《Amiss Prayer (Zawgyi&Unicode) [Completed]》Part-45(ပျော်ရွှင်မှု)
Advertisement
For Unicode
ပျော်ရွှင်မှု
သင်တန်းတက်ရသည့်ရက်သည် စနေနှင့်တနင်္ဂနွေနှစ်ရက်သာဖြစ်သည်။ ထို့ကြောင့် ကျန်သောငါးရက်အား ပျင်းရိစွာ ကျောင်းတွင်အချိန်ကုန်မိသည်။ သူငယ်ချင်းများ စနောက်သောအခါတွင်လည်း မပျော်ခဲ့..။ စိတ်တို့သည်က သူထံတွင်သာ..။ ထိုကြောင့် သူနှင့်အဆက်အသွယ်ရရန် မျိုးစုံစဉ်းစားရပြန်သည်။
တစ်ခုတည်းသော တွေ့ဆုံခွင့်လေးသည် onlineတွင်သာဖြစ်နေသည်။ ထို့ကြောင့် ချစ်ရသူလေးနှင့်ဆက်သွယ်ရန် Facebook accountကိုလိုက်ရှာရမည် ဖြစ်သည်။
ဆိုတော့ကာ... သင်တန်းကဆရာရဲ့accountကို အရင်မွှေရတယ်ပေါ့..။ အဲဒီထဲကမှ ကိုယ့်အချစ်လေးရဲ့accountကို ရှာရတယ်ပေါ့..။ ချက်ချင်းတော့မတွေ့ဘူး။ တစ်နာရီလောက်ရှာလိုက်ရတယ်..။ ရှာတွေ့တော့လည်း အရမ်းပျော်ရပြန်တယ်..။ Profileမှာရေးထားတာလေးကြောင့်ပေါ့။ Single တဲ့လေ..။
အနေအေး၍ဖြစ်မည်။ အကောင့်ထဲတွင် သူ၏ပုံသည် များများစားစားမရှိ..။ ရှားရှားပါးပါးတင်ထားသည့် ပုံလေး၏အောက်တွင်လည်း မိန်းမပျိုတို့၏အသည်းတွေက အပြည့်..။ ယောက်ျားထုကလည်း တစ်ခါတစ်ရံပါနေသေးသည်။ သဝန်တိုစရာတော့ ကောင်းလှပြီ..။
Friend requestအား ချက်ချင်းလက်မခံသောကြောင့် ပို၍စိတ်ခုရသည်။ သူသည်မိမိကို မခင်ချင်သောကြောင့် လက်မခံသည်ဟူ၍ အတွေးခေါင်ပြန်သည်။ Friend Request ပို့ထားသည်က တနင်္လာနေ့ကတည်းကပင်ဖြစ်သည်။ ယခုတွင်မူ သောကြာနေ့ဖြစ်နေပြီ..။ မကြာခဏလည်း Facebookကို ဝင်ကြည့်နေမိသည်..။ ထိုသို့ ကြည့်နေစဥ်တွင် ကံတရားသည် မိမိဘက်သို့ရောက်လာသည်။ သူလက်ခံလိုက်သည်။ ထုံးစံအတိုင်းပင် ကိုယ်က စကားစပြောရမည်။
" Hi "
" Hi "
" ကျွန်တော်ကိုသိလား "
" ဟိုနေ့က မုန့်တောင်းစားသွားတဲ့တစ်ယောက်မဟုတ်လား "
" သိနေတယ်ပေါ့ "
" မင်းပုံကြီး ပြူးနေအောင်တင်ထားတာ ငါကမသိဘဲနေမလား "
" ဪ... အင်းပါ... အစ်ကို အခုဘာလုပ်နေလဲ "
" ဘာမှမလုပ်ဘူး Gameဆော့ပြီး ခဏနားနေတာ "
" နောက်နေ့တွေကို ကျွန်တော်စာနားမလည်ရင် ဒီကနေမေးလို့ရလား "
" သင်တန်းကစာလား.. သင်တန်းကအစ်ကို သင်ပေးတာ နားမလည်လို့လား "
" အခုတော့ နားလည်ပါတယ်.. နောက် နားမလည်ခဲ့ရင်ပြောတာ "
" ဪ.. အင်းပါ.. ငါသိသလောက်တော့ ပြောပြနိုင်ပါတယ် "
" ဟုတ်.."
" အင်း ... ငါ အိပ်ချင်လာလို့ outတော့မယ် "
" ဟုတ်ကဲ့.. Goodnightဗျ "
" အင်း "
အချေလေးဗျ.. Goodnightတောင် ပြန်မပြောသွားဘူး။ အဲဒီလိုချေနေလို့ ရည်းစားမရသေးတာနေမယ်..။ အဲဒါလည်း ကောင်းပါတယ်လေ.. ကိုယ့်အတွက် အခွင့်အရေးရတာပေါ့...။
တစ်ဖက်တွက် အတွေးငယ်တို့နှင့်ပျော်ရွှင်နေသောကောင်လေး...။ တစ်ဖက်တွင်တော့...
Basicလေးတောင် နားမလည်ဘူးဆိုတော့... သူနည်းနည်းများထိုင်းတာလား..။ ဒီခေတ်ကြီးမှာ တူတောင်မကိုင်တတ်သေးဘူးဆိုတော့... သူ.. မွေးကတည်းကများ ကျပ်မပြည့်တာလား..။
ဤသို့အနည်းငယ်မျှ အကောင်းမြင်ဝါဒနှင့် အဆိုးမြင်ဝါဒများ ကွဲလွဲနေသေးသည်။
လမင်းကိုကိုတစ်ယောက် နေသူရိန်အကြောင်းအားအဆိုးမြင်ဝါဒနှင့် တွေးနေစဉ် ဖုန်းလေးမှအသံမြည်လာသည်။ ပေါ်နေသည့် နာမည်မှာ အစ်ကိုဇေယျာဟူ၍ဖြစ်သည်။
" အစ်ကို.. ပြော "
" မနက်ဖြန်သင်တန်းကို စောစောခဲ့ပေး.. "
" ဘာလို့တုံး "
" မနက်ဖြန် အစ်ကို့ကောင်မလေးမွေးနေ့ရှိတယ်ကွာ..။ အဲဒါ Surprise လေးလုပ်ပေးမလို့.. သွားရမယ်။ မနက်ပိုင်းကို အစ်ကိုက basicက ကလေးတွေကိုသင်ခန်းစာအသစ်သင်ပေးခဲ့မယ်.. ပြီးတာနဲ့အစ်ကိုက ကောင်မလေးဆီသွားမယ် လမင်းက သူတို့ကိုနည်းနည်းထိန်းပြီး ဆက်ပြပေး "
" အလကားတော့ရမလား အစ်ကိုရ "
" ကြက်ကြော်ဝယ်ကျွေးမယ်ကွာ မင်းကလည်း ညီအစ်ကိုအချင်းချင်း ဈေးကိုင်လိုက်တာ "
" ကိုင်ရမယ်လေ.. ကျွန်တော့်နားချိန်လေးကို အစ်ကိုကဖျက်ဆီးတာကို..။ ဒါနဲ့ နေပါဦး အစ်ကိုကအဲဒီလိုသွားတော့ ကျွန်တော့်တို့အတန်းကိုရော ဘယ်သူသင်မှာလဲ "
" ရာဇာလာသင်ပေးလိမ့်မယ် "
" ဪ.. အင်းပါ.. ကြက်ကြော်ကတစ်ခြင်းနော် "
" အေးပါကွာ.. ဖုန်းချတော့မယ် "
" အင်း ပြီးရော "
ဖုန်းပြောပြီးသည်နှင့်တစ်ပြိုင်နက် အိပ်စက်ခြင်းဆီသို့ ဦးတည်လိုက်သည်။ မအိပ်စက်ခင်တွေးမိသည်က မက်မြင်နေကျအိပ်မက်တချို့အကြောင်းပင်..။
ဟူး... ဒီညလည်း ဘာတွေမက်ဦးမလဲမသိဘူး.. စိတ်ညစ်လိုက်တာ။
စိတ်ညစ်မှုတို့တစ်စွန်းတစ်စနှင့် အိပ်မက်ကမ္ဘာသို့အလည်သွားမိသည်။
မြူခိုးငွေ့တို့ ဖုံးလွှမ်းလျက် ဘေးပတ်ဝန်းကျင်ကို ဝိုးတဝါးသာမြင်နေရသည်။ ရပ်နေမိသည့် ခြေအစုံသည်လည်း ဆက်မသွားချင်၍ ရပ်နေခြင်းမျိုးမဟုတ်..။ တစ်စုံတစ်ခုသောအရာက ချုပ်နှောင်ထားခြင်းမျိုးဖြစ်သည်။ သို့သော်.. ထိုချုပ်နှောင်ထားသည့်အရာကိုလည်း မမြင်ရပေ..။ ထို့နောက် မိမိအနောက်မှ ခြေသံတချို့ ထွက်ပေါ်လာသည်။ အနားသို့နီးလာလေလေ အေးစက်မှုတို့ ကြီးစိုးလာလေလေဖြစ်နေသည်။ ထိုအေးစက်မှုတို့ကို မိမိကလည်း သဘောကျနေသယောင်..။ ထိုခြေသံတို့ရပ်သွားသည့်အခိုက် မိမိကိုဖက်တွယ်လာသည့် လက်တစ်စုံ..။
" ကောင်လေး "
" အင်း.. ပြော "
Advertisement
" ကောင်လေး ပျော်ရဲ့လား "
ဦးတည်မှုမရှိသော ထိုမေးခွန်းကို ကျွန်တော်ပြန်မဖြေမိ..
" ကောင်လေးသတိမထားမိဘူးထင်တယ်... ကိုယ်တို့တွေ ပြန်ဆုံနေပြီလေ "
" ဟမ်.. "
" ပေးခဲ့တဲ့ကတိအတိုင်း.. တောင်းခဲ့ဖူးတဲ့ဆုတောင်းအတိုင်း ကိုယ်တို့တွေပြန်ဆုံနေပြီ..။ ကိုယ်ကတော့အရမ်းဝမ်းသာတယ်..။ ကိုယ့်ကို အခုချိန်ထိစောင့်နေပေးလို့ အရမ်းလည်းကျေးဇူးတင်တယ် "
" စောင့်နေဖို့ကိုက ခင်ဗျားပဲ အမိန့်ပေးခဲ့တာလေ.. "
" သခင်ဆန်မှုက ဖျောက်မရဘူးထင်ပါတယ်..။ ဟုတ်ပါတယ်.. တကယ်အမိန့်ဆန်သွားတယ်.. ခွင့်လွှတ်ပါနော်..။ သိပ်ချစ်လွန်းလို့ ချုပ်နှောင်ထားရုံပါ "
" ချုပ်နှောင်တယ်ဆိုကတည်းက ခင်ဗျားအတ္တကြီးနေတာ "
" အင်း.. ကိုယ်အတ္တကြီးတယ်..။ တစ်ချိန်ကမလှပခဲ့ပေမဲ့ ဒီအချိန်မှာတော့ လှပမှာပါ "
ထိုစကားနှင့်အတူ ပခုံးထက်တွင် စိုရွှဲလာသည့် သူ၏မျက်ရည်များ..။
" အရင်က ကောင်လေးနာကျင်ခဲ့သမျှကို ဒီဘဝမှာတော့ အချစ်တွေနဲ့ပြန်ပေးဆပ်မှာပါ။ အရင်ကဖြစ်ခဲ့သမျှကို တကယ်တောင်းပန်ပါတယ် "
" ခင်ဗျားပြောတဲ့အရင်ကအကြောင်းတွေကို ကျွန်တော်တကယ်မသိဘူး..။ နောက်ပြီး ခင်ဗျားကိုလည်း အပြစ်မတင်မိတာမို့ တောင်းပန်စရာမလိုပါဘူး "
" ကောင်လေးက အခုထိ ကိုယ့်ကိုနားလည်ပေးနိုင်တုန်းပဲနော်..။ အရမ်းချစ်တယ်ကောင်လေးရယ်.."
ထိုစကားနှင့်အတူ မိမိခြေများအားချုပ်နှောင်ထားသော အရာတို့သည် တဖြည်းဖြည်း အားလျော့လာကာ ချုပ်နှောင်မှုတို့ မရှိတော့ပြီ..။
" ဆက်ပြီး မချုပ်နှောင်တော့ဘူးလား "
" ပြန်ဆုံနေပြီမို့လို့ ဆက်ချုပ်နှောင်ဖို့ မလိုတော့ဘူးထင်တယ် "
" ချုပ်နှောင်မှုမှာ နေသားကျပြီမို့လားတော့မသိဘူး.. အခုလိုလွတ်လပ်သွားတော့လည်း တစ်မျိုးကြီးပဲ "
" ဒီမှာ ကင်းလွတ်ပေမဲ့.. အပြင်မှာတော့ ကင်းလွတ်မှာမဟုတ်သေးလို့ သိပ်တော့မစိုးရိမ်ပါနဲ့.. "
ထို့နောက် မိမိကိုထားကာ ထွက်သွားသောသူ..။ မိမိသည်လည်း သူ၏နောက်သို့ လိုက်သွားမိသည်။ လိုက်နေရင်းပင် သူသည် ရုတ်တရက် ပျောက်ကွယ်သွားသည်။ ပျောက်သောသူကို လိုက်ရှာရင် မြင်တွေ့ရသည့် မီးတုတ်အလင်းရောင်..။ ထိုအလင်းရောင်ရှိရာသို့ သွားမိသောအခါ မိမိတွေ့ရသည်က လူတစ်စု..။ မီးတုတ်ကိုင်ထားသော သူတို့၏ ရုပ်ရည်ကိုမမြင်ရ..။ အမျိုးသမီးတစ်ဦး၏ရုပ်အသွင်ကိုမူ ရှင်းလင်းစွာမြင်ရသည်..။ ကျေနပ်သယောင်နှင့် လှပစွာပြုံးနေသာထိုအမျိုးသမီး၏အပြုံးသည် ကြောက်မက်ဖွယ်အတိ..။ ထိုအမျိုးသမီးစိုက်၍ကြည့်နေသော လူသားကို မိမိကြည့်မိသောအခါ ထိတ်လန့်ဖွယ်အတိ..။ လူသားသည် မိမိဖြစ်နေသည်။
သွေးများယိုစီးလျက် ပင်ပန်းနွမ်းနယ်နေသာခန္ဓာကိုယ်အား အမျိုးသားတစ်ဦးက ထပ်ရောက်လာကာ ဓားနှင့်ထိုးလိုက်သည်။ 'မလုပ်ပါနဲ့' ဟုအော်၍တားချင်သည်..။ သို့သော် အော်၍မရ.. အသံသည်လည်းထွက်မလာခဲ့..။ အသံတို့အစား နှုတ်ခမ်းမှသွေးများသာ ယိုစီးလာသည်။
ကြောက်မက်ဖွယ်ကောင်းသည့် ထိုအိပ်မက်ကြောင့် ချွေးစီးများရွှဲနစ်ကာ နိုးထလာသည်။ အသက်ရှူသံများပြင်းလျက်.. မောဟိုက်လျက်.. မျက်ရည်များစီးကျလျက်နှင့်.. ပင်ပန်းလှသည်..။ အကြိမ်ဖန်များလာသောအခါ ညအိပ်ရမည်ကိုပင် ကြောက်ရွံ့မိသည်။
ညဘက်တွင် အိပ်ရေးမဝသည်မို့ မနက်ပိုင်းတွင်စိတ်မကြည်ခဲ့။ မေမေက ရိပ်မိပါသည်။
" သား.. အိပ်ရေးမဝဘူးလား "
" ဟုတ်မေမေ "
" အိပ်မက်ပဲလား "
" ဟုတ်... ဖြစ်နေကျပဲ သိပ်ကိစ္စမရှိပါဘူး.. သားသင်တန်းသွားတော့မယ်..။ အစ်ကိုခေါ်ထားလို့.. သင်တန်းဆင်းချိန်ကတော့ ပုံမှန်ပဲ "
" ထမင်းဘူးထည့်သွားမလားသား "
" မထည့်တော့ဘူးမေမေ အစ်ကို့ကိုပူဆာထားတယ်.. သူဝယ်ကျွေးလိမ့်မယ် "
" အစ်ကိုတွေကို သိပ်အနိုင်ကျင့်မနေနဲ့ဦး "
" ကျင့်သင့်တာတော့ ကျင့်ရမှာပဲ.. အခုက သူ့ကောင်မလေးမွေးနေ့ အပြင်သွားမှာကို.. သားကိုသင်တန်းစောင့်ခိုင်းတာ"
" အေးပါ အေးပါ "
" သားသွားပြီမေမေ "
လေးလံသော ခြေလှမ်းတို့နှင့်အတူ လမင်းကိုကိုတစ်ယောက် သင်တန်းရှိတာသို့သွားရသည်။ နေသူရိန်သည်က တက်ကြွစွာပင် သင်တန်းရှိရာသို့သွားနေသည်။
သင်တန်းသို့သွားရန် YBS77ကိုစီးခဲ့သည်။ ကံကောင်းစွာပင်.. ရဲဘော်ဟောင်းမှတ်တိုင်သို့ရောက်သောအခါ ချစ်ရသူလေးသည် ကားပေါ်သို့တက်လာခဲ့သည်။ ဟန်ဆောင်မရသောအပြုံးတို့သည်က မျက်နှာတွင်ချိတ်ဆွဲလျက် သူ့အားကြည့်နေသည်။ သူကတော့ မိမိကိုမြင်ဟန်မတူ။ ထို့ကြောင့် သူ၏အနားသို့သွားရပ်မိသည်။
" အစ်ကို.. အစောကြီးပါလား "
" အင်း... ဟုတ်တယ် မင်းတို့ဆရာခေါ်ထားလို့ "
ကျေးဇူးတင်လိုက်တာ ဆရာယောက်ဖရယ်...
" ဪ.. ဒါနဲ့ အစ်ကို့ကိုကြည့်ရတာ စိတ်မကြည်သလိုဘဲ.. ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား "
" ညက အိပ်ရေးမဝလို့ ခေါင်းနောက်နေတာ "
" ညက ကျွန်တော်နဲ့စကားပြောပြီး အစ်ကိုအိပ်တာမဟုတ်ဘူးလား.. အဲဒီအချိန်ကစောပါသေးတယ် "
" စောစောအိပ်ပါတယ်.. ပေါက်ကရအိပ်မက်မက်ပြီး နိုးလာတာ ဆက်အိပ်မရတော့ဘူး "
" Enervon C သောက်လိုက်ပါလား.. ကျွန်တော့်မှာပါတယ် "
" အင်း.. မင်းက အဲဒီလိုဆေးဆောင်နေကျလား "
" ဟုတ်တယ်... တစ်ခါတလေ စာကြည့်တာညနက်သွားပြီး မနက်ကျောင်းသွားရရင် Enervon C သောက်ပြီးသွားနေကျမို့လို့လေ "
" ဪ.. စာကြိုးစားတယ်ပေါ့.. ဘယ်မှာတက်တာလဲ.. ဘာမေဂျာလဲ "
Advertisement
" ရန်ကုန်တက္ကသိုလ်မှာပါ မေဂျာကသင်္ချာ၊ နောက်ဆုံးနှစ်.. အစ်ကိုကရော ဘွဲ့ရပြီးပြီလား "
" တစ်ခုတော့ရပြီးပြီ..။ အခုက ဒဂုံတက္ကသိုလ်မှာ physics M2 တက်နေတယ် "
" ဝိုး.... တော်လိုက်တာ "
" မင်းလောက်မတော်ပါဘူးကွာ.. "
ဤသို့ တစ်ယောက်အကြောင်းတစ်ယောက်ပြောကာ ရင်းနှီးမှုယူခဲ့သည်။ လှည်းတန်းသို့ရောက်သောအခါ ကားပေါ်မှဆင်းပြီးနောက် ကျွန်တော်သည် မုန့်သွားဝယ်ရန် သင်တန်းကို ကျော်သွားလိုက်သည်။
" ဟို.. ဟိုတစ်ယောက် "
" ကျွန်တော့်ကိုခေါ်တာလား "
" အင်း... သင်တန်းက ဒီမှာလေ မင်းကဘယ်ကိုကျော်သွားတာတုံး "
" အစ်ကို့အတွက် မုန့်သွားဝယ်မလို့လေ.. ဒါနဲ့ အစ်ကို.. ကျွန်တော့်နာမည်ကို မသိဘူးလား "
" မင်းကပြောပြလို့လား "
" မပြောပြလည်း သိရမှာပေါ့.. အစ်ကို့နာမည်တောင် အစ်ကိုမပြောဘဲ ကျွန်တော်သိခဲ့တာပဲ "
ချစ်တော့လည်း စုံစမ်းရတာပေါ့ဗျာ ...
" ဘာရယ်.."
" ဘာမှမဟုတ်ဘူး.. ကျွန်တော့်နာမည်က နေသူရိန်.. မှတ်ထားနော်... မေ့သွားမှာစိုးရင် ဒီလိုလေးမှတ်ထား..။ ကျွန်တော်နာမည်က အစ်ကို့နာမည်နဲ့ အလိုက်ဖက်ဆုံး အမည်တစ်ခု "
" ဟမ်..."
မိမိ၏စကားကြောင့် နားမလည်သော မျက်ဝန်းလေးများဖြင့် ကြည့်လာသော သူ..။ မိမိသည် သူ၏မျက်နှာအနားသို့ တဖြည်းဖြည်း ချဉ်းကပ်လိုက်ကာ သူ၏ကိုယ်သင်းရနံ့ကို ရှူရှိုက်၍ ပြောလိုက်သည့် ထိုစကား..
" နေနဲ့လ ရွှေနဲ့မြတဲ့လေ.. နေနဲ့လက အလိုက်ဖက်ဆုံးပါ "
ထိုစကားကြားပြီးနောက် လှေကားတွင် မတ်တတ်ရပ်၍ ကျန်ခဲ့သောသူနှင့် မုန့်သွားဝယ်ရန် ထွက်ပြေးသွားသော ကျွန်တော်...။ ရင်ခုန်သံတို့သည် ထပ်တူကျနေလိမ့်မည်ဟု ကျွန်တော်ယုံကြည်သည်..။
ဘာလို့လဲဆိုတော့.. သူကြက်သီးလေးတွေထသွားတာ ကျွန်တော်မြင်လိုက်တယ်လေ..။ ဒီစကားပုံရဲ့အဓိပ္ပာယ်ကို သူကောင်းကောင်းကြီးနားလည်တယ် ထင်ပါရဲ့..။
ဟုတ်တယ် ကျွန်တော်နားလည်တယ်..။ ဒီစကားပုံက.. ကျွန်တော်နဲ့သူနဲ့ကြားမှာ ဘယ်လိုလုပ်အသုံးဝင်မှာလဲ..။ ယောက်ျားလေးချင်းမဟုတ်လား.. သူစသွားတာမဟုတ်လား..။ စသွားတယ်လို့ သတ်မှတ်ရင်း.. ရင်ခုန်သံတွေက ဘာလို့မြန်လာရတာလဲ.. ငါများရူးသွားတာလား..။
ထိုသို့ ရင်ခုန်သံချင်းတူပါသည်..။ သို့သော် လက်ခံမှုတို့သည်က ကွဲလွဲနေသေးသည်..။
သင်တန်းအချိန်မရောက်သေးသည်ဖြစ်၍ အခန်းထဲတွင် အစ်ကိုဇေယျာသာရှိနေခဲ့သည်။ မိမိရောက်လာသောအခါ အစ်ကိုဇေယျာသည် ကြက်ကြော်သွားဝယ်ရန် ဆင်းသွားခဲ့သည်။ ဆယ်မိနစ်ခန့်ကြာသောအခါ သင်တန်းအခန်းထဲသို့ရောက်လာသော နေသူရိန်..။ လက်ထဲတွင်လည်း ကိတ်နှင့်ကော်ဖီဘူးလေးကို ကိုင်ထားသေးသည်။ တဖြည်းဖြည်းနှင့် မိမိအနားသို့ရောက်လာသောသူက မိမိ၏မျက်နှာကိုကြည့်ကာ ဆိုလိုက်သည့်စကားသည် မိမိ၏ကိုယ်အပူချိန်ကို မြင့်တက်စေခဲ့သည်။
" ချမ်းနေလို့လား ပါးလေးတွေရဲနေတယ်.. ချစ်ဖို့ကောင်းလိုက်တာ "
" မင်း.. မင်း.. ယောက်ျားလေးအချင်းချင်း ဘာတွေလာပြောနေတာလဲ "
" တကယ်ချစ်ဖို့ကောင်းတာပါဆိုနေ.. ဆွဲကိုက်ချင်လာပြီ "
စကားပြောပြီးနောက် လမင်းကိုကို၏ မျက်နှာအနားသို့ ကပ်လာသည့် နေသူရိန်..။ နေသူရိန်၏ နီးကပ်လွန်းသောမျက်နှာကြောင့် အနောက်သို့ဆုတ်သွားသော လမင်းကိုကို..။
" ဘာလို့ ငါ့အနားကိုကပ်လာတာလဲ "
" ဒီကချစ်ဖို့ကောင်းတဲ့ အစ်ကို့ရဲ့မျက်နှာကို တဝကြီးကြည့်ချင်လို့ "
သူပြောနေသော စကားများသည် ယောက်ျားလေးအသိမိတ်ဆွေများအကြား ပြောနေကျ ပုံမှန်စကားမျိုးမဟုတ်..။ ပုံမှန်မဟုတ်မှန်းသိလျက် အဘယ်ကြောင့် မိမိ၏ နှလုံးခုန်နှုန်းတို့သည် မြန်ဆန်လာရပါသနည်း။
" မင်း ဂေးနေတာလား "
" အဲဒါတော့ ကျွန်တော်လည်း မသိဘူး..။ ယောက်ျားလေးအချင်းချင်း ဒီလိုတွေပြောနေလို့ ဂေးတယ်ဆိုရင်လည်း ကျွန်တော်က ဂေးတစ်ယောက်ပေါ့..။ ဒါပေမဲ့.. ကျွန်တော်ဂေးတာဟာ ခင်ဗျားလေးတစ်ယောက်တည်းအတွက်ပဲ "
" မစနဲ့ နေသူရိန်.. မနေ့တနေ့ကမှ သိတဲ့လူကို.. ဒီလိုတွေပြောနေတာက.. မင်းငါ့ကို အထင်သေးလို့မဟုတ်လား "
" အစ်ကိုနဲ့ကျွန်တော်နဲ့သိတာ ကြာပါပြီ..။ အိပ်မက်ထဲမှာလေ အစ်ကိုနဲ့ကျွန်တော်နဲ့က အရမ်းချစ်ကြတာ..။ လူမှန်းသိတတ်စ အရွယ်ကတည်းကလို့ ပြောရမလားပဲ..။ အထင်သေးလို့ ဒီလိုပြောနေတာမဟုတ်ဘူး..။ အစက.. နည်းနည်းစိမ်းနေသေးတယ်ထင်လို့.. နောက်မှဖွင့်ပြောမလို့ပါပဲ..။ ဒါပေမဲ့.. လူမှန်းသိတတ်စအရွယ်ကတည်းက အိပ်မက်ထဲမှာဆုံခဲ့တာဆိုတော့.. သူစိမ်းမဟုတ်တော့လေ။ အဲဒါကြောင့်.. မြန်မြန်ဝန်ခံမိတယ်ဆိုပါတော့ "
" ရူးကြောင်ကြောင်စကားတွေ လာမပြောပါနဲ့လား "
" ရုတ်တရက် နားထောင်ရင်တော့ ရူးကြောင်ကြောင်စကားပေါ့..။ ဒါပေမဲ့.. ကျွန်တော်လိမ်ပြောနေတာမဟုတ်ဘူးနော် "
" လိမ်တာမလိမ်တာ မင်းကိစ္စပါ.. မယုံတာကလည်း ငါ့ကိစ္စပါ "
" ယုံအောင် သက်သေပြပေးမှာပါ..။ ကျွန်တော်.. အစ်ကို့ကိုတကယ်ချစ်တာပါ..။ တစ်နေ့တော့.. အစ်ကို ကျွန်တော့်အချစ်တွေကို ယုံကိုယုံရမှာပါ..။ နောက်ပြီး.. အစ်ကိုလည်း ကျွန်တော့်ကို ပြန်ချစ်လာစေရမယ် "
" ဘယ်သူ့ကိုမှ မချစ်ခဲ့တဲ့ငါက မင်းကိုပြန်ချစ်ရမှာတဲ့လား..။ ဖြစ်နိုင်လို့လား "
" ဘယ်သူ့ကိုမှမချစ်ခဲ့ဘူးဆိုတာ.. ကံတရားက အစ်ကို့နှလုံးသားကို ကျွန်တော့်အတွက် သိမ်းဆည်းထားခိုင်းလို့လေ..။ ကျွန်တော်လည်း အတူတူပဲ.. ကျွန်တော့်နှလုံးသားကို အစ်ကို့အတွက် သိမ်းထားတယ် "
" ငါက.. ငါ့နှလုံးသားကို မင်းကိုမပေးသလို.. မင်းနှလုံးသားကိုလည်း မယူဘူးဆိုရင်ရော "
" တစ်နေ့ ပြန်ဆုံရမယ်လို့ ဆုတောင်းခဲ့တာမို့.. ကတိပေးထားတာမို့လို့ အစ်ကို့နှလုံးသားကို သေချာပေါက် ကျွန်တော့်ကိုပေးရမယ်..။ အစ်ကို့အချစ်တွေ အားလုံးကကျွန်တော့်အတွက်ပဲ ဖြစ်စေရမယ် "
တူတယ်.. သိပ်တူတယ်..။ အဲဒီအသံ.. အဲဒီစကားလုံးတွေက အိပ်မက်ထဲကလူပြောနေတဲ့ပုံစံနဲ့ တကယ်တူတယ်..။ တကယ်ပဲ.. သူများလား..။
ထိုအတွေးကြောင့် ပျော်ရွှင်မှုတို့ ဖြစ်တည်လာသယောင်နှင့် ဝမ်းနည်းမှုတို့ပါ စွက်ဖက်လာသည်။ ခံစားရခက်သည်။
" အဲဒါတွေထားပါ.. အခုတော့ မုန့်စားပြီး ဆေးသောက်ထားလိုက်ဦးနော်.. ခေါင်းနောက်နေသေးလား "
" အင်း.. မင်းစကားကြောင့် ပိုနောက်သွားသလိုပဲ "
" ဟုတ်လား.. ကျွန်တော် ခေါင်းနှိပ်ပေးရမလား "
" ရတယ် မလိုဘူး.. "
မိမိ၏ငြင်းဆိုမှုများကြောင့် မျက်နှာပျက်သွားသောသူ..။ ရုတ်တရက် မိမိအရှေ့တွင် ထိုင်လိုက်ကာ မိမိလက်ကို ကိုင်လျက်.. မျက်ရည်စတို့နှင့် ဆိုလာသည့်သူ၏စကားတွင် ဝမ်းနည်းမှုတို့ ပါဝင်နေသယောင်။ သူ၏ထိုသို့သောအမူအရာကြောင့်မိမိ၏စကားတို့အတွက် သူ့အား.. အားနာသယောင်ဖြစ်လာရပြန်သည်။
" ကျွန်တော့်ရဲ့စကားတွေကြောင့် အစ်ကိုစိတ်ညစ်သွားရင် တကယ်တောင်းပန်တယ်နော်..။ အချိန်တွေအကြာကြီး စောင့်ခဲ့ရသလို.. အခုကျတော့လည်း နီးနီးလေးနဲ့ဝေးနေတာကြီးကို မခံစားနိုင်လို့ပါ..။ ကျွန်တော်ကို မချစ်ရင်တောင် မမုန်းပါနဲ့နော်..။ ဒီနေ့ ဝယ်လာပေးတာကိုတော့ စားလိုက်ပါ.. အစ်ကိုတစ်ခုခုမှာကို စိုးရိမ်လို့ပါ "
" အင်းပါ.. ငါပြောတာတွေ လွန်သွားရင်လည်း တောင်းပန်တယ်..။ ထားတော့.. ဒီလိုကြီးမနေနဲ့.. သူများတွေမြင်သွားရင် မကောင်းဘူး..။ မင်းဝယ်ကျွေးတာကို ငါစားလိုက်မယ် "
ထိုစကားကြောင့် ပြုံးသွားသော သူ၏မျက်နှာသည် ဝင်းပလို့နေသည်။
" ဟုတ်.. "
တတ်လည်းတတ်နိုင်တယ် ချက်ချင်းပျော်သွားလိုက် ချက်ချင်းငိုလိုက်နဲ့ ရူးများနေတာလား။
ထို့နောက် အစ်ကိုဇေယျာပြန်ရောက်လာပြီး တခြားသောသင်တန်းသားများလည်း ရောက်လာသည်။ သင်ခန်းစာအသစ်သင်ပြီးနောက် အစ်ကိုဇေယျာက အပြင်ထွက်သွားခဲ့ပြီး မိမိကသူတို့အား ဆက်၍လေ့ကျင့်ပေးခဲ့သည်။ နေ့လယ် ဆယ့်နှစ်နာရီအချိန်တွင် သင်တန်းဆင်းသောအခါ သင်တန်းသာတချို့မှာ ပြန်သွားပြီဖြစ်သောကြောင့် အစ်ကိုဝယ်ပေးခဲ့သော ကြက်ကြော်ကိုစားနေခဲ့သည်။ မပြန်သေးသူတို့က နေသူရိန်၏အဖွဲ့ပင်။ နေသူရိန်က သူ၏သူငယ်ချင်းများကို အခန်းအပြင်သို့ ဦးစွာထွက်ခိုင်းစေပြီး သူသာကျန်ခဲ့သည်။ မတ်တတ်ရပ်ကာ မိမိကိုကြည့်နေပြန်သည်။
" ဘာလဲ စားချင်ပြန်ပြီလား "
" အင်း.. "
သူလည်း ကိုယ့်ကို ဝယ်ကျွေးဖူးတယ်ဆိုတော့ ကိုယ်ကတွန့်တိုလို့ မကောင်းဘူးလေ။
" လာစားလေ "
ထို့နောက် မိမိအနားသို့ လျင်မြန်စွာရောက်လာသောသူအား ဘူးထဲမှ ကြက်ပေါင်တစ်တုံးကို ယူပေးလိုက်သည်။
" ရော့ "
" အဲဒါမစားချင်ဘူး "
" အဲဒါဆိုရင် ဘူးထဲမှာရှိသေးတယ် ကြိုက်တာယူ "
သူကြည့်နေသည်က ကြက်ကြော်ဘူးကိုမဟုတ်။ မိမိကိုင်၍စားနေသည့် ကြက်ကြော်ကိုသာ..။ မိမိစားနေရင်းပင် မိမိ၏ကြက်ကြော်အတုံးကို လာကိုက်သောသူ..။ ကြက်ကြောက်အတုံးမှာ ကုန်ခါနီးပြီးဖြစ်၍ မိမိ၏မျက်နှာနှင့်သူ၏မျက်နှာသည် အတော်ကိုပင်နီးနေသည်။ မိမိသည်လည်း ခေတ္တမျှ ငြိမ်သက်ကာ သူ့အားကြည့်နေမိသည်။
" ဘာလို့အဲဒီလောက်ကြည့်နေတာလဲ "
" မင်းလောက် ငတ်တဲ့သူကို မမြင်ဖူးလို့ ကြည့်နေတာ "
" ပြောပါ.. အပြောခံရလည်း တန်တယ်..။ ဒီနေ့စားရတဲ့ ကြက်ကြော်က ကျွန်တော်စားဖူးသမျှကြက်ကြော်တွေထဲမှာ အရသာအရှိဆုံးပဲ "
" မင်းတော်တော် ရူးတာပဲ "
" အချစ်ရူးလေ.. ကျွန်တော်ပြန်တော့မယ်နော် "
ပုံမှန်ဆို တည်ငြိမ်နေတဲ့ကျွန်တော်က ခင်ဗျားလေးအတွက်နဲ့မှ အချစ်ရူးဖြစ်ရတာ ပျော်ပါတယ်လေ ..။
ဤသည်က နေသူရိန်၏အတွေးနယ်ပယ်...
ပုံမှန်ဆို အနေအေးတဲ့ငါက မင်းလိုအချစ်ရူးလေးရဲ့ နွေးထွေးမှုကြောင့် ပျော်နေရသလိုပဲ..။
ဤသည်က လမင်းကိုကို၏အတွေးနယ်ပယ်..
အတွေးနယ်တို့သည် ထပ်တူမကျသောငြား ပျော်ရွှင်မှုသည်က ထပ်တူကျနေသည်..။
For Zawgyi
ပျော်ရွှင်မှု
" Hi "
" Hi "
" ကျွန်တော်ကိုသိလား "
" သိနေတယ်ပေါ့ "
" ဟုတ်.."
" ဟုတ်ကဲ့.. Goodnightဗျ "
" အင်း "
" အစ်ကို.. ပြော "
" ဘာလို့တုံး "
Advertisement
- In Serial18 Chapters
I Love You; Good Bye
Deep in the woods of a faraway, banished land, a young woman wept over the corpse of a deer. [Dark Fantasy/Romance]
8 170 - In Serial276 Chapters
T R C L W (COMPLETE)
The Royal's Cute Little Wife (COMPLETE)I DO NOT OWN THIS STORY. FOR OFFLINE PURPOSES ONLY.(Translations is not my work.)NOT Machine Translated.In childhood, they were neighbors. Xie Zhen always bullied Li Yu.Who told him to be as beautiful as a girl?After parting for many years, they met again in the capital. With a tall stature and heroic bearing, he seemed like a completely different person.Not only that, but his identity had also risen to that of the sixth prince.Hearing he wanted to marry her, Xie Zhen was almost scared silly:What's his intention? Taking revenge on her? Author(s):Feng He You Yue; 風荷游月This is actually a light novel if I were to judge it. Not much conflicts where your brain cells will hurt by all the schemes and the FL is not an idiot but sensible.
8 175 - In Serial88 Chapters
Capo's Obsession
Love story of power ,money and retribution.....lets join the journeyFalcon A ruthless , heartless and emotionless Monster aka CAPO of Europe and Asian Mafia. When I saw her the organ in my chest started another work except pumping, it started beating for her one glance. I was made to kill, demolish and ruin whoever tried to cross me.I am insanely possessive of my things. Whatever belongs to me remains mine and mine , whether it is my vase , my shoes or my maid and you dare to cross me,play with my mind. Now she will suffer the consequences. Be ready to live in my cage FOREVER !NandiniThey broke me, tested me, but I never said anything. Even my so-called family did not care about me . My own people cheated on me . But the stranger to whom I was nothing gave me what my own family could never give: Love and protection. But he snatched those people from me. He killed my soul. My heart stopped feeling emotion. Those people were ruthlessly snatched from me. The beating heart inside me froze. Now in this body there is only blood flowing in the veins, not the heart. HEART, only an organ to keep me alive.NOW I HAVE NOTHING left except the hollow body and I won't allow himNow I have nothing to lose and no hope of gaining. HE gave me the sorrow of life, took away all my soul from my existence. There is nothing in this hollow body now.This body will never be his. Never. Not EVER!
8 210 - In Serial34 Chapters
The Buddhist & The Billionaire Lesbian Story
Hello Reader! This book will rotate on a 12-month schedule becoming available to read for FREE here for one month out of the year. The first chapters of the draft will remain up until the book rotates on in November. See Chapter 1 for details.Zola wanted for nothing. She enjoyed the life of a young, beautiful socialite in the trendy city of Austin, Texas. She spent most of her days and nights moving from one party to the next. But slowly, she was coming to realize that her life was beginning to spin out of control and she knew it. When a compassionate woman comes to her rescue, Zola realizes that perhaps there is something that she wants, desperately.Cora's work at the UT hospital was challenging but also fulfilling in a way that many people didn't understand. Patients often found Cora's unique perspective on the world was profoundly comforting and sometimes perplexing. Cora is comfortable and confident in her world but two chance meetings with a beautiful stranger leaves her spinning in the best possible ways.
8 200 - In Serial32 Chapters
World of Io
Two assassins, a young man with white eyes and an ancient N'aian set out on a journey to find the one who can save the world or become their ruin. They seek Io -- he who returns. However, finding him seems to be the lesser of their problems. A world in chaos, a world at loss...where minds are weeping and children lost. A raging heart, a raging soul, a hero reluctant to save them all. -Willow scrolls, third passage-This is the story of a journey through the dark, a mission to find hope where none exists. It is a story of how to find what is worth living for when no one longer dreams of the light.The Earth is shaking, the Fire is raging, the Wind is wailing and Water is flooding the lands, while everyone awaits the savior -- the one man who can save them all. Come along now... let the story begin.
8 96 - In Serial17 Chapters
Male OC/multiple personality Reader x Bully RWBY
This is gonna be different so bare with me.(Y/n) Hunter. A quiet boy who keeps to himself mostly. With No semblance or aura, he's pictured as the weakest hunter in Beacon and no one wants to befriend him. Well except for a few inner friends.
8 121