《Amiss Prayer (Zawgyi&Unicode) [Completed]》Part-26 (ကြေကွဲခြင်း)
Advertisement
For Unicode
ကြေကွဲခြင်း
ဖိတ်ခေါ်ခြင်းမရှိဘဲ ၀င်လာမိသည့်သခင်လေးအခန်း..။ ပုံမှန်နှိုးရလေ့ရှိသော သခင်လေးသည် ဒီနေ့တွင်စောစောနိုးလျက်..။ တည်ကြည်နေသော သခင်လေးသည် ရွှေရောင်၀တ်စုံကို ၀တ်ဆင်ထားသည်။ ခါးတွင်လည်း ပန်းရောင်ပုဝါစအရှည်ကို ဆင်မြန်းထားပြီး ခန့်ညားမှုအပြည့်နှင့်...။
ယခင်က မိမိ၀င်လာလျှင် မိမိအားမသာယာမှုတို့ကြီးစိုးနေသော မျက်နှာဖြင့်ကြည့်နေတတ်သည်။ ယခုတွင်မူ သခင်လေး၏မျက်နှာတွင် မိမိအားမနှစ်သက်သောအရိပ်အယောင်များမတွေ့ရ။ ထို့နည်းတူ နှစ်သက်နေသောအရိပ်အယောင်များလည်းမတွေ့ရ။ တစ်စုံတစ်ခု.. ထူးဆန်းနေပါသည်။
အိမ်တော်တွင်လည်း အလုပ်သမားများသည် ယခင်ကထက် ပို၍အလုပ်ရှုပ်နေကြသည်။ စာကောင်းသောက်ဖွယ်များကိုလည်း ယခင်နေ့များထက် ပို၍ပြင်ဆင်ထားသည်။ သခင်မကြီးတို့မှာလည်း ယခင်ကဆိုလျှင် ခုနှစ်နာရီမထိုးခင်တည်းက အိမ်တော်ထဲတွင်တွေ့ရသည်။ ယနေ့တွင်မူ အခန်းထဲမှထွက်မလာသေးပေ။ တစ်ခုခုထူးဆန်းနေသည်မှာ အသေချာပင်..။
သခင်လေးနှင့် အိမ်တော်ထဲရှိလူများ၏ ထူးဆန်းနေမှုကို အဘယ်ကြောင့်ထူးဆန်းနေကြောင်း မိမိမသိခဲ့။ အလုပ်သမားချင်းတူလျက် မိမိကအဘယ်ကြောင့်မသိရပါသနည်း။ သခင်လေးအားမေးကြည့်လျှင် သင့်တော်မည်ဟု ဆုံးဖြတ်ကာ သခင်လေးအား မေးမြန်းခဲ့သည်။
" သခင်လေး... ဒီနေ့ထူးဆန်းတာတွေ အိမ်တော်ကြီးမှာရှိနေလို့လား.."
" ဘာလို့မေးတာလဲ..."
" ဘာရယ်တော့ မဟုတ်ပါဘူးသခင်လေး..။ သခင်လေးရော အိမ်တော်က လူတွေရော ထူးဆန်းနေလို့ပါ "
" ဘာကို ငါကထူးဆန်းနေလို့လဲ .."
" ထူးဆန်းတာပေါ့... အခုနောက်ပိုင်းဆို သခင်လေးက ကျွန်တော်၀င်လာတိုင်း မနှစ်သက်သလိုကြည့်တတ်တယ်လေ "
" တကယ်လည်း မနှစ်သက်ခဲ့လို့ကြည့်တာပေါ့.. "
ထိုစကားကိုကြားပြီးနောက် နန္ဒသည် တံမြက်စည်းလှဲနေရင်းပင် ခေတ္တရပ်သွားသည်။ မျက်နှာမှာမူ ၀မ်းနည်းနေသယောင်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ပြောင်းလဲသွားသော နန္ဒ၏မျက်နှာတွင် ရွဲ့ပြုံးလေးတစ်ခုဆင်မြန်းလိုက်ပြန်သည်။
ထိုအပြုံးလေးကိုကြည့်လျက် စိုင်းထွဋ်ခေါင်၏ နှလုံးသားတွင် ဖြစ်တည်လာသောစကားလေးတစ်ခွန်းမှာ ဤသို့သာ..။
မင်းက.. အဲဒီလိုအပြုံးလေးတွေနဲ့ သိပ်လှတယ်ကောင်လေး..။ မုန်းချင်စရာမကောင်းလောက်အောင်.. အနားမှာ အမြဲခေါ်ထားချင်အောင်လောက်ကို ဆွဲဆောင်နိုင်တယ်။
ထိုစကားကို နန္ဒမကြားခဲ့။ နန္ဒသည် ရွဲ့ပြုံးလေးတစ်ခု ဆင်မြန်းကာ စိုင်းထွဋ်ခေါင်အား ပြောလိုက်သည့်စကားသည် လှောင်နေသယောင်..။
" ဟက်... တကယ်ရောဟုတ်ရဲ့လား သခင်လေးရယ်။ အရင်က ဒီခန်းထဲမှာ အမှတ်တရတွေက အများကြီးနော်...။ အဲဒီအမှတ်တရတွေက ပြီးစလွယ်ကြီး နှစ်သက်ခြင်းမရှိဘဲ အစပြုခဲ့တာမဟုတ်ဘူးနော်။ သခင်လေး မေ့နေပြီလား..။ ကျွန်တော်ကတော့ မမေ့ဘူးရယ်..။ ဒီအခန်းထဲကိုရောက်တိုင်း သတိရလွန်းလို့.. ရူးတောင်ရူးချင်မိတယ်.. "
စကားပြောနေသည့် နန္ဒ၏မျက်နှာတွင် နှုတ်ခမ်းသည် ပြုံးနေလျက်.. မျက်၀န်းတို့တွင် အရည်ကြည်လေးများဥလျက်..။
ကောင်လေး အရမ်းခံစားနေရပြီလား.. မင်းနဲ့ထပ်တူ.. ကိုယ်လည်းနာကျင်နေရတယ်ကောင်လေး..။
ရင်ကွဲသံမှာ ထိုသို့ဖြစ်သော်လည်း ထိုစကားလုံးသည် ရင်ထဲတွင်သာရှိနေသည်။ နှုတ်ဖျားမှ ပုံဖော်ခဲ့ခြင်းမရှိ။ ထွက်လာသည့် စကားလုံးတို့သည် ရင်တွင်းသံနှင့်တခြားစီ..။
" မိုက်ရူးရဲဆန်မှုနဲ့ ဆန္ဒတစ်ခုကြောင့် ဖြစ်တည်လာတဲ့ အမှတ်တရတွေက အမြဲသိမ်းဆည်းထားဖို့ မထိုက်တန်ဘူး နန္ဒ.. "
" အမြဲသိမ်းဆည်းထားရင်ရော... ဘာတွေဆက်ဖြစ်မှာလဲဟင်..."
" မလိုလားအပ်တဲ့ခံစားမှုတွေက မင်းရင်ထဲမှာစုအောင်းလာပြီး နာကျင်နေလိမ့်မယ်.. "
မျက်၀န်းထဲမှ အရည်ကြည်လေးသည် ဥနေရုံသာမဟုတ်တော့။ ပြည့်လျှံရစ်သိုင်းလာကာ ပါးပြင်ထက်တွင် မျက်ရည်ချောင်းလေးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုမျက်ရည်တို့ဖြင့်ဆိုလိုက်သည့် သူ၏စကားသည် သနားဖွယ်အတိ..။
" မှန်လိုက်တာဗျာ... တကယ်မှန်တယ်.. ကျွန်တော်လေ အဲဒီခံစားမှုတွေကြောင့် အခုအရမ်းနာကျင်နေရတယ်ဗျ.. သခင်လေးသိရဲ့လား "
" သိလို့လည်း နောက်ဆုတ်ဖို့တိုက်တွန်းနေတယ် နန္ဒ။ ရှေ့ဆက်မတိုးပါနဲ့... မင်းအတွက် အဆုံးသတ်က သိပ်လှမှာမဟုတ်လို့.. ဆက်မတိုးလာပါနဲ့..။ မင်းသိချင်တာက ဒီနေ့ အိမ်တော်ကလူတွေရဲ့ ရှုပ်ထွေးမှုကိုသိချင်တာမဟုတ်လား...။ မကြာခင်မင်းသိရမှာပါ..။ မနေ့ညကမှ ရုတ်တရက်ကြီး ကြေညာလိုက်ရလို့ မင်းမသိခဲ့တာ..။ သိပ်သိချင်ရင်တော့ မနက်ဆယ်နာရီထိုးရင် ဒီအိမ်တော်ထဲမှာ ရှိနေလိုက်ပါ..။ အခုတော့ မယ်မယ်တို့စောင့်နေလောက်ပြီမို့.. ငါဆင်းတော့မယ်.. "
ကျန်ရစ်ခဲ့သူကိုလှည့်မကြည့်... ထွက်သွားသော စိုင်းထွဋ်ခေါင်သည် နန္ဒ၏အမြင်ထဲတွင် ပြတ်သားလွန်းသူ.. ရက်စက်လွန်းသူဟု မြင်နေမည်။ သို့သော် စိုင်းထွဋ်ခေါင်၏ နှလုံးသားထဲတွင် နာကျင်မှုဆူးတို့ စိုက်၀င်နေသည်ကို မည်သူမျှမသိ..။ ဟန်ဆောင်ကောင်းလှစွာ..။
ထို့နောက် စိုင်းထွဋ်ခေါင်သည် ပုံမှန်ထက် ပို၍တိတ်ဆိတ်နေသော မနက်စာ စာဝိုင်းကို မိသားစု၀င်တို့နှင့်အတူ စားသုံးခဲ့သည်။
ယနေ့စားသုံးခဲ့သည့် မနက်စာသည် အရသာမရှိ။ အစားအစာတို့သည် အရသာမရှိသည်မဟုတ်..။ အစားအစာတို့၏အရသာသည် လျှာပေါ်တွင်သာရှိနေသည်။ ဦးနှောက်ထဲတွင်မူ ဤအစားအစာသည် ချိုကြောင်း ငံကြောင်း မသိ...။
ရှေ့ဆက်၍ မချစ်သောသူနှင့်မည်သို့ဖြတ်သန်းရမည်နည်းကိုတွေးလျက် စိတ်ညစ်မှုတို့ကြီးစိုးနေသောကြောင့် အစားအစာတို့ထံတွင် အာရုံမရောက်နိုင်ဖြစ်နေသည်။
ထို့နောက် ဧည့်ခန်းငယ်တွင် မိသားစုသုံးဦးသည် တိတ်ဆိတ်စွာ ထိုင်နေပြန်သည်။ သခင်မကြီးဒေါ်နန်းသီရိသည် သားတော်မျက်နှာကို တကြည့်ကြည့်နှင့်။ သားတော်မျက်နှာမလန်း၍ သူသည်လည်းမရွှင်မပျဖြစ်နေသည်။
သခင်မကြီး ဒေါ်နန်းသီတာမှာမူ မည်သူ၏မျက်နှာကိုမှမကြည့်။ ကြေမုံနေ့စဉ်သတင်းစာကိုသာ အာရုံစိုက်နေသည်။ မျက်နှာတွင်လည်း မည်သည့်စိုးရိမ်မှု ခံစားမှုတို့မျှမရှိ.. တည်ကြည်လှသည်။
မနက်ဆယ်နာရီချိန်သို့ ရောက်လာသောအခါ အိမ်တော်သို့ ရွှေဧည့်သည်တော်များ ရောက်လာသည်။ သခင်မကြီးနှစ်ဦးအဖို့ရာ ရွှေဖြင့်တင်စားအပ်သော ဧည့်သည်ဖြစ်သော်လည်း နန္ဒနှင့် စိုင်းထွဋ်ခေါင်အတွက်မူ ရွှေနှင့်မတင်စားအပ်သော ဧည့်သည်များသာဖြစ်သည်။
Advertisement
၀င်လာသောဧည့်သည်တော်တို့သည်လည်း သခင်မကြီးနှစ်ဦးနှင့်အပြိုင် လှပနေကြသည်။ ဧည့်သည်တို့မှာ တခြားသူများမဟုတ်..။ ဒေါ်စောဒေဝီနှင့် သမီးဖြစ်သူ စောကလျာတို့သာ ဖြစ်သည်။
၀င်လာသော ဧည့်သည့်နှစ်ဦးသည် အပြုံးပန်းများဝေဆာလျက်ရှိနေသည်။ ထို့နောက် ဒေါ်စောဒေဝီက စကားစဆိုသည်။
" ကျွန်မတို့ရောက်လာတာ နောက်ကျသွားလားဟင် "
" မဟုတ်တာ... စောတောင်စောနေပါသေးတယ်ကွယ်.. လာလာ ထိုင်ကြ "
" ဒီညီအစ်မတွေ... လှနေလိုက်တာကွယ်..."
" အချင်းချင်းတွေ မြှောက်နေပြန်ပါပြီ.. အစောတို့က ပိုလှတာပါကွယ်.. သမီးလေးဆိုလည်း လှနေရောကွယ်.. "
" ချီးကျူးမှုကို မခံယူဝံ့ပါဘူးမယ်မယ်.."
ထိုစကားကိုကြားပြီးနောက် စိုင်းထွဋ်ခေါင်၏ အလိုမကျမှုတို့သည် ပေါက်ကွဲထွက်တော့မည့်အလား..။
ရဲတင်လွန်းလိုက်လေခြင်း.. မယ်မယ်တဲ့လား.. ဒီလိုတောင် လွယ်လွယ်နဲ့ခေါ်ရဲနေတာလား။ အင်းလေ.. အခေါ်ခံရသူတွေကလည်း ခေါ်ခွင့်ပေးထားတာကို.. မယ်မယ်တို့သဘောတော်အရပေါ့..။
လူကြီးများနှင့် စောကလျာတို့သည် အလှဆုံးပြုံးလျက်..။ စိုင်းထွဋ်ခေါင်မျက်နှာသည်မူ တည်လျက်..။
" စိုင်းလေးက လူချောလေးပါလား.. အမေတူသားမို့လို့ ဒီလောက်ချောနေတာဖြစ်မယ်.. "
စိုင်းထွဋ်ခေါင်အား ချီးကျူးသယောင်နှင့် သခင်မကြီးဒေါ်နန်းသီရိကို မြှောက်ပင့်နေသော စကားကြားပြီးသည့်နောက် စိုင်းထွဋ်ခေါင်သည် ၀တ္တရားအရသာ ပြန်ပြုံးပြခဲ့သည်။ သို့သော် အပြုံးများတွင် အသက်မပါ..။ ထို့နောက် ဒေါ်နန်းသီတာသည် လာရင်းကိစ္စအတွက် စကားလမ်းကြောင်း စတင်ဖောက်လိုက်သည်။
" ချီးကျူးတာတွေပြီးပြီဆိုတော့... လာရင်းကိစ္စလေးပြောရအောင်... "
" လာရင်းကိစ္စကတော့ ခက်ခက်ခဲခဲမရှိပါဘူး.. ကလေးတွေကလည်း လက်ခံတယ်ဆိုတော့.. နှစ်အိမ့်တစ်အိမ်ဖြစ်မယ့်ကိစ္စကို အမြန်ဆုံးအကောင်အထည်ဖော်စေချင်တယ်...။ ဒီကဆွေကြီးမျိုးကြီးတွေနဲ့ ဆွေမျိုးတော်ချင်လှပြီ.. "
" အစောရယ်.. တော်ရမှာပေါ့.. အမြန်ဆုံးတော်ရအောင် နေ့ကောင်းရက်မြတ်လေး ရွေးရအောင်ကွယ်.."
" နေ့ကောင်းရက်မြတ်ရွေးဖို့က ကျွန်မတို့ ယုံကြည်ရတဲ့ ဆရာမတစ်ယောက်ရှိတယ်..။ သူ့ကို ကလေးတွေရဲ့ ဇာတာကိုပါ တွက်ချက်ခိုင်းရင်း မေးမြန်းရင် မကောင်းဘူးလား.. "
" အို.. သိပ်အဆင်ပြေတာပေါ့အစောရယ်.. သူ့ဆီသွားမယ့်နေ့ကိုသာ ပြောပါတော့.. "
" ဒီတစ်ပတ် စနေနေ့ သွားရအောင်.. "
" အစောတို့သဘောပါကွယ်... "
" နှစ်အိမ့်တစ်အိမ် မင်္ဂလာပေါင်းကူးတံတားလေး လုပ်ရတော့မယ်ကွယ်..။ ကျွန်မဖြင့်၀မ်းသာလိုက်တာ..။ ကျွန်မသမီးလေးကိုလည်း ယုံကြည်ရတဲ့သူတွေလက်ထဲပဲ အပ်ချင်ခဲ့တာ.. အခုမှပဲစိတ်အေးရတော့တယ်.. "
" အစောသမီးလေးအတွက် စိတ်ချပါကွယ်.. အစောသမီးလေးက ကျွန်မတို့ရဲ့ချွေးမလေးဆိုတော့ ကျွန်မတို့ရဲ့ သမီးလေးပဲပေါ့..။ စိတ်ချစိတ်ချ...ကျွန်မတို့စောင့်ရှောက်မယ်.. "
" နေ့ကောင်းရက်မြတ်ရွေးတာတော့ ဟုတ်ပါရဲ့.. မင်္ဂလာဆောင်ရင်ရော.. ဘယ်လိုလုပ်မှာလဲ "
" ကျွန်မတို့ရဲ့ဓလေ့ရိုးရာအတိုင်း ဆောင်စေချင်တယ်အစော..။ သိပ်အကြီးအကျယ်တော့ မလုပ်ရဲဘူး... ခေတ်ကြီးက မကောင်းတော့လေ.."
" ဟုတ်ပါရဲ့... ကျွန်မလက်ခံပါတယ်.. ဒါနဲ့ သားနဲ့သမီးကရော... ဘယ်လိုသဘောရလဲ.. "
" မေမေတို့သဘောတိုင်းပါပဲ.."
မေးသူသည် စောကလျာနှင့် စိုင်းထွဋ်ခေါင်ကို မေးခြင်းဖြစ်သော်လည်း ပြန်ဖြေသူသည် စောကလျာတစ်ယောက်တည်းသာ ဖြစ်နေသည်။ စိုင်းထွဋ်ခေါင်မျက်နှာသည်လည်း တစ်စုံတစ်ရာသော ပျော်ရွှင်မှုမရှိ။ တည်နေသည်။ ထို့ကြောင့် စောဒေဝီ မျက်နှာအနည်းငယ်ပျက်သွားသည်။
စောဒေဝီ၏မျက်နှာပျက်မှုကို မြင်လိုက်သော ဒေါ်နန်းသီတာသည် စိုင်းထွဋ်ခေါင်အား ပြန်ဖြေရန် သတိပေးလိုက်သည်။
" တူတော်... မေးနေတယ်.. ဖြေလိုက်လေ...။ ဒီကလေးနှယ်.. ဘာတွေ အတွေးလွန်နေတာလဲ။ မင်္ဂလာရှိတဲ့အချိန်မှာ မင်္ဂလာရှိတဲ့အကြောင်းတွေးနေတာများလား.. "
" အရီးတော်က တူတော်ရဲ့စိတ်ကိုဖတ်တဲ့နေရာမှာ ဒီတစ်ခါတော့ လိုသွားပြီထင်တယ်..။ တူတော်အတွေးနယ်ကျွံသွားတာ တခြားကိစ္စပါ..။ မင်္ဂလာပွဲကိုတော့ မယ်မယ်နဲ့အရီးတော်တို့ အလိုကျစီစဉ်ပါ။ တူတော်လက်ခံပါတယ်.. ငြင်းလို့မှမရပဲ.. "
" တူတော်က အလုပ်ထဲ စိတ်ရောက်နေလို့ပါ..။ တူတော်လည်းလက်ခံတာပဲ.. မင်္ဂလာကိစ္စကို ဒီအတိုင်းပဲ စီစဉ်ကျတာပေါ့..။ အချိန်တောင်ဆယ့်တစ်နာရီထိုးနေပြီ..။ အစောတို့လည်း ဗိုက်ဆာပေါ့..။ လာလာ ထမင်စားရအောင်.. "
ဟုတ်ပါသည်။ စိုင်းထွဋ်ခေါင်၏အတွေးတို့သည် မင်္ဂလာပွဲထံတွင်မရှိ။ စကားပြောဝိုင်းတွင်လည်း မရှိ။ အလည်ရောက်သွားသော အတွေးတို့သည် နန္ဒဆီကိုသာ..။
သူ.. ဘယ်လိုခံစားနေရမလဲ...။ မမြင်ကွယ်ရာ တစ်နေရာက ကြည့်နေပြီး ကျိတ်များငိုနေလား။ စိတ်များနာနေမလား။ စိတ်နာလည်း နာပါစေလေ..။ အနည်းဆုံးတော့ ကိုယ့်အတွက်နဲ့ သူနောက်ထပ် မနာကျင်ရတော့ဘူးပေါ့..။
စိုင်းထွဋ်ခေါင်၏ မှန်းဆမှုသည် မှန်ပါသည်။ မှန်သည်ဟု ဆိုသော်ငြား အားလုံးမဟုတ်ပေ။ တချို့သာမှန်ပါသည်။ တချို့သည်က လွဲနေဆဲပင်။
နန္ဒသည် မမြင်ကွယ်ရာမှ ၎င်းမင်္ဂလာစကားဝိုင်းကို ကြည့်၍ ကြား၍ ကျိတ်သာငိုနေမိသည်။ စိတ်တော့မနာ..။ နှလုံးသားတို့သည်တော့ စို့နစ်လျက်..။ တသွင်သွင်စီးကျနေသာ မျက်ရည်များသည် သူ၏နာကျင်မှုသက်သေများပင်။ ပျော့ညံ့၍မဟုတ်.. ချစ်၍သာ..။
အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ခြင်းအတွက် ကျွန်တော့်ကို ပစ်ပယ်တယ်ပေါ့လေ..။ ရက်စက်လိုက်တာဗျာ..။
စောဒေဝီတို့ ပြန်သွားပြီးနောက် သခင်မကြီးနှစ်ဦးသည် မင်္ဂလာကိစ္စအား ကြေညာခဲ့သည်။ အိမ်တော်အတွင်းရှိလူတို့သည် မင်္ဂလာကိစ္စကြောင့် ပျော်နေကြသည်။ သို့သော် ထိုလူများထဲတွင် စိုင်းထွဋ်ခေါင်နှင့် နန္ဒမပါခဲ့...။
ကျွန်တော်နန္ဒသည် သခင်လေးအား မတွေ့ချင်။ တွေ့နေမြင်နေရပါက ချစ်သောစိတ်တို့သည် အတိုင်းအဆမရှိသည်ဖြစ်၍ ထိုစိတ်တို့ဖြင့် နှလုံးသားတို့သည်အဆိပ်သင့်ကာ နာကျင်လှပါသည်..။
ကျွန်တော်စိုင်းထွဋ်ခေါင်သည်လည်း နန္ဒကိုမတွေ့ချင်။ သူ.. မုန်းလက်စနှင့် ဆက်၍မုန်းပါစေ။ သူ၏မုန်းခြင်းကို လိုလားသော်လည်း လက်တွေ့တွင်မူ လက်မခံနိုင်။ သူ၏အချစ်တို့ဖြင့် နေသားကျနေသောမိမိသည် သူ၏အမုန်းတွင် နေသားကျမည်မဟုတ်သေးပေ...။
ချစ်သောသူနှင့် နီးလျက်ဝေးရကာ အချစ်မပါသော အိမ်ထောင်ရေးကို ဖြတ်သန်းရတော့မည် ဖြစ်သောကြောင့် နာကျင်နေရသည့်လူသားတစ်ဦး၏ ရင်ကွဲသံ....။
ချစ်ရသူသည် တခြားသောအမျိုးသမီးတစ်ဦးနှင့် လက်ဆက်ရန် မိမိအားပစ်ပယ်လိုက်သောကြောင့် နာကျင်နေရသည့် လူသားတစ်ဦး၏ ရင်ကွဲသံ...။
ရင်ကွဲသံတို့သည် ထပ်တူကျလျက်။ သက်ဆိုင်သူတို့၏ ရင်ထဲတွင်သာ ပဲ့တင်သံထပ်လျက်။ သို့သော်.. နှုတ်ဖျား၏ အပြင်ဘက်သို့ ထွက်မလာခဲ့..။
Advertisement
- In Serial22 Chapters
Shatterpact
Currently on Hiatus while undergoing edits/tweaks. All Celia wanted was to make tasty sandwiches for a friend's baby shower. When her cooking endeavors summon a demon in her kitchen, Celia thinks sending him back to his home will be the end of their story and that she'll be able to return to her mundane life. Unfortunately for her, getting him out of her head isn't so easy, and she isn't as normal as either of them thought.
8 340 - In Serial14 Chapters
Tsukiko-chan & Taiyou-kun
Tsukiko was a happy and cheerful girl, and what she feared the most was to be alone. When her friends left, she found herself like that. But she never thought the kid she decided to talk by chance would change her life.
8 159 - In Serial48 Chapters
The ice queen and the nobody
the future marquise is unfairly prosecuted by her fiancé the prince and was going to be sentenced to a life of slavery if it were not for a shy young nobleman who asked for mercy, which as a twist of fate they accepted his mercy sending him and her as spouses to administer a ruined land on the borders of the kingdom. "I will be posting this story on scribblehub.com too" "I will be posting this story on webnovel.com too" Timeline: the false master of death (sequel) | not related The folly of a failed magician (sequel) | not related Hunger of affection (sequel)| not related 7 envoid of the end (sequel) | insignificant related
8 121 - In Serial19 Chapters
DELICATE || TEWKESBURY [1]
➘ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 y/n, a young lady born with vast feminine grace tangled in a gamble of life desired to change the way she lived with two unexpected people aiming for the very same. Will they make it together? Or will their dreams be nothing but unreachable desires? COMPLETE. VISCOUNT TEWKESBURY X READER. ENOLA HOLMES 2O2O.
8 142 - In Serial39 Chapters
His Betrayal
Annabelle isn't your typical 17 year old werewolf. For starters she hasn't even shifted yet. Her parents believe that since she hasn't yet found her mate it might be what's causing the problem.So they send her away, to her grandparents pack where the soon-to-be mysterious Alpha is not yet mated....What are the chances of him being the one?And even if he was....Even if she did fall hopelessly in love with him....Would the betrayal be worth it in the end?
8 313 - In Serial8 Chapters
Forbidden But Pure
Belle has never been good at English, but will her new teacher change that? (Lesbian TeacherXStudent)(I don't promote TeacherXStudent relationships, I just enjoy writing about them.)
8 151