《Amiss Prayer (Zawgyi&Unicode) [Completed]》Part-35(အတ္တ)
Advertisement
For Unicode
အတ္တ
ညအချိန်တွင်မအိပ်သည့် ကျွန်တော်သည် မနက်ခင်းများတွင် နိုးလေ့မရှိတော့။ မနက်ခင်းနေရောင်ခြည်ကိုလည်း မမြင်ချင်။ ထို့ကြောင့်ပြတင်းတံခါးများကို ပိတ်မြဲပိတ်ထားလေ့ရှိသည်။ ကျေးငှက်တို့၏ တေးသီကျူးသံကိုလည်း ဂရုမပြု။ မနက်ခင်း၏အလင်းရောင်ကိုလည်း မနှစ်သက်တော့ပေ။
သေချာသည်က မိမိသည် ယခင်က မြတ်သူမဟုတ်တော့။ ယခင်က မြတ်သူသည် ကျေးငှက်သံတို့နှင့် အလင်းရောင်တို့ကို သဘောကျကာ နွေးထွေးမှုကိုသာလိုလားသည်။ တိတ်ဆိတ်နေမှုနှင့် အမှောင်တို့ကို မုန်းတီးကာ အေးစက်မှုတို့ကို မလိုလားခဲ့ပေ။ ယခုတွင်မူ အရာအားလုံးသည် ဆန့်ကျင်ဘက် အနေအထားတွင်ရှိနေသည်။ သူနှင့်တွေ့ဆုံခွင့်ပေးသည့် ညဉ့်သန်းခေါင်ယံ၏မှောင်မိုက်မှုနှင့် တိတ်ဆိတ်မှုတို့ကိုသဘောကျမိသည်။ သူ၏အေးစက်မှုကို မြတ်နိုးမိသည်။ ထို့ကြောင့် သူနှင့်တွေ့ဆုံရသည့် ညများသည် မိမိအတွက်ရက်ရာဇာပင်။
ထိုရက်ဇာတို့ကို မေမေနှင့်ဘွားဘွားမသိ။ သိလျှင်လည်း လက်ခံမည်မဟုတ်။ အမျိုးမျိုးတားဆီးဦးမည်။ သို့သော်.. မိမိမှာ လက်လျှော့ရန်စိတ်ကူးမရှိ။ သူ၏လက်ကိုတွဲကာ အရာရာကို ရင်ဆိုင်ချင်သေးသည်။
ကျွန်တော်ရူးနေပြီလား။ မဖြစ်နိုင်တာကိုသိသိနဲ့ ရှေ့ဆက်တိုးမိတယ်လေ။ အင်းလေ.. ပိုးဖလံဆိုတာလည်း မီးကိုပူမှန်းသိသိနဲ့ တိုးကျတာပဲ။ ဒီအချစ်ရူးကလည်း အချစ်ကို ဆူးမှန်းသိသိနဲ့ ဆုပ်ကိုင်မိတာပဲ။ မထူးဆန်းပါဘူးလေ။ ချစ်မိတာကို...
အချစ်တစ်ခုတည်းကိုသာ ကြည့်မိသည့်ထိုလူသား...။ အချစ်ကိုဆူးမှန်းသိသိနှင့် ဆုပ်ကိုင်မိသည့်ထိုလူသား..။ ဆူးကြောင့် ကျဆင်းလာသော သွေးစက်တို့ဖြင့် စွန်းထင်းနေသာလမ်းကို ပန်းခင်းလမ်းဟုထင်နေသည့် ထိုလူသားသည် မည်မျှမိုက်ရူးရဲဆန်လိုက်သနည်း။
ဤသည်ကို စွမ်းအားများပြည့်နေသည့်အချစ် ဟုခေါ်ဝေါ်ရမည်လား..။ မဖြစ်နိုင်ပေ..။ အဆိပ်သင့်အချစ်ဟု ခေါ်ဝေါ်ခြင်းက ပို၍သင့်တော်နေမည်ဟု ထင်မိပါသည်။ အဆိပ်ရည်တို့ကို ပျားရည်အမှတ်နှင့် ချိုမြိန်စွာသုံးဆောင်နေသည့် အကြင်သူနှစ်ဦး၏အဆုံးသတ်သည် လှမြဲလှနေနိုင်မည်လော။ ရင်လေးစရာပင်...။
ယနေ့တွင်လည်း မြတ်သူနိုးလာသည့်အချိန်သည် ညနေလေးနာရီအချိန်ဖြစ်သည်။ မိခင်ဖြစ်သူဒေါ်မြတ်ကေသီက အထည်ဆိုင်ကိုသွားသောကြောင့်မသိခဲ့။ အဘွားဖြစ်သူဒေါ်သူဇာက မြေးဖြစ်သူနေမကောင်းသောကြောင့်ဟူ၍သာ ဆူပူခဲ့ခြင်းမရှိ။ ထို့ကြောင့် မြတ်သူလွတ်လပ်နေသည်။
သို့သော် အပြည့်အ၀လွတ်လပ်မှုမရှိခဲ့။ အဘယ်ကြောင့်ဆိုသော ဆရာ၀န်စိုင်းသန့်ဇင်သည် ထိုအိမ်သို့ မကြာခဏလာနေသောကြောင့်ဖြစ်သည်။ ဆရာ၀န်တစ်ဦးက လူနာထံသို့ ဆေးကုရန် ရောက်လာခြင်းမျိုးမဟုတ်။ မြတ်သူ၏ သူငယ်ချင်းမိတ်ဆွေအဖြစ် မကြာခဏလာရောက်နေခြင်းဖြစ်သည်။
မကြာခဏတွေ့ဆုံနေရသည်ဖြစ်၍ မြတ်သူသည်လည်း စိုင်းသန့်ဇင်အား ယခင်ကကဲ့သို့ အေးစက်သောဆက်ဆံရေးမျိုးမရှိတော့ပေ။ သူငယ်ချင်းအတိုင်းသာ ခင်မင်ရင်းနှီးလာကြသည်။ ခင်မင်ရင်းနှီးမှုကိုသာအကြောင်းပြ၍ အိမ်ထဲသို့၀င်ထွက်နေသော ဆရာ၀န်စိုင်းသန့်ဇင်အား စိုင်းထွဋ်ခေါင်အမြင်မကြည်ခဲ့။
အကြောင်းမဲ့သက်သက် ကောင်လေးကို ထိုဆရာ၀န်ထိတွေ့နေခြင်းအား မိမိမနှစ်သက်။ အိမ်သို့ရောက်လာတိုင်းပင် ကောင်လေး၏နဖူးပြင်ကို စမ်းခြင်း၊ ဆံပင်များကိုယုယုယယဖွခြင်းများ မကြာခဏလုပ်နေသည်။ ဤသည်ကို သဘောမကျ။ မိမိအပိုင်လူသားတစ်ဦးအား တခြားသူမှ လွတ်လပ်စွာထိတွေ့နေခြင်းသည် မိမိအတွက်အဆင်မပြေလှပေ။ ကောင်းလေးကိုမေးကြည့်ပါသော်လည်း 'ရိုးရိုးသားသားပါ' ဟူသောစကားမှတစ်ပါး ကျန်သောစကားမကြားခဲ့ပေ။
ကောင်လေးရိုးသားသည်ကို မိမိသိပါသည်။ သို့သော် ဆရာ၀န်၏ အကြည့်များက ရိုးသားဟန်မတူ။ ထိုသူနှင့်မပတ်သက်ရန် ကောင်လေးကိုတားချင်သော်လည်း တစ်ဖက်တွင်ကောင်လေး၏ကျန်းမာရေးကြောင့် မပြောရက်ခဲ့ပေ။ ယနေ့တွင်လည်း ထိုဆရာ၀န်ရောက်လာပြီး ဧည့်ခန်းတွင် ကောင်လေး၏ဘေးချင်းယှဉ်ထိုင်၍ စကားပြောနေသည်။
ထိုမြင်ကွင်းကိုကြည့်နေရသည့် ကျွန်တော်သည် ဒေါသထွက်နေကြောင်းကို ထိုလူသားနှစ်ဦးမသိ။ မိမိအပိုင်လူသားလေးအား မည်သူကိုမျှမပေးနိုင်သည်မို့ ဆရာ၀န်သည် မိမိနှလုံးသားထဲမှ ထိုလူသားကို လုယူသွားမည်အား အလွန်စိုးရိမ်ရပါသည်။
ခေတ္တမျှစကားပြောပြီးသောအခါ ဆရာ၀န်သည် ကောင်လေးထံမှ စာအုပ်ငှားချင်သည် ဟူသောအကြောင်းပြချက်ဖြင့် ကောင်လေး၏အခန်းထဲသို့၀င်သွားသည်။ ထို့နောက်ကောင်လေးသည်လည်း ဆရာ၀န်လိုချင်သော စာအုပ်ကိုရှာပေးခဲ့သည်။ စာအုပ်များကို တရိုတသေကိုင်သော ကောင်လေးသည် စာအုပ်တိုင်း၏မျက်နှာဖုံးအထက်တွင် ဖလင်ဖြင့် အဖုံးအုပ်ချုပ်ထားသည်။ ထိုစာအုပ်အဖုံးကြောင့် ကောင်လေးလက်ရှသွားသည်။ စေတနာသဒ္ဒါတရားထက်သန်၍ စိုးရိမ်လွန်ရှာသောဆရာ၀န်က ကောင်လေး၏လက်အား ပျပျာသလဲလဲဆေးထည့်ပေးရှာသည်။
ယနေ့သည် ကျွန်တော့်အတွက် ပြဿဒါး...။ ဆေးထည့်၍ပြီးသည်အထိ ဆရာ၀န်သည် ကောင်လေး၏လက်ကို မလွှတ်သေး။
ဒါတော့ လွန်သွားပြီလေ ...။
ထိုသို့ စိုင်းထွဋ်ခေါင်၏စိတ်များ လောင်မြိုက်မှုနှင့်အတူ ထူးဆန်းသည့်ကိစ္စတစ်ခုဖြစ်လာသည်။ ထိုထူးဆန်းသောအရာသည် မြတ်သူအတွက်မူ မထူးဆန်းသော်လည်း ဆရာ၀န်မြင်ပါက အလွန်ထူးဆန်းသည့်အရာဖြစ်နိုင်သည်။ ထိုထူးဆန်းသည့်ဖြစ်ရပ်မှာ စာကြည့်စားပွဲတွင်ထားရှိသော အလှပန်းအိုးသည် လေထဲ၌ပျံလာခြင်းဖြစ်သည်။ တရွေ့ရွေ့နှင့် ထိုပန်းအိုးရောက်လာသည်က ဆရာ၀န်၏ဦးခေါင်းအနီးနားသို့ဖြစ်သည်။ ဤသည်ကိုမြတ်သူမြင်သောအခါ အလျင်အမြန်ထ၍ ထိုပန်းအိုးအား လှမ်းကိုင်ထားလိုက်သည်။
ဆရာ၀န်သည်လည်း မြတ်သူထသွားရာသို့ လိုက်ကြည့်မိသည်။ ကံကောင်းသည်က ပန်းအိုးသည် လေထဲတွင် လွင့်လာသည်ကို ဆရာ၀န်မမြင်ခဲ့ပေ။
" ဘာဖြစ်လို့လဲမြတ်သူ "
" ဘာမှမဖြစ်ပါဘူး ပန်းအိုးက ရေမရှိတော့လို့ ရေထည့်မလို့..။ ဟိုလေ ဒါနဲ့.... သန့်ဇင်မပြန်သေးဘူးလား "
" ပြန်တော့မှာပါ။ ဘာလို့တုံး "
" ဟို... ည.. ညက မှောင်နေပြီဆိုတော့လေ လမ်းမှာ ကားမောင်းရင် အဆင်မပြေမှာစိုးလို့.. "
" ကိုယ့်ကို စိုးရိမ်တယ်ပေါ့ "
အပြုံးတစ်ခုနှင့်အတူ မိမိအနားသို့ချဉ်းကပ်လာသော သန့်ဇင်..။
မဖြစ်ဘူး..။ ဒီအခန်းထဲမှာက စိုင်းထွဋ်ခေါင်ရှိနေတာ။ အစကတည်းကသဘောမကျတာကို အခု.. အဲဒီအပြုံးကြီးနဲ့ အနားရောက်လာရင် တစ်ခုခုဖြစ်တော့မှာ။
ချစ်ရသူ၏အကြောင်းကို ကောင်းကောင်းကြီးသိနေသည်မို့ သန့်ဇင်အား တံခါးဖွင့်ပေး၍ အလျင်အမြန် ပြန်ခိုင်းရသည်။
" နောက်ကျနေပြီ သန့်ဇင်ရဲ့။ ပြန်တော့နော်။ လမ်းကမှောင်တယ်။ ကားမောင်းရတာ အဆင်ပြေမှာမဟုတ်ဘူး။ ပြန်တော့နော် "
" အင်းပါ အင်းပါ စိတ်ပူပေးလို့ ကျေးဇူးနော် "
Advertisement
ပူတယ် စိတ်ကပူရတယ်။ အနောက်ကဟာကြီးက တစ်ခုခုလုပ်လိုက်ရင် ခင်ဗျားအသက်ပျောက်တော့မှာစိုင်းသန့်ဇင်ရဲ့..။
ဆရာ၀န်ထွက်သွားပြီးမှသာ မြတ်သူသည်လည်း စိတ်ချသွားကာ သက်ပြင်းချမိသည်။ သက်ပြင်းချပြီးနောက် မိမိနောက်ကျောမှ သိုင်းဖက်လာသည့် မိမိချစ်ရသူ။
" ပြောပါဦး စောစောကိစ္စလေးကို "
" ကြည့်မရလို့။ ကောင်လေးကို အသားယူလွန်းလို့ "
" ဆေးထည့်ပေးတာပါဗျာ "
" ဆေးထည့်ပြီးတာ ကြာတဲ့အထိသူက ကောင်လေးကို ကိုင်ထားတာ မလွှတ်သေးဘူးလေ "
" စကားပြောရင်း မေ့နေလို့ နေမှာပါ "
" အဲဒါက သူ့အတွက်.. ကောင်းသောမေ့ခြင်းလေ။ ကောင်လေးသူ့ဘက်က အရမ်းလိုက်ပြောပေးတယ်နော်။ ဟူး.. ဒီနေ့တော့ တကယ်ပြဿဒါးပဲ။ တစ်သက်လုံးကိုင်လာတဲ့စာအုပ်အဖုံးကလည်း ဒီနေ့မှထရှရတယ်လို့။ အဲဒီစာအုပ်ကို မီးရှို့ချင်လာပြီ "
" ခင်ဗျားနော်.. ကျွန်တော့်စာအုပ်က ဘာပြစ်ရှိလို့လဲ.. ခဏခဏမီးရှို့မယ်ကြီးပဲပြောနေတာ။ ကျွန်တော်တန်ဖိုးထားရတာကို ဘာလို့ခဏခဏဖျက်ဆီးချင်နေတာလဲ "
ထိုစကားဆုံးပြီးနောက် မိမိအားဖက်ထားသော သူ၏လက်များသည် အားလျော့လာသည်ဟုခံစားရသည်။ သူ၏လက်များသည် မိမိ၏ခန္ဓာကိုယ်ပေါ်မှ ဖယ်လိုက်ပြီးနောက် သူသည်ခုတင်ပေါ်တွင်ထိုင်လိုက်သည်။ မျက်နှာသည်လည်း ပျော်ရွှင်နေမှုမရှိ။ ၀မ်းနည်းမှု အရိပ်အယောင်များမြင်နေရသည်။
" ဘာဖြစ်တာလဲ အဲဒီမျက်နှာက "
" တကယ်ပဲ.. ကောင်လေးမှာ.. ကိုယ်ထက်ပိုပြီးမြတ်နိုးရတဲ့အရာတွေရှိနေတာလား "
သူ.. စိတ်မကောင်းဖြစ်သွားဟန်တူသည်။ သူ့ကိုစိတ်မကောင်းဖြစ်စေရန် မိမိရည်ရွယ်၍ပြောခြင်းမျိုးမဟုတ်ပါ။ ချစ်ရသူမျက်နှာလေးပျက်ရုံဖြင့် မိမိရင်ထဲ ဘလောင်ဆူနေရသည့်ခံစားချက်က မသက်သာပေ။
" အဲဒီလိုမဟုတ်ဘူးလေ... ကျွန်တော်ခင်ဗျားကိုပဲချစ်တာ သိရဲ့သားနဲ့။ စိတ်မကောင်းမဖြစ်ပါနဲ့နော်။ ကျွန်တော်မနေတတ်လို့ပါ "
မျက်နှာကို လက်နှစ်ဖက်နှင့် နွေးထွေးစွာကိုင်၍ လာချော့သည့်ထိုလူသားကို မည်သူကလျစ်လျူရှုနိုင်မည်နည်း။ ထိုလူသားသည် မိမိရင်နှင့်အမျှချစ်ရသောသူဖြစ်သောကြောင့်သာ သူ၏ 'ချစ်တယ်' ဟူသော စကားတစ်ခွန်းတည်းနှင့်ပင် အရာအားလုံးကို ခွင့်လွှတ်ပေးနိုင်သည်။
" အင်းပါ။ ကိုယ်အတွေးခေါင်သွားတယ်။ ကောင်လေးကို စွန့်လွှတ်လိုက်ရမှာကြောက်တဲ့စိတ်တစ်ခုတည်းနဲ့ ကိုယ်စိုးရိမ်လွန်သွားတယ်။ တောင်းပန်ပါတယ်နော် "
" အင်း.. နောက်ဆိုရင် အဲဒီလိုတွေမလုပ်ရဘူးနော်။ ကျွန်တော့်စကားကို နားထောင်မယ်မဟုတ်လား "
" အင်း... "
" အဲဒါကြောင့်ခင်ဗျားကို အရမ်းချစ်နေရတာ "
ဤသို့ဖြင့် မြတ်သူသည် စိုင်းထွဋ်ခေါင်၏ရင်ခွင်ကို အပိုင်စားယူကာ ချစ်စကားတီတီတာတာများအပြန်အလှန်ပြောရင်း ထိုတစ်ညတာကို ကုန်ဆုံးခဲ့ပြန်သည်။
ထုံးစံအတိုင်းပင်။ ညတွင်မအိပ်သော မြတ်သူသည် မနက်ခင်းများတွင်မနိုးခဲ့။ ညနေမှသာ အိပ်ရာထသည်။ ယနေ့တွင်မူ မြတ်သူ၏အဘွားဖြစ်သူဒေါ်သူဇာလည်းရှိမနေခဲ့။ အိမ်တွင်သာနေရခြင်းသည် မွန်းကျပ်သည်ဟုဆိုကာ မြတ်သူ၏မိခင်ဖြစ်သူဒေါ်မြတ်ကေသီနှင့် အထည်ဆိုင်သို့လိုက်သွားသည်။
ရိုးရာရယ်မပျက်စွာ ဆရာ၀န်စိုင်းသန့်ဇင်သည်လည်း ထိုအိမ်သို့ရောက်လာပြန်သည်။ အိပ်ရာထခါစဖြစ်၍ မကြည်လင်သည့်မျက်နှာနှင့် အိမ်အောက်ထပ်သို့ဆင်းလာသောမြတ်သူကိုတွေ့သောအခါ ပြောစကားနားမထောင်သောကလေးကို ချော့၍ဆူသည့်နှယ် မြတ်သူအား စိုင်းသန့်ဇင်သည် စတင်၍ဆူပါတော့သည်။
" မြတ်သူ အိပ်ရာထနောက်ကျပြန်ပြီလား။ ညဘက် အိပ်တာတွေနောက်ကျတာ မကောင်းဘူးနော်။ ညဘက်စောစောအိပ်ဖို့ ကိုယ်မှာနေတာကို ဘာလို့နားမထောင်တာလဲမြတ်သူရယ်။ ကိုယ့်စကားကို အရေးမလုပ်တာလား "
" အရေးမလုပ်တာမဟုတ်ပါဘူး။ စာဖတ်တာနောက်ကျသွားလို့ပါ။ "
" အကြောင်းပြချက်တွေ တစ်နေ့တစ်မျိုး မရိုးသွားဘူးနော်မြတ်သူ "
" ဟီး.. ဟီး.. "
"ရယ်မနေနဲ့။ တကယ်စိတ်ဆိုးချင်လာပြီဗျာ။ ဘယ့်နှယ်.. ညဘက်မအိပ်ဘဲ မနက်မှအိပ်တယ်တဲ့။ နေ့နဲ့ညနဲ့မှားနေတာလား။ ကလေးတွေလို ဖယောင်းတိုင်ထွန်းပြီး ရေချိုးပေးရမှာလား "
" ကျွန်တော်က ကလေးမှမဟုတ်တာ "
" ကလေးဆိုရင်လည်း ရိုက်ပြီးဆုံးမလိုက်တယ်။ အခုက လူကြီးဖြစ်နေလို့ ပြောရခက်နေတာ။ လူကြီးရုပ်နဲ့ ကလေးဆိုးကြီး "
" ဟီး ဟီး ...အဲဒီလိုလား "
ကိုယ်က အမှားလုပ်ထားတာဆိုတော့ မျက်နှာချိုသွေးရတယ်ပေါ့။ သူငယ်ချင်းဖြစ်နေပြီမို့ သိပ်မကြောက်ပါဘူး..။ ဒါပေမဲ့.. ကိုင်ထားတဲ့ ဆမကိုတော့ အားနာရမယ်မဟုတ်လား။
" ရယ်မနေနဲ့.. ရော့ ဒီမှာ ချောကလက်။ အငယ်ကောင် မလေးကပြန်လာလို့ ပါလာတာ။ စားလိုက်ဦး "
" ကျေးဇူးပါ "
တစ်သက်လုံး စည်းကမ်းရှ်ိလာသည့်ပါးစပ်သည် ယနေ့တွင်အလိုက်ကမ်းဆိုးမသိကာ ချောကလက်စားနေရင်း နှုတ်ခမ်းတွင်ပေသွားသည်။
အလှလေးက မည်သည်ကိုပင်လုပ်လုပ်.. လှရက်နိုင်သောကြောင့် ချောကလက်ပေနေသော နှုတ်ခမ်းသည်လည်း တစ်မျိုးလှနေပြန်သည်။ အလှလေး၏ဆွဲဆောင်အားကို မငြင်းရက်နိုင်သူ စိုင်းသန့်ဇင်က မနေနိုင်စွာပင် နှုတ်ခမ်းတွင်ပေနေသောချောကလက်ကို လက်ဖြင့်သုတ်ပေးခဲ့သည်။
" ကလေးကျနေရော။ နှုတ်ခမ်းမှာပေကုန်ပြီ "
" ဟုတ်လား "
မြတ်သူသည်လည်း နှုတ်ခမ်းကိုကိုင်ကာ မျက်လုံးအဝိုင်းသားနှင့် စိုင်းသန့်ဇင်အားမေးမိသည်။ ထိုမေးခွန်းကို စိုင်းသန့်ဇင်သည် ခေါင်းညိတ်၍သာပြန်ဖြေခဲ့သည်။ သို့သော်.. မနေနိုင်စွာစိတ်ထဲမှာ ဖြေနေသူက စိုင်းထွဋ်ခေါင်ပင်။။
သိပ်ဟုတ်တာပေါ့ကောင်လေးရယ်။ တစ်သက်လုံးစည်းကမ်းရှိလာတဲ့ အဲဒီနှုတ်ခမ်းလေးက ဒီနေ့မှ စည်းကမ်းတွေပျက်နေတာလေ။ ကိုယ်မဟုတ်တဲ့ သူစိမ်းလူ အရှေ့မှာပေါ့။
ဤသို့ဖြင့် စိုင်းသန့်ဇင်နှင့် မြတ်သူတို့၏ ချောကလက်မြင်ကွင်းကိုကြည့်ကာ ဒေါသထွက်နေသူက စိုင်းထွဋ်ခေါင်ပင်ဖြစ်သည်။
ယနေ့သည်လည်း ကျွန်တော့်အတွက် ပြဿဒါးပင်။ ဤသို့ဆိုလျှင် ပိုမှန်မည်ထင်သည်။ စိုင်းသန့်ဇင်ရောက်လာသောရက်တိုင်းသည် ကျွန်တော့်အတွက် ပြဿဒါးဖြစ်သည်။ ထိုရက်ဆိုးတို့ကို အိမ်တော်တွင် ထာ၀ရပျောက်ကွယ်သွားစေချင်မိသည်။
ထိုချောကလက်စကား၀ိုင်းပြီးနောက် စိုင်းသန့်ဇင်သည် အိမ်ပြန်ရမည်ဖြစ်သောကြောင့် မြတ်သူသည် အိမ်အောက်ထပ်သို့လိုက်ပို့သည်။ လှေကားမှ ဆင်းသောအခါ စိုင်းသန့်ဇင်သည် တစ်စုံတစ်ခုကို ခလုတ်တိုက်မိသည့် အနေအထားဖြင့် လှေကားပေါ်မှ ပြုတ်ကျမည်အပြု အနောက်မှပါလာသော မြတ်သူက လှမ်း၍ဆွဲလိုက်သည်မို့ စိုင်းသန့်ဇင်အန္တရာယ်မှ လွတ်သွားရသည်။
Advertisement
" သန့်ဇင် ဘယ်လိုဖြစ်တာလဲ.. ရရဲ့လား ဘယ်နား နာသွားသေးလဲ "
" မြတ်သူဆွဲလိုက်လို့ ဘာမှတော့မဖြစ်ဘူး။ ခလုတ်တိုက်မိသလိုဖြစ်သွားတာ။ ကိုယ် ဘာကိုခလုတ်တိုက်လိုက်တာလဲ "
စိုင်းသန့်ဇင်၏စကားကြောင့် လှေကား၀န်းကျင်ကို ကြည့်မိသောလည်း ရှင်းလင်းနေပြီး ခလုတ်တိုက်စရာ တစ်စုံတစ်ရာမျှရှိမနေခဲ့သည်။ ထူးဆန်းပါသည်။ ထိုထူးဆန်းမှုကို ဖန်တီးနိုင်သူမှာ အိမ်ကြီးတွင် စိုင်းထွဋ်ခေါင်အပြင် ပိုမရှိခဲ့။ ထိုအဖြစ်စဥ်၏ အဓိကတရားခံသည် စိုင်းထွဋ်ခေါင်မှလွဲ၍ မည်သူမှမရှိနိုင်ဟု ကျွန်တော် သေချာစွာသိပါသည်။ ထို့ကြောင့် လှေကားတစ်၀က်မှ အိမ်အပေါ်ထပ်သို့ ကြည့်လိုက်သောအခါ စိုင်းထွဋ်ခေါင်ရှိနေသည်ကို တွေ့ပါသည်။ နှုတ်ခမ်းတစ်ဖက်မျှကွေးရုံသာပြုံး၍ မိမိတို့အားကြည့်နေသည်။ အနည်းငယ်စိတ်တိုမိပါသည်။ မည်မျှပင်သ၀န်တိုပါစေ ဧည့်သည်ကို ထိုကဲ့သို့ဆက်ဆံရန်မသင့်တော်ပေ။
စိုင်းသန့်ဇင်ပြန်ပြီးနောက် မိမိသည်လည်း အနည်းငယ်ဒေါသထွက်ကာ အခန်းထဲသို့ပြန်၀င်လာသည်။ ထပ်မံ၍စိတ်တိုစရာကောင်းသည့် မြင်ကွင်းကိုတွေ့ရပါသည်။ ဤသည်က စိုင်းသန့်ဇင်ပေးသွားသည့် ချောကလက်များကို လွှင့်ပစ်လိုက်ကာ သူ၀ယ်လာပေးသော စာအုပ်အသစ်လေးသည် မီးလောင်နေခြင်းဖြစ်သည်။ ထိုစာအုပ်ကို ပန်းအိုးထဲမှ ရေဖြင့်အလျင်အမြန်လောင်းလိုက်ရသည်။
" ခင်ဗျားဘာလုပ်နေတာလဲ .. "
" မြင်တဲ့အတိုင်းပဲ "
" ခင်ဗျားတကယ်လွန်နေပြီ "
" ကိုယ်ကဘာလွန်နေလို့လဲ "
" ဘာလို့ ကျွန်တော့်စာအုပ်ကို ဖျက်ဆီးနေတာလဲ။ စိုင်းသန့်ဇင်ကိုရော ဘာလို့အဲဒီလိုလုပ်ရတာလဲ "
" သဘောမကျပါဘူးလို့ ပြောပြီးပြီပဲ "
" ကိုယ်သဘောမကျတိုင်း ဧည့်သည်ကို အဲဒီလိုလုပ်ရောလား။ သဘောမကျရအောင် သူကဘာတွေလုပ်နေလို့လဲ "
" မင်းအနားကို မရိုးမသားချဉ်းကပ်နေတာ မင်းမသိဘူးလား "
ထိုသူနှစ်ဦး၏ စကားသံသည် ပုံမှန်အသံမဟုတ်တော့ပေ။ တဖြည်းဖြည်းနှင့် အခြေအနေတို့သည် တင်းမာလာကာ ဒေါသသံများအဖြစ်သို့ ပြောင်းလာကြသည်။
" ဘာလို့ တစ်ဖက်သတ်တွေပြောနေတာလဲ။ ဘာလို့ ကလေးဆန်နေတာလဲ။ မနေ့ကမှ မှာထားတာကို ဒီနေ့ထပ်လုပ်တာတော့ မဟုတ်သေးဘူး "
" မင်းကိုချစ်ခဲ့တာက ကလေးဆန်တဲ့အရာလား။ ဒီလောက်ထိ မိုက်ရူးရဲဆန်တဲ့အချစ်ကို ဘယ်ကလေးမှ မဖန်တီးနိုင်ဘူးထင်တယ်။ မင်းကိုမဆုံးရှုံးရဖို့ ဘာမဆိုလုပ်မိမှာပဲ။ ကိုယ်မင်းကိုပိုင်ဆိုင်ချင်သလို သူလည်းပိုင်ဆိုင်ချင်မှာပဲ။ အဲဒါကြောင့်မို့လို့ မင်း.. သူ့လက်ထဲပါသွားမှာစိုးလို့.. ကိုယ်က.. "
စိုင်းထွဋ်ခေါင်၏စကားတို့သည် ထိုနေရာတွင်သာ ရပ်တန့်ကုန်သည်။ အဘယ်ကြောင့်ဆိုသော် မျက်ရည်တို့ဖြင့် အေးစက်စွာပြောလာသော မြတ်သူ၏စကားကြောင့်ဖြစ်သည်။ ထိုစကားသည် စိုင်းထွဋ်ခေါင်၏ အရှိုက်ကိုထိစေသည့်စကားဖြစ်သည်။
" ခင်ဗျားစိတ်နဲ့နှိုင်းရင် အကုန်ရိုင်းကုန်မှာပါ့။ သူနဲ့ကျွန်တော်က ရိုးသားတယ်။ တကယ်လို့ သူက ကျွန်တော်ကိုချစ်တယ်ဆိုရင်တောင် ခင်ဗျားလိုတော့ ကျွန်တော်ကို ရက်ရက်စက်စက်မသတ်လောက်ဘူးထင်တယ်။ ဘာလဲ ဆုံးရှုံးရမှာကြောက်နေတာလား။ အရင်တုန်းကရော သေသေချာချာ သိမ်းထားနိုင်ခဲ့လို့လား "
ရက်စက်လှသည့်ထိုစကား..။ နားထဲသို့သံရည်ပူများလောင်းထည့်ကာ နှလုံးသားသို့ စီးဆင်းသွားသည့်နှယ်.. ပူလောင်နာကျင်ရသည်။
သူပြောသည့်အမှန်တရားသည် မိမိအတွက်ခါးသက်လွန်းပါသည်။ အမှန်တရားဖြစ်၍ ရှောင်လွှဲ၍မရ။ ချေပရန်လည်း အင်အားမရှိခဲ့။ သူ၏စကားတစ်ခွန်းတည်းဖြင့်.. ပြန်လည်မြင်ယောင်မိသော အတိတ်၏မြင်ကွင်းတို့သည် ကြောက်မက်ဖွယ်အတိ။ ပို၍ခံရခက်သည်က ထိုကြောက်မက်ဖွယ်မြင်ကွင်းတို့သည် မိမိကိုယ်တိုင်ဖန်တီးခဲ့သည့် အရာများပင်ဖြစ်နေသည်။
" တစ်ခါဆုံးရှုံးဖူးပြီးပြီလေ..။ အရူးတစ်ပိုင်းလည်း နာကျင်ဖူးတယ်။ နောက်ထပ် အဆုံးရှုံးမခံနိုင်လို့ အတ္တကြီးမိတာပါ။ အချိန်တွေအကြာကြီး စောင့်နေခဲ့ဖူးပါတယ်။ မကျွတ်မလွတ်တဲ့ဘ၀ကြီးက ပျော်စရာကောင်းတဲ့အရာ မဟုတ်ဘူးလေ..။ ဒါပေမဲ့.. မင်းအနားမှာရှိနေချင်တဲ့ ဆန္ဒလေးတစ်ခုနဲ့ ကိုယ်စောင့်နေခဲ့တာပါ။ အခု.. ကိုယ်ရှိတာက မင်းအတွက် စိတ်အနှောင့်ယှက်ဖြစ်နေပြီလား။ အဲဒါဆိုရင် ကိုယ်တောင်းပန်ပါတယ်။ ကိုယ်ပျောက်ကွယ်သွားပေးမယ်နော် "
ထိုစကားနှင့်အတူ မြတ်သူ၏ပါးပြင်မှ မျက်ရည်စက်တို့ကို ဖယ်ရှားပေးပြီးနောက် မြတ်သူ၏ရှေ့မှပျောက်ကွယ်သွားသော စိုင်းထွဋ်ခေါင်..။
ထိုနေ့ညတွင် သူ့ကိုမသွားစေချင်သော်လည်း အတိတ်အရိပ်ဆိုးများကို ပြန်လည်မြင်ယောင်နေသည်ဖြစ်၍ မတားမိခဲ့...။
မကျွတ်လွတ်တဲ့ ဘ၀တဲ့လား။ ကျွန်တော့်ကိုချစ်လို့ စောင့်နေခဲ့တယ်တဲ့လား။ သူအခုလိုဘ၀မှာနေရတာ မွန်းကျပ်နေပြီလား။ မွန်းကျပ်နေတဲ့ သူ့နှလုံးသားကို ချုပ်ကိုင်မထားဘဲ လွှတ်ပေးရမလား။
ထိုသို့တွေးတိုင်း တင်းကျပ်လာသည့် မိမိ၏နှလုံးသားကိုသာအပြစ်တင်မိသည်။ သူမရှိခြင်း ဆိုသည့်အတွေးနှင့်ပင် အသက်မရှူချင်သည်အထိ ပင်ပန်းမိပါသည်။ မိမိလည်း သူကဲ့သို့ပင် အတ္တကြီးလိုက်ရမည်လော...။
For Zawgyi
အတၱ
ညအခ်ိန္တြင္မအိပ္သည့္ ကြၽန္ေတာ္သည္ မနက္ခင္းမ်ားတြင္ ႏိုးေလ့မရွိေတာ့။ မနက္ခင္းေနေရာင္ျခည္ကိုလည္း မျမင္ခ်င္။ ထို႔ေၾကာင့္ျပတင္းတံခါးမ်ားကို ပိတ္ၿမဲပိတ္ထားေလ့ရွိသည္။ ေက်းငွက္တို႔၏ ေတးသီက်ဴးသံကိုလည္း ဂ႐ုမျပဳ။ မနက္ခင္း၏အလင္းေရာင္ကိုလည္း မႏွစ္သက္ေတာ့ေပ။
ေသခ်ာသည္က မိမိသည္ ယခင္က ျမတ္သူမဟုတ္ေတာ့။ ယခင္က ျမတ္သူသည္ ေက်းငွက္သံတို႔ႏွင့္ အလင္းေရာင္တို႔ကို သေဘာက်ကာ ေႏြးေထြးမႈကိုသာလိုလားသည္။ တိတ္ဆိတ္ေနမႈႏွင့္ အေမွာင္တို႔ကို မုန္းတီးကာ ေအးစက္မႈတို႔ကို မလိုလားခဲ့ေပ။ ယခုတြင္မူ အရာအားလုံးသည္ ဆန႔္က်င္ဘက္ အေနအထားတြင္ရွိေနသည္။ သူႏွင့္ေတြ႕ဆုံခြင့္ေပးသည့္ ညဥ့္သန္းေခါင္ယံ၏ေမွာင္မိုက္မႈႏွင့္ တိတ္ဆိတ္မႈတို႔ကိုသေဘာက်မိသည္။ သူ၏ေအးစက္မႈကို ျမတ္ႏိုးမိသည္။ ထို႔ေၾကာင့္ သူႏွင့္ေတြ႕ဆုံရသည့္ ညမ်ားသည္ မိမိအတြက္ရက္ရာဇာပင္။
ထိုရက္ဇာတို႔ကို ေမေမႏွင့္ဘြားဘြားမသိ။ သိလွ်င္လည္း လက္ခံမည္မဟုတ္။ အမ်ိဳးမ်ိဳးတားဆီးဦးမည္။ သို႔ေသာ္.. မိမိမွာ လက္ေလွ်ာ့ရန္စိတ္ကူးမရွိ။ သူ၏လက္ကိုတြဲကာ အရာရာကို ရင္ဆိုင္ခ်င္ေသးသည္။
ကြၽန္ေတာ္႐ူးေနၿပီလား။ မျဖစ္ႏိုင္တာကိုသိသိနဲ႔ ေရွ႕ဆက္တိုးမိတယ္ေလ။ အင္းေလ.. ပိုးဖလံဆိုတာလည္း မီးကိုပူမွန္းသိသိနဲ႔ တိုးက်တာပဲ။ ဒီအခ်စ္႐ူးကလည္း အခ်စ္ကို ဆူးမွန္းသိသိနဲ႔ ဆုပ္ကိုင္မိတာပဲ။ မထူးဆန္းပါဘူးေလ။ ခ်စ္မိတာကို...
အခ်စ္တစ္ခုတည္းကိုသာ ၾကည့္မိသည့္ထိုလူသား...။ အခ်စ္ကိုဆူးမွန္းသိသိႏွင့္ ဆုပ္ကိုင္မိသည့္ထိုလူသား..။ ဆူးေၾကာင့္ က်ဆင္းလာေသာ ေသြးစက္တို႔ျဖင့္ စြန္းထင္းေနသာလမ္းကို ပန္းခင္းလမ္းဟုထင္ေနသည့္ ထိုလူသားသည္ မည္မွ်မိုက္႐ူးရဲဆန္လိုက္သနည္း။
ဤသည္ကို စြမ္းအားမ်ားျပည့္ေနသည့္အခ်စ္ ဟုေခၚေဝၚရမည္လား..။ မျဖစ္ႏိုင္ေပ..။ အဆိပ္သင့္အခ်စ္ဟု ေခၚေဝၚျခင္းက ပို၍သင့္ေတာ္ေနမည္ဟု ထင္မိပါသည္။ အဆိပ္ရည္တို႔ကို ပ်ားရည္အမွတ္ႏွင့္ ခ်ိဳၿမိန္စြာသုံးေဆာင္ေနသည့္ အၾကင္သူႏွစ္ဦး၏အဆုံးသတ္သည္ လွၿမဲလွေနႏိုင္မည္ေလာ။ ရင္ေလးစရာပင္...။
ယေန႔တြင္လည္း ျမတ္သူႏိုးလာသည့္အခ်ိန္သည္ ညေနေလးနာရီအခ်ိန္ျဖစ္သည္။ မိခင္ျဖစ္သူေဒၚျမတ္ေကသီက အထည္ဆိုင္ကိုသြားေသာေၾကာင့္မသိခဲ့။ အဘြားျဖစ္သူေဒၚသူဇာက ေျမးျဖစ္သူေနမေကာင္းေသာေၾကာင့္ဟူ၍သာ ဆူပူခဲ့ျခင္းမရွိ။ ထို႔ေၾကာင့္ ျမတ္သူလြတ္လပ္ေနသည္။
သို႔ေသာ္ အျပည့္အ၀လြတ္လပ္မႈမရွိခဲ့။ အဘယ္ေၾကာင့္ဆိုေသာ ဆရာ၀န္စိုင္းသန႔္ဇင္သည္ ထိုအိမ္သို႔ မၾကာခဏလာေနေသာေၾကာင့္ျဖစ္သည္။ ဆရာ၀န္တစ္ဦးက လူနာထံသို႔ ေဆးကုရန္ ေရာက္လာျခင္းမ်ိဳးမဟုတ္။ ျမတ္သူ၏ သူငယ္ခ်င္းမိတ္ေဆြအျဖစ္ မၾကာခဏလာေရာက္ေနျခင္းျဖစ္သည္။
မၾကာခဏေတြ႕ဆုံေနရသည္ျဖစ္၍ ျမတ္သူသည္လည္း စိုင္းသန႔္ဇင္အား ယခင္ကကဲ့သို႔ ေအးစက္ေသာဆက္ဆံေရးမ်ိဳးမရွိေတာ့ေပ။ သူငယ္ခ်င္းအတိုင္းသာ ခင္မင္ရင္းႏွီးလာၾကသည္။ ခင္မင္ရင္းႏွီးမႈကိုသာအေၾကာင္းျပ၍ အိမ္ထဲသို႔၀င္ထြက္ေနေသာ ဆရာ၀န္စိုင္းသန႔္ဇင္အား စိုင္းထြဋ္ေခါင္အျမင္မၾကည္ခဲ့။
အေၾကာင္းမဲ့သက္သက္ ေကာင္ေလးကို ထိုဆရာ၀န္ထိေတြ႕ေနျခင္းအား မိမိမႏွစ္သက္။ အိမ္သို႔ေရာက္လာတိုင္းပင္ ေကာင္ေလး၏နဖူးျပင္ကို စမ္းျခင္း၊ ဆံပင္မ်ားကိုယုယုယယဖြျခင္းမ်ား မၾကာခဏလုပ္ေနသည္။ ဤသည္ကို သေဘာမက်။ မိမိအပိုင္လူသားတစ္ဦးအား တျခားသူမွ လြတ္လပ္စြာထိေတြ႕ေနျခင္းသည္ မိမိအတြက္အဆင္မေျပလွေပ။ ေကာင္းေလးကိုေမးၾကည့္ပါေသာ္လည္း '႐ိုး႐ိုးသားသားပါ' ဟူေသာစကားမွတစ္ပါး က်န္ေသာစကားမၾကားခဲ့ေပ။
ေကာင္ေလး႐ိုးသားသည္ကို မိမိသိပါသည္။ သို႔ေသာ္ ဆရာ၀န္၏ အၾကည့္မ်ားက ႐ိုးသားဟန္မတူ။ ထိုသူႏွင့္မပတ္သက္ရန္ ေကာင္ေလးကိုတားခ်င္ေသာ္လည္း တစ္ဖက္တြင္ေကာင္ေလး၏က်န္းမာေရးေၾကာင့္ မေျပာရက္ခဲ့ေပ။ ယေန႔တြင္လည္း ထိုဆရာ၀န္ေရာက္လာၿပီး ဧည့္ခန္းတြင္ ေကာင္ေလး၏ေဘးခ်င္းယွဥ္ထိုင္၍ စကားေျပာေနသည္။
ထိုျမင္ကြင္းကိုၾကည့္ေနရသည့္ ကြၽန္ေတာ္သည္ ေဒါသထြက္ေနေၾကာင္းကို ထိုလူသားႏွစ္ဦးမသိ။ မိမိအပိုင္လူသားေလးအား မည္သူကိုမွ်မေပးႏိုင္သည္မို႔ ဆရာ၀န္သည္ မိမိႏွလုံးသားထဲမွ ထိုလူသားကို လုယူသြားမည္အား အလြန္စိုးရိမ္ရပါသည္။
ေခတၱမွ်စကားေျပာၿပီးေသာအခါ ဆရာ၀န္သည္ ေကာင္ေလးထံမွ စာအုပ္ငွားခ်င္သည္ ဟူေသာအေၾကာင္းျပခ်က္ျဖင့္ ေကာင္ေလး၏အခန္းထဲသို႔၀င္သြားသည္။ ထို႔ေနာက္ေကာင္ေလးသည္လည္း ဆရာ၀န္လိုခ်င္ေသာ စာအုပ္ကိုရွာေပးခဲ့သည္။ စာအုပ္မ်ားကို တ႐ိုတေသကိုင္ေသာ ေကာင္ေလးသည္ စာအုပ္တိုင္း၏မ်က္ႏွာဖုံးအထက္တြင္ ဖလင္ျဖင့္ အဖုံးအုပ္ခ်ဳပ္ထားသည္။ ထိုစာအုပ္အဖုံးေၾကာင့္ ေကာင္ေလးလက္ရွသြားသည္။ ေစတနာသဒၵါတရားထက္သန္၍ စိုးရိမ္လြန္ရွာေသာဆရာ၀န္က ေကာင္ေလး၏လက္အား ပ်ပ်ာသလဲလဲေဆးထည့္ေပးရွာသည္။
ယေန႔သည္ ကြၽန္ေတာ့္အတြက္ ျပႆဒါး...။ ေဆးထည့္၍ၿပီးသည္အထိ ဆရာ၀န္သည္ ေကာင္ေလး၏လက္ကို မလႊတ္ေသး။
ဒါေတာ့ လြန္သြားၿပီေလ ...။
ထိုသို႔ စိုင္းထြဋ္ေခါင္၏စိတ္မ်ား ေလာင္ၿမိဳက္မႈႏွင့္အတူ ထူးဆန္းသည့္ကိစၥတစ္ခုျဖစ္လာသည္။ ထိုထူးဆန္းေသာအရာသည္ ျမတ္သူအတြက္မူ မထူးဆန္းေသာ္လည္း ဆရာ၀န္ျမင္ပါက အလြန္ထူးဆန္းသည့္အရာျဖစ္ႏိုင္သည္။ ထိုထူးဆန္းသည့္ျဖစ္ရပ္မွာ စာၾကည့္စားပြဲတြင္ထားရွိေသာ အလွပန္းအိုးသည္ ေလထဲ၌ပ်ံလာျခင္းျဖစ္သည္။ တေ႐ြ႕ေ႐ြ႕ႏွင့္ ထိုပန္းအိုးေရာက္လာသည္က ဆရာ၀န္၏ဦးေခါင္းအနီးနားသို႔ျဖစ္သည္။ ဤသည္ကိုျမတ္သူျမင္ေသာအခါ အလ်င္အျမန္ထ၍ ထိုပန္းအိုးအား လွမ္းကိုင္ထားလိုက္သည္။
ဆရာ၀န္သည္လည္း ျမတ္သူထသြားရာသို႔ လိုက္ၾကည့္မိသည္။ ကံေကာင္းသည္က ပန္းအိုးသည္ ေလထဲတြင္ လြင့္လာသည္ကို ဆရာ၀န္မျမင္ခဲ့ေပ။
" ဘာျဖစ္လို႔လဲျမတ္သူ "
" ဘာမွမျဖစ္ပါဘူး ပန္းအိုးက ေရမရွိေတာ့လို႔ ေရထည့္မလို႔..။ ဟိုေလ ဒါနဲ႔.... သန႔္ဇင္မျပန္ေသးဘူးလား "
" ျပန္ေတာ့မွာပါ။ ဘာလို႔တုံး "
" ဟို... ည.. ညက ေမွာင္ေနၿပီဆိုေတာ့ေလ လမ္းမွာ ကားေမာင္းရင္ အဆင္မေျပမွာစိုးလို႔.. "
" ကိုယ့္ကို စိုးရိမ္တယ္ေပါ့ "
အၿပဳံးတစ္ခုႏွင့္အတူ မိမိအနားသို႔ခ်ဥ္းကပ္လာေသာ သန႔္ဇင္..။
မျဖစ္ဘူး..။ ဒီအခန္းထဲမွာက စိုင္းထြဋ္ေခါင္ရွိေနတာ။ အစကတည္းကသေဘာမက်တာကို အခု.. အဲဒီအၿပဳံးႀကီးနဲ႔ အနားေရာက္လာရင္ တစ္ခုခုျဖစ္ေတာ့မွာ။
ခ်စ္ရသူ၏အေၾကာင္းကို ေကာင္းေကာင္းႀကီးသိေနသည္မို႔ သန႔္ဇင္အား တံခါးဖြင့္ေပး၍ အလ်င္အျမန္ ျပန္ခိုင္းရသည္။
" ေနာက္က်ေနၿပီ သန႔္ဇင္ရဲ႕။ ျပန္ေတာ့ေနာ္။ လမ္းကေမွာင္တယ္။ ကားေမာင္းရတာ အဆင္ေျပမွာမဟုတ္ဘူး။ ျပန္ေတာ့ေနာ္ "
" အင္းပါ အင္းပါ စိတ္ပူေပးလို႔ ေက်းဇူးေနာ္ "
ပူတယ္ စိတ္ကပူရတယ္။ အေနာက္ကဟာႀကီးက တစ္ခုခုလုပ္လိုက္ရင္ ခင္ဗ်ားအသက္ေပ်ာက္ေတာ့မွာစိုင္းသန႔္ဇင္ရဲ႕..။
ဆရာ၀န္ထြက္သြားၿပီးမွသာ ျမတ္သူသည္လည္း စိတ္ခ်သြားကာ သက္ျပင္းခ်မိသည္။ သက္ျပင္းခ်ၿပီးေနာက္ မိမိေနာက္ေက်ာမွ သိုင္းဖက္လာသည့္ မိမိခ်စ္ရသူ။
" ေျပာပါဦး ေစာေစာကိစၥေလးကို "
" ၾကည့္မရလို႔။ ေကာင္ေလးကို အသားယူလြန္းလို႔ "
" ေဆးထည့္ေပးတာပါဗ်ာ "
" ေဆးထည့္ၿပီးတာ ၾကာတဲ့အထိသူက ေကာင္ေလးကို ကိုင္ထားတာ မလႊတ္ေသးဘူးေလ "
" စကားေျပာရင္း ေမ့ေနလို႔ ေနမွာပါ "
" အဲဒါက သူ႔အတြက္.. ေကာင္းေသာေမ့ျခင္းေလ။ ေကာင္ေလးသူ႔ဘက္က အရမ္းလိုက္ေျပာေပးတယ္ေနာ္။ ဟူး.. ဒီေန႔ေတာ့ တကယ္ျပႆဒါးပဲ။ တစ္သက္လုံးကိုင္လာတဲ့စာအုပ္အဖုံးကလည္း ဒီေန႔မွထရွရတယ္လို႔။ အဲဒီစာအုပ္ကို မီးရႈိ႕ခ်င္လာၿပီ "
Advertisement
- In Serial30 Chapters
Psychotic
"Psychos can't fall in love" "Then you obviously havent met me"
8 170 - In Serial18 Chapters
You're Alive - Connor X Reader - A Detroit: Become Human Fanfiction
I grew up in Detroit and was adopted, by my non-biological, Hank Anderson, who is currently employed as a detective with the help of his android friend, and used to be partner, Connor.I'm friends with Connor, but it's not like we're super close or anything. I'm still getting used to the whole android thing, but it's not like I hate androids, or just Connor in general. Why would I? He's really nice, and whenever he comes over, it's like watching a sitcom when he uses his dorky ability to tip my father off.It's quite entertaining.After a while, something strange happens. He tells me there's a pain in his chest. I ask him about it, seeing if there's maybe something wrong with his mechanical body.But, he points towards his..No, no fucking way... Why did it have to be me?~~~Things to know before reading this story:- This story will deal with things such as sexual assault, depression, and suicidal thoughts.- In this story, your character goes by she\her pronouns.- There will be smut in this story.- In this story, you are an atheist.- In this story, you are 19.- This is based on what happens after the CoryxKenshin gameplay (good ending).Cover Art Artist/Source:https://twitter.com/plasticbridge20/status/995352314050498560?s=19
8 255 - In Serial68 Chapters
Girls and Monsters
When she is abducted by a powerful sorcerer who hides his true face with illusions, Seri fears the worst. As soon as she arrives at his isolated tower, the sorcerer puts a curse on her. After a grace period of three months, Seri will begin a painful transformation into a dragon, and once that transformation is complete, she will become a mindless beast, obedient to him. Brand, the sorcerer, offers to lift the curse—but only if she gives him something he wants. Seri, however, is determined to resist him. She meets other girls that Brand has kidnapped and becomes a leader among them, urging them not to yield to Brand’s twisted demands. But Brand has a secret. The sole survivor of a terrible massacre, he’s vowed revenge on those that killed his family. The dragon curse is key to his vengeance. But when Brand develops feelings for Seri, he starts to question his choices. What sort of man does he want to be?
8 229 - In Serial28 Chapters
Alpha Mate
When Morgan Carter's pack is under attack by rogues, the only thing she can do is leave with her young niece, Lilian, in order to get them to safety. It is then that she runs into the territory of her alpha mate, Calum Barrens. Morgan has always wanted her mate, but can she accept him when he makes a big mistake upon meeting her for the first time. Forced together in such circumstances, Morgan and Calum will have to learn to forgive and love each other if they are to stand against an enemy who wants to tear them apart.
8 287 - In Serial59 Chapters
Forever | ✓
#11 in Romance - 15.02.2020...Sequel to Always. Love's a fool. That was something Serena had learnt a long time ago, after spending her childhood in love with the boy next door. He never looked at her, the way she looked at him, yet she continued to hold him in her heart. Not matter how many times he unknowingly broke it. She continued to pick up and fix the pieces, only for it to break once more. Now years later, she was about to be faced with the same love again. Will the outcome be different this time? Read to find out.*contains some swearing*
8 191 - In Serial51 Chapters
Pursuits (Wattpad Reading List choice)
Meet Captain Macks Droy, a man with a notorious reputation for being a flirt. He settles on Hannah as his latest target, while she's determined to resist his charms. Who will win out in this story between a plain Jane and a handsome heart-breaker? (Historical Romance)
8 186

