《Three Bears - 곰세마리》Three Bears - 5
Advertisement
“အား!!!”
အခန်းပွင့်မတတ်သော အော်သံနက်ကြီးကြောင့် အခုထိ အိပ်ပျော်နေဆဲ ဂျွန်ဂျောင်ကုတစ်ယောက် အလန့်တဖျတ်ဆိုသလို နိုးလာခဲ့သည်။
“ဒါက ဘာဖြစ်သွားတာလဲ ပြောစမ်း!”
စောင်တွေနဲ့ လုံးထွေးနေကာ အဝတ်အစားမပါသည့် လူက ဒေါသတကြီးပင် ဂျွန်ဂျောင်ကုကို လက်ညှိုးငေါက်ငေါက်ထိုးကာ မေးလာသည်။
“အိပ်ရေးပျက်လိုက်တာ ဘာဖြစ်ရမှာလဲ မြင်တဲ့အတိုင်းပဲလေ”
“သောက်ရူးကောင်! ဒီလိုဖြစ်ရမှာမဟုတ်ဘူးလေ! လုံးဝမှားနေပြီ”
“ဒါဆိုပြောပါဦး။ ဘယ်လိုမှ အမှန်ဖြစ်မှာလဲ”
ပြန်ဖြေစရာမရှိ။ ဒါပေမဲ့ ဒီကိစ္စက သေချာပေါက် မှန်မနေ။ လုံးဝ အလွဲအကြီးကြီးနဲ့ အမှားကြီးမှားနေတာ။
“မင်း!”
လှိုက်တက်လာသည့် ဒေါသကြောင့် လူမသတ်မိအောင် ထိန်းချုပ်ရတာက သိပ်ခက်ခဲလွန်းသည်။ တဖက်လူကို ကြည့်လိုက်တော့လည်း အေးအေးလူလူ ရှိနေသည့်ပုံစံက ဒူးမနန့်၊ လေမချွန်ရုံတမယ်။
မျက်စိရှေ့မှာ ခေါင်းကုတ်လိုက် စဉ်းစားလိုက်နှင့် ယောက်ယက်တွေခတ်ကာ ကြောင်ပျောက်နေသည့် ပတ်ဂျီမင်းကို ကြည့်ပြီး ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ ပတ်ဂျီမင်းက သူ့ကိုယ်သူ လည်လှပြီထင်တာ။ သူ့ထက်လည်တဲ့သူရှိသေးတယ်ဆိုတာတော့ မေ့နေပုံ။
ခုထိ ညတုန်းက ဟန်ပန်တကျ ခြေချိတ်ပြီး သူ့ရှေ့ လာထိုင်တဲ့ပုံစံကို မျက်လုံးထဲက မထွက်သေး။ ဂျွန်ဂျောင်ကုတစ်ယောက်တော့ ဒီည ဆေးမိပြီး ကောင်မလေးဆီမှာ အပိုင်ဖမ်းခံရတော့မယ်ဆိုတဲ့ ခပ်နုံနုံအတွေးလေးနဲ့ပေါ့။
“အဲ့ဒါ မင်းအကြံပဲမလား!”
နောက်ကျနေပြီဆိုပေမဲ့လည်း အဖြေမှန်သွားတာမို့ ချီးကျူးသည့်အနေနဲ့ လက်ခုပ်တီးပေးလိုက်တော့ ပတ်ဂျီမင်းမျက်နှာက ပေါက်ထွက်တော့မတတ် နီရဲတက်လာသည်။ နားရွက်ဖျားတွေဆို ဘာဘီကျူးကင်စားလို့တောင် ရလောက်မယ်။
“မင်းကိုငါ အရှင်မထားဘူး။ သတ်ပစ်မယ်”
“စိတ်လျှော့လေ။ ငါက မင်းကို ကူညီပေးတာကို”
“မင်းမေကို ကူညီလိုက်!”
ဗိုက်တစ်ချက်...
မျက်နှာတစ်ချက်...
ခြေထောက်တစ်ချက်...။
ပတ်ဂျီမင်းက လက်နှစ်ဖက်၊ ခြေနှစ်ဖက်တည်း မကလောက်ဘူး။ ဒီလောက် လိုက်ချုပ်၊ လိုက်ထိန်းထားတာတောင် မရမက ထိမိအောင် ကန်နိုင် ကျောက်နိုင်နေတာ။
“ငါသောက်ခိုင်းတိုင်း မင်းကသောက်စရာလား”
“ငါ မင်းကိုရဲတိုင်မယ်”
“အ! နာတယ်”
ခေါင်းက ဆံပင်တွေကို အဆုပ်လိုက် အထွေးလိုက် ခဏလွတ်သွားသည့် လက်သေးသေးလေးနဲ့ တရကြမ်း ဆောင့်ဆွဲထားပြန်သည်။ ဘယ်လောက်အထိ အားပြင်းလဲ၊ လက်သံပြောင်သလဲဆိုရင် ချက်ချင်းလက်ငင်း သူ့ ဦးရေပြားတွေပင် ကျွတ်ထွက်လာမတတ် ပူရှိန်းလာသည်အထိ။
တကယ်ဆို ညတုန်းက ပတ်ဂျီမင်း အဟုတ်ထင်မှတ်နေခဲ့သည့် ဇာတ်လမ်းက သူ့စီစဉ်ထားသည့် သူ့အကွက်။ ဂျူနီယာကောင်မလေး သူ့ကို ကမ်းပေးလာသည့် ရှန်ပိန်ခွက်က ဘာဆေးမှ မခပ်ထားသည့် ရှန်ပိန်တစ်ခွက်......လို့ ထင်ရင် မှားသွားလိမ့်မယ်။
ရှင်းရမယ်ဆို ဂျူနီယာကောင်မလေးကို သူ ချပေးခဲ့သည့် အကွက်က ပတ်ဂျီမင်းကို အဲ့ညမှာပဲ သူ အမိဖမ်းခံထိတော့မယ်လို့ ထင်သွားစေချင်ရုံနဲ့ သူ့အစား ပတ်ဂျီမင်းသောက်မဲ့ ရှန်ပိန်ခွက်ထဲ ဆေးထည့်လိုက်ဖို့။ ထိုအထိ၊ သေချာပေါက် အဲ့ဒီအထိပဲ။
ဒါပေမဲ့ ဇာတ်လမ်းက တကယ့်နေရာကျမှ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့တယ်။
“ငါ မင်းကို မသင်္ကာတော့ဘူး”
“ဘာအတွက်...”
ပတ်ဂျီမင်းက ပခုံးတွန့်လျက် ရိုးသားဖြူစင်ယောင် အတင်းဆောင်ထားသည့် မျက်ဝန်းတွေနဲ့ ပြောလာသည်။
“မင်းကိုကြည့်ရတာ မူမမှန်ဘူး”
ရိပ်မိသွားလေမလားဆိုသည့် လှိုင်းလေး မျက်နှာပေါ် ဖြတ်ပြေးသွားပေမဲ့ ပတ်ဂျီမင်းက သိပ်ဟန်ဆောင်ကောင်းပါသည်။ သူတောင် ထိုလူသားနဲ့ နှစ်ပေါင်းများစွာ အတွင်းသိ၊ အဆင်းသိ ရန်ဖက်မို့ ဒီလောက်အကဲခတ်နိုင်နေတာ။
“ဘာမှလည်းမလုပ်ရပါလား"
“ဒါဆို ဒါကိုသောက်လိုက်”
ဂျူနီယာကောင်မလေးရဲ့ လက်ထဲက ရှန်ပိန်နောက်တစ်ခွက်ကို ဆွဲယူကာ ထိုးပေးလိုက်သည်။ ပထမတော့ ဘာကြောင်တာလဲဟူသော အကြည့်ကို ရလိုက်ပေမဲ့ နောက်တော့ တကယ်ပါပဲဟူသော သဘောမျိုးနှင့် ဟန်ဆောင်ပန်ဆောင် တစ်ချက်ရယ်သည်။
“သောက်လေ”
ငတုံးဂျီမင်းက သူ့အကွက်ထဲ ပိုင်ပိုင်နိုင်နိုင် ဝင်ရောက်လာကာ ရှန်ပိန်ကို တစ်ချီတည်း မော့ချပစ်လိုက်သည်။ တကယ်တမ်း ဆေးက ပတ်ဂျီမင်းသောက်လိုက်တဲ့ ဒုတိယခွက်ထဲမှာ။
မနက်ဖြန်ရဲ့ ပွဲလှလှလေးက မင်းဖြစ်နေပြီး ထိုင်ကြည့်မဲ့သူက ငါဆိုတာ မင်းကိုယ်တိုင်တောင် မသိခဲ့ဘူးမလား ပတ်ဂျီမင်း။
ဒီအထိပဲ။ ဂျွန်ဂျောင်ကု ကြံစည်ထားခဲ့တဲ့ ဇာတ်လမ်းက ဒီနားတင် ဒီအထိပဲ။ အစပိုင်းက သူ့အကြံဟုတ်ပေမဲ့ အဆုံးကတော့ သူ့အကြံမဟုတ်။
“ငါ့ကို ထပ်ပြီး မင်းဆီမှာ အညာမိခံမယ်လို့ ထင်နေတာလား”
“ကောင်မလေးက ငါ့ထဲကိုပါ ဆေးခပ်သွားတာပါဆို”
“မင်းက မင်းအပြစ်ကို သူများဆီ လွှဲချချင်နေတာပဲ”
“မင်း မယုံရင် ငါအခုဖုန်းဆက်ပြမယ်”
တစ်ယောက်တစ်ခွန်း ပြန်ပက်နေရင်း ကုတင်ပေါ်က ဆင်းကာ ကြမ်းပြင်ပေါ်ကျနေသည့် ဖုန်းကောက်ယူပြီး ညတုန်းက ဂျူနီယာကောင်မလေးဆီ ဖုန်းလှမ်းခေါ်လိုက်သည်။ ကြည့်နေဆိုသည့်အဓိပ္ပါယ်နဲ့ ဖုန်းကို စပီကာကြိုဖွင့်ထားလိုက်သည်။
တတူတူနဲ့ ဖုန်းဝင်နေသည့် ကာလက နှစ်တစ်ရာလောက် ကြာလွန်းသည်ဟုထင်ရသည်။ သူက ခါးထောက်လိုက်၊ နားထင်ကြောတွေကို လက်နဲ့ဖိလိုက် လုပ်နေသလို ကုတင်ပေါ်က ဒေါသအိုးဟာလည်း သူ့ဘက်က တစ်ခုခု ခြေလှမ်းမှားလိုက်တာနဲ့ အချိန်မရွေး ခုန်အုပ်ပစ်တော့မဲ့ဒီဇိုင်း။
“အေး မီရာလား”
“အင်း စီနီယာတို့ နိုးပြီလား”
ကုတင်ဆီလျှောက်သွားကာ 'နားထောင် နားထောင်'ဟု အသံတိတ်ပြောလိုက်ရင်း အဆုံးထိ ရောက်နေပြီးသား volume ကို ပိုပြီးသေချာအောင် ချဲ့လိုက်သည်။
Advertisement
“မနေ့ညက ပွဲကကိစ္စ”
“ဘာလို့လဲ ပွဲက ပျော်စရာကောင်းပါတယ်”
ဆိုလိုချင်တာကို သိသိရက်နဲ့ ဝေ့နေသည့် မီရာကြောင့် ဂျွန်ဂျောင်ကု ခေါင်းကျိန်းသွားရသည်။ တစ်ညတည်းနဲ့ မီရာ့အပေါ် လျှော့တွက်ခဲ့မိတာကို နောင်တရလို့်မဆုံး။
“အဲ့ဒါကိုမေးတာမဟုတ်ဘူး။ ပတ်ဂျီမင်းနဲ့...ငါနဲ့ ကိစ္စ...”
တည့်တိုးမေးလိုက်တော့ မီရာ့ဘက်က ခဏ အသံတိတ်ကျသွားသည်။ နှစ်ယောက်သား ဖုန်းထဲ ခေါင်းတွေပါ ဝင်လုမတတ် နားစွင့်နေမိကြသည်။
“အမှန်တိုင်းပြောလိုက်ရင် မီရာ့ကို ဆူကြမှာလားဟင်”
ပျော့စိစိ ညှောင်နာနာအသံလေးနဲ့ မီရာက သူတို့ကို ကြောက်တတ်သေးတယ်ပေါ့။ မဟုတ်ဘူး အတိအကျပြောရရင် ကြောက်ချင်ယောင်ဆောင်နေတာ။
“ငါ စိတ်သိပ်မရှည်ဘူး မီရာ။ မင်း အမှန်တိုင်းပြောလိုက်”
ဒီတစ်ခါ ဝင်ပြောလိုက်သူက ပတ်ဂျီမင်း။ ပြောတာတောင် သူ့ဆီမှာ နဂါးမျက်စောင်းကြီးခဲလို့။
“စီနီယာတို့နှစ်ယောက်က သိပ်မပြေလည်ကြဘူးလို့ ပြောကြလို့ မီရာက စေတနာနဲ့ အဆင်ပြေသွားအောင် အဲ့လိုလုပ်လိုက်မိတာပါ။ မီရာ မှားသွားရင် တောင်းပန်ပါတယ်”
ပြီးပြီ။ သွားပြီ။
ပွဲက ဒီနားမှာတင် ပြီးသွားပြီ။
နှစ်ယောက်လုံး ခြေကုန်လက်ပန်းကျသွားချိန်မှာ မီရာက ဦးအောင် ဖုန်းချပြေးသည်။ ကိုယ်ရှူးကိုယ်ပတ်၊ ကိုယ့်အတက်ကိုယ်စူးဆိုတဲ့ စကားပုံတွေက ဒီနေရာမှာ အသေအချာ ကွက်ကွက်ကွင်းကွင်း။
ဆေးကြောင့် အစစ အရာရာ ထွေနေချိန်မှာ မီရာကိုယ်တိုင် လိုက်ပို့ပေးခဲ့သည့် အခန်းထဲ သူတို့ အတူတူရှိခဲ့ကြတာ။ နောက်ပြီး...နောက်ပြီး...တစ်ယောက်ကို တစ်ယောက် အငမ်းမရ နမ်းခဲ့မိကြတာတွေ၊ အရှက်မဲ့စွာ တောင်းဆိုမိခဲ့ကြတာတွေအကုန် ခေါင်းထဲ ပြန်ပေါ်လာတော့
__________________
“ဘာကိစ္စလဲ”
ထိုကိစ္စပြီးကတည်းက အရင်လို ရန်ဖြစ်ဖို့ထက် တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းမဆိုင်မိဖို့ပဲ ရှောင်ခဲ့ တိမ်းခဲ့ကြသည်။ နောက်တော့ ဂျွန်ဂျောင်ကုဘက်က အရင်ဆက်သွယ်လာတာမို့ မမြင်ချင်သည့် မျက်နှာကို ပြန်မြင်လိုက်ရပြီဖြစ်သည်။
“စကားတွေ ဘာတွေ ခံမနေတော့ဘူး။ ငါ မင်းကို အရှိအတိုင်းပဲပြောမယ်”
“လိုရင်းကိုပြော”
ပတ်ဂျီမင်းက အဲ့လို။ ဒီလောက် အရှိအတိုင်းပြောဖို့ အသိပေးတာကိုတောင် လက်မခံနိုင်။ တွေးတတ်ရင် သူ့ဘက်ကလည်း လိုရင်းကိုပဲ ပြောမယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူးလား။
“အဲ့ညပြီးကတည်းက....ငါ အဆင်မပြေဘူး”
ဂျီမင်း ရင်ထဲ ထိတ်ခနဲ။ ဂျွန်ဂျောင်ကုကရော သူ့လိုပဲ ဖြစ်နေခဲ့တာလား။
“တခြားသူတွေနဲ့ ကြိုးစားကြည့်ပေမဲ့ မင်းမဟုတ်ရင် အဆင်မပြေဘူး”
တစ်ချိန်လုံး ရန်ဖက်ကိုက်နေရာက အခုလို မျက်နှာချင်းဆိုင်ပြီး မင်းမဟုတ်တဲ့ တခြားသူတွေနဲ့ အိပ်ဖို့ အဆင်မပြေဘူးလို့ ပြောင်ပြောင်တင်းတင်း ပြောလာပြန်တော့လည်း ဂျီမင်း ဘယ်လိုနေရမယ်မသိ။
တစ်ယောက်နဲ့တစ်ယောက် ချစ်တာ၊ နှစ်သက်တာ၊ မေတ္တာရှိတာမျိုးလည်း မဟုတ်ပါဘဲ အသွေးအသားက ဒီလူနဲ့မှ မဟုတ်ရင် အဆင်မပြေတာမျိုး တကယ်ပဲ ရှိနိုင်ရဲ့လား။ ယင်းမေးခွန်းအတွက် ကိုယ်တိုင်က အဖြေဖြစ်နေသည့်အခါ အင်း.....ရှိတတ်ပါတယ်ပေါ့။
“အဲ့တော့ ငါက ဘာလုပ်ပေးရမှာလဲ”
“ငါနဲ့ အတူတူအိပ်ပေး”
ဗွမ်း!
မထင်မှတ်ထားစွာ သူ့မျက်နှာတစ်ပြင်လုံး ပတ်ဂျီမင်း ပက်ထည့်လိုက်သည့် ရေတွေ ရွှဲရွှဲစိုသွားရသည်။ ဒီကောင်.....လက်မခံချင်လည်း တန်းငြင်းလိုက်တာမဟုတ်ဘဲ ဒီ ရုပ်သံဇာတ်လမ်းတွေထဲကလို လုပ်ရပ်ကြီးက ဘာတုန်း။
“အဲ့စကားကို ငါကပြောရမှာပါနော်”
အိတ်ကပ်ထဲက လက်ကိုင်ပုဝါကိုထုတ်၊ ရေတွေသီးနေသည့် မျက်နှာကို ခပ်ဖွဖွသုတ်ရင်း ပတ်ဂျီမင်းကိုကြည့်ကာ ဘာကိုဆိုလိုချင်မှန်း နားမလည်သေး။
“မင်းက ငါနဲ့ အတူတူအိပ်ပေးရမှာ။ ဘယ်လိုလဲ စိတ်ဝင်စားရဲ့လား ဂျွန်ဂျောင်ကုလေး”
တကယ်ပါပဲ။
ရယ်နိုင်စွမ်းတောင် မရှိတော့။
“နောက်ပြီး ဒါအတွက်လည်း ပူစရာမလိုဘူးနော်”
လက်ညှိုးနဲ့ လက်မကို ကွေးကာ အဝိုင်းလေးလုပ်ပြသည်။ ထပ်ပြီး ရယ်နိုင်စွမ်းမရှိ။ ပတ်ဂျီမင်းက အမျိုးစုံ ကြိုးခုန်တတ်လွန်းသူ။ ဉာဏ်နီ၊ ဉာဏ်နက် ဉာဏ်သက်တန့်တို့ရဲ့ မူပိုင်ရှင်။
“လက်ခံတာချင်းအတူတူ ရေနဲ့ပက်ဖို့အထိက လိုလို့လား”
“ဇာတ်ကားတွေထဲမှာ ဒီလိုပဲ လုပ်ကြတာလေ။ နောက်ပြီး ပတ်ဝန်းကျင်အမြင်ကလည်း အရေးကြီးသေးတယ်မလား”
ဆိုင်လေးထဲ ဝေ့ဝဲကြည့်လိုက်တော့ ရေနဲ့အပက်ခံထားရသည့် သူ့ကို အကဲခတ်နေကြသည့် နေရာအစုံက မျက်လုံးများ။
“ဒါပေါ့ သိပ်အရေးကြီးတာပေါ့။ မင်း အခုလိုလုပ်လိုက်တော့ ငါ့ကို မကောင်းတဲ့လူလို့ ထင်ကုန်ကြပြီလေ”
“ငါ့ကို မအော်ပါနဲ့”
သူ့အသံက နည်းနည်းကျယ်သွားတာမို့ ပတ်ဂျီမင်းက အခွင့်အရေးကို လက်လွတ်မခံ။ ခေါင်းလေးငုံ့၊ နှာလေးတရှူံ့ရှုံ့လုပ်ကာ အပီအပြင် ဇာတ်နာတော့သည်။ ဒုတိယမ္ပိရောက်ချလာသည့် ပရိသတ်တွေရဲ့ မျက်လုံးတွေကြောင့် ဂျောင်ကုတစ်ယောက် ဆက်ပြောမဲ့ စကားတွေပင် မေ့သွားရသည်။
“မင်း....တွေ့မယ်”
အံကြိတ်ရင်း သွားကြားထဲကလေသံဖြင့် အနားကပ်က ပြောလိုက်တော့ မျက်လုံးလှန်ကြည့်လာသည်။ လူတွေထင်နေသလို ငိုဖို့နေနေသာသာ ပြုံးရိပ်သန်းနေသည့် နှုတ်ခမ်းများနဲ့ မူပိုင် လှောင်ထေ့ထေ့ မထိတထိ အကြည့်တွေပဲပေါ့။
“လိုချင်တဲ့ပမာဏ စဉ်းစားထားလိုက်နော် ဂျွန်ဂျောင်ကုလေး ပြီးတာနဲ့ ဒီည တိုက်ခန်းကိုလာခဲ့”
အိတ်ကိုလွယ်၊ မျက်မှန်ကောက်တပ်ကာ လက်ဖျားလေးချီရင်း တင်တင်စီးစီး မှာနေပုံက နေရာမှာတင် ဘယ်ပြန်ညာပြန်ကို ကိုင်ဆောင့်ပစ်ချင်စရာ။
“ဘိုင့်”
လက်ချောင်းကလေးတွေလှုပ်ကာ ပိုပိုသာသာ နှုတ်ဆက်ပြီးနောက် ဆိုင်ထဲက ထွက်လာခဲ့သည်။ သူရော ကိုယ်ပါ အဆင်မပြေကြတာချင်းအတူတူ ဒီလို လာချိုးလို့တော့ ဘယ်ဖြစ်မလဲ။
ဘဝမှာ ကြုံတောင့်ကြုံခဲ တစ်ခါလောက်တော့ ရုပ်ရှင်ဒရာမာဆန်ဆန် ဂျွန်ဂျောင်ကုရဲ့ မျက်နှာကြီးကို ရေနဲ့ ထိထိမိမိ ပက်ပစ်ခဲ့သည်။
Advertisement
အားရချက်ကွာ။
_______________________
“တံခါးလာဖွင့်ပေး”
အိမ်ရှေ့မှာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်နေသည့်တိုင်း ဘဲလ်မတီးဘဲ ဘာကြောင့် ဖုန်းထခေါ်ရသနည်း။ ဂျွန်ဂျောင်ကုက တကယ့်ကို လူ့ဂွစာ သောက်ဂယက်ကောင်။
“ဝင်ခဲ့”
မျက်နှာထားတင်းတင်းနဲ့ တံခါးဖွင့်ပေးလိုက်သည်။ ဘောင်းဘီအိတ်ကပ်ထဲ လက်နှစ်ဖက်ထည့်ကာ စတိုင်ကျကျလေး ဝင်လာပုံက မသိလျှင် သူက အိမ်ရှင်လား၊ ကိုယ်က အိမ်ရှင်လား မသဲကွဲ။
“ငါ့အိမ်မှာ...”
ငါ့အိမ်မှာနေရင် ငါ့စည်းကမ်းပဲဟု ပြောရုံရှိသေး၊ စကားတောင် မဆုံးခဲ့လိုက်။ လူတစ်ကိုယ်လုံး အားနဲ့ ဆွဲသိမ်းခံလိုက်ရတာမို့ ဂျွန်ဂျောင်ကုရဲ့ ရင်ခွင်ကြီးထဲ လုံးလုံးလျားလျား ရောက်ရှိသွားခဲ့ကာ နှုတ်ခမ်းတွေကို နှုတ်ခမ်းတွေနဲ့ပဲ နှုတ်ပိတ်တာ ခံလိုက်ရသည်။
အဲ့နေ့ညက သူ တစ်ခု တွေးခဲ့မိတယ်။
ဂျွန်ဂျောင်ကုရော သူကိုယ်တိုင်ပါ တစ်ယောက်ကိုတစ်ယောက် ဒီလောက်အထိ လိုအပ်နေခဲ့ကြမယ်လို့ နှစ်နှစ်ဆယ်ကျော်လုံးလုံး မသိခဲ့ကြပါလားဆိုပြီး....။
သို့ဖြစ်ရာ ဤနည်းလမ်းအားဖြင့် ဂျွန်ဂျောင်ကုနဲ့ ပတ်ဂျီမင်းတို့ရဲ့ Enemy with benefits relationship ဟာ ခရီးတစ်ခု စတင်ခဲ့လေသည်။
___________________
ငါတို့က တကယ်ကို ထူးဆန်းတယ်တဲ့
ဒီအတိုင်းလေးကို ငါတို့ သဘောကျနေမိကြရုံပါ။
_PSYCHO
_____________________
“အား!!!”
“မင်း!”
“အဲ့ဒါ မင်းအကြံပဲမလား!”
“မင်းမေကို ကူညီလိုက်!”
ဗိုက်တစ်ချက်...
မျက်နှာတစ်ချက်...
ခြေထောက်တစ်ချက်...။
“ငါ မင်းကိုရဲတိုင်မယ်”
“အ! နာတယ်”
တကယ်တော့ သူ ဆေးခပ်ခံခဲ့ရတယ်။
သူတင်မဟုတ် ပတ်ဂျီမင်းရောပဲ။
“ဘာအတွက်...”
“ဘာမှလည်းမလုပ်ရပါလား"
“သောက်လေ”
“အေး မီရာလား”
“မနေ့ညက ပွဲကကိစ္စ”
ပြီးပြီ။ သွားပြီ။
__________________
“ဘာကိစ္စလဲ”
“လိုရင်းကိုပြော”
“ငါနဲ့ အတူတူအိပ်ပေး”
ဗွမ်း!
တကယ်ပါပဲ။
“ငါ့ကို မအော်ပါနဲ့”
“မင်း....တွေ့မယ်”
“ဘိုင့်”
အားရချက်ကွာ။
_______________________
“တံခါးလာဖွင့်ပေး”
Advertisement
- In Serial36 Chapters
Kingdom of the Lich
Hidden deep beneath the ruins of his home, Reud waited. As an undying lich, time was of no consequence, all that mattered was bringing back the person closest to him, his wife Lilia. In the world above, the empire that destroyed his home have ruled the land with an iron fist, kidnapping any child with a hint of magic, depriving the people of the only ones with the power to protect them from the ravages of the magical beasts that hunt in the night. The once thriving land has been reduced to isolated communities, barely scraping together a living. How will Reud and Lilia react to the new world they find themselves in? How will the world react to those with the power to change it?
8 582 - In Serial12 Chapters
Gamer wars
[participant in the Royal Road Writathon challenge] Andy has little to live for and even less fucks to give. When at the end of his rope, a stranger offers him a deal to enter a competition with life and deaths stakes in a series of games against other gamers, he doesn't hesitate to accept. After all the prize for winning is enough to turn everything around for him.Authors note - WARNING, spoilers ahead: The first game played is a hardcore engineering focused space survival. So stay away, if that's not your sort of thing.
8 219 - In Serial37 Chapters
Mecha Dragons of Mars
It's the not-too-distant future and Earth is no more; the planet was accidentally blown up by explosives expert Cole Rapp after being deemed no longer habitable. Humanity (or at least what remains of it) has relocated to nearby newly terraformed Mars to try to start anew.Other than the recent immigrants, no signs of terrestrial life have been found on the fourth rock from the sun. But recent strange sightings and unexplainable fires seem to suggest that Earthlings are not alone. Could it be Martians, mysterious and hostile? Or is it something far more dangerous? (Cover Art Credit: gej302)
8 182 - In Serial11 Chapters
Blazing Translocation
Meet Blake Lambet, an average guy who has a peaceful, boring life. All that changes though when he's hit by a meteor! It was so fast he doesn't even remember any pain, and when he wakes up, he's not in heaven getting a foot massage and drinking tea, nor is he having a spa day with the devil, nope, he's in a cave, and he soon finds out that he's not in British Columbia anymore, he's not even on earth!
8 137 - In Serial17 Chapters
Doctor in Immortal World
Han Cang, who used to follow the path of Daoism, and once belonged with the most remarkable warriors in upper class, an elite among his Daoist fellows, has now fallen into mortal world, namely, Earth. Since then, he enjoys his “retired life” quite a lot as being an alcohol retailer who owns a shop on the street, and gets used to live like a mortal, until a mysterious teen walks in his shop in another boring afternoon. The young girl who gets a pair of pink eyes comes for a little help that Han Cang should never respond, a transmigration to immortal world. Regardless of her inscrutable purposes, soon Han Cang finds his shop being under attack by people who possess the power from the other world to which he once belonged, and that leaves his perfectly peaceful ordinary life in ruin. To find out the truth and solve some pending issues left alone long ago, Han Cang returns to immortal world with the mysterious girl. This time, he will be known as a Doctor, to face the enemies whom he used to call brother and master, and even worse, the woman who once brought him peace and now hunts him to death. The great rebellion of one man against the entire universe of Dao has just begun…
8 75 - In Serial12 Chapters
The Traveler of Space (and Time)
A kid gets the abilty to travel in any direction he wants. Follow his adventures as he tries to get rich, save the world, impress the girl he likes and become an ultimate badass.
8 74