《Amiss Prayer (Zawgyi&Unicode) [Completed]》Part-27(ရုပ်သေးရုပ်)
Advertisement
For Unicode
ရုပ်သေးရုပ်
သခင်လေးသိပ်တော်တယ်။ ကျွန်တော့်ကို ရက်စက်တဲ့နေရာ.. လှည့်စားတဲ့နေရာမှာသိပ်တော်တယ်။ တော်လွန်းတဲ့ သခင်လေးရဲ့ ကစားကွက်တွေထဲမှာ ကျွန်တော်က ရုပ်သေးရုပ်တစ်ခု။ သခင်လေးကြိုးဆွဲရာ ကရသော ရုပ်သေးရုပ်တစ်ခု။ ယခုတွင် သခင်လေးက မနှစ်သက်၊ မလိုလားသည်ဖြစ်၍ ကြိုးဆွဲခြင်းမရှိ.. ပစ်ချထားသည်မို့ ရှိမြဲနေရာတွင်သာနေနေသည်။ မည်သည့်အရာကိုမျှ မတတ်နိုင်။
ကြိုးဆွဲရာနောက်.. ပျော်ပျော်ကြီး လိုက်ကခဲ့ဖူးတယ်..။ အလှဆုံးပြုံးရင်းပေါ့။ ထားခဲ့တော့လည်း နေခဲ့ရပြန်တယ်။ နာကျင်စွာ ပြုံးရင်းပေါ့။
ရုပ်သေးရုပ်၏ အထီးကျန်မှုကိုသူတို့မသိ။ ပြုံးနေသာရုပ်သေးရုပ်သည် အသက်မပါ။ ဤသည်ကို မည်သူမျှမသိ။
သခင်လေးရော သိရဲ့လား။ မသိနိုင်လောက်ပါဘူးလေ..။ သခင်လေးကအခုဆိုရင် ကျွန်တော်ကို သူ့အပါးမှာတောင်ခစားခွင့် မပေးတော့ဘူးလေ။ ခစားခွင့်မရဘဲ အဝေးကလှမ်းကြည့်ရတာ ပင်ပန်းလှပါရော သခင်လေးရယ်။
ရက်စက်မှုများ လွှမ်းခြုံထားသည့် သခင်လေးသည်က သတို့သမီးလောင်းနှင့် ‘နေနှင့်လ ရွှေနှင့်မြ’ ကဲ့သို့ လိုက်ဖက်လျက်။ အပြုံးများသည် တောက်ပလျက်။
သူတို့နှစ်ဦးရဲ့အပြုံးတွေကိုမြင်တိုင်း နှလုံးသားကို ဓားနဲ့မွှန်းသလိုပဲ..။ ပျော်တယ်မဟုတ်လား သခင်လေး။ ကျွန်တစ်ယောက်နဲ့နှလုံးသားက သခင်လေးတို့အတွက် အဖိုးမတန်မှန်းသိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့နှလုံးသားလေးက ရှင်သန်ခြင်း၊ ပျော်ရွှင်ခြင်းတွေရဲ့ အဓိကအစိတ်အပိုင်လေးပါ။ ဒါကိုများ သခင်လေးမသိတာလား။ မသိချင်ယောင်ဆောင်ခဲ့တာလား။
စင်စစ် သူ၏ပူဆွေးခြင်းကို စိုင်းထွဋ်ခေါင်မသိသည်မဟုတ်။ သိပါသည်။ မြင်ပါသည်။ သို့သော် မမြင် မသိသည့်သဘောဖြင့်သာ ဟန်ဆောင်နေရသည်။ သန်မာချင်ယောင် ဟန်ဆောင်နေသောစိုင်းထွဋ်ခေါင်၏ နှလုံးသားတို့သည်လည်း ဒဏ်ရာအပြည့်နှင့်။
ဟန်ဆောင်ပါရစေ ကောင်လေး..။ ကောင်လေးရဲ့နာကျင်မှုကိုသာ ကောင်လေးသိပါစေ။ ကိုယ့်ရဲ့နာကျင်မှုကို ကောင်လေးမသိပါစေနဲ့။ မိသားစုအတွက် နှလုံးသားကိုစတေးရကြောင်း ကောင်လေးမသိပါစေနဲ့။
စိုင်းထွဋ်ခေါင်သည် ခြံထဲ၌ရှိသော နန္ဒကိုကြည့်နေသကဲ့သို့ နန္ဒကလည်းစိုင်းထွဋ်ခေါင်ကို ကြည့်နေသည်။ မျက်၀န်းချင်းစကားပြောနေသော်လည်း တစ်ဦးပြောသည်ကို တစ်ဦးနားမလည်ခဲ့။
ရပ်ကြည့်နေသည့် စိုင်းထွဋ်ခေါင်၏လက်အား စောကလျာသည် လက်လှမ်းချိတ်လိုက်သည်။ ‘ဒီလူသားဟာ ငါ့အပိုင်’ ဟုဆိုနေသည့် အပြုံးများနှင့်သာ။
ထိုအပြုံးအား ဆင်မြန်းခြင်းမရှိစေခဲ့မူ စိုင်းထွဋ်ခေါင်သည် စောကလျာ၏အပိုင်လူသားဖြစ်ကြောင်း နန္ဒသိပါသည်။ ပိုင်ဆိုင်ရန်လည်းမကြိုးစားဝံ့။ ကြိုးစားသော်လည်း အချဉ်းအနှီးသာ။
စိုင်းထွဋ်ခေါင်နှင့် စောကလျာတို့သည် ခြံထဲမှ ထွက်သွားပြီးနောက် သခင်မကြီးဒေါ်နန်းသီရိသည် နန္ဒအား အခေါ်ရှိခဲ့သည်။
“ နန္ဒ ခြံထဲကအလုပ်တွေကိုထားခဲ့.. ပြီးရင် ငါမင်းကို ပစ္စည်းပို့ခိုင်းစရာရှိတယ်။ မန္တလေးကိုသွားရမယ်။ ခေတ်ကလည်းမကောင်းတာရော လမ်းပန်းဆက်သွယ်ရေးကလည်း မကောင်းတာနဲ့ရောဆိုရင် မင်းဟိုမှာတစ်ည အိပ်ရနိုင်တယ် “
“ အမိန့်အတိုင်းပါ သခင်မကြီး “
“ ပို့ခိုင်းတဲ့ပစ္စည်းက တန်ဖိုးကြီးတယ်.. ဟိုကပြန်ယူလာရမယ့် ငွေကြေးကလည်းတန်ဖိုးကြီးတယ်.. သေချာဂရုစိုက်..။ မင်းကိုယုံကြည်လို့ခိုင်းလိုက်တာ.. မဟုတ်တာလုပ်ဖို့တော့ မစဉ်းစားနဲ့..”
“ ကျွန်တော့်မှာ အဲဒီလိုစိတ်မျိုးမရှိပါဘူး “
“ အင်း... ပြင်ဆင်စရာရှိတာ သွားပြင်ဆင်တော့.. အိမ်လိပ်စာလည်းပေးလိုက်မယ်.. ဒါပေမဲ့ မင်းကိုဘူတာမှာ လာကြိုမယ့်သူလည်းရှိပါတယ်။ သူ့ရဲ့ဓာတ်ပုံကို မင်းယူသွား.. “
“ ဟုတ်ကဲ့ သခင်မကြီး “
သခင်မကြီးဒေါ်နန်းသီရိ စေခိုင်းသည့် ကိစ္စကိုဆောင်ရွက်ရန် နန္ဒသည်လည်း ပြင်ဆင်စရာရှိသည်တို့ကို ပြင်ဆင်ပြီးနောက် မန္တလေးမြို့သို့ထွက်သွားခဲ့သည်။
နန္ဒထွက်သွားပြီး တစ်နာရီခန့်အကြာတွင် သခင်မကြီးဒေါ်နန်းသီတာသည် ဦးသစ္စာအား အခေါ်ရှိခဲ့သည်။ လှေကား နံရံတွင် ပန်းချီကားချိတ်ရန်အတွက် သံရိုက်ခိုင်းရန် ခေါ်ခြင်းဖြစ်သည်။
သံရိုက်ခိုင်းပြီးနောက် သခင်မကြီးဒေါ်နန်းသီတာဆိုလိုက်သည့်စကားသည် ဦးသစ္စာတို့သားဖအတွက် ကြောက်လန့်ဖွယ်စကားဖြစ်သည်။
“ မောင်သစ္စာ.. ပြောရမှာတော့အားနာတယ်..။ မနက်ဖြန်ကစပြီး.. မင်းတို့သားအဖ အလုပ်လုပ်စရာမလိုတော့ဘူး..”
“ ဗျာ... ဘာလို့လဲသခင်မကြီး.. ကျွန်တော်တို့ ဘာအမှားလုပ်မိလို့လဲ..”
“ မင်းက အမှားမလုပ်ပေမဲ့.. မင်းရဲ့သားကတော့ အမှားလုပ်တော့မယ့် မျက်လုံးတွေနဲ့ တူတော်ကိုကြည့်နေတာ ငါမနှစ်သက်ဘူး..။ တူတော်အလိုမရှိဘဲနဲ့ တူတော့်အခန်းထဲကို ၀င်ထွက်နေတာ အကြောက်အလန့်မရှိဘူး..။ ငါနည်းနည်းမှသဘောမကျဘူး..”
“ သခင်မကြီးရယ်.. ကျွန်တော့်သားကလည်း ယောက်ျားသားပါ.. သခင်လေးကလည်း ယောက်ျားသားပါ.. သခင်ယောက်ျားလေးတစ်ယောက်ရဲ့အခန်းကို ကျွန်ယောက်ျားလေးကတစ်ယောက်က အလုပ်လုပ်ဖို့၀င်တာ အထူးအဆန်းမှမဟုတ်တာ..”
“ နန္ဒမှာက ထူးဆန်းတဲ့အပြုအမူတွေရှိနေလို့ ငါသဘောမကျတာ..။ ဒီလအတွက် လုပ်ခကို အပြည့်ပေးမယ်.. မနက်ဖြန်အလုပ်ထွက်တော့..”
“ သခင်မကြီးရယ်... အဲဒီလိုမလုပ်ပါနဲ့ဗျာ.. ကျွန်တော်တို့သားအဖ သခင်မကြီးတို့ ပေးရာနေ ကျွေးတာစားရတဲ့ဘ၀ပါ..။ တခြားနေစရာ နေရာလည်းမရှိပါဘူး..။ အခုသခင်မကြီးတို့က နှင်လွှတ်လိုက်ရင် ကျွန်တော်တို့ ဘယ်မှာသွားနေရမှာလဲ..။ ရွာကအိမ်လေးကလည်း အမေဆုံးတော့ အမွေဆိုင်အိမ်လေးမို့လို့ မောင်နှမတွေအလိုကျ ရောင်းလိုက်ရပါပြီဗျာ..။ ကျွန်တော်တို့သားဖကို မနှင်လွှတ်ပါနဲ့ တောင်းပန်ပါတယ် သခင်မကြီးရယ်..”
“ မင်းတို့နေစရာရှိတာ မရှိတာ ငါမသိချင်ဘူး..။ ငါသိတာတစ်ခုက မင်းတို့သားအဖ အလုပ်ဆင်းစရာမလိုတော့ဘူး..။ မနက်ဖြန် နန္ဒပြန်လာရင် မင်းတို့ဒီအိမ်ကထွက်သွားတော့..”
“ မလုပ်ပါနဲ့ သခင်မကြီးရယ်.. “
ထိုစကားပြောပြီးနောက် ဦးသစ္စာသည် သခင်မကြီးဒေါ်နန်းသီတာ၏ အရှေ့တွင် ဒူးထောက်ချလိုက်သည်။
“ အလုပ်ထွက်ရတာ မင်းတို့သားအဖတင်မဟုတ်ဘူး.. အိမ်က အလုပ်သမားတွေလျှော့နေတာလည်းပါတယ် မောင်သစ္စာ..။ ဒါပေမဲ့ မင်းတို့ကတော့ မင်းရဲ့သားကြောင့် အပြစ်ပိုကြီးတယ်..”
Advertisement
ဆောက်တည်ရာမရဖြစ်နေသည့် ဦးသစ္စာသည် သခင်မကြီးဒေါ်နန်းသီတာ၏ဒူးအားဖက်၍ သူတို့သားအဖအားမနှင်လွှတ်ရန် တောင်းပန်စကားပြောပြန်သည်။
အင်္ဂလိပ်တစ်လှည့် ဂျပန်တစ်လှည့် အုပ်ချုပ်နေလျက် မည်သူကိုအဖေခေါ်ရမှန်းမသိသောခေတ်.. စစ်မက်ထူပေါသည့် ဤခေတ်ကြီးတွင် ကျောချရန် နေရာတစ်နေရာသည်ပင် အနိုင်နိုင်ရှာသည်မဟုတ်လော။ စီးပွားရေးဟူသည်လည်း အလွန်ခက်ခဲလှလေသည်။ ဆန်ပြုတ်ပင် နက်မှန်ရန် အလွန်ကြိုးစားရသည့် ဆင်းရဲသားလက်လုပ်လက်စားတို့၏ဘ၀ကို ဒိန်ခဲစားနေရသည့် အထက်တန်းလွှာတို့နားမလည်။ ကိုယ်ချင်းစာရန်သည်ပင် ဝေးစွ။
ထို့ကြောင့်လည်း စိတ်ပူပန်သောကရောက်ကာ ဦးသစ္စာ ဆောက်တည်ရာမရဖြစ်နေရသည်။
သခင်မကြီးမှာလည်း သူ၏ဒူးအား လာဖက်သည့် ဦးသစ္စာကို ကြောက်အားလန့်အားနှင့် တွန်းထုတ်နေသည်။ ယောက်ျားအားနှင့် မိန်းမသားအားမို့မမျှ။ တော်တော်နှင့်တွန်းထုတ်၍မရ။
ထို့နောက် လက်နှစ်ဖက်သည်လည်းတွန်းလျက် လွတ်နေသော ခြေထောက်တစ်ဖက်နှင့်လည်းကန်လိုက်သောကြောင့် ဦးသစ္စာသည် လှေကားပေါ်မှ လိမ့်ကျသွားသည်။ အားကုန်သုံးလိုက်ရသည့် သခင်မကြီးဒေါ်နန်းသီတာမှာလည်း ထိုင်လျက်လဲကျသွားသည်။
ဦးသစ္စာသည် လှေကားအောက်သို့ လိမ့်ကျသွားပြီး လှေကားလက်ရန်းတန်းတွင် တပ်ဆင်ထားသော ပွတ်လုံးတိုင်နှင့် ဦးခေါင်းနောက်စေ့ကိုရိုက်မိသည်။ ထို့အပြင် လှေကားခြေရင်းတွင် ထားရှိသော တရုတ်ကြွေထည်ပန်းအိုးကြီးကိုလည်း ဦးသစ္စာလိမ့်ကျပြီး တိုက်လိုက်သကဲ့သို့ ဖြစ်သွားသည်။ တိုက်လိုက်သကဲ့သို့ဖြစ်သွားသည်မှာ ကြွေထည်ပန်းအိုးကြီး၏ အောက်ခြေဖြစ်သောသောကြောင့် ဦးသစ္စာ၏ မျက်နှာပေါ်သို့လဲကျလာသည်။ ပန်းအိုးကြီးထဲရှိ ကျောက်စလစ်ခဲတို့၏အလေးချိန်မှာမနည်းလှ...။
ဦးခေါင်းနောက်စေ့ကို ရိုက်မိသည့်ဒဏ်ရာ၊ မျက်နှာပေါ်သို့ ပန်းအိုးကြီးကျလာသည်ကြောင့် ရခဲ့သည်ဒဏ်ရာတို့မှာလည်း သွေးအလိမ်းလိမ်းနှင့်။ အကြောများပင်ဆွဲကာ ဆန့်ငင်ဆန့်ငင်ဖြစ်ပြီးနောက် တစ်မိနစ်အကြာတွင် ဦးသစ္စာသည် ဤလောကမှ နှုတ်ဆက်ထွက်ခွာသွားသည်။ သားလေးပင်မသိ။ သားလေး၏ မျက်နှာကိုလည်းမမြင်ရှာ။ နှုတ်ဆက်ခွင့်လည်းမရခဲ့။
ဦးသစ္စာ၏ သေဆုံးမှုမြင်ကွင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ သခင်မကြီးဒေါ်နန်းသီရိအပါအ၀င် အိမ်တော်ရှိအမျိုးသမီးတို့သည်လည်း ထိတ်လန့်လျက်ရှိကျသည်။ သို့သော် ထိတ်လန့်နေသောအမျိုးသမီးများထဲတွင် သခင်မကြီးဒေါ်နန်းသီတာမပါခဲ့။
ထို့နောက် ဦးသစ္စာ၏ ရုပ်အလောင်းမြင်ကွင်းထက် ကြောက်မက်ဖွယ်ကောင်းသည့် စကားကို သခင်မကြီးဒေါ်နန်းသီတာက ပြောလိုက်သည်။
“ အိမ်ထဲကလူတွေ အကုန်ဒီကိုလာခဲ့စမ်း “
အိမ်ရှိလူစုံရောက်လာပြီးနောက် သခင်မကြီးဒေါ်နန်းသီတာ ပြောလိုက်သည့် စကားသည် ရက်စက်ခြင်းအတိ။
“ ကျွန်တစ်ယောက်သေတာ အတွက်နဲ့ အိမ်တော်မှာ ရှုပ်ရှုပ်ယှက်ယှက်တွေ မကြားချင်ဘူး..။ ဦးသစ္စာဘာလို့သေတာလဲမေးရင် လှေကားပေါ်ကာ ခြေချော်ကျပြီး သေတာလို့ဖြေရမယ်..။ နောက်လေးရက်နေရင် တူတော်ရဲ့ထိမ်းမြားမင်္ဂလာလည်းရှိတယ်.. နာရေးတန်းလန်းနဲ့ မင်္ဂလာပွဲကိုမကျင်းပချင်ဘူး..။ အဲဒါကြောင့် သေဆုံးသူအတွက် ဘုန်းကြီးကျောင်းမှာ သက်ပျောက်ဆွမ်းကပ်လိုက် ကျန်တဲ့ဘာနာရေးမှမလုပ်ဘူး.. ခဏနေရင် တောထဲသွားပြီးအလောင်းကိုမြေမြှုပ်လိုက်... ဒါငါ့အမိန့်ပဲ..”
ထိုစကားတို့ကို အိမ်တံခါးအရှေ့သို့ ရောက်နေသောစိုင်းထွဋ်ခေါင်ကြားမိလိုက်သည်။
ရက်စက်ခြင်းအတိနှင့် အရီးတော်၏အသွင်ပြင်ကို မြင်ဖူးခြင်းသည် ပထမဆုံးမဟုတ်သည်ဖြစ်၍ ကြောက်ရွံ့ခြင်းမရှိ။ သို့သော် ဦးသစ္စာ၏ရုပ်အလောင်း မြင်ကွင်းကတော့ ထိတ်လန့်ဖွယ် ၀မ်းနည်းဖွယ်အတိ။
“ အရီးတော်... လူတစ်ယောက်သေဆုံးခြင်းအတွက် ဒီလောက်လေးလုပ်ပေးတာမထိုက်တန်ဘူး.. လူ့အသက်တစ်ချောင်းနဲ့ အဲဒီလူနဲ့ဆက်နွှယ်နေတဲ့ လူသားတွေကို ငဲ့ကြည့်သင့်တယ်မဟုတ်လား..”
“ မင်းကဘယ်တုန်းက ကျွန်တစ်ယောက်ရဲ့အသက်ကို တန်ဖိုးထားတတ်သွားတာလဲ.. ဘယ်သူ့အတွက်ကြောင့်နဲ့ စိုင်းထွဋ်ခေါင်က ပျော့ညံ့သွားတာလဲ “
လှောင်နေသည့်အပြုံးများဖြင့် စကားပြောနေသည့် သခင်မကြီးဒေါ်နန်းသီတာသည် သူ့ကြောင့် သေဆုံးသွားသူကိုပင် အားနာခြင်းမရှ်ိသည့်နှယ်။
အရီးတော်၏ စကားအရိပ်အခြေကို စိုင်းထွဋ်ခေါင်ကောင်းကောင်းနားလည်ပါသည်။ မဆိုင်သည့် အပြစ်မရှိသည့်ကောင်လေးကို ဆွဲထည့်တော့မည်မဟုတ်လော။ ဤသည်ကို မိမိလက်မခံပါ။
နစ်နာသူ သားအဖအဖို့ရာ လုပ်သင့်လုပ်ထိုက်သည်ကို မလုပ်ပေးသည်ဖြစ်၍ စိုင်းထွဋ်ခေါင်သည် ဒေါသမီးများတောက်လောင်လျက် လေသံမာမာနှင့် ဒေါ်နန်းသီတာ၏စကားအား ချေပခဲ့သည်။
“ ကျွန်လည်း လူဗျ.. အသက်တစ်ချောင်းတည်းရှိဝာာ.. တန်ဖိုးရှိတယ်.. သူ့အသက်ကိုတန်ဖိုးထားတဲ့ တခြားသူတွေလည်းရှိတယ်.. အရီးတော်အဲဒီလောက်ထိမရက်စက်သင့်ဘူး..။ သူတို့သားအဖက နစ်နာသူဗျ..။ အရီးတော်နှစ်သက်ရတဲ့သူ အခုလိုဖြစ်သွားရင် အရီးတော် ပြုံးနေနိုင်မလား..”
“ တော်စမ်း စိုင်းထွဋ်ခေါင်.. မင်းငါ့ကို တရားလာမချနဲ့.. မင်းလိုချင်တာ မင်းပြောတဲ့နစ်နာသူအတွက် ထိုက်တန်တဲ့ လျော်ကြေးလား.. ပေးလိုက်မယ်..။ အစက သူတို့သားအဖကို အလုပ်ထုတ်ထားတာ.. အခု မင်းပြောတဲ့နစ်နာမှုအတွက်.. သူ့သားကိုဒီအိမ်မှာဆက်ထားလိုက်.. ဆက်ပြီးလောင်မြိုက်ခိုင်းလိုက်..။ စိုင်းထွဋ်ခေါင် မင်းအကြောင်းမင်းသိပါတယ် “
ထိုစကားအား မည်သူမှနားမလည်ခဲ့။ သို့သော် စိုင်းထွဋ်ခေါင်မှ လွဲ၍သာ။
အရီးတော်က ကောင်လေးနဲ့ကျွန်တော်တို့ရဲ့ ပတ်သက်မှုကိုသိနေတာလား။ ဟုတ်သားပဲ.. အရီးတော်က အင်မတန်ပါးနပ်တယ်ဆိုတာကို မေ့သွားတာပဲ။
စိုးရိမ်မိတယ်ကောင်လေးရယ်.. အရီးတော်ရဲ့ရက်စက်မှုတွေက ယောက်ျားသားတွေထက် ပိုရက်စက်တတ်တော့.. မင်းထိခိုက်မှာစိုးတယ်ကွယ်...။
ဦးသစ္စာသေဆုံးပြီး တစ်ရက်အကြာတွင် နန္ဒသည် မန္တလေးမှ ပြန်လာခဲ့သည်။ ဖခင်ဖြစ်သူ၏ သေဆုံးမှုကိုမသိသော ကောင်လေးသည် ဖခင်ဖြစ်သူအတွက် အနွေးထည်လေး တစ်ထည်လက်ဆောင်၀ယ်လာခဲ့သည်။
အဘအတွက် လက်ဆောင်လေး၀ယ်လာတယ်။ အိမ်ရောက်ရင် အဘကိုမသိမ်းထားခိုင်းပဲ ၀တ်ခိုင်းရမယ်။ အသိမ်းအဆည်းတော်တဲ့အဘက ဘာလေးပဲ၀ယ်ပေး၀ယ်ပေး သိမ်းထားတတ်လွန်းတော့ တစ်ခါက ကျွန်တော်၀ယ်ပေးတာကိုမ၀တ်လို့ စိတ်ခုပြီး ‘သေရင် ကိုယ့်အနောက်မပါဘူးနော်’ ဆိုပြီး စလိုက်ဖူးတယ်။ အဲဒီတုန်းက အဘပြန်ပြောတဲ့စကားကြောင့် မျက်ရည်ကျရပါသေးတယ်။ ‘သေသွားတော့လည်း သင်္ဂြိုဟ်ရင် ထည့်လိုက်ပေါ့ကွာ’ တဲ့လေ။ ဒီတစ်ခါတော့ သေချာပေါက် ၀တ်ခိုင်းရမယ်။
နောက်ပြီး သခင်လေးအတွက်လည်း မာဖလာလေးတစ်ထည်၀ယ်လာတယ်။ ၀တ်စေချင်တယ်သခင်လေးရယ်...။
ငွေထုပ်လေးနှင့် အနွေးထည်ထုပ်လေးကို ပိုက်၍ပြန်လာသော ကောင်လေးသည် မျှော်လင့်ချက်အပြည့်နှင့်။ မျှော်လင့်ထားသမျှတို့သည် ခြံတံခါးလာဖွင့်ပေးသော လှထွန်း၏ စကားကြောင့် ပျောက်ဆုံးကုန်ရသည်။
အဘဆုံးပြီတဲ့လား.. မဟုတ်တာ.. မဖြစ်နိုင်တာ..။ အဘက ဘာလို့ဆုံးရမှာလဲ.. သတိကြီးပြီး အရာရာကို ဂရုတစိုက်လုပ်တတ်တဲ့အဘက လှေကားပေါ်ကချော်ကျတယ်တဲ့လား..။ ဟာ.. မဖြစ်နိုင်တာ။ တစ်ယောက်ယောက်လောက် အဘဆုံးတာ မဟုတ်ဘူးဆိုပြီး ပြောပေးကြပါလားဗျာ..။
၀မ်းနည်းခြင်းမျက်ရည်တို့နှင့် နန္ဒသွားမိသည်က ခြံထဲတွင်စာရင်းလုပ်နေသော စိုင်းထွဋ်ခေါင်ထံသို့စာ။
“ သခင်လေး.. လှထွန်း..လှထွန်းပြောနေတာ.. စနေတာမဟုတ်လားဟင်.. အဘမဆုံးဘူးမဟုတ်လား.. ကျွန်တော့်အဘကို လှထွန်းကဆုံးသွားပြီလို့ပြောနေတယ်သခင်လေးရဲ့..။ မဟုတ်ဘူးမဟုတ်လား... မဟုတ်ဘူးလို့ပြောပေးပါလား သခင်လေးရယ်...။ အဘမဆုံးဘူးဆိုတာသိလို့လေ.. ကျွန်တော်က အနွေးထည်လေးတောင်၀ယ်လာတာ သခင်လေးရဲ့.. အဘကို ၀တ်စေချင်လို့ပါဗျာ..”
မျက်ရည်တို့သည် ချောင်းငယ်သဖွယ် တသွင်သွင်စီးကျလျက် အနွေးထည်ထုပ်လေးကို ပိုက်ကာ ငိုနေသော ကောင်လေးကိုကြည့်ရင်းပင် သူ၏ဖခင်ဆုံးပြီးဟု ကျွန်တော်မပြောရက်။ မြက်ခင်းပေါ်တွင်ဒူးထောက်လျက် ငိုနေသောကောင်လေးကို ကျွန်တော်ပွေ့ဖက်ထားမိသည်။
သူ့နာကျင်မှုတွေ ကျွန်တော့်ကိုကူးစက်ပြီး သူသက်သာလိုသက်သာငြားပေါ့။ မင်းနာကျင်နေရတာတွေ ကိုယ်သာအစားယူပြီးနာကျင်လိုက်ချင်တယ်ကောင်လေးရယ်..။
Advertisement
- In Serial60 Chapters
Regrets {Complete ✔️}
What happens when Akash falls in love with khushi but hurt her heart without having thought ?What will happen when he will confess ? Will she give him a second chance ? What will happen when they will confess their past ?let's begin this exciting story betwEen a billionaire egoistic man who looks like a Greek god and a middle class sweet girl who doesn't trust easily ❤️This is my first story so if u don't like it keep it with urself only and don't copy anything . In this story all the characters are fictional . But I can relate them with my friends. Also english isn't my first language so there will be a lot of mistakes. For them I m sorry. I m very frequent about my updated . And I will complete it asap . Also I have thought about my second plot . So let's just pray 🙏It will also contain harsh language so if u don't feel comfortable just leave it.Read and vote ✨
8 256 - In Serial54 Chapters
The Nanny
A mistaken identity, a desperate bargain between two single parents, and a chance to find love again. *****When Paige Johnston takes a promotion overseas and her nanny quits on her last minute, she's in a bind. After posting the job to a local community board, she's optimistic when she hires a single mother named, Ashley, sight unseen. There's just one problem. Ashley is Ash, and he's not a single mother, he's a single father and former bricklayer. After his long-term girlfriend decided she didn't want to be a mother anymore, Ash has been struggling to makes ends meet and this job promises a fresh start. As the two of them navigate life in the house together, can they let go of old wounds in time to seize happiness together?
8 221 - In Serial42 Chapters
Eternal Love ✔
EditedIrfa Zafar had never thought that in a span of an year her life would turn upside down. She hadn't expected her qadr to play like this. It was long back when she had accepted her fate and miseries but then again her fate plays. Landing her somewhere she hadn't imagined to be. And with people who would become her home. Shehreyar Siddiqui was contented with everything he had. His tawakal in his lord never died. He had never lost his composure but when a certain someone enters his house and knocks on his heart's door he finds himself in a frenzy. A series of misunderstandings and then realization follows leading him to realize his feelings._______Started- March 29, 2019Ended - October 21, 2019© All rights reserved.2019. ayesh1love
8 221 - In Serial30 Chapters
50 Shades of Ackerman {Modern Levi x Reader}
50 shades of Gray, but with you and Levi Ackerman.
8 268 - In Serial44 Chapters
BEDMATE.
in which taehyung climbs through jimin's window at night to share a bed with him.
8 85 - In Serial49 Chapters
Highborn (Season One)
[High School Paranormal Romance] "If you ask me, life sucks ass, and according to my mother, my future is the reason she never gives me the time of day." Dude, don't ask me why my bitch of a mom sent me away. I mean, I know she has an important career or whatever, but she shipped me thousands of miles away to my aunt's house in Colorado. What the hell's up with that? Don't even get me started on the people in this weird ass town. I hate admitting this since I'm in a committed relationship, but there's these three guys. I'm not sure how to explain it, but they're freaking hot, and since I started at my new school, at least one of them is everywhere I go. I guess they're like the school Royalty or whatever, which is a huge turnoff. I told them to leave me alone, but they don't listen and it's pissing me off.Tyler is a total player and a selfish prick. Lucas is a sweetheart, but he's my cousin's boyfriend. That leaves, Justin, the golden boy. Not only does he literally have gold eyes, but I know he has a secret.The migraines have been getting worse and I've been having some weird ass reactions to people. The only thing that used to help were my pills, but they're not working anymore, and things are starting to get wacky as hell. Like, I'm seeing shit and losing my damn mind!REVERSE HAREM HIGH SCHOOL PARANORMAL ROMANCE (FOR TEENS AND NEW ADULTS)NEW EPISODES: Follow me for update announcements.(Episodes: 1200 to 3500 words)STARTED: August 30, 2019Cover Created by Me [WARNING: THIS BOOK MAY INCLUDE EXPLICIT LANGUAGE, VIOLENCE, GORE, ABUSE, INTENSE SEXUAL SITUATIONS, ALCOHOL USE, AND DRUG USE.]
8 302

