《Amiss Prayer (Zawgyi&Unicode) [Completed]》Part-22 (ခေတ္တအလည်)
Advertisement
For Unicode
ခေတ္တအလည်
နန္ဒဆွဲလက်စ ပန်းချီကားလေးကို ယူလာကာ စိုင်းထွဋ်ခေါင်သည် အခန်းထဲသို့ပြန်လာခဲ့သည်။ ထိုပန်းချီကားလေးအား မှန်ဘောင်တစ်ခုထဲသို့ထည့်ကာ သိမ်းဆည်းပြီးနောက် ထိုပန်းချီကားလေးကိုကြည့်ကာ တစ်ယောက်တည်းသာ စကားပြောမိသည်။
ကောင်လေးဆွဲထားသည့် ပန်းချီကားသည် သပ်ရက်မှုအပြည့်နှင့် ခန့်ညားလို့နေသည်။ သူ၏လက်စွမ်းကြောင့် မိမိသည် ပန်းချီကားထဲတွင် ရှိရင်းစွဲအသက်ထက် ပို၍နုနေသယောင် ပို၍ခန့်ညားနေသယောင်။
မင်းသိပ်တော်တယ် ကောင်လေး...။ ပန်းချီဆွဲတဲ့နေရာမှာလည်း သိပ်တော်တယ်။ ကိုယ့်ကို ချစ်တတ်အောင်သင်ပေးတဲ့နေရာမှာလည်း သိပ်တော်နေပြန်ရော။ ကိုယ့်ကို ဝေခွဲမရတဲ့ ခံစားချက်တွေပေးတဲ့နေမှာလည်း တကယ်တော်နေတယ်။ အခုလိုသိပ်တော်နေတဲ့ မင်းလေးက ကိုယ့်လိုသတ္တိမရှိတဲ့လူနဲ့ မထိုက်တန်ဘူးနော်။ မင်းကိုလေ.. ပိုင်ဆိုင်ချင်တာပေါ့။ သိပ်ကိုပိုင်ဆိုင်ချင်တာပေါ့။ မင်းလက်ကိုကိုင်ပြီး အတူတူရင်ဆိုင်ချင်တာပေါ့။ ဒါပေမဲ့ မဖြစ်နိုင်ဘူးထင်တယ်ကောင်လေး။ မင်းနာကျင်မှာကိုစိုးရိမ်တဲ့ ကိုယ်ကရှေ့ဆက်ဖို့ မဝံ့ရဲဘူး...။ မဝံ့ရဲတာမို့ နောက်ဆုတ်ဖို့ ကြိုစားတိုင်း မင်းအပိုင်ဒီနှလုံးသားလေးက နာကျင်စွာ အပြစ်ပေးတယ်ကောင်လေး။ အပြစ်ပေးလည်း ခံယူရမှာပေါ့...။ မင်းလေးကို ကစားသလိုဖြစ်ခဲ့တာကို။
တစ်ခါတလေ မသဲမကွဲတွေဖြစ်နေတယ်ကောင်လေး။ မင်းက ကိုယ်ပိုင်ဆိုင်တဲ့ ကျွန်အမှတ်အသားတစ်ခုဖြစ်နေပေမဲ့ နှလုံးသားထဲမှာတော့ မင်းက အရှင်သခင်ဖြစ်နေတယ်..။ ဒီနှလုံးသားက မင်းကိုမလွန်ဆန်နိုင်ဘူး..။ အရမ်းခက်ခဲနေတယ် ကောင်လေးရယ်..။ မင်းကိုမြင်နေရဲ့နဲ့ မေ့ဖို့ကြိုးစားရတာ တကယ်ခက်ခဲတယ်..။
ထိုသို့စိုင်းထွဋ်ခေါင်၏ ခက်ခဲမှုကို နန္ဒမသိခဲ့။ ထိုနည်းတူ နန္ဒ၏ နာကျင်မှုကိုလည်း စိုင်းထွဋ်ခေါင်မသိခဲ့။
တကယ်ပဲ အပြောင်းလဲမြန်ခဲ့တာလားသခင်လေး။ ကျွန်တော်မြတ်နိုးခဲ့ရတဲ့ သခင်လေးမှ ဟုတ်ရဲ့လားလို့တောင် အတွေး၀င်မိတယ်။ သခင်လေးသာ ဒီလောက် အပြောင်းလဲမြန်ဆန်မယ်မှန်းသိခဲ့ရင် ကျွန်တော့်နှလုံးသားကို သခင်လေးအတွက် မပေးဆပ်ခဲ့ပါဘူး။ အခုတော့ ပေးဆပ်ပြီးသား နှလုံးသားကို ပြန်ယူဖို့ကြိုးစားလို့လည်း မရတော့ဘူးလေ။ ကျွန်တော် ဘာဆက်လုပ်ရမလဲ သခင်လေး။ ကျွန်တော်ကို အလိုမရှိတဲ့ သခင်လေးအနားမှာ ကပ်တွယ်နေရတာ ပင်ပန်းတယ်။ ပင်ပန်းလို့ ထွက်သွားဖို့ ကြိုးစားတဲ့အခါလည်း ဒီနှလုံးသားက နာကျင်လိုက်တာဗျာ။
ရှေ့ဆက်၍ရသည့်အဆုံး နောက်ဆုတ်ရန် ကိုယ်စီကြိုးစားကြရာတွင် ၎င်းတို့နှစ်ဦးသားလုံး၏ နှလုံးသားတို့ကို ချည်နှောင်ထားသော ၁၅၀၀အမည်ရှိ အချစ်ကြိုးလေးသည် ခိုင်မာလွန်းလှ၏။ အလွန်မာကျောသော ကျောက်သားတို့သည် ရေတိုက်စားခြင်း ဖြင့်ပျက်စီးတန်ကောင်း ပျက်စီးလိမ့်မည်။ သို့သော် နူးညံ့သယောင်နှင့် ခိုင်မာလှသော ထိုကြိုးလေးသည် အကောင်အထည်မရှိ...။ တခြားသူတို့လည်းမမြင်ရ..။ မမြင်ရသောကြောင့် မည်သူကမျှ ဖျက်ဆီး၍မရ..။ သက်ဆိုင်သူတို့သာ သိသောကြောင့် မည်သည့်အရာမှ တိုက်စားခြင်းပြု၍မရ.. ဖျက်ဆီး၍မရ...။ သက်ဆိုင်သူတို့သည်လည်း ဖြတ်တောက်ရန် ခဲယဉ်းလှစွာ။
ယနေ့သည် ဝါခေါင်လဆုတ်ခုနှစ်ရက်။ နန္ဒ၏ အသက် ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့
လူတိုင်းလိုလို ကျန်တဲ့ရက်များကို ပျော်ရွှင်စွာ မဖြတ်သန်းရရင်တောင် မွေးနေ့လေးတွေကိုတော့ အပျော်ရွှင်ရဆုံးလေး ဖြတ်သန်းချင်ခဲ့မှာပဲ။ ကျွန်တော်လည်းအတူတူပဲ ကျွန်တော့်မွေးနေ့လေးကို ပျော်ရွှင်မှုလေးနဲ့သာ ဖြတ်သန်းချင်တယ်။ ဖြစ်နိုင်ပါတော့မလား။
ကျွန်တော့်၏အပျော်ရွှင်ရဆုံးအချိန်ကို ကျွန်တာ်ချစ်ရသောလူသား သာလျှင် ဖန်တီးနိုင်ပေးမည်လေ။ ကျွန်တော်အချစ်ရဆုံးလူသားသည် အဘပြီးလျှင် သခင်လေးသာရှိသည်။
အဘကလည်း အလုပ်တစ်ဖက်နှင့်မို့မအား..။ သခင်လေးကလည်း ကျွန်တော်နှင့် အဆင်မပြေ...။ ယခုနှစ်မွေးနေ့လေးကိုလည်း တစ်ယောက်တည်းသာ ခြောက်ကပ်စွာ ဖြတ်သန်းရဦးမည်....။
တစ်ကိုယ်တည်း စိတ်ညစ်မှုတို့ စိုးမိုးနေချိန်၌ ကျွန်တော့်၏နောက်မှ လူတစ်ယောက်သည် အာဏာအပြည့်နှင့် အမိန့်ပေးသည့်လေသံဖြစ် စကားဆိုလာသည်။ ထိုသည် တခြားလူမဟုတ် ကျွန်တော်အနှစ်သက်ရဆုံး လူသားထဲမှ တစ်ယောက်အပါအ၀င်ဖြစ်သော သခင်လေးသာဖြစ်သည်။
“ နန္ဒ အ၀တ်အစားလဲထား.. ပြီးရင် ငါနဲ့ အပြင်လိုက်ရမယ် ကြားလား "
“ အမိန့်အတိုင်းပါ သခင်လေး..။ ဒါနဲ့ သခင်လေးက ဘယ်ကိုသွားမှာလဲ "
“ ဘုရားသွားမလို့... မယ်မယ်ခိုင်းထားတဲ့ကိစ္စလေးလည်းရှိနေလို့ "
“ ဟုတ်ကဲ့ သခင်လေး "
နောက်ဆုံးတွင် ကျွန်တော့်၏မွေးနေ့လေးကို ပျော်ရွှင်စွာဖြတ်သန်းရမည်ထင်သည်။ ဒီတစ်နေ့တာလုံး သခင်လေးဘေးနားတွင် ခစား၍ ကုန်ဆုံးရမည်ဖြစ်သည်။
ကိုယ့်မွေးနေ့လေးမှာ ကိုယ်ချစ်ရသူနဲ့ အတူဖြတ်သန်းရတာ ဘယ်လောက်တောင်ပျော်စရာကောင်းလိုက်မလဲ...။ မွေးနေ့လေးကို ပျော်ရွှင်စွာဖြတ်သန်းခွင့်ပေးမယ့် သခင်လေးကို တကယ်ကျေးဇူးတင်ပါတယ်။
စိုင်းထွဋ်ခေါင်၏ စိတ်ထဲတွင် မည်သို့သောအကြောင်းကိစ္စရှိမည်ကို နန္ဒမသိ။ စဉ်းစားခြင်းလည်းမရှိ။ ကိုယ်ပိုင်အတွေးငယ်နှင့်သာပျော်နေသော နန္ဒသည် စိုင်းထွဋ်ခေါင်ခေါ်ရခြင်း၏ ရည်ရွယ်ချက်ကို သေချာစွာမသိခဲ့။
လူတိုင်းလိုလို ကြုံဖူးကျမှာပါ။ လောကကြီးက ဖြစ်ချင်တာတွေကိုဖြစ်ခွင့်မပေးဘဲ မဖြစ်ချင်တာတွေဘဲ ဖြစ်ဖြစ်လာတတ်တာ။ တကယ်လိုများသာ နန္ဒအနေနဲ့ ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရတဲ့အခါ.. မမျှော်လင့်ထားတာတွေ ဖြစ်လာတဲ့အခါ ခံနိုင်ရည် ရှိပါ့မလား။
စိုင်းထွဋ်ခေါင်၏ ရည်ရွယ်ချက်ကို နန္ဒမသိ..။ ထို့အတူ ယနေ့သည် နန္ဒ၏မွေးနေ့ဖြစ်ကြောင်းကိုလည်း စိုင်းထွဋ်ခေါင်မသိခဲ့...။ ယနေ့သည် နန္ဒ၏မွေးနေ့ဖြစ်ကြောင်းကိုသာ စိုင်းထွဋ်ခေါင်သိခဲ့လျှင် ထိုသို့ရက်စက်လိမ့်မည်မဟုတ်။
သခင်လေးနှင့်အတူ သခင်လေးခေါ်ဆောင်ရာသို့လိုက်လာမိသည်။ လမ်းတစ်လျှောက်လုံးတွင်လည်း မည်သည့်စကားမျှမဆို ။ ပုံမှန်အနေထားထက် ပို၍တည်ငြိမ်သော သခင်လေးသည် ပို၍ခန့်ညားနေသည်။ သခင်လေး၏စိတ်ထဲတွင် လေးနက်စွာ တွေးနေသည့် အတွေးနယ်ပယ်ရှိနေခြင်းကြောင့် ဤသို့ တည်ငြိမ်နေကြောင်း ရိပ်မိပါသည်။ သို့သော် လေးနက်သောအတွေးတို့၏ တိကျသော အဖြေကို ကျွန်တော်မသိခဲ့။
Advertisement
ကားလေးဆိုက်ရောက်ရာနေရာသည် သီပေါမြို့၏ ကျက်သရေဆောင် သမိုင်း၀င် ဘော်ကြိုဘုရား ဖြစ်သည်။ ဘုရားရင်ပြင်တော်ပေါ်သို့ အတူနှစ်ကိုယ်တက်သွားသည်အထိ ကျွန်တော်တို့သည် သူစိမ်းသူများကဲ့သို့ မခေါ်မပြောခဲ့ ။ အဘယ်ကြောင့်များ သခင်လေး ဤမျှခက်ထန်နေကြောင်းကို စဉ်းစား၍မရသေးပေ။ မိမိမှာ ခေါ်ပြောချင်သော်လည်း လူမြင်ကွင်းတွင် အအော်ခံရမည်ကို စိုးသောကြောင့်တစ်ကြောင်း.. သခင်လေးစိတ်ရှုပ်သွားမည်ကို စိုးသောကြောင့်တစ်ကြောင်း မခေါ်ရဲခဲ့ပေ။
မခေါ်မပြောသော်လည်း နှစ်ဦးသားယှဉ်လျက်ဘုရားတွင် ပန်း၊ဆီမီး ကပ်လှူကာ ဆုတောင်းခဲ့သေးသည်။
ဘုရားတွင် ချစ်သူနှစ်ဦး အတူနှစ်ကိုယ် ဘုရား၀တ်ပြုရခြင်းကြောင့် နှစ်ဦးလုံး၏ ရင်ခုန်သံစည်းချက်တို့သည် တူညီနေလိမ့်မည်။ သို့သော်တစ်ယောက်သည် နွေးထွေးသောအပြုံးလေးကိုဖန်ဆင်းလျက် သူ၏ရင်ခုန်သံတို့အား သူ၏မျက်နှာတွင် ပုံဖော်ပြနေသည်။ ကျန်တစ်ယောက်မှာမူ ရင်ခုန်သံစည်းချက်တို့အား သူ၏အေးစက်နေသော မျက်နှာအမူအရာဖြင့်ဖုံးကွယ်ထားသည်။ နှစ်ဦးလုံး၏ရင်ခုန်သံတို့သည် ထပ်တူကျနေသောငြား နှစ်ဦးသားလုံး၏ ဆုတောင်းတို့သည် ထပ်တူကျခြင်းမရှိခဲ့။
“ ဘုရားတပည့်တော် ဤသို့ပြုရသော ကောင်းမှုကုသိုလ်စေတနာကြောင့် တပည့်တော်မေတ္တာသက်၀င်သော စိုင်းထွဋ်ခေါင်နှင့် ဘ၀ဆက်တိုင်း ဆုံစည်းရပါလို၏အရှင်ဘုရား "
ကျွန်တော့်ဆုတောင်းတွေပြည့်ချင်တယ် သခင်လေး။ ကျွန်တော့်ဘ၀မှာ ဆုတောင်းခဲတယ်..။ တော်ရုံကိစ္စမျိုးအတွက် တောင်းဆုခြွေနေရတာမျိုး ကျွန်တော်မလုပ်ဘူး။ ဒီအသက် ဒီအရွယ်အထိ ကျွန်တော်ဆုတောင်းဖူးတာ နှစ်ခုပဲရှိတယ်သခင်လေး။ ပထမဆုတောင်းကတော့ ကျွန်တော်တို့မိသားစုလေး တစ်သက်လုံး ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေချင်တယ်ဆိုပြီး ဆုတောင်းဖူးတယ်။ ဒါပေမဲ့ အဲဒီဆုတောင်းက မပြည့်ခဲ့ဘူး။ အခု ဒီဆုတောင်းလေးကိုတော့ ပြည့်စေချင်တယ်။ သခင်လေးကို အရမ်းချစ်ခဲ့ရတာမို့ ဒီဆုတောင်းလေးကိုတော့ ပြည့်စေချင်တယ်။
ထိုသို့ဆုတောင်းလေးပြည့်လို ပြည့်ငြားတောင်းဆုခြွေနေသည်မှာ နန္ဒတစ်ယောက်တည်းသာမဟုတ် ။ စိုင်းထွဋ်ခေါင်လည်း ပါ၀င်ခဲ့သည်။
“ အရှင်ဘုရား ဘုရားတပည့်တော် ဤသို့ပြုရသော ကောင်းမှုတော်ကြောင့် တပည့်တော်မြတ်နိုးရသော နန္ဒတစ်ယောက် ဘေးကင်းလို့ရန်ရှင်းပါစေဘုရား "
မိမိမြတ်နိုးရသောကောင်လေး ထိခိုက်နာကျင်မည်ကို စိုးရိမ်ပါသည်။ သို့သော် အခုအခြေအနေအရ မိမိသည် သူ့ကိုနာကျင်အောင် ဖန်တီးရမည်။
ထိုသူနှစ်ဦးသည် တောင်းဆုခြွေနေခြင်းမှာ တူသော်ငြား ဆုတောင်းများသည်ကမတူခဲ့ပေ။
ဘုရား၀တ်ပြုပြီးနောက် သခင်မကြီးဒေါ်နန်းသီရိစေခိုင်းထားသည့် အလုပ်ကိစ္စအချို့ကို ဆောင်ရွက်ပြီးနောက် နေ့လယ်စာစားခဲ့သည်။ နေ့လယ်စာစားချိန်တွင် စိုင်းထွဋ်ခေါင်နှင့်နန္ဒသည် ရှမ်းခေါက်ဆွဲမှာစားခဲ့သည်။ သတိမထားမိသည်က ခေါက်ဆွဲမှာနေချိန်တွင် တစ်ပွဲအား ကြက်သွန်မိတ် မထည့်ရန် မမှာမိခြင်းပင်ဖြစ်သည်။ ခေါက်ဆွဲရောက်လာမှသာ ပန်းကန်ထဲတွင် ကြက်သွန်မိတ်များပါလာသောကြောင့် စိုင်းထွဋ်ခေါင်သည် သက်ပြင်းချကာ စားပွဲထိုးအားခေါ်မည်အပြု နန္ဒသည် စိုင်းထွဋ်ခေါင်စားမည့် ခေါက်ဆွဲပန်းကန်ကိုယူကာ ကြက်သွန်မိတ်များကို သေချာစွာဖယ်ပေးနေသည်။ စားနေစဉ်တွင်လည်း ရေနွေးကို အဆင်သင့် ငှဲ့ထားပေးသည်။
ဤသို့ ကိုယ့်အလိုက် အကြိုက်ကို အလွန်သိတတ်လွန်းသည့် ကောင်လေးအား မည်သို့ မုန်းတီးစကားဆိုရမည်နည်း။ ခက်ခဲလှလေသည်။
အိမ်အပြန်လမ်းတွင် အိမ်သို့တိုက်ရိုက်မသွားခဲ့။ သီပေါမြို့၏နေ၀င်ဆည်းဆာအလှကို ကြည့်ရှုရန် သိမ်တောင်သို့သွားခဲ့သေးသည်။
တဖြည်းဖြည်း တောင်တန်းများ၏အနောက်သို့ ပုန်းကွယ်သွားသော နေမင်းကြီးကိုကြည့်လျက် တစ်နေ့တာပင်ပန်းသမျှကို ဖြေဖျောက်နေခဲ့သည်။ ထိုစဉ် သခင်လေးပြောလိုက်သည့် စကားသည် မိမိ၏ပင်ပန်းမှုတို့အား ပို၍တွန်းအားပေးသည့်နှယ်..။
“ ငါတို့.. ဒီမှာတင် အဆုံးသတ်ရအောင် နန္ဒ "
အတိုင်းအဆမရှိသော နာကျင်မှုသည် ရင်ထဲတွင် အတိ..။ လမ်းခွဲခြင်း၏အစကို မိမိမသိသောကြောင့် ဆောက်တည်ရာမရသော စိတ်တို့ဖြင့် မျက်ရည်များဝဲကာ သခင်လေးအား မေးခွန်းအချို့ မေးခဲ့သည်။
“ ဘာအတွက်လဲ ဘာကြောင့်လဲ... ပြောပါဦး "
“ မင်းကို ကစားရတာ ငြီးငွေ့လာပြီ "
“ ဟုတ်လား.. အဲဒါဆို ကျွန်တော့်မျက်လုံးကိုတည့်တည့်ကြည့်ပြီးပြောလေ "
“ ကလေးဆန်ဆန်အမူအရာတွေ မလုပ်စမ်းနဲ့နန္ဒ "
“ ကျွန်တော်က ကလေးဆန်တယ် ဟုတ်လား သခင်လေး...။ ဘယ်သူက ကလေးဆန်ဆန် စကားတွေပြောနေတာလဲ။ ကလေးတွေရန်ဖြစ်သလိုမျိုး အကြောင်းအရင်းမရှိဘဲ မင်းနဲ့မတည့်လို့ မင်းကိုမခေါ်ဘူး ဆိုသလိုပေါ့...။ အခု သခင်လေးကလည်း မင်းကိုကစားရတာ၀သွားလို့ မင်းကိုမချစ်ချင်တော့ဘူးဆိုပြီး ပြောနေတာလေ။ အဲဒါဆို ဘယ်သူကကလေးဆန်နေတာလဲ သခင်လေးသိမှာပါဗျာ..။ ချစ်ကြိုက်ခဲ့ပြီးမှ... နှလုံးသားကြီးရင်းပြီးမှ ခံစားချက်တွေပေးပြီးမှ လမ်းခွဲစကားကို ပြီးစလွယ်ပြောရအောင် ကျွန်တော်တို့အချစ်က ကလေးကစားပွဲမဟုတ်ဘူးလေ "
ကြည်စမျက်ရည်တို့သည်း ပါးငယ်ပေါ်တွင် ချောင်းလေးသဖွယ် စီးဆင်းလျက် ဆိုလာသည့် နန္ဒစကားတို့သည် မိမိ၏ နှလုံးသားအား ထိချက်ပြင်းပါသည်။ သို့သော် ဟန်ဆောင်ရဦးမည်သာ..။
“ ချစ်တယ်.. ဟုတ်လား ငါမင်းကိုချစ်တယ်လို့ပြောခဲ့ဖူးလား.. မင်းမှတ်ထား နန္ဒ.. ငါမင်းကိုမချစ်ခဲ့ဘူး။ ချစ်ဖို့လည်း မကြိုးစားခဲ့ဖူးဘူး...။ နောက်ပြီး မင်းထင်နေတဲ့အချစ်ဇာတ်လမ်းက မင်းရေးခဲ့တဲ့တစ်ဖက်သတ် ဇာတ်လမ်းတစ်ပုဒ် "
“ တစ်ဖက်သတ်... တစ်ဖက်သတ်တဲ့လား နေမကောင်းတဲ့အချိန် သခင်လေးကိုယ်တိုင်ပြုစုပေးခဲ့တာတွေက အိပ်မက်လား။ ပြောပါဦး... အဲဒါက အိပ်မက်ဆိုရင်လည်း မနိုးထသော အိပ်စက်ခြင်းမျိုးနဲ့ အိပ်စက်နေမိဦးမှာဗျ။ အိပ်ပျော်နေတဲ့နှလုံးသားကို လာနှိုးဆွခဲ့ပြီးတော့မှ လာနှိုးသူက သခင်လေးမဟုတ်ဘူးတဲ့လား...။ ထားပါ ကျွန်တော်တစ်ယောက်တည်း နိုးထခဲ့တယ်ထားပါတော့..။ တစ်ခုပဲ တောင်းဆိုချင်တယ်.. အခု ကျွန်တော့်ကိုမုန်းတယ်မဟုတ်လား ကျွန်တော်ကိုကြည့်ပြီး မုန်းတယ်လို့ ပြောပစ်လိုက်စမ်းပါဗျာ "
ထုတ်ပြော၍မရ။ တင်းထားသောစိတ်တို့သည် သူ၏ မျက်ရည်စတို့နှင့်အတူ မျောပါကုန်သည်။
“ ပြောလေ သခင်လေးရဲ့ ပြောပါ..။ မုန်းတယ်ဆို ကျွန်တော့်နှလုံးသားကို ကစားခဲ့ရတာ ကျေနပ်ရဲ့လား "
Advertisement
ကျေနပ်တာပေါ့ သိပ်ကျေနပ်ခဲ့တာလေ။ ပြောခဲ့ဖူးတယ်မဟုတ်လား နှလုံးသားတွေထပ်တူကျတဲ့အခါ နာကျင်မှုတွေကလည်း ထပ်တူကျတယ်ဆိုတာ..။ အဲဒါကြောင့် ကောင်လေးနဲ့ထပ်တူ ကိုယ်ပါနာကျင်နေရပြီလေ။
ပြောချင်နေသည့်စကားတို့သည် နှုတ်ဖျား၏ အပြင်ဘက်သို့ထွက်ကျမလာခဲ့။ ကောင်လေးကို မျှော်လင့်ချက်နှင့်အတူနာကျင်မှုများကို မပေးချင်တော့ပြီ။
“ ဘာလဲဗျာ မုန်းလားဆိုတော့လည်းမဟုတ်ဘူး။ ချစ်လာဆိုတော့လည်း လမ်းခွဲနေပြန်တယ်။ ကျွန်တော်ဘာလုပ်ရမှာလဲဟင် ပြောပါဦးသခင်လေးရဲ့.. ရူးတော့မလိုပဲ "
သူ့ကို ရက်စက်ချင်ပါသည်။ နာကြည်းမိစေရန် အမုန်းစကားလုံးတို့ သုံးနှုန်းချင်ပါသည်။ သို့သော် ဆောက်တည်ရာမရဖြစ်နေသည့် ကောင်လေး၏ပုံစံကိုကြည့်ရင်း ထပ်တူနာကျင်ရသည်မို့ စကားလုံးများသည် ပျောက်ရှကုန်လေသည်။
“ ကျွန်တော်လေ အရမ်းခက်ခဲခဲ့တာဗျ..။ သခင်လေးကိုချစ်မိတုန်းကလေ ကျွန်တော့်ကိုကျွန်တော် ရူးနေပြီလို့ထင်ခဲ့တာ။ စိတ်တွေဖောက်ပြားနေပြီလို့ထင်ခဲ့တာ..။ သခင်လေးကိုချစ်ကြောင်း၀န်ခံဖို့ အရမ်းခက်ခဲခဲ့တာဗျ..။ အခုတော့သခင်လေးက ဒီဇာတ်လမ်းကို လွယ်လွယ်လေးနဲ့ အဆုံးသတ်မှာတဲ့လား..။ ခက်ခဲခြင်းနဲ့အစပြုခဲ့တဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကအခုတော့ လွယ်လွယ်ကူကူနဲ့ အဆုံးသတ်မှာလား... ဟမ် "
ကိုယ့်အတွက်လည်း လွယ်ကူခြင်းမရှိတာကို မင်းမသိပါစေနဲ့တော့...။
“ ၀င်သွားတဲ့နေလုံးကြီးကို ကြည့်လိုက်နန္ဒ..။ ဒီလိုပဲ ငါတို့ရဲ့မပီပြင်ခဲ့တဲ့ဇာတ်လမ်းလေးကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားမှာပါ "
ထိုစကားကိုကြားပြီးသည်နှင့်တစ်ပြိုင်နက် ငြိမ်သက်သွားသည့် ထိုလူသားသည် မကြာသောအချိန်က မိမိကိုအော်ဟစ်နေသည့် လူသားမဟုတ်တော့သည့်နှယ်..။
ထို့နောက် မဲ့ပြုံးလေးဆင်မြန်းလာကာ ထိုလူသားဆိုသည့်စကားက..
“ သခင်လေး ပြန်နှင့်ပါ။ ကျွန်တော်ခဏနေလိုက်ဦးမယ် "
သူ့စိတ်တွေ လွတ်ကုန်တာတော့မဟုတ်ဘူးမဟုတ်လား။ ငိုနေရာက ရုတ်တရက်ကြီး အငိုတိတ်သွားတဲ့ကောင်လေးက ထူးဆန်းလွန်းတယ်။
ရက်စက်ချင်ပါလျက်နှင့် မရက်စက်နိုင်ခဲ့သည့် မိမိကိုယ်ကိုမိမိ မုန်းပါသည်။ သူ့ကိုနာကျင်စေရုံမှတစ်ပါး မည်သည်မျှမတတ်နိုင်သည့် မိမိကိုယ်ကိုမိမိ မုန်းလိုက်ပါသည်။ ရင်နှင့်အမျှချစ်ခဲ့ရသည်မို့ လက်တွေ့တွင် နှလုံးသားနှင့် ဆန့်ကျင်ဘက်စကားကိုဆိုရန် ခက်ခဲလှပါသည်။
စိုင်းထွဋ်ခေါင်သည် စိုးရိမ်မှုအပေါင်းနှင့် အိမ်ပြန်သွားပြီးနောက်.. နန္ဒသည် တဖြည်းဖြည်း၀င်သွားသည့်နေလုံးကြီးကို ကြည့်ကာ ဆိုလိုက်သည့် စကားက သူ၏တစ်ကိုယ်ရည် မျှော်လင့်ခြင်းရောင်ခြည်သာ..။
“ သခင်လေးသိရဲ့လား နေလုံးကြီးက ထာ၀ရပျောက်ကွယ်သွားတာမဟုတ်ဘူးဆိုတာ...။ ညတာမှာ ခေတ္တပုန်းနေပေမဲ့.. မနက်ခင်းတွေမှာ သူပြန်ပေါ်လာရမြဲပဲလေ...။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့မပီပြင်သေးတဲ့ ဇာတ်လမ်းလေးကလည်း နေ၀င်မှုလို ခေတ္တပျောက်ကွယ်ပေမဲ့ နေထွက်လာခြင်းလို ပီပြင်စွာ ပြန်လည်တည်ရှိနိုင်သေးမဟုတ်လား...။ ဟက်... မပြတ်သားလိုက်တာ သခင်လေးရာ "
သူကမျှော်လင့်ချက်မပေးသော်ငြား မိမိသည် တစ်စွန်းတစ်စသော မျှော်လင့်ချက်လေးကို လိုက်ရှာကာ စိတ်များလွတ်မထွက်သွားဖို့အရေး.. အားတင်နေမိသည်။ အဘယ့်ကြောင့်ဆိုသော် မိမိသည် သူ့အား ရူးမတတ် ချစ်မိသည်လေ..။
Advertisement
- In Serial16 Chapters
Black White Academy
In a place where an academy was divided into two, two factions were made, consisting of competitive students. Separated by colors, Black and White, students thus began discriminating against and fighting each other. An academy as big as a country, and a new world to all students, Black White Academy was the most prestigious world that can be found in the whole world. Position in the academy such as Student Council President, and so on, can equal the power of a senator in a country. The principal was the president while the teachers can act as vice presidents, secretaries, and treasurers. Between two factions, can love between two boys sprout despite the differences? "Well, I just want to be friends with you." "President Ren, let me be frank with you, did you like me?" Wen didn't like to take this thing further and just asked. Ren looked at Wen and felt somewhat hopeful. "Well, will President Wen will get mad at me if I indeed like you?" "Well, please stop that! I don't like men! And I feel disgusted with boy to boy, so it may be hurtful, but I'll never like you." "Well, so, that's why President Wen tried to avoid me? Did you feel uncomfortable?". "Well, yeah, because who wouldn't be like me?" "But I didn't do anything wrong or did I cross over the line, right?" "I guess so." "Since that's the case, we can still be friends, right?" "But... won't you get hurt?" "Well, that's should be my problem, right? And besides, I'm also happy when I'm together with you." Is it possible for those two to end up together? Or just be friends as Wen said?
8 153 - In Serial16 Chapters
Poetry
A collections of short poems I've written that have been building up in my google docs.
8 135 - In Serial53 Chapters
ballet sod
pre warning this is horrible cringy stuff i wrote ages ago꒰Gina goes to see a ballet show꒱ ↳ but what happens when she recognises one of the dancers? ༄ book 1/2 . ˚◞♡..⃗. story and wardrobe ❀
8 150 - In Serial54 Chapters
Soulmate Bonded: Jungkook xReader (feat. Namjoon)
Humans have soulmates. One touch and a bruise will mark them as bonded. They begin to need each other for energy to survive. You bond with Jungkook by touching his hand in the crowd.----If soulmates touch, they will both be marked with a bruise on their bodies wherever they first touched each other physically. Some humans never find their soulmates. But if you do, you begin to depend on touching each other for energy to survive.If you don't find whoever you bonded with in time... you die.If you can't stay together to give each other energy... you die.A universe in which you bond with Jeon Jungkook by touching his hand at a concert.-(This story also includes Namjoon's soulmate story.)--Highest Rankings:#1 in Fanfiction#1 in Jungkook#1 in xReader#1 in Kpop#1 in JeonJungkook#1 in Girlfriend#1 in Dating#1 in Soulmate#1 in Imagines#1 in Boyfriend------The original idea for soulmates+bruising is not mine. It belongs to a creative and badass writer named Mindheist over at AO3. I do not own the BTS characters in this novel.All plot is fictional.Cover by: ANarnianMaiden
8 198 - In Serial41 Chapters
Sessions With Love ² ✓
Holding her unconscious body in my arms. Blood soaking my clothes as I fall to my knees but I don't let her touch the ground. My hands hold her tight to my body as the anger is rising within me and the beast inside me is threatening to unleash its wrath on the world. I will not lose her. "You will not die, Leanna" I whisper to her as I hold her close to my body but like she is, I'm losing the fight of life. Like a fucking poet. That's how insanely she affects me. I would go to the ends of the world for her. Only for her.
8 148 - In Serial65 Chapters
Married By Chance
This book is a sequel and continuation. In order to understand it, you have to read 'Partners By Chance' first.•"I vow to always be there, to always listen and to always hold you close. I will love, honour, respect, encourage and cherish you, In sickness and health, for better or worse, through sorrow and success, for all the days my life."****After Amelia Smith and Liam Black became partners, a lot happened. Her friends and his became friends and they all formed the most amazing friendship ever and most importantly, they fell in love.Unfortunately, being an heiress to a multi-billionaire comes with responsibilities and as a result, Amelia had to make a big sacrifice.Join her on her second journey with her friends, lots of drama, parties, university life, wifey duties, more craziness and the hottest husband ever.With having to give up something that special and all that is going on, will she loose herself along the way?Or will she end up finding something so much better than what she has lost?
8 69

