《Dancing On Your Heartbeat • Kookmin || Completed ||》- 11 -
Advertisement
ဂျီမင်း က တစ်ယောက်တည်း မအိပ်သေးဘဲ ငူငိုင်
ပြီး ထိုင်နေသည် ။
" အော် ! သူက ငါ့ထက်တော့ အများကြီးသာတာပဲ ! "
တစ်ယောက်တည်း ဖြစ်ပြီဆို မကောင်းတဲ့ အတွေး
တွေက စဝင်လာသည် ။
" မင်း ထပ်ပြီး မဟုတ်တာ တွေးနေပြန်ပြီလား ? "
ဟိုဆော့က ဂျီမင်း အနောက်က ရောက်လာကာ ပြော
လိုက်သည် ။
" အဲ့လိုမဟုတ်ပါဘူး ဒီတိုင်း သူ့ဘာသာ တွေးမိနေတာ "
" ဘာမှ ခေါင်းထဲ တွေးမနေပါနဲ့ကွာ မင်းကလည်း "
ဟိုဆော့က ဂျီမင်း ပုခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်သည် ။
" အစ်ကို ! ဂျောင်ကု က သူ့ကောင်မလေးကို တွေ့
ချင်တိုင်း တွေ့မရတာတောင် နားလည်မှု ပေးထား
တာပေါ့ ။ အဲ့လိုလား ? "
" တကယ်က အဲ့လို ဆိုပါတော့ ။ ဒါပေမဲ့ ကောင်မ
လေး အေဂျင်စီဘက်က မသိပုံပဲ ။ သိရင် အထုတ်ခံ
ရမှာ ! "
" အာ ... ဟုတ်သားပဲ ။ ဂျောင်ကုက အဲ့ဒီ ကောင်မ
လေး ကို တုန်နေအောင် ချစ်မှာပဲ "
" ချစ်တာတော့ ချစ်ရှာတယ် ။ တွဲလာတာကြာတဲ့
အပြင် တွေ့ဖို့ခက်ခဲတာအောင် ရအောင် သွားတွေ့
တာပဲ ကြည့်လေ ။ ကောင်မလေးက ဆိုးတယ်ကွ ။
အဲ့တာလည်း ဒီကောင် သည်းခံတယ် ။ ငါ့ထက် နမ်
ဂျွန်က ပိုသိတယ် ။
ဂျီမင်းက နှုတ်ဆိတ်ကာ ငြိမ်သက်သွားသည် ။
" ဂျီမင်း ? "
ဟိုဆော့က ဂျီမင်းကို ခေါ်လိုက်တော့ ဂျီမင်းက အသိ
ပြန်ဝင်လာသည် ။
" အင်း ပြောလေ အစ်ကို ! "
" မင်း တကယ် လက်မလျှော့ဘူးပေါ့ ! "
" အစ်ကို ! အဲ့ကောင်မလေးနဲ့ ကျွန်တော်နဲ့ ဘယ်သူ
ပိုချောလဲ ! "
ဟိုဆော့ မေးတာကို မဖြေဘဲ ဂျီမင်းက စကားလွှဲ
ပြောလိုက်သည် ။
" ဟမ် ? ဘာတွေမေးနေတာလဲ ဂျီမင်း ရယ် ! မင်းနဲ့
သူက တစ်ခြားစီကို ။ ငါက ဘယ်လို ခွဲပြရမှာတုန်း ! "
" အစ်ကိုကလည်း မျက်လုံးကိုက မမြင်တတ်ဘူး ! "
ဟိုဆော့က အူကြောင်ကြောင်နဲ့ အပြစ်တင်တာ ခံ
လိုက်ရသည် ။
" ဟင် ငါ့အပြစ်ပဲ ဖြစ်ရတယ် ။ ဒါပေမဲ့ တစ်ခုတော့
ရှိတယ် ။ အဲ့ကောင်မလေးကိုလေ ငါတို့ ဘယ်သူမှ
ကြည့်မရဘူး ကုန်ကုန်ပြောရရင် Class တစ်ခုလုံး
ပဲ ။ ဒါတောင် တစ်ခါပဲ တွေ့ဖူးလိုက်တာနော် ! "
" ဘာဖြစ်လို့လဲ ? "
" ဘာဖြစ်ရမလဲ ? ကိုကို ကိုကိုနဲ့လေ ! အဲ့တာက ထား
ပါကွာ ။ အလုပ်လုပ်နေလည်း အလိုက်ကန်းဆိုးနား
မလည် ဖုန်းတစ်ဂွမ်ဂွမ်ဆက် ၊ အတင်းခေါ် ။ သူ လာ
သွားတဲ့နေ့ကလည်း ဂျောင်ကု က အကပွဲအတွက်
လေ့ကျင့်နေတာကို အတင်း အပြင်သွားမယ် ဆိုပြီး
အလုပ်ခွင်ထိ လာခေါ်တာ ငါတို့ကို အဖတ်တောင်
မလုပ်ဘူး ! "
" ဟမ် ! ကောင်မလေးက မသိတတ်လိုက်တာ ! "
" ငယ်တာလည်း ပါတာကို ။ အဲ့ထက်ဆိုးတာက
တော့ မင်း ရဲ့ ဂျောင်ကုပဲ ! အဲ့ကောင်မလေးကို အရမ်းချစ်နေတာ ။ ဟိုက ကိုကို ဆိုတာနဲ့ သူက ပါသွားပြီ ။ သူ့ကောင်မလေး လွန်တာလဲ သူသိ
တယ် ဒါပေမဲ့ အဲ့ကောင်မလေးကို တော်တော်
ချစ် ... ချစ် ... "
" တော်တော် ! တော်ပြီ ! ရပြီ ! မပြောနဲ့တော့ !
ဘာလို့ အဲ့တာကို လာပြောပြနေတာလဲ ? "
ဂျီမင်းက ဝူးဝူးဝါးဝါးနဲ့ ဟိုဆော့ ပြောတာကို
ဆက်နားမထောင် ။
" မင်း ပဲ ငါ့ကိုမေးလို့လေ ... "
" မပြောခိုင်းပါဘူး ဘယ်မှာလဲ ? အစ်ကို အရူး !!!! "
ဂျီမင်းက ဟိုဆော့ကို ဆောင့်အောင့်ပြောပြီး အိပ်ရာ
ထဲဝင်သွားသည် ။
" ဟာဗျာ ! သူပဲ လာစကားစတာလေ ။ ငါကချည်း
ပြောခံနေရပါလား "
ဟိုဆော့က ခံလိုက်ရပြီး ဂျီမင်းနောက်က တူတူ
အိပ်ရာထဲဝင်သွားသည် ။
//
ဂျောင်ကုက ပြတင်းပေါက်ဘက်ကို ငေးကာ မျက်
လုံးထဲ ဂျီမင်း ရုတ်တရက် တံခါးကို ဆောင့်ပိတ်ပြီး
ထွက်သွားတာကိုပဲ မြင်ယောင်နေမိသည် ။
စိတ်ထဲလည်း ဘဝင်မကျ ။ တကယ်ဆို သတင်းမေး
ဖို့ လာတာ သေချာနေတာကို ။
ဂျီမင်းနဲ့မှ ဂျောင်ကုက လိုက်လိုက်လျောလျော
ဆက်ဆံမိတာကို ကိုယ်တိုင်လည်း ဝန်ခံသည် ။
သူများတွေနဲ့ မတူတဲ့ ဆွဲဆောင်မှုလေးက ဂျီမင်း
မှာရှိနေသည်မို့ စိတ်ထဲက သတိထားမိနေသည် ။
ဂျီမင်းကိုတော့ စိတ်ရင်းနဲ့ ခင်တာမို့ ဂျီမင်း စိတ်ထဲ
တစ်ခုခု ဖြစ်သွားမှာကိုလည်း စိုးရွံ့နေမိပြန်သည် ။
Class က တော်တော်များများ ဂျောင်ကုကို ကြိုက်
နေတယ်လို့ လျှောက်ပြောနေကြပေမယ့် ဟုတ်သည်
ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဒီစကားတွေ အပေါ် စိတ်လည်း မဝင်စားခဲ့ဖူးသူဖြစ်သည် ။
ဒါပေမဲ့ ဂျီမင်း အကြောင်းကို စဥ်းစားလိုက်ရင်
ကိုယ်နဲ့မှ ထူးထူးခြားခြား ပြုမူပြီး ရှက်နေတတ်
တဲ့ ကောင်လေးမို့ ထူးဆန်းတဲ့ အတွေးက ဝင်လာ
မိသည် ။
" သူကရော ? သူများတွေလိုပဲ ငါ့ အပေါ် ဒီလို
ခံစားချက်မျိုး ရှိနေတာလား ?
ဘာပဲဖြစ်ဖြစ် စိတ်မဝင်စားတတ်တဲ့သူက ဒီလို
ကိစ္စမျိုးကို ဂျီမင်းနဲ့မှ သိချင်စိတ်ဖြစ်လာမိသည် ။
" တကယ်တမ်း သူငါ့ကို သဘောကျနေတယ်ဆို
တော့ရော ။ အာ ... ငါက ကောင်မလေး ရှိနေတာ
ပဲကို "
Advertisement
ဂျောင်ကုက လက်မောင်းမှာ သွင်းထားတဲ့ ဆေး
ပိုက်ကြိုးတွေကို ကြည့်ရင်း ရေရွတ်မိလိုက်သည် ။
" ဂျွန်ဂျောင်ကု ! "
အခန်းထဲကို အထုပ်အပိုးတွေနဲ့ ဝင်လာတာက
ယွန်းဂီ ဖြစ်သည် ။
" ဟာ ! အစ်ကို ဘယ်က လှည့်လာတာလဲ ? "
" ဒီကို တမင်လာတာ ။ ငါ မသိလိုက်ဘူး မင်းလဲကျ
သွားတာကို ။ မင်းက ဆေးရုံထိပါ တက်နေရတယ်
ဆိုလို့လေ ။ ငါ အခု အမြန်လာတာ "
" တကယ်တော့ ဘာမှမဟုတ်ပါဘူး အစ်ကိုရယ် ။
ရေးကြီးခွင်ကျယ် မဟုတ်ပါဘူး ။ အရမ်းမောလာလို့
လဲသွားရုံပါပဲ ။ ဒါကို စိတ်ပူပြီး ဆေးရုံဝိုင်းပို့ကြတာ
နက်ဖြန်ဆင်းမှာ ! "
" မင်းကလည်း မပေါ့နဲ့လေ ။ အကသမား လုပ်နေပြီး
ဂရုစိုက်မှပေါ့ "
" ဟုတ်ကဲ့ပါ "
ဂျောင်ကုက ယွန်းဂီကို ပြုံးပြရင်းပဲ ခေါင်းညိတ်
လိုက်သည် ။
" ငါ စားစရာတစ်ချို့ ဝယ်လာသေးတယ် "
ယွန်းဂီက ဂျောင်ကု ကုတင်ဘေးမှာ ထိုင်ပြီး
အထုပ်အပိုးတွေကို ခုံပေါ်တင်လိုက်သည် ။
" မနက်ဖြန် ဆင်းမှာပါဆို ဘာလို့လဲ ? "
" ခုဏက မင်းကောင်မလေး လာသွားတယ်လား ? "
" တွေ့လိုက်တယ်လား ! "
" အင်း ! ဆေးရုံရှေ့မှာ တွေ့လိုက်လို့ "
" ဟုတ်တယ် သူကပြန်ချင်တာတောင် မဟုတ်ဘူး ။
စိတ်ပူနေတာ အတင်းပြန်ခိုင်းရတယ် ! "
" အေးပါကွာ မင်းလို ရည်းစားရှိတဲ့သူတွေကတော့
ပြောအားရှိတာပေါ့ "
" ဟားဟား ! အစ်ကို လည်း ထားလေ "
" နေပါကွာ စိတ်ကုန်ခဲ့တာကြာပေါ့ ! ဒါနဲ့ ငါမင်းကို
ပြောစရာရှိတယ် ! "
ယွန်းဂီက အတည်ပေါက်ပြောလာတာမို့ ဂျောင်ကုက
ယွန်းဂီ မျက်နှာကို သေချာကြည့်လိုက်သည် ။
" အင်း ဘာများလဲ ? ပြောလေ ! "
" ပတ်ဂျီမင်းဆိုတဲ့ ကောင်လေး လေ ! သိတယ်မလား ? "
" အင်း ... သိတာပေါ့ ဘာဖြစ်လို့လဲ ? "
ဂျောင်ကုက ယွန်းဂီဆီက ဂျီမင်းနာမည်ကို မကြား
မိသည်မို့ အခု ပြောလာတာကို ထူးဆန်းနေသည် ။
" မင်းကို သူ စိတ်ဝင်စားနေလားမသိဘူး "
ယွန်းဂီ စကားမှာ ဂျောင်ကုက တိတ်ဆိတ်သွားသည် ။
" ဟာ ! အစ်ကို ကလည်း မဖြစ်နိုင်တာ ! "
ဂျောင်ကုက မရီချင်ပေမယ့် ရီလျက် ပြန်ဖြေ
လိုက်သည် ။
" ဘာလို့မဖြစ်နိုင်ရမှာလဲ ? ကျန်တဲ့သူတွေတောင်
မင်းကို စိတ်ဝင်စားနေသေးတာကို ! "
" အဲ့တာနဲ့ပဲ သူကအဲ့လိုဖြစ်မှာတဲ့လား ? မဖြစ်နိုင်တာ "
ဂျောင်ကုက ခေါင်းခါလျက် ယွန်းဂီကို မျက်နှာလွှဲ
လိုက်သည် ။
" အဲ့တာ ဖြစ်နေရင်ရော ? "
" ဟမ် ! ကျွန်တော်က အဲ့တာဆို ဘာလုပ်ရမှာလဲ ? "
ဂျောင်ကုရဲ့ အမေးက နည်းနည်းတော့ ရက်စက်
ဟန်ပေါ်သည် ။ သို့သော် တကယ်လည်း အဲ့တာ
အမှန်ဆို ဂျောင်ကု လုပ်နိုင်တာလည်း မရှိ ။
" ဘာမှမဟုတ်ပါဘူး ! ငါဒီတိုင်းပြောပြတာ ... "
" အစ်ကိုလည်း သိသားနဲ့ ။ ကျွန်တော့်မှာ ရည်းစား
ကြီးနဲ့ !! "
" အေးပါကွာ ! မင်းကို ဘယ်သူက ဘာပြောနေလို့လဲ ? "
ဂျောင်ကုက ယွန်းဂီစကားကြောင့် ရီလိုက်မိသည် ။
စိတ်ထဲမှာတော့ ဒီစကားက ရှုပ်ထွေးစေသည် ။
ယွန်းဂီ တောင် သတိထားမိလောက်အောင် ဂျီမင်းက
ဘယ်လိုတွေတောင် ပြုမူနေလို့လဲ ဆိုတာ သိချင်မိသည် ။
အရင်ကဆို ဒီလို စကားတွေ နားဆီကို ထိခတ်လာ
ရင်တောင် ဘာရယ်မဟုတ်တာလို့ သတ်မှတ်ခဲ့သမျှ
ဒါကျမှ အတွေးထဲ ဆက်တိုက်တွေးနေမိသည် ။
//
" ဂျီမင်းရေ ! ဒီနေ့ ဂျောင်ကု ဆေးရုံကဆင်းပြီးလေ ! "
ဟိုဆော့က အင်္ကျီလဲနေရင်း ဂျီမင်းကို လှမ်းပြော
လိုက်သည် ။
" အင်း သိတယ် ! "
မျက်နှာ မသာမယာနဲ့ ပြန်ပြောလာသော ဂျီမင်း
ကြောင့် ဟိုဆော့က ကြောင်သွားသည် ။
" ဘာလို့လဲ ? မသွားဘူးလား ! ဘာမှတော့ အရေး
မကြီးပါဘူး ။ ဒါပေမဲ့ သိတယ်မလား သတင်းမေး
ချင်နေတဲ့ လူတွေက ခပ်များများရယ် အဲ့ကောင်က
ဘဲကြည်ဘဲလေ ! "
ဟိုဆော့က ရီလျက် ဂျောင်ကု အကြောင်းကို ပြော
လိုက်သည် ။ သို့သော် ဘာပြောပြော ဂျီမင်းက ခေါင်း
ကိုသာ ဆက်တိုက်ငုံ့ ထားလျက် စကားလည်း ပြန်မပြော ။
" ပတ်ဂျီမင်း !! "
" ပြော ! "
ဂျီမင်းက သတိလွတ်နေတာမဟုတ် ။ ဟိုဆော့
ပြောသမျှ အကုန်ကြားလျက် ဘာမှ မတုံ့ပြန်တာ
မျိုးဖြစ်သည် ။
" မင်း ဘာဖြစ်နေတာလဲ ? "
" ဒီချိန်ဆို သူ့နားမှာ ဟိုကောင်မလေးပဲ ရှိနေမှာပေါ့နော် "
ဒီစကားကို ပြောလာတဲ့ ဂျီမင်းကြောင့် ဟိုဆော့က
သက်ပြင်းချလိုက်မိသည် ။
" အော် ... ဂျီမင်း ရယ် ။ မင်း အဲ့ဒါကိုတွေးနေတာလား ? "
" ကျွန်တော် ဘာကို တွေးနေမှန်းမသိတော့ဘူး ။ သူ့
ကို ဆုံးရှုံးရမှာကြောက်တာလား ? သူ့ကောင်မလေးကို မုန်းနေမိတာလား ? ဘာမှန်းကို မသိတော့ဘူး !
ကျွန်တော် သွားတော့မယ်ဗျာ ! ဒီနေ့ အလုပ်ထပ်ရှာဖို့ ရှိတယ်လေ ... "
ဂျီမင်းက လွယ်အိတ်ကို ကောက်လွယ်ကာ ထွက်သွားသည် ။
" အာ ... ဂျီမင်း .. မင်း ... "
ဟိုဆော့ ခေါ်ချိန်မရလိုက်ဘဲ ဂျီမင်းက ထွက်သွားနှင့်
သည် ။ ချစ်ရသည့်သူက တစ်ခြားသူကို ချစ်နေတယ်
ဆိုတာ ဘယ်လောက်တောင် ခံစားရမယ့် အဖြစ်
အပျက်လဲ ။ ဂျီမင်းအစား ဟိုဆော့က စိတ်ညစ်မိသည် ။
Advertisement
" ဒီကောင်လေးကလည်း ဂျောင်ကု နဲ့ပတ်သက်လာ
ပြီဆို ပျော့ညံ့နေရော ! တကယ်ပဲ ... "
ဂျောင်ကု ကို မြန်မြန် မေ့သွားပြီး ပြန်ရပ်တည်လာ
နိုင်ရင် ကောင်းမှာပဲ ဟု တွေးမိသည် ။
//
" အင်း ငါ ဒီအလုပ်လေးတော့ရမယ်ထင်ပါရဲ့ ! "
ဂျီမင်းက ကော်ဖီဆိုင် ထဲက ထွက်လာပြီး ပြန်လှည့်
ကြည့်လိုက်ကာ ခပ်တိုးတိုး ရေရွတ်မိသည် ။
" ဂျီမင်းရှိ ! "
ဂျီမင်းက အနောက်က ခေါ်သံကြောင့် လှည့်ကြည့်
မိသည် ။
" ဟမ် ! ဂျောင်ကု ? "
ကိုယ့်ဆီ တစ်လှမ်းချင်း ပြေးလာနေသော ဂျောင်ကု
ကို မြင်လိုက်ရတာ ကမ္ဘာကြီးဟာ နှေးသွားသလို
ဖြစ်မိသည် ။
သူ့မျက်နှာမှာ ကိုယ် သိပ်မြင်ချင်နေမိတဲ့ အပြုံးတွေ
ဝေလို့ ။ အဲ့အပြုံးတွေ တစ်ခြားသူရှေ့မှာ မပြုံးပြဘူး
ဆိုရင်လေ ... ။
" အာ ... ဖြည်းဖြည်းပြေးပါ ! မောဦးမယ် "
" အဲ့လောက်လဲမဟုတ်ပါဘူး အဲ့လောက်တော့
အမောခံနိုင်ပါတယ် "
" ဒီတိုင်း စိတ်ပူလို့ပါ "
ဂျီမင်း ရဲ့ စကားကြောင့် ဂျောင်ကုက ပြုံးလိုက်သည် ။
" စိတ်ပူတယ်ဆိုပြီး ဘာလို့ သတင်း လာမမေးတာလဲ ? "
" အာ ... ဟိုတစ်ရက်က လမ်းကြုံလို့ ကြည့်လိုက်
တော့ အဆင်ပြေနေတယ်မလား ? ဒီကြားထဲလည်း
ကျွန်တော်က အလုပ်များနေလို့ ... "
ဂျောင်ကုကို ဖြေရှင်းချက်တွေ ပေးနေတဲ့ ဂျီမင်းကို
ကြည့်ကာ ဂျောင်ကုက ရီမိသည် ။
" ထားလိုက်ပါတော့ စတာပါ ။ အခုက ဘယ်လာ
တာလဲ ? Class ကိုမသွားဘူးလား ? "
ဂျီမင်းက အလုပ်ရှာနေတဲ့ အကြောင်း မပြောချင်တာ
နဲ့ အကြောင်းအရာကို လွှဲပြောလိုက်သည် ။
" အယ် ... ဒီနား သူငယ်ချင်းတစ်ယောက်ဆီ လာ
တာ ! ဒီနေ့တော့ Class မသွားဖြစ်တော့ဘူး "
" အာ ... ကျွန်တော်က ကျွန်တော့် ကောင်မလေးကို
ပြန်ပို့တာ ။ သူ့ Ent ကိုလေ သိတယ်မလား ? "
" ဟင့်အင်း ! "
ဂျီမင်းက အတည်ပေါက်ဖြေလိုက်တာကြောင့်
ဂျောင်ကုက ကြောင်သွားသည် ။ ဂျီမင်း မျက်နှာ
အမူအရာကလည်း ခပ်တည်တည်ပဲ ဖြစ်သည် ။
တမင်ကို မကြားချင်တာကြောင့်လည်း ဒီလိုမျိုး
ဖြေလိုက်ခြင်း ဖြစ်သည် ။
" အာ ... ဟုတ်သား ။ ကျွန်တော်က သေချာမှ မိတ်
မဆက်ပေးရသေးဘဲ ... သူက .. က ... "
" ရပါတယ် ။ အဲ့တာက အရေးမကြီးပါဘူး ။ ဒါနဲ့
ဆေးရုံက မနက်က ဆင်းတာမလား ။ အခု လျှောက်
သွားနေပြီလား ? "
" ဘာမှ .. မဖြစ်တာပဲ ရနေပြီကို "
" အဲ့လိုတော့ မလုပ်ပါနဲ့ ။ ဂရုစိုက်မှပေါ့ "
ဂျီမင်းက ခုဏကပြောနေတဲ့ မျက်နှာ အမူအရာနဲ့
အခုက လုံးဝ ပြောင်းလဲသွားသည် ။
" သိပါပြီ ကျေးဇူးပါပဲခင်ဗျာ ! "
ဂျောင်ကုက ပြုံးလျက် ကျေးဇူးတင်စကားပြောတကြောင့် ဂျီမင်းကလည်း ပြန်ပြုံးလိုက်သည် ။
ဂျီမင်းက ပြုံးလိုက်ရင် သိပ်လှတာမို့ ဂျောင်ကုက
ခဏတော့ မှင်သက်သွားမိသည် ။
" ဂျောင်ကုရှိ ... ဘာကြည့်နေတာလဲ ? "
" အာ ... ဟိုဟာ ... အစ်ကို ဟိုဆော့ နဲ့ တူတူနေ
တာမလား ? "
" အင်း ! "
" ဒါဆို ဒီနားလေးပေါ့ ! တူတူ ပြန်ကြမလား ? "
ဂျောင်ကုရဲ့ စကားကြောင့် ဂျီမင်းက ပါးတွေ ရဲတက်
လာသည် ။
" ဟမ် ? အင်း ! "
" တအင်းအင်း နဲ့ ဘာဖြစ်လို့လဲ ? "
ဂျောင်ကုက ရှက်နေတဲ့ ဂျီမင်းကို ကြည့်ကာ
သဘောကျနေမိသည် ။
" အင်း ! ဟမ် ... အာ ... ဘာမှမဖြစ်ပါဘူး "
ဂျီမင်း ပုံစံကို ကြည့်ပြီး ယွန်းဂီ ပြောတာကို ဂျောင်
ကုက နားထဲ ထပ်ကြားမိသည် ။ ဒါပေမဲ့လည်း အဲ့
တာကို ခေါင်းထဲက ထုတ်ထားပြီး ဂျီမင်း အနေရ
ခက်နေတာကို ပိုရင်းနှီးအောင် ကြိုးစားလိုက်သည် ။
" လာလေ ... တူတူ ပြန်ကြတာပေါ့ "
ဂျီမင်းက ဂျောင်ကုနဲ့ ခပ်လှမ်းလှမ်းက လိုက်လာပြီး
ခေါင်းကိုလည်း ဆက်တိုက် ငုံ့ထားသည် ။ ပါးလေး
တွေ ရဲနေကာ လက်တွေကိုလည်း အချင်းချင်း ပွတ်
နေသည် ။
ဂျောင်ကုက ဂျီမင်း ရှက်နေတာကို ပို ရင်းနှီးသွား
အောင် ဂျီမင်း လက်ကို လှမ်းဆွဲလိုက်သည် ။
" ဂျီမင်း ! "
" ဟုတ် ! "
" အဲ့လို တရိုတသေ လုပ်မနေပါနဲ့ ။ ဂျီမင်းက ကျွန်
တော့်ထက်တောင် အသက်ကြီးမယ် ထင်တယ် "
" အာ ... ဟုတ်ကဲ့ အယ် ... အင်း ကြီးတယ်ထင်တယ် "
ဂျီမင်းက ရှက်နေပြီး အယောင်ယောင် အမှားမှား
ဖြစ်နေသည် ။
" ဒါပေမဲ့ ဂျီမင်း က သေးသေးလေးနော် ။ ဟား
ဟား !! ကျွန်တော်အရင်ကဒီလို သေးသေးလေးနဲ့
ချစ်စရာကောင်းတဲ့ ကောင်လေးတွေ မတွေ့ဖူးဘူး ! "
ဂျောင်ကုက လမ်းလျှောက်ရင်း ဂျီမင်းလက်ကို
လည်း ဆွဲထားရင်း စကားလည်း ပြောပေးနေသည် ။
" အာ ! အင်း ! "
" ကျွန်တော် ဂျီမင်း ကို စစမြင်ကတည်းက သတိ
ထားမိတာ ခုလို သေးသေးလေးမို့လေ "
ဂျောင်ကုက ဂျီမင်း လက်သေးသေးလေးကို မြှောက်
ပြကာ ရီလိုက်သည် ။
" အာ ဟုတ်လား ? "
ဂျီမင်းက ရှက်နေတုန်းမို့ စကားကို ကောင်းကောင်း
ပြန်မပြောနိုင် ။ ဂျောင်ကုက ရှက်နေသည့် ဂျီမင်းကို
ဒီတိုင်းဆို ပိုနေရခက်မှာစိုးလို့ တစ်မျိုး စဥ်းစားလိုက်သည် ။
" ပြီးတော့လေ ကြည့်ပါလား ဒီလို ဖက်လိုက်ရင်
ဒီလိုသေးသေးလေး ပိုဖြစ်သွားရော ! "
ဂျီမင်းကို ရင်ခွင်ထဲကို ဆတ်ခနဲ ဆွဲထည့်ကာ ထည့်
လိုက်တဲ့ ဂျောင်ကုကြောင့် ဂျီမင်းက ရင်ဘတ်တစ်ခု
လုံး ဝုန်းဒိုင်းကြဲကုန်သည် ။
" အ ... "
ဘာပြောရမှန်းလဲမသိတာကြောင့် ဂျောင်ကု ရင်ခွင်
ထဲမှာပဲ အသာလေးငြိမ်နေရင်း အလိုက်သင့် နေ
လိုက်သည် ။
" အာ .. ကျွန် ... ကျွန်တော် က ဒီလောက်တောင်
သေးလား ? "
ဂျီမင်းက စကားတွေ အထစ်ထစ် အ အအ နဲ့ ပြော
နေမိသည် ။
" ဟဟဟ မသိဘူးလေ ။ ခုပဲကြည့်ပါလား ? ကျွန်
တော် ဖက်ထားရင် ဂျီမင်း က ပျောက်တောင်ပျောက်
နေတယ် ဟိဟိ "
ဒီလိုသာ တရင်းတနှီးနေရင် ဂျီမင်းလည်း ရှက်နေမှာ
မဟုတ်တော့သလို ရှိန်နေတာတွေလည်း ပျောက်
သွားပြီး ယွန်းဂီ ပြောတဲ့ ကောလဟာလလည်း
ပျောက်သွားမယ်လို့ ထင်မိသည် ။
သို့သော် ဂျီမင်းဘက်က ဂျောင်ကု ရင်ခွင်ထဲမှာ ငြိမ်
နေပြီး အသံတိတ်နေသည် ။
" ဘာလို့လဲ ? ကျွန်တော် ဖက်တာ မကြိုက်လို့လား ? "
" မဟုတ် .. မဟုတ် .. မဟုတ်ပါဘူး ကြိုက်ပါတယ်
အာ ... ဟို ... ! "
ဂျီမင်းက ဂျောင်ကု မျက်နှာကို မကြည့်ဘဲ ဖြေ
နေသည် ။
" ဂျီမင်း က အခု ရှက်နေတာလား ? "
မျက်လုံးချင်း မဆုံတဲ့ ဂျီမင်းကို ဂျောင်ကုက
မျက်လုံးချင်းဆုံအောင် အတင်းလိုက်ကြည့်
နေသည် ။
" ဟမ် ? "
" ပါးတွေကလေ ရဲနေတယ် ! "
ဂျီမင်းက ဂျောင်ကု မျက်လုံးတွေကို မော့ကြည့်
လိုက်မိသည် ။ မျက်နှာချင်း မဆိုင်ရဲလောက်အောင်
ကို ညို့နိုင်တဲ့ မျက်လုံးတွေမို့ မျက်လုံး ပြန်လွှဲလိုက်
သည် ။
" အာ ! မရဲပါဘူး ... အဲ့လို မဟုတ် ..."
ပါးနှစ်ဖက်ကို အတင်းတွေပွတ်နေသော ဂျီမင်း က
အရမ်းကို ချစ်စရာကောင်းနေသည်မှာ အမှန် ။
" ဟီးဟီးဟီးဟီး "
ဂျောင်ကုက ကြိတ်ပြီး ရီနေရာက မနေနိုင်ဘဲ အသံ
ထွက်လာသည် ။
" ဟမ် ... ဘာလို့လဲ ? "
" စတာပါ အဲ့လောက်ကြီး ဘာမှမရဲဘူး ! "
ဂျောင်ကုက ဂျီမင်းကို ကြည့်ရင်း ဆက်တိုက်ရီ
နေသည် ။
" အာ ဂျောင်ကု !!!!! အဲ့လို စ စရာလား ? "
ဂျီမင်းက ဂျောင်ကုကို ရှက်ရှက်နဲ့ ငေါက်နေ
တော့သည် ။
" ဒီတိုင်း ရှက်နေတာက ချစ်စရာကောင်းလို့ပါ "
ဂျောင်ကုက ဘာကြောင့် ဒီလိုတွေလုပ်နေလဲ မသိပေ
မယ့် ဂျီမင်း ဘဝမှာ သူနဲ့အတူရှိနေရရင် အပျော်ဆုံး
အချိန်တွေ ဖြစ်နေသည်မို့ တစ်ခြား ဘာတွေကပဲ
တားဆီးနေပါစေဦး ။ အဆင်ပြေသွားမယ်လို့ပဲသာ
တွေးနေမိသည် ။
ဂျောင်ကု ရီပြုံးနေတာကို ကြည့်ရင်း မစွန့်လွှတ်ပေး
ချင်တော့လောက်အောင် လောဘကြီးမိသည် ။
ဂျောင်ကု မျက်နှာလေးပြုံးနေရင် ကမ္ဘာကြီးက
သာယာနေသလို ခံစားရသည် ။
ဒါက စနောက်ရုံ သက်သက်ဆိုရင်တောင် အဆင်ပြေ
ပါတယ် ။ ဒါက စိတ်ရင်း မဟုတ်ရင်တောင် အဆင်
ပြေပါတယ် ။
ပြီး ထိုင်နေသည် ။
တွေက စဝင်လာသည် ။
လိုက်သည် ။
တာပေါ့ ။ အဲ့လိုလား ? "
ရမှာ ! "
တာပဲ ကြည့်လေ ။ ကောင်မလေးက ဆိုးတယ်ကွ ။
ဂျွန်က ပိုသိတယ် ။
" ဂျီမင်း ? "
ပြန်ဝင်လာသည် ။
" အင်း ပြောလေ အစ်ကို ! "
ပိုချောလဲ ! "
ပြောလိုက်သည် ။
လိုက်ရသည် ။
" ဘာဖြစ်လို့လဲ ? "
မလုပ်ဘူး ! "
" ငယ်တာလည်း ပါတာကို ။ အဲ့ထက်ဆိုးတာက
ချစ် ... ချစ် ... "
ဆက်နားမထောင် ။
ထဲဝင်သွားသည် ။
ပြောခံနေရပါလား "
အိပ်ရာထဲဝင်သွားသည် ။
//
စိတ်ထဲလည်း ဘဝင်မကျ ။ တကယ်ဆို သတင်းမေး
မိသည် ။
ပဲကို "
" ဂျွန်ဂျောင်ကု ! "
ယွန်းဂီ ဖြစ်သည် ။
ဆိုလို့လေ ။ ငါ အခု အမြန်လာတာ "
နက်ဖြန်ဆင်းမှာ ! "
" မင်းကလည်း မပေါ့နဲ့လေ ။ အကသမား လုပ်နေပြီး
ဂရုစိုက်မှပေါ့ "
" ဟုတ်ကဲ့ပါ "
လိုက်သည် ။
" တွေ့လိုက်တယ်လား ! "
ပြောအားရှိတာပေါ့ "
Advertisement
- In Serial18 Chapters
Whenever You Want
Christina didn't become an escort because she wanted to! She did it to pay tuition. It was only for a few months, but those few months covered New Year's Eve, and her date that night had been Mark. After she graduated, her career as an escort was supposed to be left in the past... And it would have been if Mark wasn't her new boss!
8 198 - In Serial22 Chapters
From hate, to Lust to Love
I drink hard, I play hard, I f*ck hard and I thrive hard in everything I do. I am care free. I use women like toilet papers. I don't care who gets hurt and why they get hurt. And I proceed to live happily. But my problem started when a f*cking Muslim bitch came to live next door. I have to keep my music low because the bitch has to sleep, I have to keep my f*cking inside the apartment because she couldn't soil her eyes. Well, guess what? I don't. People don't mess with me for a reason and this bitch is about to find it out.I am Robert or Rob. Whatever you choose to call me. I need a break from life. My step father kicked me out of the house for refusing to marry the man he choose for me. That is least of my problems. My problem is Rob, the moron who play heavy metal music all night, make out in the open and does a lot of things that is making my life a difficult one. He is too dangerous. He can completely destroy me. Yet..... Can life be anything but cruel? I am Amira and I about to find out. ****************************** I set to destroy her yet I destroyed myself - Rob I meant to change him and became a changed woman - Amira ************************** Please also read "A flower From Heaven (Zahra)", the story of Zainab and Stuart, the billionaire.The rogue Assassin , story of Safia, the doctor and John who kill for a living.
8 153 - In Serial18 Chapters
Destined To Be Yours
"I have never done this before." he whispered while cupping her face. "Me too" she said looking at his eyes. "What? You... You have... I thought..." he stammered. Her eyes widened in realization of what he could have thought about her. "Don't tell me you also believed in the rumors our office talking about." she chided at him. "I... I am sorry. It didn't matter to me. And it doesn't matter what your past was. So I didn't take into consideration of other possible ways." he tried to explain his blunder mistake of touching her nerve. She shook her head at disappointment. "I thought you are different from others. But no. Even you also thought so low me. Just leave." she pointed her hand towards the door."Please understand. I didn't mean it like that." he wanted to tell her why he thought like that. He never believed in rumors when he himself was victim of a gossiping group. "Whatever it is we will talk tomorrow. I want to be alone. So leave now" she whisper yelled as she didn't want to wake her baby sleeping in adjacent room. *****************************************A short story about how two lonely hearts are destined to end up with each other.
8 221 - In Serial141 Chapters
Running Away From Love || Ongoing
[slow updates] After four years will they what will happened when they finally confessed there Love. Alaska Amana- She has a body of a goddess and will kill anyone that looked at her the wrong way. People are memorized at her beauty. But she is a girl who ran away from love, and her past, she looking for her family because she caught rumors that her birth parents are still alive, but this is one reason why she left, the other reason is because of him. She left him behind because she thought it was for the best and she was scared, she was scared to be loved and to be in love because of her last boyfriend. Damon Mateo- He has a body of a Greek God, he is controlling, manipulating, and more than a murder, and the new leader of the Italian Mafia, he will kill you with a single look. But he only has a soft spot for her, she left him and he won't stop running at her till he gets her, he loves her so much that he can't let her go. He would kill anyone who touched her or looked at her the wrong way. He can be very dangerous when he does not get want he wants, and trust me he will always get want he needs and wants. And he wants her. And only her. They both are afraid of love , but will they get over there fear and love each other like they need. They both get want they want and they want each other. And they will get want they want. Even if it kills them. [The second Book of the Unforgivable Lies series] (Can be read as a stand alone) This book has a LOT of smut in it Started: July 3, 2022Ended:Ranking so far: reached #1 in Past LoverRanking so far: reached #1 in Snarky Ranking so far: reached #1 in RussianRanking so far: reached #1 in Book Two
8 182 - In Serial35 Chapters
In His Office
Someone cleared his throat behind me. My laughter died instantly. I turned and saw Mr. Ashton standing there."Come to my office Ms Rose NOW!!", he shouted.Everyone scattered to their work stations and I went to his office. He was sitting in his chair looking hot as ever. You should not be thinking that right now Emily! His green blue eyes looking at me with an emotion I couldn't pinpoint. Annoyance , disbelief or humor."Close the door", he shouted and I flinched with the harshness of his words.I was 100 percent sure that my job was at stake. You are dead Emily Rose.
8 154 - In Serial22 Chapters
The Ugly Duck-Kim || MyungJin || Astro
"Beautiful. He was right about that. Kim Myungjun is very beautiful.." Jinwoo said in a whisper, both boys gazing intently at each other as they held their breathe in.»»»»Kim Myungjun tries to live a normal life but everything changes when Park Jinwoo enters the picture. Everything Kim Myungjun thinks he knows begins to distort as he slowly starts to find out that he had been the only one in the Dark all along. ••••Myungjin || Astro
8 120