《Dancing On Your Heartbeat • Kookmin || Completed ||》- 1 -
Advertisement
ကျွန်တော့် နာမည်က ပတ်ဂျီမင်းပေါ့ ။
ဘူဆန်ကနေ ဆိုးလ် မြို့ကို ပထမဆုံး မယောင်
မလည်နဲ့ ရောက်လာခဲ့ပြီး မြင်မြင်သမျှ ထူးဆန်းနေ
ခဲ့တာ ။ အဓိက ရယ်ရွယ်ချက်ကတော့ အက ကို
ကျွမ်းကျွမ်းကျင်ကျင် သင်ယူချင်နေတဲ့ ရည်မှန်း
ချက်လေး တစ်ခုတည်းပါပဲ ။
အက နဲ့ပတ်သက်ပြီး ကျွန်တော့် ရည်မှန်းချက်တွေ
က အရမ်း ကြီးမားလွန်းနေခဲ့တာလေ ။ ကျွန်တော်
ဆိုးလ် ကိုရောက်လာတဲ့ အကြောင်းရင်းကလည်း
အဲ့တာကြောင့်ပဲပေါ့ ။
" ဟေး ! "
ခပ်လှမ်းလှမ်းကနေ နှုတ်ဆက်သည် ။
" ဟာ ! အစ်ကို ဟိုဆော့ ... "
ကျွန်တော့် ဘဝ ဇာတ်လမ်းထဲ ပါလာတဲ့ ဒီအစ်ကိုနဲ့
လည်း မိတ်ဆက်ပေးရဦးမယ် ။
အစ်ကို ဟိုဆော့ ဆိုတာက ကျွန်တော်နဲ့ အွန်လိုင်း
SNS ပေါ်က ခင်မင်မိခဲ့တဲ့ သူငယ်ချင်းပေါ့ ။
" အစ်ကို ဟိုဆော့.. ဒီမှာ ကျွန်တော် !!! "
အကြောင်းအရာတွေက တိုက်ဆိုင်ချင်တော့ ဟို
ဆော့ ကလည်း အကသမား တစ်ယောက်ဖြစ်နေခဲ့
သည် ။ ဒါကြောင့်ပဲ ဂျီမင်းရဲ့ အကနဲ့ပတ်သက်တဲ့
အိပ်မက်တွေက ပိုပြီးတက်ကြွလာခဲ့တာ ။
ဒီလိုနဲ့ ကြာလာတော့ ဟိုဆော့နဲ့ အရမ်း ရင်းနှီးခဲ့ပြီး
သူ့အကူအညီနဲ့ပဲ ဆိုးလ်မြို့ကို ရောက်လာနိုင်ခဲ့
သည် ။
" မင်းက ထင်ထားတာထက် ကြိုရောက်နေတာပဲ ။
ငါ စောထွက်လာလို့သာပေါ့ ... "
" အစ်ကို ... ကျွန်တော့်ကို ခေါ်သွားတော့လေ "
" ဟမ် ! "
ဟိုဆော့က စိတ်လှုပ်ရှားလို့ ခြေတကြွကြွ ဖြစ်နေတဲ့
ဂျီမင်းကို ကြောင်ကြည့်နေသည် ။
" ဘယ်လဲ ? အကသင်တန်းကိုလား ? "
" အင်းလေ အစ်ကိုရ ! "
ဂျီမင်းက လက်ထဲက အိတ်ကို အောက်ကို ပစ်ချကာ
ဟိုဆော့ကို ခပ်စွာစွာ ပြောလိုက်သည် ။
" ဟာ တက်ကြွလှချည်လား နေပါဦး ။ ကဲ ... !!
အထုပ်လေး ပြန်ဆွဲလိုက် ။ ဒီနေ့တော့ ငါ့အိမ်မှာပဲ
နားပါဦးကွာ ။ နက်ဖန်မှ ... မှ ... "
" ကျွန်တော်က ဖြစ်နိုင်ရင် အခုပဲသွားချင် ...
ချင် ... "
ဂျီမင်းက မျက်နှာကို အောက်ချလျက် ဝမ်းနည်းစွာ
ပြောနေသည် ။
" အော် အေးပါကွာ မင်းကလည်း !! ဒီတစ်ညပဲ
စောင့်ရမှာပါ ။ တအားတွေကို စိတ်အားထက်သန်
နေတော့တာပဲ ... "
" အစ်ကို လည်း သိတယ်မလား ? အက က ကျွန်
တော့် အိပ်မက် ၊ ကျွန်တော့်မျှော်လင့်ချက် ။ အခု
ကျွန်တော့် အိပ်မက်တွေ ဖြစ်လာတော့မှာမလား ?
စိတ်အားထက်သန်တာပေါ့ ! "
ဖြစ်ချင်တဲ့ အလုပ်လေး ဇောက်ချလုပ်ရမယ့် ခံစား
ချက်က ဘာနဲ့မှ လဲဖယ်လို့မရ ။
" ဟုတ်ပါပြီကွာ ။ ကဲ ... လာ !! ငါ့ကားက
Workshop ပို့ထားရလို့ ငါတို့ ဒီက ပဲ Taxi
ငှားပြီး ဒိုးကြတာပေါ့ ။ ငါ့အိမ်မှာပဲ ကောင်း
ကောင်း အနားယူ ။ မနက်ဖြန် ငါသေချာပေါက်
ခေါ်သွားမယ် ဟုတ်ပြီလား ? "
ပါးမို့မို့လေး နှစ်ဖက်မို့တက်သွားအောင် ဂျီမင်းက
ပြုံးလိုက်တော့ မျက်လုံးလေးတွေက မှိတ်သွား
သည် ။
ထို့နောက် ဟိုဆော့နဲ့ ဂျီမင်း နှစ်ယောက် အထုပ်တွေ
ဆွဲကာ Taxi တားပြီး ကားပေါ်တက်လိုက်ကြသည် ။
//
ဟိုဆော့ အိမ်မှာ နေရထိုင်ရတော့ အဆင်ပြေလှ
သည် ။ ဘာမဆိုလည်း လိုအပ်တာ အကုန် ဟို
ဆော့က စီစဥ်ကာ အကုန် လုပ်ပေးသည် ။
ဟိုဆော့ အကြောင်း အကျယ်တဝင့် ဆိုရလျှင်
ခုချိန်မှာ အက ပြိုင်ပွဲတွေ ဝင်ရင်းဆုတွေ တစ်ခု
ပြီး တစ်ခု ရထားတဲ့ အကသမား ဆိုရင်လည်း
မမှား ။ ဒါကြောင့် ဂျီမင်း အတွက် အားကျစရာ
လည်း ကောင်းပြီး လေးစားစရာလည်း ကောင်း
သည် ။
" အစ်ကို ! ကျွန်တော် တကယ်တော့ မနက်ဖြန်
အတွက် မစောင့်နိုင်တော့ဘူး သိလား ? "
ဟိုဆော့နဲ့ ဂျီမင်းက နံရံ မျက်နှာကြပ်ကို မျက်
နှာမူ ကြည့်နေလျက် ရှိသည် ။
" မောင်မင်းကြီးသားတို့ တက်ကြွပြီဆို တားမရဘူး ။
မိန်းမများယူမိလို့ မင်း ခုလို တက်ကြွပြီဆိုလို့က
တော့ကွာ ... "
" အစ်ကို !!!! "
ဟိုဆော့က တခစ်ခစ်နဲ့ ဂျီမင်းကို စနေသည် ။
" အော် ငါပြောတာက အရမ်းတွေ ချစ်ပြတော့မှာလို့
ပြောပါတယ် ။ ဒါနဲ့ မင်းအရမ်းတက်ကြွနေတာဆို
တော့ မင်း ပိုတက်ကြွသွားအောင် ငါပြောပြဦးမယ် ။
ငါတို့ သင်တန်းမှာက အကတော်ကြတဲ့ ဆရာတွေ
အများကြီးရှိတာ ။ မင်းကို ပြောဖူးတယ်မလား ။
ပြိုင်ပွဲ ဝင်ပြိုင်တိုင်း မနိုင်တာလည်း မရှိဘူးဆို
တာ ။ "
" အင်း ... အဲ့အကြောင်းက ဘယ်ချိန်နားထောင်
နားထောင် ကျွန်တော့်ကို ရင်ခုန်စေတာဗျ "
ဟိုဆော့က ပြောပြပြီးသား အကြောင်းအရာကို ပြော
ပြနေတာ ပေမယ့်လည်း ဂျီမင်းက ရင်ဘတ်ကို လက်
နဲ့ ဖိထားကာ သက်ပြင်းချမိသည် ။
" ပြီးတော့နော် ! နောက်တစ်ခုကလေ ဟဲဟဲ ...
အကုန် ချောကြတာ ။ ငါတို့ သင်တန်းက ဆရာတိုင်း
က ချောကြတယ် ။ ငါက အစ ချောတာလေ ကြည့်
ပါလား ? "
ဟိုဆော့က ခပ်တည်တည်နဲ့ မျက်နှာချီကာ ကြွားနေ
တော့သည် ။
" လုပ်ပြီ !! "
ဂျီမင်းက ဟိုဆော့ကို ကြည့်လိုက်ပြီး ရီလိုက်သည် ။
" အဲ့တာကြောင့်မို့လား မသိဘူးကွ ။ ငါတို့ သင်တန်း
က နာမည်ကြီးနေတာ ။ ဆရာတွေက တော်တာ
Advertisement
လည်း သေချာပေါက် ပါတာပေါ့ ။ တစ်ခုခုဆို ဒီသင်
တန်း အကယ်ဒမီ နာမည်နဲ့ ဆုတွေရတာ ဆိုတော့
နည်းနည်း နာမည်ကြီးနေတာနေမယ် "
" နည်းနည်း နာမည်ကြီးတာတဲ့လား ? အများကြီး
နာမည်ကြီးတာ ။ ကျွန်တော် Online မှာ ရှာကြည့်
လိုက်ရင် လုံးဝ အစ်ကိုတို့ Class ပဲ ကျလာတာ ။
တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်ကလည်း အစ်ကိုနဲ့မှ
သူငယ်ချင်း လာဖြစ်နေတယ် ။ ကျွန်တော် တကယ်
ကံကောင်းတာပဲ "
" ဘာလဲ ? ရုတ်တရက်ကြီး မြှောက်နေပါလား ? "
" တကယ်ပါဆို !! ကျွန်တော်လေ အစ်ကို့ကို လေး
လည်းလေးစားတယ် အားလဲကျတယ် သိလား ! "
" တော်ပါပြီ အဲ့လိုကြီး ပြောမနေနဲ့ ။ မင်းဆီမှာ
တကယ်ဖြစ်နိုင်တဲ့ အရည်အသွေးရော စိတ်ဓာတ်
ရော ရှိနေတာ မြင်ရတာမို့ ငါတို့ ခုလို ခင်လာကြ
တာပေါ့ "
ဂျီမင်းက ဟိုဆော့ စကားကြောင့် Stage ပေါ်မှာ
အောင်အောင်မြင်မြင်နဲ့ ကနေမယ့် ကိုယ့်ကိုကိုယ်
မြင်ယောင်နေကာ ပြုံးမိလိုက်သည် ။
" ဒါနဲ့ အစ်ကိုတို့ သင်တန်းက ဆရာတွေ ချောတာ
ထက် ကျွန်တော်က မိန်းကလေးတွေပဲ သိချင်တာ ။
ကောင်မလေး လှလှလေးတွေ သင်တန်းကို လာ
တယ်မလား ? ဟီးဟီး ... "
ဂျီမင်းက မျက်ခုံးကို ပင့်ပြလျက် စ, နေတော့ ဟို
ဆော့က ရီလိုက်သည် ။
" ဟားဟား ... ပတ်ဂျီမင်း ပြီးမှ ငါတို့ သင်တန်းက
ဆရာတွေကို ကြိုက်ပါတယ် ဆိုလို့ကတော့ ရီမှာ
နော် ! "
" ဟာ အဲ့လိုဖြစ်စရာလား ? ကျွန်တော်က ကျွန်
တော့်ကိုယ်ကျွန်တော် အကြိုက်ဆုံးပါနော် !!! "
" အေးပါ အေးပါ ဟင်းဟင်း !! "
ဟိုဆော့က မဲ့ကာရွဲ့ကာ အမူအရာနဲ့ လုပ်နေတော့
ဂျီမင်းက ကြောင်ကြည့်နေလိုက်သည် ။
" ဘာလဲ အဲ့မျက်နှာက ... ဘာပဲဖြစ်ဖြစ် ကျွန်တော်
ကတော့ အဲ့ဒါတွေထက် အရမ်း အောင်မြင်တဲ့ အက
သမား တစ်ယောက် ဖြစ်ချင်တာ ။ တလက်လက်
တောက်ပနေတဲ့ Stage ပေါ်မှာ ကျွန်တော် ကနေတာ
ကို လူတွေက လက်ခုပ်တီးကြမယ် ။ အားပေးကြ
မယ် ။ ကျွန်တော်က လူတွေကို အကနဲ့ နှစ်သိမ့်ပေး
နိုင်မယ် ။ အဲ့လိုမျိုးပေါ့ ... ။ ကျွန်တော်ကလေ ...
လေ ... "
ဂျီမင်း ဘေးလှည့်ကြည့်လိုက်တော့ ဟိုဆော့က
အိပ်ပျော်နေသည် ။
" ဟ ! ဂျောင်ဟိုဆော့ ... ဒီအစ်ကိုကတော့ဘာလဲ
မသိဘူးကွာ !!! ငါက ဒီလောက်ပြောပြနေတာကို ! "
ဟိုဆော့ အိပ်ပျော်သွားပေမယ့်လည်း ဂျီမင်းက
မအိပ်နိုင်သေး ။
" ငါ ရင်တွေတုန်လိုက်တာ ! "
မနက်ဖြန်သာရောက်ရင် .... ။
" ဟူး ... မြန်မြန်အိပ်ရမယ် ။ မနက်ဖြန် မြန်မြန်
ရောက်ပါစေ ... "
//
" အစ်ကိုဟိုဆော့ !!!! မြန်မြန်လာ ကျွန်တော်က
ပြီးနေပြီ !! "
ဂျီမင်းက အိမ်ရှေ့ခန်းကနေ ဟိုဆော့ကို အော်
ခေါ်နေသည် ။
" မင်းကကွာ !! အရမ်းကိုမြန်တာပဲ စောသေး
တယ်လေကွ ... "
" စောစောဗျာ !! သွားရအောင် အခု ... "
" အေးပါကွာ ဟုတ်ပါပြီ ! "
ဂျီမင်းက ဟိုဆော့ကို ဆွဲခေါ်လာပြီး ဟိုဆော့က
နောက်ကနေ ပါလာခဲ့ရသည် ။
Taxi ပေါ်မှာ နှစ်ယောက် အတူတူ အနောက်ခုံက
ထိုင်ရင်းလိုက်လာကြသည် ။
ဂျီမင်းကတော့ လမ်းတစ်လျှောက်လုံး ပျော်ရွှင်
တက်ကြွနေလိုက်တာ ဘေးလူ သတိထားမိတဲ့
အထိပင် ။
" အဲ့လောက် ပျော်လား ? "
ဟိုဆော့က ဂျီမင်းကို ကြည့်လျက် ရီသည် ။
" ဒါပေါ့ အရမ်း အရမ်း .... "
မျက်နှာပြင်ကို ဖြတ်တိုက်သွားတဲ့ လေနုအေးလေး
တွေက မနက်ခင်းကို လန်းဆန်းစေသလိုပင် ။
ဂျီမင်းက မျက်လုံးမှိတ်ကာ ထိုလေထုကို တစ်ဝရှူ
လိုက်သည် ။
" ဝါး ... အကောင်းဆုံးပဲ ! "
" ဟေ့ကောင် ရှေ့မှာ ရောက်ပြီ "
ဟိုဆော့ စကားကြောင့် ဂျီမင်းက လန့်သွားသည် ။
" ရောက်တောင် ရောက်ပြီလား ? "
လူက ရင်တွေလဲခုန် စိတ်ကလည်း လှုပ်ရှားနဲ့ ခံစား
ချက် မျိုးစုံနေသည် ။
" ဆင်းလေ ဂျီမင်း ... "
ဟိုဆော့က အရင်ဆင်းနှင့်ပြီး ဂျီမင်းကို ခေါ်သည် ။
" ရင်တုန်လိုက်တာ ... "
" လာပါကွ မင်းကလည်း ... "
ဂျီမင်းက ဖြည်းဖြည်းချင်း ကားပေါ်က ဆင်းလိုက်
သည် ။ ရှေ့မှာ မြင်တွေ့လိုက်ရတာက ဖန်သားပြင်
ပေါ်ကပဲ မြင်ဖူးသည့် သင်တန်းကျောင်းကြီး ။
" ဟာ ... နမ်ဂျွန် !!! "
ဟိုဆော့က တက်တက်ကြွကြွနဲ့ ရှေ့က လာနေသူ
အမျိုးသားဆီ ရောက်သွားကာ လက်ချင်းရိုက်ပြီး
ပုခုံးချင်း တိုက်လိုက်ကြသည် ။
နမ်ဂျွန် ဆိုသည့် အမျိုးသားမှာ အရပ်ရှည်ရှည်
ဒေါင်ကကောင်းကောင်းဖြင့် ခန့်ထည်သည့် မျက်
နှာ အနေအထား ရှိသည် ။
" ရောက်လာပြီလား ? စောသားပဲ ဒီနေ့ !!! ဒါနဲ့ သား
ကြီး !! ဒါကဘယ်သူတုန်း ? "
နမ်ဂျွန်က ဂျီမင်းကို မေးငေါ့ပြရင်း ဟိုဆော့ကို မေး
လိုက်သည် ။
" အာ ... ဒါက ငါ့ သူငယ်ချင်းပဲ ဆိုပါတော့ ။ အတို
ချုပ် ပြောရရင် SNS ပေါ်က ခင်ကြတာ ။ နာမည်က
တော့ ဂျီမင်း ... ပတ်ဂျီမင်းတဲ့ ။ အကအရမ်း ဝါသ
နာပါတာ ။ ဘူဆန်ကနေတောင် ဒီထိရောက်လာ
တာ ။ သူ ဝါသနာပါချက်က စာဖွဲ့လို့တောင် မကုန်
ဘူး ငါ့ကောင်ရေ !! "
Advertisement
" ဒီလောက်ဆို ပေါက်ပြီ ။ မင်းခေါ်လာမှတော့ သာ
မန် မဟုတ်တာ သိပါတယ် ။ ဟုတ်တယ်မလား
ဂျီမင်း "
နမ်ဂျွန်က ဂျီမင်းကို ကြည့်ကာ တရင်းတနှီး ပြော
လိုက်သည် ။
ဖော်ဖော်ရွေရွေရှိသော နမ်ဂျွန် ဆိုသူကြောင့် ဂျီမင်း
က နေရမခက်တာတော့ အမှန် ။
" ဂျီမင်း ... ဒါက ဒီ Dance Class ရဲ့ Founder ပဲ ဆို
ပါတော့ ။ ဒီက Dance Teacher ဆိုလည်း ဟုတ်
တယ် ။ ပုံစံက ကြည့်တာနဲ့ ဖော်ရွေမယ် ဆိုတာ သိ
သာနေတယ် မလား ? "
ဟိုဆော့က ပြုံးရီနေပြီး နမ်ဂျွန့်အကြောင်းကို ပြောပြ
နေသည် ။
" Aish .. လာမြှောက်မနေနဲ့ ။ မင်း ငါပြောထားတဲ့
သီချင်းကို Choreography လုပ်ပြီး ပြိုင်ရမှာက
ပြိုင်ရမှာပဲ ။ "
" မင်းက ငါ့ကို ခေါင်းစားပြီကွာ !!! "
သူတို့တွေ အချင်းချင်း ပြောနေ ရီနေကြပုံကို ဂျီမင်း
က သဘောကျစွာ ကြည့်နေမိလိုက်သည် ။ တကယ့်
အနုပညာ သမားတွေလို ခံစားမိသည်ကိုး ။
" ဂျီမင်း ... လာ ... ဒီနေ့အတန်းရှိတယ် ဝင်တက်
လိုက် ။ ဟိုဆော့ မင်းလဲဝင်တက် ။ ဒီတစ်ခေါက်
ပြိုင်ရမယ့် ပြိုင်ပွဲမှာ ပါတဲ့ အကွက် တွေက သူက
ပို အဆင်ပြေတယ်မလား ။ "
သူ ။ သူဆိုတာ ဘယ်သူလဲတော့ မသိပေမယ့်
အမည်မသိ ရုပ်မမြင်ရခင်မှာပင် စိတ်ဝင်စားစရာကောင်းနေသည် ။
" အင်း ... ငါ ဒီပြိုင်ပွဲအတွက် သူ့ဆီက အကူအညီ
တောင်းရမှာ အများကြီးပဲ ... "
ပြိုင်ပွဲဆိုတာကြောင့် ဟိုဆော့က ပြောဖူးသည့်
စကားကို ဂျီမင်းက ပြန်အမှတ်ရသွားသည် ။
" ငါတို့ Class အတွက် ပြိုင်ပွဲက ပုံမှန် နှစ်လ တစ်ခါ
ရှိနေကျလေ ။ သဘောကတော့ နာမည်ကြီးတဲ့ Dance class တစ်ခုက တော်တဲ့ အကသမားတွေက
စီစဥ်လိုက်တဲ့ပြိုင်ပွဲ တစ်ခုကို ဝင်ပြိုင်ကြတာ ။
အကျိုးအမြတ်ကတော့ နိုင်ရင် သွားပြိုင်တဲ့သူရော
အဲ့သူရဲ့ Dance class ကရော နာမည်ကြီးတယ် ။
နာမည်ရတယ်လေ ။ Survival Show တွေလိုပါပဲ ။
နည်းနည်းတော့ မတူဘူးပေါ့ ။ "
သေချာပေါက် ပြိုင်ပွဲဆိုတာ ဟိုဆော့ ပြောဖူးတဲ့
အကြောင်းအရာပဲ ဖြစ်မည် ။
ဟိုဆော့ကတော့ ပြိုင်တိုင်း မရတဲ့အခေါက် မရှိလို့
Class ရဲ့ သင်တန်းသားကနေ Choreographer
ဖြစ်လာသည် အထိပါပဲ ။
ဂျီမင်းက ကံကောင်းလွန်းလှသည့် ဒီအခွင့်အရေး
လေးကို ဟိုဆော့နဲ့မှ ရခဲ့တာမို့ ပြန်တွေးတိုင်း ပျော်ရ
ပြန်သည် ။
//
အကအခန်းထဲ ကိုယ်စီ ကိုယ်စီ နေရာယူ ထိုင်နေကြ
ပြီး ' သူ 'ဆိုသည့် ဆရာကတော့ ရောက်မလာသေး ။
" အစ်ကို ဟိုဆော့! အစ်ကို တို့ရဲ့ ဆရာဆိုတာက
ဘယ်တော့လာမှာလဲ ? "
" အော် လာမှာပေ့ါကွ ။ သူက ဒီနေ့မှ နောက်ကျတာ ။
အဲ့တာ သွားစရာ ရှိလို့နေမှာ ။ နောက်မို့ဆို တိကျသ
လား မမေးနဲ့ စက္ကန့်တောင် မစွန်းဖူးဘူး ။ ကွက်တိ
ရောက်လာလိမ့်မယ် ။ မင်းသာ နောက်မကျနဲ့ ... "
" လုံးဝပဲ ။ ကျွန်တော်ကလေ အမြဲအချိန်တိကျ ..
ကျ ... "
" ဟော ... ပြောရင်းနဲ့ ရောက်လာပြီ "
ဟိုဆော့က ဝင်ပေါက်ကို ကြည့်လိုက်ကာ ပြောလိုက်
သောကြောင့် ဂျီမင်းက လှည့်ကြည့်လိုက်မိသည် ။
ထိုသူက Hoodie အနက်ရောင်ကို ခေါင်းအုပ်သည်
အထိ ခပ်စိုက်စိုက် အုပ်ထားပြီး ကျောပိုးအိတ်ကို
လည်း တစ်ဖက်ပဲ လွယ်ထားကာ ဖြေးဖြေးချင်း
လမ်းလျှောက်လာသည် ။ ရှည်လျားတဲ့ လက်ချောင်းတွေက တပ်ထားတဲ့ နားကြပ်တွေကို တစ်ဖက်စီ
ဖြုတ်နေရင်း Hoodie ခေါင်းစွပ်ကို ဆွဲချွတ်လိုက်
သည် ။ ဖြူဖွေးနေတဲ့ အသားအရေနှင့် လိုက်ဖက်
လွန်းလှပြီး အရပ်မြင့်မြင့် ဒေါင်ကောင်းကောင်းနဲ့
ကြည့်ကောင်းလွန်းသည် ။
" အာ ... အစ်ကို ဟိုဆော့ ပြောတဲ့ ချောတယ်ဆို
တာ ဒီလိုမျိုးကို ... "
ဂျီမင်းက ခပ်တိုးတိုး ရေရွတ်မိတော့ ဟိုဆော့က
ပုခုံးကို လာတိုက်သည် ။
" ဟေ့ကောင် ဘာတွေ ရေရွတ်ပြီး ပြူးကြည့်နေတာ
လဲ ? ရောက်လာပြီလေ ။ အဆင်သင့် မလုပ်ထားဘူး
လား ? ရေဘူးနဲ့ သဘက် ကြိုယူထား ။ ပြီးရင် ဒီမှာပဲ
ရပ်နေ ။ သူက အလယ်မှာနေပြီး သင်ပေးလိမ့်မယ် "
ဟိုဆော့ ပြောတာနဲ့ ဂျီမင်းက လွယ်အိတ်ထဲက ရေ
ဘူးနဲ့ သဘက်ကို ထုတ်နေတုန်း သူ့ဆီကို အကြည့်
ရောက်သွားမိပြန်သည် ။
မကြည့်ဘဲနဲ့ မနေနိုင်လောက်အောင် ပြည့်စုံနေသည့်
သူက ဂျီမင်းကို ညို့ယူထားသလိုပင် ။
သူက Phone ကို Box က ကြိုးနဲ့ချိတ်ကာ သီချင်း
ဖွင့်ဖို့ သီချင်းတစ်ခုခုကို ရွေးနေသည် ။ ဖုန်း screen
ပေါ်မှာ သူ့လက်ချောင်းကလေးတွေ ပြေးလွှားနေ
သည်မှာ လှပလွန်းတာထက်ကို ပိုပြန်သည် ။
" အစ်ကို ဟိုဆော့ ! "
သူက ဖုန်းကိုကြည့်ရင်း မျက်နှာကိုလည်း ဟိုဆော့
ဘက် မလှည့်ဘဲ နာမည်ကို ခေါ်လိုက်သည် ။
အသံကလည်း မာထန်နေလိုက်တာ စိတ်ဝင်စားစရာ
အချက် ဖြစ်နေပြန်သည် ။
" အင်း ... ဂျွန်ဂျောင်ကု ! ပြော ... "
ဂျွန်ဂျောင်ကုတဲ့လား ။ သူ့နာမည်က ဂျောင်ကုပေါ့ ။
" နောက်တစ်ပတ်ထဲ ပြိုင်ပွဲရှိတာ သိတယ်မလား ။
ဒီကြားထဲ ဒီကို ပုံမှန်လာပါ ။ အစ်ကိုနဲ့ ကျွန်တော်
တူတူ Collab လုပ်ပြီး ပြိုင်ကြမှာမို့ ... "
" ရုတ်တရက်ကြီး Collab လား ? ငါက မင်းမပါဘဲ
ငါပဲလို့ ထင်နေတာ "
ဂျောင်ကုနဲ့ ဟိုဆော့ စကားပြောနေသည်ကို ဂျီမင်း
က မျက်တောင်မျှပင်မခတ် သေချာစိုက်ကြည့်နေ
သော်လည်း ဂျောင်ကု မျက်နှာပေါ်မှာ ရယ်လာသည်
ပြုံးလာသည် ဆိုတာကို မတွေ့လိုက်ရ ။
မရယ်ပါ ။ မပြုံးပါ ။ စကားကိုလည်း တိုးတိုးနှင့်
ခပ်နိမ့်နိမ့်ပြောသည် ။ အဲ့တာကပင် ဆွဲဆောင်မှု ရှိ
နေခြင်းပင် ။
" ဘာလဲ ? ကျွန်တော်နဲ့ အတူ မပြိုင်ချင်လို့လား ? "
" ဖြစ်စရာလား ? မင်းပါလို့ ငါစိတ်အေးတာ ။
မဟုတ်ရင် ငါ့ကို နမ်ဂျွန်က ပွားနေတာ "
ဂျောင်ကုက သီချင်းကို ဆက်ရွေးနေပြီး စကားစကို
ဖြတ်လိုက်သည် ။
ဟိုဆော့က ဂျီမင်းနားကို ရောက်လာတော့ ဂျီမင်းက
ဟိုဆော့ နားကို အသာကပ်ကာ ခပ်တိုးတိုးလေးပြော
လိုက်သည် ။
" အစ်ကို ! အစ်ကို့ ဆရာကလဲ မျက်နှာက တည်
လိုက်တာ ! ကျွန်တော်က ဒီနေ့မှ အသစ်နော် ...
ကြည့်ကြပ်လည်း လုပ်ပါဦး .... "
" အော် ဘာမှ မဖြစ်နဲ့ ။ သူက သဘောကောင်းပါ
တယ် ။ မင်း ကြည့်နေလိုက် ... "
" ဟင်... သဘောကောင်းတာကလည်း လန့်စရာ ... "
" အဲ့တာ မင်းနဲ့ မရင်းနှီးသေးတော့ မင်းစိတ်က သူ
အနေတည်တာလို့ ထင်နေတာပါကွ ။ ကြည့်လိုက်ပါဆို .... "
ရုတ်တရက် ဂျောင်ကုက လက်ခုပ်ကို နှစ်ချက်သုံး
ချက်တီးလိုက်တော့ တစ်ခန်းလုံးဟာ အပ်ကျသံ
မကြားရအောင် တိတ်ဆိတ်သွားသည် ။
" စမယ် ။ ဒီနေ့တော့ Latest ဖြစ်တဲ့ သီချင်းနဲ့ပဲ သွား
ရအောင် ။ အသစ်လည်း ရောက်နေတာဆိုတော့ လူ
တိုင်းသိတဲ့ သီချင်းပေါ့ "
ဂျီမင်းက အနည်းငယ် အံ့သြမိသွားသည် ။
တစ်ချက်တောင် လှည့်မကြည့်ပေမယ့် ဂျီမင်းရောက်
နေတယ် ဆိုတာကို ဂျောင်ကုက သိနေခြင်းပင် ။
ဟိုဆော့က ဂျီမင်း ပုခုံးကို ဖက်လိုက်ကာ ဂျောင်ကု
ကို လှမ်းပြောလိုက်သည် ။
" ဂျွန်ဂျောင်ကု .. ဒါ ငါ့သူငယ်ချင်း ပတ်ဂျီမင်းတဲ့ "
" အင်း "
အင်း တစ်လုံးပဲ ပြောကာ မိတ်မဆက်ရသေးခင်မှာပဲ
အခြေအနေက ပြီးသွားသည် ။ သင်တန်းကျောင်း
တစ်ခုတည်းမှာပဲတောင် အစ်ကိုနမ်ဂျွန်နဲ့ ကွာခြား
နေသည် ။
" ဂျီမင်းပါ ... မျိုးရိုးက ပတ်လေ .... ပတ်ဂျီမင်း "
ဂျီမင်းက ဂျောင်ကုကို ကိုယ့်ဘာသာ နှုတ်ဆက်
လိုက်သည် ။
" အာ ... အင်း ... "
ထပ်ပြီး အင်း ပဲ ပြောတယ်ဆိုပေမယ့် ပြန် ပြုံးပြ
သည် ။ တကယ်ကို သူ ပြုံးတယ် ဆိုရုံလေးပဲ သူ
ပြုံးသည် ။
ဂျီမင်းက သူ့အပြုံးမှာ အံ့သြလို့ မပြီးသေးခင် သူ
ကတော့ သူ့အလုပ် သူဆက်လုပ်သည် ။ သူက က
ကွက်ကို အရင်စသင်သည် ။ လေးငါးခါ သင်ပြ
သည် ။ နောက်က ဖြည်းဖြည်းချင်း လိုက်လုပ်ခိုင်း
သည် ။ သူက ပြီးလျှင် ကနေကြတာကို ပြန်ကြည့်
သည် ။
ဒီလို အဆင့်တွေကို ဟိုဆော့ကတော့ လွယ်လွယ်ကူ
ကူရနေပြီး လွယ်လွယ်ကူကူ လိုက်လုပ်နိုင်ပေမယ့်
အခုမှ အစပဲရှိသေးတဲ့ ဂျီမင်းအတွက်တော့ ပင်ပန်း
သည် ။
" အသစ်လေး ! အဆင်ပြေသွားမှာပါ ဖြည်းဖြည်း "
ဂျီမင်း ခက်ခဲနေချိန် ပြောလာတဲ့ စကားကြောင့်
ဂျီမင်းက ကြောင်သွားမိသည် ။
" ငါပြောတယ်မလား သူသဘောကောင်းပါတယ်
ဆို ... "
ဟိုဆော့က ဂျီမင်း နား အနားကပ်လျက် ခပ်တိုးတိုး
ပြောလာသည် ။
" ဟမ် ... အင်း .. "
ဂျီမင်းအနေနဲ့ အသစ်လေး လို့ ခေါ်ခံလိုက်ရတာ
ကြောင့်လည်း ရင်တွေ တဒိန်းဒိန်း ခုန်လာပြီး အေး
ခဲနေမိသည် ။
" ဟေ့ကောင် ဘာတွေးနေတာလဲ ?! "
" ဘာမှ မဟုတ်ဘူး ... "
သေချာပေါက် ဘာတွေးနေလဲဆိုတာကတော့
ဂျောင်ကု အကြောင်းပဲဖြစ်သည် ။
ဂျောင်ကုက အကသင်နေတဲ့ အချိန်မှာ တကယ့်ကိုတစ်ခြားတစ်ယောက်လို ဖြစ်သွားတာကို ဂျီမင်း အံ့
သြမိသည် ။
ပြုံးရွှင်လို့ ရယ်လို့မောလို့လေ ။ ရီလိုက်တိုင်း ပေါ်
လာတဲ့ ယုန်သွားလေးတွေကလည်း သူနဲ့ ချစ်စရာ
ကောင်းအောင် လိုက်ဖက်နေပြန်ပါရော ။
အချင်းချင်းတွေ စကြနောက်ကြနဲ့ အတန်းဟာ ပျော်
စရာကောင်းလာသည် ။ မကတတ်တဲ့ သူကိုတောင်
ဦးနှောက် ဉာဏ်ရွှင်ရွှင်နဲ့ စိတ်မဆိုးအောင် သူက
နောက်ပြောင်ကာ ပြောတတ်သည် ။ သူ ပြောလိုက်
ရင် အတန်း တစ်ခုလုံးပွဲကျမြဲ ။ အမူအရာလေးလုပပြပြီး နောက်တာလေးက အစ ချစ်စရာကောင်းပြန်
သည် ။
သူသည် လက်ကလေး ကွေးတာကအစ ခေါင်းလေး
ခါတာ အဆုံး စည်းစနစ်ကျသည် ။ သေသပ်သည် ။
ပထမဆုံး ရက်မှာတင် ဘာလို့ ယောကျာ်းတစ်
ယောက်ကို ကိုယ်က အသေးစိတ်ကြည့်နေမိလဲ
ဆိုတာ မသိတော့ပါ ။
တကယ်တော့ ယောကျာ်းတစ်ယောက် အနေနဲ့ ယောကျာ်း တစ်ယောက်ကို ဒီလိုထိ ငေးကြည့်နေ
ရဖူးတာ သူတစ်ယောက်တည်း ... သူပဲ ပထမဆုံး
ဖြစ်မည် ။
ကြည့်ကောင်းသည် ။ သူ ကနေတာ သိပ်ကြည့်
ကောင်းလှသည် ။
" အစ်ကို ဟိုဆော့ ... ရိုက်ရအောင် ! "
ဂျောင်ကု စကားကြောင့် ဂျီမင်းက အတွေးတို့
ပျက်ပြယ်သွားသည် ။
ဒီလိုပြောတာနဲ့ ဟိုဆော့က သိနေပြီးသား လူလို
ရှေ့ကို ထထွက်သွားသည် ။
ခုဏက ကကွက်ကိုပဲ ဟိုဆော့နဲ့ အတူ ကပြီး
Camera အသေးစားလေးနဲ့ Video ရိုက်သည် ။
" မိုက်လိုက်တာ ... ပြီးရင် သူ့ Acc မှာ တင်ထားမှာ
ပဲ ကြည့်ရမယ် "
ဘေးက သင်တန်းသားတွေရဲ့ စကားကြောင့် ဂျီမင်း
က ဘာလို့ ဗီဒီယို ရိုက်တယ်ဆိုတာ သိလိုက်ရသည် ။
" ကဲကဲ ဒီနေ့တော့ ဒီလောက်ပဲ "
အချိန်က ဘယ်လောက်တောင် အကုန်မြန်သွားလဲဆို
တာ မသိလိုက်ပါ ။
" အာ ... "
ဂျီမင်းက အချိန်ကို ကြည့်တော့ တကယ်ကို အကြာ
ကြီး သင်ခဲ့ကြတာပေမယ့် ခဏလေးလို ခံစားနေ
ရသည် ။
ဂျောင်ကု လွယ်အိတ်ကို ဆွဲကာ ထွက်သွားချိန်မှာ
ဂျီမင်းရဲ့မျက်လုံးတွေဟာ ဂျောင်ကုရဲ့ကျောပြင်ကို
မျက်တောင် မခတ်တမ်း ငေးကြည့်နေခဲ့သည် ။
" ဟေ့ ပတ်ဂျီမင်း ... ပြောစမ်း သူ့ကိုသဘောကျ
တယ်မလား ? "
ဟိုဆော့က ဂျီမင်း ဘေးကို ဆွေ့ခနဲ ရောက်လာကာ
ဂျီမင်းကို ပြုံးစိစိနဲ့ ပြောလိုက်သည် ။
" ဟမ် ... ? ဟာ ... သူ ကတာကို သဘောကျတယ်
မလား ? အဲ့လို ပြောစမ်းပါ အစ်ကိုရ "
"အေးပါ အဲ့လိုပဲ ထားပါတော့ ! "
ဟိုဆော့နဲ့ စကားပြောနေတုန်း မျက်နှာစိမ်းနေတဲ့
တစ်ချို့က ဟိုဆော့ဘေးကို ရောက်လာသည် ။
" ဟိုဆော့ရေ... ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်
ပြီလား ? "
အရပ်ရှည်ရှည် နဲ့ ဆံပင်က ရှေ့ကိုခပ်ဝဲဝဲကျနေ
သည့် ကောင်လေးဖြစ်သည် ။
" အင်း အစ်ကို ! ဂျောင်ကုနဲ့ လုပ်နေတုန်းပဲ "
" အစ်ကို !!!!!!! "
ဂျီမင်းနဲ့ ရွယ်တူလောက် ထင်ရသော ဆံပင်ကောက်
ကွေးနဲ့ ကောင်လေးက ဟိုဆော့ရဲ့ ပုခုံးကနေ သိုင်း
ဖက်လိုက်သည် ။
" ထယ်ယောင်း ... ငါ လည်ပင်းအစ်ပြီကွ ခွေး
ကောင်လေးရ !!!! "
ထိုကောင်လေးက ဟိုဆော့ကို စပြီး ရီနေသည် ။
ရီလိုက်ရင်လည်း လေးထောင့်ဆန်တဲ့ အပြုံးလေးက
ပေါ်လာတာကြောင့် ဂျီမင်းက ငေးကြည့်နေမိသည် ။
" အစ်ကို ! ဒါဘယ်သူလဲ ဘာညာကွိက ရွှီးရှောင်
နည်းနည်းပါးပါး လုပ်လေ မိတ်ဆက်ပေးလေ ။
ပြောနေရတယ်ဗျာ "
" အေးလေ .... မိတ်ဆက်ပေးလေကွ !! "
နှစ်ယောက်လုံး ကြည့်ရတာ သွက်လက်ပုံပေါ်ပြီး
ခင်စရာကောင်းမယ့်ပုံ ။
" အော် မင်းတို့ကလည်း ဇွတ်ပဲ ။ နာမည်က ပတ်ဂျီ
မင်းတဲ့ ။ ဘူဆန်ကလာတာ ။ ဂျီမင်း ... ဒါက ကင်
ထယ်ယောင်း ။ ဒါကတော့ ကင်ဆော့ဂျင်တဲ့ "
" ဟုတ် တွေ့ရတာ ဝမ်းသာပါတယ် "
ဂျီမင်းက ခေါင်းငုံ့ကာ နှုတ်ဆက်လိုက်သည် ။
" ဟေ့ဟေ့ !! မင်းငါတို့နဲ့ ခင်မယ်ဆိုရင်တော့
ယဉ်ကျေးမနေနဲ့ မရဘူး "
ထယ်ယောင်းက ပေါ့ပေါးပါးပါး ဂျီမင်း ပုခုံးကို
ဖက်ကာ ပြောလိုက်သည် ။
" ဟုတ်တယ် ယဥ်ကျေးမနေနဲ့ ။ သူငယ်ချင်းတွေ
လိုပေါ့ ... မင်းက ချစ်စရာလေးပဲ "
ဆော့ဂျင်က ဂျီမင်း ခေါင်းကို ပုတ်လိုက်ကာ ပြော
လိုက်သည် ။
" ဟုတ် အယ် ... အင်း .. ကျေးဇူးပါ "
" ငါတို့ကတော့ မင်းမြင်တဲ့အတိုင်း ဖလန်းဖလန်းပဲ ။
ကျေးဇူးတွေ ဟုတ်တွေ ခင်ဗျာတွေ သုံးနေရင် ငါတို့
နဲ့ အဆင်မပြေဘူးနော် "
ထယ်ယောင်းက ဂျီမင်းကို ပြောနေတော့ ဂျီမင်းက
ရီလိုက်မိသည် ။
" မင်းတို့က ပျော်တတ်တာပဲ ။ အေးပါကွာ ။
ကျေးဇူး အယ် ... ဘာမှမဟုတ်တော့ဘူး "
" ဟားဟား ... မင်းကတော့ ! ပျော်ပျော်နေသေခဲကွ ။
ဟိုဆော့ကသာ ငြိမ်ချင်ယောင်ဆောင်နေတာလေ ။
တကယ်ကျ ငါတို့ထဲ သူအကဲဆုံးလေ ဟိဟိ "
" အစ်ကို ဂျင် !!!! "
ဆော့ဂျင်က အကြောင်းဖော်နေတာကြောင့် ဟိုဆော့
က ထအော်လိုက်သည် ။
အခိုက်အတန့် ခဏလေးမှာလည်း ပျော်ရွှင်ခဲ့ရ
သည် ။
ဒီအတန်း ဒီသူငယ်ချင်း ဒီမြို့ကို ဂျီမင်း ပို၍သာ
သဘောကျလာခဲ့ရသည် ။ စိတ်ထဲမှာလည်း
ဒီအခြေအနေကို ပျော်ရွှင်နေမိတာ သိသည် ။
မသိလိုက်တာကတော့ အဲ့နေ့ကတည်းက ဂျွန်ဂျောင်
ကုဆိုတဲ့ ကောင်လေးရဲ့လက်အောက်မှာ ပတ်ဂျီမင်း
ဆိုတဲ့ကောင်လေး ကျရှုံးခဲ့ရတယ်ဆိုတာပါပဲ ... ။
Advertisement
- In Serial195 Chapters
Kiss Me Not
“If I kiss you, you will not die but there is no guarantee that I will stop with just one kiss…”
8 1737 - In Serial7 Chapters
Serene Winter
An anthology consisting of artwork, short stories, and poems based off of winter from Serene Angel's Cafe.
8 76 - In Serial26 Chapters
His Precious Girl
Prom was around the corner and Arabella Meier was sure she wasn't going to attend. Not even her best friend could change her made up mind. But when Lee Jenson came crashing into her life without warning things took a turn for the better and her heart opened up again to the sweet boy who called her his precious."A short sweet story about falling in love and enjoying prom night with the person you like."
8 161 - In Serial17 Chapters
Magnify [Wonwoo]
"Let me magnify myself more clearly.. Because I'm not cliché nor shady." -Jeon WonwooFind out in Magnify
8 223 - In Serial46 Chapters
silent love { Dutch Van Der Linde x Reader } / rdr2
ever since your family was killed by a gang of outlaws, you've lived your life on the run. you had to learn to survive on your own and protect yourself.never staying in one place for long lead you up into the Grizzlies where you got stuck in a snowstorm. freezing and starving, you thought you were going to die, until one day when two outlaws found you and took you back to their gang. there, you were introduced to their charismatic leader. you quickly fall for the wise leader, but how will you react when he wants to keep your relationship a secret?
8 124 - In Serial20 Chapters
Rosalie
Rose is the only female in the pack that hasn't been mated yet. At the age of thirty-two she spends her nights tending the bar at the pack's strip club: Midnight. Mostly unnoticed she goes about her day relatively with ease. But when another pack wants a piece of the business it turns everything upside down...including her heart.(18 +)
8 171