《Dancing On Your Heartbeat • Kookmin || Completed ||》- 15 -
Advertisement
" အမယ် မင်းက ငါ့ကို ရင်ဖွင့်မလို့လား ? "
ယွန်းဂီက ထူးဆန်းနေတဲ့ ဂျောင်ကု ကို ကြည့်ရင်း ခပ်ဟဟ ရီလိုက်သည် ။
" ကျွန်တော် သေချာကို ပြောစရာ ရှိတာပါ ! "
လေးနက်မှုတွေနဲ့အတူ ပြောနေသော စကားတွေရဲ့
နောက်မှာ လေးလံသော သက်ပြင်းတို့ ပါသည် ။
" မင်း တကယ်ကြီး ပြောနေတာပဲ ! ဘာလို့လဲ ပြောလေ ? "
ထိုစဉ် ဝုန်းဝုန်းဒိုင်းဒိုင်းအသံတွေနဲ့ နမ်ဂျွန်က
ရောက်ချလာသည် ။
" ရောက်ပါပြီ ခင်ဗျာ ! "
" ဟမ် ... ကင်နမ်ဂျွန် ! မင်းပြောတော့ မနက်မှ
ရောက်မှာဆို "
ယွန်းဂီက မျက်လုံး အပြူးသားနဲ့ နမ်ဂျွန့်ကို
ကြည့်နေသည် ။
" ဟုတ်တယ် ကိစ္စကပြီးသွားလို့ ညနေထဲက ကား
မောင်းချလာတာ အခု ပြန်ရောက်လာတာပဲ ။ ဒါနဲ့
ဂျောင်ကုပါ ရောက်နေတာပါလား "
နမ်ဂျွန်က အထုပ်အပိုးတွေကို အကခန်းထဲပဲ ပစ်ချ
လိုက်ရင်း ပြောလိုက်သည် ။
" အေး .. ငါဒီရောက်နေတာ သူသိတယ်တဲ့ ။ အဲ့တာ
တူတူ သောက်ကြမလို့လေ "
" ဟေးးးးးးး ဒါဆို ကျွန်တော်လဲ တူတူသောက်
အ အ အ ... "
ရုတ်တရက် ' ရှူး ' ဆိုပြီး လုပ်လိုက်တဲ့ ယွန်းဂီ
ကြောင့် နမ်ဂျွန်က ပါးစပ်ပိတ်သွားသည် ။
" ဘာလို့လဲ " ဟု မျက်ရိပ်ပြတော့ ယွန်းဂီ က
ဂျောင်ကုကိုသာ လက်ညိုးထိုးပြသည် ။ နမ်ဂျွန်
က ဂျောင်ကု ကို ကြည့်လိုက်တော့ တစ်ခုခုကို
တွေးနေသလိုလို ရှိပြီး စိတ်ညစ်နေပုံပေါက်သည် ။
ဒါကြောင့် နမ်ဂျွန် က အလိုက်တသိနဲ့ ရှောင်ပေး
လိုက်သည် ။
" အာ ကျွန်တော်ကတော့ ပင်ပန်းနေလို့ ဟိုဘက်
ခန်းမှာရှိနေမယ် ! ဂျောင်ကု နဲ့ပဲ တူတူသောက်လိုက်
တော့နော် ။ သွားပြီ ! "
နမ်ဂျွန်က အသာ ထွက်သွားတော့မှ ဂျောင်ကု ကို
ယွန်းဂီက စကားစလိုက်သည် ။
" မင်း ဘာဖြစ်နေတာလဲ ? မင်းကို ဒီလိုပုံစံမျိုး
တစ်ခါမှ မမြင်ဖူးပါဘူး ! ကောင်မလေးနဲ့ ရန်
ဖြစ်လာတာလား ? "
" အစ်ကို ! "
ဂျောင်ကုရဲ့ အသံတွေက ရှုပ်ထွေးခြင်းတွေ ပါနေသည် ။
" အေး ဘာလဲ ပြော ! "
" ကျွန်တော် ဒီနေ့ ဂျီမင်း ကို Coffee ဆိုင်မှာ တွေ့ခဲ့တယ် "
" အင်း ! အဲ့ဒါဘာဖြစ်လဲ ထူးဆန်းတဲ့ကိစ္စမို့လား?
လူတိုင်း တွေ့နိုင်တာကို ! "
ယွန်းဂီ က ခွက်ထဲသို့ ဆိုဂျူတို့ကို ငှဲ့ရင်း ပြောသည် ။
" မဟုတ်ဘူး ! ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ဘူး
ဒါပေမဲ့ ထူးဆန်းတယ် ! "
" ဟင် ဂျောင်ကု ! မင်း မသောက်ရသေးဘဲ မူးနေတာလား ? "
" အစ်ကို ! "
" ပြော နားထောင်နေတယ် ! "
ဂျောင်ကု စပြောဖို့ အားယူရင်း ခဏခဏ ခေါ်နေ
မိသည် ။
" ကျွန်တော် အမှန်တိုင်း ပြောရမယ်ဆိုရင် အစ်ကိုက
ကျွန်တော့်ကို ဂျီမင်း က မင်းကို သဘောကျနေလား
မသိဘူးလို့ ပြောခဲ့တုန်းက ကျွန်တော် မယုံခဲ့ဘူး ။ အဲ့
အချိန်က ဘာခံစားမှုမျိုးကိုမှလည်း မခံစားရဘူး ။
အစ်ကို ပြောသလို မဟုတ်ဘူးဆိုတာကိုလည်း
ကျွန်တော်က သက်သေပြချင်နေခဲ့တာ ! ဒါကြောင့်
ကျွန်တော် ... "
" ဟမ် ဘာဖြစ်လဲ ... ဂျီမင်း ကို ဘာလုပ်ခဲ့တာလဲ ? "
" အဲ့လိုတော့ မဟုတ်ပါဘူး ။ ကျွန်တော် စိတ်ရင်းနဲ့
သူ့ကို ခင်ခဲ့တာပါ ။ ပြီးတော့ ... စကားသွားပြော
တယ် ။ အတူတူရှိနေရင် ကျွန်တော်သူ့ကို ရင်းရင်း
နှီးနှီးနေတယ် ။ ဘာမှ မထူးဆန်းပါဘူး "
" မင်းတကယ် အဲ့တာ မထူးဆန်းဘူးလို့ ထင်လို့
လား ? မင်းက ဒီလို နေတဲ့သူမဟုတ်ဘူးလေ ။ မင်း
သူ့အပေါ် ဆက်ဆံတာတွေက သူ့အတွက် အထင်
လွဲစရာ ဖြစ်သွားရင်ရော "
" သူကျွန်တော့်အပေါ်ထားတဲ့ ဆက်ဆံရေးက သာ
မန်ပါပဲ ဆိုတာ အစ်ကို့ ကိုပြချင်ခဲ့ရုံပါပဲ "
" ဂျောင်ကု ! ဒါက နောက်စရာကိစ္စမဟုတ်ဘူး ! ငါ
မင်းကို ပြောလိုက်တာလည်း နောက်တာ မဟုတ်သ
လို မင်းကိုလဲ သက်သေပြပါလို့ ငါမပြောဘူးလေ ! "
" အစ်ကို ပြောတာကို ကျွန်တော်မှ မယုံတာ "
ဂျောင်ကုက အသင့်ထည့်ပြီးသား ဆိုဂျူခွက်ကို
တစ်ကျိုက်တည်း မော့လိုက်သည် ။
" ဂျောင်ကု ! မင်းအဲ့လိုသွားလုပ်တော့ ဘာတွေ
ဖြစ်လာပြီလဲ ?
" ကျွန်တော် သေချာမသိတော့ဘူး အစ်ကို ! အရင်လို
တော့ မဟုတ်တော့တာ သေချာတယ် ! ပြီးတော့ သူက
ကျွန်တော့်ကိုမြင်ရင် အရင်လို တက်ကြွမနေဘူး !
သူနဲ့တွေ့တိုင်းလဲ ကောင်မလေးက ပါလာနေတော့
အားနာလို့များလား ? "
" အားနာတာ မဟုတ်ဘူး ဂျောင်ကု "
ယွန်းဂီ စကားကြောင့် ဂျောင်ကုက ကြောင်သွားသည် ။
" ဟမ် ... ဒါဆို ဘာလို့လဲ ? "
" မင်းတွေးတောင်တွေးမိရဲ့လား ကိုယ်ချစ်တဲ့သူက
တခြားသူကိုချစ်နေတဲ့ အခါ ဘယ်လိုခံစားရလဲလို့ ? "
" ဟမ် ... အဲ့လိုရော ဟုတ်ရဲ့လား "
ဂျောင်ကုက ယွန်းဂီ စကားကြောင့် အများကြီး
ထပ်တွေးမိသွားပြန်သည် ။
" မင်း ကိုယ်တိုင် အခုထိ တွေ့လာခဲ့ပြီကို ဂျီမင်း
ခံစားချက်တွေကို သံသယရှိနေတာလား ? မင်း
ထပ်ပြီး သွားမကစားနေနဲ့ ။ တော်တော့ "
ဂျီမင်းက ဒီအတောအတွင်း အများကြီး ခံစားနေခဲ့
ရတာလား ။ တကယ်ပဲ ငါ့ကြောင့်နဲ့ စိတ်အနှောင့်
Advertisement
အယှက်တွေ ဖြစ်နေတာလား ။
ဆိုဂျူ နောက်တစ်ခွက်ကို မော့ရင်း စူးရှရှ အရသာနဲ့
အတူ ဂျောင်ကု အရာ အားလုံးကို မေ့ပစ်လိုက်ချင်
သည် ။
" ဂျောင်ကု ! မင်း ဂျီမင်း ကို စိတ်ဝင်စားနေလား ? "
" ဟမ် ? မဟုတ်ပါဘူး ကျွန်တော့်မှာ ချစ်သူရှိနေတာကို ! "
ဂျောင်ကုက ခေါင်းကို ဆတ်ဆတ်ခါလိုက်ကာ ငြင်း
လိုက်သည် ။
" ဒါဆို ဘာလို့ ဒီလိုခံစားနေရတာလဲ ? မင်းမှ သူ့ကို
စိတ်မဝင်စားတာလေ ။ သူ့ကိုလဲ ရှေ့ဆက်ဂရုမစိုက်
နဲ့ ။ အရင်လိုပဲနေပေါ့ ။ မဟုတ်ဘူးလား ? ပြဿနာ
က ဒီလောက်ထိကြီးတဲ့ ကိစ္စမဟုတ်ပါဘူးကွ ! "
ယွန်းဂီက ခွက်အလွတ်တွေထဲ ဆိုဂျူတွေကို
ထည့်လိုက်သည် ။
" မဟုတ်ဘူး အစ်ကို ။ သူ ကျွန်တော့်အပေါ်ထားတဲ့
သဘောထားက ပို ထင်ရှားလာတဲ့အချိန်မှာ ကျွန်
တော်က သူ့ခံစားချက်ကို ပိုသိလာတာမို့ သူ့ကို
အားနာနေတယ် အစ်ကို ! "
" အားနာတယ် ? မင်းသူ့အပေါ်ပြန်မချစ်ပေးနိုင်လို့
အားနာတာမျိုးလား ? "
ယွန်းဂီ က တိတိကျကျမေးလေ ဂျောင်ကု ပိုပြီး
ဆွံ့အမိလေဖြစ်သည် ။
" မသိဘူး အစ်ကို ။ ကျွန်တော် နဲ့ ကျွန်တော့် ကောင်
မလေးနဲ့ ကို သူ အတူတူမြင်တိုင်း ဖြစ်သွားတဲ့ သူ့ ရဲ့မျက်နှာကိုလဲကျွန်တော် ကောင်းကောင်းကြီး သိ
တယ် ။ ကျွန်တော် ပြောချင်တာတွေက အများကြီး
ပါပဲ ။ ပြောလို့လဲမထွက်ဘူး ။ တကယ်တမ်း ပြော
မယ်ဆိုလည်း လွှတ်ပေးလိုက်မိတာက များတယ် ! "
" မင်း ဒဲ့ရှင်းရဲတယ်ဆိုရင် ရှင်းပေါ့ ! ပေါ်တင်မေးလိုက် "
ယွန်းဂီရဲ့ ပြတ်သားတဲ့ စကားကြောင့် ဂျောင်ကုက
ကြောင်သွားသည် ။
" အခြေအနေက ပိုဆိုးသွားမှာပေါ့ "
" မင်းမှ သူ့ကိုမချစ်တာ ! ဒီလိုသာဆို သူ့ကို မြင်တိုင်း
မင်းအားနာနေရမယ်လေ ။ အဲ့တော့ ကျွန်တော့်ကို
မချစ်ပါနဲ့ လို့သာပြောလိုက်တော့ ! "
" အာ ... မသိဘူး မသိဘူး အဲ့လိုတော့ မပြောဘူးဗျာ "
" ဒါဆို ဘာလဲ ကျွန်တော့်ကိုချစ်ပါ လို့ပြောမလို့လား ? "
ယွန်းဂီက ဂျောင်ကု ဗျာများနေတာကိုမှ အခက်တွေ့
အောင် ပိုလုပ်နေတော့သည် ။
" ဟာ ! အစ်ကို နဲ့ စကားပြောမှ ရူးချင်လာပြီဗျာ ! "
" ဟဟ ... မင်းလည်း အပြတ်မပြောနိုင်ဘူးမလား ။
မင်းလည်း ဂျီမင်း ကို ချစ်နေတာမလား ? "
ဂျောင်ကု တွေဝေ သွားရပြန်သည် ။
" မဟုတ်ပါဘူးဗျာ ! ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ? "
" ငါထင်ရင် လွဲခဲတယ်နော် ဂျွန်ဂျောင်ကု !! "
ယွန်းဂီက ခပ်ဟဟ ရီလိုက်ကာ ဂျောင်ကုကို ပြောနေသည် ။
" တော်ပြီဗျာ ! အစ်ကို နဲ့ မပြောတော့ဘူး ! "
မပြောတော့ဘူး ဆိုပြီး ဆိုဂျူတွေ တစ်ခွက်ပြီး
တစ်ခွက်သာ မော့နေသည် ။
" အာ ... အပိုတွေလုပ်မနေနဲ့ ! ဒီလောက် အများကြီး
လဲသောက်တာမျိုး မရှိဖူးဘဲနဲ့ ။ အသဲကွဲလို့လည်း
သောက်တာ မဟုတ်ဘဲ ဂျီမင်း ကြောင့် မင်းမှာ
သောက်တာတဲ့လား ? "
" တော်ပါပြီ မပြောပါနဲ့တော့ ! "
ဂျောင်ကုက ခေါင်းကို ငုံ့ထားကာ နောက်တစ်ခွက်
ထပ်မော့နေသည် ။
ယွန်းဂီက ခပ်တိုးတိုး ရယ်လိုက်ပြီး ဂျောင်ကုကို
အတည်ပေါက် ပြောလိုက်သည် ။
" မင်းကို ငါအတည်ပြောမယ် ! မင်းစဉ်းစားဖို့ အချိန်
ရောက်ပြီ ! "
" ဘာကိုလဲ ? "
" မင်းပုံစံကို သိလို့ ငါပြောနေတာ ။ မင်း ဒီလိုပဲဆက်
သွားနေမယ်ဆို အဆင်ပြေမှာ မဟုတ်ဘူးလေ ။
မင်းကို ကွဲကွဲပြားပြား သိအောင် စဉ်းစားခိုင်းတာ "
" ဘာကိုလဲ ? "
" မင်းက တစ်ဖက်မှာ ချစ်သူရှိနေတာမို့ အရာအား
လုံးကို ငြင်းဆန်ချင်နေတာ ငါသိတယ် ။ ဂျီမင်းက
မင်းကို သဘောကျနေတဲ့ အပေါ်မှာလည်း မင်း
မပြတ်သားရဲဘူးလေ ။ မင်းစိတ်ထဲက အတိုင်း မင်း
နှလုံးသားထဲက အတိုင်း ငါက စဥ်းစားခိုင်းနေတာ "
ဂျောင်ကုက ငြိမ်ကျသွားပြီး တွေဝေနေမိသည် ။
" ကျွန်တော် အဲ့လို လုပ်ကြည့်ပါ့မယ် "
ဆိုဂျူ ပုလင်းလွတ်တွေ လဲသွားတဲ့ထိ မူးအောင်
သောက်ခဲ့လိုက်သည် ။ အကြောင်းရင်းကတော့
ပတ်ဂျီမင်းကြောင့်ပါတဲ့လေ ။
//
ညက အတော်လေး သောက်ထားပြီး အိမ်ကိုတောင်
ဘယ်လို ပြန်ရောက်လာခဲ့တယ် မသိဘဲ ရီဝေနေ
မိသည် ။
ခေါင်းတွေ မူးဝေနေခဲ့ပြီး နာရီကို ကြည့်မိတော့ နေ့
လယ်ဆယ့်နှစ်နာရီတောင် ကျော်နေပြီ ။ ထူပူသွား
သော အတွေးနဲ့အတူ ဖုန်းနံပါတ် တစ်ခုကို အမြန်
ခေါ်လိုက်မိသည် ။
တစ်ဖက်က ဖုန်းထူးသံကြားတာနဲ့ ဂျောင်ကုက
အလျင်အမြန်ပြောလိုက်သည် ။
" ကျွန်တော် တောင်းပန်ပါတယ် ။ မနက်က တူတူ
လမ်းလျှောက်ဖို့ စောင့်နေသေးလား ? ညက သောက်
တာ နည်းနည်း များသွားလို့ "
အသည်းအသန် ဆက်မိသူက တစ်ခြားသူ မဟုတ်ဘဲ
ပတ်ဂျီမင်းဆီကို ဖြစ်သည် ။ မသိစိတ်က အထင်လွဲ
သွားမည်ကိုလည်း ကြောက်နေသည် ။
" အော် ရပါတယ် ။ ကိစ္စမရှိပါဘူး ။ ကျွန်တော်
လည်း မနက်က ရောက်မလာပါဘူး ! "
" ဟမ် ? "
ဂျောင်ကုက အရေးတယူ လှမ်းဆက်ခဲ့ပေမယ့်
တကယ်တမ်းကျ ဂျီမင်းက ရောက်တောင် မလာ
တာ ဖြစ်သည် ။
" အာ ... ကိစ္စလေးရှိတာနဲ့လေ ။ မလာဖြစ်ဘူး ။
ဂျောင်ကုလည်း မလာလောက်မှာမို့ ဖုန်းမဆက်တာ "
" အဲ့ဒါဆိုလဲ ပြီးတာပါပဲ ! "
Advertisement
" ပြောစရာမရှိတော့ဘူးဆိုရင် ဒါပဲနော် ! "
" ဟုတ်ပါပြီ ! "
အေးစက်သွားတဲ့ စကားတွေဟာ နှစ်ယောက်လုံး
ရင်ထဲ ခံစားလိုက်ရတယ်ဆိုတာ နှစ်ယောက်လုံး
လည်း မသိခဲ့ ။
" ငါ မနက်က အကြာကြီး စောင့်ခဲ့ရတယ်ဆိုတာ
ဂျောင်ကု မသိလိုက်လည်း ရပါတယ် ။ ဘာများ
ပြောင်းလဲသွားမှာမို့လဲ "
လွန်ခဲ့သော ငါးနာရီခန့်က ~
တံခါးကိုမှီ၍ ကြောင်တောင်တောင်လုပ်နေသော
ဂျီမင်းကို ဟိုဆော့ က ပြူးလျက်ကြည့်နေမိသည် ။
" ဂျီမင်း ဘာလုပ်နေတာလဲ ? မဟုတ်မှလွဲရော
ဂျောင်ကုဆီ သွားမလို့မဟုတ်ပါဘူးနော် ! "
ဟိုဆော့က သွားတိုက်နေရင်း ဂျီမင်းကို လှမ်းပြော
လိုက်သည် ။
"အဲ့ဒါက ဟိုဟာ ... ဟိုဥစ္စာ .. "
" ဘယ်ဟာတွေ ဘယ်ဥစ္စာတွေလုပ်မနေနဲ့ ။
မသွားနဲ့ ။ "
ဟိုဆော့က ယတိပြတ် ပြောလိုက်တော့ ဂျီမင်းက
စပ်ဖြီးဖြီးနဲ့ ထလုပ်သည် ။
" မသွားလို့ ကောင်းပါ့မလား သူနဲ့က ပြောထားပြီး
သား .. "
" ပတ်ဂျီမင်း ... မင်းက အဲ့လို တွေးနေသေးတယ် ။
ဟိုက .. အင်း ... ငါပြောလိုက်ရင် မကောင်းဘူး ! "
" အစ်ကိုကလည်း ကျွန်တော်တို့က ဘာပြဿနာမှ ရှိ
တာ မဟုတ်ဘူးလေ ။ အဲ့ဒါကို ရုတ်တရက် ဘာမှ
မပြောဘဲ ဆက်ဆံရေးကြဲသွားရင် မကောင်းဘူးပေါ့ ။
သွားလိုက်ပါ့မယ် ။ ဘယ်လောက်မှ ကြာတာ မဟုတ်
ဘဲနဲ့ ! သွားပြီ သိလား ? "
" ကျစ် ! ဒီကောင် ... နဂိုထဲက သွားချင်နေတာများ "
ဟိုဆော့ စကားတောင် မဆုံးခင် ဂျီမင်းက တံခါးကို
ဝုန်းခနဲ ပိတ်ပြီးထွက်သွားသည် ။
လမ်းလျှောက်နေကြလမ်းလေးမှာ ဟိိုဟိုဒီဒီငေးရင်း
စောင့်နေပေမယ့် ဂျောင်ကုက ရောက်မလာ ။ လက်တွေက အေးစက်လာသည်မို့ အာငွေ့နဲ့ မှုတ်ကာ
အိတ်ကပ်ထဲ ထည့်ထားလိုက်သည် ။
" မလာတော့တာများလား ? "
ဂျီမင်းက ပေးထားတဲ့ ကတိကိုလည်း မဖျက်ချင် ။
သံယောစဥ်ကြိုးတွေကိုလည်း မပြတ်ချင် ။
" မနေ့က ကော်ဖီဆိုင်က ကိစ္စကြောင့် မလာတော့တာ
များလား ? "
ဂျီမင်းက အတွေးပေါင်းစုံနဲ့ ဖြစ်နေပေမယ့် လာနိုးနိုး
မျှော်နေမိတုန်း ဖြစ်သည် ။
" ငါကတော့ ကတိတည်ခဲ့တာကို ... "
ဂျီမင်းက အချိန်အတော်လင့်လာပြီး ရုံးသွားကျောင်း
သွားလူတွေတောင် ရှုပ်ထွေးလာသည်မို့ ပြန်ဖို့ ဆုံး
ဖြတ်လိုက်သည် ။
//
ကော်ဖီဆိုင်ထဲမှာ စားပွဲခုံးကို သုတ်နေရင်း မနက်က
စောင့်ခဲ့ရတဲ့ အကြောင်းတွေးကို တရေးရေးနဲ့ ပြန်
တွေး နေမိသည် ။
" ပတ်ဂျီမင်း ... ဘာလုပ်နေတာလဲ ? အဲ့တစ်နေရာ
တည်းကို သုတ်မနေနဲ့ ။ ပြောင်တာ မှန်ကြည့်လို့ရ
နေပြီ ။ ခေါ်နေတယ်လေ ဟိုဘက်မှာ ... မကြားဘူး
လား ? "
" တောင်းပန်ပါတယ် "
ဂျီမင်းက မန်နေဂျာ ရဲ့ဆူသံကြောင့် ခေါင်းညွှတ်
တောင်းပန်လိုက်ကာ ခေါ်ရာဆီသို့ ပြေးသွားလိုက်
မိသည် ။
ဒီလိုပုံနဲ့ဆို နောက်ဆို ဘယ်သူ့ အကြောင်းမှ မတွေး
ဖြစ်တော့ဖို့တောင် များသည် ။ အလုပ်များနေရင်
ဝမ်းနည်းဖို့တောင် အချိန်မရှိတတ်ကြတာမို့ ဒီလိုနဲ့ပဲ
မေ့သွားရင်လည်း ပိုကောင်းမယ် လို့တောင် ထင်မိသည် ။
" အမယ္ မင္းက ငါ့ကို ရင္ဖြင့္မလို႔လား ? "
ယြန္းဂီက ထူးဆန္းေနတဲ့ ေဂ်ာင္ကု ကို ၾကည့္ရင္း ခပ္ဟဟ ရီလိုက္သည္ ။
" ကၽြန္ေတာ္ ေသခ်ာကို ေျပာစရာ ရွိတာပါ ! "
ေလးနက္မွုေတြနဲ႔အတူ ေျပာေနေသာ စကားေတြရဲ့
ေနာက္မွာ ေလးလံေသာ သက္ျပင္းတို႔ ပါသည္ ။
" မင္း တကယ္ႀကီး ေျပာေနတာပဲ ! ဘာလို႔လဲ ေျပာေလ ? "
ထိုစဥ္ ဝုန္းဝုန္းဒိုင္းဒိုင္းအသံေတြနဲ႔ နမ္ဂၽြန္က
ေရာက္ခ်လာသည္ ။
" ေရာက္ပါၿပီ ခင္ဗ်ာ ! "
" ဟမ္ ... ကင္နမ္ဂၽြန္ ! မင္းေျပာေတာ့ မနက္မွ
ေရာက္မွာဆို "
ယြန္းဂီက မ်က္လုံး အျပဴးသားနဲ႔ နမ္ဂၽြန႔္ကို
ၾကည့္ေနသည္ ။
" ဟုတ္တယ္ ကိစၥကၿပီးသြားလို႔ ညေနထဲက ကား
ေမာင္းခ်လာတာ အခု ျပန္ေရာက္လာတာပဲ ။ ဒါနဲ႔
ေဂ်ာင္ကုပါ ေရာက္ေနတာပါလား "
နမ္ဂၽြန္က အထုပ္အပိုးေတြကို အကခန္းထဲပဲ ပစ္ခ်
လိုက္ရင္း ေျပာလိုက္သည္ ။
" ေအး .. ငါဒီေရာက္ေနတာ သူသိတယ္တဲ့ ။ အဲ့တာ
တူတူ ေသာက္ၾကမလို႔ေလ "
" ေဟးးးးးးး ဒါဆို ကၽြန္ေတာ္လဲ တူတူေသာက္
အ အ အ ... "
႐ုတ္တရက္ ' ရွူး ' ဆိုၿပီး လုပ္လိုက္တဲ့ ယြန္းဂီ
ေၾကာင့္ နမ္ဂၽြန္က ပါးစပ္ပိတ္သြားသည္ ။
" ဘာလို႔လဲ " ဟု မ်က္ရိပ္ျပေတာ့ ယြန္းဂီ က
ေဂ်ာင္ကုကိုသာ လက္ညိဳးထိုးျပသည္ ။ နမ္ဂၽြန္
က ေဂ်ာင္ကု ကို ၾကည့္လိုက္ေတာ့ တစ္ခုခုကို
ေတြးေနသလိုလို ရွိၿပီး စိတ္ညစ္ေနပုံေပါက္သည္ ။
ဒါေၾကာင့္ နမ္ဂၽြန္ က အလိုက္တသိနဲ႔ ေရွာင္ေပး
လိုက္သည္ ။
" အာ ကၽြန္ေတာ္ကေတာ့ ပင္ပန္းေနလို႔ ဟိုဘက္
ခန္းမွာရွိေနမယ္ ! ေဂ်ာင္ကု နဲ႔ပဲ တူတူေသာက္လိုက္
ေတာ့ေနာ္ ။ သြားၿပီ ! "
နမ္ဂၽြန္က အသာ ထြက္သြားေတာ့မွ ေဂ်ာင္ကု ကို
ယြန္းဂီက စကားစလိုက္သည္ ။
" မင္း ဘာျဖစ္ေနတာလဲ ? မင္းကို ဒီလိုပုံစံမ်ိဳး
တစ္ခါမွ မျမင္ဖူးပါဘူး ! ေကာင္မေလးနဲ႔ ရန္
ျဖစ္လာတာလား ? "
" အစ္ကို ! "
ေဂ်ာင္ကုရဲ့ အသံေတြက ရွုပ္ေထြးျခင္းေတြ ပါေနသည္ ။
" ေအး ဘာလဲ ေျပာ ! "
" ကၽြန္ေတာ္ ဒီေန႔ ဂ်ီမင္း ကို Coffee ဆိုင္မွာ ေတြ႕ခဲ့တယ္ "
" အင္း ! အဲ့ဒါဘာျဖစ္လဲ ထူးဆန္းတဲ့ကိစၥမို႔လား?
လူတိုင္း ေတြ႕နိုင္တာကို ! "
ယြန္းဂီ က ခြက္ထဲသို႔ ဆိုဂ်ဴတို႔ကို ငွဲ႕ရင္း ေျပာသည္ ။
" မဟုတ္ဘူး ! ထူးဆန္းတဲ့ ကိစၥေတာ့ မဟုတ္ဘူး
ဒါေပမဲ့ ထူးဆန္းတယ္ ! "
" ဟင္ ေဂ်ာင္ကု ! မင္း မေသာက္ရေသးဘဲ မူးေနတာလား ? "
" အစ္ကို ! "
" ေျပာ နားေထာင္ေနတယ္ ! "
ေဂ်ာင္ကု စေျပာဖို႔ အားယူရင္း ခဏခဏ ေခၚေန
မိသည္ ။
" ကၽြန္ေတာ္ အမွန္တိုင္း ေျပာရမယ္ဆိုရင္ အစ္ကိုက
ကၽြန္ေတာ့္ကို ဂ်ီမင္း က မင္းကို သေဘာက်ေနလား
မသိဘူးလို႔ ေျပာခဲ့တုန္းက ကၽြန္ေတာ္ မယုံခဲ့ဘူး ။ အဲ့
အခ်ိန္က ဘာခံစားမွုမ်ိဳးကိုမွလည္း မခံစားရဘူး ။
အစ္ကို ေျပာသလို မဟုတ္ဘူးဆိုတာကိုလည္း
ကၽြန္ေတာ္က သက္ေသျပခ်င္ေနခဲ့တာ ! ဒါေၾကာင့္
ကၽြန္ေတာ္ ... "
" ဟမ္ ဘာျဖစ္လဲ ... ဂ်ီမင္း ကို ဘာလုပ္ခဲ့တာလဲ ? "
" အဲ့လိုေတာ့ မဟုတ္ပါဘူး ။ ကၽြန္ေတာ္ စိတ္ရင္းနဲ႔
သူ႔ကို ခင္ခဲ့တာပါ ။ ၿပီးေတာ့ ... စကားသြားေျပာ
တယ္ ။ အတူတူရွိေနရင္ ကၽြန္ေတာ္သူ႔ကို ရင္းရင္း
ႏွီးႏွီးေနတယ္ ။ ဘာမွ မထူးဆန္းပါဘူး "
" မင္းတကယ္ အဲ့တာ မထူးဆန္းဘူးလို႔ ထင္လို႔
လား ? မင္းက ဒီလို ေနတဲ့သူမဟုတ္ဘူးေလ ။ မင္း
သူ႔အေပၚ ဆက္ဆံတာေတြက သူ႔အတြက္ အထင္
လြဲစရာ ျဖစ္သြားရင္ေရာ "
" သူကၽြန္ေတာ့္အေပၚထားတဲ့ ဆက္ဆံေရးက သာ
မန္ပါပဲ ဆိုတာ အစ္ကို႔ ကိုျပခ်င္ခဲ့႐ုံပါပဲ "
" ေဂ်ာင္ကု ! ဒါက ေနာက္စရာကိစၥမဟုတ္ဘူး ! ငါ
မင္းကို ေျပာလိုက္တာလည္း ေနာက္တာ မဟုတ္သ
လို မင္းကိုလဲ သက္ေသျပပါလို႔ ငါမေျပာဘူးေလ ! "
" အစ္ကို ေျပာတာကို ကၽြန္ေတာ္မွ မယုံတာ "
ေဂ်ာင္ကုက အသင့္ထည့္ၿပီးသား ဆိုဂ်ဴခြက္ကို
တစ္က်ိဳက္တည္း ေမာ့လိုက္သည္ ။
" ေဂ်ာင္ကု ! မင္းအဲ့လိုသြားလုပ္ေတာ့ ဘာေတြ
ျဖစ္လာၿပီလဲ ?
" ကၽြန္ေတာ္ ေသခ်ာမသိေတာ့ဘူး အစ္ကို ! အရင္လို
ေတာ့ မဟုတ္ေတာ့တာ ေသခ်ာတယ္ ! ၿပီးေတာ့ သူက
ကၽြန္ေတာ့္ကိုျမင္ရင္ အရင္လို တက္ႂကြမေနဘူး !
သူနဲ႔ေတြ႕တိုင္းလဲ ေကာင္မေလးက ပါလာေနေတာ့
အားနာလို႔မ်ားလား ? "
" အားနာတာ မဟုတ္ဘူး ေဂ်ာင္ကု "
ယြန္းဂီ စကားေၾကာင့္ ေဂ်ာင္ကုက ေၾကာင္သြားသည္ ။
" ဟမ္ ... ဒါဆို ဘာလို႔လဲ ? "
" မင္းေတြးေတာင္ေတြးမိရဲ့လား ကိုယ္ခ်စ္တဲ့သူက
တျခားသူကိုခ်စ္ေနတဲ့ အခါ ဘယ္လိုခံစားရလဲလို႔ ? "
" ဟမ္ ... အဲ့လိုေရာ ဟုတ္ရဲ့လား "
ေဂ်ာင္ကုက ယြန္းဂီ စကားေၾကာင့္ အမ်ားႀကီး
ထပ္ေတြးမိသြားျပန္သည္ ။
" မင္း ကိုယ္တိုင္ အခုထိ ေတြ႕လာခဲ့ၿပီကို ဂ်ီမင္း
ခံစားခ်က္ေတြကို သံသယရွိေနတာလား ? မင္း
ထပ္ၿပီး သြားမကစားေနနဲ႔ ။ ေတာ္ေတာ့ "
ဂ်ီမင္းက ဒီအေတာအတြင္း အမ်ားႀကီး ခံစားေနခဲ့
ရတာလား ။ တကယ္ပဲ ငါ့ေၾကာင့္နဲ႔ စိတ္အေႏွာင့္
အယွက္ေတြ ျဖစ္ေနတာလား ။
ဆိုဂ်ဴ ေနာက္တစ္ခြက္ကို ေမာ့ရင္း စူးရွရွ အရသာနဲ႔
အတူ ေဂ်ာင္ကု အရာ အားလုံးကို ေမ့ပစ္လိုက္ခ်င္
သည္ ။
" ေဂ်ာင္ကု ! မင္း ဂ်ီမင္း ကို စိတ္ဝင္စားေနလား ? "
" ဟမ္ ? မဟုတ္ပါဘူး ကၽြန္ေတာ့္မွာ ခ်စ္သူရွိေနတာကို ! "
ေဂ်ာင္ကုက ေခါင္းကို ဆတ္ဆတ္ခါလိုက္ကာ ျငင္း
လိုက္သည္ ။
" ဒါဆို ဘာလို႔ ဒီလိုခံစားေနရတာလဲ ? မင္းမွ သူ႔ကို
စိတ္မဝင္စားတာေလ ။ သူ႔ကိုလဲ ေရွ႕ဆက္ဂ႐ုမစိုက္
နဲ႔ ။ အရင္လိုပဲေနေပါ့ ။ မဟုတ္ဘူးလား ? ျပႆနာ
က ဒီေလာက္ထိႀကီးတဲ့ ကိစၥမဟုတ္ပါဘူးကြ ! "
ယြန္းဂီက ခြက္အလြတ္ေတြထဲ ဆိုဂ်ဴေတြကို
ထည့္လိုက္သည္ ။
" မဟုတ္ဘူး အစ္ကို ။ သူ ကၽြန္ေတာ့္အေပၚထားတဲ့
သေဘာထားက ပို ထင္ရွားလာတဲ့အခ်ိန္မွာ ကၽြန္
ေတာ္က သူ႔ခံစားခ်က္ကို ပိုသိလာတာမို႔ သူ႔ကို
အားနာေနတယ္ အစ္ကို ! "
" အားနာတယ္ ? မင္းသူ႔အေပၚျပန္မခ်စ္ေပးနိုင္လို႔
အားနာတာမ်ိဳးလား ? "
ယြန္းဂီ က တိတိက်က်ေမးေလ ေဂ်ာင္ကု ပိုၿပီး
ဆြံ႕အမိေလျဖစ္သည္ ။
" မသိဘူး အစ္ကို ။ ကၽြန္ေတာ္ နဲ႔ ကၽြန္ေတာ့္ ေကာင္
မေလးနဲ႔ ကို သူ အတူတူျမင္တိုင္း ျဖစ္သြားတဲ့ သူ႔ ရဲ့မ်က္ႏွာကိုလဲကၽြန္ေတာ္ ေကာင္းေကာင္းႀကီး သိ
တယ္ ။ ကၽြန္ေတာ္ ေျပာခ်င္တာေတြက အမ်ားႀကီး
ပါပဲ ။ ေျပာလို႔လဲမထြက္ဘူး ။ တကယ္တမ္း ေျပာ
မယ္ဆိုလည္း လႊတ္ေပးလိုက္မိတာက မ်ားတယ္ ! "
" မင္း ဒဲ့ရွင္းရဲတယ္ဆိုရင္ ရွင္းေပါ့ ! ေပၚတင္ေမးလိုက္ "
ယြန္းဂီရဲ့ ျပတ္သားတဲ့ စကားေၾကာင့္ ေဂ်ာင္ကုက
ေၾကာင္သြားသည္ ။
" အေျခအေနက ပိုဆိုးသြားမွာေပါ့ "
" မင္းမွ သူ႔ကိုမခ်စ္တာ ! ဒီလိုသာဆို သူ႔ကို ျမင္တိုင္း
မင္းအားနာေနရမယ္ေလ ။ အဲ့ေတာ့ ကၽြန္ေတာ့္ကို
မခ်စ္ပါနဲ႔ လို႔သာေျပာလိုက္ေတာ့ ! "
" အာ ... မသိဘူး မသိဘူး အဲ့လိုေတာ့ မေျပာဘူးဗ်ာ "
" ဒါဆို ဘာလဲ ကၽြန္ေတာ့္ကိုခ်စ္ပါ လို႔ေျပာမလို႔လား ? "
ယြန္းဂီက ေဂ်ာင္ကု ဗ်ာမ်ားေနတာကိုမွ အခက္ေတြ႕
ေအာင္ ပိုလုပ္ေနေတာ့သည္ ။
" ဟာ ! အစ္ကို နဲ႔ စကားေျပာမွ ႐ူးခ်င္လာၿပီဗ်ာ ! "
" ဟဟ ... မင္းလည္း အျပတ္မေျပာနိုင္ဘူးမလား ။
မင္းလည္း ဂ်ီမင္း ကို ခ်စ္ေနတာမလား ? "
ေဂ်ာင္ကု ေတြေဝ သြားရျပန္သည္ ။
" မဟုတ္ပါဘူးဗ်ာ ! ဘယ္လိုလုပ္ၿပီး ျဖစ္နိုင္မွာလဲ ? "
" ငါထင္ရင္ လြဲခဲတယ္ေနာ္ ဂၽြန္ေဂ်ာင္ကု !! "
ယြန္းဂီက ခပ္ဟဟ ရီလိုက္ကာ ေဂ်ာင္ကုကို ေျပာေနသည္ ။
" ေတာ္ၿပီဗ်ာ ! အစ္ကို နဲ႔ မေျပာေတာ့ဘူး ! "
မေျပာေတာ့ဘူး ဆိုၿပီး ဆိုဂ်ဴေတြ တစ္ခြက္ၿပီး
တစ္ခြက္သာ ေမာ့ေနသည္ ။
" အာ ... အပိုေတြလုပ္မေနနဲ႔ ! ဒီေလာက္ အမ်ားႀကီး
လဲေသာက္တာမ်ိဳး မရွိဖူးဘဲနဲ႔ ။ အသဲကြဲလို႔လည္း
ေသာက္တာ မဟုတ္ဘဲ ဂ်ီမင္း ေၾကာင့္ မင္းမွာ
ေသာက္တာတဲ့လား ? "
" ေတာ္ပါၿပီ မေျပာပါနဲ႔ေတာ့ ! "
ေဂ်ာင္ကုက ေခါင္းကို ငုံ႔ထားကာ ေနာက္တစ္ခြက္
ထပ္ေမာ့ေနသည္ ။
ယြန္းဂီက ခပ္တိုးတိုး ရယ္လိုက္ၿပီး ေဂ်ာင္ကုကို
အတည္ေပါက္ ေျပာလိုက္သည္ ။
" မင္းကို ငါအတည္ေျပာမယ္ ! မင္းစဥ္းစားဖို႔ အခ်ိန္
ေရာက္ၿပီ ! "
" ဘာကိုလဲ ? "
" မင္းပုံစံကို သိလို႔ ငါေျပာေနတာ ။ မင္း ဒီလိုပဲဆက္
သြားေနမယ္ဆို အဆင္ေျပမွာ မဟုတ္ဘူးေလ ။
မင္းကို ကြဲကြဲျပားျပား သိေအာင္ စဥ္းစားခိုင္းတာ "
" ဘာကိုလဲ ? "
" မင္းက တစ္ဖက္မွာ ခ်စ္သူရွိေနတာမို႔ အရာအား
လုံးကို ျငင္းဆန္ခ်င္ေနတာ ငါသိတယ္ ။ ဂ်ီမင္းက
မင္းကို သေဘာက်ေနတဲ့ အေပၚမွာလည္း မင္း
မျပတ္သားရဲဘူးေလ ။ မင္းစိတ္ထဲက အတိုင္း မင္း
ႏွလုံးသားထဲက အတိုင္း ငါက စဥ္းစားခိုင္းေနတာ "
ေဂ်ာင္ကုက ၿငိမ္က်သြားၿပီး ေတြေဝေနမိသည္ ။
" ကၽြန္ေတာ္ အဲ့လို လုပ္ၾကည့္ပါ့မယ္ "
ဆိုဂ်ဴ ပုလင္းလြတ္ေတြ လဲသြားတဲ့ထိ မူးေအာင္
ေသာက္ခဲ့လိုက္သည္ ။ အေၾကာင္းရင္းကေတာ့
ပတ္ဂ်ီမင္းေၾကာင့္ပါတဲ့ေလ ။
//
ညက အေတာ္ေလး ေသာက္ထားၿပီး အိမ္ကိုေတာင္
ဘယ္လို ျပန္ေရာက္လာခဲ့တယ္ မသိဘဲ ရီေဝေန
မိသည္ ။
ေခါင္းေတြ မူးေဝေနခဲ့ၿပီး နာရီကို ၾကည့္မိေတာ့ ေန႔
လယ္ဆယ့္ႏွစ္နာရီေတာင္ ေက်ာ္ေနၿပီ ။ ထူပူသြား
ေသာ အေတြးနဲ႔အတူ ဖုန္းနံပါတ္ တစ္ခုကို အျမန္
ေခၚလိုက္မိသည္ ။
တစ္ဖက္က ဖုန္းထူးသံၾကားတာနဲ႔ ေဂ်ာင္ကုက
အလ်င္အျမန္ေျပာလိုက္သည္ ။
" ကၽြန္ေတာ္ ေတာင္းပန္ပါတယ္ ။ မနက္က တူတူ
လမ္းေလၽွာက္ဖို႔ ေစာင့္ေနေသးလား ? ညက ေသာက္
တာ နည္းနည္း မ်ားသြားလို႔ "
အသည္းအသန္ ဆက္မိသူက တစ္ျခားသူ မဟုတ္ဘဲ
ပတ္ဂ်ီမင္းဆီကို ျဖစ္သည္ ။ မသိစိတ္က အထင္လြဲ
သြားမည္ကိုလည္း ေၾကာက္ေနသည္ ။
" ေအာ္ ရပါတယ္ ။ ကိစၥမရွိပါဘူး ။ ကၽြန္ေတာ္
လည္း မနက္က ေရာက္မလာပါဘူး ! "
" ဟမ္ ? "
ေဂ်ာင္ကုက အေရးတယူ လွမ္းဆက္ခဲ့ေပမယ့္
တကယ္တမ္းက် ဂ်ီမင္းက ေရာက္ေတာင္ မလာ
တာ ျဖစ္သည္ ။
" အာ ... ကိစၥေလးရွိတာနဲ႔ေလ ။ မလာျဖစ္ဘူး ။
ေဂ်ာင္ကုလည္း မလာေလာက္မွာမို႔ ဖုန္းမဆက္တာ "
" အဲ့ဒါဆိုလဲ ၿပီးတာပါပဲ ! "
" ေျပာစရာမရွိေတာ့ဘူးဆိုရင္ ဒါပဲေနာ္ ! "
" ဟုတ္ပါၿပီ ! "
ေအးစက္သြားတဲ့ စကားေတြဟာ ႏွစ္ေယာက္လုံး
ရင္ထဲ ခံစားလိုက္ရတယ္ဆိုတာ ႏွစ္ေယာက္လုံး
လည္း မသိခဲ့ ။
" ငါ မနက္က အၾကာႀကီး ေစာင့္ခဲ့ရတယ္ဆိုတာ
ေဂ်ာင္ကု မသိလိုက္လည္း ရပါတယ္ ။ ဘာမ်ား
ေျပာင္းလဲသြားမွာမို႔လဲ "
လြန္ခဲ့ေသာ ငါးနာရီခန႔္က ~
တံခါးကိုမွီ၍ ေၾကာင္ေတာင္ေတာင္လုပ္ေနေသာ
ဂ်ီမင္းကို ဟိုေဆာ့ က ျပဴးလ်က္ၾကည့္ေနမိသည္ ။
" ဂ်ီမင္း ဘာလုပ္ေနတာလဲ ? မဟုတ္မွလြဲေရာ
ေဂ်ာင္ကုဆီ သြားမလို႔မဟုတ္ပါဘူးေနာ္ ! "
ဟိုေဆာ့က သြားတိုက္ေနရင္း ဂ်ီမင္းကို လွမ္းေျပာ
လိုက္သည္ ။
"အဲ့ဒါက ဟိုဟာ ... ဟိုဥစၥာ .. "
" ဘယ္ဟာေတြ ဘယ္ဥစၥာေတြလုပ္မေနနဲ႔ ။
မသြားနဲ႔ ။ "
Advertisement
- In Serial204 Chapters
Taming The Las Vegas Playboy
If you are looking for the whole world, it isn't here. But if you are looking for 3Ls (Love, Lust, and Laughter), this one is full of it.
8 190 - In Serial18 Chapters
ALPHA’S EX-MATE
My name is Elizabeth Sylvera Addyson. Being a 17-year-old werewolf is a real pain in the ass. Who would have thought that my mate would be the most insensitive prick in the pack that is also the future Alpha? It's not that we hate each other......wait, no, that's exactly it. I do not want, nor need, an asshole for a mate. Especially not one that bullies me. Nor date one that has caused me immense pain and emotional trauma. ~~~~~~~~~~~~~~~~~~~~~~~ In her fourth year if high school, Elizabeth Vernisher's friendships are tested on the first day back to high school with someone almost betraying the secret of werewolves, finding a new unexpected friend and having to fight for the emancipation of that friend later turned lover from a toxic friendship with a person she knows and this being the year she finds her soul mate, this is going to be quite an interesting year for dear Elizabeth. But she can handle it. Can't she? She is the next Delta after all and a very important position in the pack awaits for her. That is if she accepts it. Or will she reject it? Participant of Royal Road Writeathon
8 201 - In Serial53 Chapters
Villainess Series 1: Bullying the Male lead
Suxin followed the original plot and played the green-tea villainess role well. But why can't this duck just die in peace?!--"Bai Suxin, why are you so cruel?"HIGHEST RANKING:⭐️#1 Historical Fiction#1 Villain#1 Reincarnation#1 Rebirth#1 Emperor#1 Palace#1 CN#1 Villainess#1 OriginalStory#1 Tragedy#1 Obsession#1 TimeTravel#1 Historical#1 Novel#1 AncientChina#1 Comedy#1 Cnovel#1 LightNovel#1 AnotherWorld#1 FemaleProtagonist#1 SecondChance#1 Shared Universe
8 322 - In Serial70 Chapters
WOLF MOON
Kassi was a normal girl living in a normal town until one day her mom drops her and her brother off at their estrange grandfathers house for no reason. Now not only does she have to adjust to her new life and school, she also has to avoid the weird looks the "In-Crowd" gives her on top of avoiding their majorly hot Bad Boy leader. Rhys is tired of watching all his friends find their mates before he does. He is tired of being known as the Mateless Alpha and just as he starts to give up hope, his beautiful mate falls in his arms. Literally... Join Kassi and Rhys as they journey through life, love, and heartbreak. ~~~~~~~"Beautiful" he murmured as he traced a finger against my blushing cheek I gasped and pushed against his broad shoulders His eyes narrowed before his grasp tightened on my waist "Mine"*I DO NOT OWN ANY OF THE IMAGES IN MY BOOKBook 1 of 3 of the MOON Series
8 107 - In Serial6 Chapters
Valentine's Day Contest 2019
We are pleased to present you the second edition of the multilingual and multi-profile Valentine's Day 2019 Contest! If you are are eternal lovers, if you're in love with Love, then this writing contest is perfect for you. Join us in this fantastic Romance adventure! Participating profiles:@AmbassadorsAF @AmbassadorsCZSK @AmbassadorsES @WattVampiros @ClasicosES @AmbassadorsFR @RomanceFR @FRFantasy @AmbassadorsGR @ActionGR @AmbassadorsITA @FanfictionIT @FantasiaES @HistoricalFictionIT @TenebrisIT @AfterRomanceIT @AmbassadorsNO @AmbassadorsRo @AmbassadorsTR @RomanceES @RomanceTR @action @classicauthors @cupid @dangerouslove @Fanfic @FoodKart @lgbtq @lgbtqES @lgbtina @music @Mystery @OUATfans @Retold @sport @superhero @SuspenseLP @WattAmbChronicle @WattpadAfterDark @WattRiverdale @WattRowling @WattVampires @WPRomantik @WPAfterDark @StoriesUndiscoveredWith the support of @Romance_Ro @SafeLoveRomania @ScifiTR @PoetryTR @FanficsTR @MysteryTR @ClassicsTR @HorrorIT @ClassiciIT and @MediaDirectory who hosted the Cover Contest.Cover Designed by @YMDias
8 226 - In Serial79 Chapters
The Nanny
"You are fired," he said, as my heart broke into tiny pieces. "No please sir, don't separate me from Imad. I beg of you," I pleaded in agony. What sins have I committed to deserve this? How can I stay without seeing the child I have been raising like my own for three years. Why is he doing this to me?••• Layla put her whole life on hold to take care of a young boy named Imad. She has been taking care of him since he was a three years old. They share an unbreakable bond, he counts on her and she has made him her world. Ahmed Damari a tactless, cold hearted business man who has no time to waste and no space for affection. The uncle of the boy. He wants nothing to do with her but he just can't seem to stop thinking about her. What happens when two different worlds collide and when unwanted feelings thrive? Written By: Naila Ali [ Highest Ranked #1 in spiritual.✨] hi
8 160

