《Amiss Prayer (Zawgyi&Unicode) [Completed]》Part-34(ကြည်နူးမှု)
Advertisement
For Unicode
ကြည်နူးမှု
ဦးခေါင်းမှ ကိုက်ခဲမှုတို့နှင့် နိုးထလာသော မနက်ခင်းတစ်ခု..။ မနေ့ညမှ ငိုခဲ့သည့်အရှိန်ကြောင့်ဖြစ်မည်။ မို့မောက်နေသည့် မျက်ခွံတို့ကို မှန်ထဲတွင်ကြည့်နေမိသည်။ တစ်ချိန်တည်းမှာပင်သတိရမိသည်က မနေ့ညတွင် မိမိ၏မျက်ရည်စက်တို့ကို သူဖယ်ရှားပေးနေသည့် ပုံရိပ်များပင်။ ထိုပုံရိပ်များကိုမြင်ယောင်ခိုက် နွေးထွေးလာသည့် ဘယ်ဘက်ရင်အုံ..။ ထိုအနွေးဓာတ်ဖြင့် ဆောင်းရာသီ၏အအေးဒဏ်ကို အံတုနိုင်သည်။ ထိုနွေးထွေးမှု၏ စွမ်းအားကို မည်သည့်အရာနှင့်မျှနှိုင်းယှဥ်၍မရ။
သူသာရှိနေလျှင် မည်သည့်အရာကိုမျှမကြောက် ဟုခံယူမိသည်အထိ သူ့ကိုချစ်မိသည်။ ညတိုင်းလိုလိုပင် သူနှင့်အတူတူရှိနေရသည့် အချိန်ကာလများကို သဘောကျသည်။ သို့သော်.. သူ့ကိုမတွေ့ရသည့် မနက်ခင်းတိုင်းကို အပြစ်မရှိလျက် မုန်းနေမိသည်။ ယနေ့မနက်ခင်းကိုမူ ပို၍မုန်းသည်။
နေ့အားဖြင့် တနင်္ဂနွေနေ့ဖြစ်သည်။ ဘုရားကျောင်းသွားရမည့်နေ့...။ အပြင်သို့မထွက်ချင်။ ညဘက်တွင် မ၀ခဲ့ရသည့် အိပ်ရေးကို ယခုတွင်အတိုးချအိပ်မည်ဟု စဉ်းစားသော်လည်း မေမေက လာနှိုးသွားသည်မို့ ဆက်အိပ်ရန် မဖြစ်နိုင်တော့ပြီ။ စိတ်မကြည်မှု အရိပ်ထင်နေသော မျက်နှာသည်လည်း ကြည်လင်နေမှုမရှိတော့ပေ။ ထိုမျက်နှာနှင့် မေမေရှိရာ ထမင်းစားခန်းထဲသို့ သွားမိသည်။
" သားငယ်လေး မျက်နှာကလည်းမကြည်မလင်နဲ့ပါလား။ ဘာဖြစ်လို့တုံး "
" ခေါင်းက နည်းနည်းကိုက်နေတယ်မေမေ.. အဲဒါကြောင့်ပါ "
" ဆေးရုံသွားမလားသားလေး... အရမ်းကိုက်နေလား.."
" ဆေးရုံကိုမသွားချင်ပါဘူး မေမေရယ်။ ခဏလောက်နားလိုက်ရင်သက်သာသွားမယ်ထင်တယ်။ "
" အေးအေး နားလိုက်နော်။ ဘုရားကျောင်းမလိုက်နဲ့တော့ "
" ဟုတ်မေမေ "
မေမေထံမှ ခွင့်ပြုချက်ရပြီးနောက် အိပ်စက်ခြင်းဆီသို့ တစ်ဖန်ပြန်သွားမိသည်။ ပြန်သွားမိသည့် အိပ်စက်ခြင်းတွင် အတိတ်၏ ပျော်ရွှင်ဖွယ်အရိပ်အရောင်များကို မြင်တွေ့ရနေသေးသည်။ ကျေနပ်မိပါသည်။ ထိုအရိပ်အယောင်များကို မကြာခဏအလည်ခေါ်ချင်မိပါသည်။ သို့သော် နာကျင်မှုအရိပ်အယောင်တို့ကိုတော့ အလည်မလာစေချင်။ ထပ်၍လည်း မဖြစ်စေချင်။ ထို့ကြောင့်သာ နှစ်ဦးသားလုံးသည် နှလုံးသား၏ စေခိုင်းရာအမိန့်တို့ကို လွန်ဆန်နိုင်ခြင်းမရှိဘဲ လိုက်နာနေခဲ့သည်။ ဘ၀ချင်း ခြားနားနေသည်ကိုမေ့၍သာ..။
ခေတ္တပျော်ရွှင်ကို လိုချင်၍လော.. တစ်သက်တာပျော်ရွှင်မှုကို မျှော်မှန်း၍လော.. ထိုသူနှစ်ဦးလုံး သေချာစွာမသိ။ အကြင်သူတို့သိနေသည်က ချစ်ခြင်းတစ်ခုသာဖြစ်သည်။
အိပ်စက်မှုသည် ကြာရှည်သွားကာ ညနေခြောက်နာရီအချိန်မှသာ ပြန်နိုးလာသည်။ လူတစ်ဦးမှ လာနှိုး၍ဖြစ်သည်။ မိမိကြားနေကျ ယောက်ျားတစ်ယောက်၏ အသံမျိုးမဟုတ်။ ထိုအသံကြောင့် မျက်လုံးတို့ကို အားယူကာဖွင့်ကြည့်မိသည်။ မိမိရှေ့တွင်ရပ်နေသော ထိုလူသားသည် ဆရာ၀န်စိုင်းသန့်ဇင်ဖြစ်နေသည်။
" နိုးပြီလား.. မနက်ကတည်းကအိပ်နေတာဆို "
" ဟုတ်ပါတယ်.. ဟိုလေ ဘယ်လိုလုပ် ဒီကိုရောက်လာလဲဟင်။ မေမေတို့ခေါ်လိုက်တာလား "
" ဒေါ်ဒေါ်တို့က မခေါ်ပါဘူး။ ဆေးရုံကအပြန် ဒီလူနာကို တစ်ချက်၀င်ကြည့်တာ။ လမ်းလည်းကြုံနေလို့လေ။ ကျွန်တော်လာကြည့်တာမှန်သွားတယ်။ မြတ်သူခေါင်းကိုက်နေတယ်ဆို "
" ဟုတ်.. ညက အိပ်ရေးမ၀လို့ပါ။ အခုအိပ်လိုက်တော့ သက်သာသွားပါပြီ "
" ညဘက်စောစောအိပ်နော်။ အရမ်းအိပ်ရေးပျက်တာ မကောင်းဘူး "
" ဟုတ်ကဲ့ "
ဆရာ၀န်နှင့် ကျွန်တော်စကားပြောချိန်တွင် မေမေသည် ကော်ဖီနှင့် မုန့်တချို့ကိုယူလာကာ ကျွန်တော့်အခန်းထဲသို့ လာခဲ့သည်။ အခန်းထဲသို့ ၀င်လာသည့်မေမေက ဆရာ၀န်အား ရင်းနှီးစွာခေါ်ဝေါ်လိုက်သည်။
" သားလေး စိုင်းသန့်ဇင်.. ကော်ဖီလေးသောက်ပါဦး "
" ဒေါ်ဒေါ်ကလည်း အားနာစရာကြီး "
" အားနာစရာလားသားရဲ့။ သားက ဒေါ်ဒေါ်တို့အပေါ်မှာ ကျေးဇူးတွေအများကြီးရှိနေလို့ ဒေါ်ဒေါ်တို့ကသာ အားနာနေရတာ "
" အားမနာပါနဲ့ ဒါတွေက ဆရာ၀န်လုပ်ရမယ့် တာ၀န်တွေပါ ဒေါ်ဒေါ် "
" ဟုတ်ပါပြီကွယ်။ အခုလည်း လာပေးတာကို ကျေးဇူးနော် "
" ဟာ.. ဒေါ်ဒေါ်ရယ် ကျွန်တော့်ကို မနေတတ်အောင် ပြောနေပြန်ပါပြီ "
" အေးပါအေးပါ။ မကြာခဏလာလည်နော်သား "
ဆရာ၀န်အား သား ဟုခေါ်နေသည်ကို မိမိစိတ်ထဲတွင် သိပ်ဘ၀င်မကျလှပေ။
" မေမေကလည်း ဆရာ့ကိုသားလို့ခေါ်နေတာ အားနာစရာကြီး "
" မဟုတ်တာ။ ကျွန်တော်ကိုက အဲဒီလိုခေါ်တာကို သဘောကျတာပါ။ မိဘတွေကလည်းဆုံးသွားပြီ.. ဆွေမျိုးတွေကလည်း တစ်နယ်စီ။ အိမ်မှာကလည်း အကြီးဆုံးအကိုဖြစ်နေတော့ အခုလိုအခေါ်မခံရတာကြာနေပြီ "
" ဪ.. ဟုတ်ကဲ့ "
ဤသို့ မေမေ၊ ဆရာ၀န်နှင့် ကျွန်တော်တို့၏စကားဝိုင်းသည် ကျွန်တော့်အခန်းတွင် အချိန်ကြာခဲ့သည်။ ထိုစကားဝိုင်းကို မေမေနှင့် ဆရာ၀န်တို့ ဆက်လက်ဖန်တီးနေခိုက် ကျွန်တော်သည် ထိုစကားဝိုင်းကို အာရုံမရောက်။ အခန်းထောင့်ရပ်နေသော သူထံကိုသာ စိတ်ရောက်နေမိသည်။ ထိုသူသည်ကျွန်တော့်ကို ခန့်ညားစွာ ပြုံးပြနေသေးသည်။ ထိုသူကို မေမေနှင့် ဆရာ၀န် မမြင်ခဲ့။ သူနှင့်သက်ဆိုင်ကြောင်း မူပိုင်ခွင့်တံဆိပ်ခတ်နှိပ်ထားသည့် ကျွန်တော်သာ မြင်ရပါသည်။
ခေတ္တမျှစကားပြောပြီးနောက် ဆရာ၀န်သည်လည်းပြန်ကာ မေမေလည်းအခန်းထဲမှထွက်သွားသည်။ ဆရာ၀န်သည် ပြန်ခါနီးတွင် မိမိ၏ဆံပင်တွေကို သပ်ပေးကာ ကျန်းမာရေးဂရုစိုက်ရန်နှင့် သူမကြာခဏလာမည့်အကြောင်းတို့ကိုပြောသွားသေးသည်။ တောက်ပစွာပြုံး၍သာ..။ ထိုအပြုံးတို့ကို အခန်းထောင့်မှကြည့်နေသည့် ချစ်ရသူကြီး သဘောကျနိုင်မည်လော..။
မေမေတို့ထွက်သွားပြီး မိမိအရှေ့သို့လျှောက်လှမ်းလာသော မိမိချစ်ရသူ..။ မိမိအနီးနားသို့ရောက်လာသောအခါ မိမိသည်သူ့ကို ခါးမှဖက်ထားမိသည်။ သူ၏ရင်ခွင်ထဲတွင် ခေါင်းမှီထားသေးသည်။ သူသည်လည်း မိမိနဖူးထက်သို့ အနမ်းတစ်ပွင့်ခြွေချလိုက်သည်။
Advertisement
" ကောင်လေး.. နေမကောင်းဘူးလားဟင် "
" မနက်က နည်းနည်းခေါင်းကိုက်တာပါ။ အခုတော့ ခင်ဗျားကိုမြင်ရလို့ သက်သာသွားပြီ "
" ဒီကောင်လေး စကားတွေတတ်နေလိုက်တာကွယ်.. တကယ့်အချွဲလေးပါလား "
" အဲဒီလိုချွဲတာကို မချစ်လို့လားဟင်.. "
နှုတ်ခမ်းလေးစူကာပြောနေသည့် ထိုလူသားလေးသည် ဘုရားစူးနှစ်ဆယ့်နှစ်နှစ်အရွယ် ကောင်လေးဖြစ်သည်။ အသက်နှစ်ဆယ်ကျော်ကောင်လေးသည် နှစ်နှစ်သားအရွယ်ကလေးကဲ့သို့ မိမိအားကပ်ချွဲနေသည်မို့ ပို၍အချစ်ပိုနေရသည်။
" ချစ်တာပေါ့ဗျာ.. "
" ပြီးတာပဲ.. အခုတော့ ရေသွားချိုးလိုက်ဦးမယ်.. ဒီမှာနေခဲ့နော် လိုက်မလာနဲ့ "
ရေချိုးရန်ထွက်သွားသည့် ထိုလူသားလေးကိုကြည့်ကာ အပိုင်သိမ်းထားချင်သည့်စိတ်တို့သည် တားမရဆီးမရ..။
ရေချိုးပြီးနောက် ခေါင်းရေစိုဖြင့် ၀င်လာသောကောင်လေးကိုကြည့်ကာ သူ၏အလှတရားတို့ကို စာဖွဲ့နေမိသည်။ နက်မှောင်နေသာ ဆံနွယ်တို့ထက်မှ ကျလာသော ရေစက်တို့သည် စိန်ပွင့်လေးသဖွယ် တောက်ပလို့နေသည်။ ထိုရေစက်အချို့တို့သည် နေမြဲနေရာတွင်မနေ။ ကောင်လေးအား ပို၍ဆွဲဆောင်မှုရှိစေရန် ဖန်တီးနေသေးသည်။ ထိုရေစက်တို့သည့် ဆံနွယ်တို့မှတစ်ဆင့် နှင်းဆီနီရောင်နှုတ်ခမ်းပေါ်နှင့် မျက်တောင်စင်းစင်းပေါ်သို့ ခုန်ဆင်းနေသည်။ ရေစက်တို့ဖြင့်အလှဆင်ထားလျက် အလှကြီးလှနေသော ထိုလူသားသည် မိမိအပိုင်လူသားဖြစ်သည်။ တန်းဖိုးရှိလှသော မိမိ၏ပိုင်ဆိုင်မှုတစ်ခုဖြစ်သည်။
သူ၏ အလှတို့တွင် စီးမျောရင်း သူ့ကိုပင်ငေးကြည့်ကာ မည်သည့်စကားမျှမဆိုနိုင်ဖြစ်နေချိန်တွင် ထိုလူသားလေးပြောလာသည့်စကားကြောင့် စီးမျောမှုတို့မှ ရုန်းထွက်လိုက်သည်။
" ဘာတွေ အဲဒီလောက်တောင်ကြည့်နေတာလဲ.. ဟင် "
ကောင်လေးသည် ခေါင်းပေါ်သို့ သဘက်လေးတင်ကာ မိမိအနားသို့ရောက်လာသောအခါ သူ၏ခါးကိုကိုင်ထားလိုက်ပြီး သူ၏မျက်နှာလှလှလေးကို မြတ်နိုးစွာကြည့်မိသည်။
" အရမ်းလှနေလို့ "
" ယောက်ျားလေးတစ်ယောက်ကို လှတယ်လို့ပြောတာ နားထဲမှာ ကန့်လန့်ကြီး၀င်သွားသလိုပဲ "
" အဲဒီလှတယ်ဆိုတဲ့စကားက တခြားယောက်ျားလေးတွေအတွက်မလိုက်ဖက်နိုင်ဘူး..။ ဒါပေမဲ့.. ဒီကကောင်လေးအတွက်တော့ တကယ်လိုက်ဖက်နေတယ်။ ဒါပေမဲ့ အပြည့်အစုံလိုက်ဖက်နေတာတော့ မဟုတ်ဘူး "
" ဘယ်လို.."
" ကောင်လေးက လှတယ်ဆိုတာထက် ပိုနေလို့။ လှတယ်ဆိုတဲ့စကားထက် ပိုလေးနက်တဲ့စကားရှိနေရင်တောင် ကောင်လေးအတွက် မလုံလောက်သေးဘူးထင်တယ် "
" ဒီလူကြီးကတော့လေ ပိုပိုချစ်အောင် ပြောနေပါရောလား "
" အင်း.. ပိုပိုချစ်ပေးပါ။ လက်လွှတ်မခံနိုင်တဲ့အထိ ချစ်မိနေတာမို့ ကိုယ့်အနားက ထွက်မသွားနိုင်အောင် ပိုပိုချစ်ပေးပါ "
ဆုံးရှုံးရခြင်း၏အရသာကို တစ်ကြမ်တစ်ခါ စားသုံးဖူးရုံဖြင့် ခါးသက်နာကျင်ကြောင်းကို သိခဲ့ရပြီမို့ ထပ်၍မခံစားလိုပေ။
" စိတ်ချပါ.. ဒီအတွက်က ခင်ဗျားမတောင်းဆိုလည်း ဖြည့်ဆည်းပေးမှာမို့လို့ စိတ်မပူပါနဲ့ "
တစ်ဦးနှင့်တစ်ဦး တင်းကျပ်စွာဖက်ထားခိုက်တွင် ကောင်လေးထံမှာ နှာချေသံကြားလိုက်ရသည်။
" ကောင်လေး ခေါင်းကိုရေခြောက်အောင် မသုတ်လာဘူးလား။ ဖျားနေတော့မှာပဲ .. "
" ရေသုတ်ရမှာ ညောင်းလို့.. ခင်ဗျားကြီးသုတ်ပေးလေနော် "
" ဟုတ်ပါပြီဗျာ "
စိုင်းထွဋ်ခေါင်သည် မြတ်သူနှင့်မျက်နှာချင်းဆိုင်ကာထိုင်၍ သူ၏ဦးခေါင်းကို ရေသုတ်ပေးခဲ့သည်။
" စောစောကလာတဲ့သူနဲ့ အရမ်းရင်းနှီးလား "
" အရမ်းတော့မဟုတ်ဘူးပေါ့။ ကျွန်တော်ဆေးရုံမှာ သတိမေ့နေတုန်းက တော်တော်ဂရုစိုက်ပေးတယ်လို့ပြောတယ်။ အဲဒါကြောင့်မေမေတို့နဲ့ ပိုရင်းနှီးတယ်.. "
" ဪ.. ကောင်လေးကို သူဂရုစိုက်ပေးတာနေကို.. ကောင်လေးမေမေက သဘောကျနေပုံပဲ။ ကိုယ်ကတော့သဘောမကျဘူး "
" ဟမ်.. ဘာလို့တုံး "
" မသိဘူး။ သဘောမကျတာတော့ သေချာတယ် "
" ဘာလဲ သ၀န်တိုနေတာလား "
" အင်း "
သူ၏ ခပ်ပြတ်ပြတ်စကားတစ်ခွန်းကြောင့် ကျွန်တော်ရယ်မိသည်။ ခန့်ညားမှုတို့နှင့်ပြည့်စုံနေသည့် မျက်နှာသည် တစ်ချိန်တည်းမှာပါပင် အလိုမကျသည့်ကလေးတစ်ယောက်၏မျက်နှာကဲ့သို့ ပြောင်းသွားသည့်သူသည် သူ၏ခန့်ညားမှုတို့ကိုမှ အားမနာ...။
" သ၀န်မတိုနဲ့လို့ မတားဆီးပါဘူး။ တစ်ခုတော့ယုံပေးနော်.. ကျွန်တော့်နှလုံးသားထဲမှာ ခင်ဗျားတစ်ယောက်တည်းကိုပဲ ကမ္ဗည်းအက္ခရာတင်ထားတယ်ဆိုတာ "
သိပ်စကားတတ်လှသည့် ကောင်လေး၏နှုတ်ခမ်းလေးအား အနမ်းဆုချရင်း.. မိမိကပါ ဆုလာဘ်ရယူမိသည်။ ထိုဆုလာဘ်၏အရသာသည် မည်သည်နှင့်မျှမလဲနိုင်။ နွေးထွေးလွန်းပါသည်။ သူ၏အနမ်းချိုချိုသည် မိမိရုန်းမထွက်နိုင်သည့် ရပ်၀န်းများပင်။
မိမိ၏အနမ်းတို့ကို သူကလည်းတုံ့ပြန်လာ၍ အယဥ်မှသည်အရိုင်းသို့ကူးစက်ကာ ကောင်လေး၏အသက်ရှူသံတို့သည် တစ်စထက်တစ်စ ပြင်းထန်လာခဲ့သည်။ အနမ်းကြမ်းကြမ်းတို့ကိုပုံပေါ်ရင်း သူ၏နှုတ်ခမ်းကိုကိုက်မိသွားကာ သွေးစအချို့ထွက်လာသည်။
" တောင်းပန်ပါတယ်နော်... ကိုယ်လေ "
" ဘယ်သူက တောင်းပန်ခိုင်းနေလို့လဲ "
ထိုစကားဆုံးပြီးနောက် ကောင်လေးဖန်တီးလာသည့် မပီပြင်သည့်အနမ်းတချို့။ သူ၏နှုတ်ခမ်းမှ သွေးစတို့သည် မိမိစားသုံးဖူးသမျှညစာထဲတွင် အကောင်းဆုံးသောအရသာတစ်ခု...။
ကောင်လေး၏မပီပြင်သော အနမ်းတို့ကို မိမိကစိတ်မရှည်..။ ထို့ကြောင့်ကောင်လေးကို အိပ်ရာထက်သို့ဆွဲလှဲလိုက်ကာ သူ၏အပေါ်မှ အုပ်မိုးထားလိုက်သည်။ မိမိ၏အနမ်းကြမ်းကြမ်းတို့တွင် သာယာနေသောကောင်လေးသည်လည်း မိမိ၏ကျောပြင်တို့ကိုဖက်တွယ်ထားသည်။
ထိုအချိန်တွင်ကောင်လေးအတွက် အလုံအလောက်မပေးနိုင်သောလေကို အပြစ်တင်မိသည်။ ရွှေလည်တိုင်ထက်သို့ နီညိုရောင်ပန်း ပန်းချီကားအား ရေးဆွဲလိုက်သည့်အခါ ကောင်လေး၏ ညည်းသံချိုချိုတို့ထွက်ပေါ်လာသည်။ ထိုအသံသည် မိမိနားထောင်ဖူးသော တေးဂီတသံတို့ထက် ပို၍သာယာဖွယ်.. နှစ်သက်ဖွယ်ကောင်းလှသည်။
ထို့နောက် အကြည့်တို့ဆုံမိလျက် မိမိ၏ မျက်၀န်းစကားကို သူနားလည်ခဲ့သည်။ မိမိ၏တောင်းဆိုမှုကို ထိုလူသား လိုက်လျောပြီးနောက် မိမိတို့၏အချစ်ညသည် ရှည်ကြာခဲ့သည်။
For Zawgyi
ၾကည္ႏူးမႈ
ဦးေခါင္းမွ ကိုက္ခဲမႈတို႔ႏွင့္ ႏိုးထလာေသာ မနက္ခင္းတစ္ခု..။ မေန႔ညမွ ငိုခဲ့သည့္အရွိန္ေၾကာင့္ျဖစ္မည္။ မို႔ေမာက္ေနသည့္ မ်က္ခြံတို႔ကို မွန္ထဲတြင္ၾကည့္ေနမိသည္။ တစ္ခ်ိန္တည္းမွာပင္သတိရမိသည္က မေန႔ညတြင္ မိမိ၏မ်က္ရည္စက္တို႔ကို သူဖယ္ရွားေပးေနသည့္ ပုံရိပ္မ်ားပင္။ ထိုပုံရိပ္မ်ားကိုျမင္ေယာင္ခိုက္ ေႏြးေထြးလာသည့္ ဘယ္ဘက္ရင္အုံ..။ ထိုအေႏြးဓာတ္ျဖင့္ ေဆာင္းရာသီ၏အေအးဒဏ္ကို အံတုႏိုင္သည္။ ထိုေႏြးေထြးမႈ၏ စြမ္းအားကို မည္သည့္အရာႏွင့္မွ်ႏႈိင္းယွဥ္၍မရ။
Advertisement
သူသာရွိေနလွ်င္ မည္သည့္အရာကိုမွ်မေၾကာက္ ဟုခံယူမိသည္အထိ သူ႔ကိုခ်စ္မိသည္။ ညတိုင္းလိုလိုပင္ သူႏွင့္အတူတူရွိေနရသည့္ အခ်ိန္ကာလမ်ားကို သေဘာက်သည္။ သို႔ေသာ္.. သူ႔ကိုမေတြ႕ရသည့္ မနက္ခင္းတိုင္းကို အျပစ္မရွိလ်က္ မုန္းေနမိသည္။ ယေန႔မနက္ခင္းကိုမူ ပို၍မုန္းသည္။
ေန႔အားျဖင့္ တနဂၤေႏြေန႔ျဖစ္သည္။ ဘုရားေက်ာင္းသြားရမည့္ေန႔...။ အျပင္သို႔မထြက္ခ်င္။ ညဘက္တြင္ မ၀ခဲ့ရသည့္ အိပ္ေရးကို ယခုတြင္အတိုးခ်အိပ္မည္ဟု စဥ္းစားေသာ္လည္း ေမေမက လာႏႈိးသြားသည္မို႔ ဆက္အိပ္ရန္ မျဖစ္ႏိုင္ေတာ့ၿပီ။ စိတ္မၾကည္မႈ အရိပ္ထင္ေနေသာ မ်က္ႏွာသည္လည္း ၾကည္လင္ေနမႈမရွိေတာ့ေပ။ ထိုမ်က္ႏွာႏွင့္ ေမေမရွိရာ ထမင္းစားခန္းထဲသို႔ သြားမိသည္။
" သားငယ္ေလး မ်က္ႏွာကလည္းမၾကည္မလင္နဲ႔ပါလား။ ဘာျဖစ္လို႔တုံး "
" ေခါင္းက နည္းနည္းကိုက္ေနတယ္ေမေမ.. အဲဒါေၾကာင့္ပါ "
" ေဆး႐ုံသြားမလားသားေလး... အရမ္းကိုက္ေနလား.."
" ေဆး႐ုံကိုမသြားခ်င္ပါဘူး ေမေမရယ္။ ခဏေလာက္နားလိုက္ရင္သက္သာသြားမယ္ထင္တယ္။ "
" ေအးေအး နားလိုက္ေနာ္။ ဘုရားေက်ာင္းမလိုက္နဲ႔ေတာ့ "
" ဟုတ္ေမေမ "
ေမေမထံမွ ခြင့္ျပဳခ်က္ရၿပီးေနာက္ အိပ္စက္ျခင္းဆီသို႔ တစ္ဖန္ျပန္သြားမိသည္။ ျပန္သြားမိသည့္ အိပ္စက္ျခင္းတြင္ အတိတ္၏ ေပ်ာ္႐ႊင္ဖြယ္အရိပ္အေရာင္မ်ားကို ျမင္ေတြ႕ရေနေသးသည္။ ေက်နပ္မိပါသည္။ ထိုအရိပ္အေယာင္မ်ားကို မၾကာခဏအလည္ေခၚခ်င္မိပါသည္။ သို႔ေသာ္ နာက်င္မႈအရိပ္အေယာင္တို႔ကိုေတာ့ အလည္မလာေစခ်င္။ ထပ္၍လည္း မျဖစ္ေစခ်င္။ ထို႔ေၾကာင့္သာ ႏွစ္ဦးသားလုံးသည္ ႏွလုံးသား၏ ေစခိုင္းရာအမိန႔္တို႔ကို လြန္ဆန္ႏိုင္ျခင္းမရွိဘဲ လိုက္နာေနခဲ့သည္။ ဘ၀ခ်င္း ျခားနားေနသည္ကိုေမ့၍သာ..။
ေခတၱေပ်ာ္႐ႊင္ကို လိုခ်င္၍ေလာ.. တစ္သက္တာေပ်ာ္႐ႊင္မႈကို ေမွ်ာ္မွန္း၍ေလာ.. ထိုသူႏွစ္ဦးလုံး ေသခ်ာစြာမသိ။ အၾကင္သူတို႔သိေနသည္က ခ်စ္ျခင္းတစ္ခုသာျဖစ္သည္။
အိပ္စက္မႈသည္ ၾကာရွည္သြားကာ ညေနေျခာက္နာရီအခ်ိန္မွသာ ျပန္ႏိုးလာသည္။ လူတစ္ဦးမွ လာႏႈိး၍ျဖစ္သည္။ မိမိၾကားေနက် ေယာက္်ားတစ္ေယာက္၏ အသံမ်ိဳးမဟုတ္။ ထိုအသံေၾကာင့္ မ်က္လုံးတို႔ကို အားယူကာဖြင့္ၾကည့္မိသည္။ မိမိေရွ႕တြင္ရပ္ေနေသာ ထိုလူသားသည္ ဆရာ၀န္စိုင္းသန္႔ဇင္ျဖစ္ေနသည္။
" ႏိုးၿပီလား.. မနက္ကတည္းကအိပ္ေနတာဆို "
" ဟုတ္ပါတယ္.. ဟိုေလ ဘယ္လိုလုပ္ ဒီကိုေရာက္လာလဲဟင္။ ေမေမတို႔ေခၚလိုက္တာလား "
" ေဒၚေဒၚတို႔က မေခၚပါဘူး။ ေဆး႐ုံကအျပန္ ဒီလူနာကို တစ္ခ်က္၀င္ၾကည့္တာ။ လမ္းလည္းႀကဳံေနလို႔ေလ။ ကြၽန္ေတာ္လာၾကည့္တာမွန္သြားတယ္။ ျမတ္သူေခါင္းကိုက္ေနတယ္ဆို "
" ဟုတ္.. ညက အိပ္ေရးမ၀လို႔ပါ။ အခုအိပ္လိုက္ေတာ့ သက္သာသြားပါၿပီ "
" ညဘက္ေစာေစာအိပ္ေနာ္။ အရမ္းအိပ္ေရးပ်က္တာ မေကာင္းဘူး "
" ဟုတ္ကဲ့ "
ဆရာ၀န္ႏွင့္ ကြၽန္ေတာ္စကားေျပာခ်ိန္တြင္ ေမေမသည္ ေကာ္ဖီႏွင့္ မုန႔္တခ်ိဳ႕ကိုယူလာကာ ကြၽန္ေတာ့္အခန္းထဲသို႔ လာခဲ့သည္။ အခန္းထဲသို႔ ၀င္လာသည့္ေမေမက ဆရာ၀န္အား ရင္းႏွီးစြာေခၚေဝၚလိုက္သည္။
" သားေလး စိုင္းသန႔္ဇင္.. ေကာ္ဖီေလးေသာက္ပါဦး "
" ေဒၚေဒၚကလည္း အားနာစရာႀကီး "
" အားနာစရာလားသားရဲ႕။ သားက ေဒၚေဒၚတို႔အေပၚမွာ ေက်းဇူးေတြအမ်ားႀကီးရွိေနလို႔ ေဒၚေဒၚတို႔ကသာ အားနာေနရတာ "
" အားမနာပါနဲ႔ ဒါေတြက ဆရာ၀န္လုပ္ရမယ့္ တာ၀န္ေတြပါ ေဒၚေဒၚ "
" ဟုတ္ပါၿပီကြယ္။ အခုလည္း လာေပးတာကို ေက်းဇူးေနာ္ "
" ဟာ.. ေဒၚေဒၚရယ္ ကြၽန္ေတာ့္ကို မေနတတ္ေအာင္ ေျပာေနျပန္ပါၿပီ "
" ေအးပါေအးပါ။ မၾကာခဏလာလည္ေနာ္သား "
ဆရာ၀န္အား သား ဟုေခၚေနသည္ကို မိမိစိတ္ထဲတြင္ သိပ္ဘ၀င္မက်လွေပ။
" ေမေမကလည္း ဆရာ့ကိုသားလို႔ေခၚေနတာ အားနာစရာႀကီး "
" မဟုတ္တာ။ ကြၽန္ေတာ္ကိုက အဲဒီလိုေခၚတာကို သေဘာက်တာပါ။ မိဘေတြကလည္းဆုံးသြားၿပီ.. ေဆြမ်ိဳးေတြကလည္း တစ္နယ္စီ။ အိမ္မွာကလည္း အႀကီးဆုံးအကိုျဖစ္ေနေတာ့ အခုလိုအေခၚမခံရတာၾကာေနၿပီ "
" ဪ.. ဟုတ္ကဲ့ "
ဤသို႔ ေမေမ၊ ဆရာ၀န္ႏွင့္ ကြၽန္ေတာ္တို႔၏စကားဝိုင္းသည္ ကြၽန္ေတာ့္အခန္းတြင္ အခ်ိန္ၾကာခဲ့သည္။ ထိုစကားဝိုင္းကို ေမေမႏွင့္ ဆရာ၀န္တို႔ ဆက္လက္ဖန္တီးေနခိုက္ ကြၽန္ေတာ္သည္ ထိုစကားဝိုင္းကို အာ႐ုံမေရာက္။ အခန္းေထာင့္ရပ္ေနေသာ သူထံကိုသာ စိတ္ေရာက္ေနမိသည္။ ထိုသူသည္ကြၽန္ေတာ့္ကို ခန႔္ညားစြာ ၿပဳံးျပေနေသးသည္။ ထိုသူကို ေမေမႏွင့္ ဆရာ၀န္ မျမင္ခဲ့။ သူႏွင့္သက္ဆိုင္ေၾကာင္း မူပိုင္ခြင့္တံဆိပ္ခတ္ႏွိပ္ထားသည့္ ကြၽန္ေတာ္သာ ျမင္ရပါသည္။
ေခတၱမွ်စကားေျပာၿပီးေနာက္ ဆရာ၀န္သည္လည္းျပန္ကာ ေမေမလည္းအခန္းထဲမွထြက္သြားသည္။ ဆရာ၀န္သည္ ျပန္ခါနီးတြင္ မိမိ၏ဆံပင္ေတြကို သပ္ေပးကာ က်န္းမာေရးဂ႐ုစိုက္ရန္ႏွင့္ သူမၾကာခဏလာမည့္အေၾကာင္းတို႔ကိုေျပာသြားေသးသည္။ ေတာက္ပစြာၿပဳံး၍သာ..။ ထိုအၿပဳံးတို႔ကို အခန္းေထာင့္မွၾကည့္ေနသည့္ ခ်စ္ရသူႀကီး သေဘာက်ႏိုင္မည္ေလာ..။
ေမေမတို႔ထြက္သြားၿပီး မိမိအေရွ႕သို႔ေလွ်ာက္လွမ္းလာေသာ မိမိခ်စ္ရသူ..။ မိမိအနီးနားသို႔ေရာက္လာေသာအခါ မိမိသည္သူ႔ကို ခါးမွဖက္ထားမိသည္။ သူ၏ရင္ခြင္ထဲတြင္ ေခါင္းမွီထားေသးသည္။ သူသည္လည္း မိမိနဖူးထက္သို႔ အနမ္းတစ္ပြင့္ေႁခြခ်လိုက္သည္။
" ေကာင္ေလး.. ေနမေကာင္းဘူးလားဟင္ "
" မနက္က နည္းနည္းေခါင္းကိုက္တာပါ။ အခုေတာ့ ခင္ဗ်ားကိုျမင္ရလို႔ သက္သာသြားၿပီ "
" ဒီေကာင္ေလး စကားေတြတတ္ေနလိုက္တာကြယ္.. တကယ့္အခြၽဲေလးပါလား "
" အဲဒီလိုခြၽဲတာကို မခ်စ္လို႔လားဟင္.. "
ႏႈတ္ခမ္းေလးစူကာေျပာေနသည့္ ထိုလူသားေလးသည္ ဘုရားစူးႏွစ္ဆယ့္ႏွစ္ႏွစ္အ႐ြယ္ ေကာင္ေလးျဖစ္သည္။ အသက္ႏွစ္ဆယ္ေက်ာ္ေကာင္ေလးသည္ ႏွစ္ႏွစ္သားအ႐ြယ္ကေလးကဲ့သို႔ မိမိအားကပ္ခြၽဲေနသည္မို႔ ပို၍အခ်စ္ပိုေနရသည္။
" ခ်စ္တာေပါ့ဗ်ာ.. "
" ၿပီးတာပဲ.. အခုေတာ့ ေရသြားခ်ိဳးလိုက္ဦးမယ္.. ဒီမွာေနခဲ့ေနာ္ လိုက္မလာနဲ႔ "
ေရခ်ိဳးရန္ထြက္သြားသည့္ ထိုလူသားေလးကိုၾကည့္ကာ အပိုင္သိမ္းထားခ်င္သည့္စိတ္တို႔သည္ တားမရဆီးမရ..။
ေရခ်ိဳးၿပီးေနာက္ ေခါင္းေရစိုျဖင့္ ၀င္လာေသာေကာင္ေလးကိုၾကည့္ကာ သူ၏အလွတရားတို႔ကို စာဖြဲ႕ေနမိသည္။ နက္ေမွာင္ေနသာ ဆံႏြယ္တို႔ထက္မွ က်လာေသာ ေရစက္တို႔သည္ စိန္ပြင့္ေလးသဖြယ္ ေတာက္ပလို႔ေနသည္။ ထိုေရစက္အခ်ိဳ႕တို႔သည္ ေနၿမဲေနရာတြင္မေန။ ေကာင္ေလးအား ပို၍ဆြဲေဆာင္မႈရွိေစရန္ ဖန္တီးေနေသးသည္။ ထိုေရစက္တို႔သည့္ ဆံႏြယ္တို႔မွတစ္ဆင့္ ႏွင္းဆီနီေရာင္ႏႈတ္ခမ္းေပၚႏွင့္ မ်က္ေတာင္စင္းစင္းေပၚသို႔ ခုန္ဆင္းေနသည္။ ေရစက္တို႔ျဖင့္အလွဆင္ထားလ်က္ အလွႀကီးလွေနေသာ ထိုလူသားသည္ မိမိအပိုင္လူသားျဖစ္သည္။ တန္းဖိုးရွိလွေသာ မိမိ၏ပိုင္ဆိုင္မႈတစ္ခုျဖစ္သည္။
သူ၏ အလွတို႔တြင္ စီးေမ်ာရင္း သူ႔ကိုပင္ေငးၾကည့္ကာ မည္သည့္စကားမွ်မဆိုႏိုင္ျဖစ္ေနခ်ိန္တြင္ ထိုလူသားေလးေျပာလာသည့္စကားေၾကာင့္ စီးေမ်ာမႈတို႔မွ ႐ုန္းထြက္လိုက္သည္။
" ဘာေတြ အဲဒီေလာက္ေတာင္ၾကည့္ေနတာလဲ.. ဟင္ "
ေကာင္ေလးသည္ ေခါင္းေပၚသို႔ သဘက္ေလးတင္ကာ မိမိအနားသို႔ေရာက္လာေသာအခါ သူ၏ခါးကိုကိုင္ထားလိုက္ၿပီး သူ၏မ်က္ႏွာလွလွေလးကို ျမတ္ႏိုးစြာၾကည့္မိသည္။
" အရမ္းလွေနလို႔ "
" ေယာက္်ားေလးတစ္ေယာက္ကို လွတယ္လို႔ေျပာတာ နားထဲမွာ ကန႔္လန႔္ႀကီး၀င္သြားသလိုပဲ "
" အဲဒီလွတယ္ဆိုတဲ့စကားက တျခားေယာက္်ားေလးေတြအတြက္မလိုက္ဖက္ႏိုင္ဘူး..။ ဒါေပမဲ့.. ဒီကေကာင္ေလးအတြက္ေတာ့ တကယ္လိုက္ဖက္ေနတယ္။ ဒါေပမဲ့ အျပည့္အစုံလိုက္ဖက္ေနတာေတာ့ မဟုတ္ဘူး "
" ဘယ္လို.."
" ေကာင္ေလးက လွတယ္ဆိုတာထက္ ပိုေနလို႔။ လွတယ္ဆိုတဲ့စကားထက္ ပိုေလးနက္တဲ့စကားရွိေနရင္ေတာင္ ေကာင္ေလးအတြက္ မလုံေလာက္ေသးဘူးထင္တယ္ "
" ဒီလူႀကီးကေတာ့ေလ ပိုပိုခ်စ္ေအာင္ ေျပာေနပါေရာလား "
" အင္း.. ပိုပိုခ်စ္ေပးပါ။ လက္လႊတ္မခံႏိုင္တဲ့အထိ ခ်စ္မိေနတာမို႔ ကိုယ့္အနားက ထြက္မသြားႏိုင္ေအာင္ ပိုပိုခ်စ္ေပးပါ "
ဆုံးရႈံးရျခင္း၏အရသာကို တစ္ၾကမ္တစ္ခါ စားသုံးဖူး႐ုံျဖင့္ ခါးသက္နာက်င္ေၾကာင္းကို သိခဲ့ရၿပီမို႔ ထပ္၍မခံစားလိုေပ။
" စိတ္ခ်ပါ.. ဒီအတြက္က ခင္ဗ်ားမေတာင္းဆိုလည္း ျဖည့္ဆည္းေပးမွာမို႔လို႔ စိတ္မပူပါနဲ႔ "
တစ္ဦးႏွင့္တစ္ဦး တင္းက်ပ္စြာဖက္ထားခိုက္တြင္ ေကာင္ေလးထံမွာ ႏွာေခ်သံၾကားလိုက္ရသည္။
" ေကာင္ေလး ေခါင္းကိုေရေျခာက္ေအာင္ မသုတ္လာဘူးလား။ ဖ်ားေနေတာ့မွာပဲ .. "
" ေရသုတ္ရမွာ ေညာင္းလို႔.. ခင္ဗ်ားႀကီးသုတ္ေပးေလေနာ္ "
" ဟုတ္ပါၿပီဗ်ာ "
စိုင္းထြဋ္ေခါင္သည္ ျမတ္သူႏွင့္မ်က္ႏွာခ်င္းဆိုင္ကာထိုင္၍ သူ၏ဦးေခါင္းကို ေရသုတ္ေပးခဲ့သည္။
" ေစာေစာကလာတဲ့သူနဲ႔ အရမ္းရင္းႏွီးလား "
" အရမ္းေတာ့မဟုတ္ဘူးေပါ့။ ကြၽန္ေတာ္ေဆး႐ုံမွာ သတိေမ့ေနတုန္းက ေတာ္ေတာ္ဂ႐ုစိုက္ေပးတယ္လို႔ေျပာတယ္။ အဲဒါေၾကာင့္ေမေမတို႔နဲ႔ ပိုရင္းႏွီးတယ္.. "
" ဪ.. ေကာင္ေလးကို သူဂ႐ုစိုက္ေပးတာေနကို.. ေကာင္ေလးေမေမက သေဘာက်ေနပုံပဲ။ ကိုယ္ကေတာ့သေဘာမက်ဘူး "
" ဟမ္.. ဘာလို႔တုံး "
" မသိဘူး။ သေဘာမက်တာေတာ့ ေသခ်ာတယ္ "
" ဘာလဲ သ၀န္တိုေနတာလား "
" အင္း "
သူ၏ ခပ္ျပတ္ျပတ္စကားတစ္ခြန္းေၾကာင့္ ကြၽန္ေတာ္ရယ္မိသည္။ ခန႔္ညားမႈတို႔ႏွင့္ျပည့္စုံေနသည့္ မ်က္ႏွာသည္ တစ္ခ်ိန္တည္းမွာပါပင္ အလိုမက်သည့္ကေလးတစ္ေယာက္၏မ်က္ႏွာကဲ့သို႔ ေျပာင္းသြားသည့္သူသည္ သူ၏ခန႔္ညားမႈတို႔ကိုမွ အားမနာ...။
" သ၀န္မတိုနဲ႔လို႔ မတားဆီးပါဘူး။ တစ္ခုေတာ့ယုံေပးေနာ္.. ကြၽန္ေတာ့္ႏွလုံးသားထဲမွာ ခင္ဗ်ားတစ္ေယာက္တည္းကိုပဲ ကမၺည္းအကၡရာတင္ထားတယ္ဆိုတာ "
သိပ္စကားတတ္လွသည့္ ေကာင္ေလး၏ႏႈတ္ခမ္းေလးအား အနမ္းဆုခ်ရင္း.. မိမိကပါ ဆုလာဘ္ရယူမိသည္။ ထိုဆုလာဘ္၏အရသာသည္ မည္သည္ႏွင့္မွ်မလဲႏိုင္။ ေႏြးေထြးလြန္းပါသည္။ သူ၏အနမ္းခ်ိဳခ်ိဳသည္ မိမိ႐ုန္းမထြက္ႏိုင္သည့္ ရပ္၀န္းမ်ားပင္။
မိမိ၏အနမ္းတို႔ကို သူကလည္းတုံ႔ျပန္လာ၍ အယဥ္မွသည္အ႐ိုင္းသို႔ကူးစက္ကာ ေကာင္ေလး၏အသက္ရွဴသံတို႔သည္ တစ္စထက္တစ္စ ျပင္းထန္လာခဲ့သည္။ အနမ္းၾကမ္းၾကမ္းတို႔ကိုပုံေပၚရင္း သူ၏ႏႈတ္ခမ္းကိုကိုက္မိသြားကာ ေသြးစအခ်ိဳ႕ထြက္လာသည္။
" ေတာင္းပန္ပါတယ္ေနာ္... ကိုယ္ေလ "
" ဘယ္သူက ေတာင္းပန္ခိုင္းေနလို႔လဲ "
ထိုစကားဆုံးၿပီးေနာက္ ေကာင္ေလးဖန္တီးလာသည့္ မပီျပင္သည့္အနမ္းတခ်ိဳ႕။ သူ၏ႏႈတ္ခမ္းမွ ေသြးစတို႔သည္ မိမိစားသုံးဖူးသမွ်ညစာထဲတြင္ အေကာင္းဆုံးေသာအရသာတစ္ခု...။
ေကာင္ေလး၏မပီျပင္ေသာ အနမ္းတို႔ကို မိမိကစိတ္မရွည္..။ ထို႔ေၾကာင့္ေကာင္ေလးကို အိပ္ရာထက္သို႔ဆြဲလွဲလိုက္ကာ သူ၏အေပၚမွ အုပ္မိုးထားလိုက္သည္။ မိမိ၏အနမ္းၾကမ္းၾကမ္းတို႔တြင္ သာယာေနေသာေကာင္ေလးသည္လည္း မိမိ၏ေက်ာျပင္တို႔ကိုဖက္တြယ္ထားသည္။
ထိုအခ်ိန္တြင္ေကာင္ေလးအတြက္ အလုံအေလာက္မေပးႏိုင္ေသာေလကို အျပစ္တင္မိသည္။ ေ႐ႊလည္တိုင္ထက္သို႔ နီညိဳေရာင္ပန္း ပန္းခ်ီကားအား ေရးဆြဲလိုက္သည့္အခါ ေကာင္ေလး၏ ညည္းသံခ်ိဳခ်ိဳတို႔ထြက္ေပၚလာသည္။ ထိုအသံသည္ မိမိနားေထာင္ဖူးေသာ ေတးဂီတသံတို႔ထက္ ပို၍သာယာဖြယ္.. ႏွစ္သက္ဖြယ္ေကာင္းလွသည္။
ထို႔ေနာက္ အၾကည့္တို႔ဆုံမိလ်က္ မိမိ၏ မ်က္၀န္းစကားကို သူနားလည္ခဲ့သည္။ မိမိ၏ေတာင္းဆိုမႈကို ထိုလူသား လိုက္ေလ်ာၿပီးေနာက္ မိမိတို႔၏အခ်စ္ညသည္ ရွည္ၾကာခဲ့သည္။
Advertisement
- In Serial109 Chapters
Common Sense of a Warrior
I was born to a Marquess military family; my father is a hero of the country. Motivated by my mother’s death one night in a burglary, I too resolved to study the blade. My aim was to join the army just like my father, and to avoid repeating my mother’s tragedy. Unexpectedly, despite my gender, my swordsmanship grew strong… However, my ambition ended when I learned that women could not enroll into the army. Furthermore, although I hadn’t received even a single lesson in proper etiquette, I suddenly had my engagement set with a Ducal House that had churned out prime ministers for generations…
8 390 - In Serial592 Chapters
I Know Everything
If heavens will not acknowledge Shen Huan, there will be millennia of darkness. This is a novel about a transmigrator that desires to achieve ultimate freedom, acquiring an unreliable System with a humorous effect.
8 419 - In Serial7 Chapters
Zomby
A tale of a young zombie who regained his conciousness. He's different from the rest. His dead heart beats at a sight of a girl making him more curious about her. He slowly regains his memories of his life as it appears bit by bit being triggered by events. Will he go on a conquest to find out who he is? Will he be the cure for the zombie infection? Will he find love as a zombie? Or, will he lead the other zombies and bring humanity into extinction. Read now and find out! This is a dystopian romance genre with strong sexual content and strong gore content. Please read at your own discretion. This has no harem but might have potential events for jealousy and other things. This is not a LitRPG or any RPG in general. This is based on fictious characters and any correlation with real life is purely coincidential. Any names or people within this novel are works of pure imagination and is not based on anyone. The settings are based on real life settings such as cities and anything within it. I'm not a writer so I apologize for any gramatical mistakes. I use grammarly...
8 219 - In Serial132 Chapters
THE WAY OF FAITH
She has a good family background and has never been violently abused. Why does a double personality appear at the age of 12? "Are you there? It happened again today..." Her "she" listened silently, "Everything is mortal chaos and stupid." "...It's here again..., this feeling." At the age of 14, manic depression came to her and she began to break down. "Child. Come back." Who was speaking to her? "Come home." Who are you?Or...just, Where are you……?
8 185 - In Serial50 Chapters
The LGBTQ Magic dimension
LGBTQ erotica at its best, juicey , saucey intertwines like no other. There is no gender in pleasure. Meet alot of make believe characters with magical powers with a big sex drive and never ending thirst. short stories that will definitely start your engine and introduce you to a new world.
8 128 - In Serial64 Chapters
My Brother's Best Friend
Completed.Emily Winston has returned back home after spending a year in London. She comes home to her shared apartment with her twin brother, Emmett, to find that Emmett has offered his best friend, Parker Adams, a room in their apartment. Parker & Emily struggle to get along, including daily squabbles and constant insults. How will Emily survive living with Parker Adams? *This book deals with issues such as Anorexia and self-harm. -Cover created by: TahliePurvis
8 155

