《Amiss Prayer (Zawgyi&Unicode) [Completed]》Part-47(မျက်ရည်စကားဝိုင်း)
Advertisement
For Unicode
မျက်ရည်စကားဝိုင်း
ပျင်းရိစွာဖြတ်သန်းရမည့် ငါးရက်တာသည် ရက်ပေါင်းငါးရာကြာသည့်အလား ခြောက်ကပ်လွန်းပါသည်။ အသံကြားလို၍ ဖုန်းခေါ်ချင်သော်လည်း အချိန်တိုင်းမခေါ်ရဲ။ စာလုပ်နေသည့်အချိန်နှင့်တိုး၍ ရွှေစိတ်တော် ငြိုငြင်မည်ကိုလည်း စိုးရိမ်ရသေးသည်။ သူကို့ချစ်ရခြင်းသည် သိပ်တော့မလွယ်ကူလှ။ လှည့်ပတ်၍အဖြေတောင်းသော်လည်း ဉာဏ်ကောင်းလွန်းသောချစ်ရသူမှာ ဝေ့လည်ကြောင်ပတ်နှင့် အရှောင်ကောင်းလှသည်။
ဟူး...ဘယ်တော့များမှ နီးစပ်မှာလဲ ချစ်သူရယ်...
ချစ်ရသူကို တမ်းတနေစဉ် ဖုန်းလေးမှ အသံမြည်လာသည်။ ဆက်သည့်သူသည် မျှော်လင့်နေသူတော့မဟုတ်။ ဝဏ္ဏဖြစ်သည်။
“ ပြော ဝဏ္ဏ “
“ ငါရှစ်မိုင်ရောက်နေတယ် ခဏလာခဲ့ “
“ မင်းက ညဘက်ကြီးဘာလာလုပ်တာလဲ “
“ ဒီလိုပါပဲ ဟိုဒိုးဒီဒိုးနဲ့ ရောက်လာတာ မြန်မြန်လာခဲ့.. “
“ အေးပါကွာ “
သူငယ်ချင်းဖြစ်သူ အစားတစ်လိုင်းဝဏ္ဏ၏အခေါ်ကောင်းမှုကြောင့် ညရှစ်နာရီတွင် ရှစ်မိုင်သို့ထွက်လာကာ မုန့်စားနေမိပြန်သည်။ စားရုံနှင့်မပြီး..။ ဘီယာလေးကပါလာပြန်သည်။ အစ်ကိုလေး၏ အရှောင်ဇာတ်လမ်းများကိုတွေးရင် ညစ်တွန်းတွန်းကာ သောက်လိုက်သည့်ဘီယာသည် ဘူးရှည်နှစ်ဘူးကုန်သွားခဲ့ပြီ။ အရှိန်ရနေသည်မို့ ဆက်၍သောက်ချင်သည်။ ဝယ်ထားသောမုန့်များမှာလည်း ဝဏ္ဏကြောင့်ကုန်တော့မည်။
အကင်သွားဝယ်ရန်ထွက်လာစဉ် ကံကောင်းခြင်းတို့သည် ကျွန်တော့်ဘက်တွင်ရှိနေသည်။ အကင်ဝယ်နေစဉ် ချစ်ရသူလေးသည် ဘေးနားသို့ရောက်လာသည်။
“ အစ်ကို “
“ ဟမ်.. မင်းက ဘယ်လိုလုပ်ဒီကို ရောက်လာတာလဲ “
“ ဝဏ္ဏခေါ်လို့ရောက်လာတာ.. အစ်ကိုကရော တစ်ယောက်တည်းလာတာလား “
“ မမြင်ဘူးလား “
“ ပြီးရင် ကျွန်တော်အကိုနဲ့ စကားခဏလောက်ပြောချင်တယ် “
“ အခုပြောလည်းရတာပဲ “
“ မဟုတ်ဘူး နှစ်ယောက်တည်းပြောချင်တာ “
“ ဘာလာရစ်ပြန်ပြီလဲ “
“ အင်း.. အခုရစ်မလို့..။ အစ်ကိုနဲ့နှစ်ယောက်တည်း စကားမပြောရမခြင်း ကျွန်တော်အစ်ကို့နောက်ကို လိုက်နေမှာနော် “
ဒီနေ့ သူ့ကိုကြည့်ရတာ ပုံမှန်မဟုတ်ပါလား.. ရုပ်ကလည်း တကယ်လုပ်မယ့်ရုပ်နဲ့..။ ဟူး.. ငြင်းလို့ကလည်း မဖြစ်သေးပါဘူးလေ။
“ အေး အေး ပြီးရော “
တကယ် ဘုကလန့်.. နည်းနည်းမှလူကိုအကောင်းမမြင်နိုင်ဘူး..။ ဒီနေ့တော့ အစ်ကို့ရဲ့ ငြင်းဆန်မှုတွေကို ဆက်ပြီး လက်မခံနိုင်တော့ဘူး။
“ ဝဏ္ဏ မင်းတစ်ယောက်တည်း ဆက်သောက်လိုက်တော့... ငါသူနဲ့စကားပြောစရာရှိလို့ “
“ ဟမ်.. တစ်ယောက်တည်းမသောက်ချင်လို့ မင်းကိုခေါ်တာလေ “
“ နောက်နေ့မှ သောက်ပေးမယ်ကွာ.. အခုမအားတော့လို့ “
ထို့နောက် ဝဏ္ဏကိုထားခဲ့ကာ သူသွားနေသည့် Junction 8ဘေးရှိ လမ်းလေးသို့လိုက်ခဲ့မိသည်။ လမ်းလျှောက်နေစဉ် သူသည် လှမ်းနေသည့် ခြေလှမ်းများကိုရပ်လိုက်ကာ မိမိအား စကားပြောလာသည်။
“ ဘာပြောမလို့လဲ ပြော “
“ ကျွန်တော့်ကို ဘယ်တော့အဖြေပေးမှာလဲ “
စကားပြောရင်း မိမိအရှေ့သို့ ပို၍နီးကပ်လာသောသူ..။ မိမိသည်က သူနီးကပ်လာသည်နှင့်အမျှ ခြေလှမ်းတို့ကို နောက်သို့ဆုတ်မိသည်။ ကံမကောင်းလှစွာ ဓာတ်တိုင်သည် မိမိ၏ခြေလှမ်းတို့ကို အနောက်မှ တားဆီးလိုက်သည်။ ကူရာမဲ့လေပြီ..။ လူသူကလည်းရှင်း နေသည်။
စိတ်တိုနေဟန်ပေါက်နေသည့် သူ့အား သေချာကြည့်နေမိသည်။ ပုံမှန်တော့မဟုတ်..။ နှာခေါင်းဝတွင် ရိုက်ခတ်လာသောအနံ့သည် ဘီယာအနံ့..။
“ မင်းသောက်ထားတာလား “
“ အင်း နည်းနည်း.. “
“ အဲဒါကြောင့် မင်းငါ့ကိုရစ်နေတာ..။ ထားတော့ မူးနေရင်ပြန်တော့ နောက်မှပြော “
“ မပြန်ဘူး သောက်ထားပေမဲ့ မမူးဘူး..။ အစ်ကိုပြော.. ကျွန်တော့်ကို ဘယ်တော့ အဖြေပေးမှာလဲ “
“ မင်းက အဖြေတောင်းတာလား ဓားပြတိုက်နေတာလား “
“ ဓားထောက်ပြီး အဖြေတောင်းရင်.. လူကြားမကောင်းလို့ ပါးစပ်နဲ့ပဲ အဖြေတောင်းနေတာပါ..။ ကျွန်တော်ကို ချစ်တယ်လို့ ဘယ်တော့မှပြောမှာလဲဟင်.. ကြားချင်လှပြီ “
“ ဘာကိစ္စငါက အဲဒီလိုပြောရမှာလဲ..။ ဖယ်ကွာ ငါပြန်တော့မယ် “
နေသူရိန်ကို တွန်းထုတ်ကာ ထွက်သွားသော လမင်းကိုကို..။ ထွက်သွားသည်မှာ ခရီးမရောက်ခဲ့။ အကြောင်းမှာ နေသူရိန်သည် လမင်းကိုကိုအား လက်မှလှမ်းဆွဲလိုက်ခြင်းကြောင့်ဖြစ်သည်။
အသက်သာကြီးပေမဲ့ အားကတော့ ကျွန်တော့်ထက် နည်းပုံပဲ..။ အလစ်မို့လို့လည်း ထင်ပါတယ်..။ တစ်ချက်လှမ်းဆွဲလိုက်ရုံနဲ့ ကျွန်တော့်ဆီပြန်ရောက်လာတဲ့ သူ့ကိုယ်ငယ်လေး..။ ကိုယ်ငယ်လေးကို အလိုက်သင့်စွာပဲ ခါးကနေဖက်လိုက်တော့ ချစ်ရသူလေးက ပြူးပြီးကြည့်နေလေရဲ့..။ မီးရောင်ပျပျသာရှိတဲ့ ဓာတ်တိုင်အောက်မှာ မျက်ဝန်းတောက်တောက်လေးတွေနဲ့ ချစ်စရာကောင်းတဲ့ သူ့ရဲ့ဆွဲဆောင်မှုကို ငြိမ်ကြည့်ပြီး တရားမှတ်နေရအောင် နေသူရိန်ဆိုတဲ့ ဒီလူသားက သမာဓိအား အပြည့်ပါမလာဘူးထင်ပါရဲ့။ မြတ်နိုးခြင်းအဖြာဖြာတို့နဲ့ မျက်ခွံလေးတွေကို အနမ်းခြွေမိခဲ့ပြန်တယ်။
ကျွန်တော်ခြွေချမိတဲ့ အနမ်းကြောင့်.. ရင်ခုန်သွားတယ်ထင်ပါရဲ့..။ သူလေးရဲ့ နှလုံးခုန်သံကို ကျွန်တော်ကြားနေရတယ်..။ နှုတ်ခမ်းလေးက ထုတ်မပြောပေမဲ့ ကြားနေရတဲ့ သူ့ရဲ့ရင်ခုန်သံက တစ်နည်းအားဖြင့် ကျွန်တော့်ကို မီးစိမ်းပြနေတာမျိုးလား..။
Advertisement
“ ဒီထက်ပိုပြီး ရင်ခုန်ချင်သေးလားဟင် “
“ ဟမ်..”
မြန်ဆန်နေသော ရင်ခုန်သံကြောင့် လူသည် မောဟိုက်နေသယောင်..။ အနေအထားသည် ရုန်း၍ရပါလျက် အဘယ့်ကြောင့် မရုန်းမိသနည်း။ မရုန်းချင်၍လော..။ ထိုလူသား၏ အပြုအမူတို့၌ သာယာနေ၍လော..။ ဆောင်းညတွင် အနွေးထည် ဝတ်ဆင်ခြင်းမရှိသည့်ကျွန်တော်သည် လမ်းမထက်တွင် အဘယ်ကြောင့် ဤမျှနွေးထွေးနေရပါသနည်း။
“ ရင်ခုန်ခြင်းရဲ့ အရသာက ဘယ်လောက်စိတ်ဝင်စားဖို့လဲ.. ခံစားကြည့်ပါဦးနော် “
ထိုစကားနှင့်အတူ နှုတ်ခမ်းပေါ်သို့ကျရောက်လာသည့် နူးညံ့သောနွေးထွေးမှု..။ ထိရုံမျှသာ နမ်းနေသည့်အနမ်းက ထိုမျှလောက် ချိုမြိန်သည်လော..။
ထိုလူသားနှစ်ဦးသည် ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်..။ ကံကောင်းသည်က ထိုလူသားနှစ်ဦးကို ဂရုစိုက်မည့် တစ်စုံတစ်ဦးမျှလည်း လမ်းမပေါ်တွင်ရှိမနေခဲ့..။ ချိုမြိန်မှုတို့ကိုသာ စားသုံးနေလျက်...။
နူးညံ့တယ်.. နွေးထွေးတယ်.. ချိုမြိန်လွန်းတယ်.. သူ့နှုတ်ခမ်းတစ်စုံရဲ့ အရသာက အဲဒီလောက်ထိပြည့်စုံတာလား..။ ဆောင်းလယ်ညတစ်ညက သူ့နှုတ်ခမ်းကြောင့် နွေးထွေးလွန်းပါရဲ့..။
စက္ကန့်အနည်းငယ်မျှကြာပြီးနောက် နေသူရိန်အား တွန်းထုတ်လိုက်သည့် လမင်းကိုကို..။ ရှက်စိတ်တို့ ထုံမွမ်းကာ ထွက်ပြေးသွားသည့် ကိုယ်ငယ်လေးမှာလည်း လမင်းကိုကိုပင်..။
ဒီညတော့ အဖြေမပေးသွားလည်း တန်တယ်ဗျာ..။
ပြေးထွက်သွားသူကို အပြုံးတစ်ပွင့်နှင့် စောင့်ကြည့်နေသော နေသူရိန်..။ မမျှော်လင့်ဘဲ ဆုံတွေ့ခွင့်ရခဲ့သည့် ယနေ့ညသည် ထိုလူသားနှစ်ဦးအဖို့ရာ အလှပဆုံးဖြစ်နေလိမ့်မည်။
အိမ်သို့ပြန်ရောက်သောအခါတွင်လည်း အရှိန်မသေသေးသည့် ရင်ခုန်သံတို့ကို ဖုံးဖိကာ လမင်းကိုကိုသည် အိပ်စက်ခြင်းဆီသို့ ဦးတည်လိုက်ပြန်သည်။
တောင်စောင်းပေါ်တွင်ရပ်နေသော ကောင်လေးနှစ်ဦး။ တစ်ဦးက ကျန်တစ်ဦးကို ဖက်ထားသည်။ တစ်ဖက်သတ်ဆန်စွာ ကောင်လေးတစ်ယောက်တည်းကသာ ဖက်ထားခြင်းမျိုးဖြစ်သည်။ ကျန်တစ်ဦးမှာမူ လှည့်၍ပင်မကြည့်..။ တဖြည်းဖြည်းထွက်သွားကာ ဝေးကွာခဲ့လေပြီ..။
မှိုင်းပျပျရီဝေနေသည့် ညနေဆည်းဆာအချိန်..။ အများအတွက် လှပတန်ကောင်း လှပလိမ့်မည်။ ထိုကောင်လေးတစ်ဦးအတွက်တော့ မလှပခဲ့။ တောင်လေတဖြူးဖြူးသည်က ကောင်လေးအားညှာတာခြင်းမရှိ တိုက်ခတ်လို့နေသည်။ ပတ်ဝန်းကျင်၏အအေးဓာတ်နှင့် မှောင်မိုက်လာမှုတို့သည် ကောင်လေး၏ကြေကွဲမှုတို့နှင့် ပနံသင့်လှစွာ။ ဝမ်းနည်းသူကို ပို၍ပူဆွေးစေလိုရန် အားဖြည့်ပေးနေသည့် ပတ်ဝန်းကျင်တစ်ခွင်ကို ကောင်လေးကျေးဇူးမတင်မိ။ ကျဆင်းလာသောမျက်ရည်စက်တို့ကို ဖယ်ရှားပေးမည့်သူမရှိ။ ဝမ်းနည်းမှုတို့ကို ဖြေသိမ့်ပေးမည့်လူမရှိ။ တုန်ယင်နေသော ခန္ဓာကိုယ်လေးအား ပွေ့ဖက်ပေးမည့်သူမရှိ။ ရက်စက်လှသည်။
နေဝန်းသည်လည်း တောင်တန်းအနောက်သို့ ပုန်းလေပြီ။ ချစ်သောသူ၏အချစ်တို့သည်လည်း မိသားစု၏အနောက်သို့ ပုန်းလေပြီ။ ပုန်းလေသူကို လိုက်၍ရှာသည်...။ ခြေလှမ်းတို့သည်လည်း ယိုင်လုနေပြီ..။ အားအင်တို့သည်လည်း ကုန်ခမ်းလုနေပြီ..။
အတန်ကြာသောအခါ ရှာ၍တွေ့ပါသည်။ ရှာတွေ့ခဲ့သော မြင်ကွင်းသည် ပျော်ရွှင်ဖွယ်မကောင်းခဲ့..။ နာကျင်မှုအတိနှင့်။ ကြောက်မက်ဖွယ်အတိနှင့်။
သွေးအိုင်ထက်တွင် ကျင်းပနေသော ခမ်းနားလွန်းသည့် မင်္ဂလာပွဲ..။ သွေးအိုင်ပေါ်တွင် ပျော်ရွှင်စွာလမ်းလျှောက်နေသော သတို့သမီးနှင့် သတို့သား..။ သတို့သားမှာ မိမိ၏နှလုံးသားတို့အား လွှမ်းမိုးနိုင်သည့်လူသား..။ တောင်စောင်းပေါ်တွင် မိမိအားထားရစ်ခဲ့သည့် ထိုလူသား..။ ဤမျှရက်စက်သည်ဘော..။ သွေးတို့ ယိုစီးလာရာကိုကြည့်နေရင်းပင် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို ထပ်၍တွေ့ရပြန်သည်။ သွေးတို့၏ပိုင်ရှင်သည် မိမိ၏ဖခင်ဖြစ်နေသည်..။
အိပ်မက်မဟုတ်လား... ကျေးဇူးပြုပြီး နိုးထခွင့်ပေးပါ.. အား...။
ဖြေမဆည်နိုင်သော ဝမ်းနည်းမှုတို့သည် ရင်ထဲတွင် စို့နစ်လျက် အော်ဟစ်ကာနိုးထလာသည့် လမင်းကိုကို..။
ဘာလို့အဲဒီလောက် နာကျင်နေရတာလဲ..။ ဘာလို့အဲဒီလောက် ပင်ပန်းနေရတာလဲ..။ တကယ်ပဲ ဒီဝဋ်ကြွေးကြီးက ရုန်းထွက်ချင်လာပြီ..။ ခင်ဗျား ဘယ်အချိန်တွေထိ စိတ်ဒုက္ခပေးဦးမှာလဲဗျာ...။
ဆက်၍မအိပ်ရဲ..။ ယနေ့ညကိုလည်း တစ်ယောက်တည်းသာ ထိုင်နေလျက် ကုန်ဆုံးပြန်သည်။
မနက်မိုးလင်း၍ ကျောင်းသွားခါနီး မနက်စာစားရင်းပင် မေမေသည် ကျွန်တော်နှင့်ပတ်သက်၍ သူ၏စိုးရိမ်မှုတို့အား ပြောပြလာသည်။
“ သား.. ညက မအိပ်ပြန်ဘူးလား..။ သားညဘက်တွေမအိပ်တာ များနေပြီ.. စာကတစ်ဖက် ကျောင်းကတစ်ဖက်နဲ့ အဲဒီလိုမအိပ်တာများနေရင် မကောင်းဘူးနော် “
“ ဟုတ်.. သားသိပါတယ် “
“ သိရင်လည်း မေမေ့စကားကိုနားထောင်ပါလားကွယ် “
“ သားနားထောင်ပါမယ် “
“ အင်း.. အဲဒါဆို သားညနေပြန်လာရင် မေမေ့အသိတစ်ယောက်ပြောပြတဲ့ ဆရာမကြီးဆီကိုသွားရအောင်နော် “
“ ဟုတ် “
ယုံကြည်ခြင်း မယုံကြည်ခြင်းထက် ဤအတိုင်းနေရန် မဖြစ်နိုင်တော့သည်မို့ မေမေ့စကားကိုလက်ခံမိသည်။
ထို့ကြောင့် ကျောင်းမှစောစောပြန်လာခဲ့သည်။ အိမ်သို့ရောက်သောအခါတွင်လည်း မေမေခေါ်သည့် ဆရာမကြီးထံသို့တစ်ဆက်တည်းသွားမိသည်။ သိပ်၍မဝေးလှ..။ မိမိတို့နှင့် နှစ်မှတ်တိုင်အကျော်လောက်တွင်သာရှိသည်။ ဝင်သွားမိသည့် လမ်းနာမည်သည် မြဝတ်ရည်လမ်း..။ ရောက်ခဲ့သောအိမ်သည်လည်း ရိုးရှင်းစွာပင်.. ဆိုင်းဘုတ်များကပ်ထားခြင်းမရှိ..။
အိမ်ထဲသို့ဝင်သွားသောအခါ ဧည့်ခန်းထဲတွင်ထိုင်နေသာ အမျိုးသမီးကြီးနှစ်ဦး..။ မေမေနှင့်ရွယ်တူဟုထင်ရသော အမျိုးသမီးသည် မိမိတို့အား ပြုံး၍ကြိုဆိုသည်။ မေမေထက် ပို၍အသက်ကြီးဟန်ပေါ်သော အမျိုးသမီးသည် မိမိအားစူးစိုက်၍ကြည့်နေသည်။
ထို့နောက် ထိုအမျိုးသမီးကြီးသည် ကျွန်တော့်နှင့် မေမေအား ဓာတ်ခန်းထဲသို့ခေါ်သွားသည်။ မေမေနှင့်ကျွန်တော်သည်လည်း ဘုရားရှိခိုးပြီးနောက် မေမေက ထိုအမျိုးသမီးအား ကျွန်တော့်အကြောင်း တစ်စွန်းတစပြောပြခဲ့သည်။
Advertisement
“ ဆရာမကြီးကို ကျွန်မအသိတစ်ယောက်က ပြောပြလိုက်လို့ ရောက်လာရတာပါ.. “
“ ဪ... လာရတဲ့အကြောင်းလေး ပြောပါဦး “
“ ဒီလိုပါ.. သားလေးက လူမှန်းသိတတ်စအရွယ်ကတည်းက အိပ်မက်ဆိုးတွေမက်နေတာ အခုချိန်ထိပါပဲ...”
“ ဘယ်လိုအိပ်မက်ဆိုးမျိုးလဲ “
“ သားလေး.. ဆရာမကြီးကို အကုန်ပြောပြလိုက်နော် “
“ ဟုတ်.. ဒီလိုပါဆရာမကြီး.. သားအိပ်မက်ဆိုးတွေခဏခဏမက်ပါတယ်..။ အိပ်မက်ထဲမှာ အမြဲတမ်းလူတစ်ယောက်နဲ့တွေ့ရတယ်..။ သူကသားကို ချုပ်နှောင်ထားသလိုမျိုးပဲ.. သူ့အမိန့်တွေကို သားမလွန်ဆန်နိုင်ဘူး..။ နောက်ပြီး အခုတစ်လော ပိုဆိုးလာတာက သွေးထွက်သန်ယိုတွေ ခဏခဏမက်နေတာပါ “
“ သား အိပ်မက်ထဲသူက အမျိုးသားလား အမျိုးသမီးလား “
“ အမျိုးသားပါ “
“ သူ့ပုံစံအသွင်အပြင်နဲ့ပတ်သက်ပြီး သားမြင်ရတာကိုပြောပြပါလား “
“ သူ့ရဲ့ရုပ်ကို သားမမြင်ရဘူး.. တစ်ခုတော့ရှိတယ် သူ့ရဲ့ဘယ်ဘက် ပခုံးအနားမှာ အမှတ်လိုလို တစ်ခုတော့ရှိတယ် “
“ သားရဲ့ ညာဘက်နားအနောက်မှာ အမှတ်ပါလား “
“ ဟုတ်.. ပါပါတယ် “
“ အမျိုးသားတစ်ယောက်ကို အိပ်မက်မက်တယ်.. သူ့ကိုမလွန်ဆန်နိုင်ဘူးဆိုတာက အိမ်ကမြေးရဲ့ အိပ်မက်နဲ့တူနေတယ်..။ မြေးမှာက ဘယ်ဘက်ပခုံးအနားမှာ အမှတ်ပါတယ်။ သားအိပ်မက်ထဲက ကောင်းလေးကလည်း ဘယ်ဘက်ပခုံးမှာ အမှတ်ပါတယ်။ မြေးအိပ်မက်ထဲက ကောင်းလေးက ညာဘက်နားအနောက်မှာ အမှတ်ပါတယ်.. အခု သားကလည်း အမှတ်ပါတယ်ဆိုတော့... တကယ်ပဲ မင်းတို့နှစ်ယောက် ဆုံစည်းရတော့မှာလား “
“ ဗျာ “
လမင်းကိုကိုတစ်ယောက် အံ့ဩနေခိုက် ဒေါ်သီတာဦးက ဧည့်သည်များသုံးဆောင်ရန် ကျောင်းမှပြန်ရောက်လာသည့်နေသူရိန်အား ဓာတ်ခန်းထဲသို့ အအေးပို့ခိုင်းလိုက်ရာ နေသူရိန်ပါထပ်ဆင့်အံ့ဩရပြန်သည်။
“ အစ်ကိုက ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ “
“ နေသူရိန်လား... ဆရာမကြီးပြောတဲ့ မြေးဆိုတာ သူလား “
“ ဟုတ်တယ်သား..။ သားအိပ်မက်ထဲကလူက အဘွားရဲ့မြေးပါ..။ မြေးအိပ်မက်ထဲကလူက သားပါ “
“ အဲဒါဆို.. သားနဲ့သူနဲ့က “
“ သားနဲ့သူနဲ့က ရှေးရေစက်ပါခဲ့တယ်။ အကြောင်းကံအရ သားတို့က တစ်နေ့ပြန်ကိုဆုံရမယ် “
“ ဟမ်..”
“ ဆုတောင်းတွေမှားခဲ့ကြတယ်.. အရင်ဘဝက သားတို့တွေမေတ္တာမျှခဲ့တော့ ဘဝဆက်တိုင်းပေါင်းရဖို့ ဆုတောင်းခဲ့တယ်..။ မှားယွင်းခဲ့တဲ့ဆုတောင်းက အခုပြည့်နေတယ်လေ..။ သားတို့က ဘယ်ဘဝ ဘယ်အနေအထားပဲရောက်ရောက် ပေါင်းဖက်ရမယ် “
“ တကယ်လားဘွားဘွား..”
ပျော်ရွှင်သွားသူက နေသူရိန်ပင်..။ ရှုပ်ပြီးရင်းရှုပ်နေသူက လမင်းကိုကိုပင်..။
“ ပေါင်းဖက်ရမယ်ဆိုပေမဲ့ တစ်ချိန်ကသားတို့ရဲ့လက်နှစ်ဖက်မှာပေနေတဲ့သွေးက ကျိန်စာသဘောမျိုးနဲ့ သားတို့ကို တားဆီးနေတယ်။ အဲဒီတားဆီးမှုကြောင့် သားတို့နှစ်ယောက်ရဲ့ကံကြမ္မာက နည်းနည်းစိုးရိမ်ရတယ်။ သားတို့နှစ်ယောက်ထဲက ကံနိမ့်တဲ့သူတစ်ယောက်ယောက်.. ထိခိုက်လာနိုင်တယ် “
“ သွေးဆိုတာ.. အမျိုးသမီးတစ်ယောက်ရဲ့သွေးလား “
လမင်းကိုကို၏ ထိုအမေးကြောင့် ဒေါ်မေဦးသည် မျက်လုံးမှိတ်ကာ အာရုံခံနေခဲ့သည်။ မိနစ်အနည်းငယ်မျှကြာသောအခါ ဒေါ်မေဦးသည် ခေါင်းတဆတ်ဆတ်ညိတ်ကာ ဖြေသည်။
“ အင်း.. သူ့ကို မြင်ဖူးလား
“ ဟုတ်.. အိပ်မက်ထဲမှာ မြင်ဖူးတယ်..။ သူ့လက်ကို ဓားနဲ့မွှန်းပြီး မြေစာပုံနှစ်ခုကြားမှာ စကားပြောတဲ့သူ့ပုံစံကို သားမှတ်မိတယ် “
“ ဟုတ်တယ် အခုမြင်နေရတဲ့ သားရဲ့အတိတ်ဘဝပုံရိပ်တွေမှာလည်း အဲဒီလိုပြနေတယ်..”
“ သားရဲ့အတိတ်ဘဝပုံရိပ်တွေက သားအိပ်မက်နဲ့ တူနေတာလားဆရာမကြီး “
“ ဟုတ်တယ်.. သားရဲ့အိပ်မက်တွေက သားရဲ့အတိတ်ဘဝကို ပြန်ပြနေတာ “
ထိုစကားကြားပြီးနောက် ကျွန်တော့်၏ဝမ်းနည်းမှုတို့သည် အစိုးမရခဲ့..။ မျက်ရည်များပင်ဝဲလာသည်..။ အိပ်မက်ထဲတွင် မိမိချစ်ရသောသူက မိမိကိုသတ်ခဲ့သည်လေ..။
“ ဒါဆို.. နေသူရိန်က...သားကို သတ်ခဲ့တာပေါ့ “
နာကြည်းသယောင်အကြည့်များနှင့် မျက်ရည်များကျဆင်းလျက် ပြောလာသော အစ်ကို့စကားကြောင့် မိမိပါဆောက်တည်ရာမဖြစ်ခဲ့သည်..။
“ အစ်ကို ကျွန်တော့်ကို အဲဒီလိုမကြည့်ပါနဲ့..။ ကျွန်တော်က ဘာကိစ္စအစ်ကို့ကို.. သတ်ရမှာလဲ “
လူငယ်နှစ်ဦး၏ ဝမ်းနည်းမှုများအကြား ဒေါ်မေဦး၏ အမြင်အာရုံ၌ မြင်ရသည်ကို ပြန်လည်ပြောပြသည့်စကားသည် ရင်ကွဲစရာ..။
“ ဟုတ်တယ်မြေး.. အတိတ်ဘဝက မြေးသူ့ကိုသတ်ခဲ့တာ.. နောက်တစ်ဘဝမှာလည်း မြေးကြောင့် သူထိခိုက်ပြီး သေဆုံးခဲ့ရတာ “
ကိုယ်ချစ်ရတဲ့သူကို ကိုယ်ကနာကျင်စေခဲ့တာလား..။ မဖြစ်နိုင်တာ ကျွန်တော်က အစ်ကို့အရမ်းချစ်ခဲ့တာပါ..။
“ အစ်ကို.. အဲဒါတွေက အတိတ်တွေပါဗျာ..။ အခု.. ကျွန်တော်ကိုယုံပါနော် ကျွန်တော်အစ်ကို့ကို နာကျင်အောင် တကယ်မလုပ်ပါဘူး..”
မျက်ရည်များနှင့်တောင်းပန်နေသော မြေးကြောင့် အဘွားဖြစ်သူမှာလည်း စိတ်မချမ်းသာ..။
“ မြေးပြောတာဟုတ်ပါတယ်.. အဲဒါတွေကအတိတ်တွေပါ.. အခုပစ္စုပ္ပန်မှာ အကောင်းဆုံးကြိုးစားနေလို့ရပါတယ်.. ရှေးရေစက်နဲ့ အကြောင်းကံတွေ ဖူးစာတွေဆိုတာ ရှောင်လွှဲလို့မှ မရပဲ... “
“ အတိတ်ဘဝတွေတုန်းက နာကျင်ခဲ့သလို.. အခုဘဝမှာ ရှေ့ဆက်တိုးရင်လည်းကျိန်စာကြောင့် ခက်ခဲဦးမှာပဲ.. ထိခိုက်ဦးမှာပဲ.. နာကျင်ဦးမှာပဲမဟုတ်လား..။ ပူမှန်းသိရဲ့နဲ့ ရှေ့ဆက်တိုးရအောင် ကျွန်တော်က ပိုးဖလံမှမဟုတ်တာ..”
ထိုစကားပြောပြီးနောက် ဘုရားခန်းထဲမှထွက်သွားသည့် လမင်းကိုကို..။ ဆရာမကြီးကို ကန်တော့ကာ လမင်းကိုကိုအနောက်သို့လိုက်သွားရသော သူ၏မိခင်..။ လှည့်ထွက်သွားသော ချစ်ရသူ၏လက်ကိုပင် မဆွဲနိုင်သည်အထိ ဝမ်းနည်းနေသော နေသူရိန်..။ မြေး၏မျက်ရည်တို့ကိုကြည့်ကာ စိတ်မကောင်းဖြစ်နေသော ဒေါ်မေဦး..။
လူငယ်နှစ်ဦး၏ မျက်ရည်စကားဝိုင်းသည် ဤနေရာတွင်သာ အဆုံးသတ်ခဲ့သည်..။
Advertisement
- In Serial31 Chapters
One Shots Compilation
A compilation of different one shots. Suggestions are taken. Comment them of inbox me.
8 193 - In Serial19 Chapters
The Alphas Mistress
Autumn Rhodes never in a million years would have ever expected her life to change so drastically. Being a very iconic fashion designer with her own company and being so independent she would never imagine herself cowering before Mason Grey, Alpha of the Moon River pack and most feared by all. Possessive as ever Mason would never let Autumn go back out to her once beautiful life even though he despises her and is always with his mistress Raven. -Sample-My heart swelled as I saw him kiss her over and over, a smile on both their faces. What kind of monster does this ? He is my mate yet he acts as if he feels nothing, how can he feel nothing yet I feel like I am dying, rotting from the inside out. He turns his head and looks at me his icy blue eyes shooting metaphorical bullets at me and a cynical smile playing on his lips. I look away and clench my jaw, I have no appetite."Excuse me," I say getting up from the dinner table and storming out the dinning hall. My heart ached and I felt like I was about to explode into a fit of never ending tears"Where the hell are you going?" He asked grabbing my arm, I didn't even notice he came after me"Away from the both of you," I said never looking at his eyes"Get your ass back in there and eat, you haven't eaten in days you're gonna end up dying," he said almost with sympathy, he touched my jaw and my then my cheeks. My skin burned under his touch I craved for more, I wanted more, "you're a weak, pathetic human never forget you're not as strong as we are go back and eat your dinner," he pulled his hands off me and his voice became filled with anger "No!" I shouted back, I will not follow his stupid orders and over my dead body will I go back there just to be humiliated, "why don't you just reject me already? What the hell are you waiting for? I don't wanna be here stuck with you and clearly you hate me put us both out our misery and reject me Mason" He frowned and signaled a guard, "take her away."
8 195 - In Serial28 Chapters
The Rhythm |BTS Jimin FF| Jimin X Reader
"It's so pretty. I could spend the whole day there." I say, looking around. "Yes, very pretty." Jimin says, looking at me. I look at him and playfully slap his arm. "Aish! You and your cheesy pickup lines." Y/N used to live a pretty simple life but who knew that meeting Jimin, the perfect boy, wasn't a coincidence but a planed incident. Her simple life turns into a drama. What began with the rhythm, ends with a bang.
8 210 - In Serial3 Chapters
Wet for my Step Dad
Times where i was wet for my step dadstep daddy*
8 128 - In Serial33 Chapters
SLAVES TO THE MOON: Denying Brady
Rejecting a mate is punishable by a fate worse than death. I knew this but that didn't discourage me from doing the unthinkable. *******Brady was the single most conceit, selfish and arrogant blue blood I'd ever known. Merciless to my feelings, he was beloved by everyone but me. He was also one step away from inheriting his throne to become Alpha. A fact that made everyone blind to the cruel poison he'd held and used to ruin my early youth. I hated him and I'd hated him most when I came of age.Where on my sixteenth birthday, as all werewolves did, I found my mate - the other half of my soul in him. Broken and vengeful I swore and refused to give myself willingly to him. Not for any other reason, not for the gods and definitely not for Him. Not even when the cost of rejecting a mate resulted in a fate worse than death. I hated him, I'd never forgive him, I didn't want him and I was so certain I'd never love him.At least that's what I thought.Too bad, I realised it a little too late. ********READ AT OWN RISK: Your heart will break to pieces before it fixes itself back together. A 3rd Place Winner of the Official Short Story Contest on Inkitt, Denying Brady is a multifaceted and intense love story. Highly Recommended for a tension-filled read where no one is innocent but a happy ending is guaranteed.
8 178 - In Serial79 Chapters
BL | Bai Yueguang From Slag Gong And I Have HE [Quick Wear]
⚠MACHINE TRANSLATIONTitleBai Yueguang From Slag Gong And I Have HE [Quick Wear]/渣攻的白月光和我HE了AuthorGuzheng/故箏Status79 Chapters (Completed)http://www.jjwxc.net/onebook.php?novelid=4613705https://m.shubaow.net/145/145905/https://www.pilibook.com/book/2143.html.INTRODUCTIONWang Weichu, a name that is very perfunctory for cannon fodder passers-by at first glance, his life is indeed cannon fodder,He was picked up by his father from the mountain village, and the first thing he did was to marry into a wealthy family as a man and wife.His husband, Mr. Cheng, is handsome and young, and he looks up to and adores Mr. Cheng.However, the whole city knows that Mr. Cheng has Bai Yueguang in his heart, and he can't get it after several years, and he can't even get one percent of Bai Yueguang.Until the family banquet, Wang Weichu saw Bai Yueguang Cen Yao,This noble and elegant, indifferent and unapproachable Bai Yueguang hooked his leg under the table...[Quick Transmigration, the copywriting is only a summary of the first world, self-cutting, the whole text is a routine, and is redeemed and healed by Bai Yueguang. Dog blood dog blood Su Shuangtian, bold. Bai Yueguang is beautiful and fierce 1! Don't stand wrong! 】
8 376

