《Dancing On Your Heartbeat • Kookmin || Completed ||》- 28 -
Advertisement
ဂျောင်ကုက ဂျီမင်း ဖင်လေးကုန်းကာ ဟိုရှာဒီရှာ
လုပ်နေသည်ကို သေချာစိုက်ကြည့်နေပြီး ခေါင်းငုံ့
ကာ ရယ်နေမိသည် ။
" ကျွန်တော်ကူရှာပေးရမလား ခင်ဗျာ ! "
အလိုက်ကန်းဆိုး မသိတဲ့ စားပွဲထိုး ကောင်လေးကို
ဂျီမင်းက ပြေးပြေးထုချင်နေသည် ။
" အား !! မင်း တိတ်တိတိမနေဘူးလား ? တော်ပြီ
တော်ပြီ ... မရှာတော့ဘူး "
" ဟမ် ? "
" မရှာတော့ဘူးလို့ကွ !!!! "
အသံကလည်း ပြဲ လူကလည်း ပိစိနဲ့ ဂျီမင်းက
တအား ချစ်စရာကောင်းနေတော့သည် ။
" အာ ဟုတ်ကဲ့ပါ .."
ဂျီမင်းက ခပ်တည်တည်နဲ့ အင်္ကျီကို တစ်ချက်နှစ်
ချက် ဆွဲချလိုက်ရင်း ဂျောင်ကု ထိုင်နေတဲ့ ခုံဆီကို
တည့်တည့်သွားလိုက်သည် ။ ဂျီမင်းက ခပ်တည်
တည်ပဲ ဘာမှ မဖြစ်သလိုနဲ့ ထိုင်ရန် ခုံကိုဆွဲလိုက်သည် ။
" ရှာလို့ တွေ့ရဲ့လား ? "
ဂျောင်ကု စကား ကြောင့် ဂျီမင်းက ရှက်သွားမိသည် ။
Mask အုပ်ထားပေမယ့်လည်း ဂျောင်ကုက ရီပြီး
ပြောနေသည် ဆိုတာ ဂျီမင်း သိသည် ။
" ဟမ် ? "
ဂျောင်ကုက Mask ကို အောက်ဆွဲချလိုက်ကာ ဂျီ
မင်း မျက်လုံးတွေကိုကြည့်သည် ။
" ရှာလို့တွေ့ရဲ့လား ? ခုဏ က ရှာနေတဲ့ ပစ္စည်းဆိုတာ ...? "
ဂျောင်ကုက သိလျက်သားနဲ့ တမင် နေရခက်အောင်
စနေသည် ။
" ဂျောင်ကုရှိ !!!!! "
အော်သံကြောင့် ဘေးလူတွေက ဝိုင်းကြည့်လာသည် ။
" ဘာလို့တုန်း ? ဒီတိုင်း ရှာတွေ့လားပဲ သိချင်တာကို ... "
" အာ အဲ့ဒါ ... အင်း ရှာမတွေ့ဘူး ! "
ဂျီမင်းက ခုံကိုယူလက်စနဲ့ ဝင်ထိုင်လိုက်သည် ။
ဂျောင်ကုဆီက တခစ်ခစ်ရယ်သံများ ထွက်လာသညကို ကြားနေရသည် ။
" ဘာလဲ ? ဘာရယ်တာလဲ ? "
" မဟုတ်ပါဘူး ! ကျွန်တော်ပါ ကူရှာပေးရဦးမလားလို့ "
" ဂျွန်ဂျောင်ကု ! မင်း .. မင်း ကပါ ဘာဖြစ်နေတာ
လဲ ? နောက်နေတယ်ပေါ့ ။ ဒီတိုင်း ... အင်း ...
ဒီတိုင်း .. မသိတော့ဘူး ... "
အူတီးအူကြောင် အထစ်ထစ်အအအနဲ့ ဂျီမင်းက
ဘာတွေပြောမှန်းမသိ ။
" ဒီတိုင်း ဘာဖြစ်လဲ ? "
" ဘာဖြစ်ဖြစ်ပေါ့ !!! "
ဂျီမင်းက ရှေ့မှာချထားသော ရေတစ်ခွက်ကို ယူ၍
တစ်ကျိုက်မော့လိုက်သည် ။ ဂျီမင်းကို ကြည့်ရင်း
ဂျောင်ကုက ခပ်တိုးတိုး ထပ်ရယ်ပြန်သည် ။
" မင်း .. အရမ်းရယ်ရနေလို့လား ရယ်စရာလား ။ငါက မင်းထက် နှစ်နှစ်တောင် ကြီးတာနော် နှစ်နှစ်
နှစ်နှစ် .... "
" ကျွန်တော်နဲ့ တွေ့ရတာ အဲ့လောက်စိတ်လှုပ်ရှားနေလား ? "
ရေပက်မဝင် တောက်လျှောက်ပြောလာသမျှ ခုတော့
တုံ့ခနဲ ရပ်သွားသည် ။
" အာ အဲ့ဒါက .. နည်းနည်းတော့ .... မဟုတ်ပါဘူး ။
ငါက ဘာလို့လဲ ? "
စကားက ခပ်တိုးတိုးသာ ထွက်လာပေမယ့် ဂျောင်ကကတော့ ခေါင်းကိုသာ ငုံ့ထားရင်း ဆက်တိုက် ရယ်
နေသည် ။
" ဟမ် ! ထပ်ရီပြန်ပြီ ။ ငါက ရယ်ရလား ဘာလို့ရယ်
နေတာလဲ ? "
ခပ်စွာစွာနဲ့ နှုတ်ခမ်းထော်ကာ ရန်တွေ့နေသည်က
လည်း ရီနေတာကို ထပ်ပြီး ရီချင်စရာ ။
" အင်း ... ဒီတိုင်း ချစ်ဖို့ကောင်းနေလို့ "
" ဟမ် ? ချစ်ဖို့ကောင်းတယ် ? "
ဂျီမင်းက ထပ်ပြီး ပါးတွေရဲတက်လာရပြန်သည် ။
" ဟုတ်တယ် ! တကယ် ချစ်ဖို့ကောင်းတယ် "
ဂျီမင်းက ပါးတွေ ပူတက်လာတာကို သတိထားမိပေ
မယ့် ဂျောင်ကုရှေ့မှာမို့ ဟန့်ကိုယ့်နေလိုက်သည် ။ ဂျီ
မင်းက ဂျောင်ကုကို ဘာမှမပြောဘဲ ပါးတွေကိုသာ
ပွတ်နေလိုက်သည် ။
" ဒါနဲ့ ခုဏက နှစ်နှစ်ကြီးတယ်လို့ ပြောလိုက်တာနော် "
" အင်း အဲ့တာ ... ဘာလို့လဲ ? "
ဂျီမင်းက ပြောပြီးမှ မျက်လုံး အကြောင်သားလေးနဲ့
ပြန်မေးသည် ။
" သေးသေးလေးမို့ တွေ့ခါစကဆို ကျွန်တော့်ထက်
ငယ်မယ်တောင် ထင်နေတာ "
" အဲ့လောက်လဲ မသေးပါဘူးနော် "
ဒီနေ့ကျမှ စွာတေးလန်လေးက အရမ်းကို စွာစိလန်
နေသည် ။
" ဟုတ်ပါတယ် အဲ့လောက်လဲ မဟုတ်ပါဘူး ။ အဲ့ဒါ
ကြောင့် ကျွန်တော်တို့ ပြောင်းခေါ် ကြည့်ကြမလား "
" ဘယ်လိုမျိုး ... "
" ကျွန်တော်က ဂျီမင်း ကို အစ်ကို လို့ ခေါ်မယ်လေ "
" အစ် ... အစ် ... အစ်ကို .. ကို .. ကို ??? "
ဂျောင်ကုဆီက အစ်ကိုလို့ အခေါ်ခံရတဲ့ ခံစားချက်
က ဒီလိုမျိုးလားလို့ တွေးမိသည်အထိ နှလုံးသား
တစ်ခုလုံးက ယမ်းခါသွားသည် ။
" အင်း သဘောမကျဘူးလား ? "
" အာ ... ကျ .. ကျ .. ကျတာပေါ့ ကျတာပေါ့ ။ "
Advertisement
ဂျီမင်းက သဘောကျလွန်းလို့ အသံတွေပါ တုန်နေမိသည် ။
" အင်း ..ဒါဆို ဂျီမင်း က အယ် ... အစ်ကို က ကျွန်
တော့်ကို ရင်းရင်းနှီးနှီး ဆက်ဆံပေး ။ ဘာပဲဖြစ်ဖြစ်
ကျွန်တော်တို့ ရင်းနှီးလာတာလည်း မကြာတော့တာကို "
" သိပါပြီ ! အဲ့လိုပဲ လုပ်ကြမလား "
နှစ်ယောက်သား အတူတူ ပြုံးလိုက်ကြသည် ။
အချိန်အတော်ကြာသည်အထိ ရေရေရာရာအကြောင်း
ရယ်မရှိဘဲ ရယ်မောဖြစ်ကြသည် ။ အချိန်ကြာကြီး
နေမှ ပြန်ဆုံဖြစ်ခြင်းသည် ဘာခေါင်းစဥ်ကိုမှ တိတိ
ကျကျမပြောဘဲ ရောက်တတ်ရာရာ စကားတွေကို
အတူတူ ရီမောခဲ့ကြသည် ။
တစ်ခြားအရာတွေမစဉ်းစားဖြစ်တော့ဘဲ ဂျီမင်းအတွက်တော့ ဂျောင်ကု နဲ့ အတူရှိနေရတာကိုသာ
ပျော်နေမိသည် ။
" အာ ... အချိန်က အတော်ကြာသွားပြီပဲ ။ ကျွန်တော်
သွားတော့မယ် ။ နောက်အားရင်လည်း ဒီလိုမျိုး
ထပ်တွေ့ကြရအောင် "
" အာ သွားတော့မှာလား ? "
ဂျီမင်းရဲ့ အသံတို့က တိုးဝင်သွားမိသည် ။
" ဟုတ် သွားရတော့မယ် ! ဒီကြားထဲ Ent က ကလေး
တွေရဲ့ Comeback ရှိသေးလို့ ကျွန်တော်က သိပ်
မအားတော့ဘူး ထင်တယ် ။ ဒါပေမဲ့ အဆက်အသွယ်
တော့ လုပ်ကြရအောင် "
ဂျီမင်းက နည်းနည်းတော့ စိတ်ညစ်သွားသလို ရှိပေ
မယ့် အခုလို အဆက်အသွယ်ပြန်ရပြီး ခဏတာ ရီ
မောခွင့်ရတာတောင် ကံကောင်းနေပြီမို့ ဘာပဲဖြစ်
ဖြစ် အဆင်ပြေပါသည် ။
" ဟုတ်ပါပြီ ... "
" ဟုတ် ကျွန်တော် သွားတော့မယ် "
" ခဏ ... "
ဂျောင်ကုက ကျောခိုင်းထားရာကနေ တစ်ခါပြန်
လှည့်ကြည့်နေပုံမှာ မျက်လုံးအပြူးသားလေးနဲ့
ကလေးလို ချစ်ဖို့ကောင်းလှသည် ။ ဒီလိုမျက်နှာ
လေး မမြင်ရတာလည်း အတော်ကြာခဲ့ပြီ ဖြစ်သည် ။
" ကျွန်တော် ... အာ ... အစ်ကိုက မင်းကို ဆက်
သွယ်လို့ရတယ်မလား "
ဂျောင်ကု က မျက်လုံးများ ဝင်းလက်လာကာ ခေါင်း
ကို အဆက်မပြတ်ညိတ်သည် ။
" ရတာပေါ့ .. အဲ့ဒီနံပါတ်ကို အချိန်မရွေး ခေါ်လို့ရပါတယ် "
" ကောင်းပါပြီ ကောင်းကောင်းသွားနော် ! "
" သိပါပြီ ... "
ဂျောင်ကုက ဆက်ပြောမလို့ပေမယ့် ငြိမ်ကျသွားပြီး
ပြုံးလျက် ဆက်ပြောသည် ။
" သိပါပြီ အစ် ... အစ်ကို ... "
ဂျောင်ကုကလည်း ကျောခိုင်းသွားတော့ ဂျီမင်း
မမြင်အောင် ပြုံးမိပြီး ကျန်ခဲ့တဲ့ ဂျီမင်းမှာလည်း
ပြုံးမိသည် ။ အချစ်ဆိုတာ ဒီလိုမျိုးဖြစ်တည်မှုပါ
လားလို့ သိလိုက်ရတဲ့အချိန် စိတ်ညစ်စရာတွေ
အားလုံးနဲ့ သင်ပုန်းချေပစ်လိုက်နိုင်သည် ။
//
ဂျီမင်းက ဖုန်းကို ကိုင်ရင်း ချီတုံချတုံ ဖြစ်နေသည် ။
" ဆက်ရင်ကောင်းမလား မကောင်းဘူးလား ။
ဆက်မယ် မဆက်ဘူး ဆက်မယ် မဆက်ဘူး ။
အား !! မသိတော့ဘူး ။ "
ဂျီမင်းက သနားစရာ ဖုန်းလေးကို အိပ်ရာပေါ် ဘုံးခနဲ
ပစ်ချလိုက်သည် ။ ထို့နောက် ခေါင်းအုံးပေါ်ကို လက်
နှစ်ဖက် တင်ကာ အိပ်ရာထဲ မျက်နှာကို နစ်မြုပ်လိုက်သည် ။
" ငါ ဘာဖြစ်နေပါလိမ့် ? ဒီနေ့ပဲ တွေ့ကြတယ် အခု
ချက်ချင်း ဖုန်းဆက်ရမှာလား ? ငါ နည်းနည်းတော့
မူရမယ်လေ ။ ပတ်ဂျီမင်း မင်းကလေ တော်တော်ကို
အမှတ်မရှိ ။ သူက အရင်လို Class လေးက ဆရာ
တင် မဟုတ်တော့ဘူး ဒီ့ထက်ကြီးမားတဲ့ နေရာမှာ
ရောက်နေပြီ ။ နည်းနည်းလေး လာပြန်ပတ်သက်တာ
နဲ့ စိတ်ကပျော့ချင်နေပြီလား ။ မဖြစ်သေးဘူး မဖြစ်
သေးဘူး ။ စိတ်တင်းထားဦး !!!! "
ဂျီမင်းက ကိုယ့်ကိုကိုယ် ထုရိုက်ကာ ပြောနေမိသည် ။
ဖုန်း ရဲ့ တုန်ခါမှုကြောင့် ဖုန်း မျက်နှာပြင်သို့ လှမ်း
ကြည့်လိုက်တော့ ဖုန်းခေါ်သူက ဂျောင်ကုဖြစ်သည် ။
" ဂျောင်ကု ? ဂျောင်ကု !!!!!!!!!!!! "
ဂျီမင်းက အိပ်ရာကြီး ပေါက်ထွက်သွားမတတ်
ထခုန်နေမိသည် ။
" သူက အရင် ခေါ်နေတာပဲ !!!! "
အရင်ဆုံး အသက်ပြင်းပြင်း ရှူကာ စိတ်ကို လျှော့ချ
လိုက်သည် ။ ချောင်းကိုလည်း ရှင်းလိုက်သည် ။
" အဟမ်း အဟမ်း !!! "
ထို့နောက် ဖုန်းကို ကိုင်လိုက်ကာ ပြောလိုက်သည် ။
" ဟဲလို ! "
" အစ်ကို ! "
အစ်ကိုတဲ့လေ ။ နူးနူးညံ့ညံ့လေးနဲ့ ခေါ်နေပုံများ
ဒီကောင်ကြီးရဲ့ နှလုံးသားတစ်ခုလုံးသာ ဖြုတ်
ယူသွားပါတော့ ။
ဂျောင်ကုက သာမန်အသံမျိုးနဲ့ မဟုတ်ဘဲ လေကို
ဆောင့်ဆောင့်လေးနဲ့ ချွဲချွဲလေး ခေါ်လိုက်ခြင်း ဖြစ်
သည် ။ ဂျီမင်း မှာ နောက်တစ်ကြိမ် အသက်ပြင်း
ပြင်းရှူ ရပြန်သည် ။
" အင်း ... ဂျောင်ကု ပြော "
" အစ်ကို ဘာလုပ်နေတာလဲ ? "
" အယ် ! ဖုန်း ကြည့်နေတာ "
Advertisement
တကယ်တမ်း ဘာတွေဖြစ်နေသည်ဆိုတာ ကိုယ်တိုင်
ပဲ သိသည် ။
" ကျွန်တော့်ကို ဘာလို့ဖုန်းမဆက်တာလဲ ? "
အချွဲလေးက ဆူပူကာ ဂျီမင်းကို ပြောနေတော့သည် ။
" ဟင် ? ကိစ္စလဲမရှိဘူး ။ ပြီးတော့ အနှောင့်အယှက်
ဖြစ်မှာစိုးလို့ပါ "
" ကိစ္စမရှိရင် မဆက်တော့ဘူးပေါ့ ကျွန်တော်က
အစ်ကို ဆက်ရင် အမြဲကိုင်မှာပါ "
ဂျီမင်းက အိပ်ရာခင်းစကို ကျစ်ကျစ်ပါအောင် ဆုပ်
ကိုင်ထားကာ မအော်ဘဲ ထိန်းထားလိုက်သည် ။
ဂျောင်ကုကလည်း အခုမှ ပြောင်းလဲသွားလိုက်တာ
ဆိုတာကို ဂျီမင်းက သတိထားမိနေသည် ။
" အင် အင်း အင်း !! နောက်ဆက်ပါ့မယ် "
" အမှန်တော့ ကျွန်တော် အခုအိပ်တော့မလို့ အစ်ကို ရော "
" အယ် ... အင်း .. ကျွန်တော် အယ် ... အစ်ကို လည်း
အိပ်တော့မှာ "
" သေချာအိပ်ပါ ဂွတ်နိုက် အစ်ကို ! "
အိပ်ရာဝင်တေးတွေထက် ချိုမြိန်လှတဲ့ နှုတ်ဆက်
စကားလေးပင်ဖြစ်သည် ။
" အင်း ... "
ဂျီမင်းက အသံချိုချိုလေးကြောင့် ဘာမှ ပြန်မပြော
နိုင်သလို တစ်ဖက်က ဂျောင်ကုကလည်း ဂျီမင်းရဲ့
နှုတ်ဆက်သံကို မကြားရမချင်း ရစ်နေသည် ။
" တစ်ခုခု ပြန်ပြောဦးလေ အစ်ကို "
" အင်း Goodnight ဂျောင်ကု ! "
ဂျီမင်းရဲ့ ရှက်နေတဲ့ ဂွတ်နိုက်အသံဟာ ဂျောင်ကု ရဲ့
ရင်ဘတ်ထဲကို လိပ်ပြာတွေဝေသွားစေသည် ။
" တစ်ခေါက်လောက် ? "
" ဟမ် ! "
" တစ်ခေါက်လောက် ထပ်ပြောကြည့်ပါဦး "
" အာ ... Goodnight ဂျောင်ကု "
ဂျီမင်းက ဘုမသိဘမသိနဲ့ ဂျောင်ကုက ထပ်ပြော
ခိုင်းလို့သာ ပြောလိုက်ရသည် ။ ဂျောင်ကုက အဲ့ဒီ
အသံကြောင့် ပြုံးနေမိတာ ပါးစပ်က နားရွက်တက်
ချိတ်မိတော့မည် ။
ဖုန်းက နှစ်ယောက် တူတူချလိုက်ပေမယ့် နှစ်ယောက်
လုံး ကုတင်ပေါ်မှာ ကိုယ်စီ ခုန်နေကြရင်း အော်နေ
ကြသည် ။ တစ်ခြမ်းစီမှာ ရှင်သန်နေတဲ့ ကောင်လေး
နှစ်ယောက်ရဲ့ ခံစားချက်တွေဟာ တစ်ဖက်စီမှာ
ထပ်တူ ဖြစ်တည်နေကြတော့သည် ။
ေဂ်ာင္ကုက ဂ်ီမင္း ဖင္ေလးကုန္းကာ ဟိုရွာဒီရွာ
လုပ္ေနသည္ကို ေသခ်ာစိုက္ၾကည့္ေနၿပီး ေခါင္းငုံ႔
ကာ ရယ္ေနမိသည္ ။
" ကၽြန္ေတာ္ကူရွာေပးရမလား ခင္ဗ်ာ ! "
အလိုက္ကန္းဆိုး မသိတဲ့ စားပြဲထိုး ေကာင္ေလးကို
ဂ်ီမင္းက ေျပးေျပးထုခ်င္ေနသည္ ။
" အား !! မင္း တိတ္တိတိမေနဘူးလား ? ေတာ္ၿပီ
ေတာ္ၿပီ ... မရွာေတာ့ဘူး "
" ဟမ္ ? "
" မရွာေတာ့ဘူးလို႔ကြ !!!! "
အသံကလည္း ျပဲ လူကလည္း ပိစိနဲ႔ ဂ်ီမင္းက
တအား ခ်စ္စရာေကာင္းေနေတာ့သည္ ။
" အာ ဟုတ္ကဲ့ပါ .."
ဂ်ီမင္းက ခပ္တည္တည္နဲ႔ အကၤ်ီကို တစ္ခ်က္ႏွစ္
ခ်က္ ဆြဲခ်လိုက္ရင္း ေဂ်ာင္ကု ထိုင္ေနတဲ့ ခုံဆီကို
တည့္တည့္သြားလိုက္သည္ ။ ဂ်ီမင္းက ခပ္တည္
တည္ပဲ ဘာမွ မျဖစ္သလိုနဲ႔ ထိုင္ရန္ ခုံကိုဆြဲလိုက္သည္ ။
" ရွာလို႔ ေတြ႕ရဲ့လား ? "
ေဂ်ာင္ကု စကား ေၾကာင့္ ဂ်ီမင္းက ရွက္သြားမိသည္ ။
Mask အုပ္ထားေပမယ့္လည္း ေဂ်ာင္ကုက ရီၿပီး
ေျပာေနသည္ ဆိုတာ ဂ်ီမင္း သိသည္ ။
" ဟမ္ ? "
ေဂ်ာင္ကုက Mask ကို ေအာက္ဆြဲခ်လိုက္ကာ ဂ်ီ
မင္း မ်က္လုံးေတြကိုၾကည့္သည္ ။
" ရွာလို႔ေတြ႕ရဲ့လား ? ခုဏ က ရွာေနတဲ့ ပစၥည္းဆိုတာ ...? "
ေဂ်ာင္ကုက သိလ်က္သားနဲ႔ တမင္ ေနရခက္ေအာင္
စေနသည္ ။
" ေဂ်ာင္ကုရွိ !!!!! "
ေအာ္သံေၾကာင့္ ေဘးလူေတြက ဝိုင္းၾကည့္လာသည္ ။
" ဘာလို႔တုန္း ? ဒီတိုင္း ရွာေတြ႕လားပဲ သိခ်င္တာကို ... "
" အာ အဲ့ဒါ ... အင္း ရွာမေတြ႕ဘူး ! "
ဂ်ီမင္းက ခုံကိုယူလက္စနဲ႔ ဝင္ထိုင္လိုက္သည္ ။
ေဂ်ာင္ကုဆီက တခစ္ခစ္ရယ္သံမ်ား ထြက္လာသညကို ၾကားေနရသည္ ။
" ဘာလဲ ? ဘာရယ္တာလဲ ? "
" မဟုတ္ပါဘူး ! ကၽြန္ေတာ္ပါ ကူရွာေပးရဦးမလားလို႔ "
" ဂၽြန္ေဂ်ာင္ကု ! မင္း .. မင္း ကပါ ဘာျဖစ္ေနတာ
လဲ ? ေနာက္ေနတယ္ေပါ့ ။ ဒီတိုင္း ... အင္း ...
ဒီတိုင္း .. မသိေတာ့ဘူး ... "
အူတီးအူေၾကာင္ အထစ္ထစ္အအအနဲ႔ ဂ်ီမင္းက
ဘာေတြေျပာမွန္းမသိ ။
" ဒီတိုင္း ဘာျဖစ္လဲ ? "
" ဘာျဖစ္ျဖစ္ေပါ့ !!! "
ဂ်ီမင္းက ေရွ႕မွာခ်ထားေသာ ေရတစ္ခြက္ကို ယူ၍
တစ္က်ိဳက္ေမာ့လိုက္သည္ ။ ဂ်ီမင္းကို ၾကည့္ရင္း
ေဂ်ာင္ကုက ခပ္တိုးတိုး ထပ္ရယ္ျပန္သည္ ။
" မင္း .. အရမ္းရယ္ရေနလို႔လား ရယ္စရာလား ။ငါက မင္းထက္ ႏွစ္ႏွစ္ေတာင္ ႀကီးတာေနာ္ ႏွစ္ႏွစ္
ႏွစ္ႏွစ္ .... "
" ကၽြန္ေတာ္နဲ႔ ေတြ႕ရတာ အဲ့ေလာက္စိတ္လွုပ္ရွားေနလား ? "
ေရပက္မဝင္ ေတာက္ေလၽွာက္ေျပာလာသမၽွ ခုေတာ့
တုံ႔ခနဲ ရပ္သြားသည္ ။
" အာ အဲ့ဒါက .. နည္းနည္းေတာ့ .... မဟုတ္ပါဘူး ။
ငါက ဘာလို႔လဲ ? "
စကားက ခပ္တိုးတိုးသာ ထြက္လာေပမယ့္ ေဂ်ာင္ကကေတာ့ ေခါင္းကိုသာ ငုံ႔ထားရင္း ဆက္တိုက္ ရယ္
ေနသည္ ။
" ဟမ္ ! ထပ္ရီျပန္ၿပီ ။ ငါက ရယ္ရလား ဘာလို႔ရယ္
ေနတာလဲ ? "
ခပ္စြာစြာနဲ႔ ႏွုတ္ခမ္းေထာ္ကာ ရန္ေတြ႕ေနသည္က
လည္း ရီေနတာကို ထပ္ၿပီး ရီခ်င္စရာ ။
" အင္း ... ဒီတိုင္း ခ်စ္ဖို႔ေကာင္းေနလို႔ "
" ဟမ္ ? ခ်စ္ဖို႔ေကာင္းတယ္ ? "
ဂ်ီမင္းက ထပ္ၿပီး ပါးေတြရဲတက္လာရျပန္သည္ ။
" ဟုတ္တယ္ ! တကယ္ ခ်စ္ဖို႔ေကာင္းတယ္ "
ဂ်ီမင္းက ပါးေတြ ပူတက္လာတာကို သတိထားမိေပ
မယ့္ ေဂ်ာင္ကုေရွ႕မွာမို႔ ဟန႔္ကိုယ့္ေနလိုက္သည္ ။ ဂ်ီ
မင္းက ေဂ်ာင္ကုကို ဘာမွမေျပာဘဲ ပါးေတြကိုသာ
ပြတ္ေနလိုက္သည္ ။
" ဒါနဲ႔ ခုဏက ႏွစ္ႏွစ္ႀကီးတယ္လို႔ ေျပာလိုက္တာေနာ္ "
" အင္း အဲ့တာ ... ဘာလို႔လဲ ? "
ဂ်ီမင္းက ေျပာၿပီးမွ မ်က္လုံး အေၾကာင္သားေလးနဲ႔
ျပန္ေမးသည္ ။
" ေသးေသးေလးမို႔ ေတြ႕ခါစကဆို ကၽြန္ေတာ့္ထက္
ငယ္မယ္ေတာင္ ထင္ေနတာ "
" အဲ့ေလာက္လဲ မေသးပါဘူးေနာ္ "
ဒီေန႔က်မွ စြာေတးလန္ေလးက အရမ္းကို စြာစိလန္
ေနသည္ ။
" ဟုတ္ပါတယ္ အဲ့ေလာက္လဲ မဟုတ္ပါဘူး ။ အဲ့ဒါ
ေၾကာင့္ ကၽြန္ေတာ္တို႔ ေျပာင္းေခၚ ၾကည့္ၾကမလား "
" ဘယ္လိုမ်ိဳး ... "
" ကၽြန္ေတာ္က ဂ်ီမင္း ကို အစ္ကို လို႔ ေခၚမယ္ေလ "
" အစ္ ... အစ္ ... အစ္ကို .. ကို .. ကို ??? "
ေဂ်ာင္ကုဆီက အစ္ကိုလို႔ အေခၚခံရတဲ့ ခံစားခ်က္
က ဒီလိုမ်ိဳးလားလို႔ ေတြးမိသည္အထိ ႏွလုံးသား
တစ္ခုလုံးက ယမ္းခါသြားသည္ ။
" အင္း သေဘာမက်ဘူးလား ? "
" အာ ... က် .. က် .. က်တာေပါ့ က်တာေပါ့ ။ "
ဂ်ီမင္းက သေဘာက်လြန္းလို႔ အသံေတြပါ တုန္ေနမိသည္ ။
" အင္း ..ဒါဆို ဂ်ီမင္း က အယ္ ... အစ္ကို က ကၽြန္
ေတာ့္ကို ရင္းရင္းႏွီးႏွီး ဆက္ဆံေပး ။ ဘာပဲျဖစ္ျဖစ္
ကၽြန္ေတာ္တို႔ ရင္းႏွီးလာတာလည္း မၾကာေတာ့တာကို "
" သိပါၿပီ ! အဲ့လိုပဲ လုပ္ၾကမလား "
ႏွစ္ေယာက္သား အတူတူ ျပဳံးလိုက္ၾကသည္ ။
အခ်ိန္အေတာ္ၾကာသည္အထိ ေရေရရာရာအေၾကာင္း
ရယ္မရွိဘဲ ရယ္ေမာျဖစ္ၾကသည္ ။ အခ်ိန္ၾကာႀကီး
ေနမွ ျပန္ဆုံျဖစ္ျခင္းသည္ ဘာေခါင္းစဥ္ကိုမွ တိတိ
က်က်မေျပာဘဲ ေရာက္တတ္ရာရာ စကားေတြကို
အတူတူ ရီေမာခဲ့ၾကသည္ ။
တစ္ျခားအရာေတြမစဥ္းစားျဖစ္ေတာ့ဘဲ ဂ်ီမင္းအတြက္ေတာ့ ေဂ်ာင္ကု နဲ႔ အတူရွိေနရတာကိုသာ
ေပ်ာ္ေနမိသည္ ။
" အာ ... အခ်ိန္က အေတာ္ၾကာသြားၿပီပဲ ။ ကၽြန္ေတာ္
သြားေတာ့မယ္ ။ ေနာက္အားရင္လည္း ဒီလိုမ်ိဳး
ထပ္ေတြ႕ၾကရေအာင္ "
" အာ သြားေတာ့မွာလား ? "
ဂ်ီမင္းရဲ့ အသံတို႔က တိုးဝင္သြားမိသည္ ။
" ဟုတ္ သြားရေတာ့မယ္ ! ဒီၾကားထဲ Ent က ကေလး
ေတြရဲ့ Comeback ရွိေသးလို႔ ကၽြန္ေတာ္က သိပ္
မအားေတာ့ဘူး ထင္တယ္ ။ ဒါေပမဲ့ အဆက္အသြယ္
ေတာ့ လုပ္ၾကရေအာင္ "
ဂ်ီမင္းက နည္းနည္းေတာ့ စိတ္ညစ္သြားသလို ရွိေပ
မယ့္ အခုလို အဆက္အသြယ္ျပန္ရၿပီး ခဏတာ ရီ
ေမာခြင့္ရတာေတာင္ ကံေကာင္းေနၿပီမို႔ ဘာပဲျဖစ္
ျဖစ္ အဆင္ေျပပါသည္ ။
" ဟုတ္ပါၿပီ ... "
" ဟုတ္ ကၽြန္ေတာ္ သြားေတာ့မယ္ "
" ခဏ ... "
ေဂ်ာင္ကုက ေက်ာခိုင္းထားရာကေန တစ္ခါျပန္
လွည့္ၾကည့္ေနပုံမွာ မ်က္လုံးအျပဴးသားေလးနဲ႔
ကေလးလို ခ်စ္ဖို႔ေကာင္းလွသည္ ။ ဒီလိုမ်က္ႏွာ
ေလး မျမင္ရတာလည္း အေတာ္ၾကာခဲ့ၿပီ ျဖစ္သည္ ။
" ကၽြန္ေတာ္ ... အာ ... အစ္ကိုက မင္းကို ဆက္
သြယ္လို႔ရတယ္မလား "
ေဂ်ာင္ကု က မ်က္လုံးမ်ား ဝင္းလက္လာကာ ေခါင္း
ကို အဆက္မျပတ္ညိတ္သည္ ။
" ရတာေပါ့ .. အဲ့ဒီနံပါတ္ကို အခ်ိန္မေရြး ေခၚလို႔ရပါတယ္ "
" ေကာင္းပါၿပီ ေကာင္းေကာင္းသြားေနာ္ ! "
" သိပါၿပီ ... "
ေဂ်ာင္ကုက ဆက္ေျပာမလို႔ေပမယ့္ ၿငိမ္က်သြားၿပီး
ျပဳံးလ်က္ ဆက္ေျပာသည္ ။
" သိပါၿပီ အစ္ ... အစ္ကို ... "
ေဂ်ာင္ကုကလည္း ေက်ာခိုင္းသြားေတာ့ ဂ်ီမင္း
မျမင္ေအာင္ ျပဳံးမိၿပီး က်န္ခဲ့တဲ့ ဂ်ီမင္းမွာလည္း
ျပဳံးမိသည္ ။ အခ်စ္ဆိုတာ ဒီလိုမ်ိဳးျဖစ္တည္မွုပါ
လားလို႔ သိလိုက္ရတဲ့အခ်ိန္ စိတ္ညစ္စရာေတြ
အားလုံးနဲ႔ သင္ပုန္းေခ်ပစ္လိုက္နိုင္သည္ ။
//
ဂ်ီမင္းက ဖုန္းကို ကိုင္ရင္း ခ်ီတုံခ်တုံ ျဖစ္ေနသည္ ။
" ဆက္ရင္ေကာင္းမလား မေကာင္းဘူးလား ။
ဆက္မယ္ မဆက္ဘူး ဆက္မယ္ မဆက္ဘူး ။
အား !! မသိေတာ့ဘူး ။ "
ဂ်ီမင္းက သနားစရာ ဖုန္းေလးကို အိပ္ရာေပၚ ဘုံးခနဲ
ပစ္ခ်လိုက္သည္ ။ ထို႔ေနာက္ ေခါင္းအုံးေပၚကို လက္
ႏွစ္ဖက္ တင္ကာ အိပ္ရာထဲ မ်က္ႏွာကို နစ္ျမဳပ္လိုက္သည္ ။
" ငါ ဘာျဖစ္ေနပါလိမ့္ ? ဒီေန႔ပဲ ေတြ႕ၾကတယ္ အခု
ခ်က္ခ်င္း ဖုန္းဆက္ရမွာလား ? ငါ နည္းနည္းေတာ့
မူရမယ္ေလ ။ ပတ္ဂ်ီမင္း မင္းကေလ ေတာ္ေတာ္ကို
အမွတ္မရွိ ။ သူက အရင္လို Class ေလးက ဆရာ
တင္ မဟုတ္ေတာ့ဘူး ဒီ့ထက္ႀကီးမားတဲ့ ေနရာမွာ
ေရာက္ေနၿပီ ။ နည္းနည္းေလး လာျပန္ပတ္သက္တာ
နဲ႔ စိတ္ကေပ်ာ့ခ်င္ေနၿပီလား ။ မျဖစ္ေသးဘူး မျဖစ္
ေသးဘူး ။ စိတ္တင္းထားဦး !!!! "
ဂ်ီမင္းက ကိုယ့္ကိုကိုယ္ ထုရိုက္ကာ ေျပာေနမိသည္ ။
ဖုန္း ရဲ့ တုန္ခါမွုေၾကာင့္ ဖုန္း မ်က္ႏွာျပင္သို႔ လွမ္း
ၾကည့္လိုက္ေတာ့ ဖုန္းေခၚသူက ေဂ်ာင္ကုျဖစ္သည္ ။
" ေဂ်ာင္ကု ? ေဂ်ာင္ကု !!!!!!!!!!!! "
ဂ်ီမင္းက အိပ္ရာႀကီး ေပါက္ထြက္သြားမတတ္
ထခုန္ေနမိသည္ ။
" သူက အရင္ ေခၚေနတာပဲ !!!! "
အရင္ဆုံး အသက္ျပင္းျပင္း ရွူကာ စိတ္ကို ေလၽွာ့ခ်
လိုက္သည္ ။ ေခ်ာင္းကိုလည္း ရွင္းလိုက္သည္ ။
" အဟမ္း အဟမ္း !!! "
ထို႔ေနာက္ ဖုန္းကို ကိုင္လိုက္ကာ ေျပာလိုက္သည္ ။
" ဟဲလို ! "
" အစ္ကို ! "
အစ္ကိုတဲ့ေလ ။ ႏူးႏူးညံ့ညံ့ေလးနဲ႔ ေခၚေနပုံမ်ား
ဒီေကာင္ႀကီးရဲ့ ႏွလုံးသားတစ္ခုလုံးသာ ျဖဳတ္
ယူသြားပါေတာ့ ။
ေဂ်ာင္ကုက သာမန္အသံမ်ိဳးနဲ႔ မဟုတ္ဘဲ ေလကို
ေဆာင့္ေဆာင့္ေလးနဲ႔ ခၽြဲခၽြဲေလး ေခၚလိုက္ျခင္း ျဖစ္
သည္ ။ ဂ်ီမင္း မွာ ေနာက္တစ္ႀကိမ္ အသက္ျပင္း
ျပင္းရွူ ရျပန္သည္ ။
" အင္း ... ေဂ်ာင္ကု ေျပာ "
" အစ္ကို ဘာလုပ္ေနတာလဲ ? "
" အယ္ ! ဖုန္း ၾကည့္ေနတာ "
တကယ္တမ္း ဘာေတြျဖစ္ေနသည္ဆိုတာ ကိုယ္တိုင္
ပဲ သိသည္ ။
" ကၽြန္ေတာ့္ကို ဘာလို႔ဖုန္းမဆက္တာလဲ ? "
အခၽြဲေလးက ဆူပူကာ ဂ်ီမင္းကို ေျပာေနေတာ့သည္ ။
" ဟင္ ? ကိစၥလဲမရွိဘူး ။ ၿပီးေတာ့ အေႏွာင့္အယွက္
ျဖစ္မွာစိုးလို႔ပါ "
" ကိစၥမရွိရင္ မဆက္ေတာ့ဘူးေပါ့ ကၽြန္ေတာ္က
အစ္ကို ဆက္ရင္ အျမဲကိုင္မွာပါ "
ဂ်ီမင္းက အိပ္ရာခင္းစကို က်စ္က်စ္ပါေအာင္ ဆုပ္
ကိုင္ထားကာ မေအာ္ဘဲ ထိန္းထားလိုက္သည္ ။
ေဂ်ာင္ကုကလည္း အခုမွ ေျပာင္းလဲသြားလိုက္တာ
ဆိုတာကို ဂ်ီမင္းက သတိထားမိေနသည္ ။
" အင္ အင္း အင္း !! ေနာက္ဆက္ပါ့မယ္ "
" အမွန္ေတာ့ ကၽြန္ေတာ္ အခုအိပ္ေတာ့မလို႔ အစ္ကို ေရာ "
" အယ္ ... အင္း .. ကၽြန္ေတာ္ အယ္ ... အစ္ကို လည္း
အိပ္ေတာ့မွာ "
" ေသခ်ာအိပ္ပါ ဂြတ္နိုက္ အစ္ကို ! "
အိပ္ရာဝင္ေတးေတြထက္ ခ်ိဳၿမိန္လွတဲ့ ႏွုတ္ဆက္
စကားေလးပင္ျဖစ္သည္ ။
" အင္း ... "
ဂ်ီမင္းက အသံခ်ိဳခ်ိဳေလးေၾကာင့္ ဘာမွ ျပန္မေျပာ
နိုင္သလို တစ္ဖက္က ေဂ်ာင္ကုကလည္း ဂ်ီမင္းရဲ့
ႏွုတ္ဆက္သံကို မၾကားရမခ်င္း ရစ္ေနသည္ ။
" တစ္ခုခု ျပန္ေျပာဦးေလ အစ္ကို "
" အင္း Goodnight ေဂ်ာင္ကု ! "
ဂ်ီမင္းရဲ့ ရွက္ေနတဲ့ ဂြတ္နိုက္အသံဟာ ေဂ်ာင္ကု ရဲ့
ရင္ဘတ္ထဲကို လိပ္ျပာေတြေဝသြားေစသည္ ။
" တစ္ေခါက္ေလာက္ ? "
" ဟမ္ ! "
" တစ္ေခါက္ေလာက္ ထပ္ေျပာၾကည့္ပါဦး "
" အာ ... Goodnight ေဂ်ာင္ကု "
ဂ်ီမင္းက ဘုမသိဘမသိနဲ႔ ေဂ်ာင္ကုက ထပ္ေျပာ
ခိုင္းလို႔သာ ေျပာလိုက္ရသည္ ။ ေဂ်ာင္ကုက အဲ့ဒီ
အသံေၾကာင့္ ျပဳံးေနမိတာ ပါးစပ္က နားရြက္တက္
ခ်ိတ္မိေတာ့မည္ ။
ဖုန္းက ႏွစ္ေယာက္ တူတူခ်လိုက္ေပမယ့္ ႏွစ္ေယာက္
လုံး ကုတင္ေပၚမွာ ကိုယ္စီ ခုန္ေနၾကရင္း ေအာ္ေန
ၾကသည္ ။ တစ္ျခမ္းစီမွာ ရွင္သန္ေနတဲ့ ေကာင္ေလး
ႏွစ္ေယာက္ရဲ့ ခံစားခ်က္ေတြဟာ တစ္ဖက္စီမွာ
ထပ္တူ ျဖစ္တည္ေနၾကေတာ့သည္ ။
Advertisement
- In Serial51 Chapters
Transmigrated As Princess
Lin Xiao transmigrate from the modern world into the ancient era as a princess.
8 617 - In Serial1073 Chapters
Sweet Rustic Love: Four Brothers’ Wife
Sold by her own grandmother to become a shared wife to the poverty-stricken Ye brothers for twenty taels of silver, Liu Duo, unwilling to succumb to her fate, escaped in the night. She slipped and fell and died an inexplicable death.
8 307 - In Serial33 Chapters
School ReYOUnion
When she receives the invitation, Rebecca Adams doesn't know whether she actually wants to go to her school reunion. A lot has changed since she last set foot in that cringeworthy place.Her greasy skin has long since gone, her hair is far less frizzy these days, her crooked teeth are now nicely straightened, and her glasses have been replaced with contacts-yes, Rebecca has indeed changed. She is no longer the skinny and quiet little spectacled geek who always had her head deeply inside of a book; now, she is a successful and hardworking businesswoman.Quite a few of her former classmates have also gone on to become successful and hardworking, but none more so than Mitch Heston himself-now a very famous and in-demand actor-a criminally gorgeous, very famous and in-demand actor.... who is supposedly also attending their school reunion.As a teenager, Mitch was much the same as he is now-well known and insanely popular.Back then, Rebecca was just another one of the shy girls who Mitch Heston and his friends used to enjoy teasing and making immature fun of.Which is why Rebecca feels hesitant about going.Part of her wants to leave the memories of school well and truly behind her. While another part of her wants to show them all the woman that she so proudly has now become.Besides, it's probably just a wildly exaggerated rumour that Mitch Heston will even be there? Or maybe, a very well orchestrated publicity stunt? I mean really, why would the incredibly famous Mitch Heston, want to be at his school reunion?Seriously, the A list him, wouldn't really attend this thing?...... would he?SCHOOL REYOUNION Published by K B MallionCopyright © 2019 K B Mallion
8 184 - In Serial21 Chapters
My Bodyguard.
A young girl of fourteen...A boy, no... a MAN, of eighteen.An heiress and an employee...What could possibly go wrong?Scarlette Reeves is the heiress of her parents' rich exporting company. She has the abnormal IQ of 154. She has it all... Looks, intellect, personality. But... She's insecure, and she can't convey feelings properly. She makes herself a puzzle. And she's waiting for that one guy to figure her out.Marshall Davenport is just a teenage scumbag looking for a job. And a job he got. He is about to start working for Scarlette's father... As Scarlette's bodyguard.Neither of them know anything about the other, aside from the fact that they'll be spending a lot of time together... What could possibly go wrong?
8 128 - In Serial35 Chapters
His eyes of euphoria
* TRIGGER WARNING* there may or may not be parts of this book that people may find upsetting. It talks about mental illness. Also it talks about religion so if any of these things may trigger you then I recommenced not reading this. However feel free to talk to me because I'm hear to support y'all. 16-year-old Matthew is on the lengthy journey of self-acceptance and discovery. How will he cope with a rising taste for a blonde boy who managed the earth on his fingertips like crushed berries. Will he learn to love himself? Or will he allow his doubt to control him and his sprouting relationship? "Taste me in crimson so that when we taste no more, when age will turn our buds sour and memories hazy, that I have hope to scour my letterbox and find you wrapped pristine silk, next to an image of June. Within your eyes, euphoric." Acknowledgements 1# slice of life 15/01/2123# closeted 15/01/21
8 137 - In Serial40 Chapters
HIS | Arthur Morgan X Reader
The gang has just escaped Blackwater and you're finally reunited with Arthur. But happiness is short lived.Taken from him again, can he get you back?What else does the world have in store for you bothCan Arthur protect you from what comes next? Smut/Violence/Threats of rape are in this story I'll try to mark which chapters they're in as best I can, but please note that themes in this story may be triggering. Please note that this story does have adult themes throughout, you are responsible for your own media consumption. Please do not read or interact unless you're 18+. By interacting with this story you are consenting that you are 18+.I've never written anything before so be kind and leave constructive criticism! Your feedback will help me improve and is important to me.** HIS Part II Out Now **Cover credit : @gizmogurlie41786Disclaimer: non of the images or characters are mine. All images used within the story are not mine and credit will be given where possible, please let me know if credit is required. All user names given are for Instagram.
8 277

