《Amiss Prayer (Zawgyi&Unicode) [Completed]》Part-19(အတိတ်ဘ၀)
Advertisement
For Unicode
အတိတ်ဘဝ
“ သခင်လေး.. ဒီနေ့ ပန်းချီစဆွဲမှာနော်.. “
“ သိတယ်လေ “
“ အဲဒါအဝတ်အစားလေးကို ပိုပြီးခန့်ညားအောင် ဝတ်ထားနော် “
“ ဘယ်ဟာဝတ်ရမှာလဲ မင်းရွေးပေးလေ “
သခင်လေး၏ အမိန့်အတိုင်း သခင်လေးဝတ်မည့် အဝတ်အစားများကို ရွေးနေခဲ့သည်။ ရွေးနေစဉ် မိမိ၏အမြင်အာရုံထဲတွင် အမြင်ကျနေသည်က အမည်းရောင်ပိုးဖဲသားပေါ်တွင် နဂါးတစ်ကောင်ရစ်ခွေသည့် အင်္ကျီကိုသာ...။
“ သခင်လေးက ချောပြီးသားဆိုတော့.. ဒီနဂါးပုံပါတဲ့ အမည်းရောင်အင်္ကျီနဲ့ဆိုရင် ပိုခန့်ညားနေမှာ “
“ ဒီကောင်လေးနှယ်.. စကားတွေသိပ်တတ်နေပါရော။ အဲဒီအလှနှုတ်ခမ်းလေးကို ဆုတွေပေးချင်မိတယ်..။ ဒီအနားကို လာပါဦး “
မိမိကခေါ်လိုက်သောကြောင့် မိမိအနားသို့ရောက်လာသော နန္ဒအား လက်မှလှမ်းဆွဲကာ ပွေ့ဖက်ထားလိုက်သည်။
“ ကောင်လေး... “
“ ဗျာ... “
“ မင်းကို မြင်တိုင်း.. ဘာလို့နမ်းချင်တဲ့စိတ်တွေက ထိန်းချုပ်မရ ဖြစ်နေတာလဲမသိဘူး... “
“ ကျွန်တော့်ကို သခင်လေးပိုင်ပြီးသားမို့... သခင်လေးအလိုကျ ထိတွေ့ခွင့်ရှိတာမို့... ဘာကိုမှထိန်းချုပ်မထားပါနဲ့နော် “
စကားဆုံးသည်နှင့်တစ်ပြိုင်နက် မိမိကိုဦးဆောင်သွားသည့် ကောင်လေး၏အနမ်းချိုချိုများသည် သိပ်ကိုနွေးထွေးလွန်းသည်။ ကောင်လေး၏ အနမ်းချိုချိုအောက်မှာ မိမိသည် အကြိမ်ကြိမ်ကျရှုံးပြီးသားပင်။
ဒါကိုကောင်လေးက မသိလို့များလား..။ သိရဲ့နဲ့များ တမင်ပြုစားနေတာလား..။ သိပ်ချစ်တယ် ကောင်လေးရယ်။ နှုတ်ဖျားက ‘ချစ်တယ်..’လို့ ရဲရဲတင်းတင်းမပြောခဲ့ရသေးပေမဲ့.. မင်းကိုချစ်တဲ့အချစ်တွေက ကိုယ့်ရင်ထဲမှာအပြည့်ရှိနှင့်ပြီးသားပါ။
အတော်ကြာသည်အထိ နမ်းရှိုက်ပြီးသည့်နောက်။ မိမိတို့နှစ်ဦးကြား လေလိုအပ်လာသည်ဖြစ်၍ အနမ်းလှလှတို့ကို လက်စသတ်ခဲ့ရသည်။ အခန်းငယ်အတွင်၌ မိမိတို့အကြား လုံလောက်စွာမပေးနိုင်သည့် လေကိုသာ အပြစ်တင်မိသည်။
“ ခြံထဲမှာပဲ ပန်းချီဆွဲမယ်နော်သခင်လေး။ အခုတော့အဝတ်အစားလဲရအောင် “
“ အင်း.. “
တစ်ခါတလေတော့လည်း ရှက်မိတယ်သခင်လေး..။ ကျွန်တော်လည်းယောက်ျားလေး.. သခင်လေးကလည်းယောက်ျားလေးဆိုပေမဲ့ ချစ်တယ်လို့ သခင်လေးဘက်ကစမပြောဖူးဘူးနော်။ ကျွန်တော်ကသာ တဖွဖွပြောနေခဲ့ရတာ မဟုတ်လား။ ကျွန်တော်ကြားချင်သေးတယ် သခင်လေး..။ သခင်လေးနှုတ်ဖျားက ချစ်တယ်လို့ပြောမှာကို ကြားချင်သေးတယ်။
ပန်းချီဆွဲရန် ခြံထဲရောက်ပြီးနောက် ထိုင်ခုံပေါ်တွင် တည်ငြိမ်စွာထိုင်နေသည့် သခင်လေးသည် သိပ်ကိုခန့်ညားလွန်းသည်။ မိမိဆွဲနေသည့် ပန်းချီကားလေးသည် သခင်လေး၏ခန့်ညားမှုအား ဖော်ကျူး၍မမီမည်ကိုပင် စိုးရိမ်မိသည်။
“ နားနားနေနေဆွဲနော် ကောင်လေး.. ညောင်းနေရင်ပြော... အလျင်မလိုနဲ့... “
“ အမိန့်တိုင်းပါသခင်လေး... “
ချစ်တယ်လို့ဖွင့်မပြောရင်တောင် ကြင်ကြင်နာနာဂရုစိုက်ပေးနေတာမို့ ပိုပြီးအချစ်ပိုရတယ်သခင်လေးရယ်။
သခင်လေးနှင့်မိမိ၏ သံယောဇဉ်အကြောင်းအား စဉ်းစားလိုက်တိုင်းပင် ပြုံးမိလာသည်မှာ ယခုတွင်မူ အကျင့်တစ်ခုနှယ် ဖြစ်နေသည်။
“ ဘာကို သဘောကျနေတာလဲနန္ဒ “
“ သခင်လေးကိုလေ... “
မိမိအခြေအနေနှင့် သူအခြေအနေ.. မိမိအဆင့်အတန်းနှင့် သူ့အဆင့်တန်းတို့သည် အလွန်ကွာခြားနေသည်ဖြစ်၍ မိမိတို့အကြား မေတ္တာမျှခြင်းကိုမဖြစ်နိုင်ကြောင်း ထင်ခဲ့သည်..။ ယခင်အချိန်များတွင် မိမိသည် သခင်လေးအား မေတ္တာရှိခဲ့စဉ်တွင် မိမိ၏စိတ်တို့သည် ဖောက်ပြားနေပြီဟု အပြစ်တင်ကာ တစ်ယောက်တည်းသာ ပူဆွေးခဲ့ရသည်။ ယခုတွင်မူ သခင်လေးကပါ မိမိအား မေတ္တာရှိကြောင်းပြုမူလာသောအခါ အလွန်ပျော်ရပါသည်။ မိမိသည်သာ ဤကမ္ဘာပေါ်တွင် ကံအကောင်းဆုံးသောလူသား.. အပျော်ရွှင်ရဆုံးသောလူသား ဟုသတ်မှတ်ခဲ့သည်။ ထိုကြောင့်သာ သခင်လေးနှင့်မိမိ၏ ဆက်ဆံရေးကိုစဉ်းစားမိတိုင်း ကြည်နူးရသည်။
မဖြစ်နိုင်တဲ့ဇာတ်လမ်းတစ်ပုဒ်ကို ကိုယ်တိုင် ဇာတ်လိုက်လုပ်ပြီး ကပြလိုက်တာ.. ကျွန်တော်ဘယ်လောက်တောင် ရဲရင့်လိုက်သလဲ...။
ဘဝင်လေဟပ်တဲ့အရသာကဒါမျိုးလား...
“ မနက်ဖြန် မနက်ပိုင်းကို အရေးကြီးတဲ့ဧည့်သည်လာမယ်လို့ မယ်မယ်ပြောတယ် ကောင်လေး..။ အဲဒါကြောင့်မို့လို့ မနက်ဖြန်မနက်ပိုင်းကိုတော့ ပန်းချီဆွဲတာ ခဏနားမယ် “
“ အမိန့်အတိုင်းပါ “
အရေးကြီးတဲ့ဧည့်သည်..။ ဘယ်သူများပါလိမ့်။ သခင်လေးပြန်ရောက်ပြီးတည်းက.. ခေတ်အခါမကောင်းတာမို့ ဧည့်သည်အရောက်အပေါက်နည်းတယ်လေ။ သိရသလောက်ကတော့.. သခင်မကြီးရဲ့မိတ်ဆွေအချို့နဲ့ သခင်လေးရဲ့ သူငယ်ချင်းတွေပဲ အိမ်ကိုအဝင်အထွက်ရှိတာပါ။ သူတို့လာတိုင်းလည်း အရေးကြီးဧည့်သည်လို့ မပြောခဲ့ပါဘူး။ အခုက အရေးကြီးဧည့်သည်ဆိုတော့ ကျွန်တော်မမြင်ဖူးတဲ့ ဧည့်သည်ပဲဖြစ်ရမယ်။
မည်မျှအရေးကြီးသည့် ဧည့်သည်ပင်ဖြစ်စေ နန္ဒနှင့်သခင်လေး၏ ရတောင်းရခဲကြည်နူးချိန်ကို ဖျက်လိုဖျက်ဆီးလုပ်သည့် ထိုဧည့်သည်အား နန္ဒသည် အနည်းငယ်စိတ်ကွက်မိခဲ့သည်။
“ ကဲကဲ.. အိမ်ကလူတွေ.. ဒီနေ့ဧည့်သည်လာမှာမို့လို့ အမှားမလုပ်မိစေနဲ့.. ကြားကြလား.. “
“ ဟုတ်ကဲ့သခင်မကြီး “
ဒေါ်နန်းသီတာသည် အိမ်အကူများအားမှာနေစဉ် ဦးသစ္စာဝင်လာပြီး ဒေါ်နန်းသီရိအား ဧည့်သည်များရောက်လာပြီဖြစ်ကြောင်း အကြောင်းကြားခဲ့သည်။
“ သခင်မကြီး... ဧည့်သည်တွေရဲ့ကားက ခြံထဲကိုဝင်လာပါပြီ “
“ အေးအေး.. ငါထွက်လာခဲ့မယ်... “
ဒေါ်နန်းသီရိနှင့်ဒေါ်နန်းသီတာနှစ်ဦးလုံးသည် ဧည့်ခန်းသို့ထွက်လာကာ ဧည့်သည်တို့အားကြိုဆိုပြီးနောက် ဒေါ်နန်းသီရိက ဧည့်သည်များအား စတင်နှုတ်ဆက်သည်။
“ သူတို့တောင်ရောက်ပြီကို.. စောဒေဝီတို့များ.. ပစ်ထားရက်လိုက်တာ.. ပြည်ကပြန်လာတာတောင် အကြောင်းမကြားဘူး။ ဟိုတစ်လောကပဲ အဆက်အသွယ်ရပြီး အခုမှပဲပေါ်လာတော့တယ် “
“ အကြောင်းမကြားတာ မဟုတ်ပါဘူးကွယ်.. ကျွန်မလည်း အလုပ်လေးတွေရှုပ်နေတာနဲ့..။ မဆက်သွယ်ဖြစ်တာပါကွာ.. “
“ ဟုတ်ပါပြီ ဟုတ်ပါပြီ... ရှိစေတော့..။ ဒါနဲ့... ဒီမိန်းမလှလေးက စောကလျာ မဟုတ်လား.. “
Advertisement
“ ဟုတ်ပါတယ်... ကျွန်မသမီးလေး စောကလျာပါ “
“ အိုကွယ်... လှလာလိုက်တာ။ ကျွန်မဖြင့် မှတ်တောင်မမှတ်မိဘူး “
“ မြှောက်လွန်းနေပါပြီ အရီးတော်ရယ်.. “
“ အရီးတော်တဲ့လား.. နောက်ဆိုဒီထက်တောင်ပိုရဦးမှာ..။ လာလာ.. ထိုင်ကြဦး... “
ဧည့်ခန်းထဲတွင် ဧည့်သည်များနှင့် အိမ်ရှင်ကြီးတို့ နေရာယူပြီးသည့်နောက် ထိုသူတို့သည် ပြုံးရွှင်လျက် စကားပြောနေသည်။
“ ဒါကတော့ ကျွန်မရဲ့သားတော် စိုင်းထွဋ်ခေါင် တဲ့ “
ရိုသေသမှုနှင့်ပြုံးပြကာ ခေါင်းညိတ်ပြသည့် စိုင်းထွဋ်ခေါင်အား စောကလျာကြည့်နေသည့် အကြည့်များက တောက်ပနေသည်။ အကြည့်ချင်းဆုံပြီးသည့်နောက် နှစ်ဦးလုံး၏စိတ်ထဲတွင် စကားကိုယ်စီ ပြောနေခဲ့ကြသည်။
ဒီမိန်းကလေးက ရူပကာချောမောသလောက် သိပ်ကိုအတင့်ရဲနေပါလား။ အခုမှ စစတွေ့တဲ့ ယောက်ျားသားကို ဤမျှလောက် ရဲတင်းစွာကြည့်ရဲသလား။ ခေတ်ကာလရဲ့ သမီးပျိုတွေများ တကယ်ခက်ပါရော။
ဤသည်မှာ မည်သူမျှမကြားနိုင်သော စိုင်းထွဋ်ခေါင်၏ ရင်တွင်းစကား..။
စိုင်းထွဋ်ခေါင်တဲ့လား..။ ဒါဆိုသူက ဒီအိမ်တော်ကြီးရဲ့ ဥပဒေပြဌာန်းသူကြီးပေါ့..။ ကလျာလေ ရှင်နဲ့သိပ်တွေ့ချင်ခဲ့တာ။ နောက်ဆုံးတော့ တွေ့ရပြီပေါ့။
ဤသည်မှာ မည်သူမျှမကြားနိုင်သော စောကလျာ၏ ရင်တွင်းစကား...။
ထို့နောက်ဧည့်သည်နှင့် အိမ်ရှင်တို့သည် စီးပွားရေးတိုးချဲ့မည့်အကြောင်းများ၊ အတိတ်အကြောင်းများကိုစာစီကာ ပြောနေခဲ့သည်။
“ သားတော်... စောကလျာလေးကို.. ခြံထဲက ပန်းပင်တွေ လိုက်ပြလိုက်ပါလားကွယ်..။ ဒီက အဘွားကြီးတွေစကားပြောနေတာကို သူလည်းပျင်းလောက်ရောပေါ့ “
“ မယ်မယ့်သဘောအတိုင်းပါ... “
နန်းသီရိ၏စကားအတိုင်း စောကလျာအား ခြံဝန်းသို့ ခေါ်လာသည့် စိုင်းထွဋ်ခေါင်သည် ပြုံးရယ်ခြင်းမရှိ တည်ကြည်လျက်သာ..။
“ ရှင်က.. ဘိလပ်ပြန်နော်.. “
“ ဟုတ်ပါတယ်.. “
“ ဒါဆို.. ပညာတွေသိပ်တတ်မှာပေါ့... “
“ ထင်သလောက်လည်း မဟုတ်ပါဘူး...”
“ အို.. ဘာကိုထင်သလောက်မဟုတ်ရမှာလဲ..။ ဒီခေတ်ဒီအခါမှာ ဒီလိုပညာတတ်ကြီးဖြစ်ရတာ ဘယ်လောက်ကံကောင်းလိုက်သလဲ။ ယောက်ျားလေးဖြစ်ရတာ ကံကောင်းတယ်နော်။ ကလျာကျတော့လည်း မိန်းကလေးဖြစ်နေလို့ မေမေနဲ့ဖေဖေက ဘိလပ်မသွားရဘူးတဲ့လေ။ ကလျာက ပညာတွေပိုသင်ချင်သေးတာ။ မိန်းကလေးပဲ ရေးတတ်ဖတ်တတ်ရင်တော်ရောပေါ့ ဆိုတာကြီးကို စပြောခဲ့လူကို သိပ်မုန်းမိတယ် “
“ အင်း.. အဲဒါတော့လည်းဟုတ်ပါတယ်လေ..။ မိန်းကလေးလည်း လူပဲ ပညာသင်ခွင့် အပြည့်အဝရှိရမှာပေါ့ “
“ အင်း.. အဲဒါကြောင့်မို့လို့.. ဟောဒီက ဘိလပ်ပြန်မိတ်ဆွေကြီးဆီက ပညာတွေဆည်းပူးချင်ပါရဲ့ “
မိမိကိုမြှောက်လွန်းသော အမျိုးသမီးကြောင့် တစ်ချက်ရယ်လိုက်မိသည်။ သဘောကျ၍မဟုတ်..။
“ ဟက်.. အထင်ကြီးလွန်းနေပြန်ပါပြီ..။ ထားပါလေ.. ကျွန်တော်ကူညီလို့ရတာရှိရင် ကူညီပါ့မယ် “
“ အဲဒါဆို.. အားမနာတော့ဘူးနော်။ ကလျာက စာဖတ်ရတာဝါသနာပါတယ်။ အဲဒါကြောင့်.. ရှင့်ဆီက စာအုပ်လေးတွေ ငှားဖတ်ချင်တယ် “
“ ရပါတယ်... ကျွန်တော်ပေးဖတ်ပါ့မယ် “
“ ဟုတ်ကဲ့.. ကျေးဇူးတင်ပါတယ်ရှင့်။ ဒီကစေတနာနဲ့ပေးဖတ်တာကို ကလျာကလည်း ပီတိဖြာဖြာနဲ့ဖတ်ချင်ပါတယ်.. “
ခြံထဲတွင် ထိုနှစ်ဦးသားသည် ပြုံးလျက်ဘေးချင်းယှဉ်၍ လမ်းလျှောက်နေသော မြင်ကွင်းကိုကြည့်နေသည့် ကောင်လေးတစ်ဦးရှိနေသည်ကို ထိုသူနှစ်ဦးမသိခဲ့။ ထို့နည်းတူ ကောင်လေး၏ စိုးရိမ်မှုများကိုလည်း ထိုသူနှစ်ဦး မသိခဲ့...။
သခင်လေး ဘေးမှာရှိတဲ့ အမျိုးသမီးက သခင်မကြီးပြောတဲ့ အရေးကြီးဧည့်သည်လား။ အဲဒီအရေးကြီးဧည့်သည်လေးက သခင်လေးအတွက်များလား။
ငါ့နှယ်.. အတွေးလွန်ပါရော။ သူတို့ လမ်းလျှောက်တာလေးကို မြင်ရုံနဲ့ ကျွန်တော်ကဘာလို့ မပျော်ရွှင်တဲ့အငွေ့အသက်တွေ ခံစားရနေတာလဲ။ ကျွန်တော်လေ သခင်လေးကို ယုံကြည်လို့ရတယ်မဟုတ်လား..။ သခင်လေးက ကျွန်တော့်ဘေးမှာ အမြဲရှိနေမှာပါနော်။
For Zawgyi
အတိတ္ဘဝ
“ သခင္ေလး.. ဒီေန႔ ပန္းခ်ီစဆြဲမွာေနာ္.. “
“ သိတယ္ေလ “
“ အဲဒါအဝတ္အစားေလးကို ပိုၿပီးခန႔္ညားေအာင္ ဝတ္ထားေနာ္ “
“ ဘယ္ဟာဝတ္ရမွာလဲ မင္းေ႐ြးေပးေလ “
သခင္ေလး၏ အမိန႔္အတိုင္း သခင္ေလးဝတ္မည့္ အဝတ္အစားမ်ားကို ေ႐ြးေနခဲ့သည္။ ေ႐ြးေနစဥ္ မိမိ၏အျမင္အာ႐ုံထဲတြင္ အျမင္က်ေနသည္က အမည္းေရာင္ပိုးဖဲသားေပၚတြင္ နဂါးတစ္ေကာင္ရစ္ေခြသည့္ အက်ႌကိုသာ...။
“ သခင္ေလးက ေခ်ာၿပီးသားဆိုေတာ့.. ဒီနဂါးပုံပါတဲ့ အမည္းေရာင္အက်ႌနဲ႔ဆိုရင္ ပိုခန႔္ညားေနမွာ “
“ ဒီေကာင္ေလးႏွယ္.. စကားေတြသိပ္တတ္ေနပါေရာ။ အဲဒီအလွႏႈတ္ခမ္းေလးကို ဆုေတြေပးခ်င္မိတယ္..။ ဒီအနားကို လာပါဦး “
မိမိကေခၚလိုက္ေသာေၾကာင့္ မိမိအနားသို႔ေရာက္လာေသာ နႏၵအား လက္မွလွမ္းဆြဲကာ ေပြ႕ဖက္ထားလိုက္သည္။
“ ေကာင္ေလး... “
“ ဗ်ာ... “
“ မင္းကို ျမင္တိုင္း.. ဘာလို႔နမ္းခ်င္တဲ့စိတ္ေတြက ထိန္းခ်ဳပ္မရ ျဖစ္ေနတာလဲမသိဘူး... “
“ ကြၽန္ေတာ့္ကို သခင္ေလးပိုင္ၿပီးသားမို႔... သခင္ေလးအလိုက် ထိေတြ႕ခြင့္ရွိတာမို႔... ဘာကိုမွထိန္းခ်ဳပ္မထားပါနဲ႔ေနာ္ “
စကားဆုံးသည္ႏွင့္တစ္ၿပိဳင္နက္ မိမိကိုဦးေဆာင္သြားသည့္ ေကာင္ေလး၏အနမ္းခ်ိဳခ်ိဳမ်ားသည္ သိပ္ကိုေႏြးေထြးလြန္းသည္။ ေကာင္ေလး၏ အနမ္းခ်ိဳခ်ိဳေအာက္မွာ မိမိသည္ အႀကိမ္ႀကိမ္က်ရႈံးၿပီးသားပင္။
Advertisement
ဒါကိုေကာင္ေလးက မသိလို႔မ်ားလား..။ သိရဲ႕နဲ႔မ်ား တမင္ျပဳစားေနတာလား..။ သိပ္ခ်စ္တယ္ ေကာင္ေလးရယ္။ ႏႈတ္ဖ်ားက ‘ခ်စ္တယ္..’လို႔ ရဲရဲတင္းတင္းမေျပာခဲ့ရေသးေပမဲ့.. မင္းကိုခ်စ္တဲ့အခ်စ္ေတြက ကိုယ့္ရင္ထဲမွာအျပည့္ရွိႏွင့္ၿပီးသားပါ။
အေတာ္ၾကာသည္အထိ နမ္းရႈိက္ၿပီးသည့္ေနာက္။ မိမိတို႔ႏွစ္ဦးၾကား ေလလိုအပ္လာသည္ျဖစ္၍ အနမ္းလွလွတို႔ကို လက္စသတ္ခဲ့ရသည္။ အခန္းငယ္အတြင္၌ မိမိတို႔အၾကား လုံေလာက္စြာမေပးႏိုင္သည့္ ေလကိုသာ အျပစ္တင္မိသည္။
“ ၿခံထဲမွာပဲ ပန္းခ်ီဆြဲမယ္ေနာ္သခင္ေလး။ အခုေတာ့အဝတ္အစားလဲရေအာင္ “
“ အင္း.. “
တစ္ခါတေလေတာ့လည္း ရွက္မိတယ္သခင္ေလး..။ ကြၽန္ေတာ္လည္းေယာက္်ားေလး.. သခင္ေလးကလည္းေယာက္်ားေလးဆိုေပမဲ့ ခ်စ္တယ္လို႔ သခင္ေလးဘက္ကစမေျပာဖူးဘူးေနာ္။ ကြၽန္ေတာ္ကသာ တဖြဖြေျပာေနခဲ့ရတာ မဟုတ္လား။ ကြၽန္ေတာ္ၾကားခ်င္ေသးတယ္ သခင္ေလး..။ သခင္ေလးႏႈတ္ဖ်ားက ခ်စ္တယ္လို႔ေျပာမွာကို ၾကားခ်င္ေသးတယ္။
ပန္းခ်ီဆြဲရန္ ၿခံထဲေရာက္ၿပီးေနာက္ ထိုင္ခုံေပၚတြင္ တည္ၿငိမ္စြာထိုင္ေနသည့္ သခင္ေလးသည္ သိပ္ကိုခန႔္ညားလြန္းသည္။ မိမိဆြဲေနသည့္ ပန္းခ်ီကားေလးသည္ သခင္ေလး၏ခန႔္ညားမႈအား ေဖာ္က်ဴး၍မမီမည္ကိုပင္ စိုးရိမ္မိသည္။
“ နားနားေနေနဆြဲေနာ္ ေကာင္ေလး.. ေညာင္းေနရင္ေျပာ... အလ်င္မလိုနဲ႔... “
“ အမိန႔္တိုင္းပါသခင္ေလး... “
ခ်စ္တယ္လို႔ဖြင့္မေျပာရင္ေတာင္ ၾကင္ၾကင္နာနာဂ႐ုစိုက္ေပးေနတာမို႔ ပိုၿပီးအခ်စ္ပိုရတယ္သခင္ေလးရယ္။
သခင္ေလးႏွင့္မိမိ၏ သံေယာဇဥ္အေၾကာင္းအား စဥ္းစားလိုက္တိုင္းပင္ ၿပဳံးမိလာသည္မွာ ယခုတြင္မူ အက်င့္တစ္ခုႏွယ္ ျဖစ္ေနသည္။
“ ဘာကို သေဘာက်ေနတာလဲနႏၵ “
“ သခင္ေလးကိုေလ... “
မိမိအေျခအေနႏွင့္ သူအေျခအေန.. မိမိအဆင့္အတန္းႏွင့္ သူ႔အဆင့္တန္းတို႔သည္ အလြန္ကြာျခားေနသည္ျဖစ္၍ မိမိတို႔အၾကား ေမတၱာမွ်ျခင္းကိုမျဖစ္ႏိုင္ေၾကာင္း ထင္ခဲ့သည္..။ ယခင္အခ်ိန္မ်ားတြင္ မိမိသည္ သခင္ေလးအား ေမတၱာရွိခဲ့စဥ္တြင္ မိမိ၏စိတ္တို႔သည္ ေဖာက္ျပားေနၿပီဟု အျပစ္တင္ကာ တစ္ေယာက္တည္းသာ ပူေဆြးခဲ့ရသည္။ ယခုတြင္မူ သခင္ေလးကပါ မိမိအား ေမတၱာရွိေၾကာင္းျပဳမူလာေသာအခါ အလြန္ေပ်ာ္ရပါသည္။ မိမိသည္သာ ဤကမာၻေပၚတြင္ ကံအေကာင္းဆုံးေသာလူသား.. အေပ်ာ္႐ႊင္ရဆုံးေသာလူသား ဟုသတ္မွတ္ခဲ့သည္။ ထိုေၾကာင့္သာ သခင္ေလးႏွင့္မိမိ၏ ဆက္ဆံေရးကိုစဥ္းစားမိတိုင္း ၾကည္ႏူးရသည္။
မျဖစ္ႏိုင္တဲ့ဇာတ္လမ္းတစ္ပုဒ္ကို ကိုယ္တိုင္ ဇာတ္လိုက္လုပ္ၿပီး ကျပလိုက္တာ.. ကြၽန္ေတာ္ဘယ္ေလာက္ေတာင္ ရဲရင့္လိုက္သလဲ...။
ဘဝင္ေလဟပ္တဲ့အရသာကဒါမ်ိဳးလား...
“ မနက္ျဖန္ မနက္ပိုင္းကို အေရးႀကီးတဲ့ဧည့္သည္လာမယ္လို႔ မယ္မယ္ေျပာတယ္ ေကာင္ေလး..။ အဲဒါေၾကာင့္မို႔လို႔ မနက္ျဖန္မနက္ပိုင္းကိုေတာ့ ပန္းခ်ီဆြဲတာ ခဏနားမယ္ “
“ အမိန႔္အတိုင္းပါ “
အေရးႀကီးတဲ့ဧည့္သည္..။ ဘယ္သူမ်ားပါလိမ့္။ သခင္ေလးျပန္ေရာက္ၿပီးတည္းက.. ေခတ္အခါမေကာင္းတာမို႔ ဧည့္သည္အေရာက္အေပါက္နည္းတယ္ေလ။ သိရသေလာက္ကေတာ့.. သခင္မႀကီးရဲ႕မိတ္ေဆြအခ်ိဳ႕နဲ႔ သခင္ေလးရဲ႕ သူငယ္ခ်င္းေတြပဲ အိမ္ကိုအဝင္အထြက္ရွိတာပါ။ သူတို႔လာတိုင္းလည္း အေရးႀကီးဧည့္သည္လို႔ မေျပာခဲ့ပါဘူး။ အခုက အေရးႀကီးဧည့္သည္ဆိုေတာ့ ကြၽန္ေတာ္မျမင္ဖူးတဲ့ ဧည့္သည္ပဲျဖစ္ရမယ္။
မည္မွ်အေရးႀကီးသည့္ ဧည့္သည္ပင္ျဖစ္ေစ နႏၵႏွင့္သခင္ေလး၏ ရေတာင္းရခဲၾကည္ႏူးခ်ိန္ကို ဖ်က္လိုဖ်က္ဆီးလုပ္သည့္ ထိုဧည့္သည္အား နႏၵသည္ အနည္းငယ္စိတ္ကြက္မိခဲ့သည္။
“ ကဲကဲ.. အိမ္ကလူေတြ.. ဒီေန႔ဧည့္သည္လာမွာမို႔လို႔ အမွားမလုပ္မိေစနဲ႔.. ၾကားၾကလား.. “
“ ဟုတ္ကဲ့သခင္မႀကီး “
ေဒၚနန္းသီတာသည္ အိမ္အကူမ်ားအားမွာေနစဥ္ ဦးသစၥာဝင္လာၿပီး ေဒၚနန္းသီရိအား ဧည့္သည္မ်ားေရာက္လာၿပီျဖစ္ေၾကာင္း အေၾကာင္းၾကားခဲ့သည္။
“ သခင္မႀကီး... ဧည့္သည္ေတြရဲ႕ကားက ၿခံထဲကိုဝင္လာပါၿပီ “
“ ေအးေအး.. ငါထြက္လာခဲ့မယ္... “
ေဒၚနန္းသီရိႏွင့္ေဒၚနန္းသီတာႏွစ္ဦးလုံးသည္ ဧည့္ခန္းသို႔ထြက္လာကာ ဧည့္သည္တို႔အားႀကိဳဆိုၿပီးေနာက္ ေဒၚနန္းသီရိက ဧည့္သည္မ်ားအား စတင္ႏႈတ္ဆက္သည္။
“ သူတို႔ေတာင္ေရာက္ၿပီကို.. ေစာေဒဝီတို႔မ်ား.. ပစ္ထားရက္လိုက္တာ.. ျပည္ကျပန္လာတာေတာင္ အေၾကာင္းမၾကားဘူး။ ဟိုတစ္ေလာကပဲ အဆက္အသြယ္ရၿပီး အခုမွပဲေပၚလာေတာ့တယ္ “
“ အေၾကာင္းမၾကားတာ မဟုတ္ပါဘူးကြယ္.. ကြၽန္မလည္း အလုပ္ေလးေတြရႈပ္ေနတာနဲ႔..။ မဆက္သြယ္ျဖစ္တာပါကြာ.. “
“ ဟုတ္ပါၿပီ ဟုတ္ပါၿပီ... ရွိေစေတာ့..။ ဒါနဲ႔... ဒီမိန္းမလွေလးက ေစာကလ်ာ မဟုတ္လား.. “
“ ဟုတ္ပါတယ္... ကြၽန္မသမီးေလး ေစာကလ်ာပါ “
“ အိုကြယ္... လွလာလိုက္တာ။ ကြၽန္မျဖင့္ မွတ္ေတာင္မမွတ္မိဘူး “
“ ေျမႇာက္လြန္းေနပါၿပီ အရီးေတာ္ရယ္.. “
“ အရီးေတာ္တဲ့လား.. ေနာက္ဆိုဒီထက္ေတာင္ပိုရဦးမွာ..။ လာလာ.. ထိုင္ၾကဦး... “
ဧည့္ခန္းထဲတြင္ ဧည့္သည္မ်ားႏွင့္ အိမ္ရွင္ႀကီးတို႔ ေနရာယူၿပီးသည့္ေနာက္ ထိုသူတို႔သည္ ၿပဳံး႐ႊင္လ်က္ စကားေျပာေနသည္။
“ ဒါကေတာ့ ကြၽန္မရဲ႕သားေတာ္ စိုင္းထြဋ္ေခါင္ တဲ့ “
႐ိုေသသမႈႏွင့္ၿပဳံးျပကာ ေခါင္းညိတ္ျပသည့္ စိုင္းထြဋ္ေခါင္အား ေစာကလ်ာၾကည့္ေနသည့္ အၾကည့္မ်ားက ေတာက္ပေနသည္။ အၾကည့္ခ်င္းဆုံၿပီးသည့္ေနာက္ ႏွစ္ဦးလုံး၏စိတ္ထဲတြင္ စကားကိုယ္စီ ေျပာေနခဲ့ၾကသည္။
ဒီမိန္းကေလးက ႐ူပကာေခ်ာေမာသေလာက္ သိပ္ကိုအတင့္ရဲေနပါလား။ အခုမွ စစေတြ႕တဲ့ ေယာက္်ားသားကို ဤမွ်ေလာက္ ရဲတင္းစြာၾကည့္ရဲသလား။ ေခတ္ကာလရဲ႕ သမီးပ်ိဳေတြမ်ား တကယ္ခက္ပါေရာ။
ဤသည္မွာ မည္သူမွ်မၾကားႏိုင္ေသာ စိုင္းထြဋ္ေခါင္၏ ရင္တြင္းစကား..။
စိုင္းထြဋ္ေခါင္တဲ့လား..။ ဒါဆိုသူက ဒီအိမ္ေတာ္ႀကီးရဲ႕ ဥပေဒျပဌာန္းသူႀကီးေပါ့..။ ကလ်ာေလ ရွင္နဲ႔သိပ္ေတြ႕ခ်င္ခဲ့တာ။ ေနာက္ဆုံးေတာ့ ေတြ႕ရၿပီေပါ့။
ဤသည္မွာ မည္သူမွ်မၾကားႏိုင္ေသာ ေစာကလ်ာ၏ ရင္တြင္းစကား...။
ထို႔ေနာက္ဧည့္သည္ႏွင့္ အိမ္ရွင္တို႔သည္ စီးပြားေရးတိုးခ်ဲ႕မည့္အေၾကာင္းမ်ား၊ အတိတ္အေၾကာင္းမ်ားကိုစာစီကာ ေျပာေနခဲ့သည္။
“ သားေတာ္... ေစာကလ်ာေလးကို.. ၿခံထဲက ပန္းပင္ေတြ လိုက္ျပလိုက္ပါလားကြယ္..။ ဒီက အဘြားႀကီးေတြစကားေျပာေနတာကို သူလည္းပ်င္းေလာက္ေရာေပါ့ “
“ မယ္မယ့္သေဘာအတိုင္းပါ... “
နန္းသီရိ၏စကားအတိုင္း ေစာကလ်ာအား ၿခံဝန္းသို႔ ေခၚလာသည့္ စိုင္းထြဋ္ေခါင္သည္ ၿပဳံးရယ္ျခင္းမရွိ တည္ၾကည္လ်က္သာ..။
“ ရွင္က.. ဘိလပ္ျပန္ေနာ္.. “
“ ဟုတ္ပါတယ္.. “
“ ဒါဆို.. ပညာေတြသိပ္တတ္မွာေပါ့... “
“ ထင္သေလာက္လည္း မဟုတ္ပါဘူး...”
“ အို.. ဘာကိုထင္သေလာက္မဟုတ္ရမွာလဲ..။ ဒီေခတ္ဒီအခါမွာ ဒီလိုပညာတတ္ႀကီးျဖစ္ရတာ ဘယ္ေလာက္ကံေကာင္းလိုက္သလဲ။ ေယာက္်ားေလးျဖစ္ရတာ ကံေကာင္းတယ္ေနာ္။ ကလ်ာက်ေတာ့လည္း မိန္းကေလးျဖစ္ေနလို႔ ေမေမနဲ႔ေဖေဖက ဘိလပ္မသြားရဘူးတဲ့ေလ။ ကလ်ာက ပညာေတြပိုသင္ခ်င္ေသးတာ။ မိန္းကေလးပဲ ေရးတတ္ဖတ္တတ္ရင္ေတာ္ေရာေပါ့ ဆိုတာႀကီးကို စေျပာခဲ့လူကို သိပ္မုန္းမိတယ္ “
“ အင္း.. အဲဒါေတာ့လည္းဟုတ္ပါတယ္ေလ..။ မိန္းကေလးလည္း လူပဲ ပညာသင္ခြင့္ အျပည့္အဝရွိရမွာေပါ့ “
“ အင္း.. အဲဒါေၾကာင့္မို႔လို႔.. ေဟာဒီက ဘိလပ္ျပန္မိတ္ေဆြႀကီးဆီက ပညာေတြဆည္းပူးခ်င္ပါရဲ႕ “
မိမိကိုေျမႇာက္လြန္းေသာ အမ်ိဳးသမီးေၾကာင့္ တစ္ခ်က္ရယ္လိုက္မိသည္။ သေဘာက်၍မဟုတ္..။
“ ဟက္.. အထင္ႀကီးလြန္းေနျပန္ပါၿပီ..။ ထားပါေလ.. ကြၽန္ေတာ္ကူညီလို႔ရတာရွိရင္ ကူညီပါ့မယ္ “
“ အဲဒါဆို.. အားမနာေတာ့ဘူးေနာ္။ ကလ်ာက စာဖတ္ရတာဝါသနာပါတယ္။ အဲဒါေၾကာင့္.. ရွင့္ဆီက စာအုပ္ေလးေတြ ငွားဖတ္ခ်င္တယ္ “
“ ရပါတယ္... ကြၽန္ေတာ္ေပးဖတ္ပါ့မယ္ “
“ ဟုတ္ကဲ့.. ေက်းဇူးတင္ပါတယ္ရွင့္။ ဒီကေစတနာနဲ႔ေပးဖတ္တာကို ကလ်ာကလည္း ပီတိျဖာျဖာနဲ႔ဖတ္ခ်င္ပါတယ္.. “
ၿခံထဲတြင္ ထိုႏွစ္ဦးသားသည္ ၿပဳံးလ်က္ေဘးခ်င္းယွဥ္၍ လမ္းေလွ်ာက္ေနေသာ ျမင္ကြင္းကိုၾကည့္ေနသည့္ ေကာင္ေလးတစ္ဦးရွိေနသည္ကို ထိုသူႏွစ္ဦးမသိခဲ့။ ထို႔နည္းတူ ေကာင္ေလး၏ စိုးရိမ္မႈမ်ားကိုလည္း ထိုသူႏွစ္ဦး မသိခဲ့...။
သခင္ေလး ေဘးမွာရွိတဲ့ အမ်ိဳးသမီးက သခင္မႀကီးေျပာတဲ့ အေရးႀကီးဧည့္သည္လား။ အဲဒီအေရးႀကီးဧည့္သည္ေလးက သခင္ေလးအတြက္မ်ားလား။
ငါ့ႏွယ္.. အေတြးလြန္ပါေရာ။ သူတို႔ လမ္းေလွ်ာက္တာေလးကို ျမင္႐ုံနဲ႔ ကြၽန္ေတာ္ကဘာလို႔ မေပ်ာ္႐ႊင္တဲ့အေငြ႕အသက္ေတြ ခံစားရေနတာလဲ။ ကြၽန္ေတာ္ေလ သခင္ေလးကို ယုံၾကည္လို႔ရတယ္မဟုတ္လား..။ သခင္ေလးက ကြၽန္ေတာ့္ေဘးမွာ အၿမဲရွိေနမွာပါေနာ္။
Advertisement
- In Serial12 Chapters
Sweet Nola
Nola! Beautiful! Kind! She has a successful career and is surrounded by compassionate friends. She takes care of her beloved little brother who is prodigious in music. Her hobbies include kickboxing and beating men to a little pulp. One day, her company offers a paid master's. Returning to college would mean giving up her stable life and moving to a new city. The offer tempts her...
8 80 - In Serial12 Chapters
Have a Little Faith
Faith Cox did not expect to get a divorce for Christmas, but there it is. So instead of taking her second honeymoon with her husband, she finds herself on the beach. Crystal clear water isn't all she finds in the Caribbean. A reverse harem Christmas romp, with three alpha males who want nothing more than to make their mate happy, and steamy bits that are intended for adult audiences only, that ends in a Christmas sized HEA.
8 94 - In Serial64 Chapters
Pronto Para Ser Esposa? Soon to be Wife?
This book is teacherxstudent love story and of course it is girl x girlSira is a teenage girl who suffers from anger issues and has a tiny crush on her teacher who also happens to be married. What happens when Sira finds out something about her teacher's past life and helps her out. What if helping her teacher out makes Sira to put her life in danger, what would Sira do help her crush out or not put her life in danger and avoid.I upload 2 chapters every week
8 134 - In Serial37 Chapters
Drawing The Line
Quinn's estranged aunt, Rachel, returns to Lima after being away for several years. The two spend more time together and become much closer with every day that passes. It's not long before Quinn starts developing feelings that she should not be feeling. Complications soon arise.Warnings: Obviously there is eventual Faberry. There is also some minor Quinntana. And yes, this is a G!P Quinn fic. And also, this is semi-incestuous. Rachel is Quinn's aunt, but they are not blood related as Rachel was adopted which will all be explained in the story. If any of this bothers you, please avoid reading at all costs.
8 170 - In Serial8 Chapters
Why Don't You..? (LeoXRaph) (CANCELLED)
Currently cancelled! Will not continue until further notice. Sorry...
8 212 - In Serial36 Chapters
I Know What You Did Last Night (Zarry / Mpreg)
"He knows .. dirty secrets that I keepDoes he know it's killing me?He knows , he knows..! " Harry."I know what you did last night .. When he looks me in the eyes , they don't seem as mean no more. " Zayn.
8 200

