《Dancing On Your Heartbeat • Kookmin || Completed ||》- 20 -
Advertisement
" ပတ်ဂျီမင်း ဆိုတာလား မသိဘူး ခင်ဗျ ။ ဒီဖုန်းပိုင်
ရှင်ကကား Accident ဖြစ်ထားလို့ ။ ခုဆေးရုံပို့ထား
ပါတယ် ။ အမြန်လာပေးနိုင်လား ခင်ဗျ ? ဆေးရုံက ... "
တစ်ဖက်က တရစပ် ပြန်ပြောသော အသံကြောင့်
လက်ထဲက ဖုန်းက မြေကြီးပေါ်ကို ပြုတ်ကျသွားသည် ။
ပထမဆုံး စခေါ်တဲ့ ဖုန်းဟာ ကား Accident ဖြစ်လို့
တဲ့လေ ။ ဂျီမင်းက မယုံနိုင်သေးဘဲ ကြောင်နေမိသည် ။
" နောက်နေတာမလား ? "
" မြန်မြန်လာပေးပါ ... "
ချသွားတဲ့ဖုန်းနောက်ကွယ်မှာ ဂျောင်ကု ဘာတွေဖြစ်
နေလဲဆိုတာ ဘာမှ မသိရ ။ အနည်းဆုံးတော့ သူက
ကောင်းကောင်းရှိနေရမှာကို ဝေးကွာနေတော့မှ ဒီလို
အဖြစ်ကို ဖြစ်သည် ။
ဂျီမင်းက မိုးရေထဲမှာ အတွေးပေါင်းများစွာနဲ့ ထီးလဲ
မပါဘဲ ဂျောင်ကု ရှိတဲ့ ဆေးရုံဆီ ဦးတည်ရင်း ပြေး
နေမိသည် ။
" မဟုတ်ဘူး ... ပြေးနေလို့မဖြစ်ဘူး ။ တက္ကစီ ...
တက္ကစီ "
လူက ရူးသွားမလိုတော့ ဖြစ်ချင်သည်မို့ အသိစိတ်
လည်း လွတ်နေမိသည် ။
တက္ကစီကို အမြန်တားလိုက်ကာ ဆေးရုံဆီသို့ ရောက်
လာခဲ့သည် ။ ဂျီမင်းက ကားပေါ်က ဆင်းဆင်းချင်း
ဆေးရုံထဲကို ရွှဲစိုနေတဲ့ အဝတ်အစားတွေနဲ့ ဝင်လာ
တာကြောင့် အားလုံးက အထူးတဆန်း ကြည့်နေကြ
သည် ။
" ဂျွန်ဂျောင်ကု ဆိုတဲ့ လူနာက ဘယ်မှာလဲ မသိဘူး
ခင်ဗျာ ... "
" ဒီလှေကားက တက်သွားရင် ညာဘက် အစွန်ဆုံး
အခန်းမှာပါနော် "
ဂျီမင်းက အမောဖောက်မတတ် ဖြစ်နေသော်လည်း
ပြေးတာကိုမရပ်နိုင်သေးဘဲ အခန်းရှေ့ ရောက်သည်
အထိ ပြေးနေမိသည် ။
အခန်းရှေ့ကိုရောက်တော့ တံခါးကို အမြန်ဆွဲဖွင့်
လိုက်သည် ။
" ဂျွန်ဂျောင်ကု ... ကု ... "
ကုတင်ပေါ်မှာ အကောင်းပကတိအတိုင်း ထိုင်နေတဲ့
ဂျောင်ကု ကို မြင်လိုက်ရသည် ။
" ဂျောင် ... ဂျောင်ကု ? "
" ဂျီမင်းရှိ ! ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ ? "
ဂျောင်ကုကလည်း အတော်အံ့သြနေတဲ့ မျက်လုံး
များနဲ့ ကြည့်နေသလို ဂျီမင်းကလည်း အတော်အံ့
သြစွာ ကြည့်နေမိသည် ။
" အော် ... ဝင်ဦးလေ ။ အပေါက်ဝမှာ ဘာလုပ်နေ
တာလဲ ? "
" ကား Accident ဖြစ်တယ်ဆို ? တစ်ခုခု ထိခိုက်မိ
တာ မရှိဘူးလား ? ပါးမှာလည်း ဒဏ်ရာတွေပဲ ... "
ဂျီမင်းက ဂျောင်ကုကို ခေါင်းစ ခြေဆုံး ကြည့်လိုက်
ပြီး ပူပန်နေသည် ။
" ဟုတ်တယ် ! နည်းနည်းလေး ပွန်းပဲ့ရုံလောက်ပါပဲ "
ဂျီမင်းက အဲ့တော့မှ သက်ပြင်းကို ချနိုင်သည် ။
" ဟူး ! တော်ပါသေးရဲ့ ဘယ်လောက်တောင် စိတ်ပူ
သွားတယ်မှတ်လဲ ? "
" စိတ်ပူတယ် ? ဒါကို ဘယ်လိုသိတာလဲ ? "
" ဖုန်းဝင်လာတာလေ ! "
" ဖုန်းဝင်တယ် ? "
ဂျောင်ကုက ပြန်စဉ်းစားကြည့်မှ Accident မတိုင်
ခင်က ဂျီမင်းဆီ ဖုန်းခေါ်ဖို့လုပ်ခဲ့မိသည် ။
" အာ ... ဟုတ်တယ် ကျွန်တော် ဖုန်းခေါ်မလို့
လုပ်ခဲ့တာ "
ဂျောင်ကု စကားကြောင့် ဂျီမင်းက ဆွံ့အသွားခဲ့
သည် ။ အဆက်အသွယ်တွေ မရှိတာကြာလို့ ဘာ
မှလည်း မပြောဖြစ်ကြတော့တာကို ဖုန်းခေါ်ဖို့ လုပ်
သည်တဲ့လား ။
" ဘာလို့ ဖုန်းခေါ်မလို့ လုပ်ခဲ့တာလဲ ? "
" အာ ... အဲ့ဒါ အဲ့ဒါက ... "
" လူနာ ... ဂျွန်ဂျောင်ကု မှန်ပါတယ်နော် "
အခန်းထဲသို့ ဝင်လာသော ဆရာဝန်ကြောင့် ဂျီမင်းတို့
စကားစပြတ်သွားသည် ။
" ပွန်းပဲ့ရုံလေးဆိုတော့ ဆေးရုံဆင်းချင်ရင် အခု
ဆင်းလို့ရပါပြီ "
ထို့နောက် ဆရာဝန်က ဂျောင်ကု ကို တစ်ချက်
စစ်ဆေးကြည့်လိုက်ရင်း သတိပေးစကားပြော
သည် ။
" နောက်ခါ မူးနေရင် ကားမမောင်းနဲ့နော် "
" ဟုတ် .. ဟုတ်ကဲ့ "
ဂျောင်ကုက ခေါင်းငုံ့လျက် အမှားလုပ်ထားသူ
လို ပြောနေသည် ။
ဆရာဝန်က ဂျီမင်းဘက်ကို လှည့်ကြည့်ကာ -
" ဒါက လူနာရှင်ထင်တယ် ဆေးရုံဆင်းဖို့ ပြင်လို့
ရပြီနော် "
" ဟုတ်ကဲ့ဗျ ! "
ဆရာဝန်က ပြောပြီး ထွက်သွားတော့ နှစ်ယောက်
သား ဘာဆက်ပြောရမှန်းမသိအောင် မျက်နှာပူ
နေကြသည် ။
" ဂျောင်ကုရှိ ! " " ဂျီမင်းရှိ ! "
တစ်ပြိုင်နက် ထွက်လာသော အသံနှင့် အတူ နှစ်
ယောက်လုံး ပြန်ငြိမ်သွားကြပြန်သည် ။
" ဒါနဲ့ ဘာတွေဖြစ်တာတုန်း ? မူးနေတာကို ဘာလို့
ကားမောင်းရတာလဲ ? "
" နောက်မှ ပြောပြပါ့မယ် အရင်ဆုံး ကျွန်တော့်ကို
အိမ်ပြန်ပို့ပေးနိုင်မလား ? ကားတိုက်ထားတဲ့ အရှိန်
က ခေါင်းနည်းနည်း မူး ... မူး ... "
" ဟင် ? ခေါင်းမူးနေတာလား အဆင်ပြေရဲ့လား ?
ဘယ်လိုလုပ်မလဲ ဆရာဝန်ကို ပြန်ခေါ်ပေးရမလား ? "
" မဟုတ်ဘူး မဟုတ်ဘူး အဲ့လောက်မဟုတ်ပါဘူး ။
အဆင်ပြေပါတယ် "
ဂျီမင်းက တကယ်တမ်းကျ စိတ်ပူပြီး ဂျောင်ကုရဲ့
လက်တွေကို အမြန်ဆုပ်ကိုင်ထားပြီးသား ဖြစ်နေ
တာ သတိမထားလိုက်မိ ။ ထို့နောက် လက်တို့ကို
Advertisement
အသာယာဖြေလျှော့ပြီး လွှတ်လိုက်ကာ ပြောလိုက်
သည် ။
" သိပါပြီ ... ဒါဆိုလည်း အိမ်ထိပြန်ပို့ပေးပါ့မယ် "
//
ဂျီမင်းက ကိုယ်တိုင် ဂျောင်ကု ကားကို မောင်းလာ
ပေးကာ ဂျောင်ကုကို အိမ်ထိပြန်လိုက်ပို့သည် ။
လမ်းတစ်လျှောက်လုံး တိတ်ဆိတ်လျက်ရှိပြီး ပတ်
ဝန်းကျင်ကလည်း တိတ်ဆိတ်သလို နှစ်ယောက်လုံး
ကလည်း တိတ်ဆိတ်နေသည် ။
" ကျွန်တော်တို့ ပြတ်သွားပြီ ! "
ရုတ်တရက် ပြောလာသော ဂျောင်ကု စကားကြောင့်
ဂျီမင်းက မယုံနိုင်ဖြစ်နေသည် ။
" ဘာပြောတာ ? "
" ကျွန်တော်တို့ ပြတ်သွားပြီ ! "
ဂျီမင်းက ကားကို ဘေးချကာ ရုတ်တရက်ရပ်
လိုက်သည် ။
ဂျီမင်းက တအံ့တသြ ဂျောင်ကုကို ကြည့်နေတော့
ဂျောင်ကုက ဂျီမင်း မျက်နှာကို တစ်ချက်ကြည့်ကာ
ပြန်လှည့်သွားသည် ။
" ဟုတ်တယ် ကျွန်တော်တို့ ပြတ်သွားကြပြီ "
ဂျီမင်းက ဂျောင်ကု လက်ကို ကြည့်လိုက်တော့ မြင်
တိုင်း ရင်နာခဲ့ရတဲ့ လက်သန်းကြွယ်မှာ ဘာလက်စွပ်
မှ ရှိမနေတော့ ။
" နေပါဦး ! ဘာက ဘယ်လို .. ဘယ်လိုဖြစ်ပြီး ? "
" သူက ဖြတ်တာပါ ! သူ့ အလုပ်အတွက် အနှောင့်
အယှက်ဖြစ်တယ်တဲ့လေ ။ Debut တော့မယ်ထင်ပရဲ့ ။ ကျွန်တော်ဒီလောက် သိုသိုသိပ်သိပ် နေပေးခဲ့
တာတောင် အနှောင့်အယှက်ဖြစ်တယ်တဲ့လေ "
ဒေါသသံတစ်ချို့နဲ့ပြောနေသော ဂျောင်ကုကို ကြည့်
ရတာ ခံပြင်းနေပုံပေါက်သည် ။ ဂျီမင်းကတော့ ဘာ
ပြောရမှန်းမသိတာကြောင့် နှုတ်ဆိတ်နေလိုက်သည် ။
"လွယ်လိုက်တာ ။ လမ်းခွဲတာကို ပါးစပ်က လွယ်
လွယ်ပြောထွက်ကြတယ် ။ ဘာကိုမှလဲ မထောက်
တတ်ကြဘူး ။ တကယ်မချစ်ကြတော့ဘူးဆိုရင်
လွယ်လွယ်လေးပဲ ပြောထွက်ကြတယ် "
ဂျောင်ကုက ကားမှန်ကို ထုလိုက်ကာ လေသံက
လည်း မာနေသည် ။
" မင်း အခု ခံစားနေရတာလား ? "
ဂျောင်ကုက ဂျီမင်း မျက်နှာကိုတစ်ချက်လှည့်ကြည့်
ကာပြောလိုက်သည် ။
" ကျစ် ! ကျွန်တော့်ပုံက ခံစားနေရတဲ့ ပုံပေါက်နေလို့လား ? "
" မင်း မျက်ဝန်းထဲက မျက်ရည်စတွေကို အရင်သုတ်
ပါဦး "
တကယ်တမ်းကျ ဂျောင်ကုက ခံလည်း ခံပြင်းရင်း
နာကျင်ရတာမို့ မျက်ရည်ကျမိတာ ဖြစ်သည် ။
" ကျွန်တော်မငိုပါဘူး "
" အင်း ... ဒီလောက်အကြာကြီးချစ်ခဲ့တဲ့သူက ထား
သွားခဲ့တော့လည်း ဘယ်သူက မခံစားရပဲနေမှာလဲ "
" ကျွန်တော် မခံစားပါဘူး "
ဂျောင်ကု မျက်လုံးတွေက လိမ်နေသည် ။
တော်တော်လေး ခံစားနေရတာကို မြင်နေပါလျက် ။
ဂျီမင်းက ဂျောင်ကုကို ငေးကြည့်နေရင်း ထပ်တူ
နာကျင်ရပြန်သည် ။ လမ်းခွဲခံရတဲ့ချိန် ဘယ်လောက်
နာကျင်နေလိုက်မလဲ ။ သောက်နေတဲ့ အချိန်ကဆို
အဖော်မရှိဘဲ တစ်ယောက်တည်း ဘယ်လောက်များ
တောင် နာကျင်နေလိုက်မလဲ ။
ဂျီမင်းက တွေးရင်း တွေးရင်း ဂျောင်ကုကို ပိုသနားမိ
လာသည် ။
" ဒါကြောင့် ကျွန်တော့်ကို ဖုန်းခေါ်ဖို့ လုပ်ခဲ့တာ
လား ။ ဒါ ဘာလို့ ကျွန်တော်မှလဲ ? "
ဂျောင်ကုက ဂျီမင်း မျက်နှာကို ကြည့်လိုက်ကာ
ပြောစရာတို့ ပျောက်သွားသည် ။
" တောင်းပန်ပါတယ် ။ မူးကလည်း မူးနေတော့
လျှောက်ခေါ်မလို့ နှိပ်ရင်းက မျက်စိရှေ့ကို ကား
တစ်စီး ထိုးဝင်လာတာပဲ မှတ်မိတယ် ။ ဆေးရုံပို့
ပေးတဲ့သူတွေက အဲ့ဒီဖုန်းနံပါတ်ခေါ်ဖို့လုပ်ထား
တာကို မြင်ပြီး တန်းခေါ်လိုက်တာနေမယ် ။ တောင်း
ပန်ပါတယ် "
တကယ်ဆို ဒီလို နာကျင်နေရချိန်မှာ ဘေးနားရှိနေ
ရတာက ကံကောင်းနေပြီမို့ ဘယ်လိုတောင်းပန်မှုမျိုး
ကိုမှ မလိုချင်ခဲ့ ။
" ဂျောင်ကု ! "
ဂျောင်ကုက ဝမ်းနည်းနေသောမျက်လုံးများနဲ့ ဂျီမင်း
ကို ဆတ်ခနဲလှည့်ကြည့်သည် ။
" တောင်းပန်စရာမလိုပါဘူး ။ ကျွန်တော့်ကို ခေါ်
လိုက်တာမှန်ပါတယ် ။ ဒီတော့ အခု ငိုချင်ရင်လည်း
ငိုလို့ရပါတယ် ။ ကိုယ်ချစ်တဲ့သူအတွက် ငိုတာပဲ
လေ ။ အဆင်ပြေပါတယ် ။ တစ်ခါတစ်လေ အဲ့လို
ငိုချလိုက်ရတော့လည်း ပေါ့သွားတတ်တယ် "
တစ်ချိန်က မျက်စိရှေ့က ကောင်လေး ကြောင့်ပဲ
ကျခဲ့ရတဲ့ မျက်ရည်တွေနဲ့ ကိုယ့်အဖြစ်ကို တွေး
ရင်း ပြောမိသည် ။
" ကျွန်တော် သူ့ကို မုန်းသင့်တာမလား ? သူက ထား
သွားတာလေ ကျွန်တော်က မုန်းသင့်တာ "
ဂျီမင်းက ဂျောင်ကုရဲ့မျက်လုံးတွေကို စူးစိုက်ကြည့်
ရင်း ပြောလိုက်သည် ။
"ဂျောင်ကုရယ် ချစ်ခဲ့တဲ့သူကို မုန်းရတာခက်
တယ်လေ "
ဂျီမင်းရဲ့ စကားတွေဟာ ဆို့နင့်သံအပြည့် ။ ဂျောင်
ကုက ဘာမှပြန်မပြောဘဲ ကားရဲ့အပြင်ဘက်ကို
မျက်နှာမူထားလိုက်သည် ။
" မင်းအရမ်းခံစားနေရမယ်ဆို သွားပြီးပြောပေး
ရမလား ? "
ဂျောင်ကုက အံ့သြနေတဲ့ မျက်လုံးအစုံတို့နဲ့ ဂျီမင်း
ကို ကြည့်လိုက်သည် ။
" ဘယ်လို ? မဟုတ်တာ !!! "
" မင်း ခံစားနေရတာကို မကြည့်ချင်လို့ပါ "
ချစ်ရတဲ့သူက တစ်ခြားတစ်ယောက်အတွက် ခံစား
နေရတာကိုလည်း ဘယ်သူက မြင်ချင်မှာလဲလေ ။
" ကျွန်တော် အဆင်ပြေသွားမှာပါ "
" အဲ့လိုမျှော်လင့်ပါတယ် မင်း လုပ်နိုင်ပါတယ် "
ဂျီမင်း က တကယ်ကို လှလှပပလေး ပြုံးကာ ဂျောင်
Advertisement
ကုကို နှစ်သိမ့်လိုက်သည် ။ ဂျောင်ကု ရင်ထဲ နွေး
ထွေးသွားပုံများ ပျော်သွားမိတာလား အေးချမ်း
သွားတာလား မဝေခွဲတတ်ခဲ့ပါ ။
" ကောင်းပါပြီ သွားကြရအောင် "
ဂျီမင်းက ခေါင်းကို အနည်းငယ် ညိတ်ပြရင်း ကား
ကို အဲ့ဒီနေရာက မောင်းထွက်လာခဲ့သည် ။
//
မောင်းလာရင်းနဲ့ ဂျောင်ကု အိမ်ရှေ့ကို တစ်ရွေ့ရွေ့နဲ့
ရောက်လာခဲ့သည် ။
" ရော့ ဒီမှာ ... ကားသော့ သေချာသွား ။ ခေါင်းတွေ
ဘာတွေ မူးရင်လည်း ဖုန်းဆက်လိုက် လိုတာရှိရင်လဲ
လှမ်းပြော ။ အချိန်ပိုင်း ရှိနေလည်း ရအောင် လာခဲ့
ပေးမယ် "
ဂျီမင်းက ဂျောင်ကု လက်ထဲကို ကားသော့ ထည့်ကာ
မှာစရာရှိတာတွေ မှာနေသည် ။
" ရပါတယ် ။ အစ်ကိုယွန်းဂီတို့လည်း ရှိနေတာပဲ ။
ကျွန်တော်က အနှောင့်အယှက်ပေးမိပြီ "
" မဟုတ်ပါဘူး ။ အဲ့လိုမဖြစ်တာမို့ ကျိန်းသေပေါက်
အကူအညီတောင်းလို့ ရပါတယ် "
" ဂျီမင်း က ဘယ်လိုပြန်မှာလဲ ? "
" ဒီတိုင်း တက္ကစီငှားပြန်မှာ ... "
" ကျွန်တော့်ကားကို ယူသွားပါ ! နေတာက ဝေးတယ်
မလား "
" မလိုပါဘူး မင်း ကို လိုက်ပို့ခွင့်ရတာပဲ လုံလောက်
ပါပြီ "
ဂျီမင်းက တကယ်ကို နွေးထွေးကျေနပ်စွာ ပြုံးပြ
သည် ။ ထို့နောက် ကားသော့ကိုပေးကာ ထွက်သွား
သည် ။
အသဲကွဲပြီး အချိန်မှာ ပထမဆုံး စိတ်ချမ်းသာမှုကို
ပေးခဲ့တဲ့သူက ဂျီမင်း ဖြစ်နေခဲ့သည် ။ ထွက်သွားတဲ့
နောက်ကျောကို ငေးကြည့်ရင်း လှလှပပလေး ဖြစ်
တည်နေတဲ့ အပြုံးတွေကို မြင်ယောင်ရင် ထပ်မြင်
ချင်မိသည် ။
အရင်လို ရှက်နေတဲ့သူမဟုတ်တော့ဘဲ တည်တည်
ငြိမ်ငြိမ်နဲ့ စကားတွေ ပြောလာနိုင်ပြီး ရင့်ကျက်တဲ့
ကောင်လေးတစ်ယောက်အဖြစ် ပြောင်းလဲသွားတာ
ကိုလည်း ဂျောင်ကုက သတိထားမိသည် ။ အပြုံး
တွေနဲ့ တည်ငြိမ်စေပြီး ' မင်း လုပ်နိုင်ပါတယ် ' ဆိုပြီး
သွယ်ဝိုက်ပြောကာ ဆဲအင်း ကိုလဲ မေ့နိုင်ဖို့ ပြော
သွားခဲ့သည် ။
ဂျောင်ကုက စဥ်းစားကာ ထပ်ပြုံးမိသည် ။ ဒီနေ့မှာ
တော့ ဂျီမင်းကြောင့် ဂျောင်ကုက အကြိမ်တော်တော်
များများ ပြုံးနေမိသည် ။
" ကျွန်တော်က ဘာမှ မလုပ်ပေးနိုင်တာတောင် ဘေး
မှာ ရှိနေပေးတာ ကျေးဇူးတင်ပါတယ် ဂျီမင်း "
//
မနက် ရှစ်နာရီခန့် ။
နေက ဂျောင်ကု မျက်နှာဆီ ပြပြလေး ထိုးနေသည် ။
ဂျောင်ကု က နိုးလာတော့ ခေါင်းက မဆိုသလောက်
လေးတော့ မူးနေသည် ။
" အာ ... ခေါင်းကြည်အောင် သံပုရာရည် ဖြစ်ဖြစ်
ဖျော်သောက်ရင် ကောင်းမယ် "
*Ding Dong*
ဂျောင်ကု နိုးလာချိန်နဲ့ တံခါးဘဲလ် မြည်သံဟာ
ကွက်တိ ။
" ဒီချိန်ကို ဘယ်သူပါလိမ့် "
ဂျောင်ကုက တံခါးကို သွားဖွင့်လိုက်တော့ အံ့သြမိ
သွားသည် ။
" ဟင် ... ဂျီမင်းရှိ !!!!!!! "
ဂျီမင်းက မျက်လုံးတွေ ပျောက်သွားသည် အထိ
ဂျောင်ကုကို ပြန်ပြုံးပြနေသည် ။
" ဟီး နိုးသေးဘူးလား ? ဂျောင်ကု အတွက် မနက်စာ
ဝယ်လာတယ် မြန်မြန် မျက်နှာသစ်တော့ "
ဂျောင်ကုက ပြောပြောဆိုဆိုနဲ့ အိမ်ထဲဝင်သွားတဲ့
ဂျီမင်း ကို ကြောင်၍သာ ကြည့်နေမိသည် ။
" ဘာကြောင်ကြည့်နေတာလဲ ? ခုမှ အိပ်ရာထလာတဲ့
ပုံနဲ့ ။ မြန်မြန် မျက်နှာသစ် "
ဂျီမင်းက ပြောနေသည့်အပြင် ဂျောင်ကု ကျောကို
နောက်ကနေ တွန်းကာ ရေချိုးခန်းထဲသို့ အတင်း
ထည့်လိုက်သည် ။ ပြီးတော့ အပြင်က တံခါးပိတ်
လိုက်သည် ။
" ဟမ် ??? ဂျီမင်း ... "
ဂျီမင်းက တံခါး ပြန်ဖွင့်လာပြီး သဘက်ကို ပစ်ပေး
လိုက်သည် ။
" မေ့လို့ ရော့ သဘက် !! "
သဘက်ကို ကိုယ်ပေါ်သို့ပစ်ပေးပြီး တံခါးပြန်ပိတ်
သွားသည် ။
" ဟမ် ... ဘာလဲ ? "
ဂျီမင်းက ရုတ်တရက်ကြီးရောက်ချလာပြီး လုပ်
ချင်တာတွေ လုပ်နေတော့သည် ။
" ဟဟဟ ... တကယ့်ကို လူကို ဘယ်လို ရီအောင်
လုပ်ရမလဲ သိတဲ့ဟာလေးပဲ "
ဂျောင်ကုက ခပ်တိုးတိုး ရေရွတ်ကာ မျက်နှာသစ်ဖို့
ပြင်လိုက်သည် ။
//
ဂျီမင်းက မနက်စာပြင်နေရင်း ဂျောင်ကု ထွက်မလာ
သေးတာကြောင့် ရေချိုးခန်းတံခါးဆီ လှမ်းကြည့်
လိုက်သည် ။
" ဂျောင်ကု က ကြာလိုက်တာ မျက်နှာလေးပဲ သစ်
ခိုင်းတာကို ... ကို ... ကို ... ဟမ် ! "
အပေါ်ပိုင်းဗလာနဲ့ အောက်ပိုင်းလေးဘဲ Towel နဲ့
ပတ်ထားကာထွက်လာတဲ့ ဂျောင်ကု ကြောင့် ဂျီမင်း
က မှင်သက်သွားမိသည် ။
ရုတ်တရက် ထွက်လာတာမို့ ဂျီမင်းက တည့်တိုး
ရှေ့တည့်တည့်က မြင်နေရသည် ။
ရင်ဘတ်မှာ ဖုထစ်ထွက်နေသော ကြွက်သား တွေ
အပြင် စိုနေသောခေါင်းကို သုတ်နေသေးသည်က
ရင်ခုန်ချင်စရာ ။
" ဂျီမင်းက ပြင်တောင်ပြင်ပြီးပြီလား ? ကျွန်တော်
ရေချိုးပြီး ခေါင်းပါ လျှော်နေလို့ နည်းနည်းကြာ
သွားတာ ။ ဆောရီးဗျာ ! "
ဂျီမင်းက ဂျောင်ကုကို ဆတ်ခနဲ ကျောခိုင်းလိုက်ကာခြေမကိုင်မိ လက်မကိုင်မိတွေ ဖြစ်နေသည် ။
" ဘာလို့လဲ ဂျီမင်း ! "
ဂျီမင်းက ဘာမှလည်း ပြန်မပြောနိုင်ဘဲ ကျောသာ
ခိုင်းထားမိသည် ။
" ဂျီမင်း !!?? ဘာလုပ်နေတာလဲ ? "
လက်ထဲမှာရှိတဲ့ ပန်းကန်ကြီးကို ဆက်တိုက် ပွတ်နေ
တဲ့ ဂျီမင်းကြောင့် ဂျောင်ကုက ခွိခနဲ မြည်အောင်
ရယ်လိုက်မိသည် ။
" ဟင် ... အင်း .. ဘာမှမလုပ်ပါဘူး မြန်မြန် အဝတ်
လဲ ! ရှေ့မှာစောင့်နေမယ် "
ပါးတွေ ရဲတက်နေတဲ့ ဂျီမင်းကြောင့် ဂျောင်ကုရဲ့
ရီချင်စိတ်တွေက ထိန်းမရ ။ ဂျီမင်းကပဲ ရှက်နေ
သည်မို့ ပိုချစ်စရာကောင်းနေသည် ။
ခြေလှမ်းသွက်သွက်တွေနဲ့ ဂျောင်ကု ဘေးက လှစ်
ခနဲထွက် သွားသော ဂျီမင်းမှာ မြန်မြန် မြန်မြန်နဲ့
ဘောလုံးလိမ့်သလို သွားနေသည် ။
ဂျောင်ကုက ခေါင်းခါရင်း ရယ်လိုက်ကာ စိုနေသော
ဆံပင်တွေကိုသာ ဆက်သုတ်နေလိုက်သည် ။ ပြီး
တော့ ဂျီမင်း ပြင်ထားတဲ့ မနက်စာတွေကို လှမ်း
ကြည့်လိုက်သည် ။
ရုတ်တရက် မီးဖိုချောင်ထဲ ပြန်ဝင်လာတဲ့ ဂျီမင်း
ကြောင့် ဂျောင်ကု ကိုယ်တိုင်တောင် လန့်သွားသည် ။
" ဟိုလေ ... မြန်မြန်ခေါင်းကို သုတ်နော် အအေး
ပတ်မှာစိုးလို့ ။ အဲ့တာ လာပြောတာ ... "
မျက်လွှာကြီးကိုချပြီး ဂျောင်ကုကိုလည်း မကြည့်ဘဲ
ပြောနေပုံမှာ တော်တော် ရယ်စရာကောင်းသည် ။
" အာ ... သိပါပြိ "
ထို့နောက် ဂျီမင်းက ပြောပြီးပြီးချင်းပဲ ပြန်ထွက်
သွားသည် ။
" အော် ကဲ ! ဘာလဲဟ ဟဟဟဟ တကယ်ပါပဲ ... "
ဂျောင်ကုက ဂျီမင်းပုံစံကြောင့် ဆက်တိုက် ရီနေမိ
တော့သည် ။
//
" ကျစ် ! ဘာလဲ ! ဘာလို့ အဲ့လိုကြီးနေနေတာလဲ ?
ငါက အပြင်မှာ ရှိနေမှန်း သူသိရဲ့သားနဲ့ ။ လာမိတာ
မှားပြီလားမသိပါဘူး ။ ပါးတွေလဲပူလာပြီ !!!!! မြန်
မြန်ပြီးအောင် မလုပ်သေးဘူးလား မသိဘူး ကြက်
သီး ထလာပြီ !!!! "
ဂျီမင်းက တစ်ယောက်တည်း ဧည့်ခန်းမှာထိုင်ရင်း
ပြောနေမိသည် ။
" ဂျီမင်းရှိ !!!! "
" ဘာလဲ ကြက်သီးထပါတယ်ဆို ! "
လှည့်ကြည့်လိုက်တော့မှ ဂျွန်ဂျောင်ကု ဖြစ်နေသည် ။
" အာ ... မဟုတ် ... မဟုတ်ပါဘူး ... ဘာ ... လဲ ? "
ဧည့်ခန်းဆီကို ထွက်လာတော့ ထုံးစံအတိုင်း ဘာမှ
မလဲရသေးတဲ့ အပေါ်ပိုင်း ဗလာ အနေအထားနဲ့
ဖြစ်သည် ။
" ခုထိ ဘာမှ မလဲရသေးဘူးလား ဂျောင်ကုရှိ ?
မြန်မြန်လုပ်ပါဆို "
" ဂျီမင်းကလည်း ... ကျွန်တော် ဒီလိုနေနေတာ
ဆယ်မိနစ်တောင် မပြည့်သေးတာကို "
" မဖြစ်သေးပါဘူး ဒီလိုပုံနဲ့တော့ မြန်မြန်အင်္ကျီယူ "
" ဘာလို့လဲ ? "
" မရှည်နဲ့ ခုယူဆိုယူ "
ဂျောင်ကုက မအူမလည်နဲ့ ဂျီမင်းကို ကြောင်ကြည့်
ရင်း အင်္ကျီကို သွားယူရှာသည် ။
" မြန်မြန်ဝတ် ! ပေး ... အဲ့သုတ်နေတဲ့ သဘက်ကို "
ဂျောင်ကုက ဂျီမင်း ပြောသမျှကို ဘာတစ်ခုမှ ပြန်
မပြောဘဲ တကယ် လုပ်နေသည် ။
" ကဲ ဒီမှာထိုင် ... သုတ်ပေးမယ် "
ဂျောင်ကုက ဂျီမင်းကို အံ့သြတဲ့ အကြည့်တွေနဲ့
ကြည့်လာသည် ။
" ကဲ ကြည့်မနေနဲ့ ... ထိုင်ပါ အင်္ကျီကိုသာ ဝတ်ထား "
ဂျောင်ကုက အင်္ကျီကို အမြန်လေး ဝတ်ကာ ဂျီမင်း
ခေါင်းသုတ်ပေးနေတာကို ငြိမ်ငြိမ်လေး ထိုင်နေရှာ
သည် ။ ဂျီမင်းက ဂျောင်ကုကို ကြည့်လိုက်ရင်း စိတ်
ထဲမှာ ပျော်သလိုလို ကြည်နူးသလိုလိုတော့ ခံစားရသည် ။
" ဂျီမင်းရှိ ! ဘာလို့ပြုံးနေတာလဲ "
" ဟမ် အာ ... အာ .. မပြုံးပါဘူး ဘယ်မှာ ပြုံးလို့လဲ ? "
ဂျောင်ကုက ဂျီမင်း ပြုံးနေတာကို ကျိန်းသေမြင်
လိုက်တာကို ငြင်းနေတဲ့ ဂျီမင်းကြောင့် ခေါင်းငုံ့
ကာ ကြိတ်ရယ်လိုက်သည် ။
ဂျောင်ကု က ဟိုဟိုဒီဒီ လှုပ်ကာ ခေါင်း အငြိမ်မနေ ။
" အာ ... ဂျောင်ကု ငြိမ်ငြိမ်နေလေ "
ဂျီမင်း အဲ့လိုပြောမှ ဂျောင်ကုက ပိုလှုပ်ပြတော့သည် ။
" ဟာ အဲ့လိုပေါ့ ... ငြိမ်ငြိမ်နေပါဆို "
" မနေဘူးဗျာ ဟိဟိ "
ဂျောင်ကုက ဂျီမင်းကို စရတာ ပျော်နေသည်မို့ ကြံ
ကြံဖန်ဖန် အငြိမ်မနေ စ သည် ။
" ဟာ !!!! ဂျွန်ဂျောင်ကု ငြိမ်ငြိမ်နေ "
ဂျီမင်းက မျက်စောင်းလေး တကဲကဲထိုးကာ ဆူ
လိုက်သည် ။
" နေမယ်နေမယ် ဟီးဟီး ... "
ဂျောင်ကုက ငြိမ်ငြိမ်နေမယ်ဆိုပြီး ဂျီမင်း ခေါင်းစ
သုတ်တာနဲ့ ခေါင်းကို စ လှုပ်တော့သည် ။
" ဟာ ဂျွန်ဂျောင်ကု !!!"
" ဟီးဟီး စတာ ... "
" ဘာလဲ ? စတာပေါ့ ။ ငြိမ်ငြိမ်နေနော် ရေစိုနဲ့ ပစ်
ထားလိုက်မယ် "
ဂျီမင်းက ပြောမဲ့သာပြောတာ တကယ် မထားဘူးဆို
တာကိုလည်း ဂျောင်ကုက သိနေသည် ။
" ဟုတ်ပါပြီ သိပါပြီ သိပါပြီ ငြိမ်ငြိမ်လေးနေပါ့မယ် ဟီး .. "
အခြေအနေဟာ အားလုံး အနည်ထိုင်နေမှ တစ်စုံ
တစ်ယောက်က လှုပ်ခတ်အောင် လုပ်လိုက်သလို
ပါပဲ ။ ထပ်ပြီး မချစ်ကြည့်ချင်တော့ပေမယ့် ချစ်ခဲ့
ရသူက ထပ်ချစ်စရာမလိုတဲ့ အချစ်ဟောင်း ဖြစ်နေ
ခဲ့သည်လေ ။
" နောက်နေတာမလား ? "
" မြန်မြန်လာပေးပါ ... "
နေလဲဆိုတာ ဘာမှ မသိရ ။ အနည်းဆုံးတော့ သူက
အဖြစ်ကို ဖြစ်သည် ။
နေမိသည် ။
တက္ကစီ "
လည်း လွတ်နေမိသည် ။
သည် ။
ခင်ဗျာ ... "
အခန်းမှာပါနော် "
အထိ ပြေးနေမိသည် ။
လိုက်သည် ။
" ဂျွန်ဂျောင်ကု ... ကု ... "
" ဂျောင် ... ဂျောင်ကု ? "
သြစွာ ကြည့်နေမိသည် ။
" အော် ... ဝင်ဦးလေ ။ အပေါက်ဝမှာ ဘာလုပ်နေ
တာလဲ ? "
ပြီး ပူပန်နေသည် ။
သွားတယ်မှတ်လဲ ? "
" ဖုန်းဝင်လာတာလေ ! "
" ဖုန်းဝင်တယ် ? "
လုပ်ခဲ့တာ "
သည် ။
" ဟုတ် .. ဟုတ်ကဲ့ "
လို ပြောနေသည် ။
ရပြီနော် "
" ဟုတ်ကဲ့ဗျ ! "
နေကြသည် ။
ကားမောင်းရတာလဲ ? "
Advertisement
- In Serial42 Chapters
Match Made in Valley View (Valley View Book #2)
Holly Moran wanted to be a baker her entire life, so when the chance came to purchase a cute little bakery in Harlington, North Dakota, she emptied her life savings into it. Little did she know that the choice to uproot her life would lead to many more changes than her job and location. A grumpy, grunty, hard-ass of a cowboy with a heart of gold was ready for a piece of her cake.Wes Brown was a ladies' man and a bit of a wild child until his life was forever changed by a former fling dropping off their daughter one day before driving off into the sunset. Being a single dad wasn't easy at all, but he was dedicated to being the best dad he could and always putting Annabelle first. When a sexy little baker cooks her way into his heart, he struggles the balance of being a dad and a lover.
8 245 - In Serial48 Chapters
The Claim ✔️ *Editing*
Brinn has known Alpha Titus as a close family friend since she was ten years old. He was like a big brother to her. Right before her first shift, her parents decide to ship her off to live with Alpha Titus and his pack due to her reckless behavior. Brinn soon finds out the secrets that have been kept from her since she was a little girl. Causing her life to go spiraling out of control. As we all know, fate has a funny way of doing things. Cover by: icedcoffe The spinoff is "His Alpha Female"**If you do not like the book, don't read it. There's no need to leave a negative comment.**Started 11/12/2016Completed 3/8/18
8 255 - In Serial17 Chapters
My Angel
"This is the last room." Forth heaved a sigh of frustration as he led his men. Where are you?Forth opened the door and was surprised with the view in front of him. Inside the room was the most beautiful boy he has ever seen. An angel.Credits to Chiffon_cake for the characters from 2Moons.Highest ranking: #1 - sbfive 😊
8 153 - In Serial50 Chapters
My Sisters Boyfriend | Yeonbin | Completed
**NO TRANSLATIONS ALLOWED** "..I cheated on your sister with you.. I'm.. I'm the worst.." He started crying. Tears rolling down his cheeks as he tried to breathe in between his bawling."And I feel even worse because.. I-I'd do it again!" Started: January 11, 2020 (Officially published on the 18th)Ended: April 6, 2020#1 TomorrowxTogether#1 Txt#1 Yeonbin#1 Taegyu#2 Yeonbin#19 Taegyu#28 Soft
8 146 - In Serial23 Chapters
The Guest
" Do you enjoy reading porn?" Ray asked,not turning around to look at her.She shrugged and held tightly to her blanket. " Do you enjoy stalking girls while they're reading porn?"Ava was a beautiful charismatic girl. She loved having fun and spending time with her brother. Everything in her life could not get any better but it so happens that things do get better but at what cost.Warning ⚠️: this book contains assault, abuse, domestic abuse, mental health abuse, and RAPE.
8 194 - In Serial5 Chapters
A Different Kind Of Love [XianWang]
Three years ago, Lan Jingyi and Lan Sizhui suddenly disappeared without a trace. However, before they randomly vanished, the two left a big project they were working on. And so their family decided to take the project in their hands and thus finished the two humanoid creatures the both of them were creating. Kailishilaiheaiqi Yi (Lan Xichen) and Kailishilaiheaiqi Er (Lan Wangji) were sent down to Earth in order to find the two missing people. What will happen during their time on Earth? What obstacles will they face and how will they fight their way out?Read to find out what happened.Top/Seme/Gong: Wer WuxianBottom/Uke/Shou: Lan Wangji❗️DISCLAMIER❗️•This story is inspired by the drama, My Girlfriend is An Alien. I love that drama and wanted to write a story with this theme.•This is very gay. If you're uncomfortable, please don't read.•None of the characters, pictures belong to me, only the storyline is. •There are cursed/swear/bad words in this story. If uncomfortable, please skip.
8 143