《Dancing On Your Heartbeat • Kookmin || Completed ||》- 19 -
Advertisement
" ဂျောင်ကု ! "
ဂျီမင်းက အတော်ကြာသည်အထိ ဆွံ့အသွားကာ
ပြူးပြီးကြည့်နေမိသည် ။
" ဘာတွေဒီလောက်ကြည့်နေရတာလဲ ? တစ်ခါမှ
မမြင်ဖူးတဲ့ လူတွေကျနေတာပဲ "
" ဒီကို ... ဒီကို ... ဒီကို ... ဘာလို့လာတာလဲ ? "
"ဘာလို့လဲ ? မလာရဘူးလား ? "
" မဟုတ်ပါဘူး ဒါကျွန်တော့် အလုပ်ခွင်လေ"
" သိပါတယ် ။ ဒီတိုင်း ကော်ဖီ ဒီတိုင်း လာသောက်
တယ်ဆိုရင်ရော မရဘူးလား ? "
" ဒါဆိုရင်တော့ ရပါတယ် ။ ဘာသောက်မလဲ ဆိုတာ
ပဲ မြန်မြန် ပြောပေးပါ "
ဂျီမင်းက ဂျောင်ကု မျက်နှာကိုလည်း မကြည့်ဘဲ
မျက်နှာလွှဲလျက် မေးလိုက်သည် ။ ဂျောင်ကုက
ရုတ်တရင် ဝုန်းခနဲ မတ်တပ်ရပ်လိုက်ကာ ဂျီမင်း
မျက်နှာကို တည့်တည့် ကြည့်လိုက်သည် ။
" ဂျီမင်းရှိ !!!!!! "
ဂျောင်ကုက အသံကို မြှင့်ကာ အော်ခေါ်လိုက်တာ
ကြောင့် တစ်ဆိုင်လုံး လန့်သွားကြသည် ။
" ဘာလို့ အော်နေတာလဲ ? ဆိုင်ထဲမှာလေ ... "
" ဒီကြားထဲ ဘာတွေဖြစ်နေတာလဲ ? Class ကိုလဲ
မလာဘူး ။ ကျွန်တော့်ကိုလည်း ရှောင်နေတယ် ။
ဘာလို့လဲ ? "
ဂျီမင်းက နှုတ်ဆိတ်သွားမိသည် ။ လူကို မသေရုံ
တမယ် ဝမ်းနည်းအောင်လုပ်ထားပြီး မေးရက်
လိုက်တဲ့သူပေမယ့်လည်း အပြစ်မတင်ရက်ပါ ။
" ဘာမှမဖြစ်ပါဘူး ဘာဖြစ်ရမှာလဲ ? "
ဂျောင်ကုက သက်ပြင်းရှည်ရှည် တစ်ချက်ချကာ
ပြန်ထိုင်လိုက်သည် ။ ဂျီမင်းက ဘာမှ မပြောဘဲ
ကြောင်သာကြည့်နေမိသည် ။
" ဘာမှမဖြစ်ဘူးဆိုရင်လည်း ခဏလောက် စကား
ပြောရအောင် "
" ကျွန်တော် မအားဘူး ဂျောင်ကု "
" မအားဘူး ? "
ဂျောင်ကု အတွက်ဆို အမြဲဦးစားပေးခဲ့သူက အခု
တော့ ဂျောင်ကု အလိုမဟုတ်ဘဲ ပထမဆုံးအကြိမ်
ငြင်းလိုက်ခြင်းဖြစ်သည် ။
မတတ်နိုင်ဘူး ။ ဒီလိုမှ မင်းကို မမုန်းလိုက်ရင် ငါ
သေသွားလိမ့်မယ် ။ ငါထပ်မခံစားနိုင်တော့ဘူး ။
ဂျောင်ကုရယ် ။
ဂျောင်ကု က ဂျီမင်း ကို အံ့သြသော မျက်လုံးများ
ဖြင့် အတော်ကြာ စိုက်ကြည့်နေသည် ။ ထိုအကြည့်
တွေကို ဂျီမင်းမှာ ဘယ်လိုများ ခံနိုင်မည်နည်း ။
" အဲ့လိုမကြည့်ပါနဲ့ ။ ဒါက ကျွန်တော့် အလုပ်ခွင်မလား ? "
" ရပါတယ် ကျွန်တော် နားလည်ပါတယ် ။ ကျွန်တော်
ကသာ တောင်းပန်ပါတယ် ။ ကျွန်တော် မသိတတ်
သွားတာ ။ တောင်းပန်ပါတယ် "
မတောင်းပန်ပါနဲ့လား ။ တောင်းပန်စကားတွေထက်
ဒီတိုင်း ပြုံးပျော်နေတာလေးပဲ မြင်ချင်နေတာကို အဲ့
လိုမျိုး တောင်းပန်နေရင် နားလည်ပေးနေရင် ဒီ
ကောင်ကြီးက မင်း ကို ထပ်စွဲလမ်းသွားလိမ့်မယ် ။
" အာ ... ခဏ ခဏ တော့ ပြောလို့ရမယ် ထင်ပါတယ် "
ဒီလိုအင်အားနဲ့ ဘယ်လိုများ မေ့ပစ်မှာလဲ ။ ဘယ်လို
များ မုန်းရက်မှာလဲ ။ ဆက်တိုက် အလိုလိုက်လျော
နေရင် ဘယ်လိုများ စိတ်ထဲက ထုတ်ပစ်တော့မှာလဲလေ ။
" ဒါဆို ဟိုနေ့က မွေးနေ့ကို ရောက်လာခဲ့သေးတာလား ? "
" ဟမ် ? မ.. မ .. မရောက်လာပါဘူး "
ဂျီမင်းက လက်ခါပြီး အသေအချာကို ငြင်းလိုက်သည် ။
" အစ်ကို နမ်ဂျွန် က တွေ့လိုက်တယ်လို့ အသေအချာ
ကြီးပြောနေလို့ "
" တွေ့လိုက်တယ်တဲ့လား ? မလာပါဘူး လာရင်
တွေ့မှာပေါ့ "
ဂျီမင်းက ဂျောင်ကု မျက်လုံးတွေကို ကြည့်မပြော
တာမို့ ဂျောင်ကုက သတိထားမိသည် ။
" ဒါဆို ဘာလို့ မလာတာလဲ ကျွန်တော့်ကို မတွေ့
ချင်လို့လား ?
ထိုစကားကြောင့် ဂျီမင်း ခဏတော့ ဆွံ့အသွားခဲ့
သည် ။ တကယ်က ဂျောင်ကုကို မတွေ့ချင်တာ
မဟုတ်ဘဲ ဆဲအင်းနဲ့ ဂျောင်ကုကိုသာ အတူတူ
မမြင်ချင်တာဆို ပိုမှန်မှာ ဖြစ်သည် ။
" ကျွန်တော် လာရင်ရော ဂျောင်ကု က တွေ့ချင်မှာ
မို့လား ? "
" ကျစ် ! ကျွန်တော် ဂျီမင်း ကို သေချာ ဖိတ်ခဲ့တာ
ပါ ။ အဲ့တာ မတွေ့ချင်လို့လို့ ထင်နေတာလား ? "
Advertisement
" ထားပါတော့ ! ဒါပေမဲ့ ကျွန်တော် အဲ့နေ့က အလုပ်
များနေလို့ မလာဖြစ်တာပါ ။ တောင်းပန်ပါတယ် "
" တောင်းပန်စရာမလိုပါဘူး ။ Class လဲ မလာတော့
ဘူး ကြားတယ် "
" ဟုတ်တယ် ကျွန်တော့် Personal ကိစ္စလေးတွေ
ကြောင့်ပါ ... "
" ဒါဆို ကျွန်တော်တို့ နောက်မတွေ့ဖြစ်ကြတော့ဘူးပေါ့ "
ဂျီမင်းက ဂျောင်ကုရဲ့ အဲ့ဒီ စကားတစ်ခွန်းတည်းနဲ့
ရင်ထဲကို ဆို့နင့်သွားသည် ။
" အင်း ... အဲ့လိုဆိုပါတော့ ! "
မျက်လွှာတွေကို အောက်သို့ စိုက်ချလျက် ခပ်တိုး
တိုးလေးသာ ပြန်ဖြေခဲ့သည် ။
" ဒါဆိုလည်း ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး "
" ကောင်းပါပြီ "
ဂျောင်ကုကို ဂျီမင်းက လုံးဝ မော့မကြည့်ခဲ့ပါ ။
ကျနေတဲ့ မျက်ရည်တွေကိုလည်း မမြင်စေချင်ခဲ့
သလို ဒီလိုပျော့ညံ့နေတဲ့ ပုံစံကိုလည်း မပြချင်ခဲ့ဘူး ။
ဂျီမင်းက မျက်လွှာတွေသာ စိုက်ချထားလျက်
ဂျောင်ကုရှေ့ကနေ ထွက်သွားသည်ကိုတော့ မြင်
နေရသည် ။
" လှည့်မကြည့်နဲ့ ပတ်ဂျီမင်း ! လှည့်မကြည့်လိုက်နဲ့ ။
မင်းအတွက် သူက မကောင်းဘူးဆိုတာ မင်းသိသင့်
နေပြီ "
ထွက်သွားတဲ့ ကျောပြင်ကို နောက်ဆုံးတစ်ကြိမ် ငေး
ကြည့်ကာ ယိုင်လဲမသွားခင် စားပွဲကို လက်ထောက်
ထားလိုက်သည် ။
ဂျောင်ကု နဲ့ ပတ်သက်ရင် ငိုစရာ အမှတ်တရတွေများသည်မို့ ဒီလောက်ပဲ ငိုကြရအောင်ပါ ပတ်ဂျီ
မင်းရယ် ။
//
ဂျီမင်းက ဘတ်စ်ပေါ်ကနေ တိုက်လာတဲ့ လေတဖြူး
ဖြူးကို မျက်နှာပေါ် ရှပ်ပြေးနေတာ သဘောကျနေ
သည် ။ ပြီးရင် ချစ်ရတဲ့ ကောင်လေး အကြောင်း
တွေးရတာလည်း သဘောကျသည် ။
ဖုန်းကို ကြည့်လိုက်တော့ ရက်စွဲကို ထင်းခနဲ မြင်
နေရသည် ။
" ဒီနေ့ဆို မတွေ့ဖြစ်ကြတာ သုံးလ နီးပါးရှိခဲ့ပြီပဲ "
ဂျီမင်းက သက်ပြင်းချကာ မျက်စိစုံမှိတ်ထားလိုက်သည် ။
ဂျီမင်းက နားရက်ရှည်ရရင် မွေးရပ်မြေ ဖြစ်တဲ့
ဘူဆန်ကို ပြန်ပြီး အမေကို ပြုစုထောက်ပံ့နေရင်း
ဆိုးလ် နဲ့ ကူးချည်သန်းချည် လုပ်နေရသည် ။
အရာအားလုံးဟာ ကြာလာတော့လည်း နေသားကျ
ပြီး ဂျောင်ကုလည်း မေ့သွားလိမ့်မည်ဆိုတာ ဂျီမင်း
သိသည် ။ သို့ပေမယ့် ဂျွန်ဂျောင်ကုဆိုတဲ့ နာမည်
တွေးမိရင်ကို ရင်ဘတ်ထဲက တဒိတ်ဒိတ်ခုန်လာပြီး
ရင်ခုန်သံတွေကလည်း မနေ့တစ်နေ့ကလို လတ်
ဆတ်နေတုန်း ဖြစ်သည် ။ ဒါကတော့ ဒီတစ်သက်
ဘယ်ဆရာဝန်မှလဲ ကုလို့ပျောက်မယ့် ရောဂါရယ်
လည်း မထင်မိပါ ။
" ဆရာ ဆရာ ... ကျွန်တော် ဆင်းမယ် "
ဂျီမင်းက အတွေးနယ်လွန်နေရင်း ဆင်းရမယ့် မှတ်
တိုင်ကို ကျော်သွားသည် ။ ဂျီမင်းက အချိန်ကို ကြည့်
တော့ ညရှစ်နာရီခွဲတော့မည် ။
" အာ ... ချီး ! ကိုးနာရီဆို အဆောင်တံခါး ပိတ်မှာ ... "
ဂျီမင်းက ခြေထောက်နဲ့ တင်ပါး တစ်သားတည်း
ဖြစ်အောင် ပြေးတော့သည် ။
ဟိုဆော့ နဲ့တော့ အဆက်အသွယ်ရှိပေမယ့် ဆိုးလ် နဲ့
မွေးရပ်မြေကို ကူးချည်သန်းချည် လုပ်နေရတဲ့ ဂျီ
မင်း အဖို့ ဟိုဆော့ အိမ်ကို ဇရပ်လို ဝင်လိုက်ထွက်
လိုက်မလုပ် ချင်တာလည်း ပါတာကြောင့် အဆောင်
ငှားနေဖြစ်သည် ။
သုံးလအတွင်းမှာ အရင်ကလို ဂျီမင်း မဟုတ်တော့
ဘဲ ပြောင်းလဲလာတာတွေလည်း ရှိသည် ။ အက
မက ဖြစ်တော့တာရော ပိုရင့်ကျက်လာတာရော ဖြစ်
သည် ။ သို့သော် ဂျွန်ဂျောင်ကုကို ချစ်တဲ့ စိတ်တွေ
ကလွဲရင် .... ။
//
မိုးတွေကလည်း ဒီနေ့မှ သည်းသည်းမဲမဲ ကိုရွာနေပါရဲ့ ။
အထုတ်တွေသိမ်းကာ ကော်ဖီ ဆိုင်ထဲက ထွက်လိုက်
သည် ။ မိုးကလည်း အင်မတန်ကို သည်းသည် ။ ဂျီ
မင်းက ထီးကလည်း မပါသည်မို့ စိုရင်လဲ စိုစေတော့
ဆိုကာ ခေါင်းစွပ်ကို စွပ်လိုက်ပြီး ပြေးလိုက်သည် ။
ထိုစဉ် ဖုန်းက ရုတ်တရက် မြည်လာသည် ။
" ဟင် ! မိုးတွေရွာနေတာကို ငါ ဘယ်လို ဖုန်းကိုင်ရ
မလဲ ။ ပြီးမှပဲ ပြန်ခေါ်တော့မယ် "
ဘယ်သူမှန်း မသိပေမယ့် မကိုင်ဖို့ဆုံးဖြတ်ခဲ့သည် ။သို့သော်လည်း ဖုန်းသံက ထပ်မြည်လာသည် ။
Advertisement
" ဟာ တော်တော်ဒုက္ခပေးတဲ့ဖုန်းပဲ ။ ငါတော့ ဖုန်း
ကိုင်ရင် ရွှဲကုန်တော့မှာပဲ"
မကိုင်ဘဲနေပေမယ့် ဖုန်းက အထပ်ထပ် အခါအခါကို
မြည်နေသည် ။ ဒါကြောင့် ဂျီမင်းက အနီးရှိ Market
ထဲကို ဝင်ခိုလိုက်ကာ ဖုန်းကို ထုတ်ကြည့်လိုက်သည် ။
" ကျစ် ! ဘယ်ကဖုန်းလဲကွာ ?!!!! "
စိတ်တိုတိုနဲ့ထုတ်ကြည့်လိုက်တော့ တော်တော်ကို
မမြင်ရတာ ကြာခဲ့ပြီ ဖြစ်ပေမယ့် ရင်းနှီးနေသော
နံပါတ် နဲ့ နာမည်လေး ။
" ဂျွန် ဂျောင် ... "
အသက်ရှူတွေဟာ မမှန်လာဘဲ အတိတ်က မကောင်း
တဲ့ ပုံရိပ်တွေကို ပြန်မြင်လာသည် ။
" ဘာလို့ ဒီချိန်မှလဲ ? ငါက နေသားတောင်ကျနေပြီကို "
ဖုန်းက ကျသွားရင်လည်း ဆက်ခေါ်နေသည် ။
" ဟူး ... မကိုင်ပဲနေရင်ကောင်းမလား ? ကိုင်ရင်ရော ? "
ဂျီမင်းက မေးခွန်းပေါင်းများစွာနဲ့ ရှုပ်ထွေးနေမိသည် ။
" မိုးတွေ ဒီလောက်သည်းနေတာကို ဒီချိန်ကြီး သူက
ဘာလို့ ဆက်တာလဲ ? ငါကိုင်မှ ဖြစ်မှာပါ "
ဘယ်လောက်ပဲ နေသားကျနေပြီ ဆိုပါစေ ။ နာမည်
လေး မြင်လိုက်ရင်ကို စိတ်ရော ကိုယ်ရော အရာ
အားလုံး သူ့ဆီကနေ ခွာမရတော့သည့် အကျင့်
ကတော့ မပျောက် ။
" ဟဲလို ... ဂျောင် ... "
" ဟဲလို ဟဲလို ဟဲလို !!! "
ဖုန်းထဲကနေ ပြောနေသည့် အသံမှာ ဂျောင်ကု
အသံလည်း မဟုတ် ။
" ဘယ်သူလဲ ? "
တစ်ဖက်က တရစပ် ပြန်ပြောသော အသံကြောင့်
လက်ထဲက ဖုန်းက မြေကြီးပေါ်ကို ပြုတ်ကျသွားသည် ။
" ေဂ်ာင္ကု ! "
ဂ်ီမင္းက အေတာ္ၾကာသည္အထိ ဆြံ႕အသြားကာ
ျပဴးၿပီးၾကည့္ေနမိသည္ ။
" ဘာေတြဒီေလာက္ၾကည့္ေနရတာလဲ ? တစ္ခါမွ
မျမင္ဖူးတဲ့ လူေတြက်ေနတာပဲ "
" ဒီကို ... ဒီကို ... ဒီကို ... ဘာလို႔လာတာလဲ ? "
"ဘာလို႔လဲ ? မလာရဘူးလား ? "
" မဟုတ္ပါဘူး ဒါကၽြန္ေတာ့္ အလုပ္ခြင္ေလ"
" သိပါတယ္ ။ ဒီတိုင္း ေကာ္ဖီ ဒီတိုင္း လာေသာက္
တယ္ဆိုရင္ေရာ မရဘူးလား ? "
" ဒါဆိုရင္ေတာ့ ရပါတယ္ ။ ဘာေသာက္မလဲ ဆိုတာ
ပဲ ျမန္ျမန္ ေျပာေပးပါ "
ဂ်ီမင္းက ေဂ်ာင္ကု မ်က္ႏွာကိုလည္း မၾကည့္ဘဲ
မ်က္ႏွာလႊဲလ်က္ ေမးလိုက္သည္ ။ ေဂ်ာင္ကုက
႐ုတ္တရင္ ဝုန္းခနဲ မတ္တပ္ရပ္လိုက္ကာ ဂ်ီမင္း
မ်က္ႏွာကို တည့္တည့္ ၾကည့္လိုက္သည္ ။
" ဂ်ီမင္းရွိ !!!!!! "
ေဂ်ာင္ကုက အသံကို ျမႇင့္ကာ ေအာ္ေခၚလိုက္တာ
ေၾကာင့္ တစ္ဆိုင္လုံး လန႔္သြားၾကသည္ ။
" ဘာလို႔ ေအာ္ေနတာလဲ ? ဆိုင္ထဲမွာေလ ... "
" ဒီၾကားထဲ ဘာေတြျဖစ္ေနတာလဲ ? Class ကိုလဲ
မလာဘူး ။ ကၽြန္ေတာ့္ကိုလည္း ေရွာင္ေနတယ္ ။
ဘာလို႔လဲ ? "
ဂ်ီမင္းက ႏွုတ္ဆိတ္သြားမိသည္ ။ လူကို မေသ႐ုံ
တမယ္ ဝမ္းနည္းေအာင္လုပ္ထားၿပီး ေမးရက္
လိုက္တဲ့သူေပမယ့္လည္း အျပစ္မတင္ရက္ပါ ။
" ဘာမွမျဖစ္ပါဘူး ဘာျဖစ္ရမွာလဲ ? "
ေဂ်ာင္ကုက သက္ျပင္းရွည္ရွည္ တစ္ခ်က္ခ်ကာ
ျပန္ထိုင္လိုက္သည္ ။ ဂ်ီမင္းက ဘာမွ မေျပာဘဲ
ေၾကာင္သာၾကည့္ေနမိသည္ ။
" ဘာမွမျဖစ္ဘူးဆိုရင္လည္း ခဏေလာက္ စကား
ေျပာရေအာင္ "
" ကၽြန္ေတာ္ မအားဘူး ေဂ်ာင္ကု "
" မအားဘူး ? "
ေဂ်ာင္ကု အတြက္ဆို အျမဲဦးစားေပးခဲ့သူက အခု
ေတာ့ ေဂ်ာင္ကု အလိုမဟုတ္ဘဲ ပထမဆုံးအႀကိမ္
ျငင္းလိုက္ျခင္းျဖစ္သည္ ။
မတတ္နိုင္ဘူး ။ ဒီလိုမွ မင္းကို မမုန္းလိုက္ရင္ ငါ
ေသသြားလိမ့္မယ္ ။ ငါထပ္မခံစားနိုင္ေတာ့ဘူး ။
ေဂ်ာင္ကုရယ္ ။
ေဂ်ာင္ကု က ဂ်ီမင္း ကို အံ့ၾသေသာ မ်က္လုံးမ်ား
ျဖင့္ အေတာ္ၾကာ စိုက္ၾကည့္ေနသည္ ။ ထိုအၾကည့္
ေတြကို ဂ်ီမင္းမွာ ဘယ္လိုမ်ား ခံနိုင္မည္နည္း ။
" အဲ့လိုမၾကည့္ပါနဲ႔ ။ ဒါက ကၽြန္ေတာ့္ အလုပ္ခြင္မလား ? "
" ရပါတယ္ ကၽြန္ေတာ္ နားလည္ပါတယ္ ။ ကၽြန္ေတာ္
ကသာ ေတာင္းပန္ပါတယ္ ။ ကၽြန္ေတာ္ မသိတတ္
သြားတာ ။ ေတာင္းပန္ပါတယ္ "
မေတာင္းပန္ပါနဲ႔လား ။ ေတာင္းပန္စကားေတြထက္
ဒီတိုင္း ျပဳံးေပ်ာ္ေနတာေလးပဲ ျမင္ခ်င္ေနတာကို အဲ့
လိုမ်ိဳး ေတာင္းပန္ေနရင္ နားလည္ေပးေနရင္ ဒီ
ေကာင္ႀကီးက မင္း ကို ထပ္စြဲလမ္းသြားလိမ့္မယ္ ။
" အာ ... ခဏ ခဏ ေတာ့ ေျပာလို႔ရမယ္ ထင္ပါတယ္ "
ဒီလိုအင္အားနဲ႔ ဘယ္လိုမ်ား ေမ့ပစ္မွာလဲ ။ ဘယ္လို
မ်ား မုန္းရက္မွာလဲ ။ ဆက္တိုက္ အလိုလိုက္ေလ်ာ
ေနရင္ ဘယ္လိုမ်ား စိတ္ထဲက ထုတ္ပစ္ေတာ့မွာလဲေလ ။
" ဒါဆို ဟိုေန႔က ေမြးေန႔ကို ေရာက္လာခဲ့ေသးတာလား ? "
" ဟမ္ ? မ.. မ .. မေရာက္လာပါဘူး "
ဂ်ီမင္းက လက္ခါၿပီး အေသအခ်ာကို ျငင္းလိုက္သည္ ။
" အစ္ကို နမ္ဂၽြန္ က ေတြ႕လိုက္တယ္လို႔ အေသအခ်ာ
ႀကီးေျပာေနလို႔ "
" ေတြ႕လိုက္တယ္တဲ့လား ? မလာပါဘူး လာရင္
ေတြ႕မွာေပါ့ "
ဂ်ီမင္းက ေဂ်ာင္ကု မ်က္လုံးေတြကို ၾကည့္မေျပာ
တာမို႔ ေဂ်ာင္ကုက သတိထားမိသည္ ။
" ဒါဆို ဘာလို႔ မလာတာလဲ ကၽြန္ေတာ့္ကို မေတြ႕
ခ်င္လို႔လား ?
ထိုစကားေၾကာင့္ ဂ်ီမင္း ခဏေတာ့ ဆြံ႕အသြားခဲ့
သည္ ။ တကယ္က ေဂ်ာင္ကုကို မေတြ႕ခ်င္တာ
မဟုတ္ဘဲ ဆဲအင္းနဲ႔ ေဂ်ာင္ကုကိုသာ အတူတူ
မျမင္ခ်င္တာဆို ပိုမွန္မွာ ျဖစ္သည္ ။
" ကၽြန္ေတာ္ လာရင္ေရာ ေဂ်ာင္ကု က ေတြ႕ခ်င္မွာ
မို႔လား ? "
" က်စ္ ! ကၽြန္ေတာ္ ဂ်ီမင္း ကို ေသခ်ာ ဖိတ္ခဲ့တာ
ပါ ။ အဲ့တာ မေတြ႕ခ်င္လို႔လို႔ ထင္ေနတာလား ? "
" ထားပါေတာ့ ! ဒါေပမဲ့ ကၽြန္ေတာ္ အဲ့ေန႔က အလုပ္
မ်ားေနလို႔ မလာျဖစ္တာပါ ။ ေတာင္းပန္ပါတယ္ "
" ေတာင္းပန္စရာမလိုပါဘူး ။ Class လဲ မလာေတာ့
ဘူး ၾကားတယ္ "
" ဟုတ္တယ္ ကၽြန္ေတာ့္ Personal ကိစၥေလးေတြ
ေၾကာင့္ပါ ... "
" ဒါဆို ကၽြန္ေတာ္တို႔ ေနာက္မေတြ႕ျဖစ္ၾကေတာ့ဘူးေပါ့ "
ဂ်ီမင္းက ေဂ်ာင္ကုရဲ့ အဲ့ဒီ စကားတစ္ခြန္းတည္းနဲ႔
ရင္ထဲကို ဆို႔နင့္သြားသည္ ။
" အင္း ... အဲ့လိုဆိုပါေတာ့ ! "
မ်က္လႊာေတြကို ေအာက္သို႔ စိုက္ခ်လ်က္ ခပ္တိုး
တိုးေလးသာ ျပန္ေျဖခဲ့သည္ ။
" ဒါဆိုလည္း ကၽြန္ေတာ့္ကို ျပန္ခြင့္ျပဳပါဦး "
" ေကာင္းပါၿပီ "
ေဂ်ာင္ကုကို ဂ်ီမင္းက လုံးဝ ေမာ့မၾကည့္ခဲ့ပါ ။
က်ေနတဲ့ မ်က္ရည္ေတြကိုလည္း မျမင္ေစခ်င္ခဲ့
သလို ဒီလိုေပ်ာ့ညံ့ေနတဲ့ ပုံစံကိုလည္း မျပခ်င္ခဲ့ဘူး ။
ဂ်ီမင္းက မ်က္လႊာေတြသာ စိုက္ခ်ထားလ်က္
ေဂ်ာင္ကုေရွ႕ကေန ထြက္သြားသည္ကိုေတာ့ ျမင္
ေနရသည္ ။
" လွည့္မၾကည့္နဲ႔ ပတ္ဂ်ီမင္း ! လွည့္မၾကည့္လိုက္နဲ႔ ။
မင္းအတြက္ သူက မေကာင္းဘူးဆိုတာ မင္းသိသင့္
ေနၿပီ "
ထြက္သြားတဲ့ ေက်ာျပင္ကို ေနာက္ဆုံးတစ္ႀကိမ္ ေငး
ၾကည့္ကာ ယိုင္လဲမသြားခင္ စားပြဲကို လက္ေထာက္
ထားလိုက္သည္ ။
ေဂ်ာင္ကု နဲ႔ ပတ္သက္ရင္ ငိုစရာ အမွတ္တရေတြမ်ားသည္မို႔ ဒီေလာက္ပဲ ငိုၾကရေအာင္ပါ ပတ္ဂ်ီ
မင္းရယ္ ။
//
ဂ်ီမင္းက ဘတ္စ္ေပၚကေန တိုက္လာတဲ့ ေလတျဖဴး
ျဖဴးကို မ်က္ႏွာေပၚ ရွပ္ေျပးေနတာ သေဘာက်ေန
သည္ ။ ၿပီးရင္ ခ်စ္ရတဲ့ ေကာင္ေလး အေၾကာင္း
ေတြးရတာလည္း သေဘာက်သည္ ။
ဖုန္းကို ၾကည့္လိုက္ေတာ့ ရက္စြဲကို ထင္းခနဲ ျမင္
ေနရသည္ ။
" ဒီေန႔ဆို မေတြ႕ျဖစ္ၾကတာ သုံးလ နီးပါးရွိခဲ့ၿပီပဲ "
ဂ်ီမင္းက သက္ျပင္းခ်ကာ မ်က္စိစုံမွိတ္ထားလိုက္သည္ ။
ဂ်ီမင္းက နားရက္ရွည္ရရင္ ေမြးရပ္ေၿမ ျဖစ္တဲ့
ဘူဆန္ကို ျပန္ၿပီး အေမကို ျပဳစုေထာက္ပံ့ေနရင္း
ဆိုးလ္ နဲ႔ ကူးခ်ည္သန္းခ်ည္ လုပ္ေနရသည္ ။
အရာအားလုံးဟာ ၾကာလာေတာ့လည္း ေနသားက်
ၿပီး ေဂ်ာင္ကုလည္း ေမ့သြားလိမ့္မည္ဆိုတာ ဂ်ီမင္း
သိသည္ ။ သို႔ေပမယ့္ ဂၽြန္ေဂ်ာင္ကုဆိုတဲ့ နာမည္
ေတြးမိရင္ကို ရင္ဘတ္ထဲက တဒိတ္ဒိတ္ခုန္လာၿပီး
ရင္ခုန္သံေတြကလည္း မေန႔တစ္ေန႔ကလို လတ္
ဆတ္ေနတုန္း ျဖစ္သည္ ။ ဒါကေတာ့ ဒီတစ္သက္
ဘယ္ဆရာဝန္မွလဲ ကုလို႔ေပ်ာက္မယ့္ ေရာဂါရယ္
လည္း မထင္မိပါ ။
" ဆရာ ဆရာ ... ကၽြန္ေတာ္ ဆင္းမယ္ "
ဂ်ီမင္းက အေတြးနယ္လြန္ေနရင္း ဆင္းရမယ့္ မွတ္
တိုင္ကို ေက်ာ္သြားသည္ ။ ဂ်ီမင္းက အခ်ိန္ကို ၾကည့္
ေတာ့ ညရွစ္နာရီခြဲေတာ့မည္ ။
" အာ ... ခ်ီး ! ကိုးနာရီဆို အေဆာင္တံခါး ပိတ္မွာ ... "
ဂ်ီမင္းက ေျခေထာက္နဲ႔ တင္ပါး တစ္သားတည္း
ျဖစ္ေအာင္ ေျပးေတာ့သည္ ။
ဟိုေဆာ့ နဲ႔ေတာ့ အဆက္အသြယ္ရွိေပမယ့္ ဆိုးလ္ နဲ႔
ေမြးရပ္ေျမကို ကူးခ်ည္သန္းခ်ည္ လုပ္ေနရတဲ့ ဂ်ီ
မင္း အဖို႔ ဟိုေဆာ့ အိမ္ကို ဇရပ္လို ဝင္လိုက္ထြက္
လိုက္မလုပ္ ခ်င္တာလည္း ပါတာေၾကာင့္ အေဆာင္
ငွားေနျဖစ္သည္ ။
သုံးလအတြင္းမွာ အရင္ကလို ဂ်ီမင္း မဟုတ္ေတာ့
ဘဲ ေျပာင္းလဲလာတာေတြလည္း ရွိသည္ ။ အက
မက ျဖစ္ေတာ့တာေရာ ပိုရင့္က်က္လာတာေရာ ျဖစ္
သည္ ။ သို႔ေသာ္ ဂၽြန္ေဂ်ာင္ကုကို ခ်စ္တဲ့ စိတ္ေတြ
ကလြဲရင္ .... ။
//
မိုးေတြကလည္း ဒီေန႔မွ သည္းသည္းမဲမဲ ကိုရြာေနပါရဲ့ ။
အထုတ္ေတြသိမ္းကာ ေကာ္ဖီ ဆိုင္ထဲက ထြက္လိုက္
သည္ ။ မိုးကလည္း အင္မတန္ကို သည္းသည္ ။ ဂ်ီ
မင္းက ထီးကလည္း မပါသည္မို႔ စိုရင္လဲ စိုေစေတာ့
ဆိုကာ ေခါင္းစြပ္ကို စြပ္လိုက္ၿပီး ေျပးလိုက္သည္ ။
ထိုစဥ္ ဖုန္းက ႐ုတ္တရက္ ျမည္လာသည္ ။
" ဟင္ ! မိုးေတြရြာေနတာကို ငါ ဘယ္လို ဖုန္းကိုင္ရ
မလဲ ။ ၿပီးမွပဲ ျပန္ေခၚေတာ့မယ္ "
ဘယ္သူမွန္း မသိေပမယ့္ မကိုင္ဖို႔ဆုံးျဖတ္ခဲ့သည္ ။သို႔ေသာ္လည္း ဖုန္းသံက ထပ္ျမည္လာသည္ ။
" ဟာ ေတာ္ေတာ္ဒုကၡေပးတဲ့ဖုန္းပဲ ။ ငါေတာ့ ဖုန္း
ကိုင္ရင္ ရႊဲကုန္ေတာ့မွာပဲ"
မကိုင္ဘဲေနေပမယ့္ ဖုန္းက အထပ္ထပ္ အခါအခါကို
ျမည္ေနသည္ ။ ဒါေၾကာင့္ ဂ်ီမင္းက အနီးရွိ Market
ထဲကို ဝင္ခိုလိုက္ကာ ဖုန္းကို ထုတ္ၾကည့္လိုက္သည္ ။
" က်စ္ ! ဘယ္ကဖုန္းလဲကြာ ?!!!! "
စိတ္တိုတိုနဲ႔ထုတ္ၾကည့္လိုက္ေတာ့ ေတာ္ေတာ္ကို
မျမင္ရတာ ၾကာခဲ့ၿပီ ျဖစ္ေပမယ့္ ရင္းႏွီးေနေသာ
နံပါတ္ နဲ႔ နာမည္ေလး ။
" ဂၽြန္ ေဂ်ာင္ ... "
အသက္ရွူေတြဟာ မမွန္လာဘဲ အတိတ္က မေကာင္း
တဲ့ ပုံရိပ္ေတြကို ျပန္ျမင္လာသည္ ။
" ဘာလို႔ ဒီခ်ိန္မွလဲ ? ငါက ေနသားေတာင္က်ေနၿပီကို "
ဖုန္းက က်သြားရင္လည္း ဆက္ေခၚေနသည္ ။
" ဟူး ... မကိုင္ပဲေနရင္ေကာင္းမလား ? ကိုင္ရင္ေရာ ? "
ဂ်ီမင္းက ေမးခြန္းေပါင္းမ်ားစြာနဲ႔ ရွုပ္ေထြးေနမိသည္ ။
" မိုးေတြ ဒီေလာက္သည္းေနတာကို ဒီခ်ိန္ႀကီး သူက
ဘာလို႔ ဆက္တာလဲ ? ငါကိုင္မွ ျဖစ္မွာပါ "
ဘယ္ေလာက္ပဲ ေနသားက်ေနၿပီ ဆိုပါေစ ။ နာမည္
ေလး ျမင္လိုက္ရင္ကို စိတ္ေရာ ကိုယ္ေရာ အရာ
အားလုံး သူ႔ဆီကေန ခြာမရေတာ့သည့္ အက်င့္
ကေတာ့ မေပ်ာက္ ။
" ဟဲလို ... ေဂ်ာင္ ... "
" ဟဲလို ဟဲလို ဟဲလို !!! "
ဖုန္းထဲကေန ေျပာေနသည့္ အသံမွာ ေဂ်ာင္ကု
အသံလည္း မဟုတ္ ။
" ဘယ္သူလဲ ? "
တစ္ဖက္က တရစပ္ ျပန္ေျပာေသာ အသံေၾကာင့္
လက္ထဲက ဖုန္းက ေျမႀကီးေပၚကို ျပဳတ္က်သြားသည္ ။
Advertisement
- In Serial136 Chapters
Ero Skill Tree
You know the drill right. Summoned to another world? Check. Demon lord that needs defeating? Check. Hot elf girl? Check. Medieval European fantasy setting? Check. Everything seems to be in order here, hold on what is this grayed out section to the skills tree? A hidden custom character skill tree. Wait whats that?
8 324 - In Serial225 Chapters
The Royal Contract
A one-night stand was all she wanted. A one-night stand was not his style. Still, they ended up together in a night of passion. No names, no feelings, and no complications.
8 1306 - In Serial10 Chapters
Jeid
Criminal minds, JJ and Reid one-shotsBest ranks:[#1 in Ajcook][#8 in Jeid]
8 180 - In Serial51 Chapters
Nowhere
(WARNING: This story has A LOT of sexual content. I mean it. This story is ALL about sex, so I wouldn't recommend this if sexual content makes you uncomfortable)What do you do when you've hit rock bottom? When you're going nowhere? Don't ask me, because I have no clue. I've already hit rock bottom. I spend my nights working as a useless stripper, and I spend my mornings with different guys in different beds. Nobody knows the real reason why I do this to my life. However, there's this guy. He's known for playing girls and being a millionaire. He's also a Calvin Klein model. His name is Justin Bieber. He knows what I want, but what if I change my mind? What if life is more than money and sex?
8 203 - In Serial28 Chapters
The Demon Alpha (Stryders #1) - PUBLISHED
Meet the best Alpha ever, Lance Stryder. Are you tired of werewolf stories where the Alpha yells out "MINE" and practically kidnaps the main character? Are you tired of Alphas being too possessive and too jealous? Are you tired of seeing all the signs of an abusive relationship glamorized here on Wattpad? Are you tired of the way the main character is shy? Or is always abused and needs a man to help her? Are you tired because of plain life? Well look no further because this werewolf story is probably for you.**************************Overhearing a murder conspiracy between two Alphas, Ava is running for her life. Those Alphas want to kill her for it. That's when she runs into her mate, Lance Stryder. The Demon Alpha. She puts on a fake front of who she is, but can she trust her mate that everyone else seems to fear?Ava discovers things about herself she never knew, and her mate she didn't see coming.Highest ranking: #1 Romance #1 Alpha#1 Luna#1 Supernatural#1 Witches#2 Vampire#5 Werewolf#33 Humor
8 235 - In Serial16 Chapters
Her Happy Place
Her Happy Place is an ink-dripped space.I had no one but my words.These are the thoughts I told no one.How to deal with losing your parents.Becoming an orphan.Talking through the pain.
8 195

