《Three Bears - 곰세마리》Three Bears - 2
Advertisement
"ခစ်"
အမူးမူး အကွဲကွဲနဲ့လူကို ကုတင်ပေါ်ချပေးလိုက်တော့ သူ့လည်ပင်းကို လက်မချတမ်း အတင်းဆွဲထားတာမို့ သူပါ ကုတင်ပေါ် ပုံခနဲ ပစ်ကျသွားခဲ့သည်။
"ငါ့ကိုနမ်းပါဦး"
နှစ်ခါပြောစရာမလို။ ဂျွန်ဂျောင်ကုသည် အလျင်မြန်ဆုံးဆိုသလို နီထွေးထွေး နှုတ်ခမ်းဖူးအစုံကို တဆုံး သိမ်းပိုက်ပစ်လိုက်တော့သည်။ ဂျီမင်းရဲ့ လက်တစ်ဖက်ဟာလည်း ဂျွန်ဂျောင်ကုရဲ့ ခေါင်းဆီရောက်လာကာ နှစ်ယောက်သား အရှုံးမပေးစတမ်း အပြိုင်နမ်းကြတော့သည်။
နှုတ်ခမ်းတွေချင်း ဖလှယ်နေမိကြတာ ဘယ်လောက်အထိ အချိန်ကြာသွားလဲ မှတ်မထားမိကြ။ အောက်စီဂျင်တွေ မလုံလောက်တော့သလို ခံစားလာရသည့်အခါ နှစ်ယောက်လုံး ပြိုင်တူ ရပ်နားလိုက်မိကြသည်။ ဘယ်သူမှမနိုင်၊ ဘယ်သူမှလည်း မရှုံးခဲ့။
အပြိုင်အဆိုင်ဆိုသလို လေကို အလုအယက်ရှူနေချိန် သူ့ကိုယ်အောက်က လူသားကို ဂျောင်ကု စိုက်ငေးကြည့်နေမိသည်။
ပတ်ဂျီမင်း...။
အထိမခံ ရွှေပန်းကန်လို လူစားမျိုး။ မွေးရာပါ ခပ်ဖူးဖူး နှုတ်ခမ်းတွေက အပြင်မှာ ဆုံလိုက်မိတိုင်း သူ့ကို ရစရာမရှိအောင် ဆဲဆိုကျိန်ဆဲနေတတ်သူ။ အခုတော့ ထိုနှုတ်ခမ်းဖူးတွေဟာ သူ့အနမ်းတွေကြောင့် ပေါက်ထွက်မတတ် နီတျာဖူးကြွလို့။
တွေးနေတုန်းမှာပဲ အသက်ဝအောင် ရှူနေပုံရသည့် လူသားက မျက်နှာကို ဘေးတစောင်းလှည့်လိုက်တာမို့ ထင်းခနဲပေါ်လာသည့် လည်တိုင်ဖွေးဖွေးဆီ ဂျောင်ကုက ပစ်မှတ်ပြောင်းလိုက်တော့သည်။ နှုတ်ခမ်းပါးတွေနဲ့ ဖြူရစ်ရစ် လည်ပင်းသားတလျှောက် ပွတ်ဆွဲကာ နမ်းရှုံ့လိုက်သည်။
"အရာတွေမချန်နဲ့ ဂျောင်ကု"
အင်း ဟု ဗလုံးဗထွေး ပြန်ဖြေလိုက်ရင်း အတတ်နိုင်ဆုံး မကိုက်ခဲမိအောင် သတိဆောင်လိုက်ရသည်။ ညနက်နက်မှာ တိုက်ခန်းလေးထဲ အသက်ရှူသံ ခပ်ပြင်းပြင်းတွေနဲ့ အနမ်းတွေ၊ ရမ္မက်တွေကလည်း မွတ်သိပ်သိပ်။
ဂျီမင်းသည် သူ့ကိုယ်ပေါ် အုပ်မိုးထားသော သူ သိပ်မုန်းသည့် ဂျွန်ဂျောင်ကုရဲ့ကိုယ်ကို အတင်းကျပ်ဆုံး ဖက်တွယ်ထားမိသည်။ တကယ်မုန်းလားလို့ မေးလာခဲ့ရင် မုန်းတယ် ပြောမပြတတ်အောင်ပဲ။
"ဂျောင်ကု"
"အင်း"
"အင်္ကျီတွေ"
စကားဆုံးသည်နှင့် ဂျောင်ကုက နှစ်ယောက်လုံးရဲ့ ကိုယ်ပေါ်က အဝတ်အစားမှန်သမျှကို ကုတင်ပေါ်တွေ၊ ကုတင်အောက်တွေ ခွဲခြားမနေဘဲ လက်ဦးတည့်ရာ ဝေးဝေးကို လွှင့်ပစ်လိုက်တော့သည်။
"စလို့ရပြီလား"
မေးခွန်းသက်သက်။ ဂျီမင်းဆီက အဖြေကိုတောင် မစောင့်ဘဲ သကောင့်သားက အင်နဲ့အားနဲ့ တိုးဝင်လာခဲ့သည်။
"ခွေးကောင်!"
ကျိန်ဆဲလိုက်ပေမဲ့ တစ်ဖက်လူက စိတ်မဆိုးသည့်အပြင် ရယ်သံသဲ့သဲ့သာ ထွက်ကျလာသည်။ ပြောရမယ်ဆို သူတို့ အတူတူမနေကြတာ ရက်သတ္တပတ်အနည်းငယ်တော့ ကြာခဲ့ပြီ။ ဂျောင်ကုက အလုပ်ကိစ္စအတွက် ခရီးဝေးသွားခဲ့ရတာမို့ အခုက နှစ်ယောက်လုံး ရက်အတော်ကြာ ခွဲခွာပြီးမှ ပြန်တွေ့ရတာလည်း ဟုတ်သည်။
ထို့အတွက် နှစ်ယောက်လုံး တစ်ယောက်ဆီက အထိအတွေ့တွေကို တစ်ယောက် လိုအပ်နေခဲ့တာလည်း အမှန်ပင်။
"ဖက်ထား"
ကျန်တဲ့အချိန်တွေမှာ သူက တောင်ဆို ကိုယ်က မြောက် ကန့်လန့်တိုက်တတ်ပေမဲ့ ဒီနေရာမှာတော့ ဂျီမင်းက လိမ္မာသည့်ကလေးတစ်ယောက်လို ပြောစကားကို သေချာနားထောင်ခဲ့သည်။ ဂျောင်ကုရဲ့ ကျောပြင်ကျယ်ကို ခပ်တင်းတင်း ဖက်ထားခဲ့ရင်း ခန္ဓာတစ်ခုလုံးဟာလည်း မုန်တိုင်းကြားက လှေငယ်လို။
"လွမ်းနေတာမလား"
"သေလိုက်လေ"
မုန်းတော့ မုန်းတယ်။ ဒါပေမဲ့ သူတို့ကြားက အမုန်းက အချိန်တန်ရင် တစ်အိပ်ရာတည်းမှာ အတူတူရှိဖြစ်ကြတဲ့ မုန်းခြင်းမျိုး။ Friends with benefits ဆိုတာကို ပြောင်းပြန်လှန်ပြီး ပြောရမယ်ဆိုရင် ဂျွန်ဂျောင်ကုနဲ့ ပတ်ဂျီမင်းတို့က Enemy with benefits တွေပါပဲ။
သက်တူရွယ်တူ အချင်းချင်း ကြည့်မရ၊ မလိုမုန်းတီးကြ၊ ဆဲဆိုထုထောင်းကြပေမဲ့လည်း အခုလောလောဆယ်မှာတော့ တစ်ယောက်ကိုတစ်ယောက် အငမ်းမရ နမ်းရှိုက်နေမိရင်း....။
____________________
အိပ်ရာနိုးနိုးချင်း ပျင်းကြောတစ်ချက်ဆွဲကာ မျက်လုံးဖွင့်လိုက်သည်။ အဝတ်မပါသည့် ဗလာကျင်း ကျောပြင်ခပ်လှလှလေးတစ်ခုက စောင်ပုံအောက်မှာ သူ့ကိုကျောပေးကာ ကောင်းကောင်းမွန်မွန် အိပ်စက်နေဆဲ။
ကုတင်ပေါ်က ဆင်းခဲ့ပြီး ညတုန်းက လွှင့်ပစ်ခဲ့သည့် အဝတ်အစားတွေထဲက ဘောင်းဘီတစ်ထည်ကို ကောက်ယူကာ အလွယ်လျှိုဝတ်လိုက်သည်။ ပြီးသည်နှင့် ရေချိုးခန်းထဲ တန်းဝင်ခဲ့တော့သည်။
ဂျောင်ကု ရေချိုးပြီး ပြန်ထွက်လာတော့ အိပ်ရာပေါ်မှာ ဖုန်းသုံးနေသည့်လူကို တွေ့လိုက်ရသည်။ ခေါင်းက ဆံပင်တွေကို တဘက်အသေးနဲ့ ခပ်ကြမ်းကြမ်းဖိပွတ်ရင်း မှန်ရှိရာသွားလိုက်သည်။
"ငါ့ကို အဲ့နားက ဘောင်းဘီကောက်ပေး"
တင်တင်စီးစီး ခိုင်းစေလာသူရဲ့စကားကို မကြားချင်ယောင်ဆောင်ကာ ကျောပေးထားရင်း ခေါင်းကိုပဲ ဖိသုတ်နေလိုက်သည်။
"ငါပြောနေတယ်လေ ကောက်ပေးလို့"
"မင်းမှာ လက်မပါဘူးလား"
နောက်ပြန်လှည့်မကြည့်သလို ခေါင်းအသုတ်လည်းမပျက် ပြောလာသည့် ဂျွန်ဂျောင်ကု။
"ပါတယ်လေ။ ထ မယူချင်လို့"
"ကြီးကြီးကျယ်ကျယ်"
ဘုတ်!
မြည်သံနဲ့အတူ နောက်ကျောကို လာမှန်သည့် ခေါင်းအုံးတစ်လုံး။ ကျစ်ခနဲ စုပ်တစ်ချက်သပ်ကာ နောက်လှည့်လိုက်တော့ သူ့အား အစိမ်းလိုက်မြိုချမတတ် စိုက်ကြည့်နေသူ။
"ရှုပ်ကိုရှုပ်တယ်"
ပြောပြောဆိုဆို ကုတင်ခြေရင်းက ဘောင်းဘီကို ခြေထောက်နဲ့ ညှပ်ယူကာ ကုတင်ပေါ် ပစ်တင်ပေးလိုက်သည်။ ပြီးသည်နှင့် အခန်းထဲမှ ခြေထောက် မီးခိုးထွက်မတတ် ပြေးထွက်ခဲ့တော့သည်။
တစ်!
"ဂျွန်ဂျောင်ကု!"
နှစ် နဲ့ သုံး အထိတောင် အပင်ပန်းခံပြီး ရေတွက်နေစရာမလို။ အိပ်ခန်းဆီက အသံနက်ကြီးတစ်ခုက ချက်ချင်းဆိုသလို ဟိန်းထွက်လာခဲ့သည်။ အော် ဒါနဲ့ ပတ်ဂျီမင်းမှာ နောက်ထပ် နာမည်ပြောင်တစ်ခု ရှိသေးတယ်။ တခြားတော့မဟုတ်ဘူး ငယ်ငယ်ကတည်းက အမြဲစိတ်မရှည်နေတာမို့ 'ပတ်ဒေါသအိုး'လို့ သူကိုယ်တိုင် ကင်ပွန်းတပ်ပေးထားတာ။
Advertisement
ငယ််စဉ်အခါ နှစ်တန်းတုန်းကဆို သင်္ချာတွက်ရင်း လည်နေတဲ့ သူ့ခေါင်းကို ဘုထွက်အောင်အထိ ချဖူးသူ။ သူနည်းတူ သင်္ချာမရတဲ့ တခြားသူငယ်ချင်းတွေကိုကျ စိတ်ရှည်သလောက် သူ့အပေါ်မှာတော့ မတူခဲ့။ သူ ပတ်ဂျီမင်းကို ထိုကတည်းက မုန်းပါသည်။
ငယ်ကျွမ်းဆွေမဟုတ်သည့် သူတို့က
အမြဲရန်သတ်နေတတ်သည့် ငယ်ဂွမ်းဆွေ။
______________________
"ကြွပါ ဒုဥက္ကဌ"
ဒုဥက္ကဌ ဂျွန်ဂျောင်ကုကို ဖိတ်ခေါ်ပါတယ်ဟူသော အသံအဆုံး သေသေသပ်သပ် suit ကို ပိုသပ်ရပ်သွားအောင် ပြင်လိုက်ပြီးနောက် ခန်းမထဲကို ဝင်ခဲ့လိုက်သည်။
အတည်တကျ စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးစီးဦးဆောင်ပြုနေသူ ဒုဥက္ကဌ ဂျွန်ဂျောင်ကုက Triple J လုပ်ငန်းစုက ဥက္ကဌကြီးနဲ့ သားအရင်းတော်စပ်သူ။
လုပ်ငန်းပါတနာဖြစ်တဲ့ ရိုအာလုပ်ငန်းစုရဲ့ သမီးဖြစ်သူ ဒါရိုက်တာ မွန်ရိုအာနဲ့ ထိမ်းမြားဖို့အတွက် မကြာခင်မှာ စေ့စပ်ကြောင်းလမ်းကြလိမ့်မည်ဟု သတင်းထွက်ထားသူလည်းဖြစ်သည်။
"တွေ့ရတာ ဝမ်းသာပါတယ်။ Triple J လုပ်ငန်းစုရဲ့ ဒုဥက္ကဌ ဂျွန်ဂျောင်ကုပါ"
ရုပ်ချောချော၊ တောင့်တောင့်ဖြောင့်ဖြောင့် ခန္ဓာကိုယ်နှင့် နှုတ်ခမ်းတည့်တည့်အောက်က မှဲ့နက်လေးတစ်လုံး။ အများက ပြောစမှတ်ပြုကြသည့်အတိုင်း ဂျွန်ဂျောင်ကုက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်။
ထိုနှင်းဆီခိုင်ရဲ့ မမြင်ရတဲ့ ရိုးတံအတွင်းပိုင်းမှာတော့ ပိုးကောင်လေးတစ်ကောင်ရှိနေသည်။ ခပ်လှလှ၊ ခပ်စွာစွာ၊ အထိမခံ ရွှေပန်းကန်လို ပိုးကောင်မျိုး။
"ပင်ပန်းသွားပါပြီ"
"မဟုတ်တာပဲ"
ပွဲပြီးသွားတော့ ရိုအာနဲ့အတူ စကားတပြောပြော လျှောက်လာရင်း ဓာတ်လှေကားထဲ တူတူဝင်ခဲ့လိုက်သည်။ အနေအထိုင်သိမ်မွေ့ကာ ရုပ်ရည်လည်း လှပသည့် ရိုအာက ဂျွန်ဂျောင်ကုနဲ့ ရှေ့သွားနောက်လိုက်ညီသည်။
ဝန်ထမ်းတွေကလည်း သူတို့နှစ်ယောက်ကိုမြင်သည့်အခါတိုင်း Idol Couple တွေဟု အချင်းချင်း ခပ်ကြိတ်ကြိတ်စနောက်ရင်း အားကျကြောင်းပြောရတာ အမော။ အစစ အရာရာ ပြီးပြည့်စုံနေသည့် လူနှစ်ယောက်ပေမို့ ဘယ်အချိန်စေ့စပ်ပြီး ဘယ်အချိန်လက်ထပ်ကြမလဲဆိုတာကိုပဲ လူတွေက နားစွင့်နေကြလေသည်။
တစ်ဖက်တွင်တော့ ဂျီမင်းသည် မိဘနှစ်ပါးက စီစဉ်ပေးသည့် ကြင်ဖက်တွေ့ဖို့အတွက် နာမည်ကြီး စားသောက်ဆိုင်တစ်ဆိုင်ထဲကို ရောက်နေခဲ့သည်။ တတိယအကြိမ်မြောက် ကြင်ဖက်တွေ့ဆုံခြင်းဆိုပေမဲ့ သည်တစ်ကြိမ်မှာတော့ တစ်ဖက်လူအပေါ် ဂျီမင်း နည်းနည်း စိတ်ဝင်စားမိပါသည်။
တည်တည်ငြိမ်ငြိမ်ရှိကာ အရာရာကို စေ့စေ့စပ်စပ် ဖြေရှင်းတတ်မည့်ပုံစံမျိုး။ ဂျွန်ဂျောင်ကုဆိုတဲ့ကောင်နဲ့ ယှဉ်လိုက်မိတော့ မိုးနှင့်မြေလို။ အပြင်ပန်းသာ လှပြီး အထဲမှာတော့ ပုပ်နေသည့် ကျီးအာသီးလိုလူ။ ဘယ်အချိန် တွေးလိုက်မိမိ မုန်းဖို့သိပ်ကောင်း။
"စားရတာ အဆင်ပြေရဲ့လား။ ဒီဆိုင်က Steakက နာမည်ကြီးမို့ ရွေးလိုက်တာ"
"အဆင်ပြေပါတယ်။ နောက်ပြီး တကယ်လည်း နာမည်ကြီးသင့်ပါတယ်"
"သဘောကျလို့ ဝမ်းသာပါတယ်"
အပြုအမူတိုင်းက လူကြီးလူကောင်းဆန်သည်။ တွေ့ခဲ့ဖူးတဲ့ ကြင်ဖက်တချို့လို လိုတာထက် ပိုပိုကဲကဲ သူ့အပေါ် ငမ်းငမ်းတက်နေတာမျိုးမရှိ။ ဒီလိုဆိုလို့ အထင်သေးတာမျိုးလည်းမဟုတ်။ ခြုံငုံပြောရရင် မျိုးရိုးကောင်းက သက်ဆင်းလာတဲ့ အမျိုးသားကောင်း ၊ Alpha ကောင်းတစ်ယောက်ပါပဲ။
အိမ်အပြန်ကိုလည်း လိုက်ပို့ပေးပြီး သေသေချာချာ နှုတ်ဆက်သွားသေးသည်။ ဂျီမင်းအတွက်တော့ စိတ်အကျေနပ်ရဆုံး Date လှလှတစ်ခု ဖြစ်ခဲ့သည်။ နှစ်တစ်နှစ်ရဲ့ သုံးချိုးနှစ်ချိုးကိုလည်း ရောက်နေပြီဖြစ်ရာ နောက်နှစ်ထဲ လက်ထပ်ဖို့ ဂျီမင်း ဆုံးဖြတ်ထားပြီးဖြစ်သည်။
ဂျွန်ဂျောင်ကုက အရင်လက်ထပ်သွားမှာကို မလိုချင်။ ပြိုင်စရာကိစ္စမဟုတ်ပေမဲ့လည်း သူကတော့ ပြိုင်ရမှကို ကျေနပ်မည်။ အခုလည်း သူတွေ့လာတဲ့လူက ဂျွန်ဂျောင်ကုရဲ့ ရာထူးထက်မြင့်တဲ့ ကုမ္ပဏီ ဥက္ကဌတစ်ဦး။ ဒါနဲ့တင် သူက အမှိုက်ကောင်ထက် အများကြီး သာနေပြီမလား။ တစ်ယောက်တည်း အကျေနပ်ကြီး ကျေနပ်နေရင်း ခြေလှမ်းတွေက မြောက်ကြွမြောက်ကြွ။
"ဘာပါလိမ့်"
အခန်းရှေ့မှာ ရောက်နေသည့် နှင်းဆီပန်းစည်းကြီးကြောင့် ဂျီမင်း တစ်ချက်တော့ တုံ့ခနဲဖြစ်သွားရသည်။ ဒီပန်းစည်းက ဘယ်သူပို့လိုက်တာလဲ။ ပန်းစည်းကို ကောက်ယူကာ ပန်းစည်းထဲက ပို့စကဒ်ကို ဖတ်ကြည့်လိုက်တော့ For Park Jimin ဆိုတာကလွဲ ဘယ်ကလဲ၊ ဘယ်သူပို့လိုက်လဲဆိုတာ မပါ။
ရေမွှေးနှင်းဆီတွေမို့ အနံ့က နှာခေါင်းထဲ ချက်ချင်းတိုးဝင်လာကာ ချိုအီအီ။ ဂျီမင်းလည်း တွေးဆမရစွာ ပန်းစည်းကိုပိုက်လျက် အခန်း Password ရိုက်ထည့်ကာ အိမ်ထဲ ဝင်ခဲ့လိုက်သည်။
အပေါက်ဝမှာ ဖိနပ်ချွတ်ရုံရှိသေး၊ နောက်ထပ် နှင်းဆီပန်းတွေ။ မဟုတ်သေးဘူး နှင်းဆီပွင့်ဖတ်တွေဆို ပိုမှန်မယ်။ အိမ်အတွင်းပိုင်းအထိ ဒီလိုနှင်းဆီပွင့်တွေ ဖြန့်ခင်းထားဖို့ဆိုတာ ဂျွန်ဂျောင်ကုလက်ချက်ကလွဲပြီး တခြားမရှိနိုင်တော့။
"ရောက်လာပြီလား"
လက်ထဲမှာလည်း ဝိုင်ခွက်လေး တစစနဲ့ မျက်စိရှေ့ပေါ်လာတဲ့သူ။
"ဒါတွေက ဘာလုပ်ထားတာလဲ"
"Celebrateဖို့လေ"
"ဘာအတွက်လဲ"
"ဟင် ဒီလောက်အရေးကြီးတာကို မေ့နေတာလား"
အတည်ပေါက်ကြီး ပြောနေသူကြောင့် မွေးနေ့တွေ ဘာတွေလားဟု အပြေးတွေးလိုက်မိပေမဲ့ အခုမှ ဩဂုတ်လသာ ရှိသေးသည်။
"ဘာလဲ ပြောစရာရှိမြန်မြန်ပြော"
"စိတ်မရှည်တဲ့သူတွေက အသက်မြန်မြန်တိုတတ်တယ်"
"ငါသေရင် မင်းကိုပါဆွဲခေါ်မှာ"
အပြင်ကပြန်လာတာမို့ လွယ်ထားသည့်အိတ်နှင့် ပန်းစည်းကြီးကို အနားက စားပွဲပေါ် ပစ်တင်လိုက်ရင်း နည်းနည်းလေးမှ သေးသေးတင်မခံ။
"တကယ်ကြီး သတိမရတာလား"
သူပြောနေတာတွေကို ဂရုမစိုက်စွာ အခန်းထဲ ဝင်သွားဖို့ ဟန်ပြင်လိုက်တော့ သကောင့်သားက သိချင်စိတ်ကို ထပ်ဆွပေးလာပြန်သည်။ မရှည်သည့်စိတ်ကို အတတ်နိုင်ဆုံး ပြန်ဆွဲဆန့်လိုက်ရင်းကပဲ လက်ပိုက်လျက် 'ပြော' ဆိုသည့်သဘော မေးငေါ့ပြလိုက်တော့သည်။
Advertisement
"မနေ့ညက ငါတို့ အတူတူအိပ်တာ အကြိမ် ၅၀ ပြည့်သွားတဲ့ တလက်လက်ညလေ"
"ဒီ....ကောင်"
ဂျီမင်းသည် ထောင်းခနဲဖြစ်သွားသည့် ဒေါသနဲ့အတူ စားပွဲပေါ် တင်ထားသည့် ပန်းစည်းကိုဆွဲယူကာ မျက်စိရှေ့က ခွေးကောင်အား အားကုန်လွှဲရိုက်ပစ်လိုက်တော့သည်။ ဖြာခနဲ လွင့်ထွက်ကုန်သည့် နှင်းဆီပွင့်ဖတ် ပန်းရောင်တွေက ကြမ်းပြင်ပေါ် ပုံခနဲ။
"စောက်ရူးအလုပ်တွေ လာလုပ်နေတယ်"
"ဒီပန်းတွေ ဘယ်လောက်တောင်ပေးထားရလဲဆိုတာ မသိဘူးလား"
ဂျွန်ဂျောင်ကုက နှင်းဆီပန်းစည်းကို လက်နက်တစ်ခုလို အသုံးပြုနေသည့် ပတ်ဂျီမင်းရဲ့ လက်တွေကို အမိအရ လိုက်ဖမ်းရင်း မေးလိုက်သည်။
"အဲ့ပန်းတွေအကုန် မင်းဖင်ထဲထည့်ထားလိုက်"
သူ့အပေါ်ဆို ရုပ်ကလေးလှသလောက် နှုတ်က ရှယ်ကြမ်း။ အဲ့လိုဒေါသအိုးဖြစ်နေလို့လည်း စိတ်မတို၊တိုအောင် ဆွပေးရတာမျိုးကို ဂျွန်ဂျောင်ကုတို့က ဝါသနာတစ်ခုလို သဘောခွေ့နေတာ။
ပန်းစည်းက ပန်းပွင့်တွေ ပြောင်သလင်းခါသွားသည့်အခါ ဝိုင်ခွက်ဆီ လက်လှမ်းလိုက်တာကို တွေ့လိုက်ရသည်။ အချိန်မှီလေးဆိုသလို လက်ကို လှမ်းဆွဲရင်း တားလိုက်နိုင်ပေမဲ့ နှစ်ယောက်လုံး ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့ရသည်။
ပတ်ဂျီမင်းက အရင်ဘဝတုန်းက ချီဟွားဟွားခွေးများ ဝင်စားခဲ့လားမသိ။ သူနဲ့ပတ်သတ်သမျှအရာရားတိုင်းကို မှားတာ၊ မှန်တာမစဉ်းစား ပထမဆုံးက ရန်လိုတတ်သည်။ နောက်တော့ သောင်းကျန်း ဖျက်ဆီးမည်။ ဆုံလိုက်တိုင်း ဒီလိုနဲ့ပဲ သံသရာလည်...။
မသေမသပ် နှင်းဆီပွင့်ဖတ်တွေကြား ဂျောင်ကုရဲ့ ကိုယ်ပေါ်မှာ ရှိနေတာက ပတ်ဂျီမင်း။ တစ်ယောက်မျက်လုံးတွေထဲ တစ်ယောက်စိုက်ကြည့်ရင်း အတန်ကြာသည်အထိ မလှုပ်ရှားမိ။
နောက်တော့ ပထမဆုံး စတင်လှုပ်ရှားလိုက်သူက ဂျီမင်းဖြစ်ပြီး ဂျွန်ဂျောင်ကုရဲ့ အင်္ကျီကော်လာစကို ဆွဲယူကာ နှုတ်ခမ်းတွေချင်း ထိကပ်ပစ်လိုက်တော့သည်။ အစောကတည်းက ဂျီမင်းရဲ့ ကိုယ်ပေါ်မှာ ပြေးလွှားနေခဲ့သည့် ဂျောင်ကုရဲ့လက်တွေဟာလည်း အခုထိ ဆောက်တည်ရာမရ။
ပြင်းပြင်းထန်ထန် စကားများ၊ ရန်ဖြစ်ပြီးသည့်အခါတိုင်းမှာ အဆုံးသတ်တွေကတော့ တူညီတတ်မြဲ။ ချစ်ချစ်ခင်ခင် စတင်ခင်းတဲ့ လမ်းမျိုးမဟုတ်သည့် ဒေါသတွေ၊ အမုန်းတွေ၊ မကျေနပ်ချက်တွေနဲ့ အရသာကိုပဲ ပတ်ဂျီမင်းနဲ့ ဂျွန်ဂျောင်ကုက စွဲစွဲလမ်းလမ်း စိတ်တူ ကိုယ်တူ မက်မောကြလေသည်။
"ငါ နောက်လထဲ ရိုအာနဲ့ စေ့စပ်တော့မယ်"
ကိုယ်ပေါ် ခွထိုင်ထားသည့် လူက မဲ့ခနဲ တစ်ချက်ပြုံးသည်။ ထို့နောက် ဝိုင်သောက်ထားသည့် ခပ်ရှရှ နှုတ်ခမ်းတွေကို တစ်ချက်ငုံ့နမ်းလာသည်။ ပြီးသည်နှင့် ပြန်ခွာသွားကာ အောက်ကလူကို ငုံ့ကြည့်သည်။
"ငါ လက်ထပ်တော့မှာ"
ဂျွန်ဂျောင်ကုရဲ့ မျက်လုံးတွေ ဝိုင်းခနဲ။ စေ့စပ်ရုံလောက်နဲ့ တက်မလာနဲ့ဆိုသော ပြိုင်ပြိုင်ဆိုင်ဆိုင် အကြည့်တွေကို အလွတ်ရနေပြီးသား။
"မင်းသိလား"
ဘယ်အချိန်ကတည်းက အင်္ကျီကြယ်သီးတို့လွတ်ကာ ဟပြဲဖြစ်နေမှန်းမသိတဲ့ ရင်ဘတ်ကို လက်ချောင်းတွေနဲ့ ပွတ်ဆွဲကာ အသာအယာ ဆော့ကစားလာသူ။
"သူက မင်းထက်လည်း ရာထူးမြင့်တယ်လေ"
မခံချိ မခံသာဖြစ်အောင် တမင်လုပ်ယူပြောနေသည့် လေသံ။ စိတ်ထဲ ဖျင်းခနဲ တစ်ချက်ဖြစ်သွားကာ ကိုယ်ပေါ်ကလူကို အောက်ဆွဲချလိုက်ရင်း နှုတ်ခမ်းဖူးတွေ ပေါက်ပြဲသွားသည်အထိ ကိုက်ပစ်လိုက်တော့သည်။
"အရူးကောင်!"
"အရူးနဲ့ အခုလို အတူနေနေတဲ့မင်းလည်း အရူးပဲ ပတ်ဂျီမင်း"
"သွားသေ...."
ဆုံးအောင်ပင် ဆဲခွင့်မရလိုက်။ လက်နှစ်ဖက်လုံးကို ဦးခေါင်းထက်မှာ ချုပ်ခံထားလိုက်ရပြီး ပြင်းပြင်းထန်ထန် အပြုအမူတွေကြား တစ်ကိုယ်လုံးဟာလည်း နစ်မြှုပ်သွားခဲ့ရသည်။ ထိုအပြုအမူတွေကြား သူကိုယ်တိုင်လည်း ကျေကျေနပ်နပ်။
အငြှိုးတကြီး မနာ၊နာအောင် တစ်ကိုယ်လုံးကို ကိုက်ဖဲ့နေသည့် အချိန်တွေမှာတော့ စိတ်ထဲကနေပဲ အော်ဆဲပစ်ခဲ့လိုက်သည်။
ငါတို့က တကယ်ကို
ထူးဆန်းတဲ့ဆက်ဆံရေးပဲ။
ထပ်မတွေ့တော့မလို
အကြီးအကျယ် ရန်ဖြစ်ကြပြီး
ထပ်ပြီး....ဖက်တွယ်ထားမိကြပြန်တယ်။
_PSYCHO
___________________________
"ခစ်"
"ငါ့ကိုနမ်းပါဦး"
ပတ်ဂျီမင်း...။
"ဂျောင်ကု"
"အင်း"
"အင်္ကျီတွေ"
"စလို့ရပြီလား"
"ခွေးကောင်!"
"ဖက်ထား"
"လွမ်းနေတာမလား"
"သေလိုက်လေ"
ဒီညဟာလည်းပဲ
မရေတွက်နိုင်တော့တဲ့
ရန်သူနှစ်ယောက်ရဲ့
တလက်လက်ညတစ်ညပါပဲ။
____________________
"မင်းမှာ လက်မပါဘူးလား"
"ပါတယ်လေ။ ထ မယူချင်လို့"
"ကြီးကြီးကျယ်ကျယ်"
ဘုတ်!
"ရှုပ်ကိုရှုပ်တယ်"
တစ်!
"ဂျွန်ဂျောင်ကု!"
______________________
"ကြွပါ ဒုဥက္ကဌ"
"ပင်ပန်းသွားပါပြီ"
"မဟုတ်တာပဲ"
Advertisement
- In Serial54 Chapters
Cursed Era
Tilvrade is born into a family of country nobility. A baby with vague memories of another world, he begins his life trying to come to grips with the world he is in now, while fitting into his household's lifestyle and maid's loving attentions. Soon, shadows of intrigue, creep out from the capital of the kingdom and disrupt his day to day. Revelations of odd vestiges of a civilisation spark memories of who he was. Cover is a work by a great artist called madimb. You can find the full image here. Read if you enjoy reincarnation plots, medieval fantasy and a slow developing negative protagonist. Don't read if you like fast developments and action. This story is overly detailed and not for everyone (The MC is still not a teenager as of chapter 40, if that gives you a hint of the pacing...)
8 106 - In Serial28 Chapters
The Worldforge: Warlock Rising
Abandoned as an orphan, Mar was tested for magic by the Mages of Orelm and was found to possess immense magical potential, but when he grew old enough to start his training he found he was unable to cast so much as a single spell! Embarrassed by their mistake, the mages threw him in the library where he read books and tutored the mage students for a bit of money. All the while, he can’t help but envy the the students who are living the life he had so eagerly awaited. But when an object of great and malevolent power promises to make good on all the promises the mages broke to him Mar is thrust into the world of magic. Mar will find that fate had something more than a life confined to the library planned for him after all. Authors Notes: I consider this to be a comming-of-age Sword and Sorcery story based mostly on the style of classic western fantasies. So if that's your thing then I encourage you to take a peek. Something I want to mention though is that the main character starts of pretty wimpy, and that might not be your thing. That being said, if you stick with him he's got a long way to grow. Also, while this version of the story is meant to be fully readable, more dicerning readers may want to wait until I move out of rough draft phase. There may be some inconsistancies with character and plot while I am still in the rough draft phase. I'm sorry for this, but this is my first web novel and from what I've read the best way to get a good novel out is to write write write, and then edit ruthlessly after you're finished with the book, so that's the plan I'm going to follow. Again, this is a rough draft. Everything you are reading is subject to change, including the name, title, and cover photo. This may no longer be the case once I've decided I know where this fiction is going and I have a reasonable understanding of the characters and their behavior. You're reading what comes off my keyboard as it's made, with very limited editing. There will be mistakes in the text. I do a quick spell check to take out the worst of the errors, but there will be some I miss. You can point them out in the comments if they are particularly confusing or glaring and I will try to fix them, however I am not overly concerned about minor errors as this is not the final draft by any means.
8 165 - In Serial11 Chapters
Exile's Gambit
Exiled to a distant island and living only at the usurper's pleasure, Keranta's greatest hope at reclaiming what is rightfully his may also be an unexpected enemy. Back in the capital, the princess Bariti plots against her half-brother for the survival of her household.
8 182 - In Serial43 Chapters
Seeds of Magic
A world of wonder with eight paths of living. Six paths seeded with magic, fire, water, earth, wind, light or dark. One path of many, the unsown, born without a seed but able to grow one of the six. And then those races called unsown without the gift of magic in their blood.Tal is the only Human living in the great tree known as Linumbra's Hollow Home. The tree has been sealed within a barrier of light for hundreds of years, for reasons unknown to Tal and not fully understood to its residents. But fate placed Tal in this place for a reason and before he knows it that fate has him fighting for his life.
8 263 - In Serial102 Chapters
Location; Aizawa x Reader
You work at a cat themed cafe! Overall your customers are pretty chill, until some grumpy ass high school teacher comes in and becomes a regular. This is an +18 up fic! As always, please be kind and enjoy!!#1 in Aizawa #1 in AizawaxreaderCover art: alyssa.martin2462
8 175 - In Serial9 Chapters
Caretaker Nootmare!
It's was a Normal day....-poof-need mind.. cause everyone in the gang besides Nootmare turned into Cats.... wtf?!?Edit;Sep/1/2020Nightmare: Joku Blogs (Tumbler)Dust: Ask-Dusttale (Tumbler)Horror:Sour Apple Studios (Tumbler)Killer:rahafwabas (Tumbler)Error: Lover of Piggies (Tumbler, and they are also known as CQ!)Cross:Jakei (Tumbler)Ccino:black-nyanko (Tumbler)These are the names of there Tumbler since I only have Tumbler 737Also I'm adding Ccino Sans! So ask him aswell!
8 162