《Dancing On Your Heartbeat • Kookmin || Completed ||》- 30 -
Advertisement
ဂျီမင်းက မနက်နိုးလာတော့လည်း နိုးကောင်းခြင်း
မနိုးခဲ့ရပဲ ဖုန်းမှာ အဝင် Call သို့မဟုတ် မက်ဆေ့ချ်
များ ရှိမလားလို့ စစ်ဆေးမိသည် ။
ဂျီမင်းက ညက အိမ်ကိုသာ ပြန်လာခဲ့ရပေမယ့်
ဂျောင်ကု အဆင်မှပြေရဲ့လားဆိုတဲ့စိတ်က လူကို
သတ်နေသည် ။ ပိုဆိုးသည်က ညကလည်း စာမပို့ဘဲ
အခုတောင် ဂျောင်ကုက ဖုန်းဆက်သည်ကို မကိုင် ။
ဒေါက် ဒေါက် ~
စိတ်ညစ်နေရတဲ့အထဲ တံခါးကို ဘယ်သူက ခေါက်
သည် မသိ ။
" ဘယ်သူလဲဗျာ !!!! "
ဂျီမင်းက တံခါးကို ရှုံ့မဲ့မဲ့နဲ့ ဆွဲဖွင့်လိုက်တော့ မိုးကြိုး
ပစ်သလို ခံစားလိုက်ရသည် ။
" နင့်အမေ နင့်အမေ "
" ဟာ အဒေါ်ကြီး ! "
ခိုအိမ်သာသာ ရှိတဲ့ အိမ်ကို ငှားထားပြီး လခဆို
အချိန်ကို မှန်နေအောင် တောင်းတတ်သော အပေါက်
ဆိုးဆိုးအိမ်ရှင် အဒေါ်ကြီး ဖြစ်သည် ။
" ပေး ငါ့လခ !! "
" ပေးမှာပေါ့ အဒေါ်ကြီးတို့များ အချိန်ကို မှန်နေတာ
ပဲ ။ တစ်မိနစ်လောက်များနောက်ကျရင် ဘာဖြစ်မှာမို့လဲ ? "
" ဟဲ့ နောက်ကျလို့မရဘူး ပိုက်ဆံဆိုတာ အရေးကြီး
တယ်ဟဲ့ "
" ဟုတ်ပါပြီဗျာ ရော့ ... "
ဂျီမင်းက သူနဲ့ ကြာကြာစကားမပြောချင်တာကြောင့်
ပိုကဆံကိုပေးပြီး တံခါးကို အမြန် ပြန်ပိတ်လိုက်သည် ။
" ဟဲ့နေဦး ! ပြောစရာရှိသေးတယ် "
" ဘာလဲဗျ !! "
တံခါးကို ပြန်ဆွဲထားတာကြောင့် ဂျီမင်းက စိတ်ရှုပ်
သွားသည် ။
" နောက်လအတွက် လစာမပေးနဲ့တော့ "
" ဗျာ !!!!,အမလေး တကယ်လား ပျော်လိုက်တာ !!!! "
ဂျီမင်းက အရမ်းပျော်ပြီး ခုန်နေမိသည် ။
" ဟဲ့ နင်ဒီလကုန်ရင် အိမ်ပေါ်ကဆင်းလို့ပြောတာ
သိပ်ပျော်မနေနဲ့ "
" ဟမ် ! ဘာလို့ ကျွန်တော်က ဆင်းရမှာလဲ "
" ဟဲ့ ငါလူသစ်တင်မှာမို့ နင်ဆင်း !! "
ဒီ အဒေါ်ကြီးဟာ ဒီလောက် သဘောမကောင်းဘူး
လို့ ထင်တော့ထင်မိပြီးသား ဖြစ်သည် ။
" မဆင်းပါဘူးနော် ! "
" အောင်မယ် ! ငါ့အိမ်လေ မဆင်းကြည့်ပါလား နင်က
ငါနဲလဲ အကြောတည့်တာမဟုတ်ဘူး ခုလာမယ့်လူ
သစ်က မိန်းကလေးနှစ်ယောက် ။ ငါနဲ့လဲ အဆင်ပြမှာ နင့်လိုလဲ မျက်စိနောက်ရမှာမဟုတ်ဘူး "
ပြောတာလည်း ရစရာမရှိဘူး ဖြစ်တော့မည် ။
အိမ်ပေါ်တက်နေတိုင်း စော်ကားဖို့မှ မဟုတ်ဘဲမို့
အိမ် အသစ်ရှာဖို့ ဆုံးဖြတ်လိုက်သည် ။
" ပြီးရောဗျာ ... ဆင်းမယ်ဗျာ ... "
" အေး မြန်မြန်ဆင်း စောစောဆင်းရင် ပိုကောင်းတယ် "
" ဘာကိစ္စ စောစောဆင်းရမှာလဲ !!!!!!!! "
" အမလေး အော်လိုက်တာ Park Jimin ရယ် !
သေနာလေး !!! "
ဂျီမင်းက ထို အဒေါ်ကြီး ပြောတာတောင် ဆုံးအောင်
မစောင့်ဘဲ တံခါးကို ဝုန်းခနဲ စောင့်ပိတ်လိုက်သည် ။
" ဒီ အဒေါ်ကြီးတော့ တော်တော် အကြင်အနာ
တရားမရှိတဲ့အဖွားကြီး ။ ငါ ညစ်နေပါတယ်ဆို "
ရုတ်တရက် မြည်လာသော ဖုန်းကြောင့် ဝမ်းပန်း
တသာ ကောက်ကြည့်လိုက်ပေမယ့် ဟိုဆော့ ဖုန်း
ဖြစ်နေသည် ။
" အာ ... အင်း .. အစ်ကို ဘာလဲ ? "
ဂျီမင်းက စိတ်ပျက်လက်ပျက်လလေသံနဲ့ ဖုန်းကိုင်
လိုက်သည် ။
" မင်းနဲ့ ဂျောင်ကုက တကယ်တွေ တွဲနေကြပြီလား "
ဟိုဆော့ရဲ့ ဇဝေဇဝါမေးခွန်းက ဂျီမင်း တကယ်ကို
မျက်လုံးပြူးသွားမိသည် ။
" ဟမ် ပေါက်ကရ ဘာကိုတွဲတာလဲ ? "
" မင်းမသိသေးဘူးလား ? "
ဟိုဆော့ စကားကြောင့် ဂျီမင်းက ထိတ်လန့်သွားသည် ။
" ဘာကို ... ကို... "
" လိုင်းပေါ်မှာ ဒီလောက် ပျံ့နေတာကို လိုင်းပေါ်လေး
ဘလေး တက်ကြည့်ဦး !! "
ဂျီမင်းက ဟိုဆော့ကို စကားပြန်မပေးနိုင်တော့ဘဲ
ဖုန်းချပစ်လိုက်သည် ။ သတင်းတွေကို ကြည့်လိုက်
တော့ ဂျောင်ကုနဲ့ ဂျီမင်း သတင်းတွေချည်းဖြစ်ပြီး
ခေါင်းစဥ်တွေကလည်း သံသယဖြစ်စရာ ။
" ဒါက ဘာလဲ ? ဂျောင်ကုတော့ ဘယ်လိုလုပ်မလဲ ?
သူ့အတွက် အမည်းစက်များဖြစ်သွားမလား ? ငါ ..
ငါ ... အဲ့ဒါ ငါ့ကြောင့် ။ "
ကိုယ့်ကိုကိုယ် ထုရိုက်မိရုံကလွဲ၍ ဘာမှမတတ်နိုင် ။
ရင်ထဲမှာရော ခေါင်းထဲမှာရော ပူထူနေသည် ။
" ကောင်လေးရယ် ငါဟာ မင်းအတွက် ကံမကောင်းခြင်း ပဲ "
ဖုန်းမကိုင်ရသည့် အကြောင်းရင်းကိုလည်း သိလိုက်
ပြီမို့ ဖုန်းကိုလဲ အဆက်မပြတ်ခေါ်နေရာမှ ရပ်တန့်
လိုက်မိသည် ။
" အဲ့တာကြောင့် သူက ဖုန်းမကိုင်တာကိုး ။ ငါကပဲ
တောင်းပန်ပါတယ်ကွာ ... "
//
တစ်မနက်လုံး အလုပ်ရှိသည်မို့ ဖုန်းလုံးဝ မကြည့်မိ
ရာက နားချိန်မှာ ဖုန်းကြည့်မိတော့ ပင်ပန်းတာတွေ
ပျောက်သွားစေသည့် ဖုန်း Call တွေက ဝင်နေသည် ။
" အစ်ကို ? ဖုန်းခေါ်ထားတယ် ! "
ဂျောင်ကုက ပြန်ခေါ်ကြည့်တော့လည်း ဂျီမင်းက မကိုင် ။
" မအားသေးလို့နေမှာပါ "
ဂျောင်ကုက တစ်ခြား မတွေးမိဘဲ စိတ်ထဲ ဒီကလေး
တွေ အတွက် အလုပ် အပြီးဖြတ်ပြီးရင် အဲ့ဒီနေရာက
ထွက်လာခဲ့ဖို့ ဆုံးဖြတ်ပြီးသားဖြစ်သည် ။
ဂျီမင်းသာ ဖုန်းပြန်ဆက်လာရင် တစ်နေရာကို တွေ့ဖို့
ချိန်းပြီး ရိုးရိုးရှင်းရှင်းလေးပဲ ချစ်တယ် လို့ ပြောမည် ၊
Advertisement
ဒီလက်စွပ်လေးကို ပေးမည် ဟု ရည်ရွယ်ထားခဲ့ပြီး
ဖြစ်သည် ။
ဂျီမင်း ကို Propose လုပ်ဖို့ ဝယ်ထားပြီးသားဖြစ်တဲ့
လက်စွပ်ဘူး အနီလေးကို ကြည့်ရင်း ဂျောင်ကုမှာ
ပီတိတွေ ဖြစ်နေရသည် ။
ဂျီမင်း ဘယ်လိုများတုံ့ပြန်မလဲ ဆိုတာလည်းဘမြင်ချင်
လွန်းလို့ ဂျောင်ကုမှာ နေမထိထိုင်မသာ ဖြစ်နေရ
ပြန်သည် ။
အချိန်တွေ တော်တော်ကြာသည်အထိ ဖုန်းလဲမကိုင်
ဖုန်းလည်း ပြန်မခေါ်လာတဲ့ ဂျီမင်း ကြောင့် စိတ်ပူ
လာမိတာတော့အမှန် ။ ခဏကြာမှာ ခေါင်းထဲ
အတွေးတစ်ခု ရောက်လာသည် ။
" မဟုတ်မှလွဲရော သူ ဟိုသတင်းတွေ တွေ့သွားပြီလား ? "
ဂျောင်ကုက အဲ့ဒိနေရာက ထွက်လာခဲ့ဖို့ ဆုံးဖြတ်ပြီး
တကြောင့် ဒီကိစ္စတွေကို သိပ်ဂရုမထား ။ ဂျီမင်း
ကတော့ ဂျောင်ကု အတွေးနဲ့ ကွာခြားနေလိမ့်မည် ။
" မဖြစ်ဘူး ခု အစ်ကို့ ဆီသွားရမယ် "
ဂျွန်ဂျောင်ကု ဆိုသည်မှာ ဘယ်တုန်းကများ ဒီလို
တဇွတ်ထိုးဆန်ခဲ့ဖူးသလဲ ? မလုပ်သင့်ဘူးဆိုသော
အရာကိုမှ ရွေးပြီး လုပ်မယ်ဟု ဆုံးဖြတ်ချက်ချ
သည့်အပြင် အားလုံးစောင့်ကြည့်နေကြတဲ့အထဲမှာ
မှ မတွေ့သင့်သောသူကို ပြေးတွေ့ပေဦးမည် ။
လမ်းမှာလဲ တောက်လျှောက် ဂျီမင်း ဖုန်းကိုခေါ်နေ
ပေမယ့် လုံးဝ ဖြေဆိုသံမကြား ။
ဂျောင်ကုက ဂျီမင်းအိမ်ရှေ့ကို အမြန်ရောက်အောင်
မိုင်ကုန် လီဗာနင်းလိုက်သည် ။ အရှိန်လည်း မလျှော့
ဘဲ လမ်းထဲသို့ ကွေ့ချလိုက်ပာ နောက်ဆုံးတော့
အိမ်ရှေ့ထွက်ထိုင်နေတဲ့ ချစ်စရာ ကောင်လေးကို
တွေ့လိုက်ရသည် ။ ဂျီမင်းကို မြင်လိုက်တော့မှ
စိတ်ကလည်း ' ဟင်း ' ချနိုင်သည် ။
" အစ်ကို ရယ် စိတ်ပူလိုက်ရတာ ! ဘာလို့ဖုန်းမကိုင် ... "
ဂျီမင်းက ဂျောင်ကု ကို မြင်မြင်ချင်း အလန့်တကြား
နဲ့ ချောင်တစ်နေရာကို ဆွဲခေါ်သွားသည် ။
" မင်က ဘာလို့ဒီကိုလာတာလဲ ? "
" ဟမ် ! ဘာလို့လာရမှာလဲ ? အစ်ကို က ဖုန်းမကိုင်
ဘူးလေ ပြီးတော့ ... တော့ ... "
" ငါ တမင်မကိုင်တာလေ !!!!! "
ဂျီမင်း ရဲ့ အော်သံကြောင့် ဂျောင်ကု တစ်ယောက်
တိတ်ဆိတ်သွားသည် ။
" အဲ့တာ ... ဘာကိုပြောတာလဲ ? မနက်က အစ်ကို
ခေါ်တာ မကိုင်လို့လား ? တကယ်က ကျွန်တော်
အလုပ်များနေ ... နေ ... "
" မင်း ဒီကိုဘာလာလုပ်တာလဲ ခုပြန်တော့ !!!! "
ဂျောင်ကုက ဂျီမင်းရဲ့ သွေးအေးအေး စကားကြောင့်
ကြောင်နေမိသည် ။
" ဘာလို့ပြန်ရမှာလဲ ? အစ်ကို ရဲ့ "
ခေါင်းမာတဲ့ ဂျောင်ကုကလည်း ဂျီမင်းနားကနေ
တစ်ဖဝါးတောင်မှ မရွေ့။
" မင်း အရူးလား ? မသိလို့လာမေးနေတာလား ? "
" အဲ့သတင်းတွေလား ? ကျွန်တော် အဲ့ဒါတွေဂရု
မစိုက်ဘူး အစ်ကို ! ကျွန်တော်ကလေ တကယ်ဆို
အစ်ကို့ ကို ... "
" တော်တော့ !!! "
ဂျီမင်းက မလွန်ခင်မှာ ကြိုတားလိုက်သည် ။
" မပြောနဲ့ !!! "
ဂျီမင်းက ဂျောင်ကုကို အပြောမခံဘဲ တားလိုက်သည် ။
ဘာပြောမယ်ဆို ရိပ်မိပေမယ့် မပြောစေချင်ခဲ့ဘူး ။
ငါက မင်းအတွက် မကောင်းတဲ့သူ ။ ငါ့ကြောင့် မင်း
ရဲ့ လမ်းတွေ အကုန်ပိတ်ပင်ခံရမှာလား ။ ကျေးဇူးပြပြီး ဘာကိုမှ မပြောလိုက်နဲ့ ။
" မပြောနဲ့တော့ ဂျွန်ဂျောင်ကု ! ငါပြောတာပဲ နားထောင် !
နောက် ငါ့ကိုလည်းမဆက်သွယ်နဲ့ လာလည်း မတွေ့နဲ့ ။ "
ဂျောင်ကုက ဂျီမင်း စကားကို လုံးဝ လက်မခံနိုင်ဖြစ်
ကာ ခေါင်းခါလိုက်သည် ။
" အစ်ကို အဲ့လိုလုပ်ဖို့မလိုပါဘူး ။ ကျွန်တော် ကိုယ
တိုင်ကိုက အဲ့လိုကန့်သတ်ချက်များနေတဲ့ နယ်ပယ်
တဲ့ မနေဘူး "
" ဘာ ? မင်းပေါ့ပေါ့ ပြောရလား ? ငါက မင်းကို
Stage ပေါ်မှာ တောက်ပနေတာပဲ မြင်ချင်တာ ။
မင်း ဒီထိ ရောက်အောင် ဘယ်လိုကြိုးစားခဲ့ရလဲ ။
ဂျီမင်း အတွက်တော့ ဂျောင်ကုကသာ အရာရာ
ဦးစားပေးဖြစ်သည် ။
" ကျွန်တော်တို့ သံယောစဉ်တွေကရော ဘယ်လို
တည်ဆောက်ခဲ့ရတာမို့လဲ အစ်ကို ရယ် "
ဂျီမင်းက ရင်ထဲမှာ ဆို့တက်လာပေမယ့် နှုတ်က
ဘာမှ ထွက်မလာနိုင်တော့ပေ ။
" ဘာမှမကြားချင်ဘူး ဂျောင်ကု .. ငါမင်းနဲ့ပတ်သက်
ချင်တော့ဘူး "
နှစ်ယောက်လုံး နာကျင့်ရမယ့် စကားတွေ ပြောနေ
ချိန်မှာ အလိုက်မသိ နှင်းတွေဟာ ကျနေသည် ။
" ကျွန်တော့်ဘက်က ရပါတယ်ဆို... "
" မင်း ငါပြောနေတာမရဘူးလား ။ ငါမရဘူး !!! "
" အစ်ကို !! အဲ့တာတွေကို ကြောက်နေတာလား ? "
" အေး ကြောက်တယ် ။ မင်းနဲ့ပတ်သက်လို့ ငါက
သက်သက် လူပြောဆိုခံရမှာလား မင်းပြောခံနိုင်
ပေမယ့် ငါမခံနိုင်ဘူး "
ဂျီမင်းက မပြောချင်တဲ့ စကားတွေကိုပါ ထုတ်ပြောနေရသည် ။
" အစ်ကို !!! "
ဂျောင်ကု အသံတို့က တိုးဝင်စွာဖြင့် ကောင်းကောင်း
ထွက်မလာတော့ပေ ။
" ပြီးတော့ ခုလိုပြောနေကြတာတွေ ဒီသတင်းတွေ
လဲ ထပ်မမြင်ချင်ဘူး "
ဂျီမင်း လိမ်နေတာဆိုတာ ဂျောင်ကုက ကောင်း
ကောင်း သိသည် ။ လိမ်တာ မကျွမ်းကျင်တဲ့ ဂျီ
မင်းရဲ့ မျက်လုံးတွေက ဖော်ပြနေပါလျက် အရာ
အားလုံး ဂျောင်ကု ကြောင့်မို့ ခံစားချက်ကို နောက်
ပို့ထားခြင်း ဖြစ်သည် ။
Advertisement
အစ်ကို က ဘယ်သူမို့လဲ ပတ်ဂျီမင်းလေ ။ ဂျွန်ဂျောင်
ကုအတွက် အရင်ကတည်းက ဘာမဆို ဖြည့်ဆည်း
ပေးလာတဲ့ ပတ်ဂျီမင်း လေ ။ အစ်ကို ဒီလို ဘာလို့
ပြောနေလဲဆိုတာ ကျွန်တော်သိတာပေါ့ အစ်ကိုရယ် ။
ဂျောင်ကုက အတင်းဟန်ဆောင်နေတဲ့ ဂျီမင်းကို
ငေးကြည့်ကာ မျက်ရည်တွေ ဝဲတက်လာမိသည် ။
" သွားပါတော့ !!! ဒီလိုနဲ့ သတင်းပိုပြန့်ပြီး ငါ့ကို လူ
မုန်းများအောင် မလုပ်နဲ့ ။ ငါနဲ့ ဆက်ဆံရေးကြောင့်
မင်းအဲ့ဒီလောက က ထွက်လာစရာမလိုဘူး !!! ကြား
လား ? မင်းနဲ့ ငါက ဘာမှ ထူးခြားတဲ့ ဆက်ဆံရေး
လည်း မဟုတ်ဘူး ... "
" အစ်ကို !!!!! "
ဂျောင်ကုက အသံကိုမြင့်ကာ ဂျီမင်းကို အော်လိုက်သည် ။
" ငါပြောတာ မင်းမသိဘူးလား ? "
ဂျီမင်းကလည်း အတတ်နိုင်ဆုံး မျက်ရည်တွေကို
ဖုံးကွယ်ကာ လိမ်ကြည့်နေသည် ။
" ကောင်းပါပြီ အဲ့လိုဆို အစ်ကို့ သဘောပါပဲ ဒါပေမဲ့
အစ်ကို့ဘက်ကသာ ဆက်သွယ်လာမယ်ဆို အချိန်
မရွေးပါပဲ "
အခုချိန်မှာ ဂျောင်ကုက ဂျီမင်းဆန္ဒကိုပဲ ရွေးဖို့ ဆုံး
ဖြတ်လိုက်သည် ။ နှစ်ယောက်လုံး ထိခိုက်မဲ့ လမ်း
ကို ဂျီမင်းက ရှောင်ချင်နေတယ်ဆိုရင် ဂျီမင်း
သဘော
သာ ဖြစ်သည် ။
ဂျောင်ကု လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ထား
တဲ့ အနီရောင် ကတ္တီပါဘူးလေးက အသက်မဲ့စွာ ။
ဂျောင်ကုက ဂျီမင်းရှေ့က လှည့်ထွက်သွားကာ ကျော
ခိုင်းလိုက်သည် ။ ဆတ်ခနဲ လှည့်ထွက်သွားသော
ကြောင့် နောက်ဆုံးမျက်နှာလေးကိုတောင် သေချမမြင်လိုက်ရပါ ။
" အချိန်မရွေးပါပဲတဲ့လား ။ ဘယ်လိုတောင် နာကျင်
ရတဲ့စကားလဲ ။ မင်းရှေ့မှာ မျက်ရည်တွေ ထိန်းချုပ်
နေရတဲ့ ငါ့ကို ဒီထက်နာကျင်စေချင်ရင် ဓားနဲ့သာ
ထိုးသွားလိုက်ပါတော့ ။ "
ဂျီမင်းက အာခေါင်ခြစ်ကာ အော်ငိုမိရင်း ထိုင်ချလိုက်မိသည် ။
" မင်း ဘယ်လောက်ပဲ သတ္တိရှိရှိနဲ့ ငါ့ဘဝထဲကို လာ
လာ ငါက မင်းကို ငါ့လိုပျော့ညံ့တဲ့သူဆီ အလာခံမှာ
မဟုတ်ဘူး ။ ငါက အရင်ထဲက ပျော့ညံ့တဲ့သူ ။ မင်း
ကို ချစ်တယ်ပြောရမှာတောင် မဝံ့ရဲတဲ့သူ ။ ဒါက
အဆုံးသတ်ဆိုရင်တောင် မင်း ပဲမနာကျင်ရပါစေနဲ့
ကောင်လေးရယ် "
လမ်းခွဲခြင်း မမည်တဲ့ နောက်ဆုံး လမ်းခွဲဟာ နှစ်ဦး
လုံးအတွက် မျက်ရည်တွေသာ ပြည့်နေခဲ့ရသည် ။
//
သုံးလခန့်ကြာသော် ~
လွမ်းပါသည် ။ ကော်ဖီသောက်တိုင်းလဲ လွမ်းသည် ။
အိပ်ရာ နိုးတာကနေ အိပ်သည် အထိ လွမ်းသည် ။
Hoodie အနက်ရောင်တွေ မြင်လည်း လွမ်းသည် ။
ရယ်သံလေးတွေကတော့ အလွမ်းဆုံးအရာ ဖြစ်လိမ့်
မည် ။
အဲ့ဒီ အမြင့်မှာ ကောင်းကောင်း တောက်ပနေမယ့်
ဂျောင်ကု ကို မြင်ကြည့်လိုက်ရင် မျက်ရည်တွေ ဝဲမိ
ပြန်သည် ။ အသံလေးတွေ ပြန်ကြားယောင်မိရင်
ငါတို့ ဘယ်ကများ စပြီး မှားယွင်းခဲ့ကြသလဲလို့ တွေး
မိသည် ။
" အစ်ကို နဲ့ ကျွန်တော်က Soulmate တွေ သိလား "
" ဟမ် ... ဟုတ်လား ဘယ်လိုသိလဲ ? "
" ကြိုက်တာလဲ တူတယ် တစ်ယောက်နဲ့ တစ်ယောက်
လဲ လိုက်လျောညီထွေရှိတယ် ။ တော်တော်များများ
တူနေတာကတော့ အဓိကအချက်ပဲ "
ဂျောင်ကုက ပြောရင်း ရီလိုက်သည် ။
" Soulmate က လူတိုင်းဖြစ်ခွင့်ရှိတာပဲ ! "
" နိုး နိုး နိုး !!! "
ဂျောင်ကုက လက်ညိုးလေးတစ်ခါခါနဲ့ ပြောရှာသည် ။
" မဟုတ်ဘူးလား ? "
" မဟုတ်ဘူး Soulmate ဆိုတာ 100000 မှာမှ 1 ယောက်
တွေ့နိုင်တာ "
" အင်း ဒါဆိုလဲ အခွင့်အရေးရှိတာပဲလေ 0.000001 %
အခွင့်အရေးရှိတယ် "
" မဟုတ်ဘူး 100000 ဆိုတာ ဘဝအရေအတွက်
100000 မှာမှ တစ်ကြိမ်ပဲတွေ့နိုင်တာ ... "
အသံလေးတွေဟာ လေထဲမှာ ဆိုပေမယ့် မှတ်ဉာဏ်
က တစ်ဆင့်ရိုက်ခတ်ပြီး ကြားယောင်နေတုန်းပါပဲ ။
အတိတ်တွေက ရွေ့လျားနေပေမယ့် ငါတော့ အတိတ်
တွေထဲမှာ နစ်မြုပ်နေတုန်းပဲ ဂျောင်ကု ။ မင်းပြောခဲ့
တဲ့ အကြိမ် 100000 မှာ 1 ယောက်ပဲတွေ့နိုင်တဲ့
Soulmate ကိုလည်း ငါဆုံးရှုံးခဲ့ရပြီထင်ပါတယ် ။
မနိုးခဲ့ရပဲ ဖုန်းမှာ အဝင် Call သို့မဟုတ် မက်ဆေ့ခ်ျ
ဒေါက် ဒေါက် ~
သည် မသိ ။
" ဘယ်သူလဲဗျာ !!!! "
" နင့်အမေ နင့်အမေ "
" ဟာ အဒေါ်ကြီး ! "
" ပေး ငါ့လခ !! "
တယ်ဟဲ့ "
" ဟုတ်ပါပြီဗျာ ရော့ ... "
" ဘာလဲဗျ !! "
သွားသည် ။
သိပ်ပျော်မနေနဲ့ "
" မဆင်းပါဘူးနော် ! "
သေနာလေး !!! "
ဖြစ်နေသည် ။
" အာ ... အင်း .. အစ်ကို ဘာလဲ ? "
လိုက်သည် ။
" မင်းမသိသေးဘူးလား ? "
" ဘာကို ... ကို... "
ဘလေး တက်ကြည့်ဦး !! "
ငါ ... အဲ့ဒါ ငါ့ကြောင့် ။ "
လိုက်မိသည် ။
တောင်းပန်ပါတယ်ကွာ ... "
//
" မအားသေးလို့နေမှာပါ "
ဖြစ်သည် ။
ပီတိတွေ ဖြစ်နေရသည် ။
ပြန်သည် ။
လာမိတာတော့အမှန် ။ ခဏကြာမှာ ခေါင်းထဲ
ဘူးလေ ပြီးတော့ ... တော့ ... "
" ငါ တမင်မကိုင်တာလေ !!!!! "
တိတ်ဆိတ်သွားသည် ။
အလုပ်များနေ ... နေ ... "
ကြောင်နေမိသည် ။
တစ်ဖဝါးတောင်မှ မရွေ့။
အစ်ကို့ ကို ... "
" တော်တော့ !!! "
" မပြောနဲ့ !!! "
ကာ ခေါင်းခါလိုက်သည် ။
တဲ့ မနေဘူး "
ဦးစားပေးဖြစ်သည် ။
ချင်တော့ဘူး "
ပေမယ့် ငါမခံနိုင်ဘူး "
" အစ်ကို !!! "
ထွက်မလာတော့ပေ ။
လဲ ထပ်မမြင်ချင်ဘူး "
ပို့ထားခြင်း ဖြစ်သည် ။
Advertisement
- In Serial92 Chapters
Letters to Inmate 29901
Lillie's letters are Dimitri's lifeline in prison, but when he gets out and his violent past tries to pull him back in, he might have to let her go. *****Lillie Clarke had everything figured out, until she didn't. Nursing a broken heart, she starts writing to an incarcerated man. It's strictly platonic, but the letters from Dimitri make her feel things she hasn't felt in years: Appreciated. Interesting. Seen. When Dimitri gets out on parole, she agrees to see him, and things don't stay platonic for long. But getting out of prison is only the first step in Dimitri's second chance. His violent past keeps trying to pull him back in, and he'll do anything to keep Lillie safe. Even if that means staying away from her--or trying to.
8 153 - In Serial18 Chapters
Raine
Round in circles, and right back to square one. They were, to each other, but a memory lost of remembrance. The mind forgot... will the heart remember? • very slow updates • slow plot development • Note that this work is also hosted on WP by me. This story is a work of fiction. Names, characters, places and incidents are either products of the author's imagination or used fictitiously. Any resemblance to actual events, business establishments, locales or persons, living or dead is entirely coincidental. All Rights Reserved © 2018 by Wynne W.Y.W. All rights reserved. No part of this story can be reproduced or transmitted in any form or by any means, electronic, or mechanical, including photocopying, recording, or by any information storage and retrieval system, without express permission in writing.
8 150 - In Serial27 Chapters
The Feelings • Harry Styles
"I'm here, I'm yours" he said " I love you, all you have to do is let me "I stare at him, " it's not that easy , you can't just stand there and tell me to accept your love" he stares into my blue eyes Copyright 2018/2021. All rights reserved. This material may not be reproduced, displayed, modified or distributed with out express prior written permission of copyright holder, for permission, contact @addictmuke on wattpad.com
8 82 - In Serial19 Chapters
Silverstone
*PROCESS OF RE-WRITING*"Why are you keeping me here?" I yelled."Demanding much?" He chuckled evilly.He slowly walked away heading for the stairs."Silverstone one more thing". I called He turned around and made his way towards me.I spat on his face. Cold saliva dripping down his nose."I wonder what helpless brother Luke would think about your actions. You're making this harder and harder Julia. Actions come with consequences.""You should take your own advice. There's a reason there's saliva dripping down your nose.""Put it on her."Both of the men walked towards me. One holding the gagger and the other holding a piece of cloth. ___________Leonardo Silverstone was apart of the biggest mafia out there until his father passed in a freak shooting, he was now left with his business and to bring the Silverstones back to life. Leo was left with a letter from Liam informing him one of the biggest items to flip their world upside down is lurking in the streets. But what happens when the Kings and Nightingales try hunt down Julia?Julia Black and ordinary girl with a typical teenage girl life. Little did she know her father owned one of the most powerful mafias out there ever known. Her mother passing away in a shocking suicide attempt Julia wants to know what really drove her mother to taking her own life.Classified as the good girl there are some rules:Good grades No boys And most importantly No TROUBLEBut what happens when she gets tracked and captured by Leonardo Silverstone and him claiming her to be the key for his desire?His protective instinct grew bigger throughout the time they spent together but how far would he go to keep her away from all the monsters when slowly realised she already knew the biggest one.WARNING FOR TRIGGERING SUBJECTS:suicide Anxiety SHhighest rankings so far:87- sadlife1 - nonfiction
8 161 - In Serial40 Chapters
Melody's Muse ✓
[ONC 2021 Honorable Mention & Round 2 Ambassador's Pick][Featured on @StoriesUndiscovered, @Contemporarylit, @teenfiction]"There's something about her that makes her impossibly difficult to stay away from. It's as if she has her own gravitational pull, and I'm hopelessly caught in it." Cole Flynn develops a newfound appreciation for classical music after reluctantly agreeing to attend a concert. Charmed by the talents and beauty of Melody Aria, he finds himself immediately intrigued and drawn to her. He quickly finds out his smooth talk and good looks won't get him far, and is determined to find a way to her heart.A famous piano prodigy, nineteen year old Melody is an enigma to the world. She's been hiding from the public eye for years. No pictures of her from the last decade exist online, she rejects all interviews, and most of her fans have never even heard her voice. All with no known explanation. That's just how she likes it, until one night, she finds an unwelcome visitor outside her door who isn't willing to give up without a fight.#1 - Pianist#1 - Music#1 - Piano#2 - College#2 - Musician#5 - Lovestory#5 - Young Adult#6 - Teen Fiction#8 - Enemies to Lovers#11 - Celebrity#18 - Love#23 - RomanceAwards1st place🥇 - The Seasonal Contests 20211st place🥇 - The Dream Awards 20211st place🥇 - Luna Awards 20211st place🥇 - The Golden Butterfly Awards2nd place 🥈 - Indigo Awards3rd place 🥉 - Savant Awards 20213rd place 🥉 - Flawesome Awards3rd place 🥉 - Bewitched Awards
8 84 - In Serial36 Chapters
Alpha's Glory
Demons and werewolves have never gotten along. But what happens when two, supposedly enemies, become mates? Blake Villin, 18-year old boy with problems. Controlling his anger is one problem, hating basically everyone is another problem, being a total asshole to everyone and getting into fights with literally everyone is also another problem.What happens when he finds his mate? And how his dad may or may not be the god of war from another world?
8 127