《Amiss Prayer (Zawgyi&Unicode) [Completed]》Part-17(ကံကြမ္မာ)
Advertisement
For Unicode
ကံကြမ္မာ
သခင်လေးပေးခဲ့သည့် အနမ်းနွေးနွေးကို ယခုချိန်ထိမေ့မရခဲ့။ သခင်လေးလည်းမိမိကို မေတ္တာရှိနေကြောင်း သိရရုံဖြင့် မိမိသည် ဤကမ္ဘာပေါ်၌ အပျော်ရွှင်ရဆုံး လူသားတစ်ဦးဖြစ်ခဲ့ရသည်။
မနက်ခင်း.. သခင်လေးထံကိုခစားဝင်တဲ့အခါ သခင်လေးဘယ်လိုများဖြစ်နေမလဲ။ သူ.. ညက ပြုခဲ့တဲ့ အပြုအမူအတွက် ရှက်နေမလား။ ဒါမှမဟုတ်.. ကျွန်တော်ကိုပိုပြီးတော့များ ကြင်နာနေမလား။ အတွေးနဲ့တင် အလွန်ပျော်စရာကောင်းနေပါပြီ။
ပျော်ရွှင်သောအတွေးငယ်ဖြင့် သခင်လေးထံခစားဝင်ရန် အခန်းထဲသို့လာခဲ့သည်။ မိမိဝင်ဝင်လာချင်းပင်ပြုံးပြသော သခင်လေး၏အပြုံးသည် အခန်းထဲတွင်ဖြာကြနေသော နေရောင်ခြည်နုနုထက် ပို၍တောက်ပနေသည်။
" သခင်လေး.. အစောကြီးနိုးနေတာလား "
" အင်း... "
ပထမအတွေးများတွင် သခင်လေးရှက်နေမည်ဟု တွေးမိခဲ့သည်။ ယခုအခြေအနေတွင်မူ အရှက်ပိုနေသူမှာ မိမိဖြစ်နေသည်။ ရှက်စိတ်ကြောင့်ပင် သခင်လေးအနားသို့ မသွားရဲ..။ ခပ်ဝေးဝေးမှသာရပ်နေမိသည်။
" မင်းက အဲဒီအတိုင်း ရပ်နေတော့မှာလား "
" ဗျာ.. "
" မဗျာနဲ့.. ဒီအနားလာခဲ့ "
အနားသို့ တဖြည်းဖြည်းရောက်လာသောနန္ဒကို စိုင်းထွဋ်ခေါင် သည်စိတ်မရှည်စွာ လက်မှလှမ်းဆွဲလိုက်သည်။
" ဘာဖြစ်နေတာလဲ နှေးတုံ့နှေးတုံ့နဲ့ "
" ဘာမှမဖြစ်ပါဘူး "
" မင်းဘာဖြစ်နေတာလဲ.. နေမကောင်းဘူးလား မျက်နှာတွေရဲနေတယ် "
" နေကောင်းပါတယ်.. ဒီအတိုင်း... "
" ရှက်နေတာလား... "
" ဟာ.. မဟုတ်ပါဘူး.. သခင်လေးကလည်း.."
" ဟုတ်လို့လားကွာ.. "
" ဟုတ်ပါတယ်ဆို.. "
" ဟက်.. ဟုတ်ပါပြီ... မရှက်ဘူးပဲထားပါတော့.. အခုဘယ်နှနာရီရှိပြီလဲ.. "
" အခုက ခြောက်နာရီရှိပါပြီ "
" မယ်မယ်တို့က မနက်စာကို ခုနှစ်နာရီကျော်မှစားတာနော် "
" ဟုတ်ပါတယ် "
" ဒါဆို တစ်နာရီကျော်ကျော်အချိန်ရသေးတာပဲ။ မင်းမှာဘာလုပ်စရာရှိသေးလဲ.. အားရဲ့လား "
" ဘာမှလုပ်စရာမရှိသေးပါဘူး.. အားပါတယ်.. သခင်လေး ဘာခိုင်းစရာရှိလို့လဲ "
" အင်း.. ရှိတယ်.. ငါခိုင်းမယ့်အလုပ်က မင်းဘယ်မှမသွားဘဲနဲ့ ငါ့အရှေ့မှာဒီအတိုင်းထိုင်နေပေး "
" ဟမ်.. ဘယ်လို "
" ငါ့ရှေ့မှာဒီအတိုင်းထိုင်နေပေး... မင်းမျက်နှာကို အသေးစိတ်မှတ်သားပြီး ကြည့်ချင်လို့ "
" ဟမ်... "
" ဘာဖြစ်နေတာလဲ.. တဟမ်ဟမ်နဲ့ "
" ဘာမှမဖြစ်ပါဘူး.. နည်းနည်းထူးဆန်းနေသလားလို့ "
" ထူးဆန်းတယ်ဆိုပြီး မင်းကမလုပ်ချင်ဘူးလား "
" ဟမ်... "
" ကြည့်.. လာပြန်ပြီ အဲဒီဟမ်က "
" ကျွန်တော်က သခင်လေးရဲ့အခိုင်းအစေတစ်ဦးပါ.. သခင်လေးခိုင်းတာမှန်သမျှ ဘာမဆိုလုပ်ပေးရမှာပါ "
" အင်း.. အဲဒါဆိုဒီအတိုင်းထိုင်နေ.. ပြီးရင်ငါ့ကိုကြည့်နေ.. "
" အမိန့်အတိုင်းပါ "
ထိုင်နေရုံနဲ့ပြီးသွားတဲ့ ကိစ္စမဟုတ်ဘူး..။ သူ့ကိုပါကြည့်နေရမယ်တဲ့လား..။ သူ့အနားကပ်လာလို့ လူကပူထူနေပါတယ်ဆိုမှ အခုလိုအကြည့်ချင်းဆုံနေတော့ ချက်ချင်းကို အငွေ့ပျံချင်နေပါပြီဗျာ..။ မနေတတ်တာနဲ့ အကြည့်ချင်းလွှဲလိုက်တိုင်း ကျွန်တော့်အနားကို ပိုပိုပြီးတိုးလာတဲ့ သခင်လေးကြောင့် အနေခက်ရချီရဲ့..။
" သခင်လေး.. ကျွန်တော့်ကို မကျီစားပါနဲ့လား "
" ဘာလို့လဲ "
" အစကတည်းကမှ သခင်လေးကြောင့် ကျွန်တော့်နှလုံးသားက အရည်ပျော်နေပြီသားပါ "
" ဒီလိုစကားလုံးလှလှလေးတွေလည်း သုံးတတ်တာပဲလား "
" ချစ်ခြင်းကြောင့် ဖြစ်တည်လာတဲ့စကားလုံးလှလှတွေပါ "
" စကားတတ်လိုက်တာ... ကိုယ်ကအခု မျက်နှာမသစ်ရသေးတဲ့အတွက် နည်းနည်းညစ်ပတ်မယ်နော် "
ထိုစကား၏အဆုံး၌ မိမိ၏နှုတ်ခမ်းပေါ်သို့ကျရောက်လာသည့် သခင်လေး၏အနမ်းနွေးနွေး..။ နူးညံ့သည်။ ချိုမိန်သည်။ မိမိ၏စိတ်ကူးယဥ်အိပ်မက်များသည် လက်တွေ့ဖြစ်တည်လာသောအခါ အပျော်လွန်မိသောကြောင့် အိပ်မက်ဖြစ်ကြောင်း.. လက်တွေ့ဖြစ်ကြောင်းပင် မခွဲခြားတတ်တော့သည်အထိ ပျော်ရွှင်မှုအတိဖြစ်တည်နေသည်။ ထိုအထိအတွေ့လေးအား သဘောကျမိ၍ ယခုဖြစ်တည်နေသည့် အခိုက်အတန့်လေး.. ပျောက်ပျက်မည်ကို စိုးရိမ်မိသည်။
ချစ်တယ်သခင်လေး..။ အရမ်းချစ်တယ်..။ ကျွန်တော့်ကို သခင်လေးကချစ်ကြောင်း ဖွင့်မပြောသေးပေမဲ့ သခင်လေးရဲ့အပြုအမူနဲ့တင် နားလည်ပေးနိုင်တာမို့ ကျွန်တော်အဆင်ပြေပါတယ်..။ အဆင်ပြေတယ်ဆိုပေမဲ့ သခင်လေးနှုတ်ဖျားက ချစ်ကြောင်းဝန်ခံတာကို မသေခင်တစ်ခါလောက်တော့ မိုက်ရူးရဲဆန်ဆန် ကြားချင်သေးပါရဲ့။ ကျွန်တော့်ဆန္ဒတွေပြည့်ဝပါ့မလား သခင်လေး..။
ကျွန်တော့်ဆန္ဒတွေ မပြည့်ဝမှာကို တကယ်ကြောက်မိတယ်သခင်လေး။ ကျွန်တော်တို့နှစ်ယောက်လုံးက အမျိုးသား ဆိုတဲ့ဖြစ်တည်မှုခြင်းတူနေတယ်။ အဆင့်အတန်းတွေ သိပ်ကွာခြားနေတယ်။ ဒါပေမဲ့.. သခင်လေးသာ ကျွန်တော့်အနားမှာရှိနေရင် အရာရာကိုရင်ဆိုင်ရဲတယ်။
အဲဒါကြောင့် အခုချိန်မှာ.. ကျွန်တော်ရဲ့ဖြစ်တည်မှုတွေကို ခဏမေ့ထားလိုက်တယ်။ ချစ်တယ်သခင်လေး။
" မျက်နှာသွားသစ်တော့နော်.. သခင်မကြီးတို့ စောင့်နေတော့မယ် "
" အင်း... "
ထို့နောက် သခင်လေးသည် ကိုယ်လက်သန့်စင်ပြီး ပြန်ထွက်လာသောအခါ ထုံးစံအတိုင်း မိမိကအင်္ကျီဝတ်ပေးရသည်။
" မင်းကိုမှာစရာရှိတယ်။ အသစ်ရောက်လာတဲ့ မိန်းမအနားကို သိပ်မကပ်ပါနဲ့.. ကိုယ်မကြိုက်ဘူး.. "
Advertisement
" ဟုတ်ကဲ့.. သခင်လေးရဲ့ အမိန့်တော်အတိုင်းပါ "
သဝန်တိုနေသည့်သခင်လေးက အဘပြောဖူးသည့် ရက်စက်တတ်သော သခင်လေးနှင့် လားလားမျှမသက်ဆိုင်။ ခန့်ညားလွန်းနေသည့် သခင်လေးကို တစ်ကြိမ်တစ်ခါမျှ ရဲတင်းစွာ မိမိဘက်မှစတင်၍အနမ်းတစ်ပွင့်ပေးချင်မိပါသည်။ ထို့ကြောင့် မိမိထက် ခေါင်းတစ်လုံးစာမျှ ပို၍အရပ်ရှည်သော သခင်လေးအား ခြေဖျားလေးထောက်ကာ ပါးပြင်ထပ်သို့နမ်းခြွေမိခဲ့သည်။
" သိပ်အတင့်ရဲနေပါလား ကောင်လေး "
" ချစ်တာကို... "
" ကျွန်တစ်ယောက်အနေနဲ့ သခင်တစ်ယောက်ကို ချစ်မိတာ.. မင်းသိပ်မိုက်မဲလွန်းတယ်ကောင်လေး..။ အခု.. မင်းရဲ့မိုက်မဲမှုက ကိုယ့်ကိုပါကူးစက်တော့မှာလား "
" ကူးစက်ခံလိုက်ပါသခင်လေး.. ဘယ်အရာတွေဘယ်လိုပဲ ကာဆီးနေပါစေ.. သခင်လေးနဲ့အတူတူ ရဲရဲဝံ့ဝံ့ကြီးရင်ဆိုင်ချင်တာမို့.. ကူးစက်ခံလိုက်ပါသခင်လေး "
ထိုသို့ပြောပြီးနောက် ရင်ခွင်ထဲတိုးဝင်လာသည့် ကောင်လေးအား အလိုက်သင့်စွာ ဖက်ထားလိုက်မိသည်။ သူ့ထံမှ တစ်စွန်းတစ်စသော သတ္တိများ မိမိထံ ကူးစက်လို ကူးစက်ငြား ထွေးပွေ့ထားမိသည်။
သူသိပ်သတ္တိရှိနေသည်..။ မိမိအတွက် ရဲရဲဝံ့ဝံ့ရင်ဆိုင်ရဲနေသည်။ သို့သော် မိမိသည် ထိုမျှလောက်သတ္တိမရှိသေး..။ မရဲဝံ့သေး...။
ဤတစ်ခါတွင်မူ ကောင်လေးအား လေးစားမိသည်။ မင်းထံမှသတ္တိများ.. ကိုယ့်ကိုပေးသနားလှည့်ပါ.. ကောင်လေး..။
For Zawgyi
ကံၾကမၼာ
သခင္ေလးေပးခဲ့သည့္ အနမ္းေႏြးေႏြးကို ယခုခ်ိန္ထိေမ့မရခဲ့။ သခင္ေလးလည္းမိမိကို ေမတၱာရွိေနေၾကာင္း သိရ႐ုံျဖင့္ မိမိသည္ ဤကမာၻေပၚ၌ အေပ်ာ္႐ႊင္ရဆုံး လူသားတစ္ဦးျဖစ္ခဲ့ရသည္။
မနက္ခင္း.. သခင္ေလးထံကိုခစားဝင္တဲ့အခါ သခင္ေလးဘယ္လိုမ်ားျဖစ္ေနမလဲ။ သူ.. ညက ျပဳခဲ့တဲ့ အျပဳအမူအတြက္ ရွက္ေနမလား။ ဒါမွမဟုတ္.. ကြၽန္ေတာ္ကိုပိုၿပီးေတာ့မ်ား ၾကင္နာေနမလား။ အေတြးနဲ႔တင္ အလြန္ေပ်ာ္စရာေကာင္းေနပါၿပီ။
ေပ်ာ္႐ႊင္ေသာအေတြးငယ္ျဖင့္ သခင္ေလးထံခစားဝင္ရန္ အခန္းထဲသို႔လာခဲ့သည္။ မိမိဝင္ဝင္လာခ်င္းပင္ၿပဳံးျပေသာ သခင္ေလး၏အၿပဳံးသည္ အခန္းထဲတြင္ျဖာၾကေနေသာ ေနေရာင္ျခည္ႏုႏုထက္ ပို၍ေတာက္ပေနသည္။
" သခင္ေလး.. အေစာႀကီးႏိုးေနတာလား "
" အင္း... "
ပထမအေတြးမ်ားတြင္ သခင္ေလးရွက္ေနမည္ဟု ေတြးမိခဲ့သည္။ ယခုအေျခအေနတြင္မူ အရွက္ပိုေနသူမွာ မိမိျဖစ္ေနသည္။ ရွက္စိတ္ေၾကာင့္ပင္ သခင္ေလးအနားသို႔ မသြားရဲ..။ ခပ္ေဝးေဝးမွသာရပ္ေနမိသည္။
" မင္းက အဲဒီအတိုင္း ရပ္ေနေတာ့မွာလား "
" ဗ်ာ.. "
" မဗ်ာနဲ႔.. ဒီအနားလာခဲ့ "
အနားသို႔ တျဖည္းျဖည္းေရာက္လာေသာနႏၵကို စိုင္းထြဋ္ေခါင္ သည္စိတ္မရွည္စြာ လက္မွလွမ္းဆြဲလိုက္သည္။
" ဘာျဖစ္ေနတာလဲ ေႏွးတုံ႔ေႏွးတုံ႔နဲ႔ "
" ဘာမွမျဖစ္ပါဘူး "
" မင္းဘာျဖစ္ေနတာလဲ.. ေနမေကာင္းဘူးလား မ်က္ႏွာေတြရဲေနတယ္ "
" ေနေကာင္းပါတယ္.. ဒီအတိုင္း... "
" ရွက္ေနတာလား... "
" ဟာ.. မဟုတ္ပါဘူး.. သခင္ေလးကလည္း.."
" ဟုတ္လို႔လားကြာ.. "
" ဟုတ္ပါတယ္ဆို.. "
" ဟက္.. ဟုတ္ပါၿပီ... မရွက္ဘူးပဲထားပါေတာ့.. အခုဘယ္ႏွနာရီရွိၿပီလဲ.. "
" အခုက ေျခာက္နာရီရွိပါၿပီ "
" မယ္မယ္တို႔က မနက္စာကို ခုႏွစ္နာရီေက်ာ္မွစားတာေနာ္ "
" ဟုတ္ပါတယ္ "
" ဒါဆို တစ္နာရီေက်ာ္ေက်ာ္အခ်ိန္ရေသးတာပဲ။ မင္းမွာဘာလုပ္စရာရွိေသးလဲ.. အားရဲ႕လား "
" ဘာမွလုပ္စရာမရွိေသးပါဘူး.. အားပါတယ္.. သခင္ေလး ဘာခိုင္းစရာရွိလို႔လဲ "
" အင္း.. ရွိတယ္.. ငါခိုင္းမယ့္အလုပ္က မင္းဘယ္မွမသြားဘဲနဲ႔ ငါ့အေရွ႕မွာဒီအတိုင္းထိုင္ေနေပး "
" ဟမ္.. ဘယ္လို "
" ငါ့ေရွ႕မွာဒီအတိုင္းထိုင္ေနေပး... မင္းမ်က္ႏွာကို အေသးစိတ္မွတ္သားၿပီး ၾကည့္ခ်င္လို႔ "
" ဟမ္... "
" ဘာျဖစ္ေနတာလဲ.. တဟမ္ဟမ္နဲ႔ "
" ဘာမွမျဖစ္ပါဘူး.. နည္းနည္းထူးဆန္းေနသလားလို႔ "
" ထူးဆန္းတယ္ဆိုၿပီး မင္းကမလုပ္ခ်င္ဘူးလား "
" ဟမ္... "
" ၾကည့္.. လာျပန္ၿပီ အဲဒီဟမ္က "
" ကြၽန္ေတာ္က သခင္ေလးရဲ႕အခိုင္းအေစတစ္ဦးပါ.. သခင္ေလးခိုင္းတာမွန္သမွ် ဘာမဆိုလုပ္ေပးရမွာပါ "
" အင္း.. အဲဒါဆိုဒီအတိုင္းထိုင္ေန.. ၿပီးရင္ငါ့ကိုၾကည့္ေန.. "
" အမိန႔္အတိုင္းပါ "
ထိုင္ေန႐ုံနဲ႔ၿပီးသြားတဲ့ ကိစၥမဟုတ္ဘူး..။ သူ႔ကိုပါၾကည့္ေနရမယ္တဲ့လား..။ သူ႔အနားကပ္လာလို႔ လူကပူထူေနပါတယ္ဆိုမွ အခုလိုအၾကည့္ခ်င္းဆုံေနေတာ့ ခ်က္ခ်င္းကို အေငြ႕ပ်ံခ်င္ေနပါၿပီဗ်ာ..။ မေနတတ္တာနဲ႔ အၾကည့္ခ်င္းလႊဲလိုက္တိုင္း ကြၽန္ေတာ့္အနားကို ပိုပိုၿပီးတိုးလာတဲ့ သခင္ေလးေၾကာင့္ အေနခက္ရခ်ီရဲ႕..။
" သခင္ေလး.. ကြၽန္ေတာ့္ကို မက်ီစားပါနဲ႔လား "
" ဘာလို႔လဲ "
" အစကတည္းကမွ သခင္ေလးေၾကာင့္ ကြၽန္ေတာ့္ႏွလုံးသားက အရည္ေပ်ာ္ေနၿပီသားပါ "
" ဒီလိုစကားလုံးလွလွေလးေတြလည္း သုံးတတ္တာပဲလား "
" ခ်စ္ျခင္းေၾကာင့္ ျဖစ္တည္လာတဲ့စကားလုံးလွလွေတြပါ "
" စကားတတ္လိုက္တာ... ကိုယ္ကအခု မ်က္ႏွာမသစ္ရေသးတဲ့အတြက္ နည္းနည္းညစ္ပတ္မယ္ေနာ္ "
ထိုစကား၏အဆုံး၌ မိမိ၏ႏႈတ္ခမ္းေပၚသို႔က်ေရာက္လာသည့္ သခင္ေလး၏အနမ္းေႏြးေႏြး..။ ႏူးညံ့သည္။ ခ်ိဳမိန္သည္။ မိမိ၏စိတ္ကူးယဥ္အိပ္မက္မ်ားသည္ လက္ေတြ႕ျဖစ္တည္လာေသာအခါ အေပ်ာ္လြန္မိေသာေၾကာင့္ အိပ္မက္ျဖစ္ေၾကာင္း.. လက္ေတြ႕ျဖစ္ေၾကာင္းပင္ မခြဲျခားတတ္ေတာ့သည္အထိ ေပ်ာ္႐ႊင္မႈအတိျဖစ္တည္ေနသည္။ ထိုအထိအေတြ႕ေလးအား သေဘာက်မိ၍ ယခုျဖစ္တည္ေနသည့္ အခိုက္အတန႔္ေလး.. ေပ်ာက္ပ်က္မည္ကို စိုးရိမ္မိသည္။
ခ်စ္တယ္သခင္ေလး..။ အရမ္းခ်စ္တယ္..။ ကြၽန္ေတာ့္ကို သခင္ေလးကခ်စ္ေၾကာင္း ဖြင့္မေျပာေသးေပမဲ့ သခင္ေလးရဲ႕အျပဳအမူနဲ႔တင္ နားလည္ေပးႏိုင္တာမို႔ ကြၽန္ေတာ္အဆင္ေျပပါတယ္..။ အဆင္ေျပတယ္ဆိုေပမဲ့ သခင္ေလးႏႈတ္ဖ်ားက ခ်စ္ေၾကာင္းဝန္ခံတာကို မေသခင္တစ္ခါေလာက္ေတာ့ မိုက္႐ူးရဲဆန္ဆန္ ၾကားခ်င္ေသးပါရဲ႕။ ကြၽန္ေတာ့္ဆႏၵေတြျပည့္ဝပါ့မလား သခင္ေလး..။
ကြၽန္ေတာ့္ဆႏၵေတြ မျပည့္ဝမွာကို တကယ္ေၾကာက္မိတယ္သခင္ေလး။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံးက အမ်ိဳးသား ဆိုတဲ့ျဖစ္တည္မႈျခင္းတူေနတယ္။ အဆင့္အတန္းေတြ သိပ္ကြာျခားေနတယ္။ ဒါေပမဲ့.. သခင္ေလးသာ ကြၽန္ေတာ့္အနားမွာရွိေနရင္ အရာရာကိုရင္ဆိုင္ရဲတယ္။
အဲဒါေၾကာင့္ အခုခ်ိန္မွာ.. ကြၽန္ေတာ္ရဲ႕ျဖစ္တည္မႈေတြကို ခဏေမ့ထားလိုက္တယ္။ ခ်စ္တယ္သခင္ေလး။
" မ်က္ႏွာသြားသစ္ေတာ့ေနာ္.. သခင္မႀကီးတို႔ ေစာင့္ေနေတာ့မယ္ "
" အင္း... "
ထို႔ေနာက္ သခင္ေလးသည္ ကိုယ္လက္သန႔္စင္ၿပီး ျပန္ထြက္လာေသာအခါ ထုံးစံအတိုင္း မိမိကအက်ႌဝတ္ေပးရသည္။
" မင္းကိုမွာစရာရွိတယ္။ အသစ္ေရာက္လာတဲ့ မိန္းမအနားကို သိပ္မကပ္ပါနဲ႔.. ကိုယ္မႀကိဳက္ဘူး.. "
" ဟုတ္ကဲ့.. သခင္ေလးရဲ႕ အမိန႔္ေတာ္အတိုင္းပါ "
သဝန္တိုေနသည့္သခင္ေလးက အဘေျပာဖူးသည့္ ရက္စက္တတ္ေသာ သခင္ေလးႏွင့္ လားလားမွ်မသက္ဆိုင္။ ခန႔္ညားလြန္းေနသည့္ သခင္ေလးကို တစ္ႀကိမ္တစ္ခါမွ် ရဲတင္းစြာ မိမိဘက္မွစတင္၍အနမ္းတစ္ပြင့္ေပးခ်င္မိပါသည္။ ထို႔ေၾကာင့္ မိမိထက္ ေခါင္းတစ္လုံးစာမွ် ပို၍အရပ္ရွည္ေသာ သခင္ေလးအား ေျခဖ်ားေလးေထာက္ကာ ပါးျပင္ထပ္သို႔နမ္းေႁခြမိခဲ့သည္။
" သိပ္အတင့္ရဲေနပါလား ေကာင္ေလး "
" ခ်စ္တာကို... "
" ကြၽန္တစ္ေယာက္အေနနဲ႔ သခင္တစ္ေယာက္ကို ခ်စ္မိတာ.. မင္းသိပ္မိုက္မဲလြန္းတယ္ေကာင္ေလး..။ အခု.. မင္းရဲ႕မိုက္မဲမႈက ကိုယ့္ကိုပါကူးစက္ေတာ့မွာလား "
" ကူးစက္ခံလိုက္ပါသခင္ေလး.. ဘယ္အရာေတြဘယ္လိုပဲ ကာဆီးေနပါေစ.. သခင္ေလးနဲ႔အတူတူ ရဲရဲဝံ့ဝံ့ႀကီးရင္ဆိုင္ခ်င္တာမို႔.. ကူးစက္ခံလိုက္ပါသခင္ေလး "
ထိုသို႔ေျပာၿပီးေနာက္ ရင္ခြင္ထဲတိုးဝင္လာသည့္ ေကာင္ေလးအား အလိုက္သင့္စြာ ဖက္ထားလိုက္မိသည္။ သူ႔ထံမွ တစ္စြန္းတစ္စေသာ သတၱိမ်ား မိမိထံ ကူးစက္လို ကူးစက္ျငား ေထြးေပြ႕ထားမိသည္။
သူသိပ္သတၱိရွိေနသည္..။ မိမိအတြက္ ရဲရဲဝံ့ဝံ့ရင္ဆိုင္ရဲေနသည္။ သို႔ေသာ္ မိမိသည္ ထိုမွ်ေလာက္သတၱိမရွိေသး..။ မရဲဝံ့ေသး...။
ဤတစ္ခါတြင္မူ ေကာင္ေလးအား ေလးစားမိသည္။ မင္းထံမွသတၱိမ်ား.. ကိုယ့္ကိုေပးသနားလွည့္ပါ.. ေကာင္ေလး..။
Advertisement
-
In Serial21 Chapters
A Selkie Story
Sam--short for Samantha, if you please--has been living in Crawley, Maine for about a year in her grandfather's lighthouse. A promising advertiser, she works from home and the local coffee shop, where she gets her daily hot chocolate fix. For her, life is perfectly normal and that's just the way she likes it. That is, until she picks up a stranger's coat, and then everything changes.** Inspired by howtobangyourmonster & kurara-black-blog 's posts on Tumblr ** {Started Nov 11 2019 // Completed June 7 2021}
8 237 -
In Serial51 Chapters
CURSE OF LOVE
[ Completed ]Hunter PearcePria tampan dengan sifat arogan dan sombong itu harus dihadapkan dengan sebuah kutukan dari seorang wanita yang ia tolak melamar kerja di perusahaannya dengan alasan wajahnya yang kurang menarik.Ia harus mencari seseorang yang benar benar tulus mencintainya untuk mengangkat kutukan itu. Wajah tampannya kini berubah menjadi buruk rupa,kekasihnya pun pergi meninggalkannya.Sampai suatu hari ia menerima seorang wanita muda yang mau bekerja sebagai asisten pribadinya,membuatnya merasa nyaman dan membuatnya tidak merasa buruk rupa ketika bersama wanita itu."Choose the ones who look at you,like they just realized you exist." ucap tiba tiba wanita disampingnya ini yang sedang menatap lurus kearah danau,sontak membuat Hunter menoleh dan menatapnya penuh intens.
8 554 -
In Serial34 Chapters
Marriage For His Revenge
He entered in her lifeShe thought it was love But her wrenched when he showed her who he really was ! Not a sweet innocent boy but a Devil !A Devil who fooled her for His Revenge! lets see what he wanna do?Dark story *read only if you are comfortable *
8 151 -
In Serial25 Chapters
Maid for a Duke (A Christmas Novella)
| Completed | "I've never been more certain of anything in my life, Kitten. You...were made for me."Elijah Wright, the Duke of Kent, grew up learning all about duty, responsibility, and honor. When his father died, it was time for him to step up and finally uphold the family title. First thing his mother wanted was simple: an arranged marriage. As the Christmas wedding was approaching, he got more uncomfortable with marrying Lady Elizabeth Coleman, who was a complete stranger to him. With the help of his best friend, Will, Elijah flees his home, hoping to temporarily escape his forced reality. Even though he plans on following through with the wedding, everything is called into question when he rescues a fiery redhead from highwaymen.Katherine Bennet spent her days journaling and dreaming about getting out of her small-town home. When an opportunity came knocking for her to get a maid's position for the Duke of Kent, she accepted it in a heartbeat. Renting a mail coach, she set off to the Kent Estate, ready to start this new chapter in her life. A chapter, unfortunately, that was interrupted by highwaymen attempting to rob her. That was until a stranger on a horse came to her rescue, only to end up badly injured in the process.With the impending snowstorm on the horizon, Katherine and Elijah must seek shelter in an abandoned cabin. As these two strangers get to know each other, will they be able to resist the strong connection they feel for each other?When the snowstorm finally ends, Elijah has a choice to make: Was he going to follow his heart? Or uphold the family honor?*Ranked #1 in Forbidden Romance 4/3/2020*2nd Place Short Story Winner in the Shadow City Awards! *Featured as one of the top 12 Christmas recommendations on @ThePeacockShow!*Ranked #6 in Christmas Romance*Ranked #11 in Forbidden RomanceAmazing cover done by @Amelierhys
8 148 -
In Serial8 Chapters
shauny bois back at it again
www.freesciencelessons.com passed my science gcses for me
8 190 -
In Serial24 Chapters
The Next Day-- Tobi x Deidara (TobiDei/ DeiTobi) (A Naruto fan fiction)
Tobi lost all of his clan in what appears to have been a murder spree- the murderer was never caught. What's stranger is that he seems to have lost all of his memories, his only recollection being his own identity. Is that really who he is, though?When he transfers to Konoha High and moves into the biggest city in his country, he meets Deidara, an arrogant boy that doesn't care for Tobi in the slightest. They get closer, but during an outing with friends he meets someone who claims that Tobi's real name is Obito.With mysteries at hand about who killed his clan and who he really is plus his eventful adventures with his friends, Tobi tries to settle in Konoha city and figure out who he truly is.(First fanfic >/////<>------(EDIT From like 2 years later- this story isn't very good. It has some Nice Gay™ but there are plot holes and the sentences are choppy lol. I might go back and edit everything, maybe even rewrite it- who knows. But just know this isn't the best story out there!)
8 113
