《Three Bears - 곰세마리》Three Bears - 9
Advertisement
“ပြော အစ်ကိုကြီး”
ဖုန်းဝင်လာသည်နှင့် ချက်ချင်းကောက်ကိုင်လိုက်သည်။ ဟိုရက်က ပတ်ဂျီမင်းနဲ့ပတ်သတ်ပြီး ဘာတွေဖုံးကွယ်ထားလဲဆိုတာ သိရဖို့ ထပ်အစ်အောက်မေးကြည့်မယ်ဆိုပြီး အစ်ကိုကြီးဆီ လှမ်းဆက်သွယ်ခဲ့တာ။
ဒါပေမဲ့ အချိန်ကျရင် ငါ ဖုန်းပြန်ခေါ်လိုက်မယ်လို့ ပြောသွားခဲ့တာမို့ ဘယ်အချိန် ပြန်ဆက်လာမလဲဆိုပြီး အစ်ကိုကြီးဆီက ဖုန်းကို ငါးစောင့်တဲ့ဗျိုင်းလို ဆက်တိုက်မျှော်နေခဲ့တာ။ နောက်ဆုံးတော့ ဝင်လာခဲ့ပြီ။
“အခုငါပြောမဲ့ ဆေးကို ဆေးဆိုင်ကနေ သွားဝယ်ပြီး ငါ့ဆီလာပို့ပေး”
ငိ။
တစ်ခုခုများ သိရလေမလားဆိုပြီး မျှော်လင့်နေခဲ့တာကို အခုက ညာတာပါတေးနဲ့ ခိုင်းစားဖို့စဉ်းစားနေတာလား။ လမ်းကြုံမှာတာလည်း မဟုတ်သလို သူက ဆေးခန်းက တောက်တိုမယ်ရ အကူဝန်ထမ်းလေးလည်းမဟုတ်။ Triple J ရဲ့ ဒုဥက္ကဌတစ်ယောက်လေ။
“အချိန်က နေ့ခင်းသုံးနာရီအရောက်လာခဲ့။ ဒါပေမဲ့ အိမ်ထဲကို ချက်ချင်းဝင်မလာရဘူး။ ငါက ဝင်ခဲ့လို့ရပြီဆိုတော့မှ ဝင်ခဲ့။ တံခါးလုံးဝခေါက်စရာလည်း မလိုဘူး”
“ဘယ်လိုကြီးလဲ”
“အချိန်လွန်တော့မှ နောင်တမရချင်ရင် ငါပြောတဲ့အတိုင်းသာလုပ်”
ပြောသွားတာကတော့ အလာကြီး။ နောင်တမရချင်ရင်တဲ့။ နာရီကြည့်လိုက်တော့ နေ့ခင်း နှစ်နာရီထိုးနေပြီ။ ဘာအဓိပ္ပါယ်နဲ့ ဘာအတွက် ဒီလိုခိုင်းလဲဆိုတာ မသိသေးပေမဲ့ ထိုင်ခုံမှ ထရပ်လိုက်ရင်း ချွတ်ထားသည့် အပေါ်ထပ်ကိုယူကာ ရုံးခန်းထဲမှ ထွက်ခဲ့လိုက်သည်။
“အော ဒုဥက္ကဌ”
“ရိုအာပါလား”
“အပြင်သွားစရာရှိလို့လား”
“ဟုတ်တယ် ရုတ်တရက်ကြီး အရေးပေါ်ကိစ္စလေး ရှိလာလို့”
“ဒါဆို အချိန်မီပါ့မလားမသိပေမဲ့ ကျွန်မ ဒီဟာလေးတွေပြန်စစ်ရင်း စောင့်နေလိုက်ပါ့မယ်”
“ကောင်းပါပြီ။ ခွင့်ပြုပါဦး”
အလောကြီးနေသလို ခြေလှမ်းကျဲများဖြင့် ထွက်သွားတဲ့ ဒုဥက္ကဌဂျွန်ဂျောင်ကုရဲ့ ကျောပြင်ကို ငေးကြည့်ရင်း ရိုအာတစ်ယောက် ရုံးခန်းထဲ ဝင်ခဲ့လိုက်တော့သည်။ ဖိုင်တွဲတွေကိုင်ထားသည့် ရိုအာ့လက်ချောင်းပေါ်က စေ့စပ်လက်စွပ်လေးဟာ လှလှပပ။
ဂျွန်ဂျောင်ကုသည် သူ့အား အစ်ကိုကြီး လှမ်းပြောထားတဲ့ ဆေးနာမည်ကို ဆိုင်မှာပြောကာ ဝင်ဝယ်လိုက်သည်။
“ကိုယ်ဝန်ဆောင်အားဆေးပဲ”
ကားထဲမဝင်ခင် ဆေးဘူးကို ထုတ်ကြည့်ရင်း တကယ်ပါပဲဟု ခပ်တိုးတိုးညည်းလိုက်မိသည်။ ပြီးသည်နှင့် ကားပေါ်တက်ခဲ့ကာ အစ်ကိုကြီးရဲ့အိမ်သို့ တန်းတန်းမတ်မတ် မောင်းထွက်ခဲ့တော့သည်။ အချိန်အားဖြင့် သုံးနာရီထိုးဖို့ မိနစ်နှစ်ဆယ်ခန့် လိုသေးသည်။
အိမ်လေးထဲ ပတ်ဂျီမင်း ဝင်သွားပြီး သိပ်မကြာလိုက်၊ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဂျွန်ဂျောင်ကုရဲ့ ကားအနက်ကြီးက အိမ်လေးရဲ့ မလှမ်းမကမ်းမှာ ရပ်သွားခဲ့သည်။ သို့သော် အစ်ကိုကြီးက ဝင်ခဲ့ဖို့ မပြောသေးတာမို့ ကားပေါ်ကပဲ ထိုင်စောင့်နေလိုက်သည်။
ထိုင်ရတာ နည်းနည်းကြာလာသည့်အခါ ကားအပြင်ထွက်ကာ မတ်တပ်ရပ်စောင့်ပြန်သည်။ လမ်းသွားလမ်းလာတချို့ကတော့ ထိုင်ရမလို၊ ထရမလိုနဲ့ မိုးတိုးမတ်တပ်ဖြစ်နေသည့် ဒုဥက္ကဌကြီးကို မသိမသာလေး ကွက်ကြည့် ကွက်ကြည့် လုပ်သွားကြသည်။
ဖုန်းထဲ ဘယ်အချိန် မက်ဆေ့ခ်ျဝင်လာမလဲဆိုပြီး ဖုန်းဖွင့်ကြည့်မိတာ အခေါက်ပေါင်းပင် မရေနိုင်။ အိမ်ကလေးဆီ လှမ်းကြည့်လိုက်တော့လည်း ဘာမှမထူးခြားသေး။
သုံးနာရီခွဲသွားချိန်မှာတော့ မျှော်နေသည့်မက်ဆေ့ခ်ျ ဝင်လာခဲ့သည်။ ဘာကြောင့်မှန်း မသိသေးတာတောင် ဂျွန်ဂျောင်ကုရဲ့ ရင်တွေက စိတ်လှုပ်ရှားမှုကြောင့် ခပ်တုန်တုန်။
တံခါး လုံးဝမခေါက်ရဘူးလို့ မှာထားတာကြောင့် ဂျက်မထိုးထားသည့် ခြံတံခါးလေးကို ခပ်သာသာ တွန်းဖွင့်ရင်း အိမ်လေးထဲ ဝင်ခဲ့လိုက်သည်။ အိမ်တံခါးလည်းပဲ ထိုနည်းတူစွာပင်ဖြစ်သည်။ တိတ်တိတ်ဆိတ်ဆိတ် ဖြစ်စေချင်သည့်သဘောမှန်း ရိပ်မိထားတာမို့ အတတ်နိုင်ဆုံး ခြေဖွကာ ဝင်ခဲ့လိုက်သည်။
ဧည့်ခန်းရှေ့ရောက်တော့ အစ်ကိုကြီးရဲ့ စကားပြောသံ ကြားလိုက်ရသည်။ သဘောက အိမ်ထဲမှာ သူ့ထက်အရင် ကြိုရောက်နေတဲ့သူ ရှိနေတာပေါ့။
“ဂျောင်ကုကို တကယ်ပဲ မပြောပြတော့ဘူးလား”
“ထပ်မေးပြန်ပြီ”
ဒါ ပတ်ဂျီမင်းအသံပဲ။ ဂျောင်ကု အလိုလို နံရံမှာကပ်ကာ စကားဝိုင်းကို အပြင်ဘက်ကနေပဲ ငြိမ်နားထောင်လိုက်မိသည်။ သူ ထင်ထားတဲ့အတိုင်းပဲ။ ပတ်ဂျီမင်းက သူ့ကို တစ်ခုခု ဖုံးကွယ်ထားခဲ့တာ။
“ဂျောင်ကုကို အဲ့လောက်တောင် သဘောမကျတာလား”
အစ်ကိုကြီးမေးတာ မှားနေတယ်လို့ ဂျောင်ကု ခံစားလိုက်ရသည်။ ပတ်ဂျီမင်းက သူ့ကို သဘောမကျရုံလေးတင် မဟုတ်ဘူး မုန်းပါမုန်းနေတာ။ ဒါက အမှန်တရားပဲ။ သူတို့နှစ်ယောက်က တစ်ယောက်ကို အသေအကြေမုန်းနေကြတဲ့ ရန်ဖက်တွေ။
“သဘောမကျဘူး၊ မုန်းတယ်ဆိုရင်လည်း ဒီကလေးက ဂျောင်ကုနဲ့ရတဲ့အကြောင်း ဖွင့်ပြောပြီး သူ့လက်ထပ်ပွဲကို တဆုံးဖျက်စီးပစ်လိုက်လို့ရတာပဲ။ ဒီလိုသာဆို အငယ်လေးဘက်က အနိုင်ဖြစ်မှာပဲဥစ္စာ”
ရုတ်ချည်း ခေါင်းထဲ မီးပွင့်သွားသလို ဒိန်းခနဲ။ ပတ်ဂျီမင်းမှာ ...... ကလေးရှိနေတယ် ! နောက်ပြီး အဲ့ကလေးက သူနဲ့ရတာ။
“နှစ်ဦးသဘောတူ ကျေနပ်ခဲ့ကြလို့ ဖြစ်လာတာဆိုပေမဲ့လည်း နောက်ဆက်တွဲတွေကို တာဝန်ယူဖို့အထိ မပါဘူး အစ်ကိုကြီး။ နောက်ပြီး မဆိုင်တဲ့ မွန်ရိုအာကိုလည်း မထိခိုက်စေချင်ဘူး။ ဒီကိစ္စမှာ ကျွန်တော်မုန်းတာ အတိအကျ သူတစ်ယောက်တည်း”
ဂျွန်ဂျောင်ကု မေးကြောတွေ တင်းခနဲ။ ပတ်ဂျီမင်း - အထိမခံ ရွှေပန်းကန်ဆိုတဲ့အတိုင်း သူနဲ့ပတ်သတ်လာရင် နည်းနည်းလေးမှ ဆတ်ဆတ်ထိကိုမခံ။ အရင်က ဘယ်လောက်ပဲ မုန်းမုန်း ကိစ္စမရှိပေမဲ့ ဒီကိစ္စမှာတော့ မတူတော့ဘူး။
ကလေး။
သူ့ကလေးက ပတ်ဂျီမင်းဆီမှာ။ ကာယကံရှင်တစ်ဦးဖြစ်တဲ့ သူကိုယ်တိုင်တောင်မသိခဲ့၊ သူ့ကို ဖုံးကွယ်ထားပြီး ဥက္ကဌဂျန်နဲ့ပါ လက်ထပ်ဖို့ အပူတပြင်း ဖြစ်နေခဲ့ရတဲ့ အကြောင်းအရင်း။ ကလေးရှိနေလို့တဲ့လား။
ပတ်ဂျီမင်းက အလျှော့ပေးသလိုနဲ့ နောက်ကွယ်ကနေ အကြီးကြီး ရိုက်ချသွားတာ။ ပတ်ဂျီမင်းဘဝမှာ ဘယ်တုန်းကမှ သူ့ကို အလျှော့ပေး၊ အရှုံးပေးတယ်ဆိုတဲ့ ရာဇဝင်မရှိဖူးဘူး။ အခုကိစ္စက အထင်ရှားဆုံး သက်သေပဲ။
Advertisement
သူ့ကလေးကို သူတောင်မသိရဘဲ လျှို့ဝှက်ထားပြီး အနိုင်နဲ့ပိုင်းချင်နေတာ။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိကာ ပတ်ဂျီမင်းကို ကိုင်ပေါက်ချင်စိတ်တွေ တဖွားဖွား။ လုံးဝ မင်းအကြံအစည်တွေ မအောင်မြင်စေရဘူး ဒေါသအိုး။
“ရှာနေတာ ဒီဆေးဘူးလား”
အလွန်အမင်း ထိတ်လန့်သွားတဲ့ ပတ်ဂျီမင်းရဲ့ မျက်လုံးတွေကို ရှားရှားပါးပါး မြင်လိုက်ရသည့် အခိုက်အတန့်။ အကြီးအကျယ် အံ့ဩနေသည့် နှုတ်ခမ်းတွေဆီမှ ဂျွန်ဂျောင်ကုဟု ကြောက်လန့်တကြား ထွက်ကျလာတဲ့ သူ့နာမည်။
မင်း ဘယ်ပြေးမလဲ ပတ်ဂျီမင်း။
“အစ်ကိုကြီး!”
ဒေါသရောင်လွှမ်းသွားတဲ့ မျက်နှာလှလှလေးက အစ်ကိုဖြစ်သူဘက်ကို လှည့်သွားကာ ခပ်ကျယ်ကျယ် အော်ပစ်လိုက်တော့သည်။ အစ်ကိုကြီးဟာတော့ ရိုးသားတဲ့ဖိုးသခွားလို မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း
“တိုက်ဆိုင်သွားတာပါ။ အစ်ကိုကြီးက ဆေးဘူးပဲမှာထားတာ”
ဂျီမင်း စိတ်ကုန်ခမ်းစွာ တစ်ယောက်မျက်နှာမှ မကြည့်တော့ဘဲ အိမ်လေးထဲက မပြေးရုံတမယ် ထွက်လာခဲ့လိုက်သည်။ ဂျွန်ဂျောင်ကုရဲ့ ပခုံးကိုပါ ခပ်ကြမ်းကြမ်းဖြတ်တိုက်ခဲ့ရင်းပေါ့။
ခြံတံခါးလေးကို အကြမ်းပတမ်းဆွဲဖွင့်ကာ ထွက်လေတော့ အနောက်က လိုက်လာသူ။ အားနဲ့ လက်ကို ဆောင့်ဆွဲလိုက်တာမို့ တစ်ပတ်ပြန်လည်ကာ အနောက်ကို ပြန်ရောက်သွားရသည်။
“ငါ့ကို ဘာလို့မပြောဘဲ ဖုံးထားတာလဲ ပတ်ဂျီမင်း!”
“မပြောမှတော့ မပြောချင်လို့လေ။ ဘာလဲ မင်းဦးနှောက်က ဒီလောက်လေးတောင် မတွေးတတ်တော့ဘူးလား”
ကဲကဲဆတ် ရန်တွေ့နေသည့် ပတ်ဂျီမင်းရဲ့လက်ကောက်ဝတ်ကို အားပိုထည့်ပြီး ဖိညှစ်ပစ်လိုက်သည်။ ရုန်းလေ ရအောင် ရုန်းစမ်းပါ။
“ငါ့ကိုလွှတ်စမ်း!”
အိမ်ကလေးရှေ့မှာ ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် မြင်ကွင်းကို အစ်ကိုကြီးတစ်ယောက် အိမ်အပေါက်ဝရှေ့ကပဲ စောင့်ကြည့်အနေအထားနဲ့ ရပ်ကြည့်နေမိသည်။ လွတ်နေတဲ့ လက်တစ်ဖက်နဲ့ ဂျွန်ဂျောင်ကုကို အားရပါးရ ရိုက်ပုတ် ကုတ်ဖဲ့ပစ်ဖို့ကြိုးစားနေသည့် အငယ်လေးရဲ့ ဒေါသကလည်း မသေးလှ။
“မင်းနဲ့ဘာဆိုင်လို့လဲ ငါ့ကိုလွှတ်နော်”
“ငါနဲ့တူတူအိပ်ပြီး ရလာတဲ့ကလေးက ငါနဲ့မဆိုင်ဘူးပေါ့ဟုတ်လား မင်း ရူးသွားပြီလား ပတ်ဂျီမင်း!”
တစ်လမ်းလုံး ပွင့်ထွက်သွားမတတ် အော်လိုက်တဲ့ တစ်မိုးအောက် ဂျွန်ဂျောင်ကုရဲ့ အသံဆိုးကြီး။ ဂျီမင်းသည် ဒေါသထွက်ရလွန်းလို့ တစ်ကိုယ်လုံးက အခိုးအငွေ့တွေပင် ထွက်နေသလို ခံစားနေရသည်။
“ငါ အရှင်းဆုံးပြောမယ် ဂျွန်ဂျောင်ကု။ ဒါက ပြဿနာကြီးမဟုတ်တာမို့ မင်း မွန်ရိုအာနဲ့ လက်ထပ်လို့ရတယ်။ တာဝန်ယူစရာလည်းမလိုသလို ငါ ဘာမှပြောမှာမဟုတ်တာမို့ ငါ့ကို ဆက်မနှောင့်ယှက်နဲ့တော့”
ပတ်ဂျီမင်းက ဘယ်လိုလူစားလဲ။ ကလေးတစ်ယောက်လုံး ဗိုက်ထဲရောက်နေတာတောင် ဒါက ပြဿနာကြီးမဟုတ်ပါဘူးတဲ့လား။ ဘယ်လိုပဲ ရန်ဖက်ဖြစ်နေဦးတော့၊ ကိုယ့်ရင်သွေး ကိုယ့်အသွေးအသားကိုတော့ လက်လွတ်စပယ်မလုပ်နိုင်ဘူးလေ။
ပတ်ဂျီမင်းအတွက် သူ့ခံစားချက်က နားလည်ပေးဖို့ အဲ့လောက်တောင် ခက်လို့လား။ ငါ့ကလေးဆိုပြီး သိလိုက်ရတုန်းက အမှန်တိုင်းဝန်ခံရရင် သူ့ရင်တွေဆို ပရမ်းပတာဖြစ်သွားခဲ့ရတာ။
“မင်းကတော့ ကလေးအဖေမဟုတ်တဲ့ ဥက္ကဌဂျန်နဲ့ လက်ထပ်မယ်ပေါ့လေ။ ငါ့ထက် မင်း မက်မောတဲ့သူက ဥက္ကဌဂျန်ဖြစ်နေလို့ ကလေးရှိနေတာတောင် မင်းအတွက် ပြဿနာမဟုတ်တော့တာပေါ့။ မင်းက သိပ်လွယ်တာပဲ ပတ်ဂျီမင်း”
“ဂျွန်ဂျောင်ကု!”
ပါးကို လှမ်းရိုက်ဖို့ပြင်လိုက်တဲ့ လက်တစ်ဖက်ကို လေထဲမှာပဲ ပြန်ဖမ်းဆီးထားလိုက်သည်။
“လာ လိုက်ခဲ့ မင်းမိဘတွေကိုရော ငါမိဘတွေကိုရော အကုန်ပြောပြမှာမို့”
ဂျွန်ဂျောင်ကု အတင်းဆွဲခေါ်ရာ ယက်ကန်ယက်ကန် ဖြစ်နေသည့် အငယ်လေးကိုကြည့်ပြီး လှမ်းတားရမလို ပြေးပဲဆွဲရမလို အစ်ကိုကြီးတစ်ယောက် ပြာယာခတ်သွားရသည်။ ဒီပုံစံနဲ့ ဆက်သွားလို့တော့ မဖြစ်ချေပြီ။
“ဂျောင်ကု! ဂျောင်ကု!”
အိမ်ကလေးထဲမှ သူပါ ပြေးထွက်ခဲ့ရင်း အငယ်လေးကို ကားအနက်ကြီးပေါ် ဇွတ်ဆွဲတင်ဖို့ လုပ်နေသည့် ဂျွန်ဂျောင်ကုကို လှမ်းခေါ်လိုက်ရသည်။
“မင်းတို့ ဒီပုံစံအတိုင်းထွက်သွားရင် အန္တရာယ်များလွန်းတယ်”
အငယ်လေးက ကားပေါ်ရောက်သွားလည်း အသာတကြည် ငြိမ်နေမဲ့သူမျိုးမဟုတ်။ မတော်တဆ လမ်းမှာ တစ်ခုခုများ ဖြစ်သွားခဲ့ရင် သူ့အပြစ်လည်းမကင်းသလို အကုန်လုံးရင်ကျိုးရမှာ။ ဗိုက်ထဲက ကလေးလေးမှာလည်း ဘာအပြစ်မှရှိတာမဟုတ်ဘူး။
“ငါ ကြားထဲကပဲ တောင်းပန်ပါတယ်။ နည်းနည်းလောက် စိတ်ကိုလျှော့ပြီး စကားပြောကြည့်ကြရအောင်ပါကွာ နော်”
ဒါ အစ်ကိုကြီးရဲ့ ပုံစံပဲ။ ငယ်ငယ်ကတည်းက သူတို့နှစ်ယောက်ကြားမှာ ငြိမ်းချမ်းရေးငှက်ငယ်လေးဖြစ်ခဲ့တဲ့ အစ်ကိုကြီးက သည်အချိန်မှာလည်း အပျော့ပျောင်းဆုံး လေသံလေးဖြင့် နှစ်ယောက်ကို ချော့မော့ပြောဆိုရတော့သည်။
အစ်ကိုကြီးသည် ဂျွန်ဂျောင်ကုလက်ထဲက အငယ်လေးကို သူ့ဆီ အသာ ပြန်ဆွဲခေါ်လိုက်ရင်း ပါးစပ်မှလည်း အဆက်မပြတ် ချော့မော့ရသည်။
“လာ လာ လမ်းမကြီးမှာ အိမ်နီးချင်းတွေကို အားနာစရာကြီး။ အိမ်ထဲ ခဏလေးပဲဖြစ်ဖြစ် ပြန်ဝင်ပေးကြနော်”
“အိမ်ထဲရောက်တာနဲ့ မင်း အသေပဲမှတ်”
မနိုင်စိန် အငယ်လေးဟာ ဒီလောက် ထိန်းထားတဲ့ကြားက နောက်ပြန်လှည့်ကြည့်ပြီး ဂျွန်ဂျောင်ကုကို ဖိနပ်ချွတ်ကာ ကောက်ပေါက်လိုက်ပြန်ပါသည်။
“ကဲ ကဲ အရင်ဝင်ရအောင်ပါ”
သူ့ကို ပေစောင်းစောင်းကြည့်ကာ ဖိနပ်တစ်ဖက်မပါဘဲ အိမ်ထဲပြန်ရောက်သွားသည့် ဒေါသအိုး။ ဂျွန်ဂျောင်ကုတစ်ယောက် မျက်ရိုးနှစ်ခုကို လက်နဲ့အသာဖိပွတ်လိုက်ရင်း သူ့ကို ဒေါသအိုးပစ်ပေါက်ခဲ့သည့် ဖိနပ်လေးကို ကတ္တရာလမ်းမပေါ်ကနေ ပြန်ကောက်ယူကာ အိမ်ထဲဝင်ခဲ့တော့သည်။
“ကျွန်တော်ပြောပြီးသား။ ကလေးဗန်းပြပြီး သူ့ကို တာဝန်ယူခိုင်းမှာ မဟုတ်တာမို့ မွန်ရိုအာနဲ့ လက်ထပ်ပြီး ဒီအတိုင်း မသိသလိုနေလိုက်”
အငယ်လေးက တစ်ဖက်လူကို ဂရုမစိုက်၊ သူဖြစ်ချင်တာကိုပဲ တဇွတ်ထိုး ပြောသည်။ ဂျွန်ဂျောင်ကုကတော့ မှန်ပြတင်းနားမှာ ရပ်နေကာ နှစ်ယောက်လုံးကို ကျောပေးထားဆဲ။
Advertisement
“ဒါပေမဲ့လည်း ဒီကလေးက ကိုယ့်ကလေးမှန်းသိထားပြီးမှ တခြားသူနဲ့လက်ထပ်ဖို့က ဘယ်ဖြစ်သင့်ပါ့မလဲ”
“ဖြစ်လို့ရတယ် အစ်ကိုကြီး။ နောက်ပြီး မွန်ရိုအာလေ၊ သူ သဘောကျတဲ့ မွန်ရိုအာနဲ့ လက်ထပ်ရမှာ ဘယ်လောက်အဆင်ပြေလဲ။ ကျွန်တော်ကိုယ်တိုင်က ခွင့်ပြုနေတာပဲ”
“ငါ့အတွက် ထည့်စဉ်းစားပေးသလိုအချိုးမျိုး လာမချိုးနဲ့ ပတ်ဂျီမင်း။ မင်းကမှ ဥက္ကဌဂျန်နဲ့ အသေရရ အရှင်ရရ လက်ထပ်ချင်နေတာ။ မင်းလက်ထပ်ချင်လို့ အပြစ်လွတ်အောင် ငါ့ကို ရိုအာနဲ့ အတင်းလက်ထပ်ခိုင်းနေတာ”
ပြောလိုက်သမျှ စကားတွေက အပေါက်အလမ်းမတည့်သလို အံတွေက ဆက်တိုက်လွဲ။ နဂါးမျက်စောင်းနှစ်ခုကလည်း အချင်းချင်းပြာကျမတတ်။
“အသင့်တော်ဆုံးနည်းလမ်းက နှစ်ဖက်လုံးရဲ့ လက်ထပ်ပွဲတွေကို ဖျက်ပြီး နှစ်ယောက်ကတော့ လက်ထပ်လိုက်ဖို့ပဲ”
“အစ်ကိုကြီး!”
အော်သံစူးစူးလေးက အိမ်ရဲ့ဧည့်ခန်းလေးထဲ ဆူသွားရသည်။ အစ်ကိုကြီးက ဒီတစ်နည်းပဲရှိတယ်ဆိုတဲ့ အကြည့်နဲ့ ဂျီမင်းကို ပြန်ကြည့်လို့နေသည်။
“ဒီကလေးက ဂျွန်ဂျောင်ကုရဲ့ သွေးသားဖြစ်တဲ့အတွက် ဂျောင်ကုက တာဝန်ယူကိုယူရလိမ့်မယ်”
“မလိုဘူးလို့ပြောထားတယ်လေ”
“ဒါဆို ဖျက်ချလိုက်။ ငါ့ကို တာဝန်မယူစေချင်ရင် အဲ့ကလေးကို ဖျက်ချလိုက် ပတ်ဂျီမင်း”
အံကြိတ်ရင်း ပြောလာသည့် ဂျွန်ဂျောင်ကုရဲ့ စကားအဆုံး ပတ်ဂျီမင်းဆီက ဘာအသံမှ ဆက်မထွက်လာတော့ဘဲ ဂျွန်ဂျောင်ကုကိုသာ မီးတဝင်းဝင်းမျက်လုံးများဖြင့် စိုက်ကြည့်လို့နေသည်။
“ကလေးလေးမှာ ဘာအပြစ်မှမရှိတာ နှစ်ယောက်လုံးလည်း သိနေတာပဲ။ ဒီကိစ္စမှာ အငယ်လေးဘက်က တစ်ထစ်လောက် စိတ်လျှော့ကြည့်ဖို့ အစ်ကိုကြီး မေတ္တာရပ်ခံချင်တယ်”
“မင်း သေချာဆုံးဖြတ် ပတ်ဂျီမင်း။ ငါ့ဘက်ကတော့ ငါ့ကလေးကို ဘယ်နည်းနဲ့မှ အဖေအရင်းမဟုတ်တဲ့သူဆီ ထည့်ပေးမှာမဟုတ်လို့”
ပြောပြီး ပြတင်းပေါက်ဘက် ပြန်လှည့်သွားသူ။ ဒေါသနှင့်အတူ ခံစားချက်ပေါင်းစုံက ရောပြွန်းကုန်တာမို့ ဂျီမင်းသည် ဆိုဖာကိုသာ လက်နဲ့ ကုတ်ဖဲ့နေမိရင်း အံကို တင်းတင်းကြိတ်ထားလိုက်မိသည်။
_______________________
“ဘာရယ်! ကလေးရှိနေပြီဟုတ်လား!”
အန်ကယ်ဂျွန့်ရှေ့မှာ နှစ်ယောက်သား ဒူးတုပ်ထိုင်နေရင်း ခေါင်းငုံ့ထားကြရသည်။
“နေပါဦး။ ကလေးက ဘယ်က ဘယ်လိုဖြစ်ပြီး...”
မိခင်ဟာ မယုံနိုင်။ ကလေးနှစ်ယောက် ဒီလိုအခြေအနေအထိ အဆက်အသွယ်ရှိနေကြမယ်မှန်းလည်း သတိမထားမိ။ အဆိုးဆုံးက နှစ်ယောက်လုံးက မျက်နှာချင်းဆိုင်လိုက်တိုင်း ရန်ဖြစ်နေကြတာမို့ ပိုလို့ပင် အံ့ဩရပါသည်။
“ဂျွန်ဂျောင်ကု! ဖြေစမ်း!”
“တောင်းပန်ပါတယ် အဖေ။ ရှင်းပြဖို့ခက်ပေမဲ့ ဒီလိုပဲ ဖြစ်သွားခဲ့ပါတယ်”
ပေါင်ပေါ် တင်ထားသည့် ပတ်ဂျီမင်းလက်တွေက ကွေးကုပ်လို့။ ပြောရင်းမှ သူလည်းပဲ ချွေးစေးပါ ပြန်ချင်လာသည်။
“လူငယ်တွေလည်း မဟုတ်ကြတော့ဘဲ ဒီလောက်ထိ ခြေလွန်လက်လွန်ဖြစ်အောင် လုပ်ကြရလား မင်းတို့မှာ ဦးနှောက်မရှိကြဘူးလား!”
အန်ကယ်ဂျွန် လက်ညှိုးထိုးကာ ပြောသမျှကို နားထောင်ရင်း ဂျီမင်းရဲ့ အသက်ရှူသံတွေက မြန်လာသည်။ သူ သိတယ်။ အန်ကယ်ဂျွန်က သူ့ထက် မွန်ရိုအာကို ပိုသဘောကျတာကို သူ သိတယ်။ ဒီကိစ္စကြောင့် တအားဒေါသထွက်နေမယ်ဆိုတာလည်းသိတယ်။
သူက အန်ကယ်ဂျွန်လိုချင်တဲ့ ပုံစံမျိုးမဟုတ်တာမို့ ဘယ်အမြင်ကြည်ပါတော့မလဲ။ ငယ်ငယ်ကတည်းက Alpha ကောင်နဲ့ သူတပြန် ကိုယ်တပြန် လုံးထွေးသတ်ပုတ်ရင်း ကြီးပြင်းလာခဲ့တဲ့၊ အချိုးမပြေတဲ့ အိမ်နီးချင်းမိတ်ဆွေရဲ့ ကလေးတစ်ယောက်ပဲလေ။
အန်ကယ်ဂျွန်က သူ့ကို သဘောမကျပေမဲ့လို့ မွန်ရိုအာကိုတော့ အများကြီး မျှော်လင့်ထားလောက်သည်။ ဘယ်လောက်တောင်လဲဆို မွန်ရိုအာဖြစ်နေလို့ စေ့စပ်လက်စွပ်နဲ့ စေ့စပ်ပွဲကအစ သူ မတူအောင် ကြီးကြီးကျယ်ကျယ်၊ ခမ်းခမ်းနားနား ပြင်ဆင်ပေးခဲ့တာ မဟုတ်ပေလား။
“သိပ်စိတ်ပျက်စရာကောင်းလွန်းတယ်”
သူ့ဘေးမှာ လက်တွေကို ကျစ်နေအောင် ဆုပ်ထားရင်း ဒေါသထွက်နေပုံရသည့် ပတ်ဂျီမင်းက အဖေ့ကို အနှေးနဲ့အမြန် တစ်ခုခုပြန်ပြောတော့မဲ့ပုံ။ မဖြစ်ဘူး အခြေအနေတွေ ပိုတင်းမာလို့တော့ မဖြစ်ဘူး။
“ဖြစ်လာသမျှအရာတိုင်းကို ကျွန်တော်တို့ပဲ အကုန်တာဝန်ယူမှာမို့ ပထမဆုံးအနေနဲ့ရော နောက်ဆုံးအနေနဲ့ပါ ခွင့်လွှတ်ပေးပါ အဖေ”
အမေကတော့ ဒီလိုတွေ ဖြစ်သွားရသည့်အပေါ် စိတ်မကောင်းပုံပေါ်ပေမဲ့လည်း ဘာမှဝင်မပြောဘဲ သူတို့ကိုသာ ငေးကြည့်နေခဲ့သည်။ အဖေကတော့ ခေါင်းလည်းမငြိမ့်သလို၊ ခေါင်းလည်းမခါ သူ့အပေါ်လည်း တော်တော်လေး စိတ်ပျက်သွားသည့်ပုံ။
အဖေ့အခန်းထဲက ပြန်ထွက်လာသည့်တိုင်အောင် ပတ်ဂျီမင်း မျက်နှာက တစ်ချက်မလျှော့ဘဲ မာမာတင်းတင်း။ ရွှေပန်းကန်ဟာ မပြောင်းမလဲ ရွှေပန်းကန်ပါပဲ။
ခဏနေရင် ရိုအာနဲ့ သွားတွေ့ရဦးမှာမို့ ကိုယ့်စိတ်ကိုယ် အရင်ဆုံး ပြင်ဆင်ထားလိုက်ရသည်။ အင်း ပြင်ဆင်ရမဲ့အထဲ ပါးနှစ်ဖက်လည်း အပါအဝင်ပေါ့။ စိတ်ကူးနဲ့တင်ကို ကျိန်းလာပြီ။
ပတ်ဂျီမင်းတစ်ယောက်တော့ ဥက္ကဌဂျန်ကို ဘယ်လိုပြောပြီး ဘယ်လိုနှစ်ပါးသွားမယ်မသိ။ သူ့ထက် ပိုဆိုးပြီး လူသိရှင်ကြားဖြစ်နေသည့် မိမိအခြေအနေကို အရင် ရင်ဆိုင်မှပါ။
______________________
လိုအပ်တာ၊ စာလုံးမှားနေတာရှိရင်
ဖြည့်စွက်ပြီးဖတ်ပေးပါနော်။
“ေျပာ အစ္ကိုႀကီး”
ဖုန္းဝင္လာသည္ႏွင့္ ခ်က္ခ်င္းေကာက္ကိုင္လိုက္သည္။ ဟိုရက္က ပတ္ဂ်ီမင္းနဲ႔ပတ္သတ္ၿပီး ဘာေတြဖုံးကြယ္ထားလဲဆိုတာ သိရဖို႔ ထပ္အစ္ေအာက္ေမးၾကည့္မယ္ဆိုၿပီး အစ္ကိုႀကီးဆီ လွမ္းဆက္သြယ္ခဲ့တာ။
ဒါေပမဲ့ အခ်ိန္က်ရင္ ငါ ဖုန္းျပန္ေခၚလိုက္မယ္လို႔ ေျပာသြားခဲ့တာမို႔ ဘယ္အခ်ိန္ ျပန္ဆက္လာမလဲဆိုၿပီး အစ္ကိုႀကီးဆီက ဖုန္းကို ငါးေစာင့္တဲ့ဗ်ိဳင္းလို ဆက္တိုက္ေမွ်ာ္ေနခဲ့တာ။ ေနာက္ဆုံးေတာ့ ဝင္လာခဲ့ၿပီ။
“အခုငါေျပာမဲ့ ေဆးကို ေဆးဆိုင္ကေန သြားဝယ္ၿပီး ငါ့ဆီလာပို႔ေပး”
ငိ။
တစ္ခုခုမ်ား သိရေလမလားဆိုၿပီး ေမွ်ာ္လင့္ေနခဲ့တာကို အခုက ညာတာပါေတးနဲ႔ ခိုင္းစားဖို႔စဥ္းစားေနတာလား။ လမ္းႀကဳံမွာတာလည္း မဟုတ္သလို သူက ေဆးခန္းက ေတာက္တိုမယ္ရ အကူဝန္ထမ္းေလးလည္းမဟုတ္။ Triple J ရဲ႕ ဒုဥကၠဌတစ္ေယာက္ေလ။
“အခ်ိန္က ေန႔ခင္းသုံးနာရီအေရာက္လာခဲ့။ ဒါေပမဲ့ အိမ္ထဲကို ခ်က္ခ်င္းဝင္မလာရဘူး။ ငါက ဝင္ခဲ့လို႔ရၿပီဆိုေတာ့မွ ဝင္ခဲ့။ တံခါးလုံးဝေခါက္စရာလည္း မလိုဘူး”
“ဘယ္လိုႀကီးလဲ”
“အခ်ိန္လြန္ေတာ့မွ ေနာင္တမရခ်င္ရင္ ငါေျပာတဲ့အတိုင္းသာလုပ္”
ေျပာသြားတာကေတာ့ အလာႀကီး။ ေနာင္တမရခ်င္ရင္တဲ့။ နာရီၾကည့္လိုက္ေတာ့ ေန႔ခင္း ႏွစ္နာရီထိုးေနၿပီ။ ဘာအဓိပၸါယ္နဲ႔ ဘာအတြက္ ဒီလိုခိုင္းလဲဆိုတာ မသိေသးေပမဲ့ ထိုင္ခုံမွ ထရပ္လိုက္ရင္း ခြၽတ္ထားသည့္ အေပၚထပ္ကိုယူကာ ႐ုံးခန္းထဲမွ ထြက္ခဲ့လိုက္သည္။
“ေအာ ဒုဥကၠဌ”
“႐ိုအာပါလား”
“အျပင္သြားစရာရွိလို႔လား”
“ဟုတ္တယ္ ႐ုတ္တရက္ႀကီး အေရးေပၚကိစၥေလး ရွိလာလို႔”
“ဒါဆို အခ်ိန္မီပါ့မလားမသိေပမဲ့ ကြၽန္မ ဒီဟာေလးေတြျပန္စစ္ရင္း ေစာင့္ေနလိုက္ပါ့မယ္”
“ေကာင္းပါၿပီ။ ခြင့္ျပဳပါဦး”
အေလာႀကီးေနသလို ေျခလွမ္းက်ဲမ်ားျဖင့္ ထြက္သြားတဲ့ ဒုဥကၠဌဂြၽန္ေဂ်ာင္ကုရဲ႕ ေက်ာျပင္ကို ေငးၾကည့္ရင္း ႐ိုအာတစ္ေယာက္ ႐ုံးခန္းထဲ ဝင္ခဲ့လိုက္ေတာ့သည္။ ဖိုင္တြဲေတြကိုင္ထားသည့္ ႐ိုအာ့လက္ေခ်ာင္းေပၚက ေစ့စပ္လက္စြပ္ေလးဟာ လွလွပပ။
ဂြၽန္ေဂ်ာင္ကုသည္ သူ႔အား အစ္ကိုႀကီး လွမ္းေျပာထားတဲ့ ေဆးနာမည္ကို ဆိုင္မွာေျပာကာ ဝင္ဝယ္လိုက္သည္။
“ကိုယ္ဝန္ေဆာင္အားေဆးပဲ”
ကားထဲမဝင္ခင္ ေဆးဘူးကို ထုတ္ၾကည့္ရင္း တကယ္ပါပဲဟု ခပ္တိုးတိုးညည္းလိုက္မိသည္။ ၿပီးသည္ႏွင့္ ကားေပၚတက္ခဲ့ကာ အစ္ကိုႀကီးရဲ႕အိမ္သို႔ တန္းတန္းမတ္မတ္ ေမာင္းထြက္ခဲ့ေတာ့သည္။ အခ်ိန္အားျဖင့္ သုံးနာရီထိုးဖို႔ မိနစ္ႏွစ္ဆယ္ခန္႔ လိုေသးသည္။
အိမ္ေလးထဲ ပတ္ဂ်ီမင္း ဝင္သြားၿပီး သိပ္မၾကာလိုက္၊ ေရွ႕ဆင့္ေနာက္ဆင့္ဆိုသလို ဂြၽန္ေဂ်ာင္ကုရဲ႕ ကားအနက္ႀကီးက အိမ္ေလးရဲ႕ မလွမ္းမကမ္းမွာ ရပ္သြားခဲ့သည္။ သို႔ေသာ္ အစ္ကိုႀကီးက ဝင္ခဲ့ဖို႔ မေျပာေသးတာမို႔ ကားေပၚကပဲ ထိုင္ေစာင့္ေနလိုက္သည္။
ထိုင္ရတာ နည္းနည္းၾကာလာသည့္အခါ ကားအျပင္ထြက္ကာ မတ္တပ္ရပ္ေစာင့္ျပန္သည္။ လမ္းသြားလမ္းလာတခ်ိဳ႕ကေတာ့ ထိုင္ရမလို၊ ထရမလိုနဲ႔ မိုးတိုးမတ္တပ္ျဖစ္ေနသည့္ ဒုဥကၠဌႀကီးကို မသိမသာေလး ကြက္ၾကည့္ ကြက္ၾကည့္ လုပ္သြားၾကသည္။
ဖုန္းထဲ ဘယ္အခ်ိန္ မက္ေဆ့ခ္်ဝင္လာမလဲဆိုၿပီး ဖုန္းဖြင့္ၾကည့္မိတာ အေခါက္ေပါင္းပင္ မေရႏိုင္။ အိမ္ကေလးဆီ လွမ္းၾကည့္လိုက္ေတာ့လည္း ဘာမွမထူးျခားေသး။
သုံးနာရီခြဲသြားခ်ိန္မွာေတာ့ ေမွ်ာ္ေနသည့္မက္ေဆ့ခ္် ဝင္လာခဲ့သည္။ ဘာေၾကာင့္မွန္း မသိေသးတာေတာင္ ဂြၽန္ေဂ်ာင္ကုရဲ႕ ရင္ေတြက စိတ္လႈပ္ရွားမႈေၾကာင့္ ခပ္တုန္တုန္။
တံခါး လုံးဝမေခါက္ရဘူးလို႔ မွာထားတာေၾကာင့္ ဂ်က္မထိုးထားသည့္ ၿခံတံခါးေလးကို ခပ္သာသာ တြန္းဖြင့္ရင္း အိမ္ေလးထဲ ဝင္ခဲ့လိုက္သည္။ အိမ္တံခါးလည္းပဲ ထိုနည္းတူစြာပင္ျဖစ္သည္။ တိတ္တိတ္ဆိတ္ဆိတ္ ျဖစ္ေစခ်င္သည့္သေဘာမွန္း ရိပ္မိထားတာမို႔ အတတ္ႏိုင္ဆုံး ေျခဖြကာ ဝင္ခဲ့လိုက္သည္။
ဧည့္ခန္းေရွ႕ေရာက္ေတာ့ အစ္ကိုႀကီးရဲ႕ စကားေျပာသံ ၾကားလိုက္ရသည္။ သေဘာက အိမ္ထဲမွာ သူ႔ထက္အရင္ ႀကိဳေရာက္ေနတဲ့သူ ရွိေနတာေပါ့။
“ေဂ်ာင္ကုကို တကယ္ပဲ မေျပာျပေတာ့ဘူးလား”
“ထပ္ေမးျပန္ၿပီ”
ဒါ ပတ္ဂ်ီမင္းအသံပဲ။ ေဂ်ာင္ကု အလိုလို နံရံမွာကပ္ကာ စကားဝိုင္းကို အျပင္ဘက္ကေနပဲ ၿငိမ္နားေထာင္လိုက္မိသည္။ သူ ထင္ထားတဲ့အတိုင္းပဲ။ ပတ္ဂ်ီမင္းက သူ႔ကို တစ္ခုခု ဖုံးကြယ္ထားခဲ့တာ။
“ေဂ်ာင္ကုကို အဲ့ေလာက္ေတာင္ သေဘာမက်တာလား”
အစ္ကိုႀကီးေမးတာ မွားေနတယ္လို႔ ေဂ်ာင္ကု ခံစားလိုက္ရသည္။ ပတ္ဂ်ီမင္းက သူ႔ကို သေဘာမက်႐ုံေလးတင္ မဟုတ္ဘူး မုန္းပါမုန္းေနတာ။ ဒါက အမွန္တရားပဲ။ သူတို႔ႏွစ္ေယာက္က တစ္ေယာက္ကို အေသအေၾကမုန္းေနၾကတဲ့ ရန္ဖက္ေတြ။
“သေဘာမက်ဘူး၊ မုန္းတယ္ဆိုရင္လည္း ဒီကေလးက ေဂ်ာင္ကုနဲ႔ရတဲ့အေၾကာင္း ဖြင့္ေျပာၿပီး သူ႔လက္ထပ္ပြဲကို တဆုံးဖ်က္စီးပစ္လိုက္လို႔ရတာပဲ။ ဒီလိုသာဆို အငယ္ေလးဘက္က အႏိုင္ျဖစ္မွာပဲဥစၥာ”
႐ုတ္ခ်ည္း ေခါင္းထဲ မီးပြင့္သြားသလို ဒိန္းခနဲ။ ပတ္ဂ်ီမင္းမွာ ...... ကေလးရွိေနတယ္ ! ေနာက္ၿပီး အဲ့ကေလးက သူနဲ႔ရတာ။
“ႏွစ္ဦးသေဘာတူ ေက်နပ္ခဲ့ၾကလို႔ ျဖစ္လာတာဆိုေပမဲ့လည္း ေနာက္ဆက္တြဲေတြကို တာဝန္ယူဖို႔အထိ မပါဘူး အစ္ကိုႀကီး။ ေနာက္ၿပီး မဆိုင္တဲ့ မြန္႐ိုအာကိုလည္း မထိခိုက္ေစခ်င္ဘူး။ ဒီကိစၥမွာ ကြၽန္ေတာ္မုန္းတာ အတိအက် သူတစ္ေယာက္တည္း”
ဂြၽန္ေဂ်ာင္ကု ေမးေၾကာေတြ တင္းခနဲ။ ပတ္ဂ်ီမင္း - အထိမခံ ေ႐ႊပန္းကန္ဆိုတဲ့အတိုင္း သူနဲ႔ပတ္သတ္လာရင္ နည္းနည္းေလးမွ ဆတ္ဆတ္ထိကိုမခံ။ အရင္က ဘယ္ေလာက္ပဲ မုန္းမုန္း ကိစၥမရွိေပမဲ့ ဒီကိစၥမွာေတာ့ မတူေတာ့ဘူး။
ကေလး။
သူ႔ကေလးက ပတ္ဂ်ီမင္းဆီမွာ။ ကာယကံရွင္တစ္ဦးျဖစ္တဲ့ သူကိုယ္တိုင္ေတာင္မသိခဲ့၊ သူ႔ကို ဖုံးကြယ္ထားၿပီး ဥကၠဌဂ်န္နဲ႔ပါ လက္ထပ္ဖို႔ အပူတျပင္း ျဖစ္ေနခဲ့ရတဲ့ အေၾကာင္းအရင္း။ ကေလးရွိေနလို႔တဲ့လား။
ပတ္ဂ်ီမင္းက အေလွ်ာ့ေပးသလိုနဲ႔ ေနာက္ကြယ္ကေန အႀကီးႀကီး ႐ိုက္ခ်သြားတာ။ ပတ္ဂ်ီမင္းဘဝမွာ ဘယ္တုန္းကမွ သူ႔ကို အေလွ်ာ့ေပး၊ အရႈံးေပးတယ္ဆိုတဲ့ ရာဇဝင္မရွိဖူးဘူး။ အခုကိစၥက အထင္ရွားဆုံး သက္ေသပဲ။
သူ႔ကေလးကို သူေတာင္မသိရဘဲ လွ်ိဳ႕ဝွက္ထားၿပီး အႏိုင္နဲ႔ပိုင္းခ်င္ေနတာ။ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားမိကာ ပတ္ဂ်ီမင္းကို ကိုင္ေပါက္ခ်င္စိတ္ေတြ တဖြားဖြား။ လုံးဝ မင္းအႀကံအစည္ေတြ မေအာင္ျမင္ေစရဘူး ေဒါသအိုး။
“ရွာေနတာ ဒီေဆးဘူးလား”
အလြန္အမင္း ထိတ္လန႔္သြားတဲ့ ပတ္ဂ်ီမင္းရဲ႕ မ်က္လုံးေတြကို ရွားရွားပါးပါး ျမင္လိုက္ရသည့္ အခိုက္အတန႔္။ အႀကီးအက်ယ္ အံ့ဩေနသည့္ ႏႈတ္ခမ္းေတြဆီမွ ဂြၽန္ေဂ်ာင္ကုဟု ေၾကာက္လန႔္တၾကား ထြက္က်လာတဲ့ သူ႔နာမည္။
မင္း ဘယ္ေျပးမလဲ ပတ္ဂ်ီမင္း။
“အစ္ကိုႀကီး!”
ေဒါသေရာင္လႊမ္းသြားတဲ့ မ်က္ႏွာလွလွေလးက အစ္ကိုျဖစ္သူဘက္ကို လွည့္သြားကာ ခပ္က်ယ္က်ယ္ ေအာ္ပစ္လိုက္ေတာ့သည္။ အစ္ကိုႀကီးဟာေတာ့ ႐ိုးသားတဲ့ဖိုးသခြားလို မ်က္လုံးေလး ပုတ္ခတ္ပုတ္ခတ္လုပ္ရင္း
“တိုက္ဆိုင္သြားတာပါ။ အစ္ကိုႀကီးက ေဆးဘူးပဲမွာထားတာ”
ဂ်ီမင္း စိတ္ကုန္ခမ္းစြာ တစ္ေယာက္မ်က္ႏွာမွ မၾကည့္ေတာ့ဘဲ အိမ္ေလးထဲက မေျပး႐ုံတမယ္ ထြက္လာခဲ့လိုက္သည္။ ဂြၽန္ေဂ်ာင္ကုရဲ႕ ပခုံးကိုပါ ခပ္ၾကမ္းၾကမ္းျဖတ္တိုက္ခဲ့ရင္းေပါ့။
ၿခံတံခါးေလးကို အၾကမ္းပတမ္းဆြဲဖြင့္ကာ ထြက္ေလေတာ့ အေနာက္က လိုက္လာသူ။ အားနဲ႔ လက္ကို ေဆာင့္ဆြဲလိုက္တာမို႔ တစ္ပတ္ျပန္လည္ကာ အေနာက္ကို ျပန္ေရာက္သြားရသည္။
“ငါ့ကို ဘာလို႔မေျပာဘဲ ဖုံးထားတာလဲ ပတ္ဂ်ီမင္း!”
“မေျပာမွေတာ့ မေျပာခ်င္လို႔ေလ။ ဘာလဲ မင္းဦးေႏွာက္က ဒီေလာက္ေလးေတာင္ မေတြးတတ္ေတာ့ဘူးလား”
Advertisement
- In Serial14 Chapters
The Secluded Magus
A student of the sciences, who just happens to be run over by train-kun and reincarnates in a different world decides to exploit earth inventions to live a quiet life.
8 120 - In Serial23 Chapters
Survivor's Only System
A world where the ordinary is now a mere fantasy, with chaos taking hold at every angle. An average boy might have what it takes to save everything...or cause its fall. This will be my first attempt at a novel...so be prepared for potential cringe ;) I will be posting 5 chapters/week (if school doesn't get in the way) Art was made by my friend :)
8 184 - In Serial8 Chapters
In This New Life, My Own Fantasy Adventure Begins!
A little shut-in girl that for unknown reasons and means got transported into a fantasy world. Barely surviving her first arrival to this new world, she continued to live her life as she intended, only to experience the hardships and cruelty of the world firsthand. With a little effort and friendship along the way… she found more reasons to do more than just live her life. The more she stayed, the more she learned how problematic the world actually was. And to think that's bad enough, adding to that was the existence of a great evil that threatened the land and all its standing Kingdoms. Given the chance to fix those problems by her own hand, she took it. Her motivations for affirming this heavy task was unclear, even to herself. But one thing's for certain– she's gonna be doing a lot until she gets anywhere… do what she normally doesn't, become somebody she normally couldn't, setting off on an important journey with her newfound self worth. A journey for no absolute constructive reason. She might not be aware of it immediately… but that is her Fantasy. ------------------------- Just a few more things to note before you get started. Extra tag: Anime Yes, this is an anime-styled fiction, and it isn't meant to represent real life scenarios in grave detail. If you're familiar with anime and manga, the following mannerisms and tropes wouldn't feel too foreign. But if you feel that that isn't your cup of tea or you can't appreciate it, you can drop the read anytime you'd like.
8 73 - In Serial10 Chapters
The Ultimate Combo
Tristan or known as “Garyx” is a very skilled player and in every online game he played he always made it to the top and became the strongest with his sister Cathy/Jade who is his partner in every online game they played and they became known as “The Ultimate Combo”, one day they woke up in a entirely different world called “Arnos”.
8 211 - In Serial11 Chapters
In This Desolate World, Just the two of Us
A once vibrant World full of life and colors had been destroyed by calamities of untold scale. Calamities so devastating that even the Guardians of the Gods succumbed to the disasters. For Zelhrius, however, the World had yet to completely end. The land he was protecting as a God substitute remained intact and nearly untouched, and it should go without saying that he was alive and well. Unbeknownst to Zelhrius, a single existence survived alongside him. Will it be his final enemy, or perhaps, his last friend?
8 70 - In Serial3 Chapters
Kehidupan Sempurna
Simpang siur kehidupan dan mencari erti kasih sayang yang sebenar. Ada kalanya cinta itu hadir tanpa dipaksa dan ada kalanya datang kerana dipaksa. Dan cinta yang sempurna akan datang dan tidak akan pergi dan itu juga sebaliknya.
8 159

