လိုက်တာကြောင့် Timing လွဲကာ ပါးဖောင်းလေးတစ်ဖက်ကိုပဲ နမ်းလိုက်မိသွားသည်။
“ဝေးဝေးနေ”
တိုးတိုးကြိတ်ကြိတ် နှစ်ကိုယ်ကြားရုံ သတိပေးစကားကြောင့် ရယ်လိုက်မိသည်။ နိုးပါ လုံးဝပဲ။ အဲ့လို အထိမခံ ရွှေပန်းကန်မို့လို့ကို ပိုလုပ်ပြဦးမှာ။
“ဓာတ်ပုံရိုက်ကြရအောင်လေ”
ခပ်တင်းတင်းပင် ပခုံးကို ဆွဲဖက်ကာ ဓာတ်ပုံအဖွဲ့ကို လှမ်းပြောလိုက်သည်။ သူ့လက်ချောင်းတွေကို လိမ်ဆွဲကာ ပခုံးပေါ်က ဖြုတ်ချဖို့ ကြိုးစားနေသူ။ ဆွဲကုတ်၊ ဆွဲလိမ်နေတာ နာတော့နာပေမဲ့လည်း ဒေါသအိုးကို စိတ်အနှောင့်အယှက်ပေးချင်တာကြောင့်ပဲ သည်းညည်းခံကာ အပြုံးမပျက် ဆက်နေလိုက်သည်။
“ဘာဓာတ်ပုံမှ မရိုက်ဘူး။ ဖယ်စမ်းပါ”
“ဒီနေ့က မင်္ဂလာရှိတဲ့နေ့မို့ မရိုက်လို့ဖြစ်မလား ပတ်ဂျီမင်းလေးရဲ့”
သောက်ရူးကောင်!
ကင်မရာမီးရောင် ဖျတ်ခနဲအောက်က မှန်သားပြင်ထက် သတို့သားနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ရင်း။ ကြည်ပြာရီဝေတဲ့ အချစ်အကြည့်တွေအစား အချိန်မရွေး ထသတ်နိုင်မည့် ရန်လိုရိပ်များက နေရာယူထားသည်။
“အု”
ဖြစ်ပြန်ပြီ။
ဂျွန်ဂျောင်ကုသည် ဟိုတစ်ခါကလို ပျို့တက်လာသည့် ခံစားချက်ကြီးကြောင့် ရုပ်က ချက်ချင်း မအီမသာဖြစ်သွားရသည်။ ပွဲလယ်ခေါင်ကြီးမှာတော့ မဖြစ်သေးဘူး။ သန့်စင်ခန်း အမြန်သွားရမယ်။
ဒေါသအိုးရဲ့ ပခုံးပေါ်ကလက်ကို အမြန်ဖြုတ်ကာ သန့်စင်ခန်းဆီ ပြေးသွားဖို့ ပြင်လိုက်ပေမဲ့ ပတ်ဂျီမင်းက လျင်သည်။ သူ့အခြေအနေကို ရိပ်မိသွားပုံရကာ လက်မောင်းတစ်ဖက်ကို ဇွတ်ဆွဲချိတ်လာတာမို့ ငုံ့ကြည့်လိုက်တော့ ကြောက်ဖို့ကောင်းစွာ ပြုံးပြနေသူ။
“ဒီလောက် မင်္ဂလာရှိတဲ့နေ့လေးမှာ ဘယ်သွားမလို့လဲ ဂျွန်ဂျောင်ကုလေးရဲ့”
နေရာမှာတင် အန်ချမိမှာစိုးတာကြောင့် ကြိတ်မှိတ်မြိုသိပ်ထားရင်း ရန်ပြန်တွေ့ဖို့ ပါးစပ်လည်း မဟရဲ။ အစိုးမရသည့် အနေအထားမို့ မတော် အန်ချမိမှာလည်း စိုးရသည်။ လက်မောင်းဆီက လက်နှစ်ဖက်ကို ဆွဲဖြုတ်ဖို့ ကြိုးစားပေမဲ့လည်း ဒေါသအိုးက ရှိရှိသမျှ အင်နဲ့အားနဲ့ ခိုစီးတော့မတတ် တွယ်ချိတ်ထားလေသည်။
ထိုအချိန် ဖလင်သားထက်မှာ နေရာယူသွားသည့် အသစ် အသစ်သော မင်္ဂလာဓာတ်ပုံလေးများ။ သေချာကြည့်မယ်ဆို ပုံတစ်ပုံမှာ သတို့သား ဂျွန်ဂျောင်ကုတစ်ယောက်ဟာ မျက်ရည်တွေပါဝဲလို့။ ပတ်ဂျီမင်းနဲ့ လက်ထပ်ရလို့ အပျော်လွန်ပြီး ငိုနေတာများဖြစ်မလား။
သတို့သား ဂျွန်ဂျောင်ကုရဲ့ လက်မောင်းကို အပီအပြင်ချိတ်ဆွဲထားသူ သတို့သား ပတ်ဂျီမင်းဟာလည်း အပြုံးကြီးပြုံးလျက်။ သူကရော ဂျွန်ဂျောင်ကုနဲ့ လက်ထပ်ရသည့်အတွက် ဝမ်းသာလွန်နေတာများလား။
ဘယ်လိုပဲဖြစ်ဖြစ် ဖရိုဖရဲ ဒီမင်္ဂလာပွဲလေးက တစ်ချိန်ချိန်မှာ အမှတ်တရဖြစ်လာမှာတော့ အမှန်ပါပဲ။
____________________
လက်ထပ်ပြီးပြီးချင်း အိမ်ခွဲနေကြဖို့ စဉ်းစားမိပေမဲ့ ပတ်ဂျီမင်းက ၎င်းရဲ့မိဘအိမ်မှာပဲ နေမယ်ဟု ကန့်လန့်တိုက်လာသည်။ သူ့အိမ်မှာ နေရအောင်ကလည်း အဖေဟာ ဒီကိစ္စတွေ ဖြစ်ပျက်ပြီးကတည်းက သားဖြစ်တဲ့ သူ့ကိုပင် စကားကောင်းကောင်းမပြော။
သူတို့ကို အတော်လေး စိတ်ဆိုးသွားပုံပင်။ အမေကတော့ ထုံးစံအတိုင်း အဖေ့ကို ဖျောင်းဖျနားချနေမှာ အမှန်။ လက်ထပ်ပြီးမှ တစ်အိမ်စီနေနေပြန်ရင်လည်း မကောင်းပြန်ဘူး။ ပတ်ဂျီမင်းက သူဘယ်မှာနေနေ ဂရုစိုက်မှာမဟုတ်ပေမဲ့လည်းပေါ့။
Advertisement
ဒီလိုနဲ့ပဲ ခြံချင်းကပ်နေသည့် တစ်ဖက်အိမ်ကို ပြောင်းနေဖြစ်ခဲ့ပြီး ဒေါသအိုးနဲ့ ညတိုင်းနီးပါး တကျက်ကျက်။
အခန်းခွဲပေးဖို့ ဒေါသအိုးက ထပ်တောင်းဆိုပေမဲ့ ဒီတစ်ခုကိုတော့ မိဘနှစ်ပါးလုံးက ခွင့်မပြုတာမို့ တစ်ခန်းတည်း အိပ်ကြရသည်။ တစ်ယောက်က တောင်ဘက်စွန်းဆို တစ်ယောက်က မြောက်ဘက်စွန်းထိ တိုးအိပ်ကြသည်။
တစ်ခါတလေ အပေါက်အလမ်းမတည့်ဘဲ စကားများကြရင်တော့ ပတ်ဂျီမင်းက သူ့ကို ကုတင်ပေါ်ကနေ ကန်ချတတ်ပါသေးသည်။ လွန်ခဲ့သည့်လပိုင်းတွေအထိ အတူပျော်ပါးကာ တစ်ကုတင်တည်းမှာ အတူတူအိပ်ခဲ့ကြပေမဲ့လည်း အခုက အခြေအနေချင်း မတူတော့ပြီ။
ဒါတင် မကသေး၊ လက်ထပ်ပြီးချိန်ကစလို့ နှစ်ယောက်လုံးရဲ့စိတ်တွေကလည်း ထပ်တူမကျသေးဘဲ အဆင်မပြေကြတဲ့ အနေအထားပေမို့ ဟိုအရင်လို တူနှစ်ကိုယ် ပျော်ပွဲနွှဲဖို့နေနေသာသာ ကိုယ့်ကိစ္စနဲ့ကိုယ်တောင် အနိုင်နိုင်။
ဂျွန်ဂျောင်ကုဘက်က အဖေအမြင်ပြန်ကြည်လာစေဖို့အတွက် သေချာအလုပ်ကြိုးစားပြနေရသလို ပတ်ဂျီမင်းဟာလည်း ကလေးတစ်ယောက်နဲ့ မိဘရဲ့ စောင့်ရှောက်မှုအောက်မှာ အစစ အရာရာ သတိထားပြီး ဆင်ခြင်နေထိုင်နေရလေသည်။
အလုပ်ကနေ အိမ်ပြန်လာချိန်တိုင်း တခြားသော အိမ်ထောင်ရှင်တွေလို ရွှေရင်အေးဖို့နေနေသာသာ ပတ်ဂျီမင်းက အမြဲ မျက်နှာရှစ်ခေါက်ချိုး။ ပြောရမယ်ဆို သူ့မှာလေ အမောဆို့မသေတာပဲ ကံကောင်း။
“ဒုဥက္ကဌက လက်ထပ်ပြီးပြီတဲ့”
“ဟင် တကယ်ကြီးလား ဘယ်သူနဲ့လဲ”
“အဲ့ဒါတော့ မသိဘူး။ ပြောတာတော့ ကလေးတောင်ရနေပြီတဲ့”
“ဒါကြောင့် မွန်ရိုအာနဲ့စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်တာကိုး”
“ဘာလဲ။ ဒီလိုဆို အစကတည်းက ဒုဥက္ကဌမှာ တရားမဝင်ကလေးရှိနေတာလား”
“မပြောတတ်ဘူး။ ကာယကံရှင်တွေနဲ့ မိသားစုကလွဲ ဘယ်သူက ခရေစေ့တွင်းကျ သိနိုင်မှာလဲ”
တဆင့်စကား၊ တဆင့်နားနဲ့ လူတွေဆီ ပြန့်နေသည့် ဒုဥက္ကဌဂျွန်ဂျောင်ကုနဲ့ မွန်ရိုအာတို့ရဲ့ သတင်း။ တစ်ပတ်ကျော်သွားခဲ့တာတောင် လူစုံရင် ဆွေးနွေးစရာ ခေါင်းစဉ်တစ်ခုလိုမျိုး Hit ထနေဆဲ။
ခေါင်းစဉ်တွေထဲမှာ 'ကလေးရှိနေတာလား'ဆိုတာပြီးရင် ဒုဥက္ကဌဂျွန် လက်ထပ်လိုက်တဲ့သူက ဘယ်သူဖြစ်မလဲဆိုတာကို စိတ်အဝင်စားကြဆုံး။ ဘယ်လောက်အထိ လှပြီး ဘယ်လိုလူမျိုးဖြစ်နေမလဲဆိုတာနဲ့ ပတ်သတ်ပြီး တစ်ယောက် တစ်ပေါက် ဝိုင်းခန့်မှန်းကြတာက တာဝန်ပေးထားသည့် အလုပ်တစ်ခုလို။
“စကားမများကြနဲ့တော့ ဒုဥက္ကဌ လာနေပြီ”
တစ်ယောက်က သတင်းပေးလိုက်သည်နှင့် လူစုကြီးက တမုဟုတ်ချင်း ခွာရှဲသွားသည်။ နောက်တော့ ကိုယ်နေရာကိုယ် အပြေးသွားထိုင်ကြကာ ဟန်မပျက်ပုံစံဖြင့်။
မနေ့ညက တစ်ညလုံး မအိပ်ဘဲ ရုပ်ရှင်ထိုင်ကြည့်နေသည့် ပတ်ဂျီမင်းရဲ့ အမွှေဇယားကြောင့် ကောင်းကောင်းမအိပ်ခဲ့ရတာမို့ လူက မရွှင်လန်း။ နှုတ်ဆက်လာသည့် လက်အောက်ဝန်ထမ်းတွေကိုလည်း ခေါင်းငြိမ့်ပြရုံသာ တတ်နိုင်ခဲ့ပြီး ရုံးခန်းထဲ တန်းဝင်ခဲ့တော့သည်။
“ဒုဥက္ကဌ လက်မှတ်ထိုးရမဲ့ စာရွက်စာတမ်းတွေပါ”
ပုံနေသည့် စာရွက်တွေကို စစ်ကြည့်ရင်း လတ်မှတ်လိုက်ထိုးနေတုန်း ရုတ်ချည်း လှုပ်ရှားနေသည့်လက်တွေ ရပ်သွားရသည်။
“အု!”
“ဒုဥက္ကဌ အဆင်ပြေရဲ့လား”
အတွင်းရေးမှုးလေးရဲ့ အမေးကို ပြန်မဖြေနိုင်။ အသင့်ဆောင်ထားသည့် လက်ကိုင်ပုဝါကိုထုတ်ကာ ပါးစပ်ကို အုပ်လိုက်ရသည်။ အတန်ကြာတော့မှ တဖြည်းဖြည်းချင်း ပြန်သက်သာလာတာမို့ အသက်ကို အရင်ဝအောင် ရှူလိုက်ရသည်။
“ဒုဥက္ကဌ နေမကောင်းလို့များလား”
မောလျလျဖြင့် ထိုင်ခုံကိုမှီကာ ထိုင်နေရင်း အတွင်းရေးမှူးလေးကို ဘာပြန်ဖြေရမယ်မသိ။ သူ နေကောင်းပါတယ်။ ကောင်းတာမှ အလတ်ကြီးပါ။ ဒါပေမဲ့ ဒီရက်ပိုင်းကျမှ ပျို့ပျို့အန်ပြီး မအီမသာဖြစ်နေခဲ့တာ။ အချိန်ကလည်း အတိအကျမရှိ၊ သူဖြစ်ချင်တဲ့အချိန် ထဖြစ်တာ။
ရောဂါတစ်ခုခုများ ရှိနေတာလားဟု သံသယဝင်မိတော့ အစ်ကိုကြီးဆီ ဖုန်းတန်းဆက်လိုက်ပြီးသား။ ဒီညနေတော့ အစ်ကိုကြီးလုပ်တဲ့ ဆေးရုံမှာဖြစ်ဖြစ် ဆေးသွားစစ်ကြည့်မှ ဖြစ်တော့မယ်။
ရုံးဆင်းတော့ အိမ်မပြန်သေးဘဲ စီစဉ်ထားသည့်အတိုင်း အစ်ကိုကြီးရဲ့ ဆေးရုံဆီကို အရင်ဝင်ခဲ့လိုက်သည်။
“မင်း ဖြစ်နေတာက Morning Sickness နဲ့ တော်တော်တူနေတယ်”
“morning sicknes ဟုတ်လား”
“ပြောရရင် ကိုယ်လက်မအီမသာဖြစ်တာမျိုးနဲ့ မူးဝေပျို့အန်ပြီး နေထိုင်မကောင်းတာမျိုးပေါ့”
ဟုတ်တယ် အစ်ကိုကြီးပြောတဲ့အတိုင်းပဲဟု ထောက်ခံသည့်သဘော ကုတင်ပေါ်ကနေ ခေါင်းဆက်တိုက်ငြိမ့်ပြလိုက်သည်။
“အစားအသောက်ရောပျက်လား”
“ပျက်တယ် အစ်ကိုကြီး။ တစ်ခါတလေ စားနေကျဟင်းတောင် အနံ့မခံနိုင်တော့တာမျိုး”
“အင်း ဒီလိုဆို morning sickness က သေချာသလောက်ရှိနေပြီပဲ။ ဒါပေမဲ့.....”
“ဘာဖြစ်လို့လဲ အစ်ကိုကြီး”
အနာသိရင် ဆေးရှိရတော့မှာ မဟုတ်ဘူးလား။ အစ်ကိုကြီးပြောတဲ့ ဒါပေမဲ့ဆိုတာရဲ့နောက်ကွယ်မှာ ကုမရတဲ့ ရောဂါတစ်ခုခု သူ့ဆီမှာ ရှိနေတာတော့ မဟုတ်လောက်ပါဘူးနော်။
“တစ်ခုခု အခြေအနေမကောင်းလို့လားဟင်”
“အဲ့လိုလည်း မဟုတ်ပါဘူး”
သူ့ကို ငုံ့ကြည့်ကာ လေးလေးနက်နက် စဉ်းစားနေပုံရသည့် အစ်ကိုကြီးကြောင့် ဂျောင်ကု တံတွေးတွေပင် မြိုချလိုက်မိသည်။ တစ်လျှောက်လုံး အကောင်းကြီးရှိလာပြီးမှ ဇာတ်လမ်းတွဲတွေထဲကလို ရုတ်တရက်ကြီး နောက်ဆုံးအဆင့်ရောက်နေတဲ့ ကင်ဆာတွေ ဘာတွေသာ ပေါ်လာခဲ့ရင်....။
_______________________
ညမှ ကျန်တဲ့ လေးပိုင်း ဆက်တင်ပေးမယ်
တန်းလန်းထားပြီး ယုတ်မာချင်လို့ 🤭
“အီး......ဟီးဟီး”
“ဒီကလေးနှယ်”
_____________________
“ဟုတ်လား။ ဒီလိုဆိုလည်း သဘောပါ”
“ဝေါ့”
“ဝေါ့”
“အဲ့လိုလုပ်ကြတာပေါ့”
__________________
မင်္ဂလာဆောင်မည့်နေ့။
“အငယ်လေး”
“ပြီးပါပြီ”
လှတာထက်ကိုပိုနေတဲ့ သတို့သားလောင်းလေးဟာ မင်္ဂလာအချိန်အခါမှာတောင် တစ်လောကလုံးကို မျက်စောင်းတရွယ်ရွယ်။
Advertisement
- In Serial172 Chapters
The Jinni and The Isekai
Jinni babes, isekai samurai, dungeons and quests! What's not to like?Below you can find the individual blurbs for each of the books/arcs in the series. Please don't forget to follow, rate, and if you're feeling like a true adventurer, to write a review! The Jinni and The Isekai (The Jinni and The Isekai, #1) Shiro Takeda, a samurai deep in debt and forced into a swashbuckler’s life, wanders in search of dungeons to raid so he can pay back his loans. Unfortunately, his lenders have already sent headsmen after him. His fortunes change when he finds a piece of legendary loot—a jinni lamp. But before the insolent spirit can bestow her gifts upon him, Shiro must find and kill the Jinni’s current master; a sultan of vast wealth, power and harems. Perhaps with the help of his newfound companion, Shiro can discover who isekaied him into this strange land. * * * The Black Cobra of Mar’a Thul (The Jinni and The Isekai, #2) With his new companion, Jessamine, Shiro finds himself in Darshunn, the shining jewel of the Abassir Empire on a quest to find a way to sever Jessamine’s bond with her master Darius. With her full powers, surely they can work together to discover the mystery behind who isekaid Shiro into these lands, but all goes awry when the samurai is confronted by the Black Cobra of Mar’a Thul, a top-tier adventurer working for the vizier Faridoon al Rashik. * * * Coil and Strike (The Jinni and The Isekai, #3) After arriving in Darshuun and losing Jessamine to the Sultan Darius, things couldn’t be worse. Jessamine was unresponsive when Shiro last saw the lamp. But he can’t go back to save her. Not yet. Because first Shiro must set out with a top-tier adventurer known as the Black Cobra of Mar’a Thul in a desperate effort to rescue Ali before he’s tortured and executed. *** The Sultan of Darshuun (The Jinni and the Isekai, #4) With the help of Ali and Debaku, Shiro has found the top-tier adventurer, Razul in the dungeon of Azurbadan. Now with the strength to fight Darius and his Scorpion Guard, it is time for the group to come up with a plan to get into the Sultan’s Palace to find the lamp and rescue Jessamine.
8 210 - In Serial6 Chapters
Merchant Queen
Lana dreams of becoming the most successful and famous Merchant in the world, a Merchant Queen. But she is just a common girl in a world of magic and mythic beings. Everyone thinks she is crazy for having such goals, even her family thinks that she is going for too much. “Wants to be a Merchant Queen?”, “Who does she think she is?”, “What abilities does she have to make such claims?”, “Poor girl, she can only fail...” “She did what??”, “She signed a ten years contract with a Spellcaster?”, “A Mage from the most powerful and proud magic’s school is working for her?”, “She opened a new tradeline, where nobody thought possible?” Follow Lana in her journey to become a Merchant Queen and watch her being rewarded and punished for her daring and innovative attitude. Author's disclosure: My purpose in this novel is to explore trading and adventure in a magic world. I'll try to put some humor and good fights in the novel to make it more fun. This is a spin-off novel of AK – The Alchemy Kingdom. You don't have to read the other novel to understand or follow this one. It might offer some additional information and entertainment, tough. You can also check my other spin-off novel, Harbinger of Death, which will be more action-focused and a little grimdark. Even if you are not a fan of the genre, give it a chance. I'm adding some soft romance in the hopes to make it unique and interesting. I'm trying to improve my writing skills, so your comments and reviews are welcome. New chapters three times a week. To support me and read more chapters, check my Patreon.
8 80 - In Serial16 Chapters
Supernatural Myths
Percy was abducted by a lycan while traveling from California after visiting his girlfriend, Annabeth. Sam fell to a trap of a werewolf they were chasing all the way from New Jersey to California. Sam thought that Percy was caught into trouble when they saw one another. Percy thought Sam was a demigod like him, abducted by the stupid mutts. What will happen next when they tried to team up to escape? Will Percy find out that there's not only lycans/wolves, vampires, ghosts, and other mythical creatures of both Greek and Roman world , but there are others too? Or Sam will find out that Percy is not what he thinks—an ordinary boy?
8 111 - In Serial69 Chapters
Afterlife Quest: Theodore Saga
This is Afterlife Quest: Theodore Saga. Book 1 is chapter 1-27 and Book 2 continues the story. Book 1: The Denial of Theodore Theodore is a young man taken from this world too soon. He is in the first stage of grief over his own death, but he is fighting this truth as much as he is fighting the monsters that populate his current plane of existence. Where is he exactly? Why is he here? Will he gain the required skills and grow strong enough to stay "alive"? Book 2: The Stain of Guilt Theodore continues his journey after many triumphs and foibles. He is dealing with the guilt of leaving his beloved behind after the choice he made. This is a LitRPG set in the afterlife. Follow Theodore as he adventures in the great beyond.
8 137 - In Serial7 Chapters
The power of scrolls
Devan a man who is considered a NEET on Earth has been transported to another world called Alia.A world filled with magic and monstrous creatures.Devan was born as the third child of Eric Clovis the Baron of the Digrave Key an ancient battlefield in the ancient era. Plotted by one of his older siblings he was left for dead in the outskirts valley in the Wretched forest. Picture used in the cover is not mine. Courtesy of pngtree https://www.pinterest.co.uk/pin/564568503287542826/
8 121 - In Serial9 Chapters
Together 4 Ever
A Year Later - Valentines Day ❤️ Kensi - As Hole Team Was At Work I Was Thinking What Deeks Had Got Me For Valentines DayAs We Were Staring At Each other There Was A Envelope With My Name Written "Kensi" On It I Opened It It Said That Deeks Would Pick Me Up At 8:00PM I Smiled At HimDeeks - As I Was Smiling At Kensi I Knew That She Would Love Her Surprise Tonight It Was Going To Be Something Very Special Tat She Would Never ForgetKensi - Deeks And I Were Chasing A Bad Guy At Work But All Of A Sudden He Fired His Weapon But Next Thing I Know I Was on The Ground Deeks Came Out of Know Were And Jumped Out And Saved Me From Getting Shot I Thanked Him Deeks - As I Saved Kensi See Thanked Me I Was Like Your Welcome I Wouldn't Want You Dead On Valentines Day Would I With A Small Smile On Both Of Faces Kensi - as I Was Nearly Ready For Valentines Day I Heard A Knock On The Door It Was Deeks In A Lovely Suit With A Big Bunch Of Red Roses In His Hand He Gave Me The Roses.....
8 136