《Dancing On Your Heartbeat • Kookmin || Completed ||》- 4 -
Advertisement
တူတူကပ်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံလေးကို Zoom
ဆွဲကြည့်လိုက် တခစ်ခစ် ရယ်လိုက် နဲ့ ဂျီမင်း က
သဘောကျနေမိသည် ။
" ဟူး ... ငါ သူ့ကို စကားသွား ပြောသင့်လား ? "
အနည်းဆုံးတော့ SNS Acc ကိုလည်းသိနေပြီပဲ ။
သူလည်း ငါ့နာမည်ကိုတောင် သိနေတာ ။ စပြော
ကြည့်ရမှာပေါ့ ။
ဂျီမင်းက ဂျောင်ကုရဲ့ Acc ထဲကို ဝင်လိုက်ရင်း
Message ပို့ဖို့ အားယူလိုက်သည် ။
" အေး ... ပို့ကြည့်ရမယ် "
ဂျီမင်းက စာပို့ပြီးနောက် ဖုန်းကို ဘေးဝေးဝေးကို
ပစ်ချလိုက်သည် ။
" အား ... ပို့လိုက်ပြီ ပို့လိုက်ပြီ ပို့လိုက်ပြီ !!!! "
ခြေဖျားလက်ဖျားတွေ အေးစက်လာပြီး ဘာလုပ်လို့
ဘာကိုင်ရမယ် မသိ ။ သို့သော် စာပြန်လာသည့် အသံ
ကိုတော့မကြားသဖြင့် အသာလေး လေးဖက်ထောက်
ကာ ဖုန်းကို ပြန်သွားကောက်ရသည် ။
ရင်တုန်တုန်နဲ့ ဝင်ကြည့်လိုက်တော့ စာကို ဖတ်
မထား ။
" ဟင် ... မဖတ်ဘူးလား ? အေးလေ မအားလို့နေ
မှာ ။ ခဏနေတော့ စာပြန်လာမှာပါ "
တစ်နာရီ ... နှစ်နာရီ ... သုံးနာရီ ... ။
ဂျီမင်းက ဂျောင်ကု စာပြန်တာကို စောင့်နေရင်း
လက်ထဲမှာ ဖုန်းကိုင်လျက် အိပ်ပျော်သွားသည် ။
တင်ပါးကို ခပ်ပြင်းပြင်း ပတ်ရိုက်လိုက်တာကြောင့်
လန့်ကာ နိုးလာသည် ။
" ဂျောင်ကုရယ် ... မလုပ်နဲ့ ! "
ဟိုဆော့က မျက်လုံးပြူးကာ အိပ်ချင်မူးတူး ဂျီမင်း
ကို ကြည့်နေသည် ။
" ဟာ ... ငါ ဂျောင်ဟိုဆော့ပါ ပတ်ဂျီမင်းရ ! "
ဂျီမင်းက မျက်လုံးကို မပွင့်တပွင့် ကြည့်လိုက်တော့
ဟိုဆော့ ဖြစ်နေသည် ။
" အာ ... အစ်ကို ?! "
" သူ့ဖင်ကို ရိုက်တာပဲ ဂျောင်ကု ဖြစ်ရဦးမယ် ။
ငါ့နှယ် ... "
ဂျီမင်းက ကယောင်ကတမ်း ဘာပြောလိုက်မိမှန်း
မသိတော့ ရှက်ပြီး မျက်နှာကို မပြရဲ ။
" အာ ... ညက သူ့ အက ဗီဒီယိုတွေ ကြည့်ပြီး
အိပ်ပျော်သွားလို့ စိတ်စွဲနေတာ "
" ကဲ ပြောမနေနဲ့ ။ ထတော့ ဘယ်ချိန်ရှိပြီလဲ ? ဒီနေ့
Class မသွားဘူးလား ? "
" ဟမ် မိုးတောင်လင်းပြီလား ? "
" ဟာ မိုးလင်းနေမှန်းတောင် မသိတော့ဘူး "
" Class သွားရမှာပေါ့ ... သွားရမယ် !!! "
ဂျီမင်းက ကုတင်ပေါ်က တက်သုတ် ရိုက်ဆင်းကာ
မျက်နှာသစ် ပြင်ဆင်တော့သည် ။
Reply လေး တစ်ခုခု ရလို ရငြား ပြန်စစ်ကြည့်လိုက်
ပေမယ့် ညကအတိုင်း ပုံမပျက်လေး ရှိနေသလား
မှတ်ရသည် ။
" ဟင် ... ဝင်တောင် မဖတ်ဘူးပဲ "
ဂျီမင်းက ရေခေါင်းကို အားနဲ့ ဆွဲဖွင့်ပြီး ရေယူကာ
မျက်နှာကို သစ်လိုက်သည် ။
" အာ ! လျစ်လျူရှုခံရသလိုကြီး ... "
" ဂျီမင်း ဘာလို့လဲ ? "
မျက်နှာ အမူအရာက တစ်ခုခုကို မကျေနပ် ဘဝင်
မကျသလို ဖြစ်နေတော့ ဟိုဆော့က မေးလိုက်သည် ။
" မသိဘူး !!!!! "
ဂျီမင်းက အသံမြင့်မြင့် အော်လိုက်ပြီး မျက်နှာပြန်
သစ်နေတော့ ဟိုဆော့က မျက်လုံးပြူးကာ ကြောင်
ကြည့်နေမိသည် ။
" ဘာလဲ ? ငါ ဘာလုပ်မိလို့လဲ ? "
//
Dance Class ဆိုတာက ဂျီမင်းတို့ အတွက်တော့
အိမ်ကဲ့သို့ပင် ။ မိုးလင်းတာနဲ့သွား မိုးချုပ်မှပြန် ဒီ
အကကိုပဲ အာရုံစူးစိုက် လုပ်ကြသည်မို့ အိမ်က
ဘာလဲဆိုရင် ဒီနေရာလို့ပဲ ဖြေမိမှာ ဖြစ်သည် ။
" အားလုံး !!! ဂျောင်ဟိုဆော့ ရောက်ပါပြီ !! "
ဟိုဆော့က အကအခန်းထဲကို ရောက်ရောက်ချင်း
လက်နှစ်ဖက်ကို ဆန့်လျက် အော်လိုက်သည် ။
" အင်း ဟိုဆော့ ! "
ယွန်းဂီက ဖုန်းကို ကြည့်လျက် ဟိုဆော့ကို နှုတ်ဆက်
လိုက်သည် ။
" ဟမ် ဖြူဖြူနဲ့ တစ်ယောက် မင်ယွန်းဂီ ?! "
ဂျီမင်းက ယွန်းဂီကို တွေ့လိုက်တာကြောင့် အံ့သြမိ
သွားကာ ခပ်တိုးတိုး ရေရွတ်လိုက်သည် ။
" ဂျီမင်းနဲ့ တူတူလာတာပဲ ။ ဂျီမင်း ဟဲလို !? "
ယွန်းဂီက အနည်းငယ်ပြုံးပြကာ ခေါင်းကို အသာ
ညိတ်ပြလိုက်သည် ။
ယွန်းဂီက ဂျီမင်းကို တွေ့တာနဲ့ နှုတ်ဆက်ပေမယ့်
ဟိုအရူးလေးကတော့ စာတောင် ခုထိ မဖတ်သေး ။
" အစ်ကို ! "
ဟင် ... ဒီအသံ ။
ဂျီမင်း နောက်ကနေ ဝင်လာတာ ဂျောင်ကု ဖြစ်သည် ။
" ဟင် ! မင်းပြောတော့ ဒီနေ့ မလာဘူးဆို "
ယွန်းဂီက ဂျောင်ကု ဝင်လာတာ ကြည့်ရင်း အံ့သြ
နေသည် ။
" မင်ယွန်းဂီရှိ ! ကျွန်တော်က နဂိုထဲက တစ်ရက် မက
ရရင် နေမကောင်းဖြစ်ချင်လို့ ခင်ဗျ "
ဂျောင်ကုရဲ့ အတည်ပေါက် စကားကြောင့် ယွန်းဂီက
ထရီလိုက်မိသည် ။
"ဟဟဟဟ ! ဟုတ်ပါပြီကွာ ။ ဒါဆို ငါနဲ့ လဲထားတဲ့
အချိန်ကို ဒီနေ့ မင်းက ဝင်သင်မှာလား ? "
" ဟင့်အင်း ... အစ်ကိုပဲ သင် ။ အစ်ကို သင်တာကို
ကျွန်တော်လည်း ကမယ်လေ "
" အမလေး ! ခု မင်းက ငါ့ တပည့်လုပ်မယ်ပြောတာ
လား ? ဟဟဟ ... "
Advertisement
" နိုး နိုး ... ဒီတိုင်း ပညာ Sharing ပါနော် "
နည်းနည်းလေးမှလည်း သေးသေးတင် မခံတတ်
သော ဂျောင်ကု ဖြစ်သည် ။
ယွန်းဂီရဲ့ နောက်မှ အားလုံး ကိုယ်စီ နေရာယူပြီး
ရပ်ကြပေမယ့် ဂျောင်ကုကတော့ ဂျီမင်း ဘေးမှာ
လာရပ်သည် ။ ဂျီမင်းကလည်း ဘေးကို ရောက်လာ
တဲ့ ဂျောင်ကုကို ငေးမောစွာ ကြည့်နေမိသည် ။
" အ ... "
ဂျောင်ကုက လှည့်အကြည့်မှာ နှစ်ဦးသား အကြည့်
ချင်းဆုံသွားကြသည် ။
" အာ ... မင်္ဂလာပါ ခင်ဗျာ "
ရမ်းသမ်းပန်းသမ်းနဲ့ ထွက်လာတဲ့ စကားက အူ
ကြောင်ကြောင်နဲ့ ။ သောက်တလွဲ ပတ်ဂျီမင်း ပဲ
ကွာ ။
ဂျောင်ကု က ရီလျက် ခေါင်းကိုသာ အသာညိတ်
ပြသည် ။
တုံ့ပြန်မှုက ဒါပါပဲ ။ ဂျီမင်းရဲ့ အူကြောင်ကြောင်
နိုင်တဲ့ နှုတ်ဆက်စကား အတွက် သူ့မှာ ဘာမှ
ပြန်ပြောစရာကို မရှိ ။
ချေလိုက်တာ ဂျွန်ဂျောင်ကုရယ် ။ ကိုင်ဆောင့်ချင်
လောက် အောင်ကို ချေတာ ။
//
အတန်းပြီးသွားလို့ အိမ်ပြန်ရောက်သည် အထိ ဖုန်း
ကို ဖွင့်ကြည့်လိုက်လျှင် မနေ့က ပို့ထားသည့်စာက
ဒီနေ့ထိ ဖတ်မလာသေး ။
" ဘာလဲ ဖုန်းမကြည့်တာလား ? သူက ဂြိုဟ်သား
လား ? စာလေးတော့ ပြန်ပါဟာ ဂျွန်ဂျောင်ကု !!!!! "
ဂျီမင်းက အိပ်ရာပေါ်မှာ လူးလွန့်နေကာ ညည်းနေ
တော့ ဖုန်းထဲကို စာဝင်လာသည် ။ အိပ်ရာက ထကာ
ဖုန်းက Notification ကို ကြည့်လိုက်တော့ ဂျောင်ကု
ပို့တာ ဖြစ်နေသည် ။
" ဂျောင်ကုဆီကပဲ !!!!! ဂျောင်ကု ဆီက ဂျောင်ကုဆီ
က ... အား ... ငါဘာလုပ်ရမလဲ ငါ ဘာလုပ် ...
အား ... ဘာပြန်ပို့တာလဲ မသိဘူး ... ကယ်ကြပါ
ဦး !!!!!! "
သို့သော်လည်း ဖွင့်ကို ဖွင့်ကြည့်ရမည် ဆိုတော့ ဖုန်း
ကို နောက်ဆုံးမှာ အားတင်းကာ ဖွင့်လိုက်နိုင်သည် ။
စာကို ဖွင့်ကြည့်ဖို့တော့ လက်တွေ တုန်နေပေမယ့်
မျက်လုံးကို လက်နဲ့ပိတ်ထားကာ လက်ချောင်း ကြား
မှ အသာလေး ပြန်ချောင်းကြည့်နေလိုက်သည် ။
" ဟင် ... အင်း ? ဘာလဲဟ ။ ဒီတိုင်းတော့ မရပ်
လိုက်နိုင်ဘူး ။ ငါ့ကို လာစိန်ခေါ်နေတာပဲ ။ ငါ က
ဘာပြန်ရေးရင်ကောင်းမလဲ ? သူတစ်ခါတည်းဂရုပြု
မိသွားအောင် ? အော် သိပြီ ။ "
တကယ်ပြောနေတာ "
သေသေချာချာ စာရိုက်ပြီး ပို့လို့်က်ပြီးမှ ပြန်ဖတ်
မိသည် ။
" ချီးပဲ !!!!! နေပါဦး ငါ ဘာရေးလိုက်တာလဲ ? ဘာ
ရေးမိလိုက်တာလဲ ? သေပြီ သေပြီ အမေရေ !!!!!!
သွားပါပြီ ငါ့ဘဝကြီးကတော့ !!!!!! "
ဂျီမင်းက အိပ်ရာကို မျက်နှာအပ်လျက် မှောက်ခုံ
အနေအထား နေနေသည် ။
" အာ ... သူစာတောင်မပြန်တော့ဘူးမလား !!!!!!
အေး ဘယ်ပြန်တော့မလဲ ဘာရေးလိုက်မိလဲ ကြည့်
ဦး !!! "
ဂျီမင်းက အိပ်ရာကိုသာ တဒုန်းဒုန်း ထုကာ အော်နေ
မိတော့သည် ။
*တီ*
စာက စက္ကန့်ဝက်လောက် အကြာမှာ ပြန်ဝင်လာ
သည် ။ လက်တွေဟာ တဆတ်ဆတ် တုန်နေသော်
လည်း ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည် ။
" ဟေ့ကောင် ပတ်ဂျီမင်း !!!!! "
" အား !!! အမေကြီး ကြွ !!!!! "
ဂျီမင်းရဲ့ ဖုန်းက လက်ထဲကနေ ကုတင်အောက်ထိ
ပြုတ်ကျသွားသည် ။
" ဟေ့ကောင် ! မင်း ဘာတွေ ဒီလောက်လန့်နေတာ
လဲ ?! ငါလေ ဟိုဆော့ပါ ... "
" သိပါတယ် ။ အသံမပေး ဘာမပေးနဲ့ဗျာ ... "
ဂျီမင်းက ကုတင်အောက်က ဖုန်းကို ကုန်းကောက်
လိုက်သည် ။
" မင်းကသာ ဘာတွေလုပ်နေတာလဲ ? "
ဟိုဆော့က ဂျီမင်းဘေးကို လာထိုင်ရင်း ပြောလိုက်
သည် ။
" ဘာမှမဟုတ်ပါဘူး "
" မင်းခုတလော မရိုးသားဘူးနော် မှန်မှန်ပြောစမ်း "
" ဘာကိုလဲ ? ဘာအဓိပ္ပာယ်လဲ ? "
ဟိုဆော့က ဂျီမင်းကို သေသေချာချာ စိုက်ကြည့်
နေလိုက်သည် ။
" ဘာလဲ ဘာမှမဟုတ်ပါဘူးဆို အိပ်တော့ !!!! "
ဂျီမင်းက အသံကို ခပ်မြင့်မြင့်အော်လိုက်ကာ
ဟိုဆော့ မျက်နှာကိုလည်း မကြည့် ။
" ဟွန့် ! ဘာကောင်လဲ မသိဘူး အိပ်ပြီကွာ "
" အိပ် !!! "
ဟိုဆော့ ဟိုဘက်ကို လှည့်အိပ်သွားမှ ဖုန်းကို ပြန်
ဖွင့်ကာ ကြည့်ရသည် ။
ဘာကြီးလဲဟ !!!!! ဒါပဲလား ?????? ဒီ Fake smile
ကရော ဘာလဲ ?????
" ဘာကြီးလဲ !!!!!!? အရူးကောင် !!!!! "
ဟိုဆော့က ဂျီမင်းဘက်ကို လှည့်ကာ ကြည့်သည် ။
" အာ ဆောရီး !! အစ်ကို့ကို ပြောတာမဟုတ်ဘူး "
သက်ပြင်းသာ ခပ်ကျယ်ကျယ် ချမိသည် ။
ဘာလို့များ ဒီလိုမျိုး ပုံစံဖြစ်နေရတာလဲ ။ သူ အဲ့လို
ဖြစ်နေတာကိုပဲ ဒီမှာလည်း သွက်သွက်ခါ ပါတော့
မယ် ။
ငါ့မှာတော့ ဘယ်လိုတောင် အရဲစွန့်ပြောထားရတာ
လဲ ? ဒါကို ဒီစာလေးပဲပြန်တယ် ။ အရူးကောင် ...
အရူးကောင် !!!!!
စိတ်ထဲကနေပဲ ကြိတ်အော်ကာ အိပ်ရာကို တစ်ဘုန်း
ဘုန်း မြည်အောင် ကန်နေမိသည် ။
" ဟေ့ကောင် ငြိမ်ငြိမ်နေစမ်းပါ ။ ငါအိပ်နေတယ်လေ "
" ဘာလဲ ????? ဘာလို့ ကျွန်တော့်ကို လာအော်နေ
Advertisement
တာလဲ !!!!!!! "
ဟိုဆော့က ခပ်တိုးတိုးပြောပေမယ့် တကယ်အော်နေ
တာက ဂျီမင်း ဖြစ်သည် ။
" ဟေ့ကောင် ဘယ်သူက အော်လို့လဲ !!!!! မင်းပဲ
အော်နေတာလေ !!!!!! "
ဒီတစ်ခါမှ ဟိုဆော့က တကယ် အော်တော့သည် ။
" မအော်ဘူး !!!!!! မအော်ဘူး !!!!!!! ကျွန်တော်က
အော်လို့လား !!!!!! ဘာမှန်းမသိဘူး နားငြီိးလိုက်
တာ !!!!!!! အိပ်ပြီ !!!!!! "
စောင်ကြီးကို ခေါင်းထိ ဆတ်ခနဲ ဆွဲခြုံကာ အိပ်တဲ့
ဂျီမင်းကို ဟိုဆော့က ကြည့်ရင်း ကြောင်နေမိသည် ။
" ဘာဖြစ်သွားတာလဲ ? ငါက ဘာအမှားများ လုပ်မိ
လို့ ... လို့ .... "
ဂျီမင်းက အိပ်ရာကို တစ်ဒုန်းဒုန်း နဲ့ ထကန်ကာ -
" ပါးစပ်ပိတ်ထား နားငြီးပါတယ်ဆို !!!!!!!! "
" ဒီကောင်တော့ ငါနရင်းအုပ်လိုက်ရ !!! မူးများနေ
တာလား ။ နေနှင့်ဦးပေါ့ တွေ့မယ် "
အိမ်ရှင်ဖြစ်သူက ပြန်ကြောက်နေရသည့် အခြေ
အနေ ။
အဲ့လောက်ထိ ဆိုးတဲ့ အချစ်ရောဂါဆိုသည်မှာလည်း
ကုမရတော့သည်အထိ ။
//
" ပတ်ဂျီမင်း ! "
" ဘာလဲ !!!! သွားမယ်မလား !!!! ကျွန်တော်က အား
လုံးပြီးနေပြီ !!!!! "
နာမည်ပဲခေါ်ရသေးတာကို ဂျီမင်းက တအားတွေ
အော်နေတော့သည် ။
" ဟာ ဒေါသချည်းပဲ ။ လူပုစိတ်တိုဆိုတာ ဒီလိုလား ? "
" ဘာပြောလိုက်တယ် !!!!! "
" အမလေး ဘာတွေ မကျေမချမ်း ဖြစ်နေတာလဲ ?
လန့်လိုက်တာ ။ သွားမယ် လာ !! "
ဟိုဆော့က ရှေ့ကနေ သွားနှင့်ကာ ဂျီမင်းက နောက်
ကလိုက်လာသည် ။
တကယ်တော့ ဂျွန်ဂျောင်ကု တုံးတိ ဖြတ်ချ လိုက်တဲ့စကားကြောင့် ဘာ Messege မှလည်း ပြန်မပို့ဖြစ်ခဲ့
တော့တာအမှန် ။
တွေးမိတိုင်း အငြင်းခံရသလို ခံစားချက်နဲ့ တနုံ့နုံ့ ။
" အရူးကောင် ... ဆက်တိုက် အာရုံစိုက်မိအောင်
လုပ်နေတာပဲ "
//
ဂျောင်ကုက နားကြပ်ကို ဆွဲဖြုတ်ကာ အကြောလျော့
နေသည် ။ ဒါကို ဂျီမင်းက နောက်ကနေ မျက်လုံး မလွှဲ
တမ်း ဆက်တိုက် ကြည့်နေလိုက်သည် ။
" စကြမလား ? "
ဂျောင်ကုက လက်ခုပ်နှစ်ချက် တီးလိုက်ကာ သင်
တန်းကို စတော့လည်း ဂျီမင်းက စိတ်မပါနေ ။
ကရတာလည်း တကယ်ကို စိတ်မပါ ။
" ဂျီမင်းရယ် ! ဒီနေ့ ဘာဖြစ်နေတာလဲ ? "
ဟိုဆော့က ဂျီမင်းနားကို ကပ်ကာ တိုးတိုးလာ
ပြောသည် ။
" ဘာမှ မဖြစ်ပါဘူး "
ဘာမှ မဖြစ်ဘူးသာပြောပေမယ့် မျက်နှာက
မကောင်း ဖြစ်နေသည် ။
" ဘာဖြစ်နေလည်း မသိပေမယ့် သေချာလုပ်လေ ။
ဂျောင်ကု က မင်းကို ကြည့်နေတာနော် "
" တကယ်လား !!!!!!! "
ဂျီမင်းက မျက်လုံးပြူးကာ လန့်သွားသည် ။
" မဟုတ်ပါဘူး ငါ နောက်တာ "
" အစ်ကို !!!!!! "
ဂျီမင်း အော်လိုက်တဲ့ အသံကြောင့် Class တစ်ခုလုံး
ရော ဂျောင်ကုကပါ လှည့်ကြည့်ကြသည် ။
" အာ ... တောင်းပန်ပါတယ် ... "
ဂျောင်ကုကတော့ တစ်ချက်ပဲ လှည့်ကြည့်ပြီး ပြန်
လှည့်သွားသည် ။
ဟိုဆော့က ဂျီမင်းနားကို အသာကပ်လာကာ -
" ငါပြောတာက မင်း ကောင်းကောင်း မလုပ်ရင် ချီး
ကျူးခံရဖို့ နေနေသာသာ သိတယ်မလား ? "
"သိတယ် သိပါ့ !!! နဂိုကတည်းကတောင် သောက်
ဖတ် လုပ်ခံရတာ မဟုတ်သေးဘူးလေ !!!!!!!! "
နောက်တစ်ကြိမ်ထပ်ပြီး အော်လိုက်မိတာကြောင့်
Class တစ်ခုလုံး တိတ်ဆိတ်သွားပြီး ဂျီမင်းကို ပြူး
ပြဲကြည့်နေကြသည် ။
ဒီနေ့တော့ တကယ်ကို စိတ်လွတ်နေမိပြီ ။
အဓိကကတော့ ဂျောင်ကု ရဲ့ ဘာဖြစ်တာလဲဆိုတဲ့
အကြည့်တွေကို ကြည့်ခံနေရသည် ။
" တကယ် တောင်းပန်ပါတယ် "
အသံကို တိုးတိုးနှိမ်နှိမ်လေးပြောရင်း ခေါင်းကိုငုံ့
ထားလိုက်သည် ။
မဟုတ်မှ ဂျောင်ကုက သူ့ကို ပြောနေတယ်ဆိုတာ
များ သိသွားလား ။ ရူးချင်လိုက်တာ ။
တစ်ခါမှ ဒီလို မဖြစ်ဖူးတဲ့ သူက စိတ်နဲ့ကိုယ်နဲ့ မကပ်
ဘဲ လွဲလိုက်တဲ့ အလွဲတွေဆိုတာ ။
ပတ်ဂျီမင်းရယ် တလွဲတွေပဲ ဖြစ်နေလိုက်ပါတော့ ။
//
နားချိန်မှာတောင် လေ့ကျင့် နေတတ်တဲ့ ဂျောင်ကုက
အချိန်တိုင်း ချွေးစတွေနဲ့ ရွှဲနေတတ်သည် ။ ငေး
ကြည့်လိုက်ရင် အရှိန်အဝါတွေက လာစိုးမိုးသလို
ခံစားရတဲ့ ကောင်လေးမျိုးပေါ့ ။
ရွေ့လျားလိုက်တဲ့ ခြေလှမ်းတွေက အစ လွင့်သွားတဲ့
ဆံနွယ်တွေအဆုံး သိပ်ကြည့်ကောင်းသည် ။
ဂျီမင်းက ဖုန်းကို မသိမသာထုတ်ကာ ဗီဒီယိုကို ခိုး၍
ရိုက်လိုက်သည် ။
မသိချင်ယောင်ဆောင်ရိုက်ထားပြီးလျှင် အိမ်ရောက်
မှ တစ်ဝကြီး ပြန်ကြည့်ရမည် ဖြစ်သည် ။
ဂျီမင်းက အောင့်အည်းထားပြီး အိမ်ကိုပြန်ရောက်
ရောက်ချင်း လွယ်အိတ်ကိုပစ်ချကာ ရိုက်လာတဲ့
ဗီဒီယိုကို အမြန် ဖွင့်ကြည့်လိုက်သည် ။
" ကြည့်ကောင်းလိုက်တာ ။ ဒီ ကြွက်သားတွေက
ဝါး !!!! မိုက်တယ် ... တော်လိုက်တာ !!!! "
" ဟေ့ကောင် !!! "
" ဂျွန်ဂျောင်ကုလေး အနိစ္စ !!!! "
" ဟမ် ဘာတွေ အော်နေတာလဲ ? "
" အစ်ကို ကို ပြောသားပဲ ။ မပြောမဆိုနဲ့ လာလာ
မလုပ်ပါနဲ့လို့ ။ လန့်သွားတာပေါ့ ။ "
" အမယ် မင်းဖြစ်နေတာ ငါမသိဘူး ထင်နေလား ။
မင်း ဂျွန်ဂျောင်ကုမှ ဂျွန်ဂျောင်ကု ဖြစ်နေတာ ငါသိ
တယ်နော် ဟေ့ကောင် !! "
" ဘာကိုလဲ ကျွန်တော်က ဒီတိုင်း ပါပဲ "
" ဘာကို ဒီတိုင်းလဲ ? "
" ဒီတိုင်းက ဒီတိုင်းပဲပေါ့ ။ တော်ပြီ !! အိပ်ပြီ !! "
" မင်းကလည်း ဂျောင်ကု အကြောင်းပြောတာနဲ့ အိပ်
ချင်နေတော့တာပဲနော် ဟွင်းဟွင်း "
" ခလူး !!!!! ခလော !!!!! "
ဂျီမင်းက အိပ်ရာထဲ ချက်ချင်းလှဲပြီး အိပ်ပျော်ပြနေ
တော့သည် ။
" အမလေး ချက်ချင်းပဲအိပ်ပျော်ရတယ်လို့ ။ လုပ်
မနေနဲ့ ဟေ့ကောင် ။ ကိုယ်လက်ဆေးဦး ။ မဟုတ်ရင်
ကုတင်ပေါ် တက်မလာနဲ့ သေမယ် "
" အာ ... အကျင့်ကပုပ်လိုက်တာ ။ ပြီးရော !! "
ဂျီမင်းက အိပ်ရာကနေ ကုန်းထကာ ခြေလက်ဆေးဖို့
သွားရတော့သည် ။
//
တစ်ရေး နိုးလာတော့ ဘေးမှာ ဟိုဆော့က အတော်
ကို အိပ်မောကျနေသည် ။ ဂျီမင်း ကိုယ်ပေါ်ကိုလည်း
ခြေထောက်တင်ထားသေးသည် ။ ဂျီမင်းက ဟိုဆော့
ခြေထောက်ကို ဘေးဖယ်လိုက်ပြီး ရေဆာသလို ရှိ
တာကြောင့် အိပ်ရာပေါ်က ဆင်းလာလိုက်သည် ။
ရေခဲသေတ္တာထဲက ရေဘူးကို ထုတ်ကာ ရေသောက်
ရင်း နာရီကို လှမ်းကြည့်တော့ တစ်နာရီ ။
" အာ ... တစ်နာရီပဲ ။ "
အိတ်ထဲက ဖုန်းကို ထုတ်လိုက်ကာ ဘာစိတ်ကူးရယ်
မရှိဘဲ ဖွင့်ကြည့်လိုက်မိသည် ။
#JJK >
Noti တက်လာတော့ ဂျောင်ကုရဲ့ Acc က ဖြစ်နေသည် ။
" အာ ... သူဒီနေ့ကထားတဲ့ ဗီဲဒီယို ကို တင်ထားတာပဲ
ဖြစ်မယ် ။ ထုံးစံအတိုင်း ထယ်ယောင်းရယ် အစ်ကို
ဆော့ဂျင်ရယ် အစ်ကို ဟိုဆော့ရယ်နဲ့ပေါ့ ။ ငါကျ
တော့ရော ? ဘယ်တော့များမှ သူနဲ့အတူကခွင့်ရမှာ
ပါလိမ့်နော် ? "
ဂျီမင်းက သက်ပြင်းချကာ ရေတွေကို ထပ်မော့သောက်လိုက်သည် ။
" အခုဆို တစ်လနီးပါးရှိတော့မယ် ။ ငါတို့ ရင်းတောင်
မရင်းနှီးသေးဘူး ။ သူ သတိထားမိအောင် ဘယ်လို
လုပ်ရင် ကောင်းမလဲ ? "
ရေဘူးကို ရေခဲသေတ္တာထဲ ပြန်ထည့်ရင်း ဖုန်းကို
ဖွင့်ကာ ဗီဒီယိုကို ထောက်ကြည့်လိုက်သည် ။
" ဟာ ... ချီး !!!!! ငါက ဘာဖြစ်နေတာလဲ ? "
ဗီဒီယို ကို သေချာ ကြည့်ကြည့်မှ ဂျောင်ကုတို့ ကနေ
ကြတဲ့ အနောက်ဘက်မှာ ဂျီမင်း တစ်ယောက်တည်း
ယောက်ယက်ခတ်နေသည် ။
" အမလေး အမလေး ဒါက ဘာဖြစ်နေတာလဲ ???
ပတ်ဂျီမင်းရယ် ထိုင်ကြည့်ပြီး အားရပါရ အော်လိုက်
ရယ်လိုက် လက်မတွေကလည်း တစ်ထောင်ထောင်နဲ့
ဖြစ်ပျက်နေတာ မင်း အရှက်ကို မရှိဘူးလား !!!! "
ဂျီမင်းက ကိုယ့်ကိုကိုယ် ပြန်ကြည့်ရင်း စိတ်ညစ်နေ
မိသည် ။
" သူတော့ သတိထားမိလား မထားမိလား မသိပါ
ဘူး ။ ငါ့ရဲ့ အရှက်ကတော့ ဗြန်းဗြန်းကွဲနေပါပြီ "
ဂျီမင်းက ဖုန်းကို ထမင်းစားပွဲပေါ် တင်ကာ ထိုင်ခုံမှာ
ငူငူငိုင်ငိုင် ဝင်ထိုင်လိုက်သည် ။
" ဟီး ... ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး ငါက ဂျောင်ကု
အတွက်ဆို အရှက်ကို မရှိတာ ။ ရှိကို မနေတော့
ဘူး ။ ရှိစရာလည်း ကုန်ပြီ "
ဂျီမင်းက ခပ်တည်တည်နဲ့ ဖုန်းကို ပြန်ကောက်ကိုင်
ကာ ဂျောင်ကု ဗီဒီယိုအောက်မှာ မှတ်ချက်တစ်ခု
ဝင်ရေးလိုက်သည် ။
စားပဲ ... ခိခိ >
" သိပ်တော်တဲ့ ငါကွ !! သူ့ကို ငါအများကြီး ဂရုစိုက်တယ်ဆိုတာ ပြန်ကြည့်ရင်း သိလောက်ပြီ ဟားဟား "
ပြောနေတုန်း Noti က ထပ်ဝင်လာသည် ။
ဂျောင်ကုက ဂျီမင်းရေးလိုက်တဲ့ မှတ်ချက်ကို ပြန်
ရေးလာခြင်းပင် ။
*ဒုန်း*
ဂျီမင်း ထမင်းစားပွဲကြီးကို လက်နဲ့ ရိုက်ချလိုက်ပြီး
လက်ကို ကိုက်ကာ အော်နေမိသည် ။
" ဘယ်လို !! ဘယ်လို !! သူက ငါရေးတာ ကို Reply
လုပ်တာလား !!!! "
ဒီချိန်ကြီးကို ဒီလောက်မြန်မြန် ပြန်ရေးလာမယ်
မထင်လို့ ရေးလိုက်မိတာကို ။
" ဘာများလဲ ? ရင်တွေခုန်လိုက်တာ ။ သတိထားမိ
သားပဲ လို့များ ရေးမလား ။ အား ... ငါ ဒီချိန် ထ
အော်ရင်လည်း အစ်ကိုက လာသတ်တော့မယ် "
ဂျီမင်းက မကြည့်ရသေးဘဲ ခုန်ပေါက်ကာ မြူးတူး
နေမိသည် ။
" ကဲ ! ဘာပြန်ရေးထားလဲဆိုတာ ကြည့်လိုက်ပြီ ။
ဟပ်ချလောင်း ! "
" ဟမ် ! ချီး !!!!!! "
ဂျီမင်းက ဖုန်းကြီးကို ပစ်ပေါက်တော့ မလိုပေမယ့်
ဒီတစ်လုံးပဲ ရှိသည်မို့ ပြန်ထိန်းထားလိုက်ရသည် ။
ထမင်းစားပွဲပေါ်ပဲ ပြေးတက်ရတော့မလိုလို ရေခဲ
သေတ္တာပေါ်ပဲ ပြေးခွရတော့မလိုလို အော်ကလည်း
အော်ချင်ပေမယ့် ညတစ်နာရီကြီး ဘယ်လိုမှ လုပ်
မရ ။
" စာတွေအရမ်းရိုက်နေရမယ် အချစ်လေးရယ် ။
အများကြီးကို စာပြန်နေတော့တာပဲ "
ဂျီမင်း က ခြေပစ်လက်ပစ် ကြမ်းပြင်ပေါ် လှဲချမိ
တော့သည် ။
" ဒီငနဲကို ဘယ်လိုလုပ်ရပါ့ ။ အာ ... သိပြီ ။ "
အကြောင်းတစ်ခုခုတော့ လမ်းကြောင်း ရှာရမှာပဲမို့
စာသွားပို့လိုက်ပြန်သည် ။
သွားပို့ပြီးမှ ဖုန်းကို ခုံပေါ် ပစ်ချလိုက်မိပြန်သည် ။
" အေးလေ ငါ့လည်း သောက်ဖတ်လုပ်ပြီး စာပြန်နေ
မှာလည်း မဟုတ်ပါဘူး ။ မနက်ဖန်လောက်မှ အိပ်ပြီ
ဆိုပြီး ပြန်ချင်ပြန်မှာ ။ "
ဖုန်းက စားပွဲပေါ်မှာ ဂွီခနဲ မြည်အောင် တုန်သွားတော့
ဂျီမင်း အံ့သြသွားသည် ။
" ဟင် ! သူ စာပြန်တာလား ? "
ဂျီမင်းက မယုံနိုင်သေးဘဲ ဖုန်းကို ကမန်းကတန်း
ကောက်ဖွင့်ကြည့်လိုက်သည် ။
" အား !!!!! အမေရေ ကျွန်တော် လူဖြစ်ပြီ ဟားဟား "
ဂျီမင်းရှိတဲ့လေ ။ အဲ့လိုခေါ်တာလေးကို ချစ်မိလိုက်
တာ ။ ဘာထူးဆန်းမှုမှ မပါတဲ့ နာမည်ကိုပဲ သူ ရိုးရိုး
ရှင်းရှင်းခေါ်သည် ။ ဒါပေမဲ့ ဘာကြောင့်များ ရင်ခုန်
စရာဖြစ်နေရတာလဲ ။
" ဂျီမင်း ရှိ တဲ့ ! "
အဲ့ဒီစာကို ဖတ်မိရင် အလိုလို ပြုံးမိလာသည် ။
ဒီလို အပြန်အလှန်လေး စာပို့လာပြီဆိုမှတော့ ပျော်
နေရုံတင် မပြီးသေးဘဲ ပြန်ပို့ရဦးမည်ဖြစ်သည် ။
ညဉ့်မနက်စေနဲ့ >
" အယ် နေဦး အသည်းလေး ထည့်လိုက်မယ် ဟိဟိ "
ညဉ့်မနက်စေနဲ့ ❤️❤️ >
စာပြန်တာက ချက်ချင်းပြန်တက်လာသည် ။
ပျော်နေတဲ့ အပျော်လေးပါ လေထဲလွင့်သွားအောင်
လုပ်ရက်သူ ပါပဲ ။
" အဲ့ မျက်နှာ Emoji သာ အပြင်မှာ တကယ်ရှိရင် ငါ
မရီလာမချင်း ရိုက်သတ်နေပါပြီ "
မကျေနပ်နေပေမယ့်လည်း နှုတ်ဆက်တဲ့ အနေနဲ့
နောက်ဆုံး ပို့လိုက်သည် ။
ဂျောင်ကုရှိ ! >
စာက ထပ်ပြီး ချက်ချင်း ဝင်လာသည် ။
" တွေ့လား !!!! ခေါ်ပြန်ပြီ အား !!! ငါပြေးသာကိုက်
လိုက်ချင်တယ် ဂျွန်ဂျောင်ကုရယ် "
လက်မထိန်းနိုင်သေးဘဲ နောက်တစ်ခု ထပ်ပို့မိပြန်သည် ။
" အင်း ဒီတိုင်းကောင်းပါ့မလား အာဘွားပေးတဲ့
Emoji လေးဆို အဆင်ပြေပါ့မလား ။ အရမ်းများပို
သွားမလား ။ ဒီလိုဆို ပိုကောင်းမယ် "
ပို့သာပို့လိုက်ရသည် ။ ကိုယ့်ဘာကိုယ်ပြန်ကြည့်ပြီး
ဘဝင်မကျ ။
" ပတ်ဂျီမင်း ရယ် ... အဲ့ မျက်စိထဲက အသဲပုံထွက်
နေတာက ဘာလဲ ? တောသားစတိုင်နဲ့ !! "
လိုင်းပေါ်မှာ ရှိနေတာပဲမို့လား ဂျီမင်းစာကိုပဲ စောင့်
နေသည်မို့လားတော့မသိ ။ စာက ချက်ချင်း ပြန်ဝင်
လာသည် ။
" ဟာ !!! အသည်းလေး ? အသည်း ? အား !!!!!
အသည်းပြန်ရတယ် အသည်းလေး ပြန်ရတယ် "
ဂျီမင်းက တစ်ယောက်တည်း မီးဖိုခန်းထဲမှာ ခုန်
ပေါက်ပြီး အော်နေမိသည် ။ ဘယ်ချိန်ကတည်းက
ရောက်နေမှန်း မသိဘဲ ငူငူကြီး ရပ်ကာ ကြည့်နေတဲ့
ဟိုဆော့ ကို မြင်မှ ကြောင်အမ်းအမ်းနဲ့ ရပ်သွားမိ
သည် ။
" အာ ... အစ်ကို ဘာလို့ ထလာတာလဲ ? "
လူကလည်း အိပ်ချင်မူးတူးနဲ့ လေသံက မကြည် ။
" ထလာတာမဟုတ်ဘူး ။ နိုးလာတာ ။ ဘယ်နှယ့် !
မီးဖိုခန်းထဲမှာ ခုန်ပေါက်နေတာ ဇလုံတွေ အိုးတွေ
တဂွမ်ဂွမ်မြည်နေတယ်ဟေး !!!! "
ခုဏက ခုန်ရင်း ပေါက်ရင်း တိုက်မိ တွန်းမိတယ်
ထင်ပါရဲ့။
" အာ ! အစ်ကို တောင်းပန်ပါတယ် "
ဟိုဆော့က ဘာမှမပြောပဲ မျက်ထောက်ကြီးနဲ့ ကြည့်
သာကြည့်နေသည် ။
" ဟီး အစ်ကိုကလည်း လာပါ ... ကျွန်တော် ကိုယ်
တိုင် ပြန်ချော့သိပ်မယ် "
" ညတစ်နာရီကြီးကွာ မင်းတော့ ... ! "
ဟိုဆော့က မျက်စောင်းကြီးနဲ့ ကြည့်နေတာ ပြာကျ
မလားတောင် ထင်ရ ။
" လာပါ ... လာလာ ... ကျွန်တော့် အစ်ကို ကျွန်
တော်က သေချာ ချော့သိပ်မှာ "
ဟိုဆော့ ပုခုံးကို ဖက်ကာ အခန်းထဲ အတင်းပြန်
ခေါ်သွားရင်း အဆင်ပြေသွားသည် ။
သူပြန်ပို့တဲ့ အနီရောင် နှလုံးသား လေးဟာ သူ့နှလုံး
သား တစ်ခုလုံးကိုပဲ ရလိုက်သလို ခံစားနေရသည် ။
ရင်တဖိုဖိုနဲ့ တဒိတ်ဒိတ် ခုန်လာသည် အထိလည်း
နှလုံးသားကို စာတစ်စောင်နဲ့ ဆွဲကိုင်ရမ်းနိုင်သည် ။
Advertisement
- In Serial23 Chapters
Ban All Singles
Wen Qiuxing, a straight male bachelor who traveled to the interstellar age, was notified by the empire to pick up his spouse at the civil affairs office within a week. Wen Qiuxing happily went there, he fantasized that he would get paired with a beautiful girl, but he came back with a handsome man who had blue eyes and was 1.9 meters tall! In order to abide by the marriage rules of the empire, the straight male earth man and the alien handsome guy lived intimately together. Immediately afterwards, he learned that his partner was a fine one, and his other identity was that he was the majesty of the empire. The problem was that his partner was dedicated to erase his own royal identity!
8 887 - In Serial43 Chapters
My Brother's Best Friend
Falling in love never scared Maddie Davis until she fell for the one boy she swore to stay away from forever. ********* Maddie Davis has been in love with her brother's best friend, Cameron Holden since she was in the sixth grade. They used to be best friends too until he got into high school and became a version of himself she didn't even recognize. Everyone said he was a shoo-in for the NFL, and he let it get to his head. Right before high school started, he worked out until he was built like a sculpture, he got rid of his braces, and suddenly the girls fell at his feet. But that was fine because her middle school crush faded. And besides, even if she did think he was hot, Cameron wasn't someone she could go for even if she wanted to. Unless of course, she found herself wound up with him in a closet during a game of blind seven minutes -- a closet so tiny and secretive that she would finally be able to act on the feelings she's tried so desperately to hide. But what were the odds of that happening?This is book ONE of three:My Brother's Best FriendIn Five YearsThe Perfect Timing Content warning: This story contains mature sexual content and themes of bullying, sexual assault, violence, and explicit language.
8 3832 - In Serial30 Chapters
The Alphas Unknown Daughter | ✓ (Rewritten)
COMPLETED Two teenagers, a party and the unmistakeable mate pull, but what happens when it follows with a steamy night and a rejection the next day? Then only a month later, you discover a surprise which would change your life forever? In Lara's case, she decides to keep her baby a secret only to accidentally bump into her mate four years later.No copyright intended for photos - all credit goes to the owner.
8 371 - In Serial58 Chapters
An Idol is my Sasaeng?! | Min Yoongi
After visiting a fansign event of BTS your whole life has changed. Since that day someone started to stalk you, but you had no idea who it was..."If you don't want to listen, find out the hard way."________________________________________________Warning: May contain strong language and mature content________________________________________________Yandere x reader _Highest rankings:.#01 fansign#01 stalker#01 sasaeng#01 yoongixreader #01 sugaxreader#01 agustd #01 stalking#01 yanderexreader#02 yoongi#07 bangtan#08 kpop#01 yandere#01 english#01 kpopidols#10 bts#04 reader#20 fanfiction
8 215 - In Serial103 Chapters
Rescue My Drowning Heart | COMPLETED
|Bad Boy|"Could you take care of a broken soul?"-Jess GlynneBlaze Xander is alluring, attractive, and severely charming. All the girls at Homewood University are dying to be in his arms. But what they don't know is: a traumatic and painful past has landed him with the issue of Sociopathy(ASPD) which means he's unable to feel emotions like love or attachment. On the flipside, he's heartless, apathetic, and cunning; severely manipulative and deceiving. He's obsessed with acquiring anything he lays his eyes on and won't stop until he gets it. When he sees shy and tiny first-year, Harmony Skye, the 'demons' inside him instantly becomes attracted to her angelic aura. But for Blaze Xander 'attracted' is never anything good.Harmony Skye is a shy freshman. She has never had an intimate relationship before, and due to being sheltered all her life, interaction with the opposite sex makes her a bit anxious. When she meets Blaze, his outgoing and adventurous personality intrigues her. Harmony is unaware that this handsome second-year is out to get her, for impure reasons that she's too innocent to decode. And what she also doesn't know is that getting close to this empty creature could hurt her in the most emotionally detrimental way.|Sociopathy-Sociopathy refers to a pattern of antisocial behaviors and attitudes, including manipulation, deceit, aggression, and a lack of empathy for others. (Taken from PsychologyToday.com)|Rankings#5- teenfiction (26/10/2022)#1- badboygoodgirl (04/02/2021)#1- rising (13/1/2021)#1- college romance (25/10/2020)#1- college student (25/10/2020)#2- teen romance (18/11/2020)#8- bad boy (19/11/2020)#33- teen fiction (19/11/2020)#164- chicklit (26/10/2022)#82- Romance (28/10/2022)|Copyrighted JIPO.LTD.⚠️This book is heavily copyrighted, hence no plagiarism is allowed.
8 208 - In Serial30 Chapters
The Villainess just don't care ~
Choi Heun, a workaholic living in Korea, died before getting her dream promotion. She was isekaid by the ogreat trucksama to a novel which she had read when she was in highschool.She was isekaid as the villainess, Salvarina Salvair, who was supposed to be dead."Oh well.. I don't remember much of the contents anyway.. I'll just live this life the way I love "And that's how our heroine became the villainess who just don't care.*Drawing used as the book cover isn't mine, credits to the rightful owner. Also all the pictures used is either from pin interest or Google and I do not own them. *Enjoy reading! And don't forget to vote and comment if you like the story.
8 201

