《Amiss Prayer (Zawgyi&Unicode) [Completed]》Part-58(ဝေခွဲရခက်ခြင်း)
Advertisement
For Unicode
ဝေခွဲရခက်ခြင်း
မီးမထွန်းသောအခန်းငယ်..။ ထိုအခန်းငယ်အတွင်းရှိ ထိုင်ခုံထက်ဝယ် ကျွန်မတစ်ယောက်တည်းသာ တွေဝေခြင်းပေါင်းများစွာဖြင့် ထိုင်နေလျက်..။ တွေဝေနေသည်ဟု ဆိုသော်ငြားလည်း အသိစိတ်တို့တွင် တစ်စုံတစ်ခုမျှမရှိသည့်နှယ်။ အရာရာသည် ဗလာနတ္ထိ..။ မှိုင်းရီနေသော ကောင်းကင်ကိုသာ ပြတင်းပေါက်မှတစ်ဆင့် ငေးကြည့်လျက်..။ ကောင်းကင်ကိုသာငေးကြည့်နေသည်ဟုဆိုသော်ငြား ကောင်ကင်းယံအားသတိမထားမိ..။ ကြည့်မြဲသာကြည့်နေသည်။
ယခင်တွင် အဖော်မဲ့ခြင်းအား သဘောမကျသည့်ကျွန်မသည် ယနေ့တွင် အထီးကျန်မှုတွင် နေသားကျနေသယောင်။ တိတ်ဆိတ်နေသောအခန်းငယ်တွင် အလင်းရောင်မဲ့စွာ တစ်ဦးတည်းသာထိုင်နေရသည်မှာလည်း အရသာတစ်ခု။ ထိုအရသာအား စားသုံးနေမိသည့် ကျွန်မသည် သာယာနေ၍မဟုတ်။ ပင်ပန်းခြင်းတို့ဖြင့်သာ။
နေသူရိန်နှင့်လမင်းကိုကိုတို့အကြား ဝင်ရောက်လေသည့် မိမိ၏နှလုံးသားသည် နည်းနည်းမျှမရာမထင်။ ပေးဆပ်မိသော အတိတ်ကာလတို့အား ပြန်တွေးလျက် ရှက်စိတ်တို့ထုံမွမ်းနေသည်။ ထိုစိတ်ကြောင့်ပင် စီးဆင်းလာသည့် မျက်ရည်စသည် ပါးပြင်ထက်တွင် နေရာယူလျက်ရှိနေသည်။ မိမိသည်က ထိုမျက်ရည်စတို့အား မဖယ်ရှားမိသောကြောင့် ပါးပြင်ထက်၌ အချိန်အတော်ကြာသည်အထိ နေရာယူနေဆဲ..။ အေးစက်ခြောက်သွေ့လွန်းသည့် နေဝင်ချိန်တွင် နွေးထွေးမှုမရရှိသည့် မိမိ၏နှလုံးသားသည်လည်း အေးစက်လာလေပြီ။ ပျောက်ကွယ်သွားသော နေရောင်ခြည်နှင့်အတူ သူရိန်၏ချစ်ခြင်းအားရလိုသည် ဟူသောမျှော်လင့်ချက်ရောင်ခြည်သည်လည်း ပျောက်ကွယ်လေပြီ။
ပင်းပန်မိသည်။ ဝေခွဲရခက်ခြင်းတို့အကြား အသက်ရှူရမည်အား မေ့လျော့သည်အထိ ပင်ပန်းမိသည်။ မည်သည့်နည်းလမ်းကိုသာ ရွေးချယ်သည်ဖြစ်စေ သေချာသည်မှာ ကျွန်မသည် သူရိန့်အား ဆုံးရှုံးရမည်သာ။
သဘောထားကြီးစွာ ထိုသူတို့၏အခက်အခဲအား ဖြေရှင်းပေးပါကမူ သူရိန့်အား တစ်ပါးသူ၏လက်ထဲသို့ ထည့်လိုက်ရမည်။ အတ္တကြီးစွာ ထိုသူတို့၏အခက်အခဲအား မကူညီခဲ့ပါကမူ သူရိန်သည်မိမိအား မုန်းတီးသွားနိုင်သည်။
ဆုံးရှုံးရသည်ခြင်းတူသော်ငြား ကွာခြားသည်က တစ်ခုသာရှိသည်။ ဤသည်မှာ ပထမနည်းလမ်းကိုရွေးချယ်ခဲ့ပါက သူ၏ပျော်ရွှင်ခြင်းကိုသာကြည့်၍ ဆုံးရှုံးရမည်။ ဒုတိယနည်းလမ်းအား ရွေးချယ်ခဲ့ပါက သူ၏နာကျင်ခြင်းနဲ့ မုန်းတီးခြင်းကိုသာကြည့်၍ သူ့အားဆုံးရှုံးရမည်။
နင်ငါ့ကို ဝေခွဲရခက်တဲ့အလုပ်တွေ သိပ်လုပ်ခိုင်းတာပဲသူရိန်ရယ်..။
မိမိတစ်ယောက်တည်းသာ အတွေးကမ္ဘာထဲဝယ် ချာချာလည်နေစဉ် အခန်းအပြင်မှ တံခါးခေါက်သံကို ကြားရသည်။ ထိုအသံကြောင့် တံခါးဖွင့်၍ကြည့်လိုက်သောအခါ တံခါးခေါက်သူသည် ကိုတေဇဖြစ်နေသည်။
“ ငါတို့ စကားပြောရအောင်.. အောက်ထပ်ကိုခဏလောက်ဆင်းခဲ့ပါလား “
“ စကားပြောမယ်တဲ့လား..။ ထူးထူးဆန်းဆန်းပါလား “
“ နင်နဲ့စကားပြောချင်နေတဲ့ ငါ့စိတ်က ထူးဆန်းနေတာ ငါသိပါတယ် “
“ ဆေးမှားသောက်ထားတာလား..။ ကိုတေဇနဲ့ ဇာဇာတို့အကြားမှာ မျက်နှာချင်းဆိုင်ပြီး စကားပြောစရာ ဘာအကြောင်းမှမရှိဘူးလို့ထင်တယ် “
ဤသည်က သဉ္ဇာထက်နှင့်တေဇတို့၏ ပုံမှန်ဆက်ဆံရေးဖြစ်သည်။ ထိုသူတို့၏ပုံမှန်ဆက်ဆံရေးသည် လူအများ၏အမြင်တွင် ထူးဆန်းနိုင်သည်။ တစ်ဦးနှင့်တစ်ဦး အမြင်မကြည်သည်မို့ မျက်နှာချင်းဆိုင်၍ စကားပြောရသည်မှာ မရှိသလောက်နည်းပါးသည်။ မျက်နှာချင်းဆိုင်လျှင်လည်း တစ်ဦးနှင့်တစ်ဦးအချင်းများရုံမှတစ်ပါး ကျန်သောအရာများဖြစ်မလာခဲ့။
“ ရှိလို့ခေါ်တာပေါ့ ဇာဇာရယ်.. “
“ ရှ်ိခဲ့ရင်လည်း အဲဒီကိစ္စအတွက် ဇာဇာမအားဘူးလို့ ကြိုငြင်းပါရစေ “
ထိုသို့ပြောပြီးနောက် တေဇအားကျောခိုင်း၍ အခန်းတံခါးပိတ်မည့် သဉ္ဇာထက်၏လက်တို့သည် လမ်းတစ်ဝက်တွင်သာရပ်တန့်ကုန်သည်။ အကြောင်းမှာ တေဇ၏နောက်ဆက်တွဲ စကားကြောင့်သာ..။
“ နေသူရိန်တို့ကိစ္စဆိုရင်တောင် နင်ငြင်းဦးမှာလား “
သူရိန့်နာမည်ကြားသည်နှင့် ရပ်တန့်သွားသော ခြေလှမ်းတို့အား မုန်းမိပါသည်။
“ ကောင်းပြီလေ.. ဇာဇာအောက်ထပ်ဆင်းခဲ့မယ် “
ထို့နောက်တေဇသည် ဧည့်ခန်းထဲသို့ ဦးစွာသွားနှင့်၍ ဝိုင်ခွက်နှစ်ခွက်နှင့် ပန်းသီးတို့အားပြင်ဆင်ထားသည်။ သဉ္ဇာထက်ရောက်လာသောအခါ တေဇသည် ဝိုင်ခွက်တစ်ခွက်အား သဉ္ဇာထက်၏အရှေ့သို့တိုးပေးသည်။ ကျန်တစ်ခွက်အား တေဇသည် ဆိုဖာကိုမှီလျက် သုံးဆောင်နေသည်။ တေဇ၏ခေါ်ဆိုမှုကြောင့် ဧည့်ခန်းထဲသို့ရောက်လာသော သဉ္ဇာထက်သည် တေဇ၏စကားအား နားထောင်လို၍မဟုတ်။ နေသူရိန်ဟူသော အမည်ကြောင့်သာ။
“ပြောတော့ ကိုတေဇ.. နေသူရိန်တို့ကိစ္စဆိုတာလေး “
“ သူတို့အကြောင်းစမပြောခင် ငါတို့ရဲ့ခံစားချက်တွေကို အရင်ဝန်ခံရအောင်..။ ငါက လမင်းကိုကို ကိုသဘောကျတယ်..။ လမင်းကိုကိုနဲ့ ပတ်သက်နေတဲ့ နေသူရိန်ကို ငါမုန်းတယ် “
“ ဇာဇာကတော့ သူရိန့်ကိုသဘောကျတယ်..။ ဒါပေမဲ့ လမင်းကိုကို ကိုဇာဇာမမုန်းမိဘူး “
“ သူ့ကိုမမုန်းတာ အဆင်ပြေပါတယ်..။ ဘာလို့လဲဆိုတော့ သူကငါနဲ့ပတ်သက်ပြီး.. ငါတို့မိသားစုဝင်တစ်ဦးဖြစ်လာမှာ ဆိုတော့ “
သူရိန်နှင့်လမင်းကိုကိုတို့၏ ချစ်ခြင်းသံယောဇဉ်အား မိမိခံစားမိသည်။ ခိုင်မာလွန်းသည်။ ထိုခိုင်မာမှုကိုမသိ.. သူ၏စိတ်ကူးယဉ်ကိုသာ ပြောပြနေသည့် ကိုတေဇ၏စကားသည် မိမိအဖို့ရာ ဟာသတစ်ခုသာ..။
“ ဟက်.. သေချာလို့သား ကိုတေဇ.. “
“ ဒါပေါ့..။ ငါ့မှာ အစီအစဉ်တွေရှိပြီးသားပါ “
“ ကိုတေဇအချစ်တော်လေးက သူရိန်မှသူရိန်ဖြစ်နေတာနော် “
“ နေသူရိန်သာမရှိခဲ့ရင်ရော.. ငါ့အချစ်တော်လေးက သူ့ကိုတမ်းတနေပါ့မလား “
ဒေါသထွက်မိသည်။ သူ၏စကားသည် မိမိချစ်ရသူအား ပျောက်ကွယ်သွားစေချင်သည့် ရည်ရွယ်ချက်တို့ရှိကြောင်း သိသာပါသည်။
“ ရူးနေလား ကိုတေဇ..။ ဇာဇာသဘောကျရတဲ့သူကို မရှိစေချင်တဲ့အကြောင်း.. ဇာဇာ့အရှေ့မှာ ပြောရဲတယ်လား “
“ ဟိုး ဟိုး.. စိတ်လျော့ပါဇာဇာရယ်...။ တစ်လှေတည်းစီးမယ့်ခရီးသည်တွေပဲ.. အဲဒီလောက်ထိ ငါ့ကို ဒေါသမထွက်ပါနဲ့ “
Advertisement
ဆိုဖာကိုမှီထားမှထလိုက်ကာ သူ၏ဝိုင်ခွက်နှင့် မိမိ၏ဝိုင်ခွက်ကို ထိလိုက်သည့် အပြုအမူသည် မုန်းချင်စဖွယ်..။
“ ငါကလည်း အဲဒီလောက်ထိမရက်စက်တတ်ပါဘူး..။ ငါ့ညီမတစ်ယောက်လုံး ကြေကွဲရမှာကို ငါကလုပ်ရက်ပါ့မလား “
“ ကိုတေဇကဇာဇာ့ကို ဘယ်တုန်းက ညီမလို့သတ်မှတ်ခဲ့လို့လဲ။ ညီမလို့မသတ်မှတ်ထားတဲ့အတွက် ဇာဇာကြေကွဲရမယ့်ကိစ္စတစ်ခုကို ကိုတေဇအလွယ်လေးလုပ်နိုင်တာ ဇာဇာသိတယ် “
“ အရင်ကမသတ်မှတ်ပေမဲ့ အခုကတော့ လမ်းတူခရီးသည်တွေမို့.. ညီမလို့သတ်မှတ်ထားတယ်။ စိတ်ချပါ နင်အရမ်းချစ်တဲ့သူရိန်ကို မထိခိုက်စေရပါဘူး “
“ ကိုတေဇ ကတိတည်ပါစေ.. သူရိန့်ကိုလုံးဝမထိခိုက်ပါနဲ့။ ကတိမတည်ခဲ့ရင် ဇာဇာ့အဆိုးမဆိုနဲ့ “
“ ဟုတ်ပြီ.. ကတိပေးတယ်..။ ငါတစ်ခုမေးချင်တယ်။ နင်ချစ်တဲ့သူရိန်ကို နင်ပိုင်ရမယ်.. ငါလည်း ငါချစ်တဲ့လမင်းကိုကို ကိုပိုင်ဆိုင်ရမယ့် နည်းလမ်းရှိတယ်။ အဲဒီနည်းလမ်းအသုံးချဖို့ကို နင်ကူညီမှဖြစ်မယ်။ အဲဒီနည်းလမ်းက..”
ကိုတေဇ၏စကားသည် ယုတ္တိမရှိ။ သူ၏စိတ်ကူးယဉ်တို့အား နားထောင်ပေးရန်မထိုက်တန်..။ ထို့ကြောင့် စကားဖြတ်ပြောခဲ့မိသည်။
“ တော်တော့ ကိုတေဇ..။ နည်းလမ်းပေါင်းစုံကိုတွေးပြီး သူတို့နှစ်ယောက်ခွဲမယ်ပေါ့..။ အဲဒီလိုခွဲတော့ရော.. ကိုတေဇက လမင်းကိုကို ကိုပိုင်ဆိုင်ရမှာတဲ့လား။ ဇာဇာကရော သူရိန်ကိုပိုင်ဆိုင်ရမယ်လို့ ကိုတေဇအာမခံရဲလား “
“ အာမခံတယ်ဆိုရင်ရော..”
“ ထားတော့.. အကွက်တွေ သိပ်စေ့လို့ ပိုင်ဆိုင်ခဲ့ရရင်တောင်.. နှလုံးသားမပါလာတဲ့ လမင်းကိုကိုကိုပဲ ကိုတေဇပိုင်ဆိုင်ရလိမ့်မယ်။ ဇာဇာကလည်း ခံစားချက်မရှိတော့တဲ့ သူရိန်ကိုပိုင်ဆိုင်ရလိမ့်မယ်။ အားလုံးက အပေါ်ယံတွေချည်းပဲ ပိုင်ဆိုင်ရလိမ့်မယ်..။ ဇာဇာလိုချင်တာက သူရိန်ရဲ့အချစ်..။ အချစ်မရှိတော့တဲ့ သူရိန်ကို ဇာဇာမပိုင်ဆိုင်ချင်ဘူး။ နောက်ပြီး သူဝမ်းနည်းနေရမှာကို ဇာဇာမကြည့်ရက်ဘူး “
“ နင်ချစ်ပုံကြီးကလည်း ထူးဆန်းလိုက်တာဟာ.. “
ဇာဇာသည်က တေဇ၏အစီအစဉ်တို့အားလက်ခံခြင်းမရှိ။ တေဇတစ်ယောက် အခက်တွေ့လေပြီ..။
“ဇာဇာ့အချစ်က ထူးဆန်းတယ်ပဲထား.. ကိုတေဇအချစ်လိုတော့ မယုတ်မာဘူး “
“ နင်ပြောသလို ငါ့အချစ်က ယုတ်မာတယ်ပဲထား..။ အနည်းဆုံးတော့ ငါချစ်ရတဲ့သူကို ငါပိုင်ဆိုင်ရမှာပဲလေ “
“ ဘာလဲ.. အဆုံးထိ သူရိန့်လက်ထဲက လမင်းကိုကို ကိုလုယူဦးမလို့လား “
“ သေချာတာပေါ့ “
“ ကိုတေဇသိဖို့ တစ်ခုပြောပြမယ်။ သူရိန်တို့က ကိုတေဇကြိုးဆွဲရာကိုကမယ့် ရုပ်သေးရုပ်မဟုတ်ဘူး။ ကိုယ့်ကိုကိုယ် မထိခိုက်ပါစေနဲ့လို့ ဆုတောင်းထားပါ “
သေချာတယ်။ ဒီပုံစံနဲ့ဆိုရင် ဇာဇာကိုလုံးဝညှိလို့ရမှာမဟုတ်ဘူး..။ မတတ်နိုင်ဘူးလေ.. နောက်ထပ်အစီအစဉ်တစ်ခု ထပ်ပြောင်းရမှာပေါ့။ ကိုယ်က အချစ်ကိုပိုင်ဆိုင်ခြင်းလို့ ခံယူထားတဲ့လူတစ်ယောက်။ အဲဒါကြောင့် ကိုယ်ကလမင်းကိုပိုင်ဆိုင်ရဖို့အတွက် အစွမ်းကုန် ကြိုးစားနေမိဦးမယ်ထင်တယ်။ လမင်းကို ကိုယ်ချစ်ခဲ့တာ လွယ်လွယ်လေးချစ်ပစ်ခဲ့တာမှမဟုတ်တာ။
ဒဂုံတက္ကသိုလ်ကို ယောင်လည်လည်နဲ့ ရောက်လာခဲ့တဲ့ ပထမဦးဆုံးရက်မှာကတည်းက လမင်းရဲ့နွေးထွေးမှုကို ကိုယ်ခံစားခဲ့ရတယ်။ မိသားစုရေးအဆင်မပြေတဲ့ကိုယ့်ကို အားပေးခဲ့တာ.. ကိုယ့်ကို စာကြိုးစားဖို့တိုက်တွန်းခဲ့တာ.. လမင်းတစ်ယောက်တည်းရှိတယ်။
မိသားစုရေးအဆင်မပြေပုံက.. တခြားတော့မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့မွေးစားအဖေဖြစ်တဲ့ သဉ္ဇာထက်ရဲ့အဖေရယ်.. သဉ္ဇာထက်ရယ်က ကျွန်တော့်ကိုမကြည်ဖြူဘူးလေ။ ကျွန်တော့်အဒေါ်အရင်းလည်းဖြစ်.. မွေးစားအမေလည်းဖြစ်တဲ့ သဉ္ဇာထက်ရဲ့အမေကတော့ ကျွန်တော့်ကိုချစ်ရှာပါတယ်။ မွေးစားအမေက ကျွန်တော့်ကို မြှောက်စားလွန်းတာနဲ့ ပတ်သက်ပြီးခဏခဏပြဿနာဖြစ်ရတယ်။ ပြဿနာဖြစ်တဲ့အခါ ကျွန်တော့်မွေးစားအမေနဲ့ကျွန်တော်နဲ့ကတစ်ဖက်.. ကျွန်တော့်မွေးစားအဖေရယ်.. သဉ္ဇာထက်ရယ်ကတစ်ဖက်ပေါ့။
အဆင်မပြေမှုတွေနဲ့ အဖော်မဲ့နေတဲ့ကိုယ့်အနားမှာလာထိုင်ရင်း သူငယ်ချင်းအဖြစ် နွေးထွေးခဲ့တယ်။ ကိုယ်က လူအများကြီးနဲ့နေရတာကိုသဘောမကျဘူး။ စကားပြောနေရတာကိုလည်း မကြိုက်ဘူး။ လူတိုင်းကို ကိုယ့်လိုမဟုတ်ဘူးလို့တွေးပြီး ရှောင်ဖယ်နေတတ်တယ်။ အဲဒီလို လူအများနဲ့မတူတဲ့.. အေးစက်တဲ့စရိုက်ရှိတဲ့ ကိုယ့်ကိုနားလည်ပေးခဲ့တာ လမင်းပဲရှိခဲ့တယ်။ ကိုယ့်အပေါ်ကို နားလည်ပေးနိုင်တဲ့ တစ်ဦးတည်းသောလူသားကို ပိုင်ဆိုင်ချင်မိတာ ကိုယ်မမှားဘူးထင်တယ်လမင်း။ သိပ်နွေးထွေးလွန်းတဲ့ လမင်းရဲ့အပြစ်ပေါ့..။
အချင်းများပြီးနောက် သဉ္ဇာထက်နှင့် တေဇတို့သည်ထိုဧည့်ခန်းမှ ကိုယ်စီထွက်ခွာခဲ့ကြသည်။ တေဇသည်လည်း သူ၏အခန်းထဲသို့ ပြန်လာခဲ့သည်။ သဉ္ဇာထက်သည်လည်း သူ၏အခန်းထဲသို့သာ ဒေါသထွက်လျက် ပြန်လာခဲ့သည်။
ရင်ထဲတွင်လောင်မြိုက်နေသော ဒေါသမီးတို့အား ငြိမ်းလိုငြမ်းငြား.. ရေသောက်ရန် အခန်းထဲရှိစာကြည့်စားပွဲပေါ်မှ ရေဘူးအားကြည့်လိုက်သောအခါ ရေမရှိသည်ကိုတွေ့ရသည်။ ထို့ကြောင့်ရေဘူးယူရန် အခန်းထဲမှထွက်လာခိုက်.. ကိုတေဇ၏အခန်းအရှေ့မှ ဖြတ်မည်အပြုတွင် ကိုတေဇစကားပြောနေသည့်အသံကို ကြားရသည်။ ဖုန်းပြောနေဟန်တူသည်။
ထိုစကားသံတွင် လမင်းကိုကိုဟူသော အမည်ကိုကြားရသောကြောင့် ဆက်၍နားထောင်နေခဲ့သည်။ အခန်းတံခါးသည် အနည်းငယ်ဟနေသောကြောင့် ကပ်၍နားထောင်သောအခါ သူ၏စကားတို့အား ရှင်းလင်းစွာကြားရသည်။ ရှင်းလင်းစွာ ကြားရသည့်ထိုစကားသံတို့သည် လမင်းကိုကိုအား မေ့ဆေးဖြင့်အုပ်၍ ခိုးပြေးရန်ကိစ္စအား သူ၏သူငယ်ချင်းဖြစ်သူနှင့် ဖုန်းပြော၍ တိုင်ပင်နေခြင်းသာဖြစ်သည်။
ထိုစကားတို့ကို ကြားရသောအခါ ကိုတေဇအား အလွန်စိတ်ပျက်မိသည်။ လမင်းကိုကိုနှင့်သူရိန်တို့ကို စိုးရိမ်မိသည်။ သူရိန်သည် လမင်းကိုကိုအား အလွန်ချစ်ပုံရသည်။ အကယ်၍သာ ကိုတေဇ၏အကြံအစီများ အောင်မြင်၍လမင်းကိုကိုအား သူ.. ပိုင်ဆိုင်ရပါက သူရိန်အလွန်နာကျင်ရနိုင်သည်။ မိမိသည် သူရိန့်ကိုချစ်သော်ငြား သူရိန်တို့၏ချစ်ခြင်းကိုမခွဲရက်။ အကြောင်းမှာ သူရိန်ခံစားနေရမည်အား မကြည့်ရက်သောကြောင့်သာဖြစ်သည်...။
ကျွန်မအချစ်က သူ့ကိုပျော်စေချင်တာပါ..။
For Zawgyi
ေဝခြဲရခက္ျခင္း
မီးမထြန္းေသာအခန္းငယ္..။ ထိုအခန္းငယ္အတြင္းရွိ ထိုင္ခုံထက္ဝယ္ ကြၽန္မတစ္ေယာက္တည္းသာ ေတြေဝျခင္းေပါင္းမ်ားစြာျဖင့္ ထိုင္ေနလ်က္..။ ေတြေဝေနသည္ဟု ဆိုေသာ္ျငားလည္း အသိစိတ္တို႔တြင္ တစ္စုံတစ္ခုမွ်မရွိသည့္ႏွယ္။ အရာရာသည္ ဗလာနတၳိ..။ မႈိင္းရီေနေသာ ေကာင္းကင္ကိုသာ ျပတင္းေပါက္မွတစ္ဆင့္ ေငးၾကည့္လ်က္..။ ေကာင္းကင္ကိုသာေငးၾကည့္ေနသည္ဟုဆိုေသာ္ျငား ေကာင္ကင္းယံအားသတိမထားမိ..။ ၾကည့္ၿမဲသာၾကည့္ေနသည္။
Advertisement
ယခင္တြင္ အေဖာ္မဲ့ျခင္းအား သေဘာမက်သည့္ကြၽန္မသည္ ယေန႔တြင္ အထီးက်န္မႈတြင္ ေနသားက်ေနသေယာင္။ တိတ္ဆိတ္ေနေသာအခန္းငယ္တြင္ အလင္းေရာင္မဲ့စြာ တစ္ဦးတည္းသာထိုင္ေနရသည္မွာလည္း အရသာတစ္ခု။ ထိုအရသာအား စားသုံးေနမိသည့္ ကြၽန္မသည္ သာယာေန၍မဟုတ္။ ပင္ပန္းျခင္းတို႔ျဖင့္သာ။
ေနသူရိန္ႏွင့္လမင္းကိုကိုတို႔အၾကား ဝင္ေရာက္ေလသည့္ မိမိ၏ႏွလုံးသားသည္ နည္းနည္းမွ်မရာမထင္။ ေပးဆပ္မိေသာ အတိတ္ကာလတို႔အား ျပန္ေတြးလ်က္ ရွက္စိတ္တို႔ထုံမြမ္းေနသည္။ ထိုစိတ္ေၾကာင့္ပင္ စီးဆင္းလာသည့္ မ်က္ရည္စသည္ ပါးျပင္ထက္တြင္ ေနရာယူလ်က္ရွိေနသည္။ မိမိသည္က ထိုမ်က္ရည္စတို႔အား မဖယ္ရွားမိေသာေၾကာင့္ ပါးျပင္ထက္၌ အခ်ိန္အေတာ္ၾကာသည္အထိ ေနရာယူေနဆဲ..။ ေအးစက္ေျခာက္ေသြ႕လြန္းသည့္ ေနဝင္ခ်ိန္တြင္ ေႏြးေထြးမႈမရရွိသည့္ မိမိ၏ႏွလုံးသားသည္လည္း ေအးစက္လာေလၿပီ။ ေပ်ာက္ကြယ္သြားေသာ ေနေရာင္ျခည္ႏွင့္အတူ သူရိန္၏ခ်စ္ျခင္းအားရလိုသည္ ဟူေသာေမွ်ာ္လင့္ခ်က္ေရာင္ျခည္သည္လည္း ေပ်ာက္ကြယ္ေလၿပီ။
ပင္းပန္မိသည္။ ေဝခြဲရခက္ျခင္းတို႔အၾကား အသက္ရွဴရမည္အား ေမ့ေလ်ာ့သည္အထိ ပင္ပန္းမိသည္။ မည္သည့္နည္းလမ္းကိုသာ ေ႐ြးခ်ယ္သည္ျဖစ္ေစ ေသခ်ာသည္မွာ ကြၽန္မသည္ သူရိန႔္အား ဆုံးရႈံးရမည္သာ။
သေဘာထားႀကီးစြာ ထိုသူတို႔၏အခက္အခဲအား ေျဖရွင္းေပးပါကမူ သူရိန႔္အား တစ္ပါးသူ၏လက္ထဲသို႔ ထည့္လိုက္ရမည္။ အတၱႀကီးစြာ ထိုသူတို႔၏အခက္အခဲအား မကူညီခဲ့ပါကမူ သူရိန္သည္မိမိအား မုန္းတီးသြားႏိုင္သည္။
ဆုံးရႈံးရသည္ျခင္းတူေသာ္ျငား ကြာျခားသည္က တစ္ခုသာရွိသည္။ ဤသည္မွာ ပထမနည္းလမ္းကိုေ႐ြးခ်ယ္ခဲ့ပါက သူ၏ေပ်ာ္႐ႊင္ျခင္းကိုသာၾကည့္၍ ဆုံးရႈံးရမည္။ ဒုတိယနည္းလမ္းအား ေ႐ြးခ်ယ္ခဲ့ပါက သူ၏နာက်င္ျခင္းနဲ႔ မုန္းတီးျခင္းကိုသာၾကည့္၍ သူ႔အားဆုံးရႈံးရမည္။
နင္ငါ့ကို ေဝခြဲရခက္တဲ့အလုပ္ေတြ သိပ္လုပ္ခိုင္းတာပဲသူရိန္ရယ္..။
မိမိတစ္ေယာက္တည္းသာ အေတြးကမာၻထဲဝယ္ ခ်ာခ်ာလည္ေနစဥ္ အခန္းအျပင္မွ တံခါးေခါက္သံကို ၾကားရသည္။ ထိုအသံေၾကာင့္ တံခါးဖြင့္၍ၾကည့္လိုက္ေသာအခါ တံခါးေခါက္သူသည္ ကိုေတဇျဖစ္ေနသည္။
“ ငါတို႔ စကားေျပာရေအာင္.. ေအာက္ထပ္ကိုခဏေလာက္ဆင္းခဲ့ပါလား “
“ စကားေျပာမယ္တဲ့လား..။ ထူးထူးဆန္းဆန္းပါလား “
“ နင္နဲ႔စကားေျပာခ်င္ေနတဲ့ ငါ့စိတ္က ထူးဆန္းေနတာ ငါသိပါတယ္ “
“ ေဆးမွားေသာက္ထားတာလား..။ ကိုေတဇနဲ႔ ဇာဇာတို႔အၾကားမွာ မ်က္ႏွာခ်င္းဆိုင္ၿပီး စကားေျပာစရာ ဘာအေၾကာင္းမွမရွိဘူးလို႔ထင္တယ္ “
ဤသည္က သၪၨာထက္ႏွင့္ေတဇတို႔၏ ပုံမွန္ဆက္ဆံေရးျဖစ္သည္။ ထိုသူတို႔၏ပုံမွန္ဆက္ဆံေရးသည္ လူအမ်ား၏အျမင္တြင္ ထူးဆန္းႏိုင္သည္။ တစ္ဦးႏွင့္တစ္ဦး အျမင္မၾကည္သည္မို႔ မ်က္ႏွာခ်င္းဆိုင္၍ စကားေျပာရသည္မွာ မရွိသေလာက္နည္းပါးသည္။ မ်က္ႏွာခ်င္းဆိုင္လွ်င္လည္း တစ္ဦးႏွင့္တစ္ဦးအခ်င္းမ်ား႐ုံမွတစ္ပါး က်န္ေသာအရာမ်ားျဖစ္မလာခဲ့။
“ ရွိလို႔ေခၚတာေပါ့ ဇာဇာရယ္.. “
“ ရွ္ိခဲ့ရင္လည္း အဲဒီကိစၥအတြက္ ဇာဇာမအားဘူးလို႔ ႀကိဳျငင္းပါရေစ “
ထိုသို႔ေျပာၿပီးေနာက္ ေတဇအားေက်ာခိုင္း၍ အခန္းတံခါးပိတ္မည့္ သၪၨာထက္၏လက္တို႔သည္ လမ္းတစ္ဝက္တြင္သာရပ္တန္႔ကုန္သည္။ အေၾကာင္းမွာ ေတဇ၏ေနာက္ဆက္တြဲ စကားေၾကာင့္သာ..။
“ ေနသူရိန္တို႔ကိစၥဆိုရင္ေတာင္ နင္ျငင္းဦးမွာလား “
သူရိန႔္နာမည္ၾကားသည္ႏွင့္ ရပ္တန႔္သြားေသာ ေျခလွမ္းတို႔အား မုန္းမိပါသည္။
“ ေကာင္းၿပီေလ.. ဇာဇာေအာက္ထပ္ဆင္းခဲ့မယ္ “
ထို႔ေနာက္ေတဇသည္ ဧည့္ခန္းထဲသို႔ ဦးစြာသြားႏွင့္၍ ဝိုင္ခြက္ႏွစ္ခြက္ႏွင့္ ပန္းသီးတို႔အားျပင္ဆင္ထားသည္။ သၪၨာထက္ေရာက္လာေသာအခါ ေတဇသည္ ဝိုင္ခြက္တစ္ခြက္အား သၪၨာထက္၏အေရွ႕သို႔တိုးေပးသည္။ က်န္တစ္ခြက္အား ေတဇသည္ ဆိုဖာကိုမွီလ်က္ သုံးေဆာင္ေနသည္။ ေတဇ၏ေခၚဆိုမႈေၾကာင့္ ဧည့္ခန္းထဲသို႔ေရာက္လာေသာ သၪၨာထက္သည္ ေတဇ၏စကားအား နားေထာင္လို၍မဟုတ္။ ေနသူရိန္ဟူေသာ အမည္ေၾကာင့္သာ။
“ေျပာေတာ့ ကိုေတဇ.. ေနသူရိန္တို႔ကိစၥဆိုတာေလး “
“ သူတို႔အေၾကာင္းစမေျပာခင္ ငါတို႔ရဲ႕ခံစားခ်က္ေတြကို အရင္ဝန္ခံရေအာင္..။ ငါက လမင္းကိုကို ကိုသေဘာက်တယ္..။ လမင္းကိုကိုနဲ႔ ပတ္သက္ေနတဲ့ ေနသူရိန္ကို ငါမုန္းတယ္ “
“ ဇာဇာကေတာ့ သူရိန႔္ကိုသေဘာက်တယ္..။ ဒါေပမဲ့ လမင္းကိုကို ကိုဇာဇာမမုန္းမိဘူး “
“ သူ႔ကိုမမုန္းတာ အဆင္ေျပပါတယ္..။ ဘာလို႔လဲဆိုေတာ့ သူကငါနဲ႔ပတ္သက္ၿပီး.. ငါတို႔မိသားစုဝင္တစ္ဦးျဖစ္လာမွာ ဆိုေတာ့ “
သူရိန္ႏွင့္လမင္းကိုကိုတို႔၏ ခ်စ္ျခင္းသံေယာဇဥ္အား မိမိခံစားမိသည္။ ခိုင္မာလြန္းသည္။ ထိုခိုင္မာမႈကိုမသိ.. သူ၏စိတ္ကူးယဥ္ကိုသာ ေျပာျပေနသည့္ ကိုေတဇ၏စကားသည္ မိမိအဖို႔ရာ ဟာသတစ္ခုသာ..။
“ ဟက္.. ေသခ်ာလို႔သား ကိုေတဇ.. “
“ ဒါေပါ့..။ ငါ့မွာ အစီအစဥ္ေတြရွိၿပီးသားပါ “
“ ကိုေတဇအခ်စ္ေတာ္ေလးက သူရိန္မွသူရိန္ျဖစ္ေနတာေနာ္ “
“ ေနသူရိန္သာမရွိခဲ့ရင္ေရာ.. ငါ့အခ်စ္ေတာ္ေလးက သူ႔ကိုတမ္းတေနပါ့မလား “
ေဒါသထြက္မိသည္။ သူ၏စကားသည္ မိမိခ်စ္ရသူအား ေပ်ာက္ကြယ္သြားေစခ်င္သည့္ ရည္႐ြယ္ခ်က္တို႔ရွိေၾကာင္း သိသာပါသည္။
“ ႐ူးေနလား ကိုေတဇ..။ ဇာဇာသေဘာက်ရတဲ့သူကို မရွိေစခ်င္တဲ့အေၾကာင္း.. ဇာဇာ့အေရွ႕မွာ ေျပာရဲတယ္လား “
“ ဟိုး ဟိုး.. စိတ္ေလ်ာ့ပါဇာဇာရယ္...။ တစ္ေလွတည္းစီးမယ့္ခရီးသည္ေတြပဲ.. အဲဒီေလာက္ထိ ငါ့ကို ေဒါသမထြက္ပါနဲ႔ “
ဆိုဖာကိုမွီထားမွထလိုက္ကာ သူ၏ဝိုင္ခြက္ႏွင့္ မိမိ၏ဝိုင္ခြက္ကို ထိလိုက္သည့္ အျပဳအမူသည္ မုန္းခ်င္စဖြယ္..။
“ ငါကလည္း အဲဒီေလာက္ထိမရက္စက္တတ္ပါဘူး..။ ငါ့ညီမတစ္ေယာက္လုံး ေၾကကြဲရမွာကို ငါကလုပ္ရက္ပါ့မလား “
“ ကိုေတဇကဇာဇာ့ကို ဘယ္တုန္းက ညီမလို႔သတ္မွတ္ခဲ့လို႔လဲ။ ညီမလို႔မသတ္မွတ္ထားတဲ့အတြက္ ဇာဇာေၾကကြဲရမယ့္ကိစၥတစ္ခုကို ကိုေတဇအလြယ္ေလးလုပ္ႏိုင္တာ ဇာဇာသိတယ္ “
“ အရင္ကမသတ္မွတ္ေပမဲ့ အခုကေတာ့ လမ္းတူခရီးသည္ေတြမို႔.. ညီမလို႔သတ္မွတ္ထားတယ္။ စိတ္ခ်ပါ နင္အရမ္းခ်စ္တဲ့သူရိန္ကို မထိခိုက္ေစရပါဘူး “
“ ကိုေတဇ ကတိတည္ပါေစ.. သူရိန႔္ကိုလုံးဝမထိခိုက္ပါနဲ႔။ ကတိမတည္ခဲ့ရင္ ဇာဇာ့အဆိုးမဆိုနဲ႔ “
“ ဟုတ္ၿပီ.. ကတိေပးတယ္..။ ငါတစ္ခုေမးခ်င္တယ္။ နင္ခ်စ္တဲ့သူရိန္ကို နင္ပိုင္ရမယ္.. ငါလည္း ငါခ်စ္တဲ့လမင္းကိုကို ကိုပိုင္ဆိုင္ရမယ့္ နည္းလမ္းရွိတယ္။ အဲဒီနည္းလမ္းအသုံးခ်ဖို႔ကို နင္ကူညီမွျဖစ္မယ္။ အဲဒီနည္းလမ္းက..”
ကိုေတဇ၏စကားသည္ ယုတၱိမရွိ။ သူ၏စိတ္ကူးယဥ္တို႔အား နားေထာင္ေပးရန္မထိုက္တန္..။ ထို႔ေၾကာင့္ စကားျဖတ္ေျပာခဲ့မိသည္။
“ ေတာ္ေတာ့ ကိုေတဇ..။ နည္းလမ္းေပါင္းစုံကိုေတြးၿပီး သူတို႔ႏွစ္ေယာက္ခြဲမယ္ေပါ့..။ အဲဒီလိုခြဲေတာ့ေရာ.. ကိုေတဇက လမင္းကိုကို ကိုပိုင္ဆိုင္ရမွာတဲ့လား။ ဇာဇာကေရာ သူရိန္ကိုပိုင္ဆိုင္ရမယ္လို႔ ကိုေတဇအာမခံရဲလား “
“ အာမခံတယ္ဆိုရင္ေရာ..”
“ ထားေတာ့.. အကြက္ေတြ သိပ္ေစ့လို႔ ပိုင္ဆိုင္ခဲ့ရရင္ေတာင္.. ႏွလုံးသားမပါလာတဲ့ လမင္းကိုကိုကိုပဲ ကိုေတဇပိုင္ဆိုင္ရလိမ့္မယ္။ ဇာဇာကလည္း ခံစားခ်က္မရွိေတာ့တဲ့ သူရိန္ကိုပိုင္ဆိုင္ရလိမ့္မယ္။ အားလုံးက အေပၚယံေတြခ်ည္းပဲ ပိုင္ဆိုင္ရလိမ့္မယ္..။ ဇာဇာလိုခ်င္တာက သူရိန္ရဲ႕အခ်စ္..။ အခ်စ္မရွိေတာ့တဲ့ သူရိန္ကို ဇာဇာမပိုင္ဆိုင္ခ်င္ဘူး။ ေနာက္ၿပီး သူဝမ္းနည္းေနရမွာကို ဇာဇာမၾကည့္ရက္ဘူး “
“ နင္ခ်စ္ပုံႀကီးကလည္း ထူးဆန္းလိုက္တာဟာ.. “
ဇာဇာသည္က ေတဇ၏အစီအစဥ္တို႔အားလက္ခံျခင္းမရွိ။ ေတဇတစ္ေယာက္ အခက္ေတြ႕ေလၿပီ..။
“ဇာဇာ့အခ်စ္က ထူးဆန္းတယ္ပဲထား.. ကိုေတဇအခ်စ္လိုေတာ့ မယုတ္မာဘူး “
“ နင္ေျပာသလို ငါ့အခ်စ္က ယုတ္မာတယ္ပဲထား..။ အနည္းဆုံးေတာ့ ငါခ်စ္ရတဲ့သူကို ငါပိုင္ဆိုင္ရမွာပဲေလ “
“ ဘာလဲ.. အဆုံးထိ သူရိန႔္လက္ထဲက လမင္းကိုကို ကိုလုယူဦးမလို႔လား “
“ ေသခ်ာတာေပါ့ “
“ ကိုေတဇသိဖို႔ တစ္ခုေျပာျပမယ္။ သူရိန္တို႔က ကိုေတဇႀကိဳးဆြဲရာကိုကမယ့္ ႐ုပ္ေသး႐ုပ္မဟုတ္ဘူး။ ကိုယ့္ကိုကိုယ္ မထိခိုက္ပါေစနဲ႔လို႔ ဆုေတာင္းထားပါ “
ေသခ်ာတယ္။ ဒီပုံစံနဲ႔ဆိုရင္ ဇာဇာကိုလုံးဝညႇိလို႔ရမွာမဟုတ္ဘူး..။ မတတ္ႏိုင္ဘူးေလ.. ေနာက္ထပ္အစီအစဥ္တစ္ခု ထပ္ေျပာင္းရမွာေပါ့။ ကိုယ္က အခ်စ္ကိုပိုင္ဆိုင္ျခင္းလို႔ ခံယူထားတဲ့လူတစ္ေယာက္။ အဲဒါေၾကာင့္ ကိုယ္ကလမင္းကိုပိုင္ဆိုင္ရဖို႔အတြက္ အစြမ္းကုန္ ႀကိဳးစားေနမိဦးမယ္ထင္တယ္။ လမင္းကို ကိုယ္ခ်စ္ခဲ့တာ လြယ္လြယ္ေလးခ်စ္ပစ္ခဲ့တာမွမဟုတ္တာ။
ဒဂုံတကၠသိုလ္ကို ေယာင္လည္လည္နဲ႔ ေရာက္လာခဲ့တဲ့ ပထမဦးဆုံးရက္မွာကတည္းက လမင္းရဲ႕ေႏြးေထြးမႈကို ကိုယ္ခံစားခဲ့ရတယ္။ မိသားစုေရးအဆင္မေျပတဲ့ကိုယ့္ကို အားေပးခဲ့တာ.. ကိုယ့္ကို စာႀကိဳးစားဖို႔တိုက္တြန္းခဲ့တာ.. လမင္းတစ္ေယာက္တည္းရွိတယ္။
မိသားစုေရးအဆင္မေျပပုံက.. တျခားေတာ့မဟုတ္ပါဘူး။ ကြၽန္ေတာ့္ရဲ႕ေမြးစားအေဖျဖစ္တဲ့ သၪၨာထက္ရဲ႕အေဖရယ္.. သၪၨာထက္ရယ္က ကြၽန္ေတာ့္ကိုမၾကည္ျဖဴဘူးေလ။ ကြၽန္ေတာ့္အေဒၚအရင္းလည္းျဖစ္.. ေမြးစားအေမလည္းျဖစ္တဲ့ သၪၨာထက္ရဲ႕အေမကေတာ့ ကြၽန္ေတာ့္ကိုခ်စ္ရွာပါတယ္။ ေမြးစားအေမက ကြၽန္ေတာ့္ကို ေျမႇာက္စားလြန္းတာနဲ႔ ပတ္သက္ၿပီးခဏခဏျပႆနာျဖစ္ရတယ္။ ျပႆနာျဖစ္တဲ့အခါ ကြၽန္ေတာ့္ေမြးစားအေမနဲ႔ကြၽန္ေတာ္နဲ႔ကတစ္ဖက္.. ကြၽန္ေတာ့္ေမြးစားအေဖရယ္.. သၪၨာထက္ရယ္ကတစ္ဖက္ေပါ့။
အဆင္မေျပမႈေတြနဲ႔ အေဖာ္မဲ့ေနတဲ့ကိုယ့္အနားမွာလာထိုင္ရင္း သူငယ္ခ်င္းအျဖစ္ ေႏြးေထြးခဲ့တယ္။ ကိုယ္က လူအမ်ားႀကီးနဲ႔ေနရတာကိုသေဘာမက်ဘူး။ စကားေျပာေနရတာကိုလည္း မႀကိဳက္ဘူး။ လူတိုင္းကို ကိုယ့္လိုမဟုတ္ဘူးလို႔ေတြးၿပီး ေရွာင္ဖယ္ေနတတ္တယ္။ အဲဒီလို လူအမ်ားနဲ႔မတူတဲ့.. ေအးစက္တဲ့စ႐ိုက္ရွိတဲ့ ကိုယ့္ကိုနားလည္ေပးခဲ့တာ လမင္းပဲရွိခဲ့တယ္။ ကိုယ့္အေပၚကို နားလည္ေပးႏိုင္တဲ့ တစ္ဦးတည္းေသာလူသားကို ပိုင္ဆိုင္ခ်င္မိတာ ကိုယ္မမွားဘူးထင္တယ္လမင္း။ သိပ္ေႏြးေထြးလြန္းတဲ့ လမင္းရဲ႕အျပစ္ေပါ့..။
အခ်င္းမ်ားၿပီးေနာက္ သၪၨာထက္ႏွင့္ ေတဇတို႔သည္ထိုဧည့္ခန္းမွ ကိုယ္စီထြက္ခြာခဲ့ၾကသည္။ ေတဇသည္လည္း သူ၏အခန္းထဲသို႔ ျပန္လာခဲ့သည္။ သၪၨာထက္သည္လည္း သူ၏အခန္းထဲသို႔သာ ေဒါသထြက္လ်က္ ျပန္လာခဲ့သည္။
ရင္ထဲတြင္ေလာင္ၿမိဳက္ေနေသာ ေဒါသမီးတို႔အား ၿငိမ္းလိုျငမ္းျငား.. ေရေသာက္ရန္ အခန္းထဲရွိစာၾကည့္စားပြဲေပၚမွ ေရဘူးအားၾကည့္လိုက္ေသာအခါ ေရမရွိသည္ကိုေတြ႕ရသည္။ ထို႔ေၾကာင့္ေရဘူးယူရန္ အခန္းထဲမွထြက္လာခိုက္.. ကိုေတဇ၏အခန္းအေရွ႕မွ ျဖတ္မည္အျပဳတြင္ ကိုေတဇစကားေျပာေနသည့္အသံကို ၾကားရသည္။ ဖုန္းေျပာေနဟန္တူသည္။
ထိုစကားသံတြင္ လမင္းကိုကိုဟူေသာ အမည္ကိုၾကားရေသာေၾကာင့္ ဆက္၍နားေထာင္ေနခဲ့သည္။ အခန္းတံခါးသည္ အနည္းငယ္ဟေနေသာေၾကာင့္ ကပ္၍နားေထာင္ေသာအခါ သူ၏စကားတို႔အား ရွင္းလင္းစြာၾကားရသည္။ ရွင္းလင္းစြာ ၾကားရသည့္ထိုစကားသံတို႔သည္ လမင္းကိုကိုအား ေမ့ေဆးျဖင့္အုပ္၍ ခိုးေျပးရန္ကိစၥအား သူ၏သူငယ္ခ်င္းျဖစ္သူႏွင့္ ဖုန္းေျပာ၍ တိုင္ပင္ေနျခင္းသာျဖစ္သည္။
ထိုစကားတို႔ကို ၾကားရေသာအခါ ကိုေတဇအား အလြန္စိတ္ပ်က္မိသည္။ လမင္းကိုကိုႏွင့္သူရိန္တို႔ကို စိုးရိမ္မိသည္။ သူရိန္သည္ လမင္းကိုကိုအား အလြန္ခ်စ္ပုံရသည္။ အကယ္၍သာ ကိုေတဇ၏အႀကံအစီမ်ား ေအာင္ျမင္၍လမင္းကိုကိုအား သူ.. ပိုင္ဆိုင္ရပါက သူရိန္အလြန္နာက်င္ရႏိုင္သည္။ မိမိသည္ သူရိန႔္ကိုခ်စ္ေသာ္ျငား သူရိန္တို႔၏ခ်စ္ျခင္းကိုမခြဲရက္။ အေၾကာင္းမွာ သူရိန္ခံစားေနရမည္အား မၾကည့္ရက္ေသာေၾကာင့္သာျဖစ္သည္...။
ကြၽန္မအခ်စ္က သူ႔ကိုေပ်ာ္ေစခ်င္တာပါ..။
Advertisement
- In Serial40 Chapters
Spoiled By A Husband With Special Needs
On the night of her wedding, Tang Ning did not wed her fiancé but wedded a mysterious stranger instead.
8 1075 - In Serial45 Chapters
The Matrimony
Diana Prichard learned early on about how much of a bitch life could be. Forced to abandon the one she loves and marry a monster to save her father from his debt and keep his business afloat, She believes her life to be a hell hole. Her only consolation being her 5 year old boy Benjy. She believes her luck is finally starting to change when her abusive husband gets jailed for fraud, but only finds herself being sold to appease her father's debts, again! So she finds herself walking down the aisle towards a total stranger, or so she thought. ................. Alejandro Delmanti has been hurt before. Left by the love of his life for a seemingly better and richer man, he knows nothing but anger and bitterness. He worked his ass off to be the billion dollar success he is now. He left America to rid himself of the heartache and now he is back to take revenge on her, to make her suffer as she did to him ............Diana isn't sure how this is going to turn out and neither is Alejandro. Both try their best to ignore each other, but what happens when the old sparks start igniting, and old feelings start coming back?. ................. "You still love me Diana, you know you do", he breathed down her neckShe shivered, " I... ""You still love me and you still want me. And I'm gonna prove it to you", with that, he claimed her lips.
8 140 - In Serial35 Chapters
The Unwanted Mate I✔️
He ignored me... He broke my heart... All he wanted was an heir and I was the means to that end... He was suppose to be the one that loved me and took care of me... He was my mate... A mate that didn't love meNow I have his heir growing in me but once he gets what he always wanted I will disappear from his life forever... Well, that was the plan until he decided he wanted more than an heir .....He wanted me
8 186 - In Serial7 Chapters
Double Date Gone Good?
+ Kacchako Fanfiction +When Kirishima and Mina invite Bakugou on a double date, he surprisingly accepts. When he finds out that Round Face Uraraka is his date, he thinks the day will be the absolute worst. But as it turns out, Uraraka is actually pretty cool.* Cover art was found on google; I did not make it
8 61 - In Serial21 Chapters
rick grimes x reader
you meet during the apocalypse and slowly begin to get to know eachother. rivals or not, there's a connection between you both that you cannot deny.--------y/n's pronouns will be they/them (i want everyone to feel comfortable whilst reading this.)y/n is black as they're related to Tyreese and Sasha!--------love interest is ONLY rick...maybe someone else on the side :) 2nd love interest may be a woman, respect that please. --------i will update as soon as possible! enjoy! leave comments!& thankyou for over 1k reads!!! i'm so greatful
8 84 - In Serial37 Chapters
မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။
ယခု (မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။) ဇာတ်လမ်းတွင် ပါဝင်သော ဇာတ်လမ်း ဇာတ် ကောင်များသည် ကိုယ်တိုင်ဖန်တီးထားသော အရေးအသား အကြောင်းရာများသာ ဖြစ်သည်။ တိုက်ဆိုင်မှုရှိသော် သတိပေးနိုင်သည်။စတင်သည့်နေ့ =(16.6.2021-11.7.2021)ယခု (ေမာင့္ကိုခ်စ္ဖို႔ ေမြးဖြားလာပါသည္။) ဇာတ္လမ္းတြင္ ပါဝင္ေသာ ဇာတ္လမ္း ဇာတ္ ေကာင္မ်ားသည္ ကိုယ္တိုင္ဖန္တီးထားေသာ အေရးအသား အေၾကာင္းရာမ်ားသာ ျဖစ္သည္။ တိုက္ဆိုင္မႈရွိေသာ္ သတိေပးႏိုင္သည္။စတင္သည့္ေန႔ =(16.6.2021-11.7.2021)
8 61

