《Three Bears - 곰세마리》Three Bears - 3
Advertisement
ဘယ်အချိန်ကတည်းကလဲ
ဘယ်အရာကို အစပြုပြီးတော့လဲ
သူတို့ ဒီလိုအနေအထားမျိုးဖြစ်ခဲ့ကြတာ..?
"အမေ ဂျောင်ကုကီးနဲ့ဂျီမင်းနီး ရန်ဖြစ်နေတယ်!"
ငယ်ငယ်ကတည်းက မိသားစုနှစ်ခုလုံး နားရည်ဝနေအောင် ကြားခဲ့ရသည့် စကားတစ်ခွန်း။ ကျောင်းသွားရင်းလည်း ရန်ဖြစ်သည်။ ထမင်းလက်ဆုံစားရင်းလည်း ရန်ဖြစ်သည်။ လမ်းမှာ အမှတ်မထင် တွေ့မိရင်တောင် မျက်စောင်းခဲတတ်ကြသူတွေ။
အသက်တွေကြီးလာလို့ ရန်ဖြစ်ပုံ ဖြစ်နည်းသာ ပြောင်းလဲသွားလိမ့်မည်။ ရန်မဖြစ်ဘဲကတော့ နှစ်ယောက်လုံး မနေတတ်ကြ။ မူးယစ်ဆေးလိုပဲ။
"ငါ့အရုပ်ပြန်လျော်ပေး"
"မတော်တဆလို့ ပြောပြီးပြီလေ"
"ဒါဆို မင်းအရုပ်ကိုလည်း ပြန်တက်နင်းပစ်မယ်"
"ပတ်ဂျီမင်း!!"
ပျက်စီးနေသော အရုပ်နှစ်ရုပ်အလယ်မှာ တစ်ယောက်တစ်ပြန် သတ်ပုတ်နေကြသည့် မူလတန်းကျောင်းသားလေးနှစ်ဦး။
"ငါ့အရုပ်တွေကို မထိနဲ့လို့ ပြောထားတယ်လေ ကြောင်ချေးအိုးကောင်"
"မင်းအရုပ်က နဂိုကတည်းက စုတ်နေတာလေ ဘဲနှုတ်သီးကောင်ရ"
ဘေးချင်းကပ်နေတဲ့ အိမ်နှစ်အိမ်ရဲ့အလယ်မှာ လုံးထွေးသတ်ပုတ်နေသည့် ကလေးနှစ်ယောက်ကို လူကြီးတွေက ဝိုင်းဆွဲတော့မှ ရပ်သွားကြတော့သည်။
"နှစ်ယောက်လုံး ကိုယ့်အပြစ်ကိုယ် ပြန်သုံးသပ်ဖို့ပြင်ထားကြ"
အထူးသဖြင့် ဂျွန်ဂျောင်ကုရဲ့ ဖခင်က စည်းကမ်း အင်မတန် တင်းကြပ်သူပေမို့ ရန်ဖြစ်တာမျိုး လုံးဝမကြိုက်။ ကလေးငယ်ငယ်လေးတွေမို့ မိခင်နှစ်ယောက်က ချော့မော့ဖို့ စိတ်ကူးပေမဲ့ အန်ကယ်ဂျွန်တော့ ဆုပေး ဒဏ်ပေး စနစ်ကိုပဲ တသမတ်တည်း ကျင့်သုံးသည်။
အိမ်ထောင်ဦးစီးနှစ်ယောက်ကို မလွန်ဆန်နိုင်သည့်အခါ ကျန်သည့် အမျိုးသမီးကြီးနှစ်ဦးမှာ မျက်စိမျက်နှာ အပျက်ပျက်။ ဂျွန်ဂျောင်ကုက ဂျွန်မိသားစုမှာ တစ်ဦးတည်းသောသား ဖြစ်ပေတာမို့ အန်ကယ်ဂျွန်က ငယ်ကတည်းက လိုတာထက် ပိုတင်းကြပ်မြဲ။
ပတ်ဂျီမင်းကတော့ သားနှစ်ယောက်အနက် အငယ်ဆုံးဖြစ်ကာ Omegaလည်း ဖြစ်တာမို့ အစ်ကိုကြီးထက်စာရင် အများကြီး အလိုလိုက်ခံထားရသူ။ တစ်ဦးတည်းသောသားနဲ့ အငယ်ဆုံးလေးရဲ့ ရန်ပွဲတိုင်းကို အိမ်အရောက် သတင်းလာလာပေးတတ်သူက အစ်ကိုကြီး ပတ်ဂျီဆောင်း။
"ဂျီမင်းနီး ၊ ဂျောင်ကုကီး"
အခုလည်း နှစ်ယောက်သား အဖေ့စာဖတ်ခန်းအရှေ့မှာ ဒူးထောက် လက်မြှောက်ကာ အပြစ်ပေးခံနေရတုန်း အစ်ကိုကြီးက ခြေဖော့ကာ ရောက်လာပြန်ပါသည်။
"ဗိုက်ဆာနေမှာစိုးလို့ မုန့်လာပို့တာ"
ထမင်းဗူးလေးထဲ ထည့်ယူလာသည့် စားစရာတွေကို ညီငယ်နှစ်ယောက်အား တစ်လှည့်စီ ခွံ့ကျွေးတော့ စူပုပ်ပုပ်မျက်နှာတွေနဲ့ စားသည်။ မြှောက်ထားတဲ့လက်တွေကိုတော့ ကွယ်ရာမှာတောင် ခိုးမချရဲကြ။
အစ်ကိုကြီးကတော့ သူတို့နှစ်ယောက်လုံးနဲ့ ဆန့်ကျင်စွာ အေးချမ်းမှုကို လိုလားသူ။ စိတ်တအားရှည်တတ်သူမို့ ရန်ဖြစ်ဖို့ဝေးစွ၊ တော်ရုံတန်ရုံ စကားကိုတောင် လေသံမာမာနဲ့ မပြောတတ်။
"တည့်တည့်ရှုရှုနေကြပါဆို"
အပြိုင်မုန့်ဝါးနေသည့် ပါးဖောင်းလေးနှစ်ယောက်က မတည့်ချင်ပါဘူးဆိုသည့် အကြည့်တွေနဲ့ အစ်ကိုကြီးကို အပြိုင်ကြည့်လာကြသည်။ အစ်ကိုကြီးသည် သက်ပြင်းသာချရင်း ခေါင်းယမ်းလိုက်ရင်း မုန့်ဆက်ခွံ့သည်။
ထိုကဲ့သို့ အစ်ကိုကြီးကတောင် မတားနိုင်စွာ လက်မြှောက်အရှုံးပေးရသည်အထိ ဂျွန်ဂျောင်ကုနဲ့ ပတ်ဂျီမင်းက ငယ်ရန်ဖက်။
ခပ်ဖြည်းဖြည်းချင်း အရွယ်ရောက်လာတော့ ဂျောင်ကုက ဖခင်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို အမွေဆက်ခံပြီး ဦးစီးဦးဆောင်ပြုဖို့နှင့် ဂျီမင်းကတော့ ဝါသနာပါရာ flight attendant လုပ်ကိုင်ဖို့အတွက် သက်ဆိုင်ရာလမ်းကို အသီးသီး ရွေးချယ်ခဲ့ကြသည်။
စီးပွားရေးတက္ကသိုလ်ကနေ ဘွဲ့ရပြီး ကုမ္ပဏီမှာ အလုပ်စဝင်ဖို့အတွက် အတောင်ပံလေး စထွက်လာသည့်နေ့က ဂျွန်ဂျောင်ကုအတွက် ဂုဏ်ပြုပွဲကျင်းပခဲ့သည်။ ထိုညမှာလည်း ရိုးရာမပြတ် နှစ်ယောက်သား ဝက်ဝက်ကွဲ ရန်ဖြစ်ကြတာ ဂုဏ်ပြုပွဲပါပျက်လုမတတ်။
အစ်ကိုကြီးနဲ့ မိဘတွေက ဝင်ထိန်းလို့ ဟန်မပြတ် ပွဲသိမ်းသည်အထိ ဆက်နေနိုင်ခဲ့တာ။ အတိတ်ကို ဘယ်အချိန်ပြန်လှည့်ကြည့်ကြည့် နှစ်ယောက်လုံးက ရာဇဝင်လေးနဲ့။
နားထဲ ဂျွန်ဂျောင်ကုရဲ့ သီချင်းညည်းသံက ခပ်ကျယ်ကျယ် တိုးဝင်လာတာမို့ အအိပ်ပျက်သွားကာ ဂျီမင်းမျက်လုံးတွေ ပွင့်လာခဲ့သည်။ နဂိုကတည်းက နားကလည်း ပါးသလို အိပ်ရေးလည်း ဆတ်သူမို့ ဆက်အိပ်မရတော့။ တကယ့် ငှက်ဆိုးထိုးသံကြီး။
"နားဝင်ဆိုးလိုက်တာကွာ"
"ငါ သွားတော့မယ်"
ခေါင်းအုံးတစ်လုံးကို ယူကာ နားပိတ်ပြီး ဆက်အိပ်နေရင်းက ဂရုမစိုက်စွာ လက်ခါပြရင်း မြန်မြန်ကြွဟူသည့်သဘော ချက်ချင်း နှင်ထုတ်လိုက်သည်။
"ဘယ်သွားမလဲတောင် မမေးတော့ဘူးလား"
အသံထွက်မလာ။ တရှူးရှူး အသက်ရှူရင်း ပြန်အိပ်ချင်ယောင်ဆောင်နေသူအနား လျှောက်သွားလိုက်ရင်း ကုတင်ပေါ် လက်ထောက်လျက် ကိုယ်ကိုကိုင်းကာ ခပ်တိုးတိုးပြောလိုက်သည်။
"ဒီနေ့ ရိုအာနဲ့ ဒိတ်လုပ်မလို့လေ။ ဟိုနေ့ကမှ အသစ်ဖွင့်လိုက်တဲ့ စင်တာမှာ တွေ့ကြမှာ"
"ထွက်သွားစမ်း"
ဝှီးခနဲ မြှောက်တက်လာသည့် လက်ပြန်ရိုက်ချက်။ သူသာ မရှောင်လိုက်ရင် တော်တော်လေး အထိနာမှာ သေချာပါသည်။ တော်သေးတာက ပတ်ဂျီမင်းရဲ့ လက်ကွက်တွေကို သူ့ဘက်က အလွတ်ရနေပြီး ကြိုခန့်မှန်းတတ်လို့သာပေါ့။
"ဒိတ်တောင် ဒီအသက်အရွယ်မှ စလုပ်ဖူးတဲ့ကောင်က ကြီးကြီးကျယ်ကျယ် လာပြောနေတယ်"
"ဒီစင်တာက အခုမှ စဖွင့်တာ။ လွယ်လွယ်ဝင်လို့မရဘူး VIP ကဒ်ရှိမှ ဝင်လို့ရတာ ဒါတောင် အကန့်အသတ်နဲ့ "
ဂျီမင်း နားရွက်ကလေးတွေ ထောင်သွားရသည်။ ဒီကောင်က ဒီလိုနေရာမျိုးမှာ မွန်ရိုအာနဲ့အတူ ဒိတ်သွားလုပ်မဲ့အကြောင်း ပါးစပ်ပုပ်မတတ် လျှာခလုတ်တိုက်မတတ် သူ့ကို ကြွားပြနေတာပဲ။
"စားသောက်ဆိုင်မှာ ဒိတ်တာလောက်ကတော့ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်မှာ ကျန်ခဲ့ပြီ အဟွန်း"
မခံချိ မခံသာ ဖြစ်အောင် စကားလုံးတွေနှင့် ဆွသွားသည့် ဂျွန်ဂျောင်ကု။ တံခါးပိတ်သံနဲ့အတူ တိုက်ခန်းထဲက ထွက်သွားပြီဆိုတာ သေချာသည်နှင့် ကုတင်ပေါ် ဝုန်းခနဲ ထထိုင်လိုက်မိသည်။
Advertisement
ပြီးသည့်နှင့် ဖုန်းကိုဆွဲယူကာ အသစ်ဖွင့်သည့် စင်တာကို ရိုက်ရှာကြည့်လိုက်မိသည်။ စင်တာနာမည်ကို မြင်သည်နှင့် ဂျီမင်းရဲ့ နှုတ်ခမ်းတွေ အဆုံးစွန်အထိ ကော့တက်သွားခဲ့ရတော့သည်။
________________
"ထိုင်ပါ"
ရိုအာအတွက် ထိုင်ခုံကို ထုတ်ပေးလိုက်တော့ အပြုံးနုနုတစ်ပွင့်နဲ့ သူ့ကို ကျေးဇူးဟု ပြန်ပြောလာသည်။ ကိုယ်တိုင်လည်း တစ်ဖက်ခုံမှာ ဝင်ထိုင်လိုက်ရင်း သောက်စရာ တစ်ခုခု မှာဖို့ ပြင်လိုက်တော့သည်။
Luxury Shopping Mall ဆိုသည့်အတိုင်း အဆောက်အဦး တစ်ခုလုံးက မျက်စိကျိန်းဖွယ် တလက်လက် တဖိတ်ဖိတ်တောက်လို့နေသည်။ ဒိတ်ဟု အမည်ခံကာ ထွက်လာခဲ့ကြပေမဲ့ နှစ်ယောက်လုံးရဲ့စိတ်ထဲ ဒီနှစ်ထဲ အတော်လေး နာမည်ရနေသည့် လုပ်ငန်းစု တစ်နည်းအားဖြင့် ယခုစင်တာကို ပိုင်ဆိုင်သူ ဥက္ကဌဂျန်အား အကဲခတ်ကြည့်ဖို့ ရောက်နေကြခြင်းသာ။
"ဒါပြီးရင် အဝတ်အစားလေး ဘာလေး ဝင်ကြည့်ကြမလား"
"ကောင်းသားပဲ။ ရိုအာ့သဘောလေ"
လုပ်ငန်း ပါတနာနှစ်ဦးသည် အပေးအယူမျှမျှ။ စားရင်း သောက်ရင်း စကားအနည်းအပါးပြောပြီးသည့်နောက် အဝတ်အစားဝယ်ဖို့အတွက် စင်တာရဲ့ တတိယလွှာကို တက်ခဲ့ကြသည်။
ရိုအာနဲ့လိုက်ဖက်မည့် အဝတ်လှလှလေးတွေကို ကူရွေးနေတုန်းမှာပဲ "ဥက္ကဌကြီး ရောက်လာပြီ" ဟူသော အသံကို ကြားလိုက်ရသည်။ မတိုင်ပင်ထားပါပဲ ရိုအာနဲ့ အကြည့်ချင်းဆုံသွားရပြီး နှစ်ယောက်လုံး ပြိုင်တူဆိုသလို စက်လှေကားရှိရာကို လှည့်ကြည့်လိုက်မိသွားသည်။
မြင်ကွင်းကြောင့် ဂျွန်ဂျောင်ကုရဲ့ မျက်မှောင်တန်းတွေ ကြုံ့ခနဲ။ ပြုံးရယ်နေသည့် ပတ်ဂျီမင်းက ဥက္ကဌဂျန်ရဲ့ ဘေးမှာ။
"ဂျီမင်း ဘယ်သွားချင်သေးလဲ"
"ရှေ့ကဆိုင်မှာ အဝတ်အစားကြည့်မလားလို့"
ဥက္ကဌဂျန်ရဲ့အမေးကို ဂျွန်ဂျောင်ကုနှင့် ရိုအာ အား တစ်ချက်လှမ်းကြည့်ရင်း ဂျီမင်းက တပွင့်တပွင့်လေး မာယာသုံးကာ ဖြေလိုက်သည်။ ခပ်လှမ်းလှမ်းကနေ ကြည့်တာတောင် ဂျွန်ဂျောင်ကုရဲ့ မျက်နှာကြီးက အတော်လေး မဲကျလို့နေသည်။ မြင်ရတာ ကျေနပ်အားရစရာ။
"မင်္ဂလာပါ ဥက္ကဌကြီး"
ဆိုင်ထဲဝင်လာသည်နှင့် ဝန်ထမ်းလေးတွေရဲ့ ကြိုဆိုနှုတ်ဆက်သံက တညီတညာတည်း ထွက်ကျလာသည်။ မိမိအား မသိချင်၊ မမြင်ချင်ယောင်ဆောင်ကာ အဝတ်အစားရွေးနေသည့် ပတ်ဂျီမင်းကို ကြည့်ရင်း ဂျွန်ဂျောင်ကုက မဲ့ခနဲတစ်ချက်။
ရွှေပန်းကန်လှလှလေးက မနက်တုန်းက သူ့ကို ကြောသွားသည့်အချက်အား မကျေမနပ်ဖြစ်ကာ ဒီအထိ လိုက်လာပုံရသည်။ ရိုအာနဲ့ ဥက္ကဌဂျန်ကတော့ ရန်ဖက်နှစ်ယောက်ကို သေချာ သတိမထားမိသေး။
"ဒါလေး ဝတ်ကြည့်လိုက်မယ်"
"ဟုတ်ကဲ့ပါ ဧည့်သည်ရှင့် ဒီဘက်ကို ကြွပါ"
ဝန်ထမ်းမလေးက အင်္ကျီကို ရှေ့မှယူသွားပြီး ပတ်ဂျီမင်းက နောက်က လိုက်ပါလာသည်။ သူ့နံဘေးက ဖြတ်သွားသည့် တခဏမှာပဲ အောင်နိုင်သူလို အပြုံးမျိုးနဲ့ စေ့စေ့ကြည့်ရင်း သူ့လက်ချောင်းတွေကိုလည်း လက်သန်းလေးနဲ့ တမင်တကာ ထိခတ်သွားသူ။
"ရိုအာ ဒါလေး စမ်းကြည့်ချင်တယ်"
"ကောင်းပါပြီ"
ရိုအာသည်လည်း အဝတ်လဲခန်း တစ်ခုဆီ ဝင်သွားခဲ့တာမို့ ဆိုင်ထဲမှာ သူရယ် ဥက္ကဌဂျန်ရယ်သာ ကျန်ရစ်ခဲ့သည်။ ခန့်ခန့်သန့်သန့် အမျိုးသားနှစ်ယောက်က ပထမဆုံးအကြိမ် ဆုံဖူးကြတာဆိုပေမဲ့ မျက်လုံးချင်း ထိပ်တိုက်တွေ့သွားတဲ့အခါမှာတော့ သိသိ၊မသိသိ ခေါင်းငြိမ့်နှုတ်ဆက်လိုက်ကြသည်။
နောက်တော့ တခြားအဝတ်အစားတွေကို လိုက်ကြည့်သယောင် ဂျွန်ဂျောင်ကုသည် ပတ်ဂျီမင်း ဝင်သွားခဲ့သည့် အဝတ်လဲခန်းနောက် မသိမသာလေး လိုက်သွားခဲ့လိုက်သည်။
အဝတ်လဲနေတုန်း ဗြုန်းခနဲ အခန်းထဲရောက်ချလာသူကြောင့် ဂျီမင်းတစ်ယောက် တစ်ချက်တော့ လန့်သွားရသည်။ ဂျွန်ဂျောင်ကုမှန်း မြင်လိုက်သည်နှင့် လန့်တာကနေ ဒေါသအဖြစ် ပြောင်းလဲသွားသည်။
"ရူးနေလား။ ဒီအခန်းထဲထိ ဘာလိုက်လုပ်တာလဲ"
အပေါ်ပိုင်း ဗလာကျင်းနေသည့် ဖြူနုနု ခန္ဓာကိုယ်ဟာ အမှန်တကယ် အဝတ်အစားလဲနေမှန်း သိသာစေသည်။
"သဝန်တိုနေတာလား"
"ဘယ်သူကလဲ"
"ငါ့ကိုလေ"
တံခါးကို ကျောမှီကာ လက်ပိုက်ထားရင်း ယုံကြည်ချက်အပြည့်နှင့် ပြောလာသူကို အခုပဲ အခန်းအပြင်ဘက် ရောက်သွားအောင် ကန်ထုတ်ပစ်လိုက်သင့်လား။
"သေလိုက်လေ"
"သဝန်တိုလို့ပဲ ဒီအထိ လိုက်လာတာမဟုတ်ဘူးလား"
ဂျီမင်းက တစ်ချက် လှောင်ရယ်လိုက်သည်။ ထို့နောက် ဂျောင်ကုနည်းတူ အပြိုင်လက်ပိုက်လိုက်ရင်း ပြောလာသည်။
"ကြည့်ရတာ ငါ လက်ထပ်မဲ့၊ မင်းထက် အစစအရာရာ သာတဲ့လူက ဥက္ကဌဂျန်ဆိုတာ ပြောပြဖို့ ငါမေ့သွားခဲ့တယ်ထင်တယ်"
ဂျွန်ဂျောင်ကုရဲ့ မျက်လုံးဝိုင်းတွေက ရဲခနဲ။ ပတ်ဂျီမင်းနဲ့ ဒိတ်လုပ်ခဲ့တာ ဥက္ကဌဂျန်တဲ့လား။
"ဘယ်လိုလဲ လက်ထပ်ပွဲကို မင်း ညွှန်းတဲ့ ဒီစင်တာကြီးမှာပဲ လုပ်သင့်လား"
မျက်ခုံးပင့်၊ မျက်စပစ်ပြီး ပြောနေလိုက်ပုံက ဂျွန်ဂျောင်ကုမျက်လုံးထဲ နည်းနည်းလေးမှ အချိုးမပြေ။ ပက်ပက်စက်စက် ကိုင်ပေါက်ပစ်ချင်စရာ။
မည်သို့သော မှတ်ချက်မှ ပြန်မပေးမိဘဲ ရွှေပန်းကန်လှလှလေးအနား တစ်လှမ်းချင်း တိုးသွားလိုက်ရင်း မှန်ဘောင်ထက် လက်ထောက်ကာ ခန္ဓာကိုယ်ကို အဘက်ဘက်က ပိတ်ထားလိုက်သည်။
စင်တီမီတာ အနည်းငယ်မျှသာ ကွာဝေးတော့သည်အထိ မျက်နှာအနားကိုလည်း တိုးကပ်သွားလိုက်သည်။ ထို့နောက် ရုတ်တရက်ဆန်ဆန်ပင် ဒေါသအိုးကို ဘောင်တန်းပေါ် စွေ့ခနဲ မ,တင်ပစ်လိုက်တော့သည်။
စကားတစ်ခွန်းမှ မပြောဘဲ လုပ်ချင်ရာလုပ်နေသည့် ဂျွန်ဂျောင်ကုရဲ့ ပုံစံက မုန်းစရာကောင်းနေပေမဲ့ စိတ်ထဲကတော့ ဒီလိုအခြေအနေမျိုးမှာ မလုပ်သင့်သည့် တစ်စုံတစ်ခုကို မျှော်လင့်နေမိသည်။
ရိပ်ခနဲ နှုတ်ခမ်းဆီ ငုံ့ကျလာသည့် မျက်နှာကြောင့် အလိုလို မျက်လုံးမှိတ်လိုက်မိသည်။ သို့သော် ခါတိုင်းလိုပဲဟု ထင်ထားမိသည့် အနမ်းတွေအစား စကားတစ်ခွန်းက ထွက်ကျလာသည်။
Advertisement
"မင်းဆီမှာ ငါအမုန်းဆုံးအရာက ဘာလဲသိလား။ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီဆိုပြီး အထင်ကြီးလွန်းတာပဲ"
ချက်ချင်းလက်ငင်း မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ လှောင်ထေ့ထေ့ အပြုံး၊ မျက်နှာပေးနှင့် သူ့ကို ကြည့်နေသည့် ဂျွန်ဂျောင်ကု။ ဖျင်းခနဲဖြစ်သွားသည့် ခံစားချက်ကြောင့် ဂျီမင်းမျက်နှာတစ်ပြင်လုံးက စက္ကန့်မဆိုင်း ဒေါသလှိုင်းတို့ ထလာခဲ့သည်။
အဝတ်လဲခန်းထဲမှ ခပ်တည်တည် ပြန်ထွက်လာသည့် ဂျွန်ဂျောင်ကုကတော့ ကျေနပ်အားရနေသည့် အပြုံးမျိုးဖြင့်။
______________________
"ဒါပြီးရင် ဘယ်သွားဦးမလဲ"
"ဟုတ်သား။ မေ့နေတာပဲ အမေ့အတွက် မွေးနေ့လက်ဆောင် ဝယ်ပေးရဦးမှာ"
နေ့လယ်စာစားနေရင်း ရိုအာက အရေးကြီးသည့်အရာကိုမှ တစ်နေ့ခင်းလုံး မေ့နေမိသည့်အတွက် ခပ်ရှက်ရှက်ပြောလာသည်။
"ဒါဆိုလည်း သွားကြတာပေါ့"
အင်္ကျီအိတ်ကပ်ထဲ ထည့်ထားသည့် ဖုန်းက တရစပ်တုန်ခါလာတာမို့ ခွင့်တောင်းကာ ထုတ်ကြည့်လိုက်တော့ ပတ်ဂျီမင်းဆီက ဝင်လာသည့် မက်ဆေ့ခ်ျနှစ်စောင်။
ဘာများလဲဟုသော သိချင်စိတ်နဲ့အတူ ဖွင့်ကြည့်လိုက်တော့ လန့်ဖျန့်ကာ ချောင်းပင် ထဆိုးမိသွားသည်။
"အဆင်ပြေရဲ့လား"
"အာ ရပါတယ်။ ကိုယ် သန့်စင်ခန်း ခဏသွားလိုက်ဦးမယ်"
ရိုအာတစ်ယောက် ခေါင်းပဲငြိမ့်ပြလိုက်သလား၊ စကားနဲ့ပဲ လှမ်းပြောလိုက်သလားဆိုတာတောင် ဂျောင်ကု သတိမထားမိတော့။ ပုံမှန်ထက် မြန်ဆန်နေသည့် ခြေလှမ်းတွေနဲ့အတူ သန့်စင်ခန်းထဲဝင်ကာ လွတ်နေသည့်အခန်းတစ်ခုကို လော့ချလိုက်သည်။
အခုလေးတင် ပတ်ဂျီမင်း ပို့လာသည့် ဓာတ်ပုံကို ပြန်ဖွင့်ကြည့်မိတော့ နှာခေါင်းသွေးပင် လျှံလုမတတ်။ အဝတ်လဲခန်းထဲတုန်းက သူ့လုပ်ရပ်ကို မကျေနပ်လို့ ပြန်လက်စားချေတာပဲ ဖြစ်ရမယ်။
အိတ်ကပ်ထဲက airpod ကို ထုတ်ကာ နားမှာ တပ်လိုက်ရင်း ဒုတိယ မက်ဆေ့ခ်ျဖြစ်သည့် အသံဖိုင်ကို ဖွင့်ကြည့်လိုက်တော့ ဂျွန်ဂျောင်ကု မျက်နှာတစ်ပြင်လုံး ရဲခနဲ။ ပတ်ဂျီမင်းက တကယ့် ငါးမြွေထိုး။
"အားနာပေမယ့် ကျွန်တော် အရေးကြီးကိစ္စလေးပေါ်လာလို့ အရင်ပြန်မှဖြစ်တော့မယ် ရိုအာ"
"ရုတ်တရက်ကြီးပါလား။ ရပါတယ် ဒုဥက္ကဌကို ကြည့်ရတာလည်း တော်တော်အရေးကြီးပုံပဲ"
"ဟုတ်ကဲ့ တော်တော့်ကို အရေးကြီးလို့ပါ"
"ဒါဆို ကျွန်မတော့ ဒီမှာပဲ အိတ်ဝယ်ရင်း ခဏနေခဲ့ဦးမယ်"
"ကျေးဇူးတင်ပါတယ်။ ဒါဆို ကျွန်တော် အရင်သွားနှင့်ပြီနော်"
အဲကွန်းတွေ အစီအရီ ဖွင့်ထားတာတောင် ပူလောင်လောင် အိုက်စပ်စပ်ဖြစ်ကာ ချွေးပျံချင်နေသည့် ခန္ဓာကိုယ်။ စင်တာထဲမှ မပြေးရုံတမယ် ထွက်ခဲ့လိုက်ပြီး ကားကိုလည်း ခါတိုင်းထက် အမြန်မောင်းပစ်ခဲ့လိုက်တော့သည်။
"ပတ်ဂျီမင်း!"
တိုက်ခန်းဆီရောက်တော့ တံခါးကို ခပ်ကြမ်းကြမ်းဆွဲဖွင့်ပြီးနောက် လည်ပင်းက နက်ခ်တိုင်ကို ဖြည်လျှော့ပစ်လိုက်သည်။
"ဘာလဲ"
ဆိုဖာပေါ်ထိုင်ကာ လက်ထဲ ပေါက်ပေါက်တစ်ဗူးနဲ့ အေးအေးလူလူ ရုပ်ရှင်ထိုင်ကြည့်နေသူ။ ဘာကိုမှမသိ၊ ဘာကိုမှ မလုပ်ထားသည့် အဖြူထည်လေးအတိုင်း။
"ငါ့ဆီကို ပို့လိုက်တာတွေ...."
"အော် အဲ့ဒါလား။ ဒီတိုင်း ပျင်းနေလို့လေ။ အခုတော့ မပျင်းတော့ဘူး ဇာတ်ကားကြည့်နေလို့"
ပေါက်ပေါက်တစ်ပွင့် ပါးစပ်ထဲ ထည့်ရင်း ဘာမထီမျက်နှာထားနဲ့ ပေါ့ပေါ့လေး ဆိုလာပြန်သည်။ သူပေးလိုက်တဲ့ ဒုက္ခကြောင့် လက်ရှိမှာ ကြောင်ပျောက်နေရသူက ဂျွန်ဂျောင်ကု။
"ငါ့ကို ဘယ်လိုလုပ်ပေးမှာလဲ"
"ဘာလုပ်ပေးရမှာလဲ"
"မင်း....."
ပြုံးလိုက်တာ။ ဟုတ်တယ် အခုလေးတင် ပတ်ဂျီမင်း ပြုံးလိုက်တာကို သူ မြင်လိုက်သည်။ ရည်ရွယ်ချက်ရှိရှိ ပုံနဲ့ အသံဖိုင်ကို ပို့ထားခဲ့ပြီးမှ ရူးချင်ယောင်ဆောင်နေသူအပေါ် ဂျောင်ကု စိတ်မရှည်ချင်တော့ပါ။
"ငါတို့ကြားက သဘောတူညီချက်ကို မမေ့နဲ့ဦး ဂျွန်ဂျောင်ကု"
နှစ်ဦးနှစ်ဖက်လုံးရဲ့ လက်ခံလိုစိတ်မပါဘဲ၊ တစ်ဦးတစ်ယောက်က ငြင်းဆိုလာခဲ့ရင် ရှေ့ဆက်မတိုးကြဖို့ အချင်းချင်း သဘောတူညီချက် လုပ်ထားခဲ့ကြတာ။ လုံးဝ အခက်တွေ့နေပြီမို့ ဂျွန်ဂျောင်ကုတစ်ယောက် အံကို တင်းတင်းကြိတ်လိုက်မိသည်။
"Chance သုံးမယ်"
ပတ်ဂျီမင်းရဲ့ မျက်ခုံးတွေ ပင့်ခနဲ။ ဘာလဲ ဂျွန်ဂျောင်ကုက ဒီလောက်အထိ ဖြစ်သွားတာလား။ Chance ပါ သုံးရတဲ့အထိလေ။
"သေချာပြီလား"
"နှစ်ခါထပ်မပြောဘူး"
ပတ်ဂျီမင်းက အဖြေကို ကျေနပ်သွားသလို ထိုင်နေရာက လှလှပပလေး ပြုံးလိုက်သည်။ ပြုံးဆို Chance သုံးမိတဲ့သူက တစ်ဖက်လူဖြစ်စေချင်တာကို လိုက်လျောရတော့မှာကိုး။ ဘာဖြစ်ဖြစ်၊ ဘယ်လိုအရာဖြစ်ဖြစ် ငြင်းဆိုခွင့် လုံးဝမရှိ။
"နေ့ခင်းက မင်းရဲ့လုပ်ရပ်ကို ငါ မကျေနပ်ဘူး"
ခြေချိတ်ထိုင်ကာ လက်သည်းကိုက်ရင်း ပြောပြလာသူ။ ပုံစံကသာ ဖြူစင်သလိုလေး ဖြစ်နေတာ။ အတွင်းစိတ်က သူ့ကို ဘယ်လောက် အခဲမကျေနေသလဲဆိုတာ မေးကြည့်စရာပင်မလို။
"ငါကျေနပ်အောင် ဘယ်လိုလုပ်ပေးသင့်လဲဆိုတာ မင်းပဲ စဉ်းစားကြည့်"
မျက်လုံးကိုစုံမှိတ်၊ အသက်ကို ဝအောင်ရှူလိုက်ပြီးနောက် ဆိုဖာပေါ် ထိုင်နေသည့် လူဆီသွားကာ ရှေ့တည့်တည့်မှာ ဒူးထောက်ထိုင်ချလိုက်သည်။ နောက်ထပ် အပြုံးတစ်ပွင့်က နှုတ်ခမ်းဖူးဆီမှာ လွင့်ခနဲ။
ဒူးထောက်ထိုင်နေတာမို့ ရင်ဘတ်နားမှာ ရှိနေသည့် ခြေထောက်လေးတစ်ဖက်က ဟိုယိမ်း ဒီယိမ်းဖြင့် သူ့ရင်ဘတ်ကို ဖြတ်တိုက်ရင်း မထိတထိ ကစားလို့နေသည်။
"ဒါပဲလား"
"ခွင့်လွှတ်ပေးပါ"
အသံထွက်အောင်ပင် ရယ်လိုက်မိသည်။ ဂျွန်ဂျောင်ကုရဲ့ ခွင့်လွှတ်ပေးပါဆိုတဲ့ တင်းကြပ်ကြပ်အသံက မသိလျှင် ငိုချတော့မဲ့ အသံလိုမျိုး။ ရန်ဖက်လိုလူတစ်ယောက်ရှေ့မှာ ခခယယ တောင်းဆိုနေရတဲ့ ဂျွန်ဂျောင်ကုရဲ့ မာနတွေ ဘယ်လောက် ချိုးနှိမ်ထားရမလဲဆိုတာ အတပ်သိသည်။
"ကောင်းပြီလေ ခွင့်လွှတ်ပေးလိုက်မယ်"
လှောင်ရယ်သံတွေ စွက်နေသည့် လူသားကို အငြှိုးတကြီး စိုက်ကြည့်လိုက်ရင်း မတုံ့မဆိုင်း ဆိုဖာအောက်ကို ချက်ချင်း ဆွဲချပစ်လိုက်တော့သည်။ အခု မင်းအလှည့်ပြီးသွားပြီ ပတ်ဂျီမင်း။
"နာတယ် အရူးကောင်ရဲ့!"
တိုက်ခန်းလေးထဲက ထွက်ကျလာသည့် ထုရိုက်သံ၊ မကျေမချမ်း ဆဲရေးသံတွေကို ဂျွန်ဂျောင်ကုက နားဝင်ပီယံရှိစွာ နားထောင်သည်။ အဆုပ်လိုက် ထပျံကုန်သည့် လိပ်ပြာတွေဟာ သူတို့ပတ်ပတ်လည်မှာ။
ထိုနေ့က မမေ့သင့်တော့ အရာတစ်ခုကို ဂျောင်ကုရော ဂျီမင်းပါ မေ့လျော့နေခဲ့မိကြလေသည်။
____________________
ပြန်လှည့်မကြည့်နဲ့
ဒီလိုပဲ ငါတို့က...
ငါတို့ပီသစွာနဲ့ ရှေ့ဆက်ကြမှာ။
_PSYCHO
______________________
ဘယ္အခ်ိန္ကတည္းကလဲ
ဘယ္အရာကို အစျပဳၿပီးေတာ့လဲ
သူတို႔ ဒီလိုအေနအထားမ်ိဳးျဖစ္ခဲ့ၾကတာ..?
"အေမ ေဂ်ာင္ကုကီးနဲ႔ဂ်ီမင္းနီး ရန္ျဖစ္ေနတယ္!"
ငယ္ငယ္ကတည္းက မိသားစုႏွစ္ခုလုံး နားရည္ဝေနေအာင္ ၾကားခဲ့ရသည့္ စကားတစ္ခြန္း။ ေက်ာင္းသြားရင္းလည္း ရန္ျဖစ္သည္။ ထမင္းလက္ဆုံစားရင္းလည္း ရန္ျဖစ္သည္။ လမ္းမွာ အမွတ္မထင္ ေတြ႕မိရင္ေတာင္ မ်က္ေစာင္းခဲတတ္ၾကသူေတြ။
အသက္ေတြႀကီးလာလို႔ ရန္ျဖစ္ပုံ ျဖစ္နည္းသာ ေျပာင္းလဲသြားလိမ့္မည္။ ရန္မျဖစ္ဘဲကေတာ့ ႏွစ္ေယာက္လုံး မေနတတ္ၾက။ မူးယစ္ေဆးလိုပဲ။
"ငါ့အ႐ုပ္ျပန္ေလ်ာ္ေပး"
"မေတာ္တဆလို႔ ေျပာၿပီးၿပီေလ"
"ဒါဆို မင္းအ႐ုပ္ကိုလည္း ျပန္တက္နင္းပစ္မယ္"
"ပတ္ဂ်ီမင္း!!"
ပ်က္စီးေနေသာ အ႐ုပ္ႏွစ္႐ုပ္အလယ္မွာ တစ္ေယာက္တစ္ျပန္ သတ္ပုတ္ေနၾကသည့္ မူလတန္းေက်ာင္းသားေလးႏွစ္ဦး။
"ငါ့အ႐ုပ္ေတြကို မထိနဲ႔လို႔ ေျပာထားတယ္ေလ ေၾကာင္ေခ်းအိုးေကာင္"
"မင္းအ႐ုပ္က နဂိုကတည္းက စုတ္ေနတာေလ ဘဲႏႈတ္သီးေကာင္ရ"
ေဘးခ်င္းကပ္ေနတဲ့ အိမ္ႏွစ္အိမ္ရဲ႕အလယ္မွာ လုံးေထြးသတ္ပုတ္ေနသည့္ ကေလးႏွစ္ေယာက္ကို လူႀကီးေတြက ဝိုင္းဆြဲေတာ့မွ ရပ္သြားၾကေတာ့သည္။
"ႏွစ္ေယာက္လုံး ကိုယ့္အျပစ္ကိုယ္ ျပန္သုံးသပ္ဖို႔ျပင္ထားၾက"
အထူးသျဖင့္ ဂြၽန္ေဂ်ာင္ကုရဲ႕ ဖခင္က စည္းကမ္း အင္မတန္ တင္းၾကပ္သူေပမို႔ ရန္ျဖစ္တာမ်ိဳး လုံးဝမႀကိဳက္။ ကေလးငယ္ငယ္ေလးေတြမို႔ မိခင္ႏွစ္ေယာက္က ေခ်ာ့ေမာ့ဖို႔ စိတ္ကူးေပမဲ့ အန္ကယ္ဂြၽန္ေတာ့ ဆုေပး ဒဏ္ေပး စနစ္ကိုပဲ တသမတ္တည္း က်င့္သုံးသည္။
အိမ္ေထာင္ဦးစီးႏွစ္ေယာက္ကို မလြန္ဆန္ႏိုင္သည့္အခါ က်န္သည့္ အမ်ိဳးသမီးႀကီးႏွစ္ဦးမွာ မ်က္စိမ်က္ႏွာ အပ်က္ပ်က္။ ဂြၽန္ေဂ်ာင္ကုက ဂြၽန္မိသားစုမွာ တစ္ဦးတည္းေသာသား ျဖစ္ေပတာမို႔ အန္ကယ္ဂြၽန္က ငယ္ကတည္းက လိုတာထက္ ပိုတင္းၾကပ္ၿမဲ။
ပတ္ဂ်ီမင္းကေတာ့ သားႏွစ္ေယာက္အနက္ အငယ္ဆုံးျဖစ္ကာ Omegaလည္း ျဖစ္တာမို႔ အစ္ကိုႀကီးထက္စာရင္ အမ်ားႀကီး အလိုလိုက္ခံထားရသူ။ တစ္ဦးတည္းေသာသားနဲ႔ အငယ္ဆုံးေလးရဲ႕ ရန္ပြဲတိုင္းကို အိမ္အေရာက္ သတင္းလာလာေပးတတ္သူက အစ္ကိုႀကီး ပတ္ဂ်ီေဆာင္း။
"ဂ်ီမင္းနီး ၊ ေဂ်ာင္ကုကီး"
အခုလည္း ႏွစ္ေယာက္သား အေဖ့စာဖတ္ခန္းအေရွ႕မွာ ဒူးေထာက္ လက္ေျမႇာက္ကာ အျပစ္ေပးခံေနရတုန္း အစ္ကိုႀကီးက ေျခေဖာ့ကာ ေရာက္လာျပန္ပါသည္။
"ဗိုက္ဆာေနမွာစိုးလို႔ မုန႔္လာပို႔တာ"
ထမင္းဗူးေလးထဲ ထည့္ယူလာသည့္ စားစရာေတြကို ညီငယ္ႏွစ္ေယာက္အား တစ္လွည့္စီ ခြံ႕ေကြၽးေတာ့ စူပုပ္ပုပ္မ်က္ႏွာေတြနဲ႔ စားသည္။ ေျမႇာက္ထားတဲ့လက္ေတြကိုေတာ့ ကြယ္ရာမွာေတာင္ ခိုးမခ်ရဲၾက။
အစ္ကိုႀကီးကေတာ့ သူတို႔ႏွစ္ေယာက္လုံးနဲ႔ ဆန႔္က်င္စြာ ေအးခ်မ္းမႈကို လိုလားသူ။ စိတ္တအားရွည္တတ္သူမို႔ ရန္ျဖစ္ဖို႔ေဝးစြ၊ ေတာ္႐ုံတန္႐ုံ စကားကိုေတာင္ ေလသံမာမာနဲ႔ မေျပာတတ္။
"တည့္တည့္ရႈရႈေနၾကပါဆို"
အၿပိဳင္မုန္႔ဝါးေနသည့္ ပါးေဖာင္းေလးႏွစ္ေယာက္က မတည့္ခ်င္ပါဘူးဆိုသည့္ အၾကည့္ေတြနဲ႔ အစ္ကိုႀကီးကို အၿပိဳင္ၾကည့္လာၾကသည္။ အစ္ကိုႀကီးသည္ သက္ျပင္းသာခ်ရင္း ေခါင္းယမ္းလိုက္ရင္း မုန႔္ဆက္ခြံ႕သည္။
ထိုကဲ့သို႔ အစ္ကိုႀကီးကေတာင္ မတားႏိုင္စြာ လက္ေျမႇာက္အရႈံးေပးရသည္အထိ ဂြၽန္ေဂ်ာင္ကုနဲ႔ ပတ္ဂ်ီမင္းက ငယ္ရန္ဖက္။
ခပ္ျဖည္းျဖည္းခ်င္း အ႐ြယ္ေရာက္လာေတာ့ ေဂ်ာင္ကုက ဖခင္ရဲ႕ စီးပြားေရးလုပ္ငန္းေတြကို အေမြဆက္ခံၿပီး ဦးစီးဦးေဆာင္ျပဳဖို႔ႏွင့္ ဂ်ီမင္းကေတာ့ ဝါသနာပါရာ flight attendant လုပ္ကိုင္ဖို႔အတြက္ သက္ဆိုင္ရာလမ္းကို အသီးသီး ေ႐ြးခ်ယ္ခဲ့ၾကသည္။
စီးပြားေရးတကၠသိုလ္ကေန ဘြဲ႕ရၿပီး ကုမၸဏီမွာ အလုပ္စဝင္ဖို႔အတြက္ အေတာင္ပံေလး စထြက္လာသည့္ေန႔က ဂြၽန္ေဂ်ာင္ကုအတြက္ ဂုဏ္ျပဳပြဲက်င္းပခဲ့သည္။ ထိုညမွာလည္း ႐ိုးရာမျပတ္ ႏွစ္ေယာက္သား ဝက္ဝက္ကြဲ ရန္ျဖစ္ၾကတာ ဂုဏ္ျပဳပြဲပါပ်က္လုမတတ္။
အစ္ကိုႀကီးနဲ႔ မိဘေတြက ဝင္ထိန္းလို႔ ဟန္မျပတ္ ပြဲသိမ္းသည္အထိ ဆက္ေနႏိုင္ခဲ့တာ။ အတိတ္ကို ဘယ္အခ်ိန္ျပန္လွည့္ၾကည့္ၾကည့္ ႏွစ္ေယာက္လုံးက ရာဇဝင္ေလးနဲ႔။
နားထဲ ဂြၽန္ေဂ်ာင္ကုရဲ႕ သီခ်င္းညည္းသံက ခပ္က်ယ္က်ယ္ တိုးဝင္လာတာမို႔ အအိပ္ပ်က္သြားကာ ဂ်ီမင္းမ်က္လုံးေတြ ပြင့္လာခဲ့သည္။ နဂိုကတည္းက နားကလည္း ပါးသလို အိပ္ေရးလည္း ဆတ္သူမို႔ ဆက္အိပ္မရေတာ့။ တကယ့္ ငွက္ဆိုးထိုးသံႀကီး။
"နားဝင္ဆိုးလိုက္တာကြာ"
"ငါ သြားေတာ့မယ္"
ေခါင္းအုံးတစ္လုံးကို ယူကာ နားပိတ္ၿပီး ဆက္အိပ္ေနရင္းက ဂ႐ုမစိုက္စြာ လက္ခါျပရင္း ျမန္ျမန္ႂကြဟူသည့္သေဘာ ခ်က္ခ်င္း ႏွင္ထုတ္လိုက္သည္။
"ဘယ္သြားမလဲေတာင္ မေမးေတာ့ဘူးလား"
အသံထြက္မလာ။ တရႉးရႉး အသက္ရႉရင္း ျပန္အိပ္ခ်င္ေယာင္ေဆာင္ေနသူအနား ေလွ်ာက္သြားလိုက္ရင္း ကုတင္ေပၚ လက္ေထာက္လ်က္ ကိုယ္ကိုကိုင္းကာ ခပ္တိုးတိုးေျပာလိုက္သည္။
"ဒီေန႔ ႐ိုအာနဲ႔ ဒိတ္လုပ္မလို႔ေလ။ ဟိုေန႔ကမွ အသစ္ဖြင့္လိုက္တဲ့ စင္တာမွာ ေတြ႕ၾကမွာ"
"ထြက္သြားစမ္း"
ဝွီးခနဲ ေျမႇာက္တက္လာသည့္ လက္ျပန္႐ိုက္ခ်က္။ သူသာ မေရွာင္လိုက္ရင္ ေတာ္ေတာ္ေလး အထိနာမွာ ေသခ်ာပါသည္။ ေတာ္ေသးတာက ပတ္ဂ်ီမင္းရဲ႕ လက္ကြက္ေတြကို သူ႔ဘက္က အလြတ္ရေနၿပီး ႀကိဳခန႔္မွန္းတတ္လို႔သာေပါ့။
"ဒိတ္ေတာင္ ဒီအသက္အ႐ြယ္မွ စလုပ္ဖူးတဲ့ေကာင္က ႀကီးႀကီးက်ယ္က်ယ္ လာေျပာေနတယ္"
"ဒီစင္တာက အခုမွ စဖြင့္တာ။ လြယ္လြယ္ဝင္လို႔မရဘူး VIP ကဒ္ရွိမွ ဝင္လို႔ရတာ ဒါေတာင္ အကန႔္အသတ္နဲ႔ "
ဂ်ီမင္း နား႐ြက္ကေလးေတြ ေထာင္သြားရသည္။ ဒီေကာင္က ဒီလိုေနရာမ်ိဳးမွာ မြန္႐ိုအာနဲ႔အတူ ဒိတ္သြားလုပ္မဲ့အေၾကာင္း ပါးစပ္ပုပ္မတတ္ လွ်ာခလုတ္တိုက္မတတ္ သူ႔ကို ႂကြားျပေနတာပဲ။
"စားေသာက္ဆိုင္မွာ ဒိတ္တာေလာက္ကေတာ့ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ဆယ္မွာ က်န္ခဲ့ၿပီ အဟြန္း"
မခံခ်ိ မခံသာ ျဖစ္ေအာင္ စကားလုံးေတြႏွင့္ ဆြသြားသည့္ ဂြၽန္ေဂ်ာင္ကု။ တံခါးပိတ္သံနဲ႔အတူ တိုက္ခန္းထဲက ထြက္သြားၿပီဆိုတာ ေသခ်ာသည္ႏွင့္ ကုတင္ေပၚ ဝုန္းခနဲ ထထိုင္လိုက္မိသည္။
ၿပီးသည့္ႏွင့္ ဖုန္းကိုဆြဲယူကာ အသစ္ဖြင့္သည့္ စင္တာကို ႐ိုက္ရွာၾကည့္လိုက္မိသည္။ စင္တာနာမည္ကို ျမင္သည္ႏွင့္ ဂ်ီမင္းရဲ႕ ႏႈတ္ခမ္းေတြ အဆုံးစြန္အထိ ေကာ့တက္သြားခဲ့ရေတာ့သည္။
________________
"ထိုင္ပါ"
႐ိုအာအတြက္ ထိုင္ခုံကို ထုတ္ေပးလိုက္ေတာ့ အၿပဳံးႏုႏုတစ္ပြင့္နဲ႔ သူ႔ကို ေက်းဇူးဟု ျပန္ေျပာလာသည္။ ကိုယ္တိုင္လည္း တစ္ဖက္ခုံမွာ ဝင္ထိုင္လိုက္ရင္း ေသာက္စရာ တစ္ခုခု မွာဖို႔ ျပင္လိုက္ေတာ့သည္။
Advertisement
- In Serial39 Chapters
Vampire the Masquerade: Nirvana
*A rewrite based on the White Wolf video game Vampire: the Masquerade Bloodline, but with major adaptations and is intended for readers who don't know the series, be advised to treat it as a brand new work instead of a usual fan fiction. Chasing after a shadow from her past, Leona entered the world of the mystical blood-thirsty undead, but the awaiting danger is far greater than she could ever imagine: the grand game of politics, the battling sides of humanity and beast in their nature, and the brutal Jyhad in the modern nights...Lost and afraid in this chaos, she has to continue on this path--because there is no going back. *Violent and Sexual Contents. *Cover Painting and Design by 2cyan, All Copyrights Belong to the Artist.
8 122 - In Serial26 Chapters
Different
Soro Matako is an ordinary high-school student, most high-school students these days are ordinary, they go to school, study, do exams, but what if that was no longer the case ? What if something happened that allowed some of them to become somewhat...different ? If a chosen few became more stronger, faster and better than others, would they still be the same person ? There are some students who are popular, some who like to pick on the weak and some who try their hardest to maintain good grades, However after a strange "rainfall" their became those who are gifted with unique abilities that allow them to stand tall above the rest, but the question is...What will they do with this gift ?
8 113 - In Serial74 Chapters
From My Enemy to My Love (bxb)
* I thought it might be time for me to pull away now that he was calm, but Vincent surprised me. His long arms, slowly wrapped around me. I hadn't expected this. I hadn't expected to get warmth for warmth. I couldn't pull away now. I held him tighter. "I can't believe you," he said quietly next to my ear. "But I want to believe you. Maybe you are different." He lifted his head off my shoulder, but instead of pulling back his face got closer to mine. "Maybe you and you alone are different." He kissed me.* Vincent has always had a desire to protect his best friend from those who would take advantage of his wealth. So when his best friend starts dating someone that Vincent is convinced is only out for his money, Vincent is determined to do all he can to break them up. Chet has never seen his best friend date anyone, so when he starts dating someone and is genuinely happy, Chet wants to support him anyway he can. Especially when he finds out someone is trying to break them up. This book is intended for a mature audience. The main characters are adults. This is a male/male romance story. There will be sexual content. Names, characters, events and incidents are a product of the author's imagination. Any resemblance to actual persons or events is purely coincidental. Copyright 2019: All Rights Reserved
8 210 - In Serial11 Chapters
Ashes of Time
Passage of time is cruel, leaving no remnants but just countless legends of forgotten heroes.This is a world full of fantasy adventure; beautiful on the outside whilst dark underneath. A wandering soul stumbles upon this very land; unbranded and unclaimed. This story follows the journey of Vance, a traveller from faraway lands; in happiness and tragic times, tales of first victory and sorrows of first defeat - until the beginning meets the end. ---------------------------------------------------------------------Author's Note: This is my first attempt at writing and English is not my native/first language. Please bear with me and help me improve as a writer.
8 171 - In Serial125 Chapters
The Princess's Feathers
The Dragon captures the Princess. The brave knight appears to save her and slays the Dragon. Wooed by his gallantry, they both live happily ever after. I'm certain you've heard a variation of this tired fable countless times before. Real life isn't so idyllic, though. Far stranger, I've recently discovered! I'm a Princess too — at least, I used to be. While exploring the countryside a terrible event occurred and my life was plunged into danger. But instead of being captured by a Dragon, I turned into one! Acting on my draconic instincts I was able to defend myself and save my life. Wonderful! Now there's just one large, fire breathing problem: How do I turn back to normal? Um, I didn't ask for any of this, you know? I'm the Princess! I have a Kingdom to run, I can't be a Dragon! Why did this happen to me? And what am I going to do about it? A fantasy novel with dragons, anthropomorphic characters, and hand-drawn illustrations! Expect some slice of life before delving into adventure after Princess Asha transforms in this chapter. Updating Mondays for the month of August. Character Profiles: toyhou.se
8 157 - In Serial40 Chapters
Land Before Love.
Aleenia is forced into an arranged marriage. It wasn't uncommon for her not to know the man she is going to wed. But it would seem nobody knows who her soon to be husband is. As no-one goes and no-one talks about the people from the Southern lands. At least, not positive talk. In a deal to save her people, she is thrown into an ancient tribe. Their clothes, food, customs' and language foreign to her. And her husband becomes the greatest mystery to her of all. There are different creatures lurking in the woods. Ageless tales of their people that have her questioning everything. And something is closing in on the horizon that can bring down all that she has ever believed and cared about. Aleenia must tread carefully. As she must make a decision. Land before Love?.-.-.-.-.-.-.( #2 Historical Fiction August 19th 2018)( #355 in Romance August 14th 2018)(#152 in Werewolf December 9th 2017)
8 173

