《Three Bears - 곰세마리》Three Bears - 4
Advertisement
"Hi"
Luggage တစ်လုံးဆွဲကာ လေဆိပ်ပရဝုဏ်ထဲ ခပ်ကြွကြွလေး လှလှပပ ဝင်ရောက်လာသူ။ စုရပ်မှာ သူ့ကိုစောင့်နေကြပုံရသည့် Flight attendant တွေကို အပြုံးတစ်ပွင့်နဲ့အတူ လက်ပြနှုတ်ဆက်လိုက်သည်။
"နည်းနည်းနောက်ကျသွားတယ်။ စိတ်မရှိကြပါနဲ့"
"အခုထိ လိုသေးတာပဲ။ ကိစ္စမရှိပါဘူး"
Crew ထဲမှ တစ်ယောက်က ပြောလာတော့ တချို့က ထောက်ခံကြသည်။ တချို့ကတော့ မလိုလားစွာ မျက်နှာမဲ့ပစ်လိုက်ချင်ပေမဲ့ စိတ်ထဲမှာပဲ သိမ်းထားလိုက်သည်။ နေရာတကာမှာ သူတို့ထက် ပိုလှရုံ၊ သတင်းမွှေးရုံနဲ့ ပစားပေးခံနေရတယ်လို့ တွေးကြမှာမလွဲ။
ကာယကံရှင်ဖြစ်တဲ့ ဂျီမင်းကိုယ်တိုင်လည်း ဒီအကြောင်းအရာတွေကို မသိတာတော့မဟုတ်။ သို့သော် လုပ်ငန်းခွင်ထဲ ဘာပြဿနာမှ မဖြစ်ချင်တာမို့ ရေလိုက်ငါးလိုက်သာ နေထိုင်လိုက်သည်။ ပြဿနာက ဟိုသောက်ရူးကောင်နဲ့တင် နေ့တိုင်းနီးပါး တက်နေတာမို့ တခြားသူနဲ့ ထပ်ဖြစ်စရာ မလိုအပ်ဘူး၊ မလိုတော့ဘူး။
"အော ဂျီမင်းရှီး လည်ပင်းက..."
"လည်ပင်းက ဘာဖြစ်လို့လဲ"
"ဟို....အရာထင်နေ...."
အကုန်လုံးရဲ့အကြည့်တွေ သူ့ဆီရောက်မလာခင် လှစ်ခနဲဆိုသလို လည်ပင်းကို ခပ်မြန်မြန်ဖုံးလိုက်သည်။ လည်စည်း စည်းပြီး ဖုံးကွယ်ထားတာတောင် မြင်ဖြစ်အောင်မြင်တဲ့ တောင်ဖောက်မဲ့ မျက်လုံးတွေပါပဲ။ အင်း ဒီအရာကျ ဘယ်သူရှိမလဲ...သောက်ရူးကောင် ဂျွန်ဂျောင်ကုရဲ့ လက်ချက်ပဲပေါ့။
"မတည့်တာတစ်ခုခု စားမိလို့ဖြစ်မယ်။ အထွေအထူးမဟုတ်ပါဘူး"
ဘယ်သူမှ ထိုစကားကို မျက်စိမှိတ်ယုံကြမှာ မဟုတ်ပေမဲ့ ကာယကံရှင်ဖြစ်တဲ့ သူကိုယ်တိုင်က ငြင်းထားမယ်ဆိုရင် ဘာတတ်နိုင်မှာလဲ။ မဟုတ်လည်း မဖြစ်နိုင်ဘူးဘာညာ ထင်ကြေးပေးရုံလောက်ပေါ့။ ဒီလိုပဲလေ အာချောင်ခွင့်လောက်တော့ ပေးသင့်ပါတယ်။
လေယာဉ်မထွက်ခွာခင်မှာတော့ သန့်စင်ခန်းဝင်ခဲ့လိုက်ပြီး လည်ပင်းက အရာကို မိတ်ကပ်ပြန်ဖိကာ အရမ်းကြီး မသိသာတော့အောင် ဖုံးလိုက်သည်။
ငါ့ကို အလုပ်ရှုပ်အောင်လုပ်တဲ့ဟိုကောင်
လမ်းသွားနေရင်း ခလုတ်တိုက်လဲပါစေ။
"ပလုတ်တုတ်!"
"ဂျောင်ကုရှီး"
လေကို ခလုတ်တိုက်ပြီး ခြေလှမ်းယိုင်သွားတာမို့ အတူတူ လမ်းလျှောက်နေသည့် ရိုအာပင် အလန့်တကြားဖြစ်ကာ မျက်လုံးပြူးသွားရသည်။
"ရရဲ့လား"
"အာ ဟုတ်ကဲ့ ရပါတယ် ဘာမှမဖြစ်ပါဘူး"
ဒေါက်အမြင့်စီးထားတဲ့ ရိုအာကိုမှ အားမနာ။ ရှိုးလည်းပဲ့သလို တော်တော်လေးလည်း မျက်နှာပူသွားရသည်။ တစ်ယောက်ယောက်များ သူ့ကို ကွယ်ရာကနေ ကျိန်ဆဲနေလားမသိ။
"ဝင်ကြစို့"
ဒီတစ်ခေါက်မှာတော့ ခြေလှမ်းတွေကို စောနကထက် ပိုသတိထားလိုက်ပြီး အစည်းအဝေးခန်းမထဲ ဝင်ခဲ့သည်။ ဟူး ဘဝကလည်း လမ်းလျှောက်ရတာတောင် မလွယ်ပါလား။
_______________________
သည်တစ်ခေါက်မှာတော့ ဂျီမင်း လိုက်ပါတာဝန်ထမ်းဆောင်ရသည့် Global Asia က ပဲရစ်မြို့တွင် ရပ်နားခဲ့သည်။ ဆိုးလ်ကို မပျံသန်းခင်အထိ ရက်ပိုင်းမျှ အချိန်လည်းရ၊ ရောက်တုန်းရောက်ခိုက်လည်း ဖြစ်တာမို့ Crews က လူတွေနဲ့ပဲ ပျော်ပျော်ပါးပါး လည်ကြပတ်ကြဖို့ ဆုံးဖြတ်ထားလိုက်သည်။
ကြုံတုန်း မုတ်ဆိတ်ပျားစွဲဆိုသလို နှစ်ခါပြန်မရနိုင်သည့် အခွင့်အရေးတစ်ခုပေါ်လာသည်။ လေယာဉ်မှူးရဲ့ မိတ်ဆွေတစ်ယောက်က ပဲရစ်မှာပဲ နေထိုင်သူဖြစ်ကာ ပါတီလည်း ပေးဦးမယ်ဆိုပဲ။
"ဟောလ် မိုက်လိုက်တာ"
"မိုက်ချက်ပဲ"
အပြင်ပန်းက ကြည့်ရင်တော့ သာမန် အိမ်ကြီးအိမ်ကောင်းတစ်လုံးလို့ ထင်ရပေမဲ့ အိမ်အတွင်း အပြင်အဆင်တွေကတော့ အဖွဲ့သားအကုန်လုံးကို အာမေဍိတ်အမျိုးမျိုး ထွက်ကျလာစေပါသည်။ ရှေးရိုးဆန်တယ်ထင်ရပေမဲ့ အရမ်းကြီး အိုဟောင်းနေတာမျိုးလည်းမဟုတ်။
ခေတ်နှစ်ခေတ်ကို ရောနှောထားသလို အငွေ့အသက်မျိုးနှင့် အပေါ်ထပ်ကို တက်ရသည့် လှေကားကြီးက အသက်ပါပဲ။ အပြိုင်ဆင်းလာသည့် လှေကားနှစ်ခုက လမ်းတဝက်မှာ ပေါင်းစည်းသွားကာ အိမ်အောက်ထပ်နှင့် ဆက်သွယ်ထားလေသည်။
လှေကားထိပ်ကနေ အိမ်အပေါ်ထပ်ကို ရပ်ကြည့်နေရင်း ဂျီမင်းစိတ်ထဲ အမည်တပ်မရသည့် ခံစားချက်တချို့နှင့် ရှုပ်ထွေးလို့နေခဲ့သည်။ ဖြစ်နိုင်တာ ဒီလို အိမ်ကြီးအိမ်ကောင်းမျိုးရဲ့ အငွေ့အသက်ကို အခုမှ ပထမဆုံးအကြိမ် ကြုံဖူးတာကြောင့်ဖြစ်မယ်။
"အပေါ်တက်ခဲ့ကြပါ"
အပေါ်တက်ခဲ့ဖို့ အမျိုးသမီးက ဖိတ်ခေါ်လာတော့ အကုန်လုံး တညီတညာတည်း အိမ်အပေါ်ထပ်ကို တက်ခဲ့ကြသည်။ လက်ဖဝါးအောက်ရှိ လှေကားလက်ရန်းတွေကအစ သူတို့မမြင်ဖူးသည့် အံ့ဖွယ်တည်ဆောက်မှုမျိုး။
"ဒီလိုမှန်းသိ ဂါဝန်ဝတ်ခဲ့ပါတယ်"
လေယာဉ်မယ်လေးတစ်ယောက်က အိမ်ကြီးထဲမှာ Vintage ဆန်ဆန် ဓာတ်ပုံရိုက်ဖို့ ဂါဝန်မဝတ်ခဲ့မိ၍ နောင်တရသလို ပြောလာသည်။ ဘယ်သိကြပါ့မလဲလေ ပါတီလို့ပြောခဲ့တာကိုး။ ခုတော့ ထိုစကားကြောင့် ဂျီမင်းအပါအဝင် အကုန်လုံး ပြုံးစိစိ။
"အမွေစံအိမ်ကြီးမို့ ခုထိအောင် သေချာထိန်းသိမ်းခဲ့ကြတာလို့ပြောတယ်"
လေယာဉ်မှူးချွဲက ပြောပြလာတော့ အကုန်လုံး စိတ်ဝင်တစား ခေါင်းတငြိမ့်ငြိမ့်။ ပါတီဆိုပေမဲ့ ဝုန်းဝုန်းဒိုင်းဒိုင်းမဟုတ်၊ ငြိမ့်ငြိမ့်ညောင်းညောင်း အေးအေးလူလူ ပါတီဖြစ်ပြီး အကုန်လုံးအတွက် သေချာလေးနဲ့ ကောင်းကောင်း အနားယူနိုင်ဖို့ စီစဉ်ထားတာဟု ဆိုလာသည်။
"Cheers!"
စားပွဲဝိုင်းမှာ လူစုံတက်စုံ ထိုင်ရင်း ခွက်ချင်းတိုက်လိုက်ကြသည်။ စကားတပြောပြောနှင့် ဗိုက်တင်းသလောက် ရှိသွားသည့်အခါမှာတော့ လူတိုင်းက သူ့အုပ်စုနဲ့သူ စကားပြောကြ၊ ချက်စ်ကစားကြနှင့် သာသာယာယာ။
ဂျီမင်းလည်း ဖုန်းဝင်လာတာမို့ ကြည့်လိုက်တော့ ကောင်းကျိုးမပေးသည့် ဆိုးလ်မြေက ဂျွန်ဂျောင်ကုဆီကဖြစ်နေတာမို့ တစ်ယောက်တည်း ပါတီအပြင်ဘက်ကို ထွက်ခဲ့လိုက်သည်။ ဖုန်းပြောဖို့ နေရာကို ဝေ့ဝဲရှာကြည့်လိုက်ပြီး နီးနီးနားနားက လသာဆောင်လိုလို ဝရံတာလိုလို နေရာဆီ လျှောက်ခဲ့လိုက်သည်။
"ဘာတုန်း"
ဖုန်းကိုင်ကိုင်ချင်းမှာပဲ ဆော့င်ဆောင့်အောင့်အောင့် ထွက်ကျလာသည့် အသံ။
Advertisement
"ငါ့ကို လွမ်းနေလား"
"လဲသေ"
သောက်လက်စ ဝိုင်တွေကိုပင် ထွေးထုတ်ပစ်ချင်လောက်တောင် ဂျွန်ဂျောင်ကုက စက်ဆုပ်စရာ ကောင်းပါ၏။
"ပြောစရာရှိတာပြော။ ငါ မအားဘူး"
"ကလပ်မှာလား"
"ဒီတိုင်း အသိတစ်ယောက်ရဲ့ပါတီမှာ"
"အသံကို နားထောင်ရတာ ဒီချိန်ဆို ငြိမ့်နေလောက်ရောပေါ့"
"လိုရင်းကိုပြော"
လိုရင်းပြောမလာရင် ဖုန်းတန်းချပစ်လိုက်ဖို့လည်း ပတ်ဂျီမင်းက ဝန်မလေး။ သာသာယာသာ စည်းစိမ်ယူနေချိန်မှာ အဖျက်ပိုးတော့ တကူးတက လက်မခံလို။ စိတ်လည်းမရှည်တတ်။
"ငါ ရိုအာနဲ့ နောက်လထဲ စေ့စပ်ဖို့ သေချာသွားပြီ"
"ဘာလဲ ဂုဏ်ပြုပေးစေချင်တာလား"
"အဲ့လိုဆို သိပ်ကောင်းတာပေါ့ ချစ်သူငယ်ချင်းလေးရဲ့"
"သေလေ မင်းလိုကောင်နဲ့လက်ထပ်မဲ့ မွန်ရိုအာရဲ့ဘဝကတော့ သေချာတယ် လုံးဝသွားပြီပဲ"
ဂျွန်ဂျောင်ကု မျက်နှာက မဲ့ကျသွားသည်။ ဒီကောင် သူများ ဇနီးလောင်းကို မဦးမချွတ်တွေ ပြောနေလိုက်တာ။ ပဲရစ်အထိသာ လိုက်ကိုင်ပေါက်ရရင် မကောင်းရှိရော့မယ်။
"ပြောရရင် မွန်ရိုအာက မိန်းမကောင်းလေးပါ။ အင်း မင်းနဲ့ တန်တောင်မတန်ဘူး"
စလာပါပြီ။
မှိုချိုး မျှစ်ချိုးတွေ။
"ဒါဆို ငါနဲ့တန်သွားအောင် ရိုအာ့အစား မင်းက ငါ့ကိုလက်ထပ်ရင်ရော"
"ဖွီ! အဲ့နေရာမှာတင် နှစ်ခါပြန်သေလိုက်"
တစ်တစ်ခွခွပါပဲ။ ဒါတင် မကသေး၊ အပြင်မှာ အမျိုးမျိုးဖြစ်ပျက်နေသည့် ဂျီမင်းရဲ့ မျက်နှာထားကို ဂျောင်ကုသာ မြင်ခဲ့မယ်ဆိုရင်လည်း မလွယ်ကြော။
"မင်းလိုကောင်နဲ့ ရွှေပုံပေးတောင် မယူဘူး"
"ဒါပေမဲ့ ငါနဲ့အိပ်ဖို့တော့ ရွှေပုံပေးစရာမလိုဘူး ဟုတ်တယ်ဟုတ်"
"သောက်ကောင်!"
ခပ်ကျယ်ကျယ် ဆဲရေးပြီးသည်နှင့် တစ်ဖက်ကို ဂရုမစိုက်စွာ တီခနဲမြည်အောင် ဖုန်းချပစ်လိုက်တော့သည်။ အလကားကောင် ရိုအာနဲ့ စေ့စပ်တော့မှာကို ဂုဏ်ဆာပြီး သူ့ဆီပါ တကူးတက ဖုန်းတွေလှမ်းဆက်နေသေးတယ်။
ခွက်ထဲက လက်ကျန်ဝိုင်ကို ကုန်စင်သွားအောင် မော့သောက်လိုက်သည်။ စိတ်ထဲ တွေးနေမိတာက ဂျွန်ဂျောင်ကုဆီမှာ ဘယ်နည်းနဲ့မှ အကြောခံလို့မဖြစ်။ သူ့လက်ထပ်ပွဲဟာ ဘယ်သူ့ကိုမှ မမှီချင်နေ၊ ဂျွန်ဂျောင်ကုထက်တော့ အကုန်သာနေရမှ ကျေနပ်နိုင်မှာ။
မွန်ရိုအာလို ခပ်အေးအေးနေထိုင်တတ်သူမျိုးနဲ့ ဂျွန်ဂျောင်ကုလိုလူနဲ့ အဆင်ပြေနိုင်မလားလို့ စဉ်းစားကြည့်မိတော့ အဖြေထွက်မလာ။ အဲ့ကောင်က သူနဲ့သာ တွေ့တိုင်းကိုက်ဆိုပေမဲ့ မွန်ရိုအာ့အပေါ်မှာတော့ တလေးတစားနဲ့ နူးနူးညံ့ညံ့ရှိတတ်တာ ဂျီမင်းလည်း သိသည်။
ဂျွန်ဂျောင်ကုလည်း မွန်ရိုအာနဲ့ လက်ထပ်ပြီး သူလည်းပဲ ဥက္ကဌဂျန်နဲ့ လက်ထပ်ပြီးတဲ့အခါ ဂျွန်ဂျောင်ကုနဲ့ သူ့ကြားက Enemy with benefits relationship ကရော?
ဒါပေါ့ သေချာပေါက် ရပ်တန့်ရတော့မှာပဲ။ ဝန်မခံချင်ကြပေမဲ့ နှစ်ယောက်လုံး ပျော်သင့်သလောက် ပျော်ခဲ့ကြရပါတယ်ပေါ့။ ဂျွန်ဂျောင်ကုက မွန်ရိုအာနဲ့ စေ့စပ်ရုံမကလို့ လက်ထပ်သွားလည်း သူ့ဘက်က ရင်နာတာမျိုး၊ ကြေကွဲတာမျိုး လုံးဝ လုံးဝ မရှိပါ။
ပေါ့ပေါ့ပါးပါးလေးပင် ပခုံးနှစ်ဖက်ကို တွန့်လိုက်ရင်း လသာဆောင်ရဲ့ အပြင်ဘက်ကို တစ်ချက်ကြည့်မိတော့ ဟိုးကောင်းကင်ဆီက ရွေ့လျားနေသည့် မှိတ်တုတ်မှိတ်တုတ် မီးပွင့်ကလေးကို မြင်လိုက်သည်။ အတိအကျ လေယာဉ်တစ်စင်းပဲ။
မသိစိတ်ရဲ့ စေ့ဆော်မှုကြောင့်လားမသိ။ သူ့အနောက်မှာ တစ်ယောက်ယောက်ရှိနေသလို ခံစားလိုက်ရတာမို့ ဂျီမင်းလည်း ချက်ချင်း လှည့်ကြည့်လိုက်မိသည်။ အမှန်တကယ်လည်း လူတစ်ယောက်က အနောက်မှာ ရှိနေခဲ့ပါသည်။ သူ့ထက်ငယ်ပုံရသည့် ကောင်မလေးတစ်ယောက်။
ဂျီမင်းက လှည့်ကြည့်လာပြီမို့ ထိုမိန်းကလေးသည် တစ်ချက်ပြုံးပြကာ အနားကိုလျှောက်လာသည်။ မျက်လုံး၊ မျက်ခုံး၊ မျက်နှာပေါက်ကို ကြည့်ရသလောက် အာရှသူတော့ မဖြစ်နိုင်။
"ပွဲက ပျင်းစရာကောင်းလို့လား"
"အဲ့လိုမဟုတ်ပါဘူး။ ဖုန်းဝင်လာလို့ အပြင်ထွက်လာခဲ့တာ"
ရွှေအိုရောင်သန်းနေသည့် ဆံနွယ်ကောက်ကောက်လိမ်လိမ်လေးတွေနဲ့ အနောက်တိုင်းသူ ကောင်မလေးက ကိုရီးယားစကားကို ကောင်းကောင်းပြောတတ်တာမို့ စိတ်ထဲကပဲ ကြိတ်ချီးကျူးလိုက်မိသည်။
"ပထမဆုံး ပါတီလုပ်ဖူးတာမို့ လိုအပ်တာတွေရှိမှာတော့ အမှန်ပဲ"
"တော်တော်ပြည့်စုံနေပါပြီ"
ရွှေအိုရောင်လေး။ အင်း ခုထိ နာမည်မသိရသေးတာမို့ ရွှေအိုရောင်လေးလို့ပဲ လတ်တလော သတ်မှတ်လိုက်ကြတာပေါ့။ ၎င်းရွှေအိုရောင်လေးက ဂျီမင်းနဲ့အတူတူ လသာဆောင်မှာ ရပ်လာသည်။
မတိုမရှည် ဂါဝန်လှလှတစ်ထည်ကို ခပ်ရိုးရိုးသာ ဝတ်ဆင်ထားပြီး ဆံပင်တွေကိုတော့ ပန်းထိုးပြီး ဆံကျစ်ကျစ်ထားကာ အနည်းငယ်ကို ရှေ့ချထားလေသည်။ ဘယ်လိုပြောရမလဲ ဂျီမင်းမျက်လုံးထဲ အရမ်းရိုးရှင်းပြီး အေးချမ်းနေရောပဲ။
"မွေးနေ့ကို လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"မဟုတ်တာပဲ။ ကျွန်တော်ကတောင် ပြန်ကျေးဇူးတင်ရမှာပါ"
ယဉ်ယဉ်လေးနဲ့ လှတဲ့ အနောက်တိုင်းသူ ရွှေအိုရောင်လေးက စကားပြောနေသည့် တစ်လျှောက်လုံး တစ်ချက်အပြုံးမပျက်။ သူ(မ)လေးကို ကြည့်နေရင်း ဂျီမင်းပါ စိတ်ထဲ အေးချမ်းလာသလို။
"ဒီလိုဆို ခွင့်ပြုပါဦး"
"ကောင်းပါပြီ ဂျီမင်းရှီး"
နှုတ်ဆက်ကာ လှည့်ထွက်လာပြီးမှ "ငါ့နာမည်ကို သိနေတာလား" ဟု တွေးမိသွားသည်။ အခန်းထဲ ဝင်လိုက်ဖို့ ခြေတစ်လှမ်းသာ လိုတော့သည့်အချိန်မှာတော့ မနေနိုင်စွာ အနောက်ကို ပြန်လှည့်ခဲ့လိုက်တော့သည်။
"ဒါနဲ့ နာမည်က...."
ကျောပေးထားရင်း ကောင်းကင်ကို မော့ကြည့်နေသည့် ရွှေအိုရောင်လေးက သူ့အသံကြောင့် လည်ပြန် ငဲ့ကြည့်လာသည်။
"တစ်ယောက်ယောက်ကို မေးလိုက်လို့ရပေမဲ့ ကိုယ်တိုင်မေးကြည့်ချင်လို့"
_______________________
ဘာမှပြန်ပြောချိန်မရလိုက်။ ပတ်ဂျီမင်းက ဖုန်းကို ဦးအောင်ချသွားခဲ့သည်။ ဖုန်းကို ကုတင်ပေါ် ပစ်ချလိုက်ပြီး မျက်ခုံးကို တစ်ချက်ကုတ်လိုက်သည်။ ပတ်ဂျီမင်းကတော့ သူ့ကို ရိုအာနဲ့ လက်ထပ်ရတော့မှာမို့ လှမ်းကြွားတယ်လို့ ထင်နေလောက်ရောပေါ့။
Advertisement
အိပ်မက်။
တကယ်တမ်း
အိပ်မက်တစ်ခုကြောင့်ရယ်ပါ။
ညနေစောင်းမှာ ရေချိုးပြီး မှေးခနဲ အိပ်ပျော်သွားသည့် တခဏ အိပ်မက်တစ်ခု မက်ခဲ့သည်။ ယင်းအိပ်မက်ထဲမှာ ပတ်ဂျီမင်းက လေယာဉ်ပျက်တစ်စင်းဘေး ချုံးချုံးချအောင် အော်ဟစ်ရင်း ငိုကြွေးနေခဲ့သည်။ အခုပြန်တွေးကြည့်ရင်တောင် ပီပီပြင်ပြင်ကြီး မျက်လုံးထဲ မြင်ယောင်လို့ရတုန်းပဲ။
ယုတ္တိမရှိတဲ့ အိပ်မက်တစ်ခုဆိုပေမဲ့ သူ့တစ်ကိုယ်လုံး ရေချိုးထားသလို ချွေးတွေအပြည့်။ ထိုအိပ်မက်ကြောင့်ပဲ လန့်နိုးလာပြီး ခံစားချက်လည်း မကောင်းသလိုရှိလာတာမို့ နိုးနိုးချင်း ဘာမှမစဉ်းစားမိနိုင်စွာ ပတ်ဂျီမင်းဆီ ဖုန်းကောက်ဆက်လိုက်တာ။
အပြင်မှာတော့ သကောင့်သားက အော်ငိုဖို့နေနေသာသာ သူ့ကိုတောင် ရေပက်မဝင်အောင် ဆိုးဆိုးယုတ်ယုတ်တွေ ဆဲလို့ဆိုလို့ ပြောလို့ပင်မဝ။
______________________
လွန်ခဲ့သည့် နှစ်ပိုင်းဆီသို့ >>
"ဂျီမင်း!"
သူငယ်ချင်းတစ်ယောက်က ချောင်ကျကျ ဝိုင်းမှာ ထိုင်နေရင်း သူ့ကို လက်လှမ်းပြသည်။ အားရပါးရ နေရာမှာ ဝင်ထိုင်ပြီးကာမှ ဂျွန်ဂျောင်ကုမျက်နှာကြီးက ရှေ့တည့်တည့်မှာ ဘွားခနဲ ပေါ်လာသည့်အခါ မျက်လုံးတစ်ချက် ပြူးပြလိုက်သည်။
"သွားပြီ"
"ဟ နေပါဦး မင်းလည်း ခုနကမှရောက်တာကို"
"လေကောင်းလေသန်ရှူဖို့လိုနေပြီထင်လို့"
ဒီ....ငါ။
လေထဲ လက်နဲ့ ယပ်ခတ်သလို လုပ်ပြရင်း ဂျွန်ဂျောင်ကုက ဝိုင်းမှ ချက်ချင်း ထထွက်သွားသည်။ ကောင်းတယ် တစ်ကြောရှင်း။ အခုမှပဲ လေထုက ပိုသန့်သွားတယ်။
"ဂျွန်ဂျောင်ကုတို့ သာယာနေပြီ"
မေးငေါ့ပြရာကို ကြည့်လိုက်တော့ စော်လေးတစ်ပွေနဲ့ အတော်ဟုတ်နေပုံရသည့် ကုပ်ကမြင်းကို တွေ့လိုက်ရသည်။ မြင်မြင်ချင်းမှာပဲ နှုတ်ခမ်းတွေက အလိုလိုရွဲ့လိုက်ပြီးသား။ သကောင့်သားဟာဖြင့် ပါးစပ်ကြီး နားရွက်တက်ချိတ်မှာတောင် စိုးရိမ်ရတဲ့အခြေအနေမျိုး။
"ပွဲတိုင်း ဒီကောင်နဲ့တိုးလို့ကို မပြီးနိုင်ဘူး"
စိတ်ပေါက်ပေါက်နဲ့ ပွဲဘေးထွက်ကာ အကွယ်တစ်နေရာတွင် တစ်ယောက်တည်း လွင့်နေလိုက်သည်။ ကျောင်းသားဟောင်းတွေ့ဆုံပွဲကို ဒီလိုဂါကျွတ်နေအောင်စီစဉ်ဖို့ ဘယ်လိုစိတ်ကူးမိကြလဲမသိ။
တစ်ဦးတစ်ယောက်တည်း တစ်ခွက်တစ်ဖလားချရင်း အရှိန်ကောင်းနေတုန်း ဒေါက်ဖိနပ်သံတချို့က နီးသထက် နီးလာခဲ့ပြီး အကြားအာရုံထဲ ဝင်ရောက်လာခဲ့သည်။ ဘာလဲ ဒီနေရာအထိ ဘယ်လိုရှာတွေ့ကြပြန်တာလဲ။
"ငါမှာထားတာ ပါရဲ့လား"
"ပါတယ်။ နင်ရော အိုကေနေပြီလား"
"ဘဲကြီးက စီနီယာမို့လားမသိ တော်တော်တော့ မလွယ်ဘူး"
ခိုးနားထောင်တာတော့မဟုတ်။ အကွယ်မှာ ကိုယ်ရှိနေမှန်း မသိကြဘဲ ကိုယ့်နားလာပြောနေသလိုမို့။
"ဒါပေမဲ့ ဒီညတော့ ဘယ်နည်းနဲ့မှ ပြေးမလွတ်စေရပါဘူး"
လက်ဝါးချင်းရိုက်ကာ နေရာက ပြန်ထွက်သွားကြသည့် မိန်းကလေးနှစ်ယောက်။ ကျောပြင်ကိုပဲ မြင်လိုက်သည့်တိုင် ထိုမိန်းကလေးနှစ်ယောက်ထဲက တစ်ယောက်ဟာ အစောပိုင်းအထိ ဂျွန်ဂျောင်ကုနဲ့ အထာမိနေသည့် တစ်ယောက်မှန်း တန်းသိလိုက်သည်။
ပြောသွားခဲ့သည့် စကားတွေနဲ့ ချိတ်ဆက်ကြည့်လိုက်မိတော့ မလွယ်သည့် စီနီယာဘဲကြီးဆိုတာ ဂျွန်ဂျောင်ကုကို ဆိုလိုနေမှန်း တန်းသဘောပေါက်လိုက်သည်။ ဥက္ကဌအလောင်းအလျာကြီးကတော့ ငါးမြှားချိတ်ကို မမြင်ဘဲ ငါးစာတွေ ကျွေးခံနေရပြီ။
အတွေးနဲ့အတူ ကြိတ်ဝမ်းသာရပါသည်။ အကယ်၍သာ ဒီည ထိုမိန်းကလေးရဲ့ အကြံအစည်တွေ ဖြစ်မြောက်သွားခဲ့မယ်ဆိုရင် မနက်ဖြန်က သူ့အတွက် အားရပါးရ ပေါက်ပေါက်စားပြီး ထိုင်ကြည့်စရာ ပွဲကြီးပွဲကောင်းပဲ။
"ဘာလာလုပ်တာလဲ"
ဘာစကားမှ ပြန်မပြောဘဲ ဂျွန်ဂျောင်ကုဘေးက ထိုင်ခုံမှာ ဝင်ထိုင်ရင်း ရင်ထဲက အပျော်လုံးဆို့ကာ ဝမ်းသာနေမှုကြီးကို မသိသာအောင် မနည်းဖုံးဖိရသေးသည်။
"ကောင်မလေးက မိုက်တယ်နော်။ မင်းကို တော်တော်ကြွေနေပုံပဲ"
သောက်စရာသွားယူနေပုံရသည့် ကောင်မလေးဆီ အကြည့်ပေးရင်း အားကျသလို လေသံနဲ့ ပြောပေးလိုက်တော့ ဘာပြောကောင်းမလဲ၊ အမြှောက်ကြိုက်တဲ့ ကိုယ်တော်ကြီး ဘဝကူးစရာမလိုဘဲ ဘုံခုနှစ်ဆင့်အထိ တန်းတက်တော့တာပါပဲ။
"အဟွန်း သူတို့သဘောကျတာက ဂျွန်ဂျောင်ကုဖြစ်နေတော့လည်း သိပ်မထူးဆန်းပါဘူး"
အမလေး ဝေါ့!
မဲ့ရွဲ့ကာ အန်ချပစ်လိုက်ချင်ပေမဲ့လည်း စိတ်ထိန်း၊ စိတ်ထိန်း အပျော်လေးတွေ စတောင်မစရသေးတာ ပျက်လို့တော့မဖြစ်ဘူး။
"စီနီယာ့အတွက်"
ကောင်မလေးက ကမ်းပေးလာသည့် ရှန်ပိန်ခွက်လှလှလေး။ ဂျီမင်းသည် ထိုရှန်ပိန်ခွက်ကလေးဆီက လှုပ်ရှားမှုတိုင်းကို တစိမ့်စိမ့် လိုက်ကြည့်မိရင်း နှုတ်ခမ်းတွေကပါ လိုက်ပြုံးနေမိသည်။ ဂျွန်ဂျောင်ကုက ထိုရှန်ပိန်တွေကို တစ်ရှိန်ထိုး မော့ချပစ်လိုက်သည့်အခါမှာတော့....။
အရသာရှိတယ်မလား။
ဒီညတော့.... ဂျွန်ဂျောင်ကုရဲ့ ကိုယ်ထဲမှာ ကောင်းကောင်းပျော်ခဲ့ကြနော်။
အကယ်၍
ထိုနေ့ညက
ရှန်ပိန်တစ်ခွက်ကိုသာ
မသောက်ဖြစ်ခဲ့ရင်....။
_____________________
လူတွေက
ငါတို့နှစ်ယောက်ကိုကြည့်ပြီး
ပြောကြတယ် ဆက်တိုက်
နားမလည်နိုင်ဘူးတဲ့....။
_PSYCHO
______________________
"Hi"
"အခုထိ လိုသေးတာပဲ။ ကိစ္စမရှိပါဘူး"
"ဟို....အရာထင်နေ...."
"ပလုတ်တုတ်!"
"ဂျောင်ကုရှီး"
"ရရဲ့လား"
"ဝင်ကြစို့"
_______________________
"ဟောလ် မိုက်လိုက်တာ"
"မိုက်ချက်ပဲ"
"အပေါ်တက်ခဲ့ကြပါ"
"Cheers!"
"ဘာတုန်း"
"ငါ့ကို လွမ်းနေလား"
"လဲသေ"
"ပြောစရာရှိတာပြော။ ငါ မအားဘူး"
"ကလပ်မှာလား"
"လိုရင်းကိုပြော"
စလာပါပြီ။
Advertisement
- In Serial7 Chapters
Reincarnation at the Naruto World
Our guy Zagan who literally has everything in his life Looks , Money, Grades despite that his not satisfied. Then a chance for entertainment was given to him as he died. Reincarnation at a Anime World. Watch as he dominates this world with the cheats he got. DISCLAIMER: I DO NOT OWN NARUTO,ONE PIECE,BLEACH OR ANYTHING ELSE FROM THE SOURCE MATERIAL. THIS STORY IS A PURE FANFICTION. THIS IS ALSO MY FIRST FANFICTION WRITTE PURELY FOR MY SATISFACTION SO GO AHEAD IF YOU WANNA CRITICIZE MY WORK.
8 95 - In Serial12 Chapters
The Plant Dungeon
I wrote this a while ago at my website. It is a mix of cultivation/dungeon with a few LitRPG themes, but not enough to justify the tag. I am migrating it here, so I don't have to keep paying WordPress for the site. I will continue writing this. So... Now for the synopsis. Follow the life of an unusual adventurer who got turned into a dungeon. Well... that was short. I guess I would just suggest reading the first few chapters to see how you like it. (remember, if enough people ask for it, I will continue writing it.) I have no Idea who owns the picture I used for the cover. If you want it down PM me and I'll take it down.
8 177 - In Serial15 Chapters
Just a Game
“A great corruption is spreading. The people cry out for a savior. For a hero. For YOU! Come join the fight, as the chosen of World Tree! Receive the blessings of the gods, battle fierce monsters, and become the hero you were meant to be, in Arcanum Online!” It was the cheesiest commercial Ethan had ever heard, but the gameplay was enough to draw him - and thousands of others - to the fantasy world of Lazuros. It’s the sort of place that can really draw you in - a huge open world, a deep character customization system, and a feature that makes time pass slower inside the game, extending your limited playtime! It was a little strange, though. As if it was a bit too realistic for a game of swords and sorcery. The NPC’s seemed almost alive, most quests didn’t reset and monsters respawned slowly. Still, for all it’s quirks, it was a good game! Just a game. And nothing more. …right?
8 350 - In Serial14 Chapters
Professor's Little Girl
Don't we all love a age gap
8 197 - In Serial932 Chapters
Leveling up the World
After his first college party, Dallion woke up in a small room without doors or windows. Next thing he knew, he woke up as an “awakened” in a small medieval village in the middle of nowhere. Now all he needs to do is figure what the heck is going on. And what’s the big deal with being awakened anyway?! Arc 2: The Adventure Arc starts at Chapter 85 Arc 3: The Wilderness Arc starts at Chapter 382
8 2105 - In Serial26 Chapters
9001: A Dungeon Ship Odyssey
Leah Binoli is a recent graduate of the Magic Academy of her world. Living in one of the hundreds of colonized worlds of the Galactic empire, this young human girl dreams of being the greatest space traveling adventure, named Space Cadets. To her luck, or by fates intervention, she finds a winning lottery ticket for a prize of 25,000 which is enough for a ship. In the world, like in all the galaxy, dungeons also exist and as time went by the were capable of being tamed. With her new found wealth she purchases a newborn core which instead of bringing her takes her to heaven, it annoys her to hell.
8 163