《Dancing On Your Heartbeat • Kookmin || Completed ||》- 18 -
Advertisement
နမ်ဂျွန်တုန်းကလို ပါတီအသေးစားပဲ Class မှာလုပ်
ဖြစ်ပေမယ့် ဂျောင်ကု မွေးနေ့ ဖြစ်သည်မို့ တစ်ခြား
Class က လူတွေလည်း လာကြသည် ။
ဂျောင်ကုက ဟိုဟိုဒီဒီ လက်ပြနှုတ်ဆက်ရင်း လူတွေ
ကြားထဲမှာ ဂျီမင်းကို ရှာမိသည် ။
" ဟေး !!! ဂျေကေ !!!! မင်းကောင်မလေးရော ? "
တစ်ချို့လူတွေက ဂျောင်ကု ဘေးနားမှာ ဘယ်သူမှ
မရှိနေတာမို့ လှမ်းမေးကြသည် ။
" သူက Ent ကြောင့်မို့ အမြန် ပြန်ပြီလေ ... "
" ဒီအတွဲကတော့ကွာ တစ်ယောက်က Idol ဖြစ်
မယ့်သူ ။ တစ်ယောက်က Dancer မိုက်နေပြီ "
ဂျောင်ကုက ဘာမှ ပြန်မပြောဘဲ ရီလျက် နှုတ်ဆက်
ကာ ထွက်လာခဲ့လိုက်သည် ။ လောလောဆယ် စိတ်
ထဲရှိတာက တစ်ခြားအရာတွေထက်ပွဲမှာ မတွေ့မိတဲ့
တစ်ဦးတည်းသောသူကိုသာ ဖြစ်သည် ။
" အစ်ကို ဟိုဆော့ !! "
ဝိုင်ခွက်ကို ကိုင်ရင်း ရပ်နေတဲ့ ဟိုဆော့ အနားဆီကို
ဂျောင်ကုက သွားလိုက်သည် ။
" အေး ဂျောင်ကု ပြောလေ ... ဘာလိုလို့လဲ ! "
" ဒီနေ့ ဂျီမင်း မလာဘူးလား ? "
" ဟင် လာလောက်မှာပါ သူ သေချာပေါက်လာမှာ ။
မနက်ကတောင် မင်းဆီလာဖို့အတွက် သူ အလုပ်
စောစောသွားတာ "
" အခုဆို တော်တော်တောင် နောက်ကျနေပြီကို ! "
ဂျောင်ကုက နာရီကိုကြည့်လိုက်ပြီး ဝင်ပေါက်ကို
ကြည့်လျက် ငေးနေသည် ။
" ဘာလဲ ? ဂျီမင်း က ခုဏကတည်းက ရောက်နေပြီလေ ! "
ရုတ်တရက် ဝင်လာပြီး ကြားဖြတ်ပြောတဲ့ နမ်ဂျွန်
ကြောင့် ဂျောင်ကုက ဘေးပတ်လည်ကို လိုက်ရှာ
ကြည့်ရင်း အသည်းအသန်ရှာမိသည် ။ တကယ်
တမ်းကျ ဂျီမင်းကို မတွေ့ ။
" အာ ... အစ်ကိုကလည်း မနောက်ပါနဲ့..."
" ဟာ နောက်စရာလား ? ငါခုဏလေးတင် အပေါက်
ဝမှာတွေ့ခဲ့တာကို "
နမ်ဂျွန့်ပုံစံက အတည်ပေါက်နဲ့ တကယ် တွေ့ခဲ့ဟန်
ပေါ်သည် ။
" ဟာ ကင်နမ်ဂျွန် တို့ကတော့နောက်ပြီ ။ ရောက်နေ
ရင် လာမှာပေါ့ မွေးနေ့ရှင်ကို ခေါင်းမူးအောင် မလုပ်
စမ်းပါနဲ့ လာစမ်းပါ "
ဟိုဆော့က နမ်ဂျွန့် ရဲ့ ပုခုံးကိုဖက်ကာ အတင်းဆွဲ
ခေါ်သွားတာကြောင့် နမ်ဂျွန်က အူလည်လည် ဖြစ်
နေရှာသည် ။
" ငါတကယ် ပြောနေတာဆို ! "
ဟိုဆော့နဲ့ အတူ နမ်ဂျွန်က ပါသွားပေမယ့် အတည်
ပြောနေတာလို့ပဲ ဂျောင်ကုကလည်း ထင်သည် ။
တကယ်လို့ ဂျီမင်းသာ ရောက်လာတယ်ဆိုရင်လည်း
ဂျောင်ကုဆီကိုပဲ တန်းပြီးလာမှာ ဂျောင်ကုက သိသည် ။
" မရောက်လာတာ ထင်တယ် ။ အလုပ်များနေပုံပဲ "
ဂျောင်ကုက နောက်ဆုံး တစ်ကြိမ် အခန်းပြင်ကို
ထွက်ကြည့်လိုက်ပေမယ့် တိတ်ဆိတ်နေပြီး လူရိပ်
ယောင်တောင် မတွေ့ခဲ့ရ ။
" မွေးနေ့ရှင် !! မင်းကို ရှာနေကြတယ် ... "
" အင်း .. လာပြီ "
မွေးနေ့ရှင်ဖြစ်နေသည်မို့ ဟိုလူကရှာ ဒီလူကရှာနဲ့
ဂျောင်ကုက ပွဲထဲပျောက်နေလို့ မရတာကြောင့်
အခန်းထဲ ပြန်ဝင်သွားသည် ။
တစ်ခါတစ်လေလည်း မမြင်ရတဲ့ အခြမ်းမှာ
နှစ်ဦးလုံးဟာ နာကျင်ကြရတာပါပဲ ။
//
ည သန်းခေါင်ယံချိန် တစ်နာရီတိတိခန့် ။
" ပတ်ဂျီမင်းကတော့ ဘယ်တွေ သွားနေလဲမသိဘူး
ကွာ ။ ဖုန်းဆက်တာလဲမကိုင်ဘူး ဒီကောင်တော့ ... "
ဟိုဆော့ တစ်ယောက် အိမ်ရှေ့မှာ ဟိုဟိုဒီဒီ လမ်း
လျှောက်နေရင်း အိပ်လည်းမအိပ်နိုင်ဘဲ ဖုန်းကို ဂျီ
မင်း ဆီ ဆက်တိုက်ဆက်ရင်း ညည်းတွားမိသည် ။
ထိုစဉ် တံခါးပွင့်သံ ကြားတာကြောင့် အပြေးအလွှား
ကြည့်တော့မှ ခေါင်းငိုက်စိုက်နဲ့ ပြန်လာတဲ့ ဂျီမင်း ကို
တွေ့လိုက်ရသည် ။
" ပတ်ဂျီမင်း ! ရောက်လာပြီ !!! ဘယ်တွေ သွားနေ
တာလဲ ? ပုံစံကလည်း ဝတ်စားထားတာ မင်း ပွဲ တစ်
ခုခု သွားပြီးပြန်လာတာလား ? ဘယ်သွားနေတာလဲလို့ !!!! "
" အေ့ ... ဟိုး အဝေးကြီး ... အေ့ "
ဂျီမင်းက လေးလုံးမကွဲတဲ့ လေသံနဲ့ လေကလည်း
တက်နေသေးသည် ။
" မင်း ... မင်း .. သောက်လာတာလား ? "
" ကျွန်တော် ... ကျွန်တော့် ပုံက အေ့ ... သောက်လာ
တဲ့ ပုံပေါက်နေလို့လား ချစ်ရတဲ့ အစ်ကိုကြီးရ !!!! "
ပြောနေရင်းပင် ခွေလဲကျသွားသော ခန္ဓာကိုယ်ကို ဟို
ဆော့ က အမြန်ဖမ်းထိန်းလိုက်ရသည် ။
" အာ ... အများကြီးသောက်လာတာပဲ ဂျီမင်း ရာ "
" နည်းနည်းလေးပါ နည်းနည်း ပိစိသေးသေးလေး "
လက်သည်းခွံလောက် အိုက်တင် လုပ်ပြနေပြီး
မျက်လုံးတွေက အစ မူမမှန် ရီဝေနေသည် ။
" ကဲကဲ ... တော်ပါပြီ ! မင်း ဘာလို့သောက်လာရတာ
လဲ ။ ပါတီလည်း မလာဘူး ။ မင်း ဘာတွေလုပ်နေ
တာလဲ ? "
ဂျီမင်းက ညိုးငယ်နေတဲ့ မျက်နှာ အမူအရာနဲ့ ဟို
ဆော့ကို ဘာမှလည်း ပြန်မဖြေ ။
" ကဲ လာလာ ... မင်းကို ငါ့အခန်းဆီ လိုက်ပို့ပေးမယ် ။
ဒီည ဒီအဝတ်အစားတိုင်းပဲ အိပ်လိုက်တော့ ။ "
ဟိုဆော့က ဂျီမင်းကို တွဲခေါ်လာကာ အိပ်ရာပေါ်သို့
ချလိုက်သည် ။
" အေး ... လူမှန်းမသိအောင် မူးနေလိုက် ။ မင်းကို
ဟိုက မေးနေတာ ပြာနေတာပဲ ။ မင်းကိုလဲ ဟိုက
စောင့်နေရတာ ငါ့ကိုလဲပြေးမေး နမ်ဂျွန့် ကိုလည်း
ပြေးမေးနဲ့ "
ဂျီမင်းက လေးတွဲနေတဲ့ အသံတွေနဲ့ ဟိုဆော့ကို
ပြန်မေးရှာသေးသည် ။
" ဟမ် ... ဘ ယ် သူ တု န်း ချစ်ကိုကြီးရ !!!! "
Advertisement
" ဘယ်သူရှိရမှာလဲ ? မင်းလင်လေ ! "
" လင် ... ငါ့လင်က ဘယ်သူလဲ အဟီးဟီး ကျွန်
တော့်လင်က အစ်ကိုလေ "
" ဝေါ့ ! ဖွဟဲ့ ဖီ !! တော်စမ်း !! မင်း မူးမူးနဲ့တစ်ခြား
ဟာပဲပြော ။ ငါတော့ မင်းလင် မဖြစ်ပါရစေနဲ့ ။
တော်ပါတော့ !! "
" ဟီးဟီး ... ဂျောင်ဟိုဆော့ ငါ့လင် ! အား ! ခေါင်း
တွေမူးလိုက်တာ ... "
အိပ်ရာပေါ်လူးလိမ့်နေသော သူ့ကိုကြည့်တော့ မျက်
လုံးတွေလဲ ဖောင်းအစ်နေကာ ပွင့်တောင်မပွင့် ။
" မင်း ငိုထားတာလား ? "
ဂျီမင်းက ခေါင်းအုံးကို ဆွဲယူကာ အတင်းပိုက်ထား
ပြီး ဟိုဆော့ကို ပြန်လည်း မဖြေ ။
" ဘာကိစ္စများပါလိမ့် ? ပါတီလည်း ရောက်မလာဘဲ
ဘာကို ဒီလိုဖြစ်နေတာလဲ ? "
ဟိုဆော့က တစ်ယောက်တည်း စဥ်းစားကာ ရေ
ရွတ်လိုက်သည် ။
" မင်း ခေါင်းမူးနေလည်းအိပ်လိုက်တော့ ။ မနက်ကျ
ရင်တော့ ဂျောင်ကုကို မလာဖြစ်တာ ဘာလို့ဆိုတာ
လှမ်းပြောလိုက်ဦး ။ ဟိုက မင်း ရောက်မလာလို့
မျက်နှာက ကြက်သေသေနေတာ တစ်ချိန်လုံးပဲ "
"ဘာ ? ဟဟဟဟဟ !!!! ဂျောင်ဟိုဆော့ အရူး !!!
ဟာသတွေပြောပြီ "
ဂျီမင်းက မူးမူးနဲ့ ဟိုဆော့ကို အကြီမှန်းမသိတော့ပေ ။
" အမယ် ငါဖင်ကို ဆောင့်ကန်လိုက်လို့ ! မဟုတ်ပဲ
ပြောရမှာလား ? တကယ်လေ ... "
" အဟက် မလာလို့ ? သွားစမ်းပါ !!!!!! "
ဂျီမင်းက အသံကို ခပ်မြင့်မြင့်အော်လိုက်တော့ ဟို
ဆော့က လန့်သွားသည် ။
" ကြက်သေသေနေတာ ? အရမ်းရီရတယ် ။ အရမ်း
ကို ရီရတာ ... "
" ပတ်ဂျီမင်း .. အိပ်လိုက်တော့ ။ ဂျောင်ကုက ... က ... "
" နောက်တစ်ခါ ဂျွန်ဂျောင်ကု ဆိုတဲ့ နာမည်ကို လာ
မပြောနဲ့ !!!! မကြားချင်ဘူး !!!!!! ဒီနေ့သောက်လိုက်
တဲ့ အရက်တွေထဲမှာ စိတ်ညစ်တာတွေရော စိတ်ဖိစီး
စရာတွေရော ပြီးတော့ ဂျွန်ဂျောင်ကုရောပါ ပါသွားပြီ "
ဂျီမင်းက လက်ချောင်းနဲ့ ရေတွက်ပြနေရင်း ရီဝေစွာ
ပြောနေသည် ။
" စောက်ကျိုးနဲ ! လုပ်လာပြန်ပြီ ။ မူးရင် ပေါက်ကရ
တွေ လုပ်တာ ငါတင်မဟုတ်ဘဲ ပတ်ဂျီမင်းက ပိုဆိုး
နေတာပဲ "
" ကျွန်တော် တကယ်ပြောနေတာ ။ သူနဲ့ပက်သတ်
လာရင် ကျွန်တော် ဘယ်တော့မှ မနောက်ပါဘူး "
မူးနေတဲ့ တောက်လျှောက် ဒီတစ်ခွန်းပဲ မျက်လုံး နဲ့
စကားသံတွေမှာ လေးနက်မှုတွေ ပါနေသည် ။
ထို့ကြောင့် ဟိုဆော့က နည်းနည်းတော့ အံ့သြသွားသည် ။
ဒါပေမဲ့ စောင်ခြုံပေးလိုက်ကာ နေရာသေချာ ချပေး
လိုက်သည် ။ နောက်နေ့ရောက်မှသာ ဘာတွေဖြစ်ခဲ့
လဲ ဆိုတာ မေးရတော့မည် ဖြစ်သည် ။
//
နေက မျက်နှာကို စူးပြီးပူနေအောင် ထိုးနေသည် ။
မျက်လုံးတို့ကလည်း ကောင်းကောင်း ဖွင့်မရ ။
ခေါင်းကလည်း မူးနှောက်နေသည် ။ သို့သော် နေထိုး
နေတာကို ရှောင်ရင်းက ငုတ်တုတ် ထထိုင်လိုက်သည် ။
" အား ... ကျွတ် ကျွတ် !!! "
ကုန်းထတာတောင် မူးဝေနေပြီး ဘာမှ မမြင်ရအောင်
ခေါင်းကလည်း ထိုးကိုက်နေသည် ။
ဂျီမင်း မျက်လုံး မပွင့်တပွင့်နဲ့ ကြည့်လိုက်တော့
ဘေးရှိ စားပွဲပေါ်တွင် စာတစ်စောင် ရှိနေသည် ။
" အံမယ် အစ်ကို ရေးထားတာလား ? စာတစ်တန်
ပေတစ်တန်နဲ့ပါလား "
ဂျီမင်းက ယူဖတ်ကြည့်လိုက်တော့ ထင်သည့် အတိုင်း
ဟိုဆော့ ထားသွားတဲ့ စာဖြစ်နေသည် ။ ။
တယ် ။ ခေါင်းမူးနေသေးရင် ပျားရည်လေးဖြစ်ဖြစ်
ဖျော်သောက်လိုက် ကိုယ့်ဘာကိုယ်လုပ်နော် ။ ငါ
ခဏပဲ နမ်ဂျွန် ခေါ်လို့ ထွက်သွားတာ ပြန်လာမယ် >
နာရီ လှမ်းကြည့်တော့ ဆယ့်နှစ်နာရီထိုးနေပြီ ဖြစ်
သည် ။ ထသင့်နေပြီ ဖြစ်တာမို့ ခေါင်းမူးနေပေမယ့်
လည်း ကုန်းရုန်းထလိုက်သည် ။ ရေခဲသေတ္တာထဲရှိ ရေဘူးကို ထုတ်ကာ ခွက်ထဲသို့ ရေအပြည့်ဖြည့်ပြီး
တစ်ကျိုက်တည်း မော့လိုက်သည် ။
" အာ ... ပျားရည်ဖြစ်ဖြစ် ဖျော်သောက်မှ ရမယ် "
ရုတ်တရက် မနေ့က အကြောင်းတွေ ဖြတ်ခနဲ
မျက်လုံးထဲ ဝင်လာသည် ။
" မဟုတ်ဘူး ။ တော်ပြီ ပတ်ဂျီမင်း ! တော်လောက်
ပြီ !!!! မနေ့က ကိစ္စတွေကို မနေ့က နေရာမှာပဲ ထား
ခဲ့သင့်ပြီ ..."
ဂျီမင်းက ခေါင်းကို ဆတ်ဆတ်ခါရင်း ကိုယ့်ဘာကိုယ်
ပြောရင်း ရေဘူးကို ရေခဲသေတ္တာထဲ ပြန်ထည့်လိုက်
သည် ။ သို့သော် ညက ဟိုဆော့ ပြောခဲ့တဲ့ စကားတို့
က နားထဲ ထပ်ခါထပ်ခါ လုပ်ထားသလို ကြားယောင်
နေပြန်သည် ။
" ဘာတဲ့ ! ငါ့ကို စောင့်နေတာ ? မဖြစ်နိုင်တာ ဟား
ဟား !!!! "
ဂျီမင်းက ခပ်ကျယ်ကျယ် ရီလိုက်ပြီးနောက် ပြန်တိတ်ဆိတ်မိသွားသည် ။
" တော်ပြီ တော်ပြီ သူ့ဘာသူ စောင့်ရုံ မကလို့ သေသေ ။
ငါ မနေ့ကတည်းက သူ့ကိုမေ့လိုက်ပြီ ။ ဟုတ်တယ်
မေ့လိုက်ပြီ ။ ဂျွန်ဂျောင်ကု ဆိုတာ ငါ့ဘဝထဲမှာ မရှိ
တော့ဘူး "
ဟိုဆော့ ထားခဲ့သော မနက်စာများကို စားရင်း
တစ်ယောက်တည်း စကားပြောနေမိသည် ။
အနည်းဆုံးတော့ သူ့ကိုမေ့ဖို့ ကြိုးစားခဲ့သည် မဟုတ်
လား ။ မေ့နိုင်ဖို့လည်း ဒီလိုမျိုး ခေါင်းအကိုက်ခံပြီး
သောက်လာခဲ့တာမို့ ကြာလာရင် မေ့မှာပါ ။ တစ်နေ့
နေ့တော့ မေ့သွားမှာပါ ။
//
တံခါး ဖွင့်သံကြားသောကြောင့် ဆိုဖာ ပေါ်မှာ ငူငူ ငိုင်
ငိုင် ထိုင်နေတဲ့ ဂျီမင်းက တစ်ယောက် လှည့်ကြည့်
Advertisement
လိုက်သည် ။
" အစ်ကို ပြန်လာပြီလား ? "
" အင်း ... မင်း အမူးပြေပြီလား ?"
" နည်းနည်း ... "
" ချီးထုပ်ကောင် ။ မင်းညက ဘယ်လောက်တောင်
မူးနေလဲ မပြောတတ်တော့ဘူး ။ ဒါနဲ့ မင်း ဒီနေ့အလုပ်
မသွားဘူးလား "
" သွားမှာ ... မနေ့က မူးပြီး အစ်ကို ပေးထားတဲ့ အိမ်
သော့ ပျောက်လာလို့ ။ ထွက်သွားလို့ အစ်ကို အိမ်မှာ
မရှိရင် ပြန်ဝင်လို့ရတော့မှာ မဟုတ်ဘူးလေ ဟီး "
" ဖြစ်ရလေ !! ပတ်ဂျီမင်းရယ် ... "
" ဒါနဲ့ ခုတစ်လော အစ်ကို Class ဆီ သိပ်မသွားပါလား ? "
" မဟုတ်ပါဘူး ။ ငါက နမ်ဂျွန် နဲ့ကိစ္စလေးတွေရှိလို့
လေ ။ ခဏနေရင်လည်း ထပ်သွားရဦးမှာ ။ ပြိုင်ပွဲ
ကိစ္စတွေရှိလို့ စကားပြောကြမလို့ ။ အမယ် မင်းက
သာ ငါ့ကိုပြောနေတယ် ။ မနေ့ကလည်း ပါတီကို
မသွားဘူး ။ "
ဂျီမင်းက ဘာတစ်ခွန်းမှ ပြန်မပြော ။
" အင်း ... မင်း မပြောပြချင်လည်း ထားလိုက်တော့ ။
ဒါပေမယ့် အလုပ်နဲ့ တိုက်လို့ဆိုပြီး တစ်ခြား အချိန်
တွေပါ မင်း မသွားတာနော် ။ တကယ်မသွားတာက
ငါမဟုတ်ဘူး မင်းလေ ... မင်းက ဘာလို့လဲ ?
" အမှန်တိုင်းပြောရရင် ကျွန်တော် Dance Class ကို
မသွားတော့ဘူး "
ဟိုဆော့က ဂျီမင်း စကားကြောင့် အရမ်းလန့်သွားသည် ။
" ရူးနေလား ပတ်ဂျီမင်း !!!! "
" မဟုတ်ပါဘူး "
" မင်း ဒီကို ဘာလို့လာတာလဲ ? အက ကြောင့်
မလား ? "
" ဟုတ်ပါတယ် ... အခုက တစ်ခြား အကြောင်းရှိ
သေးတယ် "
" ဘာအကြောင်းလဲ ? "
" ကျွန်တော် ပြောတယ်မလား ညက ! တကယ်
မေ့လိုက်ပါပြီဆို "
" သူ့ကြောင့်လား ? သူ့ကြောင့်နဲ့ မင်း ဆက်
မကတော့မှာလား "
" လောလောဆယ်တော့ သူ့ကိုလည်း မမြင်ချင်
သေးတာမို့ ၊ ကျွန်တော်လည်း အချိန်ယူရမှာမို့
Class ကိုတော့ မလာတော့ဘူး ။ အဲ့တာ အပြင်
အချိန်ပိုင်းအလုပ် ထပ်ရှာပြီး အမေ့ကျန်းမာရေး
အတွက် ကြိုးစားရဦးမယ် "
ဟိုဆော့က ဂျီမင်းကို ကြည့်ပြီး ခေါင်းခါနေမိသည် ။
" မင်း ... ငါသိတဲ့ ပတ်ဂျီမင်းမှ ဟုတ်ရဲ့လား ? မင်း
အခုဆို ကျွမ်းကျင်တဲ့ အကသမားဖြစ်နေပြီ ။ မင်း
ဘယ်လောက်တောင်ကြိုးစားခဲ့ရလဲ ငါသိတယ် ။
မင်းက ဘယ်လို အခြေအနေမျိုးမှာမှ အက ကို
စွန့်လွှတ်မယ့်သူ မဟုတ်ဘူးလေ ... "
" မှန်ပါတယ် ... အဲ့လိုပါပဲ ။ အဲ့တာကြောင့် အခု
အပြီးအပိုင် မကတော့တာ မဟုတ်ပါဘူး ။ ဒီတိုင်း
အချိန်တစ်ခုပဲ ယူချင်တာပါ "
ဟိုဆော့ကို ဂျီမင်း ကြည့်လာတဲ့ မျက်လုံးတွေ
ကြောင့် ဟိုဆော့က သက်ပြင်းချလိုက်သည် ။
ကာယကံရှင်ထက် ဘယ်သူမှ ပိုခံစားရမည်မဟုတ်
တာမို့ ဟိုဆော့က လွှတ်ထားဖို့ပဲ ဆုံးဖြတ်လိုက်သည် ။
//
" ဟေး !!! "
Dance Class ရဲ့ တံခါးကို ဆွဲဖွင့်ကာ ဝင်လာသူက
ဟိုဆော့ ဖြစ်သည် ။
ဟိုဆော့က နမ်ဂျွန် နဲ့အတူ ဂျောင်ကုလည်း ထိုင်
နေသည်ကို တွေ့လိုက်သည် ။ သို့သော် နမ်ဂျွန်ကိုပဲ
စကားပြောစရာရှိတာ ပြောလိုက်သည် ။
" နမ်ဂျွန် ရာ မင်းက ဟိုချိန်းဒီချိန်းနဲ့ ငါ့မှာမောလိုက်တာ "
ဂျောင်ကု က ဟိုဆော့ နောက်မှာ တစ်ယောက်
ယောက် ပါလာမည်အထင်နဲ့ ကြည့်နေသည် ။
ဘယ်သူမှ ပါမလာတာကြောင့် ဂျောင်ကုက ခေါင်း
ငုံ့ထားလိုက်သည် ။
" အေး ! ဟိုဆော့ ရာ ဆောရီးပဲ ငါအစက ထိုင်နေကျ
ဆိုင်ပဲ ချိန်းမလို့ ။ ခု အလုပ်တွေက ရှုပ်ကုန်တာနဲ့ ဒီပဲ
ချိန်းလိုက်တာ ... "
" ဂျောင်ကုက ဒီ ရောက်နေတာလား ? ဒီနေ့ မင်း
အချိန်လား "
" ဟုတ်တယ်လေ ဒီနေ့ ကျွန်တော့်အချိန်လေ "
ဂျီမင်း အတူပါမလာတော့တာနဲ့ ဟိုဆော့လည်း
မေ့နေမိသည် ။
" နမ်ဂျွန် ... မင်းပြောတဲ့ အဲ့ဒီ သီချင်းက ငါ .. ငါ "
" အစ်ကို ! "
ဂျောင်ကုက ဟိုဆော့ကို ရုတ်တရက် စကား
ဖြတ်ပြောသည် ။
" ဂျီမင်း လေ ! ဂျီမင်း မလာဘူးလား ။ ကျွန်တော့်
Class ကို မလာတာလည်း တော်တော်ကြာပြီ ။
ဒီနေ့ရော မလာပြန်ဘူးလား "
" အာ ... သူလား ? သူ့အကြောင်းကတော့ ပြောမနေနဲ့ ! "
နမ်ဂျွန် ရော ဂျောင်ကု ရောက ဟိုဆော့ စကား
ကြောင့် စိတ်ဝင်တစား နားထောင်နေကြသည် ။
" သူက ဆက်မကတော့ဘူးတဲ့လေ "
" ဘယ်လို ! မကတော့ဘူး ? "
နမ်ဂျွန်ကပင် အံ့သြ၍ ပြောလိုက်သည် ။ ဂျောင်ကု
က အံ့သြနေပြီး ဘာစကားမှ ထွက်မလာ ။
" ကတဲ့အလုပ်ကို အခုဆက်မလုပ်တော့ဘူးတဲ့ "
နှစ်ယောက်လုံးက အံ့သြမှုများစွာဖြင့် ကြည့်နေကြသည် ။
အံ့သြရင်လည်း အံ့သြလောက်သည် ။ ဒီလောက်
ဝါသနာပါသူတစ်ဦးဆီက ဒီလို စကားကြားရတာ
လည်း ဝါသနာတူ အချင်းချင်းမို့ ခံစားချက်ကို
တွေးမိရင် အံ့သြလောက်ပါသည် ။
" အစ်ကို ! သူဘာဖြစ်လို့လဲ ? "
ဂျောင်ကု ရဲ့ မေးခွန်းထဲမှာ စိုးရိမ်မှုတွေ ပါနေသည် ။
" သူ့အမေက ကျန်းမာရေး မကောင်းတော့ ဆေးရုံ
တက်နေရတယ် ။ အဲ့စရိတ်ကလဲ သူပဲပေးနေရတာ
လေ ။ အဲ့ဒါကြောင့် သူအလုပ် ပိုလုပ်ဖို့ လိုလာတာ ။
သူ့အမေကို ပစ်ထားမိတာလည်း ကြာနေပြီ ပြီးတော့
သူ အလုပ်ကို ဖိလုပ်ရမယ့်အချိန်ရောက်လာပြီတဲ့ "
ဟိုဆော့က တစ်ခြား မပြောခဲ့သောစကားများလည်း
ပါခဲ့သည် ဆိုတာ ဂျောင်ကုက သိမည်မဟုတ် ။
" အော် "
ဂျောင်ကု အသံက ခပ်တိုးတိုးနဲ့ တိမ်ဝင်သွားခဲ့သည် ။
ဂျောင်ကုက အော် တစ်လုံးပဲ ပြောနိုင်ခဲ့သည် ။ ဘာမှ
မတတ်နိုင်ခဲ့သလို ဂျီမင်းဘက်က စပြီး ခပ်ဝေးဝေး
ကို ပြေးနေခဲ့တာ ဖြစ်သည် ။
နမ်ဂျွန်နဲ့ ဟိုဆော့က စကားပြောနေကြတုန်း ဂျောင်
ကုက သန့်စင်ခန်းထဲဝင်ကာ ဖုန်းကို ကိုင်ထားရင်း
ချီတုံချတုံ ဖြစ်နေမိသည် ။
" ဖုန်းဆက်ရင်ကောင်းမလား ? ဆက်ပြီး မွေးနေ့ကို
ဘာလို့ မလာတာလဲ ? ကျွန်တော့် အတန်းကိုရော
ဘာလို့ မလာတာလဲ ဆိုပြီး ဒဲ့မေးရမလား ? မဟုတ်
သေးပါဘူး ။ ငါဘာလုပ်ရမလဲ ? "
ဂျောင်ကုက ဘာလုပ်ရမယ်မသိ တွေဝေနေပေမယ့်
တစ်ခုကို စဥ်းစားမိလိုက်သည် ။
//
ဂျီမင်းက ဆိုင်ထဲမှာ ခုံတွေကို စီနေတုန်း ဘေးကို
သူငယ်ချင်းကောင် က ရောက်လာသည် ။
" ဂျီမင်း ! ငါ့ကို ခဏကူညီပါကွာ ။ ဟိုနေရာလေး
ရှင်းပေးထားပါလား ။ ငါ့ ကိစ္စက ထိပ်ဝရောက်
နေပြီ "
" အေးပါကွာ ဖြစ်ရမယ် မြန်မြန်သွား ! ထွက်ကျမယ် "
ဂျီမင်းက တင်ပါးနဲ့ ခြေထောက် တစ်သားတည်းပါ
အောင် ပြေးနေသည့် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း
ကို ကြည့်ကာ ရီနေမိသည် ။
" တကယ့်ကောင် ... ရီနေရတယ် "
ဂျီမင်းက ပစ္စည်းတွေ ရှင်းဖို့ လာရင်းက ဆိုင်ရဲ့ ခပ်
လှမ်းလှမ်းတစ်နေရာကို ကြည့်လိုက်တော့ ဦးထုပ်ကို
ခပ်ငိုက်ငိုက် စောင်းကာ နားကြပ်ကို လည်ပင်းမှာ
တင်ထားသည်ကို တွေ့လိုက်ရသည် ။
" ဂျောင်ကု များလား ? တူလိုက်တာ ။ ဘာမှလည်း
မမှာဘဲ ထိုင်နေတာလား ? ဘာပါလိမ့် "
ဂျီမင်းက အနားကို သွားလိုက်ပြီး တစ်ခုခုမေးရန်
တာဝန်ရှိသည်မို့ မေးလိုက်သည် ။
" ဧည့်သည် ! ဘာများဖြစ်လို့လဲ ? ဘာများသုံးဆောင် .. "
" ဂျီမင်းရှိ ! "
Hoodie ခေါင်းစွပ်ကို ချွတ်ကာ မော့လာသူက
ဂျောင်ကု ။
" ဟင် ဂျောင်ကု ... "
ကာ ထွက်လာခဲ့လိုက်သည် ။ လောလောဆယ် စိတ်
" အစ်ကို ဟိုဆော့ !! "
စောစောသွားတာ "
ကြည့်လျက် ငေးနေသည် ။
ဝမှာတွေ့ခဲ့တာကို "
ပေါ်သည် ။
စမ်းပါနဲ့ လာစမ်းပါ "
နေရှာသည် ။
" ငါတကယ် ပြောနေတာဆို ! "
" မရောက်လာတာ ထင်တယ် ။ အလုပ်များနေပုံပဲ "
ယောင်တောင် မတွေ့ခဲ့ရ ။
" အင်း .. လာပြီ "
//
တွေ့လိုက်ရသည် ။
" အေ့ ... ဟိုး အဝေးကြီး ... အေ့ "
တက်နေသေးသည် ။
လဲ ။ ပါတီလည်း မလာဘူး ။ မင်း ဘာတွေလုပ်နေ
တာလဲ ? "
ချလိုက်သည် ။
ပြေးမေးနဲ့ "
ပြန်မေးရှာသေးသည် ။
တော့်လင်က အစ်ကိုလေ "
တော်ပါတော့ !! "
တွေမူးလိုက်တာ ... "
" မင်း ငိုထားတာလား ? "
ရွတ်လိုက်သည် ။
ဟာသတွေပြောပြီ "
ပြောရမှာလား ? တကယ်လေ ... "
ဆော့က လန့်သွားသည် ။
ကို ရီရတာ ... "
Advertisement
- In Serial1274 Chapters
Flash Marriage with a CEO Husband
The night before their wedding, her fiancé ran off with his mistress.Out of frustration, she grabbed the man standing in front of the Civil Affairs Office, "President Mo, your bride has not arrived an...
8 2036 - In Serial55 Chapters
The Night I Was Saved
Hero Fiennes Tiffin is a humble police officer who is born and raised in London. At twenty-three, he is in the prime of his life, having a full-time job, a great group of friends, and a nice apartment just outside of London. His life is calm and collected, but then one night at work changes everything. ✳TRIGGER WARNING✳Will involve mental and sexual abuse as well as other trauma.
8 157 - In Serial12 Chapters
Bully To A Lover
Elle Rose. Known as the introvert girl in a high school in New Orleans. She has always been teased by Ethan Rudd and the rest of his gang.But behind those big round glasses there's an angelic beautiful face.One day, the school announces something about a masquerade ball. Her bestfriend, Lily tried to convince her to go to the masquerade ball. But the thing is,Is she willing to go the masquerade ball just for her bestfriend? or is it because of Ethan?**Editing**
8 221 - In Serial26 Chapters
chaotic (Persian translation)
When our dance floor is the earth then i will never leave this devil music.🖤❤️تا وقتي كه زمين رقصمون, جهان باشه من هيچ وقت اين آهنگ شيطاني رو ترك نميكنم.
8 95 - In Serial36 Chapters
Fantasy- MaAn shots
This book is based on the starplus serial "Anupama" and revolves majorly around Anupama and Anuj kapadia.*****************Excerpt 1The arrogance dropped from Anuj's face in a flash as he furrowed his brows surprised, "What...I...nhi...." He stammered tugging at his glasses, while Anupama burst into a fit of chuckles at that.Anuj then smiled too and nodded, "Tumse kya chupana...tum aaj bahot bahot sundar lag rahi ho".Anupama blushed at the compliment but then schooled her features into a poker face. "Bas aaj hi sundar lag rahi hu?"*******************Excerpt 2HAAN!" Anuj shouted,angered, loosening his tie. He was ready to sock his jaw in! "Yaarana hai! Are you jealous?!"Vanraj looked incredulously at Anuj as Anuj smirked, "Hona bhi chahiye! I mean love marriage karne ke baad bhi, you and kavya can't find a common ground. You should be jealous! Classes lenge mujhse on how to keep a woman happy? You really need it!""Tum apni hadd-"Shush!" Anuj interrupted Vanraj then, a smile starting to form."You should be jealous. I mean, jis ex ko tumhari shakal dekhte hi sardard hota hai, wo mere sath khush rehti hai! And vese bhi you are very curious about us naa?"**********************Sometimes we see certain scenes and cant help but imagine "what if it had been like that?". So here in this book are my take around certain scenarios.
8 157 - In Serial55 Chapters
Tropical Depression
Sunday, October 29, 2022. A Typhoon hit my Country killing 45 people via floods, and so, I wrote poetry on my phone until it died- in the safe space of my condominium on top of the mountain city.Themes: Calamity, Theology, Memory and Apathy. (Published: October 30, 2022)Winner: Azure Awards 2022 (Poetry)
8 232