《Amiss Prayer (Zawgyi&Unicode) [Completed]》Part-38(မလှပသော)
Advertisement
For Unicode
မလှပသော
အနာဂတ်တို့ ပျောက်ဆုံးနေသည့် လူသားတစ်ဦး..။ ဝေခွဲမရမှုနှင့် နာကျင်မှုတို့ တပွေ့တပိုက်နှင့် ထိုလူသား။ မှားယွင်နေကြောင်းသိလျက် ရှေ့ဆက်တိုးမိနေသည့် ထိုလူသားသည် လွယ်ကူနေလိမ့်မည်မဟုတ်။ သူ့ထံတွင် တည်ရှိနေသောအခက်အခဲကို ထိုလူသားမှအပ ကျန်သောသူများနားမလည်။
ဆုံးဖြတ်ချက်တို့ခိုင်မာဖို့အတွက် ကျွန်တော်အကြိမ်ကြိမ်ကြိုးစားဖူးတယ်။ သူ့မျက်နှာကိုတွေ့ရတဲ့အခါ သူ့ကိုပဲပိုင်ဆိုင်ချင်မိနေတယ်။ မိဘမျက်နှာမြင်တွေ့ရတဲ့အခါ သူ့ကိုစွန့်လွှတ်ချင်မိတယ်။
တစ်ဖက်က ချစ်ရသူနဲ့ကမ္ဘာ...။ တစ်ဖက်က မိသားစုနဲ့ကမ္ဘာ...။ ဘယ်ကမ္ဘာကိုပဲ သွားနေပါစေ.. အချိန်တန်ရင် ကျွန်တော်က သူတို့ထက်အရင် ထွက်သွားရမယ့်လူလေ..။ ကျွန်တော်သိတာပေါ့... အခုတစ်လော ခေါင်းတွေအဆမတန် ကိုက်ခဲနေတာကို..။ ကျွန်တော်သိပ်သိတာပေါ့... အခုတစ်လော ကျွန်တော့နှလုံးတွေ စူးအောင့်နေတာကို...။ ကျွန်တော်နားလည်တာပေါ့... ဒီလောကက ကျွန်တော့်ကို အချိန်သိပ်မပေးဘူးဆိုတာကို...။ သိပ်မကျန်တော့တဲ့ အချိန်လေးအတွင်းမှာ ကျွန်တော်ဘယ်ကမ္ဘာနဲ့ ပျော်ရွှင်ရမလဲ...။
အနှစ်နှစ်အလလက စောင့်စားခဲ့ရတဲ့ နှလုံးသားပိုင်ရှင်နဲ့လည်း အတူနေချင်တယ်။ ချစ်ရတဲ့မိသားစုလေးနဲ့လည်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်နေပြန်ရော။ တကယ်လို့သူသာ ကျွန်တော်တို့နဲ့ ဘဝတူခဲ့ရင် ဒီလောက်ခက်ခဲမှာမဟုတ်ဘူးနော်..။ ခင်ဗျားဟာလေ... အစွဲအလမ်းသိပ်ကြီးတယ်။ အခု.. ခင်ဗျားရဲ့အစွဲအလမ်းတွေကပါ ကျွန်တော့်ကို ချုပ်နှောင်ထားပြန်တယ်...။
ခက်ခဲမှု.. ပင်ပန်းမှု.. နာကျင်မှုတို့ ရောထွေးလာသောအခါ ပါးပြင်ထက်သို့ စီးကျလာသည့် ပူနွေးနွေးမျက်ရည်တို့ကို အေးစက်သည့်လက်တစ်စုံက ဖယ်ရှားပေးလာသည်။
" ဘာဖြစ်လို့ ငိုနေတာလဲကောင်လေးရယ်.. "
" ကျွန်တော်ပင်ပန်းနေတယ်။ ဒီနေရာက တင်းကျပ်နေရော "
သူ၏လက်များနှင့် ဆုပ်ကိုင်ထားသည့်နေရာမှာ သူ၏နှလုံးသားရှိရာ ဘယ်ဘက်ရင်အုံဆီတွင်...။
" ဘာဖြစ်လို့လဲ "
" ပင်ပန်းနေလို့.. "
" ကိုယ့်အတွက်ကြောင့် မဟုတ်လား "
မျက်ဝန်းထဲ၌ မျက်ရည်စတို့ စုဝေးလျက်.. နှုတ်ခမ်းထက်တွင် ပြုံးလျက်ဆိုလာသည့် သူ၏အမူအရာတို့သည် မိမိ၏နှလုံးသားတို့အား ပို၍တင်းကျပ်စေသည်။ ထို့ကြောင့်သူ၏ အမေးကို ကျွန်တော်ပြန်မဖြေနိုင်..။
" မလိမ်ပါနဲ့ကောင်လေးရယ် ကောင်လေးငိုနေတာ.. ကိုယ်ခဏခဏတွေ့ပါတယ်..။ ကောင်လေးက ကိုယ့်ကိုကလဲ့စားချေတာလားဟင်..။ ကောင်လေးမကြိုက်တာတွေကို.. ကိုယ်ကလုပ်မိတော့ ကောင်လေးကလည်း ကိုယ်မကြိုက်တဲ့မျက်ရည်တွေကို အသုံးချနေပြန်ရော။ အခုလည်း ပင်ပန်းနေပြီမဟုတ်လား "
" အင်း... ပင်ပန်းတယ်။ အရာအားလုံးအတွက်...။ ခင်ဗျားအတွက်ရော... မေမေတို့အတွက်ရော ကျွန်တော်က မကောင်းတဲ့လူဖြစ်နေပြီလေ။ ခင်ဗျားကို ချုပ်နှောင်မိသလို မေမေတို့ကိုလည်း စိတ်ဆင်းရဲအောင် လုပ်မိပြန်တယ် "
" ချုပ်နှောင်တာရယ်လည်း မဟုတ်ပါဘူး။ ကိုယ်ကိုက စောင့်နေမိတာလေ။ ကောင်လေးနဲ့ နေချင်မိခဲ့တာလေ "
" ခင်ဗျား ဘာလို့အဲဒီလောက်အစွဲအလမ်းကြီးတာလဲဟင် "
" ချစ်တဲ့စိတ်ကြောင့်ပေါ့။ အဲဒီအချစ်ကြောင့် အခုလည်း အမှားတွေဆက်လုပ်နေမိတယ်လေ။ ဒါပေမဲ့ နောင်တတော့မရမိဘူး။ တစ်ခါတလေတော့ ကောင်လေးပင်ပန်းနေတာကို စိုးရိမ်မိတယ် "
" ဘာလို့ နောင်တမရတာလဲ "
" နောင်တ မရချင်ဘူးကောင်လေး။ ကိုယ်နောင်တရတဲ့နေ့က ကိုယ်.. ကောင်လေးအနားက ထွက်သွားရမယ့်နေ့ပဲ "
" ဒါပေမဲ့ ဒီအတိုင်းကြီး နေနေလို့မှမရပဲ "
" အခုလောလောဆယ်တော့ နေလို့ရနေတယ်လေ "
" ခင်ဗျားရယ်.. ပြောရခက်လိုက်တာဗျာ "
" ဒါပေမဲ့ ကောင်လေးစိတ်ပင်ပန်းနေရင်တော့.. ကိုယ်ပျောက်ကွယ်ပေးပါမယ် "
" ပျောက်ကွယ်မယ်ဆိုပြီး စောင့်နေဦးမလို့လား"
ကျွန်တော်သိပ်သိတာပေါ့။ အချိန်တွေအကြာကြီးစောင့်နေရတဲ့သူက ထပ်စောင့်ဖို့ ဝန်လေးနေမှာမဟုတ်ဘူးဆိုတာကို...။
" ဒါကတော့ ကိုယ်နဲ့ပဲသက်ဆိုင်တာပါ။ ကောင်လေးစိတ်မပူပါနဲ့ "
" စိတ်မပူလို့ရမလား။ ခင်ဗျားက ဒီအတိုင်းကြီးဆက်နေလို့ မဖြစ်တော့ဘူးလေ။ ခင်ဗျားလည်း ခက်ခဲနေတာပဲကို။ ခင်ဗျားကလေ ပင်ပန်းနေတာသိသိကြီးနဲ့ ဆက်ပြီးစောင့်နေချင်သေးတာလား "
" စောင့်နေတာက ပိုမသေချာဘူးလားကွာ။ နောက်ဘဝဆိုတာ ပြန်ဆုံဖို့ မသေချာဘူးကောင်လေး။ ဆုံခဲ့ရင်တောင် မှတ်မိမှာမဟုတ်ဘူးလေ။ အခုလိုကျတော့ ကိုယ်ကမှတ်မိနေသေးတယ်လေ "
စိုင်းထွဋ်ခေါင်သည် မြတ်သူ၏ နဖူးထက်တွင် ဝဲကျနေသောဆံစလေးများကို သပ်တင်ပေးကာ နူးညံ့သယောင်နှင့် ကြောက်စဖွယ်အတိသော စကားကိုဆိုနေလျက် ဖြေသိမ့်နေမိသည်။ သူ့အတွက်သာဖြေသိမ့်နေခြင်းလော မြတ်သူအတွက် ဖြေသိမ့်နေခြင်းလော မသဲကွဲ...။ သေချာသည်က ထိုစကားတို့တွင် အတ္တအနံ့တို့ မကင်း...။
" ခင်ဗျား သိပ်ခေါင်းမာတယ်ဗျာ။ အစွဲအလမ်းသိပ်ကြီးတာပဲ။ ပြောရခက်လိုက်တာဗျာ "
" အင်း.. ကိုယ်ခေါင်းမာခဲ့တယ်။ အစွဲအလမ်းကြီးလွန်းလို့ ကိုယ့်အတွက်ပေးဝေခဲ့တဲ့ အမျှအတမ်းကိုတောင် သာဓုမခေါ်နိုင်ခဲ့ဘူး "
ကောင်လေး၏ မွန်းကျပ်နေမှုတို့ကို မြင်ရပါသည်။ ဆက်၍မကြည့်ချင်။ နောင်တလည်းမရလို...။ ထို့ကြောင့်သာ စကားတစ်ခွန်းပြော၍ သူ့အရှေ့မှ ပျောက်ကွယ်မိခဲ့သည်။
" ကောင်လေးရှိနေသမျှတော့ ကောင်လေးအနားမှာပဲကပ်တွယ်နေချင်သေးတယ်ကွယ် "
ထိုစကားပြောပြီးနောက် နဖူးထက်ကို အနမ်းခြွေကာ ပျောက်ကွယ်သွားသည့်သူ...။ ကျွန်တော့်ရင်ထဲက နာကျင်မှုကို သူမြင်ရသော်လည်း အလုံးစုံတော့သူသိနိုင်မည်မဟုတ်။ သူသည် မိမိမဟုတ်..။ သူ၏ နာကျင်မှုကိုလည်း မိမိမြင်ရသည်။ အလုံးစုံတော့မဟုတ်..။ မိမိသည် သူမဟုတ်..။
ထိုသို့ အကြင်သူနှစ်ဦးခက်ခဲနေသကဲ့သို့ မိဘများသည်လည်းအခက်တွေ့ရသည်။
" အမေ သားလေးရဲ့ပုံစံက ဘယ်လိုတွေဖြစ်မှန်းမသိဘူး "
" ဟုတ်ပါ့အေ အမေလည်း မြေးဒီလိုဖြစ်တာကို မတွေ့ဖူးပါဘူး "
" သားလေး ဟိုတစ်ခါက ခေါင်းထိထားတဲ့အရှိန်ကြောင့် ပုံမှန်မဟုတ်တော့တာလားမသိဘူး "
" ဆရာဝန်တွေပြောတော့ ဘာမှမဖြစ်ဘူးဆို "
" မသိတော့ပါဘူး အမေရယ် "
ဒေါ်သူဇာသည် သမီးဖြစ်သူ၏စကားကိုမဖြေ..။ တစ်စုံတစ်ရာအား တွေးတောနေဟန်ဖြင့် ခြံအပြင်ဘက်သို့ငေးကြည့်နေမိသည်။ သုံးမိနစ်ခန့်ကြာသောအခါ ဒေါ်သူဇာသည် အထိတ်တလန့်ဖြစ်နေသော မျက်နှာအနေအထားဖြင့် သမီးဖြစ်သူအား စကားပြန်ပြောသည်။
" မဟုတ်မှလွဲရော မကောင်းဆိုးဝါးတွေများ ပူးကပ်နေသလား။ အခုမြေးရဲ့ပုံစံက အရင်ကနဲ့ လုံးဝမတူဘူး။ တဖြည်းဖြည်းပိန်လာတာလည်း ပြောမနေနဲ့တော့ "
Advertisement
" ဘယ်လိုဖြစ်တယ် အမေ "
" မြေးကိုကြည့်။ ဒီအိမ်ကိုရောက်ပြီးကတည်းက ညဘက်တွေမအိပ်ဘူး။ မနက်ဘက်တွေဆိုရင် အိပ်နေတယ်။ မနက်ပိုင်းတွေ ဘယ်လောက်အိပ်အိပ် မျက်တွင်းတွေကျပြီး ပိန်လာတယ်။ အစားလည်း ကောင်းကောင်းမစားဘူး။ အမူအရာတွေကလည်း ဝိညာဥ်လွင့်နေသလိုလိုနဲ့ စိတ်နဲ့လူနဲ့မကပ်ဘူး။ တစ်ခါတလေ အမေ့ကို စကားမပြောဘဲ ဒီအတိုင်းကြည့်နေတတ်တယ်။ မေးကြည့်တော့လည်း အတွေးလွန်နေတာလို့တော့ ပြောတယ် "
" တကယ်များဖြစ်နေလား.. စိတ်ပူတယ်အမေရယ် "
" အမေလည်း စိတ်ပူပါတယ်။ တစ်ခါက အမေညဘက် တစ်ရေးနိုးလို့ အပေါ့အပါးထသွားတုန်း.. သူတစ်ယောက်တည်း စကားပြောနေတဲ့အသံကြားလိုက်တယ် "
" ဘယ်လို "
" အေး.. ဟုတ်တယ် အဲဒါတော့မှတ်မှတ်ရရပဲ။ အစက ဝတ္ထုတွေဖတ်ရင်း စာအုပ်ထဲကစကားပြောတွေကို ရွတ်နေတယ်ထင်တာ။ မြေးမှာက ချစ်သူဘာညာလည်း မရှိဘူးဘဲနဲ့ သူပြောနေတာတွေက 'ခင်ဗျားကိုချစ်တယ်' ဆိုလား ဘာဆိုလား ပြောတော့.. အမေကလည်း ဒီကလေး စာရူး ရူးပြန်ပြီထင်တာ "
" တကယ်ပဲမကောင်းဆိုးဝါးသာ ကပ်နေရင်တော့ ဒုက္ခပါပဲအမေရယ် "
" ဪ... သမီးရယ် ဒုက္ခရောက်စရာလား ဖာသာဆီခေါ်သွားရုံပေါ့ "
" အဲဒါက ဒုက္ခပေါ့အမေရယ်။ ဖာသာကအခု ဒီမှာမရှိဘူး ရန်ကုန်ဆင်းသွားတယ်။ တစ်လလောက်ကြာမယ်တဲ့ "
" ဟယ်.. အဲဒါဆို ဘယ်လိုလုပ်ရမတုံး"
" ဖာသာပြန်ရောက်တဲ့ထိတော့ စောင့်နေလို့မဖြစ်ဘူးထင်တယ်အမေ။ သားလေး ပိုဆိုးသွားနိုင်တယ်။ မတက်နိုင်တဲ့အဆုံးတော့ တခြားတတ်ကျွမ်းတဲ့ဆရာနဲ့ ပြရမှာပေါ့ "
" ဒီနယ်မှာကလည်း အသိတွေကသိပ်မရှိနဲ့.. ခက်နေပါပြီကွယ် "
ထိုသို့ မိခင်နှင့်သမီးဖြစ်သူတို့ စဉ်းစားရခက်နေချိန်၌ ခြံအဝသို့ စာပို့သမား တစ်ဦးရောက်လာသည်။
" စာ လာပါတယ် အိမ်ရှင်တို့ "
ထိုအသံကိုကြားပြီးနောက် ဒေါ်မြတ်ကေသီသည် ခြံထဲသို့ထွက်သွားခဲ့သည်။ စာယူပြီးနောက် အိမ်ထဲသို့ ပြန်၀င်လာသည့် ဒေါ်မြတ်ကေသီထံတွင် မျှော်လင့်ချက်အပြုံးလေးတစ်ခု ဆင်မြန်းလာသည်။
" ဘယ်သူ့ဆီကလဲသမီး "
" သားကြီး မင်းသူဆီကမေမေ "
" ဖတ်စမ်းပါဦးကွယ် "
" ဟုတ်ကဲ့ အမေ "
ဒေါ်မြတ်ကေသီလည်း မင်းသူပို့လိုက်သောစာကို ဒေါ်သူဇာအား ဖတ်ပြခဲ့သည်။
'သို့
ချစ်ရသော ဘွားဘွား၊ မေမေနဲ့ ညီညီရေ.. နေကောင်းတယ်မဟုတ်လား။ ဒေသအသစ်မှာရော အဆင်ပြေရဲ့လား။ သားမေမေတို့ဆီက ထွက်လာခဲ့တာ ခုနှစ်နှစ်တောင်ရှိပြီနော်။ သားလေ.. သားမိသားစုတွေကို သိပ်သတိရတယ်ဗျာ။ သားလေ မေမေတို့ကို ပိုက်ဆံပို့သလို သားလည်း စုမိဆောင်းမိထားတာလေးတွေရှိတယ်။ ပညာလည်းစုံနေပြီ စီးပွားရေးလည်း လုပ်ကိုင်နိုင်နေပြီဆိုတော့ သားပြန်လာပြီး မေမေတို့ကို အနီးကပ်စောင့်ရှောက်ချင်တယ်။ အဲဒါကြောင့် သားပြန်လာတော့မယ်နော်။ ပြန်လာရင်တော့ အလိမ္မာချွေးမအလောင်းအလျာလေးလည်း ပါမယ်မေမေ။ သူလည်းသီပေါကပဲ။ ဒီမှာ အလုပ်လုပ်ရင် သားနဲ့ဖူးစာဆုံတယ်မေမေ။ ပညာလည်းစုံ ကြင်ယာလည်းစုံပေါ့မေမေရယ်။ ကြင်ယာကြောင့် မေမေတို့ကို ပစ်ပယ်မယ်လို့ မထင်ပါနဲ့နော်။ သားက လူမိုက်မဟုတ်ပါဘူး။ သားတို့မိသားစုထဲကို မိသားစု၀င်တစ်ယောက် ထပ်တိုးလာမှာပါ။ နိုင်ငံရပ်ခြားမှာတော့ အိမ်ထောင်မပြုပါဘူးမေမေ။ မြန်မာရိုးရာအတိုင်း မိသားဖသားပီပီ တောင်းရမ်းလက်ထက်ချင်တယ်။ သူမိဘတွေက ဗုဒ္ဓဘာသာဝင်တွေလေ။ သူ့မိဘတွေကအယူမသီးသလို သားမိဘတွေလည်း အယူမသီးတော့ အဆင်ပြေဖို့ မျှော်လင့်နေပါတယ်မေမေ။ ညီညီရော ချစ်သူရနေပြီလား။ နောက်ကား ကျော်တက်တာကို လက်မခံနိုင်လို့ ညီညီချစ်သူရလည်း အခုမယူပါနဲ့ဦးကွာ။ ပြန်ရောက်မှရင် အကြောင်းစုံပြောပြမှာမို့လို့ ဒီတစ်ခေါက်စာကို ဒီမှာပဲရပ်လိုက်မယ်နော်။ သား နှစ်ဆယ့်နှစ်ရက်နေ့ ပြန်ရောက်မယ်နော်။ '
" ဪ... မြေးကြီးတောင် ပြန်လာပြီပေါ့။ မြေးကြီးပြန်လာတော့ အမေတို့လည်း အားရှိတာပေါ့ကွယ်။ မြေးငယ်လေးအတွက်တော့ အမေစိတ်မကောင်းဘူး "
သားအချစ် မြေးအနှစ်ဆိုသည့်အတိုင်း ဒေါ်သူဇာသည် မြေးနှစ်ယောက်အားအလွန်ချစ်ရှာသည်။ ချစ်ရသောမြေးနှစ်ဦးမှ တစ်ဦးသည် ဤကဲ့သို့ ကျန်းမာရေးမကောင်းကာ ပုံမှန်မဟုတ်တော့သည်ကိုကြည့်၍ စိတ်မကောင်းဖြစ်ရသည်။
ဪ.. အပြစ်မရှိတဲ့ကလေး။ ဖြူစင်တဲ့ကလေးက ဘာလို့ဒီလောက်တောင် ပြောင်းလဲလာရတာလဲကွယ်။ ကံကြမ္မာကြီးက မတရားလိုက်တာ..။
မိခင်နှင့်အဘွားဖြစ်သူတို့ ဧည့်ခန်းတွင်စကားပြောနေခိုက် မြတ်သူသည် လှေကားထက်မှ လေးပင်စွာဆင်းလာသည်။
မေမေနှင့်ဘွားဘွားတို့သည် ကျွန်တော့်ကိုကြည့်၍ စိတ်မကောင်းဖြစ်နေသည်ကို ကျွန်တော်တွေ့ပါသည်။ ကျွန်တော်သည်လည်း စိတ်မကောင်းခဲ့။ ကျွန်တော်ကိုယ်တိုင်က ထိုသူတို့အား သောကပေးမိခဲ့သည်။
တစ်လှမ်းချင်းလှမ်းနေသည့် ခြေလှမ်းများသည် အားမပါ။ ယိုင်းနဲ့လို့နေသည်။ တစ်လှမ်းချင်းသာ လျှောက်လှမ်းနေလျက် လဲမကျသွားရန် မနည်းထိန်းနေရသည်။
မည်မျှပင် အပူသောကပေးပါစေ။ သားသမီးကို မိဘတို့သည် ပစ်ရိုးထုံးစံမရှိသည်မို့ သားငယ်ဖြစ်သူအား စိတ်ပူနေမိသည်။ သူပြုခဲ့သည့် ဆိုးမှုသည် အတိတ်ကာလများက သူ၏လိမ္မာခဲ့မှုတို့နှင့် ယှဉ်လျှင်အလွန်နည်းပါသည်။ ထို့ကြောင့် တစ်သက်လုံးမိဘအပေါ်သိတတ်ခဲ့သော လိမ္မာခဲ့သောသားငယ်လေး ပြောင်းလဲနေသည်ကို ပို၍စိတ်မကောင်းဖြစ်ရသည်။
" ဘယ်သွားမလို့လဲသား "
" ခြံထဲခဏပါမေမေ။ မနေ့ညကကိစ္စတွေအတွက် သားတောင်းပန်ပါတယ် "
" သားတောင်းပန်တယ်ဆိုရင် သားဘာတွေဖြစ်နေတာလဲ မေမေတို့ကို ပြောပြပါလားကွယ် နော် "
" အင်းပါ။ သားပြောပြပါမယ်။ အခုတော့ သားကို အချိန်ပေးပါ။ မေမေတို့လည်း ပြင်ဆင်ထားပါနော် "
စိတ်ကို အတတ်နိုင်ဆုံးခိုင်မာအောင် ပြင်ဆင်ပေးပါမေမေ။ သားတစ်ခုခုဖြစ်တဲ့အခါ မေမေတို့ မခံစားရအောင်ပေါ့..။
" သား.. ဘာကိုပြောတာလဲ "
" ဘာမှမဟုတ်ပါဘူးမေမေရယ်။ ဒီလိုပါပဲ..။ သားအခု ခြံထဲဆင်းလိုက်ဦးမယ်နော် "
" အကြာကြီးမနေနဲ့နော် သား "
" ဟုတ် "
မြတ်သူသည် ခြံထဲသို့ ဆင်းသွားပြီးနောက် ဆက်၍ဦးတည်လိုက်သည့် ခြေလှမ်းများသည် ခြံစောင့်အဘလှထွန်း၏ အိမ်လေးဆီကိုသာ..။
" မြတ်သူပါလား။ လာလေကွယ် "
" အဘ... သားကို ဟိုကဖုံးထားတဲ့ပန်းချီကားလေး ပေးလို့ရမလား "
" ဘယ်လို... "
Advertisement
" သားသိပါတယ်အဘရဲ့။ သားကိုပေးပါနော်။ "
" အင်းပါ။ အဘပေးပါမယ်။ ဒီပန်းချီကားပိုင်ရှင်က အစကတည်းက မြတ်သူပဲလေ "
" ဓားကိုရော ပေးပါနော်။ ရပါတယ်မဟုတ်လား "
" ရပါတယ်ကွယ်... "
" တစ်ဆက်တည်း တောင်းဆိုပါရစေ။ သခင်လေးကသန့်သန့်ရှင်းရှင်း နေတတ်တဲ့သူဆိုတော့ မြေစာပုံက အမှိုက်တွေကိုလည်း ရှင်းပေးပါဦးနော် "
" စိတ်ချပါ။ အဲဒါတွေက အဘရဲ့တာ၀န်တွေပါ "
ထို့နောက် မြတ်သူသည် ဓားနှင့် ပန်းချီကားတို့ကို ပိတ်စအမည်းနှင့်ဖုံးကာ အိမ်ထဲသို့ယူလာခဲ့သည်။
" သား.. အဲဒါ ဘာတွေတုန်း "
" ပန်းချီကားတစ်ခုပါမေမေ။ အဘဆီကတောင်းခဲ့တာပါ "
" ဘာပန်းချီမို့လို့လဲသားရဲ့။ အဘကပေးတာရော ကြည်ဖြူရဲ့လား "
" သူ လိုလိုလားလားပေးပါတယ်မေမေ "
အစကတည်းက သားအပိုင်ပစ္စည်းမို့လို့ သူကြည်ကြည်ဖြူဖြူပေးပါတယ်မေမေ။ ဓားအကြောင်းကိုတော့ မပြောတော့ဘူးနော်။ မေမေတို့ သိပ်လန့်သွားမှာ စိုးရိမ်မိတယ်။
ထိုအတွေးတို့ကို ဒေါ်မြတ်ကေသီမသိခဲ့။ သိခဲ့ပါလျှင်လည်း အလွန်တရာ ကြောက်လန့်လိမ့်မည်။
ထို့နောက်အခန်းထဲသို့ ပန်းချီကားနှင့်ဓားကိုယူသွားကာ နေရာချထားလိုက်သည်။ အခန်း၏နံရံတွင် ချိတ်ဆွဲထားသည့် ဓား... ခုတင်ဘေးတွင် ပန်းချီကားတင်သည့်Standဖြင့် နေရာယူထားသည့် ပန်းချီကားတို့ကိုကြည့်ကာ မျက်ရည်တို့ဖြင့်ပြောနေသည့် ထိုလူသား၏စကားသည်..
" မလှပတဲ့ကြိုးတွေနဲ့ မချုပ်နှောင်ချင်တော့ဘူး ချစ်ရသူရယ်..."
For Zawgyi
မလွပေသာ
အနာဂတ္တို႔ ေပ်ာက္ဆုံးေနသည့္ လူသားတစ္ဦး..။ ေဝခြဲမရမႈႏွင့္ နာက်င္မႈတို႔ တေပြ႕တပိုက္ႏွင့္ ထိုလူသား။ မွားယြင္ေနေၾကာင္းသိလ်က္ ေရွ႕ဆက္တိုးမိေနသည့္ ထိုလူသားသည္ လြယ္ကူေနလိမ့္မည္မဟုတ္။ သူ႔ထံတြင္ တည္ရွိေနေသာအခက္အခဲကို ထိုလူသားမွအပ က်န္ေသာသူမ်ားနားမလည္။
ဆုံးျဖတ္ခ်က္တို႔ခိုင္မာဖို႔အတြက္ ကြၽန္ေတာ္အႀကိမ္ႀကိမ္ႀကိဳးစားဖူးတယ္။ သူ႔မ်က္ႏွာကိုေတြ႕ရတဲ့အခါ သူ႔ကိုပဲပိုင္ဆိုင္ခ်င္မိေနတယ္။ မိဘမ်က္ႏွာျမင္ေတြ႕ရတဲ့အခါ သူ႔ကိုစြန႔္လႊတ္ခ်င္မိတယ္။
တစ္ဖက္က ခ်စ္ရသူနဲ႔ကမာၻ...။ တစ္ဖက္က မိသားစုနဲ႔ကမာၻ...။ ဘယ္ကမာၻကိုပဲ သြားေနပါေစ.. အခ်ိန္တန္ရင္ ကြၽန္ေတာ္က သူတို႔ထက္အရင္ ထြက္သြားရမယ့္လူေလ..။ ကြၽန္ေတာ္သိတာေပါ့... အခုတစ္ေလာ ေခါင္းေတြအဆမတန္ ကိုက္ခဲေနတာကို..။ ကြၽန္ေတာ္သိပ္သိတာေပါ့... အခုတစ္ေလာ ကြၽန္ေတာ့ႏွလုံးေတြ စူးေအာင့္ေနတာကို...။ ကြၽန္ေတာ္နားလည္တာေပါ့... ဒီေလာကက ကြၽန္ေတာ့္ကို အခ်ိန္သိပ္မေပးဘူးဆိုတာကို...။ သိပ္မက်န္ေတာ့တဲ့ အခ်ိန္ေလးအတြင္းမွာ ကြၽန္ေတာ္ဘယ္ကမာၻနဲ႔ ေပ်ာ္႐ႊင္ရမလဲ...။
အႏွစ္ႏွစ္အလလက ေစာင့္စားခဲ့ရတဲ့ ႏွလုံးသားပိုင္ရွင္နဲ႔လည္း အတူေနခ်င္တယ္။ ခ်စ္ရတဲ့မိသားစုေလးနဲ႔လည္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းခ်င္ေနျပန္ေရာ။ တကယ္လို႔သူသာ ကြၽန္ေတာ္တို႔နဲ႔ ဘဝတူခဲ့ရင္ ဒီေလာက္ခက္ခဲမွာမဟုတ္ဘူးေနာ္..။ ခင္ဗ်ားဟာေလ... အစြဲအလမ္းသိပ္ႀကီးတယ္။ အခု.. ခင္ဗ်ားရဲ႕အစြဲအလမ္းေတြကပါ ကြၽန္ေတာ့္ကို ခ်ဳပ္ေႏွာင္ထားျပန္တယ္...။
ခက္ခဲမႈ.. ပင္ပန္းမႈ.. နာက်င္မႈတို႔ ေရာေထြးလာေသာအခါ ပါးျပင္ထက္သို႔ စီးက်လာသည့္ ပူေႏြးေႏြးမ်က္ရည္တို႔ကို ေအးစက္သည့္လက္တစ္စုံက ဖယ္ရွားေပးလာသည္။
" ဘာျဖစ္လို႔ ငိုေနတာလဲေကာင္ေလးရယ္.. "
" ကြၽန္ေတာ္ပင္ပန္းေနတယ္။ ဒီေနရာက တင္းက်ပ္ေနေရာ "
သူ၏လက္မ်ားႏွင့္ ဆုပ္ကိုင္ထားသည့္ေနရာမွာ သူ၏ႏွလုံးသားရွိရာ ဘယ္ဘက္ရင္အုံဆီတြင္...။
" ဘာျဖစ္လို႔လဲ "
" ပင္ပန္းေနလို႔.. "
" ကိုယ့္အတြက္ေၾကာင့္ မဟုတ္လား "
မ်က္ဝန္းထဲ၌ မ်က္ရည္စတို႔ စုေဝးလ်က္.. ႏႈတ္ခမ္းထက္တြင္ ၿပဳံးလ်က္ဆိုလာသည့္ သူ၏အမူအရာတို႔သည္ မိမိ၏ႏွလုံးသားတို႔အား ပို၍တင္းက်ပ္ေစသည္။ ထို႔ေၾကာင့္သူ၏ အေမးကို ကြၽန္ေတာ္ျပန္မေျဖႏိုင္..။
" မလိမ္ပါနဲ႔ေကာင္ေလးရယ္ ေကာင္ေလးငိုေနတာ.. ကိုယ္ခဏခဏေတြ႕ပါတယ္..။ ေကာင္ေလးက ကိုယ့္ကိုကလဲ့စားေခ်တာလားဟင္..။ ေကာင္ေလးမႀကိဳက္တာေတြကို.. ကိုယ္ကလုပ္မိေတာ့ ေကာင္ေလးကလည္း ကိုယ္မႀကိဳက္တဲ့မ်က္ရည္ေတြကို အသုံးခ်ေနျပန္ေရာ။ အခုလည္း ပင္ပန္းေနၿပီမဟုတ္လား "
" အင္း... ပင္ပန္းတယ္။ အရာအားလုံးအတြက္...။ ခင္ဗ်ားအတြက္ေရာ... ေမေမတို႔အတြက္ေရာ ကြၽန္ေတာ္က မေကာင္းတဲ့လူျဖစ္ေနၿပီေလ။ ခင္ဗ်ားကို ခ်ဳပ္ေႏွာင္မိသလို ေမေမတို႔ကိုလည္း စိတ္ဆင္းရဲေအာင္ လုပ္မိျပန္တယ္ "
" ခ်ဳပ္ေႏွာင္တာရယ္လည္း မဟုတ္ပါဘူး။ ကိုယ္ကိုက ေစာင့္ေနမိတာေလ။ ေကာင္ေလးနဲ႔ ေနခ်င္မိခဲ့တာေလ "
" ခင္ဗ်ား ဘာလို႔အဲဒီေလာက္အစြဲအလမ္းႀကီးတာလဲဟင္ "
" ခ်စ္တဲ့စိတ္ေၾကာင့္ေပါ့။ အဲဒီအခ်စ္ေၾကာင့္ အခုလည္း အမွားေတြဆက္လုပ္ေနမိတယ္ေလ။ ဒါေပမဲ့ ေနာင္တေတာ့မရမိဘူး။ တစ္ခါတေလေတာ့ ေကာင္ေလးပင္ပန္းေနတာကို စိုးရိမ္မိတယ္ "
" ဘာလို႔ ေနာင္တမရတာလဲ "
" ေနာင္တ မရခ်င္ဘူးေကာင္ေလး။ ကိုယ္ေနာင္တရတဲ့ေန႔က ကိုယ္.. ေကာင္ေလးအနားက ထြက္သြားရမယ့္ေန႔ပဲ "
" ဒါေပမဲ့ ဒီအတိုင္းႀကီး ေနေနလို႔မွမရပဲ "
" အခုေလာေလာဆယ္ေတာ့ ေနလို႔ရေနတယ္ေလ "
" ခင္ဗ်ားရယ္.. ေျပာရခက္လိုက္တာဗ်ာ "
" ဒါေပမဲ့ ေကာင္ေလးစိတ္ပင္ပန္းေနရင္ေတာ့.. ကိုယ္ေပ်ာက္ကြယ္ေပးပါမယ္ "
" ေပ်ာက္ကြယ္မယ္ဆိုၿပီး ေစာင့္ေနဦးမလို႔လား"
ကြၽန္ေတာ္သိပ္သိတာေပါ့။ အခ်ိန္ေတြအၾကာႀကီးေစာင့္ေနရတဲ့သူက ထပ္ေစာင့္ဖို႔ ဝန္ေလးေနမွာမဟုတ္ဘူးဆိုတာကို...။
" ဒါကေတာ့ ကိုယ္နဲ႔ပဲသက္ဆိုင္တာပါ။ ေကာင္ေလးစိတ္မပူပါနဲ႔ "
" စိတ္မပူလို႔ရမလား။ ခင္ဗ်ားက ဒီအတိုင္းႀကီးဆက္ေနလို႔ မျဖစ္ေတာ့ဘူးေလ။ ခင္ဗ်ားလည္း ခက္ခဲေနတာပဲကို။ ခင္ဗ်ားကေလ ပင္ပန္းေနတာသိသိႀကီးနဲ႔ ဆက္ၿပီးေစာင့္ေနခ်င္ေသးတာလား "
" ေစာင့္ေနတာက ပိုမေသခ်ာဘူးလားကြာ။ ေနာက္ဘဝဆိုတာ ျပန္ဆုံဖို႔ မေသခ်ာဘူးေကာင္ေလး။ ဆုံခဲ့ရင္ေတာင္ မွတ္မိမွာမဟုတ္ဘူးေလ။ အခုလိုက်ေတာ့ ကိုယ္ကမွတ္မိေနေသးတယ္ေလ "
စိုင္းထြဋ္ေခါင္သည္ ျမတ္သူ၏ နဖူးထက္တြင္ ဝဲက်ေနေသာဆံစေလးမ်ားကို သပ္တင္ေပးကာ ႏူးညံ့သေယာင္ႏွင့္ ေၾကာက္စဖြယ္အတိေသာ စကားကိုဆိုေနလ်က္ ေျဖသိမ့္ေနမိသည္။ သူ႔အတြက္သာေျဖသိမ့္ေနျခင္းေလာ ျမတ္သူအတြက္ ေျဖသိမ့္ေနျခင္းေလာ မသဲကြဲ...။ ေသခ်ာသည္က ထိုစကားတို႔တြင္ အတၱအနံ႔တို႔ မကင္း...။
" ခင္ဗ်ား သိပ္ေခါင္းမာတယ္ဗ်ာ။ အစြဲအလမ္းသိပ္ႀကီးတာပဲ။ ေျပာရခက္လိုက္တာဗ်ာ "
" အင္း.. ကိုယ္ေခါင္းမာခဲ့တယ္။ အစြဲအလမ္းႀကီးလြန္းလို႔ ကိုယ့္အတြက္ေပးေဝခဲ့တဲ့ အမွ်အတမ္းကိုေတာင္ သာဓုမေခၚႏိုင္ခဲ့ဘူး "
ေကာင္ေလး၏ မြန္းက်ပ္ေနမႈတို႔ကို ျမင္ရပါသည္။ ဆက္၍မၾကည့္ခ်င္။ ေနာင္တလည္းမရလို...။ ထို႔ေၾကာင့္သာ စကားတစ္ခြန္းေျပာ၍ သူ႔အေရွ႕မွ ေပ်ာက္ကြယ္မိခဲ့သည္။
" ေကာင္ေလးရွိေနသမွ်ေတာ့ ေကာင္ေလးအနားမွာပဲကပ္တြယ္ေနခ်င္ေသးတယ္ကြယ္ "
ထိုစကားေျပာၿပီးေနာက္ နဖူးထက္ကို အနမ္းေႁခြကာ ေပ်ာက္ကြယ္သြားသည့္သူ...။ ကြၽန္ေတာ့္ရင္ထဲက နာက်င္မႈကို သူျမင္ရေသာ္လည္း အလုံးစုံေတာ့သူသိႏိုင္မည္မဟုတ္။ သူသည္ မိမိမဟုတ္..။ သူ၏ နာက်င္မႈကိုလည္း မိမိျမင္ရသည္။ အလုံးစုံေတာ့မဟုတ္..။ မိမိသည္ သူမဟုတ္..။
ထိုသို႔ အၾကင္သူႏွစ္ဦးခက္ခဲေနသကဲ့သို႔ မိဘမ်ားသည္လည္းအခက္ေတြ႕ရသည္။
" အေမ သားေလးရဲ႕ပုံစံက ဘယ္လိုေတြျဖစ္မွန္းမသိဘူး "
" ဟုတ္ပါ့ေအ အေမလည္း ေျမးဒီလိုျဖစ္တာကို မေတြ႕ဖူးပါဘူး "
" သားေလး ဟိုတစ္ခါက ေခါင္းထိထားတဲ့အရွိန္ေၾကာင့္ ပုံမွန္မဟုတ္ေတာ့တာလားမသိဘူး "
" ဆရာဝန္ေတြေျပာေတာ့ ဘာမွမျဖစ္ဘူးဆို "
" မသိေတာ့ပါဘူး အေမရယ္ "
ေဒၚသူဇာသည္ သမီးျဖစ္သူ၏စကားကိုမေျဖ..။ တစ္စုံတစ္ရာအား ေတြးေတာေနဟန္ျဖင့္ ၿခံအျပင္ဘက္သို႔ေငးၾကည့္ေနမိသည္။ သုံးမိနစ္ခန႔္ၾကာေသာအခါ ေဒၚသူဇာသည္ အထိတ္တလန႔္ျဖစ္ေနေသာ မ်က္ႏွာအေနအထားျဖင့္ သမီးျဖစ္သူအား စကားျပန္ေျပာသည္။
" မဟုတ္မွလြဲေရာ မေကာင္းဆိုးဝါးေတြမ်ား ပူးကပ္ေနသလား။ အခုေျမးရဲ႕ပုံစံက အရင္ကနဲ႔ လုံးဝမတူဘူး။ တျဖည္းျဖည္းပိန္လာတာလည္း ေျပာမေနနဲ႔ေတာ့ "
" ဘယ္လိုျဖစ္တယ္ အေမ "
" ေျမးကိုၾကည့္။ ဒီအိမ္ကိုေရာက္ၿပီးကတည္းက ညဘက္ေတြမအိပ္ဘူး။ မနက္ဘက္ေတြဆိုရင္ အိပ္ေနတယ္။ မနက္ပိုင္းေတြ ဘယ္ေလာက္အိပ္အိပ္ မ်က္တြင္းေတြက်ၿပီး ပိန္လာတယ္။ အစားလည္း ေကာင္းေကာင္းမစားဘူး။ အမူအရာေတြကလည္း ဝိညာဥ္လြင့္ေနသလိုလိုနဲ႔ စိတ္နဲ႔လူနဲ႔မကပ္ဘူး။ တစ္ခါတေလ အေမ့ကို စကားမေျပာဘဲ ဒီအတိုင္းၾကည့္ေနတတ္တယ္။ ေမးၾကည့္ေတာ့လည္း အေတြးလြန္ေနတာလို႔ေတာ့ ေျပာတယ္ "
" တကယ္မ်ားျဖစ္ေနလား.. စိတ္ပူတယ္အေမရယ္ "
" အေမလည္း စိတ္ပူပါတယ္။ တစ္ခါက အေမညဘက္ တစ္ေရးႏိုးလို႔ အေပါ့အပါးထသြားတုန္း.. သူတစ္ေယာက္တည္း စကားေျပာေနတဲ့အသံၾကားလိုက္တယ္ "
" ဘယ္လို "
" ေအး.. ဟုတ္တယ္ အဲဒါေတာ့မွတ္မွတ္ရရပဲ။ အစက ဝတၳဳေတြဖတ္ရင္း စာအုပ္ထဲကစကားေျပာေတြကို ႐ြတ္ေနတယ္ထင္တာ။ ေျမးမွာက ခ်စ္သူဘာညာလည္း မရွိဘူးဘဲနဲ႔ သူေျပာေနတာေတြက 'ခင္ဗ်ားကိုခ်စ္တယ္' ဆိုလား ဘာဆိုလား ေျပာေတာ့.. အေမကလည္း ဒီကေလး စာ႐ူး ႐ူးျပန္ၿပီထင္တာ "
" တကယ္ပဲမေကာင္းဆိုးဝါးသာ ကပ္ေနရင္ေတာ့ ဒုကၡပါပဲအေမရယ္ "
" ဪ... သမီးရယ္ ဒုကၡေရာက္စရာလား ဖာသာဆီေခၚသြား႐ုံေပါ့ "
" အဲဒါက ဒုကၡေပါ့အေမရယ္။ ဖာသာကအခု ဒီမွာမရွိဘူး ရန္ကုန္ဆင္းသြားတယ္။ တစ္လေလာက္ၾကာမယ္တဲ့ "
" ဟယ္.. အဲဒါဆို ဘယ္လိုလုပ္ရမတုံး"
" ဖာသာျပန္ေရာက္တဲ့ထိေတာ့ ေစာင့္ေနလို႔မျဖစ္ဘူးထင္တယ္အေမ။ သားေလး ပိုဆိုးသြားႏိုင္တယ္။ မတက္ႏိုင္တဲ့အဆုံးေတာ့ တျခားတတ္ကြၽမ္းတဲ့ဆရာနဲ႔ ျပရမွာေပါ့ "
" ဒီနယ္မွာကလည္း အသိေတြကသိပ္မရွိနဲ႔.. ခက္ေနပါၿပီကြယ္ "
ထိုသို႔ မိခင္ႏွင့္သမီးျဖစ္သူတို႔ စဥ္းစားရခက္ေနခ်ိန္၌ ၿခံအဝသို႔ စာပို႔သမား တစ္ဦးေရာက္လာသည္။
" စာ လာပါတယ္ အိမ္ရွင္တို႔ "
ထိုအသံကိုၾကားၿပီးေနာက္ ေဒၚျမတ္ေကသီသည္ ၿခံထဲသို႔ထြက္သြားခဲ့သည္။ စာယူၿပီးေနာက္ အိမ္ထဲသို႔ ျပန္၀င္လာသည့္ ေဒၚျမတ္ေကသီထံတြင္ ေမွ်ာ္လင့္ခ်က္အၿပဳံးေလးတစ္ခု ဆင္ျမန္းလာသည္။
" ဘယ္သူ႔ဆီကလဲသမီး "
" သားႀကီး မင္းသူဆီကေမေမ "
" ဖတ္စမ္းပါဦးကြယ္ "
" ဟုတ္ကဲ့ အေမ "
ေဒၚျမတ္ေကသီလည္း မင္းသူပို႔လိုက္ေသာစာကို ေဒၚသူဇာအား ဖတ္ျပခဲ့သည္။
'သို႔
ခ်စ္ရေသာ ဘြားဘြား၊ ေမေမနဲ႔ ညီညီေရ.. ေနေကာင္းတယ္မဟုတ္လား။ ေဒသအသစ္မွာေရာ အဆင္ေျပရဲ႕လား။ သားေမေမတို႔ဆီက ထြက္လာခဲ့တာ ခုႏွစ္ႏွစ္ေတာင္ရွိၿပီေနာ္။ သားေလ.. သားမိသားစုေတြကို သိပ္သတိရတယ္ဗ်ာ။ သားေလ ေမေမတို႔ကို ပိုက္ဆံပို႔သလို သားလည္း စုမိေဆာင္းမိထားတာေလးေတြရွိတယ္။ ပညာလည္းစုံေနၿပီ စီးပြားေရးလည္း လုပ္ကိုင္ႏိုင္ေနၿပီဆိုေတာ့ သားျပန္လာၿပီး ေမေမတို႔ကို အနီးကပ္ေစာင့္ေရွာက္ခ်င္တယ္။ အဲဒါေၾကာင့္ သားျပန္လာေတာ့မယ္ေနာ္။ ျပန္လာရင္ေတာ့ အလိမၼာေခြၽးမအေလာင္းအလ်ာေလးလည္း ပါမယ္ေမေမ။ သူလည္းသီေပါကပဲ။ ဒီမွာ အလုပ္လုပ္ရင္ သားနဲ႔ဖူးစာဆုံတယ္ေမေမ။ ပညာလည္းစုံ ၾကင္ယာလည္းစုံေပါ့ေမေမရယ္။ ၾကင္ယာေၾကာင့္ ေမေမတို႔ကို ပစ္ပယ္မယ္လို႔ မထင္ပါနဲ႔ေနာ္။ သားက လူမိုက္မဟုတ္ပါဘူး။ သားတို႔မိသားစုထဲကို မိသားစု၀င္တစ္ေယာက္ ထပ္တိုးလာမွာပါ။ ႏိုင္ငံရပ္ျခားမွာေတာ့ အိမ္ေထာင္မျပဳပါဘူးေမေမ။ ျမန္မာ႐ိုးရာအတိုင္း မိသားဖသားပီပီ ေတာင္းရမ္းလက္ထက္ခ်င္တယ္။ သူမိဘေတြက ဗုဒၶဘာသာဝင္ေတြေလ။ သူ႔မိဘေတြကအယူမသီးသလို သားမိဘေတြလည္း အယူမသီးေတာ့ အဆင္ေျပဖို႔ ေမွ်ာ္လင့္ေနပါတယ္ေမေမ။ ညီညီေရာ ခ်စ္သူရေနၿပီလား။ ေနာက္ကား ေက်ာ္တက္တာကို လက္မခံႏိုင္လို႔ ညီညီခ်စ္သူရလည္း အခုမယူပါနဲ႔ဦးကြာ။ ျပန္ေရာက္မွရင္ အေၾကာင္းစုံေျပာျပမွာမို႔လို႔ ဒီတစ္ေခါက္စာကို ဒီမွာပဲရပ္လိုက္မယ္ေနာ္။ သား ႏွစ္ဆယ့္ႏွစ္ရက္ေန႔ ျပန္ေရာက္မယ္ေနာ္။ '
" ဪ... ေျမးႀကီးေတာင္ ျပန္လာၿပီေပါ့။ ေျမးႀကီးျပန္လာေတာ့ အေမတို႔လည္း အားရွိတာေပါ့ကြယ္။ ေျမးငယ္ေလးအတြက္ေတာ့ အေမစိတ္မေကာင္းဘူး "
သားအခ်စ္ ေျမးအႏွစ္ဆိုသည့္အတိုင္း ေဒၚသူဇာသည္ ေျမးႏွစ္ေယာက္အားအလြန္ခ်စ္ရွာသည္။ ခ်စ္ရေသာေျမးႏွစ္ဦးမွ တစ္ဦးသည္ ဤကဲ့သို႔ က်န္းမာေရးမေကာင္းကာ ပုံမွန္မဟုတ္ေတာ့သည္ကိုၾကည့္၍ စိတ္မေကာင္းျဖစ္ရသည္။
ဪ.. အျပစ္မရွိတဲ့ကေလး။ ျဖဴစင္တဲ့ကေလးက ဘာလို႔ဒီေလာက္ေတာင္ ေျပာင္းလဲလာရတာလဲကြယ္။ ကံၾကမၼာႀကီးက မတရားလိုက္တာ..။
မိခင္ႏွင့္အဘြားျဖစ္သူတို႔ ဧည့္ခန္းတြင္စကားေျပာေနခိုက္ ျမတ္သူသည္ ေလွကားထက္မွ ေလးပင္စြာဆင္းလာသည္။
Advertisement
- In Serial30 Chapters
Keeping Close
Sarah needed to have everything coordinated. Each little thing needed to be in place so she could enjoy a peaceful, organized life. It was all going according to plan until she got a new roommate who turned her manicured life upside down. Lucas is the exact opposite. He enjoys his freedoms and goes with the flow. Once he convinces Sarah to escape her comfort zone the pair sets off on a string of adventures that will test her limits and show her how great the world can be. Along the way they grow closer together. Sparks fly but will it be too much for them to handle?
8 196 - In Serial43 Chapters
Sugar Rush
Social-recluse Parker Collins doesn't expect to cross paths with the girl whose life he ruined years ago. But in a cold world that's left him bitter time and time again, maybe she's all the sugar he needs. *****When Sugar Pearce moves into apartment 2B, the last person she expects for an upstairs neighbour is Parker Collins, her high school crush. But he's hardly the popular golden boy that she remembers; now he's a quiet, hard-working lawyer who doesn't like company and doesn't date. So when Sugar keeps running into him, at work and in their steamy apartment laundry room, she can't help but feel that fate is giving them a second chance at love. But is she ready to face the secrets that pulled them apart all those years ago? Is he?[[word count: 100,000-150,000 words]]Cover designed by Lydia CarrContent And/Or Trigger Warning: this story examines the PTSD associated with being a survivor of sexual assault.All Rights Reserved. Copyright © 2020 by Noelle N.
8 114 - In Serial21 Chapters
(Over)Thinking About You
A girl like Verona often gets overlooked by her peers and she wouldn't have it any other way. She prefers to blend into the background and disappear. However, when an awkward situation forces her to interact, she ends up blossoming more than she could ever imagine. That is, until her overthinking ruins everything.Warning ⚠️: There will be language, alcohol and drug use, as well as strong sexual content. Please read at your own risk. This story deals with depression and anxiety, specifically social anxiety.
8 174 - In Serial51 Chapters
Killed by My Stalker (Complete)
After being killed by my stalker, I found myself being reincarnated in a murder mystery novel I was reading right before I died.Instead of the heroine, I was reincarnated as the heroine's best friend Lilian Lemaire who dies early in the story from a serial killer who likes stalking and killing pretty young girls at night. Her death sets the beginning of a chain of murders.Victorian murder mystery!#1 - shortstory#1 - reincarnation#1 - josei#1 - obsession#2 - murder#2 - torment#4 - drama#20 - tragedy#20 - adultfiction⚠️ SMUT WARNING ⚠️TRIGGER WARNING: Torture and sexual abuse!Author note: Story is definitely not for children and includes explicit scenes >.Short chapters for easy reading 📖 Each chapter takes about 1 minute to read. Short story that you can finish in a day! Please remember to vote!Status Updated: CompletedMy first original short story! Thank you for reading.
8 278 - In Serial35 Chapters
[BL] Raising children in Ancient County Town
Raising children in Ancient County Town在古代縣城養兒_欲來遲Author:欲來遲Status:35 Chapters (Completed)DescriptionIn ancient times, I looked at the carpenter's husband who was nearly 1.9 meters tall and sturdy; tremblingly held the baby in his arms; the baby is so cute, it must be the first to raise a son and then fall in love.---NOTE: FOR OFFLINE PURPOSES SO DON'T REPOST MTLED IF YOU DON'T UNDERSTAND THEN IT IS IN POOR QUALITY I DID THIS FOR PEOPLE LIKE ME WHO CAN'T AFFORD PROPERLY TRANSLATED AND LIMITED INTERNET CONNECTION SO PLEASE DON'T CRITICIZE THE QUALITY NOR THE WAY I MTLED IT THANK YOU
8 164 - In Serial33 Chapters
A Musician To Be Reckoned With
Octave Reiner is the heroine of this crazy disorganized story full of her past and her present time that is like hundreds of tangled earphones.Entering a new school, Avalon High, she hopes to start another new start hopefully full of music she loves so dearly. But life can't be full of sparkles as the past demands her presence, both in a good and bad way.With secrets only known to a few, she is someone to be reckoned with especially with her weird personality. No, she is a musician to be reckoned with.
8 63

