《Dancing On Your Heartbeat • Kookmin || Completed ||》- 17 -
Advertisement
ဘာကြောင့်ရယ် မသိ ပစ္စည်းလေးတွေ ကြည့်နေရင်း
ရင်ထဲမှာ ကြည်နူးနေမိသည် ။ ချစ်ရတဲ့သူကို လက်
ဆောင်ပေးရမည် ဆိုသည်မှာလည်း ရင်ခုန်စရာတစ်
မျိုးပဲ မဟုတ်လား ။
" ညီမ ဒီ Jean Coat လေးကို တစ်ချက် ပြပေးလို့
ရမလား "
ဂျောင်ကု လိုချင်တဲ့ မျက်လုံးတို့ဖြင့်ကြည့်ခဲ့သော ဒီ
Jean Coat လေးကိုပဲ ရွေးလိုက်ဖို့ စဥ်းစားထား
လိုက်သည် ။
များသောအားဖြင့် Hoodie တွေသာ ဝတ်လေ့ရှိတဲ့
ဂျောင်ကုက ဒီလို Jean Coat နဲ့သာဆို ဘယ်
လောက်လိုက်မလဲဟု တွေးရင်း သဘောကျနေ
မိသည် ။
" အစ်ကို ဒီမှာပါ ... "
အရောင်းဝန်ထမ်းမ လေးက Jean Coat ကို ယူကာ
ဂျီမင်းကို ပြသည် ။
" လှလိုက်တာ"
" အစ်ကို ဝတ်မှာလား "
" မဟုတ်ဘူး ကျွန်တော့် ချစ်တဲ့သူ တစ်ယောက်
အတွက် "
" အော် အစ်ကိုရဲ့ သူငယ်ချင်းအတွက်လား ? "
ဂျီမင်းက ဘာမှ ပြန်မပြောဘဲ သူမ ကို ပြုံးပြ
လိုက်သည် ။
" ဒါလေးယူမယ် ပြီးတော့ လက်ဆောင်ပေးမှာမို့
ပါကင်လေး ထုတ်ပေးနိုင်မလား ? "
" ဟုတ်ကဲ့ "
ဂျီမင်းက ဒီလက်ဆောင်လေးထဲက ပစ္စည်းကိုသာ
ဂျောင်ကု မြင်ရင် ဘယ်လောက်တောင် ပျော်နေ
မလဲဆိုတာ တွေးကြည့်ရင်း ပြုံးနေမိသည် ။
" အစ်ကိုက လက်ဆောင်ရမယ့်သူထက်တောင် ပို
ပျော်နေသလိုပဲ "
ဂျီမင်းက ပိုက်ဆံရှင်းရင်း အရောင်းဝန်ထမ်းလေး
ပြောတဲ့ စကားကို ရီမိသည် ။
" ဟုတ်မယ်ထင်တယ် ။ ကျေးဇူးပါဗျာ ... "
ဂျီမင်းက အိတ်ကို ယူကာ ဆိုင်ထဲက ထွက်လာခဲ့
သည် ။
//
" အစ်ကို ဟိုဆော့ရေ ပြန်လာပြီ "
အိမ်ထဲက ဘာသံမှမကြား ။
" အစ်ကို အပြင်သွားတယ်ထင်တယ် ။ "
ပုံမှန်ဆိုလည်း ဒီလိုပဲ ထွက်သွားတတ်သည်မို့ ဘာမှ
အထူးတဆန်း မဟုတ်တော့ပါ ။
" အတော်ပဲ အစ်ကို မရှိတုန်း လွတ်လွတ်လပ်လပ်
ရေးရမယ် "
အသင့် ဝယ်လာသော စာရွက် ရောင်စုံလေးတွေ
ပေါ်မှာ စာရေးဖို့ စီစဉ်လိုက်သည် ။
" နေဦး အရင် အကြမ်းချရေးရမယ် "
ဂျီမင်းက ဘောပင်ကို ရမ်းလှုပ်နေရင်း တွေးနေသည် ။
ဂျီမင်းက စာရွက်ကို ချေလုံးကာ ဘေးကို ပစ်ချ
လိုက်သည် ။
ပါတယ် >
" ဟာ ဒီလိုကလည်း မဟုတ်သေးပါဘူး "
ထပ်ပြီး စာရွက်ကို ချေကာ လွှင့်ပစ်လိုက်သည် ။
" အာ မဟုတ်ဘူး ဒါလဲမဟုတ်သေးဘူး ။ ဘာစရေး
ရမလဲ ? "
ဂျီမင်းက ခေါင်းကို ဖွပစ်လိုက်ကာ အကြံအိုက်နေပြီး
ခုံပေါ် မှောက်အိပ်လိုက်သည် ။
" ဟာ ... သိပြီ "
နောက်ဆုံးတော့ အကြံရသွားကာ သေသေချာချာ
လေး ရေးပြီး စာကို အစအဆုံး တစ်ခေါက် ပြန်ဖတ်
လိုက်သည် ။
" ဂျောင်ကုသာ ဒီ Jean Coat လေးရမှန်း သိရင်သိပ်
ပျော်မှာ "
" အဲ့တာ ဘာတွေရေးနေတာလဲ ? "
နောက်ကနေ စာကို တိတ်တိတ်လေး လာဖတ်နေတဲ့
ဟိုဆော့က ဂျီမင်းကို မေးလိုက်သည် ။
" အမလေး မြတ်စွာဘုရားကြီး ကြွကုန်ပြီ !!!! "
ဂျီမင်းက မပြောမဆိုနဲ့ နောက်ရောက်နေတဲ့ ဟိုဆော့
ကြောင့် လန့်သွားသည် ။
" အောင်မယ် ! မင်းကရော ဘာတွေ ပြုံးစိစိလုပ်နေ
တာလဲ ? တစ်ခန်းလုံးလည်း ရှုပ်ပွနေတာပဲ ။ ဘာ
တွေ လုပ်နေတာလဲ "
" ဘာလုပ်လုပ်ပေါ့ ! အစ်ကိုက စပ်စုလိုက်တာ...."
ဂျီမင်းက လူက လက်တောက်လောက် ဖြစ်သလို
စိတ်ကလည်း လက်တစ်ဆစ် ဖြစ်သည် ။
" အောင်မာ ... ငါ့များ စပ်စုသလေးနဲ့ ။ အခန်းကို
လည်း ကြည့်ဦး ။ ဖွထားတာက ... ? "
" ကျွန်တော် သိမ်းမှာပါ ... "
ဂျီမင်းက စာရွက်ကို သေချာ ယူ၍ ထွက်သွားသည် ။
" ဟေ့ကောင် !!! သိမ်းမယ်ဆို "
ဂျီမင်းက တစ်ခါပြန်လှည့်လာတော့ ဟိုဆော့က
ချက်ချင်း လာပြန်ရှင်းတယ် ထင်ပေမယ့် ဂျီမင်း
က မေ့ကျန်ခဲ့သော ခုံပေါ်က လက်ဆောင်ဘူးကို
လာယူတာဖြစ်သည် ။
" အံမယ် အံမယ် .... မရှင်းဘူးလား မင်းအမှိုက်တွေ "
ဂျီမင်းက ဟိုဆော့ကို မျက်စောင်းကလည်း ထိုး
လိုက်သေးသည် ။
" ဘုရား ဘုရား ! ငါလည်း သူ့ကို ဘာမှမလုပ်ပဲနဲ့
ငါပြာကျတော့မယ် သူကြည့်တာနဲ့တင် "
" ရှင်းပါမယ်ဆို ... ခဏတော့စောင့်ဦး ။ အစ်ကို မကျေနပ်ရင် ကိုယ့်ဘာသာ ရှင်းလိုက်တော့ !! "
ဟိုဆော့ ကို အပြင်မှာထားခဲ့ပြီး အခန်းထဲဝင်ကာ
တံခါးကိုပိတ်ပြီး ဂျက်ချလိုက်သည် ။
" ဟာ ... ကောင်စုတ်လေး လုပ်သွားပုံ ကြည့်စမ်း !!! "
ဟိုဆော့က အခန်းပြင်က အော်နေသံ ကြားပေမယ့်
ဂျီမင်းက လက်ဆောင်ဘူးလေးကို ကြည့်လိုက် စာ
ကို ကြည့်လိုက်နဲ့ ပြုံးပျော်နေမိသည် ။ ထို့နောက်
စာကို သေချာခေါက်ကာ ဘူးလေးထဲ လှလှပပ
ထည့်လိုက်သည် ။
" ဟူး ... ဒီနေ့အိပ်ပြီးရင် မနက်ဖြန်ဆို အဆင်ပြေ
Advertisement
သွားမှာ ! သူ ဒီစာလေးကို ဖတ်မိရင် အဆင်ပြေသွားမှာ "
ဂျီမင်းက လက်ဆောင်ဘူးလေးကို ပိုက်လျက်
ကုတင်ပေါ်မှာ လူးလွန့်နေမိသည် ။
" ရင်ခုန်လိုက်တာ အား !!! "
//
" မန်နေဂျာရယ် ... ဒီတစ်ရက်ပါပဲ ! "
ဂျီမင်းက လက်ညိုးတစ်ချောင်းကို ထောင်လျက်
ခွင့်တောင်းနေသည် ။
" အေး ... ငါလစာထဲက ဖျက်မှာ ... "
" မန်နေဂျာကလည်း ... !! "
နှုတ်ခမ်းကို ထော်ကာ ဆောင့်အောင့်လိုက်ပေမယ့်
အထက်လူဖြစ်နေသည်က ဘာမှ လုပ်မရ ။
" အောင်မာ မကျေနပ်ရင် မသွားနဲ့ ။ မင်းမရှိရင်
ညနေပိုင်းက ဘယ်သူ တာဝန်ယူမှာလဲ ? "
" သိပါပြီ ! အဲ့တာဆိုလည်း ဖျက်ပေါ့ ။ ကျွန်တော်က
သွားမှရမှာမို့ ... "
" မင်းကိစ္စပဲ အဲ့တာ ။ သွားလို့ ရပြီ ! "
မကျေနပ်ပေမယ့်လည်း ဂျောင်ကုမွေးနေ့ အမှီသွား
ချင်တာမို့ အောက်ကျနောက်ကျခံကာ မျက်နှာချို
သွေးခဲ့ရသည် ။ သို့သော်လည်း လစာက ထပ်ဖျက်
ခံရဦးမည် ။
ဂျီမင်းက အဝတ်လဲခန်းထဲ အမြန်ဝင် ပြင်ဆင်လိုက်သည် ။
မှန်ထဲကို ကြည့်လိုက်တော့ ကိုယ့်ကိုကိုယ် ပြန်ကြည့်
ရင်း ပြုံးလိုက်သည် ။ ဂျောင်ကုမွေးနေ့ဖြစ်တာမို့
အရင်ထက် အများကြီး တောက်တောက်ပပ ဝတ်
ထားခဲ့မိသည် ။ ကော်လံစကို သေသေသပ်သပ်ဖြစ်
အောင် ချိုးလိုက်ကာ ပြင်ဆင်ပြီး ဆိုင်ထဲက ထွက်
လာခဲ့သည် ။
ဂျီမင်းရဲ့ ခြေလှမ်းတို့က တက်ကြွနေသည် ။ လှမ်း
လိုက်တဲ့ ခြေတစ်လှမ်းဆီတိုင်းက ပျော်ရွှင် လန်း
ဆန်းမှုတွေနဲ့ ဖြစ်သည် ။
Class ရှေ့ကိုရောက်လာတော့ ချက်ချင်း မဝင်ဖြစ်
သေးဘဲ အသက်ဝအောင်ရှူကာ သက်ပြင်းချလိုက်
သည် ။
" ဂျီမင်းရှိ ! ရောက်လာပြီလား ? "
ဂျောင်ကုက ဂျီမင်း ရှေ့ကိုတိုးလာပြီး ဂျီမင်းကို
စက္ကန့်ပိုင်းမျှ မှင်သက်စွာ စိုက်ကြည့်နေသည် ။
ချက်ချင်းရောက်မလာသေးလောက်ဘူး ထင်ပေ
မယ့် ဂျောင်ကုက တိုက်တိုက်ဆိုင်ဆိုင် ဘေးကို
ရောက်လာသည် ။
" ဒီနေ့တော်တော် ကြည့်ကောင်းနေတယ် "
ဂျောင်ကု စကားကြောင့် ဂျီမင်းက ခေါင်းကို ဆက်
တိုက် ငုံ့ထားလိုက်သည် ။
" အာ ... ကျေးဇူးပါပဲ ! "
ရှက်လွန်းလို့ စကားတွေဟာ ကောင်းကောင်း ထွက်
မလာခဲ့ ။
" လာလေ အထဲ ဝင်ထိုင်လေ ! "
" ဒါလေး အရင် ... "
ဂျောင်ကုက အထဲဝင်ဖို့ ခေါ်ပေမယ့် ဂျီမင်းက လက်
ထဲက လက်ဆောင်ဘူးလေးကို အရင်ထုတ်ပေးလိုက်
သည် ။
" အမ် ! လက်ဆောင်လား ? "
" အင်း ! "
လက်ဆောင်ရသူထက် ပေးသူရဲ့ မျက်နှာက အပြုံး
တွေ ပိုဝေနေသည် ။
" ဂျီမင်းရှိ ! ကျေးဇူးပဲနော် "
ဂျောင်ကုက ဘူးကို ချက်ချင်း ဖွင့်ကြည့်လိုက်သည် ။
" အာ ... အခု ... အခုကြည့်ပြီလား ? "
ဂျောင်ကုက ဘာမှ ပြန်မပြောဘဲ ဘူးထဲက ခေါက်
လျက်သား Jean Coat လေးကို အံ့သြသော မျက်
နှာတို့ဖြင့် အတန်ကြာ စိုက်ကြည့်နေသည် ။
" အာ ... ဖွင့်လိုက်ပြီပဲ ။ ဟို .. မင်း .. သဘော ..
သဘောကျ ... "
ဂျီမင်းက စကားတွေ အထစ်ထစ်နဲ့ ပြုံးလျက် ပြော
နေသည် ။
" ဂျီမင်းရှိ ? "
ဂျောင်ကုက အံ့သြသော မျက်လုံးအစုံတို့ဖြင့် ဂျီမင်း
ကို ကြည့်လာသည် ။
" ဒါလိုချင်နေတာ ဘယ်လို သိခဲ့တာလဲ ? "
" အော် အဲ့ဒါက ဟိုဟာ .. ဟို ... အဲ့တာက ... မင်းဟို
နေ့က ဆိုင်ရှေ့မှာ ... ရပ် ... ရပ်ကြည့်နေတာ ...
တွေ့ .. တွေ့ ... "
ဂျီမင်း ပြောတာ ဆုံးအောင် နားမထောင်တော့ဘဲ
ရုတ်တရက် ဖက်ထားလိုက်တဲ့ ဂျောင်ကုကြောင့်
ဂျီမင်းက ခဏတော့ကြောင်အမ်းသွားမိသည် ။
" အာ ... ဂျောင်ကု ah ... "
အစကတည်းက ပျော်မယ်ဆိုတာ သိတဲ့ စိတ်နဲ့
ပြင်ဆင်လာခဲ့တဲ့ စိတ်ကြောင့် ဂျီမင်းက နှစ်နှစ်
ခြိုက်ခြိုက် ပြုံးမိသည် ။
" ကျေးဇူးတင်ပါတယ် ဂျီမင်းရှိ ! တကယ်ပါ ... "
ဂျီမင်းက တင်းကျပ်စွာဖက်ထားတဲ့ ဂျောင်ကုရဲ့
လက်တွေ အတိုင်း ဂျောင်ကုကိုလည်း ပြန်ဖက်
ထားလိုက်သည် ။
" မဟုတ်တာကို ... သဘောကျရင် ရပါပြီ "
" ဂျီမင်း ! ဂျီမင်း ! ဂျီမင်း ! "
ဂျီမင်းရဲ့ ပုခုံးကို လာလှုပ်သော လက်တစ်စုံကြောင့်
ဂျီမင်းက လှည့်ကြည့်လိုက်သည် ။
" ဟေ့ကောင် ! ဒါကြီး ပိုက်ပြီး ဘာတွေစိတ်ကူး
ယဉ်ပြီး ပြုံးရယ်နေတာတုန်း ? အထဲမဝင်သေး
ဘူးလား ? "
နမ်ဂျွန်က ဂျီမင်းကို ကြောင်ကာ ကြည့်နေသည် ။
ဂျီမင်းက ရှက်ရှက်နဲ့ လက်ဆောင်ဘူးကို နောက်ကို
အမြန် ဖွက်လိုက်သည် ။
" အာ တောင်းပန်ပါတယ် ။ ကျွန်တော် အတွေးလွန်
သွားလို့ "
" လာလေ ! အထဲဝင်လေ .. လူတောင်စုံနေပြီ ထင်
တယ် "
" လာမယ် လာမယ် ! အစ်ကို အရင်ဝင်နှင့်နော် "
ဂျီမင်းရဲ့ ပါးနှစ်ဖက်လုံးက ရဲတက်လာလို့ ချက်ချင်း
ဝင်သွားဖို့ မဖြစ်နိုင်သေး ။
" အေး ပြီးရော ! "
နမ်ဂျွန်အထဲဝင်သွားတော့မှ သက်ပြင်းချကာ ကိုယ့်
ခေါင်းကို ထုမိတော့သည် ။
Advertisement
" သေလိုက်ပါတော့ ... စိတ်ကူးယဥ်ချက် ပတ်ဂျီ
မင်းရယ် "
တကယ်တမ်း ဂျောင်ကု ရှေ့ကို သွားမယ်လည်း ကြံ
ရော ခြေဖျားလက်ဖျားတွေက အေးစက်လာသည် ။
" မဟုတ်ဘူးမဟုတ်ဘူးမဟုတ်ဘူး !!! ခုဏက
အတိုင်း ဖြစ်မှာမို့ အဲ့လောက်ထိ စိတ်လှုပ်မရှား
နဲ့ ဂျီမင်း "
ဂျီမင်းက ကိုယ့်ကိုကိုယ်နှစ်သိမ့်လိုက်ပြီး Class
ထဲကို ဝင်လာခဲ့သည် ။
" အားလုံး ခဏလေးပါ !! ကျွန်တော်ပြောစရာရှိလို့ပါ "
အကအခန်းထဲမှ ဟိန်းထွက်လာတဲ့ ဂျောင်ကု အသံ
ကိုခပ်သဲ့သဲ့ကြားလိုက်ရသည် ။ ဂျီမင်းက အခန်းဝ
ကနေ အထဲကို လှမ်းကြည့်လိုက်တော့ အသက်ရှူမှား
လောက်အောင် ကြည့်ကောင်းနေသူက မရိုးနိုင်တဲ့
ထိုကောင်လေးပင် ။
" ရူးလောက်အောင် ကြည့်ကောင်းနေတာပဲ ဂျွန်
ဂျောင်ကုရယ် ... "
ဂျီမင်းက တစ်ယောက်တည်း ရေရွတ်ကာ ခေါင်းငုံ့
ပြီး ပြုံးလိုက်သည် ။
" ပြောစရာက ဟို ... "
ဂျောင်ကုက ဘေးတစ်နေရာကို ငေးကြည့်ရင်း
ပြုံးနေသည် ။
" ဒီနေ့ ကျွန်တော့်ကောင်မလေးနဲ့ ကျွန်တော်နဲ့ Anni
Day ပါခင်ဗျ !!!! "
ဂျီမင်းက ထို အသံကြောင့် ထိတ်လန့်သွားပြီး ဘေး
ကို သေချာကြည့်တော့မှ ဂျောင်ကု ဘေးကို ရောက်
လာတဲ့ ဆဲအင်းကို မြင်လိုက်ရသည် ။
" ဒီနေ့က ကျွန်တော့်မွေးနေ့လည်းဟုတ်တယ် ။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ Anni လဲဟုတ်တယ် ။ အဲ့ဒါကို တစ်ခါတည်း အသိပေးပြီး ကျွေးတယ်ပဲ ထားပါတော့ !! ""
" ဝိုး !!!!!!! "
ပါတီက လူတွေရဲ့ အာမေဍိတ်သံမျိုးစုံဟာ အခန်းထဲ
ပျံ့နှံ့သွားသည် ။ သူငယ်ချင်းတွေ အားလုံး လက်ခုပ်
တီးခဲ့ကြပေမယ့် ချောင်မှာ မျက်ရည်တွေစီးကျခဲ့သူ
က ဂျီမင်း ။
ဂျီမင်းက ဝေးဝေးကို ပြေးထွက်သွားခဲ့ပြီး အသက်ရှူ
ကြပ်လာတာမို့ ရင်ဘတ်ကို ခပ်တင်းတင်း ဖိထား
လိုက်သည် ။
" ငါဘာကိုမေ့နေခဲ့တာလဲ ? သူ့မှာ ချစ်သူရှိနေတာပဲ ။
ဟုတ်တယ် ... ငါဘာကိုမျှော်လင့်နေခဲ့တာလဲ ? ငါ
အရူးပဲ !!!! "
ဂျီမင်းက ကိုယ့်ရင်ဘတ်ကို ထုရိုက်ကာ ပြောနေမိ
သည် ။ မျက်ရည်တွေဟာလည်း အဆက်မပြတ် စီး
ကျနေသည် ။
" နေဦး နေဦး !!! မပြီးသေးဘူး အဲ့တာနဲ့တင်မပြီးဘူးလေ "
ဆဲအင်းကြောင့် ပါတီက လူအကုန်နဲ့ ဂျောင်ကု
ကပါ ကြောင်သွားသည် ။
" ဘေဘီ ! ဆောရီးကွာ ။ ဒီ Anni မှာ ကိုကိုက
ဘာမှမပြင်ဆင်ခဲ့ရဘူး အဲ့ဒါကလေ ကို ... "
" သိပါတယ် ကိုကိုက မအားဘူးလေ ။ အဲ့ဒါကြောင့်
ဘေဘီကပဲ ပြင်ဆင်ခဲ့တယ် "
ဒီမြင်ကွင်းဟာ ဘာမှ မခံစားရသူတွေ အဖို့တော့ လက်ခုပ်တီးစရာ အားပေးစရာ တစ်ခုဖြစ်ခဲ့ပေမယ့်
ဂျီမင်းအတွက်တော့ မျက်ရည်တွေသာ ထပ်ထပ်ကျ
စရာ ဖြစ်ခဲ့သည် ။
ပွဲရှိလူအားလုံး ရဲ့ အားပေးသံတွေက ဂျီမင်းအတွက်
တော့ မုန်တိုင်းတစ်ခုလို ငရဲတစ်ခုလို ခံစားရသည် ။
ဆဲအင်းက ဘေးရှိ ကတ္တီပါဘူးလေးကို ယူကာ
ဂျောင်ကုလက်ထဲကို ထည့်လိုက်သည် ။
" ရော့ ! ဒါလေးကိုဝတ်ပေး ။ ဒီတစ်ခါပဲရမှာနော်
နောက်တစ်ခါကျ ကိုကိုကပဲ စီစဉ်ပေးရမှာ "
ဂျီမင်းရဲ့ စိတ်ကူးယဥ်ထဲက ပုံရိပ်လေးက ဆဲအင်း
ဆီမှာဖြစ်ပျက်နေပြီး စိတ်ကူးထဲက အံ့သြနေတဲ့
ဂျောင်ကု ရဲ့မျက်နှာလေးက ဂျီမင်း ရှေ့မှာ ဖြစ်မှာ
မဟုတ်ဘဲ သူမ ရှေ့မှာ ဖြစ်နေခဲ့သည် ။
ကတ္တီပါဘူးလေးကို ဂျောင်ကု က ဖွင့်ကြည့်လိုက်
သည် ။ ဆင်တူလက်စွပ်လေး နှစ်ကွင်းက ထိုဘူး
လေးထဲမှာ တောက်ပစွာ နေရာယူလျက်ရှိသည် ။
" ဘေဘီ ! "
စကားသံအဆုံးမှာ ဂျောင်ကု ရင်ခွင်ထဲကို ရောက်
သွားတဲ့သူက ဘေဘီလို့ ခဏခဏခေါ်နေတဲ့ ဆဲအင်း
ပဲဖြစ်သည် ။
" အာ ... စိတ်ကူးတိုင်းလဲ ဖြစ်တတ်တာမှ မဟုတ်ဘဲလေ "
ဂျောင်ကုက ဆဲအင်းလက်မှာ ထိုလက်စွပ်ကို စွပ်ပေး
နေပြီး ဆဲအင်းက ဂျောင်ကုလက်မှာ တစ်ဖန် ပြန်စွပ်
ပေးသည် ။
စိတ်ကူးသမျှ လွဲမှားခဲ့ရသည်မှာ ဒါက ပထမဆုံး
အကြိမ်လည်း မဟုတ်ပေမယ့် ပထမဆုံးအကြိမ်
အနာကျင်ရဆုံးဖြစ်ခဲ့သည် ။
" နမ်းကြပါ နမ်းကြပါ နမ်းကြပါ !!!! "
ဒီမြင်ကွင်းနဲ့တင် မလုံလောက်သေးလို့ ဘယ်လို ရူး
သွားစေတဲ့ မြင်ကွင်းကို ဖြစ်စေချင်ကြတာလဲလေ ။
ဒါဟာ ပတ်ဝန်းကျင် အပြစ်လည်းမဟုတ် ဆဲအင်း
အပြစ်လည်း မဟုတ် ဂျောင်ကု အပြစ်လည်းမဟုတ် ။
အားလုံးဟာ ချစ်မိသွားခဲ့တဲ့ ဂျီမင်း အပြစ်သာဖြစ်သည် ။
ဂျီမင်းက အဲ့ဒီနေရာနဲ့ အဝေးဆုံးကို ထွက်လာမိခဲ့
သည် ။ ဆက်ရှိနေဖို့ဆိုတာလည်း မဖြစ်နိုင်တော့
သလို ငိုစရာ မျက်ရည်တွေလည်း ကုန်ခမ်းနေခဲ့
ပါသည် ။
အဝေးဆုံးတစ်နေရာကို ထွက်လာခဲ့ပေမယ့် ၊ အဝေး
ဆုံးဆိုတာ ဘယ်နေရာလဲမသိပေမယ့် သူနဲ့ အဝေး
ဆုံး တစ်နေရာရာကိုပေါ့ ။
မျိုးပဲ မဟုတ်လား ။
ရမလား "
လိုက်သည် ။
မိသည် ။
" အစ်ကို ဒီမှာပါ ... "
ဂျီမင်းကို ပြသည် ။
" လှလိုက်တာ"
" အစ်ကို ဝတ်မှာလား "
အတွက် "
လိုက်သည် ။
" ဟုတ်ကဲ့ "
ပျော်နေသလိုပဲ "
" ဟုတ်မယ်ထင်တယ် ။ ကျေးဇူးပါဗျာ ... "
သည် ။
//
အိမ်ထဲက ဘာသံမှမကြား ။
ရေးရမယ် "
လိုက်သည် ။
ပါတယ် >
ရမလဲ ? "
" ဟာ ... သိပြီ "
လိုက်သည် ။
ပျော်မှာ "
" အဲ့တာ ဘာတွေရေးနေတာလဲ ? "
ကြောင့် လန့်သွားသည် ။
တွေ လုပ်နေတာလဲ "
လည်း ကြည့်ဦး ။ ဖွထားတာက ... ? "
" ကျွန်တော် သိမ်းမှာပါ ... "
" ဟေ့ကောင် !!! သိမ်းမယ်ဆို "
လာယူတာဖြစ်သည် ။
လိုက်သေးသည် ။
ထည့်လိုက်သည် ။
" ရင်ခုန်လိုက်တာ အား !!! "
//
ခွင့်တောင်းနေသည် ။
" အေး ... ငါလစာထဲက ဖျက်မှာ ... "
" မန်နေဂျာကလည်း ... !! "
သွားမှရမှာမို့ ... "
" မင်းကိစ္စပဲ အဲ့တာ ။ သွားလို့ ရပြီ ! "
ခံရဦးမည် ။
လာခဲ့သည် ။
သည် ။
ရောက်လာသည် ။
" အာ ... ကျေးဇူးပါပဲ ! "
မလာခဲ့ ။
" လာလေ အထဲ ဝင်ထိုင်လေ ! "
" ဒါလေး အရင် ... "
သည် ။
" အမ် ! လက်ဆောင်လား ? "
" အင်း ! "
တွေ ပိုဝေနေသည် ။
" အာ ... အခု ... အခုကြည့်ပြီလား ? "
" အာ ... ဖွင့်လိုက်ပြီပဲ ။ ဟို .. မင်း .. သဘော ..
သဘောကျ ... "
နေသည် ။
" ဂျီမင်းရှိ ? "
ကို ကြည့်လာသည် ။
တွေ့ .. တွေ့ ... "
" အာ ... ဂျောင်ကု ah ... "
ထားလိုက်သည် ။
ဘူးလား ? "
အမြန် ဖွက်လိုက်သည် ။
" အာ တောင်းပန်ပါတယ် ။ ကျွန်တော် အတွေးလွန်
သွားလို့ "
တယ် "
" အေး ပြီးရော ! "
Advertisement
- In Serial35 Chapters
MC's Viking Warriors- Rogue #5
When Liam's little sister bests him at being named heir of their biker club, Liam is jealous, bitter and vengeful. He expected the presidency to fall into his lap, as is his birth right, one small problem. He forgot about his ice queen little sister, Eira. Now Liam feels displaced in the world, like he doesn't have a home. He goes rogue and travels around Canada looking for a new place to call home.Katie is the daughter to a dangerous president, leader to the most feared and powerful club of eastern Canada, the Black Wolves. After he lost Katie's mother in childbirth, he became so protective of his daughter that she has yet to really live.Innocent and naive, Katie is all too vulnerable to the real world until she meets Liam. The very thing her father swore to keep her safe from, boys.To make matters worse, he's a biker too, but a biker from a rival club. But Liam knows as soon as he lays eyes on the doe eyed girl that he has finally found a home.The risk of death at the hands of her father seems a fair price to pay to earn the love of the sweet girl.
8 152 - In Serial17 Chapters
Our Love From The Moon
After graduating high school the goddess Luna chooses your mate, but what if that mate is forbidden by ancient laws?
8 116 - In Serial64 Chapters
Forgotten | TechnoXOC
Technoblade is the king of a fairly notorious kingdom, known for his blood-thirst, he had earned the very fitting name of "Blood king" or, as some would call him, "Blood God". Despite that he's a very good and fair king, always busy taking care of his kingdom, as well as his subjects. The council was been pressing him on finding a bride, seeing that he was the last one of his dynasty, for all his family members and relatives had died during a very well orchestrated attack. He managed to survive thanks to his amazing fighting skills but now he needed to continue his bloodline, weather he liked it or not. Needless to say things would soon start to change, as a very peculiar group of individual made their entrance inside his kingdom.WARNING: THIS STORY WILL CONTAIN, BLOOD, DEATH, AND OTHER TRIGGERS FOR WHICH I'LL PUT WARNING ON THE CHAPTERS AS THEY GO BY.EXTRA WARNING: IMMA TRY TO ADD SOME SMUT SCENES, FOR I WANNA TRY THAT FIELD TOO AND SEE IF I'M GOOD AT IT OR NOT, SO DON'T CUSS ME OUT IF IT SUCK, AND IF YOU DON'T LIKE IT, JUST SKIP THE CHAPTER.=^_^=3° on #technoblade 5/04/20212° on #technoblade 6/04/2021 pog :)
8 234 - In Serial12 Chapters
stalker || harry styles
"Soon love, soon you'll be mine."In which a young woman falls victim to the boy next door; as she slowly uncovers his deepest secrets and darkest desires.Dark Series: Book (4/9)A Dark Harry Styles and Dark One Direction FanfictionStalker Harry Styles Fanfic
8 212 - In Serial42 Chapters
Secondhand Memories (Pioneer English Cell Phone Novel)
[Coming-of-age, Romance, Existential, Japan]Seiji and Aoi have been inseparable childhood friends and eventually, high school sweethearts. Believing in naive dreams and love, all seems well until a tragedy separates them with a chasm of frozen time. As one struggles with the aftermath, the world moves on, while the other remains still.Battered by temptation and the pressure to grow up, he discovers that life is more complicated than he thought - and that the heart and mind is quite vulnerable to change. Secondhand Memories is an emotional young adult coming-of-age story: a journey about the meaning of growing up, love, loss and sacrifice.---Originally serialized online in 2008 (Textnovel), Secondhand Memories pioneered the Japanese cell phone novel phenomenon in the English-speaking world, marking a moment in history of a new literary movement among thousands of young writers and readers globally. The remarkably unique fusion of simple haiku-like poetic technique and prose narrative has re-envisioned technology, youth culture, community and literature. This is the Wattpad version of the first draft, where each chapter is originally on separate pages, it is now compiled together for technical reasons.The pioneer English cell phone novel from 2008 is finally published in print and released as a beautiful 6" x 9" 558 page book with stunning illustrations, interior formatting and graphic design on Valentine's Day 2015 by Sakura Publishing, eagerly anticipated by fans and fellow cell phone novelists as a keepsake, fond memories, collector's item and inspirational reading pleasure. Order online via Amazon, Sakura Publishing, and more locations coming soon.More info, links, products, events and previews:http://secondhandmemories.net-From the early writing days of the featured award-winning author of visionary literary novel, "Espresso Love".
8 191 - In Serial83 Chapters
Crossing the Zerg Doting Wife Unlimited
Novel: 穿越蟲族寵妻無度Author: 阿慕z (Amu Z)Feng Zao, the Earth pharmacist who somehow traveled to the Zerg, reluctantly accepted the fact. Met the other half who wants to start a family and want to be together forever. Then started the road of romantic love wife. The Zerg native resident Hughes is tall and tall. Because his appearance is not the type that male insects like and his personality is dull, he always thought that he would be assigned to the male insect by the main brain system. The first time I saw Hughes, Feng Zao's eyes lit up: This is the sportsman I like, ah, damn it! How can I get in touch with him. The first time Hughes saw the wind, his ears were red, and he pretended to be calm, but his heart kept beating: This male is so cute, I want to rua~ "Hugh, let's have an egg, shall we? If you give birth to a baby bug, it is best to look like you." "...Listen to the hero." I meditated in my heart: it's better to look like the hero. The miniature version of the hero must be cute and cute. One day, Hughes received another call from the Bug Cub Academy. "The hero, the little bug cub is in trouble again" Content label: Birth of a child, interstellar sweet text Search keyword: Protagonist: Feng Zaoxius ┃ Supporting role: Kodak Anwen ┃ Others: Gentle inferiority sweet pet One sentence introduction: I just want to be sweet and sweet Life idea: A happy little romance can always be found in a plain and simple life.cover photo not mineMachine translated (not edited)For offline purposes
8 82