《Dancing On Your Heartbeat • Kookmin || Completed ||》- 21 -
Advertisement
ဂျောင်ကုက ခေါင်းသုတ်ပေးတာကို ငြိမ်ခံနေရင်းက
အတန်အသင့်ကြာတော့ ဂျီမင်း နာမည်ကို ခပ်တိုး
တိုး ခေါ်လာသည် ။
" ဂျီမင်းရှိ ! "
" အင်း ပြောလေ ... "
" နောက်နေ့တွေရော ခဏခဏ လာလည်ပေးလို့ရမလား "
ဂျီမင်းက ခေါင်းကို သုတ်ပေးနေသော လက်တို့
တုံ့ခနဲ ရပ်သွားသည် ။
" ဘာလို့လဲ ဂျောင်ကု ! "
" ဂျီမင်း နဲ့နေရတာ ပျော်သလို ခံစားရလို့ပါ ။ တစ်
ယောက်တည်းရှိနေရင် သူ့အကြောင်းပဲတွေးမိနေမှာ
စိုး ... စိုး ... "
" လာမယ် လာမယ် နေ့တိုင်းလာမယ် ... "
မဆိုင်းမတွ ဖြေလိုက်တဲ့ ဂျီမင်း ရဲ့ အဖြေကို ဂျောင်
ကုက သဘောကျကာ ကြိတ်ရယ်လိုက်သည် ။
" ကဲကဲ ခေါင်းလဲ အတော် ခြောက်နေပြီ ... မြန်မြန်
မနက်စာစားဖို့လုပ်နော် ! သွားတော့မယ် ! "
" ဂျီမင်းက ဘယ်သွားမလို့လဲ ? "
" ဘယ်သွားရမှာလဲ ? အလုပ်ရှိသေးတယ်လေ "
" အော် "
ဂျောင်ကု လေသံမှာ တိုးညင်းနေပြီး မသွားစေချင်တဲ့
ပုံ သဘောမကျတဲ့ အသံပုံစံ ဖြစ်နေသည် ။
" ဘာလို့လဲ မသွားရဘူးလား ? "
" မဟုတ်ပါဘူး သွားပါ ရပါတယ် "
" အင်း ဒါဆိုလည်း သွားပြီနော် "
မသွားစေချင်ပေမယ့်လည်း မသွားပါနဲ့လို့ တားခွင့်
မရှိတော့ တကယ်မသွားစေချင်သူနဲ့ ထွက်မသွားချင်
သူ နှစ်ဦးနှစ်ဖက် ဖြစ်နေတော့သည် ။
ဂျီမင်းက အရင်ကထက် သွေးအေးသွားသလိုမျိုး
ငြိမ်သက်သွားသည်က ဂျောင်ကုက အနီးကပ်နေမှ
သတိထားမိသည် ။ အရင်ကလို ဂျောင်ကုကို ရွှန်း
ရွှန်းစစကြည့်နေမယ့် အကြည့်တွေမျိုး ပြန်လိုချင်
မိနေတဲ့ လောဘဟာ ရီစရာကောင်းနေပြန်သည် ။
တကယ်တမ်း ဘာပေးဆပ်မှုမှ မရှိခဲ့ဘဲ အခုလိုချင်
သည်ဆိုတော့ သိပ်လောဘကြီးမနေမိဘူးလား ။
ဘယ်အချိန်ကတည်းက ဂျီမင်းက ရင်ထဲ မြန်မြန်
ရောက်နေခဲ့လို့ ဆဲအင်းကို မြန်မြန် မေ့ပစ်နိုင်ရတာ
လဲဆိုတာ ဂျောင်ကု ကိုယ်တိုင် မသိတော့ပြီ ။
" ကျွန်တော်က မကောင်းတဲ့သူဆိုလည်း အဲ့လိုသူပဲ
ထားပါတော့ ။ ခင်ဗျား ကြင်နာတာတွေကိုတော့ ခံ
ချင်သေးတယ်ဗျ "
ဂျောင်ကုက တစ်ယောက်တည်း ရေရွတ်ကာ ပြုံး
လိုက်မိသည် ။
//
ဂျီမင်းက ဂျောင်ကု အိမ်ကထွက်လာခဲ့ပြီးနောက်
အိမ်ရှေ့မှာ အတော်ကြာကြာ ရပ်နေမိသည် ။
" ငါလုပ်နေတာတွေ မှန်ရဲ့လား ? "
ဂျောင်ကု အပေါ်ထပ်ပြီး သံယောဇဉ် မတွယ်ချင်ပြန်
ဘူးဖြစ်သည် ။ နာကျင်ခဲ့ရတာတွေကို ထပ်ပြီး နာကျင်
ဖို့ ကြိုဆိုနေသလိုဖြစ်နေပြီလား ဆိုတာ မတွေးတတ်
တော့ပြီ ။
မချစ်တော့ဘူး လို့ ဘယ်လောက် ငြင်းနေပါစေ နှလုံး
သား ကမှ လက်မခံနိုင်ဘဲလေ ။ ဘေးမှာ တစ်ခြားသူ
မရှိတော့ချိန် လိုသုံးဘဝ အဖြစ်ခံနေပြီး နာကျင်သွား
ရမှာမျိုးလား ။
" ဂျောင်ကုရယ် ... ငါမင်းနဲ့ပတ်သက်ရင် အမြဲ တွေ
ဝေ ပျော့ညံ့နေတာ "
ကြိုမမြင်ရတဲ့ အနာဂတ်ကြောင့် ဂျီမင်းက သက်
ပြင်း ရှည်ရှည်သာ ချလိုက်မိသည် ။
" ငါ့ကို ဒီလိုပုံစံမျိုးနဲ့ ဆက်ဆံပေးရင် ငါက ထပ်ပြီး
ကျရှုံးသွားလိမ့်မယ် ဂျောင်ကု ... "
ဂျီမင်းက ဂျောင်ကု အိမ်ရှေ့ကနေ ထွက်လာပြီး
ဘတ်စ်ကားဂိတ်ထိ သွားရင်း ရေရွတ်လိုက်မိသည် ။
" ဘာပဲဖြစ်ဖြစ် ဒီအချိန်ဟာ ငါမင်းဘေးမှာ ရှိနေပေး
ရမယ့် အချိန်ဆိုရင် အဲ့အထိပဲ ။ အဲ့အထိပဲပေါ့ ဂျောင်
ကုရယ် "
ဂျောင်ကုလည်း အဆင်ပြေပြီး နေသားကျလို့ ဒဏ်
ရာတွေ ကျက်သွားရင်လည်း ဂျီမင်းအဖို့ အနားက
ထွက်သွားဖို့ အသင့်ပါပဲ ။
//
Dance Class ထဲကို ဝင်လာတဲ့ ဂျောင်ကု ကို ယွန်း
ဂီတို့ အားလုံးက တအံ့တသြ ကြည့်နေကြသည် ။
" ဂျောင်ကု !!!! "
ဂျောင်ကုက ခေါ်သံလာရာ ခေါင်းကို မော့ကြည့်
လိုက်တော့ ယွန်းဂီ ဖြစ်နေသည် ။
" မင်း ကား accident ဖြစ်တယ်ဆို ! မင်းကသာ
မလာနဲ့ဆိုလို့ ငါလည်းစိတ်ပူနေတာ"
" အဆင်ပြေပါတယ် အစ်ကို ရဲ့ ခုကြည့်ပါလား ?
ပွန်းပဲ့ရုံပဲမို့ အဲ့နေ့ပဲ ဆေးရုံကဆင်းလာတာ ။ စိတ်
မပူပါနဲ့ "
" ထိခိုက်မိတာရော ရှိသေးလား ? "
" တကယ် ဘာမှမဖြစ်ပါဘူး အစ်ကိုရဲ့ ။ အစိုးရိမလွန်နေပြန်ပါပြီ"
" မင်းကွာ ! နဂိုထဲက ကိုယ့်ကျန်းမာရေးနဲ့ကိုယ် ရှိရဲ့
သားနဲ့ ကားမောင်းတာကို မူးနေတုန်း မောင်းစရာ
လား ပြဿနာကို လက်ယက်ခေါ်တယ် တကယ်ပဲ ! "
ယွန်းဂီက ဂျောင်ကု ပုခုံးကို ဖက်လျက် ပြောလာ
သည် ။
" ကျွန်တော် မူးပြီးမောင်းတယ်လို့ အစ်ကို့ ကို
ဘယ်သူပြောလဲ ? "
" ဂျီမင်း ! "
" သူကလား ? "
ဂျီမင်းက ယွန်းဂီကို ဒီအကြောင်းတွေ ပြောပြထား
သည်ဆိုတော့ ဂျောင်ကုမှာ အံ့သြရသည် ။
" ဟုတ်တယ် ငါဖုန်းဆက်မေးရတာလေ ။ မင်းက
ဖုန်းလဲ မကိုင်ဘူး ။ အဲ့နေ့က မင်းက ကောင်လေး
တစ်ယောက်နဲ့အတူ ဆေးရုံဆင်းသွားတယ်ဆိုတာ
ငါတို့ အားလုံးသိတယ် "
ဂျောင်ကုက ဘေးကို ကြည့်လိုက်တော့ နမ်ဂျွန်နဲ့ ဟို
ဆော့က ခေါင်းညိတ်ပြသည် ။
" အဲ့တော့ ဂျီမင်းဆီ ဖုန်းခေါ်လိုက်တာပေါ့ ။ မနက်
က သူမင်းအိမ်မှာ ရှိတယ် ဆိုတာကိုရော မင်းဖြစ်တဲ့
Advertisement
အကြောင်း အစအဆုံးရှင်းပြတယ် ။ မဟုတ်ရင် မင်း
ဘာဖြစ်လို့ဖြစ်မှန်းမသိဘဲနဲ့ ငါတို့မှာ စိတ်ပူနေရတာ ။
မင်းပြောပြမှသိရမယ်ဆိုရင် ဒီတစ်သက်ကတော့ ... "
" အော် အစ်ကို ကလဲ သူ့ကိုဖုန်းဆက်ပြီး စိတ်ဒုက္ခ
ပေး နေပြန်ပါပြီ ! "
" အံမယ် သူကပဲပြောရတယ်ရှိသေး ! တကယ် ဒုက္ခ
ပေးတာက ဘယ်သူလဲ ? မင်းလောက်တော့ စိတ်ဒုက္ခ
မပေးမိသေးဘူး ! "
ယွန်းဂီ ပြောတာကို ဂျောင်ကုက အူလည်လည်နဲ့ နား
ထောင်နေလိုက်သည် ။ သို့သော် ဘာမှပြန်မပြောဖြစ်
ဘဲ ခေါင်းသာ ငုပ်ထားလိုက်သည် ။
" နေစမ်းပါဦး မင်းက အခု ပြန်ကတော့မလို့လား ? "
" အင်း "
" မင်းနှယ့် ! နားပါလားကွာ အေးဆေး "
" မနားပါဘူး အစ်ကို ရယ် ။ နားလိုက်ရင် ဆက်နား
ချင်နေတော့မှာ "
" အေးပါ အလုပ်ကြိုးစားတဲ့ နေရာမှာတော့ မင်းကို
ဇွဲဆုပေးရမယ် ! သူများကျတော့ အလွန်စိတ်ဒုက္ခ
ပေး ပေး..."
" အစ်ကို !!!!! "
ဂျောင်ကုက ယွန်းဂီ ကိုခပ်တည်တည်နဲ့ ထအော်ဖူး
သည်မှာ ဒါ ပထမအကြိမ်ပင်ဖြစ်သည် ။ အော်ပြီးမှ
ကိုယ့်ဘာသာ ပြန်ငြိမ်သွားသည် ။
" အမယ် ငါ့များအော်နေသေးတယ် !! ဒီကောင်စုတ်
လေးကတော့ ။ နေစမ်းပါဦး မင်းတို့ ပြတ်သွားပြီဆို "
ဂျောင်ကုက ဘာမှပြန်မပြောမိ ။
" အေး !!! ကောင်းတယ် ပြတ်သွားတာ "
ယွန်းဂီ စကားကြောင့် ဂျောင်ကုက ယွန်းဂီကို မော့
ကြည့်လိုက်မိသည် ။
" မင်း ဆဲအင်းဒဏ်တွေကို ခံခဲ့ရပြီးပြီ ။ အခုတော်
ပြီ ။ ဒါကြောင့် ပတ်ဂျီမင်းကိုလည်း ဒုက္ခပြန်မပေး
နဲ့ "
" အဲ့တာ ဘာစကားလဲ ? ဒုက္ခပေးတယ်တဲ့လား ? "
ဂျောင်ကုက မအူမလည်နဲ့ ပြန်ပြောနေသည် ။
" မင်းက အသိဆုံးနေမှာပေါ့ ။ မင်းကတော့ သူများ
ကို ဒုက္ခပေးတယ်ပြောလည်းမကြိုက်ဘူး အခုတင်
ဂျီမင်း ကို ဒုက္ခပေးလိုက်ပြီမလား ? "
" အစ်ကို ကလည်း အဲ့လို သဘောမဟုတ်ပါဘူး ။ အဲ့
တာ တိုက်ဆိုင်သွားတာ ။ ကျွန်တော်က ဘာလို့လဲ ? "
" တစ်မိုးအောက် ဂျွန်ဂျောင်ကုကနော် အသဲကွဲ
တယ်ရှိရသေး ! "
" အစ်ကို ကလည်း မကွဲပါဘူးနော် ဒီတိုင်း ခံပြင်းလို့ !!! "
ဂျောင်ကုကို ဆူလိုက် ဖဲ့လိုက် ချီးကျုးလိုက် လုပ်တဲ့
အရင်းနှီးဆုံး သူကလည်း ယွန်းဂီပဲ ဖြစ်သည် ။
" အေးပါ ငါမပြောတော့ဘူး "
ယွန်းဂီက ကြည့်ရတာ ဂျီမင်းနဲ့ ဂျောင်ကုကို နီးစပ်
စေချင် နေပုံပေါ်သည် ။ ထို့နောက် ဂျောင်ကုနဲ့ ယွန်း
ဂီက စကားစပြတ်ခါစ ရှိသေးသည် ။ အခန်းထဲကို
အပြေးအလွှားနဲ့ ဂျီမင်းက ဝင်လာသည် ။
" ဂျောင်ကု !? "
ဂျောင်ကုက ရုတ်တရက် ရောက်လာတဲ့ ဂျီမင်း
ကြောင့် အံ့သြသွားသည် ။
" ဂျီမင်းရှိ !!?? "
" အေး ... မင်းတို့ စကားပြောကြဦး ။ ငါတို့ အက
အတွက် လုပ်စရာရှိတယ် "
ယွန်းဂီက ဘေးကနေ ဂျောင်ကုနဲ့ ဂျီမင်း ပုခုံးကို
ပုတ်လျက် ထွက်သွားသည် ။ ဂျောင်ကုက ဂျီမင်း
ကို ဒီတိုင်း ဆက်တိုက် ကြောင်ကြည့်နေမိသည် ။
စက္ကန့်ပိုင်းမျှ ကြောင်ကြည့်နေသော ဂျောင်ကုကို
ဂျီမင်းက သူ့ရဲ့ အထုပ်တွေ ဘေးချနေရင် ပြောသည် ။
" ဘာတွေကြောင်ကြည့်နေတာလဲ ? မမြင်ဖူးလို့လား ? "
" မဟုတ်သေးပါဘူး ။ ဒီကို ဘယ်လို ရောက်လာတာလဲ ? "
Class ကို မရောက်တာဆို လနဲ့ချီနေသည်ကို သူက
ဒါပထမဆုံး အကြိမ် ပြန်လာခြင်း ဖြစ်တာကြောင့် ပို
အံ့သြရသည် ။
" ဘယ်လို ရောက်လာရမှာလဲ ? မင်းကို စိတ်မချလို့လေ "
" ဟမ် ! "
ဂျောင်ကုက စိတ်မချဘူးဆိုသော စကားရဲ့နောက်
မှာ အများကြီးတွေးမိသည် ။
" ကျွန်တော့်ကို စိတ်မချတာ ? ကျွန်တော်က အဆင်
ပြေပါတယ် "
" အဆင်ပြေတာသိပါတယ် ။ အခုထိ ခေါင်းက မူး
နေတုန်းမလား ။ ကားမောင်းမရမှာစိုးလို့ ကားလိုက်
မောင်းပေးမယ် ။ မင်းက ရတယ်ဆိုလဲ ပြန်တော့မယ် "
" အ ... အဲ့လိုမဟုတ်ပါဘူး ! မ ပြန် ပါ နဲ့ "
ဂျောင်ကုက ဂျီမင်းလက်တွေကို ဆွဲထားလိုက်တော့
အချိန်အတော်ကြာထိ ဂျောင်ကု မျက်လုံးတွေကို
ကြည့်ကာ ပြုံးလိုက်သည် ။ ဂျီမင်း ကြောင့် ဂျောင်
ကုကလည်း ပြန်ပြုံးမိသည် ။ ထိုအပြုံးတွေရဲ့
အဓိပ္ပာယ်တွေကို နှစ်ယောက်ကလွဲလို့ မည်သူမှ
သိမည်မဟုတ်ပေ ။
//
" ဒီနေ့ လိုက်ပို့ပေးတာ ကျေးဇူးပဲနော် ။ Class လည်း
ဝင်မတက်ဘဲ ဒီတိုင်း စောင့်နေပေးပြီး ဒီလို ကူညီ
ပေးတာ .... "
" ရပါတယ် ဒါပေမဲ့ မင်း ပြန်ကတာ အရမ်းမလော
နေဘူးလား ? အနားယူဖို့ လို .. လို "
" အဆင်ပြေပါတယ် ။ ဘာမှ ဖြစ်တာမှ မဟုတ်ဘဲ ။
တစ်ယောက်တည်း အိမ်မှာ ထိုင်နေလို့လည်း မဖြစ်
သေးဘူးလေ ။ ဒီအကက ကျွန်တော့် ဘဝပဲဟာ ။
ပြန်လုပ်ရမှာပေါ့ "
ဂျီမင်းက ဆဲအင်းနဲ့ ပတ်သက်ပြီး အနာမြန်မြန်ကျက်
Advertisement
သွားတဲ့ ဂျောင်ကုကို ကြည့်ကာ ပြုံးနေမိသည် ။
" သိပါပြီ ... ဒါဆို သွားတော့မယ် "
ဂျီမင်းက ကားသော့ကို ဂျောင်ကု လက်ထဲထည့်ရင်း
လှည့်ထွက်သွားသည် ။
" ဟိုလေ ... လာလည်ဦးမယ်မလား ? "
ဂျီမင်းက ပြန်လှည့်လာရင်း ဂျောင်ကု မျက်နှာကို
တော်တော်ကြာ စိုက်ကြည့်နေမိသည် ။ ဂျောင်ကု
အဖို့လည်း ဒီလို ဆွဲထားချင်မိတာ ဂျီမင်း တစ်
ယောက်တည်း ဖြစ်သည် ။
ဂျီမင်းက မလှုပ်တလှုပ်လေး ခေါင်းညိတ်ပြကာ ပြန်
လှည့်ထွက်သွားသည် ။ တကယ်ဆို အရင်ကထက်
သွေးအေးသွားတာကိုတော့ ဂျောင်ကုက သတိထား
မိပါသည် ။
ဂျီမင်းက နောက်ဆုံး တစ်ခေါက် လှည့်လာရင်း
ဂျောင်ကုကို ရုတ်တရက် ပြောလိုက်သည် ။
" သွားပြီ နောက်နေ့တွေ့မယ် ဂျောင်ကုရှိ ! "
ဒီစကားဟာ နောက်တစ်ရက် တွေ့ကြဦးမည်ဆိုတဲ့
သဘောအဓိပ္ပာယ်ပဲမို့ ဂျောင်ကုက နှစ်နှစ်ခြိုက်
ခြိုက် ပြုံးမိသည် ။
" အင်း ! နောက်နေ့နော် ! "
ဂျီမင်းက လက်ကို ထောင်ပြလျက် အိုကေ ပြသည် ။
ဂျောင်ကုက ကိုယ့်ကိုကိုယ် ဘာဖြစ်မှန်း မသိအောင်
ဂျီမင်း ကို တွယ်တာနေမိသည်မှာ မငြင်းနိုင် ။
" ခဏနေပါဦး ! ငါကဘာဖြစ်နေတာလဲ ? "
ကိုယ်တိုင် မမြင်ဖူးတဲ့ ပုံစံတွေကို ဂျီမင်းနဲ့မှ မြင်လာ
ရသည်မှာ ကိုယ့်ကိုကိုယ်ပင် အံ့သြမိသည် ။
" ပတ်ဂျီမင်း ! ခင်ဗျားက ကျွန်တော့်ကို တဖြည်း
ဖြည်း စိုးမိုးလာပြီထင်ပါရဲ့။ "
ဂျောင်ကုက ထွက်သွားတဲ့ ဂျီမင်းရဲ့ ကျောပြင်ကို
ကြည့်ကာ ခပ်တိုးတိုး ပြောမိတော့သည် ။
//
အချိန်က မနက် ကိုးနာရီခန့် ။
ဂျီမင်းက ဟိုဆော့အိမ်မှာ ရောက်နေပြီး မနက်စာ
ပြင်နေသည် ။
" မင်းလည်းနော် ! ဂျွန်ဂျောင်ကုနဲ့ ပတ်သက်မှပဲ
ဒီအိမ်ဘက်လှည့်လာတော့တယ် ။ ပြောပါဦး မင်း
သူ့အနား ပြန်ရောက်နေရတဲ့အကြောင်းလေး ... "
ဟိုဆော့က ထမင်းစားပွဲမှာ ဝင်ထိုင်ကာ ဂျီမင်းကို
ပြောလိုက်သည် ။
" တော်ပါ အစ်ကိုရယ် ။ တိုက်ဆိုင်ရုံပါ ။ သူမတော်
တဆ ဖြစ်တယ်ဆိုပြီး ကျွန်တော့်ဆီ ဖုန်းဝင်လာလို့
ရောက်လာရုံလေးပါ ။ သက်သက်မဲ့ သူ့ဆီရောက်ပါ့
မလား အစ်ကိုရ "
" အဲ့တိုက်ဆိုင်တယ်ဆိုကတည်းက မင်းတို့ ရေစက်
ကိုလဲ ကြည့်ဦးလေ ။ ထားပါ .. အခု သူ့ကို ဂရုစိုက်
ပေးနေတယ်ဆို "
ဂျီမင်းက ဟိုဆော့ စကားကြောင့် နည်းနည်း ရှက်
သွားသည် ။
" အဲ့တာ ဘယ်သူပြောပြတာလဲ ? "
" ဒီသတင်းက ငါတို့မသိဘူးထင်လို့လား ? "
ဂျီမင်းက ဂုတ်ပိုးကို ပွတ်နေလိုက်ပြီး စကားသံက
ကောင်းကောင်း ထွက်မလာ ။
" မဟုတ်ပါဘူး ... ဒီတိုင်း သူက ခေါင်းထိထားတာ
ပြန်မကောင်းသေးဘူးလေ အဲ့ဒါကြောင့် ... "
" အနီးကပ် ပြုစုနေရတယ်ဆိုပါတော့ ! "
" အဲ့လိုလဲမဟုတ်ပါဘူး !!!! "
ဟိုဆော့ က ဂျီမင်းကို ရယ်ကြဲကြဲနဲ့ ပြန်ပြောသည် ။
" ဘာလဲ ? အခုထိ နေနိုင်သလောက် နေလာခဲ့ပြီး
မင်းသူ့ကို ပြန်ပြီး စိတ်လည်နေပြီမလား ? "
ဂျီမင်းက ခဏတော့ တွေဝေမိသွားတာအမှန် ။
တကယ်ပဲ စိတ်ပြန်လည်နေပြီလားဆိုတာ ကိုယ်တိုင်
လည်း ဝေခွဲမရ ။
" မဟုတ်ဘူး ဒီအထိရောက်လာအောင် ဘယ်
လောက် စိတ်တင်းခဲ့ရလဲ ? "
" ဒါပေမဲ့ မင်းပုံစံကို ကြည့်ဦး ! စိတ်ပြန်လည်
နေတာမဟုတ်ဘူး ။ နဂိုတည်းက စိတ်ကမှ
မပြတ်တာ "
ဟိုဆော့ပြောမှ ဂျီမင်းက တစ်စိတ်တစ်ပိုင်းမှန်
နေသည်ကို မငြင်းနိုင် ။ ဒါပေမဲ့ ခေါင်းငုံ့ထား
လိုက်ကာ ဟိုဆော့ကို ငြင်းလိုက်သည် ။
" အဲ့လိုမဟုတ်ဘူး ။ ကျွန်တော်လည်း ကြိုးစား
ခဲ့တာပါပဲ ။ အဲ့လိုနဲ့ ဝေးဝေးမှာ နေနေတာပဲ ! "
" အဲ့တော့ ... ပြောပါဦး ။ အခု သူ့ကို မမေ့နိုင်
သေးဘဲ ချစ်နေတုန်းလား ? "
" ကျွန်တော် ... ကျွန်တော် ... သူ့အပေါ် စိတ်ပြန်
မလည်ချင်တော့ဘူး "
ဂျီမင်း အဖြေက စိတ်နဲ့ ကိုယ်နဲ့ တစ်လမ်းစီ ရွေးချယ်
နေတာကို ဟိုဆော့က သတိထားမိသည် ။ ဟိုဆော့
က ရီနေရာက အတည်ပေါက် ပြောလိုက်သည် ။
" ငါနားလည်ပါတယ် မင်းက နာကျင်ခဲ့ရတဲ့သူဆိုတော့ ... "
တကယ်ဆို ဂျောင်ကုဟာ အခုဆို လွတ်လပ်သူ
ဖြစ်နေပြီ ဆိုပေမယ့်လည်း ဂျီမင်းအတွက်တော့
ရခဲ့တဲ့ ဒဏ်ရာတွေက စိတ်ဒဏ်ရာ ထာဝရ ဖြစ်
နေရသည်ကို နားလည်သည် ။
" အခု ဒီတိုင်း ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်လို
ကျွန်တော် သူ့ကို ဆက်ဆံပေးတယ် ဒါပဲ ... ဟုတ်
တယ် ဒါပါပဲ "
" သိပါပြီ သိပါပြီ ထားတော့ ! မင်းငါနဲ့ ခုမှတွေ့ရတာ
အပြင်မှာ တစ်ခုခု သွားစားရအောင် ။ ငါမင်းကိုဝယ်
ကျွေးမယ် ကြိုက်တာမှာ ! "
" တကယ်လား !!! "
အရောင်နည်းနည်းလက်သွားသော ဂျီမင်းရဲ့မျက်
လုံးတွေက ခုဏက အတည်ပေါက်ပြောနေတာပင်
သူမဟုတ်တော့သလို ။
" ဒါပြီးရင် ဘယ်သွားစရာရှိသေးလဲ ဂျီိမင်း ! "
ဂျီမင်းက ဘာမှမဖြေဘဲ တိတ်ဆိတ်သွားသည် ။
"အာ ... ဂျွန်ဂျောင်ကု ဆီလား ? "
" ဟုတ်တယ် ! သူ့အကြောင်း သိတယ်မလား ။ သူက
ထိခိုက်ထားတာတောင်မှ အငြိမ် မနေဘူးလေ ။ က
တာကိုလည်း ပြန်လုပ်နေသေးတယ် ။ ခေါင်းက တစ်
ချက် တစ်ချက် မူးနေတာကို အခုထိ ကားလည်း
ကိုယ်တိုင် မောင်းလို့မဖြစ်သေးဘူး ။ ဒါကြောင့် ကူ
ညီပေးနေတာ ။ ပြီးတော့ ... "
ဂျီမင်းက ဆက်ပြောဖို့ နှုတ်ဆိတ်သွားသည် ။
" အင်း ပြီးတော့ ဘာဖြစ်လဲ ? "
" သူက ကျွန်တော့်ကို သူ့အနားမှာနေဖို့ ပြောလာတယ် "
" ဘာ ? တကယ် ?!! "
" အင်း ! အသဲကွဲခါစဆိုတော့လည်း အဖော်လိုနေမှာ
ပေါ့ အစ်ကို ! "
" မင်း တကယ် အဲ့လိုပဲတွေးလား?"
ဟိုဆော့စကားကြောင့် ဂျီမင်းက ဟိုဆော့ ကို တစ်
ချက်မော့ကြည့်လိုက်ပြီး ခေါင်းပြန်ငုံ့ထားလိုက်သည် ။
" အင်း အဲ့လိုပဲတွေးတယ် "
" အေး ... ကောင်းပါတယ် အဲ့လိုပဲတွေး ! "
တကယ်ဆို ဒီလိုပုံစံက ဂျောင်ကုရဲ့ ပုံစံ မဟုတ်တာ
တော့ ဟိုဆော့က သိပြီးသား ဖြစ်သည် ။ မျှော်လင့်ချက်တွေ ရှိနေရင်လည်း ဂျီမင်း အတွက်
ဘာဖြစ်လာမယ် မသိတာမို့ ဟိုဆော့က ဘာမှ ဆက်
မပြောတော့တာ ဖြစ်သည် ။
တိုး ခေါ်လာသည် ။
" ဂျီမင်းရှိ ! "
" အင်း ပြောလေ ... "
တုံ့ခနဲ ရပ်သွားသည် ။
" ဘာလို့လဲ ဂျောင်ကု ! "
စိုး ... စိုး ... "
" အော် "
ချင်သေးတယ်ဗျ "
လိုက်မိသည် ။
//
တော့ပြီ ။
ရမှာမျိုးလား ။
ဝေ ပျော့ညံ့နေတာ "
ကုရယ် "
//
" ဂျောင်ကု !!!! "
မပူပါနဲ့ "
သည် ။
ဘယ်သူပြောလဲ ? "
" ဂျီမင်း ! "
" သူကလား ? "
ငါတို့ အားလုံးသိတယ် "
ပေး နေပြန်ပါပြီ ! "
မပေးမိသေးဘူး ! "
" အင်း "
" မနားပါဘူး အစ်ကို ရယ် ။ နားလိုက်ရင် ဆက်နား
ချင်နေတော့မှာ "
ပေး ပေး..."
" အစ်ကို !!!!! "
ကြည့်လိုက်မိသည် ။
နဲ့ "
တာ တိုက်ဆိုင်သွားတာ ။ ကျွန်တော်က ဘာလို့လဲ ? "
တယ်ရှိရသေး ! "
" အေးပါ ငါမပြောတော့ဘူး "
" ဂျောင်ကု !? "
ကြောင့် အံ့သြသွားသည် ။
" ဂျီမင်းရှိ !!?? "
အတွက် လုပ်စရာရှိတယ် "
ပုတ်လျက် ထွက်သွားသည် ။ ဂျောင်ကုက ဂျီမင်း
အံ့သြရသည် ။
Advertisement
- In Serial12 Chapters
In My Arms
Warning: This is the first draft of this work. After this draft is done editing and a new draft will be loaded. One was just a spark that could cause a wildfire, as his father said. The other was the youngest brother to the king, all the rules and expectations of a royal but the love of no one. Tacitus was a young man in a world where people must hide what they are, anything not human was simply brushed under the rug. As such, he, and on top of being something already hushed, found himself with a rare genetic mutation that didn't make his life any better. Even after his own mother decided to get rid of him instead of facing society's toils with him. Now, sold as a companion to a noble in a different land far away from where he was born.
8 256 - In Serial51 Chapters
Fate
Both of them were just looking for sex until feelings got involved, secrets unfolded, and unconditional love was thrown into their whirlwind of violence, trust issues, and revenge. No matter the circumstances, the two were drawn together like magnets; the attraction between them was undeniable. There's just two problems: he has a fiancé and she's the type to hit it and quit it. Dallas Jacobs goes through hell and back to keep Milani Ross in his life. Every time, shit gets sweet there's always someone lurking in the shadows, waiting to get their revenge. His friendships and relationships are put to the test when he's threatened by having his deepest, darkest secrets exposed. Just when he has it all, he loses it within the blink of an eye. He quickly learns a valuable life lesson: "An eye for an eye mentality doesn't solve anything. It just makes the whole world blind." ****-Urban Romance❤️-18+DISCLAIMER: The images used in this book are not mine. They are used for the sole purpose of portraying characters and will not be used by me, outside of wattpad. The information in this book is fictional and is not affiliated with any of the face claims in this book. In other words, the information is about the fictional characters in the book, NOT about the face claims that are portraying the characters.
8 212 - In Serial49 Chapters
Cell Mates (boyxboy) (Book 1: Behind Bars)
Arrested for a crime he didn't commit, eighteen year old Riley Parker is thrown into a maximum security prison to carry out his sentence. He expected a cold hard life, filled with danger and uncertainty, what he didn't expect was his cell mate Nathaniel Grayson; he was gorgeous and more than a little frightening but Riley soon finds himself feeling much more than attraction for this hard man, only, you can't fall in love in prison..can you?ALL NAMES,PLACES etc USED IN THIS NOVEL ARE PURELY FICTIONAL.NB: NOT YOUR AVERAGE PRISON SETTING.THIS NOVEL HAS BEEN PUBLISHED and is now AVAILABLE FOR PURCHASE at select online stores (links on my profile).Cover design by: Ally_the_Secret Ninja
8 301 - In Serial6 Chapters
Unrepentant Hopes (First Draft)
Removed from society due to his chronic illness and raised in a cabin in the woods, the Camarian child-prince Nathanael is dying. It is not long after he learns this, that he hears that he is a monster from the lips of his religious family. Devastated he will do anything to be accepted by his god and family again, including not fight an unjust fate. At the same time Royale’s second prince Drefan barely survives weeks of opium detox in his attempts to forget what has driven him into the northern deserts. In an escape from the belief that he too is a monster, who deserves to have that word etched into his skin. What does it truly mean to be a monster? Note: The main characters are LGBT. Deals with Drug Addiction and Abuse. Due to being a Full-Time Teacher I write and will update very slowly.
8 142 - In Serial123 Chapters
Leap Year:366 vol. 1
Words are given meaning, when used by man So this book contains words meant to express love, care, hatred compliment etc. Sit back and enjoy the journey into the leap year:366
8 123 - In Serial44 Chapters
Little Dark Age ◆ JeonJungkook✔
"Dying was NOT on today's agenda.""Dying shouldn't be on any days agenda.""Oh, since when are you the one making the plans, huh?"❖Surviving the apocalypse is hard and all but have you tried getting along with a scythe swinging, sociopathic maniac? Yeah. THAT'S hard. Too bad that said sociopathic maniac is your only insurance of staying alive in this absolute mayhem.Highest Ranking:#2 post-apocalyptic
8 118