《Amiss Prayer (Zawgyi&Unicode) [Completed]》Part-28(ပြောင်းလဲခြင်း)
Advertisement
For Unicode
ပြောင်းလဲခြင်း
အဘ၏သေဆုံးမှုကို မည်သူမျှရေရေရာမပြောပြခဲ့။ တချို့ပြောသည်က လှေကားပေါ်မှ ခြေချော်ကျပြီး သေးဆုံးသည်၊ တချို့က သံရိုက်နေရင်း လဲကျသွားသည် စသည် စသည်ဖြင့် ပြောကြသည်။ သို့သော် အဘသေဆုံးမှုအဖို့ရာ တိကျသောအဖြေကို တစ်ရက်ကြာသည်အထိ မသိရသေးပေ။
ဘာကြောင့်လဲ .. ဘာကြောင့်လွဲနေရသေးတာလဲ။ အမှန်ဆို သူတို့ရှိနေတဲ့အချိန် အဘသေဆုံးတာမဟုတ်လား။ သူတို့တိတိကျကျသိရမှာပေါ့။ အတိအကျမဟုတ်ရင်တောင် အဖြေအနည်းငယ်က တူနေသင့်တယ်မဟုတ်လား။ တစ်ယောက်တစ်ပေါက်နဲ့ ပြောနေတဲ့ သူတို့စကားကို ကျွန်တော်မယုံချင်ဘူး။ အဖြေမတူပုံကိုထောက်ရရင် အဘရဲ့သေဆုံးမှုမှာ နောက်ကွယ်ကတစ်ခုခုရှိနေပြီလား။ တရားမမျှတမှု တစ်ခုခုရှိနေပြီလား။ အားလုံးမပြောရဲပုံကိုထောက်ရင် အိမ်တော်ကြီးရဲ့ သခင်တွေထဲက တစ်ယောက်ယောက်ရဲ့ လက်ချက်လား။
အဘပြောဖူးသည်။ မှတ်မိပါသေးသည်။ သခင်လေးသည် အလွန်ရက်စက်သည်။ တစ်စုံတစ်ခုသောကိစ္စအား အမှားအမှန်မဆုံးဖြတ်ဘဲ အပြစ်ပေးတတ်သည်။
သခင်လေးများလား... မဟုတ်ဘူးမဟုတ်လား။ ကျွန်တော်မယုံချင်ဘူး။
မယုံကြောင်းသာ အော်ဟစ်နေသောလည်း နားထဲတွင်တော့ အဘပြောခဲ့သည့်စကားကိုမူ အထပ်ထပ်အခါခါ ကြားနေရသည်။
သေချာတာက အဘသေဆုံးခြင်းက တရားမျှတမှုမရှိဘူး။ သေဆုံးသူအတွက် နာရေးမလုပ်ပေးဘဲ သက်ပျောက်ဆွမ်းသာ ကပ်တယ်တဲ့လား။ ဘာကြောင့် နာရေးမလုပ်ရလဲ မေးမိပါသေးတယ်။ ဖြေလိုက်တဲ့ အိမ်ရှင်သခင်တွေဆီက တူညီတဲ့စကားသံတစ်ခု ထွက်လာပါရဲ့။
အကြင်နာတရားမရှိတဲ့စကားလေးက ‘သခင်လေး မင်္ဂလာပွဲရှိနေလို့ နာရေးမလုပ်အပ်ဘူး’ တဲ့လား။ မလုပ်အပ်တဲ့နာရေးဆိုတာ ရှိတယ်လား။ ကျွန်တော်မသိဘူးရယ်။ သခင်ရဲ့မင်္ဂလာပွဲရှိနေလို့ ကျွန်တစ်ယောက်ရဲ့နာရေးက မလုပ်အပ်တဲ့အရာလား။ နိယာမအသစ်အဆန်းတွေ ဖန်တီးလှချီလား သခင်တို့ရယ်။
မည်သူမှ ပူဆွေးခြင်းမရှိ။ လုပ်မြဲတိုင်း အလုပ်ကိုသာ ကိုယ်စီဆောင်ရွက်နေချိန် နန္ဒသည် အပူလုံးကိုရင်၀ယ်ပိုက်လျက် မည်သည့်အရာကိုမျှ မလုပ်နိုင်။
တတ်နိုင်သည့်အရာတစ်ခုတော့ ရှိပါသည်။ ထိုအရာမှာ ချစ်ရသူ စိုင်းထွဋ်ခေါင်၏မင်္ဂလာပွဲအား ခြံဝန်းလေးထဲမှတစ်ဆင့် မျက်ရည်များနှင့်အဖော်ပြုကာ ငေးကြည့်နေခြင်းသာ..။ ဤသည်မှာ တခြားသောသူအတွက် မပင်ပန်းသောငြား နန္ဒအတွက်တော့ ရက်စက်လွန်းပါသည်။
ဖြူဖြူ နီနီ နှင့် အရောင်အသွေးစုံလှသည့်ပန်းများဖြင့် အလှဆင်ထားသည် စင်ငယ်အလယ်တွင် သခင်လေးနှင့် ချစ်သူဇနီးသည်တို့ ခန့်ညားလှပစွာ ထိုင်နေသည်။ လက်ချင်းသည်ကထပ်လျက် ရွှေရောင်ပိတ်စငယ်ဖြင့် ချည်နှောင် ဖုံးအုပ်ထားလျက်။ မိဘတို့သည် ရွှေရေခရားထဲမှ နံ့သာရည်ကို ထိုသူနှစ်ဦး၏လက်ပေါ်သို့ သွန်းလျက်။ အပြုံးပန်းတို့ဝေဆာလျက်။
အကြင်သူနှစ်ဦး၏ စုလျားရစ်ပတ် မင်္ဂလာအခမ်းအနားတွင် ပျော်ရွှင်မှုအပေါင်းတို့ ခညောင်းလျက်။ ထိုပျော်ရွှင်ဖွယ် မင်္ဂလာအခမ်းအနားကို အိမ်အရှေ့မှ အသက်မဲ့ရုပ်သေးရုပ်လေးက ငြိမ်သက်စွာကြည့်နေသည်။
ခုံငယ်လေးတွင် ဒူးထောင်ထိုင်လျက်.. ဒူးနှစ်ဖက်ကို လက်တို့ဖြင့်ပိုက်ထားလျက်.. ထိုင်နေသည်။ ယခင်လများစွာက ပြည့်ဖောင်းနေသည့် ပါးပြင်တို့ဖြင့် အချစ်စဖွယ်လူသား၏မျက်နှာသည် ယခုတွင်မူ အလွန်ချောင်ကျသွားသည်။ စိတ်ဖိစီးမှုတို့ ကြီးစိုးနေသည့် အသွင်ကိုဆောင်သော ထိုမျက်နှာငယ်ကို လက်နှစ်ဖက်ပေါ်သို့တင်လျက် တိတ်ဆိတ်စွာဖြင့် အိမ်တော်အတွင်းမှ ပျော်ရွှင်မှုအပေါင်းတို့ကို ၀မ်းနည်းမှုမျက်ရည်တို့ဖြင့် ရှုစားနေသည်။
အသုံးတော်ခံ ကပြနေသည့် သခင်တို့မှာမူ ပျော်ရွှင်လျက်။ ရှုစားရသည့် ကျွန်ငယ်မှာမူ နာကျင်လျက်။ ထိုနာကျင်မှုကို လူတိုင်းမမြင်ခဲ့။
ဖခင်အားဆုံးရှုံးလိုက်ရသောကြောင့် ခံစားရသည့် ၀မ်းနည်းမှု၊ ချစ်ရသူအား ဆုံးရှုံးလိုက်ရသောကြောင့် ခံစားရသည့် နာကျင်မှု.. ထိုခံစားချက်တို့ စုဝေးနေသော နှလုံးသားတို့သည် မည်မျှမွန်းကျပ်နေမည်နည်း။
မင်္ဂလာအခမ်းအနားပြီးဆုံးပြီးနောက် နန္ဒသည် အလုပ်သမားတန်းထဲတွင်သာနေနေသည်။ အိပ်ရာထဲတွင်ခွေလျက် မလှုပ်မယှက်သော ကိုယ်ငယ်လေးကို စိုင်းထွဋ်ခေါင်သည် ပြတင်းပေါက်မှ ကြည့်ကာစိုးရိမ်မှု အပြည့်နှင့်။
ထို့သို့ စိုင်းထွဋ်ခေါင်ကြည့်နေစဉ်တွင် အိပ်ရာထဲတွင်လှဲနေသော ကိုယ်ငယ်လေးသည် ထလိုက်ကာ အံဆွဲထဲမှ ဓားတစ်ချောင်းကိုထုတ်လိုက်၍ လက်မှသွေးကြောပေါ်သို့ တင်လိုက်သည်။ ထိုမြင်ကွင်းကိုကြည့်ကာ စိုင်းထွဋ်ခေါင်သည် သွေးပျက်မတတ်။
ထိုလူသားလေးကို ပိုင်ဆိုင်ခွင့်မရသော်ငြား အဝေးမှကြည့်ကာ လွမ်းနေချင်သေးသည်။
သေကြောင်းကြံစီနေသော နန္ဒကိုတားရန် စိုင်းထွဋ်ခေါင်သည် အခန်းထဲသို့အပြေး၀င်ကာ နန္ဒလက်ထဲမှ ဓားသွားအား လက်ဖြင့် ဆုပ်ကိုင်ထားမိသည်။ သူနာကျင်နေသည်ကို သူမသိ။ သူမြတ်နိုးသူသာ မထိခိုက်မိစေရန် အရေးကြီးနေသည်..။
“ ကောင်လေး.. မင်းဘာလုပ်တာလဲ.. မဟုတ်တာတွေ မလုပ်ပါနဲ့လားကွာ..”
စိုင်းထွဋ်ခေါင်၏ စကားကို ပြန်မဖြေ။ စကားလုံးတို့အစား အေးစက်စက်နှင့် အသက်မပါသော မျက်၀န်းတို့ဖြင့်သာ ကြည့်နေသည်။
“ နာကျင်နေမှန်းသိပါတယ်ကွာ.. ဒါပေမဲ့ ဒီလောက်ထိတော့မလုပ်ပါနဲ့နော်.. တောင်းပန်ပါတယ်”
တောင်းပန်နေသော စိုင်းထွဋ်ခေါင်၏ မျက်နှာသည် ပြိုတော့မည့် မိုးအလား..။
“ ငိုနေတယ်.. သခင်လေးကငိုနေတာလား။ ဓားသွားထက်က လက်ကြောင့်လား.. ဖယ်လိုက်လေ.. မိုးကျရွှေကိုယ်က အထိအခိုက်ခံလို့ ဘယ်ရမလဲ..”
“ နာတယ်.. ဟုတ်တယ်.. နာကျင်တယ်.. လက်ကမဟုတ်ဘူး.. ဒီရင်ဘတ်ထဲက.. ဒီရင်ထဲကရူးမတတ် နာကျင်နေတယ် “
“ ဟန်ဆောင်နေတာတွေ ရပ်ပါတော့.. ကျွန်တော်ပင်ပန်းနေပြီ.. ဟိုအဝေးကြီးက ငှက်လေးတွေလို ပျံသန်းချင်နေပြီ “
နန္ဒ၏စကားကိုကြားပြီးသည့်နောက် စိုင်းထွဋ်ခေါင်သည် ခေါင်းခါလျက် ထိုကိုယ်လေးကို နွေးထွေးစွာ ပွေ့ဖက်ထားလိုက်သည်။
“ ဟင့်အင်း.. အတ္တကြီးပါစေ.. ပျံသန်းခွင့်မပေးနိုင်ဘူး.. ဒီအတိုင်းလေးပဲ ကြည့်နေခွင့်လေးတော့ပေးပါကောင်လေးရယ်.. အဆုံးရှုံးမခံပါရစေနဲ့..”
“ အဲဒါဆို.. ကျွန်တော်မေးတာကို အမှန်တိုင်းဖြေပေးပါ..”
“ အင်း.. ဖြေပါ့မယ် “
“ အဘက ဘာအကြောင်းကြောင့်ဆုံးသွားတာလဲ “
နာကျင်နေသည့် ကောင်လေးကိုမညာရက်။ ထပ်၍မနှိပ်စက်လိုသောကြောင့် အမှန်ကိုသာပြောမိပါသည်။ အရီးတော်နှင့်ဦးသစ္စာတို့ အချင်းများပုံကိုသာ..။
Advertisement
“ အလောင်းကို မြေမြှုပ်တုန်းက သခင်လေးဦးဆောင်ပြီးသွားခဲ့တယ်ဆို “
“ အင်း.. “
“ ဘာလို့ အဲဒီလောက်ရက်စက်နိုင်ရလဲ.. “
ထိုအမေးကို မဖြေမိပါ။ အမှန်သည် ဦးသစ္စာ၏ရုပ်အလောင်းကို သေသေချာချာ စီစဉ်ပေးရန်ဖြစ်ပါသည်။ ထို့အပြင် မိမိကိုယ်တိုင်ပင် ကျန်သောရက်များတွင် ဘုန်ကြီးကျောင်း၌ ဦးသစ္စာအားရည်စူး၍ အလှူအတန်းများလုပ်ပေးနေသည်။ ဤသည်ကို မည်သူမျှမသိ။ ကောင်လေးကိုလည်းဖွင့်မပြောရက်။
“ မုန်းချင်လိုက်တာ.. သခင်လေးကိုမုန်းချင်လိုက်တာဗျာ “
ရင်ခွင်ထဲမှ တိုးလျစွာဆိုလာသည့် ကောင်လေး၏စကားသည် ဓားသွားထက် ပို၍ထက်သည်။
“ ထိုက်တန်ပါတယ် “
“ ကျွန်တော်နားချင်ပြီ.. သခင်လေးပြန်ပါတော့ “
ကောင်လေး၏စကားကို မငြင်းရက်။ သို့သော် စိတ်လည်းမချသည်ဖြစ်၍ လှထွန်းအား သူ၏အနားတွင် စောင့်ကြည့်ရန် စေလွှတ်ခဲ့ရသည်။
ညခုနှစ်နာရီတွင် ခြံထဲ၌ ညစာစားပွဲပြုလုပ်ကြသည်။ ပျော်ရွှင်နေကြသည်။ ပျော်ရွှင်သူများထဲတွင် စိုင်းထွဋ်ခေါင်မပါ။
စိုင်းထွဋ်ခေါင်ကိုလည်း မတွေ့ရ..။ ကျန်သောသူများသည် ထိုပွဲတွင်ရှိနေသောကြောင့် နန္ဒသည် စိုင်းထွဋ်ခေါင်ရှိနိုင်ရာ သူ၏အိပ်ခန်းထဲသို့ သွားခဲ့သည်။ လက်ထဲတွင် ဓားတစ်ချောင်နှင့်အတူ ထိုအခန်းထဲသို့ ၀င်သွားသည်။ ထို့နောက် နန္ဒသည် အ၀တ်အစား၀တ်နေသာ စိုင်းထွဋ်ခေါင်အနားသို့သွားကာ လက်ထဲမှဓားအား ဘယ်ဘက်ရင်အုံပေါ်သို့ ထိုးစိုက်ရန် ကြံစီခဲ့သည်။ လက်တွေ့တွင်မူ အားမရှိသောလက်တို့ကို ပို၍အားယူကာ လွှဲမိသည့်အရှိန်ကြောင့် မှန်းထားသောနေရာ၏အထက်.. ဘယ်ဘက်ပခုံးအနားသို့ ထိုးမိသွားသည်။
ဓားဒဏ်ရာသည် နာကျင်ပါသည်။ သို့သော် ကောင်လေး၏ပင်ပန်းမှုကိုကြည့်နေရ၍ ခံစားရသောနာကျင်မှုလောက် မပြင်းထန်လှ။
ထို့နောက် စိုင်းထွဋ်ခေါင်သည် နန္ဒထိုးစိုက်ထားသော ဓားကိုဆွဲနှုတ်ကာ ဓားအား စားပွဲခုံပေါ်သို့တင်လိုက်ပြီးလျှင် နွေးထွေးမှုအပြည့်နှင့် နန္ဒအားထွေးဖက်ထားမိသည်။ ယခင်ကထက် ပို၍သေးသွားသော နန္ဒ၏ ခန္ဓာကိုယ်လေးကို စိုင်းထွဋ်ခေါင်သတိထားမိပါသည်။
“ အစားမစားဘူးလားကောင်လေးရယ်.. ပိန်သွားလိုက်တာ..။ မင်းကိုမင်း နှိပ်စက်ရင်း ဒီကလူရဲ့ရင်ကို ခွဲဖို့ကြိုးစားနေတာလား..။ ကိုယ့်ရင်ကိုသာ လာခွဲလှည့်ပါ.. မင်းလေးကိုတော့ မနာကျင်စေချင်ဘူးလေ..။ ဟက်.. မနာကျင်စေချင်ဘူးဆိုပြီး ကိုယ်ကပဲ နာကျင်မှုတွေပေးနေတာနော်..။ ပင်ပန်းတယ်.. အသက်မဲ့နေသလို မင်းရဲ့ခန္ဓာကိုယ်ကိုကြည့်နေရတာ ပင်ပန်းနေပြီ..။ ဘယ်လောက်တောင်နာကျင်နေလို့လဲ မလုပ်ဖူးတဲ့အလုပ်တွေကိုတောင် လုပ်နေပြီလား..။ ရပါတယ်ကွာ.. ကောင်လေးကျေနပ်မယ်ဆိုရင် ကိုယ်သေရမယ်ဆိုလည်း သေပေးမိမှာ..။ ဒီကိစ္စအတွက်လည်း ခွင့်လွှတ်ပါတယ်.. အပြစ်မတင်ရက်ဘူးကွယ် “
နှစ်ဦးကိုယ်စီ မျက်ရည်တို့ဖြင့်။ စိုင်းထွဋ်ခေါင်သည် နန္ဒငိုနေကြောင်းကို သိသောအခါ ကိုယ်ချင်းခွာ၍ သူ၏နာကျင်မှုတို့ကို လျစ်လျူရှုကာ နန္ဒပါးပြင်ထက်မှ မျက်ရည်တို့ကိုသာ ဂရုတစိုက် သုတ်ပေးနေသည်။
ထို့နောက် သူ၏သွေးများပေနေသော နန္ဒ၏ အင်္ကျီကို သတိထားမိပြီး သူ၀တ်ရန် ထုတ်ထားသော အနွေးထည်လေးကို နန္ဒအား ၀တ်ပေးလိုက်သည်။
“ ကိုယ့်သွေးတွေပေကုန်ပြီပဲ.. ဒါလေး၀တ်ပြီး ပြန်တော့နော်.. သူများတွေသိသွားရင် ကောင်လေးအဆင်မပြေမှာမဟုတ်ဘူး “
နန္ဒသည် စိုင်းထွဋ်ခေါင်နှင့် မျက်လုံးချင်းဆုံကာ ပြောလာသည့်စကားသည် ကြောက်မက်ဖွယ်ကောင်းလှသည်။
“ ကျွန်တော့်အဘရဲ့ သွေးကြွေးအတွက် သခင်လေးတို့မိသားစုတစ်ခုလုံး ပြန်ပေးဆပ်ရမယ်.. အသက်နဲ့ဖြစ်ဖြစ် သွေးနဲ့ဖြစ်ဖြစ်ပေါ့.. အခု သခင်လေးက သွေးနဲ့ဆပ်ပြီးပြီဆိုတော့ ကျန်တဲ့သူတွေက အသက်နဲ့ပေါ့ “
“ အတ္တကြီးဦးမယ် ကောင်လေး.. ကိုယ့်အသက်ကိုသာယူသွားပါ.. ကိုယ့်မိဘတွေအစားပေါ့.. ကိုယ့်အသက်ကို ယူသွားခြင်းအတွက် ခွင့်လွှတ်နိုင်ပါတယ်..။ ဒါပေမဲ့ ကိုယ့်လူကြီးမိဘအတွက်တော့ ခွင့်လွှတ်ပေးနိုင်မယ်မထင်ဘူး..။ လိုချင်ရင် ဒီလူရဲ့အသက်ကိုသာယူပါကွာ..”
“ ကိုယ့်မိဘကိုယ်တော့ သိတတ်လား.. ကျွန်တော်ကရော.. ကျွန်တော့် မိဘအတွက် မပေးဆပ်ရတော့ဘူးလား..”
“ ပေးဆပ်ပါ.. ကိုယ့်အသက်ကိုယူပါ.. “
“ ခင်ဗျား သိပ်အတ္တကြီးတယ်ဗျာ.. ကျွန်တော်ခင်ဗျားကို မလုပ်ရက်မှန်းသိလို့ အခုလိုပြောနေတာမဟုတ်လား.. ကျွန်တော်ခင်ဗျားကိုချစ်တာသိနေလို့ အခုလိုပြောနေတာမဟုတ်လား “
အော်ဟစ်၍ ဒေါသကြီးနေသော ကိုယ်လေးကို လက်တို့ဖြင့် ဆုပ်ကိုင်ထားမိသည်။
“ မဟုတ်ပါဘူးကောင်လေးရယ်.. ကိုယ်လည်းကိုချစ်တယ်လေ.. ရူးမတတ်ပဲကောင်လေးရဲ့.. အဲဒါတွေသိရဲ့လား.. မင်းကိုမချစ်လို့ စွန့်ပစ်ခဲ့တာမဟုတ်ဘူး.. ချစ်ရဲ့နဲ့ လက်လွှတ်ခဲ့ရတာပါကွာ.. မင်းမထိခိုက်ဖို့ မိသားစုစီးပွားရေး အဆင်ပြေဖို့ပါ “
မိမိစကားကိုကြားပြီးနောက် ငြိမ်ကျသွားသော ကိုယ်ငယ်လေးသည် တစ်စုံတစ်ခုကို စဉ်းစားနေဟန်...။
“ ဟုတ်ပြီ.. သခင်လေးမိဘတွေရဲ့ အသက်ကိုမထိခိုက်တော့ဘူး.. ကျွန်တော်အဝေးကို ထွက်မသွားဖို့အတွက် ဘာမဆိုလုပ်ရဲလား.. “
“ အင်း.. “
အသက်သေတာထက် ရှင်လျက် ငရဲကျတဲ့အရသာက ပိုထိရောက်တယ်ဆိုတာ ကျွန်တော်သဘောပေါက်ပြီ။ သခင်လေးကိုချစ်ပေမဲ့ အသုံးချရဦးမယ်ထင်တယ်။
နန္ဒ၏ ရည်ရွယ်ချက်ကို စိုင်းထွဋ်ခေါင်မိသိခဲ့။ ထို့အတူပင် အခန်းတံခါးအပြင်ဘက်မှ နားထောင်နေသော အမျိုးသမီးတစ်ဦးကိုလည်း စိုင်းထွဋ်ခေါင်နှင့် နန္ဒမသိခဲ့။ ထိုအမျိုးသမီသည်က အနိုင်ရမည့်သူကဲ့သို့ ပြုံးနေလျက်..။
For Zawgyi
ေျပာင္းလဲျခင္း
အဘ၏ေသဆုံးမႈကို မည္သူမွ်ေရေရရာမေျပာျပခဲ့။ တခ်ိဳ႕ေျပာသည္က ေလွကားေပၚမွ ေျခေခ်ာ္က်ၿပီး ေသးဆုံးသည္၊ တခ်ိဳ႕က သံ႐ိုက္ေနရင္း လဲက်သြားသည္ စသည္ စသည္ျဖင့္ ေျပာၾကသည္။ သို႔ေသာ္ အဘေသဆုံးမႈအဖို႔ရာ တိက်ေသာအေျဖကို တစ္ရက္ၾကာသည္အထိ မသိရေသးေပ။
ဘာေၾကာင့္လဲ .. ဘာေၾကာင့္လြဲေနရေသးတာလဲ။ အမွန္ဆို သူတို႔ရွိေနတဲ့အခ်ိန္ အဘေသဆုံးတာမဟုတ္လား။ သူတို႔တိတိက်က်သိရမွာေပါ့။ အတိအက်မဟုတ္ရင္ေတာင္ အေျဖအနည္းငယ္က တူေနသင့္တယ္မဟုတ္လား။ တစ္ေယာက္တစ္ေပါက္နဲ႔ ေျပာေနတဲ့ သူတို႔စကားကို ကြၽန္ေတာ္မယုံခ်င္ဘူး။ အေျဖမတူပုံကိုေထာက္ရရင္ အဘရဲ႕ေသဆုံးမႈမွာ ေနာက္ကြယ္ကတစ္ခုခုရွိေနၿပီလား။ တရားမမွ်တမႈ တစ္ခုခုရွိေနၿပီလား။ အားလုံးမေျပာရဲပုံကိုေထာက္ရင္ အိမ္ေတာ္ႀကီးရဲ႕ သခင္ေတြထဲက တစ္ေယာက္ေယာက္ရဲ႕ လက္ခ်က္လား။
Advertisement
အဘေျပာဖူးသည္။ မွတ္မိပါေသးသည္။ သခင္ေလးသည္ အလြန္ရက္စက္သည္။ တစ္စုံတစ္ခုေသာကိစၥအား အမွားအမွန္မဆုံးျဖတ္ဘဲ အျပစ္ေပးတတ္သည္။
သခင္ေလးမ်ားလား... မဟုတ္ဘူးမဟုတ္လား။ ကြၽန္ေတာ္မယုံခ်င္ဘူး။
မယုံေၾကာင္းသာ ေအာ္ဟစ္ေနေသာလည္း နားထဲတြင္ေတာ့ အဘေျပာခဲ့သည့္စကားကိုမူ အထပ္ထပ္အခါခါ ၾကားေနရသည္။
ေသခ်ာတာက အဘေသဆုံးျခင္းက တရားမွ်တမႈမရွိဘူး။ ေသဆုံးသူအတြက္ နာေရးမလုပ္ေပးဘဲ သက္ေပ်ာက္ဆြမ္းသာ ကပ္တယ္တဲ့လား။ ဘာေၾကာင့္ နာေရးမလုပ္ရလဲ ေမးမိပါေသးတယ္။ ေျဖလိုက္တဲ့ အိမ္ရွင္သခင္ေတြဆီက တူညီတဲ့စကားသံတစ္ခု ထြက္လာပါရဲ႕။
အၾကင္နာတရားမရွိတဲ့စကားေလးက ‘သခင္ေလး မဂၤလာပြဲရွိေနလို႔ နာေရးမလုပ္အပ္ဘူး’ တဲ့လား။ မလုပ္အပ္တဲ့နာေရးဆိုတာ ရွိတယ္လား။ ကြၽန္ေတာ္မသိဘူးရယ္။ သခင္ရဲ႕မဂၤလာပြဲရွိေနလို႔ ကြၽန္တစ္ေယာက္ရဲ႕နာေရးက မလုပ္အပ္တဲ့အရာလား။ နိယာမအသစ္အဆန္းေတြ ဖန္တီးလွခ်ီလား သခင္တို႔ရယ္။
မည္သူမွ ပူေဆြးျခင္းမရွိ။ လုပ္ၿမဲတိုင္း အလုပ္ကိုသာ ကိုယ္စီေဆာင္႐ြက္ေနခ်ိန္ နႏၵသည္ အပူလုံးကိုရင္၀ယ္ပိုက္လ်က္ မည္သည့္အရာကိုမွ် မလုပ္ႏိုင္။
တတ္ႏိုင္သည့္အရာတစ္ခုေတာ့ ရွိပါသည္။ ထိုအရာမွာ ခ်စ္ရသူ စိုင္းထြဋ္ေခါင္၏မဂၤလာပြဲအား ၿခံဝန္းေလးထဲမွတစ္ဆင့္ မ်က္ရည္မ်ားႏွင့္အေဖာ္ျပဳကာ ေငးၾကည့္ေနျခင္းသာ..။ ဤသည္မွာ တျခားေသာသူအတြက္ မပင္ပန္းေသာျငား နႏၵအတြက္ေတာ့ ရက္စက္လြန္းပါသည္။
ျဖဴျဖဴ နီနီ ႏွင့္ အေရာင္အေသြးစုံလွသည့္ပန္းမ်ားျဖင့္ အလွဆင္ထားသည္ စင္ငယ္အလယ္တြင္ သခင္ေလးႏွင့္ ခ်စ္သူဇနီးသည္တို႔ ခန႔္ညားလွပစြာ ထိုင္ေနသည္။ လက္ခ်င္းသည္ကထပ္လ်က္ ေ႐ႊေရာင္ပိတ္စငယ္ျဖင့္ ခ်ည္ေႏွာင္ ဖုံးအုပ္ထားလ်က္။ မိဘတို႔သည္ ေ႐ႊေရခရားထဲမွ နံ႔သာရည္ကို ထိုသူႏွစ္ဦး၏လက္ေပၚသို႔ သြန္းလ်က္။ အၿပဳံးပန္းတို႔ေဝဆာလ်က္။
အၾကင္သူႏွစ္ဦး၏ စုလ်ားရစ္ပတ္ မဂၤလာအခမ္းအနားတြင္ ေပ်ာ္႐ႊင္မႈအေပါင္းတို႔ ခေညာင္းလ်က္။ ထိုေပ်ာ္႐ႊင္ဖြယ္ မဂၤလာအခမ္းအနားကို အိမ္အေရွ႕မွ အသက္မဲ့႐ုပ္ေသး႐ုပ္ေလးက ၿငိမ္သက္စြာၾကည့္ေနသည္။
ခုံငယ္ေလးတြင္ ဒူးေထာင္ထိုင္လ်က္.. ဒူးႏွစ္ဖက္ကို လက္တို႔ျဖင့္ပိုက္ထားလ်က္.. ထိုင္ေနသည္။ ယခင္လမ်ားစြာက ျပည့္ေဖာင္းေနသည့္ ပါးျပင္တို႔ျဖင့္ အခ်စ္စဖြယ္လူသား၏မ်က္ႏွာသည္ ယခုတြင္မူ အလြန္ေခ်ာင္က်သြားသည္။ စိတ္ဖိစီးမႈတို႔ ႀကီးစိုးေနသည့္ အသြင္ကိုေဆာင္ေသာ ထိုမ်က္ႏွာငယ္ကို လက္ႏွစ္ဖက္ေပၚသို႔တင္လ်က္ တိတ္ဆိတ္စြာျဖင့္ အိမ္ေတာ္အတြင္းမွ ေပ်ာ္႐ႊင္မႈအေပါင္းတို႔ကို ၀မ္းနည္းမႈမ်က္ရည္တို႔ျဖင့္ ရႈစားေနသည္။
အသုံးေတာ္ခံ ကျပေနသည့္ သခင္တို႔မွာမူ ေပ်ာ္႐ႊင္လ်က္။ ရႈစားရသည့္ ကြၽန္ငယ္မွာမူ နာက်င္လ်က္။ ထိုနာက်င္မႈကို လူတိုင္းမျမင္ခဲ့။
ဖခင္အားဆုံးရႈံးလိုက္ရေသာေၾကာင့္ ခံစားရသည့္ ၀မ္းနည္းမႈ၊ ခ်စ္ရသူအား ဆုံးရႈံးလိုက္ရေသာေၾကာင့္ ခံစားရသည့္ နာက်င္မႈ.. ထိုခံစားခ်က္တို႔ စုေဝးေနေသာ ႏွလုံးသားတို႔သည္ မည္မွ်မြန္းက်ပ္ေနမည္နည္း။
မဂၤလာအခမ္းအနားၿပီးဆုံးၿပီးေနာက္ နႏၵသည္ အလုပ္သမားတန္းထဲတြင္သာေနေနသည္။ အိပ္ရာထဲတြင္ေခြလ်က္ မလႈပ္မယွက္ေသာ ကိုယ္ငယ္ေလးကို စိုင္းထြဋ္ေခါင္သည္ ျပတင္းေပါက္မွ ၾကည့္ကာစိုးရိမ္မႈ အျပည့္ႏွင့္။
ထို႔သို႔ စိုင္းထြဋ္ေခါင္ၾကည့္ေနစဥ္တြင္ အိပ္ရာထဲတြင္လွဲေနေသာ ကိုယ္ငယ္ေလးသည္ ထလိုက္ကာ အံဆြဲထဲမွ ဓားတစ္ေခ်ာင္းကိုထုတ္လိုက္၍ လက္မွေသြးေၾကာေပၚသို႔ တင္လိုက္သည္။ ထိုျမင္ကြင္းကိုၾကည့္ကာ စိုင္းထြဋ္ေခါင္သည္ ေသြးပ်က္မတတ္။
ထိုလူသားေလးကို ပိုင္ဆိုင္ခြင့္မရေသာ္ျငား အေဝးမွၾကည့္ကာ လြမ္းေနခ်င္ေသးသည္။
ေသေၾကာင္းႀကံစီေနေသာ နႏၵကိုတားရန္ စိုင္းထြဋ္ေခါင္သည္ အခန္းထဲသို႔အေျပး၀င္ကာ နႏၵလက္ထဲမွ ဓားသြားအား လက္ျဖင့္ ဆုပ္ကိုင္ထားမိသည္။ သူနာက်င္ေနသည္ကို သူမသိ။ သူျမတ္ႏိုးသူသာ မထိခိုက္မိေစရန္ အေရးႀကီးေနသည္..။
“ ေကာင္ေလး.. မင္းဘာလုပ္တာလဲ.. မဟုတ္တာေတြ မလုပ္ပါနဲ႔လားကြာ..”
စိုင္းထြဋ္ေခါင္၏ စကားကို ျပန္မေျဖ။ စကားလုံးတို႔အစား ေအးစက္စက္ႏွင့္ အသက္မပါေသာ မ်က္၀န္းတို႔ျဖင့္သာ ၾကည့္ေနသည္။
“ နာက်င္ေနမွန္းသိပါတယ္ကြာ.. ဒါေပမဲ့ ဒီေလာက္ထိေတာ့မလုပ္ပါနဲ႔ေနာ္.. ေတာင္းပန္ပါတယ္”
ေတာင္းပန္ေနေသာ စိုင္းထြဋ္ေခါင္၏ မ်က္ႏွာသည္ ၿပိဳေတာ့မည့္ မိုးအလား..။
“ ငိုေနတယ္.. သခင္ေလးကငိုေနတာလား။ ဓားသြားထက္က လက္ေၾကာင့္လား.. ဖယ္လိုက္ေလ.. မိုးက်ေ႐ႊကိုယ္က အထိအခိုက္ခံလို႔ ဘယ္ရမလဲ..”
“ နာတယ္.. ဟုတ္တယ္.. နာက်င္တယ္.. လက္ကမဟုတ္ဘူး.. ဒီရင္ဘတ္ထဲက.. ဒီရင္ထဲက႐ူးမတတ္ နာက်င္ေနတယ္ “
“ ဟန္ေဆာင္ေနတာေတြ ရပ္ပါေတာ့.. ကြၽန္ေတာ္ပင္ပန္းေနၿပီ.. ဟိုအေဝးႀကီးက ငွက္ေလးေတြလို ပ်ံသန္းခ်င္ေနၿပီ “
နႏၵ၏စကားကိုၾကားၿပီးသည့္ေနာက္ စိုင္းထြဋ္ေခါင္သည္ ေခါင္းခါလ်က္ ထိုကိုယ္ေလးကို ေႏြးေထြးစြာ ေပြ႕ဖက္ထားလိုက္သည္။
“ ဟင့္အင္း.. အတၱႀကီးပါေစ.. ပ်ံသန္းခြင့္မေပးႏိုင္ဘူး.. ဒီအတိုင္းေလးပဲ ၾကည့္ေနခြင့္ေလးေတာ့ေပးပါေကာင္ေလးရယ္.. အဆုံးရႈံးမခံပါရေစနဲ႔..”
“ အဲဒါဆို.. ကြၽန္ေတာ္ေမးတာကို အမွန္တိုင္းေျဖေပးပါ..”
“ အင္း.. ေျဖပါ့မယ္ “
“ အဘက ဘာအေၾကာင္းေၾကာင့္ဆုံးသြားတာလဲ “
နာက်င္ေနသည့္ ေကာင္ေလးကိုမညာရက္။ ထပ္၍မႏွိပ္စက္လိုေသာေၾကာင့္ အမွန္ကိုသာေျပာမိပါသည္။ အရီးေတာ္ႏွင့္ဦးသစၥာတို႔ အခ်င္းမ်ားပုံကိုသာ..။
“ အေလာင္းကို ေျမျမႇဳပ္တုန္းက သခင္ေလးဦးေဆာင္ၿပီးသြားခဲ့တယ္ဆို “
“ အင္း.. “
“ ဘာလို႔ အဲဒီေလာက္ရက္စက္ႏိုင္ရလဲ.. “
ထိုအေမးကို မေျဖမိပါ။ အမွန္သည္ ဦးသစၥာ၏႐ုပ္အေလာင္းကို ေသေသခ်ာခ်ာ စီစဥ္ေပးရန္ျဖစ္ပါသည္။ ထို႔အျပင္ မိမိကိုယ္တိုင္ပင္ က်န္ေသာရက္မ်ားတြင္ ဘုန္ႀကီးေက်ာင္း၌ ဦးသစၥာအားရည္စူး၍ အလႉအတန္းမ်ားလုပ္ေပးေနသည္။ ဤသည္ကို မည္သူမွ်မသိ။ ေကာင္ေလးကိုလည္းဖြင့္မေျပာရက္။
“ မုန္းခ်င္လိုက္တာ.. သခင္ေလးကိုမုန္းခ်င္လိုက္တာဗ်ာ “
ရင္ခြင္ထဲမွ တိုးလ်စြာဆိုလာသည့္ ေကာင္ေလး၏စကားသည္ ဓားသြားထက္ ပို၍ထက္သည္။
“ ထိုက္တန္ပါတယ္ “
“ ကြၽန္ေတာ္နားခ်င္ၿပီ.. သခင္ေလးျပန္ပါေတာ့ “
ေကာင္ေလး၏စကားကို မျငင္းရက္။ သို႔ေသာ္ စိတ္လည္းမခ်သည္ျဖစ္၍ လွထြန္းအား သူ၏အနားတြင္ ေစာင့္ၾကည့္ရန္ ေစလႊတ္ခဲ့ရသည္။
ညခုႏွစ္နာရီတြင္ ၿခံထဲ၌ ညစာစားပြဲျပဳလုပ္ၾကသည္။ ေပ်ာ္႐ႊင္ေနၾကသည္။ ေပ်ာ္႐ႊင္သူမ်ားထဲတြင္ စိုင္းထြဋ္ေခါင္မပါ။
စိုင္းထြဋ္ေခါင္ကိုလည္း မေတြ႕ရ..။ က်န္ေသာသူမ်ားသည္ ထိုပြဲတြင္ရွိေနေသာေၾကာင့္ နႏၵသည္ စိုင္းထြဋ္ေခါင္ရွိႏိုင္ရာ သူ၏အိပ္ခန္းထဲသို႔ သြားခဲ့သည္။ လက္ထဲတြင္ ဓားတစ္ေခ်ာင္ႏွင့္အတူ ထိုအခန္းထဲသို႔ ၀င္သြားသည္။ ထို႔ေနာက္ နႏၵသည္ အ၀တ္အစား၀တ္ေနသာ စိုင္းထြဋ္ေခါင္အနားသို႔သြားကာ လက္ထဲမွဓားအား ဘယ္ဘက္ရင္အုံေပၚသို႔ ထိုးစိုက္ရန္ ႀကံစီခဲ့သည္။ လက္ေတြ႕တြင္မူ အားမရွိေသာလက္တို႔ကို ပို၍အားယူကာ လႊဲမိသည့္အရွိန္ေၾကာင့္ မွန္းထားေသာေနရာ၏အထက္.. ဘယ္ဘက္ပခုံးအနားသို႔ ထိုးမိသြားသည္။
ဓားဒဏ္ရာသည္ နာက်င္ပါသည္။ သို႔ေသာ္ ေကာင္ေလး၏ပင္ပန္းမႈကိုၾကည့္ေနရ၍ ခံစားရေသာနာက်င္မႈေလာက္ မျပင္းထန္လွ။
ထို႔ေနာက္ စိုင္းထြဋ္ေခါင္သည္ နႏၵထိုးစိုက္ထားေသာ ဓားကိုဆြဲႏႈတ္ကာ ဓားအား စားပြဲခုံေပၚသို႔တင္လိုက္ၿပီးလွ်င္ ေႏြးေထြးမႈအျပည့္ႏွင့္ နႏၵအားေထြးဖက္ထားမိသည္။ ယခင္ကထက္ ပို၍ေသးသြားေသာ နႏၵ၏ ခႏၶာကိုယ္ေလးကို စိုင္းထြဋ္ေခါင္သတိထားမိပါသည္။
“ အစားမစားဘူးလားေကာင္ေလးရယ္.. ပိန္သြားလိုက္တာ..။ မင္းကိုမင္း ႏွိပ္စက္ရင္း ဒီကလူရဲ႕ရင္ကို ခြဲဖို႔ႀကိဳးစားေနတာလား..။ ကိုယ့္ရင္ကိုသာ လာခြဲလွည့္ပါ.. မင္းေလးကိုေတာ့ မနာက်င္ေစခ်င္ဘူးေလ..။ ဟက္.. မနာက်င္ေစခ်င္ဘူးဆိုၿပီး ကိုယ္ကပဲ နာက်င္မႈေတြေပးေနတာေနာ္..။ ပင္ပန္းတယ္.. အသက္မဲ့ေနသလို မင္းရဲ႕ခႏၶာကိုယ္ကိုၾကည့္ေနရတာ ပင္ပန္းေနၿပီ..။ ဘယ္ေလာက္ေတာင္နာက်င္ေနလို႔လဲ မလုပ္ဖူးတဲ့အလုပ္ေတြကိုေတာင္ လုပ္ေနၿပီလား..။ ရပါတယ္ကြာ.. ေကာင္ေလးေက်နပ္မယ္ဆိုရင္ ကိုယ္ေသရမယ္ဆိုလည္း ေသေပးမိမွာ..။ ဒီကိစၥအတြက္လည္း ခြင့္လႊတ္ပါတယ္.. အျပစ္မတင္ရက္ဘူးကြယ္ “
ႏွစ္ဦးကိုယ္စီ မ်က္ရည္တို႔ျဖင့္။ စိုင္းထြဋ္ေခါင္သည္ နႏၵငိုေနေၾကာင္းကို သိေသာအခါ ကိုယ္ခ်င္းခြာ၍ သူ၏နာက်င္မႈတို႔ကို လ်စ္လ်ဴရႈကာ နႏၵပါးျပင္ထက္မွ မ်က္ရည္တို႔ကိုသာ ဂ႐ုတစိုက္ သုတ္ေပးေနသည္။
ထို႔ေနာက္ သူ၏ေသြးမ်ားေပေနေသာ နႏၵ၏ အက်ႌကို သတိထားမိၿပီး သူ၀တ္ရန္ ထုတ္ထားေသာ အေႏြးထည္ေလးကို နႏၵအား ၀တ္ေပးလိုက္သည္။
“ ကိုယ့္ေသြးေတြေပကုန္ၿပီပဲ.. ဒါေလး၀တ္ၿပီး ျပန္ေတာ့ေနာ္.. သူမ်ားေတြသိသြားရင္ ေကာင္ေလးအဆင္မေျပမွာမဟုတ္ဘူး “
နႏၵသည္ စိုင္းထြဋ္ေခါင္ႏွင့္ မ်က္လုံးခ်င္းဆုံကာ ေျပာလာသည့္စကားသည္ ေၾကာက္မက္ဖြယ္ေကာင္းလွသည္။
“ ကြၽန္ေတာ့္အဘရဲ႕ ေသြးေႂကြးအတြက္ သခင္ေလးတို႔မိသားစုတစ္ခုလုံး ျပန္ေပးဆပ္ရမယ္.. အသက္နဲ႔ျဖစ္ျဖစ္ ေသြးနဲ႔ျဖစ္ျဖစ္ေပါ့.. အခု သခင္ေလးက ေသြးနဲ႔ဆပ္ၿပီးၿပီဆိုေတာ့ က်န္တဲ့သူေတြက အသက္နဲ႔ေပါ့ “
“ အတၱႀကီးဦးမယ္ ေကာင္ေလး.. ကိုယ့္အသက္ကိုသာယူသြားပါ.. ကိုယ့္မိဘေတြအစားေပါ့.. ကိုယ့္အသက္ကို ယူသြားျခင္းအတြက္ ခြင့္လႊတ္ႏိုင္ပါတယ္..။ ဒါေပမဲ့ ကိုယ့္လူႀကီးမိဘအတြက္ေတာ့ ခြင့္လႊတ္ေပးႏိုင္မယ္မထင္ဘူး..။ လိုခ်င္ရင္ ဒီလူရဲ႕အသက္ကိုသာယူပါကြာ..”
“ ကိုယ့္မိဘကိုယ္ေတာ့ သိတတ္လား.. ကြၽန္ေတာ္ကေရာ.. ကြၽန္ေတာ့္ မိဘအတြက္ မေပးဆပ္ရေတာ့ဘူးလား..”
“ ေပးဆပ္ပါ.. ကိုယ့္အသက္ကိုယူပါ.. “
“ ခင္ဗ်ား သိပ္အတၱႀကီးတယ္ဗ်ာ.. ကြၽန္ေတာ္ခင္ဗ်ားကို မလုပ္ရက္မွန္းသိလို႔ အခုလိုေျပာေနတာမဟုတ္လား.. ကြၽန္ေတာ္ခင္ဗ်ားကိုခ်စ္တာသိေနလို႔ အခုလိုေျပာေနတာမဟုတ္လား “
ေအာ္ဟစ္၍ ေဒါသႀကီးေနေသာ ကိုယ္ေလးကို လက္တို႔ျဖင့္ ဆုပ္ကိုင္ထားမိသည္။
“ မဟုတ္ပါဘူးေကာင္ေလးရယ္.. ကိုယ္လည္းကိုခ်စ္တယ္ေလ.. ႐ူးမတတ္ပဲေကာင္ေလးရဲ႕.. အဲဒါေတြသိရဲ႕လား.. မင္းကိုမခ်စ္လို႔ စြန႔္ပစ္ခဲ့တာမဟုတ္ဘူး.. ခ်စ္ရဲ႕နဲ႔ လက္လႊတ္ခဲ့ရတာပါကြာ.. မင္းမထိခိုက္ဖို႔ မိသားစုစီးပြားေရး အဆင္ေျပဖို႔ပါ “
မိမိစကားကိုၾကားၿပီးေနာက္ ၿငိမ္က်သြားေသာ ကိုယ္ငယ္ေလးသည္ တစ္စုံတစ္ခုကို စဥ္းစားေနဟန္...။
“ ဟုတ္ၿပီ.. သခင္ေလးမိဘေတြရဲ႕ အသက္ကိုမထိခိုက္ေတာ့ဘူး.. ကြၽန္ေတာ္အေဝးကို ထြက္မသြားဖို႔အတြက္ ဘာမဆိုလုပ္ရဲလား.. “
“ အင္း.. “
အသက္ေသတာထက္ ရွင္လ်က္ ငရဲက်တဲ့အရသာက ပိုထိေရာက္တယ္ဆိုတာ ကြၽန္ေတာ္သေဘာေပါက္ၿပီ။ သခင္ေလးကိုခ်စ္ေပမဲ့ အသုံးခ်ရဦးမယ္ထင္တယ္။
နႏၵ၏ ရည္႐ြယ္ခ်က္ကို စိုင္းထြဋ္ေခါင္မိသိခဲ့။ ထို႔အတူပင္ အခန္းတံခါးအျပင္ဘက္မွ နားေထာင္ေနေသာ အမ်ိဳးသမီးတစ္ဦးကိုလည္း စိုင္းထြဋ္ေခါင္ႏွင့္ နႏၵမသိခဲ့။ ထိုအမ်ိဳးသမီသည္က အႏိုင္ရမည့္သူကဲ့သို႔ ၿပဳံးေနလ်က္..။
Advertisement
- In Serial301 Chapters
Reborn To Love
“So, what do you want?” He Xinyan quickly glanced up into Gu Yechen’s face and frowned. Why did he look so familiar? Where did she see him before?
8 69702 - In Serial55 Chapters
My Quirky Love
This book can be read as a stand aloneGreyson Blake Rosen-HowerWho doesn't know that name? Everyone with a pulse knows his family.He's blessed with his father's devilish looks and cunning mind. He's already on top of the corporate ladder at a young age without any effort.He also inherits his mother's pure heart. Well, if you dig deeper, I mean more more deeper like Mariana's trench deep. I swear you'll find it.Sunshine McBright is the epitome of happiness and positive energy. Even her name says it all. She's simple minded and detached from reality most of the time.Trying to be happy and making others happy while you are experiencing hardship was so hard but she'd rather die trying than not.They met in a strange way and she captivated Greyson with her quirkiness. Like his father, Greyson believes at love at first sight.They are opposites in every way but Greyson will do anything to leap that gap between them and make Sunshine his.Forever. -excerpt-I was sitting quietly in the middle of Central Park when suddenly a flower appeared on my vision.I looked up and saw a redhead smiling widely at me. My hoodie obscure half of my face so I doesn't know if this strange woman saw my flat expression."I am sorry. I've been staring at you for a while which I know was totally creepy but I swear I am not. I notice that you look lonely and sad so I picked this flower and hopes that your day will become a little bit lighter."She pushed the flower a little so I was forced to take it."Huh you're still not happy. Wait please."The redhead run towards a bush that has a sign that clearly said "Don't pick any flowers. Fine $50." After she picked a handful. She runs back to me. "Here." she offered the newly stealed flowers to me. "oh I also have a chocolate bar. do you want one?"The only thing that's running on my mind was who's this strange woman and can I take her home?Another amazing cover from @Regina_Anais!
8 359 - In Serial11 Chapters
Summer Heartbreak
You can’t save yourself through other people. A story about two girls and the rock music they loved. (This work was based on this album I made in 2019 - listen to it here: https://johnjrenns.bandcamp.com/album/17) (You can also listen to this playlist of instrumentals: https://audius.co/johnjrenns/playlist/17%EC%82%B4%EC%9D%98-%EC%97%AC%EB%A6%84%EB%B9%84%ED%83%84-summer-heartbreak-instrumentals-3387)
8 151 - In Serial45 Chapters
UNDER HIS PROTECTION
Being a princess was no easy task, especially when your life was always filled with guns and threats being thrown at you since a young start. Anisa Hassan grew from it all and has lost the ability to care for another except herself. She lives a lavish life and spends to her hearts desire with her royal status putting her at the top 5 richest in the country. But, suddenly, her bodyguard dies before saving her during her father's anniversary, leaving her to break to pieces. The next day, another one appears but this one seems to have more secrets than the palace holds....
8 90 - In Serial41 Chapters
Subway Cars & Lonely Hearts
in which a college student accidentally leaves her journal on the subway and a hollywood star contacts the number inside.
8 154 - In Serial29 Chapters
Poetry: With a thousand words; and a million more reasons
A collection of poems produced by yours truly. My aim is to inspire people in their daily lives, maybe even relate to a person or two along the way. I like writing to relate, whilst having fun and expressing my deepest thoughts and feelings throughout my journey! I hope you enjoy reading through my poems as much as I love creating them! - TH04Rankings:#1- Poetry (17/05/22)#1- Rhyming (18/05/22)#1- Rhyme (18/05/22)#2- PoetryCollection (18/05/22)#2- ThoughtsAndFeelings (18/05/22)#3- Joyful (18/05/22)#5- Poems (18/05/22)#13- Thoughtful (26/05/22)
8 95

