《Dancing On Your Heartbeat • Kookmin || Completed ||》- 22 -

Advertisement

" ဂျောင်ကုရှိ ! ကျွန်တော် ရောက်ပြီ "

အိမ်ရှေ့မလှမ်းမကမ်းတွင် ရပ်နေတဲ့ ဂျီမင်း ကို

တွေ့လိုက်ရသည် ။

" အာ တကယ်ကြီး ... လာပေးနေတာပဲ "

" လာမယ်လို့ ပြောထားတယ်လေ ယောကျာ်းပဲ

ကတိတည်ပါတယ် "

" ဟဟဟ ... ဟုတ်ပါပြီ "

" အခု အပြင်သွားမှာ မလား ။ ကားပေါ်တက် ။

မောင်းပေးမယ် "

ဒီလိုနဲ့ နှစ်ယောက်သား ကားပေါ်တက်လိုက်ကြ

သည် ။ ဂျီမင်း က တော့ လောလောဆယ် ကားကို

အမြဲ မောင်းပေးနေတဲ့ ပင်တိုင် ဖြစ်လာသည် ။

" ဂျီမင်း ! "

" အင်း ! "

ဂျီမင်းက ကားမောင်းနေရင်း ဂျောင်ကု ဘက်ကို

မကြည့်ဘဲ ဖြေသည် ။

" ကျွန်တော်လေ ဂျီမင်း ကို စိတ်ဒုက္ခပေးသလိုများ

ဖြစ်နေလား ? "

" ရုတ်တရက်ကြီး ဘာလို့ ? "

" မဟုတ်ပါဘူး ဒီတိုင်း ... "

ဂျီမင်း က ပြုံးလိုက်ကာ ကားစီယာတိုင်ကို လမ်းမ

ကြီးပေါ် ကွေ့လျက် ပြောနေသည် ။

" အဲ့လို မဖြစ်ပါဘူး "

" ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် "

" ဘာအတွက်လဲ ? "

" အရာအားလုံးအတွက်ပါ ! ဒီကြားထဲ အတူတူရှိနေ

ပေးတာရော အားလုံး အတွက်ပါ "

" ရပါတယ် အဲ့ဒီလို တကူးတကပြောရမယ့် သူတွေမှ

မဟုတ်တာပဲ "

ဂျောင်ကုက ဂျီမင်း ရဲ့ မျက်နှာကို စူးစိုက်ကြည့်ရင်း

ပြုံးမိသည် ။

ကျေးဇူးတင်မိတာကလည်း စိတ်ရင်း ၊ ဂရုစိုက်ခံချင်

မိတာကလည်း စိတ်ရင်းပါပဲ ။

" ကဲ ရောက်ပြီဆိုတော့ ကားပေါ်ကဆင်း ။ တစ်ခုခု

လိုရင် လှမ်းပြောလိုက်နော် ခုအလုပ်ကို သွားတော့

မှာမို့ "

ဂျီမင်းကလည်း ကားပေါ်က အတူလိုက်ဆင်းသည် ။

" ဟင် ! ဂျီမင်း က ကျွန်တော့် ကားယူသွားလေ ... "

" ဒါ ကျွန်တော့် ကားမှ မဟုတ်တာကို ဒီမှာပဲ ထားခဲ့မယ် "

" မဟုတ်တာ ... သက်သက်မဲ့ ဘတ်စ် စီးနေရမယ်လေ "

ဂျောင်ကုက ဂျီမင်းလက်ထဲကို ကားသော့ အတင်း

ထည့်လိုက်သည် ။

" တကယ် အဆင်ပြေပါတယ်ဆို ! "

ဂျီမင်းက ဂျောင်ကု လက်ထဲကို ကားသော့ ပြန်ထည့်

ရင်း ပြုံးကာ ခေါင်းညိတ်ပြလိုက်သည် ။ ထို့နောက်

ဂျီမင်းက နှုတ်ဆက်ကာ လှည့်ထွက်သွားသည် ။

" ဒါနဲ့ ကျွန်တော်လေ ဂျီမင်း ကို ပြန်ကစေချင်တယ် "

" ဟင် ! "

ရုတ်တရက် မဆီမဆိုင်စကားကို ပြောလိုက်သော

ဂျောင်ကုကြောင့် ဂျီမင်းက ဂျောင်ကုကို ပြန်လှည့်

ကြည့်မိသည် ။

" ဘာလို့လဲ ? "

" အာ ဒီတိုင်း ... အဲ့လိုဆို ကောင်းမယ်လို့ ! "

ဂျီမင်း အတွက်တော့ စွန့်လွှတ်ခဲ့တုန်းကလည်း ခက်

ခဲသလို ပြန်စတင်ဖို့အတွက်လည်း ခက်ခဲရသည် ။

ဘယ်လိုတောင် ခက်ခက်ခဲခဲ စွန့်လွှတ်ထားခဲ့ရတာမို့

လွယ်လွယ်ကူကူ ပြန်စဖို့ကလည်း မလွယ်ပြန်ဘူး

ဖြစ်သည် ။ စွန့်လွှတ်ခဲ့ရတာလဲ ဂျောင်ကုကြောင့်

ဖြစ်ပြီး ပြန်လုပ်စေချင်တာက လည်း ဂျောင်ကုပဲ

ဖြစ်သည် ။

တွေဝေနေသော ဂျီမင်း ကြောင့် ဂျောင်ကုက စကား

စကို ဖြတ်လိုက်သည် ။

" ဟို ... ကျွန်တော် သွားတော့မယ် ညနေ ကျွန်တော်

အစ်ကိုနမ်ဂျွန် နဲ့ အတူတူ တစ်နေရာသွားစရာ ရှိတာ

မို့ သူ့ကားနဲ့လိုက်သွားမှာ ... လာမကြိုပေးနဲ့တော့နော် "

" အော် ... အင်း အင်း သိပြီ "

ဂျီမင်းက နှုတ်ဆက်ပြီး လှည့်ထွက်လာခဲ့သည် ။

မဆုံချင်လို့ကျောခိုင်းခဲ့တဲ့သူကိုမှ နောက်တစ်ကြိမ်

ပြန်ဆုံစည်းခိုင်းသော ကံကြမ္မာကလည်း ဆန်းကြယ်

လွန်းသလို ဖြတ်ထားခဲ့တဲ့ အရာမှန်သမျှကိုလည်း

သူနဲ့ ပတ်သက် ဆက်နွယ်စေချင်နေပြန်သည်လား ။

//

" အစ်ကို နမ်ဂျွန် ! "

" အေး ဂျောင်ကု ပြော "

နမ်ဂျွန်က မှန်ထဲကနေ အကကို ကြည့်ကာ လေ့ကျင့်

နေရင်း ပြန်ဖြေလိုက်သည် ။

" ကျွန်တော် မနေ့က အစ်ကိုနဲ့ နဲ့ပြောထားတဲ့ကိစ္စ ... "

" Choreography ပြိုင်ပွဲလား ? "

" ဟုတ်တယ် အစ်ကို "

" အေး ဘာလို့လဲ ? ထုံးစံတိုင်းပဲမလား ? ဟိုဆော့

ကိုပြောရုံပဲလေ "

" မဟုတ်ဘူး ! "

" ဟင် ဘာက မဟုတ်တာလဲ ? "

နမ်ဂျွန်က ကနေရာက ရပ်လိုက်ပြီး ဂျောင်ကုကို

ကြည့်လိုက်သည် ။

" ဒီတစ်ခါ အစ်ကိုဟိုဆော့နဲ့ မဟုတ်ဘူး "

" ဟင် ? ဟိုဆော့ မဟုတ်ရင် မင်း စိတ်တိုင်းကျ

တဲ့သူ တွေ့ထားလို့လား ? "

ဂျောင်ကုက အနည်းငယ် စဥ်းစားလိုက်ပြီး ခေါင်း

ညိတ်လိုက်သည် ။

" ထူးဆန်းလှချည်လား ? မင်းက တစ်ခြားသူကို

စိတ်တိုင်းကျတာရှိတယ် ? ဘယ်သူများလဲ ? "

ဂျောင်ကုက သေသေချာချာ လေးလေးနက်နက်နဲ့

နမ်ဂျွန့်ကို ကြည့်ကာ ပြောလိုက်သည် ။

" ပတ်ဂျီမင်း ! "

//

" ဟေ့ကောင် ! ပတ်ဂျီမင်း အခု အိမ်ကိုလာစမ်း !! "

ဟိုဆော့က ဖုန်းထဲကနေပြီးတော့ ဂျီမင်းကို အတင်း

ခေါ်နေသည် ။

" မအားဘူးလေ အစ်ကိုရဲ့ ကျွန်တော် အလုပ်လုပ်နေတယ် "

" မသိဘူး အခုလာ ... "

" အခုလာရအောင် အလုပ်ရှင်က အစ်ကို့ အဖေမှ

မဟုတ်တာ "

" လာဆိုလာကွာ "

" အစ်ကိုရေ ! အစ်ကို့ကြီးဒေါ်ကြီးနဲ့သာ မန်နေဂျာနဲ့

Advertisement

လာပေးစားလိုက်တော့ "

" မင်းမေကြီးတော်ဖြစ်နေလား လာပါဆို !! အရေး

ကြီးတယ် ပြောစရာရှိလို့ "

" ဘာကိစ္စလဲ ! ခုပြောလို့မရဘူးလား ? "

" ဂျွန်ဂျောင်ကု ကိစ္စဟေ့ !! "

" ဟမ် ????? "

အကောင်သေးသလောက် အသံကျယ်သော ဂျီမင်း

က ဖုန်းထဲကနေ တအားအော်နေသည် ။

" ဘာလဲ ပတ်ဂျီမင်းရဲ့ !!! အဲ့လောက်မအော်နဲ့လေ ... "

" ဂျောင်ကုက ဘာလို့လဲ ! ဘာကိစ္စလဲ ! "

" သိချင်လာခဲ့ ဒါပဲ "

ဟိုဆော့က ဖုန်းကို ဂွက်ခနဲ ချသွားသည် ။

" အာ ... ဖုန်းချသွားပြီ ဒီဂျောင်ဟိုဆော့ကတော့ !! "

ဂျီမင်းက ခါးစည်းကို ချွတ်ကာ စားပွဲပေါ်တင်ပြီး

ပြေးထွက်သွားသည် ။

" ဟေ့ကောင် ပတ်ဂျီမင်း !! ဒါကဘယ်လဲ ! "

လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းက ဂျီမင်း ခပ်သုတ်

သုတ်ဖြစ်နေတာကို မြင်တော့ မေးလိုက်သည် ။

" မန်နေဂျာကို ကြည့်ပြောလိုက်ကွာ ... ငါ ခုပြန်လာမယ် "

နှစ်ခါ မပြောရဘဲ ဂျောင်ကု ကိစ္စ ဆိုတာနဲ့ ဂျီမင်းက

တန်းပြေးတော့သည် ။

//

" အစ်ကို အစ်ကို !! ပြော ... "

ဂျီမင်းက ဟိုဆော့ဆီကို အမြန်ပြေးကာ ရောက်လာသည် ။

" မြန်လိုက်တာ ရောက်လာပြီလား ? "

" ဘာပြောမှာလဲ ပြော ... "

" ဟာ ဖြေးဖြေးပေါ့ .. "

" အစ်ကို မစနဲ့နော် မြန်မြန်ပြော !! "

​အကဲပိုနေတဲ့ ဂျီမင်းကို ဟိုဆော့က စ ချင်စိတ် ဖြစ်

လာသည် ။

" အေးပါ မင်း ကြီးတော်ကြီး နေကောင်းလား ? "

" ဟာ ... ကောင်းတယ် ကြီးတော်တင်မကဘူး သူ့

ယောကျာ်းကြီးလည်း ကောင်းတယ် ဘာလုပ်မလို့လဲ ? "

" အော် မဟုတ်ပါဘူး သတင်းမေးတာပါ ! "

" အင်း ရပြီလား ? ဂျွန်ဂျောင်ကု က ဘာဖြစ်လဲပြော ? "

" မင်း ကြီးတော်ကြီးရော နေရထိုင်ရ အဆင်ပြေရဲ့လား ? "

" ပြေတယ်ဟေ့ ပြေတယ် !!! သူ့ယောကျာ်း တစ်

ယောက်လုံးရှိနေတာ ဘာလဲ ? မပြေရင် အစ်ကို

တာဝန်ယူပေးမလို့လား "

" ဟာ ဖွဟဲ့ !! "

ဂျီမင်းကလည်း ရွဲ့တာမှ နှစ်ယောက်မရှိ ။ ဟိုဆော့

က မစနိုင်တော့ဘဲ ရပ်သွားတော့သည် ။

" ကဲ မြန်မြန်ပြောလိုက်တော့ ! အစ်ကိုနော် "

" အမလေး ကြောက်လိုက်တာ ... ပြောပါ့မယ် "

" ပြော !! "

" မင်း အက ကို ရပ်လိုက်တာ ဂျောင်ကု ကြောင့်

မလား ? "

" အင်း အဲ့ဒါဘာဖြစ်လဲ ? "

" ခု မင်းက ဂျောင်ကု နဲ့ပြန်တွေ့ပြီမလား ? "

" အင်း အဲ့တော့ ... "

" မင်ယွန်းဂီ ကိုရော သိသေးလား ? "

" သိတာပေါ့ ဘာဖြစ်လို့လဲ ? "

" သူလည်း မင်းကိုမေးနေတယ် "

" အင်း .. အဲ့ဒါ ဂျွန်ဂျောင်ကု နဲ့ဘာဆိုင်လဲ အစ်ကိုရဲ့ !!! "

" အေး လာမယ်လေ ... "

" မြန်မြန်ပြောပါဆို !! "

" ကင်နမ်ဂျွန် နဲ့လည်း မင်းအကြောင်း ပြောဖြစ်တယ် "

" အစ်ကို !!! လိုရင်းကိုပဲပြော မြန်မြန်ပြော "

ဂျီမင်းက အော်လိုက်တာကြောင့် ဟိုဆော့က လန့်

သွားသည် ။

" အေးပါ ဂျောင်ကု က မင်းနဲ့ ပြိုင်ပွဲ တူတူပြိုင်ဖို့

စီစဉ်လိုက်ပြီ "

" ဘာ !!!!!!!!!!!! "

ဂျီမင်းက စားပွဲခုံကြီးကို ရိုက်ကာ အထိတ်တလန့်

အော်လိုက်သည် ။

" လန့်လိုက်တာ ! မိန်းမ မယူရသေးဘဲ ငါလူပျိုဘဝနဲ့

တင် လိပ်ပြာလွင့်သွားဦးမယ်ကွ !!! ဖြည်းဖြည်း

အော်စမ်းပါ ။ ဒီလောက် လန့်မယ်မှန်းသိလို့ ရှေ့က

စကားပလ္လင်ခံနေတာတောင် လန့်ဖြစ်အောင် လန့်

သေးတယ် "

" ကျွန်တော့်ကိုလဲ သူဘာမှမပြောဘူး "

" အေး ကျန်တာ ငါမသိဘူး ။ ဒါပေမဲ့ ငါနဲ့မဟုတ်ဘဲ

မင်းကို ဂျောင်ကု ကရွေးလိုက်တာ ။ မင်းလက်ခံမှ

ဖြစ်မယ် ။ ခုဟာက မင်းနာမည်နဲ့ တင်လိုက်ပြီ "

​ဂျီမင်းက ဟိုဆော့ ပြောတာ ကြားကြားချင်း တုန်

လှုပ်သွားသည် ။

" အား ... မဖြစ်ဘူး ။ အစ်ကို ! ကျွန်တော်လက်မခံရင် အစ်ကိုက အစားဝင် ... ဝင် ... "

" အမလေး !!! ငါ့ဘက်လှည့်မလာနဲ့ သူနဲ့ က ရင် မျက်နှာတည်ကြီးနဲ့ကို ငါကြောက်ပါတယ် ။ အခု

လည်း သူက မင်းနဲ့ ကချင်လို့ကို မင်းကိုရွေးတာ

လေ ... "

" ကျွန်တော်ကမှ မကချင်တာ ... "

" သူက မင်းကို လိုလားတာလေ ။ သူကိုယ်တိုင်က

မင်းနဲ့တွဲပြိုင်ပါမယ်ပြောတာလေ "

" အာ ... ဒုက္ခရောက်ပြီပဲ "

ဂျီမင်းက ကိုယ့် ဆံပင်ကို ပြန်ဖွမိနေတော့သည် ။

" ဘာဖြစ်လဲ ? ပြိုင်ပေးလိုက်ပေါ့ မင်းအတွက်

ခက်ခဲနေတဲ့အရာမှ မဟုတ်တာ "

" မဟုတ်ဘူး အစ်ကို ! သူနဲ့ဝေးဝေးနေဖို့ဆုံးဖြတ်

ထားတုန်းက ကျွန်တော် ဘယ်လောက် ခံစားရလဲ

ကျွန်တော်ပဲ သိတယ် ။ အခုလည်း သူနဲ့ အဝေးကြီး

မှာနေနေပေမယ့် ကံကြမ္မာက လာဆုံစည်းပေးပြီး အဲ့

လို ဆုံစည်းပေးမှုက ကျွန်တော့်ကို လာကစားနေ

တာ ။ ကျွန်တော်သာ တကယ်တမ်း သူ့အပေါ် အရင်

လို စိတ်ပြန်လည်သွားရင် ကံကြမ္မာက ပြန်ခွဲပစ်ဦး

မှာ ... "

Advertisement

" အဲ့လိုကြီး အတည်ပေါက် တွေးမနေပါနဲ့ကွာ ! မင်း

ထင်သလောက်လဲ ဆိုးမှာမဟုတ်ပါဘူးကွ ။ အခုက

အလုပ်တစ်ခုကို တူတူတွဲလုပ်ကြတဲ့ သဘောပါပဲ ။

ငါကတော့ မင်းကိုပြိုင်စေချင်တယ် ။ မင်းပဲ အဲ့လို

Stage ပေါ်မှာ ရှိချင်ခဲ့တာမလား ? "

" အစ်ကို ! ကျွန်တော် မကတာလည်း တော်တော်ကြာ

ပြီ ။ ကျွန်တော်က သူ သဘောကျတဲ့ အက သမား

လည်း မဖြစ်ခဲ့ဖူးဘူး ။ ဘယ်လိုလုပ် သူ့လို ဆရာကြီး

နဲ့ တွဲကမလဲ ? "

" မင်းကလည်း အဲ့လိုက စပြီး တွေးနေပြီ ။ ဒီလိုပဲ

ဖြစ်သွားမှာပေါ့ ။ သူက မင်းကို ယုံကြည်တယ်လေ ... "

" ကျွန်တော် စဉ်းစားကြည့်ပါဦးမယ် ။ သူက ကျွန်

တော့်ကိုလည်း ပြောတာမဟုတ်ဘူး "

ဂျီမင်းက စားပွဲပေါ် မှောက်လျက် အိပ်ကာ ခေါင်းရှုပ်

နေတော့သည် ။

//

" ဟဲလို ! ဂျီမင်းရှိ ! "

" ဘာလို့ ဘာမှ မပြောဘဲ လုပ်လိုက်တာလဲ ? "

ဂျီမင်းက ဂျောင်ကု ဖုန်းကိုင်ကိုင်ချင်းမှာပဲ တန်း

ပြောလိုက်သည် ။

" အာ ... "

ဂျောင်ကုက ဂျီမင်း ဘာကို ဆိုလိုလဲ ဆိုတာ တန်းသိသည် ။

" ဟင် ! ပြောလေ .. ဂျောင်ကု "

" မနက်က ပြောကြည့်သေးတာပဲ ဘာမှမှ ပြန်မပြော

တာ ။ ဒါကြောင့် ကိုယ့်သဘောနဲ့ကိုယ်လုပ်လိုက်တာ

ပေါ့ ။ ပြီးသွားရော ... "

" ကိုယ့်သဘောနဲ့ကိုယ်လုပ်ရအောင် ကျွန်တော်က

ဂျောင်ကု အပိုင်လား ? "

" မသိဘူးလေ ... "

ဂျောင်ကုရဲ့ အဖြေမှာ ဂျီမင်းက ဘာဆက်ပြောရ

မယ် မသိ ဖြစ်သွားသည် ။

" ကျွန်တော်က မပြိုင်ဘူး ဆိုရင်ရော ? "

" အဲ့ဒါဆို ကျွန်တော်လဲ မပြိုင်တော့ဘူး "

" ဘာဆိုင်လို့လဲ ? အစ်ကိုဟိုဆော့ ရှိတာကို ... "

ဂျောင်ကုက သက်ပြင်းချကာ ဂျီမင်းကို ပြန်ပြော

လိုက်သည် ။

" ဟူး ... ကျွန်တော်က ဂျီမင်းနဲ့ ပြိုင်ချင်တာလေ .. "

" ခက်လိုက်တာ ! "

" မခက်ပါဘူး ! လုပ်ပါဗျာ ... ဘာလို့လဲ ? "

ဂျောင်ကုက မချွဲစဖူး ချွဲတဲ့ အသံနဲ့ ဂျီမင်းကို ပြော

နေသည် ။

" ဂျွန်ဂျောင်ကု !!! "

" ဗျာ ! "

ဂျီမင်းက အသံကို မြင့်ကာ အော်လိုက်ပေမယ့်

ဂျောင်ကုက ညင်ညင်သာသာ ပြန်ထူးလာသည် ။

" ကျွန်တော် အလုပ်တွေရှိတယ် မအားဘူး "

" အားလိုက်ပါ ... "

" မင်းရော အစ်ကို ဟိုဆော့ ရော တော်တော် နှိပ်

စက်ပါလား ။ မအားတာလဲ အတင်းအားခိုင်းနေ

ကြတယ် "

" အားလိုက်ပါဗျာ နော် နော် !! "

ဖုန်းထဲက မို့လို့သာ ဂျီမင်း ဒီလောက် တောင့်ခံထား

နိုင်ပေမယ့် အပြင်မှာသာဆို ချက်ချင်းလိုက်လျော

မိမည်ထင်သည် ။

" ပြီးရော ပြီးရော ... "

ဂျီမင်းက ဖုန်းကို အမြန်ချပစ်လိုက်သည် ။

" ဟာ ... ဖုန်းချသွားပြီလား ? ငါပြောတာကို လက်ခံ

လိုက်တာပေါ့ ? အမလေး မလိုက်လျောတာလည်း

မဟုတ်ဘဲ စိတ်ကလည်း ကြီးသေးတယ် ... ဘာလေး

မှန်းမသိဘူး ။ "

ဂျောင်ကုက ဂျီမင်း ဖြစ်နေမည့် ပုံစံကို မြင်ယောင်

ရင်း အသည်းယားကာ ရီနေမိတော့သည် ။

//

အကလေ့ကျင့်ဖို့ အခန်းထဲကို ဖြေးဖြေးချင်း လျှောက်

လာတဲ့ ဂျီမင်းကို ဂျောင်ကုက တွေ့လိုက်ရသည် ။

" ဟာ ရောက်လာပြီပဲ ! "

" အလုပ်ကို ခွင့်တိုင်ခဲ့ရတာဗျ !! "

နှုတ်ခမ်းတစ်လံ ထော်ကာ ပြောနေသော ဂျီမင်းကို

ဂျောင်ကု ရီလိုက်သည် ။

" အမယ် ! အဲ့ဒါ ရန်တွေ့နေတာလား ? "

ဘာမှမပြောဘဲ နှုတ်ခမ်းကြီး ဆူလျက်သာ လွယ်

ထားတဲ့ ကျောပိုးအိတ်ကို ဘေးတွင် သွားချသည် ။

" ကဲပါ ... အဲ့လိုကြီးထော်မနေနဲ့ ။ ဒီဘေးမှာ လာထိုင် "

ဂျီမင်းက လှုပ်တုတ်လှုပ်တုတ်နဲ့ ဂျောင်ကုဘေးမှာ

ထိုင်လိုက်သည် ။

" ဒီတစ်ခါ ကမယ့် သီချင်းနာမည် သိလား ? "

" ဘာလဲ ? "

" Ride "

" အာ ... "

ဂျီမင်းက သီချင်းနာမည်ကြားရုံ နောက်ကို နည်းနည်း

ဆုတ်သွားသည် ။

" ဘာလို့လဲ ဂျီမင်း ? "

" မဟုတ်ဘူး ... သီချင်းက နည်းနည်း ... "

ဂျီမင်းက သီချင်းကို သိပြီးသားမို့ စာသား အဓိပ္ပာယ်

တို့ကိုလည်း ကောင်းကောင်း သိသည် ။

" သီချင်းက ကောင်းပါတယ် ။ အော် ပြောရဦးမယ် ။

သီချင်းကို ကျွန်တော်တို့ ကိုယ်ပိုင် ကကွက်ထွင်ရမှာ ။

အဲ့တာနဲ့ ပြိုင်ရမှာ ... "

" ဒါဆို ကျွန်တော်ရော ဖန်တီးရမှာပေါ့ "

" ဒါပေါ့ ဂျီမင်း လေးရဲ့ "

" ဟမ် ? "

" အယ် ဘာမှမဟုတ်ပါဘူး ။ ရတယ်လို့ ပြောတာ "

ဂျောင်ကုက ဂျီမင်း ပုံစံကို ကြည့်ပြီး အူယားနေ

မိသည် ။

" အဲ့လောက်တော့ ယုံကြည်ချက် မရှိဘူးပဲ ။ ဒီတိုင်း

ဂျောင်ကု လုပ်တာကို ကျွန်တော်က လုပ်ပါမယ် "

" ဟင့်အင်း ... အဲ့လို မဟုတ်ဘူးလေ ။ ကျွန်တော်တို့

က အဖွဲ့မလား ။ တူတူ လုပ်ရမှာပေါ့ ။ လာပါ သီချင်း

ကို အရင်လာနားထောင်လိုက် ... "

ဂျောင်ကုက နားကြပ်တစ်ဖက်ကို ကမ်းပေးကာ

နားထောင်ခိုင်းသည် ။

Whisper dirty secrets while I'm pulling on your hair >

သီချင်းစပြီး စာသားလာတော့ ဂျီမင်းက ဂျောင်ကု

မျက်နှာကို လှမ်းကြည့်လိုက်သည် ။ ဂျောင်ကုက

လည်း ဂျီမင်းကို ကြည့်နေတာကြောင့် ဂျီမင်းက

ချက်ချင်း မျက်နှာလွှဲလိုက်သည် ။

some glue , Naughty, let's get naughty >

ဂျီမင်းက သီချင်းနားထောင်နေရင်း မျက်နှာ တွေက

နီရဲတက်လာသည် ။ ဂျောင်ကုကတော့ ခေါင်းတ

ညိတ်ညိတ်နဲ့ Beat ကိုဖမ်းကာ နားထောင်နေသည် ။

I'll be gentle, don't you scream

Getting hotter, make it softer,

Feel your chest on top of me >

ညစ်ညမ်းစာသားတစ်ချို့ကြောင့် ဂျီမင်းရဲ့ မျက်နှာ

ကြီးက ခရမ်းချဉ်သီးလို နီရဲကာ ပေါက်ထွက်တော့

မည် ။ မျက်စိကိုလည်း စုံမှိတ်ထားကာ ခေါင်းကို

လည်း ဆက်တိုက်ငုံ့ထားမိသည် ။

All the way down to your feet >

ဂျီမင်းက နားကြပ်ကို အမြန်ဆွဲချွတ်ကာ ပြောလိုက်သည် ။

" ဒီသီချင်းကို ဘာလို့ ရွေးတာလဲ ? "

ဂျောင်ကုက ဂျီမင်းကို ကြည့်လိုက်တော့ ဂျောင်ကု

မျက်နှာကိုလည်း မကြည့်ဘဲ ပါးတွေက ရဲတွတ်နေ

တာကို တွေ့လိုက်ရသည် ။ ဂျောင်ကုက ဂျီမင်း ရှက်

နေတာ သတိထားမိပြီး ကြိတ်ရီလိုက်မိသည် ။

" ဘာလို့လဲ ? ထူးခြားတယ်မလား ? သူများတွေ

က ရွေးမှာမဟုတ်ဘူး ဒါမျိုးကိုလေ ... ဂျီမင်းက

မကြိုက်လို့လား "

" အာ ... အဲ့လို မဟုတ်ပါဘူး "

ဆက်တိုက် မျက်နှာလွှဲကာ ဖြေနေတဲ့ ဂျီမင်းကို

ဂျောင်ကုက ရီနေမိသည် ။

" ဘာလဲ ? ရှက်နေတာလား ဂျီမင်းက ... "

" မဟုတ်ပါဘူး မဟုတ် ... မဟုတ်ပါဘူး ! "

ဂျီမင်းက အကြောက်အကန်ငြင်းနေပေမယ့် ရှက်နေ

တာကို ဂျောင်ကု က ကောင်းကောင်းသိသည် ။

" အဆင်ပြေရဲ့လား ? ပါးတွေလဲရဲလို့ "

" မဟုတ်ပါဘူး အဆင်ပြေပါတယ် "

ဂျောင်ကု က သီချင်းနဲ့ ပတ်သက်ပြီး အက

အကြောင်းကိုပဲ စကား ဆက်ပြောလိုက်သည် ။

" ဒီသီချင်းက Type ရော Lyrics ရော Sexy ပိုင်းသွား

တာမို့ Concept ကို Sexy Concept လုပ်ကြမယ် "

ဂျီမင်းက မျက်လုံး အကြောင်သားနဲ့ ဂျောင်ကုကို

ကြောင်ကြည့်နေသည် ။

" ဘာလို့လဲ ? ဂျီမင်း ... "

" Se ... se ... sexy ဆိုတာ ဘယ်လိုမျိုးကို ပြောတာလဲ ? "

ဂျောင်ကုက အတွေးတစ်မျိုး ပေါက်သွားတဲ့ ဂျီမင်း

ကို ရီမိလိုက်သည် ။

" အာ ... Sexy Concept ဆိုတာ Moves တွေကိုပဲ

ပြောတာပါ Moves တွေလေ ... "

ဂျောင်ကုက လက်နဲ့ ကတဲ့ ဟန်ပြလိုက်တော့ ဂျီမင်း

က သဘောပေါက်သွားသည် ။

" အာ ... အော် .. အဲ့လိုကိုး !! "

ဂျောင်ကုအဖို့ ဂျီမင်းက ချစ်စရာလည်းကောင်း ရီ

စရာလည်း ကောင်းနေသည် ။

" နေဦး !! ကျွန်တော်တို့ Team နာမည် ကျန်သေးတာပဲ "

" အဲ့တာက အရေးကြီးလို့လား ? "

" ထူးတာပေါ့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ Team

နာမည်လေ ။ ကျွန်တော်တို့ နှစ်ယောက်ကို ကိုယ်စား

ပြုတာ အရေးမကြီးပဲနေမလား "

ဂျောင်ကုက ဂျီမင်း မျက်လုံးတွေကို တည့်တည့်စိုက်

ကြည့်လာရင်း ပြောသည် ။

" အာ ... အဲ့ ... အဲ့လိုလား ? "

" ဘာပေးရမလဲ နေဦး ! သိပြီ ဂျွန်ဂျီမင်း ! "

" ဟင် ... ဂျွန်ဂျီမင်း ? "

" ဂျွန်ဂျောင်ကု နဲ့ ပတ်ဂျီမင်း ! ဂျွန်ဂျီမင်း ... "

ဂျီမင်းက ကြားရုံနဲ့တင် ရင်တွေ တလှပ်လှပ်တုန်

လာကာ ရှက်နေမိသည် ။

" Choreography by ဂျွန်ဂျီမင်း ! လှတယ်မလား "

" အင်း ... အင်း ... "

" အဲ့ဒါဆို နည်းနည်းစီ စဉ်းစားပြီး Choreography

အတွက် စလုပ်ကြရအောင် ။ "

ဂျောင်ကုက သီချင်းကို ဖြတ်ညှတ်ကပ်ဖို့ Laptop

ကို ထုတ်လာသည် ။

ဂျီမင်းကတော့ ဂျောင်ကုကိုပဲ တောက်လျှောက် ငေး

ကြည့်နေရင်း အခု လက်ရှိ အခြေအနေကို မယုံနိုင်ပဲ

ဖြစ်နေသည် ။ ဒီလိုမျိုး နေ့ ရောက်လာမယ် ဆိုတာ

စဥ်းတောင် မစဥ်းစားခဲ့ဖူးတာမျိုး ဖြစ်သည် ။

ငြိမ်နေတဲ့ ရေပြင်ကို နောက်တစ်ခေါက် လှုပ်ခတ်

သွားစေပြန်ပြီ ဂျောင်ကုရယ် ။ ငါလေ မင်းကို သိပ်

ချစ်တာပဲ ။

" ေဂ်ာင္ကုရွိ ! ကၽြန္ေတာ္ ေရာက္ၿပီ "

အိမ္ေရွ႕မလွမ္းမကမ္းတြင္ ရပ္ေနတဲ့ ဂ်ီမင္း ကို

ေတြ႕လိုက္ရသည္ ။

" အာ တကယ္ႀကီး ... လာေပးေနတာပဲ "

" လာမယ္လို႔ ေျပာထားတယ္ေလ ေယာက်ာ္းပဲ

ကတိတည္ပါတယ္ "

" ဟဟဟ ... ဟုတ္ပါၿပီ "

" အခု အျပင္သြားမွာ မလား ။ ကားေပၚတက္ ။

ေမာင္းေပးမယ္ "

ဒီလိုနဲ႔ ႏွစ္ေယာက္သား ကားေပၚတက္လိုက္ၾက

သည္ ။ ဂ်ီမင္း က ေတာ့ ေလာေလာဆယ္ ကားကို

အျမဲ ေမာင္းေပးေနတဲ့ ပင္တိုင္ ျဖစ္လာသည္ ။

" ဂ်ီမင္း ! "

" အင္း ! "

ဂ်ီမင္းက ကားေမာင္းေနရင္း ေဂ်ာင္ကု ဘက္ကို

မၾကည့္ဘဲ ေျဖသည္ ။

" ကၽြန္ေတာ္ေလ ဂ်ီမင္း ကို စိတ္ဒုကၡေပးသလိုမ်ား

ျဖစ္ေနလား ? "

" ႐ုတ္တရက္ႀကီး ဘာလို႔ ? "

" မဟုတ္ပါဘူး ဒီတိုင္း ... "

ဂ်ီမင္း က ျပဳံးလိုက္ကာ ကားစီယာတိုင္ကို လမ္းမ

ႀကီးေပၚ ေကြ႕လ်က္ ေျပာေနသည္ ။

" အဲ့လို မျဖစ္ပါဘူး "

" ဘာပဲျဖစ္ျဖစ္ ေက်းဇူးတင္ပါတယ္ "

" ဘာအတြက္လဲ ? "

" အရာအားလုံးအတြက္ပါ ! ဒီၾကားထဲ အတူတူရွိေန

ေပးတာေရာ အားလုံး အတြက္ပါ "

" ရပါတယ္ အဲ့ဒီလို တကူးတကေျပာရမယ့္ သူေတြမွ

မဟုတ္တာပဲ "

ေဂ်ာင္ကုက ဂ်ီမင္း ရဲ့ မ်က္ႏွာကို စူးစိုက္ၾကည့္ရင္း

ျပဳံးမိသည္ ။

ေက်းဇူးတင္မိတာကလည္း စိတ္ရင္း ၊ ဂ႐ုစိုက္ခံခ်င္

မိတာကလည္း စိတ္ရင္းပါပဲ ။

" ကဲ ေရာက္ၿပီဆိုေတာ့ ကားေပၚကဆင္း ။ တစ္ခုခု

လိုရင္ လွမ္းေျပာလိုက္ေနာ္ ခုအလုပ္ကို သြားေတာ့

မွာမို႔ "

ဂ်ီမင္းကလည္း ကားေပၚက အတူလိုက္ဆင္းသည္ ။

" ဟင္ ! ဂ်ီမင္း က ကၽြန္ေတာ့္ ကားယူသြားေလ ... "

" ဒါ ကၽြန္ေတာ့္ ကားမွ မဟုတ္တာကို ဒီမွာပဲ ထားခဲ့မယ္ "

" မဟုတ္တာ ... သက္သက္မဲ့ ဘတ္စ္ စီးေနရမယ္ေလ "

ေဂ်ာင္ကုက ဂ်ီမင္းလက္ထဲကို ကားေသာ့ အတင္း

ထည့္လိုက္သည္ ။

" တကယ္ အဆင္ေျပပါတယ္ဆို ! "

ဂ်ီမင္းက ေဂ်ာင္ကု လက္ထဲကို ကားေသာ့ ျပန္ထည့္

ရင္း ျပဳံးကာ ေခါင္းညိတ္ျပလိုက္သည္ ။ ထို႔ေနာက္

ဂ်ီမင္းက ႏွုတ္ဆက္ကာ လွည့္ထြက္သြားသည္ ။

" ဒါနဲ႔ ကၽြန္ေတာ္ေလ ဂ်ီမင္း ကို ျပန္ကေစခ်င္တယ္ "

" ဟင္ ! "

႐ုတ္တရက္ မဆီမဆိုင္စကားကို ေျပာလိုက္ေသာ

ေဂ်ာင္ကုေၾကာင့္ ဂ်ီမင္းက ေဂ်ာင္ကုကို ျပန္လွည့္

ၾကည့္မိသည္ ။

" ဘာလို႔လဲ ? "

" အာ ဒီတိုင္း ... အဲ့လိုဆို ေကာင္းမယ္လို႔ ! "

ဂ်ီမင္း အတြက္ေတာ့ စြန႔္လႊတ္ခဲ့တုန္းကလည္း ခက္

ခဲသလို ျပန္စတင္ဖို႔အတြက္လည္း ခက္ခဲရသည္ ။

ဘယ္လိုေတာင္ ခက္ခက္ခဲခဲ စြန႔္လႊတ္ထားခဲ့ရတာမို႔

လြယ္လြယ္ကူကူ ျပန္စဖို႔ကလည္း မလြယ္ျပန္ဘူး

ျဖစ္သည္ ။ စြန႔္လႊတ္ခဲ့ရတာလဲ ေဂ်ာင္ကုေၾကာင့္

ျဖစ္ၿပီး ျပန္လုပ္ေစခ်င္တာက လည္း ေဂ်ာင္ကုပဲ

ျဖစ္သည္ ။

ေတြေဝေနေသာ ဂ်ီမင္း ေၾကာင့္ ေဂ်ာင္ကုက စကား

စကို ျဖတ္လိုက္သည္ ။

" ဟို ... ကၽြန္ေတာ္ သြားေတာ့မယ္ ညေန ကၽြန္ေတာ္

အစ္ကိုနမ္ဂၽြန္ နဲ႔ အတူတူ တစ္ေနရာသြားစရာ ရွိတာ

မို႔ သူ႔ကားနဲ႔လိုက္သြားမွာ ... လာမႀကိဳေပးနဲ႔ေတာ့ေနာ္ "

" ေအာ္ ... အင္း အင္း သိၿပီ "

ဂ်ီမင္းက ႏွုတ္ဆက္ၿပီး လွည့္ထြက္လာခဲ့သည္ ။

မဆုံခ်င္လို႔ေက်ာခိုင္းခဲ့တဲ့သူကိုမွ ေနာက္တစ္ႀကိမ္

ျပန္ဆုံစည္းခိုင္းေသာ ကံၾကမၼာကလည္း ဆန္းၾကယ္

လြန္းသလို ျဖတ္ထားခဲ့တဲ့ အရာမွန္သမၽွကိုလည္း

သူနဲ႔ ပတ္သက္ ဆက္ႏြယ္ေစခ်င္ေနျပန္သည္လား ။

//

" အစ္ကို နမ္ဂၽြန္ ! "

" ေအး ေဂ်ာင္ကု ေျပာ "

နမ္ဂၽြန္က မွန္ထဲကေန အကကို ၾကည့္ကာ ေလ့က်င့္

ေနရင္း ျပန္ေျဖလိုက္သည္ ။

" ကၽြန္ေတာ္ မေန႔က အစ္ကိုနဲ႔ နဲ႔ေျပာထားတဲ့ကိစၥ ... "

" Choreography ၿပိဳင္ပြဲလား ? "

" ဟုတ္တယ္ အစ္ကို "

" ေအး ဘာလို႔လဲ ? ထုံးစံတိုင္းပဲမလား ? ဟိုေဆာ့

ကိုေျပာ႐ုံပဲေလ "

" မဟုတ္ဘူး ! "

" ဟင္ ဘာက မဟုတ္တာလဲ ? "

နမ္ဂၽြန္က ကေနရာက ရပ္လိုက္ၿပီး ေဂ်ာင္ကုကို

ၾကည့္လိုက္သည္ ။

" ဒီတစ္ခါ အစ္ကိုဟိုေဆာ့နဲ႔ မဟုတ္ဘူး "

" ဟင္ ? ဟိုေဆာ့ မဟုတ္ရင္ မင္း စိတ္တိုင္းက်

တဲ့သူ ေတြ႕ထားလို႔လား ? "

ေဂ်ာင္ကုက အနည္းငယ္ စဥ္းစားလိုက္ၿပီး ေခါင္း

ညိတ္လိုက္သည္ ။

" ထူးဆန္းလွခ်ည္လား ? မင္းက တစ္ျခားသူကို

စိတ္တိုင္းက်တာရွိတယ္ ? ဘယ္သူမ်ားလဲ ? "

ေဂ်ာင္ကုက ေသေသခ်ာခ်ာ ေလးေလးနက္နက္နဲ႔

နမ္ဂၽြန႔္ကို ၾကည့္ကာ ေျပာလိုက္သည္ ။

" ပတ္ဂ်ီမင္း ! "

//

" ေဟ့ေကာင္ ! ပတ္ဂ်ီမင္း အခု အိမ္ကိုလာစမ္း !! "

ဟိုေဆာ့က ဖုန္းထဲကေနၿပီးေတာ့ ဂ်ီမင္းကို အတင္း

ေခၚေနသည္ ။

" မအားဘူးေလ အစ္ကိုရဲ့ ကၽြန္ေတာ္ အလုပ္လုပ္ေနတယ္ "

" မသိဘူး အခုလာ ... "

" အခုလာရေအာင္ အလုပ္ရွင္က အစ္ကို႔ အေဖမွ

မဟုတ္တာ "

" လာဆိုလာကြာ "

" အစ္ကိုေရ ! အစ္ကို႔ႀကီးေဒၚႀကီးနဲ႔သာ မန္ေနဂ်ာနဲ႔

လာေပးစားလိုက္ေတာ့ "

" မင္းေမႀကီးေတာ္ျဖစ္ေနလား လာပါဆို !! အေရး

ႀကီးတယ္ ေျပာစရာရွိလို႔ "

" ဘာကိစၥလဲ ! ခုေျပာလို႔မရဘူးလား ? "

    people are reading<Dancing On Your Heartbeat • Kookmin || Completed ||>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click