《Dancing On Your Heartbeat • Kookmin || Completed ||》- 25 -

Advertisement

" ရက်စ် !!!! ဒါပဲကွ ... "

ဆုကြေညာပြီးတဲ့အချိန်မှာ ဟိုဆော့က နမ်ဂျွန်နဲ့ ဖက်

လိုက် ထယ်ယောင်းနဲ့ ဖက်လိုက်နဲ့ ပျော်နေသည် ။

တစ်ယောက်ထဲ လက်သီးဆုပ်လျက် သိုင်းကျင့်သလို

လုပ်နေကာ ခုန်ပေါက်နေသည် ။ နမ်ဂျွန်တို့ Class

တစ်ခုလုံးရဲ့ အော်သံအားပေးသံတွေနဲ့တင် Hall ခန်း

က ပြည့်နေသည် ။

" ငါပြောပါတယ် သူတို့ပါပဲဆိုနေ !!

နမ်ဂျွန်က ဟိုဆော့ကို လက်တို့ကာ ပြောလိုက်သည် ။

" ဟုတ်ပါ့ ငါတို့နမ်ဂျွန် အရမ်းတော် အူးမွ အူးမွ "

ဟိုဆော့က နမ်ဂျွ့န်ကို အတင်းဖက်နမ်းနေတော့သည် ။

" ဟာ ... ဖယ်စမ်းပါ !!! "

" အစ်ကို ဟိုဆော့ တစ်ယောက် အပျော်လွန်ပြီး

ပေါက်ကရ လျှောက်လုပ်နေရင် ဝှောင်ဝှောင်သာ

ရှေးပေတော့ အစ်ကိုရေ "

ထယ်ယောင်းက နမ်ဂျွန့်ကို လက်တို့ပြီး ဖြတ်ပြောလိုက်သည် ။

" ကင်ထယ်ယောင်း မင်းနော် !!! "

" ဒါနဲ့ ဟိုဆော့ ! "

" ဘာလဲ ပြော "

နမ်ဂျွန်က ဟိုဆော့နာမည်ကို ခေါ်လာသည်မို့ ဟို

ဆော့က နမ်ဂျွန့်နား အသာ ကပ်လိုက်သည် ။

" ပတ်ဂျီမင်း ကိုကြည့်ဦး မျက်လုံးကြီး ကျွတ်ထွက်

တော့မယ် ဂျောင်ကု ကိုကြည့်နေတာများ "

" ဟုတ်ပါ့ ဒီကောင်ကတော့ ဂျောင်ကု ကို တော်

တော်ချစ်တာ "

" ဒါဆို ဂျီမင်း သဘောကျနေတဲ့ ကောင်လေးက

တကယ်ကြီး ဂျောင်ကု ပေါ့ "

နမ်ဂျွန်က တအံ့တသြနဲ့ ဟိုဆော့ကို ကြည့်နေသည် ။

" ဟာ ... မင်း မသိဘူးလား ! "

" ငါ့ကို သေချာ မပြောပြထားလို့ရယ် ။ ဒီတိုင်း

သူသဘောကျနေတဲ့သူရှိတယ် . အဲ့ဒါက ကောငလေးတစ်ယောက်ဖြစ်လောက်တယ် ဒီလောက်ပဲ

သိတာ ... "

" မင်း ကလည်း သိသာနေတာကို ဒါလေးတောင်

မသိဘူး ညံ့လိုက်တာ "

" အမယ် ဂျောင်ဟိုဆော့ကတော့ !!!! "

" ကဲကဲ မင်းတို့ ဘာတွေဖြစ်နေကြတာလဲ ဟိုနှစ်

ယောက်ကို သွားခေါ်ချည်လေ "

ဘယ်က ဘယ်လိုပေါ်လာမှန်းမသိသော ယွန်းဂီ

ဖြစ်သည် ။

" ဟာ အစ်ကို ယွန်းဂီ ! "

" အေး ငါ့ကို မမြင်ဖူးလို့လား ? "

" အစ်ကို ခုမှ ရောက်လာတာလား ? ဘယ်နားထိုင်

နေတာလဲ ? "

" ငါ ဒီထဲမှာပဲရှိတယ်လေ ... အေး ခုတော့ မင်းရှေ့မှာလေ "

ဘုနဲ့ဘောက်ပြောနေတဲ့ ယွန်းဂီကို ဟိုဆော့က ဘာမှ

ဆက်မပြောတော့ပေ ။

" ဟုတ်ကဲ့ ဟုတ်ကဲ့ပါဗျာ ... "

ဘေးက ရှိတဲ့ နမ်ဂျွန့် ကိုတော့ ဟိုဆော့က ခပ်တိုးတိုး

ပြောလိုက်သည် ။

" ဘယ်လို ဟာကြီးမှန်းကိုမသိဘူး နမ်ဂျွန်ရာ ... "

" ဂျောင်ဟိုဆော့ရေ ငါကြားတယ်နော် "

ဟိုဆော့က ဘာမှ မပြောသလို မသိချင်ယောင်

ဆောင်လိုက်သည် ။

" ကဲ ... လာ သူတို့နဲ့ သွားတွေ့ရအောင်ပါ "

ထယ်ယောင်းက ဦးဆောင်ကာ ရှေ့က အရင်သွား

နှင့်သည် ။

//

" ပတ်ဂျီမင်း !!!!!!!! "

ဟိုဆော့က အာပြဲကြီးနဲ့အော်ကာ ဂျီမင်း ကို ပြေး

ဖက်သည် ။

" ဟာ အစ်ကိုရာ ... ဖြေးဖြေးလုပ်ပါ !!! "

" ငါတော့ တော်တော်ပျော်နေပြီ ပိစိရဲ့ "

" အစ်ကို့ ကြီးတော်ကြီးကို ပိစိ ! "

" ပိစိလေး အရမ်းတော် အူးမွ အူးမွ အူးမွ "

ဟိုဆော့ ရဲ့ လက်ထဲမှာ ဂျီမင်းက လုံးပါးပါးနေ

တော့သည် ။

" အစ်ကို ဘေးမှာ ဂျောင်ကု ရှိတယ်လေ "

ဂျောင်ကု ကတော့ ဘာမှမပြောဘဲ ရီပြီးသာ ကြည့်

နေသည် ။

" အမယ် ရှိတော့ ဘာဖြစ်လို့လဲ ။ မင်းတို့က ရည်းစားတွေမို့လား ။ "

ဂျီမင်း က ဟိုဆော့ကို မျက်လုံးပြူးပြကာ မျက်လုံးနဲ့

ကျိန်ဆဲနေသည် ။

" အော် ဂျောင်ကု လဲ ဂုဏ်ပြုပါတယ် နော် ။ မင်းတို့

နှစ်ယောက်လုံး တကယ်ကြိုးစားထားတာပဲ ။ "

" ကျေးဇူးပါ အစ်ကိုရာ "

ဂျောင်ကုက ဟိုဆော့ ပုခုံးကို ပုတ်ကာ ပြန်ဖြေလိုက်သည် ။

" အားလုံး တာဝန်ကျေပါတယ်နော် "

Stage နောက်ဆီကို ယွန်းဂီက ဝင်လာပြီး ပြောလိုက်သည် ။

" အစ်ကို ယွန်းဂီ ! "

ဂျောင်ကု က ယွန်းဂီ ကိုမြင်မြင်ချင်း တော်တော်

ဝမ်းသာသွားပုံရသည် ။ ဂျီမင်းအတွက် ဟိုဆော့ က

အရင်းနှီးဆုံးသူလိုမျိုး ယွန်းဂီ ကလဲ ဂျောင်ကု အတွက်

အရင်းနှီးဆုံး ဖြစ်တာကြောင့် ဖြစ်သည် ။

" အစ်ကို မလာတော့ဘူး ထင်နေတာ "

" လာမှာပေါ့ကွ ! "

ယွန်းဂီ က ဂျောင်ကု ရဲ့ ဆံပင်တို့ကို ထိုးဖွရင်း

ပြောသည် ။

ဂျောင်ကုက ယွန်းဂီနဲ့ကျတော့ ကလေးလိုဖြစ်နေပြီး

အစ်ကိုလို ချွဲနေတာကို ဂျီမင်းက ကြည့်ရင်း သဘော

ကျနေမိသည် ။

" အစ်ကို ယွန်းဂီ က သူ့ရဲ့ဇာတိကို ပြန်သွားနေရတာ

သူ့အိမ်ကိစ္စကြောင့်လေ ခု မင်းတို့ကို အမှီ ပြန်လာ

Advertisement

ကြည့်တာ "

နမ်ဂျွန်က နောက်ကဝင်လာပြီး ပြောလိုက်တော့

အားလုံးလူစုံတက်စုံ ဖြစ်သွားသည် ။

" အာ အစ်ကိုယွန်းဂီ !!! တကယ်ကျေးဇူးပါပဲ "

ဂျောင်ကု က အမှီပြန်လာပေးတဲ့ ယွန်းဂီကို ကျေးဇူး

တင်ကာ ချွဲနေတော့သည် ။

" ဟိုလေ .. တစ်ဆိတ်လောက် ! "

အားလုံးရဲ့ စကားသံတွေ ငြိမ်သက်သွားပြီး အသံ

လာရာဆီ လှည့်ကြည့်လိုက်ကြသည် ။

" ကျွန်တော်က Starlight Entertainment က

လီဟိုဘင်း ပါ "

နမ်ဂျွန်က ဂျောင်ကုနဲ့ ဂျီမင်းကို တစ်ချက် လှည့်

ကြည့်လိုက်ကာ ရှေ့က ဦးဆောင်ပြီး ရှေ့ကို

ထွက်လိုက်သည် ။

" အာ ဟုတ်ကဲ့ ... ဘာဖြစ်လို့ပါလဲခင်ဗျ ? "

" ကျွန်တော် ဂျွန်ဂျောင်ကု နဲ့တွေ့ချင်လို့ပါ "

ဂျောင်ကု ရဲ့ မျက်လုံးများက ဝင်းလက်သွားပြီး

ထိုအမျိုးသားဆီကို လှမ်းကြည့်လိုက်သည် ။

" ကျွန်တော့်ကို ? "

ထိုအမျိုးသားက အိတ်ကပ်ထဲက ကဒ် တစ်ခုကို

ထုတ်ကာ ဂျောင်ကုဆီ ကမ်းပေးလိုက်သည် ။

" ဒါ ဖုန်းနံပါတ်ပါ လှမ်းဆက်သွယ်မှာမို့ စောင့်

နေပေးပါ "

ဂျောင်ကုကလည်း ဘာရယ်မသိပေမယ့် လိပ်စာ

ကဒ်ကို လှမ်းယူလိုက်ရင်း ခေါင်းကို အသာညိတ်

လိုက်သည် ။

အဲ့ဒီနောက် ထိုအမျိုးသားက နှုတ်ဆက်ကာ ပြန်

လှည့်ထွက်သွားသည် ။

" အစ်ကို နမ်ဂျွန် ! သူ ဘာကိစ္စရှိလို့လဲ မသိဘူးနော် "

ခပ်တိုးတိုး ပြောလာတဲ့ ဂျောင်ကု ရဲ့ ကျောကို နမ်

ဂျွန်က ပုတ်လိုက်သည် ။

" ဘာမှ တွေးမနေနဲ့ကွာ ကောင်းတာ တစ်ခုခုပဲဖြစ်မှာ "

" ဒါဆိုလဲ ဘာလို့ ကျွန်တော်ပဲလဲ ဂျီမင်းလည်း

ကျိန်းသေပေါက်ပါရမှာကို "

" အာ ... ဒါတော့ ငါလဲ မပြောတတ်ဘူးလေ "

နမ်ဂျွန်က ဂျီမင်းကို လှမ်းကြည့်ရင်း ဘာပြောရမယ်

မသိဖြစ်သွားသည် ။

" ဂျီမင်းက ပါရမှာကို ... "

" ဂျောင်ကုကလည်း မဟုတ်တာ ... မင်းပါတာနဲ့

တင် ရနေပြီ "

ဂျီမင်းက ဂျောင်ကု ပါနေရင်ကို အဆင်ပြေနေပြီကို

အဆင်မပြေဖြစ်နေသူက ဂျောင်ကု ဖြစ်သည် ။

ဂျောင်ကုက မျက်နှာသိပ်မကောင်း ။ ဘာကြောင့်

ရယ်ဆိုတာ ဂျီမင်းက မသိပေမယ့် ဂျီမင်းကတော့

ဂျောင်ကု အလားအလာကောင်းတာနဲ့တင် ပျော်နေ

မိသည် ။

//

" မောင်ရင် ဒီမှာထိုင်ပါဦး "

ဂျောင်ကုက ကုမ္ပဏီ အကျယ်ကြီးထဲမှာ ဒီလို ဧည့်

တွေ့ခန်းအကျယ်ကြီးကို ထပ်တွေ့လိုက်တာကြောင့်

ဟိုဟိုဒီဒီ မော့ကြည့်နေမိသည် ။

" ကျွန်တော့်ကို ဆက်သွယ်ရတဲ့ အကြောင်းလေး

ပြောပါဦး "

ဂျောင်ကုက ဟိုတစ်နေ့က ဖုန်းနံပါတ်ပေးခဲ့သူ ထို

အမျိုးသားနဲ့ပဲ စကားပြောဖို့ တစ်ခန်းထဲရှိနေခြင်း ဖြစ်သည် ။

" ဟုတ်ပါပြီ ငါတို့ လိုရင်းပဲ ပြောမယ်လေ ။ ငါက

မင်း ကိုတော့ သိနေတာကြာပြီ ။ မင်းနာမည်လဲ ကြား

ဖူးနေတာ ဒါပေမယ့် ဟိုနေ့ကမှပဲ သေချာ တွေ့ဖူး

တော့တယ် "

​သူပြောနေတာကို ဂျောင်ကုက သေချာဆက်

နားထောင်နေလိုက်သည် ။

" မင်းကို ငါ တော်တော်သဘောကျတယ်ကွ "

" ဗျာ !!!! "

" ဟင် ! မင်း ကတာ ကိုပြောတာလေ "

" အော် ဟုတ် ..."

ဂျောင်ကုက အမြီးအမောက် တည့်အောင် မပြောတဲ့

ထိုလူကြောင့် လန့်သွားသည် ။ မျက်မှန်ကြီးနဲ့ ရှေ့

တစ်ထောင်ထွက်နေတဲ့ ဗိုက်ပေါ် လက်နှစ်ဖက်တင်

ထားပြီး ဆုံလည်ထိုင်ခုံကြီးကို ဟိုရွှေ့ဒီရွှေ့လှည့်ကာ

ပြောနေသည် ။

" အဓိကက မင်းရဲ့ အရည်အချင်းကို တော်တော်

သဘောကျမိတယ် ။ ဟိုနေ့က ဂျောင်ဟိုဆော့ ဆိုတဲ့

ကောင်လေးနဲ့ကတဲ့ ပွဲမှာလည်း မင်းကိုယ်တိုင် Choreo

ဖန်တီးတာဆို "

" ဟုတ်ပါတယ် "

*ဒုန်း*

ရုတ်တရက် ခုံကြီးကို ပိတ်ထုလိုက်တာကြောင့်

ဂျောင်ကုက လန့်သွားသည် ။

" အဲ့ဒါ ... အဲ့ဒါပြောတာ "

" ခင်ဗျာ ? "

" အော် ဆိုလိုချင်တာက မင်းကို ငါတို့ Ent အတွက်

အလိုအလိုရှိတယ် မင်းလက်ခံပေးနိုင်မလား "

ဂျောင်ကုက ကြောင်သွားသည် ။ ရုတ်တရက် အဖြေ

ပြန်ပေးနိုင်ဖို့တော့ မလွယ်ကူဘူး ဖြစ်သည် ။

" ကျွန်တော် အခုချက်ချင်းပြောဖို့ကျ ... "

" အာ ဟုတ်တာပေါ့ မင်းစဉ်းစားပါ ပြီးရင်တော့ ငါ့

ကို ဆက်သွယ်လိုက်ပေါ့ "

" ဟုတ်ကဲ့ပါ "

" ဒါဆိုရင်တော့ မင်းသွားလို့ရပါပြီ "

" ဒါနဲ့ ... "

ဂျောင်ကု လှည့်ထွက်သွားရာက ပြန်လှည့်လာသည် ။

" အင်း ဘာလို့လဲ ? "

" ဂျီမင်း ကရော ? "

" ဘယ်သူလဲ ? အာ ... မင်းနဲ့အတူတူ ကတဲ့ Partner လား ? "

" ဟုတ် "

" သူက ဘာလို့လဲ ? "

" ကျွန်တော်နဲ့ အတူ သူက ဘာလို့မပါတာလဲ ? ဆုက

တူတူရကြပြီး ဒီသီချင်းမှာ သူ ဖန်တီးထားတာလည်း

ပါပါတယ် "

ထိုအမျိုးသားက ဘာဆက်ပြောရမယ် မသိအောင်

ရပ်သွားသည် ။

" မင်းက ငါ့ကိုဖြေရခက်အောင်လုပ်တာပဲ ။ အဲ့ဒီကောင်လေး တော်တာလည်း သိပါတယ် ။ ဒါပေမဲ့ ... "

Advertisement

အလုပ်သဘောကို ဂျောင်ကုက စိတ်ခံစားချက်ကို

ဦးစားပေးပြီး မေးလိုက်မိတာကြောင့် ပြန်တောင်း

ပန်လိုက်သည် ။

" သိပါပြီ ... တောင်းပန်ပါတယ် ။ ကျွန်တော်ကပဲ

သက်သက် လျှောက်မေးနေမိလို့ "

" မဟုတ်တာ ... ရပါတယ် "

" ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး !! "

" ကောင်းပါပြီ ! "

ဂျောင်ကုက ဘာကို ဆုံးဖြတ်ချက် ချရမည် မသိပေ

မယ့် အရင်ဆုံး အဲ့နေရာက ထွက်လာခဲ့သည် ။

//

" မင်းကွာ !!!!!! "

ကျောကုန်းကို တဖုန်းဖုန်းနဲ့ထုရိုက်နေကြသော အစ်

ကိုတွေ တစ်သိုက်နဲ့တော့ ဂျောင်ကုရဲ့ အဆုတ်က

ကွာကျတော့မည် ။

" အစ်ကို တို့ကလည်း ဖြည်းဖြည်းလုပ်ကြပါဗျ "

" မိုက်တယ်ကွ ဟေ့ကောင်ရ !!! မင်းတို့ တကယ်

Star ဖြစ်တော့မှာ "

ဟိုဆော့က ဂျောင်ကုကျောကို ရိုက်နေရင်း ပြော

လိုက်သည် ။

" အဲ့လောက်တောင်လား ? "

ဂျောင်ကုက သိပ်ဘဝင်မကျတာမို့ အရမ်း တက်တက်

ကြွကြွ မရှိ ။ နမ်ဂျွန် က မျက်မှောင်ကြီးကျုံ့လျက်

ဂျောင်ကုကို ပြောနေသည် ။

" ဘာတွေမျာ းတွေဝေနေတာလဲ ? ချက်ချင်း

အဖြေပြန်ပေးခဲ့ရမှာကို "

" မသိဘူးလေ "

ယွန်းဂီ လို တော်ရုံ ဝင်မပြောတဲ့သူကပါ အခုတော့

ပွစိပွစိပြောနေသည် ။

" မင်းကလဲ ဒါလေး ခေါင်းညိတ်ရတာကို ဘာမသိတာလဲ ? "

" အား ! နေကြပါဦး ။ ကျွန်တော်လည်း ရုတ်တရက်

ဆိုတော့ စဥ်းစားနေရတာပေါ့ ။ ကျွန်တော် တစ်ယောက်

တည်း ဖြစ်နေတာကို "

" ဒါက သူ့မျက်စိကျတာကိုဆိုတော့ ငါတို့လည်း မပြောတတ်ဘူး "

" ဒါနဲ့ ဂျီမင်းရော ? "

" သူ့ကို ဟိုနေ့ ပြီးကတည်းက မတွေ့တာပဲ ။ အလုပ်

များနေတာများလား ? "

နမ်ဂျွန်က နားကြပ်ကို တပ်ရင်း ပြောလိုက်သည် ။

" ကျွန်တော် သူ့ကို ဒီအကြောင်း ပြောပြချင်တယ် "

ယွန်းဂီ က ဂျောင်ကု ဖုန်းကို ဂျောင်ကု လက်ထဲ ကမ်း

ပေးပြီး ပြောလိုက်သည် ။

" သူလာတာ စောင့်မနေနဲ့လေ ။ ဖုန်းဆက်လိုက်ပေါ့ကွာ "

ဂျောင်ကုက ဖုန်းကို လှမ်းယူကာ ခေါ်မလို့ ဟန်ပြင်

လိုက်ပေမယ့် ဂျီမင်းနဲ့ အတူမဟုတ်တာကို တွေးမိ

လိုက်တိုင်း ဝမ်းနည်းနေမိပြန်သည် ။

" ရက္စ္ !!!! ဒါပဲကြ ... "

ဆုေၾကညာၿပီးတဲ့အခ်ိန္မွာ ဟိုေဆာ့က နမ္ဂၽြန္နဲ႔ ဖက္

လိုက္ ထယ္ေယာင္းနဲ႔ ဖက္လိုက္နဲ႔ ေပ်ာ္ေနသည္ ။

တစ္ေယာက္ထဲ လက္သီးဆုပ္လ်က္ သိုင္းက်င့္သလို

လုပ္ေနကာ ခုန္ေပါက္ေနသည္ ။ နမ္ဂၽြန္တို႔ Class

တစ္ခုလုံးရဲ့ ေအာ္သံအားေပးသံေတြနဲ႔တင္ Hall ခန္း

က ျပည့္ေနသည္ ။

" ငါေျပာပါတယ္ သူတို႔ပါပဲဆိုေန !!

နမ္ဂၽြန္က ဟိုေဆာ့ကို လက္တို႔ကာ ေျပာလိုက္သည္ ။

" ဟုတ္ပါ့ ငါတို႔နမ္ဂၽြန္ အရမ္းေတာ္ အူးမြ အူးမြ "

ဟိုေဆာ့က နမ္ဂၽြ႕န္ကို အတင္းဖက္နမ္းေနေတာ့သည္ ။

" ဟာ ... ဖယ္စမ္းပါ !!! "

" အစ္ကို ဟိုေဆာ့ တစ္ေယာက္ အေပ်ာ္လြန္ၿပီး

ေပါက္ကရ ေလၽွာက္လုပ္ေနရင္ ေဝွာင္ေဝွာင္သာ

ေရွးေပေတာ့ အစ္ကိုေရ "

ထယ္ေယာင္းက နမ္ဂၽြန႔္ကို လက္တို႔ၿပီး ျဖတ္ေျပာလိုက္သည္ ။

" ကင္ထယ္ေယာင္း မင္းေနာ္ !!! "

" ဒါနဲ႔ ဟိုေဆာ့ ! "

" ဘာလဲ ေျပာ "

နမ္ဂၽြန္က ဟိုေဆာ့နာမည္ကို ေခၚလာသည္မို႔ ဟို

ေဆာ့က နမ္ဂၽြန႔္နား အသာ ကပ္လိုက္သည္ ။

" ပတ္ဂ်ီမင္း ကိုၾကည့္ဦး မ်က္လုံးႀကီး ကၽြတ္ထြက္

ေတာ့မယ္ ေဂ်ာင္ကု ကိုၾကည့္ေနတာမ်ား "

" ဟုတ္ပါ့ ဒီေကာင္ကေတာ့ ေဂ်ာင္ကု ကို ေတာ္

ေတာ္ခ်စ္တာ "

" ဒါဆို ဂ်ီမင္း သေဘာက်ေနတဲ့ ေကာင္ေလးက

တကယ္ႀကီး ေဂ်ာင္ကု ေပါ့ "

နမ္ဂၽြန္က တအံ့တၾသနဲ႔ ဟိုေဆာ့ကို ၾကည့္ေနသည္ ။

" ဟာ ... မင္း မသိဘူးလား ! "

" ငါ့ကို ေသခ်ာ မေျပာျပထားလို႔ရယ္ ။ ဒီတိုင္း

သူသေဘာက်ေနတဲ့သူရွိတယ္ . အဲ့ဒါက ေကာငေလးတစ္ေယာက္ျဖစ္ေလာက္တယ္ ဒီေလာက္ပဲ

သိတာ ... "

" မင္း ကလည္း သိသာေနတာကို ဒါေလးေတာင္

မသိဘူး ညံ့လိုက္တာ "

" အမယ္ ေဂ်ာင္ဟိုေဆာ့ကေတာ့ !!!! "

" ကဲကဲ မင္းတို႔ ဘာေတြျဖစ္ေနၾကတာလဲ ဟိုႏွစ္

ေယာက္ကို သြားေခၚခ်ည္ေလ "

ဘယ္က ဘယ္လိုေပၚလာမွန္းမသိေသာ ယြန္းဂီ

ျဖစ္သည္ ။

" ဟာ အစ္ကို ယြန္းဂီ ! "

" ေအး ငါ့ကို မျမင္ဖူးလို႔လား ? "

" အစ္ကို ခုမွ ေရာက္လာတာလား ? ဘယ္နားထိုင္

ေနတာလဲ ? "

" ငါ ဒီထဲမွာပဲရွိတယ္ေလ ... ေအး ခုေတာ့ မင္းေရွ႕မွာေလ "

ဘုနဲ႔ေဘာက္ေျပာေနတဲ့ ယြန္းဂီကို ဟိုေဆာ့က ဘာမွ

ဆက္မေျပာေတာ့ေပ ။

" ဟုတ္ကဲ့ ဟုတ္ကဲ့ပါဗ်ာ ... "

ေဘးက ရွိတဲ့ နမ္ဂၽြန႔္ ကိုေတာ့ ဟိုေဆာ့က ခပ္တိုးတိုး

ေျပာလိုက္သည္ ။

" ဘယ္လို ဟာႀကီးမွန္းကိုမသိဘူး နမ္ဂၽြန္ရာ ... "

" ေဂ်ာင္ဟိုေဆာ့ေရ ငါၾကားတယ္ေနာ္ "

ဟိုေဆာ့က ဘာမွ မေျပာသလို မသိခ်င္ေယာင္

ေဆာင္လိုက္သည္ ။

" ကဲ ... လာ သူတို႔နဲ႔ သြားေတြ႕ရေအာင္ပါ "

ထယ္ေယာင္းက ဦးေဆာင္ကာ ေရွ႕က အရင္သြား

ႏွင့္သည္ ။

//

" ပတ္ဂ်ီမင္း !!!!!!!! "

ဟိုေဆာ့က အာျပဲႀကီးနဲ႔ေအာ္ကာ ဂ်ီမင္း ကို ေျပး

ဖက္သည္ ။

" ဟာ အစ္ကိုရာ ... ေျဖးေျဖးလုပ္ပါ !!! "

" ငါေတာ့ ေတာ္ေတာ္ေပ်ာ္ေနၿပီ ပိစိရဲ့ "

" အစ္ကို႔ ႀကီးေတာ္ႀကီးကို ပိစိ ! "

" ပိစိေလး အရမ္းေတာ္ အူးမြ အူးမြ အူးမြ "

ဟိုေဆာ့ ရဲ့ လက္ထဲမွာ ဂ်ီမင္းက လုံးပါးပါးေန

ေတာ့သည္ ။

" အစ္ကို ေဘးမွာ ေဂ်ာင္ကု ရွိတယ္ေလ "

ေဂ်ာင္ကု ကေတာ့ ဘာမွမေျပာဘဲ ရီၿပီးသာ ၾကည့္

ေနသည္ ။

" အမယ္ ရွိေတာ့ ဘာျဖစ္လို႔လဲ ။ မင္းတို႔က ရည္းစားေတြမို႔လား ။ "

ဂ်ီမင္း က ဟိုေဆာ့ကို မ်က္လုံးျပဴးျပကာ မ်က္လုံးနဲ႔

က်ိန္ဆဲေနသည္ ။

" ေအာ္ ေဂ်ာင္ကု လဲ ဂုဏ္ျပဳပါတယ္ ေနာ္ ။ မင္းတို႔

ႏွစ္ေယာက္လုံး တကယ္ႀကိဳးစားထားတာပဲ ။ "

" ေက်းဇူးပါ အစ္ကိုရာ "

ေဂ်ာင္ကုက ဟိုေဆာ့ ပုခုံးကို ပုတ္ကာ ျပန္ေျဖလိုက္သည္ ။

" အားလုံး တာဝန္ေက်ပါတယ္ေနာ္ "

Stage ေနာက္ဆီကို ယြန္းဂီက ဝင္လာၿပီး ေျပာလိုက္သည္ ။

" အစ္ကို ယြန္းဂီ ! "

ေဂ်ာင္ကု က ယြန္းဂီ ကိုျမင္ျမင္ခ်င္း ေတာ္ေတာ္

ဝမ္းသာသြားပုံရသည္ ။ ဂ်ီမင္းအတြက္ ဟိုေဆာ့ က

အရင္းႏွီးဆုံးသူလိုမ်ိဳး ယြန္းဂီ ကလဲ ေဂ်ာင္ကု အတြက္

အရင္းႏွီးဆုံး ျဖစ္တာေၾကာင့္ ျဖစ္သည္ ။

" အစ္ကို မလာေတာ့ဘူး ထင္ေနတာ "

" လာမွာေပါ့ကြ ! "

ယြန္းဂီ က ေဂ်ာင္ကု ရဲ့ ဆံပင္တို႔ကို ထိုးဖြရင္း

ေျပာသည္ ။

ေဂ်ာင္ကုက ယြန္းဂီနဲ႔က်ေတာ့ ကေလးလိုျဖစ္ေနၿပီး

အစ္ကိုလို ခၽြဲေနတာကို ဂ်ီမင္းက ၾကည့္ရင္း သေဘာ

က်ေနမိသည္ ။

" အစ္ကို ယြန္းဂီ က သူ႔ရဲ့ဇာတိကို ျပန္သြားေနရတာ

သူ႔အိမ္ကိစၥေၾကာင့္ေလ ခု မင္းတို႔ကို အမွီ ျပန္လာ

ၾကည့္တာ "

နမ္ဂၽြန္က ေနာက္ကဝင္လာၿပီး ေျပာလိုက္ေတာ့

အားလုံးလူစုံတက္စုံ ျဖစ္သြားသည္ ။

" အာ အစ္ကိုယြန္းဂီ !!! တကယ္ေက်းဇူးပါပဲ "

ေဂ်ာင္ကု က အမွီျပန္လာေပးတဲ့ ယြန္းဂီကို ေက်းဇူး

တင္ကာ ခၽြဲေနေတာ့သည္ ။

" ဟိုေလ .. တစ္ဆိတ္ေလာက္ ! "

အားလုံးရဲ့ စကားသံေတြ ၿငိမ္သက္သြားၿပီး အသံ

လာရာဆီ လွည့္ၾကည့္လိုက္ၾကသည္ ။

" ကၽြန္ေတာ္က Starlight Entertainment က

လီဟိုဘင္း ပါ "

နမ္ဂၽြန္က ေဂ်ာင္ကုနဲ႔ ဂ်ီမင္းကို တစ္ခ်က္ လွည့္

ၾကည့္လိုက္ကာ ေရွ႕က ဦးေဆာင္ၿပီး ေရွ႕ကို

ထြက္လိုက္သည္ ။

" အာ ဟုတ္ကဲ့ ... ဘာျဖစ္လို႔ပါလဲခင္ဗ် ? "

" ကၽြန္ေတာ္ ဂၽြန္ေဂ်ာင္ကု နဲ႔ေတြ႕ခ်င္လို႔ပါ "

ေဂ်ာင္ကု ရဲ့ မ်က္လုံးမ်ားက ဝင္းလက္သြားၿပီး

ထိုအမ်ိဳးသားဆီကို လွမ္းၾကည့္လိုက္သည္ ။

" ကၽြန္ေတာ့္ကို ? "

ထိုအမ်ိဳးသားက အိတ္ကပ္ထဲက ကဒ္ တစ္ခုကို

ထုတ္ကာ ေဂ်ာင္ကုဆီ ကမ္းေပးလိုက္သည္ ။

" ဒါ ဖုန္းနံပါတ္ပါ လွမ္းဆက္သြယ္မွာမို႔ ေစာင့္

ေနေပးပါ "

ေဂ်ာင္ကုကလည္း ဘာရယ္မသိေပမယ့္ လိပ္စာ

ကဒ္ကို လွမ္းယူလိုက္ရင္း ေခါင္းကို အသာညိတ္

လိုက္သည္ ။

အဲ့ဒီေနာက္ ထိုအမ်ိဳးသားက ႏွုတ္ဆက္ကာ ျပန္

လွည့္ထြက္သြားသည္ ။

" အစ္ကို နမ္ဂၽြန္ ! သူ ဘာကိစၥရွိလို႔လဲ မသိဘူးေနာ္ "

ခပ္တိုးတိုး ေျပာလာတဲ့ ေဂ်ာင္ကု ရဲ့ ေက်ာကို နမ္

ဂၽြန္က ပုတ္လိုက္သည္ ။

" ဘာမွ ေတြးမေနနဲ႔ကြာ ေကာင္းတာ တစ္ခုခုပဲျဖစ္မွာ "

" ဒါဆိုလဲ ဘာလို႔ ကၽြန္ေတာ္ပဲလဲ ဂ်ီမင္းလည္း

က်ိန္းေသေပါက္ပါရမွာကို "

" အာ ... ဒါေတာ့ ငါလဲ မေျပာတတ္ဘူးေလ "

နမ္ဂၽြန္က ဂ်ီမင္းကို လွမ္းၾကည့္ရင္း ဘာေျပာရမယ္

မသိျဖစ္သြားသည္ ။

" ဂ်ီမင္းက ပါရမွာကို ... "

" ေဂ်ာင္ကုကလည္း မဟုတ္တာ ... မင္းပါတာနဲ႔

တင္ ရေနၿပီ "

ဂ်ီမင္းက ေဂ်ာင္ကု ပါေနရင္ကို အဆင္ေျပေနၿပီကို

အဆင္မေျပျဖစ္ေနသူက ေဂ်ာင္ကု ျဖစ္သည္ ။

ေဂ်ာင္ကုက မ်က္ႏွာသိပ္မေကာင္း ။ ဘာေၾကာင့္

ရယ္ဆိုတာ ဂ်ီမင္းက မသိေပမယ့္ ဂ်ီမင္းကေတာ့

ေဂ်ာင္ကု အလားအလာေကာင္းတာနဲ႔တင္ ေပ်ာ္ေန

မိသည္ ။

//

" ေမာင္ရင္ ဒီမွာထိုင္ပါဦး "

ေဂ်ာင္ကုက ကုမၸဏီ အက်ယ္ႀကီးထဲမွာ ဒီလို ဧည့္

ေတြ႕ခန္းအက်ယ္ႀကီးကို ထပ္ေတြ႕လိုက္တာေၾကာင့္

ဟိုဟိုဒီဒီ ေမာ့ၾကည့္ေနမိသည္ ။

" ကၽြန္ေတာ့္ကို ဆက္သြယ္ရတဲ့ အေၾကာင္းေလး

ေျပာပါဦး "

ေဂ်ာင္ကုက ဟိုတစ္ေန႔က ဖုန္းနံပါတ္ေပးခဲ့သူ ထို

အမ်ိဳးသားနဲ႔ပဲ စကားေျပာဖို႔ တစ္ခန္းထဲရွိေနျခင္း ျဖစ္သည္ ။

" ဟုတ္ပါၿပီ ငါတို႔ လိုရင္းပဲ ေျပာမယ္ေလ ။ ငါက

မင္း ကိုေတာ့ သိေနတာၾကာၿပီ ။ မင္းနာမည္လဲ ၾကား

ဖူးေနတာ ဒါေပမယ့္ ဟိုေန႔ကမွပဲ ေသခ်ာ ေတြ႕ဖူး

ေတာ့တယ္ "

​သူေျပာေနတာကို ေဂ်ာင္ကုက ေသခ်ာဆက္

နားေထာင္ေနလိုက္သည္ ။

" မင္းကို ငါ ေတာ္ေတာ္သေဘာက်တယ္ကြ "

" ဗ်ာ !!!! "

" ဟင္ ! မင္း ကတာ ကိုေျပာတာေလ "

" ေအာ္ ဟုတ္ ..."

ေဂ်ာင္ကုက အၿမီးအေမာက္ တည့္ေအာင္ မေျပာတဲ့

ထိုလူေၾကာင့္ လန႔္သြားသည္ ။ မ်က္မွန္ႀကီးနဲ႔ ေရွ႕

တစ္ေထာင္ထြက္ေနတဲ့ ဗိုက္ေပၚ လက္ႏွစ္ဖက္တင္

ထားၿပီး ဆုံလည္ထိုင္ခုံႀကီးကို ဟိုေရႊ႕ဒီေရႊ႕လွည့္ကာ

ေျပာေနသည္ ။

" အဓိကက မင္းရဲ့ အရည္အခ်င္းကို ေတာ္ေတာ္

သေဘာက်မိတယ္ ။ ဟိုေန႔က ေဂ်ာင္ဟိုေဆာ့ ဆိုတဲ့

ေကာင္ေလးနဲ႔ကတဲ့ ပြဲမွာလည္း မင္းကိုယ္တိုင္ Choreo

ဖန္တီးတာဆို "

" ဟုတ္ပါတယ္ "

*ဒုန္း*

႐ုတ္တရက္ ခုံႀကီးကို ပိတ္ထုလိုက္တာေၾကာင့္

ေဂ်ာင္ကုက လန႔္သြားသည္ ။

" အဲ့ဒါ ... အဲ့ဒါေျပာတာ "

" ခင္ဗ်ာ ? "

" ေအာ္ ဆိုလိုခ်င္တာက မင္းကို ငါတို႔ Ent အတြက္

အလိုအလိုရွိတယ္ မင္းလက္ခံေပးနိုင္မလား "

ေဂ်ာင္ကုက ေၾကာင္သြားသည္ ။ ႐ုတ္တရက္ အေျဖ

ျပန္ေပးနိုင္ဖို႔ေတာ့ မလြယ္ကူဘူး ျဖစ္သည္ ။

" ကၽြန္ေတာ္ အခုခ်က္ခ်င္းေျပာဖို႔က် ... "

" အာ ဟုတ္တာေပါ့ မင္းစဥ္းစားပါ ၿပီးရင္ေတာ့ ငါ့

ကို ဆက္သြယ္လိုက္ေပါ့ "

" ဟုတ္ကဲ့ပါ "

" ဒါဆိုရင္ေတာ့ မင္းသြားလို႔ရပါၿပီ "

" ဒါနဲ႔ ... "

ေဂ်ာင္ကု လွည့္ထြက္သြားရာက ျပန္လွည့္လာသည္ ။

" အင္း ဘာလို႔လဲ ? "

" ဂ်ီမင္း ကေရာ ? "

" ဘယ္သူလဲ ? အာ ... မင္းနဲ႔အတူတူ ကတဲ့ Partner လား ? "

" ဟုတ္ "

" သူက ဘာလို႔လဲ ? "

" ကၽြန္ေတာ္နဲ႔ အတူ သူက ဘာလို႔မပါတာလဲ ? ဆုက

တူတူရၾကၿပီး ဒီသီခ်င္းမွာ သူ ဖန္တီးထားတာလည္း

ပါပါတယ္ "

ထိုအမ်ိဳးသားက ဘာဆက္ေျပာရမယ္ မသိေအာင္

ရပ္သြားသည္ ။

" မင္းက ငါ့ကိုေျဖရခက္ေအာင္လုပ္တာပဲ ။ အဲ့ဒီေကာင္ေလး ေတာ္တာလည္း သိပါတယ္ ။ ဒါေပမဲ့ ... "

အလုပ္သေဘာကို ေဂ်ာင္ကုက စိတ္ခံစားခ်က္ကို

ဦးစားေပးၿပီး ေမးလိုက္မိတာေၾကာင့္ ျပန္ေတာင္း

ပန္လိုက္သည္ ။

" သိပါၿပီ ... ေတာင္းပန္ပါတယ္ ။ ကၽြန္ေတာ္ကပဲ

သက္သက္ ေလၽွာက္ေမးေနမိလို႔ "

" မဟုတ္တာ ... ရပါတယ္ "

" ဒါဆို ကၽြန္ေတာ့္ကို ခြင့္ျပဳပါဦး !! "

" ေကာင္းပါၿပီ ! "

ေဂ်ာင္ကုက ဘာကို ဆုံးျဖတ္ခ်က္ ခ်ရမည္ မသိေပ

မယ့္ အရင္ဆုံး အဲ့ေနရာက ထြက္လာခဲ့သည္ ။

//

" မင္းကြာ !!!!!! "

ေက်ာကုန္းကို တဖုန္းဖုန္းနဲ႔ထုရိုက္ေနၾကေသာ အစ္

ကိုေတြ တစ္သိုက္နဲ႔ေတာ့ ေဂ်ာင္ကုရဲ့ အဆုတ္က

ကြာက်ေတာ့မည္ ။

" အစ္ကို တို႔ကလည္း ျဖည္းျဖည္းလုပ္ၾကပါဗ် "

" မိုက္တယ္ကြ ေဟ့ေကာင္ရ !!! မင္းတို႔ တကယ္

Star ျဖစ္ေတာ့မွာ "

ဟိုေဆာ့က ေဂ်ာင္ကုေက်ာကို ရိုက္ေနရင္း ေျပာ

လိုက္သည္ ။

" အဲ့ေလာက္ေတာင္လား ? "

ေဂ်ာင္ကုက သိပ္ဘဝင္မက်တာမို႔ အရမ္း တက္တက္

ႂကြႂကြ မရွိ ။ နမ္ဂၽြန္ က မ်က္ေမွာင္ႀကီးက်ဳံ႕လ်က္

ေဂ်ာင္ကုကို ေျပာေနသည္ ။

" ဘာေတြမ်ာ းေတြေဝေနတာလဲ ? ခ်က္ခ်င္း

အေျဖျပန္ေပးခဲ့ရမွာကို "

" မသိဘူးေလ "

ယြန္းဂီ လို ေတာ္႐ုံ ဝင္မေျပာတဲ့သူကပါ အခုေတာ့

ပြစိပြစိေျပာေနသည္ ။

" မင္းကလဲ ဒါေလး ေခါင္းညိတ္ရတာကို ဘာမသိတာလဲ ? "

" အား ! ေနၾကပါဦး ။ ကၽြန္ေတာ္လည္း ႐ုတ္တရက္

ဆိုေတာ့ စဥ္းစားေနရတာေပါ့ ။ ကၽြန္ေတာ္ တစ္ေယာက္

တည္း ျဖစ္ေနတာကို "

" ဒါက သူ႔မ်က္စိက်တာကိုဆိုေတာ့ ငါတို႔လည္း မေျပာတတ္ဘူး "

" ဒါနဲ႔ ဂ်ီမင္းေရာ ? "

" သူ႔ကို ဟိုေန႔ ၿပီးကတည္းက မေတြ႕တာပဲ ။ အလုပ္

မ်ားေနတာမ်ားလား ? "

နမ္ဂၽြန္က နားၾကပ္ကို တပ္ရင္း ေျပာလိုက္သည္ ။

" ကၽြန္ေတာ္ သူ႔ကို ဒီအေၾကာင္း ေျပာျပခ်င္တယ္ "

ယြန္းဂီ က ေဂ်ာင္ကု ဖုန္းကို ေဂ်ာင္ကု လက္ထဲ ကမ္း

ေပးၿပီး ေျပာလိုက္သည္ ။

" သူလာတာ ေစာင့္မေနနဲ႔ေလ ။ ဖုန္းဆက္လိုက္ေပါ့ကြာ "

ေဂ်ာင္ကုက ဖုန္းကို လွမ္းယူကာ ေခၚမလို႔ ဟန္ျပင္

လိုက္ေပမယ့္ ဂ်ီမင္းနဲ႔ အတူမဟုတ္တာကို ေတြးမိ

လိုက္တိုင္း ဝမ္းနည္းေနမိျပန္သည္ ။

    people are reading<Dancing On Your Heartbeat • Kookmin || Completed ||>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click