《Amiss Prayer (Zawgyi&Unicode) [Completed]》Part-16(မမျှော်လင့်သော)
Advertisement
For Unicode
မမျှော်လင့်သော
စင်စစ် ရှင်မေထံတွင် ဤကဲ့သို့ခိုးယူတတ်သော အကျင့်မရှိ..။ မိမိသိရသမျှမှာ သူမသည် ရိုးသည်..၊ အေးသည်..၊ မိန်းမသားပီသသည်..။ ထို့ကြောင့်လည်း အဘက မိမိအားသူမနှင့် ထိမ်းမြားစေချင်သည်။ ယခုတွင်မူ ရှင်မေသည် အိမ်တော်ကြီးတွင် ရှိမနေတော့..။ သခင်လေး၏ ပစ္စည်းကို ခိုးခဲ့သောကြောင့် အိမ်တော်မှ နှင်ထုတ်ခံရသည်။ အဘပြောပုံအရ အိမ်တော်တွင် စည်းကမ်းဖောက်ဖျက်သူများသည် အနည်းနှင့်အများနှိပ်စက်ခံသည်။ ရှင်မေကမူ ထိုသို့နှိပ်စက်ခံရခြင်းမရှိ။ အကောင်းအတိုင်းသာ နှင်ထုတ်ခံရသည်မှာ အဆိုးထဲမှ အကောင်းဟုဆိုရမည်။
“ အဘ.. ရှင်မေက တကယ်ပဲခိုးမှုကျူးလွန်ခဲ့တာလား “
“ အဘလည်း မသိပါဘူးကွယ်။ အဘသိရသလောက်ကတော့ ရှင်မေက အဲဒီလိုခိုးရဲတဲ့ မိန်းကလေးမဟုတ်ပါဘူးကွယ်။ သူ.. ဒီအိမ်မှာလုပ်နေတာလည်း ကြာပါပြီ။ အခုမှဘယ်လိုဖြစ်တာလဲ အဘလည်း မသိတော့ဘူးကွယ်။ အဘကတော့ ဒီမိန်းကလေးမရှိတော့တာကို နှမြောတယ်။ သူက ရိုးတယ်.. အေးတယ်.. ငါ့သားလေးနဲ့ထိုက်တန်တယ်ဆိုပြီ သဘောတူထားတာ.. အခုတော့ “
“ သားနဲ့ဖူးစာမပါလို့နေမှာပါ အဘရယ်..။ အဲဒီအကြောင်းတွေကို တွေးမနေနဲ့တော့။ စောစောနားဦးအဘ “
“ အေးပါ.. အေးပါ.. သားလည်းအိပ်တော့ “
“ ဟုတ်ကဲ့အဘ.. “
ရှင်မေအလုပ်ထွက်ရခြင်းမှာ သွေးရိုးသားရိုးမဟုတ်ကြောင်း သိသော်လည်း မည်သူမှမေးခွန်းမထုတ်ရဲကြ။ သခင်လေး၏အမိန့်သည် အိမ်တော်ပေါ်တွင် ဤမျှလောက် အာဏာရှိနေသည်။
ထိုတစ်နေ့တာ ကျော်လွန်ပြီးနောက် နေ့သစ်တစ်နေ့အား စတင်ခဲ့သည်။ ထိုနေ့သစ်တွင် စိုင်းထွဋ်ခေါင်တစ်ယောက် စိတ်ကြည်လင်ခြင်းမရှိခဲ့။
အချိန်အားဖြင့် ခြောက်နာရီရှိနေပြီဖြစ်သည်။ ယနေ့တွင်မူ စောစောစီးစီးနိုးနေသည်။ စောစောစီးစီးနိုးသော်လည်း စိတ်မကြည်ခဲ့..။ အလိုမကျမှုသည် စိတ်ထဲတွင်ဖြစ်တည်လျက်..။ အကြောင်းအရင်းသည်က ထူးထူးဆန်းဆန်းမဟုတ်။ ပုံမှန်မနက်ခင်းတိုင်းတွင် ခုနှစ်နာရီထိုးလျှင် လာနှိုးသော အသံနှင့်လူကို မမြင်ရ.. မကြားရသေးသောကြောင့်သာ။
ယခင်နေ့များစွာတွင် မိမိသည် စောစောနိုးလေ့မရှိ။ ထို့ကြောင့် မနက်ခုနှစ်နာရီတိုင်းတွင် နန္ဒသည် လာလာနှိုးပေးရသည်..။ ယနေ့တွင်မူ ခြောက်နာရီသာရှိသေးသောကြောင့် နန္ဒသည် မိမိအခန်းထဲသို့ ရောက်မလာသေး..။ မနက်မိုးလင်းတိုင်းတွင် သူ၏မျက်နှာ သူ၏အသံကို မြင်နေကျ ကြားနေကျဖြစ်သောကြောင့် ယနေ့တွင် နိုးနိုးချင်း သူ့ကိုမတွေ့ရသည့်အတွက် စိတ်မကြည်ခဲ့။ ထို့ကြောင့် လှထွန်းကို နန္ဒအား မိမိအလိုရှိနေကြောင်း သွားပြောခိုင်းထားသည်။ ခေတ္တမျှကြာသောအခါ နန္ဒသည် မိမိအခန်းထဲသို့ရောက်လာသည်
မိမိရှေ့သို့ရောက်လာသည့် ထိုလူသားသည် တစ်နေ့တခြား ပို၍ပို၍ချောမောလာသည်။ နို့နှစ်ရောင်အသားအရည်နှင့် ဝတ်ဆင်ထားသော အင်္ကျီအနီရောင်လေးသည် လိုက်ဖက်လွန်းသည်။ ထိုအင်္ကျီအနီရောင်လေးမှာ လက်တိုလေးသာဖြစ်သည်။
“ ဒီလောက်ချမ်းနေတာကို ဘာလို့အပေါ်ထပ်အင်္ကျီ ဝတ်မလာသလဲ “
“ သခင်လေးခေါ်တယ်ဆိုလို့ အမြန်လာရင်း မေ့ခဲ့တာပါ။ သခင်လေး.. ဘာများအလိုရှိလို့လဲ “
“ ဘာရယ်တော့မဟုတ်ဘူး.. ဒီတိုင်းပဲခေါ်လိုက်တာ။ မင်းဒီနားတိုးလာခဲ့ဦး “
သခင်လေးခေါ်သည့်အနားသို့ တိုးသွားသောအခါ မိမိ၏လက်ကိုဆွဲကိုင်လိုက်သည်။ ရုတ်တရက်လှမ်းကိုင်လိုက်သည့် သခင်လေး၏လက်ကြောင့်ပင် ရာသီဥတု၏ချမ်းအေးမှုဖြင့် အေးနေသော မိမိ၏လက်သည် နွေးထွေးသွားရသည်။
“ အင်း.. သူရဲကောင်းကြီး.. လက်တွေကအေးစက်နေတာပဲ “
“ ရာသီဥတုကြောင့်ပါ.. ရပါတယ် သခင်လေး “
မိမိစကားဆုံးပြီးနောက် သခင်လေးသည် မိမိလက်ကို ဆွဲလိုက်သည်။ ရုတ်တရက်ဆွဲလိုက်သောကြောင့် ခန္ဓာကိုယ်မှာ မထိန်းနိုင်ဖြစ်ကာ သခင်လေး၏ရင်ခွင်ထဲသို့ ပစ်စလက်ခက်ကျသွားသည်။
လဲကျလာသည့်နန္ဒကိုမူ သခင်လေးသည်က အလိုက်သင့်စွာ ဖက်ထားလိုက်သည်။ ခန္ဓာကိုယ်နှစ်ခု၏ ထိဆက်မှုကြောင့် နန္ဒတစ်ယောက် ပူထူလာကာ ရင်ခုန်နှုန်းများမြန်သည်။
“ မင်းကသာ ရတယ်ပြောနေတာ.. မင်းခန္ဓာကိုယ်တစ်ခုလုံးက အသေကောင်လိုပဲ.. အေးစက်နေရော “
“ ဟို.. ရပါတယ်.. သ.. သခင်လေး.. ကျွန်တော်.. အပေါ်ထပ်အင်္ကျီသွား.. သွားဝတ်လိုက်ပါမယ် “
“ အင်း.. နောက်မှသွားဝတ်.. လောလောဆယ်တော့ ငါမင်းကိုဖက်ထားချင်တာမို့လို့ ဒီတိုင်းပဲငြိမ်ငြိမ်နေဦး “
ဘာလဲ.. အခုကျွန်တော်က သူ့ကို ဖက်ထားချင်တယ်လို့ ပြောလိုက်တာလား..။ ကျွန်တော့်စိတ်တွေဘာလို့အခုတစ်လော ဖောက်ပြားနေရတာလဲ။ သူ့ကိုအမြဲလိုလိုမြင်ချင်နေတဲ့စိတ်တွေက ထိန်းချုပ်ရခက်နေတယ်။ ကျွန်ယောက်ျားတစ်ယောက်ကို ဒီလိုခံစားချက်တွေထားနေတာ.. ကျွန်တော်တကယ်ရူးနေပြီပဲ။
ရင်ထဲမှဖြစ်ပေါ်လာသည့် ခံစားချက်များကို လောကနိယာမတချို့ဖြင့် ထိန်းချုပ်ကာ ကိုယ်လက်သန့်စင်ရန် အိပ်ရာထဲမှထလာခဲ့သည်။
“ အဲဒီအတိုင်း စောင်ပုံထဲမှာနေနေနော်.. ငါပြန်ထွက်လာလို့ မင်းဒီပုံစံအတိုင်းမရှိရင်.. ငါမင်းကိုအပြစ်ပေးမယ် “
ရူးသွပ်မှုကြောင့်ဖြစ်ပေါ်လာသည့် ခံစားချက်ပင်ဖြစ်နေပါစေ.. ကောင်လေးအား အထိခိုက်မခံနိုင်သေးသည်မှာ အမှန်ပင်ဖြစ်သည်။ ဂရုစိုက်ချင်သည်။ ထွေးပွေ့ထားချင်သည်။ သို့သော် မိမိတို့နှစ်ဦးသားအကြားတွင် စည်းမျဉ်းနှင့်ကန့်သတ်များသည် များလွန်းနေသောကြောင့် မကြင်နာချင်ယောင် ဟန်ဆောင်လျက် တိတ်တခိုးသာ ဂရုစိုက်ခွင့်ရှိနေသည်။
စိုင်းထွဋ်ခေါင်သည်လည်း သူ၏ခံစားချက်များကို သိုဝှက်ထားသကဲ့သို့ နန္ဒသည်လည်း ထိုနည်း၎င်းပင်..။
ထွက်သွားသည့် သခင်လေးကိုကြည့်ကာ ရင်ခုန်နှုန်းမြန်နေသော နှလုံးသားလေးရှိရာ ရင်ဘတ်ကို ဖိထားလျက် မလှုပ်မယှက်ထိုင်နေမိသည်။
သခင်လေးက ကျွန်တော့်ကိုဖက်ထားချင်တယ်တဲ့လား..။ ဒါဆို သခင်လေးကရော ကျွန်တော့်ပေါ်ကို ခံစားချက်တွေ ရှိနေတာလား။ တကယ်ပဲလား..။ ဖြစ်နိုင်ပါ့မလား။
ဟင့်အင်း.. မဖြစ်နိုင်တာ..။ သူ့လို အစစအရာရာပြည့်စုံနေတဲ့သူက ကျွန်တော့်လိုဘာမဟုတ်တဲ့ အခိုင်းစေတစ်ယောက်ကို သဘောကျစရာ အကြောင်းမှမရှိတာ။ မမီတဲ့ပန်းကို တုံးခုလှမ်းတယ်ဆိုတာကလည်း ကျွန်တော့်လို ယောက်ျားချင်းဖောက်ပြားနေတဲ့ စိတ်ရှိနေတဲ့သူတွေအတွက်မှ မဟုတ်တာ။ ကျွန်တော်တကယ်ရူးနေပြီပဲ။ မမျှော်မှန်းသင့်တာကို တကယ်မျှော်မှန်းနေတာပဲ။
Advertisement
“ နန္ဒ.. နန္ဒ.. “
မျက်နှာသစ်ပြီးပြန်ထွက်လာသည့် မိမိကို သူမမြင်..။ မိမိခေါ်သည်ကိုလည်း မကြား..။
ဒီကောင်လေး တကယ်ပဲ.. ဘာတွေအတွေးလွန်နေတာလဲ။
“ နန္ဒ... “
“ ဗျာ.. ဗျာ.. သခင်လေး.. “
“ ဘာဖြစ်နေတာလဲ.. ငါခေါ်နေတာကြာလှပြီ “
“ ကျွန်တော် အတွေးလွန်နေလို့် မကြားလိုက်တာပါ သခင်လေး..။ တောင်းပန်ပါတယ် “
“ ထားတော့.. ငါ့ကိုအင်္ကျီလာဝတ်ပေး “
“ အမိန့်အတိုင်းပါ “
အင်္ကျီဝတ်ပြီးနောက် နံနက်စာစားရန် အိမ်အောက်ထပ်သို့ဆင်းခဲ့သည်။ ထမင်းစားဝိုင်းသို့ ရောက်သောအခါ ထိုင်နေသောမယ်မယ်က မနက်စာပြင်နေသည့် မိန်းကလေးတစ်ဦးကို ညွှန်ပြကာ စကားပြောသည်။
“ သားတော်.. သူကဒီနေ့မှစရောက်တဲ့လူအသစ်။ ရှင်မေအစား အလုပ်ဝင်တဲ့သူ.. နာမည်က သူဇာတဲ့.. “
မယ်မယ်စကားကြောင့်ဦးညွှတ်ပြီး နှုတ်ဆက်လာသည့် ထိုမိန်းကလေးသည် မိမိအားနှုတ်ဆက်ပြီးနောက် မိမိအနောက်တွင်ရပ်နေသော နန္ဒအားကြည့်ကာ ပြုံးနေသည်။
လာပြန်ပြီနောက်တစ်ယောက်.. ပထမတစ်ယောက်ရဲ့ရန်ကို ရှင်းပစ်တာမှ သိပ်မကြာသေးဘူး။ အခုနောက်တစ်ရန်က ရောက်လာပြန်ပြီ။
ထိုမိန်းကလေး စရောက်သည့်နေ့မှစကာ စိုင်းထွဋ်ခေါင်သည်နန္ဒအား အလုပ်များကို ပို၍ခိုင်းစေသည်။ ထမင်းပင် ခွန့်မကျွေးရရုံတမယ်သာ.. အစစအရာရာ နန္ဒကို ခိုင်းစေသည်။
နန္ဒပင်ပန်းနေကြောင်းသိပါသည်။ သို့သော်.. ထိုသို့ခိုင်းစေရခြင်းမှာ နန္ဒအား မိမိအနားမှ ခွာမသွားစေလို၍ဖြစ်သည်။ အနည်းငယ်မျှသာ အားလပ်ချိန်ပေးသော်လည်း အားလပ်ချိန်တိုင်း ခြံထဲသို့ဆင်းသွားသည့်နန္ဒအနားတွင် အိမ်အစေသူဇာကို အမြဲလိုလိုတွေ့ရတတ်သည်။ မြင်နေရသည်က နန္ဒသည် သူဇာ့အနားသို့ သွားခြင်းမဟုတ်။ သူဇာကသာ နန္ဒအနားသို့ ရောက်ရောက်လာသည်။ အိန္ဒြေမရသည့်ထိုမိန်းမကို မုန်းသည်နှင့် နန္ဒသည် ပို၍ပင်ပန်းရသည်။
မင်းကိုကာကွယ်နေရတာလည်း မလွယ်ပါလား နန္ဒရေ...
ယခုတွင်လည်းခြံထဲတွင် သူ၏အဖေဦးသစ္စာအစား ပေါင်းပင်နှုတ်နေသော နန္ဒအနားသို့ သူဇာရောက်လာပြန်သည်။
“ အစ်ကို.. ပင်ပန်းနေပြီလား.. “
“ ဒါက ကျွန်တော်လုပ်နေကျအလုပ်တွေပါ။ မပင်ပန်းပါဘူး “
“ လုပ်နေကျအလုပ်တွေကလည်း များလိုက်တာအစ်ကိုရယ်.. သူဇာက အစ်ကိုပင်ပန်းနေတာကို မကြည့်ရက်ဘူး “
“ သြော်.. “
ထို့နောက်ရုတ်တရက် သူဇာ၏လက်သည် နန္ဒ၏ဘယ်ဘက်ပါးအနားသို့ ရောက်လာသည်။ ရုတ်တရက်ဖြစ်၍ နန္ဒရှောင်ချိန်မရလိုက်ပေ။ ထို့နောက် သူဇာသည် နန္ဒ၏ဘယ်ဘက်ပါးပေါ်တွင် ပေနေသော မြေမှုန့်အချို့ကို ဖယ်ရှားပေးလိုက်သည်။
“ အစ်ကို့ပါးမှာ မြေမှုန့်တွေပေနေတယ် “
ထို့နောက် မြေမှုန့်များကိုသုတ်ပေးနေသည့် သူဇာ၏လက်မှ နန္ဒသည်ရှောင်ရှားလိုက်သည်။
“ နေပါစေ.. ကျွန်တော့်ဘာသာ သုတ်ပါ့မယ် “
“ သူဇာကလေ.. အစ်ကိုပင်ပန်းနေတာကို မကြည့်ရက်ဘူး။ အစ်ကို့သခင်လေးက တကယ်မကောင်းဘူး။ အစ်ကို့ကို အလုပ်တွေတအားခိုင်းတာပဲ “
“ သခင်တစ်ယောက်က သူပိုင်ဆိုင်တဲ့ကျွန်တစ်ယောက်ကို အလုပ်ခိုင်းတာက အပြစ်မဟုတ်ဘူး။ နောက်ပြီး.. ကျွန်တော့်အရှေ့မှာ သခင်လေးမကောင်းကြောင်း မပြောပါနဲ့...။ ကျွန်တော်မကြိုက်ဘူး “
ထိုသို့ နန္ဒနှင့်သူဇာတို့၏ မြင်ကွင်းကိုမြင်ရ၍ ပြောသည့်စကားများကိုမကြားရသော သူတို့သည် နန္ဒနှင့်သူဇာအား အထင်လွဲစရာဖြစ်နိုင်သည်။ ထိုသို့အထင်လွဲသူများတွင် ထိပ်ဆုံးကပါသူသည် စိုင်းထွဋ်ခေါင်ပင်ဖြစ်သည်။
စိုင်းထွဋ်ခေါင်သည် နန္ဒအား အလွန်ခိုင်းစေမိသောကြောင့် နန္ဒပင်ပန်းနေသည်ကိုသိသည်။ ယခုတွင်လည်း ခြံထဲတွင်ပေါင်းပင်နှုတ်ကာ တံမြက်စည်းလှဲနေသော နန္ဒအားမောနေမည်ကိုစိုးရိမ်၍ သံပရာရည်ထည့်ထားသောဖန်ခွက်ကိုကိုင်ကာ စိုင်းထွဋ်ခေါင်သည် နန္ဒရှိရာသို့လာခဲ့သည်။ နန္ဒရှိရာသို့မရောက်မီ အိမ်တံခါးမကြီးအဝမှ တွေ့လိုက်ရသော နန္ဒနှင့်သူဇာတို့၏အမူအရာသည် စိုင်းထွဋ်ခေါင်၏ နှလုံးသွေးတို့အား ပြောင်းပြန်စီးစေသည်။
ကိုယ်ကတော့ သူပင်ပန်းနေမှာ ကိုစိုးရိမ်နေရတယ်။ သူကတော့ တခြားမိန်းမတစ်ယောက်နဲ့ ထိတွေ့နေတယ်တဲ့လား။
“ တောက် “
ထို့နောက် လက်ထဲတွင်ကိုင်ထားသော ဖန်ခွက်ကို ရိုက်ခွဲလိုက်ကာ အပေါ်ထပ်သို့ပြန်တက်သွားခဲ့သည်။ ခေတ္တမျှကြာသောအခါ လူတစ်ယောက်ကို စေလွှတ်၍ နန္ဒခေါ်ခိုင်းခဲ့သည်။ ယခင်က မိမိအလိုရှိ၍ ခေါ်ခိုင်းလိုက်သည်နှင့်တစ်ပြိုင်နက် အလျင်အမြန်ရောက်လာတတ်သည့် သူသည် ယခုတွင်မူ ယ့်ငါးမိနစ်ခန့်လွန်သည်အထိ ရောက်မလာခဲ့။ ထိုသို့ရောက်မလာခြင်းသည် အရှိန်မသေသေးသော ဒေါသတို့ကို ပို၍လောင်ကျွမ်းစေခဲ့သည်။
ရောက်မလာသေးသည့်သူကို ထိုင်စောင့်နေ၍ ဒေါသထွက်ရမည့်အစား သွားတွေ့လိုက်သည်က ပို၍အဆင်ပြေသောကြောင့် သူ့ထံသွားရန် ရောက်သို့အဆင်း.. လှေကားတွင် မြင်တွေ့လိုက်ရသော မြင်ကွင်းသည် မိမိ၏သည်းခံစိတ်တို့ကို ကုန်ဆုံးစေခဲ့သည်။ ထိုမြင်ကွင်မှာ နန္ဒနှင့်သူဇာတို့ဖက်နေသည့်မြင်ကွင်းပင်..။
မင်း.. ငါ့ဆီကို အချိန်မီရောက်မရတဲ့ အကြောင်းရင်းက ဒါလား နန္ဒ... မင်းကွာ..
ထိန်းမရသောဒေါသများသည် နန္ဒအပေါ်သို့ပုံကျကာ စိုင်းထွဋ်ခေါင်သည် နန္ဒအားဆွဲထိုးလိုက်သည်။ လက်သီးအားက ပြင်းထန်သောကြောင့် နန္ဒသည် လှေကားပေါ်မှ လိမ့်ကျကာ ကြမ်းပြင်နှင့်စောင့်မိ၍ နဖူးပေါက်သွားသည်။
“ အိမ်တော်က စည်းကမ်းကိုမင်း ချိုးဖောက်ရဲသလား..။ ငါ့အပါးမှာခစားနေရတဲ့မင်းက ဒီအိမ်တော်ရဲ့စည်းကမ်းကို ပိုလိုက်နာသင့်တယ်မဟုတ်လား။ မင်းကစံပြဖြစ်နေသင့်တာ မဟုတ်လား..။ အခုတော့ မင်းကစံပြနမူနာ ချိုးဖောက်ပြလိုက်တာလား..။ စည်းကမ်းဆိုတာ ဖောက်ဖျက်ဖို့ထားတာမဟုတ်ဘူးကွ..။ လိုက်နာဖို့ထားထားတာ။ ငါ့အိမ်အရိပ်မှာခိုလှုံပြီး ငါ့စည်းကမ်းကိုမလိုက်နာတာ ငါ့ကိုစော်ကားတာပဲကွ “
“ မဟုတ်ဘူးသခင်လေး.. မဟုတ်ဘူး.. သခင်လေးရဲ့စည်းကမ်းကို ကျွန်တော်ချိုးဖောက်တာမဟုတ်ပါဘူး။သခင်လေး အထင်လွဲနေတာပါ “
“ အထင်လွဲတာ.. ဟုတ်လား.. မင်းတို့ဖက်နေတာကိုမြင်ရတာ ငါကနေ့ခင်းကြောင်တောင်ကြီး အမြင်မှားတာလား...။ လှေကားမှာတောင် လူရှေ့မရှောင်သူရှေ့ မရှောင်ဖက်နေတာ တကယ်မုန်းဖို့ကောင်းတယ်.. “
Advertisement
စိုင်းထွဋ်ခေါင်သည် အလွန်အမင်းစိတ်ဆိုးနေကာ အော်၍ပြောနေသည်ဖြစ်၍ သူ၏အသံသည် တစ်အိမ်လုံးအား ဖုံးလွှမ်းသွားသည်။ ထို့ကြောင့် ဒေါ်နန်းသီရိနှင့် ဒေါ်နန်းသီတာပါ ရောက်လာရသည်။
“ ဟဲ့.. ဘယ်လိုတွေဖြစ်နေတာလဲ ပြောစမ်း..။ သားတော်က ဘာလို့အဲဒီလောက်ထိဒေါသထွက်နေရတာလဲ..။ စိတ်လျှော့ဦးမှပေါ့..။ ပြောစမ်းနန္ဒ.. ဘာတွေဖြစ်နေတာလဲ “
“ ဒီလိုပါသခင်မကြီး.. ကျွန်တော်က သခင်လေးခေါ်လို့ အပေါ်ကိုတက်လာတုန်း သူဇာကခြေခွင်ပြီး လှေကားပေါ်ကချော်ကျလာလို့ ကျွန်တော်က သူ့ကိုထိန်းပေးလိုက်တာပါ..။ အဲဒါကိုသခင်လေးက ကျွန်တော်နဲ့သူဇာ ဖက်နေတယ်လို့ထင်သွားပြီး ကျွန်တော်က သခင်လေးချမှတ်ထားတဲ့ စည်းကမ်းကိုဖောက်ဖျက်တယ်လို့ သခင်လေးက အထင်လွဲနေတာပါ “
“ နန္ဒပြောတာဟုတ်သလား သူဇာ “
“ ဟုတ်.. ဟုတ်ပါတယ်သခင်မကြီး။ အစ်ကိုက သူဇာ့ကို ကယ်လိုက်တာပါ... “
“ ကဲကဲ.. ထားတော့..။ နန္ဒ မင်းနဖူးမှာ သွေးတွေနဲ့ပါလား။ ဆေးသွားထည့်စမ်း..။ သားတော်လည်း ဒေါသကိုလျှော့ပါ.. သူတို့ကမဟုတ်ဘူးလို့ပြောပြီးပြီပဲ.. ကဲကဲ.. သွားတော့ “
အခန်းထဲဝင်လာသော်လည်း ရင်ထဲမှတင်းကျပ်မှုသည် မပြေပျောက်သေးပေ။ ထိုးလိုက်သည့် လက်သီးအရှိန်ကြောင့် ပါးစပ်မှသွေးစအချို့ ကျလာသည်ကိုလည်း မြင်ရသည်။ နဖူးမှ ယိုစီလာသောသွေးတို့ကိုလည်း မြင်တွေ့ခဲ့ရသည်။ ထိုသို့ နာကျင်နေတာသော်လည်း သူ၏နာကျင်မှုကို ဂရုမစိုက်နိုင်.. မိမိအား အလျင်အမြန် ဖြေရှင်းပြနေသည့် သူ၏အမူအရာသည် မိမိအမြင်အာရုံထဲမှ မထွက်သေးပေ။ ပြန်မြင်ယောင်တိုင်းတွင်လည်း ရင်ထဲတွင် တင်းကြပ်မှုက တစ်စထက်တစ်စ ပို၍ပြင်းထန်လာသည်။
သူ.. အရမ်းနာနေမလား.. အဆင်မှပြေရဲ့လား..။
ထိုပြဿနာဖြစ်ပြီး တစ်ရက်မြောက်သည်အထိ ကျွန်တော်သည် သူ့ကိုခေါ်ဆိုခဲ့ခြင်းမရှိ။ ရှောင်နေခဲ့သည်။ မတွေ့ချင်၍မဟုတ်။ ရင်ဆိုင်ရန် မဝံ့ရဲ၍သာ..။ သူ၏ဒဏ်ရာတို့အား မကြည့်ရဲ၍သာ။ ထိုသို့မတွေ့ရသည့် ရက်များတွင် စိုးရိမ်စိတ်သည်က လျော့သွားခြင်းမရှိ။ ပိုပို၍သာ များလာခဲ့သည်။ စိုးရိမ်မှုတို့လွန်ကဲနေချိန်တွင် အခန်းအပြင်မှ မိမိမျှော်လင့်နေသော အသံပိုင်ရှင်လေးရောက်လာသည်။
“ သခင်လေး.. ကျွန်တော်နန္ဒပါ “
“ ဝင်လာခဲ့... “
အခန်းထဲဝင်လာသည့်သူအား ကြည့်မိသောအခါ ရင်ဘတ်ထဲမှ အောက်သက်သက်ခံစားမှုက ဖြစ်ပေါ်လာသည်။ အဘယ့်ကြောင့်ဆိုသော် မိမိထိုးလိုက်သည့်အရှိန်ကြောင့် ရောင်နေသောပါးပြင်နှင့် ပတ်တီးစီးထားခြင်းမရှိသည့် သူ့နဖူးပြင်ကို မြင်ရ၍သာ။
ကောင်လေးရယ်.. ဘာလို့ ကိုယ့်ကိုကိုယ်ဂရုမစိုက်ရတာလဲ..။ ရာသီဥတုကအေးပါဘိနှယ်.. အနာကရင်းပြီး ဖျားနေမှဖြင့် ပိုစိုးရိမ်ရချီရဲ့။
ထို့နောက်သူသည် မိမိအရှေ့တွင် ဒူးထောက်လိုက်ပြီး တောင်းပန်ရှာသည်။
“ သခင်လေး.. ကျွန်တော်ပြောတာတွေက တကယ်အမှန်တွေပါ..။ သခင်လေးရဲ့စည်းကမ်းကိုလည်း မချိုးဖောက်ရဲပါဘူး..။ အထင်မလွဲပါနဲ့သခင်လေးရယ်..။ နောက်ပြီး.. ကျွန်တော်ကို.. မမုန်းပါနဲ့နော် “
သခင်လေးရဲ့အချစ်ကိုမရရင်တောင် သခင်လေးရဲ့အမုန်းတွေကိုတော့မယူပါရစေနဲ့။
“ ဘာလို့လဲ “
“ ကျွန်တော်.. သခင်လေးမုန်းမှာကို.. ကြောက်လို့ပါ “
တော်ပြီလေ.. ဒီလောက်ဆိုကျေနပ်ရောပေါ့..။ မင်းရဲ့မျက်ရည်တွေက ကိုယ့်ကို နာကျင်မှုတွေအလုံအလောက်ပေးတာကို အားမရလို့.. စကားလုံးတွေနဲ့ပါတိုက်ခိုက်တာလား..။ ကောင်လေးရယ်.. ကိုယ်မုန်းမှာကိုကြောက်တယ်တဲ့လား..။ ကိုယ်ကလည်း မင်းမုန်းသွားမှာကိုကြောက်တယ်လေ။ မင်းမုန်းသွားမှာကိုကြောက်လို့ အပြစ်ကျူးလွန်ထားတဲ့ကိုယ်က မင်းကိုရင်မဆိုင်ရဲလို့ ရှောင်နေတာပါကွာ..။ မင်းကိုမုန်းလို့မှမဟုတ်ပဲ...။ ဒါပေမဲ့ ကိုယ်တို့နှစ်ယောက်ရဲ့အခြေအနေက တစ်ယောက်နဲ့တစ်ယောက်မုန်းခြင်းမရှိခဲ့ရင်တောင် ချစ်ခွင့်မရှိတဲ့အခြေအနေကြီးဖြစ်နေတယ်လေ..။
“ ထားတော့.. နဖူးကိုပတ်တီးစည်းပေးမယ်.. ဒီအနားလာခဲ့ “
နဖူးမှအနာကိုဆေးထည့်ပြီးနောက် သခင်လေးပြုမူလိုက်သည့်အမူအရာသည် ဆေးထက်ပင်ပို၍အစွမ်းရှိသည်။ ထိုအပြုအမူက မိမိနဖူးအား သခင်လေးမှ နမ်းလိုက်ခြင်းဖြစ်သည်။
သခင်လေးကရော.. ကျွန်တော်နဲ့ထပ်တူ ခံစားချက်တွေရှိနေတာလား။
“ မင်းပြန်တော့ နန္ဒ... “
မဖြစ်သင့်.. ဟူသောအသိစိတ်တို့ဖြင့် သူနာကျင်ရမည်ကိုစိုးရိမ်၍ နောက်ဆုတ်ချင်ပါသည်။ သို့သော် မသိစိတ်၏ ခိုင်းစေမှုကိုလိုက်နာမိကာ သူ့နဖူးထက်သို့ အနမ်းတစ်ပွင့်ခြွေချလိုက်မိသည်။
မင်းအတွက်နဲ့ မသိစိတ်နဲ့အသိစိတ်တို့ အားပြိုင်တဲ့အခါ.. ဆုံးဖြတ်ချက်ချရတဲ့အခါ.. တကယ်ပင်ပန်းရတယ် ကောင်လေး..။
Advertisement
- In Serial27 Chapters
Saved Memories
Eli Di Sinnett lives a very different life from how he remembered living in his first life. From a commoner to royalty; a novelist to a prince; even the universe is worlds apart from his modern time living in the United States. Mythical Beasts, conspiracies - Eli strives to sate his curiosity on this new world of his. Boys Love.
8 249 - In Serial81 Chapters
Organic (Yandere x Reader)
She was as cold as ice. She never showed a smile. Her eyes were a soulless black, just like her hair. She had one friend. He was the friendliest of them all. Except, he really wasn't her friend. He loved her. He yearned for her. He wanted her for himself. He would kill anyone if they touched her. He would even kill her and then himself if he couldn't have her.#1 Horror 7/10/19#12 Romance 7/10/19Thank you all so much In no way, shape, or form do I condone yandere behaviors. Please do not romanticize yanderes and toxic relationships !!!
8 510 - In Serial8 Chapters
Married to a grumpy kitty
Arrange marriage is not a big deal, wait wait why my husband wearing a mask !! Oh no, did I married to a weirdo or something else? Thats the beginning of Sayo's newly married life with ......
8 82 - In Serial7 Chapters
Sinister One-Shots
A collection of one-shots from Sinister 1 and 2.
8 191 - In Serial55 Chapters
*Gay Panic*/Billie Eilish x Reader
You're the lesbian in town, and have a very interesting taste in things and is in love with music. You find this very popular girl that has the same tastes, She catches your eye and your sister happens to post a cover you sang to one of her songs, not realizing what you're getting into. Side note: writing will be revised from older chapters. So if you go back and something is missing or changed thats because I did that to make the story better for new readers.*No rewriting my stuff, any book on my page will stay on my page, same goes for chapters. Getting creative influence on it is one thing, copy and paste is another.*+High tags+#1 in billiexreader#2 in billieeilishxreader
8 198 - In Serial40 Chapters
C - Suite
An ambitious Indian-American CEO mixes business with pleasure when she finds a hot-headed investor for a new venture. However, when forces threaten their fragile partnership, she must find the culprit before her bank account and bed are emptied. *****Nyla Malhotra was just promoted to CEO of one of the fastest growing companies in America. Now, it's do or die as she navigates the ruthless business world where she not only faces a contentious Board of Directors but also plenty of backstabbing along the way.To prove herself, she is bound to launch a new product line but it get's shelved indefinitely. Needing an investor, she turns to fellow CEO Darius Giordano, a rather brooding and hot-headed businessman with an agenda of his own. Sparks fly, inside and outside the bedroom, as Nyla faces budding feelings and an enemy who is set to destroy everything she has ever worked for. It might be more difficult holding onto her crown than she thought before. Cover credit: @blackroguex© 2018 Moonlighthunter3 All Rights Reserved.
8 119

