《Amiss Prayer (Zawgyi&Unicode) [Completed]》Part-25(ပင်ပန်းမှု)
Advertisement
For Unicode
ပင်ပန်းမှု
တိုင်ပင်ဆွေးနွေးခြင်းမရှိ.. သူတို့၏သဘောအတိုင်းဆောင်ရွက်မည့် အချစ်မပါသော အိမ်ထောင်ရေး..။ ပေါ့ပျက်ပျက်နှင့် ခြောက်ကပ်ကပ်နိုင်လှသည်။
မချစ်ရသူနှင့် ပေါင်းဖက်ရသည်ထက် ချစ်ရသူနှင့် ကွေကွင်းခြင်းသည် ပို၍နာကျင်ရသည်။ ရှေ့ဆက်ဖို့ရာလည်းမဖြစ်နိုင်..။ မိမိမှာလည်း မိသားစုနှင့်.. သူ့မှာလည်း ဘ၀နှင့်...။ ထိုအတားအဆီးများသာ မရှိခဲ့လျှင် မိမိနှင့်သူ ရှေ့ဆက်၍ရင်ဆိုင်မိဦးမည်ထင်သည်။
ဤသည်ကို ကောင်လေးနားမလည်။ မိမိ၏အခက်အခဲကို ကောင်လေးမသိ...။ သိရန်လည်းမပြောပြချင်..။ မိမိအပူများသူထံသို့ မကူးလို..။ မိမိကြောင့် သူ၏နှလုံးသား နာကျင်နေကို သိပါသည်။ သို့သော် ဘ၀တစ်ခုလုံးဆုံးရှုံးရမည်ထက် ပို၍သင့်တော်ပါသေးသည်။ ထို့ကြောင့်သာ သူ့ကိုကြည့်နေခွင့်သာ ရတော့မည်။ စဉ်းစားမိရုံနှင့် အလွန်စိတ်ပျက်စရာကောင်းလှသည်။ နှလုံးသားသည် မွန်းကျပ်လှလေသည်။
မွန်းကျပ်မှုတို့ ပြေပျောက်လို ပြေပျောက်ငြား ဆေးလိပ်ကိုဖွာမိသည်။ ဆေးလိပ်တစ်ချက်ဖွာ၍ ရှူထုတ်လိုက်သည့် အငွေ့များထဲတွင် မွန်းကျပ်မှုတို့ ပါသွားလျှင် မည်မျှကောင်းလိုက်မည်နည်း။
ဆေးလိပ်သည် နှုတ်ဖျားပေါ်တွင်သာနေရာယူထားသည်။ ရှိုက်လိုက်သောအခါ အဆုတ်ကိုတော့ထိနေမည်။ သို့သော် နှလုံးသား၏အနက်ရှိုင်းဆုံးနေရာသို့ မရောက်..။ ထို့ကြောင့်သာ မွန်းကျပ်မှုတို့သည့် ပါသွားရန် အကြောင်းမရှိ။ ထိုအချိန်မှစကာ ဆေးလိပ်သောက်လျှင် စိတ်ညစ်မှုတို့ကို အနည်းငယ်သက်သာစေသည်ဟူသော အများလက်ခံမှုအား ကျွန်တော်လက်မခံတော့ပေ။
ကျွန်တော့်၏ မွန်းကျပ်မှုကိုဖြေဖျောက်ရန်အတွက်မူ နှလုံးသား၏အနက်ရှိုင်းဆုံး နေရာအထိ ရောက်နိုင်သူသာလိုအပ်သည်။ လိုအပ်သူသည် တခြားသူမဟုတ်ပေ။ နန္ဒသာဖြစ်သည်။ သို့သော် ကောင်လေးကို မွန်းကျပ်မှုတို့အား ထုတ်မပြောရက်။ မွန်းကျပ်မှုကို ဖြေဖျောက်ရန် ချစ်ရသူအား မိမိဘ၀ထဲသို့ ဆွဲမခေါ်ရက်..။
ချစ်ရသူပျော်ရွှင်ပါစေတော့..
ထိုသို့ဖြင့် စိုင်းထွဋ်ခေါင်၏အတွေးငယ်တို့သည် နန္ဒထံသို့အလည်သွားမိသည်။ အလည်သွားမှုလွန်ခြင်းကြောင့်ပင် သူ၏ဘေးတွင် နန္ဒရောက်နေသည်ကို သတိမထားမိခဲ့။ နန္ဒသည်လည်း စိုင်းထွဋ်ခေါင်၏လက်ထဲမှ ဆေးလိပ်ကို ရုတ်တရက်လုယူလိုက်ကာ စိုင်းထွဋ်ခေါင်နှင့် စကားပြောခဲ့သည်။
“ မသောက်ဖူးဘဲ ဘာလို့သောက်နေတာလဲသခင်လေး.. “
“ ငါမသောက်ဖူးဘူးလို့ မင်းကိုဘယ်သူပြောသလဲ”
“ မပြောပေမဲ့ သိနေတယ်လေဗျာ..။ ဒီကိုပြန်ရောက်ကတည်းက သခင်လေးဆေးလိပ်သောက်တာကို ကျွန်တော်မမြင်ဖူးပါဘူး။ ဘာလဲ... စိတ်ညစ်စရာတွေရှိနေလို့လား.. “
“ စိတ်ညစ်တိုင်း ဆေးလိပ်သောက်ရမယ်လို့ မင်းကိုဘယ်သူပြောလဲ.. “
“ ကြားမိတာပါ... တချို့လူတွေက သောက်စမရှိဘဲ ရုတ်တရက်ထသောက်ရင် စိတ်ညစ်တာတွေကို ဖြေဖျောက်ချင်လို့သောက်တာတဲ့လေ..။ ရှူထုတ်လိုက်တဲ့ အငွေ့တွေထဲမှာ စိတ်ညစ်စရာတွေများ ပါသွားမလားဆိုတဲ့ ကလေးအသိနဲ့ပေါ့..။ အဲဒီမှာ လူတွေ အ တာကို တစ်ချက်သိသွားတာပဲ..။ ဆေးလိပ်သောက်တာက အဆုတ်ကိုတော့ ရောက်ပါရဲ့ နှလုံးသားရဲ့အတွင်းနက်နက်ထိကိုတော့ မရောက်ဘူးလေ..။ မရောက်တဲ့အတွက်.. စိတ်ညစ်မှုတွေကလည်း ရှူထုတ်လိုက်တဲ့အငွေ့တွေထဲမှာ ပါသွားစရာ အကြောင်းမှမရှိတာ..။ အဲဒါကို သိပ်မတွေးမိဘူးထင်တယ်..။ အဲဒီလို ကလေးဆန်ဆန် တွေးတဲ့လူတွေထဲမှာ သခင်လေးကို မပါစေချင်လို့ ဆေးလိပ်သောက်တာကို တမင်တားလိုက်တာလေ.. “
“ အဲဒီတော့.. မင်းက ငါ့ကို ကလေးဆန်ဆန်တွေးနေတယ်လို့ ပြောချင်တာလား..”
“ အဲဒါကတော့... သခင်ရဲ့ အတွေးပေါ်မှာ မူတည်နေတယ်.. “
“ အကုန်သိသလိုလိုနဲ့.. ဘာလို့ သူများအကြောင်းတွေကို စွပ်စွဲနေတာလဲနန္ဒ “
“ မစွပ်စွဲရဲပါဘူးဗျာ.. မစွပ်စွဲခဲ့ရင်တောင်မှ အစကတည်းက သခင်လေးရဲ့မျက်နှာကို ကျွန်တော်က အရိပ်တကြည့်ကြည့်နဲ့ ချစ်ခဲ့ရတာမို့လို့ သခင်လေးမျက်နှာပေါ်က မသာယာမှုတွေကိုကြည့်တာနဲ့ ဒီရင်ဘတ်ကြီးထဲက သခင်လေးစိတ်ညစ်နေတာကို အလိုလိုသိတယ်.. “
ရင်ဘတ်ကိုလက်ဖြင့်ထုကာ စကားပြောနေသော မိမိ၏အကြည်ဓာတ်လေးသည် အချစ်အတွက် အရာရာကိုရင်ဆိုင်ရန် အသင့်ရှိသည့် သတ္တိခဲလူသားလေးပင်ဖြစ်သည်။ မိမိသည်က ထိုသို့မဟုတ်။ သူနာကျင်မည့် ကိစ္စအဖို့ရာ သတ္တိမရှိခဲ့။
ထို့ကဲ့သို့ မိမိ၏စိတ်ကို အတွင်းကျကျ သိနေသော ကောင်လေးသည်သာလျှင် မိမိ၏မွန်းကျပ်မှုတို့ကို သက်သာစေမည်။ ထိုအကြောင်းကို သူမသိ..။မိမိသည် မည်သို့သောအကြောင်းကြောင့် စိတ်ညစ်ရသည်ကိုလည်း သူမသိခဲ့ပေ။ ဖွင့်ပြောရန်လည်း အဆင်မပြေခဲ့ပေ။ မိမိ၏ အပူသောကများကို သူ့အား ထုတ်၍ မပြောချင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့်သာ သူ၏စကားအား ဆက်၍ဟန်ဆောင်ကာ ငြင်းဆိုရဦးမည်။
“ ငါက ဆေးလိပ်ကို ကြိုက်လို့သောက်တာဆိုရင်ရော..”
“ မဖြစ်နိုင်တာဗျာ.. ကျန်းမာရေးလိုက်စားတဲ့သခင်လေးက ဆေးလိပ်သောက်တာကို ကြိုက်တယ်တဲ့လား “
“ ကြိုက်လို့သောက်တာပေါ့.. မကြိုက်ဘဲနဲ့.. ဘာလို့သောက်နေမှာလဲ.. “
“ ကြိုက်တယ်ပေါ့.. ဆေးလိပ်က မကောင်းမှန်းသိရဲ့နဲ့တောင် ကြိုက်တယ်ပေါ့.. “
“ အင်း.. “
“ ဒါဆို... ကျွန်တော်အဖြစ်က ဆေးလိပ်နှစ်သက်သူနဲ့ တူနေတာပေါ့နော်...။ ဆေးလိပ်နှစ်သက်သူတွေအတွက် ဆေးလိပ်က အဆိပ်ဖြစ်နေတာကို သိရဲ့နဲ့တောင် ဆေးလိပ်ကို လက်မလွှတ်နိုင်သလိုပဲ.. ကျွန်တော့်အတွက်.. သခင်လေးရဲ့အချစ်က အဆိပ်သင့်အချစ်မှန်း သိရဲ့နဲ့တောင်.. အခုချိန်ထိ လက်မလွှတ်နိုင်သေးဘူးရယ်..။ ဒီရင်ထဲမှာ သိမ်းထားတုန်းပဲ “
“ လက်လွှတ်လိုက်ပါ နန္ဒ.. “
“ ဟင့်အင်း... အဆိပ်ပင်လေးရှင်သန်ပါစေတော့..။ နှလုံးသားထဲမှာ အမြစ်တွယ်နေမယ့်အတူတူ မနှုတ်ဘဲ ဒီအတိုင်း ရှင်သန်ခွင့်ပေးလိုက်တာက ကျွန်တော့်အတွက် ပိုအဆင်ပြေလို့ပါ.. “
Advertisement
မပျိုးသင့်တဲ့အဆိပ်ပင်ကို မပျိုးပါနဲ့တော့လား.. မင်းအရမ်းနာကျင်နေရတော့မှာပဲ ကောင်လေးရယ်..။ မနက်ဖြန်ကြားရတော့မယ့် မင်္ဂလာသတင်းက မင်းနှလုံးသားအတွက် အမင်္ဂလာသတင်းဖြစ်နိုင်တယ်။
မျက်ရည်တို့သည် မျက်၀န်းထဲတွင်သာဥနေသည့် ပါးပြင်ပေါ်သို့ကျမလာခဲ့..။ အဝေးရှိ တောင်တန်းတို့ကိုကြည့်လျက် တည်ကြည်စွာပြောနေသည့် ကောင်လေးသည် ဆွေးမြေ့မှုအပြည့်နှင့်..။ သူ၏ဆွေးမြေ့မှုတို့သည် မိမိကိုယ်ပါ ကူးစက်စေပြန်သည်။
တောင်တန်းတို့ကို ငေးကြည့်လျက် ပြောနေသော နန္ဒ၏အချစ်သစ္စာသည် တောင်တန်းကဲ့သို့ ကြီးမားခိုင်မာတည်တံ့နေသည်ကို ရည်ညွှန်းကြောင်း စိုင်းထွဋ်ခေါင်မသိခဲ့ချေ...။
For Zawgyi
ပင္ပန္းမႈ
တိုင္ပင္ေဆြးေႏြးျခင္းမရွိ.. သူတို႔၏သေဘာအတိုင္းေဆာင္႐ြက္မည့္ အခ်စ္မပါေသာ အိမ္ေထာင္ေရး..။ ေပါ့ပ်က္ပ်က္ႏွင့္ ေျခာက္ကပ္ကပ္ႏိုင္လွသည္။
မခ်စ္ရသူႏွင့္ ေပါင္းဖက္ရသည္ထက္ ခ်စ္ရသူႏွင့္ ေကြကြင္းျခင္းသည္ ပို၍နာက်င္ရသည္။ ေရွ႕ဆက္ဖို႔ရာလည္းမျဖစ္ႏိုင္..။ မိမိမွာလည္း မိသားစုႏွင့္.. သူ႔မွာလည္း ဘ၀ႏွင့္...။ ထိုအတားအဆီးမ်ားသာ မရွိခဲ့လွ်င္ မိမိႏွင့္သူ ေရွ႕ဆက္၍ရင္ဆိုင္မိဦးမည္ထင္သည္။
ဤသည္ကို ေကာင္ေလးနားမလည္။ မိမိ၏အခက္အခဲကို ေကာင္ေလးမသိ...။ သိရန္လည္းမေျပာျပခ်င္..။ မိမိအပူမ်ားသူထံသို႔ မကူးလို..။ မိမိေၾကာင့္ သူ၏ႏွလုံးသား နာက်င္ေနကို သိပါသည္။ သို႔ေသာ္ ဘ၀တစ္ခုလုံးဆုံးရႈံးရမည္ထက္ ပို၍သင့္ေတာ္ပါေသးသည္။ ထို႔ေၾကာင့္သာ သူ႔ကိုၾကည့္ေနခြင့္သာ ရေတာ့မည္။ စဥ္းစားမိ႐ုံႏွင့္ အလြန္စိတ္ပ်က္စရာေကာင္းလွသည္။ ႏွလုံးသားသည္ မြန္းက်ပ္လွေလသည္။
မြန္းက်ပ္မႈတို႔ ေျပေပ်ာက္လို ေျပေပ်ာက္ျငား ေဆးလိပ္ကိုဖြာမိသည္။ ေဆးလိပ္တစ္ခ်က္ဖြာ၍ ရွဴထုတ္လိုက္သည့္ အေငြ႕မ်ားထဲတြင္ မြန္းက်ပ္မႈတို႔ ပါသြားလွ်င္ မည္မွ်ေကာင္းလိုက္မည္နည္း။
ေဆးလိပ္သည္ ႏႈတ္ဖ်ားေပၚတြင္သာေနရာယူထားသည္။ ရႈိက္လိုက္ေသာအခါ အဆုတ္ကိုေတာ့ထိေနမည္။ သို႔ေသာ္ ႏွလုံးသား၏အနက္ရႈိင္းဆုံးေနရာသို႔ မေရာက္..။ ထို႔ေၾကာင့္သာ မြန္းက်ပ္မႈတို႔သည့္ ပါသြားရန္ အေၾကာင္းမရွိ။ ထိုအခ်ိန္မွစကာ ေဆးလိပ္ေသာက္လွ်င္ စိတ္ညစ္မႈတို႔ကို အနည္းငယ္သက္သာေစသည္ဟူေသာ အမ်ားလက္ခံမႈအား ကြၽန္ေတာ္လက္မခံေတာ့ေပ။
ကြၽန္ေတာ့္၏ မြန္းက်ပ္မႈကိုေျဖေဖ်ာက္ရန္အတြက္မူ ႏွလုံးသား၏အနက္ရႈိင္းဆုံး ေနရာအထိ ေရာက္ႏိုင္သူသာလိုအပ္သည္။ လိုအပ္သူသည္ တျခားသူမဟုတ္ေပ။ နႏၵသာျဖစ္သည္။ သို႔ေသာ္ ေကာင္ေလးကို မြန္းက်ပ္မႈတို႔အား ထုတ္မေျပာရက္။ မြန္းက်ပ္မႈကို ေျဖေဖ်ာက္ရန္ ခ်စ္ရသူအား မိမိဘ၀ထဲသို႔ ဆြဲမေခၚရက္..။
ခ်စ္ရသူေပ်ာ္႐ႊင္ပါေစေတာ့..
ထိုသို႔ျဖင့္ စိုင္းထြဋ္ေခါင္၏အေတြးငယ္တို႔သည္ နႏၵထံသို႔အလည္သြားမိသည္။ အလည္သြားမႈလြန္ျခင္းေၾကာင့္ပင္ သူ၏ေဘးတြင္ နႏၵေရာက္ေနသည္ကို သတိမထားမိခဲ့။ နႏၵသည္လည္း စိုင္းထြဋ္ေခါင္၏လက္ထဲမွ ေဆးလိပ္ကို ႐ုတ္တရက္လုယူလိုက္ကာ စိုင္းထြဋ္ေခါင္ႏွင့္ စကားေျပာခဲ့သည္။
“ မေသာက္ဖူးဘဲ ဘာလို႔ေသာက္ေနတာလဲသခင္ေလး.. “
“ ငါမေသာက္ဖူးဘူးလို႔ မင္းကိုဘယ္သူေျပာသလဲ”
“ မေျပာေပမဲ့ သိေနတယ္ေလဗ်ာ..။ ဒီကိုျပန္ေရာက္ကတည္းက သခင္ေလးေဆးလိပ္ေသာက္တာကို ကြၽန္ေတာ္မျမင္ဖူးပါဘူး။ ဘာလဲ... စိတ္ညစ္စရာေတြရွိေနလို႔လား.. “
“ စိတ္ညစ္တိုင္း ေဆးလိပ္ေသာက္ရမယ္လို႔ မင္းကိုဘယ္သူေျပာလဲ.. “
“ ၾကားမိတာပါ... တခ်ိဳ႕လူေတြက ေသာက္စမရွိဘဲ ႐ုတ္တရက္ထေသာက္ရင္ စိတ္ညစ္တာေတြကို ေျဖေဖ်ာက္ခ်င္လို႔ေသာက္တာတဲ့ေလ..။ ရွဴထုတ္လိုက္တဲ့ အေငြ႕ေတြထဲမွာ စိတ္ညစ္စရာေတြမ်ား ပါသြားမလားဆိုတဲ့ ကေလးအသိနဲ႔ေပါ့..။ အဲဒီမွာ လူေတြ အ တာကို တစ္ခ်က္သိသြားတာပဲ..။ ေဆးလိပ္ေသာက္တာက အဆုတ္ကိုေတာ့ ေရာက္ပါရဲ႕ ႏွလုံးသားရဲ႕အတြင္းနက္နက္ထိကိုေတာ့ မေရာက္ဘူးေလ..။ မေရာက္တဲ့အတြက္.. စိတ္ညစ္မႈေတြကလည္း ရွဴထုတ္လိုက္တဲ့အေငြ႕ေတြထဲမွာ ပါသြားစရာ အေၾကာင္းမွမရွိတာ..။ အဲဒါကို သိပ္မေတြးမိဘူးထင္တယ္..။ အဲဒီလို ကေလးဆန္ဆန္ ေတြးတဲ့လူေတြထဲမွာ သခင္ေလးကို မပါေစခ်င္လို႔ ေဆးလိပ္ေသာက္တာကို တမင္တားလိုက္တာေလ.. “
“ အဲဒီေတာ့.. မင္းက ငါ့ကို ကေလးဆန္ဆန္ေတြးေနတယ္လို႔ ေျပာခ်င္တာလား..”
“ အဲဒါကေတာ့... သခင္ရဲ႕ အေတြးေပၚမွာ မူတည္ေနတယ္.. “
“ အကုန္သိသလိုလိုနဲ႔.. ဘာလို႔ သူမ်ားအေၾကာင္းေတြကို စြပ္စြဲေနတာလဲနႏၵ “
“ မစြပ္စြဲရဲပါဘူးဗ်ာ.. မစြပ္စြဲခဲ့ရင္ေတာင္မွ အစကတည္းက သခင္ေလးရဲ႕မ်က္ႏွာကို ကြၽန္ေတာ္က အရိပ္တၾကည့္ၾကည့္နဲ႔ ခ်စ္ခဲ့ရတာမို႔လို႔ သခင္ေလးမ်က္ႏွာေပၚက မသာယာမႈေတြကိုၾကည့္တာနဲ႔ ဒီရင္ဘတ္ႀကီးထဲက သခင္ေလးစိတ္ညစ္ေနတာကို အလိုလိုသိတယ္.. “
ရင္ဘတ္ကိုလက္ျဖင့္ထုကာ စကားေျပာေနေသာ မိမိ၏အၾကည္ဓာတ္ေလးသည္ အခ်စ္အတြက္ အရာရာကိုရင္ဆိုင္ရန္ အသင့္ရွိသည့္ သတၱိခဲလူသားေလးပင္ျဖစ္သည္။ မိမိသည္က ထိုသို႔မဟုတ္။ သူနာက်င္မည့္ ကိစၥအဖို႔ရာ သတၱိမရွိခဲ့။
ထို႔ကဲ့သို႔ မိမိ၏စိတ္ကို အတြင္းက်က် သိေနေသာ ေကာင္ေလးသည္သာလွ်င္ မိမိ၏မြန္းက်ပ္မႈတို႔ကို သက္သာေစမည္။ ထိုအေၾကာင္းကို သူမသိ..။မိမိသည္ မည္သို႔ေသာအေၾကာင္းေၾကာင့္ စိတ္ညစ္ရသည္ကိုလည္း သူမသိခဲ့ေပ။ ဖြင့္ေျပာရန္လည္း အဆင္မေျပခဲ့ေပ။ မိမိ၏ အပူေသာကမ်ားကို သူ႔အား ထုတ္၍ မေျပာခ်င္ေသာေၾကာင့္ျဖစ္သည္။ ထို႔ေၾကာင့္သာ သူ၏စကားအား ဆက္၍ဟန္ေဆာင္ကာ ျငင္းဆိုရဦးမည္။
“ ငါက ေဆးလိပ္ကို ႀကိဳက္လို႔ေသာက္တာဆိုရင္ေရာ..”
“ မျဖစ္ႏိုင္တာဗ်ာ.. က်န္းမာေရးလိုက္စားတဲ့သခင္ေလးက ေဆးလိပ္ေသာက္တာကို ႀကိဳက္တယ္တဲ့လား “
“ ႀကိဳက္လို႔ေသာက္တာေပါ့.. မႀကိဳက္ဘဲနဲ႔.. ဘာလို႔ေသာက္ေနမွာလဲ.. “
“ ႀကိဳက္တယ္ေပါ့.. ေဆးလိပ္က မေကာင္းမွန္းသိရဲ႕နဲ႔ေတာင္ ႀကိဳက္တယ္ေပါ့.. “
“ အင္း.. “
“ ဒါဆို... ကြၽန္ေတာ္အျဖစ္က ေဆးလိပ္ႏွစ္သက္သူနဲ႔ တူေနတာေပါ့ေနာ္...။ ေဆးလိပ္ႏွစ္သက္သူေတြအတြက္ ေဆးလိပ္က အဆိပ္ျဖစ္ေနတာကို သိရဲ႕နဲ႔ေတာင္ ေဆးလိပ္ကို လက္မလႊတ္ႏိုင္သလိုပဲ.. ကြၽန္ေတာ့္အတြက္.. သခင္ေလးရဲ႕အခ်စ္က အဆိပ္သင့္အခ်စ္မွန္း သိရဲ႕နဲ႔ေတာင္.. အခုခ်ိန္ထိ လက္မလႊတ္ႏိုင္ေသးဘူးရယ္..။ ဒီရင္ထဲမွာ သိမ္းထားတုန္းပဲ “
“ လက္လႊတ္လိုက္ပါ နႏၵ.. “
“ ဟင့္အင္း... အဆိပ္ပင္ေလးရွင္သန္ပါေစေတာ့..။ ႏွလုံးသားထဲမွာ အျမစ္တြယ္ေနမယ့္အတူတူ မႏႈတ္ဘဲ ဒီအတိုင္း ရွင္သန္ခြင့္ေပးလိုက္တာက ကြၽန္ေတာ့္အတြက္ ပိုအဆင္ေျပလို႔ပါ.. “
မပ်ိဳးသင့္တဲ့အဆိပ္ပင္ကို မပ်ိဳးပါနဲ႔ေတာ့လား.. မင္းအရမ္းနာက်င္ေနရေတာ့မွာပဲ ေကာင္ေလးရယ္..။ မနက္ျဖန္ၾကားရေတာ့မယ့္ မဂၤလာသတင္းက မင္းႏွလုံးသားအတြက္ အမဂၤလာသတင္းျဖစ္ႏိုင္တယ္။
မ်က္ရည္တို႔သည္ မ်က္၀န္းထဲတြင္သာဥေနသည့္ ပါးျပင္ေပၚသို႔က်မလာခဲ့..။ အေဝးရွိ ေတာင္တန္းတို႔ကိုၾကည့္လ်က္ တည္ၾကည္စြာေျပာေနသည့္ ေကာင္ေလးသည္ ေဆြးေျမ့မႈအျပည့္ႏွင့္..။ သူ၏ေဆြးေျမ့မႈတို႔သည္ မိမိကိုယ္ပါ ကူးစက္ေစျပန္သည္။
ေတာင္တန္းတို႔ကို ေငးၾကည့္လ်က္ ေျပာေနေသာ နႏၵ၏အခ်စ္သစၥာသည္ ေတာင္တန္းကဲ့သို႔ ႀကီးမားခိုင္မာတည္တံ့ေနသည္ကို ရည္ၫႊန္းေၾကာင္း စိုင္းထြဋ္ေခါင္မသိခဲ့ေခ်...။
Advertisement
- In Serial22 Chapters
A Portrait Of A Witch
How Would A Person See the World Filled With no Faces? Would God Even Hear the wish of poor man's Soul? One And Many Wears Mask More Than Few Are Used. And Yet Here I Am Your Lost little Lamb Not Knowing Where to Go? As one of the many that haven't seen the Worlds of the Cruel. But I, Your little lamb you can't even love. I A person Who wished to be loved. I Who Desire's To be Loved I Who wished for your Grace. Yet Even The Near of My Death why Can't you shine your Radiant Light. I Cursed you and World I Once Love You the Once I Trust yet the Anger and Wrath That Shrouded my Hearth. And Yet I Who Prays For You yet Again. I who wish to be Loved I Who wished to be blessed with your light I who begs For Your Grace why Can't My Love Reach You're Heart.
8 119 - In Serial19 Chapters
When I met you in the summer
Ken a high school student who is kind of an introvert meets Hana a bright girl with a troubled present. They decide to be friends after Ken makes his move and slowly but surely they get to know each other.
8 316 - In Serial23 Chapters
Disillusioned - (Volturi Kings) Light Carries On Endlessly Even After Death
Lyra Cullen had always been a sheep amongst a pack of wolves.Lyra Williams was a weak girl in front of her cruel parents.Lyra Cullen was a weak girl in front of her vampire family.Lyra Cullen was weak in front of Laurent.Lyra Cullen was weak in front of the wolves.Lyra Cullen was weak.Lyra Volturi, was not.
8 77 - In Serial43 Chapters
SHE Will Be Loved (VSoo Fanfic)
"Never CHEAT on someone who would've fought against the world for you. KARMA is a bitch" -Surgeo BellHighest Rank: #1 in "vsoo fanfiction" #1 in "taesoo fanfiction"
8 128 - In Serial27 Chapters
What's wrong with Mr. Kim? [Kim Taehyung FF]
Genre: Romantic ComedyThis story revolves around a perfect boss and his not so perfect secretary. Both of them find each other very annoying and intolerable yet they can't let go of each other. Will their professional life remain totally professional or they're gonna make it spicy with love, lust and jealousy? What's that one thing which doesn't let them get distanced from each other?(Partly inspired from Korean Drama- What's wrong with Secretary Kim?)Are you tired of reading cold, rude and mean boss's stories? Why not give a try to my story?Warning⚠️: Contains smut and mature content!
8 274 - In Serial31 Chapters
THE DEMON KINGS SURROGATE : The Witches Hour
| COMPLETED||UNDER MAJOR EDITING|First book of the {UNEARTHLY SERIES} Also🖤Book one of the DEMON KING TRILOGY 🖤--Mature Content (18+)--He was dark , powerful, and above all that difficult.His presence screamed dominance. Just a year ago he shows up demanding I'd birth him two sons. I'm just a twenty-two year old college student living my best "normal" life until my parents told me something they'd be keeping from me since I was seven."You're a witch."Those three words not only changed my life forever but gave me a hint of who I really was after all, I am the Demon King's surrogate."You were mine the moment you said you'd carry my children."You're life would surely changed to after finding out your apart of a long line of powerful witches/warlocks and that you'd have to soon carry the future king or queen of liaison.#1 in Witches&Warlocks
8 145

