《Amiss Prayer (Zawgyi&Unicode) [Completed]》Part-26 (ကြေကွဲခြင်း)
Advertisement
For Unicode
ကြေကွဲခြင်း
ဖိတ်ခေါ်ခြင်းမရှိဘဲ ၀င်လာမိသည့်သခင်လေးအခန်း..။ ပုံမှန်နှိုးရလေ့ရှိသော သခင်လေးသည် ဒီနေ့တွင်စောစောနိုးလျက်..။ တည်ကြည်နေသော သခင်လေးသည် ရွှေရောင်၀တ်စုံကို ၀တ်ဆင်ထားသည်။ ခါးတွင်လည်း ပန်းရောင်ပုဝါစအရှည်ကို ဆင်မြန်းထားပြီး ခန့်ညားမှုအပြည့်နှင့်...။
ယခင်က မိမိ၀င်လာလျှင် မိမိအားမသာယာမှုတို့ကြီးစိုးနေသော မျက်နှာဖြင့်ကြည့်နေတတ်သည်။ ယခုတွင်မူ သခင်လေး၏မျက်နှာတွင် မိမိအားမနှစ်သက်သောအရိပ်အယောင်များမတွေ့ရ။ ထို့နည်းတူ နှစ်သက်နေသောအရိပ်အယောင်များလည်းမတွေ့ရ။ တစ်စုံတစ်ခု.. ထူးဆန်းနေပါသည်။
အိမ်တော်တွင်လည်း အလုပ်သမားများသည် ယခင်ကထက် ပို၍အလုပ်ရှုပ်နေကြသည်။ စာကောင်းသောက်ဖွယ်များကိုလည်း ယခင်နေ့များထက် ပို၍ပြင်ဆင်ထားသည်။ သခင်မကြီးတို့မှာလည်း ယခင်ကဆိုလျှင် ခုနှစ်နာရီမထိုးခင်တည်းက အိမ်တော်ထဲတွင်တွေ့ရသည်။ ယနေ့တွင်မူ အခန်းထဲမှထွက်မလာသေးပေ။ တစ်ခုခုထူးဆန်းနေသည်မှာ အသေချာပင်..။
သခင်လေးနှင့် အိမ်တော်ထဲရှိလူများ၏ ထူးဆန်းနေမှုကို အဘယ်ကြောင့်ထူးဆန်းနေကြောင်း မိမိမသိခဲ့။ အလုပ်သမားချင်းတူလျက် မိမိကအဘယ်ကြောင့်မသိရပါသနည်း။ သခင်လေးအားမေးကြည့်လျှင် သင့်တော်မည်ဟု ဆုံးဖြတ်ကာ သခင်လေးအား မေးမြန်းခဲ့သည်။
" သခင်လေး... ဒီနေ့ထူးဆန်းတာတွေ အိမ်တော်ကြီးမှာရှိနေလို့လား.."
" ဘာလို့မေးတာလဲ..."
" ဘာရယ်တော့ မဟုတ်ပါဘူးသခင်လေး..။ သခင်လေးရော အိမ်တော်က လူတွေရော ထူးဆန်းနေလို့ပါ "
" ဘာကို ငါကထူးဆန်းနေလို့လဲ .."
" ထူးဆန်းတာပေါ့... အခုနောက်ပိုင်းဆို သခင်လေးက ကျွန်တော်၀င်လာတိုင်း မနှစ်သက်သလိုကြည့်တတ်တယ်လေ "
" တကယ်လည်း မနှစ်သက်ခဲ့လို့ကြည့်တာပေါ့.. "
ထိုစကားကိုကြားပြီးနောက် နန္ဒသည် တံမြက်စည်းလှဲနေရင်းပင် ခေတ္တရပ်သွားသည်။ မျက်နှာမှာမူ ၀မ်းနည်းနေသယောင်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ပြောင်းလဲသွားသော နန္ဒ၏မျက်နှာတွင် ရွဲ့ပြုံးလေးတစ်ခုဆင်မြန်းလိုက်ပြန်သည်။
ထိုအပြုံးလေးကိုကြည့်လျက် စိုင်းထွဋ်ခေါင်၏ နှလုံးသားတွင် ဖြစ်တည်လာသောစကားလေးတစ်ခွန်းမှာ ဤသို့သာ..။
မင်းက.. အဲဒီလိုအပြုံးလေးတွေနဲ့ သိပ်လှတယ်ကောင်လေး..။ မုန်းချင်စရာမကောင်းလောက်အောင်.. အနားမှာ အမြဲခေါ်ထားချင်အောင်လောက်ကို ဆွဲဆောင်နိုင်တယ်။
ထိုစကားကို နန္ဒမကြားခဲ့။ နန္ဒသည် ရွဲ့ပြုံးလေးတစ်ခု ဆင်မြန်းကာ စိုင်းထွဋ်ခေါင်အား ပြောလိုက်သည့်စကားသည် လှောင်နေသယောင်..။
" ဟက်... တကယ်ရောဟုတ်ရဲ့လား သခင်လေးရယ်။ အရင်က ဒီခန်းထဲမှာ အမှတ်တရတွေက အများကြီးနော်...။ အဲဒီအမှတ်တရတွေက ပြီးစလွယ်ကြီး နှစ်သက်ခြင်းမရှိဘဲ အစပြုခဲ့တာမဟုတ်ဘူးနော်။ သခင်လေး မေ့နေပြီလား..။ ကျွန်တော်ကတော့ မမေ့ဘူးရယ်..။ ဒီအခန်းထဲကိုရောက်တိုင်း သတိရလွန်းလို့.. ရူးတောင်ရူးချင်မိတယ်.. "
စကားပြောနေသည့် နန္ဒ၏မျက်နှာတွင် နှုတ်ခမ်းသည် ပြုံးနေလျက်.. မျက်၀န်းတို့တွင် အရည်ကြည်လေးများဥလျက်..။
ကောင်လေး အရမ်းခံစားနေရပြီလား.. မင်းနဲ့ထပ်တူ.. ကိုယ်လည်းနာကျင်နေရတယ်ကောင်လေး..။
ရင်ကွဲသံမှာ ထိုသို့ဖြစ်သော်လည်း ထိုစကားလုံးသည် ရင်ထဲတွင်သာရှိနေသည်။ နှုတ်ဖျားမှ ပုံဖော်ခဲ့ခြင်းမရှိ။ ထွက်လာသည့် စကားလုံးတို့သည် ရင်တွင်းသံနှင့်တခြားစီ..။
" မိုက်ရူးရဲဆန်မှုနဲ့ ဆန္ဒတစ်ခုကြောင့် ဖြစ်တည်လာတဲ့ အမှတ်တရတွေက အမြဲသိမ်းဆည်းထားဖို့ မထိုက်တန်ဘူး နန္ဒ.. "
" အမြဲသိမ်းဆည်းထားရင်ရော... ဘာတွေဆက်ဖြစ်မှာလဲဟင်..."
" မလိုလားအပ်တဲ့ခံစားမှုတွေက မင်းရင်ထဲမှာစုအောင်းလာပြီး နာကျင်နေလိမ့်မယ်.. "
မျက်၀န်းထဲမှ အရည်ကြည်လေးသည် ဥနေရုံသာမဟုတ်တော့။ ပြည့်လျှံရစ်သိုင်းလာကာ ပါးပြင်ထက်တွင် မျက်ရည်ချောင်းလေးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုမျက်ရည်တို့ဖြင့်ဆိုလိုက်သည့် သူ၏စကားသည် သနားဖွယ်အတိ..။
" မှန်လိုက်တာဗျာ... တကယ်မှန်တယ်.. ကျွန်တော်လေ အဲဒီခံစားမှုတွေကြောင့် အခုအရမ်းနာကျင်နေရတယ်ဗျ.. သခင်လေးသိရဲ့လား "
" သိလို့လည်း နောက်ဆုတ်ဖို့တိုက်တွန်းနေတယ် နန္ဒ။ ရှေ့ဆက်မတိုးပါနဲ့... မင်းအတွက် အဆုံးသတ်က သိပ်လှမှာမဟုတ်လို့.. ဆက်မတိုးလာပါနဲ့..။ မင်းသိချင်တာက ဒီနေ့ အိမ်တော်ကလူတွေရဲ့ ရှုပ်ထွေးမှုကိုသိချင်တာမဟုတ်လား...။ မကြာခင်မင်းသိရမှာပါ..။ မနေ့ညကမှ ရုတ်တရက်ကြီး ကြေညာလိုက်ရလို့ မင်းမသိခဲ့တာ..။ သိပ်သိချင်ရင်တော့ မနက်ဆယ်နာရီထိုးရင် ဒီအိမ်တော်ထဲမှာ ရှိနေလိုက်ပါ..။ အခုတော့ မယ်မယ်တို့စောင့်နေလောက်ပြီမို့.. ငါဆင်းတော့မယ်.. "
ကျန်ရစ်ခဲ့သူကိုလှည့်မကြည့်... ထွက်သွားသော စိုင်းထွဋ်ခေါင်သည် နန္ဒ၏အမြင်ထဲတွင် ပြတ်သားလွန်းသူ.. ရက်စက်လွန်းသူဟု မြင်နေမည်။ သို့သော် စိုင်းထွဋ်ခေါင်၏ နှလုံးသားထဲတွင် နာကျင်မှုဆူးတို့ စိုက်၀င်နေသည်ကို မည်သူမျှမသိ..။ ဟန်ဆောင်ကောင်းလှစွာ..။
ထို့နောက် စိုင်းထွဋ်ခေါင်သည် ပုံမှန်ထက် ပို၍တိတ်ဆိတ်နေသော မနက်စာ စာဝိုင်းကို မိသားစု၀င်တို့နှင့်အတူ စားသုံးခဲ့သည်။
ယနေ့စားသုံးခဲ့သည့် မနက်စာသည် အရသာမရှိ။ အစားအစာတို့သည် အရသာမရှိသည်မဟုတ်..။ အစားအစာတို့၏အရသာသည် လျှာပေါ်တွင်သာရှိနေသည်။ ဦးနှောက်ထဲတွင်မူ ဤအစားအစာသည် ချိုကြောင်း ငံကြောင်း မသိ...။
ရှေ့ဆက်၍ မချစ်သောသူနှင့်မည်သို့ဖြတ်သန်းရမည်နည်းကိုတွေးလျက် စိတ်ညစ်မှုတို့ကြီးစိုးနေသောကြောင့် အစားအစာတို့ထံတွင် အာရုံမရောက်နိုင်ဖြစ်နေသည်။
ထို့နောက် ဧည့်ခန်းငယ်တွင် မိသားစုသုံးဦးသည် တိတ်ဆိတ်စွာ ထိုင်နေပြန်သည်။ သခင်မကြီးဒေါ်နန်းသီရိသည် သားတော်မျက်နှာကို တကြည့်ကြည့်နှင့်။ သားတော်မျက်နှာမလန်း၍ သူသည်လည်းမရွှင်မပျဖြစ်နေသည်။
သခင်မကြီး ဒေါ်နန်းသီတာမှာမူ မည်သူ၏မျက်နှာကိုမှမကြည့်။ ကြေမုံနေ့စဉ်သတင်းစာကိုသာ အာရုံစိုက်နေသည်။ မျက်နှာတွင်လည်း မည်သည့်စိုးရိမ်မှု ခံစားမှုတို့မျှမရှိ.. တည်ကြည်လှသည်။
မနက်ဆယ်နာရီချိန်သို့ ရောက်လာသောအခါ အိမ်တော်သို့ ရွှေဧည့်သည်တော်များ ရောက်လာသည်။ သခင်မကြီးနှစ်ဦးအဖို့ရာ ရွှေဖြင့်တင်စားအပ်သော ဧည့်သည်ဖြစ်သော်လည်း နန္ဒနှင့် စိုင်းထွဋ်ခေါင်အတွက်မူ ရွှေနှင့်မတင်စားအပ်သော ဧည့်သည်များသာဖြစ်သည်။
Advertisement
၀င်လာသောဧည့်သည်တော်တို့သည်လည်း သခင်မကြီးနှစ်ဦးနှင့်အပြိုင် လှပနေကြသည်။ ဧည့်သည်တို့မှာ တခြားသူများမဟုတ်..။ ဒေါ်စောဒေဝီနှင့် သမီးဖြစ်သူ စောကလျာတို့သာ ဖြစ်သည်။
၀င်လာသော ဧည့်သည့်နှစ်ဦးသည် အပြုံးပန်းများဝေဆာလျက်ရှိနေသည်။ ထို့နောက် ဒေါ်စောဒေဝီက စကားစဆိုသည်။
" ကျွန်မတို့ရောက်လာတာ နောက်ကျသွားလားဟင် "
" မဟုတ်တာ... စောတောင်စောနေပါသေးတယ်ကွယ်.. လာလာ ထိုင်ကြ "
" ဒီညီအစ်မတွေ... လှနေလိုက်တာကွယ်..."
" အချင်းချင်းတွေ မြှောက်နေပြန်ပါပြီ.. အစောတို့က ပိုလှတာပါကွယ်.. သမီးလေးဆိုလည်း လှနေရောကွယ်.. "
" ချီးကျူးမှုကို မခံယူဝံ့ပါဘူးမယ်မယ်.."
ထိုစကားကိုကြားပြီးနောက် စိုင်းထွဋ်ခေါင်၏ အလိုမကျမှုတို့သည် ပေါက်ကွဲထွက်တော့မည့်အလား..။
ရဲတင်လွန်းလိုက်လေခြင်း.. မယ်မယ်တဲ့လား.. ဒီလိုတောင် လွယ်လွယ်နဲ့ခေါ်ရဲနေတာလား။ အင်းလေ.. အခေါ်ခံရသူတွေကလည်း ခေါ်ခွင့်ပေးထားတာကို.. မယ်မယ်တို့သဘောတော်အရပေါ့..။
လူကြီးများနှင့် စောကလျာတို့သည် အလှဆုံးပြုံးလျက်..။ စိုင်းထွဋ်ခေါင်မျက်နှာသည်မူ တည်လျက်..။
" စိုင်းလေးက လူချောလေးပါလား.. အမေတူသားမို့လို့ ဒီလောက်ချောနေတာဖြစ်မယ်.. "
စိုင်းထွဋ်ခေါင်အား ချီးကျူးသယောင်နှင့် သခင်မကြီးဒေါ်နန်းသီရိကို မြှောက်ပင့်နေသော စကားကြားပြီးသည့်နောက် စိုင်းထွဋ်ခေါင်သည် ၀တ္တရားအရသာ ပြန်ပြုံးပြခဲ့သည်။ သို့သော် အပြုံးများတွင် အသက်မပါ..။ ထို့နောက် ဒေါ်နန်းသီတာသည် လာရင်းကိစ္စအတွက် စကားလမ်းကြောင်း စတင်ဖောက်လိုက်သည်။
" ချီးကျူးတာတွေပြီးပြီဆိုတော့... လာရင်းကိစ္စလေးပြောရအောင်... "
" လာရင်းကိစ္စကတော့ ခက်ခက်ခဲခဲမရှိပါဘူး.. ကလေးတွေကလည်း လက်ခံတယ်ဆိုတော့.. နှစ်အိမ့်တစ်အိမ်ဖြစ်မယ့်ကိစ္စကို အမြန်ဆုံးအကောင်အထည်ဖော်စေချင်တယ်...။ ဒီကဆွေကြီးမျိုးကြီးတွေနဲ့ ဆွေမျိုးတော်ချင်လှပြီ.. "
" အစောရယ်.. တော်ရမှာပေါ့.. အမြန်ဆုံးတော်ရအောင် နေ့ကောင်းရက်မြတ်လေး ရွေးရအောင်ကွယ်.."
" နေ့ကောင်းရက်မြတ်ရွေးဖို့က ကျွန်မတို့ ယုံကြည်ရတဲ့ ဆရာမတစ်ယောက်ရှိတယ်..။ သူ့ကို ကလေးတွေရဲ့ ဇာတာကိုပါ တွက်ချက်ခိုင်းရင်း မေးမြန်းရင် မကောင်းဘူးလား.. "
" အို.. သိပ်အဆင်ပြေတာပေါ့အစောရယ်.. သူ့ဆီသွားမယ့်နေ့ကိုသာ ပြောပါတော့.. "
" ဒီတစ်ပတ် စနေနေ့ သွားရအောင်.. "
" အစောတို့သဘောပါကွယ်... "
" နှစ်အိမ့်တစ်အိမ် မင်္ဂလာပေါင်းကူးတံတားလေး လုပ်ရတော့မယ်ကွယ်..။ ကျွန်မဖြင့်၀မ်းသာလိုက်တာ..။ ကျွန်မသမီးလေးကိုလည်း ယုံကြည်ရတဲ့သူတွေလက်ထဲပဲ အပ်ချင်ခဲ့တာ.. အခုမှပဲစိတ်အေးရတော့တယ်.. "
" အစောသမီးလေးအတွက် စိတ်ချပါကွယ်.. အစောသမီးလေးက ကျွန်မတို့ရဲ့ချွေးမလေးဆိုတော့ ကျွန်မတို့ရဲ့ သမီးလေးပဲပေါ့..။ စိတ်ချစိတ်ချ...ကျွန်မတို့စောင့်ရှောက်မယ်.. "
" နေ့ကောင်းရက်မြတ်ရွေးတာတော့ ဟုတ်ပါရဲ့.. မင်္ဂလာဆောင်ရင်ရော.. ဘယ်လိုလုပ်မှာလဲ "
" ကျွန်မတို့ရဲ့ဓလေ့ရိုးရာအတိုင်း ဆောင်စေချင်တယ်အစော..။ သိပ်အကြီးအကျယ်တော့ မလုပ်ရဲဘူး... ခေတ်ကြီးက မကောင်းတော့လေ.."
" ဟုတ်ပါရဲ့... ကျွန်မလက်ခံပါတယ်.. ဒါနဲ့ သားနဲ့သမီးကရော... ဘယ်လိုသဘောရလဲ.. "
" မေမေတို့သဘောတိုင်းပါပဲ.."
မေးသူသည် စောကလျာနှင့် စိုင်းထွဋ်ခေါင်ကို မေးခြင်းဖြစ်သော်လည်း ပြန်ဖြေသူသည် စောကလျာတစ်ယောက်တည်းသာ ဖြစ်နေသည်။ စိုင်းထွဋ်ခေါင်မျက်နှာသည်လည်း တစ်စုံတစ်ရာသော ပျော်ရွှင်မှုမရှိ။ တည်နေသည်။ ထို့ကြောင့် စောဒေဝီ မျက်နှာအနည်းငယ်ပျက်သွားသည်။
စောဒေဝီ၏မျက်နှာပျက်မှုကို မြင်လိုက်သော ဒေါ်နန်းသီတာသည် စိုင်းထွဋ်ခေါင်အား ပြန်ဖြေရန် သတိပေးလိုက်သည်။
" တူတော်... မေးနေတယ်.. ဖြေလိုက်လေ...။ ဒီကလေးနှယ်.. ဘာတွေ အတွေးလွန်နေတာလဲ။ မင်္ဂလာရှိတဲ့အချိန်မှာ မင်္ဂလာရှိတဲ့အကြောင်းတွေးနေတာများလား.. "
" အရီးတော်က တူတော်ရဲ့စိတ်ကိုဖတ်တဲ့နေရာမှာ ဒီတစ်ခါတော့ လိုသွားပြီထင်တယ်..။ တူတော်အတွေးနယ်ကျွံသွားတာ တခြားကိစ္စပါ..။ မင်္ဂလာပွဲကိုတော့ မယ်မယ်နဲ့အရီးတော်တို့ အလိုကျစီစဉ်ပါ။ တူတော်လက်ခံပါတယ်.. ငြင်းလို့မှမရပဲ.. "
" တူတော်က အလုပ်ထဲ စိတ်ရောက်နေလို့ပါ..။ တူတော်လည်းလက်ခံတာပဲ.. မင်္ဂလာကိစ္စကို ဒီအတိုင်းပဲ စီစဉ်ကျတာပေါ့..။ အချိန်တောင်ဆယ့်တစ်နာရီထိုးနေပြီ..။ အစောတို့လည်း ဗိုက်ဆာပေါ့..။ လာလာ ထမင်စားရအောင်.. "
ဟုတ်ပါသည်။ စိုင်းထွဋ်ခေါင်၏အတွေးတို့သည် မင်္ဂလာပွဲထံတွင်မရှိ။ စကားပြောဝိုင်းတွင်လည်း မရှိ။ အလည်ရောက်သွားသော အတွေးတို့သည် နန္ဒဆီကိုသာ..။
သူ.. ဘယ်လိုခံစားနေရမလဲ...။ မမြင်ကွယ်ရာ တစ်နေရာက ကြည့်နေပြီး ကျိတ်များငိုနေလား။ စိတ်များနာနေမလား။ စိတ်နာလည်း နာပါစေလေ..။ အနည်းဆုံးတော့ ကိုယ့်အတွက်နဲ့ သူနောက်ထပ် မနာကျင်ရတော့ဘူးပေါ့..။
စိုင်းထွဋ်ခေါင်၏ မှန်းဆမှုသည် မှန်ပါသည်။ မှန်သည်ဟု ဆိုသော်ငြား အားလုံးမဟုတ်ပေ။ တချို့သာမှန်ပါသည်။ တချို့သည်က လွဲနေဆဲပင်။
နန္ဒသည် မမြင်ကွယ်ရာမှ ၎င်းမင်္ဂလာစကားဝိုင်းကို ကြည့်၍ ကြား၍ ကျိတ်သာငိုနေမိသည်။ စိတ်တော့မနာ..။ နှလုံးသားတို့သည်တော့ စို့နစ်လျက်..။ တသွင်သွင်စီးကျနေသာ မျက်ရည်များသည် သူ၏နာကျင်မှုသက်သေများပင်။ ပျော့ညံ့၍မဟုတ်.. ချစ်၍သာ..။
အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ခြင်းအတွက် ကျွန်တော့်ကို ပစ်ပယ်တယ်ပေါ့လေ..။ ရက်စက်လိုက်တာဗျာ..။
စောဒေဝီတို့ ပြန်သွားပြီးနောက် သခင်မကြီးနှစ်ဦးသည် မင်္ဂလာကိစ္စအား ကြေညာခဲ့သည်။ အိမ်တော်အတွင်းရှိလူတို့သည် မင်္ဂလာကိစ္စကြောင့် ပျော်နေကြသည်။ သို့သော် ထိုလူများထဲတွင် စိုင်းထွဋ်ခေါင်နှင့် နန္ဒမပါခဲ့...။
ကျွန်တော်နန္ဒသည် သခင်လေးအား မတွေ့ချင်။ တွေ့နေမြင်နေရပါက ချစ်သောစိတ်တို့သည် အတိုင်းအဆမရှိသည်ဖြစ်၍ ထိုစိတ်တို့ဖြင့် နှလုံးသားတို့သည်အဆိပ်သင့်ကာ နာကျင်လှပါသည်..။
ကျွန်တော်စိုင်းထွဋ်ခေါင်သည်လည်း နန္ဒကိုမတွေ့ချင်။ သူ.. မုန်းလက်စနှင့် ဆက်၍မုန်းပါစေ။ သူ၏မုန်းခြင်းကို လိုလားသော်လည်း လက်တွေ့တွင်မူ လက်မခံနိုင်။ သူ၏အချစ်တို့ဖြင့် နေသားကျနေသောမိမိသည် သူ၏အမုန်းတွင် နေသားကျမည်မဟုတ်သေးပေ...။
ချစ်သောသူနှင့် နီးလျက်ဝေးရကာ အချစ်မပါသော အိမ်ထောင်ရေးကို ဖြတ်သန်းရတော့မည် ဖြစ်သောကြောင့် နာကျင်နေရသည့်လူသားတစ်ဦး၏ ရင်ကွဲသံ....။
ချစ်ရသူသည် တခြားသောအမျိုးသမီးတစ်ဦးနှင့် လက်ဆက်ရန် မိမိအားပစ်ပယ်လိုက်သောကြောင့် နာကျင်နေရသည့် လူသားတစ်ဦး၏ ရင်ကွဲသံ...။
ရင်ကွဲသံတို့သည် ထပ်တူကျလျက်။ သက်ဆိုင်သူတို့၏ ရင်ထဲတွင်သာ ပဲ့တင်သံထပ်လျက်။ သို့သော်.. နှုတ်ဖျား၏ အပြင်ဘက်သို့ ထွက်မလာခဲ့..။
Advertisement
- In Serial43 Chapters
Working for Him
Sophia Parker has worked as a personal assistant to Adam Wilson for almost 2 years. She has acknowledged the fact that he will never notice her... as a woman. The best she can do is fight the attraction she feels for him, which is impossible because they work together closely every day! Little does she know that Mr. Wilson is also fighting this same attraction as well...Highest rankings#1 in CEO#173 in Romance#2 in Boss#2 in Office Romance#31 in Love#13 in Billionaire
8 318 - In Serial62 Chapters
Mirrored Cuts
Updates every Tuesday and Friday. Sarcastic, self-reliant, and scared, Andi is away from her abusive family for the first time in her life. When she joins her college campus's Emergency Medical Service, the only thing her father doesn't seem to have control over, she attempts to lose herself in her new life and forget about her past. A love triangle fraught with tension, a roommate that curses like a sailor in her sleep, and the brother she left behind are just a few things Andi is forced to confront. Mirrored Cuts is a new adult novel set in modern-day Pittsburgh. A story of what happens when you build with life's unstable blocks, it will appeal to fans of moral dilemmas, those who like themes of family and identity, and all fans of medical or police procedurals.
8 122 - In Serial29 Chapters
Hope: The Beast Mistress
After becoming the heroine of her village, Hope is ripped from her home by the terrifying lord Drake. Her special ability to tame animals makes her the perfect candidate to resolve his problem. The essence of the most powerful and cruel dragon resides inside him.Soon, Hope is intrigued by the man, being torn apart between love and hate. She doesn't know who is crueler, the man or the dragon. Will she be able to tame the Fire Dragon? Or will taming the man prove to be even harder?Drake is an exiled prince and a monster with a beast inside of him. Finding someone wild and bold who can wreak havoc in his life was something he never thought possible. Will he be able to cope with his new feelings?Be prepared for a roller coaster with romance, darkness, beasts, humor, blood, and gore. This story is also posted on Webnovel. It has more chapters there. Come to talk about this book on Discord: https://discord.gg/D8rNVYAV5G
8 284 - In Serial32 Chapters
One For Sorrrow [MxM]
His voice dropped a few octaves in a way that made my knees tremble and my body ache, "come here and I'll show you."Kellen Lacroix has suffered the past decade, trying to keep his family from the clutches of death. And at nineteen that's a lot of weight on his shoulders, especially when you add curses, three younger siblings, and magical beings hundreds of times stronger and wealthier than him. Life is hard and Kellen would do anything to keep his family safe. But when a man comes to claim a life debt from his sister he must decide between taking her place and leaving his family alone to brave the harsh winter.Credit to @TheGreatBeginning for the BOMB ASS COVER.TRIGGER WARNING: VIOLENCE, GORE, LANGUAGE, EXPLICIT SEX SCENES, MxM
8 194 - In Serial49 Chapters
What's wrong with Secretary Kim? |TAETZU| |Completed|
Chou Tzuyu a very successful, young and beautiful CEO of one of the big companies of Asia. She never trust anyone easily, it's really difficult to pass her vibe check. People always consider her as rude, arrogant boss based on her cold look. But she is much more than what people think. She is in search for a Secretary who is trustable and is sincere in his work. Then comes bubbly, handsome looking Kim Taehyung who seems to be very cute and sweet but the reason why he is here to be Tzuyu's secretary is what he is hiding. Tzuyu feels their is something that he is hiding while working with him. Then their the question arises in her mind 'What's wrong with Secretary Kim?' Please forgive me if any grammatical and typo errors. Or just notify me so I can correct it.Highest ranking! #1 Taetzu #1 ChouTzuyu#1 Dahmin#3 Sakook#10 Bangtwice#1 Jinmina#9 NamsooStarted 24/07/2021 - 18/09/2021 CompletedSo here I come again with my second story. Hope you all like this and support me.
8 237 - In Serial33 Chapters
Forevermore | Hailee Steinfeld
Jayden Carter, a 25 year old pro athlete for the WNBA, is a shy and reserved woman due to her upbringing. Raised as a boy until her teenage years when she began to develop upper female anatomy, she was outcasted by many her age. Jayden used basketball as her escape from the reality of her broken family and life, working day and night until she was drafted by the Los Angeles Sparks at 21 years old. Although not fond of parties, Jayden gets invited to her best friends birthday, a party she can't miss. But when she takes a step outside to get some fresh air on the balcony, she finds a certain girl with long brown hair and green brown eyes doing just the same. #1 in haileesteinfeld #1 in steinfeld#2 in gxg#1 in gp#1 in lizzieolsen#1 in wnba#1 in lgbtfictionHailee Steinfeld x Original Character(G!P OC)
8 212

