《Amiss Prayer (Zawgyi&Unicode) [Completed]》Part-41(အဆုံးသတ်)
Advertisement
For Unicode
အဆုံးသတ်
မနက်ခင်းတစ်ခု..။ ယခင်ကကဲ့သို့ မဟုတ်တော့သည့် အခန်းငယ်..။ မှောင်မိုက်ခြင်းတို့မရှိတော့..။ အလင်းရောင်တို့က နေရာအပြည့်ယူထားသည်။ ထိုအလင်းရောင်တို့ ဝင်ရောက်လာစေရန် ဖန်တီးပေးသူက ကိုကို..။ အလင်းတို့စူးခနဲဝင်လာသည်မို့ အိပ်ရာမှထခဲ့သည်။ အပြုံးလေးတစ်ပွင့်နှင့် ကြိုဆိုခဲ့သော ကိုကိုသည် ယခင်ကကဲ့သို့ ခန့်ညားနေဆဲ..။
“ နိုးပြီလားညီညီ..”
“ ဟုတ်ကိုကို.. ဘယ်နှနာရီထိုးပြီလဲဟင် “
“ ခုနှစ်နာရီခွဲပြီ ညီညီ “
“ ဪ.. တော်ပါသေးရဲ့။ ညီညီက နောက်ကျပြီထင်နေတာ “
“ စိုးရိမ်လွန်နေပါရောလားညီညီ။ ညီညီတို့ကြားက သံယောဇဉ်ဆိုတာ မထားအပ်တဲ့အရာနော် “
“ ဟုတ် ညီညီ နားလည်ခဲ့ပါပြီ “
“ ကဲပါ.. ထားတော့.. အခုညီညီက မျက်နှာသစ်ရမယ်.. မနက်စာစားရမယ်.. ပြီးရင် ဘုန်းကြီးကျောင်းသွားရဦးမယ် “
“ ဟုတ်ကဲ့ကိုကို “
“ လာ ကိုကိုထူပေးမယ် “
အိပ်ရာထဲမှ အတင်းအားယူကာထနေရသောညီညီကိုကြည့်ကာ စိတ်မကောင်းဖြစ်ရသည်။ ယခင်ကအလွန်တက်ကြွသည့် ကလေးငယ်သည် ယခုတွင်မူလေးလံနေသည်။ ထိုမျှသာမက.. အားအင်ကလည်းမရှိ..။ ခန္ဓာကိုယ်လေးမှာလည်း ပေါ့လို့နေသည်။ တစ်ယောက်တည်း မတ်တတ်ရပ်ရန်ကိုပင် အားမရှိသည့်နှယ်...။ ကျွန်တော်ထူနေတုန်းမှာပင် ခွေကျသည့် ကိုယ်ငယ်လေးကို ထိန်းလိုက်ရပြန်သေးသည်။
“ ညီညီ ရရဲ့လား.. “
“ ရပါတယ်ကိုကိုရဲ့..။ ဒီအတိုင်းမနက်နိုးနိုးစ ချက်ချင်းထလိုက်လို့ပါ.. “
“ ဟုတ်လို့လား ညီညီရယ်... မဖြစ်သေးပါဘူး။ ညီညီ ဆေးရုံသွားမှရမယ် “
“ ညီညီ မသွားချင်ဘူး ကိုကိုရယ်.. “
ညီညီမသွားချင်ဘူးကိုကို..။ သွားတော့ရော ဘာထူးမှာတဲ့လဲ..။ ထွက်သွားဖို့အချိန်က သိပ်တောင်မလိုတော့ဘူးထင်တယ်..။ သက်သက်မဲ့.. လူကြီးတွေနဲ့ ဆရာဝန်တွေကို အလုပ်ရှုပ်စေဦးမယ်..။
“ ခေါင်းမမာနဲ့ညီညီ။ ကိုကို့စကားကို နားထောင်..။ ကိုကိုပြောနေတာ ညီညီအတွက်ဆိုတာ ညီညီနားလည်လား “
“ အင်းပါ။ ကိုကို့သဘောပါ ”
လေသံမာမာနှင့် ပြောမိသောကြောင့် စိတ်မကောင်းဖြစ်သွားသည့် မျက်နှာလေးက အထင်းသား..။ တစ်မိသားစုလုံး အရိပ်တကြည့်ကြည့်နှင့် ချစ်ခဲ့ရသည့်ကလေးဖြစ်သည်မို့ သူစိတ်မကောင်းဖြစ်လျှင် မိမိတို့သည်လည်း စိတ်မကောင်းဖြစ်ရမြဲ...။
မျက်နှာသစ်ကာ ကိုယ်လက်သန့်စင်ပြီးနောက်အဝတ်အစားလဲပေးသောအခါတွင် တွေ့ရသော နံရိုးအပြိုင်းပြိုင်းကြောင့် ပို၍စိတ်မကောင်းဖြစ်ရသည်။
အဲဒီလောက်ထိဖြစ်ကုန်တာလား.. အဲဒီလောက်ထိရူးရလား ညီညီရယ်..။
အဝတ်အစားလဲပြီးနောက် ညီအစ်ကိုနှစ်ဦး၏ ခြေလှမ်းတို့ဦးတည်လိုက်သည်က မိခင်ဖြစ်သူ ပြင်ဆင်ပေးထားသော နံနက်စာစားဝိုင်းလေးဆီသို့သာ..။ မိသားစုဝင်လေးဦး၏ နံနက်စာစားဝိုင်းလေးမှ တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်သူက မင်းသူပင်..။
“ မေမေ ညီညီကို ဆေးရုံပြရင်ကောင်းမယ်ထင်တယ်။ ညီညီ့ကိုကြည့်ရတာ အားမရဘူး “
“ အင်း ကောင်းတယ်သားကြီး။ မေမေလည်းပြချင်နေတာ ကြာပါပြီ.. သားငယ်က လက်မခံတော့လေ... “
“ အခုတော့ သူလက်ခံပါတယ်မေမေ။ သားပြောထားပါတယ်။ ညီညီ့ကိုဆေးရုံပြဖို့ အချိန်အကြာကြီးမဆွဲချင်ဘူးမေမေ။ မနက်ဖြန်သွားကြမလား။ ဒီနေ့ကတော့ ဘုန်းကြီးကျောင်းလည်း သွားရဦးမှာဆိုတော့လေ “
“ အင်း အင်း။ သားကြီးရောက်လာလို့သာပဲ။ မဟုတ်ရင် အခုချိန်.. မေမေတို့ဘာလုပ်ရမှန်းတောင် သိမှာမဟုတ်ဘူး “
“ သားပြောပြီးပြီပဲမေမေရယ်။ သား မေမေတို့ကို စောင့်ရှောက်ချင်လို့ ပြန်လာတာလေ။ မေမေစိတ်ချနော်။ နောက်ကို ဒီလိုတွေမဖြစ်အောင်.. သားမိသားစုကို သားအတတ်နိုင်ဆုံး စောင့်ရှောက်ပေးမယ်။ ဘွားဘွားရယ် မေမေရယ် သားရယ် ညီညီရယ်.. ပျော်ရွှင်တဲ့မိသားစုဘဝလေးကို ဖြတ်သန်းဦးမယ်နော် “
ထိုစကားကြားပြီးနောက် မျက်ရည်ဝဲလာသောမေမေနှင့်ဘွားဘွား..။ မျှော်လင့်ခြင်းအပြည့်နှင့် ပြုံးနေသောကိုကို..။ ထိုသူတို့အား အားနာရပြန်သည်။
တောင်းပန်ပါတယ်ကိုကို။ ညီညီကြောင့် ကိုကို့ဆုတောင်းတွေ မပြည့်တော့ဘူးထင်တယ်။ ညီညီမရှိတော့ရင်လည်း ဘွားဘွားနဲ့မေမေရှိသေးတယ်လေ။ သူတို့တွေနဲ့ ပျော်အောင်နေပါနော်..။
ကျွန်တော်၏ တောင်းပန်သံကို မိသားစုဝင်တို့ကြားစေရန် မပြောခဲ့။ စိတ်တွင်း၌သာ မျိုသိပ်လျက်..။ ထိုသူတို့၏ ပျော်ရွှင်မှုလေးကို မဖျက်ဆီးဝံ့တော့ပြီ...။
မနက်စာစားပြီးနောက် မင်းသူနှင့်မြတ်သူသည် ရတနာဂူဘုန်းကြီးကျောင်းသို့သွားခဲ့သည်။ နန်းခင်ယွန်းနှင့် ဦးစိုင်းသီဟဇော်တို့က ကြို၍ရောက်နှင့်နေပြီး ဘုန်းကြီးကျောင်းမုခ်ဝတွင် စောင့်နေခဲ့သည်။ ထိုဘုန်းကြီးကျောင်းသို့ ရောက်သောအခါ မြတ်သူသည် ကြာကြာမတ်တတ်မရပ်နိုင်သောကြောင့် ကြို၍ဝင်နှင့်ခဲ့သည်။ နန်းခင်ယွန်းသည်လည်း ဆွမ်းချိုင့်နေရာချရန်.. ဝတ္ထုငွေကိစ္စစီစဉ်ရန် ဖခင်ဖြစ်သူထက် ဦးစွာဝင်နှင့်ခဲ့သည်။ ထို့နောက်တစ်ယောက်တည်းကျန်ခဲ့သည့် ဦးစိုင်းသီဟဇော်သည် ဘုန်းကြီးကျောင်းမုခ်ဝတွင်သာ ရပ်နေဆဲပင်။ ထို့နောက် သူတစ်ဦးတည်းက စကားပြောခဲ့သည်။
“ စိုင်းထွဋ်ခေါင် မင်းကြားရာအရပ်ကနေ ဒီကိုအခုချက်ချင်းလာခဲ့ပါ။ ငါတို့က မင်းအတွက် ကောင်းမှုကုသိုလ်လုပ်ပေးတော့မယ်။ မင်းသာဓုခေါ်ရမယ်။ အဲဒါကြောင့် အခုချက်ချင်း ဒီကိုလာခဲ့။ မင်းရောက်နေခဲ့ရင် ရောက်နေကြောင်း အချက်ပေး..။ “
ဦးစိုင်းသီဟဇော်၏ စကားအဆုံး၌ သူ၏ခြေထောက်အနားသို့ လူတစ်ဦးမှပစ်လိုက်သကဲ့သို့ ရောက်လာသည့် ကျောက်စလစ်ခဲတစ်လုံး..။ ထိုကျောင်စလစ်ခဲကိုကောက်ကာ ဦးစိုင်းသီဟဇော်သည်လည်း ဘုန်းကြီးကျောင်းထဲသို့ ဝင်လာခဲ့သည်။
Advertisement
တရားနာသောအခါ နေရာတစ်နေရာစာချန်၍ ထိုနေရာတွင် ဦးစိုင်းသီဟဇော်ယူလာခဲ့သော ကျောက်စလစ်ခဲလေးကို ထား၍တရားနာခဲ့သည်။ မင်းသူနှင့် မြတ်သူသည် ခရစ်ယာန်ဘာသာဝင်နှစ်ဦး ဖြစ်သည်မို့ ဗုဒ္ဓဘာသာဆိုင်ရာအယူအဆများကို နားမလည်..။ နန်းခင်ယွန်းနှင့် ဦးစိုင်းသီဟဇော်တို့ကသာ အစစအရာရာ ဦးဆောင်၍ လုပ်ကိုင်ပေးခဲ့သည်။
ထို့နောက် အမျှဝေ၍ရေစက်ချသောအခါ အဓိကသက်ဆိုင်သူဖြစ်သော မြတ်သူကိုယ်တိုင်ဝင်၍ လုပ်ဆောင်ပေးရသည်။ ရေစက်ချနေစဉ် ရေခံထားသောခွက်လေးမှ မသိမသာရွေ့နေခဲ့သေးသည်။ ထိုအဖြစ်ကိုကြည့်ကို မြတ်သူသည်လည်း မျက်ရည်တို့ဝဲလာသည်။ အမျှဝေသံတို့မှာလည်း တုန်ယင်လို့နေသည်။ ရေစက်ချနေစဥ် တုန်ယင်နေသော မြတ်သူ၏လက်ကို မင်းသူကထိန်းထားပေးသည်။
ရေစက်ချပြီးနောက် အိမ်သို့ပြန်ရန် ဘုန်းကြီးကျောင်းမှထွက်လာခဲ့သည်။ မုခ်ဝသို့ရောက်သောအခါ မိမိအနား၌ဝဲနေသော လိပ်ပြာငယ်...။ လိပ်ပြာငယ်လေးနားရန် လက်မြှောက်ပေးလိုက်သောအခါ ထိုလိပ်ပြာလေးသည် မိမိ၏လက်ဖမိုးထက်တွင် လာနားသည်။ နားနေသော လိပ်ပြာငယ်လေးကို မိမိ၏နှုတ်ခမ်းအနားသို့ကပ်ကာ တိတ်တဆိတ် ကတိပေးမိသည်။
ပြန်ဆုံမယ်နော်။ ကျွန်တော့်ကိုယုံကြည်ပေးပါနော်။ စိတ်ချလက်ချ သွားပါနော်..။
မိမိ၏စကားအဆုံး၌ အဝေးသို့ပျံသန်းသွားသောလိပ်ပြာငယ်။
ဝမ်းသာလိုက်တာ... နောက်ဆုံးတော့ ခင်ဗျားလွတ်လပ်သွားပြီနော်။ ပူလောင်တဲ့ထိန်းချုပ်မှုတွေအောက်က ခင်ဗျားလွတ်မြောက်ပြီလေ...။ အားကျလိုက်တာဗျာ..။ ကျွန်တော်လည်းလေ.. ဒီနာကျင်နေတဲ့ ခန္ဓာကိုယ်ကြီးကို စွန့်လွှတ်ပြီး လွတ်လွတ်လပ်လပ် ပျံသန်းချင်လိုက်တာဗျာ...။
လိပ်ပြာငယ်လေးပျံသန်းသွားသည်ကို ကြည့်ပြီးနောက် မိမိရင်ထဲမှ လေးလံနေမှုတို့သည့်လည်း လျော့ပါးကုန်သည်။ ကိုကိုခေါ်ဆောင်ရာ မိမိတို့၏ နာကျင်မှုအမှတ်တရများနှင့်ပြည့်နက်နေသော အိမ်ကြီးဆီသို့အရောက်တွင် တင်းထားသမျှအားတို့ကိုလည်းလျှော့ချမိသည်။ လျှော့ချလိုက်သည့် အားအင်တို့ကြောင့် ခြေလှမ်းတို့ပင် ခွေကျသွားသည်။
လဲကျသွားသော မိမိအား ကိုကိုမှထိန်းထားပေးသည်။ ဘွားဘွား၏စိုးရိမ်သံ... မေမေ၏ငိုသံ... ကိုကို၏ခေါ်သံ.. တို့ကို ခေတ္တမျှကြားလိုက်သေးသည်။ အားနာရပြန်သည်။ မိမိကြောင့်ပင် မိမိ၏မိသားစုဝင်များ စိတ်ထိခိုက်ရပြန်သည်။ မိသားစုဝင်တို့၏အသံကို ကြားပြီးနောက် လောကကြီးသည် ခေတ္တအမှောင်ဖုံးသွားပြန်သည်။
အိမ်အနီးနာရှိ အသစ်ပြောင်းလာသော ဆရာဝန်အား ဒေါ်မြတ်ကေသီမှ သွားပင့်ခဲ့သည်။ မင်းသူသည်က လဲကျသွားသော ညီငယ်၏ကိုယ်ကိုချီကာ အိပ်ခန်းထဲသို့ ပြေးသွားမိသည်။ အဘွားဖြစ်သူသည် နှလုံးခုန်နှုန်းများ မြန်နေသောကြောင့် ရင်ဘတ်ကိုဖိကာ ဘုရားသခင်သာတနေမိသည်။
ဆရာဝန်ရောက်လာပြီးနောက် ကြားရသည့်စကားသည် ထိုမိသားစုအတွက် ရင်ကွဲစရာပင်။
“ လူနာက မွေးရာပါ နှလုံးအားနည်းသူဖြစ်ပြီး အခုအချိန်မှာ သူနှလုံးက ပုံမှန်မဟုတ်တော့ဘူး။ အရမ်းအားနည်းနေတယ်။ နှလုံးခုန်နှုန်းတွေကလည်း ပုံမှန်ထက်ကိုနှေးနေတယ်။ နောက်ပြီး လူနာက ဦးခေါင်းထိခိုက်ထားတယ်လို့ အဒေါ်တို့ပြောတယ်နော် “
“ ဟုတ်ကဲ့ဆရာ “
“ လူနာက အဲဒီတုန်းက ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့ပုံပဲ။ နောက်ပြီး အဲဒီဒဏ်ထက်ပိုဆိုးတာက သူ့ဦးနှောက်မှာအကျိတ်တည်နေတာပဲ “
“ ဘယ်လိုဖြစ်တာလဲဆရာရယ်။ ကျွန်မတို့သားလေးကို ကုလို့ရသေးတယ်မဟုတ်လား ဆရာ.. ပြောပါဆရာရယ်.. “
“ ပြောရမှာ အားတော့နာပါတယ်။ လူနာက ခန္ဓာကိုယ်နဲ့မလိုက်အောင် ရောဂါတွေများနေတယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော အရမ်းကိုအားနည်းနေပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ရှိတဲ့အချိန်လေးအတွင်းမှာ လူနာကိုစိတ်ချမ်းသာအောင် ထားစေချင်တယ် “
ထိုစကားကြားပြီးနောက် လဲကျသွားသော ဒေါ်မြတ်ကေသီ။ ရှိုက်ကြီးတငင်ငင်ငိုကြွေးနေသော ဒေါ်သူဇာ။ အိပ်ရာထက်တွင် လဲလှောင်နေသော ညီငယ်၏မျက်နှာကို တယုတယကိုင်ကာ ငိုကြွေးနေသော မင်းသူ..။ ဤအချိန်တွင် မိသားစုဝင်တို့သည် ဝမ်းနည်း၍ငိုကြွေးနေရုံမှအပ မည်သည့်အရာမျှမတတ်နိုင်ခဲ့။
ထို့နောက် ပြန်လည်သတိရလာခဲ့သည့် မြတ်သူသည် မိသားစုဝင်တို့၏ကိုကြည့်ကာ ပြုံး၍စကားပြောခဲ့သည်။ သို့သော်အပြုံးတို့သည် အားမရှိခဲ့..။
“ ဘာလို့ငိုနေတာလဲ..။ ဘာလဲ သားကိုကြာကြာမနေရတော့ဘူးလို့ ဆရာဝန်ကပြောသွားလို့လား “
မြတ်သူစိတ်ချမ်းသာစေရန်သာ ထိုမိသားစုဝင်သုံးဦးအဖို့ရာ အရေးကြီးသည်မို့ လိမ်ခဲ့ရပြန်သည်။
“ မဟုတ်ပါဘူးညီညီ.. “
“ ဪ... ကိုကိုတောင် လိမ်တတ်နေပြီပဲ..။ မလိမ်ပါနဲ့ဗျာ။ ညီညီ့အခြေအနေကို ညီညီသိပါတယ် “
“ ညီညီရယ်... “
“ ဟာ... ကိုကိုကလည်း မငိုပါနဲ့ဗျာ..။ ကိုကိုတို့ငိုနေတာကိုကြည့်ရတာ ညီညီပိုခံစားရလို့ပါ..။ ညီညီက ဘွားဘွားရယ် မေမေရယ် ကိုကိုရယ်.. ပျော်နေတာပဲ မြင်ချင်တာ။ မငိုပါနဲ့နော် “
အားမရှိသည့်လက်တို့ဖြင့် ကိုကို့ပါးပြင်ထက်က မျက်ရည်တို့ကိုဖယ်ရှားပေးမိပြန်သည်။
ရှိနေတဲ့အချိန်လေးအတွင်းမှာတော့ ကိုယ်ချစ်ရတဲ့သူတွေ ပျော်တာပဲမြင်ချင်တာ လူတိုင်းရဲ့သဘာဝပါ။ အဲဒီသဘာဝက လူသားဖြစ်တဲ့ကျွန်တော်ဆီမှာလည်း ရှိတာပေါ့လေ...။
ထိုနေ့မှစ ကျွန်တော်တို့၏အိမ်တွင် ကိုကိုကဦးဆောင်ကာ ပျော်ရွှင်မှုများ ဖန်တီးပေးခဲ့သည်။ ဓာတ်ပုံဆရာကို အိမ်ခေါ်ကာ မိသားစုဓာတ်ပုံရိုက်ခဲ့သည်။ ကျွန်တော် နှစ်သက်ရသည့် အစားအစာများကို ကိုကိုကဖန်တီးပေးသည်။ အားနည်းနေသော ကျွန်တော့်ခန္ဓာကိုယ်အား နွေးထွေးစေရန် မေမေကသိုးမွှေးအင်္ကျီလေးထိုးပေးခဲ့သည်။ လည်စေ့အထင်သားပေါ်နေသော လည်ပင်အား နွေးထွေးစေရန် ဘွားဘွားသည် မာဖလာလေးထိုးပေးခဲ့သည်။
သူတို့၏အပြုံး.. သူတို့၏ပျော်ရွှင်မှုသည် သီပေါမြို့၏ ဆောင်းရာသီကိုပင် လွန်ဆန်နိုင်သည်အထိ နွေးထွေးစေခဲ့သည်။
ထိုသူတို့၏ ပြုံးနှင့်ပျှော်ရွှင်မှုသည် ရာခိုင်းနှုန်းအပြည့်နှင့်မဟုတ်..။ ရင်ထဲတွင် ဝမ်းနည်းမှုကိုယ်စီနှင့်...။ ထိုသို့ ပျော်ရွှင်ခဲ့ရသည်မှာ တစ်ပတ်မြောက်ခဲ့ပြီ..။ ညနေဆည်းဆာအချိန်၌ မေမေပေးခဲ့သော အင်္ကျီ.. ဘွားဘွားပေးခဲ့ မာဖလာ.. ကိုကိုပေးသော ဦးထုပ်.. စသည်တို့ကိုဝတ်ဆင်ကာ မပြီးသေးသောပန်းချီကားလေးကို ဆွဲနေမိသည်။ ကိုကိုသည်က မိမိဘေးနားတွင် ရပ်နေသည်။ ပန်းချီကားလေးသည်လည်း အလုံးစုံပြီးမြောက်လေပြီ..။ နေလည်း ဝင်လေပြီ..။ မိမိဘဝသည်လည်း ကုန်ဆုံးတော့မည်။ ထို့ကြောင့် မှာစရာရှိသည်များကို မှာရဦးမည်။
“ ကိုကို.. “
“ ပြောလေညီညီ “
“ မေမေတို့ ဘွားဘွားတို့နဲ့ ပျော်ပျော်ရွှင်ရွှင်နေရစ်ခဲ့နော်။ ကိုကိုပြောတယ်မဟုတ်လား.. ဘွားဘွားရယ် မေမေရယ် ကိုကိုရယ် ညီညီရယ်.. ပျော်ရွှင်တဲ့မိသားစုဘဝလေးကို ဖြတ်သန်းဦးမယ်ဆိုတာလေ..။ တောင်းပန်ပါတယ်ကိုကို.. ကိုကို့ဆုတောင်းက ညီညီကြောင့်မပြည့်တော့ဘူး ထင်ပါတယ်..။ ညီညီမရှိတော့ပေမဲ့ မေမေတို့တော့ရှိသေးတယ်လေ။ သူတို့နဲ့ပဲ ပျော်ရွှင်စွာ ဖြတ်သန်းပါနော် “
“ ဘာတွေပြောနေတာလဲ ညီညီရယ်..။ မဟုတ်တာကွာ.. ညီညီက ကိုကိုတို့နဲ့ အကြာကြီးနေဦးမှာလေ “
အားမရှိသည့် ညီညီ၏ကိုယ်လေးကို နွေးထွေးလိုနွေးထွေးစေငြား ဖက်ထားမိသည်။
“ မောတယ် ကိုကိုရယ်... “
“ စကားတွေအများကြီး မပြောပါနဲ့လားညီညီရယ် “
ညီအစ်ကိုနှစ်ဦးလုံး၏ မျက်ရည်တို့သည် မစဲခဲ့။ အိမ်ထဲမှကြည့်နေသော မိခင်နဲ့ အဘွားဖြစ်သူတို့မှာလည်း ငိုကြွေးလျက်..။
“ ညီညီ... သွား.. တော့..မယ်.. နော် “
အားယူရင်းပြောသွားသည့် ထိုစကား...။ ထိုစကားဆုံးပြီးနောက် ညီညီလက်ထဲမှ စုတ်တံလေးပြုတ်ကျသွားသည်။ ကျွန်တော်ဖက်ထားသော ညီညီ၏ခန္ဓာကိုယ်လေးသည်လည်း အသက်မဲ့သွားခဲ့သည်...။
ပန်းချီကားလေးသည်လည်း အလုံးစုံပြီးမြောက်လေပြီ..။ အကြင်သူနှစ်ဦး၏ ဘဝကိုယ်စီလည်း အဆုံးသတ်ကာအနားယူသွားခဲ့ပြီ...။ ကျန်ရစ်သူတို့မှာ လွမ်းဆွတ်မှုအတိနှင့်...။
Advertisement
- In Serial44 Chapters
Witness Protection
Jasmine Wright, 21, was only picking up groceries after work when she was caught in the crossfire of a brutal robbery gone wrong. She had witnessed a murder, and she had seen the faces of the murderers, suddenly putting her in a dangerously vulnerable position. A barrage of threats overtake Jasmine's once peaceful life, violent attempts to silence her. Detective Dawson James, 26, is a decorated officer with many successions under his gun-holstered belt. But his new mission - to protect Jasmine at any cost - is proving to be his most difficult, after all, getting emotionally involved is always a cops biggest distraction.
8 322 - In Serial138 Chapters
The Vampire Always Bites Twice
Criminal necromancer & vampire private eye team up to solve the case of the missing barista.***When a client drops dead in her parlor, former necromancer turned fortune teller, Isla, has no choice but to illegally resurrect the poor gal. Better that than go back to jail for keeping a corpse, am I right? The gal's just a Tourist. Isla is certain nobody will notice... At least she was until a handsome vampire strolled in.When vampire private investigator, Gregorio, is hired to find where another vamp misplaced their favorite barista, he never expected the case to lead him into the parlor of a fraudulent psychic with a secret. Or that that psychic would be so distractingly attractive. Neither expected they'd need to team up to find the not-dead girl before both the authorities and a lovesick vampire discover there's a new reanimated corpse in town. Sparks fly and blood splatters as Greg and Isla investigate Philadelphia's underground magical Society, negotiate with the werewolf mafia, dodge arrest by anti-necromantic wizards, and occasionally pop off for late night cheesesteaks.💀⚰️🖤🍷🦇☕🦇🍷🖤⚰️💀See final chapter for reviews, awards, & accomplishments. Reviews may contain spoilers.
8 189 - In Serial41 Chapters
The Other CEO
Grief-stricken over the death of the boss who was like a father to her, Olivia Bailey is left to deal with the aftermath--the arrival of his dashing but estranged son, Pierce Alexander. But she can't stand him and he doesn't trust her. Will working for the new CEO remain to be an impossible task?***Olivia Bailey might be plain and boring, but she's content with her current lifestyle, working for the kind but lonely old man who owns Alexander Corporation. But his untimely death flips her simple life upside down. Now, she must deal with his estranged son, the heir to his business empire, together with the growing feelings building up between them. Will Olive manage to bear the pressure and issues cropping up along the way--or is this too much to ask?Disclaimer: This story won The Wattys 2014 People's Choice Award.Cover Design by Ashley Marie Bandy
8 134 - In Serial30 Chapters
ethan dolan - imagines
wholesome imagines that make ur heart melt
8 190 - In Serial52 Chapters
Neighbors With The Joestars (JJBA x Reader ( Parts 1-5 ))
Y/n was living a normal life when she had to move. Her best friend called asking for help and of course, Y/n agrees and moves into her friend's house for a couple of months. As Y/n does work from her computer she can see her neighbors acting weird, and when she investigates she finds five men living together. And they were quite bizarre.*I do not own the characters**All credit goes to Hirohiko Araki *
8 91 - In Serial36 Chapters
From the Bottom of My Heart, I Love You (gxg) (AU)
Originally published on the archive of our own.. . . PLOT:Ava and Beatrice spent their childhood days together, became close, did activities together, and enjoyed each other's company until something happened one day that caused them to lose touch for years.Ava, who is now in her freshman year of college, has made plans for the rest of her time at the university. Then Beatrice and Ava were reunited, Beatrice became frigid towards the younger girl, which perplexed Ava. Beatrice has had feelings for Ava since they were fourteen years old, and she still has feelings for her.Ava and Beatrice have discovered something incredibly beautiful, seductive, and addictive.
8 317

