《Amiss Prayer (Zawgyi&Unicode) [Completed]》Part-53 (ထပ်တူ..)
Advertisement
For Unicode
ထပ်တူ
ရိုးရှင်းစွာရေးထားသည့် သူ၏လမ်းခွဲစာလေးအား ဖတ်မိတိုင်း နာကျင်မှုကအတိုင်းမသိ..။ မိမိ၏အသုံးမကျမှုကို အကြိမ်ကြိမ်အခါခါအပြစ်တင်လျက် သူ့ကိုသာခွင့်လွှတ်နေမြဲ..။ သူမမှားခဲ့..။ သူ၏နာကျင်မှုနှင့် ခက်ခဲမှုတို့ကို မိမိမြင်ရသည်။ နားလည်ပေးနိုင်သည်။ သို့သော် မိမိ၏ခက်ခဲမှုကို သူမမြင်နိုင်..။ ဤသည်မှာလည်း သူ၏အပြစ်မဟုတ်။ သူ့အား မပင်ပန်းစေလိုသောကြောင့် ဖွင့်ပြောခြင်းမရှိ.. မိမိတစ်ဦးတည်းသာ ဖြေရှင်းနေသော.. မိမိကြင်နာမှုစေတနာသက်သက်ကြောင့်သာဖြစ်သည်။
သူ၏လမ်းခွဲစာလေးသည် သူ၏နာကျင်မှုနှင့်အတူ မိမိ၏အသုံးမကျမှုတို့ဖော်ပြနေသည်။ မိမိ၏အသုံးမကျမှုတို့ကို သစ္စာဖောက်နေသည်ဟု သူ.. ထင်ကောင်းထင်နိုင်မည်။
သစ္စာဖောက်တယ်တဲ့လား..။ ကျွန်တော့်အတွက် မဖြစ်နိုင်ဆုံး အလုပ်တစ်ခုက ကိုကို့ကိုသစ္စာဖောက်ခြင်းဆိုတာပဲ..။ ကျွန်တော် ကိုကို့ကိုဘယ်လောက်ချစ်လဲဆိုတာ ကျွန်တော်ပဲသိတယ်။ ပုံတူခိုင်းနှိုင်းစရာမရှိတဲ့အထိ.. အဆုံးရှုံးမခံနိုင်တဲ့အထိ ချစ်ခဲ့တယ်။ ဒါကို ကိုကိုမသိတာများလား..။ ဘဝအဆက်ဆက် ချစ်ပုံခြင်းမတူပေမဲ့ အရမ်းချစ်ခဲ့တာတော့ သေချာပါတယ်..။
စိတ်ပူမိတယ်။ ကျွန်တော့်ကိုရှောင်နေတဲ့ ဒီတစ်ပတ်အတွင်းမှာ ကိုကိုဘယ်လိုဖြတ်သန်းနေလဲ။ နေရောကောင်းရဲ့လား။ အစားရော ပုံမှန်စားရဲ့လား။ ကျွန်တော့်ကိုသိပ်ချစ်တဲ့ကိုကိုရဲ့ လမ်းခွဲစာလေးမှာ ကိုကို့မျက်ရည်အစွန်းအစလေးတွေကို တွေ့နေရတယ်။ အခုချိန် တစ်ယောက်တည်းများ ကျိတ်ငိုနေမလား။ သန်မာချင်ယောင်ဆောင်တတ်တဲ့ကိုကိုက အခုချိန်.. တစ်ယောက်တည်းပြိုလဲနေမလား။ ပြတ်သားစွာရေးခဲ့တဲ့လမ်းခွဲစာလေးမှာ ကိုကိုရဲ့မပြတ်သားမှုတွေပါနေသေးတယ်။ အမှန်ဆို ကျွန်တော့်ကိုနစ်နစ်နာနာပြောခဲ့ရမှာလေ။ ကိုကိုဘာလို့မပြောနိုင်ရတာလဲ။ ကိုကိုက မင်းသားလုပ်သင့်တယ်။ ပင်ပန်းတာ သိရဲ့နဲ့တောင် ဟန်ဆောင်ရတာကို သိပ်ကြိုက်တယ်။ ခက်တာက ကျွန်တော်က ဒါရိုက်တာဖြစ်နေတာပဲ..။ ကိုကိုရဲ့အမူအရာတွေက အသက်မပါတာ ကျွန်တော်သိနေတယ်.. ကိုကိုပင်ပန်းတာကို ကျွန်တော်သိနေတယ်။ ပင်ပန်းနေတဲ့ကိုကို့ကို နွေးထွေးမှုတွေ ပေးချင်လိုက်တာလေ...။
တစ်ဖက်တွင်ဤသို့ ချစ်ရသူအားစိတ်ပူနေသောသူ..။ ခံစားရသည်ခြင်းတူနေသော်လည်း ချစ်ရသူကိုသာ ပို၍စိတ်ပူနေမိသည်။ သူ၏အမည်အား လမင်းကိုကိုက Sunဟူ၍ခေါ်ဆိုခဲ့သည်မှာ အလွန်ပနံသင့်လှသည်။ သူသည်သာပူလောင်လျက် တခြားသောသူအား နွေးထွေးမှုနှင့်အလင်းရောင်ကိုပေးမြဲပင်။
တစ်ဖက်တွင်တော့ လမင်းကိုကိုသည် နေသူရိန်အားစိတ်နာရန် ကြိုးစားနေခဲ့သည်။ သူသည်လည်း လမင်း ဟူသောနာမည်နှင့် သိပ်၍လိုက်ဖက်သည်။ လမင်းသည် နေမင်း၏ အလင်းရောင်ဖြင့် ထွန်းလင်းတောက်ပရသည်။ သို့သော်လည်း နေမင်း၏ပူလောင်မှုကို သူမသိ..။ လမင်းကိုကိုသည်လည်း နေသူရိန်၏အချစ်ဖြင့် ရှေ့ဆက်နေရသည်။ သို့သော်.. နေသူရိန်၏ ပူဆွေးမှုကို သူမသိ...။
Sun တကယ်ပဲ သစ္စာဖောက်ခဲ့တာလား။ ချိန်းထားတာကိုမေ့ပြီး အဲဒီအမျိုးသမီးနဲ့ပျော်ရတဲ့အထိ ကျွန်တော်ကသူအတွက် အရေးမပါတာလား။ အရေးမပါခဲ့ရင် ဘာလို့ချစ်ရေးဆိုခဲ့သေးလဲ။ ခက်ခက်ခဲခဲဆုံးဖြတ်ထားပြီးမှ အခုလိုကြုံလာရတော့ တကယ်ပဲရင်နာမိတယ်။
မင်းကိုချစ်ဖို့ သိပ်မလွယ်ကူခဲ့ဘူးSun။ မင်းရဲ့လက်ကိုကိုင်ထားဖို့ ငါသိပ်ကြောက်ခဲ့ရတယ်။ မင်းရဲ့သစ္စာမရှိမှုနဲ့အတ္တကြီးမှုရဲ့ ဘေးထွက်ဆိုးကျိုးကို ခံစားရဖူးတဲ့ငါက မင်းကိုချစ်ကြောင်းဝန်ခံဖို့ စိတ်တွေလွန်ဆွဲခဲ့ရတယ်။ ယုံကြည်ပြီးတော့မှ စွန့်ပစ်ခံလိုက်ရတဲ့ ငါ့ရဲ့ခံစားချက်က သိပ်တော့သာယာမနေဘူး။ မင်းအကြောင်းတွေးတိုင်း နာကျင်ရတယ်။ ဒီနှလုံးသားကလည်း မင်းကိုပဲလက်ခံထားသလို.. ဒီစိတ်ကိုလည်း မင်းကပဲစိုးမိုးထားတယ်။ ငါ ဘယ်လိုလုပ်ရမလဲ..။ မင်းအကြောင်းတွေးတိုင်း နာကျင်ရမယ့်အတူတူ မင်းကိုလက်ခံမိတဲ့ ဒီစိတ်နဲ့နှလုံးသားကိုပါ လွှင့်ပစ်လိုက်ရင် ငါ့အတွက် ပိုသက်သာသွားမယ်ထင်တယ်။
ဤသို့ဆုံးဖြတ်လိုက်သည့်အချိန်မှစ၍ လမင်းကိုကိုသည် အရယ်အပြုံးတို့ ကင်းမဲ့လေပြီ။ အကြည့်တို့သည်အသက်မပါ.. အေးစက်စက်နိုင်လှသည်။ မည်သည်ကိုမျှခံစားမှုမရှိတော့သည့် ရုပ်သေးရုပ်သဖွယ်..။
နှစ်ဦးသားလုံး နာကျင်ရသည်က တူညီနေသည်။ သို့သော် နာကျင်ရပုံခြင်းမတူ။ နေသူရိန်သည် လမင်းကိုကိုအားစိတ်ပူရင်းသာ နာကျင်သည်။ လမင်းကိုကိုသည် နေသူရိန်အား မေ့ဖို့ရာကြိုးစားရင်းသာ နာကျင်နေသည်။ ပစ္စုပ္ပန်၏ အဖြစ်အပျက်တို့တွင် အတိတ်တို့သည်က မပါမဖြစ်။ ဟင်းပွဲတိုင်းတွင် ပါဝင်သောဆားသဖွယ်။ အကြင်သူနှစ်ဦး၏အကြား ဖျက်ဆီးလေသောအတိတ်တို့သည်သာ မရှိခဲ့လျှင် မည်မျှကောင်းမည်နည်း။ အတိတ်တို့ဆွဲငြင်မှုကြောင့် ရှေ့သို့မတိုးနိုင်သော အကြင်သူတို့ မည်မျှခက်ခဲနေမည်နည်း။
ဤသို့ဖြင့် အကြင်သူတို့ဝေးကွာနေသည်မှာ နှစ်ပတ်ခန့်ရှိနေပြီဖြစ်သည်။ ရှာလေသူက နေသူရိန်..။ ရှောင်လေသူက လမင်းကိုကို..။
လိုက်လေ ဝေးလေပါလားကိုကိုရယ်။ ဘယ်အချိန်ထိရှောင်နေဦးမှာလဲ..။ ကိုကိုတို့ရဲ့လမ်းထဲကိုလာတော့လည်း မျက်နှာလေးပဲတွေ့ခွင့်ရခဲ့တယ်။ လိုက်သွားမိပြန်တော့လည်း အရှောင်ကောင်းတဲ့ကိုကိုက ခဏလေးနဲ့ပျောက်ပျောက်သွားတယ်။ အိမ်ကိုလိုက်သွားတော့လည်း မရှ်ိဘူးတဲ့လေ။ အန်တီ့ကိုမေးကြည့်တော့လည်း ကိုကိုကမတွေ့ချင်ဘူးလို့ ပြောတယ်တဲ့။ တကယ်ပဲ ကိုကိုရက်စက်နေပြီလား။ ကျွန်တော့်ကို မုန်းနေပြီလား။
သူ၏အမုန်းဟူသော အသိနှင့်သာ ရင်၌မီးတို့လောင်မြိုက်ရသည်။ မိမိအနေနှင့် သူ့အားချစ်ခဲ့ခြင်းမှာ သူ၏အမုန်းအား လိုလား၍မဟုတ်ပေ။ သူ၏အမုန်းတို့အား လက်မခံလိုသည့်မိမိသည် သူ၏အချစ်ကိုသာ လိုက်ရှာနေမိသည်။
ကိုကိုကပဲ ပြေးနိုင်မလား.. ကျွန်တော်ကပဲ လိုက်နိုင်မလား.. ကြည့်ရတာပေါ့..
ယခုတစ်လော Sunအားတွေ့မိသည်။ မိမိသည်က သူနှင့်မတွေ့ဆုံချင်၍သာ ရှောင်နေမိသည်။ ကြောက်၍မဟုတ်။ အနာမကျက်သေးသော ဒဏ်ရာတို့သည် တစ်ဖန်နိုးထလာမည်ကို စိုးရိမ်မိ၍သာဖြစ်သည်။
ဤသို့ဖြင့် လမင်းကိုကိုတွင် အလုပ်နှစ်ခုထပ်၍တိုးလာခဲ့သည်။ ထိုအလုပ်မှာ နေသူရိန်အားတိမ်းရှောင်ခြင်းနှင့် ခံစားချက်တို့အား မေ့ဖျောက်နေခြင်းဖြစ်သည်။ ကျောင်းတစ်ဖက် စာတစ်ဖက် သင်တန်းတစ်ဖက်နှင့် အလုပ်ရှုပ်ရသည့်အထဲ နေသူရိန်၏စိုးမိုးမှုကြောင့် ညဘက်များတွင် အိပ်မပျော်သည်ကများလာသောအခါ လူသည်လည်း ပင်ပန်းလာခဲ့သည်။
ရောဂါထူသည့်မိမိသည် အိပ်ရေးပျက်သည်၊ အစားပျက်သည်ဟုဆိုသည်နှင့် တစ်ပြိုင်နက် ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင်မကြည်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အားမရှိခြင်းတို့သည် တန်းစီ၍ဝင်လာသည်။
ယနေ့တွင် ကျောင်းမှပြန်လာသောအခါ နေပူသည့်ဒဏ်ကြောင့် လူသည်ပို၍ပင်ပန်းသည့်နှယ်။ ကားပေါ်မှဆင်း၍ အိမ်သို့ရောက်ရန်သာ အားတင်း၍ပြန်ခဲ့ရသည်။ အိမ်သို့ရောက်သောအခါ အမြင်အာရုံတို့သည် ပြာဝေလာခဲ့သည်။ နားထဲတွင်လည်း တဝီဝီသာကြားနေရသည်။ ခေါင်းသည်ကလည်း ပို၍မူးနောက်လာလေပြီ။ ကြမ်းပြင်ပေါ်သော လဲကျသွားသောအခါ မိမိ၏ကမ္ဘာသည် အမှောင်ဖုံးသွားခဲ့သည်။
Advertisement
လမင်းကိုကို၏မိခင်သည်လည်း ခြေမကိုင်မိလက်မကိုင်မိဖြစ်ကာ အလွန်ပင်လန့်နေခဲ့သည်။ ထို့နောက်စိတ်ကိုထိန်းကာ ဆေးရုံကားအားဖုန်းဆက်ခေါ်ခဲ့ရသည်။
ဤဖြစ်စဉ်အားနေသူရိန်သည် ချက်ချင်းမသိခဲ့။ သဉ္ဇာထက်၏ဂျီကျမှုကြောင့် ပန်းဆိုးတန်းတွင် ခြေရာနှံ့နေဆဲ။
သူနှင့်အတူ လှည့်လည်သွားလာနေရင်းပင် ချစ်ရသူကြိုက်နှစ်သက်သော မုန့်လေးများနှင့် အသုံးအဆောင်ပစ္စည်းတို့ကိုလည်း ဝယ်ယူနေခဲ့သေးသည်။ ထိုပစ္စည်းနှင့်မုန့်များကို အိမ်သို့သွားပို့သောအခါ အိမ်သည်လည်း မဲမှောင်လျက် တိတ်ဆိတ်လျက်..။ အနီးနားရှိအိမ်ကိုမေးသောအခါမှသာ အကြောင်းစုံသိရသည်။ ကိုကိုထံဖုန်းဆက်သော်လည်း blockထားသည်မို့ ခေါ်၍မရ။ သတင်းမေးခဲ့သောအိမ်မှ ကိုကို့အမေ၏ဖုန်းနံပါတ်ကိုသာ တစ်ဆင့်တောင်း၍ ဆက်သွယ်ခဲ့ရသည်။ မည်သည့်ဆေးရုံ မည်သည့်အခန်းတွင်ရှိကြောင်း မေးမြန်းပြီးသောအခါ ခြေလှမ်းတို့သည် ရွှေလမင်းဆေးရုံဆီသို့ ဦးတည်လိုက်သည်။
ကိုကိုမူးလဲသည်ဟု ကြားရုံဖြင့် စိုးရိမ်စိတ်တို့သည် အစိုးမရခဲ့။ ဤသည်မှာ မိမိပယောဂမကင်းကြောင်း သိပါသည်။ ဆေးရုံသို့ရောက်လျှင် ကိုကို့မျက်နှာအား မည်သို့ရင်ဆိုင်ရမည်နည်း။ သူသာ တစ်ခုခုဖြစ်ခဲ့လျှင် မိမိကိုယ်ကို မိမိခွင့်လွှတ်နိုင်မည်မဟုတ်။
တစ်ဖက်တွင် ဆေးရုံသို့ အပြေးလာနေသော နေသူရိန်..။ တစ်ဖက်တွင် သတိရပြီးသောအခါ ဖုန်းကိုကြည့်ရင်းပင် အသက်မဲ့သောမျက်နှာနှင့် မျက်ရည်များစီးကျလျက်ရှိသော လမင်းကိုကို..။
မိမိသည် ဆေးရုံတွင်ဖြစ်သည်မို့ မနက်ဖြန်တွင် ကျောင်းမလာနိုင်ကြောင်း ဖုန်းဆက်ပြီးသောအခါ Thesisနှင့်ပတ်သက်သောFile တချို့ကို Gmailဖြင့်ပို့ရန် lineဖွင့်လိုက်စဉ် Facebook notification များတက်လာ၍ ခေတ္တဝင်ကြည့်မိသည်။ ကြည့်မိသည့် မျက်လုံးတို့ကိုပင် ဖောက်ထုတ်ချင်မိသည်။ မြင်တွေ့ခဲ့ရသော ဓာတ်ပုံတချို့မှာ Sunနှင့် သူ၏အမျိုးသမီးသူငယ်ချင်းတို့ ပျော်ရွှင်နေသည့်ပုံပင်။
ရင်ထဲတွင်နာကျင်နေသည်။ မျက်ရည်လည်းကျနေမိသည်။ ထိုသူတို့၏ပျော်ရွှင်နေသောပုံရိပ်များသည် ဆေးရုံထက်တွင် အထီးကျန်နေသာမိမိအား လှောင်ပြောင်နေသယောင်။ မေမေသည်က လိုအပ်သည်များကို သွား၍ဝယ်သူနေသည်မို့ သီးသန့်အခန်းလေးထဲတွင် မည်သူမျှရှိမနေခဲ့။ မိမိအား မေမေခွဲကျွေးလက်စ ပန်းသီးလေးနှင့် ဓားတစ်ချောင်းသည် ခုံလေးပေါ်တွင်အဆင်သင့်ရှိနေသည်။ မိမိ၏အထီးကျန်မှုအား ထိုဓားလေးမှ အဖော်ပြုသယောင်။ မီးရောင်အောက်တွင် တလက်တလက်တောက်ပနေသော ဓားလေးသည် မိမိနာကျင်မှုကုစားပေးရန် ဖိတ်ခေါ်နေသည်။
ထို့ကြောင့် ဓားသွားလေးကို ဆုပ်ကိုင်ထားမိသည်။ ကျဆင်းလာသော သွေးနီနီနှင့် နာကျင်မှုတို့ကို သဘောကျမိသည်။ ထိုကဲ့သို့ အရေပြားပေါ်မှနာကျင်မှုကို သတိထားမိရင်း ရင်ထဲမှနာကျင်မှုများသည် သက်သာနေသယောင်။
လမင်းကိုကို၏ဤကဲ့သို့သော လုပ်ရပ်အား နေသူရိန်နှင့် ဒေါ်သဇင်တို့မသိခဲ့...။ နေသူရိန်သည် ဆေးရုံသို့အလာတွင် ဒေါ်သဇင်နှင့်တွေ့ဆုံခဲ့ပြီးစကားပြောခဲ့သည်။ ဆေးရုံတွင် နေသူရိန်သည် ညစောင့်ပေးမည် ဖြစ်ကြောင်းပြောသောအခါ ဒေါ်သဇင်သည်လည်း အလွန်ပင်ပန်းနေပြီဖြစ်သောကြောင့် လမင်းကိုကိုအား ဖုန်းဆက်ပြောပြီးနောက် အိမ်သို့ပြန်သွားသည်။
ဆေးရုံတွင်ကျန်ခဲ့သူသည် နေသူရိန်နှင့်လမင်းကိုကိုပင်...။ နေသူရိန်သည် လမင်းကိုကိုရှိရာအခန်းထဲသို့ဝင်ရန် အတော်ကိုပင် အားမွေးရသည်။
သတ္တိမွေး၍ အခန်းထဲသို့ဝင်စဉ် ဆေးရုံခုတင်ထက်မှ မိမိချစ်ရသော လူသား၏မြင်ကွင်းသည် အလွန်ထိတ်လန့်ဖွယ်ပင်..။ ကိုကိုသည် ဓားသွားကိုဆုပ်ကိုင်လျက်.. လက်မှသွေးတို့သည်က စီးကျနေလျက်.. မျက်နှာသည်က နာကျင်မှုကြောင့် တစ်ချက်မျှ ပျက်ယွင်းနေခြင်းမရှိ.. အကြည့်တို့သည်က အသက်မပါ။ ထိုမြင်ကွင်းကိုကြည့်နေရင်းပင် သူကိုင်ထားသောဓားသည် မိမိ၏နှလုံးသားထဲသို့စိုက်ဝင်နေသယောင်... နာကျင်လှပါသည်။ ထိတ်လန့်၍ သူ၏အနားသို့ ပြေးသွားမိသော်လည်း ဓားကိုမလွှတ်ခဲ့..။ ဆွဲယူရန်လည်း မဖြစ်..။ သူပို၍ထိခိုက်နိုင်သည်။
“ ကိုကို.. အဲဒါဘာလုပ်တာလဲ.. ဓားကြီးကိုမကိုင်ထားပါနဲ့တော့ဗျာ.. လွှတ်လိုက်ပါတော့..။ ကိုကို.. ကျွန်တော်တောင်းပန်ပါတယ်ဗျာ လွှတ်လိုက်ပါတော့နော်.. “
မျက်ရည်များနှင့် တောင်းဆိုနေသာ သူ..။ သူ၏မျက်ရည်များအား မိမိမယုံ..။ အလိမ်အညာဟုသာ သတ်မှတ်လျက် သူ့ကိုသာ ဥပေက္ခာပြုထားသည်။
“ ကျွန်တော်သေသွားတာကို မြင်ချင်လို့ အခုလိုတွေလုပ်နေတာလား ကိုကို.. လွှတ်လိုက်ပါတော့ဗျာ.. ဒီရင်တွေထဲမှာ ပူနေလို့ပါ.. တောင်းပန်ပါတယ် “
ဒူးထောက်လျက် ရင်ဘတ်အားထု၍ မျက်ရည်များနှင့်ပြောလာသောသူ၏စကား..။ ဥပေက္ခာပြုနေသော်လည်း နှလုံးသားမှနာကျင်လာသည်။
မင်းနဲ့ပတ်သက်တဲ့ ငါ့ရဲ့ခံစားချက်တွေက ဝဋ်ကြွေးတစ်ခုလိုပဲ...။ ကြိုးစားရုန်းထွက်နေပေမဲ့ အခုချိန်ထိမလွတ်မြောက်နိုင်သေးဘူး။
သူ၏စကားအား ဦးနှောက်မှငြင်းဆန်နေသော်လည်း နှလုံးသားမှလက်ခံနေသည်မို့ ဓားအားလွှတ်ချမိသည်။ မိမိလွှတ်ချလိုက်သောဓားအား Sunမှအဝေးသို့ လွှင့်ပစ်ခဲ့သည်။
ဓားလွှတ်ချလိုက်သောအခါ နေသူရိန်သည် သူနာပြုဆရာမအားအပြေးခေါ်ခဲ့ရသည်။ သူနာပြုက ထိခိုက်ရခြင်းအကြောင်းအား မေးမြန်းသောအခါ ကိုကိုမှပန်းသီးခွဲနေရင်း ထိခိုက်မိကြောင်းသာ ပြောသည်။ သူနာပြုသည် ဒဏ်ရာအား ဆေးထည့်ပြီး ထွက်သွားပြီးသည်အထိ ကိုကိုသည် ကျွန်တော့်ကိုမကြည့်။ ကိုကို၏ ဥပေက္ခာများကို ဆက်၍မလိုချင်သည်မို့ သူ၏လက်အားဆုပ်ကိုင်ကာ စကားပြောနေမိသည်။
သူလက်ခံလို လက်ခံငြားပေါ့..
“ ကိုကို ကျွန်တော့်ကိုမုန်းနေပြီလား.. မမုန်းပါနဲ့နော်.. ကိုကိုသာမုန်းခဲ့ရင် ကျွန်တော်သေသွားလိမ့်မယ်..”
မိမိသည်က စကားပြောနေသော်လည်း ကိုကိုသည်က တိတ်ဆိတ်လျက်..။ ပြတင်းပေါက်ကိုသာ ငေးကြည့်နေသည်။
“ ကိုကိုက ရက်စက်တယ်နော်.. ပြောရက်တာများ.. လမ်းခွဲရအောင်တဲ့လား..။ ကျွန်တော် ကိုကို့ကိုချစ်ခဲ့တာ လမ်းခွဲဖို့မှမဟုတ်တာ.. ကျွန်တော်တို့ရဲ့ချစ်ခြင်းက လွယ်လွယ်ကူကူ စတင်ခဲ့တာမဟုတ်လို့ လွယ်လွယ်ကူကူ အဆုံးသတ်မပေးနိုင်ဘူးနော် “
နေသူရိန်သာ စကားပြောနေသော်လည်း လမင်းကိုကိုသည်က ရုပ်သေးရုပ်သဖွယ် အသက်မပါစွာ တိတ်ဆိတ်နေမြဲ..။
“ ကျွန်တော် အဲဒီနေ့က လာခဲ့ပါတယ်။ နောက်ကျခဲ့ရတဲ့ အကြောင်းအရင်းကိုပြောပြပါမယ်။ ကျွန်တော်နဲ့ဇာဇာတို့အပြင်သွားခဲ့တယ်.. ကိုကိုနဲ့ချိန်းထားတဲ့အချိန်ကိုအမီပြန်လာပါတယ်။ ဒါပေမဲ့.. အဲဒီနေ့က ဇာဇာက ကားတိုက်မိတယ်။ သူ့ဖုန်းမှာနောက်ဆုံးဆက်ထားတဲ့ဖုန်းက ကျွန်တော့်ဖုန်းဖြစ်နေတော့ ကျွန်တော့်ကိုဆေးရုံက ဖုန်းဆက်ခေါ်တာနဲ့ ကိုကိုဆီကိုလာတာ နောက်ကျခဲ့တယ်.. “
“ ဟုတ်ရဲ့လား ငါလိုင်းပေါ်မှာမြင်တာကတော့ မင်းတို့နှစ်ယောက်ပျော်နေတဲ့ပုံပါ “
Advertisement
“ အဲဒါက သူမတော်တဆမဖြစ်ခင် တင်ထားတဲ့ပုံပါ.. “
“ ဘာပဲပြောပြော ငါမင်းကိုတောင်းပန်တယ်..။ ဒီနေ့လည်း မင်းတို့ရဲ့အပျော်တွေကို ငါဖျက်ဆီးမိသလိုများ ဖြစ်နေမလား “
ရွဲ့ပြုံးတစ်ခုဆင်မြန်း၍ ဆိုလာသောသူ၏စကားသည် မိမိနှင့်ဇာဇာအား အလွန်အထင်လွဲနေပုံရသည်။
“ ဒီနေ့လည်း သူနဲ့အပြင်သွားခဲ့တာမှန်ပါတယ်။ ကိုကိုကြိုက်တဲ့မုန့်တွေလည်း ဝယ်လာမိတယ် “
“ ငါ့ကိုဂရုစိုက်ဖို့မလိုပါဘူး “
“ လိုတာပေါ့.. သိပ်လိုတာ.. ကိုကိုက ကျွန်တော့်ရဲ့နှလုံးသားသခင်ပါ “
“ စာဖွဲ့မနေပါနဲ့လား... မင်းအခုလို စာဖွဲ့နေလည်း ငါ့ရင်ထဲက ဒဏ်ရာတွေက အနာမကျက်ဘူး “
“ စာဖွဲ့နေတာမဟုတ်.. တကယ်ပြောနေတာပါ “
“ ချစ်တယ်လို့သာ တဖွဖွပြောနေပေမဲ့.. ငါ့ကိုရှောင်နေတဲ့ မင်းရဲ့လုပ်ရပ်တွေက အပြောနဲ့အလုပ်နဲ့မညီဘူးနော် နေသူရိန် “
“ ရှောင်တယ်.. ဟုတ်တယ်.. မချစ်လို့မှမဟုတ်ပဲ..။ ကိုကိုသိရဲ့လား.. ဘွားဘွားကပြောတယ်.. ကိုကိုက ကံနိမ့်သူမို့လို့ ထိခိုက်မိရင်း အသက်ပါဆုံးရှုံးရနိုင်တယ်တဲ့..။ ကျွန်တော်ဘယ်လိုရှေ့ဆက်တိုးမရလဲဟင်..။ ကျွန်တော်ကလေ ကိုကို့ကိုနည်းနည်းလေးတောင် အထိမခိုက်ခံနိုင်တာပါ..။ အခုတော့ ကိုကိုကကျွန်တော့်ကြောင့် အသက်ဆုံးရှုံးရနိုင်တယ်တဲ့လေ.. “
သူ၏ခန့်ညားမှုနှင့်မလိုက်စွာ ကျဆင်းနေသည့်မျက်ရည်များ.. ရင်ဘတ်ကိုသာထု၍ ပြောနေသည့်သူ၏အမူအရာသည် သူ၏နာကျင်မှုသက်သေပင်..
“ အဲဒီစကားကြားပြီး.. ကိုကိုနဲ့ချစ်သူဖြစ်ခဲ့ရတာကို နောင်တရမိတယ်.. ချစ်သူတွေမဖြစ်ဘဲ ဟိုးအဝေးကကြည့်ရင်း တိတ်တိတ်လေးချစ်ခဲ့ရင်ကောင်းသား..။ အဲဒါဆိုရင် ကျွန်တော်ပင်ပန်းနေရင်တောင် ကိုကိုမထိခိုက်ရတော့ဘူးလေ..”
“ မင်းတကယ် သတ္တိမရှိဘူးပဲ.. “
“ ကိုကိုနာကျင်ရမယ့်ကိစ္စတွေအတွက် ကျွန်တော်သတ္တိမရှိဘူး.. ကိုကိုနာကျင်နေတာကို ဒီအတိုင်းထိုင်ကြည့်နေရအောင် ကျွန်တော်က အဲဒီလောက်အသည်းမမာဘူးလေ.. “
“ မင်းပြောတော့ ငါနဲ့အတူတူ ရှေ့ဆက်မှာဆို “
“ သေချာတာပေါ့.. ကိုကိုနဲ့အတူတူရှေ့ဆက်မှာပါ.. အဲဒါကြောင့် ခဏလောက်ရှောင်နေရင်း ကျွန်တော်တို့တွေ နီးစပ်အောင် ဘွားဘွားနဲ့တိုင်ပင်နေခဲ့တာပါ “
“ ငါက မင်း.. ဇာဇာနဲ့ သိပ်ပျော်နေပြီထင်တာ “
“ ကျွန်တော့်ရင်ထဲမှာ ပူလောင်နေတာ.. ကိုကိုမှမသိတာ..။ အချိန်တိုင်းသတိရတယ် လွမ်းခဲ့တယ်.. ပြေးတွေ့ချင်ပေမဲ့ ကျွန်တော်ရောက်လာလို့ ကိုကိုထိခိုက်မိမှာကိုလည်း ကြောက်နေရပြန်တယ် “
“ ခံစားရကြောင်း ဝန်ခံလည်း.. မင်းငါ့ကိုတကယ်မချစ်တာ သိတယ် “
“ ကိုကိုကသာကျွန်တော့်ကို တကယ်မချစ်ခဲ့တာ..။ ကိုကိုနာကျင်နေတာကို ကျွန်တော်မကြိုက်တာသိရဲ့နဲ့ အခုလိုဒဏ်ရာရအောင်လုပ်ရက်တယ်..။ လွယ်လွယ်နဲ့ လမ်းခွဲဖို့ပြောရက်တယ်.. ရှောင်နေရက်တယ်..။ ကိုကိုရင်ထဲကို ကျွန်တော်မြင်အောင်ကြည့်နိုင်တယ်.. ကျွန်တော့်ရင်ထဲကို ကိုကိုမြင်အောင်မကြည့်နိုင်ခဲ့ဘူး “
ထိုစကားနှင့်အတူ ပတ်တီးစီးထားသော မိမိ၏လက်ကို နမ်းရှိုက်လာသည့်သူ..
“ ရူးတော့မလိုပဲ.. ကိုကိုသာတစ်ခုခုဖြစ်သွားရင် ကျွန်တော်ရူးသွားလိမ့်..။ ကျေးဇူးပြုပြီး ဒီလိုလုပ်ရက်မျိုးတွေ ထပ်မလုပ်ပါနဲ့နော်.. ဒီရင်ထဲမှာ အခုချိန်ထိ နာနေတုန်းပဲ “
အနည်းငယ်အားနာမိသယောင်..။ သူ၏ခက်ခဲမှုအား မသိ.. သူ့အားတစ်ဖက်သတ် စွပ်စွဲမိသည်။ ဤသည်ကမိမိ၏အမှား..။
“ တောင်းပန်ပါတယ်.. ငါ.. “
“ မတောင်းပန်နဲ့.. ကျွန်တော်ဘယ်တုန်းကမှ ကိုကို့ကိုအပြစ်မမြင်ခဲ့ဘူး.. ရှင်းပြဖို့ လိုအပ်ခဲ့တဲ့ ကျွန်တော့်အမှားပါ “
ထိုစကားနှင့်အတူ သူ့အားဖက်ထားမိသည်။ မိမိရှောင်တိမ်းနေ၍ အထီးကျန်ခဲ့သော သူ၏နှလုံးသားလေးအား နွေးထွေးစေလို၍သာ...။
“ နောက်ဆိုရင် အဲဒီလိုမျိုးတွေ မရှောင်ပါနဲ့ “
“ နောက်ထပ်လည်း မလုပ်ရဲတော့ပါဘူး.. ခင်ဗျားလေးကို ထပ်ပြီးထိခိုက်မှာမလိုလားတော့ဘူး။ ရှောင်နေခဲ့တာကလည်း ဖြေရှင်းဖို့ နည်းလမ်းရှာရုံပါ..။ အဲဒါကလည်း ကိုကို့အတွက်ပါ.. နောက်ပြီး ဇာဇာနဲ့က တကယ်သူငယ်ချင်းတွေပါ.. “
“ အင်းပါ.. ကိုယ်.. ဒီနေ့ မူးလဲခဲ့တယ် လက်မှာ ဒဏ်ရာရခဲ့တယ်... အဲဒီဖြစ်ရပ်နှစ်ခုလုံးက Sunမလာခင်ဖြစ်ခဲ့တာ..။ သေချာစဉ်းစားကြည့်ရင် Sunရှိနေလို့ ကိုယ်ထိခိုက်နေတာမဟုတ်ဘူး..။ အဲဒါကြောင့်.. Sunရှိနေလို့ ကိုယ်ထိခိုက်ရတယ်ဆိုပြီး.. ကိုယ့်အနားလာဖို့ ကြောက်မနေပါနဲ့နော် “
“ ထပ်ပြီးလည်း ထိခိုက်စရာမလိုတော့ပါဘူး.. ကျိန်စာဆိုပြယ်ဖို့ နည်းလမ်းရနေပြီ..”
“ တကယ်လား “
“ အင်းပေါ့.. အခုတော့မပြောပြဘူး ကိုကိုနေကောင်းမှပြောပြမယ်နော် “
ထိုနေ့ည မိမိရင်ခွင်ထဲမှ လူသားအား အိပ်စက်ခြင်းသို့ဦးတည်စေသည်။ မိမိသည်ကတော့ လွမ်းခဲ့ရသည်တို့ကို အတိုးချကာ သူ၏မျက်နှာလေးကိုသာကြည့်နေခဲ့မိသည်။
ထိုလူသားနှစ်ဦးအဖို့ရာ ထိုညလေးသည် အလွန်သာယာခဲ့သည်။ မုန်တိုင်းတို့အဆုံးသတ်ပြီးနောက် တိုက်ခတ်လာသော လေပြည်လေညင်းသည် အေးမြမှုအတိ...။
မနက်မိုးလင်းစ အမြင်အာရုံ၌မြင်ရသည့် မြင်ကွင်းသည့် ကြောက်လန့်ဖွယ်။ ဤသည်က Sunသည် သူ၏လက်အား ဓားဖြင့်မွှန်းနေခြင်းပင်...။
“ Sun… အဲဒါဘာလုပ်နေတာလဲ.. ရူးနေတာလား “
“ ဪ.. ကိုကိုတောင်နိုးပြီပဲ.. မနက်နိုးစ မြင်ရတဲ့မြင်ကွင်း ကိုကို့အတွက် သိပ်မသာယာစေခဲ့လို့ တောင်းပန်ပါတယ်နော် “
ထို့နောက်သူသည် မိမိ၏နဖူးထက်သို့ အနမ်းတစ်ပွင့်ခြွေချလိုက်သည်။
“ morningကိုကို.. ညက ကိုကို့လက်ကိုကြည့်ရင်း ကိုယ့်ကိုကိုယ် စိတ်တိုလာလို့.. အခုလိုလုပ်တာပါ.. ကိုကိုဘယ်လိုခံစားရလဲဟင် “
ရုတ်တရက်မို့ သူ၏မေးရခြင်းအကြောင်းအရင်းအားနားမလည်စွာဖြင့် သူ့အားကြည့်မိသည်။
“ ကြောက်တယ်.. နာကျင်တယ်.. ရင်ထဲမှာ ပူနေတယ် “
“ အင်း... ညက ကိုကိုဓားကိုင်ထားတဲ့ မြင်ကွင်းကို ကျွန်တော်မြင်ရတုန်းကလည်း အဲဒီလိုခံစားရတယ်..။ အခုကိုယ်ချင်းစာတတ်ပြီလား.. နောက်မလုပ်ဘူးလို့ ကတိပေးပါလား “
“ အင်းပါ “
“ ကျွန်တော် ကိုကို့ကိုအဲဒီလောက်ချစ်တယ်..။ ကိုကို့လက်မှာ ဒဏ်ရာရင် ကျွန်တော့်လက်မှာလည်း ဆင်တူဒဏ်ရာတစ်ခုဖန်တီးမိတယ်။ ကိုကိုတစ်ယောက်တည်း နာကျင်တာကို မကြည့်ရက်လို့ ကျွန်တော်ပါ နာကျင်လိုက်တာမျိုးပေါ့.. “
ထိုစကားနှင့်အတူ မိမိအားပွေ့ဖက်လာသည့် Sun…။ သူနှင့်အတူရှိရသည့် မနက်ခင်းတိုင်းသည် မိမိအဖို့ရာ အလှပဆုံးနှင့် အနွေးထွေးဆုံးသာ...။
For Zawgyi
ထပ္တူ
႐ိုးရွင္းစြာေရးထားသည့္ သူ၏လမ္းခြဲစာေလးအား ဖတ္မိတိုင္း နာက်င္မႈကအတိုင္းမသိ..။ မိမိ၏အသုံးမက်မႈကို အႀကိမ္ႀကိမ္အခါခါအျပစ္တင္လ်က္ သူ႔ကိုသာခြင့္လႊတ္ေနၿမဲ..။ သူမမွားခဲ့..။ သူ၏နာက်င္မႈႏွင့္ ခက္ခဲမႈတို႔ကို မိမိျမင္ရသည္။ နားလည္ေပးႏိုင္သည္။ သို႔ေသာ္ မိမိ၏ခက္ခဲမႈကို သူမျမင္ႏိုင္..။ ဤသည္မွာလည္း သူ၏အျပစ္မဟုတ္။ သူ႔အား မပင္ပန္းေစလိုေသာေၾကာင့္ ဖြင့္ေျပာျခင္းမရွိ.. မိမိတစ္ဦးတည္းသာ ေျဖရွင္းေနေသာ.. မိမိၾကင္နာမႈေစတနာသက္သက္ေၾကာင့္သာျဖစ္သည္။
သူ၏လမ္းခြဲစာေလးသည္ သူ၏နာက်င္မႈႏွင့္အတူ မိမိ၏အသုံးမက်မႈတို႔ေဖာ္ျပေနသည္။ မိမိ၏အသုံးမက်မႈတို႔ကို သစၥာေဖာက္ေနသည္ဟု သူ.. ထင္ေကာင္းထင္ႏိုင္မည္။
သစၥာေဖာက္တယ္တဲ့လား..။ ကြၽန္ေတာ့္အတြက္ မျဖစ္ႏိုင္ဆုံး အလုပ္တစ္ခုက ကိုကို႔ကိုသစၥာေဖာက္ျခင္းဆိုတာပဲ..။ ကြၽန္ေတာ္ ကိုကို႔ကိုဘယ္ေလာက္ခ်စ္လဲဆိုတာ ကြၽန္ေတာ္ပဲသိတယ္။ ပုံတူခိုင္းႏႈိင္းစရာမရွိတဲ့အထိ.. အဆုံးရႈံးမခံႏိုင္တဲ့အထိ ခ်စ္ခဲ့တယ္။ ဒါကို ကိုကိုမသိတာမ်ားလား..။ ဘဝအဆက္ဆက္ ခ်စ္ပုံျခင္းမတူေပမဲ့ အရမ္းခ်စ္ခဲ့တာေတာ့ ေသခ်ာပါတယ္..။
စိတ္ပူမိတယ္။ ကြၽန္ေတာ့္ကိုေရွာင္ေနတဲ့ ဒီတစ္ပတ္အတြင္းမွာ ကိုကိုဘယ္လိုျဖတ္သန္းေနလဲ။ ေနေရာေကာင္းရဲ႕လား။ အစားေရာ ပုံမွန္စားရဲ႕လား။ ကြၽန္ေတာ့္ကိုသိပ္ခ်စ္တဲ့ကိုကိုရဲ႕ လမ္းခြဲစာေလးမွာ ကိုကို႔မ်က္ရည္အစြန္းအစေလးေတြကို ေတြ႕ေနရတယ္။ အခုခ်ိန္ တစ္ေယာက္တည္းမ်ား က်ိတ္ငိုေနမလား။ သန္မာခ်င္ေယာင္ေဆာင္တတ္တဲ့ကိုကိုက အခုခ်ိန္.. တစ္ေယာက္တည္းၿပိဳလဲေနမလား။ ျပတ္သားစြာေရးခဲ့တဲ့လမ္းခြဲစာေလးမွာ ကိုကိုရဲ႕မျပတ္သားမႈေတြပါေနေသးတယ္။ အမွန္ဆို ကြၽန္ေတာ့္ကိုနစ္နစ္နာနာေျပာခဲ့ရမွာေလ။ ကိုကိုဘာလို႔မေျပာႏိုင္ရတာလဲ။ ကိုကိုက မင္းသားလုပ္သင့္တယ္။ ပင္ပန္းတာ သိရဲ႕နဲ႔ေတာင္ ဟန္ေဆာင္ရတာကို သိပ္ႀကိဳက္တယ္။ ခက္တာက ကြၽန္ေတာ္က ဒါ႐ိုက္တာျဖစ္ေနတာပဲ..။ ကိုကိုရဲ႕အမူအရာေတြက အသက္မပါတာ ကြၽန္ေတာ္သိေနတယ္.. ကိုကိုပင္ပန္းတာကို ကြၽန္ေတာ္သိေနတယ္။ ပင္ပန္းေနတဲ့ကိုကို႔ကို ေႏြးေထြးမႈေတြ ေပးခ်င္လိုက္တာေလ...။
တစ္ဖက္တြင္ဤသို႔ ခ်စ္ရသူအားစိတ္ပူေနေသာသူ..။ ခံစားရသည္ျခင္းတူေနေသာ္လည္း ခ်စ္ရသူကိုသာ ပို၍စိတ္ပူေနမိသည္။ သူ၏အမည္အား လမင္းကိုကိုက Sunဟူ၍ေခၚဆိုခဲ့သည္မွာ အလြန္ပနံသင့္လွသည္။ သူသည္သာပူေလာင္လ်က္ တျခားေသာသူအား ေႏြးေထြးမႈႏွင့္အလင္းေရာင္ကိုေပးၿမဲပင္။
တစ္ဖက္တြင္ေတာ့ လမင္းကိုကိုသည္ ေနသူရိန္အားစိတ္နာရန္ ႀကိဳးစားေနခဲ့သည္။ သူသည္လည္း လမင္း ဟူေသာနာမည္ႏွင့္ သိပ္၍လိုက္ဖက္သည္။ လမင္းသည္ ေနမင္း၏ အလင္းေရာင္ျဖင့္ ထြန္းလင္းေတာက္ပရသည္။ သို႔ေသာ္လည္း ေနမင္း၏ပူေလာင္မႈကို သူမသိ..။ လမင္းကိုကိုသည္လည္း ေနသူရိန္၏အခ်စ္ျဖင့္ ေရွ႕ဆက္ေနရသည္။ သို႔ေသာ္.. ေနသူရိန္၏ ပူေဆြးမႈကို သူမသိ...။
Sun တကယ္ပဲ သစၥာေဖာက္ခဲ့တာလား။ ခ်ိန္းထားတာကိုေမ့ၿပီး အဲဒီအမ်ိဳးသမီးနဲ႔ေပ်ာ္ရတဲ့အထိ ကြၽန္ေတာ္ကသူအတြက္ အေရးမပါတာလား။ အေရးမပါခဲ့ရင္ ဘာလို႔ခ်စ္ေရးဆိုခဲ့ေသးလဲ။ ခက္ခက္ခဲခဲဆုံးျဖတ္ထားၿပီးမွ အခုလိုႀကဳံလာရေတာ့ တကယ္ပဲရင္နာမိတယ္။
မင္းကိုခ်စ္ဖို႔ သိပ္မလြယ္ကူခဲ့ဘူးSun။ မင္းရဲ႕လက္ကိုကိုင္ထားဖို႔ ငါသိပ္ေၾကာက္ခဲ့ရတယ္။ မင္းရဲ႕သစၥာမရွိမႈနဲ႔အတၱႀကီးမႈရဲ႕ ေဘးထြက္ဆိုးက်ိဳးကို ခံစားရဖူးတဲ့ငါက မင္းကိုခ်စ္ေၾကာင္းဝန္ခံဖို႔ စိတ္ေတြလြန္ဆြဲခဲ့ရတယ္။ ယုံၾကည္ၿပီးေတာ့မွ စြန႔္ပစ္ခံလိုက္ရတဲ့ ငါ့ရဲ႕ခံစားခ်က္က သိပ္ေတာ့သာယာမေနဘူး။ မင္းအေၾကာင္းေတြးတိုင္း နာက်င္ရတယ္။ ဒီႏွလုံးသားကလည္း မင္းကိုပဲလက္ခံထားသလို.. ဒီစိတ္ကိုလည္း မင္းကပဲစိုးမိုးထားတယ္။ ငါ ဘယ္လိုလုပ္ရမလဲ..။ မင္းအေၾကာင္းေတြးတိုင္း နာက်င္ရမယ့္အတူတူ မင္းကိုလက္ခံမိတဲ့ ဒီစိတ္နဲ႔ႏွလုံးသားကိုပါ လႊင့္ပစ္လိုက္ရင္ ငါ့အတြက္ ပိုသက္သာသြားမယ္ထင္တယ္။
ဤသို႔ဆုံးျဖတ္လိုက္သည့္အခ်ိန္မွစ၍ လမင္းကိုကိုသည္ အရယ္အၿပဳံးတို႔ ကင္းမဲ့ေလၿပီ။ အၾကည့္တို႔သည္အသက္မပါ.. ေအးစက္စက္ႏိုင္လွသည္။ မည္သည္ကိုမွ်ခံစားမႈမရွိေတာ့သည့္ ႐ုပ္ေသး႐ုပ္သဖြယ္..။
ႏွစ္ဦးသားလုံး နာက်င္ရသည္က တူညီေနသည္။ သို႔ေသာ္ နာက်င္ရပုံျခင္းမတူ။ ေနသူရိန္သည္ လမင္းကိုကိုအားစိတ္ပူရင္းသာ နာက်င္သည္။ လမင္းကိုကိုသည္ ေနသူရိန္အား ေမ့ဖို႔ရာႀကိဳးစားရင္းသာ နာက်င္ေနသည္။ ပစၥဳပၸန္၏ အျဖစ္အပ်က္တို႔တြင္ အတိတ္တို႔သည္က မပါမျဖစ္။ ဟင္းပြဲတိုင္းတြင္ ပါဝင္ေသာဆားသဖြယ္။ အၾကင္သူႏွစ္ဦး၏အၾကား ဖ်က္ဆီးေလေသာအတိတ္တို႔သည္သာ မရွိခဲ့လွ်င္ မည္မွ်ေကာင္းမည္နည္း။ အတိတ္တို႔ဆြဲျငင္မႈေၾကာင့္ ေရွ႕သို႔မတိုးႏိုင္ေသာ အၾကင္သူတို႔ မည္မွ်ခက္ခဲေနမည္နည္း။
ဤသို႔ျဖင့္ အၾကင္သူတို႔ေဝးကြာေနသည္မွာ ႏွစ္ပတ္ခန႔္ရွိေနၿပီျဖစ္သည္။ ရွာေလသူက ေနသူရိန္..။ ေရွာင္ေလသူက လမင္းကိုကို..။
လိုက္ေလ ေဝးေလပါလားကိုကိုရယ္။ ဘယ္အခ်ိန္ထိေရွာင္ေနဦးမွာလဲ..။ ကိုကိုတို႔ရဲ႕လမ္းထဲကိုလာေတာ့လည္း မ်က္ႏွာေလးပဲေတြ႕ခြင့္ရခဲ့တယ္။ လိုက္သြားမိျပန္ေတာ့လည္း အေရွာင္ေကာင္းတဲ့ကိုကိုက ခဏေလးနဲ႔ေပ်ာက္ေပ်ာက္သြားတယ္။ အိမ္ကိုလိုက္သြားေတာ့လည္း မရွ္ိဘူးတဲ့ေလ။ အန္တီ့ကိုေမးၾကည့္ေတာ့လည္း ကိုကိုကမေတြ႕ခ်င္ဘူးလို႔ ေျပာတယ္တဲ့။ တကယ္ပဲ ကိုကိုရက္စက္ေနၿပီလား။ ကြၽန္ေတာ့္ကို မုန္းေနၿပီလား။
Advertisement
- In Serial46 Chapters
Mafia Family
Ryan was holding my arm and with other arm he was ready to pull my sleeves up again. I immediately held his hand. "Please please do..don't" I tried to convince him with my eyes. My eyes we're again filled with new set of tears. Ryan didn't bothered and pulled my sleeves up. I lowered my head not wanting to see the hatred and disgust. Gasps were heard. ........................................... "Yo-You people are i-in mafia? " Elisa asked suddenly. "No.no.no Leave me alone. I don't want to be here. "She said. ........................................... Eliza, an abused 16 year old girl. She thinks everyone despise her and nobody loves her. But what happens when an incident reunites her with her family whom she thought despise her? What happens when she meets her real father who she thought hates her? She meets her real family, a loving father and 6 older brothers. And worst thing she hates the idea of having any other father or brother in her life. They are hiding their own secrets and she's fighting her own demons. Will she ever open up and come out of her shell!? Will she ever like the idea of having a father and brothers!? ............................................ # 3 in love🔥*Earlier chapters are not that great but I assure you they get better gradually.**Please give it a try, it's my first time writing story.*
8 309 - In Serial25 Chapters
Cyber Heart |JJK Fanfiction|
"So....how do you feel about humans?" Jungkook looked up at me with his mechanic blue eyes and stroked my cheek, his fingers tenderly brushing against my skin."I know I feel something about you...Dr. Marks..." I looked up at him with wide eyes and I froze. Robots can't fall in love with humans. It isn't possible.....is it?⭐Best Ranking: #1 in #robots #1 in #robot #1 in #sciencefantasy #1 in #jungkookie #1 in #mechanic #1 in #lab⭐️~Sci-fi Fanfiction~All Credit for cover photo goes to BTS and Bighit Entertainment
8 230 - In Serial68 Chapters
Renee's River | √
"Does he know your name?""Nope," I shook my head. "But hey, it was like love at first sight," I said dreamily before snapping back to reality and looking at my best friend who gave me a weird look. "You have to help me," I said."We're not going to the clothes store with me disguised as a girl again.""No," I groaned. "I want you to help me get him to notice me."My best friend's mouth opened then closed again before his eyes dropped to my boobs, "I mean, we can always start with that.""What? No!" I crossed my arms over my chest while he laughed like the idiot he was and I rolled my eyes, then let out a breath, "Come on, just do this for your Firefly." ▬▬▬▬▬There was only one reason Renée McCann enjoyed her job at the bakery. To see the guy who had made her stomach flutter at the first sight.
8 134 - In Serial14 Chapters
TejRan: Destined For You
When I took a step to get out of my study room, she started to remove her lehenga. Wow! She is my wife and there's nothing wrong with seeing her. My heart and mind were fighting with each other and as I am not a very good boy, I wanted to see........Yeah, you can call me a pervert. But hey she is my wife and she is the most beautiful cute girl I have ever noticed...... 😍Karan Kundrra, a billionaire who is ready to marry his girlfriend the love of his life but everything changed on the wedding day. Now he is falling for his newly wedded wife but fails to unveil it and to top it all, his lost love gets back to him.Tejasswi Prakash, A Beautiful, cute & bubbly girl. She is a very kind girl who respects everyone and she has a secret crush on Karan! It's a story of a girl who falls for a man whom she knew from childhood. But the man never recognizes her. Even then he falls for her charms.Let's see if Teju's innocence and beauty makes hot & handsome Karan fall in love with her.It's a happy story with some comedy, romance and a lil drama ☺️Don't forget to add it to your reading list ❤️⭐No.6 #tejran on 22nd October⭐No.1 #tejran on 24th October
8 202 - In Serial25 Chapters
Contract Marriage with Mr. Kim Taehyung
y/n is a poor girl who lives with her auntie and uncle. who doesn't care about her . But they need her cause they gonna use her for their business by getting her married with a bad person Mr. Kim Taehyung the biggest businessman . Taehyung is a cold person and a playboy and doesn't care about Y/n .Will Y/n ever able to change him ? Or she gonna fall in love with the monster ? What if she got pregnant but her husband doesn't know ?
8 87 - In Serial84 Chapters
Knock, Knock
You think your life is fucked up? You haven't met Casey Kings yet.Book cover by: @HerParamour 🖤
8 176

