《Amiss Prayer (Zawgyi&Unicode) [Completed]》Part-44(ဖန်တီးမိသော)
Advertisement
For Unicode
ဖန်တီးမိသော
ကြည်လင်ငြိမ်သက်နေသောကန်ရေပြင်သည် စိန်ပွင့်လေးများ စုစည်းထားသည့်အလား လှပလို့နေသည်။ စိမ်းစိုနေသောမြက်ခင်းပြင်သည် မြကျောက်များ စုစည်းထားသည့်အလား အမြင်ကို အေးမြစေသည်။ အရိပ်ရသစ်ပင် စိန်ပန်းပင်ကြီးမှာလည်း ကျောက်စိမ်းမိန်းမပျိုရယ်က ပတ္တမြားပန်းခတ်များပန်ဆင်ထားသည့်အလား လိုက်ဖက်တင့်တယ်လှစွာ..။ ထိုစိန်ပန်းပင်အောက်မှ အဖြူရောင်ခုံတန်းငယ်က ရိုးရှင်းလှပစွာ နေရာယူထားသည်။
အမြင်အရ အေးချမ်းမှုနှင့်သာယာမှုတို့ စုစည်းထားသည့်၏နေရာသည် သိပ်ကိုလှပလွန်းသည်။ ထိုလှပမှုတို့နှင့် အပြိုင်အဆိုင် ချောမောလှပသော ယောက်ျားပျိုတစ်ယောက်က အဖြူရောင်ခုံတန်းငယ်တွင် ထိုင်နေသည်။ ထိုကောင်လေးထံသို့ အပြေးသွားသည့်သူက နေသူရိန်ပင်..။
ကောင်လေး၏အနောက်သို့ရောက်သောအခါ သူ့အား အနောက်မှာ ဖက်ထားလိုက်သည်။ ကောင်လေး၏ပခုံးထက်တွင် မျက်နှာအပ်ကာ သူ၏ကိုယ်သင်းနံ့လေးအား တဝကြီးရှူရှိုက်မိသည်။
“ စောင့်နေရတာ ကြာပြီလား “
“ ခင်ဗျားစောင့်နေခဲ့ရတဲ့ နှစ်ပေါင်းငါးဆယ်နဲ့ယှဉ်ရင် ကျွန်တော်စောင့်နေရတဲ့အချိန်က မပြောပလောက်ပါဘူး “
“ နှစ်ပေါင်းငါးဆယ်.. “
“ အင်းပေါ့..”
“ ကောင်လေး ဘာတွေပြောတာလဲ... ကိုယ်နားမလည်ဘူး “
“ အချိန်တန်ရင် အကုန်နားလည်သွားမှာပါ “
“ ဘယ်အချိန်မှလဲ.. “
“ သိပ်မကြာခင်ပေါ့ “
“ အင်းပါ..”
“ ဒါနဲ့... ခင်ဗျားဒီနေ့ပျော်နေပုံပဲ.. ဘာတွေပျော်နေတာလဲ..။ ကျွန်တော့်ကိုလည်း ပြောပြပါဦး “
“ ကိုယ်ပျော်နေတာကို ဘယ်လိုသိတာလဲ “
“ ခင်ဗျားရဲ့ စိတ်ခံစားမှုကိုလိုက်ပြီး ကျွန်တော်တို့တွေ့ဆုံတဲ့နေရာတွေက ပြောင်းလဲနေတယ်လေ..။ ဒီနေ့ ကျွန်တော်ရောက်နေတဲ့နေရာက အရင်ကနဲ့မတူဘူး အရမ်းလှနေတယ်..။ ခင်ဗျားကြည့်ကြည့်လေ “
ကျွန်တော့်ရဲ့ ပျော်ရွှင်ရခြင်းအရင်းအမြစ်ကို အမှန်တိုင်းပြောလိုက်ရင် အိပ်မက်သခင်လေးများ စိတ်ဆိုးသွားမလား..။ စိတ်ဆိုးပြီး နောက်နေ့တွေ့ဆုံခွင့်မရခဲ့ရင် ကျွန်တော်ဘယ်လိုနေရမလဲ...။
ကျွန်တော့်၏အတွေးတို့ကို သူလေးမြင်နေသည့်အလား.. သူဆိုလိုက်သည့်စကားသည် ကျွန်တော်အား နွေးထွေးမှု အပြည့်ပေးစွမ်းနိုင်ခဲ့သည်။
“ အမှန်တိုင်းပြောပါ... ကျွန်တော်နားလည်ပေးနိုင်တယ် “
ဝန်ခံဖို့ရာ အနည်းငယ်သော သတ္တိရှိခဲ့ပြီ..။ ထို့ကြောင့် ကောင်လေး၏အနားသို့ ကပ်ထိုင်မိသည် အလိုက်သိလှသောကောင်လေးက မိမိ၏ရင်ခွင်ထဲသို့ တိုးဝှေ့လာသည်။ မိမိသည်လည်း အလိုက်သင့်စွာ ပြန်လည်ဖက်တွယ်ထားမိသည်။
“ အင်းပါ ကိုယ်ပြောပြမယ်နော်.. ဒီနေ့ ကောင်လေးတစ်ယောက်နဲ့ဆုံခဲ့တယ်.. သူ့အသံကထူးဆန်းတယ်.. ကိုယ်ကြားဖူးနေသလိုပဲ.. နောက်ပြီး တွေ့ဆုံရတဲ့ခဏလေးအတွင်းမှာ ကိုယ့်ရင်ခုန်သံတွေမြန်လာတယ်.. “
ထိုစကားကြားပြီးနောက် ကန်ရေပြင်ဘက်ကိုငေးကြည့်ကာ ငြိမ်သက်သွားသောကောင်လေး..။
သူ့ကိုရင်ခွင်ထဲတွင်ထားပြီး တခြားသူကို ရင်ခုန်ရကြောင်း ပြောပြနေတာက သိပ်အားနာစရာမကောင်းဘူးလား...။
“ ဘာလို့ငြိမ်သွားတာလဲကောင်လေး.. ကိုယ့်ကိုစိတ်ဆိုးသွားပြီလား.. ကိုယ်တောင်းပန်ပါတယ်နော်.. ကောင်လေးမကြိုက်ရင် ကိုယ်မပြောတော့ဘူးလေ..”
တောင်းပန်မိသည်။ သူ့အား အနည်းငယ်မျှ စိတ်မညစ်စေချင်..။ ထို့ကြောင့် တောင်းပန်နေသော်လည်း မိမိရင်ခွင်ထဲမှ ကောင်းလေးထံက ရယ်သံလေးတစ်ခု ထွက်ပေါ်လာသည်။
“ ဘာလို့ရယ်နေတာလဲ “
“ ခင်ဗျားကတကယ့်လူပဲ... နီးလျက်နဲ့ ဝေးနေပြန်ပါပြီ.. အ လိုက်တာ “
“ ဟာ.. ဘာလို့အဲဒီလိုပြောရက်ရတာလဲ “
“ တကယ်ပဲ သူ့အသံကို ထူးဆန်းတယ်ဆိုရုံကလွဲပြီး ကျန်တာ မသိတော့ဘူးလား “
“ အင်း.. ရင်းနှီးနေသလိုနဲ့.. စဉ်းစားလို့မရဘူးဖြစ်နေတာ “
“ အဲဒါဆို.. အခု ကျွန်တော့်ရဲ့အသံကိုရော.. မှတ်မိရဲ့လား.. “
ထိုစကားနှင့်အတူ ကျွန်တော့်အားမော့ကြည့်လာသောကောင်လေးသည် ထူးဆန်းစွာပင်..။ ယခင်ကနှင့်မတူ... ယနေ့တွင် သူ၏မျက်နှာအား ရှင်းလင်းစွာခွင့်ရခဲ့သည်..။ ပြုံးပြလိုက်သော သူ၏အပြုံးလေးသည် နူးညံ့လှသည်။ ရင်းနှီးလှသည်။ ရင်းနှီးသည်ဟုဆိုခြင်းက တခြားတော့မဟုတ်..။ သင်တန်းတွင် ကျွန်တော့်ရင်ခုန်နှုန်းအား မြန်စေခဲ့သည့်လူသား.. ဖြူဖြူသေးသေးအစ်ကိုလေးပင် ဖြစ်နေသည်။
“ ဟင်.. ကောင်လေးက တကယ်ပဲ.. သူ.. သူလား “
“ ကျွန်တော်တို့ပြန်ဆုံပြီနော်.. “
“ တကယ်ကြီး.. သူပဲပေါ့ “
“ အင်း.. ဒီတစ်ခေါက်လည်း ပြန်ဆုံခဲ့ပြီ.. နီးလျက်နဲ့ဝေးအောင် ထပ်မလုပ်ပါနဲ့နော် “
ထိုစကားနှင့်အတူ ကျဆင်းလာသည့် သူ၏မျက်ရည်စများ...။ ထူးဆန်းသည်က သူ၏မျက်ရည်စတို့သည် မိမိ၏နှလုံးသားအား ပူလောင်စေသည်။ ထို့ကြောင့် ချစ်သောသူအငိုတိတ်စေရန် သူ၏မျက်ရည်စတို့အား လက်တစ်စုံဖြင့် ညင်သာစွာ ဖယ်ရှားပေးမိသည်။
“ ခင်ဗျားမမှတ်မိလို့ပါ.. အရင်ကလည်း ခင်ဗျားအမှားတွေသိပ်လုပ်ခဲ့ပြီး.. နီးလျက်နဲ့ဝေးခဲ့ရပြီးပြီ..။ ချစ်တယ်ပြောပြီး ရှိတဲ့လက်တစ်စုံကို မြဲအောင် ခင်ဗျားမဆုပ်ကိုင်နိုင်ခဲ့ဘူး..။ တဖြည်းဖြည်းနဲ့ ဝေးခဲ့လိုက်တာ.. ဘဝတွေတောင်ခြားတဲ့အထိပဲ..။ အဲဒီအချိန်တွေတုန်းက ကျွန်တော်ရော ခင်ဗျားရော အရမ်းကိုနာကျင်ခဲ့တာ.. ဒီဘဝမှာတော့ အဲဒီခံစားမှုကြီးကို ထပ်မလိုချင်ဘူး.. ပင်ပန်းတယ် “
“ ကိုယ်မမှတ်မိတာ ဟုတ်ပါတယ်.. ဒါပေမဲ့ စိတ်ချပါ.. ဒီတစ်သက်တော့ ကောင်လေးကို မနာကျင်စေရပါဘူး.. ကိုယ်ကတိပေးပါတယ် “
“ အင်း.. ခင်ဗျားကတိတည်ပါစေ.. ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့လက်တွေကို မြဲမြဲဆုပ်ကိုင်ထားပေးပါ.. ရုန်းထွက်ခဲ့ရင်တောင် လွှတ်မချလိုက်ပါနဲ့.. အရင်ဘဝက ခင်ဗျားကျွန်တော့်အပေါ်တင်ထားတဲ့အကြွေးတွေကို အချစ်တွေနဲ့ပြန်ပေးဆပ်ပါ..။ ညှာတာထောက်ထားတတ်တဲ့ ကျွန်တော်ကလည်း ခင်ဗျားကို ကျွန်တော့်အချစ်တွေ ပြန်စွန့်ကြဲမှာပါ.. “
Advertisement
“ သခင်လေးရဲ့ သနားညှာတာမှုကို ကျွန်တော်မျိုးက အချိန်တိုင်းမျှော်လင့်နေမှာပါ...”
“ ကျွန်တော်တို့ရဲ့ တွေ့ဆုံခြင်းက ဒီည.. နောက်ဆုံးပဲနော်.. “
နှုတ်ဆက်စကားနှင့်အတူ သူသည် လိပ်ပြာငယ်လေးအဖြစ် အဝေးသို့ပျံသန်းသွားလေသည်။ ထိုလိပ်ပြာငယ်ကိုကြည့်ကာ ဝမ်းနည်းဝမ်းသာဖြစ်လျက် ကျန်ရစ်ခဲ့သူမှာ မိမိပင်..။ ထာဝရကျန်ရစ်ခဲ့ခြင်းမဟုတ်...။
နာရီနှိုးစက်အသံကြောင့် အိပ်မက်ကမ္ဘာမှရုန်းထွက်ရသည်။ ထို့နောက် သင်တန်းသွားရန်သာ တက်ကြွနေတော့သည်။ တစ်ခုသောအခက်တွေ့ရသည်က သူနှင့်မိမိသည် သင်တန်းအချိန်ချင်းမတူ..။ မိမိ၏သင်တန်းအချိန်သည် မနက်ဆယ်နာရီမှ နေ့လယ်ဆယ့်နှစ်နာရီအထိ...။ သူ၏သင်တန်းအချိန်က နေ့လယ်တစ်နာရီမှ သုံးနာရီအထိ...။
သူနဲ့တွေ့ဖို့ အချိန်နဲ့အခွင့်အရေးက တကယ်နည်းလိုက်တာ။ ကံတရားကြီးကလည်း ဆုံမယ့်ဆုံတော့လည်း ရက်စက်လိုက်တာ..။ ပြောတော့လည်း အကြောင်းကံပါသလေး ဘာလေးနဲ့.. အခုကျတော့လည်း တွေ့ရမယ့်အချိန်လေးကို နည်းနည်းလောက်များပေးလို့မရဘူးလား..။
ကုလားမနိုင်ရခိုင်မဲသည်မှာ လူသားတို့၏အကျင့်။ ထို့ကြောင့်နေသူရိန်သည်လည်း အပြစ်မဲ့စွာ တည်ရှိနေသည် ဖက်လုံးကိုသာ ကန်ထုတ်လိုက်သည်။ ကံတရားအားမကြည်လင်မှုကို ဖက်လုံးမှ ဓားစာခံအဖြစ် အစားထိုးဝင်ရောက်၍ အပြစ်ခံရသည်။ သိပ်တော့ မတရား..။
ထားပါလေ ကံဆိုတာ ကိုယ်လုပ်မှဖြစ်တာဆိုတော့.. မတတ်နိုင်ဘူးလေ။ မတွေ့ တွေ့အောင်တော့ ဖန်တီးရမှာပဲ..။ ကိုယ်က သူ့ကိုချစ်မိတာကို..။ ဖြူဖြူသေးသေးလေးအစ်ကိုလေးရေ.. ကျွန်တော်ကတော့ ခင်ဗျားနဲ့တွေ့ရဖို့ ကြိုးစားနေရပြီ..။ ခင်ဗျားလေးကရော တွေ့ချင်ပါ့မလား..။ ခင်ဗျားလေးမတွေ့ချင်လည်း ကျွန်တော်က အရောက်လာခဲ့မှာမို့လို့ နည်းနည်းတော့သည်းခံပေးနော်။ ခင်ဗျားလေးကိုတော့ ဒီတစ်သက် လုံးဝလက်လွှတ်ပေးမှာမဟုတ်ဘူးနော်..။ ကျွန်တော်က အချစ်ကြီးတယ်..။
မနက်ခင်း၏ ကြည်နူးမှုအတွေးတို့က တစ်စထက်တစ်စကြီးမားလာကာ သာယာမှုအတိ..။ လန်းဆန်းစွာဖြင့် သင်တန်းရှိရာသို့ ခြေလှမ်းတို့ဦးတည်လိုက်သည်။ သင်တန်းတက်လို၍မဟုတ်။ သူနှင့်ဆုံတွေ့ဖို့ရာ စိတ်အားထက်သန်နေမိသည်။
သင်တန်းရောက်သောအခါ ကွန်ပျူတာအရှေ့တွင်သာထိုင်နေသော်လည်း အတန်းချိန်ပြီးချင်သည့်စိတ်က တဖွားဖွား။ နာရီကိုသာ တကြည့်ကြည့်..။ အခန်းဝကိုသာ တကြည့်ကြည့်နှင့်။ နာရီကလည်းဆယ့်တစ်နာရီသာရှိသေးသည်..။
ဟူး... အချိန်တွေကလည်း မြန်မြန်မကုန်နိုင်တော့ဘူးလားကွာ...။
ချလိုက်သည် သက်ပြင်းသံကြောင့် ဘေးမှသူငယ်ချင်းကပါ လှမ်း၍သတိပေးရသည့်အဖြစ်။
“ ဟေ့ကောင် ဘာဖြစ်နေတာလဲ ဆရာက အနောက်မှာ.. နည်းနည်းအားနာဦး “
“ အေးပါကွာ “
သင်တန်းတက်ခါစဖြစ်၍ လက်ကွက်သာကျင့်နေရသည်။ ပျင်းစရာတော့ကောင်းလှသည်။ ထိုသို့ပျင်းစရာကောင်းသည့် ကာလကိုဖြတ်ကျော်ရန် အခန်းဝမှအလင်းတန်းလေးတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းတန်းလေးမှာ ဖြူဖြူသေးသေးလေးနှင့် သိပ်ကိုလှပသည်။
အခန်းထဲသို့ ဝင်လာသောသူ.. ဇက်လေးကိုပုကာ သင်တန်းဆရာအနားသို့ ရောက်လာသည်။ ဆရာရောက်နေသည်က မိမိ၏အနောက်တွင်မို့ သူကပါမိမိ၏အနောက်သို့ ရောက်လာသည်။ သူရှိနေသည်ဟူသောစိတ်ကြောင့် နှုတ်ခမ်းမှအပြုံးသည် ပြန်လည်တားဆီး၍မရ..။ သတိထပ်သေးသူက ဝဏ္ဏဖြစ်သည်။
“ ဟိတ်ကောင် ပြုံးပြုံးကြီးစာရိုက်နေရအောင် Monitorအပေါ်မှာ မင်းစော်ပုံပါနေလို့ပါ “
“ ဘယ်နားကစော်လဲ.. ဖြတ်ရိုက်လိုက်ရ.. ငါ့ဘာသာငါ ဘယ်လိုရိုက်ရိုက်ပေါ့ကွာ “
“ အရူးကိုက်တယ်ဆိုတာ ဒါမျိုး..”
ဝဏ္ဏစကားကို ပြန်မဖြေမိ..။ အာရုံတို့သည် သူ့ထံသာရောက်နေသည်။ သူသည် မည့်သည့်ကိစ္စကြောင့် စောစောရောက်လာရသနည်းကိုသာ စိတ်ဝင်စားနေမိသည်။ ထိုစဉ် သူပြောသောစကားကို အလုံးစုံကြားနေရသည်။
“ ဆရာ.. “
“ ဘာဆရာတုံး.. ထူးထူးဆန်းဆန်း “
“ ဟာဗျာ.. အစ်ကိုကလည်း အငယ်တွေရှိနေလို့ လေးလေးစားစားခေါ်နေတာကို “
“ နေစမ်းပါကွာ.. လမင်းနဲ့အကိုနဲ့က နှစ်နှစ်ပဲကွာတဲ့ ညီအစ်ကိုတစ်ဝမ်းကွဲတွေပါ.. ဆရာဆိုတော့ နားထဲမှာကြားရတာ ကန့်လန့်ကြီး.. မခေါ်စမ်းနဲ့ “
“ အင်းအင်း မခေါ်တော့ဘူး “
ဪ... ညီအစ်ကိုဝမ်းကွဲတဲ့လား..။ မနေ့က ဆရာသူ့ကိုယ်သူမိတ်ဆက်တော့ ဆရာကကျွန်တော့်ထက် ငါးနှစ်ကြီးတယ်။ သူကဆရာ့ထက်နှစ်နှစ်ငယ်တယ်ဆိုတော့ သူကကျွန်တော့်ထက် သုံးနှစ်ကြီးတယ်။ နာမည်က လမင်းတဲ့လား.. အသက်ကြီးပေမဲ့ လူက ကျွန်တော့်ထက်တောင်နုသေးတယ်..။ ချစ်ဖို့ကောင်းလိုက်တာ..။
“ အစ်ကို.. ကျွန်တော်ကျန်ခဲ့တဲ့ USBလေးရော “
“ ဟိုအံဆွဲထဲမှာ သိမ်းထားတယ်.. သွားယူလိုက်.. ဒါနဲ့လမင်းကျန်ခဲ့တဲ့USBက အစ်ကို့USBတစ်ခုနဲ့ပုံစံချင်းတူနေတယ်။ ကိုယ့်ဘာသာကိုယ် သေချာကြည့်ပြီးယူလိုက်တော့..။ ပြီးရင် ကလေးတွေကို ခဏစောင့်ပေးဦး.. အစ်ကိုအပြင်ခဏသွားချင်လို့ “
“ USBက မမှားဘူး LMKK လို့ရေးထားတာ ကျွန်တော့်ဟာပဲ... ရတယ်..”
“ အင်း အစ်ကိုအောက်ဆင်းမှာ ဘာမှာဦးမလဲ “
“ ဟိုလေ.. ထမင်းလိပ်တစ်ဘူးနဲ့ပဲနို့တစ်ဘူးဝယ်ခဲ့ပေးပါနော်.. ဒီမှာပိုက်ဆံ “
“ နေနေ အစ်ကိုပဲဝယ်ခဲ့မယ် “
“ ကျေးဇူးပါ “
ဆရာထွက်သွားပြီးနောက် သူသည် အခန်းတွင်းမှ သင်သန်းသားများကို လိုက်ကြည့်ပေးနေခဲ့သည်။ ကျွန်တော့်အနားသို့ရောက်လာသောအခါ ကံကောင်းစွာပင် mouseမှ အလုပ်မလုပ်တော့ပေ...။
ကျေးဇူးတင်လိုက်တာ mouseကြီးရယ်...
“ အစ်ကို.. ကျွန်တော့်mouseက ဘာဖြစ်တာလဲမသိဘူး “
“ ကြည့်ပေးမယ်နော်.. “
Advertisement
ထိုစကားနှင့်အတူ ခါးလေးကုန်းကာ ကျွန်တော့်အနားသို့ရောက်လာသောသူက ကျွန်တော့်ကိုကြည့်ကာ မှတ်မိပုံရသည်။
“ ဪ... မင်းကို.. မင်းက basicတက်တာလား “
“ ဟုတ်.. အစ်ကိုကရော.. “
“ ဒီမှာပါပဲ excel တက်တာ “
“ ဪ... “
“ ဒီmouse ကတစ်ခါတလေ အဲဒီလိုတွေကြောင်တယ်.. ငါသုံးတုန်းကလည်း အဲဒီလိုပဲ “
ဪ... ဒါက သူထိုင်တဲ့နေရာလား...
ဂွပ်.. ဂွပ်..
ညင်သာလိုက်ပုံများ.. mouseကိုကိုင်ပြီး နှစ်ချက်လိုက် ခုံနဲ့ရိုက်လိုက်တာပါ။ သူရိုက်ပြီး ချက်ချင်းပြန်ကောင်းသွားတဲ့ mouseကို ကြည့်မရတော့ဘူး..။ ခဏလောက်ထပ်ပျက်လိုက်တော့ ဘာဖြစ်မှာမို့လို့လဲ..။
“ ပြန်ကောင်းသွားပြီ ဆက်လေ့ကျင့်လိုက်ဦး “
ခေတ္တမျှကြာသောအခါ ဆရာပြန်ရောက်လာသည်မို့ သူက ဆရာ၏ Laptopနေရာတွင် သွားထိုင်ခဲ့သည်။
လေ့ကျင့်မှုအပြီးတွင် သူထိတွေ့ထားသည့်ကွန်ပျူတာဖြစ်၍ စူးစမ်းလိုသောစိတ်ဖြင့် ဟိုကြည့်ဒီကြည့် ကြည့်နေစဉ် သတိထားမိသည့် file nameလေးတစ်ခု..။
LaMinKoKoတဲ့လား... ဒါဆို.. သူ့နာမည်အပြည့်အစုံလေးက လမင်းကိုကိုပေါ့..။ နာမည်လေးနဲ့လူလေးနဲ့ လိုက်နေရော.. ဖြူဖွေးပြီး ချစ်ဖို့ကောင်းနေရော..။
အချိန်အားဖြင့် ဆယ့်နှစ်နာရီထိုးသောအခါ သင်တန်းဆင်းရသည်။ သင်တန်းမဆင်းခင် သူ၏မျက်နှာလေးအား အဝကြည့်လိုသည်မို့ ရပ်၍ကြည့်နေခဲ့သည်။ ထိုအချိန်တွင် သူသည် ထမင်းလိပ်စားနေစဉ်ဖြစ်သည်။
သူ့အားကြည့်နေစဉ် သူကလည်းရုတ်တရက်ပြန်ကြည့်လာသည်မို့ အကြည့်ချင်းဆုံမိသည်။ မိမိမှာလည်း အကြည့်မလွှဲမိ..။ သူ၏မျက်ဝန်းလှလှလေးအား စိုက်၍ကြည့်နေမိသည်။
မိမိကြည့်နေသည့် ရည်ရွယ်ချက်ကတစ်မျိုး.. သူထင်သွားသည်က တစ်မျိုးဖြစ်ခဲ့ရပြန်သည်။
“ ဘာလဲ စားချင်လို့လား “
မေးစရာပင်.. သူစားသောက်နေသည်ကို မိမိကစိုက်ကြည့်နေမိသည်။ တခြားသောအဖြေနှင့် ရှောင်လွှဲရန်လည်း စဉ်းစား၍မရသောကြောင့် ခေါင်းညိတ်မိပြန်သည်။ ဘေးမှ ချီးမွမ်းသူက ထက်မြက်မင်းပင်..။
“ ဟာ... ဟိတ်ကောင်.. ငတ်လှချီလား “
သူငယ်ချင်း၏အမေးအား “ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်ဆိုတာ ဒါမျိုးကွ” ဟူ၍သာကျိတ်ဖြေမိသည်။
“ အင်း.. လာစားလေ.. ဒီအချိန်ဗိုက်ဆာနေရောပေါ့ “
“ ဟုတ်.. “
သူ၏အနားသို့ ရောက်သွားသောအခါ မိမိအားစားစေရန် သူကိုင်ထားသော တူလေးပေးခဲ့သည်။ ဉာဏ်အရောင်စုံလှသည့်ကျွန်တော်က ထက်မြက်လှစွာ အကွက်ဆင်ခဲ့သည်။
“ ကျွန်တော် တူမကိုင်တတ်ဘူး “
“ ဘာရယ်.. မင်း.. ဒီအရွယ်ရောက်နေပြီ.. တူမကိုင်တတ်သေးဘူးလား “
“ တကယ်ပါ... ကျွန်တော်တူနဲ့ စားလေ့စားထမရှိဘူး.. ခေါက်ဆွဲပြုတ်စားရင်တောင် ဇွန်းနဲ့ခရင်းနဲ့ပဲစားတာ “
“ ဪ... အေးပါ.. ငါခွန့်ကျွေးမယ် “
မိမိ၏ဉာဏ်ရောင်စုံ လှည့်ကွက်များနှင့် ထောင်ချောက်ဆင်မှုအား သူကလွယ်လွယ်နှင့် ခုန်ဆင်းလာသည်။ သူကတော့ သဘောရိုးနှင့်ပြောပါသည်..။ မိမိ၏စိတ်သည်မရိုးသားသည်မို့ ရင်ထဲတွင် ပန်းအရောင်စုံဖူးပွင့်နေသည်။
သူခွန့်ကျွေးလာသည့် ထမင်းလိပ်သည် စားဖူးသမျှထမင်းလိပ်များထဲတွင် အရသာအရှိဆုံးဖြစ်နေသည်။
တစ်ခုနှင့်တော့ မတင်းတိမ်နိုင်..။ သူသောက်လက်စ ပဲနို့ဘူးကိုပါ မျက်စောင်းထိုးမိပြန်သည်။ ဉာဏ်ကောင်းလွန်းသည်ကြောင့် ထမင်းနင်ချင်ယောင် ဆောင်လိုက်သည်။ အလိုက်သိလှစွာ သူသည် ပဲနို့ဘူးကို အလျင်အမြန်ပေးလာသည်။
“ ပိုက်နဲ့တော့ သောက်တတ်တယ် မဟုတ်လား “
“ မရွဲ့ပါနဲ့လား “
“ အတည်မေးတာ.. အဆင်ပြေရဲ့လား “
“ ပြေပါတယ်.. ကျေးဇူးနော်.. တစ်လုတ်စားဖူး သူကျေးဇူးတဲ့.. နောက်နေ့မှ ကျေးဇူးဆပ်မယ်နော်..။ အခုတော့ သူငယ်ချင်းတွေခေါ်နေလို့ သွားလိုက်ဦးမယ် “
“ အွန်း ..”
ထမင်းလိပ်စားကာ ပလုတ်ပလောင်းနှင့် ပြောလာသည့်သူ၏အမူအရာ...။ ချစ်စဖွယ်အတိနှင့် ဆွဲကိုက်ချင်စရာအတိ...။
ကိုက်လို့ရလည်းမဖြစ်.. ဆက်ဆံရေးလေး ပျက်စီးသွားဦးမယ်... စိတ်ထိန်းစမ်း နေသူရိန်...။
ယနေ့တွင် နေသူရိန်အဖို့ရာ အမြတ်ကြီးမြတ်ပါသည်။ ချစ်ရသူခွန့်ကျွေးသော အစားအစာကို အရသာရှိစွာ စားသုံးခဲ့သည့်အပြင် သွယ်ဝိုက်၍အနမ်းယူခဲ့သေးသောကြောင့်ဖြစ်သည်။
Advertisement
- In Serial70 Chapters
Look Back at Me (Fleckney Fields Series, Book 1)
After ten years, Viola Holyoake returns to the peaceful picturesque village of Fleckney Fields, the home of the large family of her ex-husband, Rhys. Since their divorce, she's received her medical degree, got married, built her career, gone through a second, much less dramatic divorce - and now she's ready to enjoy the quiet countryside life and medical practice that she's always dreamt of. Thanks to the patronage of Nana Mable, the matriarch of the Holyoake family, Viola will now take the position of a partner in the local surgery, as well as a lodger of Dr. Fenton, the most prominent bachelor of the village. Will the village of Fleckney Woulds prove to be the just as homely and serene as she fondly remembers it? Will Viola overcome her unwillingness to open her heart to the possibly of a new romance - or an old one, perhaps?
8 128 - In Serial35 Chapters
Switch Up
Claire and Blair were once inseparable since birth. As twins they have spent every moment of their lives together as best friends, but that changes when high school comes and Claire decides she'd rather be popular and Blair decides she'd rather be a wallflower. The two grow apart until one day, Claire discovers that her secret crush, Carter, has a not so secret crush on Blair. Hoping to win Carter's heart, Claire seeks Blair's help and through that the two sisters uncover secret after secret about one another.
8 182 - In Serial22 Chapters
CONNECTED.
230917 ㅡ 240917"internet was all that i had to talk to you."© 2017 D0NGHYCK
8 177 - In Serial42 Chapters
Affairs Of The Heart
//Please note this story is under heavy construction! Read at your own risk.// If you look for perfection, you'll never be content. ~Leo Tolstoy . . . . . . . A flower is to be always beautiful lest it is cast away.A flower is to be innocent and pure. Delicate in nature, ever to bring squinting smiles to those around. A flower is perfect. Always perfect. She was the perfect embodiment of a flower.Her name, Iris.A thorn is sharp like a knight's blade. It inflicts pain and draws blood if one dares to get close.A thorn protects a flower from the wickedness of the world.A thorn is attached to the king, ever guarding.He was the perfect embodiment of a thorn. His name, Luca.She was an iris in no need of a thorn and he was a thorn in no need of a delicate iris.Thrust together by an arranged marriage, the unlikely pair, the thorn, and the flower must now find a way to co-inhabit in the same garden. Bracing the strength of the winter, will their love and companionship last for the spring season or will the cold betrayal of a parasitic orchid, the overflowing herbicide of lies and the perfect perfection of the Iris trample the delicate budding bloom of their affairs of the heart?
8 306 - In Serial41 Chapters
Vaughn
Her eyes widen as she sucks in a deep breath, feeling the full length of me."Do you believe me now kitten?" I whisper. "It pains me as well."I continue to rub my dick with both our hands. "You make me so damn fucking hard."She brings her face closer, confidently massaging my erection on her own."Show me." She whispers. •••••••••••VAUGHN - MissBelleStories••••••••••••Hold onto your panties ladies, the Vaughn brothers are coming to town.**Please Note: The original story is DOUBLE TEMPTATION which can be found on Episode Interactive. It is played in Alexis POV. I have also published this mature version under VAUGHN on Episode Interactive. The major difference is that this version is narrated through Benjamin and Bradley. This version contains adult themes, strong sex scenes, strong language and is recommended for 18+.****PLEASE READ: This story does not include any supernatural beings. This is not a vampire or werewolf story and it also does not include any incest scenes. The VAUGHN twins do not share nor do they have sex with eachother.**
8 151 - In Serial46 Chapters
Olive the Other Werewolves
"Shift." His voice hit me like a serrated blade as he stepped out of the crude semicircle of hardened wolves that had formed around me. I pushed myself off of the cold floor for what felt like the thousandth time that day, wiping the small trail of blood coming off of my lip and down my chin. "I won't ask you again." My limbs felt like lead, these wolves had been at me for hours trying to get me to shift into my wolf, unbeknown to them was that their efforts would forever be futile considering the fact my wolf wouldn't make an appearance for me even when I begged. I seriously doubted she would suddenly pop up as a result of their abusive tactics. Instead of explaining my circumstances, driven by a bizarre combination of adrenaline and fatigue, I leaned back on my heels and sent the largest loogie I'd ever conjured flying over and landing squarely between the eyes of the man before me. oOoOoOoOoOo As a late bloomer who was incapable of shifting yet, let alone making any contact with her wolf, Olive Ludovic's life was not off to the best start. Growing up, constantly being tormented and taunted by those around her forced Olive to grow a tough skin and work even harder, despite the fact she was without her wolf. When her home is taken over by a dark pack, life seems to only get worse for Olive as it is quickly discovered that her mate is none other than Matteo, the Alpha of the very pack that was terrorizing her people. It seems to her, that life is just a little bit easier for Olive the Other Werewolves.oOoOoOohello! just fyi there will be mature language and content as the book progresses so i'm letting ya know now ;)HIGHEST WEREWOLF RANKING = 2, LOVE RANKING = 3 (out of 1.8 million books XD), MAGIC RANKING = 1, ROMANCE RANKING = 1 (out of 1.5 million books XD), VAMPIRE RANKING =1!
8 236

