《Amiss Prayer (Zawgyi&Unicode) [Completed]》Part-55 (ပျော်ရွှင်ခြင်း)
Advertisement
For Unicode
ပျော်ရွှင်ခြင်း
ချစ်သူနှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်လေသည့် ကစားပွဲတစ်ခု..။ နေသူရိန်က အနိုင်ရမည်လော..။ လမင်းကိုကိုက အနိုင်ရမည်လော..။ သေချာစွာမသိရသည့် အဖြေတစ်ခုအား လောင်းကြေးထပ်၍ကစားထားသည်။ ဖြစ်လာမည့်ကိစ္စအရပ်ရပ်တို့အား နှစ်ဦးသားလုံး မျှော်လင့်နေသည်။ ရင်ခုန်ခြင်းနှင့်မဟုတ်...။ ပူလောင်မှုကိုယ်စီနှင့်။
လမင်းကိုကိုဘက်မှကြည့်လျှင် တေဇဖွင့်ပြောလာ၍ငြင်းမည်ဆိုပါက သူငယ်ချင်းဆက်ဆံရေးပျက်ဆီးနိုင်သည်။ နေသူရိန်ဘက်မှ ကြည့်ပါက သူ့ထက်ပင်ရုပ်ရည်၊ ပညာအရည်အချင်း အစစအရာရာသာလွန်နေသည့် တေဇ၏လက်ထဲသို့ လမင်းကိုကိုရောက်ရှိသွားမည်အား စိုးရိမ်နေရသည်။
မပြိုင်အပ်သောကစားဝိုင်းအား နှုတ်ဖျားမှစကားလေးတစ်ခွန်းဖြင့်သာ စတင်ခဲ့သည်။ နှုတ်ဖျားမှစတင်ခဲ့သော ကစားဝိုင်းသည် နှုတ်ဖျားတွင်သာအဆုံးသတ်မည်ဟု မည်သူမျှအာမမခံနိုင်..။
ယနေ့တွင် လမင်းကိုကိုအား နေသူရိန်သည် ကျောင်းလာကြိုသည်။ ကျောင်းမပြန်ခင်တွင် တေဇသည် လမင်းကိုကိုအား စကားပြောရန်ရှိကြောင်းဆို၍ စောင့်စေခဲ့သည်။ သဘောရိုးဖြင့်စောင့်နေသူက လမင်းကိုကို..။ အရောင်ဆိုးမေတ္တာတို့ကို ဝန်ခံလိုသူက တေဇဖြစ်သည်။
“ တေဇ.. မင်းငါ့ကိုပြောစရာရှိတယ်ဆို.. ဘာပြောမလို့လဲ “
“ ငါပြောမယ့်စကားက ယောက်ျားလေးဖြစ်တဲ့မင်းအတွက် နည်းနည်းတော့ ထူးဆန်းနေလိမ့်မယ် “
တေဇ၏စကားအား ရုတ်တရက်နားမလည်း..။ သေချာစဉ်းစားပြီးသောအခါ သူပြောပြမည့်စကား၏အစွန်းအစအား အနည်းငယ်ရိပ်မိနေသည်။
တကယ်ပဲ Sunပြောသလိုဖြစ်လာတော့မှာလား...
“ ငါလည်း ယောက်ျားလေးတစ်ယောက်ပါပဲ.. ဒါပေမဲ့.. ယောက်ျားလေးဖြစ်တဲ့မင်းကို သဘောကျနေတယ်.. ငါ့စိတ်တွေထူးဆန်းနေတယ်မဟုတ်လား “
“ ဒီလိုစကားတွေက နောက်ကောင်းတဲ့စကားတွေမဟုတ်မှန်း မင်း ကောင်းကောင်းကြီးနားလည်မှာပါ “
“ အချိန်အကြာကြီး စဉ်းစားပြီးမှ ဖွင့်ပြောရတဲ့စကားက စနောက်ရုံမဟုတ်ဘူးဆိုတာကိုယ်အသိဆုံးပါ။ အခုလို ဖွင့်ပြောလိုက်လို့ အထင်သေးသွားပြီလား.. ယောက်ျားလေးအချင်းချင်းသဘောကျတဲ့လူ ဆိုပြီးတော့ပေါ့ “
“ အထင်မသေးပါဘူး.. လူတစ်ယောက်ကို တခြားလူတစ်ယောက်က ချစ်ကြောင်းကြိုက်ကြောင်းပြောတာ မထူးဆန်းပါဘူး။ ယောက်ျားလေးအချင်းချင်းသဘောကျတာကို ငါလည်းနားလည်ပေးနိုင်ပါတယ်..။ ဘာလို့လဲဆိုတော့ ငါ့မှာလည်း ယောက်ျားလေးချစ်သူရှိလို့လေ “
ထိုစကားအား တည်ငြိမ်စွာပြောလာသည့် လမင်းကိုကို၏ အေးစက်မှုကို မိမိဘဝတွင် ပထမဆုံးအကြိမ်သာမြင်ဖူးခြင်းပင်...။ သို့သော်ငြား မိမိသည် သူ၏အေးစက်မှုအား ထိတ်လန့်ခြင်းမရှိ။ ထိုအေးစက်မှုအား မိမိသည် ပို၍သဘောကျနေသယောင်။
“ ဆိုလိုတာက မင်းမှာချစ်သူရှိနေလို့ ကိုယ့်ကိုငြင်းတယ်ပေါ့ “
“ ဆိုပါတော့ “
“ မျက်နှာထားကြီးကလည်း တည်လိုက်ကွာ..။ အေးစက်စက်ကြီးနဲ့..။ ခက်တာက အခုမင်းရဲ့ပုံစံကြောင့် ငါကမင်းကိုပိုသဘောကျသွားတာပဲ “
“ သဘောကျတာက မင်းအပိုင်းပါတေဇ..။ ငြင်းဆိုတာကလည်း ငါ့အပိုင်းပါ “
“ မင်းကောင်လေးအတွက် ဒီလောက်ကြီး ပြတ်ပြတ်သားသားငြင်းနိုင်တယ်လား.. “
“ အင်း.. “
“ မင်းကိုဒီလိုသတ္တိတွေပေးတဲ့ မင်းရဲ့ကောင်လေးကို သိချင်လိုက်တာ “
“ မင်းသိရမှာပါ.. ငါမိတ်ဆက်ပေးမယ်.. သူအဆောင်အောက်မှာစောင့်နေတယ် “
“ ကောင်းပြီလေ..”
အဆောင်အောက်သို့ဆင်းလာသည့် ထိုလူသားနှစ်ဦး၏မျက်နှာအနေအထားတို့သည် တင်းမာလျက်..။ ထိုသို့တင်းမာနေသည့် လူသားနှစ်ဦးထဲမှ လမင်းကိုကိုအား ပြုံး၍ကြိုဆိုနေသူက နေသူရိန်ပင်..။
“ တေဇ.. မင်းသိချင်နေတဲ့ ငါ့ကောင်လေးဆိုတာ သူပဲ “
အရိပ်ရသစ်ပင်များ ပေါများ၍အေးချမ်းလှသည့် Physicsအဆောင်တွင် ကျွန်တော်တစ်ယောက်တည်းသာ ပူလောင်လာသည်။ မိမိချစ်ရသောကောင်လေး၏ အချစ်တို့ကိုအပိုင်သိမ်းထားသော ထိုလူသားအား နည်းနည်းမျှအမြင်မကြည်။
“ ကျွန်တော်က လမင်းကိုကိုရဲ့ချစ်သူ နေသူရိန်ပါ “
“ နာမည်ပဲမိတ်ဆက်ပေးရင် ရပါတယ်..။ ရာထူးပါထည့်ပြောစရာမလိုပါဘူး “
“ ပြောသင့်တယ်ထင်လို့ ပြောတာပါ။ ကိုကို့ရင်ခွင်နေရာက လိုချင်တဲ့သူတွေများနေတော့ ကာကွယ်ထားတဲ့အနေနဲ့ ကျွန်တော်သာပိုင်ဆိုင်ကြောင်း ထည့်ပြောရတာပါ “
“ ကောင်းကောင်းကာကွယ်ထားနော်.. လုယူမယ့်သူက ငါဖြစ်နေတော့လေ “
စကားပြောပုံတို့ကို ကြည့်နေရင်းပင် အခြေအနေတို့သည် ပို၍တင်းမာလာသည်ကို ကျွန်တော်သိနေသည်။ Sun လက်သီးဆုပ်လိုက်သည်ကိုလည်း ကျွန်တော်မြင်ပါသည်။ ထသတ်တော့မည့် အရိပ်အယောင်များ မြင်နေရသည်မို့ ကျွန်တော်ပါ ကြားဝင်ရတော့သည်။
“ သူကာကွယ်သည်ဖြစ်စေ မကာကွယ်သည်ဖြစ်စေ.. မင်းကို သူငယ်ချင်းထက် သံယောဇဉ်မပိုဘူးဆိုတာ သိထားပေးပါ... ငါတို့ပြန်တော့မယ်တေဇ “
“ ကောင်းပြီလေ ဒီနေ့တော့ ဒီလောက်ပဲပေါ့.. တစ်ခုတော့ သိထားပေးနော် ငါက ဘယ်တော့မှလက်လျှော့မှာမဟုတ်ဘူး.. “
ဤသည်ကာ တောင်းဆိုနေခြင်းမဟုတ်..။ ဝန်ခံနေခြင်းမဟုတ်..။ စစ်ကြေညာခြင်းမျိုးသာ..။
ဟုတ်တယ် ကျွန်တော်စစ်ကြေညာခဲ့တယ်။ တစ်ခုတော့ စိတ်မကောင်းဖြစ်မိတယ်။ လမင်းကိုကိုရဲ့အချစ်ကို ပထမဆုံးအနေနဲ့ မပိုင်ဆိုင်ခဲ့ရလို့။ သူ့ကောင်လေးကို ဒီလောက်ချစ်နေတာကိုကြည့်ရင်း ကျွန်တော့်ရင်ထဲမှာ တဆစ်ဆစ်နဲ့ နာကျင်တယ်။ အဲဒီကောင်လေးသာ မရှိလာခဲ့ရင်.. ကျွန်တော်သာ လမင်းကိုကို ကိုပိုင်ဆိုင်ခဲ့ရရင်.. ကျွန်တော်ဘယ်လောက်တောင် အချစ်ခံလိုက်ရမလဲ..။ ဘယ်လောက်တောင် နွေးထွေးရလိုက်မလဲ...။ ဒီလို တွေးမိလို့ နည်းနည်းလေးဝမ်းနည်းရုံပါ...။ ဘယ်တော့မှတော့ လက်လျှော့မှာမဟုတ်ဘူးနော်..။ ကျွန်တော်သူဘေးနားမှာရှိနေသမျှ ကာလပတ်လုံး သူ့အချစ်ကိုရဖို့ ကျွန်တော်ကြိုးစားနေမိဦးမှာ..။ ကစားပွဲတစ်ခုမှာ ယှဉ်ပြိုင်သူမရှိခဲ့ရင် ဘယ်လိုလုပ်ပျော်စရာကောင်းတော့မလဲ..။ အခုအခြေအနေအရ အနည်းဆုံးတော့ သူ့ကောင်လေးက ကျွန်တော့်ပြိုင်ဘက်လေ..။
ကျေးဇူးတင်တယ် လမင်းလေး..။ ကိုယ့်အတွက် ပြိုင်ဘက်ကောင်းတစ်ယောက်ကို မင်းဖန်တီးပေးခဲ့လို့လေ..။ နောက်ပြီး အခုလိုတင်းမာနေတဲ့ လမင်းလေးကိုလည်း အရမ်းချစ်တယ်။ တကယ်လို့ လမင်းလေးသာ ကိုယ့်ချစ်သူဖြစ်လာရင်လည်း.. တခြားလူတွေလမင်းလေးကို ချစ်ရေးဆိုလာတဲ့အခါ.. အဲဒီလိုပြတ်သားပေးနိုင်မှာနော်..။
နာကျင်မှုတို့ကို တစ်ဦးတည်းသာဖြေသိမ့်လျက် ထွက်သွားသောတေဇ၏ နောက်ကျောကိုသာ နေသူရိန်နှင့်လမင်းကိုကိုတို့ မြင်ရပါသည်။ သို့သော် တေဇ၏ ရင်ထဲမှနာကျင်မှုနှင့် အတွေးစတို့ကို ထိုသူနှစ်ဦးမမြင်ခဲ့..။
သူ၏အတွေးစတို့ကို ကျွန်တော်မမြင်ရသော်ငြား အနည်းငယ်ရိပ်မိသည်။ သူသည်စိတ်ထားကောင်းသည်။ သို့သော်.. သူပိုင်ဆိုင်လိုသည်တို့ကို အရယူသည့်နေရာတွင် အတ္တဆန်လှသည်။ အနည်းငယ်မျှစိတ်ပူမိသည်။ သူသည် မိမိနှင့်Sun၏ ဆက်ဆံရေးတွင် ဆူးငြောင့်ခလုတ်တစ်ခု ဖြစ်လာနိုင်သည်။
Advertisement
စိတ်၏အခြေအနေသည် မျက်နှာပေါ်တွင် ထင်လာသောအခါ နေသူရိန်သည် သတိထားမိပါသည်။
Sunဆိုတဲ့ ကျွန်တော်က ကိုကို့ကိုအရိပ်တကြည့်ကြည့်နဲ့ ချစ်နေရသူပါ..
“ ဘာတွေ အတွေးလွန်နေတာလဲ ကိုကို “
“ သူက.. ကိုယ်နဲ့Sunရဲ့ဆက်ဆံရေး ကိုနှောင့်ယှက်လာမှာ စိုးလို့ပါ “
“ သူနှောင့်ယှက်ချင်သလောက် နှောင့်ယှက်ပါစေ.. အဓိကက ကိုကိုနဲ့ကျွန်တော် အပြန်အလှန်ယုံကြည်နေဖို့ပဲလိုတာပါ.. ကျွန်တော်ကတော့ ကိုကို့ကိုအပြည့်အဝယုံတယ် “
“ ကိုယ့်ကို ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ် “
“ ဒါနဲ့ သူ ကိုကို့ ကိုဘာတွေပြောသွားသေးလဲ..”
“ သဘောကျနေတဲ့အကြောင်းပဲ ပြောတာပါ “
“ ကျွန်တော်ပြောသားပဲ.. သူကကိုကို့ကို ကြိုက်နေတာပါဆိုမှ “
“ ထားပါကွာ.. သူကြိုက်လည်း ကိုယ်ကပြန်ကြိုက်တာမှမဟုတ်တာ “
“ ပြီးတာပဲ.. သူ့ကိုဝေးဝေးကရှောင်နော်.. နည်းနည်းလေးတောင် မထိတွေ့ခိုင်းနဲ့နော် “
“ အေးပါ “
“ သစ္စာဖောက်ရင် သတ်မှာလို့ပြောထားတယ်နော် “
“ ဓားကြိမ်း ကြိမ်းမနေနဲ့... ပြောတော့ ကိုယ့်ကိုယုံတယ်ဆိုပြီတော့ “
“ ကိုကို့ကိုယုံပေမဲ့.. အဲဒီဘဲက အသေချောနေတာကို.. နောက်ပြီးစောစောကပြောတာဘာတဲ့.. ကောင်းကောင်းကာကွယ်ထား တဲ့.. ထထိုးခြင်လိုက်တာ “
“ စိတ်လျှော့ပါကွာ သူချောတာဘာလုပ်ရမှာလဲ... ကိုယ့်မျက်လုံးထဲမှာတော့ Sunက အချောဆုံးပဲ “
သူ၏စကားကြောင့် ခြေထောက်နှင့် မြေကြီးသည်လွတ်နေပြီဟုသာ ခံစားနေရသည်။
“ အဝေါ့..”
နောက်ဆက်တွဲကြားလိုက်ရသည့် ထိုအသံ..။ အန်တော့မည့်ပုံနှင့် သူ၏အမူအရာသည် မိမိမျက်နှာအားဖြတ်ရိုက်လိုက်သလိုပင်...။
“ ပြောင်တာ စတီးပဲကောင်းတယ်ကိုကို.. ပျော်ထားနော်.. လောင်းကြေးထပ်ထားတဲ့ကိစ္စမှာ ကျွန်တော်နိုင်ထားတာ မမေ့နဲ့ “
“ အေးပါ.. Sunကဘာလိုချင်တာလဲပြော.. ကိုယ်ဝယ်ပေးမယ် “
Devil smileဖြင့် တစ်ကိုယ်လုံးကိုကြည့်ပြီးနောက် အနားသို့တိုးကာ ပါးချင်းအပ်၍ပြောလာသည့် သူ၏စကားသည် ကျွန်တော့်အား ကြက်သီးအဖြာဖြာထစေသည်။
“ ကျွန်တော်လိုချင်တာ.. ကိုကို့ကိုလေ.. ကိုကို့အမေခရီးသွားတယ်ဆိုတာ ကျွန်တော်သိတယ်နော် “
“ ဘာ... ဘာရယ်..”
“ သိပ်မလန့်ပါနဲ့.. ကျွန်တော်ကမရက်စက်ပါဘူး.. ကျွန်တော်အိမ်ကိုပြောခဲ့တယ်.. ဒီည ကိုကို့အိမ်မှာအိပ်မယ်လို့ “
“ ဘယ်သူက ခေါ်မယ်လို့ပြောလို့လဲ “
“ မခေါ်လည်း လာမှာပဲလေ “
ဟုတ်ပါသည်။ မခေါ်သော်လည်း ဇွတ်အတင်းသာ လိုက်ကပ်နေမည့်ပုံပေါ်သည်။
ကိုယ့်ဒေါသနဲ့ကိုယ်ပေါ့..။ လောင်းကြေးထပ်တာကိုက ကိုယ့်အမှား..
လောင်းကြေးအား အကြောင်းပြ၍သာ ယနေ့ညတွင် Sunသည် ကျွန်တော့်၏အိမ်သို့ရောက်လာခဲ့သည်။ အိမ်သို့ရောက်သော်လည်း ငြိမ်ငြိမ်မနေ...။ ကျွန်တော်၏အနားမှ တစ်ဖဝါးမှမခွာ..။
“ ဟ.. ဘာလို့သွားလေရာ လိုက်ကပ်နေတာလဲ.. ငြိမ်ငြိမ်လေးထိုင်နေပါတော့လား “
“ ကိုယ့်ချစ်သူအနား ကိုယ်ကပ်တာ ဘာဖြစ်လို့လဲ.. ကိုကိုသာ လောင်ကြေးကိုမမေ့ပါနဲ့ “
“ မင်းနော်.. “
ယခင်က ထိုနာမ်စားအားခေါ်နေကျဖြစ်သော်လည်း ယခုတွင်မူ ထိုနာမ်စားအားသဘောမကျ။ သူ၏Sunဟူသော ခေါ်အသံကိုသာ သဘောကျနေမိသည်။ ရလေ လိုလေ အိုတစ္ဆေ ဟူ၍သာ ဆိုရမည်လော..။ ဂရုစိုက်မှုနှင့် နူးညံ့မှုတို့တွင် နေသားကျနေသည်မို့ စိမ်းကားကြမ်းတမ်းမှုကိုမလိုလားသည်ဟု ဆိုရမည်လော..။ မိမိမကြိုက်သော ထိုနာမ်စားကိုမခေါ်ရန် ကိုကို့အားသတိပေးရတော့မည်။
ထို့ကြောင့်သာ သူ၏ပါးပြင်ထက်သို့ အနမ်းတစ်ပွင့်ခြွေမိသည်။ ထိုအနမ်းတစ်ပွင့်သည် သူ့အားအပြစ်ပေးသည့် မိမိ၏ဆုလာဘ်သာ..။
“ မင်းလို့မခေါ်နဲ့.. မကြိုက်ဘူး.. နောက်အဲဒီလိုတစ်ခါခေါ်ရင် တစ်ခါနမ်းပြီး အပြစ်ပေးမယ် “
“ အပြစ်ပေးတာကြီးကလည်း Sunနစ်နာနေဦးမယ် “
“ ဒါပေါ့.. နစ်နာတာပေါ့.. ကျွန်တော်က နမ်းဖို့လှုပ်ရှားရတာလေ.. ပင်ပန်းတာပေါ့ “
“ ဘယ်လို ငပျင်းကိုချစ်သူတော်ထားရတာလဲမသိဘူး “
“ ဟုတ်တယ်.. ကျွန်တော်ကပျင်းတယ်.. ဒါပေမဲ့ ကိုကိုအတွက်ဆိုရင်တော့ ဘယ်လောက်ပဲပင်ပန်းရ ပင်ပန်းရ လှုပ်ရှားဖို့ အဆင်သင့်ပဲ “
“ ဖြတ်ရိုက်လိုက်ရ.. ဖယ်တော့ကွာ.. စာသွားလုပ်တော့မယ် “
ဤသို့ဖြင့် စနောက်ရင်းသာ ပျော်ရွှင်နေသည့် နေသူရိန်..။ ညသို့ရောက်လာသည်နှင့်အမျှ ကျောချမ်းလာသည့် လမင်းကိုကို..။
လမင်းကိုကိုသည် Laptopနှင့်စာရိုက်နေစဉ် နေသူရိန်သည် လမင်းကိုကိုအား နောက်ကျောမှနေ၍ဖက်ထားကာ လမင်းကိုကို၏ပခုံးထက်တွင် မေးတင်ထားသည်။ အချိန်အားဖြင့် ညကိုးနာရီသို့ရောက်လာသောအခါ နေသူရိန်တစ်ယောက် ဉာဏ်မဲတို့ကို စတင်အသုံးပြုပါတော့သည်။
“ ကိုကို.. “
“ ပြော.. “
“ မအိပ်သေးဘူးလား.. ကျွန်တော်အိပ်ချင်နေပြီ “
“ Sunအိပ်ချင်ရင် အိပ်နှင့်လေ.. “
“ ကိုကိုကရော မအိပ်သေးဘူးလား “
“ ကိုယ်က ဒီစာမျက်နှာပြီးရင် နောက်တစ်မျက်နှာထပ်ရိုက်ဦးမှာ.. “
“ ဟာ.. ဒီစာမျက်နှာပြီးရင်တော်တော့ဗျာ.. အခုဒီစာမျက်နှာပြီးပြီမဟုတ်လား.. သိမ်းတော့ “
သိမ်းရန်ပြောသူက Sun..။ စိတ်မရှည်၍ စာများကို Saveကာ laptopပိတ်လိုက်သူမှာလည်း Sun ပင်..။
“ ဘာဖြစ်နေတာတုံး “
Sunသည် မိမိ၏အမေးကို ပြန်မဖြေ..။ မိမိ၏လည်တိုင်ကိုသာ စတင်ပြဿနာရှာနေသည်။
“ ကိုကို့ကိုကျွန်တော်အလိုလိုက်တာတွေ သိပ်များနေပြီ.. ဒီညတော့ ကိုကိုအလိုလိုက်ရမယ့်အလှည့်ပဲ “
စကားပြောချိန်ပင်မရ..။ မိမိအားခုတင်ပေါ်သို့လှဲချလိုက်သော Sunသည် မိမိအား ရီဝေစွာကြည့်နေသည်။ မိမိသည်လည်း သူ၏အကြည့်တို့တွင် နစ်မွန်းလာသယောင်..။
“ ဒီည.. ကိုကိုက ကျွန်တော့်အပိုင်လူသားဖြစ်ကြောင်း သက်သေပြုမယ်.. ကိုကိုလက်ခံပေးပါ “
မည်မျှပင်ချစ်ကျွမ်းဝင်သည်ဆိုစေကာမူ မိမိသည် ယနေ့အထိတိုင် အရှက်ပိုနေဆဲ..။ သူ၏အမေးအား ပြတင်းပေါက်ဘက်ကိုသာ မျက်နှာလွှဲ၍ ဖြေဆိုမိပြန်သည်။
Advertisement
“ အင်း.. “
တစ်လုံးတည်းသာဆိုလာသည့် ထိုစကားတွင် မိမိအားပျော်ရွှင်စေသည့် အနက်များစွာပါဝင်နေသည်။ ထိုစကားတစ်ခွန်းနှင့်သာ အရာရာကိုပိုင်ဆိုင်ရသည့်နှယ်.. အလွန်ပြည့်စုံလှသည်။ မိမိချစ်ရသောသူမှာလည်း မျက်နှာပင်နီရဲလျက် မိမိအားမကြည့်..။ ထိုလူသား မည်မျှရှက်နေကြောင်းကို သိပါသည်။ ထိုရှက်စိတ်တို့အား အချစ်စိတ်အဖြစ်သို့ ပြောင်းလဲမွမ်းမံလိုသည်မို့ စကားလေးတစ်ခွန်းပြော၍သာ သူ၏ရင်ခုန်နှုန်များအား မြန်စေခဲ့သည်။
“ တပ်မက်လို့ ပိုင်ဆိုင်ချင်တာမျိုးမဟုတ်ဘူးနော်.. အရမ်းချစ်ခဲ့မိလို့ အပိုင်သိမ်းထားချင်ရုံပါ..”
ထိုစကားနှင့်အတူ မိမိခန္ဓာကိုယ်ပေါ်သို့ သူခြယ်မှုန်းလာသည့် ပြင်းရှရှအနမ်းတချို့..။ ထို့နောက်သူဖန်တီး၍ပေးဆပ်သော နာကျင်မှုတို့ရောနှောနေသည့် ကြင်နာမှုတို့ဖြင့် ထိုညတာကို ဖြတ်သန်းခဲ့မိသည်။
ထိုနေ့ညတွင် လမင်းကိုကိုသည် နေသူရိန်၏ပိုင်ဆိုင်မှုတစ်ခုဖြစ်လာသကဲ့သို့ နေသူရိန်သည်လည်း လမင်းကိုကို၏ ပိုင်ဆိုင်မှုတစ်ခု ဖြစ်လာသည်။
For Zawgyi
ေပ်ာ္႐ႊင္ျခင္း
ခ်စ္သူႏွစ္ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ေလသည့္ ကစားပြဲတစ္ခု..။ ေနသူရိန္က အႏိုင္ရမည္ေလာ..။ လမင္းကိုကိုက အႏိုင္ရမည္ေလာ..။ ေသခ်ာစြာမသိရသည့္ အေျဖတစ္ခုအား ေလာင္းေၾကးထပ္၍ကစားထားသည္။ ျဖစ္လာမည့္ကိစၥအရပ္ရပ္တို႔အား ႏွစ္ဦးသားလုံး ေမွ်ာ္လင့္ေနသည္။ ရင္ခုန္ျခင္းႏွင့္မဟုတ္...။ ပူေလာင္မႈကိုယ္စီႏွင့္။
လမင္းကိုကိုဘက္မွၾကည့္လွ်င္ ေတဇဖြင့္ေျပာလာ၍ျငင္းမည္ဆိုပါက သူငယ္ခ်င္းဆက္ဆံေရးပ်က္ဆီးႏိုင္သည္။ ေနသူရိန္ဘက္မွ ၾကည့္ပါက သူ႔ထက္ပင္႐ုပ္ရည္၊ ပညာအရည္အခ်င္း အစစအရာရာသာလြန္ေနသည့္ ေတဇ၏လက္ထဲသို႔ လမင္းကိုကိုေရာက္ရွိသြားမည္အား စိုးရိမ္ေနရသည္။
မၿပိဳင္အပ္ေသာကစားဝိုင္းအား ႏႈတ္ဖ်ားမွစကားေလးတစ္ခြန္းျဖင့္သာ စတင္ခဲ့သည္။ ႏႈတ္ဖ်ားမွစတင္ခဲ့ေသာ ကစားဝိုင္းသည္ ႏႈတ္ဖ်ားတြင္သာအဆုံးသတ္မည္ဟု မည္သူမွ်အာမမခံႏိုင္..။
ယေန႔တြင္ လမင္းကိုကိုအား ေနသူရိန္သည္ ေက်ာင္းလာႀကိဳသည္။ ေက်ာင္းမျပန္ခင္တြင္ ေတဇသည္ လမင္းကိုကိုအား စကားေျပာရန္ရွိေၾကာင္းဆို၍ ေစာင့္ေစခဲ့သည္။ သေဘာ႐ိုးျဖင့္ေစာင့္ေနသူက လမင္းကိုကို..။ အေရာင္ဆိုးေမတၱာတို႔ကို ဝန္ခံလိုသူက ေတဇျဖစ္သည္။
“ ေတဇ.. မင္းငါ့ကိုေျပာစရာရွိတယ္ဆို.. ဘာေျပာမလို႔လဲ “
“ ငါေျပာမယ့္စကားက ေယာက္်ားေလးျဖစ္တဲ့မင္းအတြက္ နည္းနည္းေတာ့ ထူးဆန္းေနလိမ့္မယ္ “
ေတဇ၏စကားအား ႐ုတ္တရက္နားမလည္း..။ ေသခ်ာစဥ္းစားၿပီးေသာအခါ သူေျပာျပမည့္စကား၏အစြန္းအစအား အနည္းငယ္ရိပ္မိေနသည္။
တကယ္ပဲ Sunေျပာသလိုျဖစ္လာေတာ့မွာလား...
“ ငါလည္း ေယာက္်ားေလးတစ္ေယာက္ပါပဲ.. ဒါေပမဲ့.. ေယာက္်ားေလးျဖစ္တဲ့မင္းကို သေဘာက်ေနတယ္.. ငါ့စိတ္ေတြထူးဆန္းေနတယ္မဟုတ္လား “
“ ဒီလိုစကားေတြက ေနာက္ေကာင္းတဲ့စကားေတြမဟုတ္မွန္း မင္း ေကာင္းေကာင္းႀကီးနားလည္မွာပါ “
“ အခ်ိန္အၾကာႀကီး စဥ္းစားၿပီးမွ ဖြင့္ေျပာရတဲ့စကားက စေနာက္႐ုံမဟုတ္ဘူးဆိုတာကိုယ္အသိဆုံးပါ။ အခုလို ဖြင့္ေျပာလိုက္လို႔ အထင္ေသးသြားၿပီလား.. ေယာက္်ားေလးအခ်င္းခ်င္းသေဘာက်တဲ့လူ ဆိုၿပီးေတာ့ေပါ့ “
“ အထင္မေသးပါဘူး.. လူတစ္ေယာက္ကို တျခားလူတစ္ေယာက္က ခ်စ္ေၾကာင္းႀကိဳက္ေၾကာင္းေျပာတာ မထူးဆန္းပါဘူး။ ေယာက္်ားေလးအခ်င္းခ်င္းသေဘာက်တာကို ငါလည္းနားလည္ေပးႏိုင္ပါတယ္..။ ဘာလို႔လဲဆိုေတာ့ ငါ့မွာလည္း ေယာက္်ားေလးခ်စ္သူရွိလို႔ေလ “
ထိုစကားအား တည္ၿငိမ္စြာေျပာလာသည့္ လမင္းကိုကို၏ ေအးစက္မႈကို မိမိဘဝတြင္ ပထမဆုံးအႀကိမ္သာျမင္ဖူးျခင္းပင္...။ သို႔ေသာ္ျငား မိမိသည္ သူ၏ေအးစက္မႈအား ထိတ္လန႔္ျခင္းမရွိ။ ထိုေအးစက္မႈအား မိမိသည္ ပို၍သေဘာက်ေနသေယာင္။
“ ဆိုလိုတာက မင္းမွာခ်စ္သူရွိေနလို႔ ကိုယ့္ကိုျငင္းတယ္ေပါ့ “
“ ဆိုပါေတာ့ “
“ မ်က္ႏွာထားႀကီးကလည္း တည္လိုက္ကြာ..။ ေအးစက္စက္ႀကီးနဲ႔..။ ခက္တာက အခုမင္းရဲ႕ပုံစံေၾကာင့္ ငါကမင္းကိုပိုသေဘာက်သြားတာပဲ “
“ သေဘာက်တာက မင္းအပိုင္းပါေတဇ..။ ျငင္းဆိုတာကလည္း ငါ့အပိုင္းပါ “
“ မင္းေကာင္ေလးအတြက္ ဒီေလာက္ႀကီး ျပတ္ျပတ္သားသားျငင္းႏိုင္တယ္လား.. “
“ အင္း.. “
“ မင္းကိုဒီလိုသတၱိေတြေပးတဲ့ မင္းရဲ႕ေကာင္ေလးကို သိခ်င္လိုက္တာ “
“ မင္းသိရမွာပါ.. ငါမိတ္ဆက္ေပးမယ္.. သူအေဆာင္ေအာက္မွာေစာင့္ေနတယ္ “
“ ေကာင္းၿပီေလ..”
အေဆာင္ေအာက္သို႔ဆင္းလာသည့္ ထိုလူသားႏွစ္ဦး၏မ်က္ႏွာအေနအထားတို႔သည္ တင္းမာလ်က္..။ ထိုသို႔တင္းမာေနသည့္ လူသားႏွစ္ဦးထဲမွ လမင္းကိုကိုအား ၿပဳံး၍ႀကိဳဆိုေနသူက ေနသူရိန္ပင္..။
“ ေတဇ.. မင္းသိခ်င္ေနတဲ့ ငါ့ေကာင္ေလးဆိုတာ သူပဲ “
အရိပ္ရသစ္ပင္မ်ား ေပါမ်ား၍ေအးခ်မ္းလွသည့္ Physicsအေဆာင္တြင္ ကြၽန္ေတာ္တစ္ေယာက္တည္းသာ ပူေလာင္လာသည္။ မိမိခ်စ္ရေသာေကာင္ေလး၏ အခ်စ္တို႔ကိုအပိုင္သိမ္းထားေသာ ထိုလူသားအား နည္းနည္းမွ်အျမင္မၾကည္။
“ ကြၽန္ေတာ္က လမင္းကိုကိုရဲ႕ခ်စ္သူ ေနသူရိန္ပါ “
“ နာမည္ပဲမိတ္ဆက္ေပးရင္ ရပါတယ္..။ ရာထူးပါထည့္ေျပာစရာမလိုပါဘူး “
“ ေျပာသင့္တယ္ထင္လို႔ ေျပာတာပါ။ ကိုကို႔ရင္ခြင္ေနရာက လိုခ်င္တဲ့သူေတြမ်ားေနေတာ့ ကာကြယ္ထားတဲ့အေနနဲ႔ ကြၽန္ေတာ္သာပိုင္ဆိုင္ေၾကာင္း ထည့္ေျပာရတာပါ “
“ ေကာင္းေကာင္းကာကြယ္ထားေနာ္.. လုယူမယ့္သူက ငါျဖစ္ေနေတာ့ေလ “
စကားေျပာပုံတို႔ကို ၾကည့္ေနရင္းပင္ အေျခအေနတို႔သည္ ပို၍တင္းမာလာသည္ကို ကြၽန္ေတာ္သိေနသည္။ Sun လက္သီးဆုပ္လိုက္သည္ကိုလည္း ကြၽန္ေတာ္ျမင္ပါသည္။ ထသတ္ေတာ့မည့္ အရိပ္အေယာင္မ်ား ျမင္ေနရသည္မို႔ ကြၽန္ေတာ္ပါ ၾကားဝင္ရေတာ့သည္။
“ သူကာကြယ္သည္ျဖစ္ေစ မကာကြယ္သည္ျဖစ္ေစ.. မင္းကို သူငယ္ခ်င္းထက္ သံေယာဇဥ္မပိုဘူးဆိုတာ သိထားေပးပါ... ငါတို႔ျပန္ေတာ့မယ္ေတဇ “
“ ေကာင္းၿပီေလ ဒီေန႔ေတာ့ ဒီေလာက္ပဲေပါ့.. တစ္ခုေတာ့ သိထားေပးေနာ္ ငါက ဘယ္ေတာ့မွလက္ေလွ်ာ့မွာမဟုတ္ဘူး.. “
ဤသည္ကာ ေတာင္းဆိုေနျခင္းမဟုတ္..။ ဝန္ခံေနျခင္းမဟုတ္..။ စစ္ေၾကညာျခင္းမ်ိဳးသာ..။
ဟုတ္တယ္ ကြၽန္ေတာ္စစ္ေၾကညာခဲ့တယ္။ တစ္ခုေတာ့ စိတ္မေကာင္းျဖစ္မိတယ္။ လမင္းကိုကိုရဲ႕အခ်စ္ကို ပထမဆုံးအေနနဲ႔ မပိုင္ဆိုင္ခဲ့ရလို႔။ သူ႔ေကာင္ေလးကို ဒီေလာက္ခ်စ္ေနတာကိုၾကည့္ရင္း ကြၽန္ေတာ့္ရင္ထဲမွာ တဆစ္ဆစ္နဲ႔ နာက်င္တယ္။ အဲဒီေကာင္ေလးသာ မရွိလာခဲ့ရင္.. ကြၽန္ေတာ္သာ လမင္းကိုကို ကိုပိုင္ဆိုင္ခဲ့ရရင္.. ကြၽန္ေတာ္ဘယ္ေလာက္ေတာင္ အခ်စ္ခံလိုက္ရမလဲ..။ ဘယ္ေလာက္ေတာင္ ေႏြးေထြးရလိုက္မလဲ...။ ဒီလို ေတြးမိလို႔ နည္းနည္းေလးဝမ္းနည္း႐ုံပါ...။ ဘယ္ေတာ့မွေတာ့ လက္ေလွ်ာ့မွာမဟုတ္ဘူးေနာ္..။ ကြၽန္ေတာ္သူေဘးနားမွာရွိေနသမွ် ကာလပတ္လုံး သူ႔အခ်စ္ကိုရဖို႔ ကြၽန္ေတာ္ႀကိဳးစားေနမိဦးမွာ..။ ကစားပြဲတစ္ခုမွာ ယွဥ္ၿပိဳင္သူမရွိခဲ့ရင္ ဘယ္လိုလုပ္ေပ်ာ္စရာေကာင္းေတာ့မလဲ..။ အခုအေျခအေနအရ အနည္းဆုံးေတာ့ သူ႔ေကာင္ေလးက ကြၽန္ေတာ့္ၿပိဳင္ဘက္ေလ..။
ေက်းဇူးတင္တယ္ လမင္းေလး..။ ကိုယ့္အတြက္ ၿပိဳင္ဘက္ေကာင္းတစ္ေယာက္ကို မင္းဖန္တီးေပးခဲ့လို႔ေလ..။ ေနာက္ၿပီး အခုလိုတင္းမာေနတဲ့ လမင္းေလးကိုလည္း အရမ္းခ်စ္တယ္။ တကယ္လို႔ လမင္းေလးသာ ကိုယ့္ခ်စ္သူျဖစ္လာရင္လည္း.. တျခားလူေတြလမင္းေလးကို ခ်စ္ေရးဆိုလာတဲ့အခါ.. အဲဒီလိုျပတ္သားေပးႏိုင္မွာေနာ္..။
နာက်င္မႈတို႔ကို တစ္ဦးတည္းသာေျဖသိမ့္လ်က္ ထြက္သြားေသာေတဇ၏ ေနာက္ေက်ာကိုသာ ေနသူရိန္ႏွင့္လမင္းကိုကိုတို႔ ျမင္ရပါသည္။ သို႔ေသာ္ ေတဇ၏ ရင္ထဲမွနာက်င္မႈႏွင့္ အေတြးစတို႔ကို ထိုသူႏွစ္ဦးမျမင္ခဲ့..။
သူ၏အေတြးစတို႔ကို ကြၽန္ေတာ္မျမင္ရေသာ္ျငား အနည္းငယ္ရိပ္မိသည္။ သူသည္စိတ္ထားေကာင္းသည္။ သို႔ေသာ္.. သူပိုင္ဆိုင္လိုသည္တို႔ကို အရယူသည့္ေနရာတြင္ အတၱဆန္လွသည္။ အနည္းငယ္မွ်စိတ္ပူမိသည္။ သူသည္ မိမိႏွင့္Sun၏ ဆက္ဆံေရးတြင္ ဆူးေျငာင့္ခလုတ္တစ္ခု ျဖစ္လာႏိုင္သည္။
စိတ္၏အေျခအေနသည္ မ်က္ႏွာေပၚတြင္ ထင္လာေသာအခါ ေနသူရိန္သည္ သတိထားမိပါသည္။
Sunဆိုတဲ့ ကြၽန္ေတာ္က ကိုကို႔ကိုအရိပ္တၾကည့္ၾကည့္နဲ႔ ခ်စ္ေနရသူပါ..
“ ဘာေတြ အေတြးလြန္ေနတာလဲ ကိုကို “
“ သူက.. ကိုယ္နဲ႔Sunရဲ႕ဆက္ဆံေရး ကိုေႏွာင့္ယွက္လာမွာ စိုးလို႔ပါ “
“ သူေႏွာင့္ယွက္ခ်င္သေလာက္ ေႏွာင့္ယွက္ပါေစ.. အဓိကက ကိုကိုနဲ႔ကြၽန္ေတာ္ အျပန္အလွန္ယုံၾကည္ေနဖို႔ပဲလိုတာပါ.. ကြၽန္ေတာ္ကေတာ့ ကိုကို႔ကိုအျပည့္အဝယုံတယ္ “
“ ကိုယ့္ကို ယုံၾကည္ေပးလို႔ ေက်းဇူးတင္ပါတယ္ “
“ ဒါနဲ႔ သူ ကိုကို႔ ကိုဘာေတြေျပာသြားေသးလဲ..”
“ သေဘာက်ေနတဲ့အေၾကာင္းပဲ ေျပာတာပါ “
“ ကြၽန္ေတာ္ေျပာသားပဲ.. သူကကိုကို႔ကို ႀကိဳက္ေနတာပါဆိုမွ “
“ ထားပါကြာ.. သူႀကိဳက္လည္း ကိုယ္ကျပန္ႀကိဳက္တာမွမဟုတ္တာ “
“ ၿပီးတာပဲ.. သူ႔ကိုေဝးေဝးကေရွာင္ေနာ္.. နည္းနည္းေလးေတာင္ မထိေတြ႕ခိုင္းနဲ႔ေနာ္ “
“ ေအးပါ “
“ သစၥာေဖာက္ရင္ သတ္မွာလို႔ေျပာထားတယ္ေနာ္ “
“ ဓားႀကိမ္း ႀကိမ္းမေနနဲ႔... ေျပာေတာ့ ကိုယ့္ကိုယုံတယ္ဆိုၿပီေတာ့ “
“ ကိုကို႔ကိုယုံေပမဲ့.. အဲဒီဘဲက အေသေခ်ာေနတာကို.. ေနာက္ၿပီးေစာေစာကေျပာတာဘာတဲ့.. ေကာင္းေကာင္းကာကြယ္ထား တဲ့.. ထထိုးျခင္လိုက္တာ “
“ စိတ္ေလွ်ာ့ပါကြာ သူေခ်ာတာဘာလုပ္ရမွာလဲ... ကိုယ့္မ်က္လုံးထဲမွာေတာ့ Sunက အေခ်ာဆုံးပဲ “
သူ၏စကားေၾကာင့္ ေျခေထာက္ႏွင့္ ေျမႀကီးသည္လြတ္ေနၿပီဟုသာ ခံစားေနရသည္။
“ အေဝါ့..”
ေနာက္ဆက္တြဲၾကားလိုက္ရသည့္ ထိုအသံ..။ အန္ေတာ့မည့္ပုံႏွင့္ သူ၏အမူအရာသည္ မိမိမ်က္ႏွာအားျဖတ္႐ိုက္လိုက္သလိုပင္...။
“ ေျပာင္တာ စတီးပဲေကာင္းတယ္ကိုကို.. ေပ်ာ္ထားေနာ္.. ေလာင္းေၾကးထပ္ထားတဲ့ကိစၥမွာ ကြၽန္ေတာ္ႏိုင္ထားတာ မေမ့နဲ႔ “
“ ေအးပါ.. Sunကဘာလိုခ်င္တာလဲေျပာ.. ကိုယ္ဝယ္ေပးမယ္ “
Devil smileျဖင့္ တစ္ကိုယ္လုံးကိုၾကည့္ၿပီးေနာက္ အနားသို႔တိုးကာ ပါးခ်င္းအပ္၍ေျပာလာသည့္ သူ၏စကားသည္ ကြၽန္ေတာ့္အား ၾကက္သီးအျဖာျဖာထေစသည္။
“ ကြၽန္ေတာ္လိုခ်င္တာ.. ကိုကို႔ကိုေလ.. ကိုကို႔အေမခရီးသြားတယ္ဆိုတာ ကြၽန္ေတာ္သိတယ္ေနာ္ “
“ ဘာ... ဘာရယ္..”
“ သိပ္မလန႔္ပါနဲ႔.. ကြၽန္ေတာ္ကမရက္စက္ပါဘူး.. ကြၽန္ေတာ္အိမ္ကိုေျပာခဲ့တယ္.. ဒီည ကိုကို႔အိမ္မွာအိပ္မယ္လို႔ “
“ ဘယ္သူက ေခၚမယ္လို႔ေျပာလို႔လဲ “
“ မေခၚလည္း လာမွာပဲေလ “
ဟုတ္ပါသည္။ မေခၚေသာ္လည္း ဇြတ္အတင္းသာ လိုက္ကပ္ေနမည့္ပုံေပၚသည္။
ကိုယ့္ေဒါသနဲ႔ကိုယ္ေပါ့..။ ေလာင္းေၾကးထပ္တာကိုက ကိုယ့္အမွား..
ေလာင္းေၾကးအား အေၾကာင္းျပ၍သာ ယေန႔ညတြင္ Sunသည္ ကြၽန္ေတာ့္၏အိမ္သို႔ေရာက္လာခဲ့သည္။ အိမ္သို႔ေရာက္ေသာ္လည္း ၿငိမ္ၿငိမ္မေန...။ ကြၽန္ေတာ္၏အနားမွ တစ္ဖဝါးမွမခြာ..။
“ ဟ.. ဘာလို႔သြားေလရာ လိုက္ကပ္ေနတာလဲ.. ၿငိမ္ၿငိမ္ေလးထိုင္ေနပါေတာ့လား “
“ ကိုယ့္ခ်စ္သူအနား ကိုယ္ကပ္တာ ဘာျဖစ္လို႔လဲ.. ကိုကိုသာ ေလာင္ေၾကးကိုမေမ့ပါနဲ႔ “
“ မင္းေနာ္.. “
ယခင္က ထိုနာမ္စားအားေခၚေနက်ျဖစ္ေသာ္လည္း ယခုတြင္မူ ထိုနာမ္စားအားသေဘာမက်။ သူ၏Sunဟူေသာ ေခၚအသံကိုသာ သေဘာက်ေနမိသည္။ ရေလ လိုေလ အိုတေစၦ ဟူ၍သာ ဆိုရမည္ေလာ..။ ဂ႐ုစိုက္မႈႏွင့္ ႏူးညံ့မႈတို႔တြင္ ေနသားက်ေနသည္မို႔ စိမ္းကားၾကမ္းတမ္းမႈကိုမလိုလားသည္ဟု ဆိုရမည္ေလာ..။ မိမိမႀကိဳက္ေသာ ထိုနာမ္စားကိုမေခၚရန္ ကိုကို႔အားသတိေပးရေတာ့မည္။
ထို႔ေၾကာင့္သာ သူ၏ပါးျပင္ထက္သို႔ အနမ္းတစ္ပြင့္ေႁခြမိသည္။ ထိုအနမ္းတစ္ပြင့္သည္ သူ႔အားအျပစ္ေပးသည့္ မိမိ၏ဆုလာဘ္သာ..။
“ မင္းလို႔မေခၚနဲ႔.. မႀကိဳက္ဘူး.. ေနာက္အဲဒီလိုတစ္ခါေခၚရင္ တစ္ခါနမ္းၿပီး အျပစ္ေပးမယ္ “
“ အျပစ္ေပးတာႀကီးကလည္း Sunနစ္နာေနဦးမယ္ “
“ ဒါေပါ့.. နစ္နာတာေပါ့.. ကြၽန္ေတာ္က နမ္းဖို႔လႈပ္ရွားရတာေလ.. ပင္ပန္းတာေပါ့ “
“ ဘယ္လို ငပ်င္းကိုခ်စ္သူေတာ္ထားရတာလဲမသိဘူး “
“ ဟုတ္တယ္.. ကြၽန္ေတာ္ကပ်င္းတယ္.. ဒါေပမဲ့ ကိုကိုအတြက္ဆိုရင္ေတာ့ ဘယ္ေလာက္ပဲပင္ပန္းရ ပင္ပန္းရ လႈပ္ရွားဖို႔ အဆင္သင့္ပဲ “
“ ျဖတ္႐ိုက္လိုက္ရ.. ဖယ္ေတာ့ကြာ.. စာသြားလုပ္ေတာ့မယ္ “
ဤသို႔ျဖင့္ စေနာက္ရင္းသာ ေပ်ာ္႐ႊင္ေနသည့္ ေနသူရိန္..။ ညသို႔ေရာက္လာသည္ႏွင့္အမွ် ေက်ာခ်မ္းလာသည့္ လမင္းကိုကို..။
လမင္းကိုကိုသည္ Laptopႏွင့္စာ႐ိုက္ေနစဥ္ ေနသူရိန္သည္ လမင္းကိုကိုအား ေနာက္ေက်ာမွေန၍ဖက္ထားကာ လမင္းကိုကို၏ပခုံးထက္တြင္ ေမးတင္ထားသည္။ အခ်ိန္အားျဖင့္ ညကိုးနာရီသို႔ေရာက္လာေသာအခါ ေနသူရိန္တစ္ေယာက္ ဉာဏ္မဲတို႔ကို စတင္အသုံးျပဳပါေတာ့သည္။
“ ကိုကို.. “
“ ေျပာ.. “
“ မအိပ္ေသးဘူးလား.. ကြၽန္ေတာ္အိပ္ခ်င္ေနၿပီ “
Advertisement
- In Serial52 Chapters
Alpha Dylan
"We have a feisty one," he mumbled, tracing kisses down my neck, settling just above my breasts as he admired them, licking his lips."She said no!" someone growled, the voice sending a shiver down my spine.Suddenly, the man was ripped off of me and I gasped as he was punched, his lifeless body falling to the floor and landing in a heap, blood dribbling down from a busted lip. I stared in shock as my mate stood in front of me, his chest heaving as he growled, glaring at the guy who had attacked me. After a few seconds, he turned to me, his eyes, which were now black, piercing mine. I stood there motionless, my entire body shaking as I tried to regain my normal breathing rate. "Go," my mate ordered, swallowing harshly.Highest ranking: #1 in werewolf
8 522 - In Serial58 Chapters
Me And A Rejection ✔
One more step and my whole life changes. I'll become a rogue, all the connections I have with the pack will be lost.Do I really want to do that? Do I just want to walk away from everything? Am I gonna ruin my pack life just because of a stupid rejection? What will I do after I leave? Where will I go?*******'Rejection' Who knew that this word, would crash my world? What would you do, if you wait 7 years for your mate to arrive, and the first thing they do, after laying eyes on you is, to reject you. I'm Alexis Greyback and this is how I survived being a reject.
8 139 - In Serial48 Chapters
Bad Intentions
I shook my head at him, this is his game. But that doesn't mean I can't master it. I smirked at him. "Are you scared that I might just beat you at your own game?" Jace let out a deep chuckle that sent tingles down my back. "Sweetheart, I'm here to remind you of one little thing." "And what's that?" I asked with a raised eyebrow. He walked between my legs as I was still seated on the counter which surprised me. His hands grabbed my waist and pulled me closer to him. A soft gasp left my lips from his sudden movements. He never broke eye contact. "That even in this little game, you belong to me." ****No one ever expects their first love to appear back in town after being gone for years. Especially since that first love reject their feelings before they left. But that's exactly what happened to Leah Tate. Senior year for Leah came around before she knew it and she couldn't wait to get started with her best friend, Kayla Greyson. Both were ready for a good final year of high school and excited to see what life after high school held ahead. But fate has other plans for Leah especially when Nate Rylan, Leah's childhood friend and first love, moves back into town. Still trying to get over her heartbreak and to show Nate she has moved on, Leah enlist in the help of Jace Emerson, the resident bad boy. Jace who is well know for his cold hearted demeanor and playboy ways agrees to help Leah, but for a price of course. A game with an inevitable ending, try and make the other person fall in love. Ultimately, Leah agrees to Jace's price and the façade along with the game beginnings. Of course nothing is easy, Leah finds herself intrigued by Jace. She wants to know exactly who he is since not much is known, just rumors. Danger, hatred and darkest secrets all surround this bad boy. Is Leah ready to uncover what is ahead? Especially since she found herself in the middle of it all.
8 262 - In Serial41 Chapters
The Poems of Light and Edge
Poems written at dark and happy times of life. Some mature and others not. An open book for troubles, and some happiness. I wrote this from my own experiences and mistakes, and I ask you to please learn from this. Do not make the same mistakes. I'm not going to be cheesy and say that it's okay, because it isn't but time heals all wounds. Overtime you'll recollect your self, and it's not going to be prefect, but it'll be better. I love you all 🖤(This is now completed)
8 165 - In Serial208 Chapters
Alpha's Leopard (MxM)
BOOK 1 OF THE ALPHA SERIES*In the process of being edited*Dylan Harris, 23 years old, Alpha of the White Claw Pack took over for his father as Alpha 3 years ago. He's been searching for his mate since then. He's always wanted to find her, to give his pack the Luna they all deserved and having the love of his mate for the rest of his life didn't sound bad either.Raiden Silas, 25 years old, a feline shifter. Black Leopard to be exact has spent the last 7 years of his life in solitude. Just the way he likes it, the way most feline shifters like it. He has all that he could ever want, being able to do what he pleases and go wherever his paws take him. Searching for territory to mark and claim as his own. He's more than content with his life until a certain wolf creeps into his slice of happiness.They both soon find out what happens when you fight fate as it always has a way of forcing you together.Their story is such a beautiful nightmare.Started 9 | 4 | 2022Completed 10 | 20 | 20222022 BEST RATINGS#1 FELINE#1 LEOPARD#2 LOVE#3 STORY#3 MATEBOND#8 MXM
8 470 - In Serial16 Chapters
Sexy Literature ✔️
Easton heads to a book store where he encounters an arrogant but sexy guy.
8 73

