《Dancing On Your Heartbeat • Kookmin || Completed ||》- 10 -
Advertisement
Class ကို ရောက်ရောက်ချင်း အမောတကောနဲ့
အခန်းထဲကို ပြေးဝင်သွားမိသည် ။ ဂျီမင်းက ဘယ်
သူမှ မရှိဘဲ နမ်ဂျွန် တစ်ယောက်တည်း ထိုင်နေတာ
ကို တွေ့လိုက်ရသည် ။
" အစ်ကို ! ဂျောင်ကု ဘာဖြစ်တာလဲ !!!!! "
ဂျီမင်းက အလောတကြီးနဲ့ နမ်ဂျွန့်ဆီကို သွားကာ
မေးလိုက်သည် ။
" ကနေရင်း လဲကျသွားတာပဲ ။ ဟိုဆော့တို့ ဆေးရုံ
ကို အတူ ပါသွားတယ် "
" ကျွန်တော် လိုက်သွားမယ် ... "
ဂျီမင်းက လှည့်အထွက်ဖို့ အလုပ်မှာ နမ်ဂျွန်က တား
လိုက်သည် ။
" လိုက်မသွားပါနဲ့တော့ကွာ ... ထားလိုက်ပါ "
နမ်ဂျွန့် မျက်နှာက အခြေအနေမကောင်း ။ ဂျီမင်းရဲ့
စိုးရိမ်တာတွေက ပိုဆိုးလာသည် ။
" မဟုတ်ဘူး ။ လိုက်သွားရမှာပေါ့ "
" မဟုတ်ဘူး ဂျီမင်း ။ မင်းသွားလည်း မထူးဘူး ။
သူက အခုလေးတင်ပဲ ... "
" မဖြစ်ဘူး ! ကျွန်တော့် မျက်လုံးနဲ့ သေချာပေါက်
ကြည့်ဦးမှာ ... "
ဂျီမင်းက Class ထဲက အပြင်ကို ထွက်လာပြီး Taxi
ကို အမြန်တားလိုက်သည် ။
"ကားဆရာ ! ကျွန်တော့်ကို မြန်မြန်လေးပို့ပေးပါ ! "
ဂျီမင်း စိတ်ကလည်း လောနေမိသည် ။ မကောင်း
တာတွေလည်း မတွေးချင်ပေမယ့် ဒါတွေပဲ အတွေး
ထဲ ဆက်တိုက် ရောက်လာပြန်သည် ။
" မဖြစ်ဘူး မဖြစ်ဘူး !!! ကျေးဇူးပြုပြီး ဂျောင်ကု
ရယ် ... "
//
ဂျီမင်းက ဆေးရုံရှေ့ ရောက်သည်နှင့် Reception
ဌာနကို တစ်ဟုန်ထိုး အမြန် ပြေးတော့သည် ။
" ဒီမှာ .. ဒီမှာ ဂျွန်ဂျောင်ကု ဆိုတဲ့ လူနာရှိပါသလား ? "
" ခဏလေးနော် ... "
ဂျီမင်းက စိတ်လောနေတာမို့ ရှာနေသည့် ဝန်ထမ်း
ကောင်မလေး က အချိန်ဆွဲနေသလိုပင် ။
စက္ကန့်ပိုင်းမျှအကြာ -
" ဟုတ်ကဲ့ ! ရှိပါတယ် ! အခန်းနံပါတ် 006 မှာပါ ! "
" ဟုတ် ကျေးဇူးပါ ! "
ဂျီမင်းက ဓာတ်လှေကားရှေ့မှာ အပေါ်တက်ဖို့
စောင့်နေပေမယ့် ဓာတ်လှေကားက အထပ်မြင့်
ကနေ ဆင်းမလာသေး ။
ဘေးလှေကားကနေပဲ ခြေလျင် ပြေးတက်ကာ
အခန်းကို ရှာလိုက်သည် ။ လူက မောဟိုက်လို့
ကောင်းကောင်း အားမရှိတော့ပေမယ့် အခန်း
တံခါးကို အတင်းဖွင့်ဝင်ရာက မြင်လိုက်ရတဲ့
မြင်ကွင်းကြောင့် ပိုယိုင်လဲကျသွားစေခဲ့သည် ။
ပိတ်ဖြူ တစ်စအုပ်ထားသော ကုတင်ပေါ်က
ရုပ်အလောင်းကလွဲလို့ တစ်ခြား မရှိ ။
"မဟုတ်ဘူး ! ဒါကဘာလဲ ! မဖြစ်နိုင်တာ ! "
မျက်ရည်တွေက တရစပ်ဆိုသလို ကျဆင်းလာ
သည် ။ မယုံနိုင်လည်း ဖြစ်မိသည် ။
" ပတ်ဂျီမင်း !! "
ဘေးကနေ လာခေါ်သူက ဟိုဆော့ဖြစ်သည် ။
ဂျီမင်းက ဟိုဆော့ကို အတင်း ဖက်ထားကာ ငို
ချလိုက်သည် ။
" ကျွန်တော် နောက်ကျသွားပြီထင်တယ် ! ခု
ဘာလုပ်ရမလဲ ?!!!! "
ငိုသံကြီးနဲ့ ပြောနေသော ဂျီမင်း ကို ဟိုဆော့က
ဘာပြောပေးရမယ်တောင် မသိတော့ ။
" ဂျီမင်းရယ် စိတ်ထိန်းပါ အဆင်ပြေသွားမှာပါ "
ဟိုဆော့က ဂျီမင်းကျောကို ပုတ်ကာ နှစ်သိမ့်
ပေးလိုက်သည် ။
" ဂျောင်ကု ... ဂျောင်ကု က မရှိတော့ဘူး "
ဂျီမင်း အသံက ကောင်းကောင်း ထွက်မလာခဲ့ ။
" ကျွန်တော် သူ့ကိုချစ်တယ်လို့တောင် မပြောရသေး
ဘူးလေ ! "
"ဟမ် ? ဘယ်သူပြောလဲ ? ဂျောင်ကု မရှိတော့ဘူးလို့ "
ဟိုဆော့က ဂျီမင်းကို ဖက်ထားရင်းကနေ စိတ်ပျက်
လက်ပျက်နဲ့ ဂျီမင်းကို ကြည့်လိုက်သည် ။
" နေပါတော့ဗျာ ! ကျွန်တော် အမှန်တရားကို အတင်း
ငြင်းပယ်နေလည်း မရနိုင်တော့ဘဲလေ ။ ဘယ်လို
လုပ်ရမလဲ ? "
ငိုယိုကာ ပြောနေသော ဂျီမင်း ရဲ့ ခေါင်းကို အုန်းခနဲ
နေအောင် ဟိုဆော့က နရင်းအုပ်လိုက်သည် ။
" အား ! သေပါပြီ ဂျောင်ဟိုဆော့ !!! "
" အာ ! ငါ မင်းနဲ့တော့ အသက်မရှင်ချင်တော့ဘူး ! "
" ဘာလို့လဲ ?!! ဂျောင်ကု အပြင် အစ်ကိုကပါ ထား
သွားတော့မလို့လား ? အဲ့လို မလုပ်ပါနဲ့ !!!! "
ဂျီမင်းက ပိုပြီး ငိုချကာ ဟိုဆော့ ကို ဖက်ထားလိုက်သည် ။
" ပတ်ဂျီမင်း !!!!!!!!!! "
တော်တော်ကို အော်လိုက်သော ဟိုဆော့ အသံ
ကြောင့် ဂျီမင်း တစ်ယောက် ငိုတာတောင် တုံ့ခနဲ
ရပ်သွားသည် ။
" မင်းကြီးတော်ကြီးကို ငါက ထားသွားရမှာလား ?
ငါလဲမထားဘူး ! ဂျောင်ကု လဲ မင်းကို မထားခဲ့ဘူး ! "
" ဟမ် ! ဂျောင်ကု က ဘာမှ မဖြစ်ဘူးလား ။ အဲ့တာ
ကို မြင်ပြီးတာတောင် ကျွန်တော့်ကို နှစ်သိမ့်နေတာ
လား ? "
ဂျီမင်းက ခေါင်းငုံ့လျက် ဟိုဆော့ မျက်နှာကိုလည်း
တည့်တည့်မကြည့် ။ ဟိုဆော့က အခန်းနံပါတ်ကို
လှမ်းကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည် ။
" မင်းရောက်နေတဲ့အခန်းက 009 လေ ။ ဂျောင်ကု
အခန်းက 006 လေ "
ဂျီမင်းက အခန်း နံပါတ်ကို သေချာပြန်ကြည့်မှ 009
ဖြစ်နေသည် ။
" အော် ဟုတ်သား ! တော်သေးတယ် အစ်ကိုရယ် ။
ကျွန်တော့်မှာ ရူးတော့မလိုပဲ ခုဏက ! "
ခုဏကလည်း ငို ။ အခုလည်း ငိုပြန်သည် ။
" အေး မင်းက အစထဲက အရူးပဲလေ ! "
" စိတ်ပူပူနဲ့ နံပါတ်တွေ မှားကြည့်တာပါဗျာ ! သူရော
သူကရောဟင် ? "
Advertisement
ဂျီမင်းက စိုးရိမ်စွာဖြင့် ဟိုဆော့ကို မေးသည် ။
" သူ့ အခန်းထဲမှာ သူ ရှိတယ်လေ ! "
" အခြေအနေကရော သက်သာရဲ့လား ? ဘာဖြစ်တာ
တဲ့လဲ ? အဆင်ပြေရဲ့လား ! "
ဂျီမင်းက မေးခွန်းများစွာနဲ့ တစ်ယောက်တည်း ကမ္ဘာ
ပျက်နေတာ ဖြစ်သည် ။
" နေပါတော့ ။ ကျွန်တော့်ဘာသာ ကြည့်မယ် "
" ဟာ နေဦးလေ ။ အော် သူ့စိတ်ချည်းပဲ !! "
ဟိုဆော့ စကားမဆုံး သေးခင်မှာ ဂျီမင်းက အခန်း
ရှေ့ကို ရောက်နေနှင့်ပြီ ဖြစ်သည် ။
ဂျောင်ကုကို စိတ်ပူစွာနဲ့ အခန်းကို အမြန်ဖွင့်ကြည့်
ခဲ့ ပေမယ့် သတင်းမေးတဲ့သူက သက်သက် အရင်
ရောက်နေခဲ့သည် ။
" အော် ဂျီမင်းရှိ ! ရောက်လာတယ် ! "
ဂျောင်ကု မျက်လုံးတွေက တောက်ပစွာ ဂျီမင်းကို
ကြည့်လာသည် ။ ဆေးရုံ ဝတ်စုံလေးနဲ့ ဂျောင်ကုကို
မြင်နေရသည်က ဝမ်းနည်းစရာ ကောင်းလှသည် ။
သို့သော် ဂျောင်ကု လက်ကိုဆုပ်ကိုင်ထားတဲ့ ဘေးက
အမျိုးသမီးကြောင့် ပို ငိုချချင်မိသည် ။
" ကိုကို အဲ့ဒါ ဘယ်သူလဲ ? "
ဘေးနားက ကောင်မလေးက ဂျောင်ကုကို မော့
ကြည့်ကာ မေးလိုက်သည် ။
" အဲ့ဒါ ကိုကိုတို့ Class ကပဲလေ ! နာမည်က ပတ်ဂျီ
မင်း တဲ့ ချစ်စရာလေး မလား ? "
ကိုကို တဲ့လေ ။ နားထဲကို သံရည်ပူလောင်းချသလို
ပူလောင်လွန်းသည် ။ ဂျောင်ကုလက်ကို မလွှတ်
တမ်း ဆုပ်ကိုင်ထားသည့်ကို မြင်ရသည့်မှာ ဂျီမင်းရဲ့
နှလုံးသားတွေကို တစ်စုံတစ်ယောက်က လာပြီး
ချေမွနေသလိုပင် ။
" အင်း ! ဒါပေမဲ့ ကိုကို့လောက်တော့ ချစ်စရာ
မကောင်းဘူးနော် "
သွက်သွက်လက်လက်ရှိသည့် ကောင်မလေးက
အရွှန်းဖောက်ကာ နောက်လိုက်သည် ။
" ဟာ ! ဒီကောင်မလေးကတော့ ! "
ဂျောင်ကုက ထိုကောင်မလေးရဲ့ ခေါင်းကိုခပ်ဖွဖွ
ပုတ်လိုက်သည် ။
" အော် ဂျီမင်းရှိ ! ဒါ ကျွန်တော့် ကောင်မလေးပါ
ခုမှပဲ မိတ်ဆက်ပေးရတော့တယ် ။ နာမည်က ကင်
ဆဲအင်းပါ "
အပိုင်ပါလို့ မိတ်ဆက်ပြနေတာကို ဂျီမင်းက မော့
လည်းမကြည့် ။ ဘယ်လိုအင်အားမျိုးနဲ့မှ ဒီမြင်ကွင်း
ကို ဆက်ကြည့်နိုင်စရာလည်း အကြောင်း မရှိတော့ပါ ။
" ဟိုဟာ ! ကျွန်တော် သွားစရာရှိလို့ သွားတော့မယ် "
" ဟမ် ဘာလို့လဲ ? ဒီကိုလာတာပဲမလား ? "
ဂျောင်ကုက အနည်းငယ် မျက်နှာပျက်သွားပြီး ဂျီ
မင်းကို ပြောလိုက်သည် ။
" မဟုတ်ပါဘူး ! အစ်ကိုဟိုဆော့ နဲ့ ပြောစရာရှိလို့
သူက ဒီကို ခေါ်လို့လေ ! ရောက်လာတာ ! "
" ဒါဆို ကျွန်တော် ဆေးရုံရောက်နေတာ မသိဘူးပေါ့ ! "
ဂျီမင်း ပြောတဲ့ စကားကို ဂျောင်ကုက အတည်
ပေါက် ယုံသွားသည် ။
" မသိဘူးရယ် ! အခု ဘာလို့တက်ရတာလဲ ဆေးရုံ
က ။ ပုံစံကြည့်ရတာ သက်သာနေတာပဲမလား ? "
" ဟမ် ? "
ဂျောင်ကုက ဂျီမင်းရဲ့ ဒီလိုပုံစံကို မမြင်ဖူးတာ
ကြောင့် အံ့သြနေမိသည် ။
" အော် ! ဘေးနားမှာ ကောင်မလေး ရှိနေတော့လေ ! "
" အာ ...ဒါကတော့ ... အမ် ... "
ဂျောင်ကု စကား ဆုံးသေးခင်မှာပဲ ဂျီမင်းက လှည့်
ထွက်လာကာ တံခါးကို ဝုန်းခနဲ ပိတ်လိုက်သည် ။
" ကိုကို့ သူငယ်ချင်းလား ? ကြည့်ပါဦး ရိုင်းလိုက်
တာ ! သတင်းတောင် မမေးသွားဘူး ! "
ကောင်မလေးက စိတ်ဆိုးဆိုးနဲ့ ဂျောင်ကုကို ပြော
လိုက်သည် ။
"အော် ! ကိုကိုတို့ တူတူရှိနေတော့ မျက်နှာပူလို့နေမှာပေါ့ "
" ကိုကိုကလည်း ... သူက တစ်မျိုးကြီးပဲ ။ ဘာပဲ
ဖြစ်ဖြစ် သတင်းတော့ မေးသွားလို့ ရတာပဲကို "
" နေပါစေ ... ကိုကို့ဘေးမှာ မင်းရှိနေရင် ရပြီကို "
" ကိုကိုနော် အဲ့မှာ တတ်နေလိုက် ... "
အခန်း တံခါးကို ကျောမှီကာ ထိုင်ချလျက် အထဲက
' ကိုကို ကိုကို ကိုကို ' ချင်းထပ်နေသော အသံတို့က
ရင်ကို စူးနစ်ထိုးဖောက်မတတ် ကြားနေရသည် ။
ဂျီမင်းက နားကို ပိတ်ထားကာ ဒူးထဲ ခေါင်းဝပ်လျက်
ငိုချလိုက်သည် ။
" ဂျီမင်း ! "
" ဟမ် ! အစ်ကို ! "
ဂျီမင်းက ခေါင်းမော့လိုက်တော့ မျက်ရည်လည်ရွဲ
ဖြစ်နေတာကို ဟိုဆော့က တွေ့လိုက်ရသည် ။
" ဟူး ... ဂျီမင်းရယ် အဆင်ပြေရဲ့လား ? "
" ဟင့်အင်း ... မပြေဘူးထင်တယ် ! "
ဟိုဆော့က သက်ပြင်းသာ ခပ်ကျယ်ကျယ်ချမိ
သည် ။ သာမန် ကိစ္စဆိုရင်တောင် ဂျီမင်းက တအား
ခံစားတတ်တဲ့သူ ဖြစ်တာကို အခု ဒီလိုနဲ့မှ တိုက်ရိုက်
ကြုံရသည်လား ။
အခန်းရှေ့မှာ ကျုံ့ကျုံ့လေးထိုင်နေသော ဂျီမင်းက
ခေါင်းငုံ့လျက် တရှုံ့ရှုံ့ငိုနေသည် ။
" ဂျီမင်းရယ် ... ထပါကွာ ! ဒါဆေးရုံကြီးလေ ! လူ
မြင်လို့ မကောင်းပါဘူး ။ သူ့ကောင်မလေး ထွက်လာ
ရင်လည်း မင်းဒီလို ဖြစ်နေတာမြင်ရင် မကောင်းဘူး
ကွ ! လာပါကွာ ! "
ဟိုဆော့က အတင်းဆွဲထူကာ ချော့မော့ ဆွဲခေါ်လာ
ခဲ့ရသည် ။ ဂျီမင်းက ယိုင်နဲ့နေတဲ့ ခြေလှမ်းတွေနဲ့
သနားစရာကောင်းအောင် ခေါင်းလေးငုံ့ကာ တရှုံ့ရှုံံ့
နှင့် လိုက်လာရှာသည် ။
ဟိုဆော့က ဆေးရုံအပြင်ဘက်ကို ခေါ်လာကာ
စကားပြောလိုက်သည် ။
" ပတ်ဂျီမင်း ရယ် ! မင်းက ယောကျာ်း မဟုတ်ဘူးလား ? "
" ယောကျာ်းလေ ! ယောကျာ်းမို့လို ဘာလုပ်ရမလဲ
Advertisement
မသိ ဖြစ်နေတာပေါ့ ! မိန်းကလေးသာဆို ချစ်တယ်
ဆိုပြီး ပြောလိုက်ပြီ ! "
" အေး မင်းအလှည့်ကျမှ ပြောင်းပြန် ! "
" မသိဘူး ပြောင်းပြန်ပြန် !!!!! "
ပြောလေဆိုးလေ ပိုပိုသာ ငိုလေဖြစ်သည် ။
" အေး ငိုငို ငိုချ ! ပြီးရင် မငိုနဲ့တော့ ! "
" ဒါပေမယ့် သူက ဘာဖြစ်တာတဲ့လဲဟင် ? "
ဟိုဆော့က ငိုသံကြားက လှည့်ပြီးမေးလာတဲ့ ဂျီမင်း
ကို ပိုအံ့သြရပြန်သည် ။
" ဟမ် ? အမလေး အရပ်ကတို့ရဲ့ ! မေးနေသေး
တယ်နော် မင်းဟာ အကြောင်းကို !!!!!! ငါ့နှယ်နော် ! "
" ဘာလို့လဲ ? သူဘာဖြစ်လဲ ကျွန်တော်မှ မသိ
ရသေးတာ "
တကယ်ကို ဂျောင်ကု အပေါ် ဒီလောက် သံယောစဥ်
ကြီးနေမယ် မထင်ထားမိတာအမှန် ။
" အေး ပြောမယ် ပြောမယ် !!!! ဂျောင်ကု က နှလုံး
အားနည်းနေတာ ! ကနေရင်း အရမ်းမောလာတာမျိုး
အခုကတော့ အခြေအနေဆိုး လာတာမို့ လဲကျသွားတဲ့ ! "
" ဟမ် ? ဆရာဝန်နဲ့ မပြဘူးလား ! ဘာမှ မလုပ်ကြ
ဘူးလား ? "
တစ်ခုခုဆို စိုးရိမ်တတ်တဲ့ စိတ်ကလေးကပဲ ဂျီမင်း
ကို ပြန်နှိပ်စက်နေသည် ။
" အော် ငါပြောတာ မပြီးသေးဘူးလေ ပတ်ဂျီမင်း ရဲ့ ! "
" အော် အင်း ... မြန်မြန်ပြော ! "
" ဘယ်လိုပြောရမှာလဲ ငါ့ပါးစပ်က ဒီထက်မြန်အောင် "
ဟိုဆော့က ဂျီမင်းကို မျက်ထောက်နီ နဲ့ ကြည့်လိုက်သည် ။
" အော် အင်း မြန်နိုင်သလောက် မြန်မြန်ပြော "
ဂျောင်ကုရဲ့ ဘေးမှာ တစ်ခြားသူ ရှိနေတာသိလည်း
သံယောစဥ် မပြတ်နိုင်ဖြစ်နေတဲ့ ဂျီမင်းအတွက်သာ
ပိုစိတ်ပူနေမိသည် ။
" အဲ့ဒါ ဆရာဝန်က ဆေးပေးတယ်လေ ။ နှလုံးဆို
တာ သိတဲ့အတိုင်း ခွဲစိတ်ကုသပြီး မမောအောင်
လုပ်လို့ ရတာမှမဟုတ်တာ ! ဆေးနဲ့ပဲ ကုနေရတာ
ပေါ့ ! သူကလည်း ငယ်ငယ်တုန်းက ဒီဟာနဲ့ ပတ်
သက်ပြီး ခွဲစိတ်ဖူးတယ်တဲ့ ! "
" အာ ... ဂျောင်ကု သနားပါတယ် ။ ကျွန်တော့် နှလုံး
ပဲ ပေးလိုက်ချင်တယ် "
ဟိုဆော့ တစ်ယောက် မျက်စောင်းကြီးထိုးကာ
ပါးစပ်ကို ရွဲ့ပြလိုက်သည် ။
" အစ်ကို ... အိုက်တင် လာလုပ်ပြမနေနဲ့ ! ပါးစပ်
ကပြော ! "
" မင်းက ပိုလွန်းတာကို ! "
" လိုတောင်လိုနေသေးတာကို ! "
" အေး လိုနေလိုက် ။ မင်းလဲ အကသမားလေ ။
နှလုံးအားကောင်းနေမှ ကရတာ အဆင်ပြေမှာပေါ့ ။
ဒါကို မင်းက ပေးချင်နေသေး ။ သူ့ကောင်မလေး
ပေးလိမ့်မယ် မင်းအသာနေ "
ဟိုဆော့ စကားကြောင့် ဂျီမင်းက မျက်ရည်ထပ်ဝဲ
လာပြန်သည် ။
" ဒါပေမဲ့ ... ဒါပေမဲ့ ... သူ့ကောင်မလေးကို သူက
ဘာလို့ ခဏခဏ Class ကို မခေါ်လာတာလဲ ? "
" ငါဆို မြင်ဖူးတာ ဒီနေ့နဲ့မှ နှစ်ကြိမ် ။ သူ့ ကောင်မ
လေးက Ent တစ်ခုမှာ Training ဆင်းနေတာ ။
သဘောကတော့ Idol အလောင်းအလျာလေးပေါ့ကွာ "
" အာ ... "
ဂျီမင်းက အခြေအနေကို သဘောပေါက်လိုက်သည် ။
ကောင်မလေးရဲ့ အခြေအနေကလည်း ခေသူမှ
မဟုတ်ဘဲ ။ ဒီနေရာမှာ အဘက်ဘက်က မပြည့်
စုံနေတာ ဂျီမင်း တစ်ယောက်တည်း ဖြစ်သည် ။
" သူတို့က တွဲလာတာ ကြာကြပြီ ။ ငါလည်း အဲ့
လောက်ပဲ သိတာ ။ ဂျောင်ကုကလည်း သူပဲ သွားသွား တွေ့တာ ။ ကောင်မလေးက အမြဲ မအားတော့
မလာနိုင်ဘူး "
" အော် ... သူ တော်တော်ချစ်ပုံပါပဲ "
ဂျောင်ကုရဲ့ နူးညံ့ပြီး ချစ်တတ်တဲ့ အခြမ်းကို ဂျီမင်း
က ဒီကောင်မလေးနဲ့မှ မြင်ဖူးတာဖြစ်သည်မို့ ပိုဝမ်း
နည်းမိသည် ။
" ဘာမှ မဖြစ်ဘူးလို့ ထင်ပေမယ့် ရင်ထဲက နာကျင်
သားပဲ "
ဂျီမင်းက ရင်ဘတ်ကို ထုကာ ပြောလိုက်သည် ။
" မင်းနာကျင်ရမယ်လို့ ငါပြောခဲ့တယ်မလား ? "
ဂျီမင်းက ဟိုဆော့ကို လှည့်ကြည့်ကာ ခေါင်းညိတ်
ပြလိုက်သည် ။
" ဟုတ်တယ် ... နာကျင်ရဖို့ကို ရွေးချယ်လိုက်မှတော့
ဆက်နာကျင်ရတော့မှာပေါ့ အစ်ကိုရယ် "
အစလယ်ဆုံး ပေးဆပ်ဖို့ သက်သက် စဥ်းစားထားတဲ့
ဂျီမင်းက ဂျောင်ကု တစ်မျက်နှာ ဂျောင်ကုအတွက်ပဲ
တွေးမိခဲ့တာ ဖြစ်သည် ။
ကို တွေ့လိုက်ရသည် ။
မေးလိုက်သည် ။
" ကနေရင်း လဲကျသွားတာပဲ ။ ဟိုဆော့တို့ ဆေးရုံ
ကို အတူ ပါသွားတယ် "
လိုက်သည် ။
" မဟုတ်ဘူး ။ လိုက်သွားရမှာပေါ့ "
" မဟုတ်ဘူး ဂျီမင်း ။ မင်းသွားလည်း မထူးဘူး ။
သူက အခုလေးတင်ပဲ ... "
ကြည့်ဦးမှာ ... "
ကို အမြန်တားလိုက်သည် ။
ရယ် ... "
//
" ခဏလေးနော် ... "
" ဟုတ် ကျေးဇူးပါ ! "
ကနေ ဆင်းမလာသေး ။
အခန်းကို ရှာလိုက်သည် ။ လူက မောဟိုက်လို့
" ပတ်ဂျီမင်း !! "
ချလိုက်သည် ။
ဘာလုပ်ရမလဲ ?!!!! "
ပေးလိုက်သည် ။
ဘူးလေ ! "
လုပ်ရမလဲ ? "
" ပတ်ဂျီမင်း !!!!!!!!!! "
ရပ်သွားသည် ။
လား ? "
အခန်းက 006 လေ "
ဖြစ်နေသည် ။
ခုဏကလည်း ငို ။ အခုလည်း ငိုပြန်သည် ။
သူကရောဟင် ? "
တဲ့လဲ ? အဆင်ပြေရဲ့လား ! "
ပျက်နေတာ ဖြစ်သည် ။
" ဟာ နေဦးလေ ။ အော် သူ့စိတ်ချည်းပဲ !! "
ရောက်နေခဲ့သည် ။
" ကိုကို အဲ့ဒါ ဘယ်သူလဲ ? "
ကြည့်ကာ မေးလိုက်သည် ။
ချေမွနေသလိုပင် ။
မကောင်းဘူးနော် "
" ဟာ ! ဒီကောင်မလေးကတော့ ! "
ပုတ်လိုက်သည် ။
ဆဲအင်းပါ "
မင်းကို ပြောလိုက်သည် ။
ပေါက် ယုံသွားသည် ။
" ဟမ် ? "
ကြောင့် အံ့သြနေမိသည် ။
" အာ ...ဒါကတော့ ... အမ် ... "
လိုက်သည် ။
ငိုချလိုက်သည် ။
" ဂျီမင်း ! "
" ဟမ် ! အစ်ကို ! "
ကြုံရသည်လား ။
ကွ ! လာပါကွာ ! "
သနားစရာကောင်းအောင် ခေါင်းလေးငုံ့ကာ တရှုံ့ရှုံ့
နှင့် လိုက်လာရှာသည် ။
စကားပြောလိုက်သည် ။
ဆိုပြီး ပြောလိုက်ပြီ ! "
Advertisement
- End217 Chapters
Waiting For You Online
At the age of 15, He Jin found himself a “husband” in an online game, their love was filled with loving affection and sweetness. However, because his study was being interfered with, his parent cut off the internet, he didn’t even have a chance to say goodbye and had to disappear from the game. 8 years later, the online game in the past was about to come out with a revised edition and turned into a virtual reality game. He Jin decided to login again and unexpectedly discovered that his “husband” had become a powerful player and ranked number one in the whole server, moreover, he had not divorced him! However, the husband that was abandoned by He Jin for eight years, his initial impression of him was that of a pure boy, but now he seemed to somehow have become…….a little evil?
8 598 - In Serial40 Chapters
The Fake Young Miss Who Got The City Quaking In Her Boots
Lydia, who grew up with her grandmother in a remote village, was finally taken back to the wealthy mansion.
8 335 - In Serial45 Chapters
It All Started With A Lie
You've got one boy.One girl.One pretty little lie.A perfect relationship.The perfect boyfriend.The perfect girlfriend.The perfect dates.The perfect gifts.And the perfect surprises.That gives you our golden couple of Sunset Westwood High.But what happens when it's all a lie?One boy.One girl who needs desperate help.One pretty little lie.That sounds more like it.When Olivia's ex is bothering her and rubbing it in her face at a party that he moved on after dumping her, she sees her nemesis, Ethan walking by and she uses him as her ploy, but the move isn't so smart when you think about it. I mean, how easy can it be acting lovey-dovey with your enemy?.....ALL RIGHTS RESERVED
8 166 - In Serial97 Chapters
If It Never Happened ⚣
True is a fifteen-year-old suicidal teenager, and he's done with his life. With shitty parents who would rather punch him than show him affection and a set of siblings out to make his life hell, oh wait, did I forget to mention he's devastating bullied at school? With all that on his plate and worse things coming into play, True's done. He's seen the pills in the cabinet, it's time to use them. Alister Clenevence is the biggest mafia boss in New York, but that brought upon a lonely life. Watching after his younger brother, and his little brothers boyfriend, Alister wants that, he wants someone to love, but no one is catching his eye. Well, until he sees a platinum blonde teenage boy with a fake smile. Did I fail to mention True's fathers in the mafia?With romance, bullying, self-hate, attempted-suicide, abuse, and a lot of smartass comments, welcome to If It Never Happened.Book One in the Happened SeriesHighest Rankings18th in #Gay~ June 25th, 201814th in #Gay~ August 2nd, 201810th in #Gay~ August 3rd, 20185th in #Gay~ August 11th, 2018
8 90 - In Serial42 Chapters
"Stalker To Lover" - Jennie Kim x Fem Reader
The moment Y/n walks inside the class and talking to her, she immediately falls in love. Jennie becomes obsessed and starts to follow Y/n without her knowing. She tries to make a move and confess but she fails because Y/n likes her as a friend and not more than that. What happens when a stalker becomes a lover? Let's find out!Jennie x Female ReaderGxG
8 159 - In Serial59 Chapters
REQUIREMENTS | DRACO MALFOY
❛Let's hope Potter doesn't find out❜ ❉ fem!reader, ©kingdombyers OFFICIAL FANFIC HP READING LIST!!! 2ND PLACE WINNER OF THE POTTERHEAD CHALLENGE! (HR: #3 in Malfoy, #4 in Harry Potter, #2 in Like, #15 in Draco Malfoy :)
8 206