《Dancing On Your Heartbeat • Kookmin || Completed ||》- 3 -
Advertisement
ဟိုဆော့က အိမ်တံခါးကို အသာလေး ဖွင့်ကာ အခန်း
ထဲသို့ ခြေသံဖွဖွနဲ့ ဝင်လာသည် ။
အကြောင်းရင်းကတော့ အချိန်က ၁၂ နာရီ ထိုးနေပြီး
ဂျီမင်း တစ်ယောက် အိပ်မောကျနေလောက်ပြီမို့ ခပ်
တိုးတိုး ဝင်လာတာ ဖြစ်သည် ။
လွယ်ထားသော အိတ်လေးကို ကုတင်ဘေး အသာ
အယာ ချပြီး ခြေဖွဖွနင်းကာ ခြေလက်ဆင်းဖို့ ပြင်
လိုက်သည် ။
" အစ်ကို ဟိုဆော့ ! "
" အာ ... မြတ်စွာဘုရားတွေ ကြွကုန်ပြီ !!!!!! "
ဟိုဆော့ က ဂျီမင်း အိပ်နေပြီ ထင်သောကြောင့် တိုး
တိုး လာခြင်း ဖြစ်သော်လည်း ဂျီမင်းက ရုတ်တရက်
နာမည်ကို ထခေါ်လိုက်တာကြောင့် ဟိုဆော့ ခမျာ
လန့်ဖြန့်ကာ အိတ်ကြီး ဘေးပစ်ချပြီး ထခုန်သည် ။
" ဘယ်လိုဖြစ်တာလဲ အစ်ကိုရယ် ဟိဟိ "
" အေး ရီနေလိုက် ... ငါက မင်းအိပ်နေပြီထင်လို့
ကွ ။ ခုထိ မင်း မအိပ်သေးဘူးလား ? "
" အင်း အစ်ကို့ ကို ပြောစရာရှိလို့ "
ဂျီမင်းက အိပ်ရာကနေ ငေါက်ခနဲ ထထိုင်ကာ ပြော
လိုက်သည် ။
" ဟာ ထပ်ပြောစရာရှိပြန်ပြီလား ။ အခု ချက်ချင်း
လား ? နောက်နေ့မှ ပြောလဲရတာကို ။ "
" မဟုတ်ဘူး ။ အခုပဲ ပြောချင်တာ ! "
" အေး ဒါဆိုလည်း ပြောကွာ ... "
" ဟို ဒီနေ့ ဂျောင်ကု က ကျွန်တော့် ကို နှုတ်ဆက်
တယ် သိလား ? "
" ဟမ် !!!! မဟုတ်မှ အဲ့ဒါ ပြောဖို့ စောင့်နေတာလား "
ဂျီမင်းက ပြုံးပြုံးကြီးနဲ့ ပြောလာတော့ ဟိုဆော့က
အတော် အံ့သြသွားသည် ။
" မဟုတ် ... မဟုတ်ပါဘူး ။ ဟိုဟာ ဟိုဟာ ... အစ်ကို
နဲ့ သူနဲ့ ပြိုင်မယ့်ပွဲလေ ကျွန်တော်လည်း လိုက်ကြည့်
လို့ ရတယ်တဲ့ ။ ထယ်ယောင်း နဲ့ အစ်ကို ဆော့ဂျင်က
အဲ့လို လာပြောတယ် ။ "
" အာ အဲ့တာလား ? မဟုတ်ရင်တောင် ငါကလည်း
မင်းကို ခေါ်မှာပါကွ ။ မင်းရှိတော့ ငါလည်း အားပေး
ရတာပေါ့ "
ဟိုဆော့က ဂျီမင်း ပုခုံးကို ပုတ်ကာ ပြောလာသည် ။
" ဂျောင်ကု နဲ့ အစ်ကို နဲ့ ပြိုင်မယ့် Team နာမည် က ဘာလဲ ? "
" Double J တဲ့ မိုက်တယ်မလား ? ဂျောင်ဟိုဆော့နဲ့
ဂျွန်ဂျောင်ကုလေ ..."
ဟိုဆော့က မျက်လုံးပင့်ကာ မော်ကြွားကြွားပုံ ဖမ်း
လိုက်သည် ။
" အာ ... မိုက်တယ် "
ဂျီမင်းက ဟိုဆော့ ပြုံးသွားတာကို ကြည့်ရင်း
သဘောကျနေမိသည် ။
" ဒါနဲ့ ဒီနေ့ ကျွန်တော် အစ်ကိုတို့ လေ့ကျင့်နေတာကို
ကြည့်ရင်း တော်တော် အားကျမိတယ် ။ သေချာ
ပေါက်သိနေပြီ ။ ဆုက အစ်ကို တို့ပဲရမှာ ... "
" အမယ် မြှောက်နေပြန်ပြီ ။ ဟိုမှာလည်း ငါတို့ ဘယ်
လိုလူတွေနဲ့ ပြိုင်ရမယ် ကြိုမသိဘူးကွ ။ သူတို့လည်း
တကယ့်ဆရာကြီးတွေ ။ ကြောက်ရတယ် "
" အာ အစ်ကိုက အဲ့ဆရာကြီးတွေထက် ဆရာ့ ဆရာ
ပိုကျပါတယ် "
ဂျီမင်းက ဟိုဆော့ကို အမူအရာ အမျိုးမျိုးနဲ့ ပြော
ကာ မြှောက်နေသည် ။
" အရူးကောင်လေး ။ အပျော်တွေ လွန်ပြီး ငါ့ကို
လာမြှောက်မနေနဲ့ ။ မြန်မြန်အိပ်တော့ ! "
ဂျီမင်းက ဟိုဆော့ စကားကြောင့် ကြောင်သွား
သည် ။
" ဟမ် ! ကျွန်တော်က ဘာကို အပျော်လွန်ရမှာ ? "
" အောင်မာ ငါ မသိတာကျနေရော ။ မင်းကို ဂျွန်
ဂျောင်ကု က နှုတ်ဆက်လိုက်လို့ ပျော်နေတာ
မလား ။ ဟုတ်တယ်မလား ? "
ဂျီမင်းက ပါးတွေ ဖြန်းခနဲ ရဲတက်လာပြီး ရှက်
သွားသည် ။
" အာ ... အဲ့ဒါက ဘယ်လိုပြောရမလဲ ? သူက ဘယ်
သူနဲ့မှ ရောရောနှောနှော မနေတတ်တဲ့သူ ဆိုတော့
ရုတ်တရက် ကျွန်တော့်ကို စကား ပြန်ပြောလိုက်တာ
က ဘဝင်မြင့်ချင် သလို ဖြစ်သွားတာက လွဲပြီး တစ်
ခြား ဘာမှ မဟုတ်ပါဘူး ။ "
ဂျီမင်းက ဂုတ်ပိုးကို ရဲလာသည်ထိ ပွတ်နေမိသည် ။
" အဲ့ ခံစားချက် ကိုသိပါတယ်နော် ။ ငါတို့ အရင်
သင်တန်းသား ဘဝကလည်း ဒီလိုပါပဲ ။ ဂျောင်ကု
ကို စတွေ့တုန်းကဆို စကားတောင် မပြောရဲကြဘူး ။
သူကလည်း တည်တည်ပဲ နေတတ်တာကို ။ "
" အင်း ... ရင်းနှီးတဲ့သူတွေနဲ့တောင် မျက်နှာတည်
နေတတ်တာ ... "
" ဘယ်လောက်တော်အောင် လေ့ကျင့်လေ့ကျင့် သူ့
ဆီက ' တော်တယ် ' လို့ ပြောတာ ကြားရခဲတယ် ။
ကြားကို မကြားရတာကွာ ။ ဒါပေမဲ့ သူ နဲ့အတူ တွဲ
ကဖို့ ခေါ်ခံရရင်တော့ အဲ့တာ တော်တယ် လို့ ပြော
လိုက်တာနဲ့ တူတူပဲ ။ "
" အစ်ကိုနဲ့ အတူတူ ဟိုနေ့က ကနေတာလေ ... "
" ငါကတော့ အဲ့မှာလည်း ကြာနေပြီဆိုတော့ မထူး
ဆန်းပါဘူး ။ ရိုးရိုး သင်တန်းသားထဲက သူခေါ် က
တာ အခုနောက်ပိုင်း ငါမတွေ့သေးဘူး ။ "
ဂျီမင်းက ဟိုဆော့ ပြောနေတာကို စိတ်ဝင်တစား
နားထောင်နေမိသည် ။
" သူ့ SNS Acc မှာပါ သူနဲ့ အတူတွဲ က ခံရတဲ့ ဗီဒီယို
ကို သူတင်ထားရင်တော့ ထီပေါက်တာ ထက်တောင် ပိုပျော်တတ်ကြတာလေ ။ အဲ့ကောင်က အဲ့လို ဆန်း
ရှိတယ် "
ဟိုဆော့ ကပြောရင်း ရယ်လိုက်သည် ။
" သူ့ SNS Acc က ဘာလဲဟင် ? "
Advertisement
" Instagram တော့ သူသုံးတယ် ။ ငါမင်းကို ပြ
မယ်လေ "
ဟိုဆော့က ဖုန်းကို ယူပြီး ဂျောင်ကု SNS Acc ကို
ပြသည် ။ ဂျီမင်းက ဂျောင်ကု Acc ကို ကြည့်နေရင်း
နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်ပြီးနောက် ဆုံးဖြတ်ချက်
တစ်ခုကိုလည်း အပီအပြင် ချလိုက်မိသည် ။
" အဲ့ဒီ သူ့ SNS Acc မှာ ကျွန်တော် တစ်နေ့ပါလာ
စေရမယ် "
" ဖြစ်နိုင်ပါတယ်ကွာ ဂျီမင်း ... သေချာပေါက်
ပါအောင်လုပ်နော် "
ဟိုဆော့က ဂျီမင်းခေါင်းကို ဖွဖွ ပုတ်လိုက်ပြီး
ထွက်သွားသည် ။
ဂျီမင်းက တစ်သီးတစ်သန့် တည်ရှိနေတဲ့ ဂျောင်ကုရဲ့
SNS Acc လေးကို မျက်စိမခွာ ကြည့်နေမိပြီး ပြုံး
နေမိသည် ။
သူပြုံးပြလိုက်တဲ့ အပြုံးတွေ အောက်ကျရှုံးသွားတဲ့
အဲ့ဒီနေ့ နောက်ပိုင်း အချစ် ဆိုတာ ဘာလဲလို့ သေချာ
သိလိုက်ရပါတော့သည် ။
//
အကပြိုင်ပွဲနေ့ ရောက်လာသည်မို့ ပွဲထဲမှာ လူတွေ
ရုတ်ရုတ်သဲသဲ ဆူညံနေသည် ။
ဂျောင်ကု ရယ် ဟိုဆော့ ရယ်က Stage နောက်မှာ
ပြင်ဆင်နေတာကြောင့် အားပေးဖို့ Dance class က
လူတွေ တစ်ပြုံကြီး ဝင်သွားကြသည် ။ ဂျီမင်းလည်း
အပါအဝင် ဖြစ်သည် ။
ဝင်ဝင်ချင်းမှာတင် Shirtless နဲ့ ဂျောင်ကု ကို တွေ့
လိုက်ရတာကြောင့် ဂျီမင်းက မျက်လုံးကို သူနဲ့ ဝေး
ရာသို့ ဆတ်ခနဲ ပို့လိုက်သည် ။ Muscle တွေ အပြည့်
နဲ့ တောင့်တင်းနေတဲ့ ခန္ဓာကိုယ်က ဂျီမင်း ရင်တွေကို
အလွန်အမင်း ပေါက်ထွက်မတတ် ခုန်လာစေသည် ။
ဂျီမင်ူက လှစ်ခနဲ ဟိုဆော့ဘေးကိုသာ ခပ်မြန်မြန်
သွားလိုက်သည် ။ ဟိုဆော့ကတော့ အားလုံးပြင်
ဆင်ပြီး ၊ ဝတ်ထားပြီးသား ဖြစ်နေသည် ။
" အစ်ကို ဟိုဆော့ ! "
" အင်း ရောက်လာပြီလား "
" အစ်ကို ... သူက ဘာလို့ အဲ့လိုကြီိး ချွတ်ထားတာ
လဲ ? "
ဂျီမင်းက ဂျောင်ကုကိုလည်း စေ့စေ့မကြည့် ။
" ချွတ်ထားတာ မဟုတ်ဘူးလေ ။ ဝတ်မလို့ လုပ်နေ
တာလေ ။ မင်းကလည်း တွေးမှတွေးတတ်တယ် "
ဂျီမင်းက ပါးတွေ ရဲကာ ရှက်သွေးဖြာလာပြန်သည် ။
ဒါကြောင့်ပဲ စကားလမ်းကြောင်း အမြန်လွှဲလိုက်ရ
တော့သည် ။
" အစ်ကိုတို့ အလှည့်က ဘယ်တော့လဲ ? "
" ခုရယ် ... နောက်တစ်ဖွဲ့ရယ် ပြီးရင် ငါတို့ပဲ "
" အား ... ကျွန်တော် ရင်တွေခုန်လိုက်တာ အစ်ကို
ရာ ... "
ဂျီမင်းက ရင်ဘတ်ကို သူ့ရဲ့ လက်သေးသေးလေး
တွေနဲ့ ဖိထားကာ ပြောနေသည် ။
" ဘာလို့တုန်း ? "
" မသိဘူး အစ်ကိုတို့ အစား ရင်တွေခုန်တယ် "
ဟိုဆော့က ဂျီမင်းအနားကို ကပ်လာကာ ခပ်တိုးတိုး
ဖြင့် ပြောလိုက်သည် ။
" တကယ်တော့ ငါလည်း နည်းနည်းခုန်တာပေါ့ကွ ။
ဂျောင်ကု နဲ့တူတူ ကရမှာဆိုတော့ ပိုရင်ခုန်နေတယ် "
" အစ်ကို ကောင်းကောင်းလုပ်နိုင်မှာ သိတယ် ။ "
" ကျေးဇူးပဲ ပိစိရာ ! "
" ဟာ ... ဘာပိစိလဲဗျ !? "
ဂျီမင်းက နှုတ်ခမ်း မသိမသာ ထော်လာကာ မကျေ
မနပ်နဲ့ ပြောနေသည် ။ ဟိုဆော့ကတော့ ဂျီမင်းကို
ကြည့်ကာ ရီနေသည် ။
" ပိစိမို့ ပိစိ ပြောတာလေ ... "
" ဟာဗျာ ... အစ်ကိုရာ ။ မနောက်နဲ့ ! "
ဂျီမင်းက မျက်စောင်းတကဲကဲနဲ့ လုပ်နေတော့ ဘေး
က မြင်တဲ့ ဂျောင်ကုက အသာအယာ ပြုံးမိသည် ။
" အစ်ကို အလှည့် ရောက်တော့မှာမလား ။ ကျွန်
တော် အပြင်မှာ အားပေးနေမယ်နော် ။ သေချာ
လုပ်နိုင်မှာတော့ သိတယ် "
" ကျေးဇူးကွာ ! "
ဂျောင်ကု ဘေးနားမှာရှိနေတဲ့ အကသမား လူအုပ်နဲ့ပဲ
ဂျီမင်းက ဝင်တိုးမရတာကြောင့် နှုတ်လည်း မဆက်
ခဲ့ရပါ ။
ပွဲကြည့်ခုံတွေထဲမှာ ဝင်ပြီးနေရာယူလိုက်တဲ့ ဂျီမင်း
ရယ် ထယ်ယောင်းရယ် ဆော့ဂျင်ရယ် ။
ဟိုဆော့တို့ ထွက်လာမယ့် အလှည့်ကို စောင့်နေရင်း
ရင်တွေဟာ ဆက်တိုက် ဆိုသလို ခုန်လာသည် ။
" စိတ်လှုပ်ရှားလိုက်တာ ! အခု သူတို့ အလှည့်ပဲ "
ဂျောင်ကုနဲ့ ဟိုဆော့က Stage ပေါ်ကို ဖြည်းဖြည်း
ချင်း တက်လာနေကြသည် ။
Stage ပေါ်မှာ နေရာယူပြီးသား ဖြစ်နေတဲ့ သူတို့
နှစ်ယောက်ကို ကြည့်ရင်း ဂျီမင်းက လက်ဖျားတွေ
အေးစက်လာတာကြောင့် လက်နှစ်ဖက်ကို ထပ်
လျက် ဆုပ်ကိုင်ထားလိုက်သည် ။
Stage ပေါ်မှာ တစ်ခြားလူလိုမျိုး ပြောင်းလဲသွား
သည်ဟု ထင်ရအောင် Music နဲ့ အတူ စီးမျောပါ
နေကြသည် ။ သူတို့ က နေတာဟာ ပြိုင်ပွဲဝင်နေ
တာနဲ့ မတူလောက်အောင် ပေါ့ပါး လွန်းသည် ။
" ဒါက လုံးဝ Professional ပဲမလား ?! "
အားလုံးက Choreography ရဲ့ Main Point တွေ
တိုင်းမှာ လက်ခုပ် တဖြောင်းဖြောင်းနဲ့ အော်ဟစ်
အားပေးကြသည် ။
ဂျီမင်းရဲ့ အာရုံကတော့ ဂျောင်ကုဆီမှာ ဖြစ်သည် ။
တစ်ချိန်တည်းမှာပဲ Sexy လည်း ဖြစ်ပြီး ယောကျာ်း
ပီသနေပြန်သည် ။
" ဒီလောက်ဆို သူက လူရော ဟုတ်ရဲ့လား ? "
ဂျီမင်းက တစ်ယောက်တည်း ခပ်တိုးတိုး ရေရွတ်
မိသည် ။
Face expression ကို အမျိုးမျိုးပြောင်းပြီး ဖျော်ဖြေ
နေတဲ့ Dancer တစ်ယောက်ပဲ ဖြစ်သည် ။
ကြည့်နေရင်းကို ပြီးလို့ပြီးသွားမှန်းတောင် မသိလိုက်
မိဘဲ ဂျောင်ကုကိုသာ မျက်တောင်မခတ် လိုက်ကြည့်
နေမိသည် ။
Stage ပေါ်မှာ တောက်ပနေတဲ့ သူ့ကို ဘယ်အရာနဲ့မှ
မလဲနိုင်အောင် ငေးကြည့်နေချင်မိသည် ။ မောလို့
ဖောင်းလိုက်ပိန်လိုက် ဖြစ်နေတဲ့ ရင်အုပ်ကျယ်ဟာ
ခိုဝင်ချင်စရာ ။
Advertisement
နှုတ်ဆက်ကာ ပြုံးပြပြီး Stage ပေါ်က ဆင်းသွားပုံ
ကအစ အချိန်တိုင်း ရင်ခုန်နေချင်စရာ ။
" ဂျီမင်းရေ ဂျီမင်းရေ ဂျီမင်းရေ !!! "
ထယ်ယောင်းက ဂျီမင်းကို ဘေးက အတင်းလာ
ခေါ်နေသည် ။
" ဟမ် ? "
" ငါတို့ Backstage ကို သွားမယ်လေ လာ ... "
" မင်း ဘာကြောင်နေတာလဲ ? ကတာ အရမ်းမိုက်
ကြောင်း သွားပြောကြမယ်လေ ။ လာ ... "
ထယ်ယောင်းနဲ့ ဆော့ဂျင်က ဖျော်ဖြေမှုထဲ နစ်မျော
နေတဲ့ ဂျီမင်းကို ကယ်ထုတ်လာရသလိုပင် ။
" အော် အင်း အင်း ! "
Backstage ကို ရောက်သွားတော့ ထင်တဲ့အတိုင်း
ဂျောင်ကု ဘေးနားမှာ ဘယ်လို တော်ကြောင်း မိုက်
ကြောင်း ဝိုင်းပြောနေသော သူတွေ တစ်ပုံကြီး ရှိနေ
တာမို့ ဒီလူတွေကြား ဂျီမင်း မသွားချင်ပါ ။
ချီးကျူးဖို့လည်း မလိုတော့အောင် လူတွေက ချီး
ကျူးနေကြပြီမို့ ဂျီမင်းရဲ့ ချီးကျူးမှုကလည်း အရေး
ပါလောက်တော့မည် မဟုတ် ။
ဂျီမင်းက ဟိုဆော့ ဆီကိုပဲ ထပ်ဦးတည်လာရင်း သူနဲ့
ပဲ စကားပြောဖို့ စဉ်းစားလိုက်သည် ။
" အစ်ကို !!!! "
ဂျီမင်းက ဟိုဆော့ကို ပြေးကာ ဖက်လိုက်သည် ။
" ဟင် ရုတ်တရက်ကြီး ဘာဖြစ်လာတာလဲ ? "
" အရမ်းတော်တယ်လို့ အများကြီး တော်တယ်လို့ ။
တကယ်ကြီး !!!! "
ဂျီမင်းက ဟိုဆော့ကို ဖက်ထားလျက် အချွဲလေး
လုပ်နေသည် ။ ဒါကိုလည်း ဘေးက ဂျောင်ကုက
မြင်ကာ တစ်ချက်လှမ်းကြည့်လိုက်သည် ။
" ငါ့ကို လာမြှောက်နေတာလား ပြော ။ မင်း ငါ့ကို
တောင် ကြည့်နေရဲ့လား ? "
" ကြည့်ပါတယ် ။ တကယ်ပါ ... အစ်ကိုက တကယ်
မိုက်တာ ။ အစ်ကိုတို့ပဲ ဆုရမှာ "
" ဒါဆို ဂျောင်ကုရော မမိုက်ဘူးလား ? "
ဟိုဆော့ရဲ့ ရုတ်တရက်ဆန်တဲ့ မေးခွန်းကြောင့်
ဂျီမင်း ကတုံ့ခနဲ ရပ်သွားသည် ။
" သူကတော့ နည်းနည်း ... နည်းနည်း ... ပိုမိုက်
တယ်လေ "
" ဘာ ?! "
" ဟီး စတာပါ ... "
နမ်ဂျွန်က Backstage ကို ရုတ်တရက် ဝင်လာကာ -
" ကလေးတွေ ဆုကြေညာတဲ့ အခါကျရင် ဒီမှာပဲနေ
ပြီးတော့ ပြီးရင်တူတူ စု ဓာတ်ပုံရိုက်ကြမယ် ။ "
အားလုံးရဲ့ အာရုံက နမ်ဂျွန့်ဆီကို ရောက်သွားကြပေ
မယ့် ဂျီမင်းက ဘေးက ဂျောင်ကုဆီကို လှမ်းကြည့်
လိုက်သည် ။ ဂျောင်ကုကလည်း ပြန်ကြည့်ရင်း ခဏ
တာ မျက်လုံးချင်း ဆုံသွားကြသည် ။
" အင်း ဟို ... အစ်ကို ! "
ဂျီမင်းက မျက်စိလွှဲလိုက်ကာ ဟိုဆော့ကို စကားစ
လိုက်သည် ။
" အစ်ကို ဆုရရင် ပျော်မှာမလား ။ အစ်ကိုတို့ပဲ
ရမှာ တကယ် ကျိန်းသေတယ် "
" အမလေး မင်းက အဲ့လောက်ကြီး ပြောနေတော့
နေတောင် မနေတတ်တော့ဘူး "
ဂျီမင်းက မျက်လုံးလေးတွေ ပိတ်သည်အထိ ရီကာ
ခန္ဓာကိုယ်ကလည်း ရှေ့နောက် ယိမ်းနေသည် ။
ဂျောင်ကုက ဂျီမင်းဆီ ဘာရယ်မဟုတ် အာရုံရောက်
နေကာ ကြည့်နေမိသည် ။
" တကယ်ပဲ ချစ်စရာကောင်းအောင် ဘယ်လို ရီနေ
တာလဲ ? "
//
ဆုကြေညာမယ့် အချိန်မှာ ခန်းမ တစ်ခုလုံးက အပ်
ကျသံတောင် မကြားရအောင် တိတ်ဆိတ်နေသည် ။
ဂျီမင်းရဲ့ ရင်ခုန်သံတွေဟာ ပေါက်ထွက်တော့မလို
ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကြားနိုင်လောက်
အောင် နှလုံးခုန်သံက ကျယ်လောင်စွာ ခုန်နေမိ
သည် ။
Winner is "DOUBLE J" ဆိုတဲ့ အသံဟာ ခန်းမတစ်
ခုလုံး ဟိန်းကာ ပြန့်သွားသည်နှင့် တစ်ပြိုင်တည်း
အားပေးသံ အော်ဟစ်သံတွေဟာလည်း အုန်းအုန်း
ကြွက်ကြွက် ထွက်လာသည် ။
မှန်းထားသည့်အဖြေနဲ့ အနိုင်ရသူဟာ ကွက်တိဖြစ်
တော့ လက်ခုပ်သံတွေဟာ မိုးထိ ကြားမလားတောင်
ထင်ရအောင် ဟိန်းထွက်လာသည် ။
ဂျီမင်းက ခုန်ပေါက်အော်ဟစ်ကာ ဘေးက ထယ်
ယောင်းရယ် ဆော့ဂျင်ရယ်နဲ့ အတူ ဝိုင်းကြီး ပတ်
ပတ် လုပ်လိုက်ကြသေးသည် ။
" ငါတို့ အဖွဲ့ အမိုက်ဆုံး !!!!! "
ဂျီမင်းအတွက်တော့ ပျော်စရာ ရပ်ဝန်းငယ်လေး
ဖြစ်နေတော့သည် ။
//
ဂျီမင်းက အရှေ့နဲ့ အနောက် Stage နဲ့ မတူအောင်
အနောက်ရောက်လျှင် ငြိမ်ကျသွားတတ်သည် ။
Backstage က Trainee သမားတွေဟာ Stage ပေါ်
ပြေးတက်သွားပြီး ဆုကိုင်ကာ ဓာတ်ပုံရိုက်နေကြတဲ့
ဂျောင်ကုနဲ့ ဟိုဆော့ ကို မြှောက်ချီလိုက် ပစ်တင်
လိုက် လုပ်နေကြသည် ။
Stage နောက်ရဲ့ အောက်ဘက်မှာ ကျန်ခဲ့တဲ့သူဆိုလို့
ဂျီမင်းရယ် နမ်ဂျွန် ရယ် သာရှိသည် ။
" မင်းက မတက်သွားဘူးလား ? "
ဂျီမင်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည် ။
" ကျွန်တော်လား ? ကျွန်တော့်လို ပိစိလေးက သူတို့
ကို မြှောက်ချီနိုင်မှာမို့လား ? "
" အဲ့လိုမဟုတ်ဘူး ။ မင်းလည်း ဂုဏ်ပြုစကားသွား
ပြောသင့်တယ်လေ "
ဂျီမင်းက ခေါင်းကို ငုံ့ထားလိုက်သည် ။
" တကယ်တော့ ကျွန်တော် ... ကျွန်တော် ... အမှန်
တော့ အားငယ်မိသလို ခံစားရတယ် ။ ဒီကိုလည်း
ရောက်တာ မကြာသေးဘူး ။ သူငယ်ချင်း တွေက
လည်း အရမ်းတော်ကြတယ်လေ ။ ဘူဆန်မှာတုန်း
ကတော့ ကျွန်တော့်ကိုယ် ကျွန်တော် တော်တော်
တော်လှပြီ ထင်နေတာ ။ ဒီရောက်တော့ ကျွန်
တော်က မြူမှုန်လောက်ပဲရှိတယ် ။ ကျွန်တော်
လေ ... လေ ... "
ဂျီမင်း စကားကို ဖြတ်ပြီး နမ်ဂျွန်က ပြောလိုက်
သည် ။
" ဂျီမင်း ! တစ်ချိန်ကျရင် မင်းလဲ ဒီလိုပဲ ဒီလို Stage
ပေါ်မှာ ဒီလိုလူတွေရဲ့ မြှောက်ချီတာကို ခံရမှာပေါ့ ။
တွေးကြည့် ! "
နမ်ဂျွန့် စကားကြောင့် ဂျီမင်း အများကြီး ပြုံးရီမိ
သည် ။ ဒါကြောင့်ပဲ Stage ပေါ်ကို အမြန်သွားကာ
ပြေးတက်လိုက်သည် ။
ဂျီမင်းလည်း Stage ပေါ် အတက် ဂျောင်ကုက လှည့်
လာ အကြည့်နဲ့ မျက်လုံးချင်းဆုံမိကြသည် ။ မျက်လုံးချင်း ဆုံနေမှတော့ ဘာမှမပြောဘဲ နေလည်း
မကောင်းတာမို့ ဂျီမင်းက အနားသွားကာ ပြောလိုက်
သည် ။
" ဂုဏ်ပြုပါတယ် ဆုအတွက် ! "
" အာ ကျေးဇူးပါ ! "
ဘာမှ ထွေထွေထူးထူး ပြောဖြစ်တာ မဟုတ်ပေမယ့်
လည်း ရင်တွေ ခုန်နေမိပြန်သည် ။
ဂျောင်ကုကလည်း ဂျီမင်းကို ကြည့်နေကာ ပြုံးပြ
သည် ။
သူ ပြုံးပြန်ပြီ ။ သူ့ရဲ့အပြုံးတွေက အရင်ကထက်
တောက်ပနေသည် ။ သူ ပျော်နေတာ မြင်ရတာ
လည်း စိတ်ချမ်းသာရသည် ။ သူပြုံးတာကို ကြည့်
ရင်း ကိုယ်ပါ ပြုံးမိသည်အထိ ။
" လာ .. လာ .. ငါတို့ တူတူ တစ်ဖွဲ့လုံး ဓာတ်ပုံရိုက်
ရအောင် "
နမ်ဂျွန်ကလည်း Stage ပေါ် တက်လာကာ နေရာ
ယူလိုက်သည် ။
ဟိုဆော့နဲ့ ဂျောင်ကုကို အလယ်မှာ ထားကာ ဘေးက
နေ ရံလိုက်ကြသည် ။ ဂျီိမင်းက နေရာယူရင်း ယူရင်း
ဘေးကို ရောက်ရောက်သွားကာ ထောင့်စွန်း လေးမှာ
ပဲ မတ်တတ်ရပ်လိုက်သည် ။
" ဂျီမင်း ... ဘာလုပ်နေတာလဲ အဲ့မှာ ! ဒီကိုလာ ... "
ဟိုဆော့က ဂျီမင်း ထောင့်ရောက်နေတာ သိတော့
ဘေးကို ခေါ်သည် ။
" ဟင့်အင်း နေတော့ ။ မလာတော့ဘူး "
ဂျီမင်းက လူအုပ်ကြားထဲ အာရုံစိုက်တာလည်း မခံ
ချင်တာကြောင့် ငြင်းလိုက်သည် ။
" ဘာကိုနေရမှာလဲ ? လူက ပိစိညှောက်တောက်ကို
ပုံထဲ ပျောက်နေလိမ့်မယ် "
" အစ်ကို !!!!! "
ဂျီမင်းရဲ့ စိတ်တိုလို့ ချစ်စရာကောင်းပုံက အားလုံး
အတွက် ရီချင်စရာလေး ဖြစ်နေသည် ။ ဒါကို ဂျောင်
ကု ကလည်း ကြိတ်ကာ ရီနေမိသည် ။
" ဂျီမင်းရှိ ! "
နာမည်ခေါ်လိုက်တဲ့ နောက်မှာ အံ့သြလောက်အောင်
အကုန်တိတ်ဆိတ်သွားကြပြီး ခေါ်လိုက်တဲ့ သူက
လည်း ဂျွန်ဂျောင်ကု တဲ့လေ ။
" ဒီကိုလာ ကျွန်တော့် ဘေးကိုလာ ... "
" ဘေးကို ? "
တခြားသူက ခေါ်တာဆိုရင် အံ့သြမိမှာ မဟုတ်ပေ
မယ့် ဂျောင်ကုက ခေါ်တာ ဖြစ်နေလို့ ဂျီမင်းက တုံ့
ဆိုင်း နေပြီး အံ့သြစွာ ကြောင်ကြည့်နေမိသည် ။
" လာလေ ... ဘေးကို ! "
ဂျီမင်းက မယုံနိုင်သလို အံ့သြစွာဖြင့် ခြေလှမ်း ဖြည်း
ဖြည်းလျှောက်ကာ အနားရောက်သွားခဲ့သည် ။
ဂျီမင်း လျှောက်လာနေတော့ ဟိုဆော့က ဂျီမင်း လက်
ကို ဆွဲကာ နှစ်ယောက် ကြားထဲ ထည့်လိုက်သည် ။
" ဂျီမင်း ... ငါနဲ့ ဂျောင်ကု ကြားကိုလာ "
" ဘာလို့လဲ ? ဒီနေရာကို ။ ဆုရတဲ့သူတွေကပဲ အလယ်
မှာ နေရမှာပေါ့ "
" အဲ့လိုပေမယ့် မင်းက ပိစိလေးမို့ မပေါ်မှာစိုးလို့ "
" အစ်ကို ဟိုဆော့ !!!!!! "
ဓာတ်ပုံရိုက်တာထက် ဂျီမင်းကို စလို စိတ်ဆိုးနေပုံကို
အသည်းယားနေကြသည် ။
ဂျောင်ကု က ဂျီမင်း ဒေါသထွက်နေတာ ကြည့်ရင်း
တခစ်ခစ် ရယ်သည် ။
ဂျောင်ကု ဒီလို ရယ်မောတာ မတွေ့ဖူးတော့ ဂျီမင်း
အတွက်က နိဗ္ဗာန်ဘုံ အလား ။ ရယ်လိုက်ရင် ပေါ်လာ
တဲ့ ရှေ့သွားလေး နှစ်ချောင်းကို ဘဝတစ်ခုလုံးထက်
မြတ်နိုးမိခဲ့သည် ။
" ဂျီမင်း ... လာ ကျွန်တော်တို့ နှစ်ယောက်ကြားကို
ဝင်လာခဲ့ ။ "
ဂျောင်ကုက ဆတ်ခနဲ ဂျီမင်း လက်ကို ဆွဲကာ ဟို
ဆော့နဲ့ ကြားကို ရွှေ့လိုက်သည် ။
ဂျောင်ကု အနားကို ဂျီမင်းက ရောက်သွားခဲ့ပြီး ဂျောင်
ကုက ဂျီမင်းရဲ့ ပုခုံးကို ဆတ်ခနဲ ဖက်လိုက်သည် ။
ဂျောင်ကု ရဲ့ အထိအတွေ့ ကြောင့် အေးခဲသွားတဲ့ ဂျီ
မင်းက တောင့်ခဲကာ အကြောင်သား ဖြစ်နေသည် ။
ဂျီမင်းဟာ ဂျောင်ကု နဲ့ ယှဉ်တော့ သေးသေးလေး ။
ရင်ခွင်ထဲကို ဆွဲထည့်ထားရင်လည်း နစ်မြုပ်သွား
မယ့် အသေးလေး ။
ဂျီမင်းက ဂျောင်ကု ရဲ့ ရင်ခွင်ထဲသို့ ဝှစ်ခနဲ ဝင်သွား
သည် ။
" ဂျီမင်းရှိ ! ဘာလို့ အဲ့လောက်ချစ်စရာ ကောင်းတာ
လဲ !??? "
ဂျောင်ကုက ဂျီမင်း နားအနားကို ကပ်ကာ ခပ်တိုးတိုး
ပြောလိုက်သည် ။
" ဟမ် .. အဲ့တာ ဘာကို ပြော ... ပြော ... "
ကြက်သီးမွှေးညှင်းတွေ ထမိသွားတဲ့ ဂျီမင်းက
ဂျောင်ကု ပြောလိုက်တဲ့ မရေရာသောစကားကို
ပြန်အမေးမှာ -
" အားလုံးပဲ Camera ကိုကြည့်မယ် 1 2 3 "
ဂျောင်ကု ဖက်ထားခံရတဲ့ ကောင်လေးက ဓာတ်ပုံရဲ့
အလယ်မှာ ထင်းထင်း ပါသွားပြီး အဲ့အမှတ်တရ
လေးဟာ ပထမဆုံးနှစ်ယောက် အတူ ရိုက်တဲ့ ဓာတ်
ပုံလေး ဖြစ်လာခဲ့သည် ။
လိုက်သည် ။
" အစ်ကို ဟိုဆော့ ! "
လိုက်သည် ။
" မဟုတ်ဘူး ။ အခုပဲ ပြောချင်တာ ! "
" အေး ဒါဆိုလည်း ပြောကွာ ... "
တယ် သိလား ? "
အတော် အံ့သြသွားသည် ။
" မဟုတ် ... မဟုတ်ပါဘူး ။ ဟိုဟာ ဟိုဟာ ... အစ်ကို
အဲ့လို လာပြောတယ် ။ "
ရတာပေါ့ "
ဂျွန်ဂျောင်ကုလေ ..."
လိုက်သည် ။
" အာ ... မိုက်တယ် "
သဘောကျနေမိသည် ။
ပေါက်သိနေပြီ ။ ဆုက အစ်ကို တို့ပဲရမှာ ... "
တကယ့်ဆရာကြီးတွေ ။ ကြောက်ရတယ် "
ပိုကျပါတယ် "
ကာ မြှောက်နေသည် ။
လာမြှောက်မနေနဲ့ ။ မြန်မြန်အိပ်တော့ ! "
သည် ။
မလား ။ ဟုတ်တယ်မလား ? "
သွားသည် ။
ခြား ဘာမှ မဟုတ်ပါဘူး ။ "
နေတတ်တာ ... "
ကြားကို မကြားရတာကွာ ။ ဒါပေမဲ့ သူ နဲ့အတူ တွဲ
လိုက်တာနဲ့ တူတူပဲ ။ "
Advertisement
- In Serial66 Chapters
Darkened
The day I turned 18 was supposed to be the happiest day of my life. The beginning of my future with my mate but it all turned to hell when I was rejected. He wanted someone powerful, someone equal to him. An accessory that could help him gain power. He rejected me to choose someone more worthy of being his Luna. Couldn't bear the thought of watching him get his perfect life while I rot, I ran. 2 years later I came back better, stronger, and more powerful. I trained and fought and became the beta of the pack he needs help from. This time around I had the upper hand. Now you must be thinking this is a story where he begs for me back and somehow I forgive him. No this isn't the love story between the alpha and I, it is the love story between me and...................well you'll have to wait and see.
8 374 - In Serial71 Chapters
I Become The Wife of The Male Lead
I possessed the body of "Fiona," the final villain whose soul was sentenced to eternal suffering after her gruesome demise at the hands of the world's savior.Just because she was an illegitimate child, she was tortured by her own family.And so... arriving six years before the start of the novel, I was sent to war at the age of thirteen! Fortunately, as the story's greatest villain, Fiona was a magical genius.I had to survive the monster invasion. But now, I couldn't be in the middle of a battlefield.Just before I ran out of breath, I encountered the adolescent male lead....... Why was he here?Anyway, if the male lead dies here, then the world will be destroyed. So, let's save him first!AUTHOR: Winter Leaves / 겨울잎
8 270 - In Serial62 Chapters
Night Moves ° JENSEN ACKLES
it's funny how the night moves[jensen ackles x marissa butler][social media/real life][completed][cover by samwnchesters]
8 220 - In Serial37 Chapters
When I'm with you | Wendy x OC
Love journey of Wendy and a very first man who caught her heart. Let see what will happen between an idol who is popular with long time single title and a foreign man who try to win her heart. Will he be her first love or they will end up just friend? Have fun reading. Thanks!With love, HTJ
8 220 - In Serial87 Chapters
Growing Attached To My Competition ✔️
Adrian always felt like he was never the best at anything. His school grades were mediocre, he wasn't much of a popular person and the girl he likes doesn't know he exist. The only thing he had going for him was being the star player and captain of his school's hockey team. That was until the spotlight turned to his new rival Brody.Confusion and circumstances causes them both to grow closer beyond their imagination.~~~~~~~~~~~~Highest rankings:• LGBT - #1 (26/4/20)• Bisexual - #1 (1/5/20)• Boyxboy - #1 (28/05/20)• Rivalstolovers - #1 (7/4/20)• Gaylove- #2 (29/9/20)• Cheesy - #2 (1/5/20)• Enemiestolovers- #2 (22/12/20)• Wholesome - #2 (30/5/20)• Cheesyromance - #3 (17/6/20)• Rivalry - #4 (12/4/20)• Enemies - #4 (30/7/20)~~~~~~~~~~~~
8 91 - In Serial35 Chapters
Manan-Magical lovestory2❤❤❤
This is the sequel to my first book!please do read!
8 129