《Amiss Prayer (Zawgyi&Unicode) [Completed]》Part-56(ကြည်နူးမှုရောသော..)
Advertisement
For Unicode
ကြည်နူးမှုရောသော
ပြတင်းပေါက်မှတစ်ဆင့် ဖြာကျလာသောနေရောင်ခြည်သည် ကျွန်တော်ချစ်ရသော လူသားအပေါ်သို့ အလှဆင်သည့်နှယ်။ နေရောင်နွေးနွေးအောက်တွင် ကျွန်တော်ဖန်တီးထားသော နီညိုရောင်ပန်းပွင့်တို့ဖြင့် လှချင်တိုင်းလှနေသည့် အမြတ်နိုးရဆုံးသော အကြင်သူနှင့်အတူ နိုးထခွင့်ရသည့် မနက်ခင်းသည် ကျွန်တော့်အဖို့ရာအလှပဆုံး...။ အလှပဆုံးဖြစ်သည်မို့ ဤအတိုင်းသာ ထိုင်ကြည့်နေ၍လည်းမရ..။ ထို့ကြောင့် နှိုးရပါဦးမည်။
“ ကိုကို.. ကိုကို.. ထတော့လေ... ခုနှစ်နာရီထိုးနေပြီ “
မိမိ၏အသံကိုကြားသော်လည်း အင်း... အဲ.. ဟူ၍သာပြန်အိပ်သွားသော ခုတင်ထက်မှထိုလူသား..။
“ ထတော့လို့.. ကျောင်းသွားရဦးမှာမဟုတ်လား “
“ မသွားဘူး..”
စောင်ကို ခေါင်းအထိခြုံ၍ အိပ်မူတူးအသံဖြင့် ပြောလာသော ကိုကို..။
တကယ့် ကလေးလေးအတိုင်းပဲ..
“ မသွားလည်းထတော့... မနက်စာစားရဦးမယ်.. ထတော့ဗျာ “
“ အာ.. နာငြီးလိုက်တာကွာ.. ထပြီ ထပြီ “
စောင်ပုံထဲမှ နှုတ်ခမ်းစူလျက် မျက်လုံးမပွင့်ဘဲ ထလာသည့်ကိုကိုသည် မိမိ၏အမြင်အာရုံထဲတွင် အသည်းယားစဖွယ်အတိ..။
“ ဘဲပေါက်လေးကျနေတာပဲ.. မျက်နှာသစ်ပြီးရေချိုးတော့.. ကျွန်တော် မနက်စာပြင်ထားလိုက်မယ် “
“ ပြီးရော “
ကျွန်တော့်ကိုနှိုးကာ ထွက်သွားသော Sun..။ အိပ်ရာနိုးစတွင် ချစ်ရသူ၏မျက်နှာကိုမြင်ရသည်မှာလည်း စည်းစိမ်တစ်ခု...။ ထိုစည်းစိမ်အား နောင်ရက်ပေါင်းများစွာတိုင် မြင်ချင်မိပါသည်။
ရေချိုးပြီးနောက် အခန်းထဲသို့ပြန်ဝင်လာသောကျွန်တော်သည် ဆောင်းရာသီ၏အအေးဓာတ်ကို အပြည့်အဝခံစားနေရသည်။ အခန်းထဲရှိ မှန်အရှေ့တွင်ရပ်လိုက်သောအခါ ဆောင်းရာသီ၏အအေးဓာတ်တို့ ပပျောက်၍ ရင်ထဲတွင်နွေးလာပြန်သည်။ ထိုသို့နွေးစေသည့်အကြောင်းအရင်းမှာ မှန်တွင်ပေါ်နေသောမိမိ၏ပုံရိပ်ယောင်မှတစ်ဆင့် မြင်နေရသည့် အမှတ်အသားတချို့ကြောင့်ပင်။ ထိုအမှတ်သားတို့အား ထိတွေ့ရင်း ကြည်နူးခဲ့ရသည့် လွန်ခဲ့သောတစ်ညတာမှ ပုံရိပ်တို့သည်အမြင်အာရုံထဲတွင် ပြန်လည်မြင်ယောင်လာသည်။ နှုတ်ခမ်းထက်တွင်လည်း အပြုံးတစ်ခုဖြစ်ပေါ်လာသည်။ ထိုအပြုံးသည် မိမိမြင်ဖူးသမျှမိမိ၏အပြုံးတို့၌ အသက်အပါဆုံးနှင့် အလှအပဆုံးဖြစ်နေသည်။
အဝတ်အစားလဲပြီးနောက် ထမင်းစားခန်းထဲသို့သွားသောအခါ ကော်ဖီဖျော်နေသာ Sunကိုတွေ့ရသည့်။ မိမိသည်လည်း Sun၏အနားကိုချဉ်းကပ်သွား၍ သူ၏နောက်ကျောမှတစ်ဆင့် ဖက်ထားမိသည်။ သူသည်လည်း အလိုက်သိစွာ.. သူ၏ဗိုက်ပေါ်တွင်ရှိသော မိမိ၏လက်များကို နွေးထွေးစွာ ဆုပ်ကိုင်ထားသည်။ ထို့နောက်မိမိဘက်သို့လှည့်ကာ နဖူးပြင်အား အနမ်းလက်ဆောင်ပေးသည်။ မနက်ခင်းတိုင်းအား ဤကဲ့သို့ကြည်နူးစွာဖြတ်သန်းရလျှင် မည်မျှကောင်းလိမ့်မည်နည်း။
“ morning ကိုကို “
“ အင်း.. morning “
“ မနက်စာစားတော့နော်.. “
“ အင်း..”
သူပြင်ဆင်ထားတဲ့ ထမင်းကျော်နဲ့ကော်ဖီဟာ စကားဖူးသမျှထဲမှာ အရသာအရှိဆုံး..။
“ ကိုကိုဒီနေ့ ကျောင်းမသွားဘူးဆို “
“ အင်းလေ.. မနက်ဖြန်မှ သွားရမှာ.. ဒီနေ့ကအိမ်မှာ စာရေးရုံပဲ “
“ အဲဒါဆို ကျွန်တော်လည်းမသွားတော့ဘူး “
“ Sun ကျောင်းမသွားတာ များနေပြီနော် “
“ နောက်ဆယ့်ငါးရက်နေရင်ပဲ စာမေးပွဲဖြေရတော့မှာလေ.. မသွားလည်းရတယ် “
“ စာတွေရော ရနေပြီလား “
“ သုံးဘာသာပြတ်သွားပြီ “
“ တော်လှချီလား.. “
“ ဒါပေါ့.. ကျွန်တော် တော်တာအခုမှသိတာလား “
“ အေးပါကွာ ပြောမိတာတောင်မှားတယ်.. “
“ မမှားပါနဲ့.. ကျွန်တော် တော်ကြောင်း ဒီနေ့သက်သေပြမှာပါ “
“ ပြောပါဦး.. ဘာသက်သေလဲ “
“ ကျွန်တော်ဒီနေ့ ကိုကို့ကိုဟင်းချက်ကျွေးမယ် “
“ ချက်တတ်တယ်ပေါ့ “
“ ဒါပေါ့.. “
“ ကိုယ့်အိမ်လေးတော့ မီးမလောင်ဘူးမဟုတ်လား “
“ အထင်သေးလိုက်တာ.. “
“ သိရင်ပြီးရော “
မိုးလင်းကတည်းက တစ်မျိုးမဟုတ်တစ်မျိုးနဲ့ ကန့်လန့်တိုက်နေတဲ့ ကိုကို့ကိုအလျှော့ပေးလို့ မဖြစ်တော့ဘူး..။ လက်စွမ်းပြရသေးတာပေါ့...
“ ကြည့်ထားပါ.. ပြီးရင်ဈေးသွားဝယ်မယ်.. “
“ သဘော “
မနက်စာစားပြီးနောက် ဈေးသို့ချီတက်လာသည့် သူနှင့်ကျွန်တော်။ သူသည်က အနောက်တွင်သာရပ်နေလျက်.. ကျွန်တော်သည် ဟင်းချက်ရန် အဝယ်တော်ထွက်နေရသည်။ သခင်လေး၏အလိုတော်ကျ မည်သည့်ဟင်းအားစားချင်ကြောင်း မေးမြန်းရသေးသည်။
ဟုတ်တယ်.. ဒီနေ့အဖို့တော့ ကျွန်တော်က သခင်ပဲ..။ ဟင်းကိုလည်း သူပဲချက်တယ်။ အဝတ်ကိုလည်း သူကိုယ်တိုင်လျှော်ပေးတယ်တယ်။ ဘယ်လောက်တောင် ဇိမ်ကျလိုက်သလဲ..။ သူ ညကသောင်းကျန်းထားပုံနဲ့ ဒီလောက်တော့ပြန်ပေးဆပ်ရမှာပေါ့...။
ဈေးမှပြန်လာသောအခါ နေသူရိန်တစ်ယောက် မီးဖိုချောင်ထဲသို့ဝင်ကာ လက်စွမ်းပြနေသည်။ အိမ်ရှေ့တွင် အငြိမ်းစားရ၍ Laptopနှင့်စာရိုက်နေသူက လမင်းကိုကိုပင်။
Sun အတော်ပင်လက်စွမ်းပြနေပုံရသည်။ မီးဖိုချောင်ထဲမှထွက်လာသည့် ပုဇွန်ဟင်းအနံ့မွှေးမွှေးလေးသည် မိမိ၏နှာဖျားအဝသို့ရိုက်ခတ်လာသည်။ အနံ့၏ဆွဲဆောင်ရာ မီးဖိုချောင်ထဲသို့ ဝင်သွား၍ Sunအားနောက်ကျောမှ ဖက်ထားလိုက်သည်။
“ ပြောပါဦးသခင်လေး.. ဘာအလိုရှိလို့ မီးဖိုချောင်းထဲ ဝင်လာရသလဲ “
“ ဘာမှမလိုချင်ပါဘူး.. Sunလေး ပင်ပန်းနေမှာစိုးလို့ လာကြည့်တာ “
“ ဟုတ်ပါပြီဗျာ “
ထိုစကားသာပြော၍ မိမိအားတစ်ချက်မျှမကြည့်။ ဟင်းကိုသာ အာရုံစိုက်၍ချက်နေသော Sunအားစချင်လာသည်။ ထို့ကြောင့် မီးဖိုခလုတ်အား လှမ်း၍ပိတ်လိုက်သည်။
“ ကဲ... အဆိုးလေး.. ငြိမ်ငြိမ်နေကွာ.. “
“ Sunက ကိုယ့်ကိုဂရုမှမစိုက်တာ.. ဟင်းကိုပဲ အာရုံစိုက်နေတာကို “
“ အဲဒါက အဆိုးလေးကို အရသာရှိရှိစားစေချင်လို့ အာရုံစိုက်နေတာလေ ”
“ ဟုတ်လို့လား..”
“ ဟုတ်ပါတယ်ဗျာ.. ဒါနဲ့ကိုကိုက ကြက်ဥပူတင်းကြိုက်တယ်မဟုတ်လား “
“ အင်း.. ကြိုက်တယ်လေ “
“ အဲဒါကြောင့် ကျွန်တော်က ကိုကိုစားဖို့ ကြက်ဥပူတင်းလုပ်ပေးမယ်.. အခုလောလောတော့ ဖက်ထားတဲ့လက်ကို ဖယ်လိုက်တော့နော်.. ရေနွေးငွေ့တွေနဲ့ အပူလောင်နေမယ် “
Advertisement
“ ဟုတ် “
ကျွန်တော့်စကားကိုနားထောင်တဲ့ကိုကိုက ဖက်ထားတဲ့လက်ကိုဖယ်ပြီး ဘေးမှာ ငြိမ်ငြိမ်လေးရပ်ကြည့်နေတယ်လေ။ သူစားချင်တဲ့ဟင်းမို့လို့ ဟင်းအိုးကိုပြုံးပြီးကြည့်နေတဲ့ပုံက အသည်းယားစရာ..။ ချစ်ဖို့ကောင်းလွန်းတဲ့ ကိုကို့ကိုစချင်လာတာနဲ့ သကြားရည်နည်းနည်းယူပြီး သူ့နှုတ်ခမ်းလေးကို သုတ်မိလိုက်တယ်။ ဘာလုပ်တာလဲ ဆိုတဲ့ကြည့်နဲ့ကြည့်လာတော့လည်း ချစ်ဖို့ကောင်းနေပြန်ရော...။
“ စတာပါ.. ကျွန်တော်ပြန်သုတ်ပေးမယ်နော် “
ထိုစကားပြောပြီးနောက် မိမိနှုတ်ခမ်းပေါ်မှ သကြားရည်အားသုတ်ပေးသည့်Sun…။ လက်နှင့်တော့မဟုတ်..။ နှုတ်ခမ်းချင်းထပ်တူကျ၍သာ...။ သူ၏အလိုတော်ကျ မိမိနှုတ်ခမ်းအား ခြယ်လှယ်ပြီးသောအခါမှသာ ရပ်နားသည်။
“ ချိုနေတာပဲ.. “
“ နည်းနည်းလောက်ဖြစ်ဖြစ် အသားယူလိုက်ရမှကျေနပ်တယ်နော်.. တော်ပြီ.. လုပ်စရာရှိတာ ဆက်လုပ်တော့ “
ထိုသို့ပြောပြီးနောက် မီးဖိုချောင်မှထွက်သွားသောသူ..။ ကျီစားမှုများ၍ ကောက်တော်မူပြီထင်ပါ၏..။
အိမ်မှုကိစ္စအဖြာဖြာတို့ကို နေသူရိန်မှတာဝန်ယူ လုပ်ဆောင်ပြီးသောအခါ အဆင်သင့်သုံးဆောင်သူက လမင်းကိုကိုဖြစ်သည်။ နေ့လယ်စာ ထမင်းစားပြီးနောက် နေသူရိန်သည် တစ်နေ့တာပင်ပန်းသမျှအား အနားယူသည့်သဘောဖြင့် လမင်းကိုကို၏ပေါင်ပေါ်တွင် ခေါင်းအုံးကာ လှဲနေသည်။ လမင်းကိုကိုသည်က နေသူရိန်၏ ဆံပင်များအား ဆော့ကစားနေသည်။
အနေအထားအရ တော်တော်ကြည်နူးဖို့ကောင်းတယ်။ ခဏအကြာမှာ ကိုကိုပြောလိုက်တဲ့စကားက ကြည်နူးမှုကြောင့် ပြုံးပျော်နေတဲ့ ကျွန်တော့်မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပဲ...။
“ ဘယ်အချိန် အိမ်ပြန်မှာလဲ “
“ မပြန်ဘူး နောက်တစ်ညထပ်အိပ်မယ်လေ “
“ မအိပ်ရဘူး.. ပြန်တော့.. “
“ ဟာ.. “
“ မဟာနဲ့.. Sunမေမေနဲ့ဘွားဘွားတို့ စိတ်ပူရောပေါ့ “
“ အင်းပါ.. ခဏနေရင်ပြန်ပါ့မယ် “
ထိုသို့ပြောသော်လည်း တော်တော်နှင့်မပြန်..။ အတင်းသာ နှင်လွှတ်ရသည်။ Sunသည် တခြားသောနေရာများတွင် လူကြီးလူကောင်းဆန်ဆန်နေတတ်သော်လည်း မိမိအနားသို့ရောက်လျှင် အလွန်ကလေးဆန်လှသည်။ စိတ်ကောက်လျှင်လည်း ချော့ရခက်သည်။ သဝန်တိုရသည်မှာလည်း ခဏခဏပင်။ တေဇဖွင့်ပြောပြီးနောက် တေဇဖုန်းနံပါတ်အား သူကိုယ်တိုင် Blockထားသည်။ ထိုမျှသာမက ကျောင်းအကြိုအပို့ကိုလည်း သူဆောင်ရွက်ဦးမည်။ သူ.. မိမိအနားတွင် ရှိနေခြင်းအား သဘောကျပါသည်။ သို့သော်လည်း တေဇနှင့်ဆုံမိပါက စိတ်မထိန်းနိုင်၍ ပြဿနာဖြစ်မည်ကိုလည်း စိုးရိမ်ရပြန်သည်။
တစ်ဖက်တွင် လမင်းကိုကိုသည် နေသူရိန်အား စိုးရိမ်နေရသည်။ ထို့နည်းတူပင် နေသူရိန်သည်လည်း လမင်းကိုကိုအား စိုးရိမ်နေပါသည်။
ဒီရက်ပိုင်း သဉ္ဇာထက်ဖုန်းခဏခဏဆက်နေတယ်။ စာတွေလည်းခဏခဏပို့တယ်။ ရည်းစားထားကို ဘာလို့ဖွင့်မပြောတာလဲဆိုပြီး ပြဿနာရှာနေတယ်။ ကိုကိုပြောခဲ့သလိုများ ဖြစ်နေပြီလား။ ကိုကိုက ကျွန်တော်ကို သဉ္ဇာထက်နဲ့ပတ်သက်ပြီး စိတ်မချဘူးလေ။ ကိုကိုစိတ်ပူနေသလို သူတကယ်ပဲ ကျွန်တော့်အပေါ် စိတ်ရှိနေတာလား။ မဖြစ်နိုင်ဘူးမဟုတ်လား..။ သူ.. ကျွန်တော့်ကို ချစ်လို့မရဘူး..။ ဘာလို့လဲဆိုတော့ ကျွန်တော်ကလည်း သူ့ကိုပြန်မချစ်နိုင်ဘူးလေ။ အမှန်ဆိုရင် သူက ကျွန်တော်နဲ့ကိုကို့ကို အတိတ်ဘဝက ခွဲခဲ့တဲ့သူလို့ စသိကတည်းက တကယ်စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ခင်မင်မှုအတိုင်းအတာတွေနဲ့ အချိန်တွေကြောင့်သာ သူ့ကိုမမုန်းမိတာပါ။ မမုန်းပေမဲ့ စိတ်ခုနေတာမို့လို့ အခုနောက်ပိုင်းတော့သူနဲ့ အဆက်အသွယ်မလုပ်ဖြစ်ဘူး။ သူနဲ့ကျွန်တော်ရဲ့ ပတ်သက်မှုကို ကိုကိုစိတ်ပူနေရတာမျိုးတွေ မဖြစ်စေချင်ဘူး။ ကိုကို့ကို စိတ်မညစ်စေချင်ဘူး။ အတိတ်ဘဝကတည်းက ကိုကို့ရဲ့ဆုံးရှုံးမှုတွေက တော်တော်များနေပြီလေ...။
စိုးရိမ်မှုတို့သည် ထိုမျှနှင့်မပြီး..။ ဘွားဘွားပြောသည့် ကျိန်စာပြယ်ရန်နည်းလမ်းကြောင့် ပို၍အခက်တွေ့ရပြန်သည်။
“ အရင်ဘဝက မြေးတို့ကိုဝေးကွာစေတဲ့သူက အခုလူပြန်ဝင်စားတယ်လို့ မြေးပြောတယ်နော် “
“ ဟုတ်တယ်ဘွားဘွား “
“ သူလူပြန်ဝင်စားတာက မြေးတို့အတွက် အခွင့်အရေးပဲ.. သူ့သွေးနဲ့ စွန်းထင်ခဲ့တဲ့ကျိန်စာကို သူ့သွေးနဲ့ပဲပြန်ဖျောက်ရမယ်။ တစ်ချိန်ကမြေးတို့လက်မှာပေနေခဲ့တဲ့ သူ့ရဲ့ ညစ်ညမ်းတဲ့သွေးတွေကို ဒီဘဝက သူ့ရဲ့ဖြူစင်တဲ့သွေးနဲ့ ပြန်လည်းဆေးကြောနိုင်တယ်။ အဲဒီသွေးကို သူ့ဘက်က လိုလိုလားလားပေးမှ ရမှာနော် “
အဘွားဖြစ်သူ၏စကားကြောင့်ပင် နေသူရိန်တစ်ယောက် အခက်တွေ့ရပြန်သည်။
ဇာဇာသည် ထိုကိစ္စအား လွယ်လွယ်နှင့် သဘောတူနိုင်မည်မဟုတ်။ သူသည် ခရစ်ယာန်.. မိမိသည် ဗုဒ္ဓဘာသာ.. အယူအဆတို့ခြားနားလေသည်။
အခက်တွေ့ဖွယ် စကားတို့ကိုကြားရသည့် ထိုတစ်နေ့တာကို ကျော်လွန်ပြီးသောအခါ နေ့သစ်တစ်နေ့အစ နံနက်ခင်းတွင်နေသူရိန်သည် တက်ကြွသောခြေလှမ်းတို့ဖြင့် လမင်းကိုကိုရှိရာသို့ လာနေခဲ့သည်။ ထိုတက်ကြွမှုသည် ဟန်ဆောင်မှုများသာ..။
ဟုတ်ပါတယ်။ စိတ်ညစ်နေဆဲပါ..။ ကိုကို့အတွက် အားအင်ဖြစ်ပေးရမယ့် ကျွန်တော်က ကိုကို့အရှေ့မှာ စိတ်ညစ်နေပြလို့မရဘူးလေ..။
ထိုအိမ်သို့ နေသူရိန်ရောက်သောအခါ လမင်းကိုကိုသည် ကျောင်းသွားရန်ပြင်ဆင်နေချိန်ဖြစ်သည်။ နေသူရိန်အိမ်ထဲသို့ ဝင်လာသောအခါ လမင်းကိုကိုသည် သူစီးမည့် ကတ္တီပါဖိနပ်လေးအား ဖုန်သုတ်နေခိုက်ဖြစ်သည်။
မိမိအဖို့ရာ တံခါးမရှိ ဓားမရှိဖြစ်နေသာ သူ၏နေအိမ်သို့ရောက်ရောက်ချင်းပင် မြင်တွေ့လိုက်ရသည့် ကိုကို၏သပ်ရပ်မှုနှင့် ချောမောမှုသည် မိမိ၏မသာယာသောမနက်ခင်းအား သာယာမှုအဖြစ်သို့ပြောင်းလဲစေသည်။
ကိုယ်ပေါ်တွင် စတစ်ကော်လံပါအင်္ကျီလက်ရှည်အဖြူရောင်နှင့် ခရမ်းရောင်ယောပုဆိုးအား သပ်ရပ်စွာဝတ်ဆင်ထားလျက် ခြေတွင်လည်းခရမ်းရောင်ကတ္တီပါဖိနပ်အား ဝတ်ဆင်နေသည်။ မြန်မာဆန်ဆန်နှင့် ခန့်ညားနေသောချစ်ရသူလေးအား တခြားသူများအကြည့်တို့နယ်ကျွံလာမည်ကိုပင် တွေးပူရသည်။
လမင်းကိုကို၏ ချောမောမှုအား အသေးစိတ်ကြည့်ရှုနေသည့် နေသူရိန်သည် လမင်းကိုကို၏ခေါ်သံအားမကြားခဲ့။
“ Sun… “
“ …. “
ဒီကလေး.. ဘာတွေအတွေးလွန်နေတာလဲ..
“ Sun… “
“ ဗျာ.. ဗျာ..”
အသံကျယ်ကျယ်နဲ့ခေါ်တော့မှ အလန့်တကြားပြန်ဖြေလာတဲ့ သူ..
“ ဘာတွေငေးနေတာလဲ “
“ ကိုကို့ကိုကြည့်နေတာလေ.. အရမ်းချောနေတယ်ဗျာ.. မနာလိုတောင်ဖြစ်လာပြီ “
“ အချင်းချင်းတွေ လာမြှောက်မနေနဲ့ “
“ တကယ်ပြောတာ.. “
ထိုသို့စကားပြောနေရင်းပင် နေသူရိန်သည် ဖိနပ်စီးရန်ထလိုက်သောလမင်းကိုကိုအား ပခုံးမှကိုင်၍ နံရံသို့ကပ်ထားလိုက်သည်။ ထို့နောက် နေသူရိန်သည် လမင်းကိုကို၏အင်္ကျီမှ စတစ်ကော်လံတွင်တပ်ဆင်ထားသောကြယ်သီးအား စတင်ဖြုတ်လိုက်သည်။ ထိုအပြုအမူကြောင့် လမင်းကိုကိုသည်လည်းလန့်ကာ နေသူရိန်၏လက်အား ဖမ်းကိုင်ထားလိုက်သည်။
“ ဘာလုပ်တာလဲ..”
“ ငြိမ်ငြိမ်.. မဟုတ်ရင် အချိန်တွေပိုကြာကုန်မယ်နော် “
Advertisement
ကြာလို့မဖြစ်ဘူးလေ..။ ကျောင်းကသွားရဦးမှာ..။ အဲဒီတော့လည်း သူအမိန့်အတိုင်း ငြိမ်နေရုံပေါ့။
ကြယ်သီးနှစ်လုံးခန့်မျှဖြုတ်ပြီးသောအခါ ကျွန်တော်သဘောကျရသော အစိတ်အပိုင်းတစ်ခုဖြစ်သည့် ကိုကို့၏ညှပ်ရိုးအား မြင်ရသည်။ ဖြူဥနေသော ထိုအစိတ်အပိုင်းအား မိမိ၏နှုတ်ခမ်းဖြင့် အနီရောင်ပန်းပွင့်တစ်ခု ရေးဆွဲမိသည်။ ရေးဆွဲပြီးနောက် စိတ်တိုင်းကျသွားသောအခါမှသာ အင်္ကျီကြယ်သီးအား ပြန်လည်တပ်ဆင်ပေးခဲ့သည်။
“ ကိုကို့ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသားတွေဖန်တီးရတာကို ကျွန်တော်သဘောကျတယ် “
“ ရူးကြောင်ကြောင်နဲ့.. သူမနာတိုင်း.. “
“ မကျေနပ်ရင် ပြန်လုပ်လေ ရတယ်..”
“ တကယ်လား.. “
“ တကယ်ပေါ့ “
မိမိတွေးလိုက်သည်မှာ တခြား။ ဖြစ်လာသည်မှာ တခြား..။ ကိုကိုသည် နှုတ်ခမ်းအား တစ်ခြမ်းကွေးရုံမျှသာပြုံးပြီးနောက် ကျွန်တော့်၏လက်အား သည်းကြီးမဲကြီး ကုန်းကိုက်ပါတော့သည်။
“ အ.. နာတယ်.. လူကိုလိုက်ကိုက်နေတယ် ခွေးပေါက်လား “
“ ခံလေ.. Sunပဲပြန်လုပ်ဆို “
“ ကျွန်တော်ပြောတာ အဲလိုမှမဟုတ်တာ “
“ ဟုတ်ဟုတ် မဟုတ်ဟုတ်.. အဓိကကSun နာသွားဖို့ပဲလိုတာ.. ဒါပဲ.. ကျောင်းသွားမယ် “
ထိုသို့ကျီစယ်ရင်းသာ ပျော်ရွှင်နေသည့် အကြင်သူနှစ်ဦး၏ ကြည်နူးမှုသည် ကြာရှည်မခံ..။ အကြောင်းမှာ လမင်းကိုကို၏အဆောင်ရှေ့တွင် တေဇနှင့် သဉ္ဇာထက်အား တွဲ၍မြင်လိုက်ရသောကြောင့်ပင်..။
For Zawgyi
ၾကည္ႏူးမႈေရာေသာ
ျပတင္းေပါက္မွတစ္ဆင့္ ျဖာက်လာေသာေနေရာင္ျခည္သည္ ကြၽန္ေတာ္ခ်စ္ရေသာ လူသားအေပၚသို႔ အလွဆင္သည့္ႏွယ္။ ေနေရာင္ေႏြးေႏြးေအာက္တြင္ ကြၽန္ေတာ္ဖန္တီးထားေသာ နီညိဳေရာင္ပန္းပြင့္တို႔ျဖင့္ လွခ်င္တိုင္းလွေနသည့္ အျမတ္ႏိုးရဆုံးေသာ အၾကင္သူႏွင့္အတူ ႏိုးထခြင့္ရသည့္ မနက္ခင္းသည္ ကြၽန္ေတာ့္အဖို႔ရာအလွပဆုံး...။ အလွပဆုံးျဖစ္သည္မို႔ ဤအတိုင္းသာ ထိုင္ၾကည့္ေန၍လည္းမရ..။ ထို႔ေၾကာင့္ ႏႈိးရပါဦးမည္။
“ ကိုကို.. ကိုကို.. ထေတာ့ေလ... ခုႏွစ္နာရီထိုးေနၿပီ “
မိမိ၏အသံကိုၾကားေသာ္လည္း အင္း... အဲ.. ဟူ၍သာျပန္အိပ္သြားေသာ ခုတင္ထက္မွထိုလူသား..။
“ ထေတာ့လို႔.. ေက်ာင္းသြားရဦးမွာမဟုတ္လား “
“ မသြားဘူး..”
ေစာင္ကို ေခါင္းအထိၿခဳံ၍ အိပ္မူတူးအသံျဖင့္ ေျပာလာေသာ ကိုကို..။
တကယ့္ ကေလးေလးအတိုင္းပဲ..
“ မသြားလည္းထေတာ့... မနက္စာစားရဦးမယ္.. ထေတာ့ဗ်ာ “
“ အာ.. နာၿငီးလိုက္တာကြာ.. ထၿပီ ထၿပီ “
ေစာင္ပုံထဲမွ ႏႈတ္ခမ္းစူလ်က္ မ်က္လုံးမပြင့္ဘဲ ထလာသည့္ကိုကိုသည္ မိမိ၏အျမင္အာ႐ုံထဲတြင္ အသည္းယားစဖြယ္အတိ..။
“ ဘဲေပါက္ေလးက်ေနတာပဲ.. မ်က္ႏွာသစ္ၿပီးေရခ်ိဳးေတာ့.. ကြၽန္ေတာ္ မနက္စာျပင္ထားလိုက္မယ္ “
“ ၿပီးေရာ “
ကြၽန္ေတာ့္ကိုႏႈိးကာ ထြက္သြားေသာ Sun..။ အိပ္ရာႏိုးစတြင္ ခ်စ္ရသူ၏မ်က္ႏွာကိုျမင္ရသည္မွာလည္း စည္းစိမ္တစ္ခု...။ ထိုစည္းစိမ္အား ေနာင္ရက္ေပါင္းမ်ားစြာတိုင္ ျမင္ခ်င္မိပါသည္။
ေရခ်ိဳးၿပီးေနာက္ အခန္းထဲသို႔ျပန္ဝင္လာေသာကြၽန္ေတာ္သည္ ေဆာင္းရာသီ၏အေအးဓာတ္ကို အျပည့္အဝခံစားေနရသည္။ အခန္းထဲရွိ မွန္အေရွ႕တြင္ရပ္လိုက္ေသာအခါ ေဆာင္းရာသီ၏အေအးဓာတ္တို႔ ပေပ်ာက္၍ ရင္ထဲတြင္ေႏြးလာျပန္သည္။ ထိုသို႔ေႏြးေစသည့္အေၾကာင္းအရင္းမွာ မွန္တြင္ေပၚေနေသာမိမိ၏ပုံရိပ္ေယာင္မွတစ္ဆင့္ ျမင္ေနရသည့္ အမွတ္အသားတခ်ိဳ႕ေၾကာင့္ပင္။ ထိုအမွတ္သားတို႔အား ထိေတြ႕ရင္း ၾကည္ႏူးခဲ့ရသည့္ လြန္ခဲ့ေသာတစ္ညတာမွ ပုံရိပ္တို႔သည္အျမင္အာ႐ုံထဲတြင္ ျပန္လည္ျမင္ေယာင္လာသည္။ ႏႈတ္ခမ္းထက္တြင္လည္း အၿပဳံးတစ္ခုျဖစ္ေပၚလာသည္။ ထိုအၿပဳံးသည္ မိမိျမင္ဖူးသမွ်မိမိ၏အၿပဳံးတို႔၌ အသက္အပါဆုံးႏွင့္ အလွအပဆုံးျဖစ္ေနသည္။
အဝတ္အစားလဲၿပီးေနာက္ ထမင္းစားခန္းထဲသို႔သြားေသာအခါ ေကာ္ဖီေဖ်ာ္ေနသာ Sunကိုေတြ႕ရသည့္။ မိမိသည္လည္း Sun၏အနားကိုခ်ဥ္းကပ္သြား၍ သူ၏ေနာက္ေက်ာမွတစ္ဆင့္ ဖက္ထားမိသည္။ သူသည္လည္း အလိုက္သိစြာ.. သူ၏ဗိုက္ေပၚတြင္ရွိေသာ မိမိ၏လက္မ်ားကို ေႏြးေထြးစြာ ဆုပ္ကိုင္ထားသည္။ ထို႔ေနာက္မိမိဘက္သို႔လွည့္ကာ နဖူးျပင္အား အနမ္းလက္ေဆာင္ေပးသည္။ မနက္ခင္းတိုင္းအား ဤကဲ့သို႔ၾကည္ႏူးစြာျဖတ္သန္းရလွ်င္ မည္မွ်ေကာင္းလိမ့္မည္နည္း။
“ morning ကိုကို “
“ အင္း.. morning “
“ မနက္စာစားေတာ့ေနာ္.. “
“ အင္း..”
သူျပင္ဆင္ထားတဲ့ ထမင္းေက်ာ္နဲ႔ေကာ္ဖီဟာ စကားဖူးသမွ်ထဲမွာ အရသာအရွိဆုံး..။
“ ကိုကိုဒီေန႔ ေက်ာင္းမသြားဘူးဆို “
“ အင္းေလ.. မနက္ျဖန္မွ သြားရမွာ.. ဒီေန႔ကအိမ္မွာ စာေရး႐ုံပဲ “
“ အဲဒါဆို ကြၽန္ေတာ္လည္းမသြားေတာ့ဘူး “
“ Sun ေက်ာင္းမသြားတာ မ်ားေနၿပီေနာ္ “
“ ေနာက္ဆယ့္ငါးရက္ေနရင္ပဲ စာေမးပြဲေျဖရေတာ့မွာေလ.. မသြားလည္းရတယ္ “
“ စာေတြေရာ ရေနၿပီလား “
“ သုံးဘာသာျပတ္သြားၿပီ “
“ ေတာ္လွခ်ီလား.. “
“ ဒါေပါ့.. ကြၽန္ေတာ္ ေတာ္တာအခုမွသိတာလား “
“ ေအးပါကြာ ေျပာမိတာေတာင္မွားတယ္.. “
“ မမွားပါနဲ႔.. ကြၽန္ေတာ္ ေတာ္ေၾကာင္း ဒီေန႔သက္ေသျပမွာပါ “
“ ေျပာပါဦး.. ဘာသက္ေသလဲ “
“ ကြၽန္ေတာ္ဒီေန႔ ကိုကို႔ကိုဟင္းခ်က္ေကြၽးမယ္ “
“ ခ်က္တတ္တယ္ေပါ့ “
“ ဒါေပါ့.. “
“ ကိုယ့္အိမ္ေလးေတာ့ မီးမေလာင္ဘူးမဟုတ္လား “
“ အထင္ေသးလိုက္တာ.. “
“ သိရင္ၿပီးေရာ “
မိုးလင္းကတည္းက တစ္မ်ိဳးမဟုတ္တစ္မ်ိဳးနဲ႔ ကန႔္လန႔္တိုက္ေနတဲ့ ကိုကို႔ကိုအေလွ်ာ့ေပးလို႔ မျဖစ္ေတာ့ဘူး..။ လက္စြမ္းျပရေသးတာေပါ့...
“ ၾကည့္ထားပါ.. ၿပီးရင္ေဈးသြားဝယ္မယ္.. “
“ သေဘာ “
မနက္စာစားၿပီးေနာက္ ေဈးသို႔ခ်ီတက္လာသည့္ သူႏွင့္ကြၽန္ေတာ္။ သူသည္က အေနာက္တြင္သာရပ္ေနလ်က္.. ကြၽန္ေတာ္သည္ ဟင္းခ်က္ရန္ အဝယ္ေတာ္ထြက္ေနရသည္။ သခင္ေလး၏အလိုေတာ္က် မည္သည့္ဟင္းအားစားခ်င္ေၾကာင္း ေမးျမန္းရေသးသည္။
ဟုတ္တယ္.. ဒီေန႔အဖို႔ေတာ့ ကြၽန္ေတာ္က သခင္ပဲ..။ ဟင္းကိုလည္း သူပဲခ်က္တယ္။ အဝတ္ကိုလည္း သူကိုယ္တိုင္ေလွ်ာ္ေပးတယ္တယ္။ ဘယ္ေလာက္ေတာင္ ဇိမ္က်လိုက္သလဲ..။ သူ ညကေသာင္းက်န္းထားပုံနဲ႔ ဒီေလာက္ေတာ့ျပန္ေပးဆပ္ရမွာေပါ့...။
ေဈးမွျပန္လာေသာအခါ ေနသူရိန္တစ္ေယာက္ မီးဖိုေခ်ာင္ထဲသို႔ဝင္ကာ လက္စြမ္းျပေနသည္။ အိမ္ေရွ႕တြင္ အၿငိမ္းစားရ၍ Laptopႏွင့္စာ႐ိုက္ေနသူက လမင္းကိုကိုပင္။
Sun အေတာ္ပင္လက္စြမ္းျပေနပုံရသည္။ မီးဖိုေခ်ာင္ထဲမွထြက္လာသည့္ ပုဇြန္ဟင္းအနံ႔ေမႊးေမႊးေလးသည္ မိမိ၏ႏွာဖ်ားအဝသို႔႐ိုက္ခတ္လာသည္။ အနံ႔၏ဆြဲေဆာင္ရာ မီးဖိုေခ်ာင္ထဲသို႔ ဝင္သြား၍ Sunအားေနာက္ေက်ာမွ ဖက္ထားလိုက္သည္။
“ ေျပာပါဦးသခင္ေလး.. ဘာအလိုရွိလို႔ မီးဖိုေခ်ာင္းထဲ ဝင္လာရသလဲ “
“ ဘာမွမလိုခ်င္ပါဘူး.. Sunေလး ပင္ပန္းေနမွာစိုးလို႔ လာၾကည့္တာ “
“ ဟုတ္ပါၿပီဗ်ာ “
ထိုစကားသာေျပာ၍ မိမိအားတစ္ခ်က္မွ်မၾကည့္။ ဟင္းကိုသာ အာ႐ုံစိုက္၍ခ်က္ေနေသာ Sunအားစခ်င္လာသည္။ ထို႔ေၾကာင့္ မီးဖိုခလုတ္အား လွမ္း၍ပိတ္လိုက္သည္။
“ ကဲ... အဆိုးေလး.. ၿငိမ္ၿငိမ္ေနကြာ.. “
“ Sunက ကိုယ့္ကိုဂ႐ုမွမစိုက္တာ.. ဟင္းကိုပဲ အာ႐ုံစိုက္ေနတာကို “
“ အဲဒါက အဆိုးေလးကို အရသာရွိရွိစားေစခ်င္လို႔ အာ႐ုံစိုက္ေနတာေလ ”
“ ဟုတ္လို႔လား..”
“ ဟုတ္ပါတယ္ဗ်ာ.. ဒါနဲ႔ကိုကိုက ၾကက္ဥပူတင္းႀကိဳက္တယ္မဟုတ္လား “
“ အင္း.. ႀကိဳက္တယ္ေလ “
“ အဲဒါေၾကာင့္ ကြၽန္ေတာ္က ကိုကိုစားဖို႔ ၾကက္ဥပူတင္းလုပ္ေပးမယ္.. အခုေလာေလာေတာ့ ဖက္ထားတဲ့လက္ကို ဖယ္လိုက္ေတာ့ေနာ္.. ေရေႏြးေငြ႕ေတြနဲ႔ အပူေလာင္ေနမယ္ “
“ ဟုတ္ “
ကြၽန္ေတာ့္စကားကိုနားေထာင္တဲ့ကိုကိုက ဖက္ထားတဲ့လက္ကိုဖယ္ၿပီး ေဘးမွာ ၿငိမ္ၿငိမ္ေလးရပ္ၾကည့္ေနတယ္ေလ။ သူစားခ်င္တဲ့ဟင္းမို႔လို႔ ဟင္းအိုးကိုၿပဳံးၿပီးၾကည့္ေနတဲ့ပုံက အသည္းယားစရာ..။ ခ်စ္ဖို႔ေကာင္းလြန္းတဲ့ ကိုကို႔ကိုစခ်င္လာတာနဲ႔ သၾကားရည္နည္းနည္းယူၿပီး သူ႔ႏႈတ္ခမ္းေလးကို သုတ္မိလိုက္တယ္။ ဘာလုပ္တာလဲ ဆိုတဲ့ၾကည့္နဲ႔ၾကည့္လာေတာ့လည္း ခ်စ္ဖို႔ေကာင္းေနျပန္ေရာ...။
“ စတာပါ.. ကြၽန္ေတာ္ျပန္သုတ္ေပးမယ္ေနာ္ “
ထိုစကားေျပာၿပီးေနာက္ မိမိႏႈတ္ခမ္းေပၚမွ သၾကားရည္အားသုတ္ေပးသည့္Sun…။ လက္ႏွင့္ေတာ့မဟုတ္..။ ႏႈတ္ခမ္းခ်င္းထပ္တူက်၍သာ...။ သူ၏အလိုေတာ္က် မိမိႏႈတ္ခမ္းအား ျခယ္လွယ္ၿပီးေသာအခါမွသာ ရပ္နားသည္။
“ ခ်ိဳေနတာပဲ.. “
“ နည္းနည္းေလာက္ျဖစ္ျဖစ္ အသားယူလိုက္ရမွေက်နပ္တယ္ေနာ္.. ေတာ္ၿပီ.. လုပ္စရာရွိတာ ဆက္လုပ္ေတာ့ “
ထိုသို႔ေျပာၿပီးေနာက္ မီးဖိုေခ်ာင္မွထြက္သြားေသာသူ..။ က်ီစားမႈမ်ား၍ ေကာက္ေတာ္မူၿပီထင္ပါ၏..။
အိမ္မႈကိစၥအျဖာျဖာတို႔ကို ေနသူရိန္မွတာဝန္ယူ လုပ္ေဆာင္ၿပီးေသာအခါ အဆင္သင့္သုံးေဆာင္သူက လမင္းကိုကိုျဖစ္သည္။ ေန႔လယ္စာ ထမင္းစားၿပီးေနာက္ ေနသူရိန္သည္ တစ္ေန႔တာပင္ပန္းသမွ်အား အနားယူသည့္သေဘာျဖင့္ လမင္းကိုကို၏ေပါင္ေပၚတြင္ ေခါင္းအုံးကာ လွဲေနသည္။ လမင္းကိုကိုသည္က ေနသူရိန္၏ ဆံပင္မ်ားအား ေဆာ့ကစားေနသည္။
အေနအထားအရ ေတာ္ေတာ္ၾကည္ႏူးဖို႔ေကာင္းတယ္။ ခဏအၾကာမွာ ကိုကိုေျပာလိုက္တဲ့စကားက ၾကည္ႏူးမႈေၾကာင့္ ၿပဳံးေပ်ာ္ေနတဲ့ ကြၽန္ေတာ့္မ်က္ႏွာကို ျဖတ္႐ိုက္လိုက္သလိုပဲ...။
“ ဘယ္အခ်ိန္ အိမ္ျပန္မွာလဲ “
“ မျပန္ဘူး ေနာက္တစ္ညထပ္အိပ္မယ္ေလ “
“ မအိပ္ရဘူး.. ျပန္ေတာ့.. “
“ ဟာ.. “
“ မဟာနဲ႔.. Sunေမေမနဲ႔ဘြားဘြားတို႔ စိတ္ပူေရာေပါ့ “
“ အင္းပါ.. ခဏေနရင္ျပန္ပါ့မယ္ “
ထိုသို႔ေျပာေသာ္လည္း ေတာ္ေတာ္ႏွင့္မျပန္..။ အတင္းသာ ႏွင္လႊတ္ရသည္။ Sunသည္ တျခားေသာေနရာမ်ားတြင္ လူႀကီးလူေကာင္းဆန္ဆန္ေနတတ္ေသာ္လည္း မိမိအနားသို႔ေရာက္လွ်င္ အလြန္ကေလးဆန္လွသည္။ စိတ္ေကာက္လွ်င္လည္း ေခ်ာ့ရခက္သည္။ သဝန္တိုရသည္မွာလည္း ခဏခဏပင္။ ေတဇဖြင့္ေျပာၿပီးေနာက္ ေတဇဖုန္းနံပါတ္အား သူကိုယ္တိုင္ Blockထားသည္။ ထိုမွ်သာမက ေက်ာင္းအႀကိဳအပို႔ကိုလည္း သူေဆာင္႐ြက္ဦးမည္။ သူ.. မိမိအနားတြင္ ရွိေနျခင္းအား သေဘာက်ပါသည္။ သို႔ေသာ္လည္း ေတဇႏွင့္ဆုံမိပါက စိတ္မထိန္းႏိုင္၍ ျပႆနာျဖစ္မည္ကိုလည္း စိုးရိမ္ရျပန္သည္။
တစ္ဖက္တြင္ လမင္းကိုကိုသည္ ေနသူရိန္အား စိုးရိမ္ေနရသည္။ ထို႔နည္းတူပင္ ေနသူရိန္သည္လည္း လမင္းကိုကိုအား စိုးရိမ္ေနပါသည္။
ဒီရက္ပိုင္း သၪၨာထက္ဖုန္းခဏခဏဆက္ေနတယ္။ စာေတြလည္းခဏခဏပို႔တယ္။ ရည္းစားထားကို ဘာလို႔ဖြင့္မေျပာတာလဲဆိုၿပီး ျပႆနာရွာေနတယ္။ ကိုကိုေျပာခဲ့သလိုမ်ား ျဖစ္ေနၿပီလား။ ကိုကိုက ကြၽန္ေတာ္ကို သၪၨာထက္နဲ႔ပတ္သက္ၿပီး စိတ္မခ်ဘူးေလ။ ကိုကိုစိတ္ပူေနသလို သူတကယ္ပဲ ကြၽန္ေတာ့္အေပၚ စိတ္ရွိေနတာလား။ မျဖစ္ႏိုင္ဘူးမဟုတ္လား..။ သူ.. ကြၽန္ေတာ့္ကို ခ်စ္လို႔မရဘူး..။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ကလည္း သူ႔ကိုျပန္မခ်စ္ႏိုင္ဘူးေလ။ အမွန္ဆိုရင္ သူက ကြၽန္ေတာ္နဲ႔ကိုကို႔ကို အတိတ္ဘဝက ခြဲခဲ့တဲ့သူလို႔ စသိကတည္းက တကယ္စိတ္အေႏွာင့္အယွက္ျဖစ္ရတယ္။ ခင္မင္မႈအတိုင္းအတာေတြနဲ႔ အခ်ိန္ေတြေၾကာင့္သာ သူ႔ကိုမမုန္းမိတာပါ။ မမုန္းေပမဲ့ စိတ္ခုေနတာမို႔လို႔ အခုေနာက္ပိုင္းေတာ့သူနဲ႔ အဆက္အသြယ္မလုပ္ျဖစ္ဘူး။ သူနဲ႔ကြၽန္ေတာ္ရဲ႕ ပတ္သက္မႈကို ကိုကိုစိတ္ပူေနရတာမ်ိဳးေတြ မျဖစ္ေစခ်င္ဘူး။ ကိုကို႔ကို စိတ္မညစ္ေစခ်င္ဘူး။ အတိတ္ဘဝကတည္းက ကိုကို႔ရဲ႕ဆုံးရႈံးမႈေတြက ေတာ္ေတာ္မ်ားေနၿပီေလ...။
စိုးရိမ္မႈတို႔သည္ ထိုမွ်ႏွင့္မၿပီး..။ ဘြားဘြားေျပာသည့္ က်ိန္စာျပယ္ရန္နည္းလမ္းေၾကာင့္ ပို၍အခက္ေတြ႕ရျပန္သည္။
“ အရင္ဘဝက ေျမးတို႔ကိုေဝးကြာေစတဲ့သူက အခုလူျပန္ဝင္စားတယ္လို႔ ေျမးေျပာတယ္ေနာ္ “
“ ဟုတ္တယ္ဘြားဘြား “
“ သူလူျပန္ဝင္စားတာက ေျမးတို႔အတြက္ အခြင့္အေရးပဲ.. သူ႔ေသြးနဲ႔ စြန္းထင္ခဲ့တဲ့က်ိန္စာကို သူ႔ေသြးနဲ႔ပဲျပန္ေဖ်ာက္ရမယ္။ တစ္ခ်ိန္ကေျမးတို႔လက္မွာေပေနခဲ့တဲ့ သူ႔ရဲ႕ ညစ္ညမ္းတဲ့ေသြးေတြကို ဒီဘဝက သူ႔ရဲ႕ျဖဴစင္တဲ့ေသြးနဲ႔ ျပန္လည္းေဆးေၾကာႏိုင္တယ္။ အဲဒီေသြးကို သူ႔ဘက္က လိုလိုလားလားေပးမွ ရမွာေနာ္ “
အဘြားျဖစ္သူ၏စကားေၾကာင့္ပင္ ေနသူရိန္တစ္ေယာက္ အခက္ေတြ႕ရျပန္သည္။
ဇာဇာသည္ ထိုကိစၥအား လြယ္လြယ္ႏွင့္ သေဘာတူႏိုင္မည္မဟုတ္။ သူသည္ ခရစ္ယာန္.. မိမိသည္ ဗုဒၶဘာသာ.. အယူအဆတို႔ျခားနားေလသည္။
Advertisement
- In Serial60 Chapters
The rightful Luna
*'I-I am sorry your highness I touched ...!' She was trying to apologize, but she fell silent as she could not utter with her mouth that she accidentally touched his lips.'But I am not sorry!' He said calmly looking straight at her. What was she supposed to say after hearing his words?'I did not mean to touch your highness's ...' she said with great difficulty.'That was not a touch.' He said not permitting her to brush it off as an accident, even though it clearly was.'It was a kiss.' He said with a hoarse determined voice.She widened her eyes, as her face flushed even more than it did when she realized what she had done. He dared to say the word she avoided.'That was not! I...' she tried to refute. 'What is a kiss Celia?' She could not answer. How could she say the definition of a kiss with her own mouth, it would only confirm his words.*'It was an accident. I am truly sorry, I did not mean any discourtesy towards your highness. If I can make up for my error somehow?' She quickly said. She did not know of his personal life, as he had a tight security around him and nobody knew much of the king outside official visits and business. He must have felt insulted.'Please don't call it an accident. For a first kiss of a person to be called an accident ...' He said again with a dejected tone, but did not continue. It was like he had already gotten his point across.'Ahhh. I am so sorry! It really was an ...' She wanted to say accident but, because of his pleading she could not actually say it. To have committed the blame of taking the king's first kiss and then not acknowledging it, how would he think of her?At this point she did not even realize that their roles had reversed, or that it was her first kiss also.PS: If you like loyal mates... then please proceed further :D
8 2240 - In Serial80 Chapters
Accidental Nikkah
Aayan Ibrahim.At the age of 25, A successful business man. Strict and Arrogant appearance.Has a Complicated family. Loves his mother alot.Has and trusts only his best friend since long, Zubair Mustafa.Ruhee Shariff. At the age of 19, living the perfect college life. Cheerful and Happy, but has her moods Her family is always her first priority. Has many friends and is known in her college. She wants everyone to be happy. What happens when these two opposite people are bought together to live under the same roof? Will they unwind each others secrets, or will it cause them to break apart? Read to find out. Might sound like a cliché plot, but give this book a try, you won't be disappointed. Sign Out.
8 471 - In Serial38 Chapters
The reject of silver falls (COMPLETED)
"I, James Ryder reject you, Angelina falls," he said, smiling smugly as his friends gathered around to laugh.I stood there for a moment, stunned, before I stepped forward, shocking him."you think you can make me cry by rejecting me? read my lips and read them good sweetheart, I could care less"-------------Meet Angelina sky falls.youngest daughter of alpha Ryan falls. being the alpha daughter she should be happy.except he died when she was 10, leaving her in the care of her brother and his mate. hating her for reasons she cant understand, he takes all his anger out on her.leaving her with only one good thing to look forward to...her mate.Meet James algo Ryder.son of alpha Trenton Ryder.Highly respected and second in command of the silver falls pack.he isn't among the few that want to settle down. Silver falls is full of unmated beautiful women. why settle with one?Will Angelina have her knight in shining armor, or will she be known forever as the reject of silver falls?
8 277 - In Serial10 Chapters
Let Me Know If You Need Help
Tên tôi là Abony. Một cô gái yêu tự do và khao khát trở thành họa sĩ. Nhưng cha tôi có một định kiến sâu sắc với các nghệ sĩ. Một hôm, tôi đang tập vẽ ngoài sân. Thật không may, đã nổi giận khi anh ta nhìn thấy hành động của tôi và đốt cháy tất cả các dụng cụ vẽ của tôi. Mẹ tôi đã tặng chúng cho tôi khi tôi còn nhỏ; Tôi nâng niu chúng như báu vật. Cô ấy là một ca sĩ phòng trà. Khi tôi bảy tuổi, gia đình tôi phải chuyển từ thành phố đến thị trấn Wind vì chúng tôi không đủ tiền thuê nhà. Theo đuổi ước mơ trở thành ca sĩ nổi tiếng, mẹ tôi quyết định ra đi.
8 134 - In Serial29 Chapters
Serial Dating
Milo Park is a serial romantic with an addiction to online dating. Lee Asano is the barista stuck taking the orders of every date Milo reels in. It wouldn't be an issue if Milo wasn't such a hot topic-star running back for the USFC football team as a freshmen, member of the most iconic fraternity at USFC, and general campus heartthrob.When Milo convinces Lee to be his gym buddy, it sounds and feels like the friend zone. But who knew the #GymLife was so gay anyway? Certainly not Lee.
8 187 - In Serial32 Chapters
The Buddy Program
After getting diagnosed with a rare, terminal illness and being forced right out of his perfectly normal life, Jeon Jeongguk lost all his faith in living. Just six more months and he'll be dead. Gone. Forgotten. However, when a new hospital friendship program pairs him with the eccentric and lovable Kim Taehyung, he's granted a second chance to live; to be remembered. Running on borrowed time and a bucket list, the only issue that remains is obvious: don't get attached. But sometimes you forget good things don't last forever until it's too late.[ a taekook fanfiction. ]
8 233

