《Dancing On Your Heartbeat • Kookmin || Completed ||》- 31 -
Advertisement
မနှစ်က ဒီဇင်ဘာမှာ နှင်းတွေဟာ မုန်တိုင်းဖြစ်သလိုဆက်တိုက်ကျနေတုန်းက နောက်ဆုံး ဆုံတွေ့ခဲ့ခြင်း
သာ ဖြစ်သည် ။ ဘယ်နေရာကို ငေးကြည့်လိုက် ငေး
ကြည့်လိုက် နှင်းတွေ ဖုံးနေတော့ အတိတ်ဟောင်း
တွေကို ပြန်ဆွကာ သတိရမိပါသေးသည် ။
အခုတော့ လမ်းပေါ်မှာ နှင်းပုံတွေ တဖြည်းဖြည်း
လျော့လာပြီး အအေးဓာတ်ကလည်း တဖြည်းဖြည်း
လျော့နည်းလာပြီ ။
ဂျီမင်းက လည်ပင်းမှာ ပတ်ထားတဲ့ ဂျောင်ကု နာမည်
ပါ မာဖလာလေးကို ဆုပ်ကိုင်ထားလိုက်မိသည် ။
ဒီဇင်ဘာမှာ ငါတို့ ဝေးကွာခဲ့ကြတယ် ။
ဒီဇင်ဘာရဲ့နှင်းတွေကြား ငါတို့ စကားတွေများခဲ့ကြတယ် ။
ခုတော့ နွေဦးတောင်ရောက်တော့မယ် ကောင်လေး ။
ပြန်လာမလားလို့ မျှော်နေမိသေးတယ်ဆိုရင် မျှော်မသူဟာ အရူးပဲဖြစ်လိမ့်မည် ။ တကယ်တမ်း လက်
လွှတ်လိုက်သူက ကိုယ်တိုင်ပဲမို့ ရူးတယ်ဆိုလည်း
ဆိုကြပါတော့ ။
ချစ်မိခဲ့တာဟာ ဘဝအဆက်ဆက်က လာခဲ့တဲ့ ခံစား
မှုမျိုးနဲ့ ။ နောက်ဘဝတွေထိ ပေးဆပ်နေမယ့် ခံစား
ချက်တွေနဲ့ သိပ်ကို ချစ်ခဲ့မိရုံပါ ။
ကမ်းစပ်လေး တည်ငြိမ်နေတုန်း နောက်တစ်ကြိမ်
လာရိုက်ခတ်သွားတဲ့ ရေလှိုင်းငယ်ရယ် ။ တစ်ခေါက်
အလည်လာ လှည့်ပါဦး ။ တစ်ခါတစ်လေလည်း
သတိရပါရဲ့ ။
တစ်ခေါက် နှစ်ခေါက် သုံးခေါက် အကြိမ်ပေါင်းများ
စွာ နာကျင်ရမယ်ဆိုလည်း အဲ့ဒီ နာကျင်မှုက လွတ်ရုန်း
ဖို့ မစဥ်းစားမိတော့ပါ ။ ဒီ ကောင်လေးနဲ့ ပတ်သက်
ရင် နာကျင်ရဖို့ ပါလာတယ်လို့ပဲ သတ်မှတ်ပါတော့မည် ။
//
ဂျောင်ကု ပုခုံးထိလာတဲ့ လက်တစ်စုံက လေးလံနေသည် ။
" မင်း သူ့ကိုမျှော်နေတုန်းလား "
ဂျောင်ကုက ယွန်းဂီ ရဲ့ စကားကြောင့် ဆွံ့အနေခဲ့သည် ။
" မသိဘူး အစ်ကို ! ကျွန်တော် တကယ်တမ်းကျ သူ့
ကို တစ်စက္ကန့်မှ မမေ့ဘူး ။ သူ့ကို မြင်ယောင်လာရင်
ခုရနေတဲ့ အောင်မြင်မှု ငွေကြေး ဘာမှ မလိုချင်တော့ဘူး "
ယွန်းဂီက ဂျောင်ကုရှေ့ကို ကော်ဖီခွက် နွေးနွေးလေး
ချပေးလိုက်သည် ။
" မင်းတို့က ဝေးခဲ့ကြပြီးပြီလေ "
အမှန်တရားကြောင့် နှလုံးသားတို့က ဆစ်ခနဲ နာကျင်သည် ။
" သိပါတယ် ! ကျွန်တော့် နှလုံးသားထဲမှာတော့ သူ
အမြဲရှိတယ် ။ သူဘယ်ချိန်ပြန်လာလာ ကျွန်တော်က
အမြဲ ကြိုဆိုနေမှာ ဒီမှာတွေ့လား ? "
ဘောင်းဘီအိတ်ထောင့်လေးထဲက အနီရောင် ကတ္တီပါ
ဘူးလေး က အရင်လို တောက်ပနေဆဲ ။
" ဒါက သူ ကျွန်တော့်ဆီပြန်လာရင် ပေးမှာ "
" ဂျောင်ကု ရယ် မင်းကိုမြင်ရတာ မင်း မဟုတ်သလို
ပဲ ငါအရင်က သိခဲ့တဲ့ မင်းက ဒီလိုပုံစံ မဟုတ်ဘူး "
" ဟုတ်တယ် အစ်ကို ! ကျွန်တော်ပြောင်းလဲသွားတယ် ။
သူ့ကြောင့်ပါပဲ သူ့ကိုချစ်တဲ့စိတ်နဲ့ပေါ့ ။ မေတ္တာဟာ
တန်ပြန်သက်ရောက်တယ် ပြောရမလား ။ သူ ကျွန်
တော့်ကို ချစ်ပေးခဲ့တာတွေ ကျွန်တော် မမြင်နိုင်ခဲ့ပေ
မယ့် အခုတော့ သိပြီမို့ လုံလောက်ပါပြီ ။ ကျွန်တော်
သူသာ ပြန်လာရင် အချိန်မရွေး ဒီကနေ ထွက်လာပြီး
သူ့ဆီ တန်းတန်းမတ်မတ် ပြေးသွားမှာ ။ "
ဂျောင်ကု စကားသံတွေဟာ ဆို့နင့်သံကြီး ပါလာတာ
ကြောင့် ယွန်းဂီ က စကားကို ဖြတ်ပြောလိုက်သည် ။
" တော်ပါပြီ ! ဒါတွေ မပြောနေပါနဲ့ မင်းအနားယူရ
မယ် ။ ခုတလော ကုမ္ပဏီ က မင်း အလုပ်တွေ ရှိ
သေးတယ်မလား ? "
" ဟုတ်ကဲ့ အစ်ကို "
ဟိုအရင်ကတည်းက တစ်ခြားသူတွေထက် ယွန်းဂီ
စကားနားထောင်လာတဲ့ ကလေးမို့ ခုလည်း တစ်ခွန်း
ပြောရင် ဟုတ်ကဲ့ ဆိုတာချည်းပဲ ပြန်ပြောနေတော့
ရင်ထဲ နာကျင်ရပြန်သည် ။
ဂျောင်ကု ခံစားနေရတာ မြင်တော့ ယွန်းဂီကလည်း
ဘယ်လို လုပ်ပေးရမယ် တကယ်မသိဘူး ။ ကံကြမ္မာ
ဆိုတာလည်း ဒီလိုမျိုးပဲ ။ အစကတည်းက ပေးမတွေ့
ခဲ့ရင် နှစ်ဖက်လုံး ခံစားရမှာ မဟုတ်ဘူး ။
//
ဂျောင်ကုက က နေရင်းက ခေါင်းထဲ မိုက်ခနဲ ဖြစ်
သွားသည် ။
" အာ ... ဘာလို့ ခေါင်းက မူးတာပါလိမ့် ? "
ဂျောင်ကုက ခေါင်းကို နည်းနည်းခါလိုက်ပြီး ဆက်က
နေလိုက်သည် ။ ခြေချော်ကာ ယိုင်လဲမလိုထိ ဖြစ်
တော့ ခဏရပ်လိုက်သည် ။
" ငါအားနည်းနေတာများလား ? "
ဂျောင်ကုက အပြီးဖြတ်ပေးရမယ့် အလုပ်မို့ သီချင်း
သွားနေတဲ့ အတိုင်း ဆက်ကနေလိုက်သည် ။ အမြင်
တွေက တဖြည်းဖြည်း ဝေဝါးလာပြီး ရီဝေလာသည် ။
*ဘုန်း*
" ဂျောင်ကု အဆင်ပြေရဲ့လား ဂျောင်ကု ??? "
လဲကျသွားတာကိုတောင် သတိမမူမိဘဲ ဝိုးတဝါးပဲ
မြင်ရတော့သည် ။ အသိစိတ်ရှိနေပေမယ့် ဘာကိုမှ
မသိတော့သလိုပင် ။
ကနေရင်း မြေကြီးပေါ် ဘုန်းခနဲလဲကျသွားတဲ့ ဂျောင်
ကုဆီကို Staff များက ပြေးလာကြသည် ။
" ဆေးရုံပို့ဖို့လုပ် ... မြန်မြန် မြန်မြန် !!! "
ဆေးရုံပို့ဖို့ အားလုံး ပြေးလွှားနေကြတာကို မြင်နေ
ပေမယ့် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး နောက်ဆုံးမှာ
ဂျောင်ကုလည်း မျက်စိအစုံ မှိတ်ကျသွားခဲ့သည်။
//
" ဆရာ ဆရာ အဲ့တာ ဘာဖြစ်တာလဲ ဆရာ ? "
ယွန်းဂီကပဲ အုပ်ထိန်းသူပဲဖြစ်သည်မို့ ဂျောင်ကု ဆီ
ကိုအမြန် ပြေးလာခဲ့ရသည် ။ ဆရာဝန်တွေ ထွက်
Advertisement
လာပြီးနောက် ယွန်းဂီက အနောက်က လိုက်ကာ
စိုးရိမ်တကြီး မေးလိုက်သည် ။
" သူ့ရောဂါ ပြန်ထလာပြီ ထင်တယ် "
" သူ့ရဲ့ အရင်က နှလုံးရောဂါ ? "
" အရင်ကတည်းက ကျွန်တော်သူ့ကို ဒီအလုပ်
မလုပ်ဖို့ တားထားတယ်လေ "
" သိပါတယ်ဆရာ ... သူက ဆေးတော့ သောက်ပါ
တယ် ။ သက်လဲသက်သာနေတာ ကြာပြီဆရာ "
" သူက မွေးရာပါဖြစ်နေတာလေ ဒါမျိုးက ဆေးပုံ
မှန်သောက်နေရုံနဲ့လည်း မရဘူး ။ ဆေးရုံမှာလဲ အမြဲ
ပြန်စစ်နေရမှာ ။ ခင်ဗျားတို့က ပေါ့တာကို "
ယွန်းဂီက ဆရာဝန်ပြောသမျှ ခေါင်းငုံ့ခံရင်း ဘာမှ
ကို ပြန်မပြောနိုင် ။
" ကျွန်တော် ပေါ့တာပါ ။ ကျွန်တော်က ဂရုစိုက်လိုက်ရမှာ "
" ခုတလော သူ ဆေးတွေရောသောက်ရဲ့လား ? "
ယွန်းဂီက မျက်နှာ အနည်းငယ်ပျက်သွားမိသည် ။
ဂျောင်ကုကို ကျန်းမာရေးနဲ့ ပတ်သက်လို့ မမေးမိ
ဂရုမစိုက်မိတာကြာသည်မို့ ဆေးပုံမှန် သောက်ရဲ့
လားတောင် သတိမထားမိခဲ့ဘူး ဖြစ်သည် ။
" တောင်း ... တောင်းပန်ပါတယ် ဆရာ ! ကျွန်တော်
သူ့ကိုဂရုမစိုက်မိလို့ပါ "
မျက်ရည်တွေဝဲတက်လာသော ယွန်းဂီ ကြောင့် ဆရာ
ဝန်လည်း စိတ်မကောင်းဖြစ်ရုံကလွဲ ဘာမှ မပြောနိုင် ။
" ထားပါတော့ ... ပြီးတာတွေ မပြောပါနဲ့တော့ ခုက
စပြီး သူ့ကိုအနားယူခိုင်းပါ ။ ဆေးတွေလဲ သေချာ
သောက်ခိုင်း ။ ကျွန်တော့်ဆီလဲ ပုံမှန်လာပြီး စစ်ဆေး
တာမျိုး လုပ်ပေး "
" ဟုတ်ကဲ့ပါ ဆရာ !! "
ထို့နောက် ယွန်းဂီက ဂျောင်ကု ရှိတဲ့ လူနာဆောင်
ဘက်သို့ ထွက်လာခဲ့သည် ။ လူနာဝတ်စုံလေးနဲ့
ပြတင်းပေါက်ရှိရာ ငေးနေတဲ့ ဂျောင်ကုက လူ
ပမာပုံလေးတောင် ပေါက်နေပြီ ။
" ဂျောင်ကု ! "
" အော် အစ်ကို ! ကျွန်တော် ပြန်လို့ရပြီမလား ? "
" နေပါဦး ! မင်းကလဲ အဲ့လောက်တောင်ပြန်ချင်လား ? "
" ဆေးရုံ အငွေ့အသက်တွေ မုန်းတယ် အစ်ကိုရ "
ဆေးရုံတွေ ဆေးတွေ မုန်းတဲ့ ကလေးကျမှ ဒီလိုမျိုး
ဖြစ်ရသည်မှာ ပို၍ ဆိုးရွားလှသည် ။ ယွန်းဂီ သက်
ပြင်းသာ ခပ်ယဲ့ယဲ့ ချလိုက်မိပါရဲ့ ။
" ဂျောင်ကု ! မင်း ခုတလော ဆေးတွေ မသောက်ဘူးလား ? "
ဘာမှမပြောဘဲ တိတ်ဆိတ်နေတဲ့ ဂျောင်ကု ကြောင့်
ယွန်းဂီ သဘောပေါက်လိုက်သည် ။
" မင်းကွာ ... ဘယ်လောက်တောင် ကြာပြီလဲ ? "
" နှစ်လ သုံးလလောက်ရှိပြီ "
" ဆိုးလိုက်တာ ဂျောင်ကု ရာ !!! မင်းကို ငါဘယ်လို
ပြောရတော့မလဲ ? ကိုယ့်ကိုကိုယ် မနှိပ်စက်နဲ့လေ ။
ဆေးတော့သောက်ပေါ့ ။ "
" ကျွန်တော်မှ မသောက်ချင်တော့တာ ။ သောက်ချင်ယစိတ်လည်း ဖြစ်မလာဘူးလေ "
ပြောရင်း ခေါင်းငုံ့ သွားတဲ့ ဂျောင်ကုကို ကြည့်ရင်း
ယွန်းဂီက ပို စိတ်မကောင်းဖြစ်လာသည် ။
" ဂျောင်ကု သူကိုယ်တိုင် မင်းနားက ရှောင်ဖယ်သွား
တာမို့သူက မင်းဆီ ပြန်မလာနိုင်လောက်တော့ဘူး !!!
မင်း သိလား ? "
ယွန်းဂီ ကို ဆတ်ခနဲ မော့ကြည့်တဲ့ ဂျောင်ကု မျက်ဝန်း
တွေမှာ မျက်ရည်တွေ အပြည့် ။
" သိတယ် သိတယ် သိတယ် !! အနည်းဆုံးတော့ ကျွန်
တော် နေမကောင်းရင် သူလာကြည့်မှာပဲဆိုပြီး ... "
" ဂျောင်ကု !!!!! တော်တော့ !!!!! "
ယွန်းဂီရဲ့ အော်သံက တိတ်ဆိတ်နေတဲ့ အခန်းထဲ
ဟိန်းထွက်သွားသည် ။
" အရူးလို မလုပ်စမ်းပါနဲ့ ။ အဲ့တာ ငါသိတဲ့ ဂျွန်ဂျောင်
ကု မဟုတ်ဘူးလေ ။ မင်း ဒီလိုလုပ်ရပ်တွေနဲ့ မမိုက်
စမ်းပါနဲ့ !!! "
ဂျောင်ကုက ယွန်းဂီကို မျက်နှာလွှဲကာ တစ်ဖက်ကို
လှည့်သွားသည် ။
" ဆောရီးပါကွာ အစ်ကို က မင်းကို ကောင်းစေချင် .. ချင် ... "
ယွန်းဂီက ဂျောင်ကုရဲ့ လက်တွေကို ဆုပ်ကိုင်လိုက်သည် ။
" နားလည်ပါတယ် အစ်ကိုရယ် ... ကျွန်တော်လည်း
အများကြီး နာကျင်နေရတာပါပဲ "
ယွန်းဂီ ရဲ့ လက်တို့ကို ဂျောင်ကုက ထပ်၍ ဆုပ်ကိုင်
လိုက်ကာ ပြောလိုက်သည် ။
" ကျွန်တော် ကြိုးစားနေပါတယ် ... "
ယွန်းဂီ က ခေါင်းကို ခပ်ဆတ်ဆတ်လေး ညိတ်လိုက်သည် ။
" အင်း ... အချိန်ယူပြီး လုပ်ကြတာပေါ့ ဂျောင်ကုရာ ။
ငါလည်း မင်းနားမှာ ရှိပါတယ် "
အချိန်က ကုစားနိုင်ဖို့ အချိန်ဆိုတာလည်း ပေးသင့်
သည်ကိုး ။ အရာအားလုံးက ပေါ့ပြတ်ပြတ် ဖြစ်ခဲ့
တာမဟုတ်တော့လည်း ခံစားရတော့ နှစ်ဆဖြစ်သည် ။
//
ဂျောင်ကု ကို ကုမ္ပဏီ က ကျန်းမာရေး အခြေအနေ
ကြောင့် ခဏအနားယူခိုင်းထားရပြီး ယွန်းဂီက အနီး
ကပ် ပြုစုဖြစ်သည် ။ ယွန်းဂီအနေနဲ့လည်း ဂျောင်ကု
အနားမှာ အနီးကပ်ရှိနေရတာ ပို စိတ်ချရသည် ။
ယွန်းဂီက ဂျောင်ကု ရဲ့ ကုတင်ဘေးမှာ ခပ်လှမ်းလှမ်း
ခုံက ထိုင်လျက် စောင့်နေသည် ။ ဂျောင်ကုက ယွန်း
ဂီ ကို ကြည့်နေရင်း တစ်ခုခု ပြောရန် ကြိုစားနေပေ
မယ့် တစ်ခွန်းမျှ ထွက်မလာ ။
ယွန်းဂီ က သတိထားမိကာ ဂျောင်ကု ကို ထူးဆန်းစွာ
Advertisement
ကြည့်နေမိသည် ။
" ဂျောင်ကု အဆင်ပြေရဲ့လား ? "
" အ ... အစ် ... အစ်ကို ... "
တုန်တုန်ယင်ယင် ထွက်လာသော လေသံက ပုံမှန်
မဟုတ်နေတာကို ယွန်းဂီက သတိထားလိုက်မိသည် ။
ယွန်းဂီက ကြည့်နေတဲ့ဖုန်းကို ဘေးချကာ ဂျောင်ကု
ဆီ အပြေးသွားမိသည် ။
" ဂျောင်ကု ဂျောင်ကု မင်းအဆင်ပြေရဲ့လား ? "
ဂျောင်ကုက တစ်ခုခုပြောဖို့ ကြိုးစားနေပုံရသည် ။
" အာ ... ဒီနေရာက ... နာ .. နေတယ် ။ ပြီးတော့
မောတယ် အစ်ကို ... "
" ဟင် ... "
ကောင်းကောင်း မထွက်လာတဲ့ လေသံတို့နဲ့ နာကျင်
နေတာ ကို အံတုရင်း ပြောနေပုံရသည် ။
" အ ... အစ် ... အစ်ကို ... "
နောက်ဆုံးမှာ ခပ်တိုးတိုးလေး ခေါ်သံထွက်လာပြီး
ခေါင်းက ယိုင်လဲကျသွားခဲ့သည် ။
" ဂျောင်ကု ဂျွန်ဂျောင်ကု !!!! သတိထားပါဦး သတိ
ထားစမ်း ဂျွန်ဂျောင်ကု !!!! "
မျက်စိရှေ့တင် ခေါင်းက ယိုင်လဲကျသွားတဲ့ ဂျောင်
ကုကို မြင်လိုက်ရတဲ့ ယွန်းဂီအဖို့လည်း ကမ္ဘာပျက်
မတတ်ခံစားရသည် ။
" ဂျောင်ကု သတိထားစမ်းလို့ !!!!!! "
နှုတ်ခမ်းတွေကလည်း ဖြူလျော့နေပြီး ပျော့ခွေနေသည် ။
" မဖြစ်တော့ဘူး ... ဒီကို ဆရာဝန် ... ဆရာဝန်အမြန် !!!! "
//
အချိန်က ညတစ်နာရီရှိနေပြီ ။ ယွန်းဂီက အိပ်လို့
မပျော်နိုင်သေးပဲ ခွဲစိတ်ခန်းရှေ့မှာ လက်နှစ်ဖက်တို့
ကို စုထားရင်း အချိန်ပြည့် ဆုတောင်းနေရသည် ။
ခဏကြာတော့ ဆရာဝန်တွေက ထွက်လာကြသည် ။
" ဆရာဆရာ !!! ဘာဖြစ်တာလဲ ဆရာ ! ပြောပါဦး "
" အခြေအနေက သိပ်မကောင်းဘူး ခွဲစိတ်ရမယ် ။
သူငယ်ငယ်က အခြေအနေမျိုး ပြန်ဖြစ်နေတာ "
" ဗျာ ဘယ်လို ဆရာ ? "
" မွေးရာပါ နှလုံးရောဂါက သိပ်ဆိုးနေတာကြောင့်
စကားပြောဖို့တောင် အခု ကြိုးစားနေရတာလေ ။
သူအသက် ဆယ်ကျော်သက်လောက်မှာ တစ်ခါခွဲစိတ်
မှုလုပ်ခဲ့ဖူးတယ် ။ ကံကောင်းတယ်ပြောရမလား ?
အောင်မြင်ခဲ့တဲ့အပြင် ဘာမှမလိုအပ်ခဲ့ဘူး ခုက
သူနှလုံးကို ခိုင်းထားတဲ့ ဒဏ်က များနေပြီ အဲ့တာ
ကြောင့် အခု ထပ်ပြီး ခွဲစိတ်ရမယ် ... ဒါပေမဲ့ ဒီတစ်
ခါက ... "
" အဲ့တာ ... ဘာဖြစ်လဲ ဆရာ ? "
ယွန်းဂီက ရင်တထိတ်ထိတ်နဲ့ ဆရာဝန် ပြောလာမှာ
ကို စောင့်နေလိုက်သည် ။
" နှလုံး အစားထိုး ကုသဖို့လိုတယ် "
" ခင်ဗျာ !!!!!! "
စိုးရိမ်မှုတွေက ငယ်ထိပ်သို့ ဆောင့်တက်သွားခဲ့
သည် ။ မနေ့တနေ့ကအထိ အကောင်းကြီးဖြစ်
နေတဲ့သူက နှလုံးအစားထိုးကုသရမည်တဲ့လား ။
" ပထမတစ်ခါ ခွဲစိတ်မှုပြီးကတည်းက ဆေးတွေကို
အဆက်မပြတ်သောက်ဖို့ အတန်တန်မှာလျက်နဲ့
ခုကျလုပ်တဲ့အလုပ်နဲ့ ဆေးကိုပြတ်တာနဲ့ ရောဂါကို
ပိုဆွသလို ဖြစ်နေတော့တာပဲ "
" ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ ? သူ့ကိုကယ်ဖို့
ဘာမဆို လုပ်နိုင်ပါတယ် ။ လုပ်ပါ ဆရာ .... "
" စိတ်မကောင်းစရာက သတင်းဆိုးက ပြောရဦးမယ် "
" ဟမ် ဘာ ... ဘာ ... လို့လဲ ဆရာ ? "
ယွန်းဂီက ရင်တလှပ်လှပ်နဲ့ ဖြစ်လာမယ့် စကားကို
နားမထောင်ရဲဖြစ်နေသည် ။ ခြေထောက်တွေက
လည်း ယိုင်နဲ့ကာ ပြိုလဲတော့မည် ။
" သူ့ရဲ့ သွေးက AB negative ။ တစ်ကမ္ဘာလုံးမှာမှ
0.6 % ပဲရှိတဲ့ သွေးအမျိုးအစား ။ သွေးအမျိုးအစား
တူတဲ့ သူဆီက နှလုံးကို ကျွန်တော်တို့ ရှာရမယ် "
ယွန်းဂီက ခြေထောက်တွေ ယိုင်နဲ့ကာ အနောက်ကို
ဆုတ်သွားခဲ့သည် ။
" လူနာရှင် အဆင်ပြေရဲ့လား ? "
ယွန်းဂီက တုန်လှုပ်ပြီး ဘာမှပြန်မပြောနိုင်ဖြစ်နေသည် ။
" မိသားစုဝင်ဆီက ရဖို့ကလည်း မဖြစ်နိုင်ဘူးမလား ? "
တစ်ကိုယ်ရေ တစ်ကောင်ကြွက်ဖြစ်တဲ့ ဂျောင်ကုကို
နမ်ဂျွန်နဲ့ ယွန်းဂီကပဲ စောင့်ရှောက်လာခဲ့သည် ။
" ကျွန်တော် ကမ္ဘာပတ်ရှာဆိုလည်း ရှာမယ် တွေ့ရင်
ရပြီမလား "
ယွန်းဂီက အားပြန်တင်းလိုက်ကာ ဆရာဝန်ကို ပြော
လိုက်သည် ။
" ဒီမှာ ... "
ယွန်းဂီက မျက်ရည်စတွေနဲ့ပြောတော့ ယွန်းဂီရဲ့ ပုခုံး
ကို ဆရာဝန်က အသာ ပုတ်ကာပြောလိုက်သည် ။
" ကျွန်တော်တို့က ဦးနှောက်က သေဆုံးနေပြီး
Organs တွေကောင်းတဲ့သူဆီက နှလုံးကို ယူရ
မယ် ။ ပြောရရင် အဲ့လူက လက်ခံမယ့်သူနဲ့ သွေး
အမျိုးအစား ဒါမှမဟုတ် တစ်ရှူးမျိုးအစား တူရ
မယ် ။ ဒါမှလည်း လက်ခံလို့ရနိုင်မယ် "
" ဆရာ .. ဆရာပြောချင်တာက လှူရမယ့်သူက သေ
နေပြီးတဲ့ လူပဲမဟုတ်ဘူးလား ? "
ဆရာဝန်က ခေါင်းကို အသာညိတ်သည် ။
" အဲ့လိုပဲ ဆိုပါတော့ ! "
" ဒါဆို ... သေနေတဲ့သူဆီက နှလုံးကိုရဖို့ အဲ့ဒီလူက
ဂျောင်ကုနဲ့ ကိုက်ညီနေဦးမှပေါ့ အဲ့လိုလား "
" ဟုတ်ပါတယ် ... "
ဆရာဝန်က သက်ပြင်းချကာ ပြောလိုက်သည် ။
ယွန်းဂီရဲ့ ခြေထောက်တွေဟာ ထပ်ပြီး ယိုင်လဲ
သွားပြန်သည် ။
" ဂျောင်ကုရယ် ... မင်း ဘာလို့ ဒီလောက် ကံဆိုးရတာလဲ ? "
ဖြစ်နိုင်ချေနည်းတဲ့ အရာအားလုံး စုနေတဲ့ ဒီဟာကို ဘယ်နေရာမှာများ သွားရှာလို့ရပါတော့မလဲ ။ မဟုတ်ရင် ဒီလိုနဲ့ ဂျောင်ကုကို လက်လွှတ်လိုက်ရတော့မလားလို့ စိုးရွံ့မိသည် ။
//
ယွန်းဂီက မြေကြီးနဲ့ ကြမ်းပြင်မထိဘဲ အိမ်ကိုပြန်နေ
ရသည် ။ ဂျောင်ကု ဆေးရုံမှာ ဆက်နေဖို့အတွက်
ပစ္စည်းတွေ အဝတ်အစား တစ်ချို့ လာပြန်ယူရသည် ။
တစ်လမ်းလုံး ငိုချင်သလို စိတ်တိုသလို ။ ခံပြင်းမိပြီး
ဘာလုပ်ပေးရမယ်လည်း မသိဘူး ။
" ဒီခလေးကျမှ ဘာလို့ဒီလိုတွေဖြစ်ရတာလဲ ? တောက် ! "
ဝါသနာပါရာလေးလုပ်ရင်း ဘဝလေးတစ်ခု အခြေ
ခိုင်နေပြီကို ကံကြမ္မာကလည်း ရက်စက်ရင် တစ်ဆုံး
ဖြစ်သည် ။ နှလုံးသားက သူ့ဘာသူတောင် နာကျင်ရင်
မလုံလောက်သေးတာကို နှလုံးအစားထိုး ခွဲစိတ်မှုတဲ့လား ။
ဂျောင်ကု အိမ်ကိုရောက်တော့ အဝတ်အစားတွေ
ထည့်ရင်း တွေ့လိုက်ရတာက အမှိုက်ပုံးထဲက ဆေး
တွေ ဖြစ်သည် ။
" ဘယ်လောက်တောင် မသောက်ပဲ ဖြစ်ထားခဲ့တာလဲ ? "
ဒီရက်ပိုင်းဆေးတွေတောက်လျှောက် လွှင့်ပစ်နေခဲ့
တာလား ဆိုတာ ပြန်တွေးမိလိုက်ရင် ကိုယ်တိုင်
အသုံးမကျတာလို့ပဲ ယွန်းဂီက တွေးမိသည် ။
သောက်ပြီးပြီလားလို့ မေးရင် အင်း ဆိုပြီး ဘေး
အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တဲ့ ကောင်လေး ဖြစ်
သည် ။
" ကျစ် ! ဒီ ခလေးနှယ့် ငါသာဖြစ်လိုက်ပါတော့ "
ဂျောင်ကု စားပွဲပေါ်မှာ တင်ထားတဲ့ ကတ္တီပါဘူးနီ
လေးကလည်း အတိုင်းသား ။
" အင်း ဒီကလေး ... ဒါက ဘာလို့ဒီရောက်နေရတာလဲ ? "
ထည့်ရမယ့်အထုပ်အပိုးတွေနဲ့ အတူ အဲ့ဒီ ဘူးလေး
ကိုပါ ဂျောင်ကု အတွက် သယ်သွားလိုက်သည် ။
" အခုကစပြီး ပိုပြီး ဂရုစိုက်နေကြတာပေါ့ ဂျောင်ကုရာ "
ယွန်းဂီက ဂရုမစိုက်မိခဲ့တဲ့ ကိုယ့်ကိုကိုယ်ပဲ နောင်တ
ရမိသည် ။ တစ်ခြားသူတွေကိုလည်း ပြောမပြချင်
တာကြောင့် ဒီကိစ္စကို လျှို့ဝှက်ထားမိသည် ။ သူတို့
သိတော့လည်း လုပ်ပေးနိုင်တာ မရှိတာမို့ ယွန်းဂီက
အပူတွေ မပေးချင်တော့ပေ ။
လျော့နည်းလာပြီ ။
ဆိုကြပါတော့ ။
အလည်လာ လှည့်ပါဦး ။ တစ်ခါတစ်လေလည်း
သတိရပါရဲ့ ။
//
ချပေးလိုက်သည် ။
သေးတယ်မလား ? "
" ဟုတ်ကဲ့ အစ်ကို "
ရင်ထဲ နာကျင်ရပြန်သည် ။
//
သွားသည် ။
တော့ ခဏရပ်လိုက်သည် ။
*ဘုန်း*
မသိတော့သလိုပင် ။
//
ကို ပြန်မပြောနိုင် ။
တာမျိုး လုပ်ပေး "
" ဟုတ်ကဲ့ပါ ဆရာ !! "
ဘက်သို့ ထွက်လာခဲ့သည် ။ လူနာဝတ်စုံလေးနဲ့
" ဂျောင်ကု ! "
Advertisement
- In Serial31 Chapters
Pixie Dust {ManxBoy}
*PARTIALLY EDITED*Being the new kid is extremely hard, especially when you go to a school just for the supernatural. Leon is a pixie- and the new kid. Moving from his old home for better opportunities for his large but poor family, he's thrown into a whole new world, especially with one possessive and hot alpha. Can he survive this new school, drama, mates, and a possible baby?!Welcome to SNH High! Where the drama never stops!*WILL BE EDITED AFTER STORY IS COMPLETED*
8 204 - In Serial76 Chapters
Abandoned ✔️
Venus Stavish' life has never been easy nor simple. Being an orphan and no one wanting to adopt you, isn't how a normal life looks like. She changed foster homes more times than the years she has lived. She finally took the matters in her own hands and did what she thought best. She ran away. Upper East High isn't your normal high school where all is happy and peaceful. This high school is dark and twisted where everybody has a secret. Making friends had never been hard for Venus but making enemies was quiet easy for her. She was the perfect example of beauty with brains but had many bad habits. In her life walks a handsome yet shy stranger which changed her life; for good or bad?[BOOK 2 OF ACCIDENTALLY MET MR. BILLIONAIRE BUT CAN BE READ AS STAND-ALONE]
8 217 - In Serial39 Chapters
Back To You (#3)
Aeryn Reynolds had a perfect day going on; her restaurant was bustling with customers and she couldn't be any happier about it until Everette Wilbrose walked in and Aeryn's daughter decided to play matchmaker for them.Some bad choice of words from Everette pissed her off, completely. And she doesn't want to see his face ever again.Throw in some money problem for Aeryn and a search for a bride for Everette and pressure from Aeryn's daughter for a father. Will she be able to tolerate being married to Everette, the self-made billionaire or her life's gonna crumble?And especially, it's not easy for an arranged marriage to work when both of them are waiting for their long-lost childhood love._______________________________________________"How can you be so sure about marrying me?", the little girl asked. "What if I am somewhere else and you are somewhere else?"The boy smiled softly. "No matter which part of the world I am in, I will always find my way back to you."(In case you are wondering why the hell there's a hashtag next to the title, numbering it...go read my bio.)
8 148 - In Serial38 Chapters
I wanna be yours... -ALEX TURNER-
"I want to change your mind.""Alex... You're drunk.""But my thoughts are sober."You just broke up with your ex boyfriend, and Alex is there to comfort you. Or, is it getting a little bit too comfortable?Will romance your friendship forever?Highest rank:#1 in Alexturner#3 in Arcticmonkeys#1 in Arabella(Why did 16 y/o me write this..)
8 231 - In Serial71 Chapters
Sexting a Stranger [h.s.]
"Daddy? I think you got the wrong number there, babe (; xx."((Harry Styles Fanfic))
8 110 - In Serial29 Chapters
Unhinged
[COMPLETED] Dr. Alexis Reyna's perfect life begins to unravel as her stalker's obsession turns deadly. Can she rely on her new boyfriend to help her or is she falling in love with a killer?*PLEASE NOTE: This book is unedited and a first draft. *
8 163