《Amiss Prayer (Zawgyi&Unicode) [Completed]》Part-29(ဆန်းကြယ်မှု)
Advertisement
For Unicode
ဆန်းကြယ်မှု
ခြေလှမ်းတို့သည် အိမ်တော်ထဲသို့ စတင်၀င်လိုက်လျှင်ပင် အိမ်တော်ထဲရှိလူတို့သည် ယခင်ကထက် ပို၍တိတ်ဆိတ်နေသည်ကို နန္ဒ သတိပြုမိပါသည်။ ဧည့်ခန်းတွင်ထိုင်နေသော သခင်မကြီးနှစ်ဦးတို့မှာလည်း မျက်နှာမကောင်းကြပေ။
နန္ဒ၀င်လာသည်ကို သခင်မကြီးဒေါ်နန်းသီရိမြင်သောအခါ နန္ဒအား စိုင်းထွဋ်ခေါင်ထံသွားရန်အမိန့်ပေးသည်။
“ နန္ဒ... မင်းသခင်လေးကို သွားနှိုးခဲ့စမ်း..”
“ အမိန့်အတိုင်းပါ “
“ သူ နေတဲ့အခန်းရဲ့ ဘေးချင်းကပ်ရပ်အခန်းမှာ အိပ်နေတယ်.. တခြားလူတွေနှိုးတာကို အဝင်မခံဘူး..”
“ ကျွန်တော် သွားကြည့်လိုက်ပါမယ်.. “
သခင်လေးက တခြားအခန်းမှာ အိပ်တယ်ဆိုတော့ ညကသူ့အမျိုးသမီးနဲ့ အတူမရှိခဲ့ဘူးလား။ ဘာကြောင့်လဲ..။ ဘယ်လိုဆန်းကြယ်မှုတွေ ဖန်တီးနေပြန်ပြီလဲ။ ဒါပေမဲ့ သခင်လေးဖန်တီးတဲ့ ဆန်းကြယ်မှုက ကျွန်တော့်အတွက် အသုံး၀င်တယ်။ ကျေးဇူးတင်တယ်သခင်လေး။ သခင်မကြီးတွေကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့လို့ပေါ့။
ကျေနပ်သော အပြုံးတို့ဖြင့် နန္ဒတစ်ယောက် အိမ်တော်အပေါ်ထပ်သို့ တက်သွားရာ လှေကားတွင် စောကလျာနှင့်ဆုံခဲ့သည်။ စောကလျာသည် နန္ဒအားပြုံးပြခဲ့သည်။ အတောက်ပဆုံး အပြုံးများနှင့်သာ..။
ဖြစ်သင့်သည်နှင့် ဖြစ်နေသည်တို့.. လွဲနေပြီဟု ကျွန်တော်ယူဆမိသည်။ မင်္ဂလာဦးညတွင် ခင်ပွန်းဖြစ်သူနှင့် ခွဲနေရသည့် ဇနီးသည်တစ်ဦးသည် ဤမျှလောက် တောက်ပစွာ ပြုံးနိုင်သည်လော။ အနည်းငယ်သော ၀မ်းနည်းမှုတို့ ရှိနေသင့်သည်မဟုတ်လော။
ရှိနေသင့်သည့် ၀မ်းနည်းမှုအစား မရှိနေသင့်သည့် ပျော်ရွှင်မှုအငွေ့အသက်များကို စောကလျာထံမှ ခံစားလိုက်ရသည်ဖြစ်၍ နန္ဒစိတ်ထဲတွင် ဘ၀င်မကျလှ။
စိုင်းထွဋ်ခေါင်ရှိနေသည့် အခန်းရှေ့သို့ရောက်သောအခါ တံခါးဖွင့်သော်လည်း ဖွင့်၍မရ။ အခန်းထဲမှ သော့ခတ်ထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့်နန္ဒသည် စိုင်းထွဋ်ခေါင်အား အသံပေး၍ ၀င်ခွင့်တောင်းသည်။
“ သခင်လေး... သခင်လေး.. “
“ ဘယ်သူလဲ.. မလာပါနဲ့လို့ပြောထားတယ်မဟုတ်လား..။ ငါအမိန့်ကို လွန်ဆန်နေတာလား..ဟမ် “
ဟိန်းထွက်လာသော သခင်လေး၏အသံသည် သခင်လေးမည်မျှဒေါသထွက်နေကြောင်းကို ဖော်ပြနေသည်။
သူအော်လွှတ်နေတာ ဘယ်နှယောက်တောင်ရှိနေပြီလဲ...။
“ ကျွန်တော်နန္ဒရောက်နေပါတယ်။ သခင်မကြီးတို့ကခေါ်ခိုင်းလိုက်လို့ပါ.. သခင်လေး တံခါးဖွင့်ပေးပါဦး.. “
နန္ဒစကားဆုံးပြီး တစ်မိနစ်ခန့်အကြာတွင် စိုင်းထွဋ်ခေါင်သည် အခန်းတံခါးလာဖွင့်ပေးသည်။
တံခါးလာဖွင့်ပေးသည့် သခင်လေး၏ ဘယ်ဘက်ပခုံးအနားတွင်း သွေးများပေနေသည်။ ညက မိမိလက်ချက်ကြောင့် သခင်လေးယခုလိုဖြစ်ရသည်ကို တောင်းပန်ချင်သော်လည်း နှုတ်ဖျားသို့ထွက်မလာ။ နာကျင်မှုတို့က တားဆီးထားသည်။
“ ၀င်လာခဲ့.. “
နန္ဒသည်လည်း စိုင်းထွဋ်ခေါင်ခေါ်ဆောင်ရာအနောက်သို့ လိုက်သွားခဲ့သည်။ ထို့နောက် စိုင်းထွဋ်ခေါင်သည် အခန်းတံခါးပြန်ပိတ်လိုက်သည်။
“ ဘာဖြစ်လို့ ပိတ်လိုက်တာလဲ.. “
“ ကိုယ့်ရဲ့ ဒီအခြေနေကြီးကို တခြားသူတွေ မြင်သွားလို့ မဖြစ်ဘူးလေ.. “
“ မြင်တော့လည်း အမှန်တိုင်းပြောလိုက်လေ.. ကျွန်တော်လုပ်တာပါလို့..”
“ မပြောဘူး.. ပြောလိုက်လို့ အရီးတော်သိသွားရင် မင်းအတွက် လွတ်လမ်းမရှိတော့ဘူး “
“ သေတော့လည်း ဘာဖြစ်လို့လဲ.. သခင်လေးသေတာမှမဟုတ်ပဲ..။ အသက်ရှင်လျက်နဲ့ ဘ၀သေသွားပြီး အဓိပ္ပာယ်မဲ့ကုန်တာထက်.. အသက်သေသွားတာ ပိုမကောင်းဘူးလား..။ သခင်မကြီးဒေါ်နန်းသီရီ သခင်မကြီးဒေါ်နန်းသီတာ သခင်မလေးစောကလျာ.. သူတို့တွေအားလုံးက သခင်လေးရဲ့ ဘ၀တွေပဲလေ.. သူတို့ရှိနေသမျှ သခင်လေးရဲ့ဘ၀က အဓိပ္ပာယ်ရှိနေမှာပါ.. “
“ မင်းမရှိဘဲနေရမယ့် ကိုယ့်ဘ၀ကို မင်းမမြင်ရဘူးကောင်လေး.. ကာယကံရှင်ဖြစ်တဲ့ကိုယ်ပဲသိပါတယ်။ သိပ်ကြောက်စရာကောင်းတယ် “
“ ကြောက်စရာကောင်းမှန်းသိခဲ့ရင် အစကတည်းက အပိုင်သိမ်းထားခဲ့ပါလား... ဘာလို့စွန့်ပစ်ခဲ့သေးလဲ..”
“ ကိုယ်သတ္တိမရှိခဲ့ဘူးကောင်လေး.. မင်းနာကျင်မယ့်ကိစ္စတွေအတွက်.. မိသားစုကြီး ပျက်စီးရတော့မယ့် ကိစ္စအတွက်.. ကိုယ်သတ္တိမရှိခဲ့ဘူး “
“ သတ္တိမရှိတာမဟုတ်ဘူး.. သတ္တိကြောင်ခဲ့တာ။ အခု ကျွန်တော်ပျော်နေတယ်လို့ သခင်လေးထင်လို့လား..။ မှားတယ်နော်.. အခုကျွန်တော်က သိပ်နာကျင်နေတယ်.. ကျွန်တော့်လောက်သတ္တိမရှိတဲ့သခင်လေးကို ဘာကြောင့်ချစ်မိခဲ့တာလဲ ဆိုပြီးတော့ပေါ့..”
မိမိ၏စကားနောက် တိုးလျစွာထွက်ပေါ်လာသည့် သခင်လေး၏စကားသည် မိမိအား ရက်စက်ခဲ့သော သခင်လေးမဟုတ်သည့်နှယ်...။
“ တောင်းပန်ပါတယ်..”
“ မတောင်းပန်ပါနဲ့.. ကျွန်တော့်အဘအတွက်ရော ကျွန်တော့်ဘ၀ရောအတွက် ဘယ်တော့မှခွင့်လွှတ်မှာမဟုတ်လို့.. “
အတူတူရင်ဆိုင်မယ်လို့ ပြောထားရဲ့နဲ့ တစ်ယောက်တည်း ကျိတ်ခံစားနေတဲ့ သခင်လေးကို ကျွန်တော်ခွင့်မလွှတ်ဘူး..။ ကျွန်တော့်နှလုံးသားကို ချစ်တတ်အောင်သင်ပေးပြီး မုန်းတတ်အောင်မသင်ပေးတဲ့ သခင်လေးကို ခွင့်မလွှတ်ဘူး..။
သွေးစွန်းနေတဲ့ သခင်လေးရဲ့ အ၀တ်အစားတွေကို လဲပေးတော့ သခင်လေးရဲ့ ကိုယ်ပူချိန်မြင့်နေတာကို ကျွန်တော်ခံစားမိတယ်။
“ ဖျားနေတာကိုများ ဘာလို့ဇနီးသည်ရဲ့ ပြုစုမှုကို မခံချင်ရတာလဲ.. “
“ ကိုယ်မနှစ်သက်တဲ့လူက ကိုယ့်ကိုထိတွေ့နေမှာ ကိုယ်မလိုလားဘူး..။ အဲဒါကြောင့်လည်း ညမအိပ်ခဲ့ဘူး.. နောက်လည်းအတူတူနေမှာမဟုတ်ဘူး..”
“ သေချာလှချီလား.. ထားပါလေ.. ဒီနေ့တစ်နေ့လုံး ကျွန်တော်သခင်လေးဘေးမှာရှိနေပေးမယ်။ အခုတော့ ဆရာ၀န်ပင့်လိုက်ဦးမယ် “
နန္ဒသည် ဆရာ၀န်ပင့်ရန် ထွက်သွားမည်အပြု.. ထိုင်ရာမှထလိုက်ချိန်တွင် စိုင်းထွဋ်ခေါင်သည်နန္ဒ၏လက်ကို လှမ်းဆွဲထားသည်။
“ မင်းရဲ့အမုန်းတွေကို ခံနိုင်ရည်မရှိတဲ့ကိုယ့်အတွက် အမုန်းတွေကို လက်ဆောင်အဖြစ် မပေးခဲ့တာကို ကျေးဇူးတင်ပါတယ်ကောင်လေး..”
Advertisement
ကျွန်တော်ကလည်းကျေးဇူးတင်ပါတယ်.. မနေ့ညက အကြားချင်ဆုံးစကားဖြစ်တဲ့ ချစ်တယ်.. လို့ပြောခဲ့ပေးလို့။
ပြောနေသည့် ရင်တွင်းစကားသံသည် နှုတ်ဖျားကထွက်သည်နှင့် တခြားစီ..
“သေသေချာချာထုပ်ပိုးနေရတုန်းမို့လို့ မပေးရသေးတာပါ... ပေးတဲ့အခါ.. လက်ခံနိုင်အောင် ကြိုးစားထားပါ “
ကျွန်တော်တောင် ဟန်ဆောင်တတ်နေပြီသခင်လေး။ သခင်လေးနဲ့ အနေနီးသွားလို့ထင်တယ်..။
ထို့နောက်နန္ဒသည် အိမ်တော်၏အောက်ထပ်သို့ဆင်းကာ သခင်လေးနေမကောင်းကြောင်း ပြောခဲ့သည်။
“ သခင်လေးနေမကောင်းဖြစ်နေပါတယ်.. အဲဒါကြောင့် ဆရာ၀န်ပင့်ပေးပါ သခင်မကြီး..”
“အေးအေး ကောင်းပြီ.. ကလျာက သားတော်ကိုသွားကြည့်ပေးထားနော်.. ညီမတော်က ဆရာ၀န်သွားပင့်လိုက်ဦးကွယ်..”
“ ကောင်းပါပြီ အစ်မတော်.. “
သခင်မကြီးဒေါ်နန်းသီရီ၏စကားကြောင့် သခင်မကြီးဒေါ်နန်းသီတာသည် ဆရာ၀န်ပင့်ရန် ထွက်သွားခဲ့သည်။ စောကလျာသည်လည်း စိုင်းထွဋ်ခေါင်ထံသို့သွားရန်ပြုနေစဉ် နန္ဒပြောလိုက်သည့်စကားကြောင့် စောကလျာ ဒေါသထွက်ရသည်။
“ စိတ်တော့မရှိပါနဲ့သခင်မလေး.. သခင်လေး သူ့အနားကို ဘယ်သူမှမလာဖို့မှာထားပါတယ်..။ ကျွန်တော်ကလွဲရင်ပေါ့.. “
“ မင်းစကားက ဘာသဘောလဲ..။ ငါက သူ့ဇနီး.. သူနေမကောင်းတဲ့အချိန် သူ့ဘေးနားမှာ ငါရှိနေရမှာပေါ့.. “
“ အဲဒါဆို အတူရှိနေသင့်တဲ့ဇနီးသည်ဖြစ်ပြီး ဘာလို့ညကတည်းက အတူမရှိခဲ့တာလဲ..။ သခင်လေးက ညကတည်းက နေမကောင်းဖြစ်နေတာပါ..”
ထိုစကားကြောင့်ပင် ထပ်၍ဒေါသမီးတောက်လောင်သူ တစ်ဦးထွက်ပေါ်လာသည်။ ထိုသူသည် သခင်လေး၏မိခင် သခင်မကြီးဒေါ်နန်းသီရိဖြစ်သည်။
“ တယ်.. လူပါး၀လိုက်တဲ့ကျွန်.. မင်းက ဘယ်သူ့အားကိုးနဲ့ အခုလောက်ထိရိုင်းစိုင်းနေရတာလဲ..”
“ ရိုင်းစိုင်းတာလည်းမဟုတ်သလို လူပါး၀တာလည်းမဟုတ်ပါဘူး..။ ဒါပေမဲ့.. ကျွန်တော့်ဘေးမှာ သခင်လေးတစ်ယောက်လုံးရှိနေပါတယ် “
ကြောက်လန့်ခြင်းမရှိ၊ တုန်လှုပ်ခြင်းမရှိ၊ တင်းမာသော မျက်နှာအမူအရာဖြင့် ခွန်းတုံ့ပြန်နေသည့်နန္ဒ၏ အသွင်အပြင်သည် မာကျောလှသည်။ ခက်ထန်လှသည်။
“ အိမ်ထဲကလူတွေ သူ့ကိုအပြင်ထုတ်သွားပြီး အပြစ်ပေးစမ်း..”
“ဟုတ်ကဲ့.. ရပါတယ်.. အပြစ်ပေးလိုက်ပါ..။ တစ်ခုတော့ရှိတယ် သခင်လေးက ကျွန်တော်ကလွဲရင် ဘယ်သူကိုမှ အဲဒီအခန်းထဲ ပေးမ၀င်ဘူးတဲ့..။ ဘယ်လိုလုပ်ရမလဲ.. မယုံရင်သွားမေးကြည့်ပါဦး.. တော်ကြာ.. ဘယ်သူ့ကိုမှအခန်းထဲမ၀င်ခိုင်းဘဲ တစ်ယောက်တည်းတစ်ခုခုဖြစ်နေရင် ဘယ်လိုလုပ်မလဲ “
ထိုစကား၏အစွမ်းထက်မှုသည် သခင်မကြီးဒေါ်နန်းသီရိကိုပင် မေ့လဲစေခဲ့သည်။
ဒီလောက်လေးကိုတော့ ခံနိုင်ရည်ရှိဦးမှပေါ့..။ နောက်ဆို.. ဒီထက်မက လောင်ကျွမ်းရဦးမှာမို့.. ခံနိုင်ရည်ရှိပါစေဦး..။
သခင်မကြီးမေ့လဲသည်ကိုပင် ဂရုမပြု။ သခင်လေး ရှိရာသို့သာ ခြေလှမ်းတို့ဦးတည်လိုက်သည်။
ထိုအခါ စောကလျာသည်နန္ဒအား လှမ်းဆွဲလိုက်သည်။
“ မင်းကိုယ်မင်း ဘာထင်နေလဲ.. “
“ ဘာမှမထင်ပါဘူး... “
“ စိုင်းထွဋ်ခေါင်ရဲ့ အနားမှာ ခဏလောက်နေရတာကို မင်းက အောက်ခြေလွတ်နေတာလား.. “
“ အင်း.. လွတ်နေတယ်ထင်တယ်.. ဘာပဲပြောပြော ကျွန်တော်က သခင်ဘေးနားမှာနေနေရလို့ လွတ်ဖို့အောက်ခြေရှိတယ်။ သခင်မလေးက သခင်လေးဘေးနားမှာ ရှိမနေရတော့ လွတ်ဖို့အောက်ခြေတောင်ရှိပါ့မလား.. “
“ မင်းကများ ရာရာစစ ငါ့ကိုစော်ကားရဲတယ်ပေါ့..။ ငါ့ကိုအခုလို့စော်ကားတဲ့အတွက် မင်းကောင်းကောင်းကြီး နောင်တရစေရမယ်.. “
“ ဟုတ်ကဲ့.. နောင်တတွေကို ကြည့်ချင်စမ်းပါဘိ..။ နောက်ပြီး သခင်မလေးနဲ့ သခင်လေးလက်ထပ်လိုက်တာကလည်း မပိုင်ဆိုင်သင့်တဲ့သူကို ပိုင်ဆိုင်မိကြောင်း နောင်တရစေမယ် “
ယခင်ကနန္ဒသည် ဤသို့မဟုတ်။ အိမ်တော်ရှိသခင်များအား ကြောက်တတ်သည်။ ရိုသေတတ်သည်။ ယခုတွင်မူ ထိုသို့မဟုတ်တော့..။ နန္ဒချေပလိုက်သည့်စကားကြောင့် အိမ်တော်ရှိလူများတို့သည် အံ့ဩနေကြသည်။
နောက်ဆုံးတော့ ရုပ်သေးရုပ်လေး အသက်၀င်လာခဲ့ပြီ...
ဟုတ်သည်။ သခင်မလေးစောကလျာသည် မပိုင်ဆိုင်သင့်သည်ကို ပိုင်ဆိုင်ထားသည်။ သခင်လေးသည် ပိုင်ရှင်ရှိပြီးသားဖြစ်သည်။ ပိုင်ရှင်ကလည်း မိမိဖြစ်နေသောကြောင့် မိမိပိုင်ဆိုင်သောသခင်လေးကို မည်သူကိုမျှမပေးနိုင်ပါ။ ယနေ့ ကြွလာမည့်ဆရာ၀န်သည် လူနာသုံးဦးကို တစ်ပြိုင်နက်တည်း ဆေးကုရတော့မည်။
လူနာသုံးဦးဆေးကုသမှုခံယူရကြောင်းကို ဒေါ်နန်းသီတာသိသောအခါ အလွန်ဒေါသထွက်နေသည်။ သို့သော် ဒေါသတို့ကိုမျိုသိပ်လျက် အစ်မတော်ဖြစ်သူအားပြုစုရသည်။
နန္ဒသည်လည်း စိုင်းထွဋ်ခေါင်၏အပါးတွင် ခစားနေခဲ့ရသည်။ ညကိုးနာရီကျော်သောအခါ ကိုယ်စီကိုယ်စီ အိပ်ရန်ပြင်ဆင်နေကြသည်။ နန္ဒသည်လည်း ပြင်ဆင်ခဲ့သည်။ သူတစ်ယောက်တည်းသာ အိပ်သည်မဟုတ်။ စိုင်းထွဋ်ခေါင်နှင့်အတူ အိပ်စက်ရန်ဖြစ်သည်။
နန္ဒသည် စိုင်းထွဋ်ခေါင်၏ ပေါင်ပေါ်တွင် ခွထိုင်လိုက်ကာ စိုင်းထွဋ်ခေါင်၏လည်တိုင်အား လက်တို့ဖြင့်ရစ်သိုင်းထားပြီးလျှင် ညို့အားပြင်းသောမျက်၀န်းတို့ကိုဆုံစေလျက် ဆွဲဆောင်မှုရှိသော တိုးလျသည့် အသံဖြင့် ဆိုလာသည့်စကားသည် စိုင်းထွဋ်ခေါင်၏ ထိန်းချုပ်မှုတို့ကို ကုန်ခမ်းစေသည်။
“ ကျွန်တော်လေ.. သခင်လေးကိုလိုအပ်နေတယ်.. သခင်လေးကရော.. ကျွန်တော်ကိုလိုချင်တယ်မဟုတ်လား...”
“ အင်း.. “
“ သိမ်းပိုက်ပေးပါလား သခင်လေး.. “
“ ဘာရည်ရွယ်ကြောင့် အခုလိုပြောနေလဲ သေသေချာချာမသိပေမဲ့.. မင်းရဲ့ရည်ရွယ်ချက်တွေကို ဖြည့်ဆည်းပေးချင်မိတယ်ကောင်လေး “
မင်းရဲ့ရည်ရွယ်ချက်တွေကို ဖြည့်ဆည်းပေးချင်တယ်ကောင်လေး..။ အားလုံးတော့မဟုတ်ဘူး.. ကိုယ့်မိဘတွေကိုတော့ ချွင်းချက်ပေါ့..။
ရွှေလည်တိုင်ကို နမ်းရှိုက်ချိန်မှစတင်လိုက်သည့် ညည်းသံကျယ်ကျယ်တို့ဖြင့် အကြင်သူနှစ်ဦး၏ အချစ်ညလေးသည် ရှည်ကြာခဲ့သည်။ ရှည်ကြာသည့်ညည်းသံတို့ကို စောကလျာကြားပါသည်။ သို့သော် ကြေကွဲခြင်းမရှိ။
“ နင်တို့နှစ်ယောက်က ငါ့ထောက်ချောက်ထဲကို ငါမတွန်းပို့ဘဲ ကောင်းကောင်းကြီးရောက်လာတာပဲ..။ အို.. လွယ်လိုက်တာကွာ... ဟား...ဟား...ဟား..”
Advertisement
For Zawgyi
ဆန္းၾကယ္မႈ
ေျခလွမ္းတို႔သည္ အိမ္ေတာ္ထဲသို႔ စတင္၀င္လိုက္လွ်င္ပင္ အိမ္ေတာ္ထဲရွိလူတို႔သည္ ယခင္ကထက္ ပို၍တိတ္ဆိတ္ေနသည္ကို နႏၵ သတိျပဳမိပါသည္။ ဧည့္ခန္းတြင္ထိုင္ေနေသာ သခင္မႀကီးႏွစ္ဦးတို႔မွာလည္း မ်က္ႏွာမေကာင္းၾကေပ။
နႏၵ၀င္လာသည္ကို သခင္မႀကီးေဒၚနန္းသီရိျမင္ေသာအခါ နႏၵအား စိုင္းထြဋ္ေခါင္ထံသြားရန္အမိန္႔ေပးသည္။
“ နႏၵ... မင္းသခင္ေလးကို သြားႏႈိးခဲ့စမ္း..”
“ အမိန႔္အတိုင္းပါ “
“ သူ ေနတဲ့အခန္းရဲ႕ ေဘးခ်င္းကပ္ရပ္အခန္းမွာ အိပ္ေနတယ္.. တျခားလူေတြႏႈိးတာကို အဝင္မခံဘူး..”
“ ကြၽန္ေတာ္ သြားၾကည့္လိုက္ပါမယ္.. “
သခင္ေလးက တျခားအခန္းမွာ အိပ္တယ္ဆိုေတာ့ ညကသူ႔အမ်ိဳးသမီးနဲ႔ အတူမရွိခဲ့ဘူးလား။ ဘာေၾကာင့္လဲ..။ ဘယ္လိုဆန္းၾကယ္မႈေတြ ဖန္တီးေနျပန္ၿပီလဲ။ ဒါေပမဲ့ သခင္ေလးဖန္တီးတဲ့ ဆန္းၾကယ္မႈက ကြၽန္ေတာ့္အတြက္ အသုံး၀င္တယ္။ ေက်းဇူးတင္တယ္သခင္ေလး။ သခင္မႀကီးေတြကို စိတ္အေႏွာင့္အယွက္ျဖစ္ေစခဲ့လို႔ေပါ့။
ေက်နပ္ေသာ အၿပဳံးတို႔ျဖင့္ နႏၵတစ္ေယာက္ အိမ္ေတာ္အေပၚထပ္သို႔ တက္သြားရာ ေလွကားတြင္ ေစာကလ်ာႏွင့္ဆုံခဲ့သည္။ ေစာကလ်ာသည္ နႏၵအားၿပဳံးျပခဲ့သည္။ အေတာက္ပဆုံး အၿပဳံးမ်ားႏွင့္သာ..။
ျဖစ္သင့္သည္ႏွင့္ ျဖစ္ေနသည္တို႔.. လြဲေနၿပီဟု ကြၽန္ေတာ္ယူဆမိသည္။ မဂၤလာဦးညတြင္ ခင္ပြန္းျဖစ္သူႏွင့္ ခြဲေနရသည့္ ဇနီးသည္တစ္ဦးသည္ ဤမွ်ေလာက္ ေတာက္ပစြာ ၿပဳံးႏိုင္သည္ေလာ။ အနည္းငယ္ေသာ ၀မ္းနည္းမႈတို႔ ရွိေနသင့္သည္မဟုတ္ေလာ။
ရွိေနသင့္သည့္ ၀မ္းနည္းမႈအစား မရွိေနသင့္သည့္ ေပ်ာ္႐ႊင္မႈအေငြ႕အသက္မ်ားကို ေစာကလ်ာထံမွ ခံစားလိုက္ရသည္ျဖစ္၍ နႏၵစိတ္ထဲတြင္ ဘ၀င္မက်လွ။
စိုင္းထြဋ္ေခါင္ရွိေနသည့္ အခန္းေရွ႕သို႔ေရာက္ေသာအခါ တံခါးဖြင့္ေသာ္လည္း ဖြင့္၍မရ။ အခန္းထဲမွ ေသာ့ခတ္ထားေသာေၾကာင့္ ျဖစ္သည္။ ထို႔ေၾကာင့္နႏၵသည္ စိုင္းထြဋ္ေခါင္အား အသံေပး၍ ၀င္ခြင့္ေတာင္းသည္။
“ သခင္ေလး... သခင္ေလး.. “
“ ဘယ္သူလဲ.. မလာပါနဲ႔လို႔ေျပာထားတယ္မဟုတ္လား..။ ငါအမိန႔္ကို လြန္ဆန္ေနတာလား..ဟမ္ “
ဟိန္းထြက္လာေသာ သခင္ေလး၏အသံသည္ သခင္ေလးမည္မွ်ေဒါသထြက္ေနေၾကာင္းကို ေဖာ္ျပေနသည္။
သူေအာ္လႊတ္ေနတာ ဘယ္ႏွေယာက္ေတာင္ရွိေနၿပီလဲ...။
“ ကြၽန္ေတာ္နႏၵေရာက္ေနပါတယ္။ သခင္မႀကီးတို႔ကေခၚခိုင္းလိုက္လို႔ပါ.. သခင္ေလး တံခါးဖြင့္ေပးပါဦး.. “
နႏၵစကားဆုံးၿပီး တစ္မိနစ္ခန္႔အၾကာတြင္ စိုင္းထြဋ္ေခါင္သည္ အခန္းတံခါးလာဖြင့္ေပးသည္။
တံခါးလာဖြင့္ေပးသည့္ သခင္ေလး၏ ဘယ္ဘက္ပခုံးအနားတြင္း ေသြးမ်ားေပေနသည္။ ညက မိမိလက္ခ်က္ေၾကာင့္ သခင္ေလးယခုလိုျဖစ္ရသည္ကို ေတာင္းပန္ခ်င္ေသာ္လည္း ႏႈတ္ဖ်ားသို႔ထြက္မလာ။ နာက်င္မႈတို႔က တားဆီးထားသည္။
“ ၀င္လာခဲ့.. “
နႏၵသည္လည္း စိုင္းထြဋ္ေခါင္ေခၚေဆာင္ရာအေနာက္သို႔ လိုက္သြားခဲ့သည္။ ထို႔ေနာက္ စိုင္းထြဋ္ေခါင္သည္ အခန္းတံခါးျပန္ပိတ္လိုက္သည္။
“ ဘာျဖစ္လို႔ ပိတ္လိုက္တာလဲ.. “
“ ကိုယ့္ရဲ႕ ဒီအေျခေနႀကီးကို တျခားသူေတြ ျမင္သြားလို႔ မျဖစ္ဘူးေလ.. “
“ ျမင္ေတာ့လည္း အမွန္တိုင္းေျပာလိုက္ေလ.. ကြၽန္ေတာ္လုပ္တာပါလို႔..”
“ မေျပာဘူး.. ေျပာလိုက္လို႔ အရီးေတာ္သိသြားရင္ မင္းအတြက္ လြတ္လမ္းမရွိေတာ့ဘူး “
“ ေသေတာ့လည္း ဘာျဖစ္လို႔လဲ.. သခင္ေလးေသတာမွမဟုတ္ပဲ..။ အသက္ရွင္လ်က္နဲ႔ ဘ၀ေသသြားၿပီး အဓိပၸာယ္မဲ့ကုန္တာထက္.. အသက္ေသသြားတာ ပိုမေကာင္းဘူးလား..။ သခင္မႀကီးေဒၚနန္းသီရီ သခင္မႀကီးေဒၚနန္းသီတာ သခင္မေလးေစာကလ်ာ.. သူတို႔ေတြအားလုံးက သခင္ေလးရဲ႕ ဘ၀ေတြပဲေလ.. သူတို႔ရွိေနသမွ် သခင္ေလးရဲ႕ဘ၀က အဓိပၸာယ္ရွိေနမွာပါ.. “
“ မင္းမရွိဘဲေနရမယ့္ ကိုယ့္ဘ၀ကို မင္းမျမင္ရဘူးေကာင္ေလး.. ကာယကံရွင္ျဖစ္တဲ့ကိုယ္ပဲသိပါတယ္။ သိပ္ေၾကာက္စရာေကာင္းတယ္ “
“ ေၾကာက္စရာေကာင္းမွန္းသိခဲ့ရင္ အစကတည္းက အပိုင္သိမ္းထားခဲ့ပါလား... ဘာလို႔စြန႔္ပစ္ခဲ့ေသးလဲ..”
“ ကိုယ္သတၱိမရွိခဲ့ဘူးေကာင္ေလး.. မင္းနာက်င္မယ့္ကိစၥေတြအတြက္.. မိသားစုႀကီး ပ်က္စီးရေတာ့မယ့္ ကိစၥအတြက္.. ကိုယ္သတၱိမရွိခဲ့ဘူး “
“ သတၱိမရွိတာမဟုတ္ဘူး.. သတၱိေၾကာင္ခဲ့တာ။ အခု ကြၽန္ေတာ္ေပ်ာ္ေနတယ္လို႔ သခင္ေလးထင္လို႔လား..။ မွားတယ္ေနာ္.. အခုကြၽန္ေတာ္က သိပ္နာက်င္ေနတယ္.. ကြၽန္ေတာ့္ေလာက္သတၱိမရွိတဲ့သခင္ေလးကို ဘာေၾကာင့္ခ်စ္မိခဲ့တာလဲ ဆိုၿပီးေတာ့ေပါ့..”
မိမိ၏စကားေနာက္ တိုးလ်စြာထြက္ေပၚလာသည့္ သခင္ေလး၏စကားသည္ မိမိအား ရက္စက္ခဲ့ေသာ သခင္ေလးမဟုတ္သည့္ႏွယ္...။
“ ေတာင္းပန္ပါတယ္..”
“ မေတာင္းပန္ပါနဲ႔.. ကြၽန္ေတာ့္အဘအတြက္ေရာ ကြၽန္ေတာ့္ဘ၀ေရာအတြက္ ဘယ္ေတာ့မွခြင့္လႊတ္မွာမဟုတ္လို႔.. “
အတူတူရင္ဆိုင္မယ္လို႔ ေျပာထားရဲ႕နဲ႔ တစ္ေယာက္တည္း က်ိတ္ခံစားေနတဲ့ သခင္ေလးကို ကြၽန္ေတာ္ခြင့္မလႊတ္ဘူး..။ ကြၽန္ေတာ့္ႏွလုံးသားကို ခ်စ္တတ္ေအာင္သင္ေပးၿပီး မုန္းတတ္ေအာင္မသင္ေပးတဲ့ သခင္ေလးကို ခြင့္မလႊတ္ဘူး..။
ေသြးစြန္းေနတဲ့ သခင္ေလးရဲ႕ အ၀တ္အစားေတြကို လဲေပးေတာ့ သခင္ေလးရဲ႕ ကိုယ္ပူခ်ိန္ျမင့္ေနတာကို ကြၽန္ေတာ္ခံစားမိတယ္။
“ ဖ်ားေနတာကိုမ်ား ဘာလို႔ဇနီးသည္ရဲ႕ ျပဳစုမႈကို မခံခ်င္ရတာလဲ.. “
“ ကိုယ္မႏွစ္သက္တဲ့လူက ကိုယ့္ကိုထိေတြ႕ေနမွာ ကိုယ္မလိုလားဘူး..။ အဲဒါေၾကာင့္လည္း ညမအိပ္ခဲ့ဘူး.. ေနာက္လည္းအတူတူေနမွာမဟုတ္ဘူး..”
“ ေသခ်ာလွခ်ီလား.. ထားပါေလ.. ဒီေန႔တစ္ေန႔လုံး ကြၽန္ေတာ္သခင္ေလးေဘးမွာရွိေနေပးမယ္။ အခုေတာ့ ဆရာ၀န္ပင့္လိုက္ဦးမယ္ “
နႏၵသည္ ဆရာ၀န္ပင့္ရန္ ထြက္သြားမည္အျပဳ.. ထိုင္ရာမွထလိုက္ခ်ိန္တြင္ စိုင္းထြဋ္ေခါင္သည္နႏၵ၏လက္ကို လွမ္းဆြဲထားသည္။
“ မင္းရဲ႕အမုန္းေတြကို ခံႏိုင္ရည္မရွိတဲ့ကိုယ့္အတြက္ အမုန္းေတြကို လက္ေဆာင္အျဖစ္ မေပးခဲ့တာကို ေက်းဇူးတင္ပါတယ္ေကာင္ေလး..”
ကြၽန္ေတာ္ကလည္းေက်းဇူးတင္ပါတယ္.. မေန႔ညက အၾကားခ်င္ဆုံးစကားျဖစ္တဲ့ ခ်စ္တယ္.. လို႔ေျပာခဲ့ေပးလို႔။
ေျပာေနသည့္ ရင္တြင္းစကားသံသည္ ႏႈတ္ဖ်ားကထြက္သည္ႏွင့္ တျခားစီ..
“ေသေသခ်ာခ်ာထုပ္ပိုးေနရတုန္းမို႔လို႔ မေပးရေသးတာပါ... ေပးတဲ့အခါ.. လက္ခံႏိုင္ေအာင္ ႀကိဳးစားထားပါ “
ကြၽန္ေတာ္ေတာင္ ဟန္ေဆာင္တတ္ေနၿပီသခင္ေလး။ သခင္ေလးနဲ႔ အေနနီးသြားလို႔ထင္တယ္..။
ထို႔ေနာက္နႏၵသည္ အိမ္ေတာ္၏ေအာက္ထပ္သို႔ဆင္းကာ သခင္ေလးေနမေကာင္းေၾကာင္း ေျပာခဲ့သည္။
“ သခင္ေလးေနမေကာင္းျဖစ္ေနပါတယ္.. အဲဒါေၾကာင့္ ဆရာ၀န္ပင့္ေပးပါ သခင္မႀကီး..”
“ေအးေအး ေကာင္းၿပီ.. ကလ်ာက သားေတာ္ကိုသြားၾကည့္ေပးထားေနာ္.. ညီမေတာ္က ဆရာ၀န္သြားပင့္လိုက္ဦးကြယ္..”
“ ေကာင္းပါၿပီ အစ္မေတာ္.. “
သခင္မႀကီးေဒၚနန္းသီရီ၏စကားေၾကာင့္ သခင္မႀကီးေဒၚနန္းသီတာသည္ ဆရာ၀န္ပင့္ရန္ ထြက္သြားခဲ့သည္။ ေစာကလ်ာသည္လည္း စိုင္းထြဋ္ေခါင္ထံသို႔သြားရန္ျပဳေနစဥ္ နႏၵေျပာလိုက္သည့္စကားေၾကာင့္ ေစာကလ်ာ ေဒါသထြက္ရသည္။
“ စိတ္ေတာ့မရွိပါနဲ႔သခင္မေလး.. သခင္ေလး သူ႔အနားကို ဘယ္သူမွမလာဖို႔မွာထားပါတယ္..။ ကြၽန္ေတာ္ကလြဲရင္ေပါ့.. “
“ မင္းစကားက ဘာသေဘာလဲ..။ ငါက သူ႔ဇနီး.. သူေနမေကာင္းတဲ့အခ်ိန္ သူ႔ေဘးနားမွာ ငါရွိေနရမွာေပါ့.. “
“ အဲဒါဆို အတူရွိေနသင့္တဲ့ဇနီးသည္ျဖစ္ၿပီး ဘာလို႔ညကတည္းက အတူမရွိခဲ့တာလဲ..။ သခင္ေလးက ညကတည္းက ေနမေကာင္းျဖစ္ေနတာပါ..”
ထိုစကားေၾကာင့္ပင္ ထပ္၍ေဒါသမီးေတာက္ေလာင္သူ တစ္ဦးထြက္ေပၚလာသည္။ ထိုသူသည္ သခင္ေလး၏မိခင္ သခင္မႀကီးေဒၚနန္းသီရိျဖစ္သည္။
“ တယ္.. လူပါး၀လိုက္တဲ့ကြၽန္.. မင္းက ဘယ္သူ႔အားကိုးနဲ႔ အခုေလာက္ထိ႐ိုင္းစိုင္းေနရတာလဲ..”
“ ႐ိုင္းစိုင္းတာလည္းမဟုတ္သလို လူပါး၀တာလည္းမဟုတ္ပါဘူး..။ ဒါေပမဲ့.. ကြၽန္ေတာ့္ေဘးမွာ သခင္ေလးတစ္ေယာက္လုံးရွိေနပါတယ္ “
ေၾကာက္လန႔္ျခင္းမရွိ၊ တုန္လႈပ္ျခင္းမရွိ၊ တင္းမာေသာ မ်က္ႏွာအမူအရာျဖင့္ ခြန္းတုံ႔ျပန္ေနသည့္နႏၵ၏ အသြင္အျပင္သည္ မာေက်ာလွသည္။ ခက္ထန္လွသည္။
“ အိမ္ထဲကလူေတြ သူ႔ကိုအျပင္ထုတ္သြားၿပီး အျပစ္ေပးစမ္း..”
“ဟုတ္ကဲ့.. ရပါတယ္.. အျပစ္ေပးလိုက္ပါ..။ တစ္ခုေတာ့ရွိတယ္ သခင္ေလးက ကြၽန္ေတာ္ကလြဲရင္ ဘယ္သူကိုမွ အဲဒီအခန္းထဲ ေပးမ၀င္ဘူးတဲ့..။ ဘယ္လိုလုပ္ရမလဲ.. မယုံရင္သြားေမးၾကည့္ပါဦး.. ေတာ္ၾကာ.. ဘယ္သူ႔ကိုမွအခန္းထဲမ၀င္ခိုင္းဘဲ တစ္ေယာက္တည္းတစ္ခုခုျဖစ္ေနရင္ ဘယ္လိုလုပ္မလဲ “
ထိုစကား၏အစြမ္းထက္မႈသည္ သခင္မႀကီးေဒၚနန္းသီရိကိုပင္ ေမ့လဲေစခဲ့သည္။
ဒီေလာက္ေလးကိုေတာ့ ခံႏိုင္ရည္ရွိဦးမွေပါ့..။ ေနာက္ဆို.. ဒီထက္မက ေလာင္ကြၽမ္းရဦးမွာမို႔.. ခံႏိုင္ရည္ရွိပါေစဦး..။
သခင္မႀကီးေမ့လဲသည္ကိုပင္ ဂ႐ုမျပဳ။ သခင္ေလး ရွိရာသို႔သာ ေျခလွမ္းတို႔ဦးတည္လိုက္သည္။
ထိုအခါ ေစာကလ်ာသည္နႏၵအား လွမ္းဆြဲလိုက္သည္။
“ မင္းကိုယ္မင္း ဘာထင္ေနလဲ.. “
“ ဘာမွမထင္ပါဘူး... “
“ စိုင္းထြဋ္ေခါင္ရဲ႕ အနားမွာ ခဏေလာက္ေနရတာကို မင္းက ေအာက္ေျခလြတ္ေနတာလား.. “
“ အင္း.. လြတ္ေနတယ္ထင္တယ္.. ဘာပဲေျပာေျပာ ကြၽန္ေတာ္က သခင္ေဘးနားမွာေနေနရလို႔ လြတ္ဖို႔ေအာက္ေျခရွိတယ္။ သခင္မေလးက သခင္ေလးေဘးနားမွာ ရွိမေနရေတာ့ လြတ္ဖို႔ေအာက္ေျခေတာင္ရွိပါ့မလား.. “
“ မင္းကမ်ား ရာရာစစ ငါ့ကိုေစာ္ကားရဲတယ္ေပါ့..။ ငါ့ကိုအခုလို႔ေစာ္ကားတဲ့အတြက္ မင္းေကာင္းေကာင္းႀကီး ေနာင္တရေစရမယ္.. “
“ ဟုတ္ကဲ့.. ေနာင္တေတြကို ၾကည့္ခ်င္စမ္းပါဘိ..။ ေနာက္ၿပီး သခင္မေလးနဲ႔ သခင္ေလးလက္ထပ္လိုက္တာကလည္း မပိုင္ဆိုင္သင့္တဲ့သူကို ပိုင္ဆိုင္မိေၾကာင္း ေနာင္တရေစမယ္ “
ယခင္ကနႏၵသည္ ဤသို႔မဟုတ္။ အိမ္ေတာ္ရွိသခင္မ်ားအား ေၾကာက္တတ္သည္။ ႐ိုေသတတ္သည္။ ယခုတြင္မူ ထိုသို႔မဟုတ္ေတာ့..။ နႏၵေခ်ပလိုက္သည့္စကားေၾကာင့္ အိမ္ေတာ္ရွိလူမ်ားတို႔သည္ အံ့ဩေနၾကသည္။
ေနာက္ဆုံးေတာ့ ႐ုပ္ေသး႐ုပ္ေလး အသက္၀င္လာခဲ့ၿပီ...
ဟုတ္သည္။ သခင္မေလးေစာကလ်ာသည္ မပိုင္ဆိုင္သင့္သည္ကို ပိုင္ဆိုင္ထားသည္။ သခင္ေလးသည္ ပိုင္ရွင္ရွိၿပီးသားျဖစ္သည္။ ပိုင္ရွင္ကလည္း မိမိျဖစ္ေနေသာေၾကာင့္ မိမိပိုင္ဆိုင္ေသာသခင္ေလးကို မည္သူကိုမွ်မေပးႏိုင္ပါ။ ယေန႔ ႂကြလာမည့္ဆရာ၀န္သည္ လူနာသုံးဦးကို တစ္ၿပိဳင္နက္တည္း ေဆးကုရေတာ့မည္။
လူနာသုံးဦးေဆးကုသမႈခံယူရေၾကာင္းကို ေဒၚနန္းသီတာသိေသာအခါ အလြန္ေဒါသထြက္ေနသည္။ သို႔ေသာ္ ေဒါသတို႔ကိုမ်ိဳသိပ္လ်က္ အစ္မေတာ္ျဖစ္သူအားျပဳစုရသည္။
နႏၵသည္လည္း စိုင္းထြဋ္ေခါင္၏အပါးတြင္ ခစားေနခဲ့ရသည္။ ညကိုးနာရီေက်ာ္ေသာအခါ ကိုယ္စီကိုယ္စီ အိပ္ရန္ျပင္ဆင္ေနၾကသည္။ နႏၵသည္လည္း ျပင္ဆင္ခဲ့သည္။ သူတစ္ေယာက္တည္းသာ အိပ္သည္မဟုတ္။ စိုင္းထြဋ္ေခါင္ႏွင့္အတူ အိပ္စက္ရန္ျဖစ္သည္။
နႏၵသည္ စိုင္းထြဋ္ေခါင္၏ ေပါင္ေပၚတြင္ ခြထိုင္လိုက္ကာ စိုင္းထြဋ္ေခါင္၏လည္တိုင္အား လက္တို႔ျဖင့္ရစ္သိုင္းထားၿပီးလွ်င္ ညိဳ႕အားျပင္းေသာမ်က္၀န္းတို႔ကိုဆုံေစလ်က္ ဆြဲေဆာင္မႈရွိေသာ တိုးလ်သည့္ အသံျဖင့္ ဆိုလာသည့္စကားသည္ စိုင္းထြဋ္ေခါင္၏ ထိန္းခ်ဳပ္မႈတို႔ကို ကုန္ခမ္းေစသည္။
“ ကြၽန္ေတာ္ေလ.. သခင္ေလးကိုလိုအပ္ေနတယ္.. သခင္ေလးကေရာ.. ကြၽန္ေတာ္ကိုလိုခ်င္တယ္မဟုတ္လား...”
“ အင္း.. “
“ သိမ္းပိုက္ေပးပါလား သခင္ေလး.. “
“ ဘာရည္႐ြယ္ေၾကာင့္ အခုလိုေျပာေနလဲ ေသေသခ်ာခ်ာမသိေပမဲ့.. မင္းရဲ႕ရည္႐ြယ္ခ်က္ေတြကို ျဖည့္ဆည္းေပးခ်င္မိတယ္ေကာင္ေလး “
မင္းရဲ႕ရည္႐ြယ္ခ်က္ေတြကို ျဖည့္ဆည္းေပးခ်င္တယ္ေကာင္ေလး..။ အားလုံးေတာ့မဟုတ္ဘူး.. ကိုယ့္မိဘေတြကိုေတာ့ ခြၽင္းခ်က္ေပါ့..။
ေ႐ႊလည္တိုင္ကို နမ္းရႈိက္ခ်ိန္မွစတင္လိုက္သည့္ ညည္းသံက်ယ္က်ယ္တို႔ျဖင့္ အၾကင္သူႏွစ္ဦး၏ အခ်စ္ညေလးသည္ ရွည္ၾကာခဲ့သည္။ ရွည္ၾကာသည့္ညည္းသံတို႔ကို ေစာကလ်ာၾကားပါသည္။ သို႔ေသာ္ ေၾကကြဲျခင္းမရွိ။
“ နင္တို႔ႏွစ္ေယာက္က ငါ့ေထာက္ေခ်ာက္ထဲကို ငါမတြန္းပို႔ဘဲ ေကာင္းေကာင္းႀကီးေရာက္လာတာပဲ..။ အို.. လြယ္လိုက္တာကြာ... ဟား...ဟား...ဟား..”
Advertisement
- In Serial210 Chapters
Bride of War [WATTYS 22]
An unlucky bride makes a deal with a God of War to bless her marriage. Unfortunately, her husband has other plans and leaves her for dead at his altar.#8 in Romance
8 346 - In Serial52 Chapters
Mr. Ceo & I
Highest Ranking: # 15 in Romance on August, 5, 2018Highest Ranking: #1 in CEO on December, 15,2018Highest Ranking#1 in Interracial January,10,2020Asher, is the cocky, arrogant, rude, and closed off Ceo of The National Elect Industries. He works hard for what he wants. He has everything he needs except one thing... A personal assistant until Natalia fulfills the position. Unfortunately they loathe each other. She puts him in his place, while he pushes her buttons. However Natalia's young daughter clenches at Asher's heart and possibly ties Natalia and Asher together.Natalia, is a sarcastic, independent, opinionated, and strong willed women. Recently having a baby who is 3 years of age. Natalia fulfills the position of a personal assistant of the CEO of The National Elect Industries. She accepts the job to make a successful living for her and her daughter. However she can't stand him, let alone working for him. However, Natalia's little daughter warms up to Asher. She sees a side of him that draws her to him and possibly take interest in.
8 212 - In Serial24 Chapters
True to the Game
"Now since you don't know me like that. Imma let you slide, but you try that shit again imma fuck you up. Understand?" He said while making direct eye contact.I nod my head quickly."I wanna hear you say that shit." He said giving my neck a squeeze.Read to find out rest. Make sure you vote!!!
8 171 - In Serial17 Chapters
Daddy's Girl || Bakugou x Pregnant! Reader
"Daddy's going to protect you from every fucking villain out there!"You ruffled his hair as he talked to your belly. "Stop cursing at the baby!""It's fine! She's gonna be my princess anyway!""Please! He's totally a boy!""Whatever! She's going to be a Daddy's girl!"
8 201 - In Serial51 Chapters
Safe Haven
"Allie! Wait." I turn around and see Jamie walking towards me. "You know, I really meant it when I said I think you're the best." Her tone is serious. "Don't let him make you think you're anything less than that."• • • • •Allison Martinez's life is what could be called amazing. She is in the middle of her Sophomore year at Berkeley, has amazing friends, Daisy, Jamie and Jess, and a sweet new boyfriend, Matt. At least that's what it seemed like.Matt starts showing an ugly side Allie's never seen and that catches her off guard, but her friends are there to help her. Especially Jamie. She helps Allie find her way back to herself.They find themselves spending more time together than ever and soon new feelings start bubbling up.#1 in lesbian 04/08/22#1 in college 10/22/21#1 in geek 04/16/22#2 in gxg 01/16/22#2 in bisexual 01/19/22#3 in romance 10/21/21#3 in lgbt 11/01/22#3 in wlw 10/24/21#4 in wattpride 11/02/22#5 in girlxgirl 10/23/21#5 in slowburn 11/21/22#10 in love 01/16/22#19 in girls 11/05/22#28 in pride 11/09/22
8 229 - In Serial18 Chapters
Being Popular (GirlxGirl) [COMPLETE]
Mickie James has always led an easy life, well as easy a life as you can when you're trying to hide the fact that you're in love with you best friend. For Mickie, there is no better person in this world then her best friend Courtney Diamond. She has everything, the gorgeous looks, the winning smile, not to mention she just happens to be the most popular girl at school, and Mickie just can't help herself from falling in love with her. Though with her social status and knowledge that Courtney would never love her back, Mickie knows not to tell anyone that she just so happens to be gay. Sometimes, being popular comes at a price.
8 94

