《Amiss Prayer (Zawgyi&Unicode) [Completed]》Part-52(ယိုင်နဲ့ခြေလှမ်း..)
Advertisement
For Unicode
ယိုင်နဲ့ခြေလှမ်း
ယခုတစ်လောလမင်းကိုကိုအဖို့ရာ ပြဿဒါးနေ့ရက်များ ပိုပို၍များလာသည်။ နေသူရိန်နှင့်တွေ့ဆုံသော ရက်တိုင်းတွင် လမင်းကိုကိုသည် တစ်ခုမဟုတ် တစ်ခုဖြစ်နေတတ်သည်။ တစ်နေ့တွင် နှစ်ယောက်သား လမ်းယှဉ်လျှောက်နေစဉ် ခွေးတစ်ကောင်က လမင်းကိုကိုအားလာကိုက်သည်။ နောက်တစ်နေ့တွင်လည်း နေသူရိန်နှင့်လမင်းကိုကိုအပြင်သွားစဉ် လမင်းကိုကိုအား ကားတိုက်မိမလိုဖြစ်ခဲ့ပြန်သည်။ ဤသို့ဖြစ်ရသောအကြောင်းအရင်းများအား ကောင်းစွာနားလည်သူက နေသူရိန်ပင်..။ ထိုကြောင့် သူသည် ပို၍စိတ်မကောင်းဖြစ်ရသည်။
“ ကျွန်တော်နဲ့တွေ့တိုင်း ကိုကို တစ်ခုမဟုတ်တစ်ခုဖြစ်နေတယ်နော် "
“ အခန့်မသင့်လို့ဖြစ်တာပါ "
“ အခန့်မသင့်တာလား.. တိုက်ဆိုင်မှုလား.. ကံကိုက ကျွန်တော်တို့ကိုမျက်နှာသာမပေးတာလား.. စဉ်းစားမရတော့ဘူး.."
“ အရမ်းမတွေးပါနဲ့... Sunပဲ ကာကွယ်ပေးမယ်ဆို.. "
“ ကာကွယ်ပေးမှာပေါ့.. ခင်ဗျားလေးကိုလေ.. ကျွန်တော့်အသက်ပေးပြီး ကာကွယ်ရမယ်ဆိုရင်တောင် ကျွန်တော်ပျော်ပျော်ကြီး အသေခံမိမှာ..။ ခက်တာက ကာကွယ်ပေးနေရင်းကို ထိခိုက်နေတာမြင်ရတော့ ရင်ထဲမှာ အဆင်မပြေတော့ဘူး "
နဖူးပေါ်သို့ဝဲကျနေသော ဆံစလေးများအား သပ်တင်ပေးရင်း ဆိုလာသည့် သူ၏စကား..။ ဝမ်းနည်းမှုအရိပ်အယောင်တို့ကို သူ၏မျက်ဝန်းများမှတစ်ဆင့်ခံစားမိပါသည်။
“ Sun အတွေးလွန်နေတာပါ.. အချိန်ကြာလာလို့ အတူတူဖြတ်သန်းသွားနိုင်ရင် အဆင်ပြေသွားမှာပါ "
“ ကိုကိုအခုလိုတွေဖြစ်နေမယ့်အစား.. ကျွန်တော်သာ သေလိုက်ချင်တယ်"
“ Sun... အဲဒီလိုသေမယ့်စကားတွေ ခဏခဏမပြောနဲ့..။ ကိုယ့်အချစ်တွေကို ဝန်ခံလာနိုင်အောင် Sunက သတ္တိတွေပေးခဲ့တယ်..။ အခုကိုယ်က Sunနဲ့အတူတူဖြတ်သန်းဖို့ သတ္တိရှိနေပြီလေ.. Sunလည်း အဲဒီလိုသတ္တိတွေရှိနေရမှာပေါ့ "
“ အင်းပါ.."
အားပေးနေတဲ့ ကိုကိုစကားကြောင့် အားတွေတော့ရမိပါရဲ့။ ဒါပေမဲ့.. သူထိခိုက်တာကို ခဏခဏမြင်နေရတာ အဆင်မပြေတော့ဘူးလေ..။ ကျွန်တော့်အတွက်နဲ့ သူနာကျင်ခဲ့ရတာ တစ်ဘဝတည်းမှမဟုတ်တော့တာ..။ အဲဒီအကြောင်းတွေ ပြန်တွေးမိတိုင်း မွန်းကျပ်တယ်.. ဒေါသထွက်မိတယ်..။ ကျွန်တော် တော်တော်အသုံးမကျခဲ့တာပဲ..။ ချစ်ရသူကို မကာကွယ်ပေးနိုင်ခဲ့ဘူး..။ ကိုယ်ကြောင့်ပါနာကျင်မှုတွေ ထပ်တိုးခဲ့ရတယ်လေ..။
သူပြောသလို သူ့ရဲ့လက်တွေကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်မိတယ်..။ ဖြစ်ချင်တော့ သူ့ကိုဆုပ်ကိုင်မိတဲ့ကိုယ့်ရဲ့လက်တွေမှာ ဆူးတွေနဲ့လေ..။ သူနာကျင်နေမှန်းသိပေမဲ့ သူ့ကိုစွန့်လွှတ်နိုင်ဖို့လည်း သတ္တိကမရှိပြန်ဘူး...။ ခက်ခဲလိုက်တာဗျာ...။
နေသူရိန်ထံတွင် ဤကဲ့သို့ဝေခွဲမရသည့် ခက်ခဲမှုတို့ ရှိနေသည်။ ခက်ခဲမှုတို့ကြောင့် ချစ်ရသူအား ရှောင်နေခဲ့မိသည်။ ထို့ကြောင့် လမင်းကိုကိုထံတွင်လည်း သံသယခက်ခဲမှုတို့ရှိနေပြန်သည်။
ရွေးချယ်မှုတို့.. မှားယွင်းလေသည်လော..။ သူသည် ယခင်ကနှင့်မတူတော့ပေ..။ ယခင်ကမိမိအား နွေးထွေးမှုပေးသော သူသည် ယခုတွင်မူ အေးစက်စက်နိုင်လှသည်။ ညများတွင် ပုံမှန်ဆက်နေကျဖုန်းလေးကို မျှော်လင့်မိသော်လည်း ခေါ်ဆိုခဲ့ခြင်းမရှိ..။ မိမိဖုန်းဆက်သည့် နေ့လယ်အချိန်တိုင်းတွင်လည်း ဇာဇာဟူသော အမျိုးသမီးသံအား သူ၏အသံထက်ပင် ပို၍ကြာနေရသည်။ မည်သူနည်းဟု မေးမိသည်။ ရိုးရှင်းစွာပြန်ဖြေသည်က သူငယ်ချင်း ဟူ၍သာ..။ သူ၏ရိုးရှင်းသောစကားသည် မိမိအဖို့ရာ အနှောင့်အယှက်ဖြစ်စေသည်။
မိန်းကလေးသူငယ်ချင်းအား ဤမျှနိုင်စားစေသည်လော..။ မိမိဖုန်းဆက်သည်ကို လျစ်လျူရှုရသည်အထိ သူမအားအရေးပေးသည်လော..။ မေးခွန်းပေါင်းများစွာနှင့် စိတ်တို့ရှုပ်ထွေးလေပြီ။
ရှုပ်ထွေးနေသောစိတ်တို့ကို ဤအတိုင်းသာ လွှတ်ထားရန်မဖြစ်တော့ပေ..။ ရင်ထဲမှအစိုင်အခဲတို့သည် ပို၍တိုးလာနိုင်သည်။ သူ့ထံမှ တိကျသောအဖြေအား သိချင်မိသည်။ ထို့ကြောင့် ဖုန်းဆက်မိသည်။ သို့သော် သူသည်မိမိခေါ်ဆိုသော ဖုန်းအားပြန်လည်ဖြေဆိုခဲ့ခြင်းမရှ်ိ..။
နေ့လယ်ဆယ့်နှစ်နာရီထိုးသောအခါ Thesisကိစ္စလည်း ဆွေးနွေးပြီးသည်ဖြစ်၍ အိမ်သို့ပြန်ရန်ဆုံးဖြတ်လိုက်သည်။ ကားဂိတ်သို့ရောက်သောအခါ မြန်မာစာမေဂျာမှ သူငယ်ချင်းတစ်ဦး၏အခေါ်ကောင်းမှုနှင့် ခြေလှမ်းတို့သည် အိမ်သို့မရောက်လိုက်။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်သို့ ရောက်သွားခဲ့သည်။ ကားစီးနေစဉ်တစ်လျှောက်လုံးတွင် Sunအား ဖုန်းခေါ်ခဲ့သော်လည်း သူသည် ပြန်လည်ဖြေဆိုခြင်းမရှိ..။
စာကြည့်တိုက်အရှေ့သို့ရောက်သောအခါ မြင်တွေ့ရသည့်မြင်ကွင်းသည် မိမိအဖို့ရာ မသာယာခဲ့။ ဤသည်မှာ Sunနှင့်အမျိုးသမီးတစ်ဦးတို့ ပျော်ရွှင်စွာ စနောက်နေကြသည့်မြင်ကွင်းပင်...။ မိမိသူငယ်ချင်းဖြစ်သူက စာအုပ်ရှာရန် အဆောင်ထဲသို့ဝင်သွားနှင့်ပြီ..။ မိမိမှာတော့ ထိုမြင်ကွင်း၏နာကျင်ခြင်းအရသာကို ကောင်းမွန်းစွာခံစားလျက် မျက်ရည်စတို့ဖြင့်ကြည့်နေဆဲ..။
ချစ်ရသူအား တခြားသောမိန်းကလေးတစ်ယောက်နှင့် တွဲဖက်မြင်ရသည်ကိုပင် ဤမျှနာကျင်သည်ဟုဆိုမိသောကြောင့် မိမိအားစိတ်ဓာတ်ပျော့ညံ့သည်ဟု ထင်ကောင်းထင်နိုင်မည်။ မိမိစိတ်ဓာတ်ပျော့ညံ့၍မဟုတ်..။ Sunနှင့်အတူတွေ့ရသည့် အမျိုးသမီးသည် တခြားသောအမျိုးသမီးသာဆိုလျှင် ဤမျှနာကျင်မည်မဟုတ်...။ ယခုမိမိတွေ့မြင်ရသည့် အမျိုးသမီးမှာ အိပ်မက်များထဲတွင် မိမိအားရက်စက်ခဲ့သောအမျိုးသမီး.. Sunနှင့်မိမိအား ဝေးစေခဲ့သူပင်..။
ထပ်၍ဝေးရမည်ကို ကြောက်၍ငိုမိခြင်းလော.. Sunအား ဒေါသထွက်၍ ငိုမိခြင်းလော.. မသဲကွဲတော့ပေ..။
အပျော်လွန်နေသူနှစ်ဦးသည် မိမိအားမြင်ဟန်မတူ..။ မိမိတစ်ဦးတည်းသာမြင်၍ ဝမ်းနည်းနေရသည်။ ခေတ္တမျှကြာသောအခါ Sunသည်မိမိကိုမြင်ဟန်တူသည်။ မိမိကိုမြင်သည်နှင့် ပျောက်ဆုံးသွားသည့် Sun၏အပြုံးချိုချို...။ မိမိအနားသို့လာနေသော်လည်း အပြုံးချိုချိုတို့ပါမလာခဲ့..။
သူတို့ရဲ့ပျော်ရွှင်မှုတွေကို ဖျက်ဆီးမိပြီလား..။ ရပ်နေမိတာ နောင်တရလိုက်တာ.. ထွက်ပြေးဖို့ကလည်း ခြေလှမ်းတွေက မခိုင်တော့ဘူးလေ..။ အများအမြင်မှာ လှပနေတင့်တယ်နေတဲ့ ရန်ကုန်တက္ကသိုလ်ကြီးက ဒီနေ့.. ကျွန်တော့်အမြင်မှာတော့ မလှပတော့ဘူးလေ..။ ကျွန်တော်ရှေ့က အကြင်သူနှစ်ဦးကြောင့်များလား..။
“ ငါ့ဖုန်းကို မကိုင်နိုင်ရတဲ့အကြောင်းအရင်းက ဒါကြောင့်များလား "
Advertisement
“ စာကြည့်တိုက်ထဲရောက်နေတုန်းက ဖုန်းကို Silentလုပ်ထားလို့မကြားမိတာပါ..။ ဒါနဲ့ ကိုကိုက ဘာလို့ငိုနေတာလဲဗျာ... ဘာဖြစ်လို့လဲ "
“ Sunလေး ပျော်နေပုံပဲ "
မျက်ရည်များအကြားပြုံး၍ ဆိုလာသည့်သူ၏စကားသည် သူမည်မျှနာကျင်နေကြောင်းသက်သေများပင်..။
“ သူနဲ့က တကယ်သူငယ်ချင်းပါ.. သူနဲ့ကျွန်တော်နဲ့ကိုမြင်တာနဲ့ ကိုကိုကအခုလိုငိုရရောလားဗျာ "
“ ငါ့ကိုအပြစ်တင်နေမယ့်အစား သူဘယ်သူလဲဆိုတာ မင်းသိအောင်ကြိုးစားကြည့်ပါလား..။ မင်းပြောတဲ့သူက အတိတ်ဘဝမှာ ငါတို့ကိုဝေးစေခဲ့တဲ့သူဆိုတာ မင်းတကယ်ပဲမသိဘူးလား.. "
ကိုကို၏စကားသည် မိမိအားခေတ္တမျှငြိမ်သက်စေသည်။ ကိုကို၏စကားများအရ မိမိတို့အားဝေးစေခဲ့သည့် အမျိုးသမီးသည် အလွန်တရာရက်စက်သည်။ ယခုတွင် မိမိခင်မင်ရသည့် သဉ္ဇာထက်ဟူသောသူငယ်ချင်းထံတွင် ရက်စက်မှုအရိပ်အယောင်များ မတွေ့ရပေ..။
“ မဖြစ်နိုင်တာကိုကိုရာ.. သူမှာ ရက်စက်တဲ့စိတ်ထားမျိုး လုံးဝမရှိဘူး "
“ သိပ်သိတယ်လား... သိပ်အာမခံတယ်လား "
ထိုစကားပြောနေသည့် ကိုကို၏မျက်နှာအမူအရာသည် လွန်ခဲ့သောမိနစ်အနည်းငယ်ခန့်က အမူအရာနှင့်မတူတော့ပေ..။ ဒေါသတို့လွှမ်းမိုးနေလေသည်။
“ သူနဲ့ကျွန်တော်နဲ့ပေါင်းခဲ့တာ ပထမနှစ်ကတည်းကပါကိုကို.. သူတကယ်ရိုးသားတယ် "
“ မင်း အရမ်းယုံကြည်ရပြီး ရိုးသားတဲ့မိန်းကလေးက မင်းဘေးမှာရှိနေတာပဲ..။ ငါဆိုတာ မလိုအပ်တော့ဘူးထင်တယ် "
“ မဆိုင်ဘူးကိုကို.. သူက ကျွန်တော့်သူငယ်ချင်း... ကိုကိုက ကျွန်တော်ချစ်ရတဲ့တစ်ဦးတည်းသော အမျိုးသား..။ သူ့ကိုကခင်တာ.. ကိုကို့ကိုကချစ်တာ.."
“ ချစ်တာလား.. အဲဒီလိုခဏခဏပြောနေပေမဲ့ တကယ်တော့.. မင်းရဲ့ကတိတွေနဲ့ မင်းရဲ့လုပ်ရပ်တွေက လွဲနေတာကို မင်းသိပါစေ...။ သေသေချာချာ ဆုပ်ကိုင်ထားပါမယ်ပြောပေမဲ့.. မင်းရဲ့လက်တွေက အားလျော့နေသေးတယ်..။ အတူတူရင်ဆိုင်မယ်ပြောပေမဲ့.. မင်းရဲ့ခြေလှမ်းတွေက ယိုင်နဲ့နေသေးတယ်.. "
ထိုစကားပြောပြီးနောက် မိမိအရှေ့မှထွက်ခွာသွားသည့်သူ..။ သူ့အားတားဆီးခြင်း မရှိခဲ့..။ သူ၏စကားတို့သည် မြားတို့သဖွယ်..။ မိမိ၏နှလုံးသားအား စူးစိုက်စေခဲ့သည်။
ကိုကိုနာကျင်နေရတာတွေကို ဒီအတိုင်းထိုင်ကြည့်နေဖို့ အဆင်မပြေတာနဲ့ ခဏတာ နောက်ဆုတ်ထားရုံပါကိုကို...။ ဘွားဘွားကပြောတယ်..။ ကံနိမ့်သူက ထိခိုက်ရင်း သေဆုံးရမယ်တဲ့..။ ဖြစ်ချင်တော့ ကံနိမ့်သူက ကိုကိုတဲ့လေ..။ ကျွန်ဝောာ်ဘယ်လိုရှေ့ဆက်တိုးရမလဲ..။
ထိုအဖြစ်အပျက်ကြောင့် နှစ်ဦးသားလုံးနာကျင်ရလေပြီ..။ ထိုနာကျင်မှုအား နေသူရိန်သည် သဉ္ဇာထက်၏မွေးနေ့ပါတီပွဲတွင် အရက်ဖြင့်ဖြေဖျောက်နေလေသည်။ လမင်းကိုကိုသည်က နေသူရိန်၏ ဖြေရှင်းချက်ကိုသာ စောင့်နေဆဲပင်..။
ဖြေရှင်းချက်အား စောင့်မျှော်ရသည်မှာ ပင်ပန်းလှသည်။ ထို့ကြောင့်မိမိကသာ သူ့အားစ၍ဆက်သွယ်မိသည်။ မိမိ၏ဆက်သွယ်မှုအား တစ်ဖက်မှဖုန်းကိုင်လိုက်သောအခါ ကြားလိုက်ရသောအသံသည် ရင်ထဲမှအစိုင်အခဲတို့ကို ပို၍အေးခဲမာကျောစေသည်။ ကြားရသည့်အသံသည် အမျိုးသမီးအသံသာ..။
“ ဟယ်လို.. ”
“ အခု ဖုန်းကိုင်တာ ဘယ်သူလဲမသိဘူး.."
“ သူရိန်ရဲ့သူငယ်ချင်းပါ.."
“ နေသူရိန်ရှိလားမသိဘူး.. သူနဲ့ဖုန်းပြောချင်လို့ "
“ အခု သူရိန်က ဇာဇာမွေးနေ့ပါတီမှာ မူးနေတာနဲ့.. ဖုန်းမကိုင်နိုင်လို့ ဇာဇာကိုင်လိုက်တာပါ.. "
“ ဪ... ပျော်ရွှင်စရာအချိန်တွေကို ဖျက်ဆီးမိပြီထင်တယ်.. အားနာလိုက်တာ.. မနက်မှပဲဖုန်းထပ်ဆက်လိုက်ပါမယ်.."
ဖုန်းဆက်ပြီးသောအခါ ခံစားချက်တို့သည် ပို၍မသာယာတော့ပြီ..။
ချစ်ရသူကို လျစ်လျူရှုတဲ့နေရာမှာ စိုင်းထွဋ်ခေါင်နဲ့ နေသူရိန်က ဘယ်လောက်ပဲအချိန်တွေခြားခြား.. မပြောင်းလဲသေးတဲ့အကျင့်တွေရှိနေတာပဲ..။ ပုံမှန်ပါပဲ.. အေးစက်မှုတွေက မပြောင်းလဲသေးသလိုပဲ..။ အင်းလေ.. ဝိညာဉ်တစ်ခုတည်းက ဖြစ်တည်လာတဲ့ ခန္ဓာနဲ့စိတ်တို့က ဘယ်လိုပြောင်းလဲနိုင်မှာလဲ..။ သူ့ဆီကနွေးထွေးမှုတို့ လိုချင်မိတာ ကိုယ့်အမှားပေါ့..။
ထိုနေ့ညတွင် အိပ်၍မရသည့်အဆုံး စာကိုသာညလုံးပေါက် အာရုံစိုက်၍လေ့လာခဲ့မိသည်။ နံနက်မိုးလင်းသော်လည်း ပို့နေကျဖြစ်သော messengလေးသည် ရောက်လာခဲ့ခြင်းမရှိ..။ ပုံမှန်မဟုတ်သော သူ၏အနေအထားများကို မိမိသဘောမကျ..။ သူသည်က မိမိသဘောမကျသည်ကို သိလေဟန်မတူ..။
ဤသို့သော်အတွေးပေါင်းများစွာဖြင့် မသာယာသောမနက်ခင်းတစ်ခုတွင် ခြေလှမ်းတို့သည် ကျောင်းဝောာ်ဆီသို့ လေးပင်စွာဦးတည်လိုက်သည်။ ဆရာမနှင့် Thesis ကိစ္စဆွေးနွေးပြီးနောက် အချိန်သည်လည်း ဆယ့်နှစ်နာရီခွဲလေပြီ..။ ဤအချိန်သည် သူ၏ထမင်းစားချိန်ဖြစ်သည်။ ဖြေရှင်းမှုတစ်စုံတစ်ရာလိုချင်သောကြောင့် ဖုန်းဆက်မိသည်။ ကြားရသည့်အသံသည် မိမိကြားလိုသောအသံပိုင်ရှင်ထံမှမဟုတ်။
“ ဟဲလို.. ဟိုလေ သူရိန်အပြင်ထွက်သွားလို့ "
“ အင်း.. နောက်မှပဲပြန်ဆက်လိုက်မယ် "
“ ဟုတ်... ဪ ခဏခဏ သူပြန်ရောက်လာပြီ "
“ ဟယ်လို.."
“ ဒီဖုန်းပိုင်ရှင်က မင်းလား.. မင်းသူငယ်ချင်းလား "
“ ဗျာ..."
“ ငါက.. ဒီဖုန်းပိုင်ရှင်ကို မင်းသူငယ်ချင်းလို့ထင်နေတာ... ဖုန်းဆက်တိုင်း မင်းအသံထက် သူ့အသံတွေပဲကြားနေရလို့လေ "
“ စကားကိုဘယ်လိုတွေပြောနေတာလဲကိုကို "
“ ပုံမှန်အတိုင်းပြောနေတာပါပဲ.. "
“ ကျွန်တော့်ကိုစိတ်ဆိုးနေသေးတာလား "
“ ငါ့ကိုစိတ်ဆိုးနေသေးလားလို့ မေးနေမယ့်အစား.. မင်းဘက်ကအရင်ဆုံး ဖြေရှင်းချက်တွေ ပေးသင့်တယ်လို့ မထင်ဘူးလား "
“ ကိုကိုဘာဖြစ်နေလဲပြောမှ ကျွန်တော်ကဖြေရှင်းလို့ရမှာလေ...။ ကျွန်တော်ခေါင်းကိုက်နေလို့.. မရစ်ပါနဲ့လားဗျာ "
Advertisement
“ အေးပေါ့.. အခု ငါစကားပြောနေတဲ့အသံက တခြားသူတစ်ယောက်ရဲ့အသံလောက်မသာယာတော့.. မင်းပိုပြီး ခေါင်းကိုက်နေမှာပေါ့"
“ ကဲ.. ဟုတ်ပြီ.. ထားတော့.. ဒီလောက်ဆိုရင် ကိုကို့စိတ်အခြေနေကိုသိပြီ..။ ဒီအတိုင်းပြောလို့တော့မရဘူး..။ ညနေလေးနာရီလောက် ရှစ်မိုင်ပန်းခြံအရှေ့မှာ ခဏလောက်စောင့်နေပေး.. ကျွန်တော်လာခဲ့မယ် "
“ ပြီးတာပဲ.. "
တစ်စထက်တစ်စတင်းမာလာသော ထိုလူသားနှစ်ဦး၏ ဆက်သွယ်မှု..။ ပြတ်တောက်လုနီးပါးအထိပင်..။ တစ်ဦးတွင်သံသယ.. တစ်ဦးတွင် ဝေခွဲမရမှုတို့နှင့် နှစ်ဦးကိုယ်စီနာကျင်လေပြီ..။
ညနေလေးနာရီထိုးသောအခါ သူ၏ချိန်းဆိုမှုအတိုင်းပင် ကျွန်တော်သည် ပန်းခြံအရှေ့သို့ ရောက်နေလေပြီ။ နာရီဝက်ကျော်လွန်သည်အထိ သူရောက်လာခြင်းမရှိ..။ အချိန်မီရောက်မလာခြင်းထက် သူ၏ဖြေရှင်းမှုအား ပို၍ကြားချင်သောကြောင့် ဆက်၍စောင့်နေခဲ့သည်။ နာရီလက်တံသည် ငါးနာရီသို့ညွှန်ပြလေပြီ..။ သူသည်က ရောက်မလာသေး..။ မိမိသည်လည်း ပန်းခြံရှေ့ရှိ အုတ်ခုံလေးတွင် ဆက်၍ရှ်ိနေဆဲ..။ ဖုန်းဆက်သော်လည်း သူ၏ဖုန်းသည် စက်ပိတ်ထားကြောင်းသာ ကြားခဲ့ရသည်။ အချိန်အနည်းငယ်ကြာလာသောအခါ ပျင်းလာသည်မို့ Facebookသုံးနေမိသည်။ ခေတ္တမျှအကြာတွင် Newsfeed၌ ပေါ်လာသောပုံတစ်ခု..။ ထိုပုံထဲတွင် Sunနှင့်ဇာဇာတို့သည် လှပစွာပြုံးနေသေးသည်။ Captionsက Happyဟူ၍သာ..။ တင်ထားသည့်အချိန်တွင် 1hour ago ဟူ၍ပြနေသည်။
ထိုပျော်ရွှင်မှုတို့ကြောင့် Sunသည် မိမိအားမေ့လေပြီဟု ထင်မိသည်။ ဆက်၍စောင့်နေဖို့ရာလည်း အင်အားမရှိသည်မို့ ကျောပိုးအိတ်ထဲမှ စာရွက်နှင့် ဘောပင်ကိုထုတ်တာ စာတစ်စောင်ရေး၍ ထိုအုတ်ခုံလေးတွင် ကျောက်ခဲလေးနှင့်ဖိကာ ထားခဲ့မိသည်။
ကတိမဖျက်ဘဲ ရောက်လာရင် သူ.. တွေ့လိုတွေ့ငြားပေါ့...
လမင်းကိုကိုထွက်သွားပြီး ဆယ့်ငါးမိနစ်ခန့် ကျော်လွန်သောအခါ နေသူရိန်သည် ထိုနေရာသို့ ရောက်လာခဲ့သည်။ မျက်နှာတွင်လည်း စိုးရိမ်မှုအပြည့်နှင့်..။
ကိုကို့အားရှာသော်လည်း မတွေ့..။ ဖုန်းဆက်မည်ပြုသော်လည်း ဖုန်းအားကုန်နေလေပြီ..။ ကိုကို့အား မည်သို့ရှင်းပြရမည်နည်း..။ လူမောသည်ထက် ပို၍စိတ်မောရသည်မို့ ပင်ပန်းမိသည်။ ထို့ကြောင့် အုတ်ခုံလေးတွင် စိတ်ရှုပ်စွာထိုင်မိခဲ့သည်။ ထိုအုတ်ခုံသို့ လက်ထောက်လိုက်သောအခါ ကျောက်ခဲတစ်လုံးနှင့်ဖိထားသည့် စာရွက်တစ်ခု..။ အစွန်းအစအနားတွင်ပေါ်နေသည်က LMKKဟူ၍သာ..။ ဤသည်ကိုကြည့်ခြင်းဖြင့် ၎င်းစာရွက်သည် ကိုကိုထားခဲ့ကြောင်းသိသာသည်။ ထို့ကြောင့် အလျင်အမြန်ဖတ်ကြည့်မိသောအခါ ရိုးရှင်းစွာရေးထားသည့် စာလုံးလေးလုံးသည် မိမိအား နာကျင်မှုကို အပြည့်အဝပေးစွမ်းနိုင်သည်။
“ လမ်းခွဲရအောင် " တဲ့လေ...
ကျွန်တော့်ကို အရမ်းချစ်ပါတယ်ဆိုတဲ့ကိုကိုက ကျွန်တော့်ကြောင့် တော်တော်ပင်ပန်းသွားတဲ့ပုံပဲ..။ မပြောဖူးတဲ့စကားတွေကိုတောင် ပြောနေပြီလေ...။
Advertisement
- In Serial26 Chapters
Before the Day Is Done
The Seven were Mari's entire world. They kept her hidden away, with only themselves for company, but one day they all left. When they came back, everything changed. Mari was thrust into a world of cities, castles, kingdoms, and kings, and none of it made any sense to her. Mari, like always, was subject to the Seven's wills and whims, but ever since they taken the city, they were leaving her by herself more and more, dealing with problems they kept her in the dark about. Mari now had more questions than ever before and no one to answer them.
8 140 - In Serial26 Chapters
Young Alpha, Little Mate
No one even knew that it was possible, but seeing is believing.Usually werewolves meet their mates after they meet their wolves for the first time when they are 16 years old. What will happen when the young alpha meets his mate at the age of 6?Alana is a small abused 5 year old, Elijah is a overprotective 6 year old alpha. They have a connection like no one has seen before.What will happen if soulmates meet as such a young age?♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡This is my first book ever! There might be some spelling/grammar mistakes, it might be cliche. Who knows? Let's see what happens... I hope you enjoy!Comment and Vote!Pictures are from the internet and does not belong to me.
8 506 - In Serial45 Chapters
The Three CEOs
Silas, Sawyer, and Sage Sanders: Three of the youngest billionaires in the world. And three of the most sought-out bachelors available. Owning a multi-billionaire company, Sanders Corporation, the three brothers have risen from their parents' ashes and have taken the world by storm. Their only problem? They are arrogant, entitled, and cold. So what happens when Caden Wilson, a sweet, innocent, but damaged young soul comes crashing into their lives? +++Her face turns towards the bar, and I get somewhat of a clear image of what she looks like and my body freezes. Vanessa detaches her lips from my neck and says something but my mind doesn't register her words. All I can think about is HER. Dancing there with some motherfucker who isn't me. Without a second glance, I stalk toward the dance floor where she is, leaving Vanessa stranded and confused. But I don't give a fuck. Not when I know that someone else's hands are on HER.+++Rankings:#5 in ragstoriches #4 in newauthor #11 in innocent#14 abuse#1 in fiction
8 274 - In Serial47 Chapters
The Vampire King
**Highest rank - #1 in Vampire**The most feared Vampire King.A human girl.Brought together by an unknown prophecy, will she really be the cause of his destruction? Or will he destroy her first? Leaving her to pick up her own broken pieces before she can be an ounce of a threat to him. You're welcomed to explore this world where only bloodthirsty creatures , lies, betrayal, and darkness exist. But don't be surprised if you discover LOVE along the way... -----------------------------Cover by- @forcadeCopyright © 2015. WARNING** Contains inappropriate content, must be 14+ to read. [Word count: 75,000 to 90,000] Enjoy.
8 228 - In Serial34 Chapters
Blood Queen || COMPLETED
**Featured on Wattpad Werewolf profile. Female Alpha category**Hush now, lock your doors.When the lights go out Hear us roarAll through the nightOur enemies shocked with frightAs they hear the thunder that our flames ignite.~~~~I was purposely vague in the description lmao but yes this is a werewolf story and a pretty kickass one if I do say so myself. So if you like badass characters, intense fight scenes, and the odd steamy sex scenes then this is the book for you. Come on now, don't be shy. We won't bite... Much.
8 195 - In Serial58 Chapters
Want To Be Loved (Himiko Toga x Female Reader Story)
Y/n hasn't had a happy life, she never got to be her true self. She's also in UA forced by her mother. This will change once Toga enters her life. This is a villain love story.⚠️Dni in the comments if you're under 15⚠️⚠️THERE ARE TW I INCLUDED IN THE BEGINNING PLEASE READ⚠️⚠️There's also smut in a few chapters!!!⚠️
8 134

