《Dancing On Your Heartbeat • Kookmin || Completed ||》- 29 -

Advertisement

ဘာရယ်ဆိုတဲ့ အကြောင်း အရာ ခေါင်းစဥ်တပ်စရာ

မရှိဘဲ ညတိုင်းနီးပါး ဖုန်းပြောဖြစ်ခဲ့ကြသည် ။ ဒါက

ဘယ်လိုအခြေအနေလဲ မေးမည်ဆိုလျှင် ဂျီမင်း ကိုယ်

တိုင် တောင်ဖြေရခက်မည် ။

တစ်ခုခုကို ကျိန်းသေပြောရမည် ဆိုရင်တော့ ဂျွန်

ဂျောင်ကုဆိုတဲ့ လူသားနဲ့ ပတ်သက်နေရသည်ကို

ဒီတိုင်း ပျော်မိသည် ။ အဖြေဟာ ရိုးရိုးရှင်းရှင်းလေး

ပဲ ဖြစ်မည် ။

အလွှာတွေဟာ ကွဲပြားသွားပေမယ့် ဆက်ဆံရေး

အခြေအနေတွေဟာ အကြောင်းအရင်း မဲ့စွာ ပို

ကောင်းလာနေခဲ့သည် ။

ဂျီမင်း ဖုန်း ရဲ့တုန်ခါမှုကြောင့် အတွေးတို့ ပျက်ပြယ်

သွားခဲ့သည် ။ ဖုန်း Contact ကို မြင်တာနဲ့ မျက်နှာ

မှာ အပြုံးတွေ တစ်ပြိုင်နက် နေရာယူသွားအောင်

လုပ်နိုင်သူလည်း ဖြစ်သည် ။

" အင်း ဂျောင်ကု ... "

" အစ်ကို ! ကျွန်တော် မနက်ဖြန် ခဏအားတယ် တွေ့

ချင်လား "

" တွေ့ချင် ... အယ် ... "

ဒီလိုလည်း ချက်ချင်း ပြောလို့ မကောင်းတာကြောင့်

ဂျီမင်းက မူလိုက်သည် ။

" အင်း အစ်ကိုလည်း အားတယ်ထင်တယ် ။ ကောင်း

တယ်လေ မင်းကတွေ့ချင်ရင် အဲ့လိုလုပ်ကြမလား ? "

​ဂျီမင်းရဲ့ ပြောနေပုံကြောင့် ဂျောင်ကု က တစ်ချက်

ရီလိုက်သည် ။

" ကောင်းပြီ ကျွန်တော်က တွေ့ချင်တာမို့ ဒါဆို

မနက်ဖြန် ကိုးနာရီ ... "

" မနက် ? "

" ဟင့်အင်း ... ည "

" ည ? ညကြီး ? "

" အင်း မနက်ဖြန် ညအားတာမို့ ဟန်မြစ်နားမှာ ဆိုဂျူ

တူတူ သောက်ကြမလား ? "

ဒီလိုမျိုး ချစ်ရတဲ့သူနဲ့တူတူသောက်ရမယ့် ခံစားချက်

ထက် ပိုကောင်းတာ မရှိတော့ဘူး ဖြစ်သည် ။

" ဟုတ် ... ပြီ ... ဗျာ .... "

" ရေးစ် !! "

" ယားစ် !! "

နှစ်ဦးသား ရယ်သံများ တစ်ပြိုင်တည်း ထွက်ပေါ်လာ

တော့သည် ။

" ဂျွန်ဂျောင်ကု ! ပေါက်ကရလုပ်မနေနဲ့ အိပ်တော့

မနက်ဖြန်နောက်ကျမှ ရောက်လာရင် ငါမင်းကို ထိုး

မှာနော် "

" ဘာလဲ ! မျက်စောင်းနဲ့လား ? "

" ဟင့်အင်း လက်ညိုးနဲ့ ... "

" အာ ... အစ်ကို ! "

" အိပ်တော့ ! အစ်ကို လည်း အိပ်တော့မှာမို့ "

" သိပါပြီ ကောင်းသောညပါ အစ်ကို "

မင်းနဲ့ အတူဖြတ်သန်းရတဲ့ ညတာတိုင်းဟာ ကောင်း

သောညတွေချည်းပါပဲ ကောင်လေးငယ်ရယ် ။

//

" ဒီမှာ ဂျောင်ကု ! "

​ဂျီမင်းက ခပ်လှမ်းလှမ်းက သူ့ကို မြင်စေရန် လက်

ထောင် ပြလိုက်သည် ။

" ပိစိလေး ဖြစ်နေတော့ ဘယ်မြင်မှာလဲ "

" ဂျွန်ဂျောင်ကု !!!!!!! "

ဂျီမင်းက အသံကို မြင့်ကာ အကျယ်ကြီး အော်လိုက်သည် ။

" အာ ! ဒေါသကလည်း ထွက်လွယ်လိုက်တာ !

တိုးတိုးအော်လေ ကျွန်တော်က ... "

ဂျောင်ကုက ကိုယ့်ကိုကိုယ် လက်ညိုးထိုးရင်း ပြောသည် ။

" အာ ... ဟုတ်သား "

ဂျောင်ကုကို အရင်လို သာမန်လူအတိုင်း ထင်မိသွား

တဲ့ ဂျီမင်းပင် ။ ဘယ်သွားသွား Mask ကြီး တစ်ကား

ကားနဲ့ Idol တွေထက် အနေအထိုင်ကျဥ်းကျပ်သည် ။

" တောင်းပန်ပါတယ် အစ်ကိုက ... "

" မဟုတ်တာ ရပါတယ် အစ်ကိုရဲ့ ! "

ဂျောင်ကုက ဂျီမင်းကို ပြုံးကာ ပြောလိုက်သည် ။

" ဒီမှာကြည့် ! ဆိုဂျူဝယ်လာတယ် ... "

ဂျီမင်းက လက်ထဲက ဆိုဂျူပုလင်းများကို ခါရမ်းပြ

လိုက်သည် ။

" တော်လိုက်တာ ! ကျွန်တော်လဲ ဘာဝယ်လာလည်း

သိလား ? "

" ဟမ် ? ဘာဝယ် ... "

" အများကြီး အများကြီး ... အရသာရှိတဲ့ ကြက်သား

ကြော်လေး .... "

ပြောလဲပြောတတ်ပါတဲ့ ဂျောင်ကုက လက်ထဲက

ကြက်ကြော်ဘူးကြီးကို လေပေါ် မြောက်လိုက်

ချလိုက် လုပ်ပြနေသည် ။

" ဖြည်းဖြည်းလုပ်ပါ ! ကြက်သားကြော်လေး မစား

လိုက်ရဘဲနေမယ် "

" အဲ့တာဆို ပတ်ဂျီမင်းကို စားပစ်မယ် "

" ငါကတော့ ဂျွန်ဂျောင်ကုကို မြိုချလိုက်မှာ ... "

နှစ်ယောက်တူတူစုံရင် ပေါက်ကရတွေ ပြောရင်း

ရီကြ စကြသည်မှာ ကိုယ်ပိုင် ရပ်ဝန်းငယ်လေး

ဖြစ်နေခဲ့သည် ။

//

ကားသံတွေ ကျဲသွားပြီး မြစ်ရေပေါ် လလေး တစ်

စင်းသာ အရိပ်ထင်ချိန်ထိ တူတူ ရှိခဲ့ကြသည် ။

နှစ်ယောက်သား ဟန်မြစ်ဘက်ကို ခြေထောက်ဆင်း

ရင်း လကို တူတူကြည့်ခဲ့ကြသည် ။

" ဝါး ... ကောင်းလိုက်တာ ! လေလဲ တစ်ဖြူးဖြူး

တိုက်နေပြီး နေလို့ကောင်းတဲ့ အခြေအနေလေးနော်

ဂျောင်ကု ! "

ဂျီမင်းက လှည့်ကြည့်ပြီး ပြောလိုက်တဲ့ အချိန်မှာ

ဂျောင်ကုရဲ့မျက်လုံးတွေက ဂျီမင်းဆီမှာ ရှိနေပြီး

သား ဖြစ်သည် ။

" ဂျောင် ... ဂျောင်ကုရှိ ! ဘာလို့ကြည့်နေတာလဲ ? "

" အာ ... ကြည့်နေမိလို့လား ? "

ဂျောင်ကုက ဂျီမင်းပြောမှ အသိဝင်သွားဟန်ဖြင့်

ပြောလိုက်သည် ။

" အင်း .. ကြည့်နေတယ်လေ ! "

" အင်း .. လှလို့လေ ! "

ဂျီမင်း ရဲ့ ဖြစ်တည်မှု ။ ဂျီမင်း ရဲ့ အရာအားလုံးကပေါ့ ။

" ဟမ် ? ဂျောင်ကု ??? "

" အာ .. ဟန်မြစ်ကြီးလေ !!! လှတယ်လို့ "

" အဲ့လိုလား ? "

" အင်း ! ဒီနေ့မှ ပိုလှတယ်လို့ ထင်ရလို့ "

Advertisement

ဂျီမင်း က ဟက်ခနဲ ပြုံးတော့ ဂျောင်ကု က ဂျီမင်း

ကိုကြည့်ရင်း လိုက်ပြုံးမိသည် ။ ထိုအကြည့်ရဲ့

အပြုံးတွေမှာ အဓိပ္ပာယ်တွေပါသည် ကို မည်သူက

ပိုသိမည်နည်း ။

ရုတ်တရက် မထင်မှတ်ဘဲ ဝင်လာသော ဂျောင်ကု

ဖုန်းသံကြောင့် အရာအားလုံး ပျက်ပြယ်ကုန်သည် ။

" အော် ဒီချိန်မှ ဖုန်းကဘာလို့ လာတာပါလိမ့် အစ်ကိုခဏနော် ! "

ဂျီမင်းက ခေါင်းကိုသာ အသာ ညိတ်ပြလိုက်သည် ။

" ဟဲလို ! "

ဟိုဘက်က ဘာပြောတယ်မသိပေမယ့် ဂျောင်ကုမျက်နှာအခြေအနေက မကောင်းဘဲ ကြောင်တောင်

တောင် ဖြစ်သွားသည် ။

" ဟုတ်ပါတယ် ။ ကျွန်တော် ဟန်မြစ်မှာရှိနေပါတယ်

ဘာလို့လဲ ? "

ဂျီမင်းက ဂျောင်ကု ကိုသာ ဆက်တိုက် ကြည့်နေ

မိသည် ။ ဂျောင်ကုကလည်း ဖုန်းပြောလိုက် ဂျီမင်း

ကို ကြည့်လိုက်နဲ့ လုပ်နေသည် ။

" သိပါပြီ အခုလာပါ့မယ် ... "

ဂျောင်ကု အရိပ်အခြေကို ကြည့်ကာ ဂျီမင်းက မေး

ခွန်းကို စလိုက်သည် ။

" ဂျောင်ကု ! အဆင်ပြေရဲ့လား ဘာလို့လဲ ? "

" ကုမ္ပဏီကပါ ။ ကျွန်တော် အခုသွားမှဖြစ်မယ်

ထင်တယ် "

ဂျောင်ကု ပုံစံက ဂျီမင်းကို အားနာသယောင်ရှိ

နေသည် ။

" ရပါတယ် သွားပါ ! မင်းငါ့ကိုအားနာနေစရာ

မလိုဘူးလေ အချင်းချင်းတွေပဲဟာ ... "

" ကျေးဇူးပါပဲ အစ်ကို ! ကျွန်တော်ဆက်သွယ်လိုက်မယ် "

" အင်း သေချာသွား ... "

ဂျောင်ကုက အပြေးအလွှား ထွက်သွားတာမို့ ဂျီမင်း

က မကောင်းတာ တစ်ခုခုများ ဖြစ်လားလို့ စိတ်ပူမိ

သည် ။ အဲ့လောက်ထိ သိချင်နေဖို့ မကောင်းပေမယ့်

လည်း တကယ်ကို အဲ့လောက် သိချင်နေမိသည် ။

//

" ဂျောင်ကု ah ! "

" ဟုတ် ! "

ခေါင်းကိုသာ ခပ်ဆတ်ဆတ် ညိတ်လိုက်သည် ။

CEO က ခေါ်တွေ့သည် ဆိုသည်မှာ ပေါ့နေလို့တော့

မရ ။

" ဒီဟာ ... ဒီဟာတွေ SNS မှာ တက်နေတာ မသိဘူးလား "

ဂျောင်ကုက နားမလည်သောပုံစံဖြင့် CEO ကိုကြည့်

မိသည် ။ နောက်မှ သူပြသော ဖုန်းကိုကြည့်လိုက်ရာ

SNS ပေါ် နေရာယူနေသော ဂျောင်ကု နဲ့ ဂျီမင်းရဲ ပုံ

တွေ ။ သတင်းခေါင်းစဉ်တွေ ။ လူတွေ ပြောနေကြ

တာတွေ ။ မျိုးစုံဖြစ်နေတာမို့ ဂျောင်ကုက လန့်သွား

မိသည် ။

တကယ်ဆို ဒီနေ့မှ ခဏပဲ တွေ့ရသေးသည် ။ လူတွေ

က မြန်လိုက်လေခြင်း ဆိုတာ ။

" ဒီဟာက ? "

CEO က သက်ပြင်းကို ခပ်လေးလေး ချလိုက်သည် ။

" ဂျောင်ကု ! ငါတို့က မင်းကို မကန့်သတ်ချင်ပါဘူး ။

မင်းက ငါတို့ဆီက Idol လဲမဟုတ်ဘူးလေ ! ဒီတိုင်း

နောက်ကွယ်က ဖန်တီးပေးသူသက်သက်မို့ ဘာမှလဲ

မပြောချင်ပါဘူး ။ ဒါပေမဲ့ မထင်မှတ်ဘဲ မင်းက လူ

ငယ်တွေကြား ရေပန်းစားလာခဲ့တယ် ။ အဲ့တာတွေ

က ပွဲဦးထွက်လာမယ့် ကလေးတွေ အတွက် အထောက်

အကူဖြစ်လာခဲ့တယ် ။ မင်းကိုလည်း ကျေးဇူးတင်ပါ

တယ် ။ ဒါပေမဲ့ ဒီလို သတင်းတွေ ဆက်တိုက် ဖြစ်လာ

ရင် ပွဲဦး ထွက်မယ့် ကလေးတွေ အတွက်ရော Comeback

လုပ်မယ့် ကလေးတွေ အတွက်ရော ဒါတွေက ခလုတ်

ဖြစ်လာနိုင်တယ် "

အမှန်တော့ စကားပလ္လင်ခံနေခြင်း သက်သက်သာ ။

တကယ်တော့ Ent က Idol တွေလိုပဲ ဂျောင်ကုကို

လည်း စည်းဘောင်တွေနဲ့ သတ်မှတ်ချင်နေတာမျိုး

ဖြစ်သည် ။

" အဲ့ကလေးတွေက မင်းကြောင့်နဲ့ အနှောင့်အယှက် ဖြစ်သွားလို့ မဖြစ်ဘူးမလား "

အသံတို့က တိမ်ဝင်သွားပြီး ဂျောင်ကု မျက်နှာကို

လည်း မကြည့်ဘဲ ပြောနေသည် ။

" အနှောင့်အယှက် ? ကျွန်တော်တို့က ဘာမှ မဟုတ်

ပါဘူး ။ ဒီတိုင်း သူငယ်ချင်း ... "

" နားလည်တယ် နားလည်တယ် ! ငါက သိပေမယ့်

လူတွေကတော့ရမှာ မဟုတ်ဘူး "

" ပုံထဲမှာ ကျွန်တော်တို့က ဘာဖြစ်နေလို့လဲ ? ယောကျာ်း

လေး နှစ်ယောက် တစ်နေရာမှာ မတွေ့ရတော့ဘူးလို့

ရှိလို့လား ? "

ဂျောင်ကုက ဒေါသသံလည်း အနည်းငယ်ပါနေပြီး

အသံကို မြင့်ကာ ပြောနေမိသည် ။

" ဒါ မင်းငါ့ကို ဖြေရှင်းချက်ပေးလို့ရတာ မဟုတ်ဘူး ။

လူတွေက မင်းရဲ့ ဖြေရှင်းတာကို နားထောင်နေမှာ

မဟုတ်ဘူး "

" အဲ့တော့ ဘာဖြစ်လဲ ? ကျွန်တော်တို့က ရိုးသားနေ

တာပဲ "

ဂျောင်ကု အတွက်တော့ ဒါပထမဆုံး အနေနဲ့ CEO

ကို ကတ်ကတ်လန် ပြန်ပြောနေခြင်းပင် ။

" အာ ဟုတ်ပါတယ် ! ငါပြောနေတာ မင်းတို့ သိက္ခာ

တွေကို စော်ကားသလိုဖြစ်သွားရင် တောင်းပန်ပါ

တယ် ဒါပေမယ့် ဒီလို ခေါင်းစဉ်ကြီးတွေနဲ့ တက်နေ

တဲ့အပြင် မင်းတို့ အရင်က တူတူရှိနေတဲ့ ပုံတွေပါ

တက်နေတာ ။ ငါတို့ ကုမ္ပဏီ Image ရော ကလေး

တွေရဲ့ အနာဂတ်ရော ရှိသေးတာမို့ စဉ်းစားစေချင်

တာပါ ။ ဒါက မင်းကို စွပ်စွဲတာလဲ မဟုတ်ပါဘူး ။

ငါပြောနိုင်တာကတော့ ဒါပဲ "

ဂျောင်ကုက လောကကြီးကို စိတ်ပျက်တွေဝေသွား

သည် ။ ဘာကြောင့်များ လူတွေက ဆိုးရွားရတာလဲလို့လည်း တွေးမိသည် ။

ခံရလည်းခက် နာလည်းနာကျင်ရသည် ။ သို့သော်

Advertisement

လည်း ကိုယ့်အတွက်မဟုတ်ဘဲ အများအတွက်

ဖြစ်နေသည်က စဥ်းစားကြည့်ရမည် ဖြစ်သည် ။

" ကောင်းပါပြီ ကလေးတွေအတွက် ကျွန်တော် ...

ကျွန်တော် နားလည်ပါပြီ ! "

" နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် ။ မင်းလဲ

စိတ်လှုပ်ရှားသွားမှာမို့ နားလိုက်ပါဦး ... "

" သိပါပြီ "

ဂျောင်ကုက တုံ့နှေးတဲ့ ခြေလှမ်းများနဲ့ လှည့်ထွက်

လာခဲ့သည် ။

ဖုန်းကို ထုတ်လိုက်ကာ ခုဏက ဆက်တိုက်တက်လာ

တဲ့ Article တွေကို ခဏတာ ဖတ်လိုက်မိရုံနဲ့ ဒေါသ

အလိပ်လိုက်ထွက်လာမိသည် ။ လူတွေထဲက လူတွေ

ပဲ ဖြစ်ပါလျက် ဂျောင်ကုက အောင်မြင်မှု ရှိနေလို့

လူတွေက စကားလုံးတွေနဲ့ ပိုထိုးနှက်ကြသည် ။

" သူတို့က ကြိုက်နေကြတာလား "

" ယောကျာ်းချင်းကြီးလေ ??? "

" ကြည့်ပါလား ပုံတွေက သူငယ်ချင်းနဲ့ တူနေလို့လား "

" ဟိုဟာ တွေလား ? ငါ့မှာတော့ ကြိုက်လိုက်ရတာ "

" ဟိုဘက်က မြှူဆွယ်နေလားမသိဘူး ။ ဂျောင်ကုက

ပုံမှန်ပဲဟာ "

" ကုန်ပါပြီဟယ် ငါတို့ Oppa "

" အရင်တုန်းကတည်းက မရိုးသားကြတာလား ခိခိ ? "

" အာ !!! "

ဂျောင်ကုက ဘေးရှိ နံရံကို ပိတ်ထိုးမိလိုက်သည် ။

" စောက်ရေးမပါလိုက်တာ !! "

မျက်ရည်တို့ကလည်း စီးကျလာသည် ။

" ဘာများမှားနေလို့လဲ ? ဘာကို စောက်ရေးမပါတာ

တွေ ရေးနေကြတာလဲ ? "

လူတွေရဲ့ သဘာဝကိုက သိပ်ကြောက်စရာကောင်း

သည် ။ တစ်စိတ်ကို တစ်အိပ် လုပ်တတ်ပြီး ရေပေါ်

ဆီတွေ ဖြစ်သည် ။

ဘာများ မှားယွင်းလို့လဲ ? ဂျောင်ကု အတွက်တော့

ချစ်ရတဲ့သူက ဂျီမင်း ဖြစ်သွားတာ ။ ဂျီမင်းကလည်း

ယောကျာ်းလေးတစ်ယောက် ဖြစ်နေခဲ့ရုံလေးပဲ ။

ဘယ်သူက မှားခဲ့လို့လဲ ?

ဂျီမင်းရဲ့ ပုံရိပ်တွေက အတွေးထဲ ဆက်တိုက် ဆို

သလိုဝင်လာသည် ။ ဂျီမင်းရဲ့ အပြုံးတွေ ဂျီမင်းရဲ့

လှုပ်ရှားမှုတွေ ။ ဒါတွေဟာ ဘာအကြောင်းနဲ့မှ

စွန့်လွှတ်လိုက်ဖို့ မဟုတ်တော့ဘူး ။

" အင်း ... ငါ အစ်ကို့ကိုချစ်တယ် ။ ပထမတစ်ခါလည်း

ဆုံးရှုံးခဲ့ရပြီးပြီမို့ ။ ဒီတစ်ခါတော့ လုံးဝ လက်လျှော့

မှာ မဟုတ်ဘူး ။ တွန့်ဆုတ်တာမျိုး ကြောက်ရွံ့တာ

မျိုးလည်း လုပ်နေမှာ မဟုတ်ဘူး ။ အစ်ကို့ ကို သေ

ချာပေါက် ပိုင်ဆိုင်ရအောင်လုပ်မှာ ။ အဲ့အတွက်ဘယ်သူမှလဲ ဂရုမစိုက်နိုင်ဘူး ။ ဟုတ်တယ် ။ "

မျက်ရည်တွေကို လက်ဖမိုးတို့နဲ့ သုတ်ပစ်လိုက်ကာ

ဂျောင်ကုက ပြတ်သားလိုက်သည် ။

" အစ်ကို ! အရာအားလုံးကို စွန့်လွှတ်ပစ်ပြီး အစ်ကို့ဆီကိုပဲ လာမယ် စောင့်နေပေး ..."

ဘာရယ္ဆိုတဲ့ အေၾကာင္း အရာ ေခါင္းစဥ္တပ္စရာ

မရွိဘဲ ညတိုင္းနီးပါး ဖုန္းေျပာျဖစ္ခဲ့ၾကသည္ ။ ဒါက

ဘယ္လိုအေျခအေနလဲ ေမးမည္ဆိုလၽွင္ ဂ်ီမင္း ကိုယ္

တိုင္ ေတာင္ေျဖရခက္မည္ ။

တစ္ခုခုကို က်ိန္းေသေျပာရမည္ ဆိုရင္ေတာ့ ဂၽြန္

ေဂ်ာင္ကုဆိုတဲ့ လူသားနဲ႔ ပတ္သက္ေနရသည္ကို

ဒီတိုင္း ေပ်ာ္မိသည္ ။ အေျဖဟာ ရိုးရိုးရွင္းရွင္းေလး

ပဲ ျဖစ္မည္ ။

အလႊာေတြဟာ ကြဲျပားသြားေပမယ့္ ဆက္ဆံေရး

အေျခအေနေတြဟာ အေၾကာင္းအရင္း မဲ့စြာ ပို

ေကာင္းလာေနခဲ့သည္ ။

ဂ်ီမင္း ဖုန္း ရဲ့တုန္ခါမွုေၾကာင့္ အေတြးတို႔ ပ်က္ျပယ္

သြားခဲ့သည္ ။ ဖုန္း Contact ကို ျမင္တာနဲ႔ မ်က္ႏွာ

မွာ အျပဳံးေတြ တစ္ၿပိဳင္နက္ ေနရာယူသြားေအာင္

လုပ္နိုင္သူလည္း ျဖစ္သည္ ။

" အင္း ေဂ်ာင္ကု ... "

" အစ္ကို ! ကၽြန္ေတာ္ မနက္ျဖန္ ခဏအားတယ္ ေတြ႕

ခ်င္လား "

" ေတြ႕ခ်င္ ... အယ္ ... "

ဒီလိုလည္း ခ်က္ခ်င္း ေျပာလို႔ မေကာင္းတာေၾကာင့္

ဂ်ီမင္းက မူလိုက္သည္ ။

" အင္း အစ္ကိုလည္း အားတယ္ထင္တယ္ ။ ေကာင္း

တယ္ေလ မင္းကေတြ႕ခ်င္ရင္ အဲ့လိုလုပ္ၾကမလား ? "

​ဂ်ီမင္းရဲ့ ေျပာေနပုံေၾကာင့္ ေဂ်ာင္ကု က တစ္ခ်က္

ရီလိုက္သည္ ။

" ေကာင္းၿပီ ကၽြန္ေတာ္က ေတြ႕ခ်င္တာမို႔ ဒါဆို

မနက္ျဖန္ ကိုးနာရီ ... "

" မနက္ ? "

" ဟင့္အင္း ... ည "

" ည ? ညႀကီး ? "

" အင္း မနက္ျဖန္ ညအားတာမို႔ ဟန္ျမစ္နားမွာ ဆိုဂ်ဴ

တူတူ ေသာက္ၾကမလား ? "

ဒီလိုမ်ိဳး ခ်စ္ရတဲ့သူနဲ႔တူတူေသာက္ရမယ့္ ခံစားခ်က္

ထက္ ပိုေကာင္းတာ မရွိေတာ့ဘူး ျဖစ္သည္ ။

" ဟုတ္ ... ၿပီ ... ဗ်ာ .... "

" ေရးစ္ !! "

" ယားစ္ !! "

ႏွစ္ဦးသား ရယ္သံမ်ား တစ္ၿပိဳင္တည္း ထြက္ေပၚလာ

ေတာ့သည္ ။

" ဂၽြန္ေဂ်ာင္ကု ! ေပါက္ကရလုပ္မေနနဲ႔ အိပ္ေတာ့

မနက္ျဖန္ေနာက္က်မွ ေရာက္လာရင္ ငါမင္းကို ထိုး

မွာေနာ္ "

" ဘာလဲ ! မ်က္ေစာင္းနဲ႔လား ? "

" ဟင့္အင္း လက္ညိဳးနဲ႔ ... "

" အာ ... အစ္ကို ! "

" အိပ္ေတာ့ ! အစ္ကို လည္း အိပ္ေတာ့မွာမို႔ "

" သိပါၿပီ ေကာင္းေသာညပါ အစ္ကို "

မင္းနဲ႔ အတူျဖတ္သန္းရတဲ့ ညတာတိုင္းဟာ ေကာင္း

ေသာညေတြခ်ည္းပါပဲ ေကာင္ေလးငယ္ရယ္ ။

//

" ဒီမွာ ေဂ်ာင္ကု ! "

​ဂ်ီမင္းက ခပ္လွမ္းလွမ္းက သူ႔ကို ျမင္ေစရန္ လက္

ေထာင္ ျပလိုက္သည္ ။

" ပိစိေလး ျဖစ္ေနေတာ့ ဘယ္ျမင္မွာလဲ "

" ဂၽြန္ေဂ်ာင္ကု !!!!!!! "

ဂ်ီမင္းက အသံကို ျမင့္ကာ အက်ယ္ႀကီး ေအာ္လိုက္သည္ ။

" အာ ! ေဒါသကလည္း ထြက္လြယ္လိုက္တာ !

တိုးတိုးေအာ္ေလ ကၽြန္ေတာ္က ... "

ေဂ်ာင္ကုက ကိုယ့္ကိုကိုယ္ လက္ညိဳးထိုးရင္း ေျပာသည္ ။

" အာ ... ဟုတ္သား "

ေဂ်ာင္ကုကို အရင္လို သာမန္လူအတိုင္း ထင္မိသြား

တဲ့ ဂ်ီမင္းပင္ ။ ဘယ္သြားသြား Mask ႀကီး တစ္ကား

ကားနဲ႔ Idol ေတြထက္ အေနအထိုင္က်ဥ္းက်ပ္သည္ ။

" ေတာင္းပန္ပါတယ္ အစ္ကိုက ... "

" မဟုတ္တာ ရပါတယ္ အစ္ကိုရဲ့ ! "

ေဂ်ာင္ကုက ဂ်ီမင္းကို ျပဳံးကာ ေျပာလိုက္သည္ ။

" ဒီမွာၾကည့္ ! ဆိုဂ်ဴဝယ္လာတယ္ ... "

ဂ်ီမင္းက လက္ထဲက ဆိုဂ်ဴပုလင္းမ်ားကို ခါရမ္းျပ

လိုက္သည္ ။

" ေတာ္လိုက္တာ ! ကၽြန္ေတာ္လဲ ဘာဝယ္လာလည္း

သိလား ? "

" ဟမ္ ? ဘာဝယ္ ... "

" အမ်ားႀကီး အမ်ားႀကီး ... အရသာရွိတဲ့ ၾကက္သား

ေၾကာ္ေလး .... "

ေျပာလဲေျပာတတ္ပါတဲ့ ေဂ်ာင္ကုက လက္ထဲက

ၾကက္ေၾကာ္ဘူးႀကီးကို ေလေပၚ ေျမာက္လိုက္

ခ်လိုက္ လုပ္ျပေနသည္ ။

" ျဖည္းျဖည္းလုပ္ပါ ! ၾကက္သားေၾကာ္ေလး မစား

လိုက္ရဘဲေနမယ္ "

" အဲ့တာဆို ပတ္ဂ်ီမင္းကို စားပစ္မယ္ "

" ငါကေတာ့ ဂၽြန္ေဂ်ာင္ကုကို ၿမိဳခ်လိုက္မွာ ... "

ႏွစ္ေယာက္တူတူစုံရင္ ေပါက္ကရေတြ ေျပာရင္း

ရီၾက စၾကသည္မွာ ကိုယ္ပိုင္ ရပ္ဝန္းငယ္ေလး

ျဖစ္ေနခဲ့သည္ ။

//

ကားသံေတြ က်ဲသြားၿပီး ျမစ္ေရေပၚ လေလး တစ္

စင္းသာ အရိပ္ထင္ခ်ိန္ထိ တူတူ ရွိခဲ့ၾကသည္ ။

ႏွစ္ေယာက္သား ဟန္ျမစ္ဘက္ကို ေျခေထာက္ဆင္း

ရင္း လကို တူတူၾကည့္ခဲ့ၾကသည္ ။

" ဝါး ... ေကာင္းလိုက္တာ ! ေလလဲ တစ္ျဖဴးျဖဴး

တိုက္ေနၿပီး ေနလို႔ေကာင္းတဲ့ အေျခအေနေလးေနာ္

ေဂ်ာင္ကု ! "

ဂ်ီမင္းက လွည့္ၾကည့္ၿပီး ေျပာလိုက္တဲ့ အခ်ိန္မွာ

ေဂ်ာင္ကုရဲ့မ်က္လုံးေတြက ဂ်ီမင္းဆီမွာ ရွိေနၿပီး

သား ျဖစ္သည္ ။

" ေဂ်ာင္ ... ေဂ်ာင္ကုရွိ ! ဘာလို႔ၾကည့္ေနတာလဲ ? "

" အာ ... ၾကည့္ေနမိလို႔လား ? "

ေဂ်ာင္ကုက ဂ်ီမင္းေျပာမွ အသိဝင္သြားဟန္ျဖင့္

ေျပာလိုက္သည္ ။

" အင္း .. ၾကည့္ေနတယ္ေလ ! "

" အင္း .. လွလို႔ေလ ! "

ဂ်ီမင္း ရဲ့ ျဖစ္တည္မွု ။ ဂ်ီမင္း ရဲ့ အရာအားလုံးကေပါ့ ။

" ဟမ္ ? ေဂ်ာင္ကု ??? "

" အာ .. ဟန္ျမစ္ႀကီးေလ !!! လွတယ္လို႔ "

" အဲ့လိုလား ? "

" အင္း ! ဒီေန႔မွ ပိုလွတယ္လို႔ ထင္ရလို႔ "

ဂ်ီမင္း က ဟက္ခနဲ ျပဳံးေတာ့ ေဂ်ာင္ကု က ဂ်ီမင္း

ကိုၾကည့္ရင္း လိုက္ျပဳံးမိသည္ ။ ထိုအၾကည့္ရဲ့

အျပဳံးေတြမွာ အဓိပၸာယ္ေတြပါသည္ ကို မည္သူက

ပိုသိမည္နည္း ။

႐ုတ္တရက္ မထင္မွတ္ဘဲ ဝင္လာေသာ ေဂ်ာင္ကု

ဖုန္းသံေၾကာင့္ အရာအားလုံး ပ်က္ျပယ္ကုန္သည္ ။

" ေအာ္ ဒီခ်ိန္မွ ဖုန္းကဘာလို႔ လာတာပါလိမ့္ အစ္ကိုခဏေနာ္ ! "

ဂ်ီမင္းက ေခါင္းကိုသာ အသာ ညိတ္ျပလိုက္သည္ ။

" ဟဲလို ! "

ဟိုဘက္က ဘာေျပာတယ္မသိေပမယ့္ ေဂ်ာင္ကုမ်က္ႏွာအေျခအေနက မေကာင္းဘဲ ေၾကာင္ေတာင္

ေတာင္ ျဖစ္သြားသည္ ။

" ဟုတ္ပါတယ္ ။ ကၽြန္ေတာ္ ဟန္ျမစ္မွာရွိေနပါတယ္

ဘာလို႔လဲ ? "

ဂ်ီမင္းက ေဂ်ာင္ကု ကိုသာ ဆက္တိုက္ ၾကည့္ေန

မိသည္ ။ ေဂ်ာင္ကုကလည္း ဖုန္းေျပာလိုက္ ဂ်ီမင္း

ကို ၾကည့္လိုက္နဲ႔ လုပ္ေနသည္ ။

" သိပါၿပီ အခုလာပါ့မယ္ ... "

ေဂ်ာင္ကု အရိပ္အေျခကို ၾကည့္ကာ ဂ်ီမင္းက ေမး

ခြန္းကို စလိုက္သည္ ။

" ေဂ်ာင္ကု ! အဆင္ေျပရဲ့လား ဘာလို႔လဲ ? "

" ကုမၸဏီကပါ ။ ကၽြန္ေတာ္ အခုသြားမွျဖစ္မယ္

ထင္တယ္ "

ေဂ်ာင္ကု ပုံစံက ဂ်ီမင္းကို အားနာသေယာင္ရွိ

ေနသည္ ။

" ရပါတယ္ သြားပါ ! မင္းငါ့ကိုအားနာေနစရာ

မလိုဘူးေလ အခ်င္းခ်င္းေတြပဲဟာ ... "

" ေက်းဇူးပါပဲ အစ္ကို ! ကၽြန္ေတာ္ဆက္သြယ္လိုက္မယ္ "

" အင္း ေသခ်ာသြား ... "

ေဂ်ာင္ကုက အေျပးအလႊား ထြက္သြားတာမို႔ ဂ်ီမင္း

က မေကာင္းတာ တစ္ခုခုမ်ား ျဖစ္လားလို႔ စိတ္ပူမိ

သည္ ။ အဲ့ေလာက္ထိ သိခ်င္ေနဖို႔ မေကာင္းေပမယ့္

လည္း တကယ္ကို အဲ့ေလာက္ သိခ်င္ေနမိသည္ ။

//

" ေဂ်ာင္ကု ah ! "

" ဟုတ္ ! "

ေခါင္းကိုသာ ခပ္ဆတ္ဆတ္ ညိတ္လိုက္သည္ ။

CEO က ေခၚေတြ႕သည္ ဆိုသည္မွာ ေပါ့ေနလို႔ေတာ့

မရ ။

" ဒီဟာ ... ဒီဟာေတြ SNS မွာ တက္ေနတာ မသိဘူးလား "

ေဂ်ာင္ကုက နားမလည္ေသာပုံစံျဖင့္ CEO ကိုၾကည့္

မိသည္ ။ ေနာက္မွ သူျပေသာ ဖုန္းကိုၾကည့္လိုက္ရာ

SNS ေပၚ ေနရာယူေနေသာ ေဂ်ာင္ကု နဲ႔ ဂ်ီမင္းရဲ ပုံ

ေတြ ။ သတင္းေခါင္းစဥ္ေတြ ။ လူေတြ ေျပာေနၾက

တာေတြ ။ မ်ိဳးစုံျဖစ္ေနတာမို႔ ေဂ်ာင္ကုက လန႔္သြား

မိသည္ ။

တကယ္ဆို ဒီေန႔မွ ခဏပဲ ေတြ႕ရေသးသည္ ။ လူေတြ

က ျမန္လိုက္ေလျခင္း ဆိုတာ ။

" ဒီဟာက ? "

CEO က သက္ျပင္းကို ခပ္ေလးေလး ခ်လိုက္သည္ ။

" ေဂ်ာင္ကု ! ငါတို႔က မင္းကို မကန႔္သတ္ခ်င္ပါဘူး ။

မင္းက ငါတို႔ဆီက Idol လဲမဟုတ္ဘူးေလ ! ဒီတိုင္း

ေနာက္ကြယ္က ဖန္တီးေပးသူသက္သက္မို႔ ဘာမွလဲ

မေျပာခ်င္ပါဘူး ။ ဒါေပမဲ့ မထင္မွတ္ဘဲ မင္းက လူ

ငယ္ေတြၾကား ေရပန္းစားလာခဲ့တယ္ ။ အဲ့တာေတြ

က ပြဲဦးထြက္လာမယ့္ ကေလးေတြ အတြက္ အေထာက္

အကူျဖစ္လာခဲ့တယ္ ။ မင္းကိုလည္း ေက်းဇူးတင္ပါ

တယ္ ။ ဒါေပမဲ့ ဒီလို သတင္းေတြ ဆက္တိုက္ ျဖစ္လာ

ရင္ ပြဲဦး ထြက္မယ့္ ကေလးေတြ အတြက္ေရာ Comeback

လုပ္မယ့္ ကေလးေတြ အတြက္ေရာ ဒါေတြက ခလုတ္

ျဖစ္လာနိုင္တယ္ "

အမွန္ေတာ့ စကားပလႅင္ခံေနျခင္း သက္သက္သာ ။

တကယ္ေတာ့ Ent က Idol ေတြလိုပဲ ေဂ်ာင္ကုကို

လည္း စည္းေဘာင္ေတြနဲ႔ သတ္မွတ္ခ်င္ေနတာမ်ိဳး

ျဖစ္သည္ ။

" အဲ့ကေလးေတြက မင္းေၾကာင့္နဲ႔ အေႏွာင့္အယွက္ ျဖစ္သြားလို႔ မျဖစ္ဘူးမလား "

အသံတို႔က တိမ္ဝင္သြားၿပီး ေဂ်ာင္ကု မ်က္ႏွာကို

လည္း မၾကည့္ဘဲ ေျပာေနသည္ ။

" အေႏွာင့္အယွက္ ? ကၽြန္ေတာ္တို႔က ဘာမွ မဟုတ္

ပါဘူး ။ ဒီတိုင္း သူငယ္ခ်င္း ... "

" နားလည္တယ္ နားလည္တယ္ ! ငါက သိေပမယ့္

လူေတြကေတာ့ရမွာ မဟုတ္ဘူး "

" ပုံထဲမွာ ကၽြန္ေတာ္တို႔က ဘာျဖစ္ေနလို႔လဲ ? ေယာက်ာ္း

ေလး ႏွစ္ေယာက္ တစ္ေနရာမွာ မေတြ႕ရေတာ့ဘူးလို႔

ရွိလို႔လား ? "

ေဂ်ာင္ကုက ေဒါသသံလည္း အနည္းငယ္ပါေနၿပီး

အသံကို ျမင့္ကာ ေျပာေနမိသည္ ။

" ဒါ မင္းငါ့ကို ေျဖရွင္းခ်က္ေပးလို႔ရတာ မဟုတ္ဘူး ။

လူေတြက မင္းရဲ့ ေျဖရွင္းတာကို နားေထာင္ေနမွာ

မဟုတ္ဘူး "

" အဲ့ေတာ့ ဘာျဖစ္လဲ ? ကၽြန္ေတာ္တို႔က ရိုးသားေန

တာပဲ "

ေဂ်ာင္ကု အတြက္ေတာ့ ဒါပထမဆုံး အေနနဲ႔ CEO

ကို ကတ္ကတ္လန္ ျပန္ေျပာေနျခင္းပင္ ။

" အာ ဟုတ္ပါတယ္ ! ငါေျပာေနတာ မင္းတို႔ သိကၡာ

ေတြကို ေစာ္ကားသလိုျဖစ္သြားရင္ ေတာင္းပန္ပါ

တယ္ ဒါေပမယ့္ ဒီလို ေခါင္းစဥ္ႀကီးေတြနဲ႔ တက္ေန

တဲ့အျပင္ မင္းတို႔ အရင္က တူတူရွိေနတဲ့ ပုံေတြပါ

တက္ေနတာ ။ ငါတို႔ ကုမၸဏီ Image ေရာ ကေလး

ေတြရဲ့ အနာဂတ္ေရာ ရွိေသးတာမို႔ စဥ္းစားေစခ်င္

တာပါ ။ ဒါက မင္းကို စြပ္စြဲတာလဲ မဟုတ္ပါဘူး ။

ငါေျပာနိုင္တာကေတာ့ ဒါပဲ "

ေဂ်ာင္ကုက ေလာကႀကီးကို စိတ္ပ်က္ေတြေဝသြား

သည္ ။ ဘာေၾကာင့္မ်ား လူေတြက ဆိုးရြားရတာလဲလို႔လည္း ေတြးမိသည္ ။

ခံရလည္းခက္ နာလည္းနာက်င္ရသည္ ။ သို႔ေသာ္

လည္း ကိုယ့္အတြက္မဟုတ္ဘဲ အမ်ားအတြက္

ျဖစ္ေနသည္က စဥ္းစားၾကည့္ရမည္ ျဖစ္သည္ ။

" ေကာင္းပါၿပီ ကေလးေတြအတြက္ ကၽြန္ေတာ္ ...

ကၽြန္ေတာ္ နားလည္ပါၿပီ ! "

" နားလည္ေပးလို႔ ေက်းဇူးတင္ပါတယ္ ။ မင္းလဲ

စိတ္လွုပ္ရွားသြားမွာမို႔ နားလိုက္ပါဦး ... "

" သိပါၿပီ "

ေဂ်ာင္ကုက တုံ႔ေႏွးတဲ့ ေျခလွမ္းမ်ားနဲ႔ လွည့္ထြက္

လာခဲ့သည္ ။

ဖုန္းကို ထုတ္လိုက္ကာ ခုဏက ဆက္တိုက္တက္လာ

တဲ့ Article ေတြကို ခဏတာ ဖတ္လိုက္မိ႐ုံနဲ႔ ေဒါသ

အလိပ္လိုက္ထြက္လာမိသည္ ။ လူေတြထဲက လူေတြ

ပဲ ျဖစ္ပါလ်က္ ေဂ်ာင္ကုက ေအာင္ျမင္မွု ရွိေနလို႔

လူေတြက စကားလုံးေတြနဲ႔ ပိုထိုးႏွက္ၾကသည္ ။

" သူတို႔က ႀကိဳက္ေနၾကတာလား "

" ေယာက်ာ္းခ်င္းႀကီးေလ ??? "

" ၾကည့္ပါလား ပုံေတြက သူငယ္ခ်င္းနဲ႔ တူေနလို႔လား "

" ဟိုဟာ ေတြလား ? ငါ့မွာေတာ့ ႀကိဳက္လိုက္ရတာ "

" ဟိုဘက္က ျမႇဴဆြယ္ေနလားမသိဘူး ။ ေဂ်ာင္ကုက

ပုံမွန္ပဲဟာ "

" ကုန္ပါၿပီဟယ္ ငါတို႔ Oppa "

" အရင္တုန္းကတည္းက မရိုးသားၾကတာလား ခိခိ ? "

" အာ !!! "

ေဂ်ာင္ကုက ေဘးရွိ နံရံကို ပိတ္ထိုးမိလိုက္သည္ ။

" ေစာက္ေရးမပါလိုက္တာ !! "

မ်က္ရည္တို႔ကလည္း စီးက်လာသည္ ။

" ဘာမ်ားမွားေနလို႔လဲ ? ဘာကို ေစာက္ေရးမပါတာ

ေတြ ေရးေနၾကတာလဲ ? "

လူေတြရဲ့ သဘာဝကိုက သိပ္ေၾကာက္စရာေကာင္း

သည္ ။ တစ္စိတ္ကို တစ္အိပ္ လုပ္တတ္ၿပီး ေရေပၚ

ဆီေတြ ျဖစ္သည္ ။

ဘာမ်ား မွားယြင္းလို႔လဲ ? ေဂ်ာင္ကု အတြက္ေတာ့

ခ်စ္ရတဲ့သူက ဂ်ီမင္း ျဖစ္သြားတာ ။ ဂ်ီမင္းကလည္း

ေယာက်ာ္းေလးတစ္ေယာက္ ျဖစ္ေနခဲ့႐ုံေလးပဲ ။

ဘယ္သူက မွားခဲ့လို႔လဲ ?

ဂ်ီမင္းရဲ့ ပုံရိပ္ေတြက အေတြးထဲ ဆက္တိုက္ ဆို

သလိုဝင္လာသည္ ။ ဂ်ီမင္းရဲ့ အျပဳံးေတြ ဂ်ီမင္းရဲ့

လွုပ္ရွားမွုေတြ ။ ဒါေတြဟာ ဘာအေၾကာင္းနဲ႔မွ

စြန႔္လႊတ္လိုက္ဖို႔ မဟုတ္ေတာ့ဘူး ။

    people are reading<Dancing On Your Heartbeat • Kookmin || Completed ||>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click