《Dancing On Your Heartbeat • Kookmin || Completed ||》- 23 -
Advertisement
ဂျောင်ကုက မှန်ကို ကြည့်ရင်း ပုံစံအမျိုးမျိုး နဲ့
ကကြည့်သည် ။
" ဒါက ပိုကောင်းမလား ? "
ဂျောင်ကုက သီချင်းနားထောင်လိုက် ကကြည့်လိုက်
ပြန်ပြောင်းလိုက်နဲ့ အလုပ်များနေသည် ။ ဂျီမင်းက
ဂျောင်ကု ကနေတာကို မှန်ကို မှီကာ ထိုင်လျက် ငေး
ကြည့်နေမိသည် ။
ကနေရင်းကို မျက်နှာ အမူအရာက အစ ပြောင်းလဲ
သွားတဲ့ ဂျောင်ကုက ငေးမဝအောင် ကြည့်ကောင်း
နေသည် ။
" ဂျောင်ကုရှိ ! "
" အင်း ... ဂျီမင်း ပြော ! "
" အဲ့အကွက်လေး မိုက်တယ် ထင်တယ် ။ ကျွန်တော်
က ရပ်နေတဲ့အချိန် ဂျောင်ကုက ဒီလို လွင့်မျောနေတဲ့
ခံစားချက်မျိုး ပိုပေးတယ်လို့ ထင်မိတယ် "
" Bingo ! ဟုတ်တယ် ။ ဂျီမင်း အကြံကို သဘောတူတယ် "
ဂျောင်ကုက လက်မထောင်ကာ ဂျီမင်းကို ရီပြတော့
ဂျီမင်းကလည်း ပြန်ရီလိုက်မိသည် ။
" အာ ... ဒါနဲ့ ဒီဟာ တစ်ခု စဥ်းစားမိတာလေ ... ဂျီ
မင်းက ဒီကိုလာပြီး ခဏလောက် ကူညီနိုင်မလား ? "
ဂျီမင်းက ထိုင်နေရာက ဂျောင်ကု အနားကို သွားလိုက်သည် ။
" ဂျီမင်းက ဒီလိုမျိုး ရှေ့က ရှိနေရင် ကောင်းမယ်
ထင်တယ် ... "
ဂျီမင်းကို ဂျောင်ကုက နောက်က သိုင်းဖက်လျက်
အနေအထားနဲ့ တစ်ယောက်နဲ့တစ်ယောက် အတော်
နီးကပ်နေကြသည် ။
ဂျီမင်းက အသက်ရှူသံတွေ မြန်လာကာ ရင်ခုန်သံ
တွေလည်း မြန်လာသည် ။ ဂျောင်ကုလည်း အဲ့
လောက် အကွာအဝေးမှာ ခဏတော့ ငြိမ်သက်သွား
ပြီး ဂျီမင်းရဲ့ နှုတ်ခမ်းဖူးဖူးတို့ကို ငေးကြည့်နေမိ
သည် ။ အတန်ကြာထိ နှစ်ယောက်လုံး နှုတ်ဆိတ်
ကာ ငြိမ်သက်မိနေကြသည် ။
ဂျီမင်းက ဖြည်းဖြည်းချင်း ရဲတက်လာနေတဲ့ ပါးတို့
မှာ ထင်းနေသည် ။
" အာ ... အဆင်ပြေရဲ့လား ? "
ဂျီမင်းကို ဂျောင်ကုက ပြန်လွှတ်ပေးကာ ဝေးဝေးမှာ
ရပ်လိုက်သည် ။
" အာ ... နည်းနည်း ... ဟုတ် .. အဆင်ပြေ ... အင်း ... "
ဂျီမင်းရော ဂျောင်ကုရော ရှက်နေကြပြီး နှစ်ယောက်
လုံး ခေါင်းငုံ့ကာ ပြုံးလိုက်ကြသည် ။
" ဒီဟာက မိုက်မယ်ထင်တယ် ! "
" ဟင် ... "
ဂျောင်ကု စကားကြောင့် ဂျီမင်းက ကြောင်သွားသည် ။
" ဘာလို့လဲ မကရဲဘူးလား ? "
" အာ အဲ့လိုမဟုတ်ပါဘူး ... "
" သူများထက် ဒီဟာက ပိုထူးတယ်လို့ ထင်တယ် ။
ကျွန်တော်တို့ ကောင်းကောင်း လုပ်နိုင်မှာပါ "
" အာ ... ဟုတ်တာပေါ့ လုပ်နိုင်ပါတယ် "
တကယ်တမ်းကျ ရှက်နေတဲ့ ဂျီမင်း ကို ဂျောင်ကုက
မျက်နှာချင်းဆိုင် မကြည့်တောင် အသံကြားရုံနဲ့ သိ
သည် ။ ဂျောင်ကုက မျက်စိရှေ့တင် ရှိနေတဲ့ ခရမ်း
ချဥ်သီးလုံးလေး ကိုသာ ကိုက်စားချင်မိတော့သည် ။
//
" ဂျီမင်းရှိ ! ရောက်လာပြီလား "
ဂျောင်ကုက အကခန်းထဲမှာ ထိုင်နေတဲ့ ဂျီမင်းကို
တွေ့လိုက်တာကြောင့် နှုတ်ဆက်လိုက်သည် ။
" အင်း .. ဒီနေ့ ဆိုင်ပြုပြင်ရေးရှိလို့ အလုပ်နားတာနဲ့
စောစောရောက်နေတာ ... ဟိုလေ ... သီချင်း ...
ချင်း ... ချင်း ... "
ဂျီမင်းက ခေါင်းငုံ့လျက် သီချင်းနားထောင်နေရာက
ဂျောင်ကုကို မော့ကြည့်လိုက်တော့ အတွင်းသားထိ
ဖောက်မြင်နေရသော Shirt အပါးသားအဖြူရောင်
ကို ဂျောင်ကုက ဝတ်ထားသည် ။ ခါးသေးသေးလေး
ကလည်း အင်္ကျီ အပါးသားလေးကနေ အကခန်းထဲ
ထွန်းထားတဲ့ မီးရောင်မှိန်မှိန်လေးကြောင့် ပိုထင်ထင်
လင်းလင်း မြင်နေရသည် ။
" စကြမယ်လေ ... ဂျီမင်း အဲ့ဒီမှာ ရပ်ပြီး ဘာလုပ်
နေတာတုန်း ? "
ဂျောင်ကုက သီချင်းကို ဖွင့်ကာ အကြောလျှော့ဖို့
ပြင်နေပေမယ့် ဂျီမင်းက ထို ခါးလေးကိုသာ ငေး
ကြည့်နေမိသည် ။
" အာ ... အင်း ... လာပါပြီ "
" အခုဆို ကျွန်တော်တို့ လေ့ကျင့်နေတာ နှစ်ရက်
တောင်ရှိနေပြီပဲ ။ ထပ် လေ့ကျင့်ရမယ့်ရက်နဲ့
အချောသတ်ရမယ့်အကွက်တွေနဲ့ဆို တော်တော်
မှတ်မိလာပြီး အဆင်ပြေမှာပါ "
ဂျီမင်း က ခေါင်းကို ဆတ်ဆတ်လေး ညိတ်ပြလိုက်သည် ။
" ဒါနဲ့ ဂျီမင်းရှိ ! ကျေးဇူးပဲနော် ... "
ဂျောင်ကုက အကြောလျှော့နေရင်းက ဂျီမင်းကို
ပြောလိုက်သည် ။
" ဟမ် ... ရုတ်တရက်ကြီး ဘာလို့လဲ ? "
ဂျီမင်းက မျက်လုံးအကြောင်သားလေးနဲ့ ဂျောင်ကု
ကို ကြည့်နေသည် ။
" ခုလို ပြန်ပြီး ကပေးလို့လေ "
" အာ ... ပြန်ကဖြစ်သွားတာကလည်း ဂျောင်ကု
ကြောင့်ပါ ! "
" ဒါဆို ကျွန်တော် ကား Accident ဖြစ်သွားတာ
တောင် ကံကောင်းတယ် ပြောရမယ်နော် "
ဂျောင်ကုက ရီလျက် ဂျီမင်းကို ကြည့်ပြီး ပြောသည် ။
" ဟင် ... ပေါက်ပေါက်ရှာရှာ ... အဲ့တာကို ဘာလို့လဲ ? "
" အော် ဂျီမင်း လဲ ကျွန်တော့် အနားကို ပြန်ရောက်
လာပေးတယ် ပြန်လည်း ကတယ် မဟုတ်လား ? "
ဂျီမင်းက ပါးတွေ နွေးခနဲ ပူသွားပြီး ဂုတ်ပိုးတို့ကို
ပွတ်နေမိသည် ။
" ဒီကြားထဲ ကျွန်တော် မရှိတဲ့ အချိန်မှာ ကျွန်
တော့်ကို မေ့သွားပြီတောင် ထင်နေတာ "
Advertisement
" ဟမ် လူတစ်ယောက်ကို ခင်ပြီးမှ မေ့သွားရိုးထုံးစံရှိ
လို့လား ? ကျွန်တော် ဂျီမင်း ကိုဘယ်တော့မှ မမေ့ပါဘူး "
ဂျောင်ကုက ကြိုးတွေကို ပိုပို ရစ်တွယ်အောင် လုပ်
ပြန်သည် ။
" ကျေးဇူးတင်ပါတယ် "
ဂျီမင်းရဲ့ စကားအဆုံးမှာ နှစ်ယောက်သား မျက်လုံး
ချင်းဆုံအောင် ကြည့်မိကြသည် ။
" ကျေးဇူးတင်တယ်တဲ့လား ? ကျွန်တော်ကိုယ်တိုင်
က မမေ့ချင်တာမို့ ကျေးဇူးတင်စရာမလိုပါဘူး "
ဂျောင်ကု အကြည့်တွေရဲ့ အဓိပ္ပာယ်ကို ဂျီမင်းက
နားမလည်နိုင်ပေမယ့် မြန်မြန် မျက်နှာလွှဲကာ
အကြောလျှော့နေလိုက်သည် ။
" မြန်မြန် စကြရအောင် ... "
ဂျောင်ကု ဘာပဲ ပြောလိုက်ပြောလိုက် ရှက်ပြီး ခေါင်း
ငုံ့သွားတတ်တဲ့ ပါးရဲရဲနဲ့ ကောင်လေးဟာ ဖြည်းဖြည်း
ချင်း ဂျောင်ကု မသိလိုက်ခင်မှာပဲ စိတ်ကို အလုံးစုံ
စိုးမိုးထားခဲ့သည် ။
//
" ဟူး !!!! "
ခြေပစ်လက်ပစ်နဲ့ နှစ်ယောက်သား ကြမ်းပြင်ပေါ်
လဲချမိသည် ။ နှစ်ယောက်လုံး ချွေးတွေလည်းရွှဲနစ်
နေကြသည် ။
" ပင်ပန်းနေပြီလား ဂျီမင်းရှိ ! "
ဂျောင်ကု လှဲနေလျက် ဂျီမင်းကို လှည့်ကြည့်ကာ
မေးလိုက်သည် ။
" မပင်ပန်းပါဘူး အား ... အ ... "
ဂျီမင်းရဲ့ အော်သံကြောင့် ဂျောင်ကုက ချက်ချင်း
ထထိုင်ကာ စိုးရိမ်တကြီး မေးလိုက်သည် ။
" ဟင် ... ဘာဖြစ်တာလဲ ? "
" ကထားတဲ့အရှိန်နဲ့ နည်းနည်း နာနေလို့ပါ "
" အာ ... ကျွန်တော် ဆေးပလာစတာ ကပ်ပေးရ
မလား ? "
ပလာစတာ ကပ်ဖို့ဆို အင်္ကျီချွတ်နေရဦးမည်မို့ ဂျီ
မင်းက လိမ်လိုက်သည် ။
" နည်းနည်းပဲ ဖြစ်တာပါ ။ ကပ်ထားပါတယ် ။ သက်
သာသွားလိမ့်မယ် ။ ကျွန်တော် နည်းနည်းလေး
တောင် မပင်ပန်းပါဘူး "
ဂျောင်ကု က ဂျီမင်း ကိုစိုက်ကြည့်ရင်း ရယ်သည် ။
" ဘာရယ်တာလဲ ? "
" မပင်ပန်းဘူးဆိုပြီး ဂျီမင်း ရဲ့ ပုံစံက နွမ်းဖတ်နေရော ... "
ဂျီမင်းက နဖူးက ချွေးတွေကို သုတ်ရင်း ထထိုင်
လိုက်သည် ။
" မပင်ပန်းပါဘူးဆို ! "
" ဒီနေ့တော့ တော်ပြီ ဒီမှာ ရပ်မယ် "
ဂျောင်ကု က သူ့ရဲ့ ချွေးသုတ် သဘတ်လေးကို ပုခုံး
ပေါ်တင်လိုက်ပြီး မတ်တပ်ရပ်ကာ ပြောလိုက်သည် ။
" ဘာလို့လဲ ? "
" ဂျီမင်းက ပင်ပန်းနေပြီမလား ? "
ပြီးတော့ ဂျောင်ကုက သီချင်း ဖွင့်ထားသော
Soundbox plug ကိုဖြုတ်လိုက်သည် ။
" မပင်ပန်းပါဘူးဆို !!!! "
ဂျောင်ကု က ဂျီမင်း မျက်နှာကို လှည့်ကြည့်ရင်း
အတည်ပေါက် ပြောလိုက်သည် ။
" မ လိ မ် နဲ့ !! "
ဂျောင်ကုရဲ့ လေသံမာမာနဲံ အမိန့်ဆန်ဆန်စကား
အောက် မှာ ဂျီမင်းက ငြိမ်ဝပ်သွားခဲ့သည် ။
" သိပါပြီ "
အသံတိုးဝင်သွားတဲ့ ဂျီမင်းကို ဂျောင်ကုက ရီကာ
အနားကို သွားလိုက်သည် ။
" ဂျီမင်း ပင်ပန်းနေရင် မဖြစ်ဘူးလေ ။ ဂျီမင်း
ပင်ပန်းနေတာကို ကျွန်တော်က မမြင်ချင်ပါဘူး "
တစ်ခါတစ်ရံလည်း မျက်လုံး အစုံတို့ကို တည့်တည့်
လာကြည့်ကာ အတည်ပေါက် ပြောတဲ့အခါတိုင်း
ရင်တွေ တဒိတ်ဒိတ် ခုန်ရပြန်သည် ။
" ကဲ ... နောက်နေ့တွေ့မယ်နော် အခုတောင် အဆင်
ပြေနေပြီပဲ ။ နောက်အများကြီး မလေ့ကျင့်ရတော့ပါ
ဘူး ဖိုက်တင်း !! "
ဂျောင်ကုက ဂျီမင်းကို အားပေးလိုက်တော့ ဂျီမင်းက
လည်း လက်သီး သေးသေးလေးတွေကို ဆုပ်ပြီး ပြန်
ပြောရှာသည် ။
" အင်း ဖိုက်တင်း ဂျောင်ကုရှိ !! "
ဂျောင်ကုက ဂျီမင်း ပုံစံကို ကြည့်ရင်း အသည်းယား
ကာ ကြိတ် ရီမိလိုက်သည် ။
တော်ရုံပဲ ချစ်စရာကောင်းပါတော့လား ။
//
ပြိုင်ပွဲနေ့ ဖြစ်သည် ။
ဂျီမင်းက ရင်တွေ တုန်ကာ စိတ်လှုပ်ရှားနေပြီး သက်
ပြင်းကို ခဏခဏချနေမိတာကို ဂျောင်ကုက သတိ
ထားမိသည် ။ Backstage တွင် နှစ်ယောက်လုံး ပြင်
ဆင်စရာရှိတာကို ပြင်ဆင်နေကြသည် ။
ဂျီမင်း စိတ်လှုပ်ရှားနေမှန်း ဂျောင်ကုက သိတာ
ကြောင့် စပြီး စကားပြောလိုက်သည် ။
" ဂျီမင်းရှိ ! ကျွန်တော် အဆင်ပြေရဲ့လား ? "
ဂျောင်ကုက ဂျီမင်းရှေ့ လာရပ်ကာ မေးနေတော့ ဂျီ
မင်းက ဘာပြောပေးရမယ်မသိ ဖြစ်နေသည် ။
" အင်း အဆင်ပြေတယ် အဆင်ပြေတယ် ... "
စိတ်ရင်းအတိုင်းသာဆို ဂျောင်ကုမှာ ဘယ်အချိန်
မကြည့်ကောင်းတာများ ရှိလို့လဲ ဟု မေးခွန်းပြန်
ထုတ်လိုက်ချင်သေးသည် ။
" အမ် ... ဒါကဘာလဲ ? "
ဂျောင်ကုက လျော့တီးလျော့ရဲ ဖြစ်နေတဲ့ ဂျီမင်းရဲ့
Coat ကို သေချာပြန်ဆွဲချပေးသည် ။
" ဒီနေ့ ကျွန်တော် တစ်ယောက်တည်း ကြည့်ကောင်း
နေလို့ မဖြစ်ဘူးလေ ဟုတ်တယ်မလား "
ဂျီမင်းက ခပ်ယဲ့ယဲ့ ပြုံးမိပါသေးသည် ။
" ကျွန်တော်က အရင်ကတည်းက ကြည့်ကောင်းပြီး
သားလေ ... "
နှစ်ယောက်သား အတူတူ ရီမိလိုက်ကြသည် ။ စကား
နည်းနည်းပြောလိုက်တော့ ဂျီမင်းက စိတ်လှုပ်ရှား
တာ လျော့သွားသည် ။
" ဂျောင်ကု !! "
ရုတ်တရက် Backstage ဆီစုပြုံကာ ရောက်လာကတဲ့ နမ်ဂျွန်နဲ့ တစ်ခြား အကသမားတွေရော ဖြစ်သည် ။
Advertisement
" အာ .. အစ်ကိုတို့ လာကြလေ "
" ဂျီမင်း မင်း အဆင်သင့်ဖြစ်ပြီလား " " နှစ်ယောက်
လုံးမိုက်နေတယ် " " ဝါး မစောင့်နိုင်တော့ဘူး ငါ့
ကောင်တွေရေ " " မင်းတို့ကတာ တကယ်လန်းနေ
တော့မှာ သားကြီးရ "
တစ်ယောက် တစ်ပေါက် ဂျီမင်းနဲ့ ဂျောင်ကုကို
စကားတွေ ဝိုင်းပြောနေကြတော့ Backstage ကို
ဟိုဆော့ဆီ ဂျီမင်းကအားပေးဖို့ ဝင်လာတဲ့ အချိန်
တွေကိုတောင် သတိရသွားမိသည် ။
" နေဦး ငါအရေးကြီးတာပြောမလို့ ! ဂျီမင်းလည်း
ဒီလာ .. "
နမ်ဂျွန်က ခပ်တိုးတိုး ပြောစရာရှိဟန်ပေါ်တာကြောင့်
သူ့နားကို အတူတူ ကပ်သွားလိုက်ကြသည် ။
" အခု ပွဲထဲမှာ ဘယ်သူရောက်နေတယ်ထင်လို့လဲ ? "
" ဘယ်သူလဲ အစ်ကို "
ဂျောင်ကုက သိပ်စိတ်မဝင်စားဟန်နဲ့ လက်က နာရီ
ကို ပတ်လိုက်သည် ။
" Starlight က လီဟိုဘင်း ရောက်နေတယ် ဂျေကေရဲ့ !! "
နှစ်ယောက်လုံး မျက်လုံးအပြူးသား ဖြစ်သွားခဲ့
သည် ။ ဂျီမင်းက မျက်လုံးအပြူးသားဖြင့် အသံ
ကျယ်ကျယ်ပြောလိုက်သည် ။
" လီဟိုဘင်း က ဟို ဟို လူကြီး !!!
နာမည်ရော အရှိန်အဝါရော ရှိတဲ့ သူမို့ ပွဲထဲ လာကြည့ပြီ ဆိုကတည်းက တစ်ယောက်ယောက်ကို ရွေး
ကောက်ချင်လို့ဆိုတာ သေချာသည် ။
" အမလေး ပတ်ဂျီမင်း ရယ် ဘယ်နှယ့် ဟိုလူကြီးလဲ "
" ကျွန်တော် အရမ်း လန့်သွားလို့ !! "
ဂျောင်ကု က စကားကို ဖြတ်ပြောလိုက်သည် ။
" အစ်ကို ! သူက ဒီကို ဘာလို့လဲ ? "
" ငါ့အထင် ဒီက အရည်အချင်းရှိတဲ့ သူတစ်ချို့ကို
သူတို့ Ent အတွက် သုံးမလို့ ထင်တယ် "
ဂျောင်ကု က ခဏ စဉ်းစားလိုက်ပြီး ဂျီမင်းကို
လှည့်ကြည့်လိုက်သည် ။
" အဲ့အခွင့်အရေးက ကျွန်တော်တို့ အတွက် ဖြစ်ရမှပေါ့ ။ ဟုတ်တယ်မလား ? "
ဂျီမင်းလက်ကို ဂျောင်ကု က ဆုပ်ကိုင်ထားသည် ။
ဂျီမင်းကလည်း ဂျောင်ကုကြောင့် ကောင်းကောင်း
လုပ်နိုင်မည်ဆိုတာ ပို၍ ယုံကြည်ချက်ရှိလာသည် ။
" ငါမင်းတို့ နှစ်ယောက်ကို ယုံပါတယ် ဖိုက်တင်း "
" ဟုတ်ကဲ့ အစ်ကို အရှေ့ကို သွားနေတော့လေ ။တော်ကြနေစတော့မှာ "
" ဟေ့ကောင်တွေ ကောင်းကောင်းလုပ်နော် !! ငါတို့အရှေ့ မှာစောင့်နေမယ် "
ဟိုဆော့က ရောက်လာကာ ဂျီမင်းနဲ့ ဂျောင်ကု ပုခုံး
ကို ပုတ်လိုက်သည် ။
" ဟာ .. အစ်ကို ? "
" ဖိုက်တင်း ဂျီမင်း ! "
ဟိုဆော့က ဂျီမင်းကို မျက်စိမှိတ်ပြကာ ပြောလိုက်သည် ။
" ဟုတ်ပါပြီ အစ်ကို ! "
ဟိုဆော့က ထွက်သွားတော့ နမ်ဂျွန်ကလည်း နှစ်
ယောက်လုံးရဲ့ လက်မောင်းကို တင်းတင်းဆုပ်ကိုင်
လိုက်သည် ။
" မင်းတို့ လုပ်နိုင်ပါတယ် !! "
နမ်ဂျွန် ထွက်သွားပြီးနောက် ဂျောင်ကုက ဘေးရှိ
ဂျီမင်း ကို ကြည့်လိုက်တော့ ဂျီမင်းက အနည်းငယ်
တွေဝေနေသည် ။
" ဘာလို့လဲ ကြောက်နေပြီလား ? "
" အင်း နည်းနည်း ... သူပါ ရောက်လာတယ် ဆိုတော့ "
ဂျီမင်းက တစ်ချိန်တည်းမှာလည်း ယုံကြည်ချက်ရှိ
နေပုံပေမယ့် တစ်ချိန်တည်းမှာပဲ တကယ် ကြောက်
နေဟန်ပေါ်သည် ။
" ဒါက ကြောက်စရာမဟုတ်ဘူးလေ ဂျီမင်း ရဲ့ ။
ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကိုပဲ သေချာလုပ်ရမှာ ။
ကျန်တာကတော့ သူ့အလုပ်လေ အေးဆေးပေါ့ "
ဂျောင်ကုက ဂျီမင်းရဲ့ လက်နှစ်ဖက်ကို တင်းတင်း
ကြပ်ကြပ် ဆုပ်ကိုင် ထားပေးထားကာ လက်တွေ
အေးစက်နေတာ ပျောက်သွားသည်အထိ ထွေးထား
ပေးသည် ။ ပြီးအပြုံးတွေ ။ ဂျောင်ကုရဲ့ အပြုံးတွေ
ကြောင့်ပဲ ဂျီမင်းရဲ့ရင်ထဲပါ နွေးသွားရသည် ။
" သိပါပြီ ။ လုပ်နိုင်ပါတယ် ။ နှစ်ယောက်တူတူ လုပ်
စရာရှိတာကိုပဲ လုပ်ကြမယ် "
ဂျောင်ကုက ဆုပ်ကိုင်ထားတဲ့ လက်နှစ်ဖက်တို့ကို
ဖြုတ်ချရန်လုပ်တော့ ဂျီမင်းက ပြန်ဆွဲထားလိုက်သည် ။
" မလွှတ်ပါနဲ့ ! "
ဂျောင်ကုက မျက်လုံး အကြောင်သားနဲ့ ဂျီမင်းကို
ကြည့်သည် ။
" မလွှတ်ပါနဲ့ လွှတ်လို့် မဖြစ်ဘူးထင်တယ် ။ Stage
ပေါ်မတက်ခင်အထိ ဒီတိုင်းလေး နေပေးပါ "
" အင်း ... သိပါပြီ ! "
ဂျောင်ကုက ဂျီမင်းရဲ့ လက်နှစ်ဖက်ကို တင်းတင်း
ဆုပ်ကိုင်ထားကာ စိတ်လှုပ်ရှားတာတွေကို ဖြေ
ဖျောက်မိကြသည် ။
//
Stage ပေါ်ကို တက်သွားတော့ ထိုးထားသော မီး
ရောင်တွေ နဲ့အတူ လက်ခုပ်သံတွေကြား ဂျီမင်းက
တုန်လှုပ်နေမိပြန်သည် ။
" ဂျီမင်းရှိ ... လုပ်နိုင်တယ် ။ ကျွန်တော် ဒီမှာ ရှိနေ
တယ်မလား "
ဂျီမင်းက ဂျောင်ကုကို လှည့်ကြည့်လိုက်တော့ သူလဲ
ရင်ခုန်နေမှာ ဆိုပေမယ့် ဂျီမင်းကို အားပေးကာ ပြုံး
ပြနေသည် ။
အသင့်နေရာယူ ပြီးတဲ့နောက် မီးတွေရော အသံတွေ
ရောအားလုံး အငြိမ် တိတ်နေသည် ။ ဂျီမင်းက ဂျောင်
ကု မျက်နှာကို တစ်ချက် လှမ်းကြည့်တော့ ဂျောင်ကု
က ပြုံးရင်းနဲ့ ' လုပ်နိုင်တယ် ' လို့ ခပ်တိုးတိုး ခေါင်း
ညိတ်ပြကာ ပြောသည် ။
ဒီလိုသာဆို ရပါပြီ ။ အားလုံးကို ကောင်းကောင်း
လုပ်နိုင်ဖို့ လုံလောက်ပါပြီ ။
ကကြည့်သည် ။
" ဒါက ပိုကောင်းမလား ? "
ကြည့်နေမိသည် ။
နေသည် ။
" ဂျောင်ကုရှိ ! "
" အင်း ... ဂျီမင်း ပြော ! "
ထင်တယ် ... "
နီးကပ်နေကြသည် ။
တွေလည်း မြန်လာသည် ။ ဂျောင်ကုလည်း အဲ့
ကာ ငြိမ်သက်မိနေကြသည် ။
မှာ ထင်းနေသည် ။
" အာ ... အဆင်ပြေရဲ့လား ? "
ရပ်လိုက်သည် ။
" ဒီဟာက မိုက်မယ်ထင်တယ် ! "
" ဟင် ... "
" ဘာလို့လဲ မကရဲဘူးလား ? "
" အာ အဲ့လိုမဟုတ်ပါဘူး ... "
//
ချင်း ... ချင်း ... "
လင်းလင်း မြင်နေရသည် ။
နေတာတုန်း ? "
ကြည့်နေမိသည် ။
" အာ ... အင်း ... လာပါပြီ "
ပြောလိုက်သည် ။
ကို ကြည့်နေသည် ။
ကြောင့်ပါ ! "
ပွတ်နေမိသည် ။
ပြန်သည် ။
" ကျေးဇူးတင်ပါတယ် "
" မြန်မြန် စကြရအောင် ... "
စိုးမိုးထားခဲ့သည် ။
//
" ဟူး !!!! "
နေကြသည် ။
မေးလိုက်သည် ။
" မပင်ပန်းပါဘူး အား ... အ ... "
" ဟင် ... ဘာဖြစ်တာလဲ ? "
မလား ? "
မင်းက လိမ်လိုက်သည် ။
" နည်းနည်းပဲ ဖြစ်တာပါ ။ ကပ်ထားပါတယ် ။ သက်
တောင် မပင်ပန်းပါဘူး "
" ဘာရယ်တာလဲ ? "
လိုက်သည် ။
" မပင်ပန်းပါဘူးဆို ! "
" ဘာလို့လဲ ? "
" မပင်ပန်းပါဘူးဆို !!!! "
" မ လိ မ် နဲ့ !! "
" သိပါပြီ "
အနားကို သွားလိုက်သည် ။
ဘူး ဖိုက်တင်း !! "
ပြောရှာသည် ။
ကာ ကြိတ် ရီမိလိုက်သည် ။
//
ပြိုင်ပွဲနေ့ ဖြစ်သည် ။
ထုတ်လိုက်ချင်သေးသည် ။
Advertisement
- In Serial12 Chapters
She is the Billionaire
Menlyn has always lived up to her name. She is 28, smart, rich, and wealthy. What happens when she has a chance encounter with Cole, 21 and they share a kiss. Menlyn has never believed in dating younger men. What will happen when Menlyn and Cole meet once again and he doesn't relent when Menlyn acts as if she doesn't know him.
8 142 - In Serial65 Chapters
The Bridesmaid ✓
His finger traces my skin, his coffee brown eyes staring deep into mine as I feel chills run down my spine."Taehyung." I call out his name, close to a whisper, afraid that someone might hear us. Why did being with him make me feel so good even though he wasn't mine to keep?[Highest Ranking: #1 in Fanfiction]Warning: some sexual/mature contentStarted, 30 Nov 2018Ended, 25 Apr 2019© 2019 softaura ✓cover by: @eulu-xuria
8 168 - In Serial44 Chapters
TouchDown- book one The Bradford Series
Every girl needs their world to be rocked at least once.While Aiden Bradford believes he has everything he's ever wanted for his senior year at UCLA, he can't help but feel there's something missing. His world couldn't be more perfect. He's emulated his Uncle Blake, the top NFL Quarterback now retired from the 49ers, in every way but he still isn't happy. His family and friends are his world, Leighton, his girlfriend, is finishing college miles away in New York. So when he meets Riley, his world is rocked in a way he never dreamed. Riley Hudson has always been a good student, a good girl in general. She's not shy or outspoken, she's just there, unnoticed and always in the background. After two years at her local community college she received a scholarship to finish at the university. Now in a dorm filled with three other girls, she's living her quiet little dream of going to UCLA and being the first in her family to get a college degree. One night fate steps in, in the form of Aiden Bradford, the star quarterback, who ends up rocking her world in a way she's never imagined.The Moss Bluff Series should be read first This is the final installments of The Dual Threat Series **Adult content Readers advised - language and sexual situations **
8 239 - In Serial18 Chapters
Salty Book Review
Status: Open[✔] Closed for catch up[]Do you have a story that you're proud of and want tips on how to improve it? Are you simply looking for a way to fluff the numbers on your book? Submit an application into the form provided in this book and after completing the required payment, I'll thoroughly read, comment, and vote on your published work.
8 226 - In Serial26 Chapters
chaotic (Persian translation)
When our dance floor is the earth then i will never leave this devil music.🖤❤️تا وقتي كه زمين رقصمون, جهان باشه من هيچ وقت اين آهنگ شيطاني رو ترك نميكنم.
8 95 - In Serial51 Chapters
Safe Haven
"Allie! Wait." I turn around and see Jamie walking towards me. "You know, I really meant it when I said I think you're the best." Her tone is serious. "Don't let him make you think you're anything less than that."• • • • •Allison Martinez's life is what could be called amazing. She is in the middle of her Sophomore year at Berkeley, has amazing friends, Daisy, Jamie and Jess, and a sweet new boyfriend, Matt. At least that's what it seemed like.Matt starts showing an ugly side Allie's never seen and that catches her off guard, but her friends are there to help her. Especially Jamie. She helps Allie find her way back to herself.They find themselves spending more time together than ever and soon new feelings start bubbling up.#1 in lesbian 04/08/22#1 in college 10/22/21#1 in geek 04/16/22#2 in gxg 01/16/22#2 in bisexual 01/19/22#3 in romance 10/21/21#3 in lgbt 11/01/22#3 in wlw 10/24/21#4 in wattpride 11/02/22#5 in girlxgirl 10/23/21#5 in slowburn 11/21/22#10 in love 01/16/22#19 in girls 11/05/22#28 in pride 11/09/22
8 229