《Dancing On Your Heartbeat • Kookmin || Completed ||》- 8 -
Advertisement
ကမ္ဘာကို ယိုင်လဲသွားစေပါသော စကားဖြစ်သည် ။
" မစွန့်လွှတ်နိုင်ပါဘူး ဘာလို့လဲ ? "
ဂျီမင်းက ခေါင်းခါလျက် မျက်ရည်တွေကို သုတ်
ပစ်ကာ ပြောသည် ။
" ပတ်ဂျီမင်း !!! အရူးထမနေစမ်းနဲ့ !!! "
" အစ်ကိုသာ ရူးနေတာ !!! သူ့မှာ ချစ်သူရှိတာ !!!
မိန်းမရှိနေတာမှ မဟုတ်တာ ! "
ဂျီမင်း ပုံစံက စိတ်လွတ်နေသလို ခံစားချက်တွေ
ပေါက်ကွဲထွက်နေသည် ။
" ဟမ် ? ပတ်ဂျီမင်း !!! "
ဟိုဆော့က ဂျီမင်း ပုခုံးကို လှုပ်ကိုင်ကာ အသိစိတ်
ဝင်အောင် ခေါ်လိုက်သည် ။
" မိန်းမ ရှိရုံမကလို့ ယောကျာ်းရှိလည်း ဂရုမစိုက်ဘူး "
ဟိုဆော့ လက်နှစ်ဖက်ကို ဖယ်ကာ ဂျီမင်းက ထွက်
သွားဖို့ လုပ်သည် ။
" ရူးနေပြီလား ?!! ဘာတွေစဉ်းစားနေတာလဲ !!?
ဇွတ်ပြီး တဇွတ်ထိုးလုပ်မနေနဲ့ ! အစထဲက မဖြစ်
သင့်မှန်း သိရင် မင်းနောက်ဆုတ်လိုက်တာ ကောင်း
တယ် ! "
ဟိုဆော့က ဂျီမင်း လက်ကို ဆွဲထားကာ တားလိုက်သည် ။
" မဖြစ်သင့်ဘူးလို့ ဘယ်သူပြောလဲ ? မဖြစ်သင့်ဘူး
ဆိုတာနဲ့ရော ကျွန်တော်က နောက်ဆုတ်ပေးရမှာလား ? "
" တော်ပါတော့ !!! "
ပတ်ဂျီမင်းဟာ ဒီလိုခေါင်းမာတဲ့ ကလေးဆိုတာ အစ
ထဲက ကြိုသိခဲ့ရင် အစောကြီး ကြိုတားမိခဲ့မှာ ။
" မတော်ဘူး !!! ကျွန်တော်က ကျွန်တော့် ဘာသာ
ဆက်ပြီး သူ့နားတွယ်ကပ်နေမှာမို့ တားဖို့တော့
မကြိုးစားနဲ့ ဒါပဲ ! "
ပြောချင်ရာပြောပြီး လှည့်ထွက်သွားသော ဂျီမင်း ရဲ့
ကျောပြင်ကို ဟိုဆော့ ငေးကြည့်လျက် သက်ပြင်းချ
မိသည် ။
" မင်းကို စောစောစီးစီး မပြောပြခဲ့မိတဲ့ ငါ့အမှားပဲ
ပေါ့ ။ ငါ့ကိုယ်ငါပဲ အပြစ်တင်ရတော့မယ် ဂျီမင်းရယ် "
//
ဘာပဲဖြစ်ဖြစ် ရှေ့ဆက်တိုးမည် ဟု ဆုံးဖြတ်ထားခဲ့
သော်လည်း ဝမ်းနည်းစိတ်က ဆက်တိုက် ဝင်လာ
ကာ ပေါက်ကွဲချင်စိတ်ဖြစ်သည် ။
ပထမဆုံး ချစ်မိတဲ့သူကို ပထမဆုံးအကြိမ် မစွန့်
လွှတ်ပေးနိုင်ခဲ့ဘူး ။
" ပတ်ဂျီမင်း စိတ်ထိန်းစမ်း !!! "
ဂျီမင်းက ကိုယ့်ကိုယ်ကိုယ် ရိုက်ကာ သတိပေး
လိုက်သည် ။
" ငါဘာလို့လဲ ? သူ့လက်အောက်မှာ အမြဲတမ်းကျရှုံး
နေရတာ ငါက ဘာလို့လဲ ? အခုမေ့စရာ အကြောင်း
အရင်းပေါ်လာပြီပဲ ငါဘာတွေ ဇွတ်တရွတ်ဆန်ချင်
နေရတာလဲ ? "
တိတ်ဆိတ်နေသော ညလယ်ထက် တိမ်တွေ ဖုံးနေ
သော ကောင်းကင်မှာ လ တောင် မသာခဲ့ပါ ။
ပတ်ဝန်းကျင်ရဲ့ အနေအထားကြောင့် ပိုပြီး ငိုချင်
စရာဖြစ်နေခဲ့သည် ။
" ဘာပဲဖြစ်ဖြစ် ငါရှေ့ဆက်တိုးမယ် ! ငါ သူ့ကိုချစ်
တာပဲ ချစ်တယ် ဆိုပြီးတာပဲ ! အဲ့ဒီအကြောင်းပြ
ချက်နဲ့တင် ရပြီ ဟုတ်တယ် ! "
" မင်း မအိပ်သေးဘူးလား .... "
ဟိုဆော့က အိပ်ခန်းထဲက ထွက်လာကာ ခြံထဲ
ရောက်နေတဲ့ ဂျီမင်းကို မေးလိုက်သည် ။
" အင်း ... အိပ်မပျော်လို့ "
နှစ်ယောက်သား စကားများသလို ဖြစ်ထားတဲ့ အခြေ
အနေကြောင့် ဂျီမင်းကလည်း ဟိုဆော့ မျက်နှာကို
သေချာမကြည့် ။
" အဲ့အပြင်မှာ နေမနေနဲ့ ။ ရာသီဥတုအေးနေတာကို ... "
သို့သော် ဟိုဆော့က အရင်လိုပဲ ဂျီမင်းကို ဂရုစိုက်သည် ။
" ဟုတ် အစ်ကို ... ခုဏက အော်လိုက်မိတာ တောင်း
ပန်ပါတယ် "
ဟိုဆော့က ခဏတော့ ဘာမှမပြောဘဲ သက်ပြင်းချ
လိုက်မိသည် ။
" ရပါတယ် ။ မင်း ဘယ်လို ခံစားနေရမလဲ ငါသိ
တယ် ။ ငါမပြောမိခဲ့တာ ငါ့အမှားပါ "
" မဟုတ်တာ ... အစ်ကိုလည်း ပြောဖို့ ခက်နေခဲ့မှာပဲလေ "
သေချာ ပြန်စဥ်းစားကြည့်ရင် ဘယ်သူ့အမှားမှ
မဟုတ်ခဲ့ ။ ချစ်မိသွားတာလည်း အပြစ်မှ မဟုတ်
ဘဲလေ ။
" ဒါပေမဲ့ ဂျီမင်း ... ငါကတော့ မင်းကို ပြန်စဥ်းစား
စေချင်တယ် ။ မင်း နာကျင်ရမှာစိုးလို့ ! "
" သိပါပြီ ... "
ဂျီမင်းက ဟိုဆော့ မျက်နှာကို ကြည့်ပြီး ဒီစကားကို
မပြောနိုင်ခဲ့ ။ အချိန်ယူရမယ်ဆိုတာ သိပေမယ့်လည်း
နာကျင်ရမှာ သိပေမယ့်လည်း စွန့်လွှတ်ဖို့ ဆိုတာ
ခက်ပြန်သည် ။
//
တစ်လ နီးပါး စကားမပြောဖြစ်ခဲ့သော ဂျောင်ကုကို
ပြန်တွေ့ရမယ် ထင်ခဲ့ပေမယ့်လည်း သတင်းဆိုးသာ ကြားခဲ့ရပြီး လူကို မဆုံခဲ့ရ ။
ဂျီမင်းက ဖုန်းကို ကိုင်လျက် ဟိုဟိုဒီဒီ အခန်းထဲ
လျှောက်နေမိသည် ။
" သူ့ကို အခု စကားပြောရင် ကောင်းမလား ? "
ဖုန်းကို ကိုင်ထားပြီး ချီတုံချတုံ ဖြစ်နေကာ ဂျောင်ကု
Acc ထဲသို့ ဝင်လိုက်သည် ။
" မဟုတ်သေးပါဘူး ။ ပတ်ဂျီမင်းရယ် မင်းအရူးပဲ ။
ဒီနေ့ ဘာသတင်းကြားခဲ့ရလဲဆိုတာ မင်းမသိလို့လား ? "
ဂျီမင်းက ဖုန်းကို ဘေးကို ချလိုက်ကာ ကိုယ့်ကိုကိုယ်
သတိပေးလိုက်သည် ။
" အရူးလိုမျိုး မနေနိုင်ဖြစ်နေတာပဲ ငါ ... ။ "
ဂျီမင်းက ဆံပင်တွေကို ဖွလိုက်ကာ သက်ပြင်းချ
မိသည် ။
" မတတ်နိုင်ဘူး ။ ငါက သတိရနေမိတဲ့သူကို "
ဂျီမင်းက ဖုန်းကို ယူဖွင့်ကာ ဂျောင်ကုဆီ စာအရင်ပို့
လိုက်သည် ။
Reply အမြဲ ကြာတတ်သော ဂျောင်ကု ခုတော့ စာ
Advertisement
အလာကို စောင့်နေတဲ့သူလိုမျိုး ချက်ချင်းပြန်သည် ။
နေတာကို ! >
စာကို ဖတ်သွားပြီး တစ်မိနစ်မျှ Reply ပြန်မလာ ။
ကျိန်းသေပေါက် သူကြောင်သွားတာပဲဖြစ်မည် ။
စာပြန်ဝင်လာတော့ ဝတ်ကျေတန်းကျေ စကားလေး ။
နေပြီ >
ဘာကြောင့်ရယ်မသိ ရူးမိုက်တယ်ပဲ ဆိုကြဦးတော့ ။
ဂျီမင်းကတော့ ဒီနွံထဲမှာ ပိုပြီးနစ်မြုပ်ချင်မိသည် ။
ဂျီမင်းက တစ်ချက် ပြုံးလိုက်သည် ။
အခုတော့ ဒီလို Emoji သူပို့လာလည်း ပြုံးပြီး ကြည့်
နိုင်နေခဲ့သည် ။ သူဟာ သူ ဖြစ်နေတာမို့လို့ အရာရာ
ကို သဘောကျနေမိတာလည်း ဖြစ်နိုင်ပါသည် ။
" ဒီ Emoji မှ မသုံးရင် ဂျွန်ဂျောင်ကု ဘယ်ဟုတ်
တော့မှာလဲ ! တကယ့် အဆိုးလေး ! "
ဂျီမင်းက ခပ်ဟဟ ရီကာ ရေရွတ်မိလိုက်သည် ။
ဂျီမင်းက စိတ်ရင်းရှိတဲ့ အတိုင်း စာကို ပြန်ပို့လိုက်သည် ။
ထပ်ပြီး အသည်းယားစွာ ပြုံးမိပြန်သည် ။ ဂျွန်ဂျောင်
ကုဟာ စာက တစ်ဆင့်ရိုက်တဲ့ ' ဟုတ်ကဲ့ ' ဆိုတာ
တောင် ဒီလောက် တွယ်ငြိစရာကောင်းအောင် ပြော
တတ်မှန်း မသိခဲ့မိဘူး ။
" ပတ်ဂျီမင်း အရူးထချက် !! "
ဂျီမင်းက ကိုယ့်ကိုကိုယ်လည်း သတိထားမိသည် ။
ဘယ်အရာကမှ တားဆီးလို့ မရတော့မယ့် အချစ်
တွေက ဂျောင်ကု အပေါ် ပိုလျှံကျနေမိသည် ။
" ငါ သူ့အပေါ် အရမ်းချစ်မိသွားတာလား ? အဲ့
လောက်တောင်လား ? "
ကိုယ့်ကိုယ်ကိုယ် ရူးသွပ်လို့ ရူးသွပ်နေမှန်းမသိ
ရူးနေပြီ ။
" ငါ ဂျောင်ကု ကိုများ မပိုင်ဆိုင်ရရင် သေများသွား
မလား မသိဘူး "
ဂျောင်ကု မပါလာမယ့် ဂျီမင်းရဲ့ အနာဂတ်ကို စဥ်း
စားလိုက်ရင် ဂျီမင်း ကြောက်မိသည် ။
" ငါ ဘာဆက်လုပ်သင့်လဲ ဂျောင်ကုရယ် ... "
ထူပူနေသည့်အချိန်မို့မဟုတ် ။ သွေးအေးစွာ စဥ်းစား
လည်း အဖြေဟာ တစ်ခုတည်း ။
ဂျွန်ဂျောင်ကုကို ပတ်ဂျီမင်း အပိုင်ပဲ ဖြစ်စေချင်တယ် ။
//
အရင်နေ့ထက် ပို၍တက်ကြွနေသော ပတ်ဂျီမင်း ကို
အိမ်ရှေ့မှာ မတ်တပ်ရပ်လျက်ရှိတာကို ဟိုဆော့က
မြင်နေရသည် ။
" ဟမ် ... မင်းက ပြီးတောင်ပြီးနေပြီလား ? "
"ဒီနေ့ ဂျောင်ကု လာမှာလေ ! "
တက်တက်ကြွကြွ ပြောလိုက်တဲ့ ဂျီမင်း စကား
ကြောင့် ဟိုဆော့က သက်ပြင်း ခပ်တိုးတိုး ချ
လိုက်သည် ။
" အင်း ... "
ဟိုဆော့ သက်ပြင်းချလို့ မဆုံးခင်မှာပဲ ဂျီမင်းဆီ
ကို ဖုန်းဝင်လာသည် ။
" ဟင် ! ဂျီမင်း ... မင်းဆီလာတဲ့ ဖုန်းလား ? "
ဂျီမင်းဆီ အမေဖြစ်သူက လွဲပြီး ဖုန်းက ဝင်ခဲတာမို့
ဟိုဆော့ကလည်း ကြည့်နေသည် ။
" အင်း ... မသိတဲ့ဖုန်းဗျ ။ ဘယ်သူလဲ မသိဘူး ! "
ဂျီမင်း က ဖုန်းကိုကိုင်ကာ နှစ်စက္ကန့်လောက် ဟို
ဘက်က ပြောတာကို နားထောင်နေရင်း လန့်သွား
သည် ။
" ဗျာ !?? "
ဟိုဆော့လည်း ဂျီမင်းရဲ့ အလန့်တကြားသံကြောင့်
ထိတ်လန့်သွားမိသည် ။
" အဲ့တာဆို ကျွန်တော် အခုပြန်လာပါ့မယ် "
ဂျီမင်းက ဖုန်းကို ချက်ချင်း ချပြီး သူလိုအပ်တဲ့
အဝတ်နှစ်ထည် သုံးထည်ထည့်ရင်း ဟိုဆော့ကို
ပြောပြသည် ။
" ကျွန်တော့် အမေ ရုတ်တရက် အသည်းအသန်ဖြစ်
လို့တဲ့ ! ကျွန်တော် ခဏ ပြန်မှရမယ် အစ်ကို "
ဟိုဆော့ကလည်း ရုတ်တရက်ဆိုတော့ အံ့သြသွားသည် ။
" ရုတ်တရက်ပါလား ? မင်း ကြာမှာလား ? "
" ကျွန်တော်လည်း သေချာမသိဘူးလေ ။ အမေ ပြန်
ကောင်းလာတဲ့ထိပေါ့ ! "
" မင်းသွားရင် ငါ့ကားယူသွား ! "
ဟိုဆော့က ဂျီမင်းကို ကားသော့ ထုတ်ပေးသည် ။
" ရတယ် အစ်ကို နေပါစေ ! "
" တော် ! ယူဆိုယူသွား ! မင်းဒါမှ ဟိုကို မီမှာပေါ့ "
" ကျေးဇူးပါပဲ အစ်ကို ! "
ဂျီမင်းက သော့ကို ယူလိုက်ကာ ဟိုဆော့ကို ဖက်
လိုက်သည် ။
" ရပါတယ်ကွာ ။ သေချာသွား ကိုယ့်ကိုယ်ကိုယ်
လည်း ဂရုစိုက်ဦး ။ ငါ့ကိုလည်း ဖုန်းဆက် ။ ဟုတ်
ပြီလား ? "
" အင်း ကျွန်တော် သွားပြီ "
" အေး ! "
ဘာမှ များများစားစား ထည့်စရာ မလိုတာကြောင့်
အထုပ်သေးလေး တစ်ခုနဲ့ပဲ ဆွဲကာ ကားမောင်းထွက်
လာခဲ့သည် ။
ပတ်ဂျီမင်း အတွက်ဆို ကံကြမ္မာက မျက်နှာသာ
ဘယ်တော့မှ မပေးခဲ့ ။ ကံကောင်းခြင်းတွေ ဆို
တာလည်း ပတ်ဂျီမင်း ဘက်မှ မရပ်တည်ပေးခဲ့ ။
//
" ဟေ့ ဟိုဆော့ ! တစ်ယောက်တည်းလား ? ဂျီမင်း ရော ! "
နမ်ဂျွန်က အခန်းထဲကို တစ်ယောက်တည်း ဝင်လာ
တဲ့ ဟိုဆော့ကြောင့် မေးလိုက်သည် ။ ဟိုဆော့ လှမ်း
ကြည့်လိုက်တော့ နမ်ဂျွန့် ဘေးမှာ ဂျီမင်း သိပ်တွေ့
ချင်နေတဲ့ ဂျောင်ကု လည်းရှိနေသည် ။
" ဟုတ်တယ် ! သူမလာဘူး ! သူ အိမ်ခဏပြန်သွားတယ်"
တစ်ခါမှ ဂျီမင်း ကို စိတ်မဝင်စားဖူးတဲ့ ဂျောင်ကုက
Advertisement
အလန့်တကြား ဟိုဆော့ကို မေးလိုက်သည် ။
"ဟုတ်လား ? ဘာဖြစ်လို့လဲ ရုတ်တရက်ကြီး ? "
" မင်း က သူ့ကို မေးနေတယ်လား ? "
ဟိုဆော့က ဂျောင်ကုကို တအံ့တသြ ပြန်မေးနေ
လိုက်သည် ။
" ဘာလို့လဲ ? ကျွန်တော်က ဒီတိုင်းမေးတာပါ ! "
ကျိန်းသေပေါက် ဒီနေ့ တွေ့မယ်လို့ ဂျီမင်းက မက်
ဆေ့ချ်ပို့ထားခဲ့ပြီး ဖြစ်သည် ။ တကယ်တမ်းကျ
တွေ့မယ် ပြောထားတဲ့သူက ရောက်မလာ ။
" ကျွန်တော် ခဏ အပြင်သွားဦးမယ် "
ဂျောင်ကုက ဘေးက လွယ်အိတ်ကို ယူကာ အခန်း
ထဲက ထွက်သွားပြီး ဟိုဆော့ ဖြေတာကိုလည်း နား
မထောင်ဘဲ ဒီမှာတင် စကားကို လက်စသတ်လိုက်
သည် ။
" ဟင် .. ဒါက ဘယ် .. ဘယ် ... "
နမ်ဂျွန် ပြောတာကိုတောင် ဂျောင်ကုက နား
မထောင်ဘဲ ထွက်သွားသည် ။
" ဂျီမင်း တစ်ယောက် သူ့လူက မေးနေတာသိရင်
ခု ချက်ချင်းတောင် ရောက်ချလားမလားမသိ "
ဟိုဆော့က ဂျောင်ကု ထွက်သွားရာကို ကြည့်
လိုက်ကာ ခပ်တိုးတိုး ရေရွတ်မိသည် ။
ဂျောင်ကုက အခန်းပြင်ကို ရောက်တော့ အတော်ကြာ
ထိ ငူငူငိုင်ငိုင်ရပ်နေမိသည် ။
" ဘာများ ဖြစ်လို့လဲ ? ဖုန်းခေါ်ကြည့်ရမလား ? "
တွေဝေနေပေမယ့် ဒါမျိုးက လုပ်လေ့လုပ်ထမရှိတဲ့
ဂျောင်ကု ရဲ့ ပုံစံဖြစ်သည် ။
" ငါ့ကို ကျိန်းသေ ဒီနေ့တွေ့မယ် ပြောပြီး အိမ်ကို
ပြန်သွားတယ်တဲ့လား ။ ဘူဆန်ထိ ပြန်သွားတာပေါ့ "
ဖုန်းကို ဖွင့်ကာ ညက အဆုံးသတ်ထားတဲ့
Conversation ကို ငေးကြည့်နေမိသည် ။
" ပြန်တော့လာမှာပဲဆိုတော့ ဒီတစ်ခါ ကျွန်တော်
စောင့်အလှည့်ပေါ့လေ "
//
အရေးပေါ် ခန်းရှေ့တွင် လေးနာရီ ကြာနေပြီ ဖြစ်
သော်လည်း အမေ့ ခွဲစိတ်မှုဟာ မပြီးသေးတာ
ကြောင့် ဂျီမင်းက ဟိုဟိုဒီဒီ ဂနာမငြိမ် ဖြစ်နေသည် ။
အစကတည်းက အမေဖြစ်သူက ကျောက်ကပ်
မကောင်းသူမို့ ကျောက်ကပ် ခဏခဏ ဆေးနေ
ရတာလည်း ဖြစ်သည် ။ ဒီတစ်ခေါက်တော့ ဆေး
ရပါများလို့ ပြင်းပြင်းထန်ထန် လူကို ထိလာပြီး
အဆင်မပြေ ဖြစ်ရသည် ။
စိတ်ကလည်း အမေ့ဆီ ရောက်လိုက် ဂျောင်ကု ဆီ
ရောက်လိုက် ။ သိပ်တွေ့ချင်နေတဲ့ သူနဲ့လည်း မတွေ့
နိုင်ဘဲ မထားနိုင်ခဲ့တဲ့ အမေ့ကိုလည်း စိတ်ပူနေမိသည် ။
" ငါ တအားပင်ပန်းရတာပဲ ။ ငါမှန်ရဲ့လား ? ငါလုပ်
နေတာတွေ မှန်ရော မှန်ရဲ့လား ? ငါ သူ့ကို ဆက်ရော
ချစ်နေသင့်ရဲ့လား ? ငါ ဇွတ်တရွတ်လုပ်ရင်ရော ဖြစ်
သင့်ရဲ့လား ? "
ခွဲစိတ်ခန်း တံခါး ပွင့်လာ၍ ဂျီမင်း အတွေးတို့ ပျက်
ပြယ်သွားသည် ။
" ဆရာ ! ကျွန်တော့်အမေ !!?? "
ဂျီမင်းက ဆရာဝန်တွေ အနားကို အမြန်သွားပြီး မေး
လိုက်သည် ။
" ဘာမှမပူပါနဲ့ ! အမေဖြစ်သူက အဆင်ပြေသွာပါပြီ ! "
" ဟူး !!! ကျေးဇူးပါပဲဗျာ တကယ် ကျေးဇူးတင်ပါတယ် ! "
ငယ်ငယ်တည်းက တူတူ ကြီးပြင်းလာခဲ့သော အိမ်နီး
ချင်း သူငယ်ချင်းက အမေ့ကို ဆေးရုံ စောစော ပို့
ထားပေး၍ အဆင် ပြေသွားခြင်းလည်း ဖြစ်သည် ။
" ဟေ့ကောင် ... ငါ ဆေးရုံစရိတ် လုပ်ထားပြီးပြီ ။
မင်း အမေရော ? "
ဆေးရုံပို့ပေးထားသော သူငယ်ချင်းက အချိန်ကိုက်
ရောက်လာကာ အခြေအနေ မေးလိုက်သည် ။
" အေး အဆင်ပြေသွားတယ်တဲ့ကွာ ။ တော်သေးတယ် "
" အေး တော်သေးတယ်ကွာ ။ ငါလည်း အရမ်းလန့်
သွားတာနဲ့ မင်းကို ခေါ်လိုက်ရတာ "
" ရပါတယ်ကွာ ။ ခေါ်ရမှာပေါ့ ။ ငါက အမှန်ဆို
အမေ့နား နေရမှာကွ ။ အခြေအနေတွေကြောင့်
သာ ။ မင်းကိုလည်း ကျေးဇူးတင်ပါတယ် "
ဂျီမင်းက ကျေးဇူးတင်စကားပြောကာ ပုခုံးကို ပုတ်
လိုက်သည် ။
" ရပါတယ်ကွာ ဒါနဲ့ ဂျီမင်း ! မင်း ကြည့်ရတာ ဟိုမှာ
တစ်ခုခုကို စိတ်လေးစရာ ကျန်ခဲ့ပုံပဲ ! ဟုတ်လား ? "
ဂျီမင်းက ခပ်တိုးတိုးသာ ပြန်ဖြေနိုင်သည် ။
" အင်း ! "
" ဒါဆိုလည်း ပြန်သွားလေ ! ငါစောင့်နေပေးမယ် ! "
" ငါ ခုနေပြန်ရင်လည်း ဟိုကို ညသန်းခေါင်ကြီး
လောက်မှ ရောက်မှာလေ ။ အမေကလည်း ခုမှ
ခွဲစိတ်ပြီးကာစ ။ "
" မင်း အဲ့ကိစ္စကို နောက်နေ့မှ လုပ်လို့ အဆင်ပြေလို့လား "
ဂျီမင်းက အတန်ကြာ စဉ်းစားလိုက်ပြီးနောက် မဝံ့
မရဲ ပြန်ဖြေလိုက်သည် ။
" မပြေဘူးထင်တယ် ! "
" ဒါဆိုလည်း သွားလေကွ ! အန်တီ သတိပြန်လည်
လာတာနဲ့ ငါဖုန်းဆက်မယ် ။ မင်းပြန်လာမယ်မလား ? "
"အင်း ! ကောင်းပြီကွာ ။ ငါ စိတ်ချမယ်နော် ! "
" အေး အေး ! "
ဂျီမင်းက ဆေးရုံက ပြေးထွက်လာကာ ကားကို
အရှိန် အမြန်ဆုံးနဲ့ မောင်းပြီး ပြန်လာခဲ့သည် ။
ဘယ်လောက်တောင် အရှိန်နဲ့ မောင်းခဲ့လဲမသိ သုံးနာ
ရီ ကျော်ကျော်လောက် မောင်းရုံနဲ့ ဆိုးလ်မြို့ထဲကို
ကားဝင်လာနိုင်ခဲ့သည် ။
" ဆိုးလ်ကို မြန်မြန်ရောက်လာတာပဲ ။ အာ ... ငါ
ဘယ်လောက်တောင် ဂျောင်ကုနဲ့ တွေ့ချင်နေမိတာ
လဲလေ ... "
ဂျီမင်းက ဘယ်ကို ဦးတည်ရမှန်း မသိပေမယ့် ည
ဘက်ကို အူကြောင်ကြောင်နဲ့ Class ကို ရောက်ချ
လာမိသည် ။
နာရီကြည့်တော့ အချိန်က သန်းခေါင်ယံ တစ်နာရီတိ
တိ ။ မှောင်နေသော မီးအတိနှင့် Class ကိုသာ လှမ်း
မြင်ရသည် ။
နမ်ဂျွန် ကတော့ Class မှာ ပဲနေတာမို့ အထဲမှာ ရှိ
လောက်သည် ။ သို့သော် ဂျောင်ကုကတော့ ရှိနိုင်
မည် မဟုတ် ။ အချိန်ဟာ တစ်နာရီထိုးနေပြီး ဘယ်
သူက ဒီချိန်မှာ အကခန်းမှာ ရှိနိုင်မလဲ ။
" ငါ ဘာလို့ ဒီကိုလာလဲ ? ငါရူးနေပြီ ! ရှိလိုရှိငြား
ဆိုတဲ့ ဖြစ်နိုင်ချေ တစ်ရာခိုင်နှုန်းကိုတောင် ယုံပြီး
ဒီထိ ရောက်လာတာ ! "
ဂျီမင်းက လှည့်ပြန်ဖို့ပဲ ဆုံးဖြတ်လိုက်သည် ။
" ဂျီမင်းရှိ !? "
ပစ်ကာ ပြောသည် ။
ပေါက်ကွဲထွက်နေသည် ။
" ဟမ် ? ပတ်ဂျီမင်း !!! "
သွားဖို့ လုပ်သည် ။
တယ် ! "
" တော်ပါတော့ !!! "
မကြိုးစားနဲ့ ဒါပဲ ! "
မိသည် ။
//
လွှတ်ပေးနိုင်ခဲ့ဘူး ။
လိုက်သည် ။
နေရတာလဲ ? "
စရာဖြစ်နေခဲ့သည် ။
" မင်း မအိပ်သေးဘူးလား .... "
" အင်း ... အိပ်မပျော်လို့ "
သေချာမကြည့် ။
" အဲ့အပြင်မှာ နေမနေနဲ့ ။ ရာသီဥတုအေးနေတာကို ... "
ပန်ပါတယ် "
လိုက်မိသည် ။
ဘဲလေ ။
" သိပါပြီ ... "
ခက်ပြန်သည် ။
//
လျှောက်နေမိသည် ။
သတိပေးလိုက်သည် ။
မိသည် ။
" မတတ်နိုင်ဘူး ။ ငါက သတိရနေမိတဲ့သူကို "
လိုက်သည် ။
နေတာကို ! >
နေပြီ >
တတ်မှန်း မသိခဲ့မိဘူး ။
" ပတ်ဂျီမင်း အရူးထချက် !! "
လောက်တောင်လား ? "
ရူးနေပြီ ။
မလား မသိဘူး "
လည်း အဖြေဟာ တစ်ခုတည်း ။
//
မြင်နေရသည် ။
လိုက်သည် ။
" အင်း ... "
ကို ဖုန်းဝင်လာသည် ။
" အင်း ... မသိတဲ့ဖုန်းဗျ ။ ဘယ်သူလဲ မသိဘူး ! "
သည် ။
" ဗျာ !?? "
ထိတ်လန့်သွားမိသည် ။
Advertisement
- In Serial51 Chapters
☾︎Perfect Little Pieces☽︎ ✔︎
~Won in the Romance Category in Wattpad South Asia Awards 2021~• Adira Singhania, 24 year old famous psychologist in Mumbai. Being completed her PhD at a young age and dealing with people in a patient and smart way has made her an epitome of admiration by many. Family is everything for her and after her mother passed away she became the mother of her family. • Arjun Dixit, 26 year old youngest billionaire of India. He is the CEO of Dixit Industries and he is one of the richest people in the world. He is ruthless at what he does and can make people fear just by looking in their eyes. Hence, why people call him the "Devil". He loves his family to the core and would do anything for them. And if it comes to them he can die for them and even kill for them.What happens when these two perfectly different souls come accross each other. Will they fit together or will they fly apart?Join me in their journey to know what happens!This is my first story to be published online. Please give it a try and please ignore any grammatical errors if there are any!~Started // 2nd December, 2020~~Completed // 28th December, 2020~~Mature content is included so please be forewarned before you dive in!~
8 85 - In Serial78 Chapters
The Girl Who Never Smiles | ✔️
{COMPLETED!!!}"She's just a little too scared to get close because everyone who said they'd be there, left." -Anonymous Bay Stewart is the girl who never smiles. Not even the slightest of a smile has came to her face in 7 years. She has herself guarded by building walls as high as the Empire State Building around her so that no one can get in. Issac Evans is the golden boy of Eastside High and he is known as the opposite of Bay. He is always smiling and is always optimistic. Issac has made it his personal goal to get Bay to smile more and let the beauty she has been hiding to show. When Issac and Bay collide, Bay is forced to truly acknowledge the pain and hurt that is inside of her that has caused her smile to disappear off of her face. When Issac brings his golden sun into Bay's dark world, something new is introduced into both of their lives.True LoveAnd that is what makes the girl who never smiles smile again.***"Because, Bay Stewart, you are the best thing that has ever crashed into my life, literally." -Issac Evans*******Highest Rankings:#6 in teenfiction#7 in teenromance#3 in teendrama#1 in senioryear#4 in lovestory#11 in youngadult #1 in highschoolexperience#1 in sarcasm#1 in smile#1 in Stewart#1 in goldenboy#2 in brokengirl#15 in teen#73 in completed
8 228 - In Serial62 Chapters
Mirrored Cuts
Updates every Tuesday and Friday. Sarcastic, self-reliant, and scared, Andi is away from her abusive family for the first time in her life. When she joins her college campus's Emergency Medical Service, the only thing her father doesn't seem to have control over, she attempts to lose herself in her new life and forget about her past. A love triangle fraught with tension, a roommate that curses like a sailor in her sleep, and the brother she left behind are just a few things Andi is forced to confront. Mirrored Cuts is a new adult novel set in modern-day Pittsburgh. A story of what happens when you build with life's unstable blocks, it will appeal to fans of moral dilemmas, those who like themes of family and identity, and all fans of medical or police procedurals.
8 122 - In Serial42 Chapters
The Orsini Bride
Italian playboy billionaire Marco Orsini has a dilemma. With the ultimatum to either marry or get disinherited, he must now find himself a wife before his grandfather's birthday--and he entrusts his fate on one woman to find him the perfect bride. ********** Twenty-nine-year-old Francesa Marcolini never expected that the day will come when the handsome yet hateful playboy billionaire Marco Orisini would barge into her office and announce that he needs a wife. Despite being a teacher of etiquette and personality development, Francesa had no intention of becoming the matchmaker for this arrogant Italian no matter how determined he is for her help. But to Francesca's horror, she finds herself on that very job!Cover design by Holly Thurston
8 155 - In Serial50 Chapters
Renae Dreams (Currently Editing)
Have you ever been homeless? Ever been without lights and water? Did you ever fear that the neighbors would catch you cutting the water on at the crack of dawn or fear that the water company would come around and remove the meter for having the water on illegally? No? Well, Renae has. Meet Renae Zuri Brown, your typical 19-year-old carefree girl living a not-so-glamorous life. She was born and raised in Virginia Beach; just trying to understand the harsh reality of 'struggling' She has a secret that only her little brother knows about and demons she's been trying to escape from. She doesn't smile the same anymore, but could things change?Kingston Stone, is a 22-year-old, aggressive yet ambitious, pretty boy from New Orleans with a similar past of his own. He had a style of his own, hustler and heartbreak mentality, that was until he stumbles onto "Library Girl's" path. Just 2 people from different hometowns with similar history fighting to make this complicated life work. She wants to keep him away but something keeps drawing him to her. She's never been in love and he normally hits and quits, can they beat the odds and fight through all of the darkness to see the light of their love? Will he be the one to save her, if it's from herself? Will they team up and create the dangerous Empire from the ground up or will he leave unable to handle the baggage that comes with her family? Let's find out.
8 96 - In Serial46 Chapters
Nakshatra
Gauri, a young village girl holding firm views about morals and religious principles, wanders as a storyteller much to her mother's distress. Reality obscures fantasy when she receives a marriage proposal from Royals of Rajwada Palace. Driven by ambition and greed, her parents marry her off to a mysterious widower, who dwells in shadows of his lonely castle and is often referred to as monster incarnate. Now lost in gloom, inside the royal palace of great warrior kings, Gauri is about to learn a tale of cursed reality - NAKSHATRA.
8 115