《Three Bears - 곰세마리》Three Bears - 6
Advertisement
“ဂျီမင်းရှီး သိပ်နေမကောင်းဘူးလား”
“ဟင်.....ဘာလို့လဲ”
“ခါတိုင်းထက် မျက်နှာဖျော့နေသလားလို့ပါ”
“ဟုတ်လား”
ဘေးနားက ပြဒါးမှန်ပြင်ထဲ မိမိကိုယ်ကိုယ် ပြန်ကြည့်လိုက်မိတော့ မျက်တွင်းတွေပင် ချောင်ကျချင်နေသလို။ ဟို အိပ်မက်ကြောင့်များလား။
“ညက အိပ်ရေးမဝလို့ဖြစ်ပါလိမ့်မယ်”
ဆူယွန်းထွက်သွားသည်နှင့် မှန်ကို နောက်တစ်ကြိမ် ကြည့်လိုက်မိသွားသည်။ ကြည့်ရင်း ကြည့်ရင်း ဆူယွန်းပြောသွားသလို မျက်နှာက ဖြူဖျော့ဖျော့ ခေါက်ဆွဲဖတ်အသွင်လို ခံစားလိုက်ရသည်။ တကယ်ပါပဲ....။
ညတုန်းက မက်ခဲ့သည့် ဂဂျိုးဂဂျောင်အိပ်မက်ကို သတိရမိတော့ လေပူတွေကို မှုတ်ထုတ်လိုက်မိသည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ကာစမှာပဲ နေရာတစ်ခုကို အိပ်မက်ကတဆင့် ခေါ်ဆောင်သွားခံလိုက်ရသည်။
ခပ်ပြာပြာ၊ ခပ်မှိုင်းမှိုင်းရှိသည့် ဝန်းကျင်တစ်ခု။ ဘေးပတ်ပတ်လည်ဟာလည်း မှုန်ဝါးဝါး မြူဆိုင်းနေသလိုမျိုး။ သူရပ်နေသည့်နေရာရဲ့ ခြေသုံးလှမ်းစာလောက်ကလွဲ ဘာမှလည်း သေချာကြိုမမြင်ရ။
ဒါပေမဲ့ စိတ်ထဲ သူ့ရှေ့မှာ တစ်ခုခုက စောင့်ကြိုနေတယ်လို့ ခံစားနေမိတာကြောင့် အရဲစွန့်ကာ အရှေ့ကို ခြေတိုးခဲ့မိသည်။ အတိအကျ ခြေရှစ်လှမ်းကို လှမ်းလိုက်ပြီးချိန်မှာတော့ ရပ်နေသည့်လူတစ်ယောက်ရဲ့ပုံရိပ်ကို မြင်လိုက်ရသည်။
“ဘယ်သူလဲ”
ဂျီမင်း ထိုလူကို တစ်ခါမှ မမြင်ဖူးပါ။ မိသားစုဝင်မဟုတ်၊ ဂျွန်ဂျောင်ကုလည်း မဟုတ်သလို Crews ထဲက အသိတွေလည်းမဟုတ်ခဲ့။ သို့သော် ထိုလူကတော့ ဂျီမင်းကို အကြာကြီးနေမှ ပြန်တွေ့ဆုံရသည့်လူတွေလို တမေ့တမော ပြန်လည်စိုက်ကြည့်နေခဲ့သည်။
အဆင်ပြေပြေနဲ့ ကောင်းကောင်းရှင်သန်နေတာပဲဆိုတဲ့ အကြည့်မျိုး။ ဒီလိုရှိနေပေးလို့ တော်သေးတာပေါ့ဆိုပြီး စိတ်ချသွားတဲ့ အကြည့်မျိုး။
“ဘယ်သူလဲ”
ဒုတိယအကြိမ် အမေးရှိတော့ ပြုံးပြလာသည်။ ပြုံးတာမြင်လိုက်မှ နည်းနည်းရင်းနှီးနေသလိုပဲ။ ဒီလို မျက်နှာပေါက်ပုံစံမျိုးကို သူ ဘယ်နေရာမှာ တွေ့ခဲ့ဖူးပါလိမ့်။ အဖြေရှာလို့ မရသေးခင်မှာပဲ ထိုလူစိမ်းက သူရှိရာကို တိုးလာခဲ့သည်။
ဂျီမင်းသည် ဘာမှန်းမသိတာမို့ ထိုလူ ရှေ့တိုးလာသည်နှင့် အနောက်ကို တစ်လှမ်းပြန်ဆုတ်လိုက်မိသွားသည်။
“ခဏလောက်...ဖက်ထားလို့ရမလား”
အသံ။ ထို အသံ။ ဂျီမင်း ရင်ထဲ ဘယ်ရယ်ကြောင့်မသိ လှိုက်တက်လာသည့် ဝမ်းနည်းမှုကြီးက ထိန်းမရစွာ ဆိုးဆိုးဝါးဝါးဖြစ်ကာ မျက်ရည်တွေပင် ဝေ့လာသည်အထိ။
ထိုလူစိမ်းကတော့ သူ့ကို ငေးကြည့်နေဆဲဖြစ်ကာ သူ့ဆီက ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရှာသည်။ မင်းက ဘယ်သူများလဲ ဘာကြောင့်မို့ ငါတို့ချင်း အိပ်မက်ထဲမှာပဲ တွေ့နေကြတာလဲ။
“ရမယ်မလား”
ဂျီမင်း ခေါင်းငြိမ့်ပြလိုက်မိသည်။ ဒီတစ်ကြိမ်မှာတော့ ခြေလှမ်းတွေကို နောက်ပြန်မဆုတ်မိတော့။ ဖြည်းညင်းစွာ သူ့ကို ခပ်သာသာ ထွေးဖက်လာသည့် လက်တွေက အေးစက်စက်ရယ်။
“ကျေးဇူးတင်ပါတယ်”
ခဏကြာမျှ ပွေ့ဖက်ပြီးသည့်နောက် ကျေးဇူးတင်ကြောင်း ပြောလာကာ ကိုယ်ကို ပြန်ခွာသွားသည်။ ငိုချင်တယ် အရမ်းပဲ။ ခုထိ ဘာလို့ ဒီလောက်ငိုချင်နေမှန်း ဂျီမင်းကိုယ်တိုင်လည်း နားမလည်သေး။ သိပ်ဝမ်းနည်းတာပဲသိတော့တယ်။
“ငါ မင်းတို့ဆီမှာ လာနေလို့ရမလား”
“ငါတို့.....”
ဆိုလိုတာက သူတို့ မိသားစုကို ပြောချင်တာလား။
“ငါ မင်းတို့နှစ်ယောက်ဆီမှာ လာနေချင်တယ်”
နှစ်ယောက်...။
မဟုတ်မှ မိသားစုကိုပြောတာ မဟုတ်ဘဲ သူနဲ့ ဂျွန်ဂျောင်ကုကို ပြောချင်တာလား။
တစ်ခုခုပြန်မေးဖို့ ပြင်လိုက်တော့ မျှော်လင့်တကြီး သူ့ကို စိုက်ကြည့်နေသည့် မျက်လုံးပြာပြာတွေကြောင့် ဂျီမင်း အလိုလို နှုတ်ဆိတ်သွားမိသည်။
ငြင်းပစ်ချင်ပေမဲ့လည်း ထိုမျက်လုံးတွေက ခက်ခဲစေတယ်။ ဒီအတိုင်း ခေါင်းငြိမ့်ပစ်လိုက်ချင်တယ်။ ခေါင်းထဲ၊ ဦးနှောက်ထဲမှာ ဘာကြောင့်ဆိုတဲ့ အဖြေမရှိဘူး။ ခံစားချက်တွေကပဲ ဦးဆောင်နေခဲ့သည်။
“အင်း”
ခွင့်ပြုချက်ရသွားသည်နှင့် ထိုအမျိုးသားက တစ်ချက်ထပ်ပြုံးသည်။ ဆွေးဆွေးမြေ့မြေ့ပါပဲ။
“ကျေးဇူးတင်ပါတယ်.....”
နောက်ဆုံးစကားလုံးတချို့ကို ပီပီပြင်ပြင်မကြားလိုက်ရ။ သေချာအောင် ထပ်မေးဖို့ ပြင်လိုက်ပေမဲ့ ထိုလူဟာ တိမ်လို လေလို မျက်စိတစ်မှိတ်အတွင်းမှာပဲ ပျောက်ကွယ်သွားခဲ့သည်။
နောက်တော့ သူလည်းပဲ အိပ်မက်ကမ္ဘာကနေ ပြန်ဆွဲထုတ်ခံရကာ နိုးလာခဲ့တော့သည်။ မက်ပြီးခဲ့တာ ရက်အနည်းငယ်ကြာခဲ့ပြီးတာတောင် ခေါင်းထဲ ထိုအိပ်မက်က စွဲမြဲနေကာ ရင်ထဲ ဝမ်းနည်းမှုကြီးဟာလည်း အခုထိ အရှိန်မသေနိုင်ခဲ့။
__________________
“ရိုအာ သဘောကျရဲ့လား”
“အဆင်ပြေတယ်”
စေ့စပ်ပွဲလေးပဲဆိုပေမဲ့ အဖေက ကြီးကြီးကျယ်ကျယ်တွေအထိ စီစဉ်ထားသည်။ အဖေက ရိုအာ့ကို အတော်သဘောကျတာမို့ တခြားသူတွေထက် သာလွန်ကာ တင့်တင့်တယ်တယ် ဖြစ်စေချင်ပုံလည်း ပေါ်ပါသည်။
အခုလည်း စေ့စပ်လက်စွပ်အတွက်ဆိုပြီး အသင့်မဝယ်ခိုင်း၊ ကိုယ်တိုင်ကိုယ်ကျ လက်ဝတ်လက်စားတွေ အထူးရေးဆွဲပေးသည့် ဒီဇိုင်နာဆီမှာ အပ်နှံခိုင်းလိုက်လေရဲ့။
“ဒါဆို ဒီ ဒီဇိုင်းလေး ရွေးလိုက်တာပေါ့”
“ဟုတ်ကဲ့”
ဒီဇိုင်နာဆီ အပ်ခဲ့ပြီးနောက် ရိုအာ့ကို သူကိုယ်တိုင်ပဲ ကားမောင်းကာ အိမ်ပြန်လိုက်ပို့ပေးခဲ့လိုက်သည်။ ရိုအာ့မိဘတွေ တစ်နည်း သူ့ယောက္ခမလောင်းတွေနဲ့လည်း အိုကေစိုပြေပါပဲ။
အိမ်ပြန်ရောက်တော့ ညနေက ပုံရိုက်ယူထားခဲ့သည့် စေ့စပ်လက်စွပ် ဒီဇိုင်းပုံကြမ်းကို ဒေါသအိုး ပတ်ဂျီမင်းဆီ လှမ်းပို့လိုက်သည်။
“ဘယ်လိုနေလဲ?
ငါနဲ့ရိုအာရဲ့ စေ့စပ်လက်စွပ်လေ”
“ပုံတုံးကြီး”
“မနာလိုနေတာပဲ”
“လဲသေလိုက်လေ။
ဈေးထဲက
ငါးရာတန်လက်စွပ်တောင်
မင်းလက်စွပ်ထက် ပိုလှတယ်”
“ဈေးထဲက လက်စွပ်က
ပိုလှတယ်ဆိုရင်
မင်းလက်ထပ်ပွဲကျ
ဝယ်စွပ်လိုက်နော်
ငါစပွန်ဆာပေးတယ်”
Seen ဖြစ်ပြီး စာမပြန်လာသေးခင် ဆက်မစောင့်တော့ဘဲ ရေချိုးခန်းထဲ ဝင်ခဲ့လိုက်တော့သည်။ အခုချိန်လောက်ဆို ဒေါသအိုးတို့ စွေ့စွေ့ခုန်နေလောက်ရောပေါ့ဟု တွေးမိတော့ ရေချိုးနေရင်း တဟိဟိ ရယ်လိုက်မိသွားသည်။
Advertisement
“အ! စပ်လိုက်တာ”
ခေါင်းက ဆပ်ပြာတွေ မျက်လုံးထဲ ဝင်ကုန်တာမို့ ကောင်းကောင်းပင် မပျော်လိုက်ရ။ ချက်ချင်း ရေနဲ့ အလျင်အမြန်ဆေးချကာ ဘုရားတ လိုက်မိသည်။ ပတ်ဂျီမင်းတစ်ယောက် သူ့ကို ဟိုကနေ လှမ်းကျိန်ဆဲနေပြန်ပြီ ထင်ပါတယ်။
ရေချိုးပြီးပြီးချင်း အပြင်ရောက်တော့ ဖုန်းကို ဖွင့်ကြည့်လိုက်ပေမဲ့ ထင်သွားသလို ဘာစာမှ ဝင်မထား။ သူနောက်ဆုံးပို့ထားတဲ့စာကို seenသာ ပြထားပြီး ဘာမှ ပြန်မပို့။ ဘာလဲ စိတ်ကူးတောင်ယဉ်ပြီး ကျေနပ်နေခဲ့တဲ့ လူကို ဒီလိုပုံစံကြီးနဲ့ ဖီးငုတ်အောင်။
မကျေနပ်နိုင်တာကြောင့် ဖုန်းလှမ်းခေါ်လိုက်သည်။
“ဘာလဲ”
ဆောင့်ကြီး အောင့်ကြီးနဲ့ အားရပါးရ ထူးသံ။ လိုနေတာ ဒါ။
“ပတ်ဂျီမင်းလေး ငိုနေတာလားလို့”
“ရူးနေလား”
'သောက်ရူး' ၊ ရူးနေလား' ၊ 'လဲသေလိုက်' ပတ်ဂျီမင်း အသုံးအများဆုံး လက်စွဲစကားလုံးတွေ။
“စိတ်ပူလို့ လှမ်းမေးတဲ့သူကို အဲ့လိုပဲပြောရလား”
“မျက်နှာက အဆီတွေ သပ်ချလို့ရလောက်အောင် လာမပြောင်နဲ့ ဂျွန်ဂျောင်ကု”
ဒီတစ်ခါ သူ့အထင်ပဲလားမသိပေမဲ့ လိုတာထက်ပိုပြီး စိတ်တိုနေသလိုပဲ။ ပြောမရဘူးလေ စိတ်က ပုံမှန်မဟုတ်တော့လည်း ဗွေယူဖို့မဖြစ်နိုင်။
“ပဲရစ်မှာ မပျော်တော့လို့လား”
“ငါ ပြန်ရောက်နေတာဖြင့် နှစ်ရက်တောင်ရှိပြီ ခွေးကောင်”
လက်သုံး အဆဲစကား နောက်တစ်လုံး ထပ်တိုးလိုက်တယ်။ 'ခွေးကောင်' ဆိုပြီး။
“ငါ့ကိုပြောမပြပါလား”
“မင်းက ဘာကောင်ကြီးမို့လဲ”
ဇွတ်ကို ကန်နေတာ။ တော်တော်လေး စိတ်မကြည်နေပုံ။ အဲ့လိုမှမဟုတ်ရင် ပြဿနာတစ်ခုခုကြောင့် ဒေါသတွေကို သူ့အပေါ် မဲပြီး ပုံချနေတာပဲ။
“ဒီည လာခဲ့မယ်”
“မလာနဲ့ ငါ နေလို့မကောင်းဘူး”
“ဘာဖြစ်တာလဲ”
“မင်း အပူမပါဘူး”
ဟော ကြည့် အခုလည်း တီခနဲ ချသွားပြန်ပြီ။ ကိုင်ပေါက်ချင်စရာအပြင် မေတ္တာပါ တုံးချင်စရာလေး။ ပြောခဲ့သလိုပါပဲ အမြဲလိုလို ဒေါသတွေနဲ့ပြည့်လျှံနေတဲ့ ရွှေပန်းကန်လှလှလေးတစ်လုံးပေါ့။
_____________________
“ရောက်လာပြီလား”
“ဟုတ်ကဲ့”
တံခါးလာဖွင့်ပေးသည့် အစ်ကိုကြီးဂျီဆောင်းက မူပိုင် အပြုံးတွေနဲ့ ကြိုဆိုသည်။ အမေတစ်ယောက်တည်းက မွေးထားတယ်သာပြောတာ။ ပတ်ဂျီမင်းလို အပူလုံးလေးနဲ့ အေးအေးချမ်းချမ်း အစ်ကိုကြီးက နည်းနည်းလေးတောင် မဆင်တူကြ။
“လာ ဝင်ခဲ့ ဂျောင်ကု”
အစ်ကိုကြီးက အိမ်မှာ မနေတော့တာ ကြာပြီ။ ဆရာဝန်ဖြစ်တဲ့အလျောက် သူအလုပ်လုပ်သည့် ဆေးရုံလေးနဲ့နီးသည့် လုံးချင်းအိမ်ကိုငှားကာ သီးသန့်နေထိုင်သူဖြစ်သည်။
ခါတိုင်းလို တိုက်ခန်းမှာပဲဟု ထင်မှတ်ကာ သွားခဲ့ပေမဲ့လည်း မတွေ့ရတာမို့ အိမ်ဘက်သွားကြည့်တော့လည်း မရှိနေ။ အစ်ကိုကြီးဆီ ဖုန်းလှမ်းဆက်တော့မှပဲ ရွှေပန်းကန်လှလှလေးက ထိုမှာ ရောက်နေလေသတဲ့။
“မင်းသူငယ်ချင်း အခန်းထဲမှာ ရှိတယ်။ ဝင်သွားလိုက်တော့”
“ဟုတ်ကဲ့”
ပတ်ဂျီမင်းနဲ့ဆိုရင်သာ ခွေးနဲ့ကြောင်လို အမြဲကိုက်နေတတ်ပေမဲ့ ပုံမှန်လိုဆို ဂျွန်ဂျောင်ကုက သိတတ်လိမ္မာသူ လူယဉ်ကျေးလေး။ ကိုယ့်ကိုယ်ကိုယ်မို့ မြှောက်ပြောတာမဟုတ်ဘူး။ ဒါ အမှန်တရားပဲ။
အခန်းထဲ အသာလေး ခြေဖော့ကာ ဝင်ခဲ့တော့ ကုတင်ပေါ်မှာ ကွေးကွေးလေး အိပ်နေသူကို မြင်လိုက်ရသည်။ အများကြီး နေမကောင်းဖြစ်နေတာများလား။
စိတ်ထဲ ကရုဏာသက်သွားမိကာ ခေါင်းအသာယမ်းရင်း ကုတင်နား တိုးကပ်သွားလိုက်သည်။ ပြီးသည်နှင့် အိပ်ပျော်နေသူရဲ့ မျက်နှာနား ငုံ့ကြည့်ရင်း လည်ချောင်းတစ်ချက်ရှင်းလိုက်သည်။ နောက် အားရပါးရပင် နာမည်ကို အော်ခေါ်ပစ်လိုက်လေ၏။
“ပတ်! ဂျီ! မင်း!"
“အမလေး!”
ကျယ်ကျယ်လောင်လောင် အသံကြီးကြောင့် ပတ်ဂျီမင်းတစ်ယောက် အိပ်ပျော်လု ပျော်ဆဲ အနေအထားကနေ လန့်နိုးသွားရကာ အိပ်ရာပေါ် ငုတ်တုတ်ပါ ထထိုင်လိုက်မိသည်အထိ။
“ဒီ....ကောင်!”
ယင်းအသံကျယ်ကြီးရဲ့ တရားခံဖြစ်သည့် ဂျွန်ဂျောင်ကုကို မြင်လိုက်ရချိန်မှာတော့ ပါးစပ်ကနေ ကြက်တူရွေးနှုတ်တိုက် ထားသည့်အတိုင်း အဆက်မပြတ်၊ မရပ်မနား အော်ဆဲလေတော့သည်။ နေမကောင်းတာတောင် ဆဲနိုင်လွန်းတယ်။ ရုပ်လေးနဲ့မှမလိုက်။
“ထွက်သွားစမ်း!”
ပခုံးတွန့်ပြကာ ကုတင်ခြေရင်းမှာ ခြေချိတ်ပြီး ကျောပေးထိုင်လိုက်တော့ မမြင်ရသည့်တိုင် သူ့ကို ပြာကျမတတ် စူးစူးရဲရဲ စိုက်ကြည့်နေမယ်ဆိုတာ အသေအချာပဲ။
တစ်
နှစ်
သုံး
“ထွက်သွားလို့!”
အသံနဲ့အတူ လေထဲ ပျံတက်လာသည့် ခေါင်းအုံးတစ်လုံးကို အချိန်မီလေး ဖမ်းဆီးလိုက်နိုင်သည်။ ဒီအကွက်တွေလောက်ကတော့ ဂျွန်ဂျောင်ကုတို့ အံတိုနေပြီ။
“မသွားဘူးပေါ့လေ”
ဒီတစ်ခါရော ဘာလာဦးမှာလဲ။
ထပ်ပြီး ခေါင်းအုံးလား ဒါမှမဟုတ် ဖက်လုံးလား။ လာလိုက်စမ်းပါ ဘာနေနေ ဖမ်းဖို့အသင့်ပဲ။
သို့သော် ဂျွန်ဂျောင်ကု တွေးထင်ထားသလို ဖက်လုံးမဟုတ်ခဲ့ဘဲ ခြေထောက်တွေ။ ခြေထောက်နှစ်ဖက်ကို စက်သေနတ်များလို ထင်မှတ်ကာ မနားတမ်း သူ့ကျောပြင်ကြီးကို ထိုခြေထောက်များနဲ့ ကန်ချလာသည်။
“အ....အ”
မခေလှသော ပတ်ဂျီမင်းရဲ့ ခြေထောက်ကန်ချက်တွေကြား အလူးအလိမ့်နဲ့ပဲ ကုတင်အောက် ပြုတ်ကျသွားခဲ့ရသည်။ ပြောတော့ နေမကောင်းဘူးဆိုပြီး လူတစ်ယောက်လုံးကို ကုတင်အောက် ခွေးကျဝက်ကျ ကျအောင်တော့ ကန်နိုင်သေးသည်။
“ထပ်တက်လာရင် ထပ်ကန်ချမယ်”
လှုပ်လှုပ်ရှားရှား မလုပ်ချင်ပါဘူးဆိုနေမှ၊ ချွေးပါပြန်သည်အထိ အိမ်တိုင်ရာရောက် ဒုက္ခလာပေးသူက ဂျွန်ဂျောင်ကု။ ခုလည်း ကုတင်ခြေရင်းက ကြမ်းပြင်ထက်မှာ မကျေမချမ်းမျက်နှာနဲ့ သူ့ကို ပေစောင်းစောင်း ကြည့်နေပြန်သည်။
Advertisement
“နေမကောင်းဘူးဆိုလို့ လာကြည့်တဲ့သူကို ဒီလို ကန်ချလို့ရတယ်ပေါ့”
“အပိုတွေပြောမနေဘဲ ဝေးဝေးသွား”
ထပ်ပြီး ကန်တော့မလို ခြေထောက်ကို မြှောက်လိုက်တော့ လက်နဲ့တန်းကာသည်။ ကြောက်ကလည်း ကြောက်သေးတယ်။ ဘာကောင်မှန်းမသိ။
“အပြင်မှာ မုန့်တွေဝယ်လာတယ်”
ကြမ်းပြင်ပေါ်က ထကာ အင်္ကျီနဲ့ ဘောင်းဘီတွေကို သတိသဘော ဖုန်ခါလိုက်သည်။ ဘာမှတော့ ပြန်မဖြေ။
“အသားတွေနဲ့ ကင်မ်ချီဟင်းရည်လည်း ပါတယ်”
ဒီတစ်ခါ မျက်လုံးတော့ လှန်ကြည့်ဖော်ရသည်။
“စားမှာလား မစားဘူးလား”
“ထည့်ခဲ့”
ပြောပြီး ပြန်လှဲအိပ်သွားသူ။ ရွှေပန်းကန်တို့က အစားအသောက်နဲ့ဆို ခုခံနိုင်တာလည်းမဟုတ်ဘဲနဲ့ ဆိုးသွမ်းပြချင်သေးတယ်။ ကုတင်ပေါ်က စောင်ထုပ်လုံးလုံးကို ကြည့်ပြီး နှာခေါင်းတစ်ချက်ရှုံ့ကာ အခန်းထဲ ထွက်ခဲ့လိုက်သည်။
“ဖျားတာလား အစ်ကိုကြီး”
“ခရီးပန်းလို့လို့ပြောတယ်။ စစ်ကြည့်ပေးမယ်ဆိုတာလည်း လက်မခံဘူး”
ပတ်ဂျီမင်းက အဲ့လို။ ခေါင်းမမာသင့်တဲ့နေရာတွေမှာ သူ မတူတောင် ကဲကဲဆတ် ခေါင်းမာလွန်းသည်။ ဆေးဖိုးပေးရမှာလည်း မဟုတ်ဘဲ ဆရာဝန်တစ်ယောက်လုံးက ကိုယ့်အစ်ကိုအရင်းဖြစ်နေတာတောင် ခေါင်းကြောမာတုန်း။
“မြန်မြန်သေချင်လို့နေမှာပေါ့”
အစ်ကိုကြီးက ထမင်းစားနေရင်းက တစ်ချက်ပြုံးသည်။ ဂျွန်ဂျောင်ကုသည် နားမလည်စွာ အစ်ကိုကြီးကို ကြည့်လိုက်တော့ ဘာမှပြန်မပြောဘဲ လုပ်စရာရှိတာ ဆက်လုပ်ဖို့ပဲ အချက်ပြသည်။
ပန်းကန်တွေထဲ ထည့်စရာရှိတာ ထည့်ပြီး အငယ်လေးရဲ့ အခန်းထဲ ပြန်ဝင်သွားသည့် ကျောပြင်တစ်ခု။ ကင်မ်ချီတစ်ဖက်ကို တူနဲ့ညှပ်ကာ ကောက်ဝါးရင်း 'နှစ်ယောက်ကတော့ တကယ်ပါပဲ' ဟု တစ်ယောက်တည်း ခပ်တိုးတိုး ပြောလိုက်မိသည်။
တစ်ယောက်မရှိဘဲ
နောက်တစ်ယောက်က
နေနိုင်မှာလည်း မဟုတ်ဘဲ.....။
______________________
ဒီနေ့က ဂျွန်ဂျောင်ကုနဲ့ ရိုအာတို့ စေ့စပ်မဲ့နေ့ပါပဲ။ သူ့အပေါ် နည်းနည်းလေးမှ အကြောမခံချင်တဲ့ ပတ်ဂျီမင်းကလည်း နောက်လထဲမှာပဲ ဥက္ကဌဂျန်နဲ့ လက်ထပ်ဖို့ စိုင်းပြင်နေခဲ့သည်။
အဝတ်အစားလဲနေရင်း ညက သူ့ကို လှမ်းပို့ထားတဲ့ လက်စွပ်ဒီဇိုင်းကို ကြည့်မိတော့ နှုတ်ခမ်းတစ်ဖက် မဲ့သွားရသည်။ ပြောတုန်းက မလှဘူးဘာညာနဲ့ သေချာပေါက် သူနဲ့ရိုအာရဲ့ စေ့စပ်လက်စွပ်ကို inspired ယူထားတယ်ဆိုတာ အသိသာကြီး။
အတွေးတစ်ဖက်နဲ့ ခေါင်းအသာယမ်းရင်း နာရီကောက်ပတ်လိုက်သည်။ ကြည့်လိုက်တော့ ရှစ်နာရီထိုးပြီး ဆယ့်ငါးမိနစ်ရှိပြီ။ စေ့စပ်ပွဲ စမည့်အချိန်က ကိုးနာရီ။
“သွားကြစို့”
“ဟုတ်ကဲ့”
ဖခင်ဖြစ်သူ ဥက္ကဌကြီးကလည်း အသင့်ဖြစ်နေပြီမို့ အခမ်းအနားကျင်းပရာ ဟိုတယ်ဆီ သွားဖို့ အိမ်ကနေ ထွက်ခဲ့ကြတော့သည်။ ကားကို သူကိုယ်တိုင်ပဲ မောင်းပြီး အဖေနဲ့အမေက အနောက်ခန်းမှာ ထိုင်ကြသည်။
ဟိုတယ်ရှေ့ကိုရောက်တော့ ဝီရိယရှိရှိနဲ့ စောင့်ဆိုင်းနေကြသည့် သတင်းထောက်တွေကို အရင်ဆုံး တွေ့လိုက်ရသည်။ သားအမိ၊ သားအဖသုံးယောက်လုံး သတင်းထောက်တွေကို အတန်အသင့် နှုတ်ဆက်လိုက်ပြီးနောက်မှာတော့ ဟိုတယ်ထဲ ဝင်ခဲ့ကြတော့သည်။
“သတို့သမီးလောင်းလေးကို မြင်ချင်လှပြီ”
“ဟုတ်ပါရဲ့ ဘယ်လောက်လှနေလိုက်မလဲ”
အဖေနဲ့အမေကတော့ စားပွဲဝိုင်းမှာ ထိုင်ရင်း ရိုအာ့ကို မျှော်တလင့်လင့်။ ပြေးကြည့်စရာတောင် မလိုပါဘူး။ သေချာပေါက် မွန်ရိုအာက ကျက်သရေရှိရှိနဲ့ လှပတင့်တယ်နေမှာ။ ဒေါသအိုးများ ရောက်နေပြီလားလို့ ခန်းမထဲ မျက်စိကစားကြည့်လိုက်ပေမဲ့ အရိပ်မမြင်ရသေး။
ခုထိ မပြင်ဆင်ရသေးလို့များလား....။
“ကျွန်တော်သွားတော့မယ် အစ်ကိုကြီး”
“စေ့စပ်ပွဲသွားမှာမဟုတ်ဘူးလား”
“ဟုတ်တယ်လေ”
သိရဲ့သားနဲ့ ပြန်မေးနေတယ်ဟူသော အကြည့်ကို ဒိုင်းခနဲရလိုက်သည်။ အငယ်လေးရဲ့ တစ်ကိုယ်လုံးကို ကြည့်ပြီး အစ်ကိုဖြစ်သူကတော့ တအံ့တဩတွေဖြစ်လို့။ ဖြစ်ဆို ဝတ်ထား၊ ပြင်ထားတာတွေက မျက်စိကျိန်းလောက်အောင် လက်လက်တွေ ထနေတာကိုး။
“ဒီလည်စည်းကြီးက ဘာလုပ်ဖို့လဲ”
စစနောက်နောက်နဲ့ ဆွဲဖြည်ဖို့လုပ်တော့ လက်နဲ့ကာရင်း မျက်နှာက ဆူပုပ်ပုပ်။
“လက်ဆောင်ရထားတာ”
ပဲရစ်တုန်းက သူ့ကို အမ်မာအက်ဒရစ် လက်ဆောင်အနေနဲ့ ပေးလိုက်တဲ့ လည်စည်းလေး။ ထူးထူးခြားခြား လက်ဆောင်လေးလည်း ဖြစ်တာမို့ ဒီနေ့မှာ ထုတ်ဝတ်ဖို့ တွေးထားခဲ့တာ။
“ဥက္ကဌဂျန် ရောက်နေပြီထင်တယ်။ သွားပြီ”
နှုတ်ဆက်ကာ အိမ်လေးထဲက ခပ်သွက်သွက်ပြေးထွက်သွားတဲ့ အငယ်လေးက အိမ်ရှေ့တည့်တည့်မှာ ရပ်ထားသည့် ကားအနက်ကြီးပေါ် ပြုံးပြုံးရွှင်ရွှင်ပဲ တက်သွားသည်။
အငယ်လေးနဲ့ ဥက္ကဌဂျန်က လိုက်ဖက်သလို ဂျောင်ကုနဲ့ ရိုအာကလည်း လိုက်ဖက်သည်။ ဒါပေမဲ့ အငယ်လေးနဲ့ ဂျောင်ကုက ပိုလိုက်ဖက်တယ်လို့ အစ်ကိုကြီးက တစ်ယောက်တည်း တွေးနေခဲ့မိလေသည်။
တစ်ဖက် အခမ်းအနားတွင်တော့ သတို့သားလောင်းနဲ့ သတို့သမီးလောင်းတို့ဟာ ချီးကျူးသံတွေကြား အပြုံးကိုယ်စီဖြင့်။ ဂျွန်ဂျောင်ကုရဲ့ လက်တစ်ဖက်ကို ချိတ်ထားသည့် မွန်ရိုအာက အပြုံးလည်းလှသလို ပြင်ဆင်ထားတာကလည်း မှုန်နေအောင် လှသည်။
“တကယ်လိုက်ဖက်တာပဲ”
“ဟုတ်ပါရဲ့ နတ်ဖက်တယ်ဆို ဒါမျိုးကိုဆိုလိုတာဖြစ်မယ်နော်”
သားဖြစ်သူတို့ စုံတွဲကြောင့် နှစ်ဖက်မိဘတွေဟာလည်း အတော်လေး မျက်နှာပန်း လှနေတော့သည်။ ထိုအချိန်မှာပဲ ခန်းမထဲ ဝင်လာသည့် နောက်ထပ် စုံတွဲတစ်တွဲ။
တစ်ယောက်စ၊ နှစ်ယောက်စ လှည့်ကြည့်ကြရာက ဘာများလဲဟု ဖြစ်သွားကြပြီး သတို့သားလောင်း၊ သတို့သမီးလောင်းအပါအဝင် လူတွေအကုန်လုံးရဲ့ အကြည့်တွေက ခန်းမရဲ့ ဝင်ပေါက်ဆီကို ရောက်ရှိသွားခဲ့တော့သည်။
“အဲ့ဒါ ဥက္ကဌဂျန်မလား”
“ဥက္ကဌဂျန်ဘေးက လူက ဒီရက်ပိုင်း နှစ်ယောက်သား ဒိတ်နေကြတယ်လို့ သတင်းထွက်ထားတဲ့ သူ မလား”
ဥက္ကဌဂျန်က မြင်နေကျ ပုံစံတွေအတိုင်း လူကြီးလူကောင်းဆန်စွာ ခန့်ခန့်သန့်သန့်။ ဥက္ကဌဂျန်ရဲ့ လက်တစ်ဖက်ကို ချိတ်ဆွဲထားသူကို ဂျောင်ကု ကြည့်လိုက်မိသည်။
ရွှေပန်းကန်လှလှလေး။ ဝတ်ထားသည့် ဖြူစွတ်စွတ် ဝတ်စုံက အခမ်းအနားပိုင်ရှင် သူတို့နဲ့ အပြိုင်။ ဆံပင်အညိုတွေကို ဘယ်အချိန်က အရောင်ပြောင်းလိုက်လဲမသိ။ ဘေးခွဲထားပြီး နဖူးပေါ် ဝဲကျနေပုံက လှလှပပ။
မျက်ခုံးတန်း ခပ်မြင့်မြင့်နဲ့ မျက်လုံးအိမ်ကျဉ်းတွေကို ခြယ်သထားပုံက တကယ်ကို ပတ်ဂျီမင်း ပီသလေသည်။ နောက် ကျော့ကျော့ရှင်းရှင်း လည်တိုင်မှာ လည်စည်းပုဝါတစ်ထည်ကိုလည်း စည်းနှောင်ထားသေးသည်။
“လှလိုက်တာ”
“ဥက္ကဌဂျန်နဲ့ လုံးဝလိုက်ဖက်တယ်”
ပွဲထဲ အစောကတည်းက ရောက်နေသည့် မိဘနှစ်ပါးကတော့ ဒုတိယ စေ့စပ်စုံတွဲလို ဖြစ်နေသည့် သားအငယ်ဖြစ်သူကိုကြည့်ရင်း ဥက္ကဌဂျွန်တို့မိသစုကို အားလည်းနာကာ မျက်နှာပူနေမိတော့သည်။
“တစ်နေရာတည်းမှာ စုံတွဲနှစ်တွဲကို တွေ့ရတာ ဘယ်လောက်မင်္ဂလာရှိလိုက်သလဲ”
မျက်နှာကြော သိပ်မတည့်ပေမဲ့ စိတ်ကြည်နေပုံရသည့် ဥက္ကဌဂျွန်က လက်ခုပ်လက်ဝါးတီးလျက် အပြုံးမပျက် ရယ်ရယ်မောမော ပြောလာသည်။ ပရိသတ်အလယ်မှာ စုံတွဲနှစ်တွဲကတော့ မျက်နှာချင်းဆိုင်ရှိနေပြီဖြစ်သည်။
“စေ့စပ်ပွဲအတွက် Congratulations”
ဥက္ကဌဂျန်ရဲ့ လက်ကိုတွဲ၊ မျက်နှာကို မော်ချီရင်း ပြောလာသူ။
“လာပေးလို့ ကျေးဇူး”
“ဂုဏ်ယူပါတယ်”
“ကျေးဇူးတင်ပါတယ်”
ဥက္ကဌဂျန်နဲ့တော့ လက်ဆွဲနှုတ်ဆက်ရင်း စကားအပိုမပြောမိ။ ပတ်ဂျီမင်းနဲ့ ပတ်သတ်လို့ပဲ အခုမှ သေချာဆုံဖူးတာမလား။ ဘာပဲဖြစ်ဖြစ် စီးပွားရေးလောကထဲမှာတော့ မခေတဲ့သူမို့ ကြားထဲက အဆက်အသွယ်လုပ်ပေးသွားသည့် ဒေါသအိုးကို စိတ်ထဲကပဲ ကြိတ်ကျေးဇူးတင်လိုက်သည်။
အမှန်တိုင်းသာ ပြောပြလိုက်ရင် သူ အကျိုးအမြတ်ရမှာစိုးတာနဲ့ ခုချက်ချင်း ပွဲထဲက ထပြန်မဲ့အစားမျိုးမို့။
“ငါက မင်း သိမ်ငယ်ပြီး မလာတော့ဘူးတောင် ထင်နေတာ”
ရိုအာလည်း သူ့မိတ်ဆွေနဲ့သူ စကားလက်ဆုံကျနေတုန်း ဘေးနား ဥက္ကဌဂျန်လည်း မရှိဘဲ ငြိမ်ငြိမ်ဆိမ်ဆိမ် တစ်ယောက်တည်း သောက်နေသည့် ဒေါသအိုးနားသွားကာ ရန်စလိုက်သည်။
“ပွဲပျက်ချင်ပုံပဲ”
ပခုံးကိုမတ်၊ ခေါင်းကိုယမ်းကာ ကြောက်ပါတယ်ဟု လုပ်ပြလိုက်တော့ ခပ်ပြင်းပြင်း မျက်စောင်းတစ်ချက်ခဲကာ မျက်နှာလွှဲသွားသည်။ လည်ပင်းဆီက ပုဝါလေးဆီ ဘာရယ်မဟုတ် အကြည့်ရောက်သွားတော့ တော်တော်လှတာပဲဟု တွေးလိုက်မိသည်။
ဒါပေမဲ့ ဒီပုဝါစကို သူ တစ်နေရာရာမှာ မြင်ဖူးနေသလိုပဲ။ စဉ်းစားကြည့်ပေမဲ့ ဦးနှောက်က ချက်ချင်း အလုပ်မလုပ်။
“သူများစေ့စပ်ပွဲလာပြီး မျက်နှာကလည်း ရှူံ့မဲ့နေတာပဲ”
သူ ပြောလိုက်မှ ဒေါသအိုးမျက်နှာက ပိုပြီးဆိုးသွားသည်။ ဒါပေမဲ့ ဘာမှတော့ ပြန်ရန်မလုပ်။ ကြည့်ရတာ စေ့စပ်ပွဲလည်းဖြစ်၊ ပရိသတ်တွေလည်းရှိနေတာမို့ ကြိတ်မှိတ်ပြီး အောင့်အီးသည်းခံနေပုံပဲ။
“ခုနကလို ပြုံးနေစမ်းပါကွ”
ပြောပြောဆိုဆိုပဲ ဘေးနားဝင်ရပ်ရင်း ပခုံးချင်း တိုက်ကာ နောက်တစ်ကြိမ် ရန်ထပ်စလိုက်သည်။ သို့သော် သည်တစ်ကြိမ်တွင်တော့ သူ တိုက်လိုက်တဲ့ ပခုံးလေးက မထင်မှတ်ထားစွာ အရှိန်ပြင်းပြင်းဖြင့် တဖက်ခြမ်းကို စောင်းကျသွားခဲ့သည်။
ခွမ်း!
ခန်းမအလယ်က ဖန်ခွက်ကျကွဲသံ။ မျက်စိရှေ့တင် ကြမ်းပြင်ပေါ် အရုပ်ကြိုးပျက် ပြိုလဲကျသွားသည့် ခန္ဓာကိုယ်တစ်ခု။
ချက်ချင်းဆိုသလို ပြာယာတွေခတ်သွားရကာ လဲကျသွားသည့် ကိုယ်လေးကို ဆွဲထူကာ ရင်ခွင်ထဲ ပွေ့ထားလိုက်သည်။ နာမည်ခေါ်ကာ အဆက်မပြတ် လှုပ်နိုးမိပေမဲ့ စုံမှိတ်နေသည့် မျက်ဝန်းတွေက ပြန်ပွင့်မလာ။
“ပတ်ဂျီမင်း သတိထားဦး!”
ပရိသတ်တွေအကုန်လုံးလည်း နှစ်ယောက်ကိုကြည့်ကာ ဘာလုပ်ရမယ်မသိတော့။ ရုတ်တရက်ကြီးမို့ ရိုအာပင် ကြောင်အမ်းနေခဲ့သည်။
“သားငယ်”
“ဂျီမင်း!”
ပတ်ဂျီမင်းရဲ့ မိဘနှစ်ပါးနဲ့ နောက် ဘယ်က ပြေးထွက်လာမှန်းမသိတဲ့ ဥက္ကဌဂျန်။
“ဘာဖြစ်တာလဲ”
“သေချာမသိဘူး။ စကားပြောနေရင်း အကောင်းကြီးကနေ လဲကျသွားတာပဲ”
“ဆေးရုံအမြန်သွားရမယ်!”
“သားငယ်....သားငယ်!”
မိခင်ဖြစ်သူကတော့ ဘာဖြစ်သွားမှန်းမသိတဲ့ သားကြောင့် စိုးရိမ်ကြီးကာ ငိုနေချေပြီ။ အချိန်မလွန်ခင် ဆေးရုံအမြန်သွားမှ ဖြစ်တော့မှာမို့ ကိုယ်လေးကို ပွေ့ချီလိုက်ကာ ခန်းမကြီးထဲက ဒရောသောပါး ပြေးထွက်ခဲ့လိုက်သည်။
စေ့စပ်ထားသည့် သတို့သားလောင်းက ပတ်ဂျီမင်းကို ပွေ့ချီကာ ပြေးထွက်သွားသည်နှင့်တပြိုင်နက် သတို့သမီးလောင်းဖြစ်တဲ့ ရိုအာလည်း မနေသာတော့ဘဲ အနောက်ကနေ အမီပြေးလိုက်ရတော့သည်။
“ပတ်ဂျီမင်း မင်း....ပြန်ထလာမှဖြစ်မယ်”
ပြေးလွှားနေရင်း သူ့လက်တွေပေါ်မှာ ပျော့ခွေကာ သတိလစ်နေဆဲလူကို ကြည့်ပြီး မကျေမနပ် ပြောလိုက်သည်။
________________________
ဟုတ်တယ် ဆိုက်ကိုတွေ
တစ်ယောက်မရှိဘဲ မနေနိုင်တဲ့ ဆိုက်ကိုတွေ။
_PSYCHO
_______________________
“ဟင်.....ဘာလို့လဲ”
“ဟုတ်လား”
“ဘယ်သူလဲ”
Advertisement
- In Serial44 Chapters
Automage Adventures - A LitRPG Story
As a university freshman in the fictional nigh-third-world country of Broica, Sean, finds himself falling into a bottomless rabbit hole as the "System" integrates Earth into itself, allowing for him to see the world as it truly is. He soon finds out that his girlfriend, family, and even hometown aren't as they all seemed --a conflict between vampires, werewolves, hunters and mystical forces rages in the Undercity as alien forces try to overtake the City Above, all the while Sean struggles to understand even a tiny bit of what is happening. And he wonders... had the System changed his life, or had it simply made the transition faster? Arc 1 - Integration Chapters: 1 - 15 Word Count: 62,399 Words Status: Complete Arc 2 - Darkest Nights Chapters: 16 - Current Word Count: 70,000+ Status: Ongoing Release Schedule: Tuesday, Thursday, and Saturday (GMT +8) Average Length: 2.5k - 5k Words Discord Link: https://discord.gg/kScZ5fsWH7 Disclaimer: MC isn't nice. The story is Grimdark and the overall vibe of the story is somewhat dark.
8 202 - In Serial11 Chapters
Inheritance
Soter survives a traumatic and lonely childhood as son of the tyrannical Consul. Ptolemy is an old soldier in the City Guard and mentor to Soter. When the City of Konstantinopolis is thrown into the chaos of war and political intrigue, Ptolemy must fulfil his duty and protect Soter. Soter, however, discovers a different path.
8 413 - In Serial6 Chapters
The worth of a life
Jack has always lived an uncaring life and was always doing what he wants but when higher beings of power starts choosing, jacks uncaring life is gone and must now try to understand the worth of a life. (sorry if I offend anyone with that image hehehe)
8 70 - In Serial35 Chapters
Realm of Learning: Adventures of Eternium
Life is all about enjoyment, what will happen when people are offered a second life in the new 99% real VR game, follow our protagonist in a world of swords arrows and magic as he begins his journey to become a top player in the new game of the century, while having as much fun as possible.-Updating tables, up to chapter 6, stop reading there if it bothers you, more will be done after the 5th of June.-I have changed a few of the things in chapter 6, I suggest you go look at the tables there.
8 129 - In Serial10 Chapters
My First Love. ( Pucca x Garu )
Garu, now in his late teens is mostly known as a strong, hard-working and honourable man.Though, many things have changed throughout the past 6 years- puberty has hit him hard and he's far more famous with ladies than before.But he takes no interest in them all; but one.-10/5/19
8 91 - In Serial25 Chapters
Jealousy
Brolby or Jolby? a story about Jakes Jealousy but little dose he know Colby has a huge crush on him but to distract that he dates Brennen ...
8 213