《Dancing On Your Heartbeat • Kookmin || Completed ||》- 7 -
Advertisement
ပတ်ဂျီမင်း တစ်ယောက် စိတ်နဲ့ကိုယ်နဲ့ မကပ်ဖြစ်နတာ အတော်ကြာပြီကို ဟိုဆော့က သတိထားမိနေသည် ။
" ပတ်ဂျီမင်း ! "
နာမည်ကို ခေါ်လိုက်ပေမယ့် တစ်နေရာကို ငေးနေတဲ့
ဂျီမင်းက စကားပြန်မလာ ။
"......."
" ဂျီမင်း !!!!!!! "
" ဟမ် ? အင်း ! "
အကျယ်ကြီး အော်မှ သတိဝင်လာပြီး ပြန်ထူးသည် ။
" မင်းကွာ ဘာတွေများ တွေးနေတာလဲ ? "
" ဘာမှမတွေးပါဘူး "
" ရော့ တော့ပုကီ စားဦးမလား ? ငါဝယ်လာတာ ... "
" ကျွန်တော် မနက်ကတည်းက ရေချိုးပြီးပြီဗျ "
အူကြောင်ကြောင်နဲ့ ကြားချင်တာကြား ဖြေချင်တာ
ဖြေနေတော့သည် ။
" ဟေ့ကောင် !!!!!! "
" ဟမ် ! "
" စိတ်နဲ့ လူနဲ့ ကပ်ပါဦး ။ ဘာတွေဖြေနေတာလဲ ?! "
" ကျွန်တော် ဘာပြောလိုက်တာလဲ ? "
" ဟာ သွားပြီ ။ လုပ်ကြပါဦး ။ တကယ်ကြီး လင်ပူမိ
ပြန်ပြီထင်တယ် ... "
ဟိုဆော့က ခေါင်းတခါခါနဲ့ ဂျီမင်းကို ကြည့်ကာ
ပြောနေသည် ။
" အစ်ကို !!!! အစ်ကိုကလေ ပြောလိုက်ရင် တစ်ဆုံး ။
လင်ပူမိရအောင် ဘယ်သူက ကျွန်တော့် လင်လဲ ? "
ဂျီမင်းက ဟိုဆော့ကို စိတ်တိုတိုနဲ့ ငေါက်လိုက်သေး
သည် ။
" ဂျွန်ဂျောင်ကုလေ "
မတုံ့မဆိုင်း ပြန်ဖြေလာတဲ့ ဟိုဆော့က ဂျီမင်းကို ခါး
ထောက်ကာ ကြည့်နေသည် ။
" ဟာ ... သူက ကျွန်တော့် လင် မဟုတ်သေးပါဘူး ။
အစ်ကိုကလည်း ဘာတွေ လျှောက်ပြောနေတာလဲ
ဗျာ ? "
ဂျီမင်းက ခေါင်းငုံ့ထားလိုက်ကာ လည်ပင်းကို ရဲလာ
သည် အထိ ပွတ်နေမိသည် ။
" အမလေး လင် မဟုတ်သေးလို့ပဲ ။ မင်း ဒီလောက်
ဖြစ်နေတာ ။ မင်း သူ ထွက်သွားကတည်းက စိတ်နဲ့
လူနဲ့ရော ကပ်ရဲ့လား ? "
" ကပ်ပါတယ် ! "
" ဘာကပ်တာလဲ ? ဂျောင်ကု ကိုယ်နဲ့ မင်းစိတ်နဲ့
ကပ်နေတာလား ? "
" အစ်ကိုကလည်း ... "
ဂျီမင်းက ရီလိုက်ကာ ခေါင်းကို ငုံ့ထားလိုက်သည် ။
" အစ်ကိုကလည်း မနေနဲ့ ။ မင်းပဲ သူနဲ့ အနီးကပ် ရှိ
ချင်တယ်ဆို ။ ဟိုတလောကပဲ မင်း ကတာကို တိုး
တက်လာတယ်လို့ ချီးကျူးသွားတာ မလား ။ ငါ
တောင် ချီးကျူး မခံရဖူးဘူး ။ သဘောတစ်ခုက
မင်းကို သူ့စိတ်ထဲမှာ နည်းနည်းရှိတယ် မဟုတ်ဘူး
လား ? သူမရှိတဲ့ တစ်လအတွင်းမှာ မင်း ဒီလို ငိုင်နေ
မယ့်အစား ခုထက်ပိုပြီး ကြိုးစားလိုက်ရင် သူ ပြန်
လာတဲ့ အခါကျ ... ကျ ... "
"အော် ... ဟုတ်သား ။ ကျွန်တော် အဲ့တာကို မေ့နေတာ "
ဂျီမင်းက အလန့်တကြား ဝမ်းသာအားရ ပြောလိုက်သည် ။
" အဲ့ဒါ ငါပြောတာလေ ။ မင်း အရမ်းတိုးတက်နေ
တာကို သူမြင်သွားရင် ပွဲသိမ်းပဲ ! "
ဟိုဆော့က ဂျီမင်းကို အမူအရာအပြည့်နဲ့ ပြောပြနေသည် ။
" ဟုတ်သားပဲ ! "
ဂျီမင်းက ဝုန်းခနဲ ထကာ ဟိုဘက် သွားမလိုလို ဒီ
ဘက်သွားမလိုလို လုပ်နေသည် ။
" ဟေ့ကောင် ဂျီမင်း ! အဲ့တာ ဘာဖြစ်နေတာ ! "
" အော် အကသွားကျင့်မလို့ "
" ဟာ ... ညကြီး ဘယ်ကိုကျင့်မှာလဲ ။ ရပ်ကွက်ဆူပူ
မှုနဲ့ လာဖမ်းသွားလိမ့်မယ် "
ဂျီမင်းက ညာဘက်ကို ထွက်သွားကာ ပြောလိုက်သည် ။
" အဲ့တာဆို ရေချိုးခန်းသွားမလို့ "
" ရေချိုးခန်းက ဘယ်ဘက်မှာလေ "
ဟိုဆော့က မျက်လုံးပြူးကာ ဂျီမင်းကို ရေချိုးခန်း
နေရာ ညွှန်လိုက်သည် ။
" အော် အင်း ! "
ဟိုဆော့က ဂျီမင်းကို ကြည့်ကာ ခေါင်းခါလိုက်သည် ။
" ဟာ ဒီကောင်တော့ မရတော့ဘူး ။ အခြေအနေ
တော်တော်ဆိုးနေပြီ ! "
//
အချိန်က တရွေ့ရွေ့ ကုန်နေသည် ဆိုပေမယ့် ဂျောင်
ကု ပြန်လာရန် တစ်လ ပြည့်ဖို့က တစ်စက္ကန့်တောင်
အချိန်ကုန်တာ အရမ်းကြာသလို ခံစားရသည် ။
ပြက္ခဒိန်ကို ကြည့်လျှင်လည်း တစ်ပတ်သာ ရှိသေးသည် ။
မျက်နှာလေး မြင်နေရတာကိုက ရင်ခုန်စေရတော့
လည်း အခုလို လုံးဝ မမြင်ရတာက လစ်ဟာနေသည် ။
အရင်က နာရီပိုင်းလေး ခဏ တွေ့ရသည် ဆိုပေမယ့်
လည်း စက္ကန့်နီးပါး မြန်သလို ခံစားရပြန်သည် ။
အချိန်တွေကိုသာ ရစ်လို့ ရရင် ရစ်ပစ်လိုက်ချင်သည် ။
" ဂျီမင်း ! "
အကခန်းထဲ တစ်ယောက်တည်း ငူငိုင်စွာ ထိုင်နေတဲ့
ဂျီမင်းကို ယွန်းဂီက လှမ်းခေါ်လိုက်ခြင်းပင် ။
" အစ်ကို ယွန်းဂီ !"
" မင်း ဘာတွေစဉ်းစားနေတာလဲ ? "
" မဟုတ်ပါဘူး ဒီလိုပါပဲ "
ယွန်းဂီက ဂျီမင်း ဘေးနားလာထိုင်နေတော့ ဂျီမင်းက
စကားပြောရန် ဆုံးဖြတ်လိုက်သည် ။
"အစ်ကို ! အစ်ကိုက ကတာ တော်တော်ကြာပြီလား ? "
" လေးနှစ် မဟုတ်ဘူး ... ငါးနှစ်လောက်ရှိပြီ "
" အာ .... ဒီလောက်တောင် ? "
ဂျီမင်းက ယွန်းဂီရဲ့ အက သက်တမ်းကြောင့် လန့်
သွားသည် ။
"ဘာလို့လဲ ? လေးငါးနှစ်တောင် ကထားပြီး ငါက
ခုချိန်ထိ အသုံးမကျသေးလို့မလား ? "
"အာ ... ဘယ်ကသာ မဟုတ်ပါဘူး ။ ကျွန်တော်က
Advertisement
ကိုယ့်ကိုကိုယ် အရမ်း အထင်ကြီးနေမိတာလေ ။
အက သင်ယူနေတာ တစ်လလောက်ပဲ ရှိသေးတာကို
အရမ်းကို ကျွမ်းကျင်နေပြီ ထင်နေတာ "
" ဒါက လူပေါ်ပဲမူတည်ပါတယ်ကွ ။ ဟိုဆော့ ဆိုရင်
နဂိုတည်းကိုက ပါရမီ ရှိနေတာ ဘာသင်သင် ခဏ
လေးနဲ့တတ်နေတာလေ ။ အဲ့လိုလူကျတော့ အချိန်
ခဏနဲ့ တတ်ကျွမ်းတဲ့သူ ဖြစ်သွားရော ... "
" အင်း ဒါဆို ကျွန်တော်လဲ အခွင့်အရေး ရှိသေးတာ
ပေါ့နော် "
တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ကြည့်လာတဲ့ ဂျီမင်း
ကို ယွန်းဂီက ပြုံးကာ ကြည့်နေလိုက်သည် ။
" ဒါနဲ့ ဂျောင်ကု ဆို ဘယ်နှနှစ်ရှိပြီလဲသိလား "
" မသိဘူး အစ်ကို ! "
ဂျီမင်းမျက်လုံးတွေက ဂျောင်ကု အကြောင်းမို့ ပိုစိတ်
ဝင်စားသွားသည် ။
" ဆယ်နှစ်လေ ! ဆယ်နှစ်ရှိပြီ "
ယွန်းဂီက လက်နှစ်ဖက်လုံး ထောင်ပြကာ ပြောလိုက်သည် ။
" အမလေး ! တကယ် !?? "
ဂျီမင်းက ဟောင်းလောင်းဖြစ်သွားတဲ့ ပါးစပ်ကို
လက်ဖြင့် အုပ်ကာ ဆွံ့အနေမိသည် ။
" တကယ် ! အဲ့ဒါကြောင့်လည်း ငယ်ငယ်လေးနဲ့
တော်တာ ။ သူ့မျက်နှာလေး နည်းနည်း တည်နေ
တာကလွဲလို့လေ ဟီး "
ယွန်းဂီက ခပ်တိုးတိုးနဲ့ ရီလျက်ပြောသည် ။
" ဟီး ဟုတ်တယ် ။ သူသာ မျက်နှာပြုံးပြုံးလေးနေ
ရင် အရမ်း ကြည့်ကောင်းမှာ ။ ဒါပေမဲ့ အခုလည်း
ကြည့်ကောင်းပါတယ် "
ခေါင်းငုံ့ကာ ရီလျက် ပြောနေတဲ့ ဂျီမင်းကို ယွန်းဂီက
သေချာ ကြည့်နေလိုက်သည် ။
"အင်း ! မင်းက ဂျောင်ကုကို သဘောကျပုံပဲ "
ဂျီမင်းက ပါးတွေရဲခနဲဖြစ်သွားပြီး လူမိသလို
ဖြစ်သွားသည် ။
" ခင်ဗျာ ... မဟုတ်ပါဘူး ။ ဒီက ဆရာတွေ အားလုံး
ကို သဘောကျတာပါ !! "
ယွန်းဂီက ဘာမှ မပြောဘဲ ပြုံးနေလိုက်သည် ။
" ဒါနဲ့ အစ်ကို ကပဲ ကျွန်တော့်ကို လေ့ကျင့်ပေးမလား ?
ကျွန်တော် ကောင်းကောင်း သင်ယူမှာပါ "
" ရပါတယ် ! မင်းက သင်ယူချင်စိတ် ရှိတဲ့သူကို
သင်ပေးရမှာပေါ့ "
" ရေး !!!! အစ်ကို က တကယ် သဘောကောင်း .. ကောင်း ... "
" နိုးနိုး !! သဘောမကောင်းပါဘူး အက က ထင်ထား
သလောက် မတိုးတက်လာရင် သဘောမကောင်းဘူး "
ဂျီမင်းက ခဏတော့ တုံ့ခနဲဖြစ်ကာ မျက်နှာ တည်
တည်နဲ့ ပြောလာတဲ့ ယွန်းဂီကို ကြောင်ကာ ကြည့်နေ
လိုက်သည် ။
" ဘာလဲ အခုကတည်းက လန့်နေပြီလား ? ဟဟဟ "
ယွန်းဂီက ရီလိုက်တော့မှ ဂျီမင်းကလည်း ပြန်ရီကာ
လန့်တာ ပျောက်သွားသည် ။
" အော် ဟီးဟီး ။ မလန့်ပါဘူး အကောင်းဆုံး ကြိုး
စားမှာပါ ! "
အကခန်းရဲ့ မှန်ကို မှီရင်း နှစ်ယောက်သား စကား
ပြောရင်း အချိန်ကုန်ခဲ့ကြသည် ။
//
နှစ်ပတ်ကြာသောအခါ ~
အချိန်အရ ဂျောင်ကု ပြန်လာဖို့ တစ်ပတ်ပဲ လိုတော့သည် ။
ဂျီမင်းက အကခန်းမှန်ထဲက ကိုယ့်ကိုကိုယ် ကြည့်
နေကာ သက်ပြင်းချလိုက်မိသည် ။
" ဘာလို့ ငါ အမြဲတမ်း လိုအပ်နေသလို ခံစားရတာလဲ ? "
ဒီလို တွေးနေမိတဲ့ အကျင့်ကို ဟိုဆော့ က ပြင်ဖို့
ခဏခဏ ပြောပေမယ့် ဆက်တိုက် အဲ့အတွေးက
ဝင်လာနေပြန်သည် ။
ဂျီမင်းက လေ့ကျင့်နေရင်း စဉ်းစား တွေဝေနေမိတာ
က ဖွင့်ထားတဲ့ Music သံရပ်သွားမှ သတိဝင်မိသည် ။
" ဟာ အစ်ကိုယွန်းဂီ ! ဘာလို့ ပိတ်လိုက်တာလဲ ? "
ယွန်းဂီက စက်ကို ပိတ်လိုက်ခြင်းဖြစ်သည် ။
" ဘာတွေ စဉ်းစားပြီး ကနေတာလဲ ? စိတ်မပါရင်
မကနဲ့လေ ဘာမှ မထူးခြားဘူး "
" တောင်းပန်ပါတယ် အစ်ကို ! "
ဂျီမင်းက မျက်နှာငယ်လေးနဲ့ ယွန်းဂီကို တောင်းပန်
လိုက်သည် ။
" တောင်းပန်ဖို့ မလိုပါဘူး ။ ဒီတိုင်း ငါတို့ အကဆို
တာကလည်း အနုပညာထဲမှာပါတာပဲ ! အနုပညာဆို
တဲ့ အတိုင်း နူးညံ့တယ် ။ ဒါကြောင့် ကြမ်းကြမ်း
တမ်းတမ်း လုပ်ကိုင်မှရတဲ့ အရာမျိုးလည်း မဟုတ်
ပြန်ဘူး ။ စိတ်ရဲ့ Flow အတိုင်း မျောနေတာလဲ အက
ပဲ ။ စည်းချက်ညီညီ လှုပ်နေတာလဲ အက ပဲ ။ ကိုယ့်
ရဲ့ စိတ် ပေါ်ပဲမူတည်တယ် ။ မင်းက အစထဲက
အရမ်း ဝါသနာပါတဲ့သူမို့လို့ အရမ်းကြီး ပင်ပန်းစရာ
မလိုပါဘူး ။ မင်းကိုကြည့်ရတာ အရမ်းပင်ပန်းနေတဲ့
ပုံပေါ်နေတယ် နားပါဦး ။ ခုမှ Beginner ပဲ ရှိသေး
တာလေ "
ယွန်းဂီက ဂျီမင်းရှေ့မှာ လာထိုင်ကာ သေချာပြောပြ
ပေးနေသည် ။
" အစ်ကို ပြောတော့လည်း ဟုတ်တာပဲနော် ။ ဒါပေမဲ့
ကျွန်တော်က အရမ်းစိတ်ပင်ပန်းမှ အဆင်ပြေတယ်
လို့ ထင်တတ်တဲ့သူမို့ "
ဂျီမင်းက ချွေးတွေကို သဘက်ဖြင့် သုတ်လိုက်ကာ
ယွန်းဂီ ဘေးကို လာထိုင်သည် ။
" သိတာပေါ့ ။ မင်းက အရမ်းပြင်းပြတဲ့ စိတ်ရှိတဲ့သူ
မျိုးလေ ။ အစ်ကို ဒီလောကထဲဝင်ဖြစ်ပုံကို ပြောပြရ
မလား ? "
" အင်း သိချင်တယ် ! "
ပုံပြင်နားထောင်ရမယ့် ကလေးတစ်ယောက်ရဲ့ မျက်
လုံး လိုမျိုး ဂျီမင်းမျက်လုံးတွေက တောက်ပနေ
သည် ။ မျက်လုံးလေးတွေ ဝိုင်းစက်ကာ တရစပ်
ညိတ်လိုက်သော ခေါင်းကြောင့် ဂျီမင်းက တအား
စိတ်ဝင်စားနေပုံပေါက်နေမှန်း ယွန်းဂီ သိလိုက်သည် ။
Advertisement
" အစ်ကို ငယ်ငယ်တုန်းက တော်တော်ဆိုးတာ ။
ဘယ်သူ့ စကားမှ နားမထောင်ဘူး ။ အစ်ကို ဒီလမ်း
ပေါ် စလျှောက်တော့မှ ဒီလိုမျိုး ပြောင်းလဲသွားခဲ့တာ "
ယွန်းဂီက ဂျီမင်းမျက်နှာကို မကြည့်ဘဲ ပြောနေသည် ။
" အစ်ကိုက ဆိုးခဲ့လိမ့်မယ်လို့ မထင်ရဘူးနော် "
" ဟဟဟ ဟုတ်တယ် ။ နမ်ဂျွန်နဲ့က အထက်တန်း
ကျောင်းထဲက စီနီယာ ဂျုနီယာတွေ ဖြစ်ခဲ့တာ သူ့
ကြောင့်မို့လည်း ဒီလောကထဲ ဝင်လာမိတာ ။ ဝါသနာ
ပါတယ်ရယ်လို့ မဟုတ်ဘူး ။ ဆိုးပေနေခဲ့လို့ အလုပ်
တစ်ခု ရအောင် လုပ်တဲ့ သဘောပဲလုပ်ခဲ့တာ "
" ဒါပေမဲ့ အစ်ကို က အရမ်းတော်တာ ။ အခုဆို
ဆရာတောင်ဖြစ်နေပြီမလား ? "
" အဲ့လောက်လည်း မတော်ပါဘူးကွာ ... "
ယွန်းဂီက ဂျီမင်းရဲ့ စကားကြောင့် ပြုံးလိုက်သည် ။
ယွန်းဂီ က ပြုံးလိုက်ရင် တော်တော် ချစ်စရာကောင်း
ပြီး သွားသေးသေးလေးတွေကာ ထင်းနေအောင် ပေါ်
လာတတ်ပြန်သည် ။
" အစ်ကို တော်တော် ကြိုးစားခဲ့ရမှာပဲ "
" မှန်တယ် ကြိုးစားခဲ့ရတယ် ။ နောက် အကြောင်း
ရင်း တစ်ခုရှိသေးတယ် အဲ့ဒါ သူ့ကိုချစ်လို့လေ "
ဂျီမင်းက အနည်းငယ် အံ့သြသွားသည် ။
" သူ ? ဘယ်သူလဲ အစ်ကို !? "
" အမှန်ဆိုရင် အစ်ကို ဆိုးပေခဲ့တာ သူ့ကြောင့်ပေါ့ ။
ငါ့ကို မျှော်လင့်ချက်တွေပေးပြီး ထားသွားတဲ့ တစ်
ယောက်ပေါ့ကွာ "
ယွန်းဂီကတော့ ရီလျက် ပြောနေပေမယ့် ဂျီမင်းက
တော့ အတည်ပေါက် သိချင်နေမိသည် ။
" ဒါဆို အစ်ကို့ မှာ ချစ်ရတဲ့သူ ရှိခဲ့တာပေါ့ "
"အင်း ! တကယ်တော့ ဒီလိုဖြစ်လာတာ ငါ ကံ
ကောင်းခဲ့တာ ။ သူ့ကိုလည်း ကျေးဇူးတင်မိတယ် ။
သူက ဆိုးသွမ်းနေတဲ့ ကိုယ့်ကို ဒီလိုဖြစ်အောင် လုပ်
ပေးခဲ့တယ်လို့ ထင်တယ် ။ သူ ပြန်စိတ်ဝင်စားလာဦး
မလား ဆိုတဲ့ စိတ်နဲ့ ကြိုးစားခဲ့ပေမယ့် ဒီနေ့ ဒီလို
ဖြစ်လာတော့လည်း သူ့ကိုမေ့နိုင်နေပြီလေ ။ သူလည်း
တစ်နေရာမှာ သူ့ဘဝနဲ့သူ ပျော်နေလောက်ပြီပဲဟာ "
ချစ်မိတိုင်းလည်း အတူတူရှိ နိုင်ကြတာမှ မဟုတ်တာရယ် ။
" အချစ် ကြောင့် အစ်ကိုက ပြောင်းလဲခဲ့တယ် ဆိုပါတော့ "
" ဒီလိုပါပဲ လူတွေက အချစ်နဲ့ဆို ပြောင်းလဲသွား
တတ်ကြတာပဲ ။ မင်းရော ? တွေ့နေပြီလား ? ခုလို
ပင်ပင်ပန်းပန်း ကြိုးစားနေတာ ဧကန္တ အချစ်ကြောင့်
များလား ? "
ဂျီမင်းက ယွန်းဂီကို ပြုံးရုံသာ ပြုံးပြလိုက်သည် ။
" အာ ... ဒီလိုပါပဲ အစ်ကိုရာ ... "
မရေရာတဲ့ အဖြေဟာလည်း ဂျောင်ကုကိုသာ ဦး
တည်ခဲ့ပါသည် ။ ဂျောင်ကု ဆိုတာ ဂျီမင်းအတွက်
တော့ ချစ်ရတယ် ဆိုတာထက်လည်း ပိုခဲ့သည်ကိုး ။
//
နောက်ဆုံးတော့ ဂျီမင်း စောင့်နေတဲ့ ဒီနေ့ဟာ
တစ်လ တင်းတင်း ပြည့်တဲ့နေ့ဖြစ်သည် ။
ဂျီမင်းက နံရံက ပြက္ခဒိန်ရက်စွဲလေးမှာ အမှတ်
ခြစ်ကာ တက်ကြွနေသည် ။
" မင်း ပျော်နေတယ်ပေါ့ ! "
ဟိုဆော့က တက်ကြွနေတဲ့ ဂျီမင်းကို လှမ်းပြော
လိုက်သည် ။
" ဟုတ်တယ် အစ်ကို ! ပြန်တွေ့ရတော့မယ်လေ ... "
" ကဲ ... Class ကို သွားကြရအောင် ။ သူ အဲ့ကိုလာ
လောက်တယ် "
ဟိုဆော့နဲ့ အတူ Class ကို တူတူ လိုက်လာပြီး ထွက်
လာခဲ့သည် ။
လမ်းတစ်လျှောက်လုံး ဘယ်လိုပုံစံမျိုးနဲ့ ပြန်တွေ့ရမ
လဲဆိုတာ အတွက် အားလုံးထက်ပိုပြီး စိတ်လှုပ်ရှား
နေသူကတော့ ဂျီမင်း ပင် ။
Class ကို ရောက်ရောက်ချင်း ဂျီမင်းက အကခန်းထဲ
အရင်ဝင်ကာ ထိုင်နေသည် ။ ဂျောင်ကုက ရှိမနေဘူး
ဆိုပေမယ့် ရောက်နေခဲ့ရင်လည်း အရင်ဆုံး တွေ့ချင်
မိသူသာ ဖြစ်သည် ။
" ဒီနေ့ ဂျောင်ကု ပြန်ရောက်မယ်တဲ့ ။ ဒီကိုများ လာ
မလား မသိဘူး "
နမ်ဂျွန် က အရင် စပြီး စကား စလိုက်သည် ။
" လာပါ့မလား ခရီးပန်းနေတာ သူအိမ်ပြန်နား
မှာပေါ့ "
ယွန်းဂီက နမ်ဂျွန့်ကို ပြန်ပြောလိုက်တဲ့ စကားကြောင့်
ဂျီမင်းက သက်ပြင်းချလိုက်မိသည် ။
" အာ ... အဲ့ဒါလည်းဟုတ်သားပဲ ။ သူ လာပါ့မလား ? "
ဂျီမင်း တစ်ယောက်တည်း ခပ်တိုးတိုးရေရွတ်နေ
တုန်း နမ်ဂျွန်က ပြန်ပြောလာသည် ။
" မဟုတ်ဘူး ကျွန်တော့်ကို ဖုန်းဆက်တယ် ။ လက်
ဆောင်တွေပါလာလို့တဲ့ ။ သူအဲ့လိုပြောပုံထောက်ရင်
ဒီကို ခဏဝင်မယ်လို့ထင်တယ် "
ဂျီမင်းက နမ်ဂျွန့် စကားကို ကြားကြားချင်း တစ်
ယောက်တည်း အားရပါးရ လက်သီးတွေ ဆုပ်ကာ
ခုန်ပေါက်နေမိသည် ။
" အဲ့တာ ဘာဖြစ်နေတာ ? "
ဟိုဆော့က အခန်းထဲဝင်လာပြီး ခုန်ပေါက်နေတဲ့
ဂျီမင်းကို မေးလိုက်သည် ။
" ဘာမှ မဖြစ်ပါဘူး "
ဂျီမင်းကို ယွန်းဂီရော နမ်ဂျွန်ရောက စိုက်ကြည့်လာ
သည် ။
" တကယ် ဘာမှ မဖြစ်ပါဘူးဆို ! "
ဂျီမင်းက အသာလေး ပြန်ထိုင်ကာ ငြိမ်ငြိမ်လေးနေ
လိုက်သည် ။
//
သန့်စင်ခန်းထဲက မှန်ကို ကြည့်ကာ ဆံပင်ကို ပြင်နေ
တဲ့ ဂျီမင်းဆီ ဟိုဆော့က အထုပ်တစ်ခုနဲ့ ရောက်
လာသည် ။
" ရော့ ... "
" ဟင် ... ဒါဘာလဲ ? "
ဂျီမင်းက ဟိုဆော့ပေးလာတဲ့ အထုပ်ထဲကို ကြည့်
လိုက်တော့ T-Shirt အဖြူလေး ။
" ဒါကို ဘာလို့ .... "
" ဝတ်ကြည့် !! မြန်မြန် ဝတ်ကြည့် !!!! "
ဟိုဆော့ တွန်းအားပေးတာကြောင့် ဘုမသိဘမသိနဲ့
ဂျီမင်းက ကောက်ဝတ်လိုက်သည် ။
" ဘယ်လိုလဲ ? ငါပေးတဲ့ လက်ဆောင်က မိုက်တယ်
မလား ? "
" နေပါဦး ! အစ်ကိုက ရုတ်တရက်ကြီး ? ဘာလို့ပေး !? "
" မပေးဘူးကွာ မပေးဘူး စေတနာနဲ့လည်း ဝယ်ပေရသေးတယ် ။ အမေးအမြန်းထူနေတယ် ပြန်ပေးကွာ "
ဟိုဆော့က ဂျီမင်း ဝတ်ထားတဲ့ T-Shirt ကို အမြန်
ပြန်ချွတ်သည် ။
" အယ် ... မပေးပါဘူး ရတယ် ရတယ် ယူမယ်လေ ။
စိတ်ကြီးပဲ "
ဂျီမင်းက အတင်းပြန်လုထားကာ သေချာ ဝတ်လိုက်
သည် ။
" အဲ့တာများ အိုက်တင်များနေတယ် ... "
" ကျွန်တော် ကြည့်ကောင်းတယ်ပေါ့ "
" အင်း ! ချစ်စရာကောင်းနေတယ် "
" ဟာ ! ကျွန်တော်က ဆက်ကစီ ချင်တာပါဆို "
ဂျီမင်းက မှန်ကို ကြည့်လျက် ဆံပင်ကို ထောင်ကာ
ပြင်ရင်း ပြောသည် ။
" ဒီလိုလဲ ကြည့်ကောင်းပါတယ်ကွ ။ ဂျောင်ကုက
ချစ်စရာကောင်းတဲ့ သူတွေဆို သဘောကျမယ်
ထင် ... ထင် ... ထင် "
ဟိုဆော့ စကားမဆုံးခင်မှာပင် ဂျီမင်းက ထောင်နေ
တဲ့ ဆံပင်ကို နဖူးဖုံးအောင် ပြန်ချကာ လည်ပင်းကို
ဟပြဲထားတဲ့ Shirt ကိုလည်း ကြယ်သီးတပ်လိုက်သည် ။
" ဒီလောက်ဆို ကျွန်တော် တော်တော်ချစ်ဖို့ ကောင်း
တယ်မလား ? "
ဂျီမင်း ပုံစံက ဆံပင်ရှေ့အတိ မျက်နှာလုံးလုံးလေးနဲ့
မို့ မိုချီလုံးနဲ့ တူနေသည် ။
" ဟမ် !
ဟိုဆော့က အပြောင်းအလဲမြန်တဲ့ ဂျီမင်းကို ကြည့်
ပြီးအံ့သြနေမိသည် ။
" ဒီလိုလေးဆိုရင်ရော "
ဂျီမင်းက နှုတ်ခမ်းတွေထော်ပြလိုက် ပါးတွေဖောင်း
ပြလိုက်နဲ့ ဟိုဆော့ကို လုပ်ပြနေသည် ။
" ပတ်ဂျီမင်း !!!! "
ဟိုဆော့က အဲ့ဒီမြင်ကွင်းကို မမြင်ချင်တော့သဖြင့်
အော်လိုက်သည် ။
" ဟမ် ! "
" မင်း ရူးများ ရူးသွားပြီလား ? "
" အံမာ .. ဘာကိစ္စရူးရမှာလဲ ? "
" မရူးရင်တော့ အဲ့တာ ကျပ်မပြည့်တာ "
" ဘာဖြစ်တယ် ??? "
ဒါက ရူးတယ်ဆိုလည်း အချစ်ရူးလို့ ခေါင်းစဥ်တပ်
ရတော့မည် ။
" ကဲ ဟိုက ရောက်လာဦးမယ် သွားမယ်လာ ... "
နှုတ်ခမ်း တစ်တောင်လောက် ထော်ပြီး အကခန်းဆီ
လိုက်လာတဲ့ ပတ်ဂျီမင်းမှာ T-Shirt အဖြူရောင် ပွပွ
ကြားထဲမှာ ငါးနှစ်သား ခလေးလို့ထင်ရသည် ။
//
အကျအန ရှိုးထုတ်ထားသော ဂျီမင်းက ဂျောင်ကု
လာဖို့ကို မျှော်ရင်း စိတ်လှုပ်ရှားနေသည် ။
ဂျောင်ကုသာ ရောက်လာရင် သေချာပေါက် သတိ
ထားမိအောင်လည်း ပြင်ဆင်ထားသည် ။
သို့သော် ဂျောင်ကုက ရောက်မလာသေးသဖြင့် ဂျီ
မင်းက တံခါးပေါက်ကို တလှည့်ကြည့်ကြည့်နဲ့
ဖြစ်နေသည် ။
" ပတ်ဂျီမင်းရေ အုံးလွဲနေတာလား ? "
ဟိုဆော့ စကားကြောင့် ဂျီမင်းက တံခါးကို လှမ်း
ကြည့်နေရာက မကြည့်ဖြစ်တော့ပေ ။
" ဟမ် ကျွန်တော်လား ? မလွဲပါဘူး အစ်ကိုရယ် "
" မသိဘူးလေ ။ မင်း တံခါးဆီမှာပဲ ခေါင်းစောင်းနေလို့ "
ဟိုဆော့ စကားကြောင့် ဂျီမင်းက ရီလိုက်မိသည် ။
" မလာတော့ဘူး ထင်တယ်နော် ဟေ့ကောင် "
ဟိုဆော့က ဂျီမင်းနားကို ကပ်ကာ တိုးတိုးပြော
လိုက်သည် ။
" ဟာ ... အဲ့လိုမပြောပါနဲ့ ။ လာလောက်မှာပါ ... "
မျှော်လင့်ထားရတာကို ပျက်စီးသွားရင် ဘယ်
လောက်တောင် နာကျင်ရလိမ့်မှာလဲ ။ တစ်လ
တောင် စောင့်ခဲ့ပြီးပြီ ။
" ဟဲလို ! ဂျောင်ကု လား ? ရောက်တော့မှာလား ? "
နမ်ဂျွန် ဖုန်းပြောနေသံကို ကြားလိုက်ရတာကြောင့်
ဂျီမင်းက အားတက်သွားသည် ။
ဟိုဘက်က ဘာပြောတယ်ရယ်တော့ မသိပေမယ့်
နမ်ဂျွန်က တက်တက်ကြွကြွမရှိ ။
" အေးအေး ဒါဆိုလည်း နောက်မှ တွေ့တာပေါ့ကွာ
ဒါပဲနော် ! "
ဂျီမင်းက မျှော်လင့်နေပေမယ့် အဖြေကတော့ ဒါပဲ
တဲ့လား ။ သေချာပါပြီ ။ သူရောက်မလာတော့ပါ ။
နောက်နေ့လည်း တွေ့ရမှာဆိုပေမယ့် တွေ့ရဖို့ အရမ်း
မျှော်လင့်ခဲ့ရ ၊ အားလုံးပြင်ဆင်ခဲ့ရတာမို့ ၊ နေ့ရက်
တွေကို လက်ချိုးရေပြီး စောင့်ခဲ့ရတာမို့ ပိုလို့ နာကျင်
ရသည် ။
" အစ်ကိုရေ ဂျွန်ဂျောင်ကုက ကျွန်တော်တို့ အတွက်
တော့ သီးသီးသန့်သန့် လက်ဆောင်တွေပါတယ်တဲ့ ။
ထီလေး ဘာလေးထိုး !! "
နမ်ဂျွန်က ယွန်းဂီကို ရီကာ လှမ်းကာ ပြောလိုက်သည် ။
" အမယ် ထူးထူးခြားခြား ! ဒါနဲ့ သူ မလာဖြစ်ဘူး
တဲ့လား ? "
" အင်း မလာဖြစ်ဘူး ။ ဒါပေမဲ့ လက်ဆောင်တွေကို
သူ့ သူငယ်ချင်းနဲ့ ပို့ခိုင်းလိုက်တယ်တဲ့ "
" အမယ် တယ်လိမ္မာနေပါလား ဒီကောင် ! "
" အင်း အဲ့ဒါကြောင့် ထီထိုးလို့ပြောတာ ... ဟားဟား "
ယွန်းဂီနဲ့ နမ်ဂျွန်ပြောနေတဲ့ စကားထက် ဂျီမင်းက
ဂျောင်ကုကို တွေ့ရဖို့ အာရုံရောက်နေမိတာမို့ လူက
မှိုင်ကျသွားသည် ။
ဟိုဆော့ က ဂျီမင်း မျက်နှာပျက်သွားသည်ကို ရိပ်မိ
တာကြောင့် နမ်ဂျွန့်ကို လှမ်းမေးလိုက်သည် ။
" နမ်ဂျွန် ! ဟိုဟာလေ .. ဟို ... သူက လာမယ် ပြော
ပြီး ဘာလို့ မရောက်လာတာလဲ ?!!! "
အကြောင်းရင်းကို ပိုသိရဖို့ ၊ ဂျီမင်းလည်း ကြားရဖို့
ဟိုဆော့က နမ်ဂျွန့်ကို့ အော်မေးလိုက်သည် ။
" ဘာလို့ရမှာလဲ ဟိုဆော့ ရယ် ! သူ့ကောင်မလေးပဲ
ပေါ့ ။ အစီအစဉ်မရှိဘဲ ခုလာတွေ့ပါဆိုလို့တဲ့ဟေ့ !!! "
ဟိုဆော့က နမ်ဂျွန် ပြောလိုက်တာကြောင့် ဂျီမင်း မျက်နှာကို ချက်ချင်း လှည့်ကြည့်လိုက်သည် ။
" ကောင်မလေး ? "
ဂျီမင်းက မယုံနိုင်ခြင်းများစွာနဲ့ ချက်ချင်းပဲ မျက်
ဝန်းမှာ မျက်ရည်စ တစ်ချို့ ဝဲတက်လာခဲ့သည် ။
ဂျီမင်းက ခေါင်းကို ငုံ့ထားလိုက်တော့ ဟိုဆော့က
နမ်ဂျွန်နဲ့ ဆက်စကားပြောလိုက်သည် ။
" အာ ... အဲ့လိုလား ? သိပါပြီ ။ "
ဂျီမင်းကတော့ မထင်ထားတာကြောင့်ရော ၊ မပြင်
ဆင်ထားမိတာကြောင့်ရော ယောကျာ်းတန်မဲ့ မျက်
ရည်တွေ ကျလာမိသည် ။ လူမမြင်အောင် အမြန်
သုတ်လိုက်ပေမယ့်လည်း ခံစားချက်က ပြင်းထန်
လွန်းလို့ အဲ့ဒီနေရာမှာ ဆက်နေလို့ အဆင်မပြေတော့
ပေ ။
ဂျီမင်းက အကခန်းကနေ ထွက်လာကာ သန့်စင်ခန်း
ထဲသို့ ပြေးဝင်ကာ ငိုခဲ့သည် ။
" ဂျီမင်း ! "
ဟိုဆော့ က အနောက်ကရောက်လာပြီး ဂျီမင်းကို
ခပ်တိုးတိုးလေး ခေါ်လိုက်ခြင်းဖြစ်သည် ။
ဂျီမင်းက စီးကျနေသော မျက်ရည်တို့ကို အတင်း
သုတ်ပစ်လိုက်သည် ။ ထို့နောက် ဟိုဆော့ မျက်နှာ
ကို တည့်တည့်ကြည်ကာ ပြန်ဖြေလိုက်သည် ။
" အင်း အစ်ကို ! "
" ငါ ... ငါ မင်းကို ဘာပြောရမလဲ ဘာပြောရမှန်း
မသိ ... "
" ဘာမှ ပြောမနေပါနဲ့ ။ အစ်ကိုလည်း ခုမှ သိတာ
ပဲကို ! "
" ဟင့်အင်း ! ငါသိတယ် ! "
ဟိုဆော့ စကားကြောင့် ဂျီမင်းက နောက်တစ်ကြိမ်
အံ့သြရပြန်သည် ။
" ဘယ်လို !!!! သိနေတယ် "
" အင်း ငါသိတယ် "
ဟိုဆော့က ခေါင်းငုံ့လျက် တိုးတိတ်စွာ ပြောသည် ။
" ဒါဆို သိလျက်သားနဲ့ ကျွန်တော့်ကို မပြောတာ
လား ? ဟမ် ?!!!! ဘာလို့လဲ !!!!! ဂျောင်ဟိုဆော့ !!!!! "
ဂျီမင်းက ဟိုဆော့ရဲ့ ရဲ့အင်္ကျီ ကော်လံစ နှစ်ဖက်ကို
ဆုပ်ကိုင်ကာ ပြောလိုက်သည် ။
" ကျွန်တော်က ဘာလို့ မသိခဲ့ရတာလဲ ? ကျွန်
တော်က ရီစရာကောင်းနေလို့လား !!!!! "
ဂျီမင်းက ပြောနေရင်းမှ မထိန်းနိုင်ဘဲ မျက်ရည်
တွေ ပိုကျလာမိသည် ။
" အဲ့လို မဟုတ်ပါဘူး ဂျီမင်းရာ .... မင်းက အရမ်း
သဘောကျနေတာမို့ ခံစားရမှာစိုးလို့ "
" ခံစားရမှာစိုးလို့ ? ကျွန်တော်က အဲ့လောက်လွယ်နေ
လို့လား ? အခုမှတော့ ကျွန်တော့် ခံစားချက်တွေ ပို
ပြီး နစ်မြုပ်လာတော့မှတော့ ကျွန်တော် ပိုခံစားရမှာမဟုတ်ဘူးလား ? "
အာခေါင်ခြစ်သံနဲ့ ငိုနေတဲ့ ဂျီမင်းကို ကြည့်ကာ ဟို
ဆော့က တစ်ခြား ပြောစရာမရှိ ။
" ကျွန်တော်ပဲ မသိတာလား ? ထယ်ယောင်းရော ?
တစ်ခြား သူတွေရော ? "
" အကုန် သိကြပါတယ် ။ "
ဟိုဆော့က ရှောင်လွှဲမနေတော့ဘဲ ဖြေလိုက်သည် ။
" အာ ... ဒါကြောင့် ထယ်ယောင်းက နောက်ဆုတ်နေ
တာကိုး ။ ဒါကို ကျွန်တော်က မသိဘဲ အရူးလိုမျိုး
အတင်း လိုက်ရောနေမိတာ ။ ရင်ခုန်နေမိတာ !!!!!! "
ဂျီမင်းက ဆံပင်တွေကို ထိုးဖွကာ ပို ဆို့ဆို့နင့်နင့် ငို
လိုက်မိသည် ။
" အဲ့လို မဟုတ်ပါဘူး ။ မင်းမှာလည်း သဘောကျခွင့်
ရှိတာပဲ ။ ငါပြောပြဖို့ ကြိုးစားပေမယ့် မင်းက အဲ့ချိန်
မှာဂျောင်ကုကို အရမ်းတွယ်ငြိနေပုံပေါ်လို့ ... "
" ဟုတ်တယ် ! ကျွန်တော် တွယ်ငြိမိတယ် အရူးအမူး
ပဲလေ ။ တကယ် ရူးတော့မလိုပဲ !!!! ဒါပေမဲ့ ကျွန်
တော့် မှာ အခွင့်အရေး မရှိတော့ဘူး တဲ့လား ? ကျွန်
တော်က အခုထိ စတောင် မစရသေးဘူးလေ ဘာ
လို့လဲ !?????? "
မျက်ရည်တွေ ထပ်ပြီး ပြည့်နှက်လာသောကြောင့်
ဂျီမင်းက ဟိုဆော့ကို မျက်နှာလွှဲလိုက်သည် ။
" ဂျီမင်းရယ် ငါ မပြောချင်ပေမယ့် အခုတော့ ပြော
ရတော့မယ် ။ မင်း ဂျောင်ကု ကို စွန့်လွှတ်လိုက်ပါ
တော့ !!! "
" ပတ်ဂျီမင်း ! "
ဂျီမင်းက စကားပြန်မလာ ။
"......."
" ဂျီမင်း !!!!!!! "
" ဟမ် ? အင်း ! "
" ဘာမှမတွေးပါဘူး "
Advertisement
- In Serial534 Chapters
Chosen by Fate, Rejected by the Alpha
Eighteen-year-old Trinity is unlike any other werewolf in her pack. For one, there were unusual circumstances surrounding her birth, for another, she is the only pack member to never shift into a wolf...
8 1007 - In Serial10 Chapters
Unspoken [Enoch O'Connor fanfic]
She didn't have a voice, so he was hers. He didn't have hope, so she became his.
8 79 - In Serial44 Chapters
Her Mate
What started off as a good life quickly came apart for Crystal the day she came out to her family that she's transgender. The small North Idaho community she lives in didn't make things any easier but with strong determination and a little help from her sister she found a place to live and even landed a job. However, a late customer needing some gas is about to change her life even more.
8 164 - In Serial24 Chapters
One Night Stand With My Mate
Lewis Grant has been rejected by his mate. His other half. He is forced out of the pack, and has to survive alone in the desolate forests surrounding the pack. Without his wolf, his life hangs in the balance and he struggles to live.Silas Lupine has an amazing life. With his mate out of the picture, he chooses his own Luna and denies fate. He thinks he's better off without a male mate, and doesn't care if his wolf ingores him.But then, it comes back to bite him. The walls he built crumbled down, and now he needs to find Lewis, or risk death.
7.91 229 - In Serial55 Chapters
Marriage Merger
Ximena Dos Ramos is the heiress to the Dos Ramos Cooperation and it is the sole preoccupation of her entire existence. With her father constantly breathing down her neck, how could she possibly hope to be in a normal relationship?One mysterious man that she keeps on bumping to manages to effortlessly pique her interest and little does she know they're about to have both their fates inextricably intertwined...And not in a good way! It could either be the beginning of something beautiful, or a means to a very terrible end as past mistakes resurface and awful secrets threaten to haunt them all. Greed and ambition breed catastrophe, but can love manage to change the circumstances of a planned marriage?Cover attribution designed by Freepic.diller - Freepik.com
8 152 - In Serial22 Chapters
Something about Alan
"Is it true you called out my name while kissing your boyfriend?""Oh, my goodness...""You fantasizing about me when kissing your boyfriend is weird because we haven't even met!"Josephine is an aspiring young writer who is striving way too hard to get published. Things take a nasty turn when she blurts out another name while kissing her boyfriend! ***Certain chapters are only dialogue (conversation in form of text/call)Note: This story is also available on Inkitt! If you are a reader on Inkitt, do show your support there as well.
8 117

